False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(25)
A+ A-
Lucien တို့အိမ်တွင် ရောင်ဖြာနေခြည်တစ်ယောက် အာဏာစက်၏အလာကိုစောင့်ရင်း Lucien နှင့်စကားထိုင်ပြောနေ၏ Lucien သည်တစ်ကောင်ကြွက်ဖြစ်၍ နေတော့လည်း တိုက်ခန်းအသေးလေးတစ်ခုတွင်သာနေထိုင်သည်။
“ဟိုတစ်ယောက်မင်းကိုစိတ်ဆိုးသွားတာလားမသိဘူး”
“မဖြစ်သင့်ဘူးကွာ ။ ငါကစိတ်ဆိုးပြီး သူငယ်ချင်းအိမ်သွားတာကို သူက လိုက်ချော့ရမှာလေ ။ သူကပြန်ပြီးစိတ်ဆိုးလို့ ဖြစ်မလား “
“နေပါအုံး မင်းက သူကိုစိတ်ကောက်တယ်ဆိုတော့ မင်းသူကိုချစ်သွားတာလား ..?”
ရောင်ဖြာတစ်ခန တွေးဝေသွား၏ ဘယ်ကမှန်း မသိသည့် ပျော်ရွှင်မှုတစ်ခုခေါင်းထဲက တစ်ဆင့် နှလုံးသားထဲသို့ စမ့်ဝင်သွားလျက်  ဟန်ဆောင်မှုကင်းမဲ့စွာ ပြုံးလိုက်၍ နှုတ်ဖျားမှထွက်လာသည့်စကားက ..
“ငါသူကို .. ချစ်မိသွားပြီး “
ထိုစကားက Lucien ရို အံအားသင့်စေရုံသာမက တိုက်ခန်း၏ တံခါးအပြင်ဘက်တွင် တံခါးခေါက်ခါနီး ဖြစ်နေတဲ့ အာဏာစက်၏ လက်ကိုပါရပ်တန့်သွားစေသည်။
အားကျရပါတယ် ဧကရာဇ် ရောင်ဖြာနေခြည်လိုချစ်ဖို့ကောင်းတဲ့လူသားလေးကိုရရှိထားလို့ ..။
ခေါက် ! ခေါက် ! (တံခါးခေါက်သံ)
“မင်းပြောတဲ့ အာဏာစက်ရောက်ပြီးထင်တယ် ငါတံခါးသွားဖွင့်ပေးလိုက်အုံးမယ်”
ရောင်ဖြာတစ်ခွန်းမှမပြောဘဲခေါင်းကိုဟာအသာလေးညိတ်မိသည် ။ Lucien တံခါးကိုသွားဖွင့်လိုက်သည့်အချိန်တွင် မထင်မှတ်ထားသည့် လူတစ်ယောက်က Lucien၏ အာရုံကိုဖမ်းစားသွားသည်
အာဏာစက်ဆိုတဲ့လူက ချောလိုက်တာ 
အာဏာစက်ပြုံးပြလိုက်သည့်အခါ သူသည်လည်း ဘုရင်စက်အလား ပါးချိုင့်လေးနှင့်။ဖွေးဖြူနေသည့် ကြွေရောင်ပလဲလုံးတွေ‌ ကဲ့သို့ဖြူဖွေးလှသည့် သွားများနှင့်
နွေးထွေးလှသည့် သူ၏အပြုံးတွင် Lucien ပျော်ဝင်သွားလေသည့်..
သူ၏အပြုံးသည် နွေးထွေးသည်။ နူးညံ့သည်။
မျက်လုံးအေးစေသည်။ သိမ်မွှေ့သည်။
အလွန်ပင် ကြည့်၍ကောင်းသည်။
ခပ်ဩဩ အသံဖြင့်..
“ရောင်ဖြာရော  …..? “
“အော်..ဟု . ဟုတ် ဒီဘက်မှာပါအကို ..”
Lucien ခနတာမှင်သက်မှုမှနိုးထလာသည်။
သူကိုယ်သူတောင်မယုံနိုင်ပါ ။
ခများ လူကို ပြုစားနိုင်လွန်တယ်ကွာ…။
“အော် အာဏာစက်ရောက်ပြီးဆိုတော့ငါပြန်တော့မယ်”
“အင်းအင်း ဂရုစိုက်သွားပါ ရောင်ဖြာ”
Lucien ရောင်ဖြာကိုပြောနေပေမဲ့ အာဏာစက်ရဲ့မျက်လုံးများကလဲ Lucien ထံ ရောက်ရှိလို့နေပြန်တယ် ..။
ထိုသို့သူတို့နှစ်ယောက် Lucien အိမ်ကနေထွက်လာခဲ့၏.။
ကားတစ်ယောက်တစ်စီးဖြင့် လာသည်ဖြစ်၍ အပြန်ကြတော့လည်း တစ်ယောက်တစ်စီးဖြင့်သာပြန်ခဲ့လေ သည်။
7:00p.m
∆∆~∆∆
9:00 p.m
ကားရှင်းနေသည့် လမ်းပေါ်တွင် ရောင်ဖြာတစ်ယောက်ကားကိုအရှိန်ပြင်းစွာမောင်းနေ၏။
မျက်လုံးမှမျက်ရည်များကလဲ အဆက်မပျက် စီးကျလျက်  ..။
“ကျွန်တော်ချစ်မိခါမှာ ဘာကိစ္စ ဒီလိုလုပ်ရတာလဲဗျာ ..
