My Possessive Of You 27

All chapters are in My Possessive Of You
A+ A-

“ဘာလာလုပ်တာလဲ”

ခေါင်းလျှော်ပြီးစမို့ ရေစိုနေတဲ့ ဆံပင်သားတွေကို တဘက်နဲ့သေချာသုတ်နေတုန်း ရုတ်တရက်ပွင့်လာတဲ့ တံခါးချပ်နဲ့အတူ အသားရောင်တီရှပ်ကို ဘောင်းဘီတိုနဲ့ တွဲဝတ်ထားတဲ့ အံ့ကျူးမျိုးနွယ်။

ဆံပင်တွေထိုးထိုးထောင်ထောင်နဲ့ သူ့ပုံစံက အလုပ်ပုံထဲ ခေါင်းနစ်နေရာကနေ ကမန်းကတန်းထလာဟန်တူသည်။

“အင့်”

ရုတ်တရက် ခါးကနေဆွဲဖက်ခံလိုက်ရတာကြောင့် နင့်ခနဲဖြစ်သွားရသည်။လရောင် မျက်လုံးအဝိုင်းသားနဲ့ကြည့်တော့ မျက်မှောင်ကျုံ့ပြီး အလိုမကျသလို လုပ်ပြနေပြန်သည်။သေချာကြည့်မှ နှုတ်ခမ်းကို မသိမသာစူထော်ထားတာကြောင့် လရောင်ရယ်ချင်သွားရသည်။

“ဟွန့်”

လရောင်ကိုယ်တိုင်တောင် သတိမထားမိလိုက်ပဲ နှုတ်ခမ်းကအလိုလိုရယ်မိသွားတော့ ‘ဟွန့်’ခနဲ အသံပြုပြီး ပါးတစ်ဖက်ကို သွားနဲ့ကိုက်ခဲသည်။စပ်ဖျဥ်းဖျဥ်းဖြစ်သွား၍ ဆူမယ်လုပ်တော့ အံ့ကျူးပြုမူလိုက်သည့် အပြုအမူကြောင့် လရောင် မှင်တက်သွားရသည်။

ကြောင်လေးတစ်ကောင် သခင်ကို ချွဲသလိုမျိုး လရောင်လည်တိုင်ဆီ သူ့မျက်နှာအပ်ကာ ပွတ်သပ်နေတော့သည်။ခွေးအကြီးကြီးတစ်ကောင်က သခင်ကို ချွဲနေတာနဲ့လည်း တူနေပြန်သည်။

“ကျွန်တော် အိပ်ချင်ပြီ”

“ဟင်”

“ကိုကိုချော့သိပ်”

“အံ့ကျူးမျိုးနွယ်…”

လရောင် မယုံနိုင်စွာပင် သူ့နာမည်ကို အာမေဋိတ်ပြုမိသည်အထိ။
ဟိုတစ်ခါမူးတဲ့အချိန်တုန်းကလွဲရင် အံ့ကျူးမျိုးနွယ်ရဲ့ပုံမှန်အခြေအနေမှာ “ခင်များ” ဆိုတာနဲ့ “လရောင်သသ” ဆိုတဲ့ နာမ်စားတွေသာ အသုံးခံခဲ့ရတာ။အံ့ကျူးမျိုးနွယ်က သူ့ကို အကြီးတစ်ယောက်လို့တောင် ထင်သေးရဲ့လားဟုပင် လရောင်တွေးမိတဲ့အထိ။

“မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ”

“ကိုကို လို့ခေါ်လိုက်တာ အဟက်”

လရောင်နှာခေါင်းထိပ်ဖျားလေးကို သူ့နှာတံချွန်ချွန်နဲ့ ပွတ်ဆွဲပြီး ရယ်ရင်းဖြေသူက တက်ကြွလွန်းနေသည်။

“ဒီတစ်ညပဲ ကျွန်တော့်ကိုကိုအဖြစ်နေလို့ရတယ် နောက်နေ့ရောက်ရင်တော့ ကျွန်တော့်မိန်းမဖြစ်ရတော့မှာ”

“ဟမ်”

လရောင််သသက တကယ်တုံးသည်။သူ့ကို အပြီးခေါ်လာလို့ ခေါ်လာမှန်းလည်း မသိ။သူ့ကို ခိုးယူဖို့အထိ ကြံစည်ထားသူဆီကို အူကြောင်ကြောင်နဲ့ မင်းဆီလာတာဆိုပြီး ကုမ္ပဏီထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရှာသည်။အခုလည်း မျက်လုံးအဝိုင်းသားနဲ့ အံ့ကျူးကို ကြောင်ကြည့်နေသည်။

“မင်း…မင်း ဘာကိုဆိုလိုချင်တာလဲ အံ့ကျူး”

“အဟင်း တော်ပြီ တော်ပြီ၊ ခင်များက ဒီည ကျွန်တော့်ကိုကိုဆိုတော့ အဲ့အကြောင်းကို နောက်နေ့မှ ဆက်ပြောရအောင် နော် ကိုကို”

လရောင် အံ့ကျူးမျက်နှာကို ကြည့်ပြီး ကြောက်စိတ်ဝင်လာသည်။သူ့မျက်နှာက အကြံအစည်တွေပြည့်နေပြီး လရောင်ကို ဖက်ထားတာက တစ်ခုခုကို နှစ်သိမ့်နေသလိုခံစားနေရသည်။

“ကျွန်တော် အိပ်ချင်ပြီ”

လရောင်နားရွက်ဖျားကို နှုတ်ခမ်းနှစ်လွှာကြားဆွဲပြီး ပြောတဲ့လေသံက တစ်ကိုယ်လုံးက သွေးကြောတွေကိုပါ လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။လရောင်ခါးကို တင်းနေအောင်ဖက်ပြီး နားသယ်စပ်တွေ မျက်ခွံတွေကို ဖိဖိနမ်းနေတဲ့ အံ့ကျူးက လရောင်ကို ခုတင်ပေါ်အုပ်မိုးဖို့ ကြိုးစားလာသည်။လရောင်ကို သူ့ကိုကိုလို သဘောထားမယ်ဆိုပြီးတော့…။လရောင် သူ့ကို လုံးဝမယုံတော့ပါ။

“အံ့ကျူး..”

