My Possessive Of You 24

All chapters are in My Possessive Of You
A+ A-

“လရောင်လေး လာတယ်”

လရောင်သသ ကားပေါ်က ဆင်းလိုက်တာနဲ့ ချက်ချင်းပင် မမဆွေ၏ အသံကိုကြားလိုက်ရသည်။ရုံးပိတ်ရက်ဆိုရင်တောင် အိမ်မှာရှိလေ့မရှိတဲ့လူကြောင့် လရောင်တို့ ကိုနေနဲ့ကြီးကြီးနဲ့အတူ ကျေးဇူးတင်ကြောင်း လာပြောဖို့ကို ရုံးဖွင့်ရက်ရဲ့ မနက်အစော ခုနစ်နာရီလောက်ကြီး ထွက်လာခဲ့ရတာဖြစ်သည်။

“မမဆွေ သူရှိသေးတယ်မလား”

“ရှိသေးတယ် လရောင်၊သခင်ကြီးလည်း ပြန်ရောက်နေတယ်”

“ဟင် ဖိုးပြန်ရောက်နေတယ်ဟုတ်လား”

“ဟုတ်တယ် ဟိုတစ်နေ့က မမလေးဇူးဇူးမေသော်ရောက်လာပြီး အကြောင်းစုံကိုသိတော့ အကိုလေးအံ့ကျူးကိုတောင် ဆူနေတာ။သခင်ကြီးကိုလည်း သူခေါ်လိုက်တာထင်ပါတယ်။ အိမ်ထဲကို ကြွကြပါအုန်းရှင့်”

မမဆွေက လရောင်ကို ရှင်းပြနေရင်းကနေ ကိုနေနဲ့ကြီးကြီးကိုလည်းခရီးဦးကြိုပြုသည်။

လရောင် ကိုယ်ကြီးပြင်းခဲ့တဲ့နေရာကို ပြန်လာရမှာကိုပင် အပြစ်ရှိသလိုခံစားနေရ၍ နေ့ရွှေ့ညရွှေ့လုပ်နေခဲ့တာ တစ်ပတ်ခန့်ပင်ရှိပြီဖြစ်သည်။

ဧည့်ခန်းမှာ ဖိုးက သတင်းစာတစ်စောင်ကိုင်ထားပြီး ခြေချိတ်ကာ အေးအေးလူလူထိုင်နေသည်။လရောင်တို့ တူဝရီးသုံးယောက်ဝင်သွားတော့ မျက်ခုံးနှစ်ဖက်မြှင့်တက်သွားပြီး သတင်းစာကိုချကာ လှိုက်လှိုက်လှဲလှဲပင် ပြုံးရှာသည်။

“လရောင်လေး”

“ဖိုး…လွမ်းနေတာ အင့်”

လရောင် ဖိုးကို အတင်းပြေးဖက်ထားမိသည်။ငယ်ငယ်လေးကတည်းက အဖေလိုရောအမေလိုပါ စောင့်ရှောက်လာခဲ့တဲ့ ဖိုးရဲ့ရင်ခွင်က လရောင်အတွက်တော့ အမြဲတမ်းနွေးထွေးသည်။ဖိုးက Aussie မှာသွားနေတဲ့ လတွေအတွင်းမှာ ဘာမှပြောင်းလဲမသွား။စိတ်ချမ်းချမ်းသာသာနဲ့နေရ၍ ထင်သည်။ပိုပြီး အသားအရေစိုပြေလာသည်။

“ထိုင်ကြပါအုန်းကွယ် မိဆွေရေ ဧည့်သည်တွေကို ဧည့်ခံပါအုန်းဟဲ့”

ဖိုးက လရောင်ကို ရင်ခွင်ထဲထည့်ကာ ခေါင်းကိုဖွဖွပွတ်လျက်နှင့်ပင် ကိုနေတို့၊ကြီးကြီးတို့ကို ဧည့်ဝတ်ပြုသလို မမဆွေကိုလည်း ညွှန်ကြားနေသည်။

“ခေါင်းမော့ပါအုန်း မြေးရဲ့ ၊ ဟော…ငိုနေပြန်ပြီဗျာ ကလေးလေးလား ”

လရောင်မျက်ရည်တွေ အဆက်မပြတ်ကျနေ၍ ဖိုးရင်ဘတ်တွေ စိုစွတ်လာသည်ထင်သည် ဖိုးက လရောင်ခေါင်းကို အသာထိန်းပြီး မျက်နှာကိုမော့ကြည့်သည်။မျက်ရည်တွေရွှဲနေတဲ့ လရောင်ရုပ်ကိုမြင်တော့ ဖိုးက စသည်။ကြီးကြီးကပါ လိုက်ရယ်နေပြီး ကိုနေကတော့ ဝတ္တရားကျေသာပြုံးသည်။

“ဒီက ညီမက လရောင်လေးနဲ့ ဘာတော်တာလဲ၊ ဒီဘက်က မောင်ရင်ကတော့ လရောင်လေးအကိုဆိုတာဖြစ်မယ်”

“ကျွန်မက နေကောင်းနဲ့ လရောင်လေးတို့ရဲ့ ကြီးကြီးပါ နွေးနွေးလွင်လို့ ခေါ်တယ်၊ ဒီက ဦးမင်းမျိုးနွယ်ကိုတော့ သားငယ်လေးပြောပြထားလို့ သိနေပါပြီ”

ကြီးကြီးစကားကို ကြားတော့ ဖိုးက ပြုံးပြီး လရောင်ကို မျက်လုံးပင့်ကြည့်သည်။ဘာပေါက်ကရတွေပြောထားလဲဆိုတဲ့ စနောက်ချင်တဲ့အကြည့်နဲ့။

“ဒါက ကျွန်မတူလေး လရောင်လေးရဲ့အကိုရင်းပေါ့ နေကောင်းဆက်သာပါ”

“တွေ့ရတာ ဝမ်းသာပါတယ် ဖိုး”

ကိုနေက ဖော်ဖော်ရွေရွေပဲပြုံးပြီး ဖိုးကို လက်ဆွဲနှုတ်ဆက်သည်။ကိုနေက စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောတော့ ဖိုးက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ

“ဟိုနေ့က ဇူးဇူးဖုန်းဆက်တော့ ဖိုးဖြင့် သိပ်ဝမ်းနည်းသွားတာပဲ၊ ငါတို့ကလေးလေးက ငါတို့အိမ်မှာပဲ တစ်သက်လုံးအတူရှိနေမယ်ထင်ခဲ့တာကိုး နောက်တော့မှ ဖြေသိမ့်ရတယ် သွေးအရင်းအချာမိသားစုအစစ်ပေါ်လာတာ လရောင်လေးအတွက်ပိုကောင်းတာပေါ့လို့ တွေးရတယ်”

ဖိုးစကားဆုံးတော့ လရောင် မျက်ရည်ဝဲရပြန်သည်။နေခဲ့ရတဲ့ သက်တမ်းတစ်လျှောက်လုံး ဒီအဖိုးရဲ့ မေတ္တာကြီးမားပုံကို လရောင်အများကြီးသိသည်။ကိုနေကလည်း စိတ်မကောင်းသွားဟန်ဖြင့် ခေါင်းငုံ့သည်။ကြီးကြီးကတော့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။

“ကဲပါလေ မနက်စောကြီး ကလေးကို ငိုအောင်လုပ်နေပြန်ပါပြီ၊ သွား..သွား ငအံ့ကို နှိုးချေ၊ ညက အဲ့ကောင်လေး တော်တော်နဲ့မအိပ်ဘူး”

ဖိုးက လရောင်ကို ပုခုံးကနေဆွဲထူပြီး လှေကားဆီကို လက်ညှိုးညွှန်ပြကာ ပြောသည်။

“ဟို…ကိုနေ..”

