Lollipop Chapter 18 – Unicode

All chapters are in Lollipop
A+ A-

“လှ၀င်းနွယ် အဲ့ကလေးကို ဘာလို့ မွေးစားမှာလဲ?”

“အို ရှင်မသိပါဘူး သူက ကျွန်မသူငယ်ချင်းရဲ့ သမီး ကျွန်မမှာလည်း စောင့်ရှောက်ရဖို့တာ၀န်ရှိတာပဲ”

“အဲ့ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့် မဟုတ်တာ မင်းရောငါရောသိနေတာပဲလေ”

“ကျွန်မတော့မသိဘူး ကိုသီဟ”

ဘုန်းပြည့်အာဏာ မိဘတွေရဲ့ အိပ်ခန်းမှ တိုးတိုးတိတ်တိတ်ထွက်လာနေသောအသံများပင်။

“ဘာလို့မသိရမှာလဲ ကောင်မလေးမှာ သူ့ဦးလေးတွေရော ကျန်တဲ့ မိသားစု၀င်တွေရောရှိသေးတယ် မင်းထက် သွေးနီးတဲ့သူတွေမှအများကြီးပဲ မင်းအကြောင်းငါမသိဘူး မှတ်နေလား?”

“အို ရှင်ကလည်း ရေကန်အသင့်ကြာအသင့်လို့ မှတ်လိုက်ပေါ့ အပိုအမွေတွေတောင်ရဦးမှာ”

မျက်နှာကို ၀င့်ထည်စွာနဲ့ ပြောလိုက်သည်က သာမန်ကိစ္စရပ်ကလေးတစ်ခုလို။ သူ့ဇနီးက ဘယ်တုန်းကတည်းက ဒီလို ဉာဏ်များတဲ့သူအဖြစ်ပြောင်းလဲသွားရတာလဲ ဆိုတာ ဦးသီဟနိုင်မတွေးနိုင်တော့တာကြောင့် ပါးစပ်အဟောင်းသား။

“ငါလက်မခံနိုင်ဘူး အဲ့ကလေးကို အသုံးချခံအဖြစ် လက်မခံနိုင်ဘူး”

“အဲတော့ ရှင်က ဟိုကောင်လေးကို ခေါ်ပေးမလို့လား?”

“ခေါ်ပေးသင့်ခေါ်ပေးရမှာပဲ”

“ဘာရှင့် သူတို့နဲ့ ၀ေးအောင် တမင်ပြေးလာတာကို ဘာလို့ အဲ့ကောင်လေးကို ခေါ်ပေးရမှာလဲ?”

“အဲ့လောက်မလိုတဲ့ကိစ္စကို မင်းကဘာလိုတအားတယူသန်နေရတာလဲ”

“လိုတယ်ရှင့် လိုတယ် ရှင် ကျွန်မမောင်လေးကိစ္စကို ရင်၀င်မနာတာ အကြောင်းမဟုတ်ဘူး အခုက ရှင့်သားရှင့် ရှင့်သား”

“မင်း ဘယ်လိုတွေဖြစ်နေတာလဲ ယောက်ဖတို့ကလည်း အသက်တွေရနေပြီ သျှင်ရဲတောင် သားနဲ့ရွယ်တူ ပြီးတော့ ဒီမှာနေတာလည်း မဟုတ်ဘူး သားတို့ကလည်း ငယ်ငယ်လေးတွေရှိသေးတာကို မင်းကိုက အတွေးတွေများနေတာ”

“တစ်ခါသေဖူး ပျဥ်ဖိုးနားလည်တဲ့ ရှင်ကသေမှမသေဘူးဘဲ”

ဒေါ်လှ၀င်းနွယ် သူ့ကို အတွေးတွေလွန်တယ်ပြောချင်လည်း ပြော အတ္တကြီးတယ်လို့ ပြောချင်လည်းပြော ကိုယ့်၀မ်းနာကိုယ်သာအသိဆုံးဖြစ်သည်။ သဘာ၀ကို ဆန့်ကျင်တဲ့လုပ်ရပ်ကို သူ့မောင်က လုပ်ခဲ့သည်။ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်။