ပါးပြင်တွေ လည်တိုင်တွေနဲ့ ဂုတ်သားတွေအထိ နမ်းရှိုက်နေသူက သဲကြီးမဲကြီး။လောလောလတ်လတ်ရိတ်သင်ထားတဲ့ နှုတ်ခမ်းမွှေးတိုစိစိလေးတွေက လရောင်ကို မရိုးမရွဖြစ်စေသည်။

“အံ့ကျူးမျိုးနွယ်”

“ဟင်”

သူ့ရင်ဘတ်ကို အားကုန်သုံးပြီး တွန်းထုတ်တော့မှ စိတ်ညစ်သွားတဲ့အမူအရာနဲ့ ခေါင်းထောင်လာသည်။

“မင်းပြောတော့ ငါ့ကို အကိုလို အင့် အကိုလိုဆက်ဆံမယ်ဆို”

အံ့ကျူးမျိုးနွယ်ကို လန့်နေတဲ့စိတ်က စကားပြောတာတောင် တုန်တုန်ရီရီနဲ့ ရှိုက်သံထွက်သွားသည်။

“အဟက် မရလောက်တော့ဘူး ခင်များကို မြင်တိုင်း ကျွန်တော့်စိတ်က အကိုတစ်ယောက်လိုသတ်မှတ်လို့မရဘူးလို့ ပြောနေတယ် အခုမှ မဟုတ်ဘူး အဲ့တာငယ်ငယ်ကတည်းကပဲ”

“ဟင့်အင်း”

ပြောရင်းနဲ့ ညဝတ်အင်္ကျီရဲ့ ကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်နေသူကြောင့် ရုန်းကန်ကာ ငြင်းတော့ လက်ကောက်ဝတ်ကနေ ဖိချုပ်ခြင်းခံလိုက်ရသည်။

“ခဏလေးပဲ ခင်များကို ဘာမှမလုပ်ဘူး”

အင်္ကျီအောက်က ပေါ်လာတဲ့ ရင်ဘတ်ဖွေးဖွေးလေးက အနီစက်တွေ နေရာအနှံ့ဖြန့်ချချင်လောက်အောင် မြှူဆွယ်နေသည်။ရင်ညွန့်နေရာလေးကို လျှာဖျားနဲ့ အသာထိတော့ ဆတ်ခနဲ တွန့်သွားသည်။နှစ်ကြိမ်လောက်အတူနေပြီးတာတောင် လရောင်သသက အရိုင်းဆန်နေတုန်းရှိသေးသည်။ဗိုက်သားချပ်ချပ်ကိုပါ အနမ်းတွေစွန့်ကြဲတော့ အံ့ကျူးဆံပင်တွေကို လက်သေးသေးလေးတွေနဲ့ ကျစ်နေအောင် ဆုပ်ထားတော့သည်။

လရောင်သသရဲ့ အင်္ကျီဖုံးအုပ်ထားတဲ့ အသားအရေက ဖြူလွန်းရုံတင်မကပဲ ပန်းရောင်တောင် ပြေးနေသည်။

အံ့ကျူးမှာရှိသလိုအရာက သူ့မှာရှိနေလို့သာ ယောကျ်ားလေးဆိုတာ ယုံရတယ်။လရောင်သသက အံ့ကျူးတွေ့ဖူးသမျှ မိန်းမတွေထက်တောင် လှရက်လွန်းသည်။

သူ့ကို စထိတွေ့ကတည်းက ထိုးတက်လာတဲ့ အပူငွေ့တွေကြောင့် သက်သာလိုသက်သာငြား ပြုမူနေမိပေမယ့် အံ့ကျူးအရာက မာန်မကျပဲ ပိုလို့တင်းမာနေသည်။လရောင်သသကို ပြန်ကြည့်လိုက်တော့ မျက်ရည်စလေးတွေနဲ့ အသနားခံနေရှာသည်။

“ဟူးးးးး”

သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်ပြီး လရောင်ရဲ့ အင်္ကျီကြယ်သီးတွေကို အမြန်ပြန်တပ်ပေးလိုက်သည်။မစားရ ညှော်ခံ ဆိုတာ လောလောဆယ် အံ့ကျူးရဲ့အဖြစ်။ပြေပျောက်လို ပြေပျောက်ငြား ပွတ်သပ်မိကာမှ ပိုလို့ဆိုးနေသည်။အတူဖြတ်သန်းလိုက်ချင်ပေမယ့် မနက်ဖြန်ကို ရင်ဆိုင်ဖို့ လရောင်သသ အားပြတ်သွားမှာ စိုးနေရသည်။

“အင့်”

သူ့ကို အင်္ကျီသေချာပြန်ဝတ်ပေးခဲ့ပြီး ချက်ချင်းကျောခိုင်းသွားတဲ့ အံ့ကျူးက မျက်နှာမကောင်း။မျက်လုံးတွေကပါ ရဲနေပြီး  တစ်ခုခုကို ထိန်းချုပ်ရသလိုမျိုး အံလည်းကြိတ်ထားသည်။

ဒါ..အံ့ကျူး  hard နေတာများလား..။
တကယ်လို့ hard နေတယ်ဆိုရင်တောင် လရောင်နဲ့ အတူနေလို့ ရရဲ့သားနဲ့ ထူးထူးဆန်းဆန်း ကျောခိုင်းသွားတော့ လရောင်ရင်ထဲ နင့်ခနဲဖြစ်သွားသည်။လရောင်လည်း သူ့လို ယောကျ်ားတစ်ယောက်ပဲ။ကိုယ်မြတ်နိုးသူနဲ့ ထိတွေ့ရရင် စိတ်အလိုက တောက်လောင်လာတတ်တာပဲလေ။လရောင်လည်း နားလည်ပေးနိုင်ရက်သားနဲ့ အခုလိုကြီး…။

အံ့ကျူးမျိုးနွယ် သူ့ကို မသတီဖြစ်နေတာလား။

“အံ့ကျူးမျိုးနွယ်..!!”