“သွားလိုက်ပါ..”

အရင်တလောက ဖြစ်ခဲ့တဲ့ကိစ္စကြောင့် လရောင်သူ့ကို ရင်ဆိုင်ရမှာကြောက်နေသည်။ကြောက်နေတာဆိုတာထက် အဲ့တုန်းက သူ့ပုံစံလေးက မျက်လုံးထဲက မထွက်နိုင်။အတ္တတွေ ဖုံးလွှမ်းထားတဲ့ အနှီကောင်လေးက သနားစရာကောင်းသည်။ကိုနေ့ဆီကို မဝံ့မရဲကြည့်တော့ ပြုံးပြပြီး လရောင်ကို ခွင့်ပြုသည်။

ဒေါက်! ဒေါက်!

ဒုန်း!

တံခါးကို အသာခေါက်လိုက်ရုံပဲရှိသေးသည်။အထဲက တစ်စုံတစ်ခုကို တံခါးချပ်ဆီကို လွင့်စင်လာသည်။လရောင် ခဏတော့ အံ့သြသွားသည်။သူက အိပ်ရာကမထချင်တာနဲ့ပဲ တွေ့ကရာနဲ့ နှိုးတဲ့လူကို ကောက်ပေါက်ချင်တာတဲ့လား။ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ပြီး အသံတိတ် ကြိတ်ရယ်မိသေးသည်။

ကျွီ!

လရောင် တံခါးကို အသာလှည့်ကြည့်တော့ အထဲက လော့ချမထားတာကြောင့် ချက်ချင်းပွင့်သွားသည်။

“မင်း အတင့်ရဲလှချည်လား မင်း…”

တံခါးဆီကို မျက်နှာမူပြီး အိပ်နေတဲ့ အံ့ကျူးက စူးခနဲဖြစ်သွားတဲ့ အလင်းရောင်ကြောင့်ထင်သည် မျက်လုံးတွေက ချက်ချင်းပွင့်သွားသည်။

“ခင်များ ဘယ်လိုရောက်လာတာလဲ လရောင်သသ”

အိပ်ရာကနေ ဗြုန်းကနဲထပြီး လရောင်ဆီကို လျှောက်လာသည်။အိပ်ရာနိုးကာစမို့ ဆံပင်တွေက ဖရိုဖရဲဖြစ်နေပြီး အဖြူရောင် ရှပ်အင်္ကျီပါးကလည်း တွန့်ကြေနေသည်။ပေါင်လယ်လောက် ဘောင်းဘီတိုကို ဝတ်ထားတဲ့ အံ့ကျူးက ခြေသလုံးမွှေး လိမ်ကောက်ကောက်တွေကို လစ်ဟာပြနေသလိုဖြစ်နေသည်။

“ငါ့မိသားစုရော ပါတယ်၊ ဖိုးဆီ လာတွေ့တာ ဖိုးက မင်းကို နှိုးခိုင်းလိုက်လို့”

လရောင် သူ့တစ်ကိုယ်လုံးကို ခြုံငုံကြည့်နေရာကနေ အကြည့်လွှဲလိုက်ပြီး အပြင်ထွက်ဖို့ ကြိုးစားလိုက်သည်။

ဒုန်း!

တံခါးချပ်ကို အသံမြည်အောင် ထုချလိုက်တဲ့အံ့ကျူးကြောင့် လရောင် လန့်ခုန်,ခုန်မိသွားသည်။

“ကျုပ်ကို လာနှိုးတာဆိုပြီး ကျုပ်မပါပဲနဲ့ ဆင်းသွားမလို့လား”

“မင်းနိုးပြီးပြီလေ…ငါသွားတော့..အင့်”

လရောင် ရုတ်တရက်ပင် ခါးကနေ သူ့ခန္ဓာကိုယ်ဆီ ဆွဲကပ်ခြင်း ခံလိုက်ရသည်။ရုတ်တရက် နီးကပ်သွားတဲ့ အနေအထားကြောင့် လရောင် ရုန်းတော့ သူက ပိုတင်းကြပ်နေအောင် ချုပ်ထားသည်။

“ပြန်လာခဲ့ပါ လရောင်သသရာ”

နှာခေါင်းထိပ်ချင်း ပွတ်ဆွဲနေပြီး စူးစူးစိုက်စိုက်ကြည့်နေတဲ့ သူ့အကြည့်တွေက တောင်းဆိုမှုတစ်မျိုးပါဝင်နေသည်။

“ကျုပ်အပိုင်ပဲ ဖြစ်နေမှာမလား”

ရုတ်ချည်းဆိုသလိုပင် လရောင်မေးဖျားကို ညှစ်ပြီး သူ့မျက်လုံးတွေနဲ့ ဆုံစေသည်။အနည်းငယ်ရဲတင်းလာတဲ့ အံ့ကျူးမျိုးနွယ်က လည်ပင်းကြောတွေတောင် ထောင်လာသည်။သူ့ပုံစံကို လရောင်ရှိန်ပေမယ့် အရင်လောက်တော့ ကြောက်မနေ။

“ဟင့်အင်း…”

လရောင်ဆီက သူမျှော်လင့်ထားတဲ့ အဖြေမဟုတ်တာကြောင့် တင်းတင်းကျပ်ကျပ်ဖက်ထားရာကနေ လွှတ်ချလိုက်သည်။ပြတ်သားစွာပင် ငြင်းဆိုလိုက်သည့် လရောင်သသစကားကြောင့် သွေးကြောတွေအကုန်လုံး ပိတ်ဆို့သွားသလို ခံစားရပြီး အံ့ကျူးစိတ်တွေ ပွင့်ထွက်ချင်လာသည်။

“ငါ့မှာ မိသားစုရှိတယ်”

“တောက်! ငါကွာ”

အံ့ကျူး စိတ်မထိန်းနိုင်စွာပင် လေထဲမှာ ကန်ထုတ်မိသည်။လက်သီးကို တင်းတင်းဆုပ်ကာ စိတ်ကိုထိန်းချုပ်နေရသည်။မဟုတ်ရင် လရောင်သသကို ဘာလုပ်မိမယ်မသိ။