ခများရက်စက်လွန်းတယ် ..။”
စိတ်ထဲမွန်းကြပ်လာသည့် ခံစားချက်နှင့် မြင်တွေ့ခဲ့ရသောမြင်ကွင်းတို့အားမြင်ယောင်ရင် ‌စိတ်ထွက်ဖြစ်သည့်မျက်ရည်ကိုသာ စီးကျစေနေခဲ့၏..။
“ဒီပွဲမှာ ကျွန်တော်် ရှုံးပါတယ် ခများရယ် ..
ခများရဲ့ အချစ်ဦးဆိုတဲ့တစ်ယောက်နဲ့ မယှဉ်နိုင်ခဲ့ပါဘူး ..။
လမ်းဘေးကို ကားထိုးရပ်၍ ကားမှန်ကိုချကာ အပြင်ကိုကြည့်ရင်း ရောင်ဖြာ အားရပါရ ငိုပါတော့သည်..။
ငယ်ငယ်လေးကတည်းက မိဘတွေရဲ့အချစ်ကို ပြည့်ပြည့်ဝဝမရခဲ့တဲ့သူမို့ ခများရဲ့ တစ်ခန ဂရုစိုက်မှုအောက်မှာ နစ်ဝင်ပြီး ခများကိုချစ်ခဲ့မိတယ်….။
ဒါပေမဲ့ ခများရဲ့  ဂရုစိုက်မှုက ကျွန်တော်အတွက် ဘာကိစ္စ ခနတာဘဲ ဖြစ်နေရတာလဲ ……။
အော်.. ကျွန်တော်က နောက်မှဝင်လာသူပဲ .. သူရဲ့အရင်လူနဲ့တော့ဘယ်ယှဉ်နိုင်ပါ့မလဲ …။
နောက်လူတဲ့
ကိုယ်ရောက်မှာပေါ်လာတယ်လို့ပဲ …။
အချစ်မှာ အရင်ချစ်မိတဲ့လူထက်  ပိုချစ်မိတဲ့ လူကပိုပြီးရှုံးပါတယ် ခများရယ် …။
ငယ်ငယ်ကတည်းက ‌မိဘမေတ္တာငတ်မွန်းသည့်ထိုကောင်လေးအဖို့ ဧကရာဇ်၏ ဂရုစိုက်မှုက သူကိုချစ်မိသွားဖို့သေချာတဲ့ ထောက်တိုင်တစ်ခုဖြစ်လာစေခဲ့သည်..။
ဘယ်ရှုထောင်က ဘယ်လိုပုံစံနဲ့ ဘယ်လိုပဲ ကြည်ကြည့်ကျွန်တော်ဟာ မပြိုင်လဲ ရှုံးပြီးသားပါ ခများရယ် ..
ကျွန်တော်ပိုချစ်မိတဲ့လူပဲ ….။
မဖြစ်နိုင်တဲ့ လက်ကိုမှ တွဲချင်တယ် ..။
မဖြစ်နိုင်တဲ့ အရာကိုမှ ဖြစ်ချင်တယ် …။
မဖြစ်နိုင်တဲ့ ခများကိုမှ ချစ်မိတယ် …။
ဘယ်လိုဝဋ်ပါလဲနော်….။
ရောင်ဖြာတစ်ယောက်ကြေကွဲနေတုန်း ရောင်ဖြာ၏ကားအနီးနားသို့ ကားအနက်ရောင် 5 စီးကရုတ်တရက် 
ရောက်လာပြီးကားပေါ်က အနက်ရောင်ဝတ်စုံနဲ့လူများက ရောင်ဖြာကို သေနတ်များဖြင့် ကားအပြင်မှာ တံခါးကိုဖွင့်ခိုင်းနေ၏
ရောင်ဖြာကြောက်စိတ်များက တိုင်းဆမရလောက်ထိပင်ဖြစ်‌နေပြီး။
ထိုသို့ဖြစ်နေသည့်အချိန် ရောင်ဖြာ၏ ကားနားသို့ထို 5စီးအပြင် ကားတစ်စီးက ရောက်လာပြန်သည်။
မထင်မှတ်ထားသည့်လူရောက်လာပေမဲ့ရောင်ဖြာမျှော်နေသည့်သူတော့မဖြစ်ခဲ့ပေ ။
ထိုလူက Lucien ။
Lucien မချိန်မှိရောက်လာပေမဲ့ အနက်ရောင်ဝတ်စုံအပြည့်ဖြင့်လူများက သူအားတားဆီးထားသည်။
တစ်ဖက်တွင်လဲ ရောင်ဖြာနေခြည်အား မေ့ဆေးအတင်းအုပ်ခါခေါ်ဆောင်သွားဖို့ပြင်ဆင်နေ၏ ။
“အွန်းးးး လွှတ် !!”