လရောင် စိတ်ဆိုးစွာနဲ့ အော်လိုက်ပေမယ့် အခန်းထဲမှာ ရှိမနေတော့။ဘေးချင်းကပ်ရက်က သူ့အခန်းဆီ ချက်ချင်းပြေးလိုက်သွားတော့ အခန်းတံခါးက ပွင့်နေသည်။

“အံ့ကျူး  မင်းဘယ်မှာလဲ၊ အံ့ကျူးမျိုးနွယ်”

ဝရန်တာဘက်ထိ အော်ဟစ်ပြီး ခေါ်ပေမယ့် အံ့ကျူးမျိုးနွယ်ကို မတွေ့။လရောင် ခဏငြိမ်လိုက်တော့မှ အခန်းထဲက ရေကျသံသဲ့သဲ့ကို ကြားလိုက်ရသည်။

ဒီကောင် သူ့ဟာဘယ်လောက်အကြောတင်းလည်းဆိုတာ သိရက်သားနဲ့ တစ်ယောက်ထဲဖြေရှင်းဖို့ ကြိုးစားတာ။

ကျွီ!

ရေချိုးခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ထင်သည့်အတိုင်းပင် ရေပန်းဖွင့်ထားပြီး ခေါင်းကိုမော့ကာ ဖြေလျော့နေတဲ့ အံ့ကျူးမျိုးနွယ်ကို တွေ့လိုက်ရသည်။

“မောင်”

“အာ့ရှီး လရောင်သသ..ခင်များ..”

အံ့ကျူးတစ်ယောက်ထဲ ဗျာများနေတုန်း ရောက်ချလာတဲ့ ခြေဖမိုးဖြူဖြူလေးနဲ့အတူ မျက်လုံးအဝိုင်းသားနဲ့ ချစ်ရသူလေးကြောင့် အံ့ကျူးအရာက ပြီးချင်သလိုပင်ဖြစ်လာရသည်။

“ဘာလို့ ငါ့ကို ရှောင်သွားတာလဲ မင်းကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ ထင်နေတာလား”

“ဟာဗျာ..”

စိတ်ရှုပ်သလို မျက်မှောင်ကျုံ့ပြီး သူ့ဟာဆီသာ အာရုံစိုက်နေတဲ့ အံ့ကျူးက လရောင်ကို လျစ်လျူရှုဖို့ တွေးနေပြန်သည်။

“မင်း ငါ့ကို စိတ်ကုန်နေတာမလား ဟမ်
ရာဇာ့ဆီမှာ design ဆွဲပေးတာ သိပြီးကတည်းက မင်းငါ့ကို အမြင်မကြည်တော့တာမလား..? ငါ့ကို ရှောင်စရာမလိုဘူး အံ့ကျူး ”

“ကျစ်..!!”

လရောင်သသက တုံးတာမှ ပက်ပက်စက်စက်ကို တုံးလွန်းသည်။သူ့ကို နာမှာစိုးလို့ တမင် ကိုယ့်ဘာသာ ဖြေရှင်းကာမှ အံ့ကျူးကို ရန်တောင်လုပ်နေသေးသည်။

“အဟင့် မင်းကိုယ်တိုင်တောင် ငါ့ကို မသတီပဲနဲ့ ဘာလို့ လက်ထပ်နေအုန်းမှာလည်း အရူးရဲ့ အီးဟီးဟီး”

“အွန့်”

အံ့ကျူးရှေ့မှာတင် ငိုယိုပြီး ကျောခိုင်းဖို့ ကြိုးစားတာကြောင့် အံ့ကျူးသည်းမခံနိုင်တော့ပဲ ခါးကနေဆွဲပွေ့ကာ စွာတေးလန်နေတဲ့ ပါးစပ်ကလေးကို မဟနိုင်အောင် ချုပ်နမ်းပစ်လိုက်ရသည်။

•••••

တီ! တီ!

အိမ်ရှေ့မှာ ကားရပ်ပြီး ခဏကြာတဲ့အထိ ကိုထွေးက ခြံတံခါးလာဖွင့်မပေးတာကြောင့် အံ့ကျူးက ဆက်တိုက်ဟွန်းတီးနေတော့သည်။စိတ်မရှည်တဲ့သူက မျက်မှောင်ကျုံ့ထားပြီး ပါးစောင်ကို လျှာနဲ့ထိုးနေသည်။

ဟိုတစ်ခါအဖြစ်အပျက်ပြီးကတည်းက အံ့ကျူးက ကိုနေနဲ့ ကြီးကြီးကို စိတ်ကြည်ပုံမပေါ်။ကြီးကြီးကလည်း အံ့ကျူးသဘောထားကို သိပ်သဘောမကျတာ လရောင်သိထားသည်။

ကိုယ်က တစ်သက်လုံးသူ့အနားမှာပဲ နေဖို့ဆုံးဖြတ်ထားပြီးသားမို့ ဒီအခိုက်အတန့်လေးကို တောင့်ခံရမယ်ဆိုတာလည်း လရောင် ကနဦးကတည်းက တွေးထားပြီးသားပင်။

“ကိုကိုလေး ပြန်လာတာပဲ ”

ဆင်ဝင်အောက်မှာ ကားရပ်တော့ မွှေးမွှေးက ခေါင်းလေးပြူတစ်ပေါ်လာသည်။လရောင်ကို မြင်တော့မှ တစ်ကိုယ်လုံးထွက်လာပြီး ယဲ့ယဲ့လေးပြုံးကာဆိုသည်။ကလေးလေးရဲ့ မျက်နှာက  အပြုံးကတောင် သိပ်မလန်းတာမို့ အိမ်မှာ ကြီးကြီးဘယ်လောက်တောင် သောကရောက်နေသလည်း မပြောနိုင်ပေ။

