Lollipop Chapter 15 – Unicode

All chapters are in Lollipop
A+ A-

“ဥက္ကဌ ကျွန်တော်တို့ ဂိမ်းတစ်ခုလောက်ဆော့ကြမလား?”

ရုတ်တရတ် အတည်ပေါက်ကြီးထပြောလိုက်သော စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာ မျက်နှာပင် အရှေ့ကို နည်းနည်းတိုးသွားရသည်။

“ဂိမ်း?”

“အင်း ဂိမ်း”

“ဘာဂိမ်းလဲ?”

“ရော့”

စိုင်းမာန်သစ်က သူ့အိတ်ကပ်ထဲကနေ Lollipop နှစ်ချောင်းကို ထုတ်ကာ ဘုန်းပြည့်အာဏာကို တစ်ချောင်းပေးလိုက်သည်။ ဘုန်းပြည့်အာဏာကတော့ ထို Lollipop နှစ်ချောင်းကို ကြောင်လို့သာကြည့်နေသည်။

“ငါက ဒါကို ဘာလုပ်ရမှာလဲ?”

“မနေ့ညက သွားမယ့် ရေကန်ကို အခုသွားလည်း လှတယ်တဲ့ အဲဒါ သွားတဲ့ လမ်းမှာ ဒီ Lollipop ကိုစားမယ် အရင်ကုန်တဲ့သူက အနိုင်”

အခု စိုင်းမာန်သစ်က သူ့ကို ချိုချဥ်ပြိုင်စုပ်ဖို့ပြောလိုက်တာဖြစ်သည်။ အသက်နှစ်ဆယ့်ရှစ်နှစ်နဲ့ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် ယောက်ျားလေး နှစ်ယောက်က ချိုချဥ်ပြိုင်စုပ်ရမည်ဟု‌ေပြာလိုက်ခြင်း။ ဘုန်းပြည့်အာဏာမှာ အံ့ဩလို့ပင်မဆုံး။

“ဟမ်”

“နားမလည်ဘူးလား လွယ်လွယ်လေးကို”

“နေဦး မင်းက ငါ့ကို ဒီ Lollipop ပြိုင်စားဖို့ပြောနေတာလား?”

ဘုန်းပြည့်အာဏာက တုတ်ချောင်းကနေကိုင်ကာ လက်ကိုလှုပ်ပြီး စိုင်းမာန်သစ်ကို ငုံ့ကြည့်ကာ မေးသည်။ စိုင်းမာန်သစ်ကလည်း ခေါင်းကိုတွင်တွင် ငြိမ့်ကာ နှုတ်ခမ်းကို ပို၍ပင်စေ့ထားကာ ကလေးတစ်ယောက်လို မျက်လုံးပြူးလေးနဲ့ ပြန်ကြည့်သည်။ ဘုန်းပြည့်အာဏာမှာ ပြောစရာစကားပင် ကင်းမဲ့သွားရသည်။ စိုင်းမာန်သစ်က သူငယ်နာမစင်တာလား ဒါမှမဟုတ် သူငယ်ပြန်နေတာလား ဟုစဉ်းစားမိသွားသည်။ 

“ဒီဟာကိုလေ”

ဘုန်းပြည့်အာဏာက မယုံနိုင်စွာ ထပ်မေးသည်။ စိုင်းမာန်သစ်က စိတ်မရှည်ဟန်နဲ့ ခေါင်းညိတ်ပြကာ သူ့ကို မျက်မှောင်ကုတ်ကြည့်သည်။

“ဟုတ်ပါတယ်ဆို ဥက္ကဌကလည်း”

“မင်းက ကလေးလား?”

“ဗျာ ဘာဆိုင်လို့လဲ?”

“အခု ကလေးတွေလို ချိုချဥ်ပြိုင်စုပ်ဖို့ပြောနေတာပဲ မို့လား?”

“ဟာဗျာ အဲ့ အတွေးတွေကို ဖျောက်လိုက်စမ်းပါ Lollipop ပဲ။ လူကြီးသူငယ်မရွေးစားလို့ရပါတယ် Lollipop စက်ရုံလာကြည့်နေပြီး ဒီလိုအတွေးတွေရှိနေတာမယုံနိုင်စရာ”

“ဘာ”

“ဘာလဲ ဥက္ကဌက ကျွန်တော့်ကို မနိုင်မှာကြောက်နေတာလား?”

