Forever Ðÿ’Š (Unicode And Zawgyi) Completed ၈

A+ A-

Unicode……

ရှိုင်းခေတ်
မနက်အိပ်ယာနိုးလာတော့ ဘေးမှာဘယ်သူမှမရှိဘူး.ခန္ဓာကိုယ် မှာလဲ ဘောင်ဘီ တစ်ထည်ပဲ ရှိတယ်. တွန့်ကြေနေတဲ့ စောင်အဖြူ လေးကိုလှန်ကြည့်တော့  အနီ သွေး ကွက်တွေ.
.
.
.
ပြန်စဉ်းစားတော့ မနေ့က ငါ  ကလေးကို ဖုန်းခေါ်ခဲ့တယ် ပြီတော့ ဘာတွေဆက်ဖြစ်တာလဲ.

(သေလိုက်ပါတော့ ရှိုင်းခေတ် ရာ မင်း ကလေးကိုဘာတွေ လုပ်မိပြီလဲ)
.
.
.
.
.
.

ရုံးမသွားဘဲ ကလေး အလုပ်ကို လိုက်လာတော့ ဒီနေ့ အလုပ်မလာဘူးတဲ့.ဖုန်းဆက်တော့လဲ မကိုင်ဘူး စိတ်ပူလို့ သေရပါတော့မယ် ကလေးရယ်..
.
.
.
.
.
အိမ်လိုက် သွားရင်လည်း ကလေးအိမ်က ကိုတို့ပတ်သတ်မှုကိုမသိဘူး..
.
.
.
ရင်ဆိုင်လိုက်တော့မယ်……
.
.
.
.
.

   အိမ်ထိ လိုက်မပို့ခိုင်းတဲ့ ကလေးကြောင့် အိမ်ကို သူလမ်းညွှန်ထားသလို  တဖြည်းဖြည်းလမ်းထဲဝင်လိုက်ပြီး လမ်းအချိုး နားရောက်တော့   တွေ့ပါပြီ အိမ်ရှေ့မှာ ဘူးသီး ပင်ကို စဥ်ထိုး ထားတဲ့အိမ် အဲ့တစ်အိမ်ပဲရှိတယ်.

အဆင်ပြေတဲ့နေရာမှာကားရပ်ပြီး အိမ်ထဲ ဖြည်းဖြည်းချင်း ဝင်လာတော့ အန်တီ ကြီး တစ်ယောက် ထွက်လာတယ်.

“သား  အန်တီတို့ အိမ်လာတာ ကိစ္စများရှိလို့လားကွယ်”

ဒေါ်ရင်ရင်အေး (စစ်ခွန်းသာ အမေ)

(ကားအကောင်းစားကြီး အိမ်ရှေ့မှာ ရပ်တာတွေ့တော့ ကြည့်နေလိုက်တာ လူချောလေး တစ်ယောက် ကားပေါ်က ဆင်းလာတယ် ပြီးတော့ အိမ်ဘက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ခနနေတော့ အိမ်ထဲဝင်လာတယ် ကိုယ်လည်း ထိုင်ရာက ထပြီး အိမ်ရှေ့ထွက် မေးလိုက်တယ်)

ရှိုင်း…. “အန်တီ ဒါကလေ စစ်ခွန်းသာ တို့ အိမ်များလားဗျ”

“ဟုတ်တယ်သားရဲ့ အန်တီကသူ့အမေပါ.ဒါနဲ့သားကဘယ်သူလဲကွယ်”

“သားက. သူ့အလုပ် ကသူငယ်ချင်းပါ သူဒီနေ့အလုပ်မလာလို့ ဘာများဖြစ်လို့လဲ စိတ်ပူလို့လိုက်လာတာ. သူအိမ်မှာရှိလားဗျ”

“ရှိတယ် သားရဲ့ မနက်က မိုးလင်းခါနီးမှ ပြန်လာတယ်. သူ့သူငယ်ချင်း တစ်ယောက် ဆေးရုံစောင့်ပေးရတယ်ဆိုလို့ အခု ပြန်လာတေ့ာ ပင်ပန်းတယ် ဆိုပြီး အိပ်နေတယ်. “

“ကျွန်တော် အပါ်တက်သွားလို့ရလား အန်တီ”

“ရကရပါတယ် အိပ်က နုံချာတော့ သားပုံစံနဲ့ အိမ်ပေါ်ခေါ်ရမှာအားနာလို့ပါ”

ကလေးက ကလေးအမေနဲ့ တကယ်တူ တာပဲ မျက်လုံး နှုတ်ခမ်း လေးတွေ သဘောကောင်းပြီးဖော်ရွေတာကအစ တကယ်ကိုတူတာ.ကျွန်တော့်ပုံကြည့်ပြီး အိမ်ပေါ်ခေါ် ရမှာ အားနာနေတယ် ထင်တယ်.

