My Possessive Of You 3

All chapters are in My Possessive Of You
A+ A-

Unicode

“ဟိတ် လရောင်လေး”

“အာ မမဇူး လာလည်တာလား”

“ဒါပေါ့ မကြီးကလေးလေးတွေကို လွမ်းလို့လေ လာပါအုန်း မမဆီကို”

ဇူးဇူးမေသော် က အံ့ကျူးမျိုးနွယ်နဲ့ တစ်ဦးတည်းသာ ရှိသော ဆွေမျိုးမောင်နှမဖြစ်သည်။အံ့ကျူးအဖွား ဒေါ်သန္တာမေဇော်နဲ့ ဇူးဇူးမေသော်ရဲ့ အဖွား ဒေါ်စန္ဒာမေဇော်က ညီအမအရင်းဖြစ်သည်။ထို့ကြောင့် အံ့ကျူးမျိုးနွယ်နဲ့ ဇူးဇူးမေသော်နဲ့က မောင်နှမ နှစ်ဝမ်းကွဲတော်စပ်သည်။

ပြည်မြို့မှာနေတဲ့ မမဇူးက ရန်ကုန်ကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ်တော့ လာလည်လေ့ရှိသည်။မမဇူးက မွေးချင်းဟူ၍တစ်ဦးတည်းသာ ရှိသော အံ့ကျူးမျိုးနွယ်ကို သိပ်ချစ်သည်။နောက်မှရောက်လာတဲ့ လရောင်ကိုလည်း အံ့ကျူးနည်းတူချစ်ပေးသည်။

ဆံပင်ဂုတ်ဝဲနဲ့ မမဇူးဇူးက သွက်လက်ချက်ချာသောအမျိုးသမီးဖြစ်သည်။အရပ်မြင့်မြင့် အသားဖြူဖြူနဲ့ မမက နှစ်ဆယ့်ခုနှစ်နှစ်ပြည့်သည်အထိ ရည်းစားတစ်ယောက်တစ်လေမှတောင် မရှိသေးပေ။အဖွားကို ပြုစုစောင့်ရှောက်နေတဲ့ မြေးလိမ္မာတစ်ယောက်ဖြစ်သည်။

“လရောင်လေးက အရင်လိုပဲ ဝလည်းမလာဘူးနော် မမဇူးတော့ လရောင်ကို လူကြီးဖြစ်လာတယ်ကို မထင်ဘူး”

လရောင်သသကိုယ်လေးကို ဖျစ်ညှစ်ပြီး မမက မချင့်မရဲပြောသည်။လရောင်ကလည်း  မမဇူးလို အမျိုးသမီးတစ်ယောက်နဲ့ ယှဥ်ရင်တောင် သေးညှပ်နေသေးသည်။လေတိုးရင်တောင် ကျိုးကျတော့မတတ် ပိန်လွန်းညှပ်လွန်းနေတဲ့ ခန္ဓာကိုယ်ကို အားမလိုအားမရဖြစ်ရပါသည်။အဲတာကြောင့်လည်း အံ့ကျူးမျိုးနွယ်နိုင်စားသမျှ ငြိမ်ခံနေရတာ။

“မမလည်း အရမ်းလှလာတာပဲ”

အပျိုကြီးစာရင်းထဲ ဝင်သွားတာတောင် မမဇူးဇူးက တကယ်ကို လှပါသည်။အံ့ကျူးမျိုးနွယ်နဲ့ ဆွေမျိုးရင်းချာဆိုပေမယ့် မမဇူးဇူးက ကြင်နာသနားတတ်သည်။မထင်ရင်မထင်သလို ဂျစ်တိုက်တာကတော့ သူ့မောင်နဲ့ ချွတ်စွပ်ဖြစ်သည်။

“လရောင်လေး ခု ဘာလုပ်နေတာလဲဟင်”

“ဖိုးအတွက် ပူတင်းပျော့ပျော့လေးလုပ်ပေးမလို့မမ”

“အာ လရောင်က လိမ္မာလိုက်တာ၊ ဟိုလူဆိုးကောင်နဲ့ တခြားစီ”

“အံ့ကျူးမျိုးနွယ်လားမမ “

“အေး အခုထိမတွေ့ရသေးဘူး ဘယ်တွေသွားနေလဲမသိဘူး”

“မနက်ကတည်းက ထွက်သွားတာပဲမမ ညအိပ်ချိန်တော့ပြန်လာမှာပါ”

ဥာဥ့်နက်မှ ပြန်လာပြီး အိပ်ရာနိုးတာနဲ့ မနက်စာတောင်မစားပဲ အပြင်ထွက်တာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။လရောင်နဲ့ ပြဿနာဖြစ်ပြီး နောက်ရက်ကတည်းက ဖြစ်သည်။အံ့ကျူးအပြုအမူတွေလည်း အများကြီးပြောင်းလဲသွားသည်။

လရောင် ဒီအတိုင်းထိုင်နေရင်တောင် တစ်ခုမဟုတ်တစ်ခု ရစ်လိုက် နားပူနားဆာလုပ်လိုက် လုပ်နေသူက စကားများပြီးကတည်းက မျက်နှာချင်းတောင် မဆိုင်ဖြစ်တော့။မတော်တဆ အကြည့်ချင်းဆုံသွားရင်တောင် အံ့ကျူးမျိုးနွယ်ဘက်က အရင်စပြီး မျက်နှာလွှဲသည်။တကယ်တမ်း မကြည့်ချင်လောက်အောင် စိတ်ဆိုးရမယ့်သူက လရောင်ဖြစ်နေပါရက်နဲ့ အခုတော့ သူက လရောင်ကို မတူသလိုမတန်သလိုပြုမူနေသည်။

ဖေဖေပြင်ပခရီးစဥ်ရှိနေတဲ့ အချိန်လည်းဖြစ်၍ အံ့ကျူးမျိုးနွယ်က အိမ်မှာမကပ်တော့။အိမ်သားတွေအကုန်အိပ်တဲ့ အချိန်မှ ပြန်လာတတ်ပြီး မနက်ဆိုလျှင်လည်း ဖိုးလက်ဆောင်ပေးထားတဲ့ အပြာရောင် Yamaha R6 တစ်စီးနဲ့ ရှိုးအပြည့်ထုတ်ကာ အပြင်ထွက်တာဖြစ်သည်။

“လေးလေး မရှိတာနဲ့ အံ့ကျူးက လွတ်တော့တာပဲ”

“….”

“လရောင်လေးကိုရော အနိုင်ကျင့်သေးလား အံ့ကျူးက ခပ်ဆိုးဆိုးရယ် ငယ်ငယ်ကဆို အိမ်လာရင် လရောင်ကို ဖွက်ထားသေးတာ”

မမက ငယ်ငယ်တုန်းက အဖြစ်ကို ပြောပြီး ပြုံးယောင်သန်းနေသည်။ဧည့်သည်တွေ အိမ်လာတိုင်းလည်း အံ့ကျူးအခန်းထဲ ဝင်နေရတာ လရောင်အတွက် ဖြစ်ရိုးဖြစ်စဥ်ပင်။သူပြောထားသလိုမဖြစ်ရင် လက်မောင်းရင်းကနေ ဆွဲပြီး အခန်းထဲပစ်သွင်းခံရသည်။အူပုပ်တဲ့နေရာမှာတော့ အံ့ကျူးမျိုးနွယ်က စံပြဖြစ်ထိုက်ပါသည်။ကျောင်းမှာဆိုရင်လည်း သူကျ ရည်းစားတွေပတ်ချာလည်ထားနေပြီး လရောင်ကိုတော့ ဘယ်သူနဲ့မပေါင်းနဲ့ ဘယ်ကိုမသွားနဲ့ဆိုပြီး အမိန့်ထုတ်သေးသည်။