“ကြီးကြီးရော မွှေးမွှေး ။ကိုနေ ရုံးသွားပြီလား”

လရောင် တစ်ဆက်တည်းမေးလိုက်တော့ မွှေးမွှေးက ခေါင်းယမ်းသည်။

“မေမေကြီးငိုနေတာ ကိုကိုကြီးက မေမေကြီးနဲ့ စကားပြောပေးနေတယ်”

“ဟင်”

လရောင် အပြစ်ရှိသလိုခံစားလိုက်ရသည်။ဘာအကျိုးအကြောင်းမှ မပြောခဲ့ပဲ ရုတ်တရက်ကြီး ထွက်သွားတော့ ကြီးကြီးတို့ ဘယ်လောက်တောင် စိတ်ပူနေကြမလဲ။

အံ့ကျူးကို လှည့်ကြည့်တော့ သကောင့်သားက စီးကရက်ကို ခဲပြီး ထိုင်နေတာ ကားပေါ်ကတောင် မဆင်း။ဆေးလိပ်မသောက်တတ်တဲ့ လူက အကျင့်ဆိုးတစ်ခုပါ ထပ်ရနေပြန်ပြီ။

မွှေးမွှေးက အိမ်ထဲပြန်ဝင်သွားပေမယ့် လရောင် ချက်ချင်းလိုက်မဝင်နိုင်သေး။လရောင်ကို အိမ်ခဏပြန်ပို့တာဆိုရင်တောင် လူကြီးတွေကိုတော့ နှုတ်ဆက်သင့်သည်လေ။အခုက ကားပေါ်ကမဆင်းပဲ လရောင်မပြန်မချင်း ထိုင်စောင့်နေမယ်ဆိုတဲ့ ပုံစံက အိမ်ရှင်ဧည့်ဝတ်မကျေသလိုဖြစ်နေပြန်သည်လေ။

“မောင် ကားပေါ်က မဆင်းတော့ဘူးလား”

“အင်း ခဏပဲကြာမှာမလား၊ကျွန်တော် ဒီကပဲ စောင့်နေမယ်လေ”

“ဒါပေမယ့်…မကောင်းဘူးလေ မောင်ရာ၊ ငါ့ကို မင်းအိမ်ခေါ်ဖို့ ကိုနေ့ဆီမှာ ခွင့်တောင်းသင့်တယ်လေ”

“မလိုဘူး ခင်များက ကျုပ်အပိုင်၊ကျုပ်ခေါ်ချင်တဲ့ အချိန် ဘယ်ချိန်မဆိုခေါ်လို့ရတယ်”

“မင်း….ငါရန်မဖြစ်ချင်ဘူး အံ့ကျူး။ငါမင်းနဲ့ တစ်သက်လုံးဝေးသွားအောင် လုပ်ပစ်လိုက်နိုင်တယ်ဆိုတာ သိတယ်မလား”

အိမ်ရှေ့မှာမို့ အော်ကြီးဟစ်ကျယ်မဟုတ်ကြပေမယ့် လရောင် အံ့ကျူးကို ခြိမ်းခြောက်လိုက်ရသည်။

“ကျစ်!! တအားခြိမ်းခြောက်တယ် ခင်များ”

ဒုန်း!!

ကားတံခါးကို ပဲ့ထွက်တော့မတတ် ဆွဲဖွင့်ပြီး အိမ်ထဲဝင်သွားသူကြောင့် လရောင်မှာ သက်ပြင်းတိုးတိုးလေးချပြီး နောက်ကလိုက်သွားရသည်။

SophiaMoon783(26.12.2022)
_____________________________________

ဒီအပိုင်းဖတ်ရတာ တအားပေါ့သွားနိုင်တယ်ရယ်🥺။

ကျွန်တော် ဖျားနေတာ တစ်ပတ်ကျော်သွားပါပြီ။ဒီနေ့ နဲနဲလည်းသက်သာလို့ ကောက်ရေးလိုက်ပေမယ့် အများကြီးမတွေးနိုင်ဖြစ်သွားတယ်။မနက်က ဖတ်မရဘူးဆိုတာက မပြီးသေးပဲ မှားနှိပ်မိသွားလို့ပါ။အမှားပါသွားရင် ခွင့်လွှတ်ပေးကြပါရှင်။

“ဘာလာလုပ္တာလဲ”

ေခါင္းေလွ်ာ္ၿပီးစမို႔ ေရစိုေနတဲ့ ဆံပင္သားေတြကို တဘက္နဲ႔ေသခ်ာသုတ္ေနတုန္း ႐ုတ္တရက္ပြင့္လာတဲ့ တံခါးခ်ပ္နဲ႔အတူ အသားေရာင္တီ႐ွပ္ကို ေဘာင္းဘီတိုနဲ႔ တြဲဝတ္ထားတဲ့ အံ့က်ဴးမ်ိဳးႏြယ္။

ဆံပင္ေတြထိုးထိုးေထာင္ေထာင္နဲ႔ သူ႕ပုံစံက အလုပ္ပုံထဲ ေခါင္းနစ္ေနရာကေန ကမန္းကတန္းထလာဟန္တူသည္။

“အင့္”

႐ုတ္တရက္ ခါးကေနဆြဲဖက္ခံလိုက္ရတာေၾကာင့္ နင့္ခနဲျဖစ္သြားရသည္။လေရာင္ မ်က္လုံးအဝိုင္းသားနဲ႔ၾကည့္ေတာ့ မ်က္ေမွာင္က်ံဳ႕ၿပီး အလိုမက်သလို လုပ္ျပေနျပန္သည္။ေသခ်ာၾကည့္မွ ႏႈတ္ခမ္းကို မသိမသာစူေထာ္ထားတာေၾကာင့္ လေရာင္ရယ္ခ်င္သြားရသည္။

“ဟြန္႔”

