Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၇

A+ A-

Unicode….

(ရှိုင်းစစ်)

ရှိုင်း..” ရှိုင်းဆိုတာက english လို တောက်ပတဲ့ အဓိပ္ပါယ် စစ်ဆိုတာက star (ကြယ်) ကယူထားတာလေ
အဲ့တော့ တောက်ပတဲ့ကြယ်လေးဆိုတဲ့အဓိပ္ပါယ်ရတယ်”

” အော်…ငါလည်းဘာတွေတွေးနေပါလိမ်…..သူက သူ့အဓိပ္ပါယ်နဲ့သူလေ..ဟူး……..”

#ဂျင်းတွေရမယ်ဟေ့ဂျင်းတွေ
ဒါဒါလေးတို့ရော နာမည်က ဘာအဓိပ္ပါယ်လဲ သိတယ်ဟုတ်😇#

.
.
.
.
.
.
.
.
.

” Don’t the water grow the trees
Don’t the moon pull the tide………. “

အလုပ်လုပ်နေရင်းဖုန်းဝင်လာလို့ ကြည့်လိုက်တော့  ဖုန်းစိမ်းဖြစ်နေတယ်.

” hello… အမိန့်ရှိပါ  .စစ်ခွန်းသာ ပြောနေပါတယ်….. “

” သားက ရှိုင်းလေး ရဲ့ အကိုလား
ကျောင်းမှာလေ  ရှိုင်းလေး ဗိုက်အောင့်နေလို့ သူ့အဖေဖုန်းခေါ်တော့လဲ မကိုင်ဘူး အဒါတခြားဖုန်းပြောဆိုတော့ အကိုဆိုပြီး သားဖုန်းနံပါတ်ပေးလိုက်လို့ “

ရှိုင်းလေးကျောင်းက ဆရာမထင်တယ်.ဒါနဲ့ သားသား ကငါ့ဖုန်းနံပါတ်ဘယ်လိုသိတာလဲ.ထားလိုက်ပါလေ.

” ဟုတ်ကဲ့. ဆရာမ ကျောင်းကဘယ်နားလဲဆိုတာ တစ်ချက်လောက်​ပြော ပေးပါလား”

ကျောင်ထဲရောက်တော့ ဆရာမပြောတဲ့အဆောင်ထဲဝင်ပြီး 4 တန်း A ထဲဝင်တော့.

” သားက ရိုင်းလေးအကိုလား “

” ဟုတ်ပါတယ် စောနက ဖုန်းဆက်တဲ့တစ်ယောက်ပါ”

“ရှိုင်းလေး ဒီမှာသားကိုကို ရောက်ပြီလေ”

ဆရာမကခေါ်လိုက်တော့ ခုံပေါ် မှောက်အိပ်နေရာကနေ ခေါင်းလေးထောင်လာတယ်.

” ကိုကို… ဟင့်.သားသား ဗိုက်အောင့်တယ်”

“အင်း..ကိုကိုရောက်ပြီနော်..ဘာမှမဖြစ်တော့ဘူး..”

” ဆရာမတို့မေးတော့လည်း ဘာမှမဖြေဘူး ကျောင်းဆေးခန်းကို သွားမလားဆိုတော့လည်း ဟင့်အင် တဲ့ ဘယ်လိုမှပြောမရဘူး သူ့အဖေဆီပဲ ဖုန်းဆက်ခိုင်းနေတာ. ဆရာမလည်း ၄/၅ ခေါက်ဆက်ကြည့်ပေမဲ့ ဖုန်းကမကိုင်တော့ ခေါ်လို့ရမဲ့နောက်တစ်ယောက်များရှိလားမေးတော့ ကိုကိုရှိတယ်တဲ့ အဒါနဲ့ဆရာမလည်း သားကိုခေါ်လိုက်ရတာပဲ”

လွယ်အိတ်ကိုလွယ် ကလေးကိုပွေ့ချီလိုက်ပြီး

” ကျေးဇူးပါဆရာမ. သားသားကို ဆေးရုံပို့မလို့ ကျွန်တော့်ကိုခွင့်ပြုပါဦး”

ကားပေါ်မှာ မျက်ရည်လေးတွေဝိုင်းပြီ
လက်နှစ်ဖက်နဲ့ ဗိုက်ကိုအုပ်ထားတဲ့ပုံမြင်တော့လည်း ကျွန်တော်စိတ်မကောင်းဘူး.

