Lollipop Chapter 1 – Zawgyi

All chapters are in Lollipop
A+ A-

“ဒါက ဘယ်လဲ စိုင်းမာန်သစ်?”

“ဟီးဟီး ပါပါးကလည်း လမ်းထိပ်ခဏ”

“လမ်းထိပ်ခဏလုပ်မနေနဲ့ ဒီကိုလာထိုင်”

ဖခင်ဖြစ်သူရဲ့ပြောစကားကြောင့် စိုင်းမာန်သစ် ဆိုဖာပေါ်ကို မထိုင်ချင်ထိုင်ချင်နဲ့ ထိုင်လိုက်ရသည်။

“ကျောင်းပြီးကတည်း မင်း လက်ယားလက်ယားနဲ့ မနက်ဖြန် ကုမ္ပဏီမှာ အလုပ်ဝင်!”

“ပါပါးကလည်း‌ဗျာ”

“ပါးပါးကလည်း မဗျာနဲ့ မင်းဒီလိုနေနေရင် မိန်းမပေးစားပစ်မှာနော် စိုင်းမာန်သစ်”

“မိန်းမမလိုချင်ပါဘူးဆို‌တာကိုဗျာ”

“မင်းမလိုချင်လို့ကို ငါကပေးစားချင်တာလေ”

“အလုပ်ဝင်လုပ်မယ် မိန်းမတော့မယူချင်ဘူး ကျွန်တော်ချစ်နေတဲ့သူရှိတယ်”

“အောင်မယ် လေကအလာကြီးပါလား? မင်းလိုကောင် ဘယ်သူက ပြန်ကြိုက်မှာလဲ?”

“ပါပါးက သားကိုဆို တအားဖဲ့တာပဲ အလုပ်က ဝင်တော့လုပ်မယ် ဒါပေမဲ့ ပါပါးကုမ္ပဏီမှာတော့ ဝင်မလုပ်ချင်ဘူး အကပ်နဲ့လာတယ်ဆိုပြီး အပြောမခံချင်ဘူး သားဘာသာရှာမယ် တစ်‌လလောက်တော့ စောင့်”

“စိုင်းမာန်သစ်‌တို့ကတော့ ပြောလိုက်ရင် လေကြီးမိုးကြီးပဲ မင်းစကားနဲ့ မင်းပဲနော် တစ်လပြည့်လို့မှ မင်းအလုပ်မရရင် မိန်းမပေးစားပစ်မယ်”

“ပါပါးသဘောပဲ ဒါဆို သားသွားတော့မယ်နော်”

“ကြွ ကြွ”

စိုင်းမာန်သစ်မှာ အမေမရှိတော့။ မရှိတော့ဘူးဆိုတာက ကွဲနေတာ။စိုင်းမာန်သစ် အမေက စိုင်းမာန်သစ်အဖေကို ထားသွားပြီး ခြေရာဖျောက်သွားတာ သူငယ်ငယ်လေးကတည်းကပင်ဖြစ်သည်။

မေမေ့ကို စိတ်နာလားဆိုတော့ အင်းလို့ဖြေမိမှာပင်။ဘာလို့လဲဆိုတော့ လူမှန်းမသိတတ်ခင်အရွယ်‌လေးကတည်းက ပစ်ထားခဲ့တာ။
ဒါအ‌တွက် သူမုန်းတာ မဆန်းဘူးထင်ပါရဲ့။
သူ့ဘဝမှာ အ‌မေဆိုတာ မရှိဘူးလို့သဘောထားလိုက်တော့တာဖြစ်သည်။

စိုင်းမာန်သစ်ကို သူ့အဖေက လိုလေးသေးမရှိအောင်ထားခဲ့သည်။ ပြောရရင်တော့ သူက ရွှေဇွန်းကိုက် အမွေးခံထားရတဲ့သူပင်။
တစ်ခါတလေ သူ့ပါပါးရဲ့ ပူညံပူညံလုပ်သံ တွေကိုထည့်မတွက်ရင်ပေါ့လေ။