“ရပါတယ် အန်တီ အားနာစရာမလိုပါဘူး ကျွန်တော်အဆင်ပြေပါတယ်”

အိမ်ထဲဝင်လာပြီး ကြည့်လိုက်တော့ အိမ်ကပျဥ်ထောင်အိမ်ကို သေချာ သပ်သပ်ရပ်ရပ် လေးနဲ့
ကျွန်တော့် အိပ်ခန်းလောက်တောင်မရှိဘူး ဆိုပေမဲ့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ တကယ်ကို နေချင်စရာလေးပါ.အိမ်နောက်ရောက်တော့ ထပ်သား ကာထားတဲ့ အခန်းကျဥ်းလေးတွေ့တော့ဝင်သွားလိုက်တယ် .တွေ့ပါပြီဗျာ ကလေးလေး စောင်လေးထဲမှာ ကွေးကွေးလေးနဲ့ အိပ်နေတာများဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ.
.
.
အနည်းငယ် ပင်ပန်းပုံပေါက်နေတဲ့မျက်နှာလေးကိုတွေ့တော့ ကျွန်တော့ရင်တွေနာလိုက်တာ ဒီလောက်ဖြူစင်တဲ့ကလေးကို ကျွန်တော် ဘာတွေများလုပ်မိပါလိမ့်.ကလေးဘေးနားဝင်ထိုင်တော့.

“ကလေး…. ကလေး….”

ကျွန်တော့်လက်နဲ့အနည်းငယ်လှုပ်တော့ သူနိုးလာတယ်.

‘”ဟင်… ကိုကို  အိမ်လိုက်လာတာလား”

အိပ်ထားလို့မျက်နှာက ဖောင်းဖောင်းလေး နဲ့
ကလေးရှေ့မှာ ကျွန်တော် ဒူးထောက်လိုက်တယ်

“ကလေး ကိုကိုတောင်းပန်ပါတယ် ကလေးကျေနပ်တဲ့ အထိ ကိုကို ကို အပြစ်ပေးလည်းရပါတယ် ကလေးကြိုက်သလိုလုပ်ပါ…ကိုကို ကိုတော့မမုန်းလိုက်ပါနဲ့….”

ကလေး ထလာပြီး ကျွန်တော့ လည်ပင်နားကို သိုင်းဖက်လိုက်တယ်.

‘”ကိုကို အပြစ်မဟုတ်ပါဘူး  ကလေးကိုယ်တိုင် အလိုတူပေးခဲ့တာပါ”

အခုလို အခြေနေမှာတောင် ကျွန်တော့ကို အပြစ်စကားမဆိုဘူး တကယ်ကို ဖြူစင်တဲ့ကလေးပါ

“တကယ်လို့ မှားတယ်ဆိုရင်တောင် အသိစိတ်လွတ်နေတဲ့ ကိုကိုကို မငြင်းဘဲ လက်ခံခဲ့တဲ့ အသိစိတ်ရှိတဲ့ကျွန်တော်ကပဲမှားတာ အာ့ကြောင် ကိုကို အပစ်လို့ မသတ်မှတ်နဲ့နော် ဟုတ်ပြီလား”

ကျွန်တော့်မျက်ရည်တွေကို သူ့လက်နုနုလေးတွေနဲ့လာသုတ်ပေးတယ် ကျွန်တော် သူ့လက်လေးကိုဆုပ်ကိုင်လိုက်ပြီး

“ချစ်တယ် အရမ်းချစ်တယ် ကလေး ကိုကိုတို့ ဘယ်တော့မှမခွဲပဲ တစ်သက်လုံး လက်တွဲသွားရအောင်နော် အရမ်းချစ်တယ် ကို့ကို ကလေးလေး”
.

“အင်း …..ကျွန်တော် လည်းကိုကို ကို အရမ်းချစ်တယ်”
.

အချိန်ဘယ်လောက်ကြာ မှန်းမသိတဲ့အထိ  နှစ်ဦးသား  တင်းကြပ်စွာဖက်ထားမိကြတယ်.
(အမေ အိမ်လည်ထွက်သွားလို့တော်သေးတယ်)

Zawgyi……

ရှိုင်းခေတ်
.
.
.

.
.
.
.
.
.

.
.
.
.
.
.
.
.
.
.
.
.
.









“ရှိတယ် သားရဲ့ မနက်က မိုးလင်းခါနီးမှ ပြန်လာတယ်. သူ့သူငယ်ချင်း တစ်ယောက် ဆေးရုံစောင့်ပေးရတယ်ဆိုလို့ အခု ပြန်လာတော့ ပင်ပန်းတယ် ဆိုပြီး အိပ်နေတယ်. “

“ကျွန်တော် အပ်ါတက်သွားလို့ရလား အန်တီ”




.
.

“ကလေး…. ကလေး….”










.

.


Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၈, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၈, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၈ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၈ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၈ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၈ light novel, ,

Comment

Leave a Reply

Chapter 9