Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၉

A+ A-

Unicode……

“ကဲ..ပြောပါဦး
ဘာကိစ္စနဲ့ တွေ့ချင်ရပြန်တာလဲ”

” မင်းကလည်းကွာ မတွေ့ရတာခနကို
စိမ်းကားနေလိုက်တာ….”

” ဟယ်ရီ မင်းကလေ စကားကိုကွေ့ဝှိုက်ပြောတဲ့အကျင့်ကမပြောက်တော့ဘူး…ဟားးးးး 😂”

ကျွန်တော့်သူငယ်ချင်း ဟယ်ရီ.တကယ်ကိုခင်ဖို့ကောင်းတဲ့သူပါ.ဂျပန်စရောက်ပြီး အခက်ခဲတွေနဲ့ကျွန်တော့်ကို သူလုပ်ပေးနိုင်သမျှ အားလုံးကူညီခဲ့တယ်.ကျွန်တော့်အပေါ်တကယ်ကို ကောင်းတဲ့သူငယ်ချင်းတစ်ယောက်ပါ.သူ့ပါသူ ဘယ်လောက်ပဲမိန်းမကိစ္စရှုပ်ရှုပ်ပေါ့.သူက ဂျပန်ကိုကျောင်းလာတက်တာ.သူ့မိသားစုကတော့ အတော်ပိုက်ဆံရှိပုံရတယ်.အခုသူလည်းကျောင်းပြီးလို့ မြန်မာနိုင်ငံ ကိုအပြီးပြန်လာတယ်ပြောတာပဲ. သူ့နဲ့စခင်တည်းက သူ့မိသားစုအကြောင်းပြောသံသိပ်ပြီးတော့မ ကြားရဘူး.သူတစ်ခါပြောဘူးတာတော့ အကိုနှစ်ယောက်ရှိတယ်တဲ့.သူမပြောချင်မှန်းသိလို့ သူ့မိသားစုကိစ္စကိုမမေးဖြစ်ဘူး.

” ငါတို့ ရွှေစက်တော်သွားရအောင်ကွာ..
ငါငယ်ငယ် မြန်မာနိုင်ငံမှာ တည်းက တစ်ခါမှမရောက်ဖူးဘူးကွ..ငါငယ်ငယ်တည်းက အရမ်းသွားချင်ခဲ့တာ….
အတူသွားမဲ့သူငယ်ချင်းဆိုလို့ မင်းပဲရှိတာ…
လိုက်ခဲ့ပေးပါကွာ….”

ရွှေစက်တော် ကျွန်တော်တို့ မကွေးက.. ကျွန်တော်တို့ရွာနဲ့ နီးနီးလေး.ပြောရင်းရွာကိုတောင်သတိရလာပြီ.

” ok လေ… ငါတို့နယ်ဘက်ကပဲ..
ငါလည်း ရွာအလည်ပြန်ရင်း အဆင်ပြေတာပေါ့ကွ…..”

” မင်းက အဲ့ဘက်ကလား”

” အေးလေ…ငါက မကွေးသား
ဗိုလ်ချုပ်အောင်ဆန်း မွေးတဲ့
နတ်မောက် မြို့သားကွ..ဟား….”

” အော်…မင်းကတောသားကို..”

“ဟေ့ရောင်..တောသားကဘာဖြစ်နေလို့လဲကွ နတ်မောက်သားနော် သွေးလာမစမ်းနဲ့ ​​သေသွားမယ်..ဟင်း..ဟင်း…”

“ကြောက်ပါပြီ နတ်မောက်သားကြီးရယ်
နတ်မောက် သားဖြစ်တာဂုဏ်ဆာလို့မပြီးတော့ဘူး…….
အော် မင်း တို့ရွာဆို ငါလည်းလိုက်လို့ရလား…ငါအလိုနယ်ဘက်ကိုတစ်ခါမှမရောက်ဖူးဘူး…လိုက်ချင်တယ် နော်…နော်….”

“မင်းလိုက်ချင်တယ်ဆိုငါကအဆင်​ပေတယ်..မင်းသာ တောရဲ့ ဒဏ်ကို ခံနိုင်လို့လား..”

“ရပါတယ်ကွာ ..ငါအလောက်မနုပါဘူးယောကျားပါကွ “

“ပြီးရောလေ”

.
.
.
.

.
.
.

” ကိုလေး ကျွန်တော် ရွှေစက်တော်သွားမလို့…မုန့်ဖိုးလေးပေးပါလား……ဟီး 😁”

” ငယ်လေး….အပိုတွေလုပ်မနေနဲ့ မင်းအကြောင်းငါသိတယ်
မင်းဆီ အမြဲပိုက်ဆံမပြတ်ဘူးမလား”

” ကိုလေး ကလည်းကျွန်တော်လည်း တစ်ခါတလေ အကိုတွေဆီချွဲချင်တာပေါ့လို့…ဟွန့်…”

“…..”