လေရာင္ကိုယ္တိုင္ေတာင္ သတိမထားမိလိုက္ပဲ ႏႈတ္ခမ္းကအလိုလိုရယ္မိသြားေတာ့ ‘ဟြန္႔’ခနဲ အသံျပဳၿပီး ပါးတစ္ဖက္ကို သြားနဲ႔ကိုက္ခဲသည္။စပ္ဖ်ဥ္းဖ်ဥ္းျဖစ္သြား၍ ဆူမယ္လုပ္ေတာ့ အံ့က်ဴးျပဳမူလိုက္သည့္ အျပဳအမူေၾကာင့္ လေရာင္ မွင္တက္သြားရသည္။

ေၾကာင္ေလးတစ္ေကာင္ သခင္ကို ခြၽဲသလိုမ်ိဳး လေရာင္လည္တိုင္ဆီ သူ႕မ်က္ႏွာအပ္ကာ ပြတ္သပ္ေနေတာ့သည္။ေခြးအႀကီးႀကီးတစ္ေကာင္က သခင္ကို ခြၽဲေနတာနဲ႔လည္း တူေနျပန္သည္။

“ကြၽန္ေတာ္ အိပ္ခ်င္ၿပီ”

“ဟင္”

“ကိုကိုေခ်ာ့သိပ္”

“အံ့က်ဴးမ်ိဳးႏြယ္…”

လေရာင္ မယုံႏိုင္စြာပင္ သူ႕နာမည္ကို အာေမဋိတ္ျပဳမိသည္အထိ။
ဟိုတစ္ခါမူးတဲ့အခ်ိန္တုန္းကလြဲရင္ အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ပုံမွန္အေျခအေနမွာ “ခင္မ်ား” ဆိုတာနဲ႔ “လေရာင္သသ” ဆိုတဲ့ နာမ္စားေတြသာ အသုံးခံခဲ့ရတာ။အံ့က်ဴးမ်ိဳးႏြယ္က သူ႕ကို အႀကီးတစ္ေယာက္လို႔ေတာင္ ထင္ေသးရဲ႕လားဟုပင္ လေရာင္ေတြးမိတဲ့အထိ။

“မင္း ငါ့ကို ဘယ္လိုေခၚလိုက္တာလဲ”

“ကိုကို လို႔ေခၚလိုက္တာ အဟက္”

လေရာင္ႏွာေခါင္းထိပ္ဖ်ားေလးကို သူ႕ႏွာတံခြၽန္ခြၽန္နဲ႔ ပြတ္ဆြဲၿပီး ရယ္ရင္းေျဖသူက တက္ႂကြလြန္းေနသည္။

“ဒီတစ္ညပဲ ကြၽန္ေတာ္႕ကိုကိုအျဖစ္ေနလို႔ရတယ္ ေနာက္ေန႔ေရာက္ရင္ေတာ့ ကြၽန္ေတာ္႕မိန္းမျဖစ္ရေတာ့မွာ”

“ဟမ္”

လေရာင္္သသက တကယ္တုံးသည္။သူ႕ကို အၿပီးေခၚလာလို႔ ေခၚလာမွန္းလည္း မသိ။သူ႕ကို ခိုးယူဖို႔အထိ ၾကံစည္ထားသူဆီကို အူေၾကာင္ေၾကာင္နဲ႔ မင္းဆီလာတာဆိုၿပီး ကုမၸဏီထိ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာ႐ွာသည္။အခုလည္း မ်က္လုံးအဝိုင္းသားနဲ႔ အံ့က်ဴးကို ေၾကာင္ၾကည့္ေနသည္။

“မင္း…မင္း ဘာကိုဆိုလိုခ်င္တာလဲ အံ့က်ဴး”

“အဟင္း ေတာ္ၿပီ ေတာ္ၿပီ၊ ခင္မ်ားက ဒီည ကြၽန္ေတာ္႕ကိုကိုဆိုေတာ့ အဲ့အေၾကာင္းကို ေနာက္ေန႔မွ ဆက္ေျပာရေအာင္ ေနာ္ ကိုကို”

လေရာင္ အံ့က်ဴးမ်က္ႏွာကို ၾကည့္ၿပီး ေၾကာက္စိတ္ဝင္လာသည္။သူ႕မ်က္ႏွာက အၾကံအစည္ေတြျပည့္ေနၿပီး လေရာင္ကို ဖက္ထားတာက တစ္ခုခုကို ႏွစ္သိမ့္ေနသလိုခံစားေနရသည္။

“ကြၽန္ေတာ္ အိပ္ခ်င္ၿပီ”

လေရာင္နား႐ြက္ဖ်ားကို ႏႈတ္ခမ္းႏွစ္လႊာၾကားဆြဲၿပီး ေျပာတဲ့ေလသံက တစ္ကိုယ္လုံးက ေသြးေၾကာေတြကိုပါ လႈပ္လႈပ္႐ွား႐ွားျဖစ္သြားေစသည္။လေရာင္ခါးကို တင္းေနေအာင္ဖက္ၿပီး နားသယ္စပ္ေတြ မ်က္ခြံေတြကို ဖိဖိနမ္းေနတဲ့ အံ့က်ဴးက လေရာင္ကို ခုတင္ေပၚအုပ္မိုးဖို႔ ႀကိဳးစားလာသည္။လေရာင္ကို သူ႕ကိုကိုလို သေဘာထားမယ္ဆိုၿပီးေတာ့…။လေရာင္ သူ႕ကို လုံးဝမယုံေတာ့ပါ။

“အံ့က်ဴး..”

