My Possessive Of You 12

All chapters are in My Possessive Of You
A+ A-

အရာအားလုံးထက်…သားကိုပိုချစ်ပေးလိုက်ပါ ကိုဇော်..!

ကျွန်တော် အိမ်ထောင်ပြုတော့မယ်…!

ကိုယ့်မှာ အခွင့်အရေးမရှိတော့ဘူးလား…!

“အား….”

Laptop ကို ပိတ်ပြီး စားပွဲကိုသာ အသားကုန်ထုနေမိသည်။ဒီဗွီဒီယို မှတ်တမ်းကို ကြည့်နေတာ ဆယ်ကြိမ်ထက်က မနည်းတော့။ဖေဖေ့ရဲ့ ဦးဥာဏ်အပေါ် ညံ့သက်နေတဲ့ အကြည့်တွေ။ ဦးဥာဏ်ရဲ့ ဟန်ဆောင်သန်မာမှုတွေကို တွေ့နေရသည်။ ‘အိမ်ထောင်ပြုတော့မယ်’ ဆိုတဲ့ ဦးဥာဏ်ရဲ့ စကားမှာ ဖေဖေ့ရဲ့ ပြိုလဲမှုနဲ့အတူ အံ့ကျူးပါ တုန်လှုပ်မိသွားသည်။

တည်ငြိမ်နေတဲ့ ရေပြင်ကို သူကပဲ အစဖော်ခဲ့ပြီးမှ သူ့ကြောင့်ပဲ နှလုံးသားတွေ ကွဲကြေရတော့မည်။ချစ်ရသူရဲ့ ရက်စက်ခြင်းကို မကြုံဖူးပေမယ့် လရောင်သသအနားမှာ မရှိရင် သူသေနိုင်လောက်သည်။ ငယ်ငယ်ကတည်းက ချစ်ခဲ့ရသူမို့ သူတောင် ဒီလောက်ထိ ချစ်မိနေမယ်ဆိုရင် ဖေဖေကရော…။
ဖေဖေနဲ့ ဘာသားနဲ့ ထုထားလို့ပါလဲ..။ဦးဥာဏ်နဲ့ ဖေဖေ့ရဲ့ အချစ်အတိမ်အနက်ကို မသိပေမယ့် အံ့ကျူးမှားသွားပြီဆိုတာကိုတော့ နားလည်လိုက်သည်။

လရောင်သသနဲ့ ရာဇာ့ကိုတောင် တွဲမမြင်ချင်တဲ့ အံ့ကျူးက ဦးဥာဏ်ကို အခြားတစ်ယောက်နဲ့ မြင်ရတဲ့အခါ ဖေဖေ့ရဲ့ ခံစားချက်ကိုလည်း ထည့်တွေးပေးသင့်ပါသည်။

သူမှားသွားပြီ..တကယ်ဆို ဦးဥာဏ်ကို ဖိအားတွေ မပေးခဲ့သင့်ဘူး။ဖေဖေရော ဖေဖေအခုချိန်လောက်ဆို ပြိုလဲနေမလား။ဖေဖေသောကရောက်တဲ့ ပုံစံကို တစ်ခါမှ မမြင်ဖူး၍ အံ့ကျူးတွေးကြည့်လို့မရ။ ဖေဖေက နှလုံးသားရေးရာမှာတော့ ညံ့ဖျင်းတတ်ပါလား။

ဂျလောက်!

လော့ချမထားတဲ့အခန်းထဲ ခွင့်မတောင်းပဲဝင်လိုက်တော့ ဖေဖေက အခန်းထဲမှာရှိမနေ။ပန်းပင်လေးတွေရှိတဲ့ ဝရန်တာနားသွားလိုက်တော့ ဖေဖေ့ကို နောက်မှီကုလားထိုင်တစ်လုံးပေါ်မှာ တွေ့လိုက်ရသည်။စားပွဲခုံကျဥ်းကျဥ်းလေးပေါ်မှာ notebook တစ်ခုနဲ့ ဓာတ်ပုံတစ်ချို့ရှိနေသည်။ဘေးမှာ ဝီစကီပုလင်းတစ်ချို့နဲ့အတူ ဆုပ်ခြေထားသောစာရွက်အပိုင်းအစတွေလည်း ရှိနေသည်။

“ရောက်လာမယ်ဆိုတာ ထင်သားပဲ”

ဖေဖေက လှည့်မကြည့်ပဲ ဆိုသည်။ ဖေဖေ့ဆီက သွေးအေးမှုနဲ့အတူ အသည်းတဆတ်ဆတ်နာကျင်မှုကိုပါ ခံစားနေရသည်။

“ကျွန်တော် ဘာလုပ်မိလဲ မသိတော့ဘူး ဖေဖေ”

“ငြိမ်းချမ်းနေတဲ့ လူတစ်ယောက်ရဲ့ ဘဝကို ကပြောင်းကပြန်ဖြစ်အောင် လုပ်လိုက်ရုံလေးပါပဲ”

အံ့ကျူးကို စေ့စေ့ကြည့်လာတဲ့ ဖေဖေ့မျက်ဝန်းတွေက နီရဲပြီး အနည်းငယ်မို့အစ်နေသည်။

“မှားသွားလား ဖေဖေ”

“ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်လိုက်နိုင်တဲ့သူက ကိုယ့်ကိုကိုယ်မဝေခွဲနိုင်သေးရင် ငါက ဘယ်လိုပြောနိုင်ပါ့မလဲ”

“ဒဲ့ပြောလိုက် ဖေဖေ…ဖေဖေ့သားက စောက်သုံးမကျတဲ့လုပ်ရပ်ကို လုပ်သွားတာလို့ ဒဲ့ပြောလိုက်…ကျစ်”

ခနဲ့သလို သွေးအေးအေးနဲ့ အဆိပ်စကားတွေကို အံ့ကျူးစိတ်ပေါက်လာသည်။မှားမှန်းသိပေမယ့်လည်း မှားကြောင်းလက်မခံချင်တဲ့ သွေးရူးသွေးတမ်းဆန္ဒက ပြလာသည်။

“ခန့်ဘုန်းဥာဏ် ခုထိ ဘာကြောင့် အိမ်ထောင်မပြုသေးတာလဲ သိလား”

“ဖေဖေမပြောရင် ဘယ်လိုသိမလဲ”