စိုင်းသစ်မာန်မှာ အကျင့်တစ်ခုရှိသည်။ အဲဒါကတော့ ငယ်ငယ်လေးကတည်းက Lollipop ကိုတအားကြိုက်တာဖြစ်သည်။
စိုင်းမာန်သစ်ဆီမှာ ခုချိန်ထိ ထုတ်မစားခဲ့တဲ့ Lollipop လေးတစ်လုံးရှိတယ်ဆိုရင် ယုံကြမလား။ ဆယ်စုနှစ်တော်တော်ကြာတဲ့အထိအောင်ထိ ထုတ်မစားဖြစ်ခဲ့တဲ့ Lollipop လေးလေ။

_______________________________________________________

“အသစ်”

“တိုတို လာလာ အသစ်က တိုတိုကိုစောင့်နေတာ”

တစ်ခါက စိုင်းမာန်သစ်တို့ ခြံနောက်မှာ ငါးနှစ်အရွယ်ကလေးလေးနဲ့ ဆယ်နှစ်သားကလေးလေးတို့ရဲ့ ရယ်သံတွေပျံ့လွင့်ခဲ့ဖူးသည်။

“ဟုတ်သလား အသစ်ကလေးက ကိုကို့ကို စောင့်နေတာလား။ ရော့ဒီမှာ Lollipop။ အသစ်အတွက်”

“နောက်ခါ ချော်ဘယ်ရီရသာဝယ်ခဲ့ပေး”

“ဟုတ်ပါပြီကွာ ကိုကိုက နောက်တစ်ခါ စတော်ဘယ်ရီအရသာဝယ်ပေးမှာပေါ့”

“တိုတို”

“ပြော အသစ်”

“တိုတိုက လာလာပေါ့(Lollipop) ကြိုက်ဝူးယား”

“ဟင့်အင် ကိုကိုက အချိုမကြိုက်ဘူး အသစ်ကလေးကြိုက်လို့ ဝယ်ပေးတာ”

“ဪ”

လူကြီးတစ်ယောက်လို နှုတ်ခမ်းကလေးထော်အောင် ဪပြောလိုက်တဲ့ စိုင်းမာန်သစ်ပေါက်စဟာ တကယ်အူယားစရာပင်။

တခစ်ခစ်ရယ်နေတဲ့ ကလေးလေးရဲ့ ခေါင်းကိုဖွကာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်စွာပြုံးနေခဲ့တဲ့ ကောင်လေးကလည်း နေအဝင်မှာ သိပ်လှတဲ့ပန်းချီကားတစ်ချပ်။

_______________________________________________________

စိုင်းမာန်သစ် Cafe တစ်ခုမှာထိုင်ရင်း မှန်ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေမိသည်။ ဒီနေ့ဆို ပါပါးကို ကတိပေးထားတာ ဆယ့်ငါးရက်ရှိပြီ။ ခုထိ အလုပ်ကမရသေး။မရတာလည်းမပြောနဲ့လေ ကျောင်းပြီးတာမှ တစ်နှစ်ကျော်ကျော်ရှိသေး။ဘယ်သွား လို့ဘာလုပ်ရမလဲကမသိ။ စဉ်းစားလို့ကိုမရ။

တကယ်တော့ ပါပါးကကိုက သူ့ကို တင်ကျွေးမထားချင်တာ။စိုင်းမာန်သစ် စိတ်ပေါက်ပေါက်နဲ့ သူ့အဖေကိုပဲ အပြစ်‌တင်နေလိုက်သည်။ဒီနေ့မှ‌ပဲ Coffee ကပိုခါးနေသလိုလို။ စိုင်းမာန်သစ် စိတ်ပျက်လက်ပျက်နဲ့ ခုံကို ခါးလျှောထိုင်လိုက်သည်။

မျက်လုံးကို ပိတ်ထားလိုက်ပြီး မှန်ကိုဖြတ်ပြီး ကျလာတဲ့ အလင်းရောင်ကို ခံစားကြည့်နေလိုက်သည်။ခေါင်းထဲမှာတော့ သူ့ရဲ့ Crush ကြီးအကြောင်းက ဆင့်ခေါ်စရာမလိုဘဲရောက်လာသည်။