ဘုန်းပြည့်အာဏာလည်း ဆက်ပြောမနေတော့ဘဲ စိုင်းမာန်သစ် ပြောတဲ့အတိုင်း လိုက်လုပ်ပေးဖို့ပဲ ဆုံးဖြတ်လိုက်သည်။ စိုင်းမာန်သစ် မိန်းမသွားမခိုးစေရန် အချိန်ဆွဲစရာမလိုတာကပဲ ကံကောင်းသည်ဟုတွေးလိုက်မိသောကြောင့်ဖြစ်သည်။

“နိုင်ရင်”

“ရေကန်ဆီရောက်ရင် ဆုတစ်ခုပေးကြေး ကြိုက်တာတောင်းဆို”

ဘုန်းပြည့်အာဏာအတွေးထဲမှာ အကြံတစ်ခုက ဖြတ်ကနဲ့ရောက်လာသည်။

“အင်း အိုကေ”

______________________________________________________

စိုင်းမာန်သစ်က အကြံကြီး ကြံစည်လိုက်ခြင်းဖြစ်သည်။ ဘုန်းပြည့်အာဏာက Lollipop မပြောနှင့် အချိုသိပ်မကြိုက်တတ်သူဖြစ်တာကြောင့် ဒီကစားပွဲမှာ သူက နိုင်မည်မှာ သေချာသည်။ ဒါကြောင့် ရေကန်ကို ရောက်ရင် ဘုန်းပြည့်အာဏာကို သူ့ခံစားချက်တွေအကြောင်း ဖွင့်ပြောမည်။ အငြင်းခံရလျှင်တော့ ထိုစကားကို မေ့လိုက်ဖို့ တောင်းဆိုမည်။ မရှိခဲ့သလို သတ်မှတ်ခိုင်းရမည်။ ဒီလိုဆိုဆိုရင်တော့ သူတို့နှစ်ယောက် ဆက်ဆံရေးမှာ သိပ်ပြီး အရာယွင်းသွားစရာမရှိလောက်ဘူးဟု‌ေတွးမိသည်။

ရယ်စရာဟု ထင်ကောင်းထင်ကြလိမ့်မည်။ ဟာသလုပ်နေတာလို့လည်း တွေးကြကောင်းတွေးကြလိမ့်မည်။ ထို့ပြင် ဒါက ကလေးကစားနေသလိုလည်းဖြစ်နေနိုင်သည်။ ဒါပေမဲ့ စိုင်းမာန်သစ်အတွက်တော့ ဒီပေါတောတောလုပ်ရပ်ကလေးပဲ သူ့နှလုံးသားကို မွန်းကြပ်မှု့တွေကြားက ကယ်တင်နိုင်မည့် ကောက်ရိုးစလေးပမာ။

စိုင်းမာန်သစ် ဘုန်းပြည့်အာဏာကိုပင် မစောင့်ဘဲ Lollipop ကို ပါးစပ်မှာ ငုံကာ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။ ပြီးမှ တစ်စုံတစ်ခုကို သတိရပြီး ဘုန်းပြည့်အာဏာ သူ့ဘေးကို ရောက်လာသည်အထိ ခြေစုံရပ်စောင့်နေလိုက်သည်။

တကယ်လို့ စိုင်းမာန်သစ် စီစဥ်သည့်အတိုင်းသာ အကုန်ဖြစ်ရင် အပြန်လမ်းမှာ ဘုန်းပြည့်အာဏာနဲ့ တိတ်တိတ်ဆိတ်ဆိတ် ဘေးချင်းယှဥ် ပြန်လျှောက်ဖို့ဆိုတာ မဖြစ်နိုင်ဝာာမို့အသွားမှာတော့ ယှဉ်လျှောက်ချင်သည်။

“တူတူသွားရအောင်လေ”

“အင်း”