“ငါ့တောင်းပန်မှုကြောင့်ကွ သူ့ရဲ့ ငြိမ်သက်မှုလေးကို ငါ့မှာနှစ်သက်လွန်းလို့၊ ချစ်လွန်လွန်းလို့ ဒူးထောက်နေခဲ့တာကွ”

“ကျစ်…”

“အခုတော့ အဲတာတွေ အားလုံး သဲထဲရေသွန်ပဲ…မင်း ဖျက်ဆီးပစ်လိုက်တာလေ”

“ကျစ်…စောက်ရေးမပါလိုက်တာ”

အံ့ကျူး စိတ်ပေါက်ပေါက်နဲ့ အနီးအနားမှာရှိတဲ့ ကျောက်သားနံရံကို ခြေထောက်နဲ့ ကန်နေမိသည်။ဖေဖေကတော့ ဂရုမစိုက်စွာပင် ဝီစကီပုလင်းကို ဒီအတိုင်းမော့ချနေသည်။ရင်ထဲမှာ အောင့်သက်သက်ဖြစ်သော်လည်း  အံ့ကျူးဝမ်းမနည်းချင်။ တကယ်ဆို ချစ်ရက်သားနဲ့ အစကတည်းက ရအောင်ယူလိုက်ကြလေ။အဲဒါဆို အံ့ကျူးလည်း ဖြစ်လာစရာမလိုသလို မေမေဆိုတာကလည်း သူ့ဘဝလေးနဲ့သူ ကျန်းကျန်းမာမာနေရမှာ။

ဖေဖေ့ကြောင့်..။အကုန် ဖေဖေ့ကြောင့်…။

“အာ…”

နံရံကို လက်သီးနဲ့အကြိမ်ကြိမ်ပစ်သွင်းပြီး ဒေါသကို ပုံချနေမိသည်။လက်ဆစ်တွေ ပွန်းကာ သွေးတွေစို့ထွက်လာသည့်အထိ တရစပ်ထိုးနေမိသည်။ ဖေဖေကတော့ ခနဲ့ပြုံးတစ်ချက်ပြုံးကာ ဝီစကီပုလင်းကြီးကိုင်ပြီး အခန်းထဲ ဝင်သွားသည်။ ဖေဖေက သူ့ကို စိတ်နာနေတဲ့ အမူအရာနဲ့။

“အံ့ကျူးမျိုးနွယ်..!!!”

ပန်းပင်တွေရှိနေတဲ့ အောက်ထပ်ဝရန်တာဘက်မှာ ကျောက်သားနံရံကို သဲကြီးမဲကြီး ထိုးနေတဲ့ အံ့ကျူးကို စိတ်ထိခိုက်စွာ တွေ့လိုက်ရသည်။ လရောင်ရဲ့ အသံကိုကြားတော့ ဒေါသတကြီးပြုမူနေသူက အလဲလဲအကွဲကွဲဖြစ်ကာ နံရံကို မှီပြီး ထိုင်ချလာသည်။

“ရူးနေလား…မင်းရူးနေလား အံ့ကျူးမျိုးနွယ်”

“ကိုကို…အီးဟီးဟီး”

အနားကို သွားလိုက်တော့ မျက်ရည်တွေကျလာပြီး လရောင်ကိုယ်သေးသေးလေးကို အတင်းဖက်တွယ်လာသည်။ ကလေးတစ်ယောက်လို ငိုနေပြီး လရောင်ရင်ဘတ်ကို မျက်နှာအပ်ထားသည်။

“ဘာတွေဖြစ်လို့လဲ…အဲ့လောက်ကြီး လုပ်စရာလိုလို့လား ဟမ်၊ မင်းလက်ဆစ်တွေ ပေါက်ပြဲကုန်ပြီ”

“ကျုပ်မှားသွားတယ် ကိုကို”

“မပြောနဲ့အုန်း…အခု အဲတာတွေကို မပြောနဲ့အုန်းနော် ၊ စိတ်အေးအေးထား ကိုကိုက အံ့ကျူးဘက်မှာပဲမို့ ငိုစရာမလိုဘူး ဟုတ်ပြီလား”

ရင်ခွင်ထဲ ပိုတိုးပြီးဝင်လာသူကို တတ်နိုင်သမျှ ဖက်ထားပြီး ကျောပြင်ကို ဖွဖွပုတ်ပေးလိုက်သည်။

“ကျစ်…ဆောရီး လရောင်သသ”

ရုတ်တရက်ကြီး ရုန်းထသွားသူကြောင့် လရောင် တအံ့တသြကျန်ခဲ့ရသည်။ နာနာကျည်းကျည်းငိုကြွေးနေတဲ့ ကလေးက အခုတော့ သူမဟုတ်သလို လရောင်ကို တွန်းထွက်ပြီး ထွက်သွားသည်။ တစ်ခါတစ်လေဆိုရင် အံ့ကျူးမျိုးနွယ်က လရောင်လိုက်မမီနိုင်သည့် အတိုင်းအတာထိ ပြောင်းလဲတတ်သည်။

ကိုယ်ကချစ်ရသူဖြစ်နေ၍ သူ့ဖြစ်တည်မှုတိုင်းကိုလည်း ချစ်သည်။သူ့ဘက်ကတော့ ဂရုစိုက်မှုလေး တစ်ခုတောင် မရှိပေမယ့်လို့ပေါ့။

•••••

“အံ့ကျူး…တော်တော့”

“ဟေ့ကောင် တော်တော့လို့..”