” ကိုလေး..ပိစိလေးကော နေကောင်းတယ်မလား”

” မေးဖော်တော့ရှိသေးသားပဲ
ငါကမင်း ပိစိလေးကိုမေ့နေပြီတောင်ထင်တာ…”

“ဟာ… ကိုလေးကလည်း
တစ်ဦးတည်းသောတူလေးကို မေ့စရာလား…”

အခန်းထဲဝင်လာသော..ကလေးလေး…

” ဟာ…ဦးမြတ် သားသားက ဦးဦးကို လွမ်းနေတာ.. 😘”

” သားသားကလည်းလုပ်ပြီ….
ဦးဦးလို့တော့ မခေါ်ပါနဲ့ ကိုကိုလောက်ဆိုတော်ရောပေါ့…ဒါမှမဟုတ် ကိုကိုမင်းမြတ်ဆိုတော်သေး..ဦးမြတ်က ဘာကြီးလည်း…အရမ်းအသက်ကြီးသလိုခံစားရတယ်…”

# မင်းမြတ်က မြန်မာနာမည်အရင်း
ဟယ်ရီက ဂျပန်က သူ့နာမည် #

” ဦးဦးကလည်း ဖေဖေကြီး ကပြောတာ သားသားနဲ့ ဦးဦးနဲ့က ဦးလေးနဲ့တူ တော်တာလေ အာ့ကြောင့် သားသားက ဦးဦးကို ဦးမြတ်လို့ခေါ်တာလေ ဦးလေးကို ဦးဦး မခေါ်ရင် သားသားက ဦးမြတ်ကို ဘယ်လိုခေါ်ရမှာလဲ..”

” တော်ပါပြီ ငါ့တူရယ်
ဦးရှိုင်းခေတ် ရဲ့ သားနဲ့မှ စကားနိုင်လုမိတဲ့ငါကိုကမှားတာ 😇
သားသား….ဦးဦး ဘုရားဖူးသွားမို့
သားသားဘာလက်ဆောင်လိုချင်လဲ”

” ဦးဦး ကဘယ်ဘုရားဖူးလဲဟင်….”

” ရွှေစက်တော် သားသားရဲ့ မကွေးမြို့ မင်းဘူး နားက”

” သားသားလည်းလိုက်ချင်တယ် 😞
သား ခရီးတစ်ခါမှ မထွက်ဖူးဘူး..”

” ကိုလေး..ပိစိလေး လည်းခရီးထွက်ဖူးချင်မှာပေါ့. ဒီတစ်ခေါက် ကိုလေးနဲ့ ပိစိလေးပါလိုက်ခဲ့လိုက်ပါ့လား…
ရွှေစက်တော်က အရမ်းပျော်စရာကောင်းတယ်လို့ကြားတယ်”

ရှိုင်း..( ကျွန်တော် အလုပ် တွေနဲ့ ပိနေလို့ သားလေးနဲ့ တစ်ခါမှ ခရီးမထွက်ဖြစ်ဖူး အခု သူ့ဦးလေ ဘုရားဖူး သွားမယ်ဆိုလို့ သားလေးလည်းသွားချင်မှာပဲလေ သားလေးအတွက် မစဥ်းစား မိတဲ့ ကျွန်တော်မှားတာ)

” အင်း…သားလေးလည်းသွားချင်တယ်ဆိုမှတော့ ဖေဖေကြီး တို့ ဦးဦး နဲ့ သွားရအောင်လေ…”

” ရေး…….
ဒါမှ..တို့ဖေကြီးကွ 😂”

” အော်..ကိုလေး
ကျွန်တော်တစ်ယောက်ထဲမဟုတ်ဘူး…ကျွန်တော့်သူငယ်ချင်း တစ်ယောက်လည်းပါမှာ…
သူက မကွေးဘက်ကလေ….”

” အင်းလေ…
သူသာ အဆင်ပြေပါ့မလားမေးကြည့်လိုက်ဦး..
တော်ကြာ ကလေးပါတော့ မလွတ်လပ်ဘူးဖြစ်နေဦးမယ်”

” အဒါတော့… စိတ်သာချ
သူက ကလေးအရမ်းချစ်တတ်တာ…
ဂျပန်မှာဆို ပိတ်ရက်တိုင်း မိဘမဲ့ဂေဟာတွေမှာ လုပ်အားသွားပေးနေကြ”

” မင်းသူငယ်ချင်းက တကယ် လူကောင်းလေးပဲ “

.
.
.
.
.
.
.
.
” ငါ့အကိုနဲ့ သူ့သားလေးပါပါမယ်
မင်းအဆင်ပြေတယ်မလား”

သူ့အကို..ကျွန်တော်ကတော့ ဘယ်လိုဖြစ်ဖြစ်အဆင်ပြေပေမဲ့ သူ့ဘက်က မိသားစုနဲ့ ပတ်သတ်​​ပြီးပြော တာ ပထမဆုံးဆိုတော့ နည်းနည်းတော့အံ့သြမိတယ်.