“မမအတွက်ရော အများကြီး လုပ်လိုက်မယ်နော်၊ ဧည့်ခန်းထဲမှာ သွားထိုင်နေပါ့လား”

“အေးအေး အဲတာဆိုလည်း မမ ဖိုးနဲ့ စကားသွားပြောလိုက်အုန်းမယ်”

“ဟုတ်ကဲ့ မမ”

လရောင်စိတ်တွေလည်း မွန်းကျပ်နေရသည်။ခါတိုင်းလို တတွတ်တွတ်နဲ့ ဆူလိုက် ရစ်လိုက်လုပ်နေတဲ့သူက အခုတော့ လုံးဝပစ်ပယ်နေသလို ပြုမူနေတာမို့ ရင်ထဲမကောင်းဖြစ်ရသည်။အဲ့နေ့တုန်းက ရာဇာထူးဟန်နဲ့ ဘာမှ မပတ်သက်ပါဘူး မင်းကိုပဲ ချစ်တာပါလို့ ပြောလိုက်ချင်ပေမယ့် ကြမ်းတမ်းနေသူက ဘာပြောပြောနားဝင်မယ့်ပုံမပေါ်တာကြောင့် နှုတ်ဆိတ်နေလိုက်ရတာဖြစ်သည်။

သဝန်တိုနေတာလား၊တကယ်ပဲ ပစ်ပယ်တော့တာလား မသဲကွဲပေမယ့် နီးလျက်နဲ့ဝေးနေရတဲ့ ခံစားချက်ကြီးကို လရောင်တကယ်မုန်းသည်။ကိုယ့်ဖြစ်တည်မှုကို အားလုံးက လက်ခံပေးနိုင်တဲ့ အနေအထားမှာတောင် ဖွင့်ဟဝန်ခံဖို့ လရောင်အတွက်ခဲယဥ်းလှပါသည်။

•••••

“အံ့ကျူး”

“အံ့ကျူး ဟေ့ကောင်”

“ဟင်”

ရဲထွဋ်နဲ့ ညီမင်းဟန်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းခါမိကြသည်။
အံ့ကျူးမျိုးနွယ်က ရောက်လာကတည်းက တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်သောက်နေပေမယ့် ဘာစကားမှ မပြောသေး။အံ့ကျူး ဒီလိုဖြစ်နေတာ ဒီနေ့တစ်ရက်တည်းမဟုတ်။သူငယ်ချင်းတွေထဲမှာ အတက်ကြွဆုံးနဲ့ ဟော့အဖြစ်ဆုံးကောင်က ခြေငြိမ်ပြီး ညှိုးနေတာ အတော်ကြာပြီဖြစ်သည်။

“လျှော့သောက်အုန်းလေကွာ မင်းဒီလိုသောက်နေတာ ရက် ဆက်နေပြီလေ များလွန်းရင် ဘယ်အရာမဆို အန္တရာယ်များတယ်ကွ”

မျက်စိရှေ့မှာ ရှိနေတဲ့ အရက်ခွက်ကို တစ်ကျိုက်တည်းမော့ချလိုက်ပြီး ရဲထွဋ်ကို အသက်မဲ့စွာပင် ရယ်ပြလိုက်ပါသည်။အန္တရာယ်ဆိုတဲ့အရာက သူ့အိမ်မှာရှိနေတဲ့ တစ်ယောက်လောက် ဒုက္ခပေးနိုင်ပါအုန်းမလား။လူကြည့်တော့ မလည်မဝယ်ရုပ်နဲ့ ရင်ဘတ်ကိုတစ်စစီခြွေမွဖို့အထိ တတ်နိုင်သည့် အသည်းစားကဝေလို လူမျိုးဖြစ်သည်။

မရေရာမသေချာတဲ့ အခြေအနေမို့ ရှေ့ဆက်မတိုးရဲခဲ့ပေမယ့် ဟိုကောင်နဲ့ ဖက်နေကြတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့နေ့ကတည်းက ကိုယ့်နှလုံးသားကိုယ် မြင်လိုက်ရတာဖြစ်သည်။လရောင်သသက အလိုလိုက်ထားလို့ တစ်စက်မှမကောင်း။ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာတာမို့ လရောင်သသ ဘာကြိုက်လဲ သူအသိဆုံးဖြစ်သည်။မင်းကရော ဘာထူးလို့လဲဟု မေးရင် ကျုပ်လည်း ထို့အတူပါပဲဟုသာ ပြောမိမှာဖြစ်သည်။

ဆယ့်ရှစ်နှစ်၊ဆယ့်ကိုးနှစ် လူတွေပြောကြသလိုဆို လူပျိုဖြစ်စအချိန်ကတည်းက လရောင်သသအပေါ်မှာ သူ့ရဲ့ စိတ်နေစိတ်ထားတွေပြောင်းလဲခဲ့ရတာဖြစ်သည်။ကိုယ့်ကိုကိုယ် လက်မခံချင်ပေမယ့် လရောင်သသကို မြင်တိုင်း ဖျစ်ညှစ်ပစ်ချင်သည့်စိတ်က လရောင်သသကို တစ်ဘဝလုံးစာအပိုင်သိမ်းဖို့အထိ လုံလောက်မှန်းသိလိုက်ရသည်။

တကယ်တမ်းတော့ လရောင်သသက အရက်နဲ့တူသည်။ပြင်းရှရှနဲ့ ခါးသက်သလို လူကို ယစ်မူးစေသည်။

“တော်ပြီ ဟေ့ကောင် တော်လောက်ပြီ”

နောက်တစ်ခွက်ဆက်သောက်မယ်ပြင်တော့ ညီမင်းဟန်က လက်ထဲက အရက်ခွက်ကို လုပြီး တားသည်။

“ဘာတွေ စိတ်ညစ်စရာရှိနေတာလဲ အံ့ကျူး၊မင်းက ငါတို့နဲ့ သောက်ဖို့နေ့တိုင်းတွေ့နေပေမယ့် ဘာစကားမှလည်း ပြောတာမဟုတ်ဘူး”

“ဟုတ်တယ် ဘာဖြစ်တာလဲပြော ငါတို့ ကူညီနိုင်တာရှိရင် ကူညီမယ်”

“အဟင်း မင်းတို့ ကူညီလို့မရပါဘူးကွာ အေ့”

“မင်း အသည်းကွဲနေတာလား”

“အေ့ အဲလိုလားမသိဘူး”

“ဟမ်”

မရေရာမသေချာတဲ့ အဖြေကိုပေးပြီး စားပွဲပေါ် မှောက်ကျသွားသူကို နှစ်ယောက်သားအံ့သြမိပါသည်။ကောင်မလေးတွေနဲ့ ပြတ်လို့အသည်းကွဲရလားဆိုတော့လည်း ဒီကောင်က
ချည်း ဖြတ်ခဲ့တာပင်။တစ်ယောက်ပြီး တစ်ယောက် ကောက်တွဲတဲ့ကောင်က အသည်းကွဲတယ်ဆိုတော့ အံ့ကျူးမျိုးနွယ်ကိုအသည်းခွဲနိုင်တဲ့ ကောင်မလေးက တော်တော်ကို လှလို့ဖြစ်မည်။အဲ့ကောင်မလေးက ဘယ်သူများလဲ…။

“ကိုကိုကလေ အေ့ ကိုကိုက  အေ့ ငါ့ကိုမုန်းတယ်တဲ့ ဟက်”

