My Possessive Of You 21

All chapters are in My Possessive Of You
A+ A-

Relationshipတစ်ခုမှာ နားလည်ပေးနိုင်ဆုံးလူတွေနဲ့ သည်းခံခွင့်လွှတ်တတ်တဲ့လူကသာ အချစ်တတ်ဆုံးတဲ့…။

ဒါဆို ကိုကိုကရော ကိုကိုက သူ့ကိုအချစ်ဆုံးလို့ ထင်ထားခဲ့တာ။သူလုပ်သမျှကို ကိုကိုနားလည်နေနိုင်မယ်ထင်ခဲ့တာ။

ပစ်ခွာသွားသူကိုလည်း အပြစ်မမြင်ရက်။သူ့ကိုမွေးပေးခဲ့တဲ့ မေမေကတောင် လူ့လောကကို စွန့်ခွာပြီး အံ့ကျူးကို စိတ်ချလက်ချထားခဲ့သေးတာ။ဖေဖေရော ဘာထူးလည်း။ဖေဖေလည်း အံ့ကျူးကို စိတ်ကုန်လို့ Aussieကို ထွက်သွားတာမလား။

အဟက်   ကိုကိုကရော ဘာသားနဲ့ထုထားတာမလို့လဲ။

ကိုကိုမရှိတော့လည်း ဝမ်းမနည်းဘူးဆိုရင်တော့ အံ့ကျူး ကိုယ့်ကိုကိုယ်လိမ်တာပဲ ဖြစ်ပါလိမ့်မည်။မျက်ခမ်းစပ်တွေရဲတက်လာကာ မျက်ရည်မကျမိအောင် အံကိုသာတင်းတင်းကြိတ်ထားလိုက်သည်။

“Ring Ring”

“Boss, clientရောက်နေပါတယ်”

အသံမက်ဆေ့ဝင်လာတော့မှ သတိဝင်လာပြီး ကိုယ်ကိုမတ်ထားလိုက်သည်။လရောင်သသကိုပြန်တွေ့ရင် တစ်နေရာရာမှာ လှောင်ထားလိုက်ဖို့လည်း တွေးလိုက်သည်။တစ်သက်လုံး သူ့အပိုင်ဖြစ်လာခဲ့တဲ့လူက အံ့ကျူးဆီက ထွက်ပြေးလို့ရမတဲ့လား။

လက်မှတ်ထိုးအတည်ပြုပေးပြီးတော့ တစ်ဖက်က ကိုယ်စားလှယ်က ပိုပိုလျှံလျှံပင်ပြုံးပြလာသည်။

“Universe နဲ့ လက်တွဲရတာ တော်တော်ကို စိတ်ကျေနပ်ရပါတယ် ဖြစ်နိုင်ရင် ကျွန်တော်တို့ Moon land ကလည်း Universe မှာ ရှယ်ယာပါချင်ပါတယ်”

“ဟုတ်ကဲ့ ဒီလ ရှယ်ယာရှင်ဆွေးနွေးပွဲကျရင်Moon land ကိုလည်း ဖိတ်လိုက်ပါမယ်”

“Universe CEO ရဲ့ သတင်းကလည်း စီးပွားရေးလောကမှာ အတော်လေးကို နာမည်ကြီးနေပါပြီ ဒီလောကထဲ အခုမှဝင်လာပြီး မထင်မှတ်ထားအောင်လုပ်နိုင်လို့ တော်တော်အံ့သြနေကြရတယ်”

“ကျွန်တော် နောက်ထပ်တွေ့စရာလူတွေရှိသေးလို့ ကိစ္စပြီးရင် ပြန်နိုင်ပါပြီ”

“ခင်မျာ”

အံ့ကျူးသည်းခံနေသေးပေမယ့် ရင်ထဲကမပါပဲ ဟန်ဆောင်ပြုံးနေရပြီး အပိုစကားတွေပြောရတာ မကြိုက်။ကိုယ်စားလှယ်လူကြီးက အပိုစကားတွေပြောလွန်းသည်။မြှောက်ပင့်နေတာတွေကို မကြိုက် လိုရင်းကိုပြောတာပဲ သဘောကျသည်။သိသိသာသာမျက်နှာပျက်သွားပေမယ့် ချက်ချင်းပင် ပြုံးရွှင်သွားသည်။

“ဒါဆိုလည်း ဦးကိုခွင့်ပြုပါအုန်း”

အံ့ကျူး ခေါင်းသာ ညိတ်ပြလိုက်သည်။ဖြစ်နိုင်ရင် ဘာစကားမှ မပြောချင်။ဟန်ဆောင်ပြီး တင်းမာနေရပေမယ့် ရင်ထဲဆို့နစ်နေသည်။

ဘယ်သူမှ လိုချင်တာမခံရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်က သိပ်ကို သိမ်ငယ်လွန်းပါသည်။အံ့ကျူးအနားမှာ ဘယ်သူမှ မရှိတော့ရင်တောင် လရောင်သသကတော့ ရှိနေပေးမယ်ထင်ခဲ့တာ။သူ့ကို လိုလိုချင်ချင်နဲ့ အမြဲတမ်းချစ်ပေးနိုင်မယ်ထင်ခဲ့တာ။

လွင့်ထွက်သွားချင်လောက်အောင် စိတ်တွေထွေးပြားလွန်းနေသည်။လဲပြိုလိုက်ချင်ပေမယ့် အခုချိန်မှာ သူ့အတွက်သူပဲရှိတော့သည်။

“မင်းဟန် ငါတို့ butterfly မှာတွေ့ကြရအောင်”

“…”

“အခုပဲ ထွက်ခဲ့တော့”

Company ကနေ စောစောထွက်လာခဲ့ပြီး butterfly ကိုပဲ အံ့ကျူး ဦးတည်လိုက်သည်။စိတ်တွေ ရှုပ်ထွေးပြီး တစ်ခဏတာလောက် ပစ္စုပ္ပန်ကို မေ့ထားကြည့်ချင်သည်။
ကျန်ရစ်ခဲ့တဲ့သူနဲ့ ချန်ထားခဲ့တဲ့သူဆိုရင် ဘယ်သူက ပိုနာကျင်လောက်သလဲ။

