My Possessive Of You 26

All chapters are in My Possessive Of You
A+ A-

နှစ်ယောက်သား တိတ်ဆိတ်နေရင်း အတန်ကြာ စိုက်ကြည့်နေမိကြသည်။
လေထုက အေးစက်သယောင်ရှိပေမယ့် နှစ်ယောက်လုံး ရင်ထဲမှာတော့ ဂယက်ရိုက်နေကြသည်။

“ပျော်နေတာမလား..”

“ဟင်”

တိတ်ဆိတ်ငြိမ်သက်မှုကို အံ့ကျူးဘက်က စတင်ဖြိုခွဲသည်။လေသံက ရိသဲ့သဲ့နဲ့ တမင်တကာရွဲ့ပြောတဲ့ ပုံစံမျိုး။

“ပျော်နေတဲ့ပုံစံပေါက်နေလို့လေ ”

“မဟုတ်ပါဘူး”

“ဘာလာလုပ်တာလဲ”

လရောင် သူ့ကို မျက်လုံးချင်းဆုံပြီးတော့ပင် စေ့စေ့ပြန်ကြည့်ပေးလိုက်သည်။စောစောကပဲ အတင်းအကျပ်နမ်းတဲ့သူက အခုကျတော့လည်း ပုံမှန်အံ့ကျူးပြန်ဖြစ်သွားတာပင်။

“မင်းဆီပြန်လာတာ”

“…”

လရောင်စကားကို ကြားတော့ အပြုံးသဲ့သဲ့နဲ့ တစ်ဖက်ကို မျက်နှာလွှဲသည်။လရောင်အမြင်မှာတော့ “ကြောက်နေပါပြီဗျာ”ဆိုတဲ့ မျက်နှာပေါက်မျိုး ချိုးလိုက်တာဖြစ်သည်။လရောင်စကားကို မယုံသလို လုပ်လိုက်တာ။

လရောင် ဒေါသထွက်သွားကာ ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းတွေက အနည်းငယ်ကျယ်သွားကာ နှုတ်ခမ်းအစုံက တင်းတင်းစေ့သွားသည်။သူ့ရဲ့ စွန့်စားမှုကို သရော်တာ။

“မင်း…အံ့ကျူးမျိုးနွယ်..”

“ဟော..”

တုန်ခါနေတဲ့ အသံကြောင့် အံ့ကျူးမော့ကြည့်လိုက်တော့ မျက်ရည်စတွေပြည့်နေပြီး နှုတ်ခမ်းတွေကလည်း တဆတ်ဆတ်တုန်နေပြီဖြစ်သည်။သူ့ရဲ့ မဝံ့မရဲစကားလေးကို အံ့ကျူးမှာ ကျေနပ်နေတုန်းရှိသေးသည် အသံတုန်ခါခါလေးကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြန်သည်။

“ခင်များ ဘာဖြစ်ပြန်တာလဲ..”

မျက်ရည်တွေ တလှိမ့်ချင်းကျပြီး လက်ဖမိုးလေးနဲ့ မျက်ရည်စတွေကို ဖိကာဖိကာ ငိုနေတဲ့ လရောင်သသကြောင့် နေမထိထိုင်မသာဖြစ်ရသည်။

“အင့် အဟင့် အီးဟီးဟီး”

အသံတိတ်ငိုနေတဲ့သူက ရင်ခွင်ထဲဆွဲသွင်းပြီး   ဆံပင်ရှည်တွေထဲ လက်ချောင်းတွေထိုးထည့်ကာ ဆော့ကစားရင်း နဖူးပြင်ကို ဖိနမ်းတော့ အသံထွက်ပြီး ငိုတော့သည်။

“မုန်းတယ် အဟင့်”

“ကျွန်တော် ဘာလုပ်လို့လဲဗျာ”

“အင့် အဟင့် ငါ့ကို အင့် လှောင်တယ် အီးဟီး”

လက်သီးဆုပ်လေးတွေက အံ့ကျူး ကျောပြင်ကို တဗုန်းဗုန်းထုရိုက်လာသည်။ရင်ဘတ်က အင်္ကျီစကိုလည်း ဆွဲကိုက်ထားသေးသည်။

“ဟော ကျွန်တော် မလှောင်ရပါဘူး လရောင်ရာ”

“လိမ်တယ် ဟိုဘက်လှည့်ပြီး ရယ်နေတာမလား”

လရောင်သသကြောင့် အံ့ကျူးရင်ထဲ ကုလားဘုရားလှည့်သလို စည်ကားနေတာ သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။

“ကျွန်တော်ပျော်သွားတာ ”

“တ..တကယ်လား”

“အင်း ကျွန်တော့်ကောင်လေးက ကျွန်တော့်အတွက် ဒီလောက်ထိ တွေးထားတယ်ဆိုပြီး ပျော်သွားတာ”

“အဟင့် မသိဘူး”

ထိုအခါမှ ရှက်ရမ်းရမ်းကာ အံ့ကျူးရင်ခွင်ထဲကနေ အတင်းရုန်းထွက်သည်။အံ့ကျူး အလွတ်မပေးပဲ ပိုတိုးပြီး ဖက်လိုက်ကာ နဖူးချင်းတေ့ထားလိုက်သည်။ငိုထားလို့ ရဲနေတဲ့ နှာတံလုံးလုံးလေးကို အံ့ကျူး နှာတံချွန်ချွန်နဲ့ ပွတ်ဆွဲလိုက်တော့ သဘောမကျသလို နှုတ်ခမ်းနီတာရဲလေးက စူထွက်လာသည်။

နားရွက်ပါးပါးရဲရဲလေးကို လက်နဲ့အသာပွတ်တော့ ခေါင်းကိုစောင်းပြီးရုန်းသည်။သူသဘောမကျမှန်းသိတော့ အံ့ကျူး ပိုပင်စချင်လာသည်။နားရွက်ဖျားလေးကို အသာလျက်လိုက်တော့ အံ့ကျူးရင်ဘတ်ကို အတင်းတွန်းပြီး နားသယ်စပ်က မွှေးညင်းနုလေးတွေတောင် လှုပ်ရှားသွားသည်။

“မ..လုပ်နဲ့”

“မောင့်ကိုနမ်း..”

