Lollipop Chapter 9 – Unicode

All chapters are in Lollipop
A+ A-

အချိန်က ကိုးနာရီရှိပြီဖြစ်သည်။ နယ်ဘက်ကိုသွားဖို့ကိစ္စ အခုချိန်ထိမသွားရသေး။ အကြောင်းက ဥက္ကဌကြီး ဘုန်းပြည့်အာဏာ၏ ကဂျီကကြောင်ကျမှု့ကြောင့်ပင်။ ပြောတော့ ခုနှစ်နာရီခွဲကတည်းက သွားရမည်ဆိုပြီး အခုချိန်ထိ ရုံးခန်းကနေတောင် အောက်ထပ်ကိုမဆင်းရသေးတဲ့ အကြောင်းအရင်းက ဘုန်းပြည့်အာဏာပင်။

စိုင်းမာန်သစ် အတော်ကိုဒေါသထွက်နေပြီဖြစ်သည်။ ပြင်ဆင်ပြီးစောင့်နေသော်လည်း ၄င်းက မနက်စာစားရန်ခေါ်ပြီး အစာစားလိုက်တော့ အိပ်ချင်သွားပြီဟုဆိုတာ အိပ်ခန်းထဲပြန်၀င်သွားလေသည်။ ဒါသက်သက်မဲ့လုပ်နေတာ။ ဘုန်းပြည့်အာဏာက ဘာလို့ ဒီလောက်ကလေးဆန်နေရတာလဲ။

စိုင်းမာန်သစ် သူ့ရှေ့ကစာရွက်ပုံကြီးကို ဖတ်ရင်း လက်နဲ့ဆုပ်ခြေကာ ဘုန်းပြည့်အာဏာရှိသည့် အိပ်ခန်းကို မျက်စောင်းထိုးနေလေသည်။ သူတကယ်ဒေါသထွက်နေပြီ။ သူ့အ၀တ်မဟုတ်တဲ့ အ၀တ်အစားကို ၀တ်ထားရတာကြောင့် နေရထိုင်ရတာကလည်း သိပ်အဆင်မပြေလှ။

**And the stars exploding into fireproof..

My youth,my youth is yours
Tripping on skies, sipping waterfalls

ဖုန်းသံကို ကြားလိုက်ရတာကြောင့် စားပွဲရှိရာကို မျက်လုံး၀ေ့ကြည့်ပြီး ဖုန်းရှိရာကို မျက်စိကစားလိုက်သည်။ ပေါ်လာတဲ့နာမည်ကြောင့် စိုင်းမာန်သစ် လျင်မြန်စွာပင်ကောက်ကိုင်လိုက်လေသည်။

“ပြော အိမ့်”

“အခုဘယ်မှာလဲ?”

“ဒါဆိုနီးတယ် အဲ့နားက ဆိုင်တစ်ခုခုမှာထိုင်စောင့် ငါလာပြီ”

စိုင်းမာန်သစ် အပေါ်ကုတ်ကို အလျင်အမြန်၀တ်လိုက်ကာ အိမ့်မှူးသော်ကို သွားတွေ့ဖို့ပြင်လိုက်ရသည်။ အလျင်အမြန်ထွက်သွားသော စိုင်းမာန်သစ်သည် သူ့ကိုစိုက်ကြည့်ကာ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်သော တစ်စုံတစ်ဦးကို သတိမထားမိပြန်ပါလေ။

___________________________________________

“အိမ့် ငါရောက်ပြီ”

မုန့်ဆိုင်ထဲက အိမ့်မှူးသော်ကိုလက်ပြရင်း မျက်နှာချင်းဆိုင်ကို ၀င်ထိုင်လိုက်သည်။ အိမ့်မှူးသော်က ဆံပင်လိပ်လိပ်ကိုမြှောက်စီးထားကာ တီရှပ်လက်ရှည် ကြည်ပြာရောင်နဲ့ အသားရောင် ဒူးထိစကပ်ကို လိုက်ဖက်စွာ၀တ်ဆင်ထားသည်။