အံ့ကျူးမျိုးနွယ်က ရောက်ကတည်းက ဘာစကားတစ်ခွန်းမှ မပြောပဲ Vodka တွေသာ တစ်ခွက်ပြီးတစ်ခွက်မော့ချနေသည်။ gay bar မို့ မြင်နေကျ dress အတိုလေးတွေနဲ့ ကောင်မလေးခပ်မိုက်မိုက်တွေအစား cross top ကို ပေါင်တံသွယ်သွယ်လေးတွေ ဖုံးဖိမထားနိုင်သည့် ချက်ပေါ်စကပ်အတိုလေးတွေနဲ့ sexy ကျကျ gay အမည်ခံ ကောင်လေးချောချောလေးတွေသာ မျက်စိပနံရစွာ တွေ့နေရသည်။

အံ့ကျူးမျိုးနွယ်ကတော့ ထိုအလှလေးတွေကို မခံစားအား။ စိတ်နဲ့လူနဲ့မကပ်စွာပင် တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်။ ရဲထွဋ်နဲ့ ညီမင်းဟန်က မနိုင်သလို လက်ခါပြီး ကခုန်နေကြသည့် လိပ်ပြာလေးတွေကြားထဲ ဝဲပျံနေသည်။

“Oppa.. “

Vodka မော့နေတုန်း အံ့ကျူးပေါင်ကို လာပွတ်သည့် လက်ချောင်းသွယ်သွယ်လေးတွေ။အသံက ပျစ်ချွဲချိုအီနေပြီး ခပ်ညုညုလေးအော်လိုက်ရုံနဲ့ကို တော်ရုံလူဆို တစ်ချီပြီးသွားနိုင်သည့် စကေးရှိသည်။ခွက်ကိုမြှောက်ပြလာတာမိုး အသိအမှတ်ပြုသည့်အနေနဲ့ ခွက်ချင်းတိုက်ကာ တစ်ကျိုက်တည်းမော့ပစ်လိုက်သည်။

ကောင်ချောလေးက အသားအရေဖြူသည့်ဘက်မှာပါပြီး မျက်နှာတစ်ပြင်လုံး မိတ်ကပ်တွေဖွေးအုနေအောင် လိမ်းထားကာ အပြင်းစား perfume နံ့ကိုလည်း ရနေသည်။

“Oppa… အဖော်မရှိဘူးလားဟင်”

“အဲ့မှာ မြင်လား”

အလှလေးကို စကားလက်ခံပြောချင်ပေမယ့် စိတ်ကမကြည်နေတာမို့ ရဲထွဋ်နဲ့ညီမင်းဟန်ကို လက်ညှိုးထိုးပြီးသာ ဘုဆတ်ဆတ်မေးလိုက်သည်။ ကောင်လေးကတော့ bar တစ်ခုလုံး လင်းလက်သွားသလားထင်ရအောင် အလှဆုံးပြုံးပြီး တုံ့ပြန်သည်။

“Oppa သူငယ်ချင်းတွေလား ငယ်ပြောတာက Oppa မှာ partner ရှိလားမေးတာ ဟင်းဟင်း”

ရယ်သွမ်းသွေးပြီး ချိုနေသည့် စကားအပြောအဆိုတွေကို အံ့ကျူးသဘောကျပေမယ့် ရင်ထဲမထိ။ အိမ်က လရောင်သသလောက် ဘယ်သူမှ ချစ်စရာကောင်းမနေဘူးလေ။ ကမ္ဘာကြီးရဲ့ အလှတရားစစ်ကို အပိုင်ရထားပြီးသားမို့ ကျန်တာတွေ စိတ်ထဲရောက်မနေတော့။

“ရှိတယ်…အိမ်မှာ”

“OH God! oppa က ဆိုင်သူရှိနေပြီလား နှမျောလိုက်တာ”

ကောင်လေးက နှာခေါင်းလေးရှုံ့ပြီး ရယ်ကြဲကြဲပြောသည်။

“ငယ်က… ဟိုးမှာ သူငယ်ချင်းတွေနဲ့လာတာ”

အနီနဲ့အဖြူစင်းအကွက်ပါတဲ့ စကပ်တိုလေးကို ဒူးဖုံးရုံဝတ်ထားပြီး cross topအဖြူလက်ပြတ်လေး ဝတ်ထားတဲ့ ငယ်က အံ့ကျူးမျက်နှာရှေ့ သူ့တင်ပါးတွေအလှပြရင်း သူ့သူငယ်ချင်းတွေကို လက်ညှိုးညွှန်ပြသည်။

ကျစ်..ဘယ်လိုဟာလေးလဲကွာ….၊

“နာမည်က ငယ်လား..”

အနားကမခွာပဲ ပြုံးပြုံးလေးလုပ်ပြလိုက်၊ အံ့ကျူးအတွက် သောက်စရာယူပေးလိုက် လုပ်နေသူကို ကြာတော့ လျစ်လျှူရှုမထားနိုင်တော့။တရိပ်ရိပ်တက်လာတဲ့ အရက်ရှိန်ကြောင့် ထင်သည်။ဘေးက ငယ်လေးက စောစောကထက် အများကြီးပိုလှလာသည်။

“လွှမ်းရိပ်ငယ်ပါ oppa…အစကတော့ oppaအတွက် ငယ်ပေါ့…ခစ်ခစ်”

Gay bar ကို ခဏခဏရောက်နေကျပေမယ့် ဘယ်သူနဲ့မှ ကြာကြာလက်ဆုံစကားမပြောဖူးတာကြောင့်လားမသိ။ ကောင်ချောလေးရဲ့ စကားတွေက အနည်းငယ်ရဲတင်းသည့်ဘက်ကို သွားနေသည်။

“ငယ်က…ကိုယ့်ကို သိလို့လား”

“သိတာပေါ့..ငယ်က oppa ကို နေ့တိုင်းမျှော်နေတဲ့ဥစ္စာ….၊ဒီရက်တွေထဲ oppa ဘယ်တွေရောက်နေတာလဲဟင် ငယ်..နေ့တိုင်း လာစောင့်နေတာ”

“အော်…personal problem ပါ”

အံ့ကျူး တိုတိုပဲဖြေလိုက်ပြီး တစ်ခွက်ပြီးတစ်ခွက်သာ မော့နေလိုက်သည်။အိမ်ပြန်ချိန်တွေ ဘာတွေ နားမလည်တော့။

“စိတ်ပင်ပန်းနေရင် ငယ်နဲ့ အိပ်မလား oppa… “

“ဘာ”

Gay bar မှာ သမာရိုးကျဖြစ်လေ့ဖြစ်ထဆိုပေမယ့် အံ့ကျူးစိတ်ထဲ နောက်ကျိသွားရသည်။ လရောင်သသသာ သူ့နှလုံးသားထဲမှာ ရှိမနေရင် ဒီအလှလေးနဲ့ အိပ်ဖို့ တွေဝေနေမှာ မဟုတ်ပေ။အံ့ကျူးမျိုးနွယ်ဆိုတာကလည်း ဘာသားနဲ့ထုထားတာမလို့လဲ။

“အဟင့်…ငယ်က…oppa ကို အရမ်းသဘောကျနေလို့ ပြောမိတာပါ စိတ်မဆိုးပါနဲ့နော်”