ဆေးရုံရောက်တော့…..

Doctor…” အစပ်စားတာများလို့ အစာအိမ်ထိသွားတာ. ဒါကြောင့်ဗိုက်အောင့်တာ.ဒါမဲ့ အရမ်းစိုးရိမ်ရတာတော့မဟုတ်ပါဘူး. အခုဆေးထိုးထားတော့ သက်သာသွားပါပြီ.သောက်ဆေး ပေးလိုက်မယ်.ကလေးကိုတော့ အစပ်စားတာလျှော့စေချင်တယ်. လူကြီးအနေနဲ့တော့ ဘာမှမဖြစ်ဘူးဆိုပေမဲ့ ကလေးကကျနုတယ်လေ အဲ့တော့အရမ်းစားလို့မရဘူး. လူကြီးတွေလည်း တစ်ခါတလေ အခပ်မသင့်ရင် ဗိုက်နာ ဗိုက်အောင်တို့ဖြစ်တတ်တယ်လေ.အဲ့တော့ ကလေးကိုအစပ်လျှောပြီး စားစေချင်တယ်.”

“ဟုတ်ကဲ့ပါ ဆရာ အစပ်လျှော့စားခိုင်းပါ့မယ်”

ဆေးရုံမှတ်တမ်းဖိုင်ဖြည့်တော့ ကျွန်တော်ဘာမှမသိဘူး.ကျွန်တော်သိတာ နာမည်ပဲရှိတယ်လေ.အိမ်လိပ်စာကလည်း အရင်အိမ်လား သေချာမသိတော့ ပြီးမှဖြည့်မယ်ဆိုပြီ ထားလိုက်တယ်.

” ကျော်မိုး ငါ့ကို ဦးရှိုင်းခေတ် ရဲ့ ဖုန်းနံပါတ်ပေး အရေးကြီးတယ် ..”

Message… ” 09———-“

တီ………တီ…..

ဖုန်းဝင်ပြီး လုံးဝမကိုင်ဘူး.ဆေးရှိန်ကြောင့်အိပ်နေတဲ့ကလေး နိုးလာပြီးထင်တယ် လှုပ်နေတယ်.

” သားသားနိုးပြီလား.. ဗိုက်ကောအောင့်သေးလား….သက်ကောသက်သာလား….”

” သားသား ကောင်းသွားပါပြီကိုကိုရဲ့
စိတ်မပူနဲ့တော့နော်..”

သူ့ပူပိုင် အပြုံးလေးတွေနဲ့ပြန်ဖြေလာတယ်.

” အင်းပါ….ဘာမှမဖြစ်ရင်လည်း ပြီးရော…ဗိုက်နာတာပဲဖြစ်ဖြစ် တစ်ခုခုဆို ကိုကို ကိုပြောနော်”

သူ့ပါးလေးနှစ်ဖက်ကို ကျွန်တော့်လက်နှစ်ဖက်နဲ့ ကိုင်ပြီးပြောတော့ ပြုံးပြလာတယ်.

” ဟုတ်..ဟီးးး”

Doctors…
” ဘယ်လိုလဲ သွေးရှာရလား”
“မရဘူးဆရာ AB သွေးနဲ့လူကိုမတွေ့သေးတာ”
” မြန်မြန် ရှာ..လူနာက သွေးထွက်အရမ်းလွန်နေပြီ  မြန်မြန်တွေ့မှဖြစ်မယ်”

ခွဲစိတ်ခန်းမှာ သွေးလိုနေတယ်ထင်တယ်.

” ကိုကို သူတို့ဘာဖြစ်နေတာလဲဟင်”

” အော်…လူနာက သွေးလိုနေလို့….အဒါခန…..”

ကျွန်တော်တောင်ပြောလို့မပြီးသေးဘူး

” သားသားသွေးလှူလို့ရလားဟင်.”