လရောင်ရော အခုအဆင်ပြေရဲ့လား..။
ဘယ်များရောက်နေမလဲ။အိမ်ကထွက်ခဲ့တုန်းက မြို့အနှံ့စည်ပင်အချို့နဲ့ ကားဂိတ်တွေကို စုံစမ်းထားသည်အရတော့ ညက လရောင်သသ ဒီမြို့ကနေ ဘယ်မှ ထွက်သွားနိုင်သေးပုံမရ။ဘေးကင်းနေမယ်လို့လည်း ယူဆရသည်။

အချိန်တန်ရင် ပြန်လာရမယ့်နေရာက အံ့ကျူးမျိုးနွယ်ဆိုတဲ့ ကျုပ်ဆီကိုပဲ ဆိုတာ လရောင်သသ မေ့များနေသလား။

မီးရောင်တွေနဲ့ တီးလုံးတွေ မြူးကြွနေတဲ့ လူကြားထဲ တိုးဝင်ပြီး ကိုယ်ကိုလှုပ်ရှားလိုက်သည်။လရောင်သသကို ခဏတာများမေ့နိုင်လောက်မလား။

“ဟေး…ယူ”

အနက်ရောင်ကိုယ်ကျပ်နဲ့ မိန်းမလှလေးလို ပြင်ဆင်ထားတဲ့ ကောင်လေးတစ်ယောက်က အံ့ကျူး မျက်နှာကို လက်ဖဝါးပြင်နဲ့ ပွတ်သပ်လာသည်။နုယွယွအထိအတွေ့က အံ့ကျူးအတွက်တော့ အမှိုက်တစ်ခု မျက်နှာပေါ်တင်နေသလိုပင်။ဂရုမစိုက်စွာပင် ဆက်ကနေလိုက်တော့ လည်တိုင်တွေအထိပါ လက်ချောင်းတွေနဲ့ ဆော့ကစားသည်။

ဒီလိုအဖြစ်မျိုး တစ်ခါကြုံထားဘူးတော့ စိတ်ပြေလိုပြေငြား ကနေပေမယ့်လည်း အံ့ကျူး ထိုအရှုပ်ထုပ်ကလေးကို သတိထားနေရသည်။လွှမ်းရိပ်ငယ်နဲ့တုန်းကလိုတော့ အဖြစ်မခံနိုင်တော့။

“အင့်”

အင်္ကျီကြယ်သီးပြုတ်နေတဲ့ ရင်ဘတ်ဆီကိုပါ လက်နဲ့လာပွတ်တော့ အံ့ကျူး ဆောင့်တွန်းပစ်လိုက်သည်။လရောင်သသကလွဲရင် သူတွေ့ဖူးသမျှ Gay ကောင်လေးတော်တော်များများက အံ့ကျူးနဲ့ အိပ်ချင်နေကြတာ။

ကောင်လေး လဲကျသွားတော့ အနားမှာကနေကြတဲ့ လူတွေကလည်း အနည်းငယ်တော့ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

“Tom အဆင်ပြေရဲ့လား ဘယ်လိုဖြစ်သွားတာလဲ”

“ဟို ဒီက ကိုကြီးကို တောင်းပန်ပါတယ်၊ Tom က သူကြိုက်ရင် တစ်ခုတည်းဆွဲဆောင်ဖို့ ကြိုးစားတော့တာပဲ”

ယောကျ်ားတွေရဲ့ အထာကိုနပ်နေပုံရတဲ့ ကောင်လေးတစ်ယောက်က ကြားထဲက ဝင်ပြောသည်။Tom ဆိုတဲ့ ကောင်လေးကတော့ အံ့ကျူးကိုမော့တောင်မကြည့်တော့။ရှက်သွားတာလည်းဖြစ်မည်။

“နောက်ခါ ငါ့မျက်စိရှေ့ကို ပေါ်မလာနဲ့”

အံ့ကျူး လက်နှစ်ချောင်းနဲ့ သတိထားနေဆိုတဲ့အမူအရာကိုပြလိုက်တော့ သူ့ဘေးနားက အဖော်တွေက နှာခေါင်းရှုံ့တဲ့သူက ရှုံ့သည်။

“ဘာဖြစ်နေတာလဲ သားကြီး”

ညီမင်းဟန်ပါရောက်လာတော့ စောစောကကောင်လေးတွေက သူတို့လူကို ခေါ်ပြီး အံ့ကျူးတို့ရှေ့ကနေ ထွက်သွားသည်။မကျေနပ်တဲ့ အကြည့်တွေမြင်ရပေမယ့် အံ့ကျူးနှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

“အလကားပါကွာ”

အံ့ကျူး ခေါင်းသာယမ်းပြလိုက်ပြီး လူလွတ်နေတဲ့ ဝိုင်းမှာဝင်ထိုင်လိုက်သည်။ရဲထွဋ်ကတော့ပါမလာ။

“ရုတ်တရက်ကြီး ဘာကိစ္စရှိလို့လဲ အံ့ကျူး”

“အရက်သောက်ချင်လို့ အဖော်မရှိလို့ ”

“ဟင်”

ညီမင်းဟန် ပါးစပ်အဟောင်းသားဖြစ်သွားရုံမှအပ ဘာမှမတတ်နိုင်။အံ့ကျူးမျိုးနွယ်က ရှေ့မှာချထားတဲ့ ခွက်တွေကို ကောက်မော့နေပြီ။ဒီနေရာမျိုးက ခွက်တွေထဲ တစ်ခုမဟုတ်တစ်ခုထည့်ထားတတ်တယ်ဆိုတာ ဒီကောင်မေ့များနေသလား။

ဘယ်မှာထိုင်ထိုင် parking မဖောက်ရသေးတဲ့ အရက်တွေပဲ သောက်လေ့ရှိတဲ့သူက ပစ်စလက်ခတ်သောက်နေသည်။အံ့ကျူးပုံစံက ညှင်းသိုးသိုးနဲ့ ရှုပ်ထွေးစရာကောင်းနေတာမို့ ညီမင်းဟန်အခြေအနေမကောင်းတာကိုတော့ သိသည်။

“ဟေ့ကောင် ရပ်အုန်း”

ကောင်တာမှာ စီချထားတဲ့ ခွက်တွေတစ်ခွက်ပြီးတစ်ခွက်ကောက်မော့လိုက်တာက လည်ချောင်းထဲအဆက်မပြတ်ဖြစ်နေလောက်သည်။အံ့ကျူးကတော့ ညီမင်းဟန်ကို ရှိတယ်လို့တောင် အောက်မေ့ပုံမပေါ်။နားမထောင်ပဲ တစ်ခွက်ပြီးတစ်ခွက်သာ ဆက်သောက်နေသည်။