သူအလန့်တကြားထအော်တာကို လွှမ်းရိပ်ငယ်က သူ့ကို စိတ်ဆိုး၍ အော်တာထင်သွားသည်။မျက်ရည်လေးတွေ ဝိုင်းလာပြီး အင်္ကျီစကို လာဆွဲသည်။

“ဆောရီး…မင်းကို အော်တာမဟုတ်ဘူးငယ်”

“အဲ့တာဆို ငယ်နဲ့ အိပ်မလားဟင်”

“…”

“ငယ်နဲ့ အိပ်ချင်တဲ့သူတွေ ဒီထဲမှာ အများကြီးပဲ oppa ၊ ငယ်က oppa တစ်ယောက်ထဲကိုပဲ တောင့်တတာမလို့..အဟင့်”

အံ့ကျူးစိတ်ပျက်စွာနဲ့ ဆံပင်တွေထဲ လက်ထိုးဖွနေမိသည်။ဒီဟာလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အတည်ကြီးပြောလာတာမို့ စိတ်ရှုပ်လာသည်။ လရောင်သသမှ မဟုတ်ရင် ဘယ်သူ့ကို မှန်းလို့မရတော့တာမို့ အတူအိပ်ဖို့ဆိုတာကလည်း လရောင်သသမဟုတ်ရင် သူ့ဟာက ထောင်တောင်ထောင်လာမှ မဟုတ်။သူ့အောက်မှာ ငိုယိုပြီး တောင်းပန်နေရမယ့် တစ်ဦးတည်းသောသူက လရောင်သသပဲ တစ်သက်လုံးဖြစ်နေရမည်။

“ကျစ်…တော်ပြီ လွှမ်းရိပ်ငယ် ၊ ကိုယ်က အားနာလို့ စကားပြောနေတာ ကိုယ့်မှာ ချစ်သူရှိတယ် သူကလွဲပြီး ဘယ်သူနဲ့မှ မအိပ်နိုင်သလို သူကလွဲရင် ဘယ်သူ့ကိုမှလည်း လုပ်ပေးနိုင်မယ်မထင်ဘူး”

အံ့ကျူး လွှမ်းရိပ်ငယ်ရင်ဘတ်ကို အသာတွန်းပြီး ဘေးကိုနှင်ထုတ်လိုက်သည်။သူကိုယ်တိုင်ကတော့ တစ်ခွက်ပြီးတစ်ခွက်သောက်နေရ၍ နေရာမှ မထနိုင်သေး။

“တောက်!”

လွှမ်းရိပ်ငယ် ခပ်ပြင်းပြင်းတစ်ချက် တက်ခေါက်လိုက်သည်။အံ့ကျူးမျိုးနွယ် ဒီကိုစလာတဲ့အချိန်ကတည်းက ငယ့်မှာ ပုံစံအမျိုးမျိုးနဲ့ သူ့ကိုစိတ်ကူးယဥ်ခဲ့ရတာဖြစ်သည်။ခြောက်ပေစွန်းစွန်းအရပ်ရှည်ကြီးနဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ရှိတဲ့ oppaက သူ့လို ဘားရဲ့ပင်တိုင်အလှပဂေးတစ်ယောက်နဲ့ အတူနေသင့်သည်။

ငယ့်ကို တောင်းဆိုနေတဲ့သူတွေများပေမယ့် တစ်ယောက်နဲ့မှ အတူမနေဖြစ်သေး။ကိုယ်သဘောကျရသူနဲ့သာ ပထမဦးဆုံးညကို ဖြတ်သမ်းချင်ကြသည်လေ။သူ တောင်းဆိုလိုက်သည့်သူကတော့ partner ရှိနေပြီးသားအပြင် သူ့ကိုပါ ငြင်းလွှတ်လိုက်သည်မို့ အောက်နှုတ်ခမ်းကို နာနာကိုက်ပြီးတော့သာ ဒေါသထွက်နေမိသည်။

မာနကို ထိပါးလိုက်တဲ့သူကို ကြည့်လိုက်တော့ Vodka ပုလင်းတွေကြားမှာ ခေါင်းမှောက်နေပြီ။ အတွေးတစ်ချက် ခေါင်းထဲလက်လာပြီး ငယ် အပြုံးတစ်ခုကို ဖန်တီးယူလိုက်သည်။ ငယ့်ရဲ့ …  First timeက oppaနဲ့ပဲ ဖြစ်ရမယ် အံ့ကျူးမျိုးနွယ်…။

So_So_Sophia(16.10.2022)
_______________________________________

မနက်ဖြန်ကို နည်းနည်းစိတ်လှုပ်ရှားကြည့်လိုက်ရအောင်☆(ノ◕ヮ◕)ノ*
မနေ့က part(12) ကို ကျွန်တော် ယောင်ပြီး publishနှိပ်မိသွားတာပါ။ဖတ်မရဘူး ပြောနေကြလို့ပါ မနေ့ညကတည်းက တင်ပေးဖို့ပေမယ့် မပြီးလိုက်လို့ပါရှင်။

𝐙𝐚𝐰𝐠𝐲𝐢

အရာအားလုံးထက္…သားကိုပိုခ်စ္ေပးလိုက္ပါ ကိုေဇာ္..!

ကြၽန္ေတာ္ အိမ္ေထာင္ျပဳေတာ့မယ္…!

ကိုယ့္မွာ အခြင့္အေရးမ႐ွိေတာ့ဘူးလား…!

“အား….”