စိုင်းတမာန်နဲ့ သူ့မောင် အဆက်အသွယ်တွေရှိနေဆဲဆိုတာသိပေမဲ့ လွှတ်ထားခဲ့သည်။ နှစ်ယောက်လုံးဟာ အိမ်ထောင်သည်တွေဖြစ်သွားသည့်အပြင် ကလေးကိုယ်စီနဲ့မို့။ တိုက်ဆိုင်တာလား ဘာလားတော့မသိခဲ့ပေမယ့် သူတို့ပြောင်းလာသည့်အိမ်က စိုင်းတမာန်တို့ ဘေးအိမ်ဖြစ်နေခဲ့လေသည်။

သူ့သားနဲ့ ထိုကလေး တရင်းတနှီးဖြစ်နေတာကို သူ့အနေနဲ့ဘယ်လိုမှ လက်မခံနိုင်။ ထို့ပြင် ယောင်းမဖြစ်သူကလည်း ဂျာမနီမှာတင် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးသည်။ တိုက်ဆိုင်စွာပင် စိုင်းတမာန်ကလည်း မိန်းမနှင့်ကွဲသည်။ နောက်ပိုင်းတွေမှာ သူ့မောင်က ဒီကို အလာစိတ်လာသည်။ တစ်ခါတစ်လေသူ့သားကိုပါ ခေါ်လာတတ်သလို တစ်ခါတစ်ရံတစ်ယောက်တည်း။

နောက်ဆုံး သူတို့နှစ်ယောက်ပြန်ညိမှာကို စိုးရွံ့စွာ ဒေါ်လှ၀င်းနွယ် အိမ်ပြောင်းပြေးခဲ့ခြင်းဖြစ်သည်။ ခက်တာက သူ့သားက ထိုကလေးအပေါ်တအားခင်တွယ်နေသည်။ အပြင်းဖျားလွန်ပြီး မှတ်ဉာဏ်တွေပါပျောက်လုမတတ်။

“အသစ်ကိုခေါ်ပေး” ဟုသာ ကယောက်ကယမ်းပြောဆိုနေတတ်ပြီး သူတို့က မိဘတွေဆိုတာကိုတောင် မနည်းပြောပြထားရသည်။ အသစ်ဆိုတဲ့ကောင်လေးကိုပင်သူရေရေရာရာသိတော့ပုံမပေါ်။ မသိစိတ်ကသိနေတဲ့အတွက် ထိုကလေးကို တောင့်တနေသည်က အရူးတစ်ယောက်သဖွယ်။

“အခု ယောက်ဖက ကိုစိုင်းတမာန်စီပြန်လာတာလည်းမဟုတ် မင်းကွာ”

နေမကောင်းတာတောင် မိခင်ကို ထပ်မံပူဆာဖို့အတွက် ဘုန်းပြည့်အာဏာဟာလည်း ထိုအခန်းနားကို တရွေ့ရွေ့လာနေပြီဖြစ်သည်။

“ငါ့ကို မင်းယောကျ်ားလို့ သတ်မှတ်သေးရင် အဲ့ကလေးကို ဒီခေါ်ဖို့မစဥ်းစားနဲ့ ငါလုံး၀လက်မခံနိုင်ဘူး”

“ဟင့်အင် ခေါ်ပေး ခေါ်ပေး အသစ်ကိုခေါ်ပေး”

အပေါက်၀ကိုရောက်နေတဲ့ သားဖြစ်သူရဲ့ အော်သံကြောင့် ဒေါ်လှ၀င်းနွယ်က အပြေးသွားဖက်သည်။ ဦးသီဟနိုင်ကတော့ ကျစ်သတ်ရုံသာ တတ်နိုင်သည်။

“ဟုတ်ပြီ မေမေက ခေါ်ပေးမှာနော် မေမေက ခေါ်ပေးမယ်”

“လှ၀င်းနွယ်”

“ဟင့် ခေါ်ပေး ခေါ်ပေး အသစ်ကို ခေါ်ပေး”