အိမ့်မှူးသော်က အတော်လှပါသည်။ လှသည်ထက်ချစ်စရာကောင်းသည်လို့ပြောရလေမလား။ ကဲပါ ဒါတွေက စိုင်းမာန်သစ်နဲ့မဆိုင်။ အခုလောလောဆယ်သူ့အနေနဲ့ စောမင်းသိုက်နဲ့ အိမ့်မှူးသော်တို့အတွဲကြား ခေါင်းခြောက်ရဦးမယ်။

“ကဲ ပြောပါဦး”

“ကြာလိုက်တာ နင်ကလည်း”

“အလုပ်နဲ့အကိုင်နဲ့လေ ဒီလောက်တော့စောင့်နိုင်ရမှာပေါ့”

“ဖင်ခေါင်းကကျယ်ပြီ အလုပ်နဲ့အကိုင်နဲ့ဖြစ်တာ ဘယ်နှရက်ရှိသေးလို့လဲ?”

“ဘယ်လိုပဲဖြစ်ဖြစ် ငါက အလုပ်နဲ့အကိုင်နဲ့ နင်တို့နဲ့မတူတော့ဘူးလေ”

“စိတ်ညစ်နေပါတယ်ဆိုမှ နင်ကတစ်မျိုး”

“ဟိုကောင်ရောမပါဘူးလား?”

“သူနဲ့ငါနဲ့ကို မတွေ့ရဘူး ဖုန်းကိုတောင် ညကျမှ ခိုးပြောရတဲ့ အဖြစ် စိတ်ညစ်လို့သေတော့မယ်”

“နင့်အစ်ကိုကြီးကလည်း ဘာကြီးလားကွာ”

“အဲဒါကြောင့် မင်းသိုက်နဲ့ ထွက်ပြေးတော့မလို့စီစဥ်ထားတယ် ငါ့အစ်ကိုက လက်ထပ်ပွဲကိုနောက်လစီစဥ်မယ်လုပ်နေတယ် အကျိုးအကြောင်းလည်းပြောလို့မရဘူး တကယ်ပဲ”

“နင့်အစ်ကိုက နင့်ကို အဲ့လောက်ထိတောင်ချစ်တာနေမှာပေါ့ဟ”

အိမ့်မှူးသော်ရဲ့အစ်ကိုနဲ့ အိမ့်မှူးသော်တို့ ဆက်ဆံရေးကို စိုင်းမာန်သစ်သာလျှင်သိသည်။ စောမင်းသိုက်ကိုတောင် စိတ်ခုမည်ဆိုးကာ အသိပေးမထား။ မောင်နှမအရင်းအချာမဟုတ်ကြကြောင်းကို သိသော်လည်း စောမင်းသိုက်က အိမ့်မှူးသော်အစ်ကို အိမ့်မှူးသော်အပေါ် ညီမလေးတစ်ယောက်ထက် ပိုသည်ဆိုတာကို မသိ။

ရိပ်မိကောင်းတော့ ရိပ်မိပါလိမ့်မည်။ သာမန်မဟုတ်တဲ့ တင်းကြပ်မှု့တွေက အိမ့်မှူးသော်အစ်ကို အိမ့်မှူးသော်ကို ဖွင့်ပြောပြီးနောက်ပိုင်း ပိုမိုများပြားလာသည်။ အဖြေကိုတောင်းခံတာမျိုးမဟုတ်ဘဲ အိမ့်မှူးသော်က သူ့အပိုင်သာလျှင်ဖြစ်သည်ဟု တရား၀င်ပြောလိုက်ခြင်းပင်။

အိမ့်မှူးသော်အနေနဲ့ သူ့အစ်ကိုကို ချစ်ပါသည်။ ငယ်ငယ်လေးကတည်းက မျက်နှာပျက်မခံခဲ့တဲ့ ကိုကို့ကို သူအဖြူစင်ဆုံးချစ်ပါသည်။ အခုလည်းချစ်နေဆဲ။ ဒါပေမဲ့ အဲ့ဒီအချစ်က ကိုကိုမျှော်လင့်ထားသလို အချစ်မှမဟုတ်ဘဲ။