Laptop ကို ပိတ္ၿပီး စားပြဲကိုသာ အသားကုန္ထုေနမိသည္။ဒီဗြီဒီယို မွတ္တမ္းကို ၾကည့္ေနတာ ဆယ္ႀကိမ္ထက္က မနည္းေတာ့။ေဖေဖ့ရဲ႕ ဦးဥာဏ္အေပၚ ညံ့သက္ေနတဲ့ အၾကည့္ေတြ။ ဦးဥာဏ္ရဲ႕ ဟန္ေဆာင္သန္မာမႈေတြကို ေတြ႕ေနရသည္။ ‘အိမ္ေထာင္ျပဳေတာ့မယ္’ ဆိုတဲ့ ဦးဥာဏ္ရဲ႕ စကားမွာ ေဖေဖ့ရဲ႕ ၿပိဳလဲမႈနဲ႔အတူ အံ့က်ဴးပါ တုန္လႈပ္မိသြားသည္။

တည္ၿငိမ္ေနတဲ့ ေရျပင္ကို သူကပဲ အစေဖာ္ခဲ့ၿပီးမွ သူ႕ေၾကာင့္ပဲ ႏွလုံးသားေတြ ကြဲေၾကရေတာ့မည္။ခ်စ္ရသူရဲ႕ ရက္စက္ျခင္းကို မၾကဳံဖူးေပမယ့္ လေရာင္သသအနားမွာ မ႐ွိရင္ သူေသႏိုင္ေလာက္သည္။ ငယ္ငယ္ကတည္းက ခ်စ္ခဲ့ရသူမို႔ သူေတာင္ ဒီေလာက္ထိ ခ်စ္မိေနမယ္ဆိုရင္ ေဖေဖကေရာ…။
ေဖေဖနဲ႔ ဘာသားနဲ႔ ထုထားလို႔ပါလဲ..။ဦးဥာဏ္နဲ႔ ေဖေဖ့ရဲ႕ အခ်စ္အတိမ္အနက္ကို မသိေပမယ့္ အံ့က်ဴးမွားသြားၿပီဆိုတာကိုေတာ့ နားလည္လိုက္သည္။

လေရာင္သသနဲ႔ ရာဇာ့ကိုေတာင္ တြဲမျမင္ခ်င္တဲ့ အံ့က်ဴးက ဦးဥာဏ္ကို အျခားတစ္ေယာက္နဲ႔ ျမင္ရတဲ့အခါ ေဖေဖ့ရဲ႕ ခံစားခ်က္ကိုလည္း ထည့္ေတြးေပးသင့္ပါသည္။

သူမွားသြားၿပီ..တကယ္ဆို ဦးဥာဏ္ကို ဖိအားေတြ မေပးခဲ့သင့္ဘူး။ေဖေဖေရာ ေဖေဖအခုခ်ိန္ေလာက္ဆို ၿပိဳလဲေနမလား။ေဖေဖေသာကေရာက္တဲ့ ပုံစံကို တစ္ခါမွ မျမင္ဖူး၍ အံ့က်ဴးေတြးၾကည့္လို႔မရ။ ေဖေဖက ႏွလုံးသားေရးရာမွာေတာ့ ညံ့ဖ်င္းတတ္ပါလား။

ဂ်ေလာက္!

ေလာ့ခ်မထားတဲ့အခန္းထဲ ခြင့္မေတာင္းပဲဝင္လိုက္ေတာ့ ေဖေဖက အခန္းထဲမွာ႐ွိမေန။ပန္းပင္ေလးေတြ႐ွိတဲ့ ဝရန္တာနားသြားလိုက္ေတာ့ ေဖေဖ့ကို ေနာက္မွီကုလားထိုင္တစ္လုံးေပၚမွာ ေတြ႕လိုက္ရသည္။စားပြဲခုံက်ဥ္းက်ဥ္းေလးေပၚမွာ notebook တစ္ခုနဲ႔ ဓာတ္ပုံတစ္ခ်ိဳ႕႐ွိေနသည္။ေဘးမွာ ဝီစကီပုလင္းတစ္ခ်ိဳ႕နဲ႔အတူ ဆုပ္ေျခထားေသာစာ႐ြက္အပိုင္းအစေတြလည္း ႐ွိေနသည္။

“ေရာက္လာမယ္ဆိုတာ ထင္သားပဲ”

ေဖေဖက လွည့္မၾကည့္ပဲ ဆိုသည္။ ေဖေဖ့ဆီက ေသြးေအးမႈနဲ႔အတူ အသည္းတဆတ္ဆတ္နာက်င္မႈကိုပါ ခံစားေနရသည္။

“ကြၽန္ေတာ္ ဘာလုပ္မိလဲ မသိေတာ့ဘူး ေဖေဖ”

“ၿငိမ္းခ်မ္းေနတဲ့ လူတစ္ေယာက္ရဲ႕ ဘဝကို ကေျပာင္းကျပန္ျဖစ္ေအာင္ လုပ္လိုက္႐ုံေလးပါပဲ”

အံ့က်ဴးကို ေစ့ေစ့ၾကည့္လာတဲ့ ေဖေဖ့မ်က္ဝန္းေတြက နီရဲၿပီး အနည္းငယ္မို႔အစ္ေနသည္။

“မွားသြားလား ေဖေဖ”

“ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္သြားေအာင္ လုပ္လိုက္ႏိုင္တဲ့သူက ကိုယ့္ကိုကိုယ္မေဝခြဲႏိုင္ေသးရင္ ငါက ဘယ္လိုေျပာႏိုင္ပါ့မလဲ”

“ဒဲ့ေျပာလိုက္ ေဖေဖ…ေဖေဖ့သားက ေစာက္သုံးမက်တဲ့လုပ္ရပ္ကို လုပ္သြားတာလို႔ ဒဲ့ေျပာလိုက္…က်စ္”

ခနဲ႔သလို ေသြးေအးေအးနဲ႔ အဆိပ္စကားေတြကို အံ့က်ဴးစိတ္ေပါက္လာသည္။မွားမွန္းသိေပမယ့္လည္း မွားေၾကာင္းလက္မခံခ်င္တဲ့ ေသြး႐ူးေသြးတမ္းဆႏၵက ျပလာသည္။

“ခန္႔ဘုန္းဥာဏ္ ခုထိ ဘာေၾကာင့္ အိမ္ေထာင္မျပဳေသးတာလဲ သိလား”

“ေဖေဖမေျပာရင္ ဘယ္လိုသိမလဲ”

“ငါ့ေတာင္းပန္မႈေၾကာင့္ကြ သူ႕ရဲ႕ ၿငိမ္သက္မႈေလးကို ငါ့မွာႏွစ္သက္လြန္းလို႔၊ ခ်စ္လြန္လြန္းလို႔ ဒူးေထာက္ေနခဲ့တာကြ”

“က်စ္…”

“အခုေတာ့ အဲတာေတြ အားလုံး သဲထဲေရသြန္ပဲ…မင္း ဖ်က္ဆီးပစ္လိုက္တာေလ”

“က်စ္…ေစာက္ေရးမပါလိုက္တာ”

