Forever Ðÿ’Š (Unicode And Zawgyi) Completed ၆

A+ A-

Unicode ….

ကိစ္စတစ်ခုဖြစ်ပြီးတိုင်းမှာ လူတွေက သွေးပူနေတုန်း ဘာပြောပြောနားဝင်မှာမဟုတ်ဘူးလေ.ဒါကြောင့် ကျွန်တော်လည်း သူစိတ်အေးအောင် ခနလွှတ်ပေးထားလိုက်တယ်.သူအလုပ်ဆင်းချိန်တိုင်း သူကားစော့င်နေချိန် တစ်ချိန်လုံး ကျွန်တော် သူမမြင်နိုင်တဲ့တစ်နေရာကားထဲမှာ သူ့ကိုကြည့်နေခဲ့ပါတယ်.သူကတော့မမြင်ဘူးပေါ့.ဒီနေ့တော့ သူလည်း စိတ်ငြိမ်လောက်​ပြီထင်တယ် တော်ကြာအကြာကြီးပစ်ထားတယ်ဆိုပြီး အခြေအနေပိုဆိုးသွားဦးမယ်.ကားပေါ်သူရောက်လာတော့ကားပေါ်မှာနှစ်ယောက်လုံး စကားမပြောဖြစ်ကြဘူး.ကလေးတို့လမ်ထိပ် မှတ်တိုင်ကနေ တော်တော်ဝေးဝေး ဆက်မောင်းသွားလို့ရှိရင် စပါးစိုက်တဲ့ လယ်ကွင်းပြင်တွေ နဲ့ တစ်အိမ်နဲ့တစ်အိမ်တော်တော်ဝေးပြီး ကားတစ်စီး နှစ်စီး လောက်ပဲ ဖြတ်မောင်းကြတဲ့ လေတဖြူးဖြူးနဲ့ သာယာတဲ့နေရာလေးရှိတယ်.ပတ်ဝန်းကျင်ကလည်း လူရှင်းတော့တိတ်ဆိတ်နေတယ်.ကျွန်တော် ကားထဲကထွက်ပြီး သူု့ကို ကားတံခါးဖွင့်ပေးတော့ သူလည်းထွက်လာတယ်.

ရှိုင်း…..”အဒါက ကလေးထင်နေသလိုမဟုတ်ဘူး
သူက ကိုယ့်အတွင်းရေးမှူးမလေး ကလေးလာမယ်လို့ဖုန်းရပြီ သူဝင်လာတာ …..
ကော်ဖီခွက်လာချရင်း သူ့​ခြေ ​ထောက်ခေါက်ပြီး ကိုယ့်ပေါ် လဲကျတော့ ကိုယ်က သူ့ကိုထူ​ပြီးထိန် လိုက်ရုံပဲ အဲ့အချိန်မှာကလေးဝင်လာတာ”

ကလေးဘက်က ဘာမှပြန်​ပြောမလာဘူး တိတ်နေတယ် ခနကြာမှ

စစ်…”ကျွန်တော်ယုံတယ် ကိုကိုက မဟုတ်ဘူးပြော တာနဲ့ အဲ့ကိစ္စကမဟုတ်ဘူးလို့ပဲယုံကြည်တယ် ကိုကို့စကားကိုပဲယုံမယ်”

ကျွန်တော်ယုံတယ် သူကကျွန်တော့ရဲ့ ကိုးကွယ်ရာ ကျွန်တော်အချစ်ရဆုံးလူသား သူ့စကားကိုမယုံရင် ကျွန်တော် ဘယ်သူ့စကားကိုယုံရမှာလဲ.

ရှိုင်း.. ” ကျေးဇူးပါ ကလေးလေး ကို့ကို ယုံကြည်ပြီး အခွင့်အရေးထပ်ပေးတဲ့အတွက်”