” အော်..သားသား က ကလေးပဲရှိသေးတာလေ.ဘယ်လိုလုပ်ရမှာလဲ
ပြီးတော့ သွေးအမျိုးအစားကလည်း တူချင်မှတူမှာလေ သားသားရဲ့ ကိုကိုကမှ…”

” စောနက AB သွေးဆို သားသားလည်း AB သွေးပဲ “
.
.
.
.
.
( AB)  သွေး ငါလည်း AB သွေးပဲ. ဒီကလေးနဲ့ ငါ့နဲ့ ဘာလို့ဒီလောက်တူနေရတာလဲ အစပ်ကြိုက်တာကအစ.ထမင်းကြော်ရော……

” ကိုကို လည်း AB သွေးပဲ
ကိုကို လှူမှာမလို့ သားသားက ဒီမှာ ခန စော့င်နေနော်….ဘယ်မှမသွားရဘူးနော်”

” ဟုတ် “

သွေးလှူပြီး ထွက်လာတော့ လူက အားနည်းပြီး လဲချင်သလိုဖြစ်နေတယ်.
.
.
.
.
.
ရှိုင်းခေတ်…..

အရေးကြီးအစည်းအဝေးမလို့၂ နာရီ ကျော်လောက်ကြာသွားတယ်. ဖုန်းကအသံတိုးထားတာ အခု ဖုန်းဖွင့်ကြည့်တော့ miss calls တွေကအများကြီးပဲ.
ဆရာမဖုန်းခေါ်ထားတာတွေ့လို့ သားသားများဘာဖြစ်လဲ ခေါ်ကြည့်တော့ ဗိုက်အောင့်နေလို့ အခုသူ့အကိုဆိုသူက ဆေးရုံခေါ်သွားတယ်တဲ့.အကိုဘယ်ကအကိုလည်း.miss calls ထဲက နောက်ဖုန်းနံပါတ်တစ်ခုကို ကြည့်လိုက်တော့………….
.
.
.
” ကိုကို ဘာဖြစ်လို့လဲ..”

” ဟင်…ဘာမှမဖြစ်ပါဘူး
နည်းနည်း ခေါင်းမူနေလို့ပါ”

ဖုန်းဝင်လာတော့

” hello…… “

” ခွန်း………”

” အော်.ဦးရှိုင်းခေတ်… သားသား ဗိုက်အောင့်နေလို့  ဆေးရုံခေါ်လာတာ…
(——)ဆေးရုံကိုလာခဲ့ပါ”
.
.
.
.
.
.
” ကျေးဇူးပါ ခွန်း…အမြဲ လိုလို ကူညီနေတော့ အားလည်းနာပါတယ် .အခုလိုဖြစ်တာ ခွန်းအတွက်အနှောင့်အယှက် ဖြစ်သွားရင်တောင်းပန်ပါတယ် ………ဟိုတစ်ခေါက်တွေ့ပြီးတည်းက သားသားက ခွန်းနဲ့တွေ့ချင်တယ်ဆိုပြီး ဂျီကျနေလို့ သတိရရင် ဖုန်းဆက်ဆိုပြီး ဖုန်းနံပါတ်ပေးထားလိုက်လို့ ပါ အနှောင့်အယှက်ဖြစ်သွားရင် တကယ်တောင်းပန်ပါတယ်.. “

“ရပါတယ်.ကျွန်တော်အဆင်ပြေပါတယ်..အနှောင့်ယှက်လည်းမဖြစ်ပါဘူး…သားသားလည်းပြန်လို့ရပြီတဲ့…ဒီမှာသောက်ဆေး..
ပြီးတော့…အစပ်စားတာလျှော့ခိုင်းတယ်…အစပ်ကြောင့်ဗိုက်အောင့်တာတဲ့ …..အား…..ကျစ်……ကျစ်…”

” ခွန်း…ဘာဖြစ်တာလဲ
အဆင်​ပြေရဲ့လား…..”

အပြာတလဲမေးလာတဲ့သူ့ကို

‘” ဘာမှမဖြစ်ပါဘူး…
စောနက သွေးလှူလိုက်လို့ အခုအားနည်းသလိုဖြစ်နေတာ..”

” ခွန်း….အဆင်ပြေအောင်
ကိုလိုက်ပို့ပေးမယ်လေ”

” ရတယ်   ကားပါလာတယ်
သားသား..ကိုကိုသွားပြီနော်.”