အံ့က်ဴး စိတ္ေပါက္ေပါက္နဲ႔ အနီးအနားမွာ႐ွိတဲ့ ေက်ာက္သားနံရံကို ေျခေထာက္နဲ႔ ကန္ေနမိသည္။ေဖေဖကေတာ့ ဂ႐ုမစိုက္စြာပင္ ဝီစကီပုလင္းကို ဒီအတိုင္းေမာ့ခ်ေနသည္။ရင္ထဲမွာ ေအာင့္သက္သက္ျဖစ္ေသာ္လည္း  အံ့က်ဴးဝမ္းမနည္းခ်င္။ တကယ္ဆို ခ်စ္ရက္သားနဲ႔ အစကတည္းက ရေအာင္ယူလိုက္ၾကေလ။အဲဒါဆို အံ့က်ဴးလည္း ျဖစ္လာစရာမလိုသလို ေမေမဆိုတာကလည္း သူ႕ဘဝေလးနဲ႔သူ က်န္းက်န္းမာမာေနရမွာ။

ေဖေဖ့ေၾကာင့္..။အကုန္ ေဖေဖ့ေၾကာင့္…။

“အာ…”

နံရံကို လက္သီးနဲ႔အႀကိမ္ႀကိမ္ပစ္သြင္းၿပီး ေဒါသကို ပုံခ်ေနမိသည္။လက္ဆစ္ေတြ ပြန္းကာ ေသြးေတြစို႔ထြက္လာသည့္အထိ တရစပ္ထိုးေနမိသည္။ ေဖေဖကေတာ့ ခနဲ႔ျပဳံးတစ္ခ်က္ျပဳံးကာ ဝီစကီပုလင္းႀကီးကိုင္ၿပီး အခန္းထဲ ဝင္သြားသည္။ ေဖေဖက သူ႕ကို စိတ္နာေနတဲ့ အမူအရာနဲ႔။

“အံ့က်ဴးမ်ိဳးႏြယ္..!!!”

ပန္းပင္ေတြ႐ွိေနတဲ့ ေအာက္ထပ္ဝရန္တာဘက္မွာ ေက်ာက္သားနံရံကို သဲႀကီးမဲႀကီး ထိုးေနတဲ့ အံ့က်ဴးကို စိတ္ထိခိုက္စြာ ေတြ႕လိုက္ရသည္။ လေရာင္ရဲ႕ အသံကိုၾကားေတာ့ ေဒါသတႀကီးျပဳမူေနသူက အလဲလဲအကြဲကြဲျဖစ္ကာ နံရံကို မွီၿပီး ထိုင္ခ်လာသည္။

“႐ူးေနလား…မင္း႐ူးေနလား အံ့က်ဴးမ်ိဳးႏြယ္”

“ကိုကို…အီးဟီးဟီး”

အနားကို သြားလိုက္ေတာ့ မ်က္ရည္ေတြက်လာၿပီး လေရာင္ကိုယ္ေသးေသးေလးကို အတင္းဖက္တြယ္လာသည္။ ကေလးတစ္ေယာက္လို ငိုေနၿပီး လေရာင္ရင္ဘတ္ကို မ်က္ႏွာအပ္ထားသည္။

“ဘာေတြျဖစ္လို႔လဲ…အဲ့ေလာက္ႀကီး လုပ္စရာလိုလို႔လား ဟမ္၊ မင္းလက္ဆစ္ေတြ ေပါက္ၿပဲကုန္ၿပီ”

“က်ဳပ္မွားသြားတယ္ ကိုကို”

“မေျပာနဲ႔အုန္း…အခု အဲတာေတြကို မေျပာနဲ႔အုန္းေနာ္ ၊ စိတ္ေအးေအးထား ကိုကိုက အံ့က်ဴးဘက္မွာပဲမို႔ ငိုစရာမလိုဘူး ဟုတ္ၿပီလား”

ရင္ခြင္ထဲ ပိုတိုးၿပီးဝင္လာသူကို တတ္ႏိုင္သမွ် ဖက္ထားၿပီး ေက်ာျပင္ကို ဖြဖြပုတ္ေပးလိုက္သည္။

“က်စ္…ေဆာရီး လေရာင္သသ”

႐ုတ္တရက္ႀကီး ႐ုန္းထသြားသူေၾကာင့္ လေရာင္ တအံ့တၾသက်န္ခဲ့ရသည္။ နာနာက်ည္းက်ည္းငိုေႂကြးေနတဲ့ ကေလးက အခုေတာ့ သူမဟုတ္သလို လေရာင္ကို တြန္းထြက္ၿပီး ထြက္သြားသည္။ တစ္ခါတစ္ေလဆိုရင္ အံ့က်ဴးမ်ိဳးႏြယ္က လေရာင္လိုက္မမီႏိုင္သည့္ အတိုင္းအတာထိ ေျပာင္းလဲတတ္သည္။

ကိုယ္ကခ်စ္ရသူျဖစ္ေန၍ သူ႕ျဖစ္တည္မႈတိုင္းကိုလည္း ခ်စ္သည္။သူ႕ဘက္ကေတာ့ ဂ႐ုစိုက္မႈေလး တစ္ခုေတာင္ မ႐ွိေပမယ့္လို႔ေပါ့။

•••••

“အံ့က်ဴး…ေတာ္ေတာ့”

“ေဟ့ေကာင္ ေတာ္ေတာ့လို႔..”

အံ့က်ဴးမ်ိဳးႏြယ္က ေရာက္ကတည္းက ဘာစကားတစ္ခြန္းမွ မေျပာပဲ Vodka ေတြသာ တစ္ခြက္ၿပီးတစ္ခြက္ေမာ့ခ်ေနသည္။ gay bar မို႔ ျမင္ေနက် dress အတိုေလးေတြနဲ႔ ေကာင္မေလးခပ္မိုက္မိုက္ေတြအစား cross top ကို ေပါင္တံသြယ္သြယ္ေလးေတြ ဖုံးဖိမထားႏိုင္သည့္ ခ်က္ေပၚစကပ္အတိုေလးေတြနဲ႔ sexy က်က် gay အမည္ခံ ေကာင္ေလးေခ်ာေခ်ာေလးေတြသာ မ်က္စိပနံရစြာ ေတြ႕ေနရသည္။

အံ့က်ဴးမ်ိဳးႏြယ္ကေတာ့ ထိုအလွေလးေတြကို မခံစားအား။ စိတ္နဲ႔လူနဲ႔မကပ္စြာပင္ တစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနသည္။ ရဲထြဋ္နဲ႔ ညီမင္းဟန္က မႏိုင္သလို လက္ခါၿပီး ကခုန္ေနၾကသည့္ လိပ္ျပာေလးေတြၾကားထဲ ဝဲပ်ံေနသည္။