သူတို့နှစ်ယောက်သည် တိတ်ဆိတ်စွာ ဘေးချင်းယှဥ်လျှောက်ခဲ့ကြပါသည်။ ပါးစပ်ထဲက Lollipop အပေါ်ကိုပဲ စိုင်းမာန်သစ် အာရုံစိုက်နေလိုက်ပါသည်။ ရုတ်ချည်းမိုးအုံ့သွားတာကြောင့် စိုင်းမာန်သစ် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တိမ်ညိုတိမ်မည်းတွေရောက်မလာသေးသော်ငြား ကောင်းကင်က တိမ်တွေထူထပ်နေသည်။ မြင်လိုက်တာနဲ့ အဲ့ဒီတိမ်တွေထဲ ပြေးလွှားသွားချင်မိတာမျိုး။ ဘာလို့မှန်းမသိ စိုင်းမာန်သစ် စိတ်ထဲမှာ တအားလေးပင်‌ေနသလိုခံစားနေရသည်။

မလေးတာကမှ ထူးဆန်းနေမယ်မဟုတ်လား။ တစ်စုံတစ်ခုကို စွန့်လွှတ်ဖို့ အစကတည်းကပြင်ဆင်ပြီး ဆုံးရှုံးရမှာကလည်း တစ်ထစ်ချ သေချာနေခဲ့တဲ့အခါ နှလုံးသားက နာကျင်ဖို့တောင် လမ်းစရှာမရတော့သလိုဖြစ်ရ‌ေလပြီ။ မျှော်လင့်ချက်သေးသေးလေးကလည်း ရင်မောမှု့ကို ဖြစ်ဖော်စေသည်။ အကယ်၍များသာဆိုတဲ့ စိတ်က ပျော်ရွှင်မှု့သေးသေးလေးကိုပေးသည်။ တစ်ဖက်ကလည်း ထိုမဖြစ်နိုင်တဲ့ ပျော်ရွှင်မှု့ကြောင့် ညိုးငယ်ရပြန်သည်။

လျှာက အချိုဓာတ်ကို မခံစားမိတော့တဲ့ အချိန်မှာတော့ စိုင်းမာန်သစ် သူ့ပါးစပ်ထဲက Lollipop ကုန်သွားပြီမှန်းသိလိုက်ရသည်။ ချက်ချင်း တုတ်ချောင်းကို ဆွဲထုတ်ကာ ဟက်ဟက်ပက်ပက်ရယ်လျက် ဘုန်းပြည့်အာဏာကို ကြည့်သည်။

“ကျွန်တော်နိုင်ပြီ”

ဘုန်းပြည့်အာဏာကလည်း ပြုံးရုံသာပြုံးပြီး စိုင်းမာန်သစ်ကို ပြန်ကြည့်လိုက်သည်။ ရယ်နေတဲ့ စိုင်းမာန်သစ်က မနေတတ်စွာ လက်ကို နှိမ့်ချလိုက်ပြီး ခေါင်းငုံ့ကာ တိုးတိုးရေရွတ်သည်။

“ကျွန်တော် နိုင် သွား ပြီ”

“အင်း မင်းနိုင်တယ် ဘာဆုတောင်းချင်လဲ?”

“အင်း ကန်ရောက်မှ ပြောမလား?” 

ရေကန်အနားကိုရောက်တော့ စိုင်းမာန်သစ် နှောက်ကျိနေတဲ့စိတ်တွေပင် ကြည်လင်သွားရသည်။ ကြာမျိုးငါးပါးစုံလင်နေတဲ့ ရေကန်မဟုတ်ပေမယ့် စိမ်းလန်းစိုပြေနေတာမျိုး။ ကြည်လင်နေတဲ့ရေက စိတ်ကိုလန်းဆန်းသွားစေသည်။

“လှလိုက်တာ”

“အင်း လှတယ်”

“ကျွန်တော် ပြောစရာရှိတယ်”

“အင်း ပြောလေ”

စိုင်းမာန်သစ် အချိန်မဆွဲဖို့ ဆုံးဖြတ်လိုက်ပြီး ဘုန်းပြည့်အာဏာကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။ တုန်ယင်နေတဲ့ လက်တစ်စုံကို လှိမ်ပွတ်နေလိုက်ပြီး ပြောဖို့အားယူရသည်။ သူ့တစ်ကိုယ်လုံးက အေးစက်နေပြီ။ ပိုပြီးချမ်းလာသလို။ ပတ်၀န်းကျင်ကိုတောင် မေ့သွားရလောက်တဲ့အထိ။ ဘုန်းပြည့်အာဏာကို ဘယ်လိုကြည့်လို့ကြည့်ရမှန်းတောင် သူမသိတော့ပေ။