မေ့ဆေးအအုပ်ခံလိုက်ရသည်ဖြစ်တာကြောင့် ရောင်ဖြာနောက်ထပ်ဘာမှဆက်၍မပြောနိုင်တော့ပါ ။
ထိုအချိန်သူ၏စိတ်ထဲတွင် တောင်းတမိသူတစ်ဦးက..
ကျွန်တော်ကိုလာကယ်ပါအုံး.. လူကြီး…..။
တစ်ဖက်တွင်လဲ ဘာမှမဆိုင်သည့် Lucienကိုကြိုးတုတ်ကာဖမ်းခေါ်လာပြန်သည်။
∆∆∆~∆∆∆
လွန်ခဲ့သော 2နာရီခန့်…
ရောင်ဖြာတစ်ယောက်ကားပေါ်က ဆင်းလာပြီး အိမ်ထဲသို့ ဝင်လာဟည့်အချိန်မှာ ထူးဆန်းတာက အိမ်ထဲတွင် အိမ်‌ေတာ်ထိန်းလဲမရှိ ၊ အ‌ေစခံများကလဲ ပျောက်နေသည်။
သူအထင်က ဒီနေက ဧကရာဇ်သူကိုအပြစ်ပေးမှာမလို့ အိမ်မှာရှိသမျှလူတွေကို စောစောပြန်ခိုင်းထားတာလို့ပဲ ပေါ့ပေါ့တွေးလိုက်၏..။
ထို့သို့တွေးရင် ‌သူအပြစ်ပေးခံရတော့မဲ့အရေးကိုတွေးပြီးစိတ်ပူရင်း အပေါ်ထပ်သို့တက်လာသည်..။
အရင်တုန်းကဆို အပေါ်ထပ်ကမီးအကုန်ထွန်းထားပေမဲ့အခု မီးတစ်လုံးပဲ မြင်အောင်းသာထွန်းထားသည်။
ရောင်ဖြာနေခြည်၏ စိတ်ထဲတွင်သံသယစိတ်များကထိုးဝင်လာ၏။ အိမ်က သိပ်ပြီးမှုမမှန်သလိုပါလား ..။
“ပုံမှန်မဟုတ်သေးပါဘူး .. တစ်ခုခုတော့အိမ်မှာဖြစ်နေပြီး “
ကိုယ်စိတ်ကို ဖြေပြီး ရောင်ဖြာ ဖြေးဖြေးချင်း အိပ်ခန်းဆီကိုသွားခဲ့၏ ..။
ပုံမှန်လိုထင်ထားသော်လဲ အိပ်ခန်းတံခါးကိုဖွင့်လိုက်သည့်အချိန်မှာ ရောင်ဖြာမယုံနိုင်လောက်တဲ့မြင်ကွင်းက
ရောင်ဖြာတစ်စက္ကန့်အတွင်း မျက်ရည်ကျစေလောက်တဲ့အထိပင် ။
လူကြီးကမိန်းကလေးတစ်ယောက်အား နံရံကိုကပ်၍ ထိုမိန်းကလေး၏လက်နှစ်ဖက်ကို အပေါ်တွင်ချုပ်ကိုင်လျက် ထိုမိန်းကလေးအာ အားရပါရ နမ်းနေ၏..။
ရောင်ဖြာ၏‌ရင်ထဲတွင်မခံမရပ်နိုင်အောက်စူးအောင့်တက်လာသည်..။ သူလာတော့ လူကြီးက နမ်းနေရာကနေ ရောင်ဖြာဘက်ကိုလမ်းလျှောက်လာပြီး..။
“သူများတွေကြည့်နူးနေတဲ့အချိန် မနှောက့်ယှက်ရဘူးလေ ..”
ရောင်ဖြာမျက်လုံးများဝိုင်းစက်သွား၏..။ သူကြားချက်တဲ့စကားနဲ့ကြားလိုက်ရတဲ့စကားနဲ့က မိုးနဲ့မြေလို့ ကွာခြားတဲ့အတွက် ရင်ဝကိုဆောက့်ကန်လိုက်သလိုခံစားချက်က ..။
“ဟေ့ တို့အပိုင်ကိုလာမထိနဲ့နော် ..ဟားး ဟားး”
ဘေးကနေ ပြောနေသူကတော့မည်သူရှိမည်နည်း ဆိုဖီအပြင်မည်သူမှထပ်၍မရှိနိုင်ပါ။
သူတို့နှစ်ယောက်ပေါင်းပြီး ရောင်ဖြာနေခြည်ကိုလှောင်နေ၏ ။ လူကြီးဘာဖြစ်နေတာလဲ ရုတ်တရက်ကြီးပြောင်းလဲသွားတာ ။
“လူကြီး ခများကျွန်တော်ကို စနေတာမလား “
ရောင်ဖြာသူ၏စီးကျနေသောမျက်ရည်များကိုသွတ်၍ မျှော်လင့်တစ်ကြီးမေးလိုက်၏ ။သူထင်ထားသလိုဖြစ်ပါစေလို့ပဲ စိတ်ထဲတွင်အထပ်ထပ်အပြန်ပြန်ဆုတောင်းရင် မာနဧကရာဇ်၏ အဖြေကို‌ေစာင့်နေ၏။
အဖြေအားစောင့်ဆိုင်းနေစဉ် ဧကရာဇ်၏ ဘေးနားသို့ရောက်လာသည့် ဆိုဖီက ဧကရာဇ်၏ အရှေ့သို့လာ‌ရပ်ပြီး
“မောင်က တို့တစ်ယောက်ကိုဘဲ ချစ်တာ ..ဟုတ်တယ်မလားမောင် ..”