ကိုကိုက သူ့ကို အဲ့လောက်ထိတောင်ချစ်တာလားဆိုတာ စဥ်းစားလိုက်တော့ ကိုကိုအကြောင်းကို သူသိပ်သိတာပေါ့။ ချစ်တယ်လို့ တဖွဖွပြောတတ်သည်။ မျက်နှာအပျက်မခံဘူး။ အိမ့်မှူးသော်အတွက်ဆို အရာရာတိုင်းကို လိုလေသေးမရှိအောင်ထားပေးသည်။ 

ဒါတွေက သူ့ကိုချစ်လို့လို့ ဘယ်တုန်းကမှ မထင်ခဲ့တာ။ မဟုတ်ဘူး မခံစားခဲ့ရတာလို့ပြောရမလား။ တကယ် အိမ့်မှူးသော်အနေနဲ့ ကိုကိုက သူ့ကို ချစ်တယ်ဆိုတာ နည်းနည်းလေးမှတောင်မခံစားရဘူး။ ပြီးတော့ စောမင်းသိုက်နဲ့ကလည်း သံယောဇဥ်ကရှိနေပြီ ဒီတော့ကိုကို့ကို လက်ခံဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စ။

“သူငါ့ကို မချစ်ဘူး သူက သူငါ့ကိုချစ်တယ်လို့ထင်နေရုံလေးဘဲ”

“နင်ကဘယ်လိုသိလဲ?”

“ခံစားချက်လေ သူက ငါ့ကိုချစ်တယ်သာပြောနေတာ ကျန်တာတွေအကုန်လုံးက အေးစက်နေတဲ့ အခန်းတစ်ခုလိုဘဲ”

“ထားပါတော့ နင်နဲ့ မင်းသိုက်ရဲ့အစီအစဥ်ကဘာလဲ?”

“ခိုးထွက်လို့ရသလောက် မြန်မြန်ခိုးထွက်မယ် သူရော ငါရော ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အရွယ်ရောက်နေပြီပဲ ပြီးတော့ ဖေဖေက ကူညီမယ်တဲ့”

“ဦးလေးက နားလည်ပေးလို့တော်ပါသေးရဲ့”

“ဖေဖေက မေမေမရှိတော့တဲ့နောက်မှာ အများကြီး ငါ့အပေါ်ကောင်းပေးတယ် အရင်က ဖေဖေက ငါ့ကိုသဘောမကျဘူးလို့ထင်ခဲ့တာ နောက်ပိုင်းမှ ဖေဖေ့ကျေးဇူးတွေ ငါ့အပေါ်အများကြီးရှိတာသိလိုက်ရတယ် ကိုကိုက သူ့စကားကိုနားမထောင်ဘူးလေ အဲတော့ ငါ့ကိုပဲ သူကူညီရရှာတယ် ဖေဖေက ငါ့ကိုမချစ်တာမဟုတ်ဘူးဟ ငါ့ကို အများကြီးနားလည်ပေးတာ”

“အေးပါ နင်တို့ အဆင်ပြေရင်ပြီးတာပဲ ငါဘာကူပေးရမလဲ”

“ငါတို့နှစ်ယောက်နဲ့တင်အဆင်ပြေပါတယ် အဲ့နေ့ကျရင် နင်လိုက်ပို့ချင်ပို့လေ”

“အင်း ဒါဆို အဲ့နေ့ ငါ့ကို ဖုန်း”

**And the stars exploding into fireproof..

My youth,my youth is yours
Tripping on skies, sipping waterfalls

ရုတ်တရတ် ဖုန်း၀င်လာတာကြောင့် ကြည့်လိုက်ရာ unknown number ဖြစ်နေသည်။ စိုင်းမာန်သစ် သိပ်မတွေးတော့ဘဲ ဖုန်းကိုကိုင်လိုက်ပြီး ထိုင်ခုံပေါ်ကိုပင် ခါးလျှောထိုင်လိုက်သေးသည်။

“ဟယ်လို”

“ပြန်လာခဲ့တော့ ငါးမိနစ်အတွင်း”

“ဗျာ”

ဘုန်းပြည့်အာဏာအသံမှန်းသိလိုက်တာကြောင့် မျက်လုံးတို့ပင်ပြူးပြာသွားရသည်။ ဒီကနေ ကုမ္ပဏီထိဆို ဆယ်မိနစ်အနည်းဆုံးရှိမှာကို ငါးမိနစ်အတွင်းပြန်လာခိုင်းရအောင် အဲဒီလူကြီးရူးနေတာလား။