“ဟင်”

“ခင်များမနမ်းရင် မောင် ခင်များကို နမ်းတော့မှာ..”

အရယ်အပြုံးမရှိပဲ စေ့စေ့ကြည့်ကာ ပြောလာတဲ့ အံ့ကျူးစကားအောက်မှာ လရောင်တိမ်းညွတ်ရသည်။သူစိတ်ကျေနပ်ရုံ အောက်နှုတ်ခမ်းကို ထိရုံနမ်းပေးလိုက်သည်။

“စီးကရက်စော်တွေ နံတယ် အသားလည်း နည်းနည်းမဲသွားသလိုပဲ”

“ခင်များကြောင့်လေ”

“ဟင်”

“မဟင်နဲ့ အဲ့တာ ခင်များပြန်ကုပေးရမယ်”

“အင်း”

“ဟမ်”

အံ့ကျူးပြောချင်တာ ဘာအဓိပ္ပါယ်လည်းဆိုတာတောင် သိရက်နဲ့ ချက်ချင်းခေါင်းညိတ်တာကြောင့် နည်းနည်းတော့ အံ့သြသွားသည်။တစ်ဆက်တည်းမှာပဲ သူ့လုပ်ရပ်ကြောင့် အံ့ကျူးကမ္ဘာကြီးက 23 ½ ဒီဂရီကနေ လေးဆယ့်ခြောက်ဒီဂရီလောက်ထိ တိမ်းစောင်းသွားသည်။သူ့လွယ်အိတ်ထဲက အရောင်ဖျော့ lipstick တစ်ချောင်းကို ထုတ်လိုက်သောကြောင့်ပင်။

“ခေါင်းမော့လိုက် အံ့ကျူး၊ ဒီတစ်ချောင်းက အရောင်မပါဘူး မင်းနှုတ်ခမ်းကို ကြည့်ကောင်းရုံလေးတင် အွန့်..”

သူလုပ်သမျှကို ကြည့်နေသေးပေမယ့် တကယ်ပင် နှုတ်ခမ်းဆေးဆိုးရတော့မည့် အနေအထားကြောင့် လက်ကလေးတဝင့်ဝင့်လုပ်နေသူကို ဆွဲချုပ်ပြီး အနမ်းတွေကိုစားသုံးလိုက်ရသည်။

••••••••••••

“ကိုကိုလေး အဟင့်”

လရောင် အံ့ကျူးနဲ့အတူ ရုံးခန်းထဲက ထွက်လိုက်တာနဲ့ မွှေးမွှေးက ပြေးဖက်သည်။လရောင် မွှေးမွှေးကို ပြန်ဖက်လိုက်ပြီး ရုံးခန်းထဲကို လက်ဆွဲခေါ်သွားလိုက်သည်။

“မွှေးမွှေး ဘာတွေလုပ်နေတာလဲဟင် ”

“ဟိုမမတွေနဲ့ ဆော့နေတာ ကိုကိုလေး အဲ့ထဲမှာ အကြာကြီး ဘာလုပ်နေတာလဲ ဟိုလူကြီးကရော ဘာလုပ်သေးလဲ”

Cream cake အချို့ ပါးမှာပေနေတဲ့ မွှေးမွှေးက လရောင်ကို စိုးရိမ်သလိုကြည့်ကာ လရောင်နောက်နားမှာရပ်နေတဲ့ အံ့ကျူးကိုလည်း မျက်စောင်းထိုးကာ ဆိုသေးသည်။

“ဘာမှမလုပ်ပါဘူး မွှေးမွှေးရဲ့…၊ ကိုကိုလေးပြောပြမယ် သေချာနားထောင်နော်”

“ဟုတ်”

လရောင် မွှေးမွှေးနဲ့ တစ်တန်းတည်းဖြစ်အောင် ဒူးထောက်ထိုင်ချလိုက်သည်။ပြီးမှ..

“မွှေးမွှေးက စောစောကမမတွေနဲ့ အိမ်ပြန်နှင့်တော့နော်”

“ကိုကိုလေးကရော”

မွှေးမွှေးက ချက်ချင်းပင် နှုတ်ခမ်းလေးစူပြီး မေးလာသည်။အံ့ကျူးကို ကြည့်တော့ ဘာမှဝင်မပြောပဲ လရောင်ကိုသာ မျက်လုံးကပ်ပါတော့မတတ် စိုက်ကြည့်နေသည်။

သူ့အကြည့်တွေကြောင့် လရောင် မွှေးမွှေးကို နားချဖို့ အားတင်းထားတာတွေတောင် အနည်းငယ်လျော့သွားရသည်။အနေရခက်လိုက်တာ…။

“ဟို…ကိုကိုလေးက သွားစရာရှိသေးလို့၊မွှေးမွှေးအရင်ပြန်နှင့်နော်”

“မေမေကြီးက မေးရင် ဘယ်လိုဖြေရမှာလဲ ကိုကိုလေး”

မွှေးမွှေးက အလည်လေးဖြစ်သည်။လရောင်နဲ့အတူမဟုတ်ပဲ ပြန်လာရင် ကြီးကြီးက သေချာပေါက်ဆူမှာမို့ အကြောင်းပြချက်ကို တောင်းနေသေးသည်။

“ကိုကိုလေး အိမ်ပြန်သွားတယ်လို့ပဲ ပြောလိုက်နော်”

“ဟုတ်”