“Oppa.. “

Vodka ေမာ့ေနတုန္း အံ့က်ဴးေပါင္ကို လာပြတ္သည့္ လက္ေခ်ာင္းသြယ္သြယ္ေလးေတြ။အသံက ပ်စ္ခြၽဲခ်ိဳအီေနၿပီး ခပ္ညဳညဳေလးေအာ္လိုက္႐ုံနဲ႔ကို ေတာ္႐ုံလူဆို တစ္ခ်ီၿပီးသြားႏိုင္သည့္ စေကး႐ွိသည္။ခြက္ကိုေျမႇာက္ျပလာတာမိုး အသိအမွတ္ျပဳသည့္အေနနဲ႔ ခြက္ခ်င္းတိုက္ကာ တစ္က်ိဳက္တည္းေမာ့ပစ္လိုက္သည္။

ေကာင္ေခ်ာေလးက အသားအေရျဖဴသည့္ဘက္မွာပါၿပီး မ်က္ႏွာတစ္ျပင္လုံး မိတ္ကပ္ေတြေဖြးအုေနေအာင္ လိမ္းထားကာ အျပင္းစား perfume နံ႔ကိုလည္း ရေနသည္။

“Oppa… အေဖာ္မ႐ွိဘူးလားဟင္”

“အဲ့မွာ ျမင္လား”

အလွေလးကို စကားလက္ခံေျပာခ်င္ေပမယ့္ စိတ္ကမၾကည္ေနတာမို႔ ရဲထြဋ္နဲ႔ညီမင္းဟန္ကို လက္ညိႇဳးထိုးၿပီးသာ ဘုဆတ္ဆတ္ေမးလိုက္သည္။ ေကာင္ေလးကေတာ့ bar တစ္ခုလုံး လင္းလက္သြားသလားထင္ရေအာင္ အလွဆုံးျပဳံးၿပီး တုံ႔ျပန္သည္။

“Oppa သူငယ္ခ်င္းေတြလား ငယ္ေျပာတာက Oppa မွာ partner ႐ွိလားေမးတာ ဟင္းဟင္း”

ရယ္သြမ္းေသြးၿပီး ခ်ိဳေနသည့္ စကားအေျပာအဆိုေတြကို အံ့က်ဴးသေဘာက်ေပမယ့္ ရင္ထဲမထိ။ အိမ္က လေရာင္သသေလာက္ ဘယ္သူမွ ခ်စ္စရာေကာင္းမေနဘူးေလ။ ကမ႓ာႀကီးရဲ႕ အလွတရားစစ္ကို အပိုင္ရထားၿပီးသားမို႔ က်န္တာေတြ စိတ္ထဲေရာက္မေနေတာ့။

“႐ွိတယ္…အိမ္မွာ”

“OH God! oppa က ဆိုင္သူ႐ွိေနၿပီလား ႏွေမ်ာလိုက္တာ”

ေကာင္ေလးက ႏွာေခါင္းေလး႐ႈံ႕ၿပီး ရယ္ႀကဲႀကဲေျပာသည္။

“ငယ္က… ဟိုးမွာ သူငယ္ခ်င္းေတြနဲ႔လာတာ”

အနီနဲ႔အျဖဴစင္းအကြက္ပါတဲ့ စကပ္တိုေလးကို ဒူးဖုံး႐ုံဝတ္ထားၿပီး cross topအျဖဴလက္ျပတ္ေလး ဝတ္ထားတဲ့ ငယ္က အံ့က်ဴးမ်က္ႏွာေ႐ွ႕ သူ႕တင္ပါးေတြအလွျပရင္း သူ႕သူငယ္ခ်င္းေတြကို လက္ညိႇဳးၫႊန္ျပသည္။

က်စ္..ဘယ္လိုဟာေလးလဲကြာ….၊

“နာမည္က ငယ္လား..”

အနားကမခြာပဲ ျပဳံးျပဳံးေလးလုပ္ျပလိုက္၊ အံ့က်ဴးအတြက္ ေသာက္စရာယူေပးလိုက္ လုပ္ေနသူကို ၾကာေတာ့ လ်စ္လွ်ဴ႐ႈမထားႏိုင္ေတာ့။တရိပ္ရိပ္တက္လာတဲ့ အရက္႐ွိန္ေၾကာင့္ ထင္သည္။ေဘးက ငယ္ေလးက ေစာေစာကထက္ အမ်ားႀကီးပိုလွလာသည္။

“လႊမ္းရိပ္ငယ္ပါ oppa…အစကေတာ့ oppaအတြက္ ငယ္ေပါ့…ခစ္ခစ္”

Gay bar ကို ခဏခဏေရာက္ေနက်ေပမယ့္ ဘယ္သူနဲ႔မွ ၾကာၾကာလက္ဆုံစကားမေျပာဖူးတာေၾကာင့္လားမသိ။ ေကာင္ေခ်ာေလးရဲ႕ စကားေတြက အနည္းငယ္ရဲတင္းသည့္ဘက္ကို သြားေနသည္။

“ငယ္က…ကိုယ့္ကို သိလို႔လား”

“သိတာေပါ့..ငယ္က oppa ကို ေန႔တိုင္းေမွ်ာ္ေနတဲ့ဥစၥာ….၊ဒီရက္ေတြထဲ oppa ဘယ္ေတြေရာက္ေနတာလဲဟင္ ငယ္..ေန႔တိုင္း လာေစာင့္ေနတာ”

“ေအာ္…personal problem ပါ”

အံ့က်ဴး တိုတိုပဲေျဖလိုက္ၿပီး တစ္ခြက္ၿပီးတစ္ခြက္သာ ေမာ့ေနလိုက္သည္။အိမ္ျပန္ခ်ိန္ေတြ ဘာေတြ နားမလည္ေတာ့။

“စိတ္ပင္ပန္းေနရင္ ငယ္နဲ႔ အိပ္မလား oppa… “

“ဘာ”