“ဘာ”

“ကိုကိုက ခွေးကောင်နဲ့ ကြိုက်နေတယ် “

“ခွေးကောင်က ဘယ်သူလဲ”

“ရာဇာထူးဟန်ဆိုတဲ့ ကောင် အေ့”

ရဲထွဋ်နဲ့ ညီမင်းဟန် ခေါင်းချင်းဆိုင်သွားသည်။အံ့ကျူးမျိုးနွယ်က ခေါင်းမထောင်နိုင်အောင် မူးမှ ခံစားချက်တွေ ထွက်လာတော့တာ ဖြစ်သည်။လရောင်သသ ရာဇာထူးဟန်နဲ့ ကြိုက်တာနဲ့ပဲ ဒီကောင်က ဘာမဆိုင်ပဲ အသည်းကွဲနေရလား။

အကိုလရောင်ကို ရာဇာကြိုက်တာ အခုမှမဟုတ်။အထက်တန်းကျောင်းမှာကတည်းက ဖြစ်သည်။အကိုလရောင်ကလည်း အပြစ်ဆိုရက်စရာမရှိအောင် လှတာကို  ရာဇာထူးဟန်ကြိုက်မယ်ဆိုလည်း ကြိုက်သင့်သည်။ဒါပေမယ့် သူ့အကိုရည်းစားထားတာနဲ့ပဲ အသည်းကွဲရအောင် အံ့ကျူးမျိုးနွယ်က အကိုကို ဒီလောက်ခင်တွယ်တဲ့သူလည်း မဟုတ်။အံ့ကျူး ဖိုးက အကိုလရောင်ကို ခေါ်လာကတည်းက သူ့အတွက်လို့ ပြောထားလို့များ သောကရောက်နေတာလား။

ဒီနေ့အံ့ကျူးမျိုးနွယ်သောက်တဲ့ အရက်က ပြင်းပုံရသည်။ခါတိုင်း သောက်ပြီး သန့်စင်ခန်းဝင်ကာ အိမ်ပြန်လေ့ရှိတဲ့သူက ပြောချင်ရာပြောပြီး တရှူးရှူးသာ အိပ်ပျော်သွားသည်။

“ရဲထွဋ် မင်းဘယ်လိုထင်လဲ”

“ဘာကိုလဲ”

“အံ့ကျူးက သူ့အကို ရာဇာနဲ့ ကြိုက်တာနဲ့ပဲ အသည်းကွဲနေတာလေ မဟုတ်မှလွဲ..”

“ဘာလဲ အံ့ကျူးက အကိုလရောင်ကို ကြိုက်နေတယ်လို့ ပြောချင်တာလား ညီမင်းဟန်”

“အင်း”

“ကြိုက်နေတယ်ဆိုတော့ရော အကိုလရောင်က သူ့အပိုင်ပဲဟာ”

“တော်ပြီကွာ ဒီကိစ္စကို ဒီမှာပဲထားလိုက်တော့ သိပ်မမူးခင် ပြန်ကြရအောင် ဒီကောင့်ကိုလည်း လိုက်ပို့ရအုန်းမှာ”

လူမှန်းသူမှန်းမသိလောက်အောင် မူးနေတဲ့ ယစ်ထုပ်ကို ဆိုင်ရှေ့ထိရောက်အောင် ခဲရာခဲဆစ်ဆွဲထုတ်ရသည်။ဒီကောင့် ကောင်းမှုကြောင့် သူတို့နှစ်ယောက်လည်း နေ့တိုင်းနီးပါးပင် အရက်ဆိုင်ကို ရောက်နေရတာဖြစ်သည်။

•••••

“အံ့ကျူး အခုထိ ပြန်မလာသေးဘူးလား လရောင်”

လက်က နာရီကိုကြည့်လိုက်တော့ ညတစ်နာရီရှိနေပြီ။လရောင်သသက အိမ်ရှေ့မှာ ထိုင်စောင့်နေတာ တော်တော်ကြာပြီဖြစ်သည်။အိမ်အကူတွေက ညနေခြောက်နာရီခွဲကတည်းက ပြန်သွားကြပြီမို့ အိမ်မှာ ခြံစောင့်ဦးလေးကြီးရယ် ဖိုးရယ် လရောင်ရယ် အခု သူမရယ်ပဲရှိနေသည်။ဒီအချိန်ဆို ခြံစောင့်ဦးလေးကြီးကလည်း သူ့အတွက်ပေးထားတဲ့ အခန်းမှာ အိပ်နေလောက်ပြီ။ဖိုးကတော့ လူကြီးမို့ စောစောအိပ်ရာဝင်လေ့ရှိသည်။ဇူးဇူးသာ ရှိမနေရင် လရောင်လေးတစ်ယောက်ထဲ ဒီလူဆိုးကောင်ပြန်မလာမချင်း စောင့်နေမှာ အသေအချာပင်ဖြစ်သည်။

ဇူးဇူးတောင် အိပ်ရာပြောင်းသွားလို့ အိပ်မပျော်လို့ ဆင်းလာတာဖြစ်သည်။လရောင်ကို ကြည့်လိုက်တော့ စိတ်မသက်မသာနဲ့ ငိုတော့မတတ်ဖြစ်နေသည်။

“အရင်ရက်တွေက အဲ့လောက်နောက်မကျဘူးမမ တစ်ခုခုများဖြစ်လို့လား မသိဘူး”

လရောင်သသက ပြောရင်းနဲ့ ချက်ချင်းပဲလိုက်သွားတော့မတတ် ပြာယာခတ်နေသည်။
အတူတူကြီးပြင်းခဲ့တာကြောင့်ပဲလားမသိ လရောင်လေးက အံ့ကျူးကို သိပ်သံယောဇဥ်ရှိပုံရသည်။

“ထားလိုက်ပါ လရောင်ရယ်၊ အဲကောင်က သူ့ကိုယ်သူတော့ ကာကွယ်တတ်ပါတယ်”

“ဒါပေမယ့် အခုထိ..”

“လရောင်လေး သွားအိပ်တော့လေ မမစောင့်ပေးလိုက်မယ်”

ပိန်သွယ်သွယ်ခန္ဓာကိုယ်နဲ့ ဖြူသွယ်သွယ်အသားအရေက အားနည်းနေသလိုဖြစ်နေသည်။ဆံနွယ်တွေက ပုခုံးအောက်နားထိ ဝဲကျနေတော့ ရုတ်တရက်ကြည့်လျှင် လရောင်သသက ယောကျ်ားလေးပါလို့ပြောလျှင် ယုံလိမ့်မည်မဟုတ်။တီရှပ်ပွပွကြီးတွေကို Style pant အောက်မြှုပ်ဝတ်လေ့ရှိတာတောင် လရောင်ရဲ့ ခါးသွယ်သွယ်လေးနဲ့ အဆီပိုမရှိတဲ့ ပေါင်တံသွယ်တွေက ပေါ်လွင်နေသေးသည်။

“သူမရောက်သေးပဲနဲ့ ကျွန်တော်အိပ်ပျော်မှာမဟုတ်ဘူးမမ”

“လရောင်ရယ်”

ကျွီ!