“ဟေ့ကောင်”

“အေ့  အင်း”

လက်ထဲက ခွက်ကိုအတင်းလုလိုက်တော့မှ ခေါင်းထောင်ကြည့်လာသည်။မျက်လုံးအိမ်က လိုတာထက်ပိုပြီးစိုရွှဲနေသည်။ဒီကောင် ငိုများနေသလား။

“ဘာပြဿနာရှိလိို့လဲ”

“ဟင်”

အံ့ကျူးမျက်နှာက အနည်းငယ်ဆွေးဆွေးမြည့်မြည့်ဖြစ်သွားသည်။ဒီကောင် တစ်ခုခုဖြစ်နေတာ သေချာသွားပြီ။

“အဆင်မပြေတာရှိလို့လား ငအံ့”

“လရောင်သသ ငါ့ကိုထားသွားပြီ”

“ဘာ”

“ငါ…ငါ ဘာလုပ်သင့်လဲဟင်”

အသံကပင် အနည်းငယ်တိမ်ဝင်သွားသည်။

“အကိုလရောင်က မင်းကိုထားပြီး ဘယ်သွားတာလဲ”

“မသိဘူး  လရောင်သသက ငါ့ကိုမလိုချင််တော့ဘူး”

“အဲ့တာကြောင့် အနိုင်မကျင့်နဲ့လို့ ငါမပြောခဲ့ဘူးလားကွာ”

ခေါင်းကြီးငုံ့ပြီး မျက်နှာကိုလက်နဲ့အုပ်လိုက်သူကြောင့် ညီမင်းဟန် စိတ်မကောင်းဖြစ်ရုံမှအပမတတ်နိုင်။ကိုယ့်ကောင်အကြောင်းလည်း သိသည်။အချစ်ကို ကောင်းကောင်းမခံစားဘူးတော့ ဘယ်လိုချစ်ပေးရမယ်ဆိုတာလည်း သူမသိ။အကိုလရောင် အလျှော့ပေးသလောက် အံ့ကျူးမျိုးနွယ်က အနိုင်ကျင့်လွန်းသည်။

“ဒါပေမယ့် ရာဇာထူးဟန်နဲ့ ဆက်သွယ်နေတာ ငါမကြိုက်ဘူး”

“မကြိုက်ရင် မကြိုက်ကြောင်းပြောရမှာ မင်းလေ သူက မင်းကို သိပ်ချစ်ပေးတာပဲ သူပြင်ပေးမှာပါ”

“မသိတော့ဘူးကွာ”

နဖူးကိုလက်နဲ့ထောက်ထားပြီး အရက်ခွက်ကို ထပ်လှမ်းနေတဲ့ကောင်ကြောင့် ညီမင်းဟန်လက်ကို ပုတ်ထုတ်လိုက်ရသည်။အရက်သောက်တာ ရက်ဆက်နေပြီမို့ အစာအိမ်အတွက် ထိခိုက်လာစေနိုင်သည်။

“အရင်ကိစ္စတွေကို ထားလိုက်တော့ အခုဘယ်လိုလုပ်မလဲ၊ အကိုလရောင်ကို မင်းမရှာဘူးလား”

“မရှာဘူး။ သူ့ပိုင်ရှင်က ငါပဲ သူငါ့ဆီပဲ ပြန်လာရမှာ”

“ဒါပေမယ့် မင်းသူ့ကို ရှာပြီးတောင်းပန်သင့်တယ် ငအံ့”

“တောင်းပန်ရမယ်၊ အဟက် ငါကလား မင်းဟန် ငါကတောင်းပန်ရမှာလား”

“အင်း”

“ဟင့်အင် ငါ့ခွင့်ပြုချက်မပါပဲ ထွက်ပြေးသွားတဲသူကပဲ ငါ့ကို တောင်းပန်ရမှာ”

“ဟင်…။ ငအံ့ မင်းကွာ…”

ညီမင်းဟန် ဘာမှမပြောချင်တော့။ ဆက်တိုက်သောက်နေတဲ့လူကိုသာ အိမ်လိုက်ပို့ဖို့တွေးထားလိုက်သည်။အကိုလရောင်ထားသွားတာနဲ့ ပစ်စလက်ခတ်ဖြစ်သွားတဲ့လူက မာနကြီးနေသေးသည်။ဒီကောင် မာနသိပ်ကြီးတယ်ဆိုတာ သိပေမယ့် လတ်တလောက သူ့ရဲ့ကျရှုံးခန်းဖြစ်နေသည်ကိုတော့ သိထားရမည်လေ။

•••••••

လရောင် နေ့ချင်းညချင်းပြောင်းလဲသွားတဲ့သူ့ဘဝကို အံ့သြနေမိသည်။မနေ့ကအထိ မိဘမဲ့တစ်ကောင်ကြွက်တစ်ယောက်အဖြစ် ဖိုးအိမ်မှာ ရှိနေခဲ့တဲ့ လရောင်က အိမ်ကထွက်လာတဲ့ ညမှာပဲ အကိုအရင်းဖြစ်သူနဲ့တွေ့ခဲ့ရသလို ဆွေမျိုးရင်းချာ ကြီးကြီးလည်းရှိနေသေးသည်တဲ့လေ။

“Ring Ring”

Message noti ဝင်လာတာနဲ့ အံ့ကျူးများဖြစ်နေမလားဆိုပြီး စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်လိုက်တော့ ရာဇာ့ဆီက ဖြစ်နေသည်။ဖုန်းကို ဆိုဖာပေါ်ကို ပစ်ချလိုက်ပြီး မျက်လုံးတွေကိုသာ မှိတ်ထားလိုက်မိသည်။ အိမ်ကထွက်လာခဲ့ပေမယ့်လည်း ဆက်သွယ်လို ဆက်သွယ်ငြား ဖုန်းကိုတော့ဖွင့်ထားမိသည်။စိတ်ပျက်လို့ ထွက်လာတယ်ဆိုပေမယ့်လည်း ဂရုတစိုက်နဲ့ လိုက်ခေါ်တာခံချင်သေးသည်။

မက်ဆေ့ချ်နဲ့ဆက်သွယ်ရင်တောင် အမြန်သိရအောင်ဆိုပြီး ဖုန်းကို လက်နဲ့မကွာထားခဲ့ပေမယ့် ယောင်လို့တောင်ရောက်မလာခဲ့ပေ။တကယ်ကို အံ့ကျူးမျိုးနွယ်က သူ့ကို မချစ်ခဲ့ဘူးပဲ။