မွှေးမွှေးလေးက သိပ်သဘောမကျသလိုအမူအရာပြပေမယ့် အထွန့်တော့မတက်ရှာ။ညနေရုံးစောစောဆင်းပြီး အံ့ကျူးမျိုးနွယ်ရဲ့ မန်နေဂျာအမနှင့်ပင် အိမ်ပြန်လွှတ်ဖို့ ကြိုးစားရသည်။

“ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်ဗျာ”

ကုမ္ပဏီကနေ ကားမောင်းထွက်ပြီး အတော်ကြာတဲ့အထိ လရောင်သသဘာစကားမှ မပြောမိသေး။ဒီနေ့ ရုတ်တရက်ဖြစ်သွားတဲ့ သူ့လုပ်ရပ်ကို နောင်တမရသလို ပီတိတောင်ဖြစ်နေသည်။ကောင်လေးက သူနဲ့အတူရှိနေတဲ့ ဒီနေ့ တစ်နေ့လုံးကို ပြုံးနေတာ။

သူ့ဆီက ရုတ်တရက်ထွက်လာတဲ့ စကားကို ဘာမှမတုံ့ပြန်မိပေမယ့် လရောင်ရင်ထဲ ပျားရည်မြစ်လေး စီးဆင်းသွားရသည်။

“ကျွန်တော် ခင်များကို ချစ်လွန်းလို့ ရူးတော့မလိုပဲ”

“အယ် ကားကို ဂရုစိုက်မောင်း ကောင်လေး”

ကားမောင်းနေရင်းကနေ လရောင်မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောနေသူကြောင့် မျက်နှာတစ်ပြင်လုံး ရဲတက်လာပြီး သူ့ပေါင်ကို တစ်ချက်ရိုက်ကာ သတိပေးလိုက်ရသည်။

“အိမ်ရောက်ရင် ကြီးကြီးဆီ ဖုန်းဆက်ချင်တယ်၊ ငါ အလောတကြီးနဲ့ ထွက်လာလို့ ဖုန်းမယူခဲ့မိဘူး”

“ကျွန်တော့်ကို အဲ့လောက်တွေ့ချင်တာလား”

“ဟင် အဲ့တာက…”

လရောင်သသ ပြောပြီးခါမှ ကိုယ့်စကားကိုယ် တွေးကာ ရှက်ရသည်။အံ့ကျူးမျိုးနွယ်ကတော့ အရင်က အံ့ကျူးမျိုးနွယ်နဲ့မတူပဲ အပြုံးတွေ ဖောဖောသီသီသုံးကာ အချစ်ရည်ရွှမ်းတဲ့ မျက်ဝန်းတွေနဲ့ လမ်းတစ်လျှောက်လုံး ကြည့်နေတော့သည်။

“ဖိုး ဖိုး ”

အိမ်ရောက်တာနဲ့ ကားပေါ်က ဆင်းပြီး အံ့ကျူးကိုမစောင့်ပဲ အိမ်ထဲပြေးဝင်လိုက်တော့ ဧည့်ခန်းမှာ သတင်းစာဖတ်နေတဲ့ ဖိုးကိုအရင်ဆုံးတွေ့လိုက်ရသည်။

“မြေးအဆိုးလေး အခုမှ ဖိုးဆီ ပေါ်လာဖော်ရတယ်”

ဖိုးက လရောင်ကို ခေါင်းလေးအသာပုတ်ကာ ပြောသည်။

“အပြီးခေါ်လာတာလေ”

နောက်က ဝင်လိုက်လာတဲ့ အံ့ကျူးမျိုးနွယ်က ဂုဏ်ယူနေတဲ့ လေသံနဲ့ပြောသည်။ဖိုးက အံ့သြသွားသလို မျက်ခုံးပင့်သည်။မနက်ကထိ ဘီယာဘားမှာထိုင်နေတဲ့ သူ့မြေးက ရုတ်တရက်ကြီး ကုမ္ပဏီထသွားပြီး အပြန်ကျတော့လည်း လရောင်လေးကို ခေါ်လာသည်။

အဖိုးကြီးတစ်ယောက်ဆိုပေမယ့် ခေတ်အမြင်ရှိသူပီပီ မြေးဖြစ်သူကိုကြည့်ရုံနဲ့ လရောင်လေးအပေါ် ဘယ်လောက်ကဲကဲလှုပ်နေလည်းဆိုတာ သိသည်။အံ့ကျူးမျိုးနွယ်က အဖေတူသားတစ်ယောက်ပီသတယ်ဆိုတာ ဒီနေရာတွေအထိတောင် လိုက်တူနေသေးသည်။

ခင်ဇော်မျိုးနွယ် အဲ့ဒီအရွယ်တုန်းကလည်း သူနဲ့ပုံစံတူ ယောကျ်ားတစ်ယောက်ကိုမှ စချစ်သည်။အစပိုင်း ဦးမင်းမျိုးနွယ်တောင် မယုံပေမယ့် သားက ထိုအမျိုးသားလေးအပေါ်တော့ တော်တော်လေးအစွဲအလမ်းကြီးသည်။

အံ့ကျူးလေးမေမေနဲ့ လက်ထပ်လိုက်ရတာတောင် ထိုကောင်လေးရဲ့ ဖြောင်းဖျမှုကြောင့်ပင်ဖြစ်သည်။မတော်တဆမှားယွင်းမှုတစ်ခုဆိုပေမယ့် တစ်ဖက်မိန်းကလေးဘက်ကို အများကြီးတွေးပေးခဲ့တဲ့ ထိုကောင်လေး၏  ဆုံးဖြတ်ချက်ကိုလည်း ဦးမင်းမျိုးနွယ် လေးစားမိပါသည်။

မြေးဖြစ်သူကတော့ လရောင်လေးမှ မဟုတ်ရင် ဘယ်သူ့ကိုမှ မျက်နှာသာတောင် ပေးတာမဟုတ်။

“ဘယ်လို အပြီးလဲ မြေးရဲ့”