“ကျွန်တော် ကျွန်တော်”

ထူးဆန်းစွာနဲ့ ဘုန်းပြည့်အာဏာက သူ့ရဲ့ နှေးတိနှေးတုံ့အမူအယာတွေကို အပြစ်မပြောခဲ့။ သူမရိပ်မိသော်လည်း ဘုန်းပြည့်အာဏာက တိတ်ဆိတ်စွာသူ့ကို ကြည့်နေခဲ့တာတော့ အမှန်ပင်။

“ကျွန်တော် ဟာ မပြောတော့ဘူးဗျာ”

စိုင်းမာန်သစ်က နှုတ်ခမ်းရဲရဲကို ကိုက်ကာ တစ်ဖက်ကိုလှည့်သွားသည်။ ဘယ်လောက်ပဲ အားတင်းထားပါစေ။ သူမပြောနိုင်ဘူး။ မသိချင်နေပါစေ မပြောတော့ဘူး။ မဖြစ်နိုင်တဲ့အခွင့်အရေးအတွက်နဲ့ ဆက်ဆံရေးတစ်ခုကို သူဒီလိုစိတ်ခုမသွားစေချင်ဘူး။ သူပဲ မွန်းကြပ်ခံလိုက်တော့မည်။

“ပြော”

အသံသြသြကို ကြားလိုက်ရတဲ့အချိန်မှာတော့ စိုင်းမာန်သစ် ဘုန်းပြည့်အာဏာကို ပြန်လှည့်ကြည့်လိုက်မိသည်။

“ပြောလို့ မင်းကလည်း”

“ပြောပြီးရင် ကျွန်တော့်ကို မုန်းမသွားဘူးမို့လား?”

ဘုန်းပြည့်အာဏာ မျက်မှောင်ကြုတ်လိုက်သည်ကို စိုင်းမာန်သစ် သေချာစွာမြင်လိုက်ရသည်။

“ပြောကြည့်လေ”

မိုးသံတွေကို ကြားလိုက်ရတာကြောင့် စိုင်းမာန်သစ် မိုးပေါ်ကို မော့ကြည့်လိုက်သည်။ မဲမှောင်နေတဲ့ တိမ်တိုက်တွေကို မြင်လိုက်ရတာကြောင့် မိုးက ရွာချတော့မည့်ပုံပင်။

*Bizzz Bizzzz

ဘုန်းပြည့်အာဏာရဲ့ အိတ်ကပ်ထဲက ဖုန်းမြည်သံကြောင့် ကိုင်ဖို့လုပ်လိုက်သည်။ ဖုန်းကို ထုတ်ကြည့်တော့ ရမ်ခ ဆီကဖြစ်သည်။ မကိုင်သေးခင် စိုင်းမာန်သစ်ပြောမယ့်စကားကို သူနားစွင့်ဖြစ်အောင်နားစွင့်လိုက်ပါသေးသည်။

“ဥက္ကဌကို ကျွန်တော် ချစ်တယ်”

ထိုစကားပြီးပြီးချင်းမှာပင် မိုးချိန်းသံတွေက ပိုကျယ်လာသလို လျှပ်စီးကပိုလက်လာသည်။ ကောင်းကင်က မဲမှောင်သွားလိုက်။ ပြီးတော့ လင်းထိန်သွားလိုက်။ မျှော်လင့်ထားတဲ့ စကားမဟုတ်တာကြောင့် ဘုန်းပြည့်အာဏာ မျက်မှောင်ကို အစွမ်းကုန်ကြုတ်ပစ်လိုက်သည်။ တစ်ခုခုတော့မှားနေပြီဆိုတဲ့ အသိကြောင့် ခေါင်းထဲမှာ ဗလောင်းဆူသွားချိန်မှာပဲ ရမ်ခပြောလိုက်တဲ့စကားကြောင့် ခေါင်းမီးတောက်သွားရသည်။

“ဥက္ကဌ မမလေးက ထွက်ပြေးသွားပြီ”

စိုင်းမာန်သစ်ကို မျက်လုံးမီးတောင်မတတ်ကြည့်လိုက်ကာ ဘုန်းပြည့်အာဏာ ချက်ချင်းပင် လှည့်ထွက်လာလိုက်သည်။ အံကိုချက်ချင်းကြိတ်လိုက်ပြီး လာလမ်းအတိုင်း အလောတကြီး သူလှည့်ထွက်လာခဲ့လိုက်သည်။