ပါးျပင္ေတြ လည္တိုင္ေတြနဲ႔ ဂုတ္သားေတြအထိ နမ္း႐ိႈက္ေနသူက သဲႀကီးမဲႀကီး။ေလာေလာလတ္လတ္ရိတ္သင္ထားတဲ့ ႏႈတ္ခမ္းေမႊးတိုစိစိေလးေတြက လေရာင္ကို မ႐ိုးမ႐ြျဖစ္ေစသည္။

“အံ့က်ဴးမ်ိဳးႏြယ္”

“ဟင္”

သူ႕ရင္ဘတ္ကို အားကုန္သုံးၿပီး တြန္းထုတ္ေတာ့မွ စိတ္ညစ္သြားတဲ့အမူအရာနဲ႔ ေခါင္းေထာင္လာသည္။

“မင္းေျပာေတာ့ ငါ့ကို အကိုလို အင့္ အကိုလိုဆက္ဆံမယ္ဆို”

အံ့က်ဴးမ်ိဳးႏြယ္ကို လန္႔ေနတဲ့စိတ္က စကားေျပာတာေတာင္ တုန္တုန္ရီရီနဲ႔ ႐ိႈက္သံထြက္သြားသည္။

“အဟက္ မရေလာက္ေတာ့ဘူး ခင္မ်ားကို ျမင္တိုင္း ကြၽန္ေတာ္႕စိတ္က အကိုတစ္ေယာက္လိုသတ္မွတ္လို႔မရဘူးလို႔ ေျပာေနတယ္ အခုမွ မဟုတ္ဘူး အဲ့တာငယ္ငယ္ကတည္းကပဲ”

“ဟင့္အင္း”

ေျပာရင္းနဲ႔ ညဝတ္အက်ႌရဲ႕ ၾကယ္သီးေတြကို တစ္လုံးခ်င္းျဖဳတ္ေနသူေၾကာင့္ ႐ုန္းကန္ကာ ျငင္းေတာ့ လက္ေကာက္ဝတ္ကေန ဖိခ်ဳပ္ျခင္းခံလိုက္ရသည္။

“ခဏေလးပဲ ခင္မ်ားကို ဘာမွမလုပ္ဘူး”

အက်ႌေအာက္က ေပၚလာတဲ့ ရင္ဘတ္ေဖြးေဖြးေလးက အနီစက္ေတြ ေနရာအႏွံ႔ျဖန္႔ခ်ခ်င္ေလာက္ေအာင္ ျမႇဴဆြယ္ေနသည္။ရင္ၫြန္႔ေနရာေလးကို လွ်ာဖ်ားနဲ႔ အသာထိေတာ့ ဆတ္ခနဲ တြန္႔သြားသည္။ႏွစ္ႀကိမ္ေလာက္အတူေနၿပီးတာေတာင္ လေရာင္သသက အ႐ိုင္းဆန္ေနတုန္း႐ွိေသးသည္။ဗိုက္သားခ်ပ္ခ်ပ္ကိုပါ အနမ္းေတြစြန္႔ႀကဲေတာ့ အံ့က်ဴးဆံပင္ေတြကို လက္ေသးေသးေလးေတြနဲ႔ က်စ္ေနေအာင္ ဆုပ္ထားေတာ့သည္။

လေရာင္သသရဲ႕ အက်ႌဖုံးအုပ္ထားတဲ့ အသားအေရက ျဖဴလြန္း႐ုံတင္မကပဲ ပန္းေရာင္ေတာင္ ေျပးေနသည္။

အံ့က်ဴးမွာ႐ွိသလိုအရာက သူ႕မွာ႐ွိေနလို႔သာ ေယာက်္ားေလးဆိုတာ ယုံရတယ္။လေရာင္သသက အံ့က်ဴးေတြ႕ဖူးသမွ် မိန္းမေတြထက္ေတာင္ လွရက္လြန္းသည္။

သူ႕ကို စထိေတြ႕ကတည္းက ထိုးတက္လာတဲ့ အပူေငြ႕ေတြေၾကာင့္ သက္သာလိုသက္သာျငား ျပဳမူေနမိေပမယ့္ အံ့က်ဴးအရာက မာန္မက်ပဲ ပိုလို႔တင္းမာေနသည္။လေရာင္သသကို ျပန္ၾကည့္လိုက္ေတာ့ မ်က္ရည္စေလးေတြနဲ႔ အသနားခံေန႐ွာသည္။

“ဟူးးးးး”

သက္ျပင္း႐ွည္ႀကီး တစ္ခ်က္ကို မႈတ္ထုတ္ၿပီး လေရာင္ရဲ႕ အက်ႌၾကယ္သီးေတြကို အျမန္ျပန္တပ္ေပးလိုက္သည္။မစားရ ေညႇာ္ခံ ဆိုတာ ေလာေလာဆယ္ အံ့က်ဴးရဲ႕အျဖစ္။ေျပေပ်ာက္လို ေျပေပ်ာက္ျငား ပြတ္သပ္မိကာမွ ပိုလို႔ဆိုးေနသည္။အတူျဖတ္သန္းလိုက္ခ်င္ေပမယ့္ မနက္ျဖန္ကို ရင္ဆိုင္ဖို႔ လေရာင္သသ အားျပတ္သြားမွာ စိုးေနရသည္။

“အင့္”

သူ႕ကို အက်ႌေသခ်ာျပန္ဝတ္ေပးခဲ့ၿပီး ခ်က္ခ်င္းေက်ာခိုင္းသြားတဲ့ အံ့က်ဴးက မ်က္ႏွာမေကာင္း။မ်က္လုံးေတြကပါ ရဲေနၿပီး  တစ္ခုခုကို ထိန္းခ်ဳပ္ရသလိုမ်ိဳး အံလည္းႀကိတ္ထားသည္။

ဒါ..အံ့က်ဴး  hard ေနတာမ်ားလား..။
တကယ္လို႔ hard ေနတယ္ဆိုရင္ေတာင္ လေရာင္နဲ႔ အတူေနလို႔ ရရဲ႕သားနဲ႔ ထူးထူးဆန္းဆန္း ေက်ာခိုင္းသြားေတာ့ လေရာင္ရင္ထဲ နင့္ခနဲျဖစ္သြားသည္။လေရာင္လည္း သူ႕လို ေယာက်္ားတစ္ေယာက္ပဲ။ကိုယ္ျမတ္ႏိုးသူနဲ႔ ထိေတြ႕ရရင္ စိတ္အလိုက ေတာက္ေလာင္လာတတ္တာပဲေလ။လေရာင္လည္း နားလည္ေပးႏိုင္ရက္သားနဲ႔ အခုလိုႀကီး…။

အံ့က်ဴးမ်ိဳးႏြယ္ သူ႕ကို မသတီျဖစ္ေနတာလား။

“အံ့က်ဴးမ်ိဳးႏြယ္..!!”