“ကျွန်တော် လရောင်သသကို လက်ထပ်မယ် ဖိုး”

လရောင်လေးကို ကြည့်လိုက်တော့လည်း ပါးလေးရဲပြီး ခေါင်းငုံ့သွားသည်။အခုခေတ်ကလေးတွေရဲ့ အချစ်ကလည်း တယ်ဆန်းကြယ်ကြသကိုး။

“လရောင်လေးသဘောကရော”

လရောင် သူ့ကိုတစ်လှည့် ဖိုးကိုတစ်လှည့်ကြည့်တော့ အံ့ကျူးက ဆွဲငင်အားတစ်မျိုးပါတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေသည်။

“အတူ..အတူတူပဲ ဖိုး”

“ဟော…”

ဖိုးက ရယ်သည်။အံ့ကျူးကလည်း သွားချွန်ချွန်တွေ တစွန်းတစပေါ်သည်အထိ ပြုံးတော့ လရောင်လည်း လိုက်ပြုံးမိသည်။

“မောင်နေကောင်းတို့ တူဝရီးကရော လက်ခံနိုင်ပါ့မလား မြေးငယ်”

“ကျွန်တော်က လရောင်သသတစ်ယောက်ပဲ မြင်တယ်”

“အဲလိုလည်း မဟုတ်ဘူးလေကွယ်”

ဖိုးပြောချင်တဲ့ စကားကို နားလည်ပေမယ့် အံ့ကျူးမျိုးနွယ် ရင်ထဲရှိတဲ့အတိုင်းသာပြောလိုက်သည်။ထိုစကားကလည်း အစစ်မှန်ဆုံးပင်။လရောင်သသမျက်နှာကလွဲရင် သူဘာမှမမြင်သလို လရောင်သသကလွဲရင် သူဘယ်သူ့စိတ်ကိုမှ စိတ်မဝင်စားသောကြောင့်ပင်။

တူ! တူ! တူ!

လရောင်တို့ သုံးယောက်စကားပြောနေတုန်းမှာပင် ဦးမင်းမျိုးနွယ်ဖုန်းက ဝင်လာသည်။
ထိုအခါမှ ကြီးကြီးတို့ကို ဖုန်းဆက်ဖို့ သတိရသည်။

“ဟယ်လို ဟုတ်ကဲ့ ဦးမင်းမျိုးနွယ် ဟုတ်ပါတယ်ဗျ..အော် မနွေးနွေးလွင် ပြောရမှာတော့ အားနာပါတယ်ဗျာ…”

ဦးမင်းမျိုးနွယ် ဖုန်းကို hold on လုပ်ထားလိုက်ပြီး အံ့ကျူးမျိုးနွယ်ကို မျက်နှာရိပ်မျက်နှာကဲနဲ့ တိုင်ပင်လိုက်ရသည်။တစ်ဖက်ဖုန်းထဲက လရောင်ရဲ့ ကြီးကြီးအသံကလည်း အနည်းငယ် စိုးထိတ်နေပြီး သူလည်း တစ်ခုခုကို လန့်နေပုံရသည်။

လရောင်လေးက ဖုန်းဝင်ကတည်းက သူ့ယဥ်ကျေးမှုအတိုင်း အလိုက်တသိပင် ထွက်သွားနှင့််ပြီး ဖြစ်သည်။

“ကျွန်တော်တို့ မိသားဖသားပီပီ လာတောင်းရမ်းပါ့မယ် မနွေးနွေးလွင်”

တစ်ဖက်ဖုန်းရှိ အမျိုးသမီး၏ ငိုချင်းချသံနဲ့အတူ အံ့ကျူးမျိုးနွယ်၏ လက်ခမောင်းခတ်သံကလွဲရင် ပတ်ဝန်းကျင်ကတိတ်ဆိတ်သွားပြန်သည်။

SophiaMoon783(19.12.2022)
______________________________________

ဇာတ်လမ်းက တစ်ဝက်ကို တော်တော်ကြီး ကျိုးခဲ့ပါပြီ။စိတ်ကျေနပ်မှုလေးများရကြရဲ့လားမသိဘူး။လိုအပ်တာလေးတွေလည်း ထောက်ပြပေးခဲ့ကြပါအုန်း။

ႏွစ္ေယာက္သား တိတ္ဆိတ္ေနရင္း အတန္ၾကာ စိုက္ၾကည့္ေနမိၾကသည္။
ေလထုက ေအးစက္သေယာင္႐ွိေပမယ့္ ႏွစ္ေယာက္လုံး ရင္ထဲမွာေတာ့ ဂယက္႐ိုက္ေနၾကသည္။

“ေပ်ာ္ေနတာမလား..”

“ဟင္”

တိတ္ဆိတ္ၿငိမ္သက္မႈကို အံ့က်ဴးဘက္က စတင္ၿဖိဳခြဲသည္။ေလသံက ရိသဲ့သဲ့နဲ႔ တမင္တကာ႐ြဲ႕ေျပာတဲ့ ပုံစံမ်ိဳး။

“ေပ်ာ္ေနတဲ့ပုံစံေပါက္ေနလို႔ေလ ”

“မဟုတ္ပါဘူး”

“ဘာလာလုပ္တာလဲ”

လေရာင္ သူ႕ကို မ်က္လုံးခ်င္းဆုံၿပီးေတာ့ပင္ ေစ့ေစ့ျပန္ၾကည့္ေပးလိုက္သည္။ေစာေစာကပဲ အတင္းအက်ပ္နမ္းတဲ့သူက အခုက်ေတာ့လည္း ပုံမွန္အံ့က်ဴးျပန္ျဖစ္သြားတာပင္။

“မင္းဆီျပန္လာတာ”

“…”

လေရာင္စကားကို ၾကားေတာ့ အျပဳံးသဲ့သဲ့နဲ႔ တစ္ဖက္ကို မ်က္ႏွာလႊဲသည္။လေရာင္အျမင္မွာေတာ့ “ေၾကာက္ေနပါၿပီဗ်ာ”ဆိုတဲ့ မ်က္ႏွာေပါက္မ်ိဳး ခ်ိဳးလိုက္တာျဖစ္သည္။လေရာင္စကားကို မယုံသလို လုပ္လိုက္တာ။

လေရာင္ ေဒါသထြက္သြားကာ ျပဳံးရိပ္သန္းေနတဲ့ မ်က္ဝန္းေတြက အနည္းငယ္က်ယ္သြားကာ ႏႈတ္ခမ္းအစုံက တင္းတင္းေစ့သြားသည္။သူ႕ရဲ႕ စြန္႔စားမႈကို သေရာ္တာ။

“မင္း…အံ့က်ဴးမ်ိဳးႏြယ္..”