” မဟုတ်တာ….ကိုလိုက်ပို့ပေးပါ့မယ်”

” မလိုဘူး..😈
မလိုပါဘူးလို့ပြောနေတယ်လေ”

” အင်းပါ…
ခွန်း.. အဆင်ပြေရင်လည်း
ကိုလိုက်မပို့တော့ပါဘူး…😔”

” ဟုတ်…. ကိုကို   သားသားဖုန်းဆက်လို့ရတယ်မလားဟင်…”

” ရတာပေါ့….သားသားသတိရတဲ့အချိန် ဆက်လိုက်ဟုတ်ပြီလား…”

သူ့ခေါင်းလေးကိုဖွပြီး ဖြေပေးလိုက်တော့…

” ဟုတ်..ကိုကို.. တာ့တာ”

အိမ်ရောက်တော့

“  ဖေဖေကြီး ကိုကိုနဲ့ သားကလေ သွေးချင်းတူတယ်သိလား…သားသားက AB သွေးလို့ပြောလိုက်တော့  ကိုကိုကလည်း AB သွေးပဲတဲ့…..”

” ဟုတ်လား “
.
.
.
.
.
.
အဲ့ ကလေးနဲ့ တစ်ခေါက်တွေ့မိတိုင်း တစ်ခေါက် သံယောဇဉ် တိုးမိတယ်.အဲ့ကလေးကို မမုန်းပါဘူး.မမုန်းဘူးဆိုတာထက် မမုန်းနိင်တာဆိုပိုမှန်လိမ့်မယ်.သံယောဇဉ် တွေမပိုခင် အဲ့ကလေးနဲ့ ဝေးဝေးနေရမယ်.မမုန်းနိုင်ပေမဲ့ ချစ်လည်းမချစ်နိုင်ဘူး.တောင်းပန်ပါတယ် ကလေးရယ် သားသားမှာ အပစ် မရှိပေမဲ့လည်း
ကိုကို့ကလေးကိုတော့ သံယောဇဉ် တစ်စက် မရှိပဲ တခြားမိန်းကလေးနဲ့ရတဲ့ကလေးကိုကျ သဲသဲလှုပ်ချစ်ပြနေတဲ့ ဦးရှိုင်းခေတ် ကိုတော့ ကိုကိုလုံးဝခွင့်မလွှတ်နိုင်ဘူး.

အိမ်မှာ မိသားစုနဲ့ စကားလက်ဆုံကျနေရင်းဖုန်းဝင်လာတော့

‘” hello “

“ကိုကို   ….
မနက်ကျ သားသားကို ကစားကွင်းလိုက်ပို့ပေးပါလားဟင်…
ကျောင်းပိတ်တာကို ဖေဖေကြီး ကအလုပ်သွားရမယ်ဆိုပြီး  သားသားကို လိုက်မပို့နိုင်ဘူးတဲ့….အဒါကိုကိုလိုက်ပို့ပါလားဟင်…..”

ဟုတ်တယ်… ဒီတစ်ခေါက်နောက်ဆုံးပဲ
နောင်တစ်ခါဆိုတာ မရှိတော့ဘူး……

ကစားကွင်းရောက်တော့ ကလေးပီပီ အကုန်ဆော့တာပေါ့.ကြီးကြီးကတော့  အသက်ကြီးပြီမလို့ ပင်ပန်းလို့ မလိုက်ဘူးတဲ့ ကျွန်တော်တို့နှစ်ယောက်ပဲ  .

ဆော့ပြီး ပင်ပန်းလို့ ထင်တယ် ကျွန်တော်ထိုင်နေတဲ့ ခုံနားလာပြီးအမောဖြေနေတယ်..