” မင်အဆင်ပြေရင် ပြီးတာပါပဲ
ဒါနဲ့ မင်းအကိုက….သားဖနှစ်ယောက်ပဲ လိုက်မှာလား..သူ့မိန်းမ ကောမပါဘူးလား”

ဟယ်ရီ မျက်နှာပျက်သွားတယ်.ကျွန်တော်မေးလိုက်တာ မှားသွားပြီ ထင်တယ်.

” သူ့မိန်းမ က ငါတို့တောင်ဘယ်သူဘယ်ဝါ ဆိုတာသေချာမသိဘူး..သူ​ပြောတာတော့ ငါ့တူလေး မွေးပြီးပြီး ချင်းဆုံးသွားတယ်ပြောတာပဲ
ငါ့တူလေးဆို အခုအရွယ်ထိ သူ့အမေမျက်နှာကိုမမြင်ဖူးသေးဘူး”

” ဓာတ်ပုံလေး ဘာလေးတောင်မပြဘူးလား”

” အဒါပဲ ငါ့အကိုက ငါ့တူလေး အမေနဲ့ပတ်သတ်ပြီး မေးလို့လုံးဝ မရဘူး
ငါ့တူတောင် သူ့အမေနဲ့ ပတ်သတ်ပြီးမမေးရဲဘူး…..မေးလိုက်ရင် ကိုလေးက ဘာမှမပြောပဲ ငိုပဲငိုနေလို့…….
တူလေးကလည်း..သူ့အဖေ ငိုတာမမြင်ချင်လို့ နောက်ပိုင်းလုံးဝမမေးတော့ဘူး”

” ဘယ်လိုအခြေအနေကြီးလဲကွာ…”

အဲ့ သားဖ နှစ်ယောက်ကြောင်းကြားရတာဘာလို့လဲမသိ ကျွန်တော့်ရင်တွေနာလိုက်တာ..ပြီးတော့ အဲ့က​လေး….

” အဒါပြောတာပေါ့……….
ငါ့အကိုရော..ငါ့တူလေးရောဘဝက
သိပ်ပြီး သနားဖို့ကောင်းတာ…”

သူ့အကိုရော..သူ့အကိုကရော ဘာဖြစ်ပြန်တာလဲ..မေးချင်ပေမဲ့လည်း သူများမိသားစုကိစ္စလေ ဒီလောက်ထိပြောတာတောင်တော်တော်များနေပြီ မမေးသင့်တော့ဘူးလေ.

.
.
.
.
.

မကွေးသွားမဲ့ရက်…….

သူ့အကိုကားနဲ့ ပဲ စုပြီး သွားမယ်ဆိုလို့
ကျွန်တော့်ကားထားခဲ့တယ်…
လမ်းထိပ်မှာကားအမဲတစ်စီးရပ်လိုက်တော့ ကျွန်တော်အဲ့ကားကိုရင်နှီးနေသလိုပဲ.

” ခွန်း…….လာလေ”

ကားရှေ့ခန်း မောင်းတဲ့သူဘေးခုံကနေ လက်ပြပြီး ခေါ်နေတဲ့ဟယ်ရီ
မောင်းသူနေရာမှာ ဘယ်သူထိုင်နေလဲတော့ ကျွန်တော်သေချာမမြင်ရဘူး
နောက်ခန်းတံခါး ဖွင်ပြီး ဝင်မယ်လုပ်တော့…….

” ဟင်… ………ကိုကိုချောချော”

# fb ကနေ up လာတောင်းတဲ့သူလေးရော
Wp ကနေ လာတောင်းသူလေးတွေရော
Cmt ပေးတဲ့သူလေးတွေရော
ကျေးဇူးပါ😘😘😘😍

Zawgyi……..

“ကဲ..ပြောပါဦး

စိမ်းကားနေလိုက်တာ….”



လိုက်ခဲ့ပေးပါကွာ….”


” ok လေ… ငါတို့နယ်ဘက်ကပဲ..

” မင်းက အဲ့ဘက်ကလား”

” အေးလေ…ငါက မကွေးသား

” အော်…မင်းကတောသားကို..”





“ပြီးရောလေ”

.
.
.
.

.
.
.




“…..”



“ဟာ… ကိုလေးကလည်း



” သားသားကလည်းလုပ်ပြီ….



” တော်ပါပြီ ငါ့တူရယ်







” ရေး…….
ဒါမှ..တို့ဖေကြီးကွ 😂”

” အော်..ကိုလေး
သူက မကွေးဘက်ကလေ….”

” အင်းလေ…

” အဒါတော့… စိတ်သာချ


.
.
.
.
.
.
.
.
မင်းအဆင်ပြေတယ်မလား”









” အဒါပြောတာပေါ့……….


.
.
.
.
.

မကွေးသွားမဲ့ရက်…….


” ခွန်း…….လာလေ”


” ဟင်… ………ကိုကိုချောချော”

ကျေးဇူးပါ😘😘😘😍

Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၉, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၉, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၉ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၉ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၉ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၉ light novel, ,

Comment

Leave a Reply

Chapter 20