ခိုလှုံစရာမိသားစုရှိနေပြီဆိုပေမယ့် ဖိုးရဲ့ကျေးဇူးက လရောင်အပေါ်မှာ အများကြီးရှိသည်။တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတဲ့အတိုင်း ဖိုးတို့ကျေးဇူးက လရောင်အပေါ်မှာ ဆပ်မကုန်နိုင်အောင်များပြားလွန်းသည်။နေ့ခင်းက ကြီးကြီးကို ပြောပြတော့ ကြီးကြီးက ငိုသည်။ကျေးဇူးရှိတဲ့သူကို တတ်နိုင်တဲ့ဘက်ကနေ ကျေးဇူးဆပ်ရမည်တဲ့။

ကိုနေ အလုပ်ပိတ်ရက်ရောက်ရင်တော့ လရောင်တို့ ဖိုးကို ဆက်သွယ်ဖို့တွေးထားသည်။အံ့ကျူးမျိုးနွယ်ဆီကိုလည်း သေချာပေါက်သွားတွေ့ရအုန်းမည်။ဖြစ်နိုင်ရင် အခုချက်ချင်းပြေးတွေ့ပြီး မဆက်သွယ်ပဲ နေစိမ့်လွန်းတဲ့အကြောင်း မေးလိုက်ချင်သည်။တကယ်ပဲ ခန္ဓာကိုယ်ရရုံသက်သက် အသုံးချခဲ့တာဆိုရင် လရောင် အံ့ကျူးကို စွန့်လွှတ်ပစ်လိုက်ဖို့ ခိုင်လုံနေပြီ။

“သားငယ်လေး ညနေစာစားပြီးပြီလား”

“ဟုတ်ကဲ့ ကြီးကြီး”

“သားငယ်လေးကို ဒီလိုပုံစံနဲ့ တွေ့ရလိမ့်မယ်လို့ ကြီးကြီးလုံးဝထင်မထားဘူးကွယ်”

ဒီအတိုင်းဖြန့်ချထားတဲ့ လရောင်ဆံပင်တွေကို လက်နဲ့အသာဖွပြီး ကြီးကြီးက ရယ်သံစွက်ပြောသည်။ရုတ်တရက်ပေါ်လာတဲ့ မိသားစုအရိပ်အမြုံလေးဆိုပေမယ့် လရောင်ရဲ့ ဖြစ်တည်မှုကို လက်ခံပေးနိုင်တဲ့ အခြေအနေမို့ ပီတိဖြစ်ရပါသည်။

“အရင်နေခဲ့တဲ့အိမ်က သားငယ်လေးပစ္စည်းတွေ သွားယူအုန်းမလားဟင်၊မောင်ထွေးကို လိုက်ပို့ခိုင်းလိုက်မယ်လေ”

အဝတ်အစားအချို့ပါပေမယ့် ညက လမ်းမှာဆွဲလားရမ်းလားဖြစ်ခဲ့ကြောင်း ကိုနေက ကြီးကြီးကို ပြောပြထားတာကြောင့် ထိုအိတ်ထဲက အသုံးအဆောင်တွေကို မထိခိုင်းတော့ပေ။ရုတ်တရက်ရလိုက်တဲ့ နွေးထွေးမှုနဲ့ ဂရုစိုက်မှုက ဘာနဲ့မှကို မလဲနိုင်။လရောင် သိပ်ကိုလုံခြုံနေရသည်။

“ဟုတ် ကြီးကြီး၊ မိုးသိပ်မချုပ်သေးတော့ ကျွန်တော် အခုပဲသွားလိုက်မယ်လေ”

“အေးအေး အိမ်သားတွေလည်း ပျော်နေကြမှာပါကွယ်”

တစ်နေ့လုံးမဆက်သွယ်ပဲ နေစိမ့်နိုင်သူကြီးကို လရောင်တွေ့ချင်နေလှပါပြီ။

SophiaMoon783
_________________________________________

ငအံ့ရဲ့ စိတ်နဲ့ ကျွန်တော့်လတ်တလောခံစားချက်နဲ့ ကိုက်ညီလွန်းနေပါတယ်….။ဖားသားအပ်ပေးတဲ့ Japanese online class အချိန်တွေနဲ့ bl series တွေကြည့်နေမိလို့ ကျွန်တော် update ချိန် တအားနောက်ကျသွားပါတယ်။ အပြစ်ခံယူတဲ့အနေနဲ့ အချစ်တွေပို့လိုက်ပါတယ်…။အိပ်မက်လှလှမက်ကြပါစေရှင့်။

Relationshipတစ္ခုမွာ နားလည္ေပးႏိုင္ဆုံးလူေတြနဲ႔ သည္းခံခြင့္လႊတ္တတ္တဲ့လူကသာ အခ်စ္တတ္ဆုံးတဲ့…။

ဒါဆို ကိုကိုကေရာ ကိုကိုက သူ႕ကိုအခ်စ္ဆုံးလို႔ ထင္ထားခဲ့တာ။သူလုပ္သမွ်ကို ကိုကိုနားလည္ေနႏိုင္မယ္ထင္ခဲ့တာ။

ပစ္ခြာသြားသူကိုလည္း အျပစ္မျမင္ရက္။သူ႕ကိုေမြးေပးခဲ့တဲ့ ေမေမကေတာင္ လူ႕ေလာကကို စြန္႔ခြာၿပီး အံ့က်ဴးကို စိတ္ခ်လက္ခ်ထားခဲ့ေသးတာ။ေဖေဖေရာ ဘာထူးလည္း။ေဖေဖလည္း အံ့က်ဴးကို စိတ္ကုန္လို႔ Aussieကို ထြက္သြားတာမလား။

အဟက္   ကိုကိုကေရာ ဘာသားနဲ႔ထုထားတာမလို႔လဲ။

ကိုကိုမ႐ွိေတာ့လည္း ဝမ္းမနည္းဘူးဆိုရင္ေတာ့ အံ့က်ဴး ကိုယ့္ကိုကိုယ္လိမ္တာပဲ ျဖစ္ပါလိမ့္မည္။မ်က္ခမ္းစပ္ေတြရဲတက္လာကာ မ်က္ရည္မက်မိေအာင္ အံကိုသာတင္းတင္းႀကိတ္ထားလိုက္သည္။