“ေဟာ..”

တုန္ခါေနတဲ့ အသံေၾကာင့္ အံ့က်ဴးေမာ့ၾကည့္လိုက္ေတာ့ မ်က္ရည္စေတြျပည့္ေနၿပီး ႏႈတ္ခမ္းေတြကလည္း တဆတ္ဆတ္တုန္ေနၿပီျဖစ္သည္။သူ႕ရဲ႕ မဝံ့မရဲစကားေလးကို အံ့က်ဴးမွာ ေက်နပ္ေနတုန္း႐ွိေသးသည္ အသံတုန္ခါခါေလးေၾကာင့္ ဘာလုပ္ရမွန္းမသိ ျဖစ္သြားျပန္သည္။

“ခင္မ်ား ဘာျဖစ္ျပန္တာလဲ..”

မ်က္ရည္ေတြ တလွိမ့္ခ်င္းက်ၿပီး လက္ဖမိုးေလးနဲ႔ မ်က္ရည္စေတြကို ဖိကာဖိကာ ငိုေနတဲ့ လေရာင္သသေၾကာင့္ ေနမထိထိုင္မသာျဖစ္ရသည္။

“အင့္ အဟင့္ အီးဟီးဟီး”

အသံတိတ္ငိုေနတဲ့သူက ရင္ခြင္ထဲဆြဲသြင္းၿပီး   ဆံပင္႐ွည္ေတြထဲ လက္ေခ်ာင္းေတြထိုးထည့္ကာ ေဆာ့ကစားရင္း နဖူးျပင္ကို ဖိနမ္းေတာ့ အသံထြက္ၿပီး ငိုေတာ့သည္။

“မုန္းတယ္ အဟင့္”

“ကြၽန္ေတာ္ ဘာလုပ္လို႔လဲဗ်ာ”

“အင့္ အဟင့္ ငါ့ကို အင့္ ေလွာင္တယ္ အီးဟီး”

လက္သီးဆုပ္ေလးေတြက အံ့က်ဴး ေက်ာျပင္ကို တဗုန္းဗုန္းထု႐ိုက္လာသည္။ရင္ဘတ္က အက်ႌစကိုလည္း ဆြဲကိုက္ထားေသးသည္။

“ေဟာ ကြၽန္ေတာ္ မေလွာင္ရပါဘူး လေရာင္ရာ”

“လိမ္တယ္ ဟိုဘက္လွည့္ၿပီး ရယ္ေနတာမလား”

လေရာင္သသေၾကာင့္ အံ့က်ဴးရင္ထဲ ကုလားဘုရားလွည့္သလို စည္ကားေနတာ သူကိုယ္တိုင္သာ အသိဆုံးျဖစ္သည္။

“ကြၽန္ေတာ္ေပ်ာ္သြားတာ ”

“တ..တကယ္လား”

“အင္း ကြၽန္ေတာ္႕ေကာင္ေလးက ကြၽန္ေတာ္႕အတြက္ ဒီေလာက္ထိ ေတြးထားတယ္ဆိုၿပီး ေပ်ာ္သြားတာ”

“အဟင့္ မသိဘူး”

ထိုအခါမွ ႐ွက္ရမ္းရမ္းကာ အံ့က်ဴးရင္ခြင္ထဲကေန အတင္း႐ုန္းထြက္သည္။အံ့က်ဴး အလြတ္မေပးပဲ ပိုတိုးၿပီး ဖက္လိုက္ကာ နဖူးခ်င္းေတ့ထားလိုက္သည္။ငိုထားလို႔ ရဲေနတဲ့ ႏွာတံလုံးလုံးေလးကို အံ့က်ဴး ႏွာတံခြၽန္ခြၽန္နဲ႔ ပြတ္ဆြဲလိုက္ေတာ့ သေဘာမက်သလို ႏႈတ္ခမ္းနီတာရဲေလးက စူထြက္လာသည္။

နား႐ြက္ပါးပါးရဲရဲေလးကို လက္နဲ႔အသာပြတ္ေတာ့ ေခါင္းကိုေစာင္းၿပီး႐ုန္းသည္။သူသေဘာမက်မွန္းသိေတာ့ အံ့က်ဴး ပိုပင္စခ်င္လာသည္။နား႐ြက္ဖ်ားေလးကို အသာလ်က္လိုက္ေတာ့ အံ့က်ဴးရင္ဘတ္ကို အတင္းတြန္းၿပီး နားသယ္စပ္က ေမႊးညင္းႏုေလးေတြေတာင္ လႈပ္႐ွားသြားသည္။

“မ..လုပ္နဲ႔”

“ေမာင့္ကိုနမ္း..”

“ဟင္”

“ခင္မ်ားမနမ္းရင္ ေမာင္ ခင္မ်ားကို နမ္းေတာ့မွာ..”