ဇူးဇူးနဲ့ လရောင်စောင့်နေတုန်းမှာပဲ ခြံရှေ့ကို ကားတစ်စီးထိုးရပ်လာသည်။

“မမ အဲ့တာ ရဲထွဋ်တို့ကား အံ့ကျူးကို လာပို့တာထင်တယ် ကျွန်တော်သွားကြိုလိုက်မယ်နော်”

“မမပါ လိုက်ခဲ့မယ်လေ”

“မမ နေခဲ့ပါ သူတို့မူးနေကြတာနေမှာ”

“အေးအေး အဲ့တာဆို မမ မလိုက်တော့ဘူး”

ခြံရှေ့ရောက်တော့ ရဲထွဋ်နဲ့ ညီမင်းဟန်က ကားထဲကနေ အံ့ကျူးကို ခဲရာခဲဆစ်ဆွဲထုတ်နေသည်။အသွားတုန်းက ရှိုးအပြည့်နဲ့ ဆိုင်ကယ်ပေါ်ခွပြီး ကြော့ကြော့လေးထွက်သွားသူက အခုကျတော့ သူငယ်ချင်းတွေလိုက်ပို့ရတဲ့ အထိကို မူးနေပြီဖြစ်သည်။အံ့ကျူးက အရင်ကလည်း သောက်လေ့ရှိပေမယ့် တစ်ခါမှအသိစိတ်လွတ်အောင် မူးတာမျိုး မရှိတာကြောင့် လရောင်ပင် အံ့သြသွားရသည်။

“ရဲထွဋ်”

“အကိုလရောင် အံ့ကျူးက မူးပြီးမှောက်သွားလို့”

“အင်း ကိုယ်သယ်သွားလိုက်မယ် ရဲထွဋ်တို့ ဂရုစိုက်ပြန်နော် ကားကိုဖြည်းဖြည်းမောင်း”

ရဲထွဋ်နဲ့ ညီမင်းဟန်ကလည်း မူးနေပေမယ့် အံ့ကျူးလောက်တော့ တစ်ယောက်မှ ဆိုးဆိုးရွားရွားမဖြစ်သေး။အံ့ကျူးမျိုးနွယ်က ညီမင်းဟန် ပုခုံးပေါ်မှာ မှောက်ကျနေပြီး မျက်နှာတစ်ပြင်လုံးလည်း ရဲတွတ်နေသည်။လရောင်ဆီကို တွန်းပို့ပေးတော့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကြောင့် လရောင်ကိုယ်လေး ခြေတစ်လှမ်းလောက် နောက်ဆုတ်သွားရသည်။

“အကို နိုင်ရဲ့လား အံ့ကျူးက လေးတယ်”

“ရတယ် အကိုဖြည်းဖြည်းသယ်သွားလိုက်မယ် ရဲထွဋ်တို့သာ ပြန်တော့နော်”

ထိုအခါမှ ကောင်လေးနှစ်ယောက်က လရောင်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ကားပေါ်တက်နိုင်ကြသည်။ခြံရှေ့ကနေ ကားထွက်သွားကာမှ အံ့ကျူးကို တွဲပြီး တစ်လှမ်းချင်းလှမ်းရသည်။ခန္ဓာကိုယ်ချင်းမမျှတာမို့ လရောင်သသ တော်တော်အားယူနေရသည်။

“အေ့…အင့်”

လရောင်ပုခုံးပေါ် မီထားတဲ့ လူက တအင်းအင်းအသံပြုပြီး နိုးလာသည်။အရက်နံ့က တစ်ကိုယ်လုံးချဥ်စူးနေပြီး အံ့ကျူးဆီက ရနေကျ ကိုယ်သင်းနံ့ပြင်းရှရှကိုတောင် ရောထွေးနေသည်။

“နိုးပြီလား မင်းတအားမူးနေတာ”

“ကိုကို အင့် ကိုကိုလား အေ့”

“ဟင်”

ငမူးကောင် ကယောင်ကတမ်းပြောတဲ့ စကားကြောင့် လရောင်အံ့သြရသည်။လူကို သူ့အငယ်လေးလို အမြဲတမ်းပြုမူနေတာမို့ ကိုယ်ဟာ သူ့ထက် နှစ်နှစ်ကြီးပါ့လားဆိုတာ လရောင်ကိုယ်တိုင်ပင် မေ့ချင်သလိုဖြစ်နေပြီ။နိုးတစ်ဝက်အခြေအနေမှာ ယောင်ပြီးထွက်လာတဲ့ စကားဆိုပေမယ့် လရောင်ရင်ထဲ ပျော်ရွှင်မှုက တစ်လုံးတစ်ခဲဝင်ရောက်လာသည်။

“လရောင်လေး မမကူသယ်ပေးမယ်”

“ရတယ်မမ ကျွန်တော် သူ့ကိုသွားသိပ်လိုက်တော့မယ်”

“အင်း အဲ့တာဆိုလည်း မမတံခါးတွေစစ်ပြီး အိပ်တော့မယ် လရောင်လည်း အိပ်တော့နော်”

လရောင်ရင်ခွင်ထဲမှာရှိနေတဲ့ ဒီလူကို တစ်ခြားသူဆီ လွှဲပေးရမှာစိုးတာကြောင့် မမဇူးဇူးကို ငြင်းလိုက်ခြင်းဖြစ်သည်။အရက်နံ့တွေမွှန်ထူနေလည်း ဒီလူ့ရဲ့ရင်ခွင်ကို သိပ်မက်မောပါသည်။မြတ်နိုးမှုနဲ့ မခိုနားရသေးပေမယ့် သူစိတ်တိုတိုင်း အကြမ်းပတမ်းရင်ခွင်ထဲ ဆွဲသွင်းတာကိုတော့ ခံရပါသည်။အသိစိတ်ကင်းမဲ့နေတဲ့အချိန်မှာတော့ ရင်ငွေ့ကို မက်မက်မောမောကြီး ခိုလှုံလိုက်ပါအုန်းမည်။

SophiaMoon783 (21.9.2022)
_______________________________________
ပျင်းစရာကြီးလို့ ထင်နေကြပြီလား…။

Zawgyi

“ဟိတ္ လေရာင္ေလး”

“အာ မမဇူး လာလည္တာလား”

“ဒါေပါ့ မႀကီးကေလးေလးေတြကို လြမ္းလို႔ေလ လာပါအုန္း မမဆီကို”

ဇူးဇူးေမေသာ္ က အံ့က်ဴးမ်ိဳးႏြယ္နဲ႔ တစ္ဦးတည္းသာ ႐ွိေသာ ေဆြမ်ိဳးေမာင္ႏွမျဖစ္သည္။အံ့က်ဴးအဖြား ေဒၚသႏၲာေမေဇာ္နဲ႔ ဇူးဇူးေမေသာ္ရဲ႕ အဖြား ေဒၚစႏၵာေမေဇာ္က ညီအမအရင္းျဖစ္သည္။ထို႔ေၾကာင့္ အံ့က်ဴးမ်ိဳးႏြယ္နဲ႔ ဇူးဇူးေမေသာ္နဲ႔က ေမာင္ႏွမ ႏွစ္ဝမ္းကြဲေတာ္စပ္သည္။

ျပည္ၿမိဳ႕မွာေနတဲ့ မမဇူးက ရန္ကုန္ကို တစ္လလွ်င္ အနည္းဆုံးတစ္ႀကိမ္ေတာ့ လာလည္ေလ့႐ွိသည္။မမဇူးက ေမြးခ်င္းဟူ၍တစ္ဦးတည္းသာ ႐ွိေသာ အံ့က်ဴးမ်ိဳးႏြယ္ကို သိပ္ခ်စ္သည္။ေနာက္မွေရာက္လာတဲ့ လေရာင္ကိုလည္း အံ့က်ဴးနည္းတူခ်စ္ေပးသည္။