“ပြီးရင် အောက်ကိုဆင်းလာခဲ့နော်၊ ငါက ဖိုးခိုင်းလို့ လာနှိုးတာ”

ထိုမျှသာပြောပြီး လှည့်ထွက်သွားတဲ့ လရောင်သသဟာ ခေါင်းသေးသေးလေးနဲ့မလိုက်အောင်ပင် အကြောကြီးလွန်းပါသည်။ဆံပင်ဖြောင့်စင်းစင်းလေးတွေကို ဖြန့်ချထားပြီး crop top နဲ့ ဆွယ်တာတစ်ထည်ကိုသာ ဝတ်ဆင်ထားသည့် သူ့ပုံစံက အံ့ကျူးတို့လိုပဲ ယောကျ်ားတစ်ယောက်ဆိုတာ သိပ်ယုံရခက်ပါသည်။

အခန်းတံခါးဝကနေ လှေကားအတိုင်းဆင်းသွားတဲ့ ကျောပြင်လေးကို ကြည့်ပြီး အံ့ကျူးရင်ထဲ ဆို့နစ်လာသည်။သူ့အပိုင်မဟုတ်တော့ဘူးဆိုတဲ့အသိက မြင်နေရက်နဲ့ကို လွမ်းနေစေသည်။သို့သော်လည်း လရောင်သသက အံ့ကျူးမျိုးနွယ်ရဲ့ အပိုင်ပဲ တစ်သက်လုံးဖြစ်လာရမည်။ပစ္စုပ္ပန်မှာ မည်သို့ပင် ရှောင်ပုန်းနေစေအုန်းတော့ လရောင်သသရဲ့ ပိုင်ရှင်အစစ်အမှန်က သူဆိုတဲ့ အံ့ကျူးမျိုးနွယ်တစ်ယောက်တည်းသာ ဖြစ်လာရမည်။

•••••
“ဒီတစ်ပတ် စနေလောက်ကျရင် ကျွန်မတို့အိမ်ကနေ ဦးမင်းမျိုးနွယ်တို့မိသားစုဝင်တွေအတွက် ညစာစားပွဲလေးလုပ်ပေးချင်တယ်၊ အဲ့တာလေးတော့ လက်ခံပေးနော်”

ဖိုးက ကြီးကြီးစကားကို အားတုံ့အားနာဟန်နဲ့သာ ခေါင်းညိတ်ရှာသည်။ကိုနေက ရင့်ကျက်စပြုနေပြီမို့ ဖိုးနဲ့လည်း အဆင်ပြေပြေစကားပြောနိုင်သည်။ဖိုးမျက်ဝန်းတွေမှာလည်း ကိုနေ့ကိုသဘောကျပုံအများကြီးတွေ့ရသည်။

“အားနာနာနဲ့ပဲ မေးပါအုန်းမယ်၊ လရောင်လေးရဲ့ ပုံစံအမှန်ကို စိတ်ရင်းနဲ့လက်ခံပေးနိုင်တာ သေချာရဲ့လားကွယ်”

ဖိုးက လရောင်ပုံစံအပေါ်  ကြီးကြီးတို့အမြင်မတူမှာ စိတ်ပူပြီး မေးရှာခြင်းဖြစ်သည်။ကြီးကြီးကတော့ မျက်လွှာချပြီး ပြုံးသည်။

“ကျွန်မတို့က ဒီကလေးလေးနဲ့ တွေ့ဖို့ကို နေ့စဥ်နဲ့အမျှဆုတောင်းနေခဲ့ရတာပါရှင်၊ တစ်သက်လုံးမတွေ့ရတော့ဘူးထင်နေတာ ပြန်ဆုံခွင့်ရတာကိုက ကံကောင်းခြင်းတစ်ပါးမဟုတ်လား..။သူ ဘယ်လိုပုံစံမျိုးပဲဖြစ်နေနေ လက်ခံနိုင်ပြီးသားပါ”

“ဒီလိုဆိုရင်တော့ စိတ်ချပါပြီ၊ အမှန်အတိုင်းပြောရရင် ကျွန်တော်ကလည်း ဒီကလေးကို သိပ်နှမြောတာ၊ငအံ့လေးခင်မျာလည်း ညတွေတောင် ကောင်းကောင်းမအိပ်နိုင်ရှာဘူး သူ့အကိုကို သိပ်သံယောစဥ်ကြီးတာ”

ဖိုးစကားအဆုံးမှာ လရောင်တွေတွေလေးဖြစ်သွားရသည်။အနိုင်ယူချင်ပေမယ့် အံ့ကျူးမျိုးနွယ်က လရောင်သသကိုဆိုရင် သိပ်စွဲလန်းလွန်းသည်။တစ်ဇွတ်ထိုးဆန်တဲ့ ကောင်လေးက လရောင်နဲ့ဆိုရင် ပိုရောင့်တက်တတ်သည်။သူ့ကို လရောင်သိပ်ချစ်မှန်းသိလေ ပိုဆိုးချင်လေဖြစ်သည်။

ဒုန်း!

နံရံကို ထိုးချလိုက်တဲ့ လက်သီးချက်ကြောင့် လရောင်တို့အားလုံး စကားပြတ်သွားရသည်။အံ့ကျူးမျိုးနွယ်က suit အပြည့်အစုံနဲ့ဖြစ်ကာ laptop အိတ်ကို လက်ကဆွဲထားသည်။ဝတ်ပုံစားပုံက သေသပ်ပြီး လူကြီးလူကောင်းဆန်နေသလောက် မျက်နှာကတော့ လိုချင်တာမရတဲ့ ကလေးတစ်ယောက်နဲ့တူနေသည်။

“ဟော မြေးငယ်…၊လာအုန်းလေကွယ်”

ဖိုးက ခေါ်လိုက်တော့မှ ကဆောင့်ကအောင့်နဲ့ ဝင်ထိုင်သည်။မျက်နှာကတော့ တစ်စက်ကလေးမှ မသာယာ။လရောင်နဲ့ အကြည့်ချင်းဆုံတော့ မျက်ခုံးတန်းနက်နက်က တွန့်သွားသည်။

“ဒါက လရောင်လေးရဲ့ အကို နေကောင်းဆက်သာတဲ့”

“တွေ့ရတာ ဝမ်းသာပါတယ် ညီ”

ကိုနေက ဖိုးမိတ်ဆက်ပေးလိုက်တာနဲ့ ချက်ချင်းပင် လက်ဆွဲနှုတ်ဆက်ဖို့ အံ့ကျူးဆီ လက်ကမ်းပေးသည်။သို့သော်လည်း အံ့ကျူးမျိုးနွယ်ကတော့ တစ်ချက်သာ မော့ကြည့်ပြီး ဘာမှမတုံ့ပြန်။မျက်နှာကို တမင်ပင် ရှစ်ခေါက်ချိုးလုပ်ထားလား ထင်ရသည်။

“ပြန်နှုတ်ဆက်လိုက်လေ မြေးငယ်၊အကို့ကို အားနာစရာ”

“ကျစ်!”