အရယ္အျပဳံးမ႐ွိပဲ ေစ့ေစ့ၾကည့္ကာ ေျပာလာတဲ့ အံ့က်ဴးစကားေအာက္မွာ လေရာင္တိမ္းၫြတ္ရသည္။သူစိတ္ေက်နပ္႐ုံ ေအာက္ႏႈတ္ခမ္းကို ထိ႐ုံနမ္းေပးလိုက္သည္။

“စီးကရက္ေစာ္ေတြ နံတယ္ အသားလည္း နည္းနည္းမဲသြားသလိုပဲ”

“ခင္မ်ားေၾကာင့္ေလ”

“ဟင္”

“မဟင္နဲ႔ အဲ့တာ ခင္မ်ားျပန္ကုေပးရမယ္”

“အင္း”

“ဟမ္”

အံ့က်ဴးေျပာခ်င္တာ ဘာအဓိပၸါယ္လည္းဆိုတာေတာင္ သိရက္နဲ႔ ခ်က္ခ်င္းေခါင္းညိတ္တာေၾကာင့္ နည္းနည္းေတာ့ အံ့ၾသသြားသည္။တစ္ဆက္တည္းမွာပဲ သူ႕လုပ္ရပ္ေၾကာင့္ အံ့က်ဴးကမ႓ာႀကီးက 23 ½ ဒီဂရီကေန ေလးဆယ့္ေျခာက္ဒီဂရီေလာက္ထိ တိမ္းေစာင္းသြားသည္။သူ႕လြယ္အိတ္ထဲက အေရာင္ေဖ်ာ့ lipstick တစ္ေခ်ာင္းကို ထုတ္လိုက္ေသာေၾကာင့္ပင္။

“ေခါင္းေမာ့လိုက္ အံ့က်ဴး၊ ဒီတစ္ေခ်ာင္းက အေရာင္မပါဘူး မင္းႏႈတ္ခမ္းကို ၾကည့္ေကာင္း႐ုံေလးတင္ အြန္႔..”

သူလုပ္သမွ်ကို ၾကည့္ေနေသးေပမယ့္ တကယ္ပင္ ႏႈတ္ခမ္းေဆးဆိုးရေတာ့မည့္ အေနအထားေၾကာင့္ လက္ကေလးတဝင့္ဝင့္လုပ္ေနသူကို ဆြဲခ်ဳပ္ၿပီး အနမ္းေတြကိုစားသုံးလိုက္ရသည္။

••••••••••••

“ကိုကိုေလး အဟင့္”

လေရာင္ အံ့က်ဴးနဲ႔အတူ ႐ုံးခန္းထဲက ထြက္လိုက္တာနဲ႔ ေမႊးေမႊးက ေျပးဖက္သည္။လေရာင္ ေမႊးေမႊးကို ျပန္ဖက္လိုက္ၿပီး ႐ုံးခန္းထဲကို လက္ဆြဲေခၚသြားလိုက္သည္။

“ေမႊးေမႊး ဘာေတြလုပ္ေနတာလဲဟင္ ”

“ဟိုမမေတြနဲ႔ ေဆာ့ေနတာ ကိုကိုေလး အဲ့ထဲမွာ အၾကာႀကီး ဘာလုပ္ေနတာလဲ ဟိုလူႀကီးကေရာ ဘာလုပ္ေသးလဲ”

Cream cake အခ်ိဳ႕ ပါးမွာေပေနတဲ့ ေမႊးေမႊးက လေရာင္ကို စိုးရိမ္သလိုၾကည့္ကာ လေရာင္ေနာက္နားမွာရပ္ေနတဲ့ အံ့က်ဴးကိုလည္း မ်က္ေစာင္းထိုးကာ ဆိုေသးသည္။

“ဘာမွမလုပ္ပါဘူး ေမႊးေမႊးရဲ႕…၊ ကိုကိုေလးေျပာျပမယ္ ေသခ်ာနားေထာင္ေနာ္”

“ဟုတ္”

လေရာင္ ေမႊးေမႊးနဲ႔ တစ္တန္းတည္းျဖစ္ေအာင္ ဒူးေထာက္ထိုင္ခ်လိုက္သည္။ၿပီးမွ..

“ေမႊးေမႊးက ေစာေစာကမမေတြနဲ႔ အိမ္ျပန္ႏွင့္ေတာ့ေနာ္”

“ကိုကိုေလးကေရာ”

ေမႊးေမႊးက ခ်က္ခ်င္းပင္ ႏႈတ္ခမ္းေလးစူၿပီး ေမးလာသည္။အံ့က်ဴးကို ၾကည့္ေတာ့ ဘာမွဝင္မေျပာပဲ လေရာင္ကိုသာ မ်က္လုံးကပ္ပါေတာ့မတတ္ စိုက္ၾကည့္ေနသည္။

သူ႕အၾကည့္ေတြေၾကာင့္ လေရာင္ ေမႊးေမႊးကို နားခ်ဖို႔ အားတင္းထားတာေတြေတာင္ အနည္းငယ္ေလ်ာ့သြားရသည္။အေနရခက္လိုက္တာ…။

“ဟို…ကိုကိုေလးက သြားစရာ႐ွိေသးလို႔၊ေမႊးေမႊးအရင္ျပန္ႏွင့္ေနာ္”

“ေမေမႀကီးက ေမးရင္ ဘယ္လိုေျဖရမွာလဲ ကိုကိုေလး”

ေမႊးေမႊးက အလည္ေလးျဖစ္သည္။လေရာင္နဲ႔အတူမဟုတ္ပဲ ျပန္လာရင္ ႀကီးႀကီးက ေသခ်ာေပါက္ဆူမွာမို႔ အေၾကာင္းျပခ်က္ကို ေတာင္းေနေသးသည္။

“ကိုကိုေလး အိမ္ျပန္သြားတယ္လို႔ပဲ ေျပာလိုက္ေနာ္”

“ဟုတ္”