ဆံပင္ဂုတ္ဝဲနဲ႔ မမဇူးဇူးက သြက္လက္ခ်က္ခ်ာေသာအမ်ိဳးသမီးျဖစ္သည္။အရပ္ျမင့္ျမင့္ အသားျဖဴျဖဴနဲ႔ မမက ႏွစ္ဆယ့္ခုႏွစ္ႏွစ္ျပည့္သည္အထိ ရည္းစားတစ္ေယာက္တစ္ေလမွေတာင္ မ႐ွိေသးေပ။အဖြားကို ျပဳစုေစာင့္ေ႐ွာက္ေနတဲ့ ေျမးလိမၼာတစ္ေယာက္ျဖစ္သည္။

“လေရာင္ေလးက အရင္လိုပဲ ဝလည္းမလာဘူးေနာ္ မမဇူးေတာ့ လေရာင္ကို လူႀကီးျဖစ္လာတယ္ကို မထင္ဘူး”

လေရာင္သသကိုယ္ေလးကို ဖ်စ္ညႇစ္ၿပီး မမက မခ်င့္မရဲေျပာသည္။လေရာင္ကလည္း  မမဇူးလို အမ်ိဳးသမီးတစ္ေယာက္နဲ႔ ယွဥ္ရင္ေတာင္ ေသးညႇပ္ေနေသးသည္။ေလတိုးရင္ေတာင္ က်ိဳးက်ေတာ့မတတ္ ပိန္လြန္းညႇပ္လြန္းေနတဲ့ ခႏၶာကိုယ္ကို အားမလိုအားမရျဖစ္ရပါသည္။အဲတာေၾကာင့္လည္း အံ့က်ဴးမ်ိဳးႏြယ္ႏိုင္စားသမွ် ၿငိမ္ခံေနရတာ။

“မမလည္း အရမ္းလွလာတာပဲ”

အပ်ိဳႀကီးစာရင္းထဲ ဝင္သြားတာေတာင္ မမဇူးဇူးက တကယ္ကို လွပါသည္။အံ့က်ဴးမ်ိဳးႏြယ္နဲ႔ ေဆြမ်ိဳးရင္းခ်ာဆိုေပမယ့္ မမဇူးဇူးက ၾကင္နာသနားတတ္သည္။မထင္ရင္မထင္သလို ဂ်စ္တိုက္တာကေတာ့ သူ႕ေမာင္နဲ႔ ခြၽတ္စြပ္ျဖစ္သည္။

“လေရာင္ေလး ခု ဘာလုပ္ေနတာလဲဟင္”

“ဖိုးအတြက္ ပူတင္းေပ်ာ့ေပ်ာ့ေလးလုပ္ေပးမလို႔မမ”

“အာ လေရာင္က လိမၼာလိုက္တာ၊ ဟိုလူဆိုးေကာင္နဲ႔ တျခားစီ”

“အံ့က်ဴးမ်ိဳးႏြယ္လားမမ “

“ေအး အခုထိမေတြ႕ရေသးဘူး ဘယ္ေတြသြားေနလဲမသိဘူး”

“မနက္ကတည္းက ထြက္သြားတာပဲမမ ညအိပ္ခ်ိန္ေတာ့ျပန္လာမွာပါ”

ဥာဥ့္နက္မွ ျပန္လာၿပီး အိပ္ရာႏိုးတာနဲ႔ မနက္စာေတာင္မစားပဲ အျပင္ထြက္တာ တစ္ပတ္ခန္႔႐ွိၿပီျဖစ္သည္။လေရာင္နဲ႔ ျပႆနာျဖစ္ၿပီး ေနာက္ရက္ကတည္းက ျဖစ္သည္။အံ့က်ဴးအျပဳအမူေတြလည္း အမ်ားႀကီးေျပာင္းလဲသြားသည္။

လေရာင္ ဒီအတိုင္းထိုင္ေနရင္ေတာင္ တစ္ခုမဟုတ္တစ္ခု ရစ္လိုက္ နားပူနားဆာလုပ္လိုက္ လုပ္ေနသူက စကားမ်ားၿပီးကတည္းက မ်က္ႏွာခ်င္းေတာင္ မဆိုင္ျဖစ္ေတာ့။မေတာ္တဆ အၾကည့္ခ်င္းဆုံသြားရင္ေတာင္ အံ့က်ဴးမ်ိဳးႏြယ္ဘက္က အရင္စၿပီး မ်က္ႏွာလႊဲသည္။တကယ္တမ္း မၾကည့္ခ်င္ေလာက္ေအာင္ စိတ္ဆိုးရမယ့္သူက လေရာင္ျဖစ္ေနပါရက္နဲ႔ အခုေတာ့ သူက လေရာင္ကို မတူသလိုမတန္သလိုျပဳမူေနသည္။

ေဖေဖျပင္ပခရီးစဥ္႐ွိေနတဲ့ အခ်ိန္လည္းျဖစ္၍ အံ့က်ဴးမ်ိဳးႏြယ္က အိမ္မွာမကပ္ေတာ့။အိမ္သားေတြအကုန္အိပ္တဲ့ အခ်ိန္မွ ျပန္လာတတ္ၿပီး မနက္ဆိုလွ်င္လည္း ဖိုးလက္ေဆာင္ေပးထားတဲ့ အျပာေရာင္ Yamaha R6 တစ္စီးနဲ႔ ႐ိႈးအျပည့္ထုတ္ကာ အျပင္ထြက္တာျဖစ္သည္။

“ေလးေလး မ႐ွိတာနဲ႔ အံ့က်ဴးက လြတ္ေတာ့တာပဲ”

“….”

“လေရာင္ေလးကိုေရာ အႏိုင္က်င့္ေသးလား အံ့က်ဴးက ခပ္ဆိုးဆိုးရယ္ ငယ္ငယ္ကဆို အိမ္လာရင္ လေရာင္ကို ဖြက္ထားေသးတာ”

မမက ငယ္ငယ္တုန္းက အျဖစ္ကို ေျပာၿပီး ျပဳံးေယာင္သန္းေနသည္။ဧည့္သည္ေတြ အိမ္လာတိုင္းလည္း အံ့က်ဴးအခန္းထဲ ဝင္ေနရတာ လေရာင္အတြက္ ျဖစ္႐ိုးျဖစ္စဥ္ပင္။သူေျပာထားသလိုမျဖစ္ရင္ လက္ေမာင္းရင္းကေန ဆြဲၿပီး အခန္းထဲပစ္သြင္းခံရသည္။အူပုပ္တဲ့ေနရာမွာေတာ့ အံ့က်ဴးမ်ိဳးႏြယ္က စံျပျဖစ္ထိုက္ပါသည္။ေက်ာင္းမွာဆိုရင္လည္း သူက် ရည္းစားေတြပတ္ခ်ာလည္ထားေနၿပီး လေရာင္ကိုေတာ့ ဘယ္သူနဲ႔မေပါင္းနဲ႔ ဘယ္ကိုမသြားနဲ႔ဆိုၿပီး အမိန္႔ထုတ္ေသးသည္။

“မမအတြက္ေရာ အမ်ားႀကီး လုပ္လိုက္မယ္ေနာ္၊ ဧည့္ခန္းထဲမွာ သြားထိုင္ေနပါ့လား”

“ေအးေအး အဲတာဆိုလည္း မမ ဖိုးနဲ႔ စကားသြားေျပာလိုက္အုန္းမယ္”

“ဟုတ္ကဲ့ မမ”