Love at first sight ကိုယုံကြလား? စိုင်းမာန် သစ်ကတော့ မယုံခဲ့ဘူး။ဒါပေမဲ့ အခုလို နဖူးတွေ့ဒူးတွေကျတော့မှ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်တော့တာဘဲ။ အမှန်တိုင်းပြောရရင် စိုင်းမာန်သစ် သူကြိုက်‌နေတဲ့သူရဲ့နာမည်ကိုတောင်မသိပါဘူး။မသိဆို တွေ့ဖူးတာကလည်း တစ်ခါပဲလေ။ အဲဒီတစ်ခါမှာပဲ စိုင်းမာန်သစ် ရူးမလိုဖြစ်ခဲ့တာ နှစ်နှစ်တောင်ရှိခဲ့ပြီ။

သူမှတ်မိနေတုန်းပင်။ တင်းတင်းစေ့ထားတဲ့ မေးရိုးတွေ။ တွန့်ချိုးနေတဲ့ ခပ်နက်နက်မျက်ခုံးတွေနဲ့ ဖြောင့်စင်းနေတဲ့နှာတံ။
ပြီးတော့ တုန့်ကနဲ့ပြိုလဲချင်လိုက်ရတဲ့ ရင်ခွင်ကျယ်။

မျက်လုံးမှိတ်ရင်းကပင် လက်ကိုဆန့်ပြီး ပုံရိပ်ထဲက အစိတ်အပိုင်းတွေကို လိုက်စမ်းကြည့်ဖို့ကြိုးစားကြည့်သည်။အခုထိ စိုင်းမာန်သစ်ရဲ့အ‌‌တွေးထဲက ဒီပုံရိပ်က မှေးမှိန်မသွားသေးဘူး။

တွေးနေကြပြီမို့လား။ စိုင်းမာန်သစ်ကြိုက်‌နေတဲ့သူက မိန်းကလေးတစ်ယောက်မဟုတ်ဘူးထင်တယ်ဆိုတာမျိုး။ ဟုတ်ပါသည်။ စိုင်းမာန်သစ်က Gay တစ်ယောက်။အစက စိုင်းမာန်သစ်သူ့ကိုယ်သူ Gay လို့မသတ်မှတ်ခဲ့။ဘာလို့လဲဆို သူက မိန်းကလေးတွေကို မကြိုက်တာပဲရှိခဲ့သည်။ ယောင်္ကျားလေးတစ်ယောက်ကို ချစ်မိလိမ့်မယ်လို့မှ မထင်ခဲ့။

ဒါပေမဲ့ အရာရာဟာ အဲဒီလူကြီးကို တွေ့လိုက်ရချိန်မှာ မိုးမှောင်ကျသလိုပါပင်။
ဘယ်သူမှမသိလိုက်ခင်မှာပဲ သူ ယောင်္ကျားလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါပြီ။
စိုင်းမာန်သစ်သည် သူကွေးသွားပြီဆိုသည်ကို ထိုအချိန်မှာ သေသေချာချာလက်ခံလိုက်ရလေသည်။

_______________________________________________________

လွန်ခဲ့သော နှစ်နှစ် အခုစိုင်းမာန်သစ်ထိုင်နေတဲ့ Cafe ဆိုင်တွင်ပင်ဖြစ်သည်။

*ဂျွတ်

“ဟင်”

စိုင်းမာန်သစ်လှည့်မကြည့်လိုက်ခင်မှာပင် လွယ်အိတ်ထဲက ကျသွားတဲ့ Lollipop လေးရဲ့ ဖြစ်အင်ကို သိသွားလိုက်ရပါသည်။
အသံအရဆို တစ်စစီဖြစ်မသွားရင်ကို တော်သေးသည် ပြောရမည်။

‌”ဟာ သွားပါပြီ”

“အာ ဆောရီး”

နှစ်ခြမ်းကွဲနေတဲ့ Lollipop လေးကို နှမြောတသကြည့်နေရင်း ကြားလိုက်ရသော အသံခပ်ဩဩကြောင့် မော့ကြည့်လိုက်မိသည်။

အဲဒီအခိုက်အတန့်။
စိုင်းမာန်သစ် အကုန်ပုံအပ်သွားချင်လောက်ဖို့ လုံလောက်တဲ့အခိုက်အတန့်။အပေါ်က ပြောခဲ့သလို နာမတွေနဲ့ ပြည့်စုံတဲ့ ထိုလူသားဟာ စိုင်းမာန်သစ်ရဲ့ နှလုံးသားကို ယူဆောင်သွားပါတော့သည်။