“သိပ်ဟုတ်တာပေါ့ “
ရောင်ဖြာလုံးဝကိုမှင်သက်သွားသည် ဘာတဲ့ လူကြီးက အဲ့အကောင်မဘက်ကရပ်တည်ပြီး သူကိုတောင် လှောင်ရယ်နေလေတယ်တဲ့လားး မရက်စက်လွန်းဘူးလားလူကြီးရယ်….
ဆိုဖီရောင်ဖြာနေခြည်၏အနားသို့ရောက်လာပြီး ရွဲ့သလိုလို လှောင်သလိုလို မဲ့ပြုံးဖြင့် ခပ်ရွဲ့ရွဲ့စကားကိုဆိုလိုက်၏
“ရောင်ဖြာနေခြည် မင်းရူးနေလား မာနဧကရာဇ်လို့  girl only ကြိုက်တဲ့လူက မင်းလို boyတစ်ယောက်ကိုတကယ်ချစ်မယ်လို့ထင်လား …ဟမ်!!”
ရောင်ဖြာနေခြည်မျက်နှာကို မထိမ်းနိုင်အောင်ကိုမျက်နှာပျက်သွားသည် ။ မျှော်လင့်ချက်ရောင်ခြည်လေးဖြင့် ဧကရာဇ်အားကြည့်ပြီး
“သူပြောတာတကယ်လား မာနဧကရာဇ် “
ဆိုဖီနှင့် ရောင်ဖြာသည်ဧကရာဇ်အားတစ်ပြိုင်နက်တည်းကြည့်ရင် ရောင်ဖြာ၏အမေးအားအဖြေကိုဖြေသည့်ပုံစံဖြင့် ဧကရာဇ်က ခေါင်းညိတ်လိုက်၏..။
ဆိုဖီကတော့အောင်နိုင်သူအပြုံးဖြင့် ရောင်ဖြာ၏ ဆံပင်ကိုလာကိုင်ပြီး
“မင်းရှုံးပြီးကောင်လေး “
ရောင်ဖြာ၏ မျက်လုံးများက မျက်ရည်များဖြင့်ပြည့်နှက်နေပေမဲ့  ဒေါသဖြင့်မျက်ထောင့်များကလဲနီရဲနေ၏
သူ၏ဆံပင်ကိုလာကိုင်သည် ဆိုဖီရဲ့လက်ကို ပြန်ချုပ်ကိုင်ပြီး ပါးရိုက်မယ်အလုပ်
“အ‌ေတာ်အတင့်ရဲ့နေလား ရောင်ဖြာနေခြည် !!”
ထိုသို့ပြောပြီး ဆိုဖီပါးကိုရိုက်မဲ့ ရောင်ဖြာရဲ့လက်ကို ဧကရာဇ်က ပြန်ချုပ်ကိုင်လိုက်ပြန်သည်။ဧကရာဇ်ထားလိုက်တော့ရောင်ဖြာဆိုဖီပါးကိုရိုက်မည့်လက်က ရပ်တန်သွားသည်
ရောင်ဖြာ စိတ်နာသောအကြည့်များဖြင့်
“အော် .. ခများကအဲ့ကောင်မဘက်ကပေါ့ဟူတ်လား..ဟမ့်။ ခများရဲ့ကောင်မနဲ့ပဲနေခဲ့။”
ရောင်ဖြာမျက်ရည်များဖြင့် ထိုနာကျင်စရာအခန်းထဲကထွက်လာခဲ့သည် နာကျင်မှုများကိုရင်ဝယ်ပိုက်ပြီး ရောင်ဖြာကားကိုအရှိန်ပြင်းစွားမောင်းထွက်သွားခဲ့သည်။
တစ်ဖက်တွင် ဧကရာဇ်တစ်ယောက် ရောင်ဖြာထွက်သွားတာကိုကြည့်ရင် ခေါင်းများမူးဝေလာသည် အရှေ့တွင်ရပ်နေသောဆိုဖီ၏ပုံရိပ်သည်လည်း တစ်ဖြည်းဖြည်းမှုန်းဝါးလာပြီး လဲကျသွား၏ ။
∆∆∆∆∆~∆∆∆∆
ယခု
ဧကရာဇ်တစ်ယောက် အိပ်ရာပေါ်မှထလာသည် ။သူအချိန်ကိုပြန်ကြည့်လိုက်တော့ညဘက်ပဲရှိသေး၏..။
ခေါင်းဟာဆိုရင်လဲမူးနောက်နေ၏..။
သို့‌ေပေမဲ့ သူဦးနှောက်ထဲ တစ်ခနအတွင်ရောက်လာသူကရောင်ဖြာနေခြည်..။
“ရောင်ဖြာနေခြည် ခများဘယ်မှာလဲ “