လေရာင္စိတ္ေတြလည္း မြန္းက်ပ္ေနရသည္။ခါတိုင္းလို တတြတ္တြတ္နဲ႔ ဆူလိုက္ ရစ္လိုက္လုပ္ေနတဲ့သူက အခုေတာ့ လုံးဝပစ္ပယ္ေနသလို ျပဳမူေနတာမို႔ ရင္ထဲမေကာင္းျဖစ္ရသည္။အဲ့ေန႔တုန္းက ရာဇာထူးဟန္နဲ႔ ဘာမွ မပတ္သက္ပါဘူး မင္းကိုပဲ ခ်စ္တာပါလို႔ ေျပာလိုက္ခ်င္ေပမယ့္ ၾကမ္းတမ္းေနသူက ဘာေျပာေျပာနားဝင္မယ့္ပုံမေပၚတာေၾကာင့္ ႏႈတ္ဆိတ္ေနလိုက္ရတာျဖစ္သည္။

သဝန္တိုေနတာလား၊တကယ္ပဲ ပစ္ပယ္ေတာ့တာလား မသဲကြဲေပမယ့္ နီးလ်က္နဲ႔ေဝးေနရတဲ့ ခံစားခ်က္ႀကီးကို လေရာင္တကယ္မုန္းသည္။ကိုယ့္ျဖစ္တည္မႈကို အားလုံးက လက္ခံေပးႏိုင္တဲ့ အေနအထားမွာေတာင္ ဖြင့္ဟဝန္ခံဖို႔ လေရာင္အတြက္ခဲယဥ္းလွပါသည္။

•••••

“အံ့က်ဴး”

“အံ့က်ဴး ေဟ့ေကာင္”

“ဟင္”

ရဲထြဋ္နဲ႔ ညီမင္းဟန္တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ေခါင္းခါမိၾကသည္။
အံ့က်ဴးမ်ိဳးႏြယ္က ေရာက္လာကတည္းက တစ္ခြက္ၿပီးတစ္ခြက္ ဆက္တိုက္ေသာက္ေနေပမယ့္ ဘာစကားမွ မေျပာေသး။အံ့က်ဴး ဒီလိုျဖစ္ေနတာ ဒီေန႔တစ္ရက္တည္းမဟုတ္။သူငယ္ခ်င္းေတြထဲမွာ အတက္ႂကြဆုံးနဲ႔ ေဟာ့အျဖစ္ဆုံးေကာင္က ေျခၿငိမ္ၿပီး ညိႇဳးေနတာ အေတာ္ၾကာၿပီျဖစ္သည္။

“ေလွ်ာ့ေသာက္အုန္းေလကြာ မင္းဒီလိုေသာက္ေနတာ ရက္ ဆက္ေနၿပီေလ မ်ားလြန္းရင္ ဘယ္အရာမဆို အႏၲရာယ္မ်ားတယ္ကြ”

မ်က္စိေ႐ွ႕မွာ ႐ွိေနတဲ့ အရက္ခြက္ကို တစ္က်ိဳက္တည္းေမာ့ခ်လိုက္ၿပီး ရဲထြဋ္ကို အသက္မဲ့စြာပင္ ရယ္ျပလိုက္ပါသည္။အႏၲရာယ္ဆိုတဲ့အရာက သူ႕အိမ္မွာ႐ွိေနတဲ့ တစ္ေယာက္ေလာက္ ဒုကၡေပးႏိုင္ပါအုန္းမလား။လူၾကည့္ေတာ့ မလည္မဝယ္႐ုပ္နဲ႔ ရင္ဘတ္ကိုတစ္စစီေႁခြမြဖို႔အထိ တတ္ႏိုင္သည့္ အသည္းစားကေဝလို လူမ်ိဳးျဖစ္သည္။

မေရရာမေသခ်ာတဲ့ အေျခအေနမို႔ ေ႐ွ႕ဆက္မတိုးရဲခဲ့ေပမယ့္ ဟိုေကာင္နဲ႔ ဖက္ေနၾကတဲ့ ျမင္ကြင္းကို ျမင္လိုက္ရတဲ့ေန႔ကတည္းက ကိုယ့္ႏွလုံးသားကိုယ္ ျမင္လိုက္ရတာျဖစ္သည္။လေရာင္သသက အလိုလိုက္ထားလို႔ တစ္စက္မွမေကာင္း။ငယ္ငယ္ကတည္းက အတူတူႀကီးျပင္းလာတာမို႔ လေရာင္သသ ဘာႀကိဳက္လဲ သူအသိဆုံးျဖစ္သည္။မင္းကေရာ ဘာထူးလို႔လဲဟု ေမးရင္ က်ဳပ္လည္း ထို႔အတူပါပဲဟုသာ ေျပာမိမွာျဖစ္သည္။

ဆယ့္႐ွစ္ႏွစ္၊ဆယ့္ကိုးႏွစ္ လူေတြေျပာၾကသလိုဆို လူပ်ိဳျဖစ္စအခ်ိန္ကတည္းက လေရာင္သသအေပၚမွာ သူ႕ရဲ႕ စိတ္ေနစိတ္ထားေတြေျပာင္းလဲခဲ့ရတာျဖစ္သည္။ကိုယ့္ကိုကိုယ္ လက္မခံခ်င္ေပမယ့္ လေရာင္သသကို ျမင္တိုင္း ဖ်စ္ညႇစ္ပစ္ခ်င္သည့္စိတ္က လေရာင္သသကို တစ္ဘဝလုံးစာအပိုင္သိမ္းဖို႔အထိ လုံေလာက္မွန္းသိလိုက္ရသည္။

တကယ္တမ္းေတာ့ လေရာင္သသက အရက္နဲ႔တူသည္။ျပင္း႐ွ႐ွနဲ႔ ခါးသက္သလို လူကို ယစ္မူးေစသည္။

“ေတာ္ၿပီ ေဟ့ေကာင္ ေတာ္ေလာက္ၿပီ”

ေနာက္တစ္ခြက္ဆက္ေသာက္မယ္ျပင္ေတာ့ ညီမင္းဟန္က လက္ထဲက အရက္ခြက္ကို လုၿပီး တားသည္။

“ဘာေတြ စိတ္ညစ္စရာ႐ွိေနတာလဲ အံ့က်ဴး၊မင္းက ငါတို႔နဲ႔ ေသာက္ဖို႔ေန႔တိုင္းေတြ႕ေနေပမယ့္ ဘာစကားမွလည္း ေျပာတာမဟုတ္ဘူး”

“ဟုတ္တယ္ ဘာျဖစ္တာလဲေျပာ ငါတို႔ ကူညီႏိုင္တာ႐ွိရင္ ကူညီမယ္”

“အဟင္း မင္းတို႔ ကူညီလို႔မရပါဘူးကြာ ေအ့”

“မင္း အသည္းကြဲေနတာလား”

“ေအ့ အဲလိုလားမသိဘူး”

“ဟမ္”

မေရရာမေသခ်ာတဲ့ အေျဖကိုေပးၿပီး စားပြဲေပၚ ေမွာက္က်သြားသူကို ႏွစ္ေယာက္သားအံ့ၾသမိပါသည္။ေကာင္မေလးေတြနဲ႔ ျပတ္လို႔အသည္းကြဲရလားဆိုေတာ့လည္း ဒီေကာင္က
ခ်ည္း ျဖတ္ခဲ့တာပင္။တစ္ေယာက္ၿပီး တစ္ေယာက္ ေကာက္တြဲတဲ့ေကာင္က အသည္းကြဲတယ္ဆိုေတာ့ အံ့က်ဴးမ်ိဳးႏြယ္ကိုအသည္းခြဲႏိုင္တဲ့ ေကာင္မေလးက ေတာ္ေတာ္ကို လွလို႔ျဖစ္မည္။အဲ့ေကာင္မေလးက ဘယ္သူမ်ားလဲ…။