အဖိုးက ဆူသလိုပြောတော့ နှုတ်ခမ်းကို တွန့်ရုံ မဲ့ပြုံး,ပြုံးပြီး စုပ်သတ်သည်။ကိုနေက သူ့ကို ပြုံးကြည့်နေပြီးသာ နေရာမှာပြန်ထိုင်သည်။ကြီးကြီးကတော့ သဘောမကျစွာနဲ့ မျက်ခုံးတွေရှုံ့ပြီး အောက်နှုတ်ခမ်းကို အသာကိုက်နေသည်။

“အခုမှ ဘာလို့ပေါ်လာတာလဲ”

“ခင်မျာ…”

“ဟေ့ကောင်!!”

ကိုနေ့ကို စေ့စေ့ကြည့်ပြီး ခပ်မာမာထွက်လာတဲ့ လေသံကြောင့် လရောင်မျက်လုံးဝိုင်းသွားရသည်။ကိုနေလည်း အံ့အားသင့်သွားသလို ဖိုးကလည်း ခပ်မာမာနဲ့ ဝင်ငေါက်သည်။

“တစ်သက်လုံး ဒီမှာပဲ နေသွားရတော့မယ့်ကိစ္စကို ဘာလို့ ခုကျမှ ခေါ်သွားရတာလဲ”

ကိုနေက ဘာမှပြန်မဖြေတော့ အံ့ကျူးအသံက ပိုကျယ်လာသည်။လရောင်မှာသာ ကြားထဲကနေ ငိုချင်လာသည်။စိတ်က ဝမ်းနည်းစပြုတုန်းရှိသေးသည် မျက်ရည်တွေက အဆက်မပြတ် ကျနေပြီဖြစ်သည်။အံ့ကျူးမျက်လုံးတွေကလည်း သားရဲတစ်ကောင်ရဲ့မျက်လုံးတွေလို နီရဲကာ လည်ပင်းကြောတွေပါ ထောင်ထနေသည်။

“အစကတည်းက ပစ်ထားကြပြီး အခုလည်း မသိဟန်ဆောင်ပေးလိုက်ပါလားဗျာ”

အံ့ကျူးက ပြောနေရင်းကနေ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာသည်။သူငိုတာ မြင်တော့ လရောင်ပိုငိုချင်လာသည်။

“မြေး..မြေးငယ်”

ကိုနေက မျက်နှာအသာလွှဲကာ ခေါင်းကိုအသာဖိထားသည်။ဒါက သူ့ကိုယ်သူ အပြစ်တင်လို့မဆုံးဖြစ်နေတာ။ကြီးကြီးလည်း ထိုနည်းတူပင် မျက်လွှာချကာ ငြိမ်နေသည်။

“ဒါမှမဟုတ် ကျုပ်ကိုများ ဝိုင်းစနေကြတာလား ဟင်… လရောင်သသ၊ ဟုတ်တယ်မလား ….. အဲ့နေ့ကပဲ ခင်များကျုပ်ဆီကနေ ထွက်ပြေးသွားတယ် ပြန်လာတော့ ခင်များမှာ အကိုအရင်းရှိတယ်တဲ့”

အံ့ကျူးက ချက်ချင်းပင် ရှူးရှူးရှားရှားဖြစ်သွားပြီး လရောင်အနားကိုရောက်လာသည်။မျက်နှာကို အထက်စီးကနေ အုပ်မိုးထားပြီး မျက်ရည်စတွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ မယုံသလိုမေးသည်။

“ကိုယ်တောင်းပန်ပါတယ်ကွာ၊ ကိုယ်တို့ပေါ့လျော့မှုကြောင့် ကိုယ့်ညီလေးက အချိန်အကြာကြီး သူများအိမ်မှာ နေခဲ့..”

“မပြောနဲ့! ခင်များမပြောနဲ့”

“တော်စမ်း အံ့ကျူးမျိုးနွယ် ! လရောင်လေးကို စိတ်ခုအောင် မလုပ်နဲ့”

ဖိုးက အော်လိုက်တော့မှ အံ့ကျူးက ငြိမ်ကျသွားသည်။လရောင်မှာတော့ ကြားထဲကနေ အဆက်မပြတ်သာ ငိုနေမိတော့သည်။လူဖြစ်ရတာ ဒီလောက်ပင်ပန်းမှန်းသိရင် ဘဝအဆက်ဆက်လူဖြစ်မလာဖို့ပဲ ဆုတောင်းခဲ့မိမှာ…။

SophiaMoon783(7.12.2022)
______________________________________

update ကြာနေတဲဲ့ ကျွန်တော့်ကို တစ်ယောက်တစ်ခွန်းဆူလှည့်ကြပါအုန်း╥﹏╥။ဟိုနေ့က ရုတ်ရုတ်သဲသဲဖြစ်ပြီး ကတည်းက ဖုန်းအားမသွင်းရသေးတာ ဒီနေ့မှပဲ အားသွင်းရပါတယ်😖

“လေရာင္ေလး လာတယ္”

လေရာင္သသ ကားေပၚက ဆင္းလိုက္တာနဲ႔ ခ်က္ခ်င္းပင္ မမေဆြ၏ အသံကိုၾကားလိုက္ရသည္။႐ုံးပိတ္ရက္ဆိုရင္ေတာင္ အိမ္မွာ႐ွိေလ့မ႐ွိတဲ့လူေၾကာင့္ လေရာင္တို႔ ကိုေနနဲ႔ႀကီးႀကီးနဲ႔အတူ ေက်းဇူးတင္ေၾကာင္း လာေျပာဖို႔ကို ႐ုံးဖြင့္ရက္ရဲ႕ မနက္အေစာ ခုနစ္နာရီေလာက္ႀကီး ထြက္လာခဲ့ရတာျဖစ္သည္။

“မမေဆြ သူ႐ွိေသးတယ္မလား”

“႐ွိေသးတယ္ လေရာင္၊သခင္ႀကီးလည္း ျပန္ေရာက္ေနတယ္”

“ဟင္ ဖိုးျပန္ေရာက္ေနတယ္ဟုတ္လား”

“ဟုတ္တယ္ ဟိုတစ္ေန႔က မမေလးဇူးဇူးေမေသာ္ေရာက္လာၿပီး အေၾကာင္းစုံကိုသိေတာ့ အကိုေလးအံ့က်ဴးကိုေတာင္ ဆူေနတာ။သခင္ႀကီးကိုလည္း သူေခၚလိုက္တာထင္ပါတယ္။ အိမ္ထဲကို ႂကြၾကပါအုန္း႐ွင့္”

