Lollipop Summary – Unicode

All chapters are in Lollipop
A+ A-

“Lollipop” မှာ ကိုယ်အဓိကထားပြီး ဖော်ပြချင်ခဲ့တာတွေကတော့ ချစ်ခြင်းမေတ္တာတွေအကြောင်းပါ။

ပထမ စိုင်းမာန်သစ်။ စိုင်းမာန်သစ်က ဒီထဲမှာ အချစ်ခံရတဲ့ လူသားကလေးလို့ ပြောရင်မမှားပါဘူး။ ကျွန်တော်ကိုယ်တိုင်ကိုက တအားချစ်ရတဲ့ ကောင်ကလေးဟာ စိုင်းမာန်သစ်ပါပဲ။ ဖန်တီးခဲ့မိတာချင်းတွေအတူတူတောင် သူ့ကို အခြားဇာတ်ကောင်တွေထက် ပိုသံယောဇဥ်တွယ်ခဲ့မိတာ။ ထားပါတော့ ပြောချင်တာက စိုင်းမာန်သစ်နဲ့ ဘုန်းပြည့်အာဏာတို့ရဲ့ အချစ်က ဇာတ်သိမ်းလည်းလှသလို အပေးအယူလည်းမျှတယ်။

ဦးစိုင်းတမာန်နဲ့ ဦးလှမျိုးမြင့်တို့ကျတော့ရော? အပေးအယူလည်းမျှခဲ့ကြတယ် သိပ်လည်း ချစ်ခဲ့ကြတယ်။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါအရ သူတို့နှစ်ယောက်ဟာ ၀ေးကို၀ေးခဲ့ရတယ်။

Normal Couple အနေနဲ့ အိမ့်မှူးသော်နဲ့ စောမင်းသိုက်ကို ကိုယ်ထည့်ထားပေးရတဲ့ အကြောင်းအရင်းက ချစ်ခြင်းမေတ္တာတိုင်းက အတူတူတန်ဖိုးရှိတယ်ဆိုတာကို ပြချင်လို့ပါ။

ရမ်ခနဲ့ သျှင်ရဲအာဏာ။ သူတို့နှစ်ယောက်ကတော့ ငေးကြည့်နေရင်း ကုန်ဆုံးသွားကြပါလိမ့်မယ်။ အသွားပဲရှိပြီး အပြန်မရှိတဲ့ အချစ်တွေ။ သျှင်ရဲအာဏာက ရမ်ခကို လုံး၀ချစ်လာမှာမဟုတ်ပါဘူး။ သူချစ်တာက စိုင်းမာန်သစ်ကိုပါ။ ဒါပေမယ့် သူ့အစ်ကိုကို သူမနိုင်မှန်းသိတာမို့ ဘယ်လောက်ပဲ ဒေါသထွက်ထွက် သူက နောက်ဆုတ်မှာပါပဲ။ စိုင်းမာန်သစ်ကို သျှင်ရဲအာဏာက ငေးကြည့်ပြီး သျှင်ရဲအာဏာကိုတော့ ရမ်ခက ငေးကြည့်နေပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာကတော့ အတ္တအကြောင်းပါ။ ကိုယ်တို့ ဒီဘက်ခေတ်လူကြီးပိုင်းတွေမှာလည်း ဒီလိုကိစ္စတွေကို လက်မခံနိုင်တာတွေရှိကြတယ်။ တစ်ချို့ဆို မဖြစ်သင့်တဲ့ ကိစ္စကြီးလိုပေါ့နော်။ ဒီထဲမှာ အတ္တကြီးတဲ့ မိန်းမနှစ်ယောက်ပါပါတယ်။

သိပ်ဖော်ပြမထားတဲ့ ဇာတ်ကောင်တွေပေမဲ့ ကိုယ်ဖန်တီးထားရတဲ့ အကြောင်းအရင်းရှိပါတယ်။

ဘုန်းပြည့်အာဏာရဲ့ အမေ ဒေါ်လှ၀င်းနွယ်က သူ့မောင်အတွက် အတ္တကြီးခဲ့တာပါ။ ပြီးတော့ သူ့အတွက်ရောလည်း ပါတာပေါ့။ ဦးစိုင်းတမာန်ကို သူ့မောင်ရဲ့ သူငယ်ချင်းအဖြစ်သူ လက်ခံနိုင်ခဲ့ပေမဲ့ ချစ်သူအဖြစ်တော့ ခါးခါးသီးသီးကို ငြင်းပယ်ခဲ့တာပါ။

နောက်ထပ်တစ်ယောက်တော့ ဒေါ်ပန်းသဒ္ဒါ စိုင်းမာန်သစ်ရဲ့ အမေ။ စိုင်းမာန်သစ်က ဒေါ်ပန်းသဒ္ဒါရဲ့ သားအရင်းခေါက်ခေါက်ပါ။ သူက ဦးစိုင်းတမာန်ကိုလည်း သိပ်ချစ်တဲ့ အမျိုးသမီးပါ။ ဒါပေမယ့် သူက လက်မခံနိုင်ခဲ့ဘူး။ ဦးစိုင်းတမာန်နဲ့ဦးလှမျိုးမြင့်ရဲ့ ဇာတ်လမ်းကို သိခဲ့ရတဲ့ အချိန်မှာ အ*ြောက်လို့ သတ်မှတ်ပြီး ရွံသွားတယ်လို့ ပြောရမှာပေါ့ ယူကြုံးမရလည်း ဖြစ်သွားပြီး သူ့မွေးထားတဲ့သားကိုတောင် မျက်ကွယ်ပြုတဲ့အထိ အတ္တကြီးခဲ့တာပါ။

ပြီးတော့ ဘုန်းပြည့်အာဏာက စိုင်းမာန်သစ်ကို လုံးဝမမေ့ခဲ့ပါဘူး။ ကျန်တဲ့ကိစ္စတွေအကုန်လုံးကို သူမေ့သွားခဲ့တယ်ဆိုပေမဲ့ အသစ်ဆိုတဲ့ကောင်လေးနဲ့ အတူတူဆော့ခဲ့ကြတဲ့ ပုံရိပ်တွေကို စိုင်းမာန်သစ်က အိပ်မက်မက်တိုင်းသူလည်း အိပ်မက်မက်ခဲ့ပါတယ်။ တစ်ခုပဲ ဝေဝါးနေတဲ့ မျက်နှာနဲ့။ စိုင်းမာန်သစ်တို့ခြံရှေ့ ‌ပြန်မရောက်ခင်မှာ ဘုန်းပြည့်အာဏာက ရမ်ခဆီကနေအကြောင်းစုံသိလာခဲ့ပါပြီ။ သူ့ကလေးငယ်ကို မမှတ်မိရကောင်းလားဆိုပြီးအပြစ်ရှိစိတ်တွေကြောင့် စိုင်းမာန်သစ်ဖုန်းတွေကိုမကိုင်ခဲ့တာပါ။

ကျွန်တော်ပြောပြချင်တာကတော့ ဒါတွေတင်ပါပဲ။ “Lollipop” နဲ့ ပတ်သက်ပြီးမေးချင်တာရှိရင် မေးသွားလို့ရပါတယ်ဗျ။❤

@OliviaThet-Eleanor

____________________________________________________

Tags: read novel Lollipop Summary – Unicode, novel Lollipop Summary – Unicode, read Lollipop Summary – Unicode online, Lollipop Summary – Unicode chapter, Lollipop Summary – Unicode high quality, Lollipop Summary – Unicode light novel, ,

Comment

Leave a Reply

Chapter 33