သူနိုးလာသည့်အခန်းတွင်ဘေး၌ဆိုဖီမရှိနေပါ။ ခုကနဖြစ်ပျက်ခဲ့သည့်အရာများက သူအတွက်အိမ်မက်လိုလို
တကယ်လိုလိုနှင့်ဝေခွဲ၍ပင်မရ။
သူသံတယ ဖြစ်နေသည့်အတွက် သူတို့အခန်း၏ CCTV မှတ်တန်းအားကြည့်လိုက်ရာ မထင်မှတ်ထားသည့်မြင်ကွင်းများနှင့် သူလုပ်ခဲ့သည့် လုပ်ရပ်များကိုမြင်လိုက်ရသောအခါ ဧကရာဇ်ကိုယ်မျက်လုံးကိုယ်တောင် မယုံတော့သည့်အထိပင်
ရောင်ဖြာဘယ်ထွက်သွားလဲသိဖို့အတွက် ရောင်ဖြာ၏ဖုန်းကိုသူခေါ်လိုက်သော်လဲ ဖုန်းမကိုင်ခဲ့
“ခများဘာတွေလျှောက်လုပ်နေတာလဲရောင်ဖြာနေခြည်”
သူ၏ရင်ထဲမီးစနှင့်ထို့သကဲ့သို့ပင် ပူလောင်စိတ်များ ဖြစ်ပေါ်လာ‌ေစသည် ။ သူ၏စိတ်ထဲတွင်သေချာသွားသည့်အရာက သူရောင်ဖြာနေခြည်ကိုအဆုံးအရှုံးမခံနိုင်တော့ဘူး
“ရောင်ဖြာနေခြည် ..ခများကျုပ်ဘဝထဲကအဲ့လိုလွယ်လွယ်ထွက်သွားလို့်မရဘူးလေ”
ဧကရာဇ် အောက်ထပ်သို့ဆင်းလာပြီးကားပါကင်သို့ကြည့်လိုက်သည့်အခါ တော်ပါသေးတယ် ရောင်ဖြာနေခြည် ခြေရာခံစက်ပါသည့်ကားကိုယူစီးသွားလို့
ဧကရာဇ်အလျင်အမြန်ဘဲ ထိုကားကိုခြေရာခံ၍ လိုက်သွားလိုက်သည်။ သူ၏ စိုးရိမ်စိတ်များ တိုင်းဆ၍မရလောက်ထိပင်။ ဧကရာဇ်ရောင်ဖြာနေခြည်မရှိဘဲမနေနိုင်ပါ။
ဧကရာဇ်ထိုကားအားခြေရာခံ၍လိုက်သွားခဲ့သော်လည်းကားကိုဟာရှာတွေခဲ့ပြီးလူကိုမတွေ့ခဲ့။ လမ်းဘေးတွင်ရပ်နေ‌ေသော ကားနှစ်ကိုတွေ့ခဲ့သည်
ကားကိုတွေ့တော့ဧကရာဇ်ပျော်သွားပေမဲ့ ကားထဲမှာလူကိုမတွေ့တော့ စိုးရိမ်သွားရပြန်ပြီး
“ခများ ဘယ်ရောက်နေပြန်ပြီးလဲ “
တီတီ!!(ဖုန်းခေါ်သံ)
ဧကရာဇ်သူ၏ဖုန်းလာသောကြောင့်ကြည့်လိုက်ရာသူ၏ရန်သူတော် Vincenzo ၏ဖုန်းပင်
“Hello ရောင်ဖြာနေခြည်၏ သက်ဆိုင်သူမာနဧကရာဇ်ပါလား ..ဟားးးး..ဟားးး”
“ရောင်ဖြာနေခြည် ခများဆီမှာလား .. ဟမ့် ပြောစမ်း!!’
“မလောပါနဲ့ကွာ မင်းလူအသက်ရှင်လျက်ပြန်လိုချင်ရင်မင်းလာခဲ့လေ ဒါပေမဲ့တစ်ခုတော့ရှိတယ် မင်းတစ်ယောက်တည်းလာခဲ့ရမယ် “
“ရတယ် တစ်ယောက်တည်းဆိုလဲရတယ် ဒါ‌ဆိုပြော မင်းတို့ဘယ်နေရာမှာလဲ “
ဧကရာဇ်စိတ်ပူတာရော ဒေါသပါရောသွား၏
သူ၏ချစ်ရသူက ရန်သူလက်ထဲမှာဖြစ်နေသည့်အတွက် စိတ်မချနိုင်ပါ ။
ရန်သူက ရန်သူပီသလွန်းလို့  ဧကရာဇ်‌အတော်ပင်စိုးရိမ်နေရ၏..။
“Tiger ဂိုဏ်းအခြေစိုက်စခန်းရဲ့အနောက်မြောက်ဘက် အကြီးဆုံးဂိုထောင်မှာ “
“ကျုပ်လာပြီး ကျုပ်လူကိုလက်ဖျားနဲ့တောင်မထိနဲ့ “
“…….”
တီတီတီ!!!!