ဆောရီးတစ်လုံးထဲသာပြောပြီး ‌ထွက်သွားသော ထိုလူသားရဲ့ ဖိနပ်သံက ဆိုင်လေးထဲမှာ တော်တော်ကျယ်လောင်သလို
စိုင်းမာန်သစ်ရဲ့ ဘယ်ဘက်ရင်အုံက အကောင်ပေါက်ဟာလည်း စည်းမရှိကမ်းမရှိ ခုန်ပေါက်နေခဲ့သည်။

_______________________________________________________

*And the stars exploding into fireproof..
My youth,my youth is yours
Tripping on skies, sipping waterfalls

သူ့ဘာသာအတွေးလေးနဲ့ ဆွေးကောင်းနေတုန်း မြည်လာတဲ့ Phone ringtone ကြောင့် စိုင်းမာန်သစ် စိတ်နောက်သွားရသည်။

‘ကျစ် ဘယ်ကောင်တုန်းကွာ မကိုင်ဘူး ခေါ်ချင်သလောက်ခေါ်’

*My youth,My youth is yours..

မကိုင်မချင်း လာနေသော ဖုန်းကလည်း
‘မင်းပဲ မကိုင်ဘဲနေနိုင်မလား ငါပဲ ခေါ်နိုင်မလား’ ဟု စိုင်းမာန်သစ်ကို စိန်ခေါ်နေသ‌ယောင်။ နောက်ဆုံး နားညည်းမခံနိုင်တဲ့အဆုံး စိုင်းမာန်သစ်ကပဲ လျှောချထားတဲ့ ခါးကို ပြန်မတ်လိုက်ကာ မျက်စိမှိတ်လျက်ပင် ဖုန်းကိုလှမ်းယူကိုင်လိုက်သည်။

“ဘာလဲ!”

“ငါ မင်းအဖေ မင်းမေလင်မို့ ခုမှဖုန်းကိုင်တာလား?”

“ဟုတ်တယ်လေ ပါပါးက သားအမေလင်”

“စိုင်းမာန်သစ်!”

သူ့အဖေရဲ့ နားနဲ့မဆန့်အော်လိုက်သံကြောင့် စိုင်းမာန်သစ်အသိဝင်လာရသည်။

“ဟမ် ဪ ပါပါး အင်း သား အိပ်ပျော်နေလို့ ဟီး ဘာလဲဗျ”

“ဘာလဲမဗျနဲ့ အိမ်ပြန်လာ! မင်းအလုပ်ရပြီ မင်းသာရှာနေရင် သူတောင်းစားတောင်လုပ်လိုက်ရမှာမဟုတ်ဘူး ခွက်မရှိလို့”

“ဟုတ်”

*တီ တီ တီ

(OliviaThet-Eleabor’s Note_Lollipop က အဖိုးတန်လေးဖြစ်လာမယ်လို့ ထင်ပါတယ် ချက်ချင်းကောက်ရေးလိုက်တာမျိုးမဟုတ်ဘဲ တော်တော်များများ Plot တွေကို ကျွန်တော်အရင်ကတည်းက စဉ်းစားထားခဲ့တာတွေပါ အကောင်အထည်ဖော်ချင်တာကြာခဲ့ပါပြီ ရှေ့အပိုင်းတွေက နည်းနည်းပေါ့နေမယ်လို့တော့ ထင်မိပါတယ် အရေးအသားကလည်းစုတ်ချာသေးတာမို့ သည်းခံပြီးပဲ ဖတ်ပေးကြပါဦးဗျ အားလုံးပဲဂရုစိုက်ကြပါဗျ)

@OliviaThet-Eleanor
_______________________________________________________

Tags: read novel Lollipop Chapter 1 – Zawgyi, novel Lollipop Chapter 1 – Zawgyi, read Lollipop Chapter 1 – Zawgyi online, Lollipop Chapter 1 – Zawgyi chapter, Lollipop Chapter 1 – Zawgyi high quality, Lollipop Chapter 1 – Zawgyi light novel, ,

Comment

Leave a Reply

Chapter 38