“Ring Ring”

“Boss, clientေရာက္ေနပါတယ္”

အသံမက္ေဆ့ဝင္လာေတာ့မွ သတိဝင္လာၿပီး ကိုယ္ကိုမတ္ထားလိုက္သည္။လေရာင္သသကိုျပန္ေတြ႕ရင္ တစ္ေနရာရာမွာ ေလွာင္ထားလိုက္ဖို႔လည္း ေတြးလိုက္သည္။တစ္သက္လုံး သူ႕အပိုင္ျဖစ္လာခဲ့တဲ့လူက အံ့က်ဴးဆီက ထြက္ေျပးလို႔ရမတဲ့လား။

လက္မွတ္ထိုးအတည္ျပဳေပးၿပီးေတာ့ တစ္ဖက္က ကိုယ္စားလွယ္က ပိုပိုလွ်ံလွ်ံပင္ျပဳံးျပလာသည္။

“Universe နဲ႔ လက္တြဲရတာ ေတာ္ေတာ္ကို စိတ္ေက်နပ္ရပါတယ္ ျဖစ္ႏိုင္ရင္ ကြၽန္ေတာ္တို႔ Moon land ကလည္း Universe မွာ ႐ွယ္ယာပါခ်င္ပါတယ္”

“ဟုတ္ကဲ့ ဒီလ ႐ွယ္ယာ႐ွင္ေဆြးေႏြးပြဲက်ရင္Moon land ကိုလည္း ဖိတ္လိုက္ပါမယ္”

“Universe CEO ရဲ႕ သတင္းကလည္း စီးပြားေရးေလာကမွာ အေတာ္ေလးကို နာမည္ႀကီးေနပါၿပီ ဒီေလာကထဲ အခုမွဝင္လာၿပီး မထင္မွတ္ထားေအာင္လုပ္ႏိုင္လို႔ ေတာ္ေတာ္အံ့ၾသေနၾကရတယ္”

“ကြၽန္ေတာ္ ေနာက္ထပ္ေတြ႕စရာလူေတြ႐ွိေသးလို႔ ကိစၥၿပီးရင္ ျပန္ႏိုင္ပါၿပီ”

“ခင္မ်ာ”

အံ့က်ဴးသည္းခံေနေသးေပမယ့္ ရင္ထဲကမပါပဲ ဟန္ေဆာင္ျပဳံးေနရၿပီး အပိုစကားေတြေျပာရတာ မႀကိဳက္။ကိုယ္စားလွယ္လူႀကီးက အပိုစကားေတြေျပာလြန္းသည္။ေျမႇာက္ပင့္ေနတာေတြကို မႀကိဳက္ လိုရင္းကိုေျပာတာပဲ သေဘာက်သည္။သိသိသာသာမ်က္ႏွာပ်က္သြားေပမယ့္ ခ်က္ခ်င္းပင္ ျပဳံး႐ႊင္သြားသည္။

“ဒါဆိုလည္း ဦးကိုခြင့္ျပဳပါအုန္း”

အံ့က်ဴး ေခါင္းသာ ညိတ္ျပလိုက္သည္။ျဖစ္ႏိုင္ရင္ ဘာစကားမွ မေျပာခ်င္။ဟန္ေဆာင္ၿပီး တင္းမာေနရေပမယ့္ ရင္ထဲဆို႔နစ္ေနသည္။

ဘယ္သူမွ လိုခ်င္တာမခံရတဲ့ လူတစ္ေယာက္ရဲ႕ ခံစားခ်က္က သိပ္ကို သိမ္ငယ္လြန္းပါသည္။အံ့က်ဴးအနားမွာ ဘယ္သူမွ မ႐ွိေတာ့ရင္ေတာင္ လေရာင္သသကေတာ့ ႐ွိေနေပးမယ္ထင္ခဲ့တာ။သူ႕ကို လိုလိုခ်င္ခ်င္နဲ႔ အၿမဲတမ္းခ်စ္ေပးႏိုင္မယ္ထင္ခဲ့တာ။

လြင့္ထြက္သြားခ်င္ေလာက္ေအာင္ စိတ္ေတြေထြးျပားလြန္းေနသည္။လဲၿပိဳလိုက္ခ်င္ေပမယ့္ အခုခ်ိန္မွာ သူ႕အတြက္သူပဲ႐ွိေတာ့သည္။

“မင္းဟန္ ငါတို႔ butterfly မွာေတြ႕ၾကရေအာင္”

“…”

“အခုပဲ ထြက္ခဲ့ေတာ့”

Company ကေန ေစာေစာထြက္လာခဲ့ၿပီး butterfly ကိုပဲ အံ့က်ဴး ဦးတည္လိုက္သည္။စိတ္ေတြ ႐ႈပ္ေထြးၿပီး တစ္ခဏတာေလာက္ ပစၥဳပၸန္ကို ေမ့ထားၾကည့္ခ်င္သည္။
က်န္ရစ္ခဲ့တဲ့သူနဲ႔ ခ်န္ထားခဲ့တဲ့သူဆိုရင္ ဘယ္သူက ပိုနာက်င္ေလာက္သလဲ။

လေရာင္ေရာ အခုအဆင္ေျပရဲ႕လား..။
ဘယ္မ်ားေရာက္ေနမလဲ။အိမ္ကထြက္ခဲ့တုန္းက ၿမိဳ႕အႏွံ႔စည္ပင္အခ်ိဳ႕နဲ႔ ကားဂိတ္ေတြကို စုံစမ္းထားသည္အရေတာ့ ညက လေရာင္သသ ဒီၿမိဳ႕ကေန ဘယ္မွ ထြက္သြားႏိုင္ေသးပုံမရ။ေဘးကင္းေနမယ္လို႔လည္း ယူဆရသည္။

အခ်ိန္တန္ရင္ ျပန္လာရမယ့္ေနရာက အံ့က်ဴးမ်ိဳးႏြယ္ဆိုတဲ့ က်ဳပ္ဆီကိုပဲ ဆိုတာ လေရာင္သသ ေမ့မ်ားေနသလား။

မီးေရာင္ေတြနဲ႔ တီးလုံးေတြ ျမဴးႂကြေနတဲ့ လူၾကားထဲ တိုးဝင္ၿပီး ကိုယ္ကိုလႈပ္႐ွားလိုက္သည္။လေရာင္သသကို ခဏတာမ်ားေမ့ႏိုင္ေလာက္မလား။