မမေဆြက လေရာင္ကို ႐ွင္းျပေနရင္းကေန ကိုေနနဲ႔ႀကီးႀကီးကိုလည္းခရီးဦးႀကိဳျပဳသည္။

လေရာင္ ကိုယ္ႀကီးျပင္းခဲ့တဲ့ေနရာကို ျပန္လာရမွာကိုပင္ အျပစ္႐ွိသလိုခံစားေနရ၍ ေန႔ေ႐ႊ႕ညေ႐ႊ႕လုပ္ေနခဲ့တာ တစ္ပတ္ခန္႔ပင္႐ွိၿပီျဖစ္သည္။

ဧည့္ခန္းမွာ ဖိုးက သတင္းစာတစ္ေစာင္ကိုင္ထားၿပီး ေျခခ်ိတ္ကာ ေအးေအးလူလူထိုင္ေနသည္။လေရာင္တို႔ တူဝရီးသုံးေယာက္ဝင္သြားေတာ့ မ်က္ခုံးႏွစ္ဖက္ျမႇင့္တက္သြားၿပီး သတင္းစာကိုခ်ကာ လိႈက္လိႈက္လွဲလွဲပင္ ျပဳံး႐ွာသည္။

“လေရာင္ေလး”

“ဖိုး…လြမ္းေနတာ အင့္”

လေရာင္ ဖိုးကို အတင္းေျပးဖက္ထားမိသည္။ငယ္ငယ္ေလးကတည္းက အေဖလိုေရာအေမလိုပါ ေစာင့္ေ႐ွာက္လာခဲ့တဲ့ ဖိုးရဲ႕ရင္ခြင္က လေရာင္အတြက္ေတာ့ အၿမဲတမ္းေႏြးေထြးသည္။ဖိုးက Aussie မွာသြားေနတဲ့ လေတြအတြင္းမွာ ဘာမွေျပာင္းလဲမသြား။စိတ္ခ်မ္းခ်မ္းသာသာနဲ႔ေနရ၍ ထင္သည္။ပိုၿပီး အသားအေရစိုေျပလာသည္။

“ထိုင္ၾကပါအုန္းကြယ္ မိေဆြေရ ဧည့္သည္ေတြကို ဧည့္ခံပါအုန္းဟဲ့”

ဖိုးက လေရာင္ကို ရင္ခြင္ထဲထည့္ကာ ေခါင္းကိုဖြဖြပြတ္လ်က္ႏွင့္ပင္ ကိုေနတို႔၊ႀကီးႀကီးတို႔ကို ဧည့္ဝတ္ျပဳသလို မမေဆြကိုလည္း ၫႊန္ၾကားေနသည္။

“ေခါင္းေမာ့ပါအုန္း ေျမးရဲ႕ ၊ ေဟာ…ငိုေနျပန္ၿပီဗ်ာ ကေလးေလးလား ”

လေရာင္မ်က္ရည္ေတြ အဆက္မျပတ္က်ေန၍ ဖိုးရင္ဘတ္ေတြ စိုစြတ္လာသည္ထင္သည္ ဖိုးက လေရာင္ေခါင္းကို အသာထိန္းၿပီး မ်က္ႏွာကိုေမာ့ၾကည့္သည္။မ်က္ရည္ေတြ႐ႊဲေနတဲ့ လေရာင္႐ုပ္ကိုျမင္ေတာ့ ဖိုးက စသည္။ႀကီးႀကီးကပါ လိုက္ရယ္ေနၿပီး ကိုေနကေတာ့ ဝတၱရားေက်သာျပဳံးသည္။

“ဒီက ညီမက လေရာင္ေလးနဲ႔ ဘာေတာ္တာလဲ၊ ဒီဘက္က ေမာင္ရင္ကေတာ့ လေရာင္ေလးအကိုဆိုတာျဖစ္မယ္”

“ကြၽန္မက ေနေကာင္းနဲ႔ လေရာင္ေလးတို႔ရဲ႕ ႀကီးႀကီးပါ ေႏြးေႏြးလြင္လို႔ ေခၚတယ္၊ ဒီက ဦးမင္းမ်ိဳးႏြယ္ကိုေတာ့ သားငယ္ေလးေျပာျပထားလို႔ သိေနပါၿပီ”

ႀကီးႀကီးစကားကို ၾကားေတာ့ ဖိုးက ျပဳံးၿပီး လေရာင္ကို မ်က္လုံးပင့္ၾကည့္သည္။ဘာေပါက္ကရေတြေျပာထားလဲဆိုတဲ့ စေနာက္ခ်င္တဲ့အၾကည့္နဲ႔။

“ဒါက ကြၽန္မတူေလး လေရာင္ေလးရဲ႕အကိုရင္းေပါ့ ေနေကာင္းဆက္သာပါ”

“ေတြ႕ရတာ ဝမ္းသာပါတယ္ ဖိုး”

ကိုေနက ေဖာ္ေဖာ္ေ႐ြေ႐ြပဲျပဳံးၿပီး ဖိုးကို လက္ဆြဲႏႈတ္ဆက္သည္။ကိုေနက ေစာင့္ေ႐ွာက္ေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္းေျပာေတာ့ ဖိုးက ႏႈတ္ခမ္းကိုတင္းတင္းေစ့ကာ

“ဟိုေန႔က ဇူးဇူးဖုန္းဆက္ေတာ့ ဖိုးျဖင့္ သိပ္ဝမ္းနည္းသြားတာပဲ၊ ငါတို႔ကေလးေလးက ငါတို႔အိမ္မွာပဲ တစ္သက္လုံးအတူ႐ွိေနမယ္ထင္ခဲ့တာကိုး ေနာက္ေတာ့မွ ေျဖသိမ့္ရတယ္ ေသြးအရင္းအခ်ာမိသားစုအစစ္ေပၚလာတာ လေရာင္ေလးအတြက္ပိုေကာင္းတာေပါ့လို႔ ေတြးရတယ္”

ဖိုးစကားဆုံးေတာ့ လေရာင္ မ်က္ရည္ဝဲရျပန္သည္။ေနခဲ့ရတဲ့ သက္တမ္းတစ္ေလွ်ာက္လုံး ဒီအဖိုးရဲ႕ ေမတၱာႀကီးမားပုံကို လေရာင္အမ်ားႀကီးသိသည္။ကိုေနကလည္း စိတ္မေကာင္းသြားဟန္ျဖင့္ ေခါင္းငုံ႔သည္။ႀကီးႀကီးကေတာ့ မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားသည္။

“ကဲပါေလ မနက္ေစာႀကီး ကေလးကို ငိုေအာင္လုပ္ေနျပန္ပါၿပီ၊ သြား..သြား ငအံ့ကို ႏိႈးေခ်၊ ညက အဲ့ေကာင္ေလး ေတာ္ေတာ္နဲ႔မအိပ္ဘူး”

ဖိုးက လေရာင္ကို ပုခုံးကေနဆြဲထူၿပီး ေလွကားဆီကို လက္ညိႇဳးၫႊန္ျပကာ ေျပာသည္။

“ဟို…ကိုေန..”

