Mr.Lion <>

All chapters are in Mr.Lion
A+ A-

ပြသနာတက်ပြီးကတည်းက Lion ကိုနောင်ရိုးမတွေ့ရတော့ပေ….
သူအလုပ်သွားခါနီးလည်းမတွေ့ရသလို
အလုပ်ပြန်ချိန်လည်းသူ့မှာအရိပ်ကလေးတောင််တွေ့ရပေ…..
ထိုအခါနောင်ရိုးစိတ်တို့ပူရလေပြီ
တစ်နေရာရာမှာတစ်စုံတစ်ယောက်ရဲ့လုပ်ကြံမှုကြောင့်ထိခိုက်ဒဏ်ရာရ
နေရင်ဒုက္ခ………

“ဒေါက်! ဒေါက် “

“ဘယ်သူလဲ! “

“ကျွန်တော်သခင်ရဲ့လူယုံပါ”

နောင်ရိုးအခန်းတံခါးကို ကပျာကယာဆွဲဖွင့်လိုက်ရင်း….

“Lion  သူရောပြန်မလာသေးဘူးလား”ဟု မေးလိုက်သည်
ထိုအခါလူယုံမှာလွန်စွာမျက်နှာပျက်သွားသည်

လူယုံရဲ့အပြုအမူဟာသူ့ရင်ကိုဗလောင်ဆူစေတာကြောင့်
“သူရောဘယ်မှာလဲ! ” ဟုခပ်မာမာထပ်မေးလိုက်သည်

“သခင်ဂိုဏ်းတွင်းကသစ္စာ ဖောက်ကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်ထားတာပါ”

“ဟင်…သူအဆင်ပြေရဲ့လား
အရမ်းထိခိုက်သွားလား”

“အသက်တော့မသေနိုင်ပါဘူးသခင်လေး”

“ငါ သူ့ကိုတွေ့ချင်တယ်”

“သခင်ကတော့သခင်လေးကိုမတွေ့ချင်ဘူးတဲ့ “

နောငိရိုးမျက်ဝန်းထဲမယုံကြည်နိုင်ခြင်းအရိပ်အယောင် တွေဖြတ်ပြေးသွားသည်
Lion ဆိုတာသူ့ အနားကော်လိုကပ်နေခွင့်ရဖို့အမြဲကြိုးစားနေတဲ့သူ
အခုကျသူ့ကိုမတွေ့ချင်းတော့ဘူးတဲ့လား
ကောင်းတယ်သိပ်ကောင်းတယ်!

နောင်ရိုးတံခါးကိုဝုန်းကနဲမြည်အောင်​ စောင့်ပိတ်ပြီး
အခန်းထဲပြန်ဝင်ခဲ့တော့သည်
သူတောင်ပြတ်သားနိုင်သေးတာငါကဘာလို့မပြတ်နိုင်ရမှာလဲ…

——————-

“သူဘယ်လိုနေလဲ”

လက်မောင်းထဲကကျည်ဆံကိုအစိမ်းလိုက်ခွဲထုတ်ခံနေရပေမဲ့
ပြန်ဝင်လာတဲ့လူယုံကိုတွေ့တော့အရာအားလုံးမေ့ပြီး ထုတ်မေးလိုက်မိတာက

“သူဘယ်လိုနေလဲ သူအဆင်ပြေရဲ့လား”

“ပြေပါတယ်ဒါပေမဲ့…. “

“ဒါပေမဲ့ဘာဖြစ်လဲ”

“သူက သခင့်ကိုတွေ့ချင်တယ်လို့ပြောလို့
သခင်ကမတွေ့ချင်ဘူးပြန်ပြောလိုက်တာ တံခါးစောင့်ပိတ်သွားတယ်”

Lion ထုံထိုင်းအတနေသည့်သူ့ငယ်သားကို လက်ကောင်းနေလျှင်နီးရာပစ္စည်းနှင့်
ကောက်ထုမိတော့မည်
သူပြောခိုင်းတာကတစ်ခြားလုပ်တာကတစ်ခြား…
သူဒဏ်ရာဒဏ်ချက်​ျွေကိုမတွေ့စေချင်ဘူးလို့ပြောခိုင်းတာကို
သောက်တစ်လွဲသူကမတွေ့ချင်ဘူးလို့သွားပြောတယ် ကောင်းရော…..

“Ab1 သွားဂိုဏ်းတစ်ပတ်ပတ်ပြေးစမ်း”

မျက်နှာကြီးမည်းသည်းနေသည့်သခင်က သူ့ကိုဘာလို့စိတ်ဆိုးနေမှန်း Ab1မသိ
ဒါကြောင့်

“ကျွန်တော်ဘာအမှားလုပ်မိလို့လဲ”ဟုထုတ်မေးလိုက်သည်

“မင်းကိုအမြင်ကပ်လို့ဟေ့! မင်းကိုအမြင်ကပ်လို့ သွားအခုချက်ချင်းသွားပြေး! “

Ab1 မျက်နှာမအီမသာဖြင့်အခန်းပြင်ထွက်ခဲ့တော့သည်
ကျန်ခဲ့တဲ့ Lion ဟာလည်းသူ့ဘေဘီကိုချော့မည့်အရေးကြိုတွေးလို့ရင်မောရတော့သည်

————–

“အဖေကဒုစရိုက်လောကထဲမှာနှစ်များစွာကျင်လည်ခဲ့တာဆိုတော့
အဆက်အသွယ်ကောင်းတွေရှိမှာပေါ့”