လေရာင္ စိတ္ဆိုးစြာနဲ႔ ေအာ္လိုက္ေပမယ့္ အခန္းထဲမွာ ႐ွိမေနေတာ့။ေဘးခ်င္းကပ္ရက္က သူ႕အခန္းဆီ ခ်က္ခ်င္းေျပးလိုက္သြားေတာ့ အခန္းတံခါးက ပြင့္ေနသည္။

“အံ့က်ဴး  မင္းဘယ္မွာလဲ၊ အံ့က်ဴးမ်ိဳးႏြယ္”

ဝရန္တာဘက္ထိ ေအာ္ဟစ္ၿပီး ေခၚေပမယ့္ အံ့က်ဴးမ်ိဳးႏြယ္ကို မေတြ႕။လေရာင္ ခဏၿငိမ္လိုက္ေတာ့မွ အခန္းထဲက ေရက်သံသဲ့သဲ့ကို ၾကားလိုက္ရသည္။

ဒီေကာင္ သူ႕ဟာဘယ္ေလာက္အေၾကာတင္းလည္းဆိုတာ သိရက္သားနဲ႔ တစ္ေယာက္ထဲေျဖ႐ွင္းဖို႔ ႀကိဳးစားတာ။

ကြၽီ!

ေရခ်ိဳးခန္းတံခါးကို ဖြင့္ဝင္လိုက္ေတာ့ ထင္သည့္အတိုင္းပင္ ေရပန္းဖြင့္ထားၿပီး ေခါင္းကိုေမာ့ကာ ေျဖေလ်ာ့ေနတဲ့ အံ့က်ဴးမ်ိဳးႏြယ္ကို ေတြ႕လိုက္ရသည္။

“ေမာင္”

“အာ့႐ွီး လေရာင္သသ..ခင္မ်ား..”

အံ့က်ဴးတစ္ေယာက္ထဲ ဗ်ာမ်ားေနတုန္း ေရာက္ခ်လာတဲ့ ေျခဖမိုးျဖဴျဖဴေလးနဲ႔အတူ မ်က္လုံးအဝိုင္းသားနဲ႔ ခ်စ္ရသူေလးေၾကာင့္ အံ့က်ဴးအရာက ၿပီးခ်င္သလိုပင္ျဖစ္လာရသည္။

“ဘာလို႔ ငါ့ကို ေ႐ွာင္သြားတာလဲ မင္းကို မျဖည့္ဆည္းေပးႏိုင္ဘူးလို႔ ထင္ေနတာလား”

“ဟာဗ်ာ..”

စိတ္႐ႈပ္သလို မ်က္ေမွာင္က်ံဳ႕ၿပီး သူ႕ဟာဆီသာ အာ႐ုံစိုက္ေနတဲ့ အံ့က်ဴးက လေရာင္ကို လ်စ္လ်ဴ႐ႈဖို႔ ေတြးေနျပန္သည္။

“မင္း ငါ့ကို စိတ္ကုန္ေနတာမလား ဟမ္
ရာဇာ့ဆီမွာ design ဆြဲေပးတာ သိၿပီးကတည္းက မင္းငါ့ကို အျမင္မၾကည္ေတာ့တာမလား..? ငါ့ကို ေ႐ွာင္စရာမလိုဘူး အံ့က်ဴး ”

“က်စ္..!!”

လေရာင္သသက တုံးတာမွ ပက္ပက္စက္စက္ကို တုံးလြန္းသည္။သူ႕ကို နာမွာစိုးလို႔ တမင္ ကိုယ့္ဘာသာ ေျဖ႐ွင္းကာမွ အံ့က်ဴးကို ရန္ေတာင္လုပ္ေနေသးသည္။

“အဟင့္ မင္းကိုယ္တိုင္ေတာင္ ငါ့ကို မသတီပဲနဲ႔ ဘာလို႔ လက္ထပ္ေနအုန္းမွာလည္း အ႐ူးရဲ႕ အီးဟီးဟီး”

“အြန္႔”

အံ့က်ဴးေ႐ွ႕မွာတင္ ငိုယိုၿပီး ေက်ာခိုင္းဖို႔ ႀကိဳးစားတာေၾကာင့္ အံ့က်ဴးသည္းမခံႏိုင္ေတာ့ပဲ ခါးကေနဆြဲေပြ႕ကာ စြာေတးလန္ေနတဲ့ ပါးစပ္ကေလးကို မဟႏိုင္ေအာင္ ခ်ဳပ္နမ္းပစ္လိုက္ရသည္။

•••••

တီ! တီ!

အိမ္ေ႐ွ႕မွာ ကားရပ္ၿပီး ခဏၾကာတဲ့အထိ ကိုေထြးက ျခံတံခါးလာဖြင့္မေပးတာေၾကာင့္ အံ့က်ဴးက ဆက္တိုက္ဟြန္းတီးေနေတာ့သည္။စိတ္မ႐ွည္တဲ့သူက မ်က္ေမွာင္က်ံဳ႕ထားၿပီး ပါးေစာင္ကို လွ်ာနဲ႔ထိုးေနသည္။

ဟိုတစ္ခါအျဖစ္အပ်က္ၿပီးကတည္းက အံ့က်ဴးက ကိုေနနဲ႔ ႀကီးႀကီးကို စိတ္ၾကည္ပုံမေပၚ။ႀကီးႀကီးကလည္း အံ့က်ဴးသေဘာထားကို သိပ္သေဘာမက်တာ လေရာင္သိထားသည္။