“သြားလိုက္ပါ..”

အရင္တေလာက ျဖစ္ခဲ့တဲ့ကိစၥေၾကာင့္ လေရာင္သူ႕ကို ရင္ဆိုင္ရမွာေၾကာက္ေနသည္။ေၾကာက္ေနတာဆိုတာထက္ အဲ့တုန္းက သူ႕ပုံစံေလးက မ်က္လုံးထဲက မထြက္ႏိုင္။အတၱေတြ ဖုံးလႊမ္းထားတဲ့ အႏွီေကာင္ေလးက သနားစရာေကာင္းသည္။ကိုေန႔ဆီကို မဝံ့မရဲၾကည့္ေတာ့ ျပဳံးျပၿပီး လေရာင္ကို ခြင့္ျပဳသည္။

ေဒါက္! ေဒါက္!

ဒုန္း!

တံခါးကို အသာေခါက္လိုက္႐ုံပဲ႐ွိေသးသည္။အထဲက တစ္စုံတစ္ခုကို တံခါးခ်ပ္ဆီကို လြင့္စင္လာသည္။လေရာင္ ခဏေတာ့ အံ့ၾသသြားသည္။သူက အိပ္ရာကမထခ်င္တာနဲ႔ပဲ ေတြ႕ကရာနဲ႔ ႏိႈးတဲ့လူကို ေကာက္ေပါက္ခ်င္တာတဲ့လား။ပါးစပ္ကို လက္ဖဝါးနဲ႔အုပ္ၿပီး အသံတိတ္ ႀကိတ္ရယ္မိေသးသည္။

ကြၽီ!

လေရာင္ တံခါးကို အသာလွည့္ၾကည့္ေတာ့ အထဲက ေလာ့ခ်မထားတာေၾကာင့္ ခ်က္ခ်င္းပြင့္သြားသည္။

“မင္း အတင့္ရဲလွခ်ည္လား မင္း…”

တံခါးဆီကို မ်က္ႏွာမူၿပီး အိပ္ေနတဲ့ အံ့က်ဴးက စူးခနဲျဖစ္သြားတဲ့ အလင္းေရာင္ေၾကာင့္ထင္သည္ မ်က္လုံးေတြက ခ်က္ခ်င္းပြင့္သြားသည္။

“ခင္မ်ား ဘယ္လိုေရာက္လာတာလဲ လေရာင္သသ”

အိပ္ရာကေန ျဗဳန္းကနဲထၿပီး လေရာင္ဆီကို ေလွ်ာက္လာသည္။အိပ္ရာႏိုးကာစမို႔ ဆံပင္ေတြက ဖ႐ိုဖရဲျဖစ္ေနၿပီး အျဖဴေရာင္ ႐ွပ္အက်ႌပါးကလည္း တြန္႔ေၾကေနသည္။ေပါင္လယ္ေလာက္ ေဘာင္းဘီတိုကို ဝတ္ထားတဲ့ အံ့က်ဴးက ေျခသလုံးေမႊး လိမ္ေကာက္ေကာက္ေတြကို လစ္ဟာျပေနသလိုျဖစ္ေနသည္။

“ငါ့မိသားစုေရာ ပါတယ္၊ ဖိုးဆီ လာေတြ႕တာ ဖိုးက မင္းကို ႏိႈးခိုင္းလိုက္လို႔”

လေရာင္ သူ႕တစ္ကိုယ္လုံးကို ျခဳံငုံၾကည့္ေနရာကေန အၾကည့္လႊဲလိုက္ၿပီး အျပင္ထြက္ဖို႔ ႀကိဳးစားလိုက္သည္။

ဒုန္း!

တံခါးခ်ပ္ကို အသံျမည္ေအာင္ ထုခ်လိုက္တဲ့အံ့က်ဴးေၾကာင့္ လေရာင္ လန္႔ခုန္,ခုန္မိသြားသည္။

“က်ဳပ္ကို လာႏိႈးတာဆိုၿပီး က်ဳပ္မပါပဲနဲ႔ ဆင္းသြားမလို႔လား”

“မင္းႏိုးၿပီးၿပီေလ…ငါသြားေတာ့..အင့္”

လေရာင္ ႐ုတ္တရက္ပင္ ခါးကေန သူ႕ခႏၶာကိုယ္ဆီ ဆြဲကပ္ျခင္း ခံလိုက္ရသည္။႐ုတ္တရက္ နီးကပ္သြားတဲ့ အေနအထားေၾကာင့္ လေရာင္ ႐ုန္းေတာ့ သူက ပိုတင္းၾကပ္ေနေအာင္ ခ်ဳပ္ထားသည္။

“ျပန္လာခဲ့ပါ လေရာင္သသရာ”

ႏွာေခါင္းထိပ္ခ်င္း ပြတ္ဆြဲေနၿပီး စူးစူးစိုက္စိုက္ၾကည့္ေနတဲ့ သူ႕အၾကည့္ေတြက ေတာင္းဆိုမႈတစ္မ်ိဳးပါဝင္ေနသည္။

“က်ဳပ္အပိုင္ပဲ ျဖစ္ေနမွာမလား”

႐ုတ္ခ်ည္းဆိုသလိုပင္ လေရာင္ေမးဖ်ားကို ညႇစ္ၿပီး သူ႕မ်က္လုံးေတြနဲ႔ ဆုံေစသည္။အနည္းငယ္ရဲတင္းလာတဲ့ အံ့က်ဴးမ်ိဳးႏြယ္က လည္ပင္းေၾကာေတြေတာင္ ေထာင္လာသည္။သူ႕ပုံစံကို လေရာင္႐ွိန္ေပမယ့္ အရင္ေလာက္ေတာ့ ေၾကာက္မေန။

“ဟင့္အင္း…”

လေရာင္ဆီက သူေမွ်ာ္လင့္ထားတဲ့ အေျဖမဟုတ္တာေၾကာင့္ တင္းတင္းက်ပ္က်ပ္ဖက္ထားရာကေန လႊတ္ခ်လိုက္သည္။ျပတ္သားစြာပင္ ျငင္းဆိုလိုက္သည့္ လေရာင္သသစကားေၾကာင့္ ေသြးေၾကာေတြအကုန္လုံး ပိတ္ဆို႔သြားသလို ခံစားရၿပီး အံ့က်ဴးစိတ္ေတြ ပြင့္ထြက္ခ်င္လာသည္။

“ငါ့မွာ မိသားစု႐ွိတယ္”

“ေတာက္! ငါကြာ”