“မဖြစ်နိုင်”

ရုတ်တရတ်ကျသွားသော ဖုန်းကြောင့် စိုင်းမာန်သစ် သူ့ရဲ့ အယူခံ၀င်မှု့က လုံး၀ ပယ်ချခံလိုက်ရပြီဆိုတာနားလည်လိုက်သည်။ ထို့ကြောင့် ခုံပေါ်မှ ချက်ချင်းထကာ ပြေးဖို့သာပြင်ရတော့သည်။

“အိမ့် ငါသွားပြီ ဖုန်းဆက်မယ် တာ့တာ”

ပြေးထွက်သွားသော စိုင်းမာန်သစ်ကို အိမ့်မှူးသော် ကြောင်တောင်တောင်နဲ့ ကြည့်ကာ ကျန်ရစ်ခဲ့ရုံမှတစ်ပါး။

______________________________________________________________

လွန်ခဲ့သော နာရီ၀က် ဘုန်းပြည့်အာဏာရှိရာ ရုံးခန်းတွင်ဖြစ်သည်။

အပေါ်ကုတ်ကို လျင်မြန်စွာ၀တ်ထွက်သွားသော စိုင်းမာန်သစ်ကို လှမ်းကာကြည့်ရင်း ဘုန်းပြည့်အာဏာ မျက်ခုံးတွေတွန့်ချိုးသွားရသည်။ 

“ဟယ်လို ရမ်ခ လူလိုက်”

နောက်တစ်အောင့်ကြာတော့ ဖုန်းပြန်၀င်လာသည်။

“ဟယ်လို ဥက္ကဌကြီး မမလေးပါ”

တောက်ခေါက်သံသည် ရုံးခန်းထဲတွင်ကျယ်လောင်သွားသည်။ မှန်သည်။ အိမ့်မှူးသော်သည် ဘုန်းပြည့်အာဏာ၏ ညီမငယ်ဖြစ်ပြီး စိုင်းမာန်သစ်ကို သွားတွေ့နေခြင်းဖြစ်သည်။

သူမသိဘဲရှိမလား။ ကိုယ့်ညီမတစ်ယောက်လုံး ဘယ်သူနဲ့ဘာဖြစ်နေတယ်ဆိုတာ။ စိုင်းမာန်သစ်က သူ့ရင်ထဲကပန်းကို သူ့ဆီကနေလုယူဖို့ကြိုးစားနေတာလား။

ဒါ့အပြင်အရှက်မရှိ သူ့အဖေက အားကိုးနဲ့ သူ့နဲ့အနီးဆုံးနေရာမှာ စိုင်းမာန်သစ်ကိုထားပြန်သည်။ ရယ်စရာကောင်းလိုက်ကြတာ။

ဒါတွေဟာ ဘုန်းပြည့်အာဏာရဲ့ စွပ်စွဲချက်တွေသာသာ။ အထင်အမြင်လွဲမှားစွာ ကောက်ချက်ချမှု့တွေက လမ်းမှားကိုရောက်စေသည်ဆိုတာ အင်မတန်မှန်တဲ့စကား။

လွန်ခဲ့တဲ့ နှစ်နှစ်။ တစ်နည်းအားဖြင့် သူ့ညီမလေး ရည်းစားရှိနေပြီဆိုတာ သူသိလိုက်တဲ့အချိန်ပင်။ လွယ်အိတ်ထဲက ရည်းစားစာတစ်စောင်ကို သူမှတ်မှတ်ရရဖတ်ခဲ့ရပါသေးသည်။ စာရွက်ရဲ့ နောက်ဆုံးတွင် ရေးထားသည်က S.M.T ဟူသည်။