“ေဟး…ယူ”

အနက္ေရာင္ကိုယ္က်ပ္နဲ႔ မိန္းမလွေလးလို ျပင္ဆင္ထားတဲ့ ေကာင္ေလးတစ္ေယာက္က အံ့က်ဴး မ်က္ႏွာကို လက္ဖဝါးျပင္နဲ႔ ပြတ္သပ္လာသည္။ႏုယြယြအထိအေတြ႕က အံ့က်ဴးအတြက္ေတာ့ အမိႈက္တစ္ခု မ်က္ႏွာေပၚတင္ေနသလိုပင္။ဂ႐ုမစိုက္စြာပင္ ဆက္ကေနလိုက္ေတာ့ လည္တိုင္ေတြအထိပါ လက္ေခ်ာင္းေတြနဲ႔ ေဆာ့ကစားသည္။

ဒီလိုအျဖစ္မ်ိဳး တစ္ခါၾကဳံထားဘူးေတာ့ စိတ္ေျပလိုေျပျငား ကေနေပမယ့္လည္း အံ့က်ဴး ထိုအ႐ႈပ္ထုပ္ကေလးကို သတိထားေနရသည္။လႊမ္းရိပ္ငယ္နဲ႔တုန္းကလိုေတာ့ အျဖစ္မခံႏိုင္ေတာ့။

“အင့္”

အက်ႌၾကယ္သီးျပဳတ္ေနတဲ့ ရင္ဘတ္ဆီကိုပါ လက္နဲ႔လာပြတ္ေတာ့ အံ့က်ဴး ေဆာင့္တြန္းပစ္လိုက္သည္။လေရာင္သသကလြဲရင္ သူေတြ႕ဖူးသမွ် Gay ေကာင္ေလးေတာ္ေတာ္မ်ားမ်ားက အံ့က်ဴးနဲ႔ အိပ္ခ်င္ေနၾကတာ။

ေကာင္ေလး လဲက်သြားေတာ့ အနားမွာကေနၾကတဲ့ လူေတြကလည္း အနည္းငယ္ေတာ့႐ုတ္႐ုတ္သဲသဲျဖစ္သြားသည္။

“Tom အဆင္ေျပရဲ႕လား ဘယ္လိုျဖစ္သြားတာလဲ”

“ဟို ဒီက ကိုႀကီးကို ေတာင္းပန္ပါတယ္၊ Tom က သူႀကိဳက္ရင္ တစ္ခုတည္းဆြဲေဆာင္ဖို႔ ႀကိဳးစားေတာ့တာပဲ”

ေယာက်္ားေတြရဲ႕ အထာကိုနပ္ေနပုံရတဲ့ ေကာင္ေလးတစ္ေယာက္က ၾကားထဲက ဝင္ေျပာသည္။Tom ဆိုတဲ့ ေကာင္ေလးကေတာ့ အံ့က်ဴးကိုေမာ့ေတာင္မၾကည့္ေတာ့။႐ွက္သြားတာလည္းျဖစ္မည္။

“ေနာက္ခါ ငါ့မ်က္စိေ႐ွ႕ကို ေပၚမလာနဲ႔”

အံ့က်ဴး လက္ႏွစ္ေခ်ာင္းနဲ႔ သတိထားေနဆိုတဲ့အမူအရာကိုျပလိုက္ေတာ့ သူ႕ေဘးနားက အေဖာ္ေတြက ႏွာေခါင္း႐ႈံ႕တဲ့သူက ႐ႈံ႕သည္။

“ဘာျဖစ္ေနတာလဲ သားႀကီး”

ညီမင္းဟန္ပါေရာက္လာေတာ့ ေစာေစာကေကာင္ေလးေတြက သူတို႔လူကို ေခၚၿပီး အံ့က်ဴးတို႔ေ႐ွ႕ကေန ထြက္သြားသည္။မေက်နပ္တဲ့ အၾကည့္ေတြျမင္ရေပမယ့္ အံ့က်ဴးႏႈတ္ခမ္းတြန္႔႐ုံျပဳံးလိုက္သည္။

“အလကားပါကြာ”

အံ့က်ဴး ေခါင္းသာယမ္းျပလိုက္ၿပီး လူလြတ္ေနတဲ့ ဝိုင္းမွာဝင္ထိုင္လိုက္သည္။ရဲထြဋ္ကေတာ့ပါမလာ။

“႐ုတ္တရက္ႀကီး ဘာကိစၥ႐ွိလို႔လဲ အံ့က်ဴး”

“အရက္ေသာက္ခ်င္လို႔ အေဖာ္မ႐ွိလို႔ ”

“ဟင္”

ညီမင္းဟန္ ပါးစပ္အေဟာင္းသားျဖစ္သြား႐ုံမွအပ ဘာမွမတတ္ႏိုင္။အံ့က်ဴးမ်ိဳးႏြယ္က ေ႐ွ႕မွာခ်ထားတဲ့ ခြက္ေတြကို ေကာက္ေမာ့ေနၿပီ။ဒီေနရာမ်ိဳးက ခြက္ေတြထဲ တစ္ခုမဟုတ္တစ္ခုထည့္ထားတတ္တယ္ဆိုတာ ဒီေကာင္ေမ့မ်ားေနသလား။

ဘယ္မွာထိုင္ထိုင္ parking မေဖာက္ရေသးတဲ့ အရက္ေတြပဲ ေသာက္ေလ့႐ွိတဲ့သူက ပစ္စလက္ခတ္ေသာက္ေနသည္။အံ့က်ဴးပုံစံက ညႇင္းသိုးသိုးနဲ႔ ႐ႈပ္ေထြးစရာေကာင္းေနတာမို႔ ညီမင္းဟန္အေျခအေနမေကာင္းတာကိုေတာ့ သိသည္။

“ေဟ့ေကာင္ ရပ္အုန္း”

ေကာင္တာမွာ စီခ်ထားတဲ့ ခြက္ေတြတစ္ခြက္ၿပီးတစ္ခြက္ေကာက္ေမာ့လိုက္တာက လည္ေခ်ာင္းထဲအဆက္မျပတ္ျဖစ္ေနေလာက္သည္။အံ့က်ဴးကေတာ့ ညီမင္းဟန္ကို ႐ွိတယ္လို႔ေတာင္ ေအာက္ေမ့ပုံမေပၚ။နားမေထာင္ပဲ တစ္ခြက္ၿပီးတစ္ခြက္သာ ဆက္ေသာက္ေနသည္။