ဧကရာဇ်ဘာကိုမှတွေဝေမနေတော့ဘဲ ကားကိုသာအရှိန်တင်၍ အမြန်ဆုံးရောက်အောင်သာမောင်းလာခဲ့လေသည်။
သူခေါင်းထဲမှာ ချစ်ရသူကိုသွားကယ်ရမယ်ဆိုတဲ့အတွေးကလွဲရင်အခြား ဘာတစ်ခုမှမရှိနေပေ။
သူရဲ့အသက်အန္တာရယ်ကိုတောင်ဂရုမစိုက်ဘဲ
ချစ်ရသူအသက်ရှင်ရေးအတွက်သာ ကြိုးပမ်းနေ၏..။
“ခများ တစ်ခုခုဖြစ်လို့မရဘူး ရောင်ဖြာနေခြည်..
ခများတစ်ခုခုဖြစ်ရင်ကျုပ်ကိုယ်ကိုယ် ခွင့်လွှတ်မှာမဟုတ်ဘူး”
,ကားကိုသာအရေးပေးမောင်းနေသဖြင့် သူနောက်မှာ သူ၏ ညာလက်ရုံးနှင့် ဘယ်လက်ရုံး လိုက်လာသည်ကိုတောင်သတိမထားမိ။
“ဧကရာဇ်ဘယ်ကိုသွားနေတာလဲ “
“ငါလဲမပြောတက်ဘူး သေချာက tiger ဂိုဏ်းရဲ့အခြေစိုက်စခန်းနဲ့နီးတယ်ဆိုတော့ Tiger ဂိုဏ်းနဲ့တစ်ခုခုတော့ပတ်သတ်နေပြီး “
ဧကရာဇ်ကားရပ်သွားသည့်အခါ ဘုရင်စက်တို့လည်ဧကရာဇ်ကားနှင့်ခပ်ဝေးဝေးနေရာမှာရပ်ခဲ့၏။
ဧကရာဇ်ဂိုထောင်ထဲဝင်သွားတော့ ထိုင်ခုံပေါ်မှာကြိုးတုတ်ခံထားရသည့်ချစ်ရသူ ရောင်ဖြာနေခြည်ဟာဧကရာဇ်ပတ်သတ်လို့သာမျက်ရည်ကျမယ် အခြားကိစ္စများနှင့်ပတ်သတ်၍မျက်ရည်မကျတက်သူဖြစ်တာကြောင့် ကြိုးတုတ်ခံရပြီး အသက်အန္တာရယ်ရှိနေတာတောင် ခုနက ငိုထားတဲ့အရှိန်ပဲရှိတယ် အခုဆိုမျက်ရည်မပေါက်မှမကျတော့ချေ..။
“ရောင်ဖြာနေခြည်!!!”
ချစ်ရသူကိုတွေ့ပြီးဖြစ်တာကြောင့် ချစ်ရသူဆီပြေးလိုက်သော်လဲ ချစ်ရသူနဲ့နဖူးကိုရန်သူတော်က သေနတ်ဖြင့်ထောက်ထားကာ
“မင်းလူအသက်ရှင်စေချင်ရင် အခုချက်ချင်းဒူးထောက်လိုက် မာနဧကရာဇ် “
“……”
“မင်းလူကိုမင်း အသက်ထက်ချစ်ပါတယ်ဆို မင်းလူအသက်ရှင်ဖို့အတွက်ဒူးထောက်လေ ဟားးး
Mafia လောကရဲ့ ဘုရင်လောင်းလျာက ငါ့အရှေ့မှာဒူးထောက်တယ်ဆိုရင်တော့ပျော်စရာကြီးဖြစ်နေမှာ ဟားးးဟားးးးး “
Vincenzo ရဲ့စကားကိုကြားတော့ ရောင်ဖြာမျက်လုံးများအဝိုင်းသားဖြစ်သွားလေတယ် ဘာတဲ့အခြားလူတွေကိုဧကရာဇ်က သူကိုချစ်ပါတယ်လို့ပြောထားတာလား မယုံနိုင်စရာကြီး
ဧကရာဇ်ဘေးဘီကိုတစ်ချက်လှမ်းကြည့်လိုက်တော့ ဂိုထောင်၏ အနောက်ဘက်တွင် ကောင်းလေးတစ်ယောက် သွေးအိုင်ထဲတွင်လဲနေပြန်သည်။
အရှေ့ကလူကိုကြည့်ပြန်တေည့လဲသူကို မျှော့်လင့်တစ်ကြီးကြည့်နေပြန်၏..။
“”မထောက်နဲ့လူကြီး .. ဒူးမထောက်နဲ့ ..”
“…..”