ကိုယ္က တစ္သက္လုံးသူ႕အနားမွာပဲ ေနဖို႔ဆုံးျဖတ္ထားၿပီးသားမို႔ ဒီအခိုက္အတန္႔ေလးကို ေတာင့္ခံရမယ္ဆိုတာလည္း လေရာင္ ကနဦးကတည္းက ေတြးထားၿပီးသားပင္။

“ကိုကိုေလး ျပန္လာတာပဲ ”

ဆင္ဝင္ေအာက္မွာ ကားရပ္ေတာ့ ေမႊးေမႊးက ေခါင္းေလးျပဴတစ္ေပၚလာသည္။လေရာင္ကို ျမင္ေတာ့မွ တစ္ကိုယ္လုံးထြက္လာၿပီး ယဲ့ယဲ့ေလးျပဳံးကာဆိုသည္။ကေလးေလးရဲ႕ မ်က္ႏွာက  အျပဳံးကေတာင္ သိပ္မလန္းတာမို႔ အိမ္မွာ ႀကီးႀကီးဘယ္ေလာက္ေတာင္ ေသာကေရာက္ေနသလည္း မေျပာႏိုင္ေပ။

“ႀကီးႀကီးေရာ ေမႊးေမႊး ။ကိုေန ႐ုံးသြားၿပီလား”

လေရာင္ တစ္ဆက္တည္းေမးလိုက္ေတာ့ ေမႊးေမႊးက ေခါင္းယမ္းသည္။

“ေမေမႀကီးငိုေနတာ ကိုကိုႀကီးက ေမေမႀကီးနဲ႔ စကားေျပာေပးေနတယ္”

“ဟင္”

လေရာင္ အျပစ္႐ွိသလိုခံစားလိုက္ရသည္။ဘာအက်ိဳးအေၾကာင္းမွ မေျပာခဲ့ပဲ ႐ုတ္တရက္ႀကီး ထြက္သြားေတာ့ ႀကီးႀကီးတို႔ ဘယ္ေလာက္ေတာင္ စိတ္ပူေနၾကမလဲ။

အံ့က်ဴးကို လွည့္ၾကည့္ေတာ့ သေကာင့္သားက စီးကရက္ကို ခဲၿပီး ထိုင္ေနတာ ကားေပၚကေတာင္ မဆင္း။ေဆးလိပ္မေသာက္တတ္တဲ့ လူက အက်င့္ဆိုးတစ္ခုပါ ထပ္ရေနျပန္ၿပီ။

ေမႊးေမႊးက အိမ္ထဲျပန္ဝင္သြားေပမယ့္ လေရာင္ ခ်က္ခ်င္းလိုက္မဝင္ႏိုင္ေသး။လေရာင္ကို အိမ္ခဏျပန္ပို႔တာဆိုရင္ေတာင္ လူႀကီးေတြကိုေတာ့ ႏႈတ္ဆက္သင့္သည္ေလ။အခုက ကားေပၚကမဆင္းပဲ လေရာင္မျပန္မခ်င္း ထိုင္ေစာင့္ေနမယ္ဆိုတဲ့ ပုံစံက အိမ္႐ွင္ဧည့္ဝတ္မေက်သလိုျဖစ္ေနျပန္သည္ေလ။

“ေမာင္ ကားေပၚက မဆင္းေတာ့ဘူးလား”

“အင္း ခဏပဲၾကာမွာမလား၊ကြၽန္ေတာ္ ဒီကပဲ ေစာင့္ေနမယ္ေလ”

“ဒါေပမယ့္…မေကာင္းဘူးေလ ေမာင္ရာ၊ ငါ့ကို မင္းအိမ္ေခၚဖို႔ ကိုေန႔ဆီမွာ ခြင့္ေတာင္းသင့္တယ္ေလ”

“မလိုဘူး ခင္မ်ားက က်ဳပ္အပိုင္၊က်ဳပ္ေခၚခ်င္တဲ့ အခ်ိန္ ဘယ္ခ်ိန္မဆိုေခၚလို႔ရတယ္”

“မင္း….ငါရန္မျဖစ္ခ်င္ဘူး အံ့က်ဴး။ငါမင္းနဲ႔ တစ္သက္လုံးေဝးသြားေအာင္ လုပ္ပစ္လိုက္ႏိုင္တယ္ဆိုတာ သိတယ္မလား”

အိမ္ေ႐ွ႕မွာမို႔ ေအာ္ႀကီးဟစ္က်ယ္မဟုတ္ၾကေပမယ့္ လေရာင္ အံ့က်ဴးကို ၿခိမ္းေျခာက္လိုက္ရသည္။

“က်စ္!! တအားၿခိမ္းေျခာက္တယ္ ခင္မ်ား”

ဒုန္း!!

ကားတံခါးကို ပဲ့ထြက္ေတာ့မတတ္ ဆြဲဖြင့္ၿပီး အိမ္ထဲဝင္သြားသူေၾကာင့္ လေရာင္မွာ သက္ျပင္းတိုးတိုးေလးခ်ၿပီး ေနာက္ကလိုက္သြားရသည္။

SophiaMoon783(26.12.2022)
_____________________________________

ဒီအပိုင္းဖတ္ရတာ တအားေပါ့သြားႏိုင္တယ္ရယ္🥺။

ကြၽန္ေတာ္ ဖ်ားေနတာ တစ္ပတ္ေက်ာ္သြားပါၿပီ။ဒီေန႔ နဲနဲလည္းသက္သာလို႔ ေကာက္ေရးလိုက္ေပမယ့္ အမ်ားႀကီးမေတြးႏိုင္ျဖစ္သြားတယ္။မနက္က ဖတ္မရဘူးဆိုတာက မၿပီးေသးပဲ မွားႏွိပ္မိသြားလို႔ပါ။အမွားပါသြားရင္ ခြင့္လႊတ္ေပးၾကပါ႐ွင္။

Tags: read novel My Possessive Of You 27, novel My Possessive Of You 27, read My Possessive Of You 27 online, My Possessive Of You 27 chapter, My Possessive Of You 27 high quality, My Possessive Of You 27 light novel, ,

Comment

Leave a Reply

Chapter 29