စိုင်းမာန်သစ်ကတော့ ထိုနေရာမှာတင် ခြေစုံရပ်လျက်။ မိုးစက်တွေက တစ်စက်ချင်းပုခုံးပေါ်ကို ကျလာသည်။ စိတ်ထဲမှာ ပြေးထွက်သွားတဲ့သူ မိုးမိလေမလားသာ စိုးရိမ်မိသည်။ ဒီလောက်ထိ တုံ့ပြန်မှု့ကြီးမားလိမ့်မည်လို့တော့ သူမထင်ရိုးအမှန်ပါ။ 

သွားပြီ အကုန်လုံးကသွားပြီ။ မပြောဘဲ ဒီတိုင်းလေးနေခဲ့သင့်တာ။ နောင်တဆိုတာ နောက်မှရတာမျိုးပင် မဟုတ်လား။ အခုတော့ သူ ဘုန်းပြည့်အာဏာကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။ ဘယ်လိုတောင် မိုက်မဲလိုက်တဲ့ စိုင်းမာန်သစ်လဲ။ 

ပုခုံးပေါ်က မိုးစက်တွေက ပိုစိပ်လိုက်လာသည်။ ပြေးကာထွက်သွားတဲ့ ဘုန်းပြည့်အာဏာကလည်း မမြင်ရတော့တဲ့ နေရာထိကို ရောက်သွားလေပြီ။

မိုးက ပိုသည်းလာသည်။ စိုင်းမာန်သစ် တစ်ကိုယ်လုံးစိုရွှဲနေလေပြီ။ သို့သော် ထိုနေရာကနေ မရွေ့မိ။ သူတကယ်ကို နောင်တရနေတာမို့။ မိုးရေစက်တွေနဲ့ မြောကာရောပါသွားသည်က သူ့မျက်ရည်တွေလားလို့ မေးဖို့ပင်မလို။ တိုးတိုးတိတ်တိတ်ရေရွတ်လိုက်မိသည်က သူကိုယ်တိုင်ကြားရမျှသာ။ သူသည် ဘုန်းပြည့်အာဏာကို စိတ်ပျက်သွားစေမိခဲ့ပြီ။

“ကျွန် တော် ခင် ဗျား ကို ချစ် မိ နေ တာ နှစ် နှစ် ရှိ ပြီ”

_____________________________________________________________

ဘုန်းပြည့်အာဏာ မိုးတွေသည်းလာတော့ ကားထဲကို ရောက်နေပြီဖြစ်သည်။ သူ ငယ်လေးကို လိုက်ရှာရမည်။ တကယ်ပဲ ဘာတွေလဲ။ ငယ်လေးက ဘယ်သူနဲ့ထွက်သွားတာလဲ။ စိုင်းမာန်သစ်မဟုတ်ရင် ငယ်လေးရဲ့ ချစ်သူကဘယ်သူလဲ။ သူက ဘာလို့အဲ့လောက်တောင် သတိလက်လွတ်နေခဲ့မိတာလဲ။ 

အတွေးပေါင်းများစွာနှင့် ဂယောင်ချောက်ခြားဖြစ်နေတာမို့ ဘုန်းပြည့်အာဏာ ကားကိုအလျင်အမြန်စက်နှိုးလိုက်ပြီး အိမ်ကိုပြန်ဖို့ ပြင်လိုက်သည်။  သူ့ခေါင်းထဲမှာ အခု အိမ့်မှူးသော်ပဲရှိနေတာမို့ ကျန်တာတွေ ဂရုစိုက်မနိုင်ခဲ့။ မိုးတွေသည်းနေတဲ့ကြားကပင် သူမိုင်ကုန် ကားကို မောင်းခဲ့သည်။

@OliviaThet-Eleanor

_____________________________________________________________

Tags: read novel Lollipop Chapter 15 – Unicode, novel Lollipop Chapter 15 – Unicode, read Lollipop Chapter 15 – Unicode online, Lollipop Chapter 15 – Unicode chapter, Lollipop Chapter 15 – Unicode high quality, Lollipop Chapter 15 – Unicode light novel, ,

Comment

Leave a Reply

Chapter 15