အံ့က်ဴး စိတ္မထိန္းႏိုင္စြာပင္ ေလထဲမွာ ကန္ထုတ္မိသည္။လက္သီးကို တင္းတင္းဆုပ္ကာ စိတ္ကိုထိန္းခ်ဳပ္ေနရသည္။မဟုတ္ရင္ လေရာင္သသကို ဘာလုပ္မိမယ္မသိ။

“ၿပီးရင္ ေအာက္ကိုဆင္းလာခဲ့ေနာ္၊ ငါက ဖိုးခိုင္းလို႔ လာႏိႈးတာ”

ထိုမွ်သာေျပာၿပီး လွည့္ထြက္သြားတဲ့ လေရာင္သသဟာ ေခါင္းေသးေသးေလးနဲ႔မလိုက္ေအာင္ပင္ အေၾကာႀကီးလြန္းပါသည္။ဆံပင္ေျဖာင့္စင္းစင္းေလးေတြကို ျဖန္႔ခ်ထားၿပီး crop top နဲ႔ ဆြယ္တာတစ္ထည္ကိုသာ ဝတ္ဆင္ထားသည့္ သူ႕ပုံစံက အံ့က်ဴးတို႔လိုပဲ ေယာက်္ားတစ္ေယာက္ဆိုတာ သိပ္ယုံရခက္ပါသည္။

အခန္းတံခါးဝကေန ေလွကားအတိုင္းဆင္းသြားတဲ့ ေက်ာျပင္ေလးကို ၾကည့္ၿပီး အံ့က်ဴးရင္ထဲ ဆို႔နစ္လာသည္။သူ႕အပိုင္မဟုတ္ေတာ့ဘူးဆိုတဲ့အသိက ျမင္ေနရက္နဲ႔ကို လြမ္းေနေစသည္။သို႔ေသာ္လည္း လေရာင္သသက အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ အပိုင္ပဲ တစ္သက္လုံးျဖစ္လာရမည္။ပစၥဳပၸန္မွာ မည္သို႔ပင္ ေ႐ွာင္ပုန္းေနေစအုန္းေတာ့ လေရာင္သသရဲ႕ ပိုင္႐ွင္အစစ္အမွန္က သူဆိုတဲ့ အံ့က်ဴးမ်ိဳးႏြယ္တစ္ေယာက္တည္းသာ ျဖစ္လာရမည္။

•••••
“ဒီတစ္ပတ္ စေနေလာက္က်ရင္ ကြၽန္မတို႔အိမ္ကေန ဦးမင္းမ်ိဳးႏြယ္တို႔မိသားစုဝင္ေတြအတြက္ ညစာစားပြဲေလးလုပ္ေပးခ်င္တယ္၊ အဲ့တာေလးေတာ့ လက္ခံေပးေနာ္”

ဖိုးက ႀကီးႀကီးစကားကို အားတုံ႔အားနာဟန္နဲ႔သာ ေခါင္းညိတ္႐ွာသည္။ကိုေနက ရင့္က်က္စျပဳေနၿပီမို႔ ဖိုးနဲ႔လည္း အဆင္ေျပေျပစကားေျပာႏိုင္သည္။ဖိုးမ်က္ဝန္းေတြမွာလည္း ကိုေန႔ကိုသေဘာက်ပုံအမ်ားႀကီးေတြ႕ရသည္။

“အားနာနာနဲ႔ပဲ ေမးပါအုန္းမယ္၊ လေရာင္ေလးရဲ႕ ပုံစံအမွန္ကို စိတ္ရင္းနဲ႔လက္ခံေပးႏိုင္တာ ေသခ်ာရဲ႕လားကြယ္”

ဖိုးက လေရာင္ပုံစံအေပၚ  ႀကီးႀကီးတို႔အျမင္မတူမွာ စိတ္ပူၿပီး ေမး႐ွာျခင္းျဖစ္သည္။ႀကီးႀကီးကေတာ့ မ်က္လႊာခ်ၿပီး ျပဳံးသည္။

“ကြၽန္မတို႔က ဒီကေလးေလးနဲ႔ ေတြ႕ဖို႔ကို ေန႔စဥ္နဲ႔အမွ်ဆုေတာင္းေနခဲ့ရတာပါ႐ွင္၊ တစ္သက္လုံးမေတြ႕ရေတာ့ဘူးထင္ေနတာ ျပန္ဆုံခြင့္ရတာကိုက ကံေကာင္းျခင္းတစ္ပါးမဟုတ္လား..။သူ ဘယ္လိုပုံစံမ်ိဳးပဲျဖစ္ေနေန လက္ခံႏိုင္ၿပီးသားပါ”

“ဒီလိုဆိုရင္ေတာ့ စိတ္ခ်ပါၿပီ၊ အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ္ကလည္း ဒီကေလးကို သိပ္ႏွေျမာတာ၊ငအံ့ေလးခင္မ်ာလည္း ညေတြေတာင္ ေကာင္းေကာင္းမအိပ္ႏိုင္႐ွာဘူး သူ႕အကိုကို သိပ္သံေယာစဥ္ႀကီးတာ”

ဖိုးစကားအဆုံးမွာ လေရာင္ေတြေတြေလးျဖစ္သြားရသည္။အႏိုင္ယူခ်င္ေပမယ့္ အံ့က်ဴးမ်ိဳးႏြယ္က လေရာင္သသကိုဆိုရင္ သိပ္စြဲလန္းလြန္းသည္။တစ္ဇြတ္ထိုးဆန္တဲ့ ေကာင္ေလးက လေရာင္နဲ႔ဆိုရင္ ပိုေရာင့္တက္တတ္သည္။သူ႕ကို လေရာင္သိပ္ခ်စ္မွန္းသိေလ ပိုဆိုးခ်င္ေလျဖစ္သည္။

ဒုန္း!

နံရံကို ထိုးခ်လိုက္တဲ့ လက္သီးခ်က္ေၾကာင့္ လေရာင္တို႔အားလုံး စကားျပတ္သြားရသည္။အံ့က်ဴးမ်ိဳးႏြယ္က suit အျပည့္အစုံနဲ႔ျဖစ္ကာ laptop အိတ္ကို လက္ကဆြဲထားသည္။ဝတ္ပုံစားပုံက ေသသပ္ၿပီး လူႀကီးလူေကာင္းဆန္ေနသေလာက္ မ်က္ႏွာကေတာ့ လိုခ်င္တာမရတဲ့ ကေလးတစ္ေယာက္နဲ႔တူေနသည္။

“ေဟာ ေျမးငယ္…၊လာအုန္းေလကြယ္”

ဖိုးက ေခၚလိုက္ေတာ့မွ ကေဆာင့္ကေအာင့္နဲ႔ ဝင္ထိုင္သည္။မ်က္ႏွာကေတာ့ တစ္စက္ကေလးမွ မသာယာ။လေရာင္နဲ႔ အၾကည့္ခ်င္းဆုံေတာ့ မ်က္ခုံးတန္းနက္နက္က တြန္႔သြားသည္။