_______________________________________________________________________________________________

*And when the lights start flashing like a photobooth

And the stars exploding, we’ll be fireproof

My youth, my youth is yours

Trippin’ on skies, sippin’ waterfalls

My youth, my youth is yours

စိုင်းမာန်သစ် နေလို့မကောင်းတာကြောင့် အိမ်ကို ပြန်ရောက်ရောက်ချင်း အိပ်နေမိတာဖြစ်သည်။ ဖုန်းသံကိုကြားတော့ နံပါတ်ကိုပင်မကြည့်နိုင်ဘဲ နားကို ကပ်လိုက်မိသည်။

“ဟယ်လို”

တစ်ဖက်ကအသံကိုတော်တော်နဲ့ မကြားရတာကြောင့် စိုင်းမာန်သစ် မျက်မှောင်ကျုတ်လိုက်မိပြန်သည်။ သူတော်တော်လေးကို ပင်ပန်းနေတာမို့ တကယ်ဒေါသထွက်သွားမိသည်။

“ဟယ်လို နောက်နေတာကို သည်းခံနိုင်တဲ့ အခြေအနေမှာမဟုတ်လို့ ဘာမှမပြောရင် ဖုန်းချလိုက်ပါတော့မယ်”

စိုင်းမာန်သစ်ဖုန်းချတော့မည်အလုပ် ကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးတွေပင်ပြုးသွားခဲ့သည်။ နှလုံးသွေးလွှတ်ကြောက အခုမှအလုပ်လုပ်သလိုခံစားလိုက်ရ၏။

“တောင်းပန်ပါတယ်” တဲ့။

ဒီအသံက သူထင်တဲ့အတိုင်းသာဆို၊ သူ့ဦးနှောက်တွေအလုပ်လုပ်သေးတယ်သာဆို ဘုန်းပြည့်အာဏာသာဖြစ်လိမ့်မည်။ ဟင့်အင် သူ့ဦးနှောက်တွေအလုပ်မလုပ်တော့ရင်တောင် သူဒီအသံကို မှတ်မိနေဦးမှာဖြစ်သည်။

“ဥက္ကဌ”

အသံသည် မည်မျှပင်ထိန်းပြောပါစေ တုန်ယင်နေမြဲဖြစ်သည်။ ဘုန်းပြည့်အာဏာသည် လူကိုယ်တိုင်တင်မဟုတ် အသံနှင့်ပင် သူ့ကို ကယောင်ခြောက်ခြားဖြစ်သွားစေနိုင်သူ။

“ငါအလောကြီးသွားလို့”

“ဟိုလေ ဥက္ကဌ”

“အင်း ပြော”

“တောင်းပန်ပါတယ်”

“ဟင်”

“ကျွန်တော့်ကြောင့် ဥက္ကဌနဲ့ အိမ့်တို့ မင်္ဂလာပွဲ”

စိုင်းမာန်သစ်ဆီက ထိုစကားကိုကြားလိုက်ရတာကြောင့် ဘုန်းပြည့်အာဏာ ထိတ်ကနဲ့ဖြစ်သွားရသည်။ ဘာလို့ရယ်မှန်းမသိ သူစိုင်းမာန်သစ်ကို မသိစေချင်။ တစ်ဖက်ကပြောနေသည့်သူ စိုင်းမာန်သစ်ကလည်း မျက်ရည်တွေက တစ်စက်ချင်းကျလာသည်။ မသိရင် သူတို့နှစ်ယောက်က အကြာကြီးချစ်ပြီးမှ မတတ်သာလို့ လမ်းခွဲကြရတော့မယ့် ချစ်သူတွေနှင့်ပင် တူသေးသည်။

ဒါပေမယ့် ကွဲပြားစွာနဲ့ သူတို့ဟာ တွေ့တာတောင် တစ်ပတ်မကျော်သေးတဲ့ လူနှစ်ယောက်ဖြစ်နေသည်။ အချိန်တွေက မြန်ပါသည်။ အဓိပ္ပာယ်မရှိ ဖြတ်သန်းရရင်ပေါ့။ ဒါပေမယ့် ဒီရက်တွေက အတော်အဓိပ္ပာယ်ရှိခဲ့ပုံရပါသည်။ စိုင်းမန်သစ် အတွက် အချိန်အကြာကြီးလို ခံစားမိစေသည်။

“အင်း”

“တောင်းပန်ပါတယ်”

“အင်း”