ဧကရာဇ်ခေါင်းရှေ့စိုက်ကျသွား၏။ သူဘာလုပ်လို့ဘာကိုင်ရမလဲ မဟ်တော့သည့်အလားပင်။
တစ်ဖက်ကလဲချစ်ရသူကို သေနတ်နဲ့ထောက်ထားတယ်
တစ်ဖက်က ချစ်ရသူကလဲ ဒူးမထောက်ခိုင်းဘူး
ဧကရာဇ်ဒူးထောက်ရန်စပြီးပြင်ဆင်တော့သည် ။
တကယ်ဆို ရောင်ဖြာနေခြည်သာ ရန်သူဘက်မှာရှိမနေရင် Vincenzo ဆိုတဲ့ကောင် သေတာကြာရောပေါ့…။
“”လူကြီး ..ဒူးမထောက်ပါနဲ့ ကျွန်တော်တောင်းဆိုပါတယ် .. မထောက်နဲ့ .. ကျွန်တော်ကိုတကယ်ချစ်တယ်ဆိုရင် လူကြီးဒူးမထောက်ပါနဲ့ “
ဧကရာဇ်အရှေ့သို့စိုက်နေသည့်ခေါင်းပြန်မော့လာသည်။
ရောင်ဖြာနေခြည်ကတော့ သူသာအသေခံမယ် သူရဲ့သက်ဆိုင်သူကိုတော့ မည်သူရှေ့မှာမှဒူးမထောက်စေချင်ပါ..။
ကိုယ်ဘယ်လိုလုပ်ရတော့မလဲကွာ ကိုယ်ဒူးမထောက်ရင် မင်းကိုသတ်လိမ့်မယ်
ရန်သူက ရန်သူအရမ်းပီသလွန်းတယ် baby …
ဧကရာဇ်တစ်ဖန်ဒူးထောက်ဖို့ပြင်ပြန်သည်။ ရောင်ဖြာနေခြည်ကတော့ လုံးဝဒူးမထောက်စေချင်တဲ့ပုံစံဖြင့် အတင်းထားသည် ။
ထိုအချိန်တွင်
ဒိုင်းးးး!!!!!
ဂိုထောင်‌အရှေ့မှာ အာဏာစက်နှင့်ဘုရင်စက်အပါအဝင် အမုန်းဧကရီတို့ပါရောက်လာလေသည်။
ဘုရင်စက်‌ပစ်လိုက်သောသေနတ်သည် Vincenzo ၏ ရင်ဝတည့်တည့်ရိုပစ်လိုက်ပေမဲ့ ဟန်ချက်လွဲသွားကာ ခြေထောက်ကိုသွားမှန်သည်
ဧကရာဇ်ရသည့်အခွင့်ရေးကိုယူပြီး ရောင်ဖြာနေခြည်ဆီအပြေးသွားကာတုတ်နေသောကြိုးများကိုဖြေပေးလိုက်၏ ။ ထိုအချိန်တွင် Vincenzo ၏ဂိုဏ်းသားများနှင့် ဘုရင်စက်သို့ ပစ်ခတ်မှုများဖြစ်ပေါ်နေလေသည် ။
အာဏာစက်ကတော့ သွေးအိုင်ထဲလဲနေသည့် Lucien ကို‌မချီကာကားထဲသို့ခေါ်သွားပြီးဆရာဝန်ရှိရာ ဆေးရုံသို့အမြန်ဆုံးခေါ်ဆောင်သွားလေသည်။
ဧကရာဇ်ကတော့သူတ‌ွင်ပါလာသည့်သေနတ်ကိုဆွဲထုတ်ကာလဲကျနေသော Vincenzo၏ရင်ဝတည့်တည့်ကို ပစ်လိုက်သဖြင့် သူ၏ရန်သူတော် အသက်ရှင်ဖို့လမ်းကတော့ မမြင်တော့ချေ ။
Tiger ဂိုဏ်းမှလူများလဲအများအပြားသေဆုံးပြီး ကျန်သောလူများကလဲ သူတို့၏ခေါင်းဆောင်သေသွားတာကြောင့် နောက်သို့ပြန်ဆုတ်ကာ ထွက်ပြေးသွားတော့သည်။
ပစ်အခတ်ရပ်စဲသွားသည့်အချိန်မှ ဧကရာဇ်ဘက်လူများ ထွက်လာပြီးဧကရာဇ်အနားသို့ရောက်လာကာ ပြန်ရန်လာခေါ်ကြတော့သည်
“လူကြီးဒဏ်ရာ ရသေးလား “
ရောင်ဖြာနေခြည် မထိန်းနိုင်ဘဲ စိုးရိမ်စိတ်ကဖုံးလွှမ်းသွားတာကြောင့်သာ ‌အလောတကြီးမေးလိုက်သည်
“အားလုံးဘာမှမဟုတ်ဘူးမလား”
အမုန်းဧကရီအမေးကိုအားလုံးကထောက်ခံသည့်ပုံစံဖြင့် ခေါင်းညိတ်ပြကျပြီးသးတို့အားလုံးထိုဂိုထောင်ကြီးမှထွက်လာကြသည်။
ဂိုထောင်၏အရှေ့ဘက်သို့ရောက်သည့်အခါ
ဧကရာဇ်က သူတို့နှစ်ယောက်တည်းစီးမည့်ကားသို့ သွားတော့ရောင်ဖြာနေခြည်ကသူနဲ့အတူမလိုက်လာဘဲ အခြားနေရာသို့လမ်းလျှောက်သွားနေ၏
ဧကရာဇ်လည်း စိတ်ပူသွားတာကြောင့် ရောင်ဖြာနေခြည်အနောက်မှပြေးလိုက်လာပြီးရောင်ဖြာနေခြည်၏ လက်ကိုကိုင်လိုက်ရာ
မထင်မှတ်ထားသည့်အပြုအမူက
ရောင်ဖြာနေခြည်ဟာဧကရာဇ်လက်ကိုလွှတ်ချပြီး ပြောလိုက်သည့်စကားက
“ကွာရှင်းရအောင်”
“ဘာ!! ခများဘာစကားပြောလိုက်တာလဲ ..ဟမ်! “
“ကြားတဲ့အတိုင်းပဲ ခများကြီးကျွန်တော်ကိုလာကယ်လို့ကျေးဇူးတင်ပါတယ် ဒါပေမဲ့ဖောက်ပြန်ထားတဲ့ခများနဲ့ကျွန်တော်ရှေ့မဆက်နိုင်ဘူး “
“မဟုတ်ဘူး baby ကိုယ်ပြောတာနားထောင်အုံး မင်းထင်ရာတွေလျှောက်မလုပ်နဲ့ “
ရောင်ဖြာနေခြည် ဧကရာဇ်ကြည့်ဖို့အင်းအားမရှိတာကြောင့် ဧကရာဇ်ဘက်ကိုတောင်မလှည့်ပါ
ဒိုင်း!!!