“  ဟင်းးးးးကိုကို  ကိုကိုလည်းဆော့လေ”

” ကိုကိုက ဘယ်လိုဆော့ရမှာလဲ ကိုကိုက လူကြီးလေ…”

‘”ကိုကိုကလည်း လူကြီး မဆော့ရဘူးလို့ ဘယ်သူပြောလဲ “

” အမယ်.. စကားတွေတတ်နေတာ”

“ဟီးးးးးးး 😂”

ခနကြာတော့ အဝိုင်းကြီးပတ်နေတဲ့ အထဲမှာ မြင်းရုပ်.ကျားရုပ်.သမင်…စတဲ့အရုပ်ပေါင်းစုံ ပတ်ပတ်လည်မှာထားပြီး အဝိုင်းကြီး ပတ်နေတယ်.အဒါစီးချင်တယ်ဆိုပြီးပြောတော့  ကျွန်တော်လည်းစီးခိုင်းလိုက်တယ်.အရုပ်ပေါ်ကနေ ကျွန်တော့်ကိုမြင်ရင် လက်ကာပြ  ရယ်ပြလိုက်
နောက်တစ်ပါတ်ပတ်ပြီး ကျွန်တော့်မြင်ရင် လက်ကာပြီး တာတာ့ပြလိုက် ရယ်ပြလိုက်နဲ့ သားသားတစ်ယောက်အလုပ်ရှုပ်နေလေရဲ့.ကျွန်တော်လည်း သူ့ကိုကြည့်ရင်းပျော်တယ်  ဆိုတာတော့အမှန်ပဲ.

ဒါမဲ့…ကျွန်တော် မတရားသလိုများဖြစ်သွားပြီလား..ကျွန်တော် ဒီလို ဖြစ်နေရင် သေသွားတဲ့ ကျွန်တော့က​လေးကရော သူ့နေရာမှာဝင်နေတဲ့ ကလေးနဲ့ ကျွန်တော်နဲ့ ဒီလိုအဆင်ပြေပျော်ရွှင်နေတာမြင်ရင် သူ…သူဘယ်လောက်ခံပြင်လိုက်မလဲ..တောင်းပန်ပါတယ် ကလေးရယ် ဖေဖေတောင်းပန်ပါတယ်.ဖေဖေ ခနတာ မေ့သွားတယ်.ကလေးကို အလေးမထားသလိုဖြစ်သွားတယ်.ဖေဖေတောင်းပန်ပါတယ် ကလေးလေးရယ်..
.
.
.
.
.
.
.
.
.

ဟုတ်တယ်.. ကျွန့်တော့်ကလေး ဆုံးတုန်းက ခံစားခဲ့ရသလို ခင်များလည်း ပြန်ခံစားစေရမယ်. ခင်များအရမ်းချစ်တဲ့ ခင်များသား ဒီလိုဖြစ်ရင် ခင်များသေလောက်အောင်နာကျင်ရမှာပဲ.
ကျွန်တော်ခံစားခဲ့ရတဲ့ ၁ ရာခိုင်းနှုန်းလောက်သာခံစားတတ် ကိုယ်ချင်းစာတတ်ရင် ကျွန်တော် ကျေနပ်ပါတယ်.ခင်များလည်းခံစားရမယ်.ကျွန်တော်ခံစာရတာနဲ့ ထပ်တူ.

မျက်နှာထပ် အပြုံးကနေ သွေးအေးရက်စက်ပြီး ကြောက်စရာကောင်းတဲ့ပုံဖြစ်သွားတာ စစ်ခွန်း သူကိုယ်တိုင်လည်း နားမလည်နိုင်တော့ဘူး.

ခံစားလိုက်ဦးပေါ့ ဦးရှိုင်းခေတ် ရာ.
ခင်များအင်အားနဲ့ဆို ၁ /၂ ရက်အတွင်း တွေ့အောင်ရှာနိုင်ပေမဲ့ အဲ့ရက်တွေအတွင်းခင်းများဘယ်လောက်ခံစားရတယ် နာကျင်ရတယ်.ကျွန်တော့်တုန်းကလဲ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ၁၀ ပုံမှာ ၁ ပုံလောက်တော့ ခံစားလိုက်ဦးပေါ့ဗျာ.

သွေးအေးစွာနဲ့ ကစားကွင်းကနေ စစ်ခွန်း တစ်ယောက်ထဲထွက်လာခဲ့တယ်.ကားပေါ်ရောက်တော့ ကားမောင်းထွက်မယ်ကြံတုန်း သူ့လက်တွေရပ်တန့်သွားတယ်.
.
.
.
.
.
.
.
.