“ကိုကိုကေလ ေအ့ ကိုကိုက  ေအ့ ငါ့ကိုမုန္းတယ္တဲ့ ဟက္”

“ဘာ”

“ကိုကိုက ေခြးေကာင္နဲ႔ ႀကိဳက္ေနတယ္ “

“ေခြးေကာင္က ဘယ္သူလဲ”

“ရာဇာထူးဟန္ဆိုတဲ့ ေကာင္ ေအ့”

ရဲထြဋ္နဲ႔ ညီမင္းဟန္ ေခါင္းခ်င္းဆိုင္သြားသည္။အံ့က်ဴးမ်ိဳးႏြယ္က ေခါင္းမေထာင္ႏိုင္ေအာင္ မူးမွ ခံစားခ်က္ေတြ ထြက္လာေတာ့တာ ျဖစ္သည္။လေရာင္သသ ရာဇာထူးဟန္နဲ႔ ႀကိဳက္တာနဲ႔ပဲ ဒီေကာင္က ဘာမဆိုင္ပဲ အသည္းကြဲေနရလား။

အကိုလေရာင္ကို ရာဇာႀကိဳက္တာ အခုမွမဟုတ္။အထက္တန္းေက်ာင္းမွာကတည္းက ျဖစ္သည္။အကိုလေရာင္ကလည္း အျပစ္ဆိုရက္စရာမ႐ွိေအာင္ လွတာကို  ရာဇာထူးဟန္ႀကိဳက္မယ္ဆိုလည္း ႀကိဳက္သင့္သည္။ဒါေပမယ့္ သူ႕အကိုရည္းစားထားတာနဲ႔ပဲ အသည္းကြဲရေအာင္ အံ့က်ဴးမ်ိဳးႏြယ္က အကိုကို ဒီေလာက္ခင္တြယ္တဲ့သူလည္း မဟုတ္။အံ့က်ဴး ဖိုးက အကိုလေရာင္ကို ေခၚလာကတည္းက သူ႕အတြက္လို႔ ေျပာထားလို႔မ်ား ေသာကေရာက္ေနတာလား။

ဒီေန႔အံ့က်ဴးမ်ိဳးႏြယ္ေသာက္တဲ့ အရက္က ျပင္းပုံရသည္။ခါတိုင္း ေသာက္ၿပီး သန္႔စင္ခန္းဝင္ကာ အိမ္ျပန္ေလ့႐ွိတဲ့သူက ေျပာခ်င္ရာေျပာၿပီး တ႐ွဴး႐ွဴးသာ အိပ္ေပ်ာ္သြားသည္။

“ရဲထြဋ္ မင္းဘယ္လိုထင္လဲ”

“ဘာကိုလဲ”

“အံ့က်ဴးက သူ႕အကို ရာဇာနဲ႔ ႀကိဳက္တာနဲ႔ပဲ အသည္းကြဲေနတာေလ မဟုတ္မွလြဲ..”

“ဘာလဲ အံ့က်ဴးက အကိုလေရာင္ကို ႀကိဳက္ေနတယ္လို႔ ေျပာခ်င္တာလား ညီမင္းဟန္”

“အင္း”

“ႀကိဳက္ေနတယ္ဆိုေတာ့ေရာ အကိုလေရာင္က သူ႕အပိုင္ပဲဟာ”

“ေတာ္ၿပီကြာ ဒီကိစၥကို ဒီမွာပဲထားလိုက္ေတာ့ သိပ္မမူးခင္ ျပန္ၾကရေအာင္ ဒီေကာင့္ကိုလည္း လိုက္ပို႔ရအုန္းမွာ”

လူမွန္းသူမွန္းမသိေလာက္ေအာင္ မူးေနတဲ့ ယစ္ထုပ္ကို ဆိုင္ေ႐ွ႕ထိေရာက္ေအာင္ ခဲရာခဲဆစ္ဆြဲထုတ္ရသည္။ဒီေကာင့္ ေကာင္းမႈေၾကာင့္ သူတို႔ႏွစ္ေယာက္လည္း ေန႔တိုင္းနီးပါးပင္ အရက္ဆိုင္ကို ေရာက္ေနရတာျဖစ္သည္။

•••••

“အံ့က်ဴး အခုထိ ျပန္မလာေသးဘူးလား လေရာင္”

လက္က နာရီကိုၾကည့္လိုက္ေတာ့ ညတစ္နာရီ႐ွိေနၿပီ။လေရာင္သသက အိမ္ေ႐ွ႕မွာ ထိုင္ေစာင့္ေနတာ ေတာ္ေတာ္ၾကာၿပီျဖစ္သည္။အိမ္အကူေတြက ညေနေျခာက္နာရီခြဲကတည္းက ျပန္သြားၾကၿပီမို႔ အိမ္မွာ ျခံေစာင့္ဦးေလးႀကီးရယ္ ဖိုးရယ္ လေရာင္ရယ္ အခု သူမရယ္ပဲ႐ွိေနသည္။ဒီအခ်ိန္ဆို ျခံေစာင့္ဦးေလးႀကီးကလည္း သူ႕အတြက္ေပးထားတဲ့ အခန္းမွာ အိပ္ေနေလာက္ၿပီ။ဖိုးကေတာ့ လူႀကီးမို႔ ေစာေစာအိပ္ရာဝင္ေလ့႐ွိသည္။ဇူးဇူးသာ ႐ွိမေနရင္ လေရာင္ေလးတစ္ေယာက္ထဲ ဒီလူဆိုးေကာင္ျပန္မလာမခ်င္း ေစာင့္ေနမွာ အေသအခ်ာပင္ျဖစ္သည္။

ဇူးဇူးေတာင္ အိပ္ရာေျပာင္းသြားလို႔ အိပ္မေပ်ာ္လို႔ ဆင္းလာတာျဖစ္သည္။လေရာင္ကို ၾကည့္လိုက္ေတာ့ စိတ္မသက္မသာနဲ႔ ငိုေတာ့မတတ္ျဖစ္ေနသည္။

“အရင္ရက္ေတြက အဲ့ေလာက္ေနာက္မက်ဘူးမမ တစ္ခုခုမ်ားျဖစ္လို႔လား မသိဘူး”

လေရာင္သသက ေျပာရင္းနဲ႔ ခ်က္ခ်င္းပဲလိုက္သြားေတာ့မတတ္ ျပာယာခတ္ေနသည္။
အတူတူႀကီးျပင္းခဲ့တာေၾကာင့္ပဲလားမသိ လေရာင္ေလးက အံ့က်ဴးကို သိပ္သံေယာဇဥ္႐ွိပုံရသည္။

“ထားလိုက္ပါ လေရာင္ရယ္၊ အဲေကာင္က သူ႕ကိုယ္သူေတာ့ ကာကြယ္တတ္ပါတယ္”

“ဒါေပမယ့္ အခုထိ..”