ေမႊးေမႊးေလးက သိပ္သေဘာမက်သလိုအမူအရာျပေပမယ့္ အထြန္႔ေတာ့မတက္႐ွာ။ညေန႐ုံးေစာေစာဆင္းၿပီး အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ မန္ေနဂ်ာအမႏွင့္ပင္ အိမ္ျပန္လႊတ္ဖို႔ ႀကိဳးစားရသည္။

“ကြၽန္ေတာ္ တကယ္ ေက်းဇူးတင္ပါတယ္ဗ်ာ”

ကုမၸဏီကေန ကားေမာင္းထြက္ၿပီး အေတာ္ၾကာတဲ့အထိ လေရာင္သသဘာစကားမွ မေျပာမိေသး။ဒီေန႔ ႐ုတ္တရက္ျဖစ္သြားတဲ့ သူ႕လုပ္ရပ္ကို ေနာင္တမရသလို ပီတိေတာင္ျဖစ္ေနသည္။ေကာင္ေလးက သူနဲ႔အတူ႐ွိေနတဲ့ ဒီေန႔ တစ္ေန႔လုံးကို ျပဳံးေနတာ။

သူ႕ဆီက ႐ုတ္တရက္ထြက္လာတဲ့ စကားကို ဘာမွမတုံ႔ျပန္မိေပမယ့္ လေရာင္ရင္ထဲ ပ်ားရည္ျမစ္ေလး စီးဆင္းသြားရသည္။

“ကြၽန္ေတာ္ ခင္မ်ားကို ခ်စ္လြန္းလို႔ ႐ူးေတာ့မလိုပဲ”

“အယ္ ကားကို ဂ႐ုစိုက္ေမာင္း ေကာင္ေလး”

ကားေမာင္းေနရင္းကေန လေရာင္မ်က္ႏွာကို တည့္တည့္ၾကည့္ၿပီး ေျပာေနသူေၾကာင့္ မ်က္ႏွာတစ္ျပင္လုံး ရဲတက္လာၿပီး သူ႕ေပါင္ကို တစ္ခ်က္႐ိုက္ကာ သတိေပးလိုက္ရသည္။

“အိမ္ေရာက္ရင္ ႀကီးႀကီးဆီ ဖုန္းဆက္ခ်င္တယ္၊ ငါ အေလာတႀကီးနဲ႔ ထြက္လာလို႔ ဖုန္းမယူခဲ့မိဘူး”

“ကြၽန္ေတာ္႕ကို အဲ့ေလာက္ေတြ႕ခ်င္တာလား”

“ဟင္ အဲ့တာက…”

လေရာင္သသ ေျပာၿပီးခါမွ ကိုယ့္စကားကိုယ္ ေတြးကာ ႐ွက္ရသည္။အံ့က်ဴးမ်ိဳးႏြယ္ကေတာ့ အရင္က အံ့က်ဴးမ်ိဳးႏြယ္နဲ႔မတူပဲ အျပဳံးေတြ ေဖာေဖာသီသီသုံးကာ အခ်စ္ရည္႐ႊမ္းတဲ့ မ်က္ဝန္းေတြနဲ႔ လမ္းတစ္ေလွ်ာက္လုံး ၾကည့္ေနေတာ့သည္။

“ဖိုး ဖိုး ”

အိမ္ေရာက္တာနဲ႔ ကားေပၚက ဆင္းၿပီး အံ့က်ဴးကိုမေစာင့္ပဲ အိမ္ထဲေျပးဝင္လိုက္ေတာ့ ဧည့္ခန္းမွာ သတင္းစာဖတ္ေနတဲ့ ဖိုးကိုအရင္ဆုံးေတြ႕လိုက္ရသည္။

“ေျမးအဆိုးေလး အခုမွ ဖိုးဆီ ေပၚလာေဖာ္ရတယ္”

ဖိုးက လေရာင္ကို ေခါင္းေလးအသာပုတ္ကာ ေျပာသည္။

“အၿပီးေခၚလာတာေလ”

ေနာက္က ဝင္လိုက္လာတဲ့ အံ့က်ဴးမ်ိဳးႏြယ္က ဂုဏ္ယူေနတဲ့ ေလသံနဲ႔ေျပာသည္။ဖိုးက အံ့ၾသသြားသလို မ်က္ခုံးပင့္သည္။မနက္ကထိ ဘီယာဘားမွာထိုင္ေနတဲ့ သူ႕ေျမးက ႐ုတ္တရက္ႀကီး ကုမၸဏီထသြားၿပီး အျပန္က်ေတာ့လည္း လေရာင္ေလးကို ေခၚလာသည္။

အဖိုးႀကီးတစ္ေယာက္ဆိုေပမယ့္ ေခတ္အျမင္႐ွိသူပီပီ ေျမးျဖစ္သူကိုၾကည့္႐ုံနဲ႔ လေရာင္ေလးအေပၚ ဘယ္ေလာက္ကဲကဲလႈပ္ေနလည္းဆိုတာ သိသည္။အံ့က်ဴးမ်ိဳးႏြယ္က အေဖတူသားတစ္ေယာက္ပီသတယ္ဆိုတာ ဒီေနရာေတြအထိေတာင္ လိုက္တူေနေသးသည္။

ခင္ေဇာ္မ်ိဳးႏြယ္ အဲ့ဒီအ႐ြယ္တုန္းကလည္း သူနဲ႔ပုံစံတူ ေယာက်္ားတစ္ေယာက္ကိုမွ စခ်စ္သည္။အစပိုင္း ဦးမင္းမ်ိဳးႏြယ္ေတာင္ မယုံေပမယ့္ သားက ထိုအမ်ိဳးသားေလးအေပၚေတာ့ ေတာ္ေတာ္ေလးအစြဲအလမ္းႀကီးသည္။