Gay bar မွာ သမာ႐ိုးက်ျဖစ္ေလ့ျဖစ္ထဆိုေပမယ့္ အံ့က်ဴးစိတ္ထဲ ေနာက္က်ိသြားရသည္။ လေရာင္သသသာ သူ႕ႏွလုံးသားထဲမွာ ႐ွိမေနရင္ ဒီအလွေလးနဲ႔ အိပ္ဖို႔ ေတြေဝေနမွာ မဟုတ္ေပ။အံ့က်ဴးမ်ိဳးႏြယ္ဆိုတာကလည္း ဘာသားနဲ႔ထုထားတာမလို႔လဲ။

“အဟင့္…ငယ္က…oppa ကို အရမ္းသေဘာက်ေနလို႔ ေျပာမိတာပါ စိတ္မဆိုးပါနဲ႔ေနာ္”

သူအလန္႔တၾကားထေအာ္တာကို လႊမ္းရိပ္ငယ္က သူ႕ကို စိတ္ဆိုး၍ ေအာ္တာထင္သြားသည္။မ်က္ရည္ေလးေတြ ဝိုင္းလာၿပီး အက်ႌစကို လာဆြဲသည္။

“ေဆာရီး…မင္းကို ေအာ္တာမဟုတ္ဘူးငယ္”

“အဲ့တာဆို ငယ္နဲ႔ အိပ္မလားဟင္”

“…”

“ငယ္နဲ႔ အိပ္ခ်င္တဲ့သူေတြ ဒီထဲမွာ အမ်ားႀကီးပဲ oppa ၊ ငယ္က oppa တစ္ေယာက္ထဲကိုပဲ ေတာင့္တတာမလို႔..အဟင့္”

အံ့က်ဴးစိတ္ပ်က္စြာနဲ႔ ဆံပင္ေတြထဲ လက္ထိုးဖြေနမိသည္။ဒီဟာေလးက မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး အတည္ႀကီးေျပာလာတာမို႔ စိတ္႐ႈပ္လာသည္။ လေရာင္သသမွ မဟုတ္ရင္ ဘယ္သူ႕ကို မွန္းလို႔မရေတာ့တာမို႔ အတူအိပ္ဖို႔ဆိုတာကလည္း လေရာင္သသမဟုတ္ရင္ သူ႕ဟာက ေထာင္ေတာင္ေထာင္လာမွ မဟုတ္။သူ႕ေအာက္မွာ ငိုယိုၿပီး ေတာင္းပန္ေနရမယ့္ တစ္ဦးတည္းေသာသူက လေရာင္သသပဲ တစ္သက္လုံးျဖစ္ေနရမည္။

“က်စ္…ေတာ္ၿပီ လႊမ္းရိပ္ငယ္ ၊ ကိုယ္က အားနာလို႔ စကားေျပာေနတာ ကိုယ့္မွာ ခ်စ္သူ႐ွိတယ္ သူကလြဲၿပီး ဘယ္သူနဲ႔မွ မအိပ္ႏိုင္သလို သူကလြဲရင္ ဘယ္သူ႕ကိုမွလည္း လုပ္ေပးႏိုင္မယ္မထင္ဘူး”

အံ့က်ဴး လႊမ္းရိပ္ငယ္ရင္ဘတ္ကို အသာတြန္းၿပီး ေဘးကိုႏွင္ထုတ္လိုက္သည္။သူကိုယ္တိုင္ကေတာ့ တစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနရ၍ ေနရာမွ မထႏိုင္ေသး။

“ေတာက္!”

လႊမ္းရိပ္ငယ္ ခပ္ျပင္းျပင္းတစ္ခ်က္ တက္ေခါက္လိုက္သည္။အံ့က်ဴးမ်ိဳးႏြယ္ ဒီကိုစလာတဲ့အခ်ိန္ကတည္းက ငယ့္မွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ သူ႕ကိုစိတ္ကူးယဥ္ခဲ့ရတာျဖစ္သည္။ေျခာက္ေပစြန္းစြန္းအရပ္႐ွည္ႀကီးနဲ႔ ေတာင့္တင္းတဲ့ ခႏၶာကိုယ္႐ွိတဲ့ oppaက သူ႕လို ဘားရဲ႕ပင္တိုင္အလွပေဂးတစ္ေယာက္နဲ႔ အတူေနသင့္သည္။

ငယ့္ကို ေတာင္းဆိုေနတဲ့သူေတြမ်ားေပမယ့္ တစ္ေယာက္နဲ႔မွ အတူမေနျဖစ္ေသး။ကိုယ္သေဘာက်ရသူနဲ႔သာ ပထမဦးဆုံးညကို ျဖတ္သမ္းခ်င္ၾကသည္ေလ။သူ ေတာင္းဆိုလိုက္သည့္သူကေတာ့ partner ႐ွိေနၿပီးသားအျပင္ သူ႕ကိုပါ ျငင္းလႊတ္လိုက္သည္မို႔ ေအာက္ႏႈတ္ခမ္းကို နာနာကိုက္ၿပီးေတာ့သာ ေဒါသထြက္ေနမိသည္။

မာနကို ထိပါးလိုက္တဲ့သူကို ၾကည့္လိုက္ေတာ့ Vodka ပုလင္းေတြၾကားမွာ ေခါင္းေမွာက္ေနၿပီ။ အေတြးတစ္ခ်က္ ေခါင္းထဲလက္လာၿပီး ငယ္ အျပဳံးတစ္ခုကို ဖန္တီးယူလိုက္သည္။ ငယ့္ရဲ႕ …  First timeက oppaနဲ႔ပဲ ျဖစ္ရမယ္ အံ့က်ဴးမ်ိဳးႏြယ္…။

So_So_Sophia(16.10.2022)
_______________________________________

မနက္ျဖန္ကို နည္းနည္းစိတ္လႈပ္႐ွားၾကည့္လိုက္ရေအာင္☆(ノ◕ヮ◕)ノ*
မေန႔က part(12) ကို ကြၽန္ေတာ္ ေယာင္ၿပီး publishႏွိပ္မိသြားတာပါ။ဖတ္မရဘူး ေျပာေနၾကလို႔ပါ မေန႔ညကတည္းက တင္ေပးဖို႔ေပမယ့္ မၿပီးလိုက္လို႔ပါ႐ွင္။

Tags: read novel My Possessive Of You 12, novel My Possessive Of You 12, read My Possessive Of You 12 online, My Possessive Of You 12 chapter, My Possessive Of You 12 high quality, My Possessive Of You 12 light novel, ,

Comment

Leave a Reply

Chapter 13