ထိုအချိန်က အိမ့်မှူးသော်သည် စိုင်းမာန်သစ်နဲ့သာ တစ်တွဲတွဲဖြစ်ခဲ့သည်။ စောမင်းသိုက်နဲ့တွေ့တာကို လူမသိအောင်အထူးသတိထားတာကြောင့် စိုင်းမာန်သစ်နဲ့သာ အိမ့်မှူးသော်ကို တွဲလျက်တွေ့ရတတ်သည်။ စိုင်းမာန်သစ်ရဲ့ အမည်အတိုကောက်ကလည်း စောမင်းသိုက်နဲ့တူနေတာကြောင့် အိမ့်မှူးသော်ရဲ့ ကောင်လေးက စိုင်းမာန်သစ်ဟုသာ ဘုန်းပြည့်အာဏာသိခဲ့ရသည်။

အဲဒီအချိန်တုန်းက ဘုန်းပြည့်အာဏာက သူ့ညီမငယ်သာမန်စိတ်ကစားတာဟုသာတွေးခဲ့ပြီး သူ့စိတ်ကိုထုတ်ပြဖို့ကြိုးစားခဲ့သည်။ သို့ပေမယ့် အိမ့်မှူးသော်နဲ့ စောမင်းသိုက်တို့ ဆက်ဆံရေးက တဖြည်းဖြည်းခိုင်မာလာပြီး ဘုန်းပြည့်အာဏာအပေါ်တော့ အိမ့်မှူးသော်က ၀ေး၀ေးကို ပြေးရင်းပြေးနေခဲ့သည်။

အချိန်ကိုက်ပါပင်။ ဘုန်းပြည့်အာဏာရဲ့ ဂျာမနီမှာနေတဲ့ ဦးလေးက သူ့အသိရဲ့သားတစ်ယောက်ကို အလုပ်ခန့်ပေးဖို့တောင်းဆိုလာသည်။ ထိုသူက တိုက်တိုက်ဆိုင်ဆိုင် စိုင်းမာန်သစ်ဖြစ်နေခဲ့ပြန်သည်။ စိုင်းမာန်သစ်နဲ့ပထမဆုံးတွေ့တဲ့နေ့မှာပင် အိမ့်မှူးသော်က အပြင်ထွက်သည်။ စိုင်းမာန်သစ် ဖုန်းထဲကို မက်ဆေ့ကျလာသည်။

အကုန်လုံးက ချိန်ကိုက်ကြည့်ရင် စိုင်းမာန်သစ်စီကိုညွှန်ပြနေတာကြောင့် ဘုန်းပြည့်အာဏာရဲ့ စိတ်ထွက်ပေါက်ကလည်း စိုင်းမာန်သစ်ပင်ဖြစ်လာသည်။ မနေ့က စိုင်းမာန်သစ်အတွက် မုန့်သွားယူတော့ ညကြီးမင်းကြီး သူ့ညီမက စိုင်းမာန်သစ်ကို ဖုန်းဆက်တာကြားလိုက်ရတာကြောင့် စိတ်ကအတော်ပင်ခုနေခြင်းဖြစ်သည်။

ဘုန်းပြည့်အာဏာအတွေးထဲကနေ ထွက်လိုက်ပြီး ဖုန်းကိုကိုင်လိုက်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ ထိုကောင်လေးကသာ သူနဲ့ပတ်သက်သမျှကိုဘာမှမသိတာ။ သူက ထိုကောင်လေးကိုစောင့်ကြည့်နေခဲ့တာ။

“ဟယ်လို”

“ပြန်လာခဲ့တော့ ငါးမိနစ်အတွင်း”

“ဗျာ”

တစ်ဖက်ကအသံကို လျစ်လျူရှု့ရင်း ဖုန်းကိုချပစ်လိုက်သည်။ ဒီကောင်လေးက ဒီလောက်တော့ အပြစ်ပေးခံသင့်တယ်မဟုတ်လား။

ခဏနေတော့ ချွေးတွေရွှဲနေသည့် စိုင်းမာန်သစ်က ရုံးခန်းထဲကို အပြေး၀င်လာသည်။ ဟောဟဲလိုက်နေသည့် ကောင်လေးကို မျက်မှောင်ကြုတ်ကာကြည့်ရင်း ဘုန်းပြည့်အာဏာ လက်က နာရီကို တစ်ချက်ကြည့်လိုက်သည်။

“လေးမိနစ်နောက်ကျတယ်”

“ခင်ဗျားကြီး!”