ဖုန်းခေါ်ဆိုမှု့က အတော်လေး တိတ်ဆိတ်သွားသည်။ ဘုန်းပြည့်အာဏာရော စိုင်းမာန်သစ်ရော အတော်ကြာဘာမှမပြောဖြစ်ခဲ့ကြ။

“ပြီးတော့”

“မနက်က”

ပြိုင်တူထွက်လာတဲ့ အသံနှစ်သံအနောက်မှာ စိုင်းမာန်သစ်က စကားဦးဖို့ အလျင်အမြန်ပြင်လိုက်သည်။

“ကျွန်တော်အရင်ပြောမယ်”

“အင်း”

“မနက်က ဆုလေ”

“အင်း”

“မရှိခဲ့ဘူးလို့ သဘောထားပေးပါ ကျွန်တော်လိုချင်တဲ့ဆုက ဥက္ကဌကို ကျွန်တော်ပြောလိုက်တဲ့စကား မကြားခဲ့ဘူးလို့သဘောထားပေးပါ”

တစ်ဖက်က ဘုန်းပြည့်အာဏာ ဘာမှပြန်မပြောတော့တာကြောင့် စိုင်းမာန်သစ်က ထပ်ပြောဖို့လည်း သတ္တိမရှိပေ။

“ဟယ်လို ဥက္ကဌ”

“အင်း မနက်ဖြန်ခွင့်ယူလိုက် နေမကောင်းဘူးထင်တယ်”

“ဗျာ ဟုတ်”

“ဒါဆို အိပ်တော့မလား နောက်ကျနေပြီ ဖုန်းချလိုက်တော့မယ်”

“ဗျာ ဟုတ်”

ရုတ်တရတ်ကျသွားသော ဖုန်းကြောင့် စိုင်းမာန်သစ်မှာ အကြောင်ကြောင် အအအနှင့်။ ဘုန်းပြည့်အာဏာရဲ့ ရီ၀ေ၀ေအသံအနေအထားကြောင့် မူးနေမှန်း စိုင်းမာန်သစ်မှန်းဆမိလိုက်သည်။

စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာရဲ့ အသက်ရှူသံကအစ ခန့်မှန်းနိုင်တာမျိုး။ ဘုန်းပြည့်အာဏာအကြောင်းတွေးမိရင် သဘောတကျပြုံးမည်။ ဘုန်းပြည့်အာဏာအကြောင်းကြားရရင် စိတ်၀င်စားစွာနားထောင်ချင်သည်။ ပိုင်ဆိုင်ချင်သည်။ သူလည်း ပိုင်ဆိုင်ချင်သည်။

စိုင်းမာန်သစ်သည် အရွယ်နဲ့မလိုက်အောင်ပင် ဘုန်းပြည့်အာဏာကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့မိသည်။ ဘယ်ဘ၀က ၀ဋ်ကြွေးလဲ သူမတွေးချင်။ သိခဲ့ရင်တောင် ကြေပါစေဟု ဆုတောင်းမိမှာမဟုတ်ပေ။

နှဖူးပေါ်ခေါင်းတင်စဥ်းစားလည်း သူဟာ ဘုန်းပြည့်အာဏာကို ချစ်နေတုန်း။ ထိုင်လျက်စဥ်းစားလည်း ချစ်နေတုန်း။ အိပ်နေရင်း တွေးကြည့်လည်း စိုင်းမာန်သစ်က ဘုန်းပြည့်အာဏာကို ချစ်နေဆဲပင်ြဖစ်သည်။ အမြဲတမ်းလို့ သူအာမမခံနိုင်သော်လည်း အချိန်တိုင်းတော့ သူ ဘုန်းပြည့်အာဏာအပေါ် နက်နက်ရှိုင်းရှိုင်းခံစားချက်တွေရှိနေတာဖြစ်သည်။

@OliviaThet-Eleanor

________________________________________________________________________________________

Tags: read novel Lollipop Chapter 18 – Unicode, novel Lollipop Chapter 18 – Unicode, read Lollipop Chapter 18 – Unicode online, Lollipop Chapter 18 – Unicode chapter, Lollipop Chapter 18 – Unicode high quality, Lollipop Chapter 18 – Unicode light novel, ,

Comment

Leave a Reply

Chapter 18