နှစ်ဦးသား တစ်ဦးကိုတစ်ဦး လွတ်ထွက်သွားမည့်အလား တင်းကြပ်​အောင် ဖက်ထားမိတယ်.ကျွန်တော်ကိုကို့ရင်ခွင်ထဲကနေ ခေါင်းမော့ကြည့်လိုက်တော့ ကိုကို့ မျက်လုံးတွေက တစ်ခုခု ကို ခွင့်တောင်းနေပုံနဲ့ ကျွန်တော့်မျက်ဝန်းတွေကိုစိုက်ကြည့်နေတယ်. ကျွန်တော်နားလည်ပါတယ် ချစ်သူဖြစ်လာတဲ့ အချိန်ကနေ အခုချိန်ထိ ပါး. နဖူး .လက် စတာတွေလောက်ပဲနမ်းဖူးတာ.ယောက်ကျားလေးချင်း ကျွန်တော်နားလည်ပါတယ်.ကျွန်တော်လည်း စကားနဲ့မဖြေတော့ပဲခွင့်ပြုပေးသည့်အလား မျက်ဝန်းတွေကိုမှိတ်ပေးလိုက်တယ်.တဖြည်းဖြည်း နီးကပ်လာတဲ့အသက်ရှူသံ ငွေ့ငွေ့ . တစ်ခုခုရောက်လာမှာကိုသိနေတဲ့ ခံစားချက် ထိကပ်လာတဲ့ နှုတ်ခမ်းနှစ်စုံ အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်း တစ်လှည့်စီနမ်းနေရင်း ဝင်ခွင့်တောင်းနေတဲ့ သူရဲ့လျှာလေး ကျွန်တော်လည်း အလိုက်တသိ နှုတ်ခမ်းလေးဟပေးလိုက်တယ် ဝင်ရောက်လာတဲ့သူရဲ့လျှာ နဲ့ ကျွန်တော့လျှာနှစ်ခု ပွတ်သပ်နေရင်း လက်တွေကလည်း တစ်ယောက်တစ်ယောက် တင်းကြပ်စွာဖက်ထားမိတယ်.အနမ်းတွေက မနူးညံ့သလို ရမက်ဆန်ဆန်ပူလောင်နေတဲ့အနမ်းမျိုးလည်းမဟုတ်.နှစ်ယောက်သား အချိန်ကြာကြာနမ်းနေရင်းမှ အသက်ရှူဖို့ လိုအပ်လာတော့ ကျွန်တော့် လက်ကသူ့ရင်ဘက်ကို အားပါပါတွန်းထုတ်မှ သူ့ဘက်က မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ရတဲ့ပုံစံမျိုး
အဲ့ဒိနေ့ကစပြီး ကျွန်တော်တို့ အရင်ကထက်ပိုပြီး ရင်းနှီးလာသလို တစ်ရက်ပြီးတစ်ရက် ပို ပိုပြီးတော့လည်းချစ်လာရတယ်.ထာဝရထက် တစ်ရက်ပိုသည်ဆိုသလိုမျိုးပေါ့.

ဒီနေ့ည ကိုကိုတို့ လိုစီးပွားရေးသမားတွေ အလုပ်ကိစ္စနဲ့ပတ်သတ်ဲပြီ ညစာစားပွဲ တဲ့.ပြောရမယ်ဆိုရင်တော့ party. ပွဲပေါ့. ကိုကိုကတော့ ကျွန်တော့ကို ပါတနာ အနေနဲ့ ပွဲတက်ဖို့ခေါ်ပါတယ်. ဒါပေမဲ့လည်း ဒီလိုပွဲက သာမန်ပွဲ မျိုးမှမဟုတ်တာ သတင်းထောက်တွေ မီဒီယာ တွေ အကုန်ရှိနေတာလေ. ကျွန်တော့ကြောင့် ကိုကိုမျက်နှာပျက်မှာကိုမလိုချင်ဘူး.JR Group ရဲ့သူဠေးတစ်ယောက်က gay ပါဆိုပြီးရှုံ့ချပြောဆိုတာလည်းကျွန်တော်မခံနိုင်ဘူး……
ကို့ကို အကြောင်းစဥ်းစားနေတုန်း ကိုကို့ဖုန့်းဝင်လာတယ် ည ၇ နာရီလောက်ထင်တယ်.ဖုန်းဝင်လာပြီး ကိုင်တော့ အချိန် အတော်ကြာတဲ့အထိ ကိုကို့ အသံထွက်မလာဘူး ကိုကို ကိုကို လို့ခေါ်နေပေမဲ့လည်း အသံပြန်မလာဘူး……….

# နောက်အပိုင်း မဆိုသ​လောက်နည်းနည်းလေး + ပါမယ်🌚

Zawgyi……


ကားပေါ်သူရောက်လာတော့ကားပေါ်မှာနှစ်ယောက်လုံး စကားမပြောဖြစ်ကြဘူး.ကလေးတို့လမ်ထိပ် မှတ်တိုင်ကနေ တော်တော်ဝေးဝေး ဆက်မောင်းသွားလို့ရှိရင် စပါးစိုက်တဲ့ လယ်ကွင်းပြင်တွေ နဲ့ တစ်အိမ်နဲ့တစ်အိမ်တော်တော်ဝေးပြီး ကားတစ်စီး နှစ်စီး လောက်ပဲ ဖြတ်မောင်းကြတဲ့ လေတဖြူးဖြူးနဲ့ သာယာတဲ့နေရာလေးရှိတယ်.ပတ်ဝန်းကျင်ကလည်း လူရှင်းတော့တိတ်ဆိတ်နေတယ်.ကျွန်တော် ကားထဲကထွက်ပြီ သူ့ကိုတခါးဖွင့်ပေးလိုက်တော့ သူလည်းဆင်းလာတယ်…
.




.
.
.
.
.
ဒီနေ့ ကိုကို တို့လို စီးပွားရေးသမားတွေ
အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ညစာစားပွဲတဲ့.



Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၆, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၆, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၆ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၆ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၆ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၆ light novel, ,

Comment

Leave a Reply

Chapter 7