“ဒါက လေရာင္ေလးရဲ႕ အကို ေနေကာင္းဆက္သာတဲ့”

“ေတြ႕ရတာ ဝမ္းသာပါတယ္ ညီ”

ကိုေနက ဖိုးမိတ္ဆက္ေပးလိုက္တာနဲ႔ ခ်က္ခ်င္းပင္ လက္ဆြဲႏႈတ္ဆက္ဖို႔ အံ့က်ဴးဆီ လက္ကမ္းေပးသည္။သို႔ေသာ္လည္း အံ့က်ဴးမ်ိဳးႏြယ္ကေတာ့ တစ္ခ်က္သာ ေမာ့ၾကည့္ၿပီး ဘာမွမတုံ႔ျပန္။မ်က္ႏွာကို တမင္ပင္ ႐ွစ္ေခါက္ခ်ိဳးလုပ္ထားလား ထင္ရသည္။

“ျပန္ႏႈတ္ဆက္လိုက္ေလ ေျမးငယ္၊အကို႔ကို အားနာစရာ”

“က်စ္!”

အဖိုးက ဆူသလိုေျပာေတာ့ ႏႈတ္ခမ္းကို တြန္႔႐ုံ မဲ့ျပဳံး,ျပဳံးၿပီး စုပ္သတ္သည္။ကိုေနက သူ႕ကို ျပဳံးၾကည့္ေနၿပီးသာ ေနရာမွာျပန္ထိုင္သည္။ႀကီးႀကီးကေတာ့ သေဘာမက်စြာနဲ႔ မ်က္ခုံးေတြ႐ႈံ႕ၿပီး ေအာက္ႏႈတ္ခမ္းကို အသာကိုက္ေနသည္။

“အခုမွ ဘာလို႔ေပၚလာတာလဲ”

“ခင္မ်ာ…”

“ေဟ့ေကာင္!!”

ကိုေန႔ကို ေစ့ေစ့ၾကည့္ၿပီး ခပ္မာမာထြက္လာတဲ့ ေလသံေၾကာင့္ လေရာင္မ်က္လုံးဝိုင္းသြားရသည္။ကိုေနလည္း အံ့အားသင့္သြားသလို ဖိုးကလည္း ခပ္မာမာနဲ႔ ဝင္ေငါက္သည္။

“တစ္သက္လုံး ဒီမွာပဲ ေနသြားရေတာ့မယ့္ကိစၥကို ဘာလို႔ ခုက်မွ ေခၚသြားရတာလဲ”

ကိုေနက ဘာမွျပန္မေျဖေတာ့ အံ့က်ဴးအသံက ပိုက်ယ္လာသည္။လေရာင္မွာသာ ၾကားထဲကေန ငိုခ်င္လာသည္။စိတ္က ဝမ္းနည္းစျပဳတုန္း႐ွိေသးသည္ မ်က္ရည္ေတြက အဆက္မျပတ္ က်ေနၿပီျဖစ္သည္။အံ့က်ဴးမ်က္လုံးေတြကလည္း သားရဲတစ္ေကာင္ရဲ႕မ်က္လုံးေတြလို နီရဲကာ လည္ပင္းေၾကာေတြပါ ေထာင္ထေနသည္။

“အစကတည္းက ပစ္ထားၾကၿပီး အခုလည္း မသိဟန္ေဆာင္ေပးလိုက္ပါလားဗ်ာ”

အံ့က်ဴးက ေျပာေနရင္းကေန မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်လာသည္။သူငိုတာ ျမင္ေတာ့ လေရာင္ပိုငိုခ်င္လာသည္။

“ေျမး..ေျမးငယ္”

ကိုေနက မ်က္ႏွာအသာလႊဲကာ ေခါင္းကိုအသာဖိထားသည္။ဒါက သူ႕ကိုယ္သူ အျပစ္တင္လို႔မဆုံးျဖစ္ေနတာ။ႀကီးႀကီးလည္း ထိုနည္းတူပင္ မ်က္လႊာခ်ကာ ၿငိမ္ေနသည္။

“ဒါမွမဟုတ္ က်ဳပ္ကိုမ်ား ဝိုင္းစေနၾကတာလား ဟင္… လေရာင္သသ၊ ဟုတ္တယ္မလား ….. အဲ့ေန႔ကပဲ ခင္မ်ားက်ဳပ္ဆီကေန ထြက္ေျပးသြားတယ္ ျပန္လာေတာ့ ခင္မ်ားမွာ အကိုအရင္း႐ွိတယ္တဲ့”

အံ့က်ဴးက ခ်က္ခ်င္းပင္ ႐ွဴး႐ွဴး႐ွား႐ွားျဖစ္သြားၿပီး လေရာင္အနားကိုေရာက္လာသည္။မ်က္ႏွာကို အထက္စီးကေန အုပ္မိုးထားၿပီး မ်က္ရည္စေတြျပည့္ေနတဲ့ မ်က္ဝန္းေတြနဲ႔ မယုံသလိုေမးသည္။

“ကိုယ္ေတာင္းပန္ပါတယ္ကြာ၊ ကိုယ္တို႔ေပါ့ေလ်ာ့မႈေၾကာင့္ ကိုယ့္ညီေလးက အခ်ိန္အၾကာႀကီး သူမ်ားအိမ္မွာ ေနခဲ့..”

“မေျပာနဲ႔! ခင္မ်ားမေျပာနဲ႔”

“ေတာ္စမ္း အံ့က်ဴးမ်ိဳးႏြယ္ ! လေရာင္ေလးကို စိတ္ခုေအာင္ မလုပ္နဲ႔”

ဖိုးက ေအာ္လိုက္ေတာ့မွ အံ့က်ဴးက ၿငိမ္က်သြားသည္။လေရာင္မွာေတာ့ ၾကားထဲကေန အဆက္မျပတ္သာ ငိုေနမိေတာ့သည္။လူျဖစ္ရတာ ဒီေလာက္ပင္ပန္းမွန္းသိရင္ ဘဝအဆက္ဆက္လူျဖစ္မလာဖို႔ပဲ ဆုေတာင္းခဲ့မိမွာ…။

SophiaMoon783(7.12.2022)
______________________________________

update ၾကာေနတဲဲ႕ ကြၽန္ေတာ္႕ကို တစ္ေယာက္တစ္ခြန္းဆူလွည့္ၾကပါအုန္း╥﹏╥။ဟိုေန႔က ႐ုတ္႐ုတ္သဲသဲျဖစ္ၿပီး ကတည္းက ဖုန္းအားမသြင္းရေသးတာ ဒီေန႔မွပဲ အားသြင္းရပါတယ္😖

Tags: read novel My Possessive Of You 24, novel My Possessive Of You 24, read My Possessive Of You 24 online, My Possessive Of You 24 chapter, My Possessive Of You 24 high quality, My Possessive Of You 24 light novel, ,

Comment

Leave a Reply

Chapter 26