သားဖြစ်သူသူတို့ဆီပြန်လာလို့ပျော်နေတဲ့မိဘနှစ်ပါးဟာမထင်မှတ်ထားသောစကား ကိုကြားလိုက်ရတာကြောင့်ကြောင်အနေမိသည်
သူတို့သာဒုစရိုကလောကမှကျင်လည်ခဲ့တာသိရင်သားများစိတ် ငြိုငြင်သွားမလားတွေးပူရသေးသည်

“သားဆိုင်ရမ်ဘာလို့ဒါကိုမေးတာလဲ”

“ကျွန်တော်သူတို့နဲ့ပူးပေါင်းချင်လို့”

“ဘယ်လို! “

အာမေဋိတ်သံကိုယ်ဆီထွက်လာတဲ့မိဘနှစ်ပါးကြောင့်ရမ်သက်ပြင်းချလိုက်သည်
သူသိတာပေါ့ ဒီလိုဖွင့်ပြောရင်သူ့မိဘတွေလက်ခံလိမ့်မှာမဟုတ်ဘူးဆိုတာ
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူကတော့ရအောင်လုပ်မှာ….

“အမေတို့ကျွန်တော်ကို​ပြန်တွေ့ကတည်းဘယ်လိုဘဝမှာကျွန်တော်ကျင်လည်ခဲ့မှန်းရိပ်မိတယ်မလား…”

သေချာပေါက် သူတို့ရိပ်မိတာပေါ့
စတွေ့ကတည်းကသားကျင်လည်ခဲ့တဲ့နေရာဟာသူတို့ရုန်းထွက်ခဲ့တဲ့အမှောင်လောကဖြစ်နိုင်မှန်း…

ဒါပေမဲ့ သူတို့ အတ္တကြောင့်မသိသလိုဟန်ဆောင်ခဲ့တာ

“သားရယ် အခုအမေတို့ဆီပြန်လာပြီဆိုမှတော့ဒီလောကရုန်းထွက်ခဲ့ပါတော့ “

“ကျွန်တော်ရုန်းမထွက်နိုင်ဘူးအမေ…”

“ဒါပေမဲ့သားရယ်….”

“တော်တော့ခင်ရီ…”
ဉီးဆိုင်ဟန်ဇနီးကိုဟန့်တားလိုက်သည်
သားပုံကစိတ်ပိုင်းဖြတ်ထားမှန်းသိသာတယ်
သူတို့သာထပ်တားမြစ်နေမယ်ဆို သူတို့ရင်ကနေသားအပြီးထွက်သွားလိမ့်မယ်

“သားမင်းသေချာပြီလား”

“သေချာတယ်အဖေ…”

“ကောင်းပြီ ဒါဆို အဖေမင်းကိုကူညီမယ်”

“ဦးဆိုင်ဟန်!”

သူ့လက်မောင်းကိုကိုင်လှုပ်လာတဲ့ဇနီးသည်ကိုဆိုင်ဟန်ခေါင်းယမ်းပြလိုက်သည်
နှစ်များစွာပေါင်းသင်းလာတဲ့လင်မယားဖစြ်တာကြောင့်ဒေါ်ခင်ရီခင်ပွန်းသည်ရဲ့အပြုအမူကိုသဘောပေါက်၍င ငြိမ်ကျသွားတော့သည်

#အိမ်ဖောက်ခံလိုက်ရတာပိုက်ဆံတွေရောဖုန်းပါပါသွားတာပါ
အခုကအမေ့ဖုန်းနဲဲ့လာတင်တာပါ
အမေ့ဖုန်းကီးဘုတ်ကကြောင်နေလို့စာရိုက်တဲ့နေရာမှာအခက်အခဲရှိနေပါတယ်
နေ့တိုင်းတင်ပေးဖို့မဖြစ်နိုင်တော့ပါ

Zawg
အလုပ်ပြန်ချိန်လည်းသူ့မှာအရိပ်ကလေးတောင်တွေ့ရပေ…..
နေရင်ဒုက္ခ………

“ဒေါက်! ဒေါက် “

“ဘယ်သူလဲ! “






“ဟင်…သူအဆင်ပြေရဲ့လား
အရမ်းထိခိုက်သွားလား”


“ငါ သူ့ကိုတွေ့ချင်တယ်”




——————-

“သူဘယ်လိုနေလဲ”



“ပြေပါတယ်ဒါပေမဲ့…. “

“ဒါပေမဲ့ဘာဖြစ်လဲ”


ကောက်ထုမိတော့မည်
သူဒဏ်ရာဒဏ်ချေက်ြှကိုမတွေ့စေချင်ဘူးလို့ပြောခိုင်းတာကို


ဒါကြောင့်




————–





“ဘယ်လို! “







“ဒါပေမဲ့သားရယ်….”

“တော်တော့ခင်ရီ…”

“သားမင်းသေချာပြီလား”

“သေချာတယ်အဖေ…”


“ဦးဆိုင်ဟန်!”

နှစ်များစွာပေါင်းသင်းလာတဲ့လင်မယားဖစ်ြတာကြောင့်ဒေါ်ခင်ရီခင်ပွန်းသည်ရဲ့အပြုအမူကိုသဘောပေါက်၍င ငြိမ်ကျသွားတော့သည်

အခုကအမေ့ဖုန်းနဲ့လာတင်တာပါ

Tags: read novel Mr.Lion <>, novel Mr.Lion <>, read Mr.Lion <> online, Mr.Lion <> chapter, Mr.Lion <> high quality, Mr.Lion <> light novel, ,

Comment

Leave a Reply

Chapter 29