“ေဟ့ေကာင္”

“ေအ့  အင္း”

လက္ထဲက ခြက္ကိုအတင္းလုလိုက္ေတာ့မွ ေခါင္းေထာင္ၾကည့္လာသည္။မ်က္လုံးအိမ္က လိုတာထက္ပိုၿပီးစို႐ႊဲေနသည္။ဒီေကာင္ ငိုမ်ားေနသလား။

“ဘာျပႆနာ႐ွိလိိဳ႕လဲ”

“ဟင္”

အံ့က်ဴးမ်က္ႏွာက အနည္းငယ္ေဆြးေဆြးျမည့္ျမည့္ျဖစ္သြားသည္။ဒီေကာင္ တစ္ခုခုျဖစ္ေနတာ ေသခ်ာသြားၿပီ။

“အဆင္မေျပတာ႐ွိလို႔လား ငအံ့”

“လေရာင္သသ ငါ့ကိုထားသြားၿပီ”

“ဘာ”

“ငါ…ငါ ဘာလုပ္သင့္လဲဟင္”

အသံကပင္ အနည္းငယ္တိမ္ဝင္သြားသည္။

“အကိုလေရာင္က မင္းကိုထားၿပီး ဘယ္သြားတာလဲ”

“မသိဘူး  လေရာင္သသက ငါ့ကိုမလိုခ်င္္ေတာ့ဘူး”

“အဲ့တာေၾကာင့္ အႏိုင္မက်င့္နဲ႔လို႔ ငါမေျပာခဲ့ဘူးလားကြာ”

ေခါင္းႀကီးငုံ႔ၿပီး မ်က္ႏွာကိုလက္နဲ႔အုပ္လိုက္သူေၾကာင့္ ညီမင္းဟန္ စိတ္မေကာင္းျဖစ္႐ုံမွအပမတတ္ႏိုင္။ကိုယ့္ေကာင္အေၾကာင္းလည္း သိသည္။အခ်စ္ကို ေကာင္းေကာင္းမခံစားဘူးေတာ့ ဘယ္လိုခ်စ္ေပးရမယ္ဆိုတာလည္း သူမသိ။အကိုလေရာင္ အေလွ်ာ့ေပးသေလာက္ အံ့က်ဴးမ်ိဳးႏြယ္က အႏိုင္က်င့္လြန္းသည္။

“ဒါေပမယ့္ ရာဇာထူးဟန္နဲ႔ ဆက္သြယ္ေနတာ ငါမႀကိဳက္ဘူး”

“မႀကိဳက္ရင္ မႀကိဳက္ေၾကာင္းေျပာရမွာ မင္းေလ သူက မင္းကို သိပ္ခ်စ္ေပးတာပဲ သူျပင္ေပးမွာပါ”

“မသိေတာ့ဘူးကြာ”

နဖူးကိုလက္နဲ႔ေထာက္ထားၿပီး အရက္ခြက္ကို ထပ္လွမ္းေနတဲ့ေကာင္ေၾကာင့္ ညီမင္းဟန္လက္ကို ပုတ္ထုတ္လိုက္ရသည္။အရက္ေသာက္တာ ရက္ဆက္ေနၿပီမို႔ အစာအိမ္အတြက္ ထိခိုက္လာေစႏိုင္သည္။

“အရင္ကိစၥေတြကို ထားလိုက္ေတာ့ အခုဘယ္လိုလုပ္မလဲ၊ အကိုလေရာင္ကို မင္းမ႐ွာဘူးလား”

“မ႐ွာဘူး။ သူ႕ပိုင္႐ွင္က ငါပဲ သူငါ့ဆီပဲ ျပန္လာရမွာ”

“ဒါေပမယ့္ မင္းသူ႕ကို ႐ွာၿပီးေတာင္းပန္သင့္တယ္ ငအံ့”

“ေတာင္းပန္ရမယ္၊ အဟက္ ငါကလား မင္းဟန္ ငါကေတာင္းပန္ရမွာလား”

“အင္း”

“ဟင့္အင္ ငါ့ခြင့္ျပဳခ်က္မပါပဲ ထြက္ေျပးသြားတဲသူကပဲ ငါ့ကို ေတာင္းပန္ရမွာ”

“ဟင္…။ ငအံ့ မင္းကြာ…”

ညီမင္းဟန္ ဘာမွမေျပာခ်င္ေတာ့။ ဆက္တိုက္ေသာက္ေနတဲ့လူကိုသာ အိမ္လိုက္ပို႔ဖို႔ေတြးထားလိုက္သည္။အကိုလေရာင္ထားသြားတာနဲ႔ ပစ္စလက္ခတ္ျဖစ္သြားတဲ့လူက မာနႀကီးေနေသးသည္။ဒီေကာင္ မာနသိပ္ႀကီးတယ္ဆိုတာ သိေပမယ့္ လတ္တေလာက သူ႕ရဲ႕က်႐ႈံးခန္းျဖစ္ေနသည္ကိုေတာ့ သိထားရမည္ေလ။

•••••••

လေရာင္ ေန႔ခ်င္းညခ်င္းေျပာင္းလဲသြားတဲ့သူ႕ဘဝကို အံ့ၾသေနမိသည္။မေန႔ကအထိ မိဘမဲ့တစ္ေကာင္ႂကြက္တစ္ေယာက္အျဖစ္ ဖိုးအိမ္မွာ ႐ွိေနခဲ့တဲ့ လေရာင္က အိမ္ကထြက္လာတဲ့ ညမွာပဲ အကိုအရင္းျဖစ္သူနဲ႔ေတြ႕ခဲ့ရသလို ေဆြမ်ိဳးရင္းခ်ာ ႀကီးႀကီးလည္း႐ွိေနေသးသည္တဲ့ေလ။

“Ring Ring”