“ဘာခင်ဗျားကြီးလဲ?”

“ဦးနှောက်ကိုမရှိဘူး”

“ဘာ!”

“ဘာမှမဟုတ်ပါဘူးဗျ ကျွန်တော်ရောက်နေတဲ့ နေရာနဲ့ ဒီနဲ့က အနည်းဆုံးအချိန် ဆယ်မိနစ်လောက်တော့ပေးရပါတယ် အခုလို ကိုးမိနစ်နဲ့ရောက်လာတာတောင် ကျွန်တော်တော်တော်လေး တော်နေပြီ”

“ပြန်ဆင်းမယ် နယ်ဘက်သွားရမယ်ဆိုတာ အခုသွားမယ် အောက်မှာရမ်ခစောင့်နေပြီ”

ဒီလူကြီး တကယ် သူ့အပေါ်မှာ ဘာအငြိုးတွေရှိနေတာလဲ။ ဒီအထပ်ငါးဆယ်ကို သူဓာတ်လှေကားနဲ့ တစ်၀က်ကျော်တင်တက်ပြီး ကြာမှာဆိုးလို့ အထပ်ဆယ်ထပ်ကို အရေးပေါ်လှေကားနဲ့ တက်ခဲ့တာ။ ဒူးတွေက ပျော့ခွေကျတော့မတတ်ဘဲ။

စိုင်းမာန်သစ် ဒူးကယိုင်လာတာကြောင့် သူ့ဘေးကနေဖြတ်သွားတဲ့ ဘုန်းပြည့်အာဏာရဲ့ လက်ကိုဆွဲမိရက်ဖြစ်သွားသည်။

“ဘာဖြစ်တာလဲ?”

“ကျွန်တော် မတ်တပ်မရပ်နိုင်တော့ဘူး”

“ဟင်”

ကြမ်းပြင်ပေါ်ကို ခွေလဲကျသွားတဲ့ စိုင်းမာန်သစ်ကို ဘုန်းပြည့်အာဏာကြည့်ရင်း လန့်သွားရသည်။ မဟုတ်မှလွဲရော ဓာတ်လှေကားမသုံးဘဲ သူတက်လာတာလား?။

“မင်း အရေးပေါ်လှေကားကနေတက်လာတာလား?”

စိုင်းမာန်သစ်က ခေါင်းကိုသာလျှင် ငြိမ့်ပြသည်။

“ရူးနေလား မင်းဒူးပြုတ်မထွက်သွားတာ နည်းသေးတယ်”

“ခင်ဗျားပဲ ငါးမိနစ်အတွင်းဆို”

“အေးပါ ငါ့အမှား လာ”

စကားအဆုံး စိုင်းမာန်သစ်ကို ပွေ့ချီလိုက်ကာ ဘုန်းပြည့်အာဏာသူ့အိပ်ခန်းဆီကို တစ်ဖန်ခြေဦးလှည့်လိုက်ပြန်သည်။ သူ ဒီကောင်လေးကို ဒုက္ခပေးချင်နေပေမဲ့ ဒီကောင်လေး ဒုက္ခရောက်ရင် သူ့ခန္ဓာကိုယ်က အလိုအလျောက် စနစ်နဲ့ကိုတုန့်ပြန်နေတာ။ ခန္ဓာကိုယ်နဲ့ နှလုံးသားကွဲပြားပုံကို တစ်ယောက်ယောက် ဘုန်းပြည့်အာဏာကို သင်ကြားပေးလိုက်ကြပါဦး။

“ဘာ ဘာလုပ်တာလဲ? နယ်ဘက်သွားမယ်ဆို”

“ဒီလိုပုံစံနဲ့ အဲဒီသွားပြီး မင်းကို ချီထားရမှာလား?”

@OliviaThet-Eleanor

_______________________________________________________________________

Tags: read novel Lollipop Chapter 9 – Unicode, novel Lollipop Chapter 9 – Unicode, read Lollipop Chapter 9 – Unicode online, Lollipop Chapter 9 – Unicode chapter, Lollipop Chapter 9 – Unicode high quality, Lollipop Chapter 9 – Unicode light novel, ,

Comment

Leave a Reply

Chapter 9