အံ့က်ဴးေလးေမေမနဲ႔ လက္ထပ္လိုက္ရတာေတာင္ ထိုေကာင္ေလးရဲ႕ ေျဖာင္းဖ်မႈေၾကာင့္ပင္ျဖစ္သည္။မေတာ္တဆမွားယြင္းမႈတစ္ခုဆိုေပမယ့္ တစ္ဖက္မိန္းကေလးဘက္ကို အမ်ားႀကီးေတြးေပးခဲ့တဲ့ ထိုေကာင္ေလး၏  ဆုံးျဖတ္ခ်က္ကိုလည္း ဦးမင္းမ်ိဳးႏြယ္ ေလးစားမိပါသည္။

ေျမးျဖစ္သူကေတာ့ လေရာင္ေလးမွ မဟုတ္ရင္ ဘယ္သူ႕ကိုမွ မ်က္ႏွာသာေတာင္ ေပးတာမဟုတ္။

“ဘယ္လို အၿပီးလဲ ေျမးရဲ႕”

“ကြၽန္ေတာ္ လေရာင္သသကို လက္ထပ္မယ္ ဖိုး”

လေရာင္ေလးကို ၾကည့္လိုက္ေတာ့လည္း ပါးေလးရဲၿပီး ေခါင္းငုံ႔သြားသည္။အခုေခတ္ကေလးေတြရဲ႕ အခ်စ္ကလည္း တယ္ဆန္းၾကယ္ၾကသကိုး။

“လေရာင္ေလးသေဘာကေရာ”

လေရာင္ သူ႕ကိုတစ္လွည့္ ဖိုးကိုတစ္လွည့္ၾကည့္ေတာ့ အံ့က်ဴးက ဆြဲငင္အားတစ္မ်ိဳးပါတဲ့ မ်က္ဝန္းေတြနဲ႔ ၾကည့္ေနသည္။

“အတူ..အတူတူပဲ ဖိုး”

“ေဟာ…”

ဖိုးက ရယ္သည္။အံ့က်ဴးကလည္း သြားခြၽန္ခြၽန္ေတြ တစြန္းတစေပၚသည္အထိ ျပဳံးေတာ့ လေရာင္လည္း လိုက္ျပဳံးမိသည္။

“ေမာင္ေနေကာင္းတို႔ တူဝရီးကေရာ လက္ခံႏိုင္ပါ့မလား ေျမးငယ္”

“ကြၽန္ေတာ္က လေရာင္သသတစ္ေယာက္ပဲ ျမင္တယ္”

“အဲလိုလည္း မဟုတ္ဘူးေလကြယ္”

ဖိုးေျပာခ်င္တဲ့ စကားကို နားလည္ေပမယ့္ အံ့က်ဴးမ်ိဳးႏြယ္ ရင္ထဲ႐ွိတဲ့အတိုင္းသာေျပာလိုက္သည္။ထိုစကားကလည္း အစစ္မွန္ဆုံးပင္။လေရာင္သသမ်က္ႏွာကလြဲရင္ သူဘာမွမျမင္သလို လေရာင္သသကလြဲရင္ သူဘယ္သူ႕စိတ္ကိုမွ စိတ္မဝင္စားေသာေၾကာင့္ပင္။

တူ! တူ! တူ!

လေရာင္တို႔ သုံးေယာက္စကားေျပာေနတုန္းမွာပင္ ဦးမင္းမ်ိဳးႏြယ္ဖုန္းက ဝင္လာသည္။
ထိုအခါမွ ႀကီးႀကီးတို႔ကို ဖုန္းဆက္ဖို႔ သတိရသည္။

“ဟယ္လို ဟုတ္ကဲ့ ဦးမင္းမ်ိဳးႏြယ္ ဟုတ္ပါတယ္ဗ်..ေအာ္ မေႏြးေႏြးလြင္ ေျပာရမွာေတာ့ အားနာပါတယ္ဗ်ာ…”

ဦးမင္းမ်ိဳးႏြယ္ ဖုန္းကို hold on လုပ္ထားလိုက္ၿပီး အံ့က်ဴးမ်ိဳးႏြယ္ကို မ်က္ႏွာရိပ္မ်က္ႏွာကဲနဲ႔ တိုင္ပင္လိုက္ရသည္။တစ္ဖက္ဖုန္းထဲက လေရာင္ရဲ႕ ႀကီးႀကီးအသံကလည္း အနည္းငယ္ စိုးထိတ္ေနၿပီး သူလည္း တစ္ခုခုကို လန္႔ေနပုံရသည္။

လေရာင္ေလးက ဖုန္းဝင္ကတည္းက သူ႕ယဥ္ေက်းမႈအတိုင္း အလိုက္တသိပင္ ထြက္သြားႏွင္္႕ၿပီး ျဖစ္သည္။

“ကြၽန္ေတာ္တို႔ မိသားဖသားပီပီ လာေတာင္းရမ္းပါ့မယ္ မေႏြးေႏြးလြင္”

တစ္ဖက္ဖုန္း႐ွိ အမ်ိဳးသမီး၏ ငိုခ်င္းခ်သံနဲ႔အတူ အံ့က်ဴးမ်ိဳးႏြယ္၏ လက္ခေမာင္းခတ္သံကလြဲရင္ ပတ္ဝန္းက်င္ကတိတ္ဆိတ္သြားျပန္သည္။

SophiaMoon783(19.12.2022)
______________________________________

ဇာတ္လမ္းက တစ္ဝက္ကို ေတာ္ေတာ္ႀကီး က်ိဳးခဲ့ပါၿပီ။စိတ္ေက်နပ္မႈေလးမ်ားရၾကရဲ႕လားမသိဘူး။လိုအပ္တာေလးေတြလည္း ေထာက္ျပေပးခဲ့ၾကပါအုန္း။

Tags: read novel My Possessive Of You 26, novel My Possessive Of You 26, read My Possessive Of You 26 online, My Possessive Of You 26 chapter, My Possessive Of You 26 high quality, My Possessive Of You 26 light novel, ,

Comment

Leave a Reply

Chapter 28