Message noti ဝင္လာတာနဲ႔ အံ့က်ဴးမ်ားျဖစ္ေနမလားဆိုၿပီး စိတ္လႈပ္႐ွားစြာ ဖြင့္ၾကည့္လိုက္ေတာ့ ရာဇာ့ဆီက ျဖစ္ေနသည္။ဖုန္းကို ဆိုဖာေပၚကို ပစ္ခ်လိုက္ၿပီး မ်က္လုံးေတြကိုသာ မွိတ္ထားလိုက္မိသည္။ အိမ္ကထြက္လာခဲ့ေပမယ့္လည္း ဆက္သြယ္လို ဆက္သြယ္ျငား ဖုန္းကိုေတာ့ဖြင့္ထားမိသည္။စိတ္ပ်က္လို႔ ထြက္လာတယ္ဆိုေပမယ့္လည္း ဂ႐ုတစိုက္နဲ႔ လိုက္ေခၚတာခံခ်င္ေသးသည္။

မက္ေဆ့ခ်္နဲ႔ဆက္သြယ္ရင္ေတာင္ အျမန္သိရေအာင္ဆိုၿပီး ဖုန္းကို လက္နဲ႔မကြာထားခဲ့ေပမယ့္ ေယာင္လို႔ေတာင္ေရာက္မလာခဲ့ေပ။တကယ္ကို အံ့က်ဴးမ်ိဳးႏြယ္က သူ႕ကို မခ်စ္ခဲ့ဘူးပဲ။

ခိုလႈံစရာမိသားစု႐ွိေနၿပီဆိုေပမယ့္ ဖိုးရဲ႕ေက်းဇူးက လေရာင္အေပၚမွာ အမ်ားႀကီး႐ွိသည္။တစ္လုတ္စားဖူး သူ႕ေက်းဇူးဆိုတဲ့အတိုင္း ဖိုးတို႔ေက်းဇူးက လေရာင္အေပၚမွာ ဆပ္မကုန္ႏိုင္ေအာင္မ်ားျပားလြန္းသည္။ေန႔ခင္းက ႀကီးႀကီးကို ေျပာျပေတာ့ ႀကီးႀကီးက ငိုသည္။ေက်းဇူး႐ွိတဲ့သူကို တတ္ႏိုင္တဲ့ဘက္ကေန ေက်းဇူးဆပ္ရမည္တဲ့။

ကိုေန အလုပ္ပိတ္ရက္ေရာက္ရင္ေတာ့ လေရာင္တို႔ ဖိုးကို ဆက္သြယ္ဖို႔ေတြးထားသည္။အံ့က်ဴးမ်ိဳးႏြယ္ဆီကိုလည္း ေသခ်ာေပါက္သြားေတြ႕ရအုန္းမည္။ျဖစ္ႏိုင္ရင္ အခုခ်က္ခ်င္းေျပးေတြ႕ၿပီး မဆက္သြယ္ပဲ ေနစိမ့္လြန္းတဲ့အေၾကာင္း ေမးလိုက္ခ်င္သည္။တကယ္ပဲ ခႏၶာကိုယ္ရ႐ုံသက္သက္ အသုံးခ်ခဲ့တာဆိုရင္ လေရာင္ အံ့က်ဴးကို စြန္႔လႊတ္ပစ္လိုက္ဖို႔ ခိုင္လုံေနၿပီ။

“သားငယ္ေလး ညေနစာစားၿပီးၿပီလား”

“ဟုတ္ကဲ့ ႀကီးႀကီး”

“သားငယ္ေလးကို ဒီလိုပုံစံနဲ႔ ေတြ႕ရလိမ့္မယ္လို႔ ႀကီးႀကီးလုံးဝထင္မထားဘူးကြယ္”

ဒီအတိုင္းျဖန္႔ခ်ထားတဲ့ လေရာင္ဆံပင္ေတြကို လက္နဲ႔အသာဖြၿပီး ႀကီးႀကီးက ရယ္သံစြက္ေျပာသည္။႐ုတ္တရက္ေပၚလာတဲ့ မိသားစုအရိပ္အျမဳံေလးဆိုေပမယ့္ လေရာင္ရဲ႕ ျဖစ္တည္မႈကို လက္ခံေပးႏိုင္တဲ့ အေျခအေနမို႔ ပီတိျဖစ္ရပါသည္။

“အရင္ေနခဲ့တဲ့အိမ္က သားငယ္ေလးပစၥည္းေတြ သြားယူအုန္းမလားဟင္၊ေမာင္ေထြးကို လိုက္ပို႔ခိုင္းလိုက္မယ္ေလ”

အဝတ္အစားအခ်ိဳ႕ပါေပမယ့္ ညက လမ္းမွာဆြဲလားရမ္းလားျဖစ္ခဲ့ေၾကာင္း ကိုေနက ႀကီးႀကီးကို ေျပာျပထားတာေၾကာင့္ ထိုအိတ္ထဲက အသုံးအေဆာင္ေတြကို မထိခိုင္းေတာ့ေပ။႐ုတ္တရက္ရလိုက္တဲ့ ေႏြးေထြးမႈနဲ႔ ဂ႐ုစိုက္မႈက ဘာနဲ႔မွကို မလဲႏိုင္။လေရာင္ သိပ္ကိုလုံျခဳံေနရသည္။

“ဟုတ္ ႀကီးႀကီး၊ မိုးသိပ္မခ်ဳပ္ေသးေတာ့ ကြၽန္ေတာ္ အခုပဲသြားလိုက္မယ္ေလ”

“ေအးေအး အိမ္သားေတြလည္း ေပ်ာ္ေနၾကမွာပါကြယ္”

တစ္ေန႔လုံးမဆက္သြယ္ပဲ ေနစိမ့္ႏိုင္သူႀကီးကို လေရာင္ေတြ႕ခ်င္ေနလွပါၿပီ။

SophiaMoon783
_________________________________________

ငအံ့ရဲ႕ စိတ္နဲ႔ ကြၽန္ေတာ္႕လတ္တေလာခံစားခ်က္နဲ႔ ကိုက္ညီလြန္းေနပါတယ္….။ဖားသားအပ္ေပးတဲ့ Japanese online class အခ်ိန္ေတြနဲ႔ bl series ေတြၾကည့္ေနမိလို႔ ကြၽန္ေတာ္ update ခ်ိန္ တအားေနာက္က်သြားပါတယ္။ အျပစ္ခံယူတဲ့အေနနဲ႔ အခ်စ္ေတြပို႔လိုက္ပါတယ္…။အိပ္မက္လွလွမက္ၾကပါေစ႐ွင့္။

Tags: read novel My Possessive Of You 21, novel My Possessive Of You 21, read My Possessive Of You 21 online, My Possessive Of You 21 chapter, My Possessive Of You 21 high quality, My Possessive Of You 21 light novel, ,

Comment

Leave a Reply

Chapter 23