( ငါ…..ငါ ဘာတွေလုပ်မိနေတာလဲ
ဟား…..စစ်ခွန်း… မင်းဘာတွေလုပ်နေတာလဲ…..ဟားးးးး)

သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ ရိုက်ပြီး ကားစီယာတိုင်ပေါ် မျက်နှာအပ်ပြီး ရှိုက်ကြီးတငင် ငိုမိတယ်

( အားးးးးဟင့်ဟင့်……….ဟင့်ဟင့်..
အား…စစ်ခွန်းသာ မင်းဘာတွေလုပ်နေတာလဲ…အောက်တန်းကျလိုက်တာကွာ…အားးးးး)

ကားပေါ်က ဆင်းပြီး ကစားကွင်းဝင်ပေါက်ရောက်ခါနီး ကားလမ်းမဘက်က အသံက

ကျွီ………………………………ဒိုင်း………
.
.
.
.
ကြည့်ရတာ ကားတစ်စီးနဲ့ တစ်ခုခုတိုက်သံထင်တယ်…..

( မဟုတ်လောက်ပါဘူး….
မ….. ….မဖြစ်နိုင်ဘူး…. )

လူများ…..

” အမလေး…ဒီလောက်သွေးထွက်တာ အခြေနေမကောင်းဘူး..”
“အေး ……အသက်က ငယ်ငယ်လေးကို
သနားပါတယ်…”

စစ်..” ဘေး……ဘေးကို…နည်းနည်းလောက် 😨 “

ကားရှေ့ လူအုပ်နေတဲ့ကြားထဲ
ကျွန်တော့် ခြေလှမ်းတွေ တုန်ရီစွာနဲ့ ဝင်သွားတယ်တွေ့လိုက်ရတဲ့ မြင်ကွင်းက သွေးအိုင်ထဲမှာလဲနေတဲ့.
.
.
.
.
.
.
.
.
.
.
# မနေ့က သာသာ တင်ချင်ဇောနဲ့
အပိုင်းမှားပြီးအပ်လိုက်လို့ သာသာ
အနူးအညွတ် တောင်းပန်ပါတယ်
🙏🙏🙏😞

Zawgyi………

(ရှိုင်းစစ်)




.
.
.
.
.
.
.
.
.


















ဆေးရုံရောက်တော့…..





Message… ” 09———-“

တီ………တီ…..



စိတ်မပူနဲ့တော့နော်..”




” ဟုတ်..ဟီးးး”

Doctors…
” ဘယ်လိုလဲ သွေးရှာရလား”







.
.
.
.
.

” ကိုကို လည်း AB သွေးပဲ

” ဟုတ် “

.
.
.
.
.
ရှိုင်းခေတ်…..

.
.
.
” ကိုကို ဘာဖြစ်လို့လဲ..”

” ဟင်…ဘာမှမဖြစ်ပါဘူး

ဖုန်းဝင်လာတော့

” hello…… “

” ခွန်း………”

(——)ဆေးရုံကိုလာခဲ့ပါ”
.
.
.
.
.
.


” ခွန်း…ဘာဖြစ်တာလဲ
အဆင်​ပြေရဲ့လား…..”


‘” ဘာမှမဖြစ်ပါဘူး…

” ခွန်း….အဆင်ပြေအောင်

” ရတယ်   ကားပါလာတယ်


” မလိုဘူး..😈

” အင်းပါ…
ခွန်း.. အဆင်ပြေရင်လည်း




” ဟုတ်..ကိုကို.. တာ့တာ”

အိမ်ရောက်တော့


” ဟုတ်လား “
.
.
.
.
.
.


‘” hello “

“ကိုကို   ….







” အမယ်.. စကားတွေတတ်နေတာ”

“ဟီးးးးးးး 😂”


.
.
.
.
.
.
.
.
.




.
.
.
.
.
.
.
.





ကျွီ………………………………ဒိုင်း………
.
.
.
.

( မဟုတ်လောက်ပါဘူး….
မ….. ….မဖြစ်နိုင်ဘူး…. )

လူများ…..

သနားပါတယ်…”


.
.
.
.
.
.
.
.
.
.
# မနေ့က သာသာ တင်ချင်ဇောနဲ့ အပိုင်းမှားပြီး up လိုက်လို့
🙏🙏🙏😞

Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၇, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၇, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၇ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၇ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၇ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၇ light novel, ,

Comment

Leave a Reply

Chapter 18