“Baby!!!!!!”
မထင်မှတ်ထားသည့် ကျည့်ဆံက ရောင်ဖြာနေခြည်ရံဗိုက်တည့်တည့်ကိုထိမှန်သွားပြီး ရောင်ဖြာလဲကျတဲ့အချိန်မှာ အနောက်ကကျောက်ခဲတုံးဖြင့်ဆောင့်မိသွားတာကြောင့် ခေါင်းတွင်လဲ သွေးများထွက်လျက်
မည်သူလုပ်ကြုံသနည်းလို့လိုက်ရှာတော့ဘဂိုထောင်နားမှလူတစ်ဦး၏ အရိပ်ကိုမြင်လိုက်ရ၏
ဟို့သော် ဧကရာဇ်သူ၏ ကလေးကဒဏ်ရာအပြင်းအထန်ရထားသည့်အတွက် ရောင်ဖြာကိုသာချီပြီးကားပေါ်သို့ပြေးလာသည်
ဧကရီတို့ကလဲပြန်သွားသဖြင့်မည်သူမှမရှိတော့ခြေ။
ဧကရာဇ် ချီလာတော့ ရောင်ဖြာ သတိမလစ်ခင်ပြောလိုက်သည့်စကားက..
“လူကြီး ခများကို..ကျ..ကျွန်တော်ချစ်တယ် “
∆∆∆∆∆~∆∆∆∆∆∆
နောက်လာမည့်အပိုင်း part of 26
“မဖြစ်ဘူး အကိုကြီး နန်းတက်ပွဲက နီးနေပြီးကြင်ရာတော်က သတိမေ့နေလို့်ရဘူး”
“Baby မင်းအိပ်နေတာ တစ်ပတ်ပြည့်တော့မယ် နိုးပါတော့ ကွာ”
မကြာမီမျှော်~~
∆∆∆§§§~∆∆∆∆∆∆
မျက်လုံးအေးစေသည်။ သိမ်မွှေ့သည်။
ခပ်ဩဩ အသံဖြင့်..
“ရောင်ဖြာရော  …..? “
7:00p.m
∆∆~∆∆
9:00 p.m
ခများရက်စက်လွန်းတယ် ..။”
“ဒီပွဲမှာ ကျွန်တော် ရှုံးပါတယ် ခများရယ် ..
နောက်လူတဲ့
ဘယ်လိုဝဋ်ပါလဲနော်….။
ထိုလူက Lucien ။
“အွန်းးးး လွှတ် !!”
∆∆∆~∆∆∆
လွန်ခဲ့သော 2နာရီခန့်…
ရောင်ဖြာတစ်ယောက်ကားပေါ်က ဆင်းလာပြီး အိမ်ထဲသို့ ဝင်လာဟည့်အချိန်မှာ ထူးဆန်းတာက အိမ်ထဲတွင် အိမ်‌တော်ထိန်းလဲမရှိ ၊ အ‌စေခံများကလဲ ပျောက်နေသည်။
“သိပ်ဟုတ်တာပေါ့ “
“အ‌တော်အတင့်ရဲ့နေလား ရောင်ဖြာနေခြည် !!”
∆∆∆∆∆~∆∆∆∆
ယခု
သို့‌ပေမဲ့ သူဦးနှောက်ထဲ တစ်ခနအတွင်ရောက်လာသူကရောင်ဖြာနေခြည်..။
တီတီ!!(ဖုန်းခေါ်သံ)
“…….”
တီတီတီ!!!!
“ရောင်ဖြာနေခြည်!!!”
“……”
“…..”
ထိုအချိန်တွင်
ဒိုင်းးးး!!!!!
“လူကြီးဒဏ်ရာ ရသေးလား “
“ကွာရှင်းရအောင်”
ဒိုင်း!!!
“Baby!!!!!!”
∆∆∆∆∆~∆∆∆∆∆∆
မကြာမီမျှော်~~
Tags: read novel False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(25), novel False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(25), read False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(25) online, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(25) chapter, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(25) high quality, False Revenge(Á€™Á€¾Á€¬Á€¸Á€Šá€½Á€„Á€ºá€¸Á€Žá€±Á€¬Á€€Á€Œá€²Á€·Á€…Á€¬Á€¸Á€Á€»Á€±Á€Á€¼Á€„Á€ºá€¸) part -(25) light novel, ,
Comment
Leave a Reply
Chapter 28