“လေရာင္ေလး သြားအိပ္ေတာ့ေလ မမေစာင့္ေပးလိုက္မယ္”

ပိန္သြယ္သြယ္ခႏၶာကိုယ္နဲ႔ ျဖဴသြယ္သြယ္အသားအေရက အားနည္းေနသလိုျဖစ္ေနသည္။ဆံႏြယ္ေတြက ပုခုံးေအာက္နားထိ ဝဲက်ေနေတာ့ ႐ုတ္တရက္ၾကည့္လွ်င္ လေရာင္သသက ေယာက်္ားေလးပါလို႔ေျပာလွ်င္ ယုံလိမ့္မည္မဟုတ္။တီ႐ွပ္ပြပြႀကီးေတြကို Style pant ေအာက္ျမႇဳပ္ဝတ္ေလ့႐ွိတာေတာင္ လေရာင္ရဲ႕ ခါးသြယ္သြယ္ေလးနဲ႔ အဆီပိုမ႐ွိတဲ့ ေပါင္တံသြယ္ေတြက ေပၚလြင္ေနေသးသည္။

“သူမေရာက္ေသးပဲနဲ႔ ကြၽန္ေတာ္အိပ္ေပ်ာ္မွာမဟုတ္ဘူးမမ”

“လေရာင္ရယ္”

ကြၽီ!

ဇူးဇူးနဲ႔ လေရာင္ေစာင့္ေနတုန္းမွာပဲ ျခံေ႐ွ႕ကို ကားတစ္စီးထိုးရပ္လာသည္။

“မမ အဲ့တာ ရဲထြဋ္တို႔ကား အံ့က်ဴးကို လာပို႔တာထင္တယ္ ကြၽန္ေတာ္သြားႀကိဳလိုက္မယ္ေနာ္”

“မမပါ လိုက္ခဲ့မယ္ေလ”

“မမ ေနခဲ့ပါ သူတို႔မူးေနၾကတာေနမွာ”

“ေအးေအး အဲ့တာဆို မမ မလိုက္ေတာ့ဘူး”

ျခံေ႐ွ႕ေရာက္ေတာ့ ရဲထြဋ္နဲ႔ ညီမင္းဟန္က ကားထဲကေန အံ့က်ဴးကို ခဲရာခဲဆစ္ဆြဲထုတ္ေနသည္။အသြားတုန္းက ႐ိႈးအျပည့္နဲ႔ ဆိုင္ကယ္ေပၚခြၿပီး ေၾကာ့ေၾကာ့ေလးထြက္သြားသူက အခုက်ေတာ့ သူငယ္ခ်င္းေတြလိုက္ပို႔ရတဲ့ အထိကို မူးေနၿပီျဖစ္သည္။အံ့က်ဴးက အရင္ကလည္း ေသာက္ေလ့႐ွိေပမယ့္ တစ္ခါမွအသိစိတ္လြတ္ေအာင္ မူးတာမ်ိဳး မ႐ွိတာေၾကာင့္ လေရာင္ပင္ အံ့ၾသသြားရသည္။

“ရဲထြဋ္”

“အကိုလေရာင္ အံ့က်ဴးက မူးၿပီးေမွာက္သြားလို႔”

“အင္း ကိုယ္သယ္သြားလိုက္မယ္ ရဲထြဋ္တို႔ ဂ႐ုစိုက္ျပန္ေနာ္ ကားကိုျဖည္းျဖည္းေမာင္း”

ရဲထြဋ္နဲ႔ ညီမင္းဟန္ကလည္း မူးေနေပမယ့္ အံ့က်ဴးေလာက္ေတာ့ တစ္ေယာက္မွ ဆိုးဆိုး႐ြား႐ြားမျဖစ္ေသး။အံ့က်ဴးမ်ိဳးႏြယ္က ညီမင္းဟန္ ပုခုံးေပၚမွာ ေမွာက္က်ေနၿပီး မ်က္ႏွာတစ္ျပင္လုံးလည္း ရဲတြတ္ေနသည္။လေရာင္ဆီကို တြန္းပို႔ေပးေတာ့ က်စ္လစ္တဲ့ ခႏၶာကိုယ္ေၾကာင့္ လေရာင္ကိုယ္ေလး ေျခတစ္လွမ္းေလာက္ ေနာက္ဆုတ္သြားရသည္။

“အကို ႏိုင္ရဲ႕လား အံ့က်ဴးက ေလးတယ္”

“ရတယ္ အကိုျဖည္းျဖည္းသယ္သြားလိုက္မယ္ ရဲထြဋ္တို႔သာ ျပန္ေတာ့ေနာ္”

ထိုအခါမွ ေကာင္ေလးႏွစ္ေယာက္က လေရာင္ကို လွည့္ၾကည့္လွည့္ၾကည့္နဲ႔ ကားေပၚတက္ႏိုင္ၾကသည္။ျခံေ႐ွ႕ကေန ကားထြက္သြားကာမွ အံ့က်ဴးကို တြဲၿပီး တစ္လွမ္းခ်င္းလွမ္းရသည္။ခႏၶာကိုယ္ခ်င္းမမွ်တာမို႔ လေရာင္သသ ေတာ္ေတာ္အားယူေနရသည္။

“ေအ့…အင့္”

လေရာင္ပုခုံးေပၚ မီထားတဲ့ လူက တအင္းအင္းအသံျပဳၿပီး ႏိုးလာသည္။အရက္နံ႔က တစ္ကိုယ္လုံးခ်ဥ္စူးေနၿပီး အံ့က်ဴးဆီက ရေနက် ကိုယ္သင္းနံ႔ျပင္း႐ွ႐ွကိုေတာင္ ေရာေထြးေနသည္။

“ႏိုးၿပီလား မင္းတအားမူးေနတာ”

“ကိုကို အင့္ ကိုကိုလား ေအ့”

“ဟင္”

ငမူးေကာင္ ကေယာင္ကတမ္းေျပာတဲ့ စကားေၾကာင့္ လေရာင္အံ့ၾသရသည္။လူကို သူ႕အငယ္ေလးလို အၿမဲတမ္းျပဳမူေနတာမို႔ ကိုယ္ဟာ သူ႕ထက္ ႏွစ္ႏွစ္ႀကီးပါ့လားဆိုတာ လေရာင္ကိုယ္တိုင္ပင္ ေမ့ခ်င္သလိုျဖစ္ေနၿပီ။ႏိုးတစ္ဝက္အေျခအေနမွာ ေယာင္ၿပီးထြက္လာတဲ့ စကားဆိုေပမယ့္ လေရာင္ရင္ထဲ ေပ်ာ္႐ႊင္မႈက တစ္လုံးတစ္ခဲဝင္ေရာက္လာသည္။

“လေရာင္ေလး မမကူသယ္ေပးမယ္”

“ရတယ္မမ ကြၽန္ေတာ္ သူ႕ကိုသြားသိပ္လိုက္ေတာ့မယ္”

“အင္း အဲ့တာဆိုလည္း မမတံခါးေတြစစ္ၿပီး အိပ္ေတာ့မယ္ လေရာင္လည္း အိပ္ေတာ့ေနာ္”

လေရာင္ရင္ခြင္ထဲမွာ႐ွိေနတဲ့ ဒီလူကို တစ္ျခားသူဆီ လႊဲေပးရမွာစိုးတာေၾကာင့္ မမဇူးဇူးကို ျငင္းလိုက္ျခင္းျဖစ္သည္။အရက္နံ႔ေတြမႊန္ထူေနလည္း ဒီလူ႕ရဲ႕ရင္ခြင္ကို သိပ္မက္ေမာပါသည္။ျမတ္ႏိုးမႈနဲ႔ မခိုနားရေသးေပမယ့္ သူစိတ္တိုတိုင္း အၾကမ္းပတမ္းရင္ခြင္ထဲ ဆြဲသြင္းတာကိုေတာ့ ခံရပါသည္။အသိစိတ္ကင္းမဲ့ေနတဲ့အခ်ိန္မွာေတာ့ ရင္ေငြ႕ကို မက္မက္ေမာေမာႀကီး ခိုလႈံလိုက္ပါအုန္းမည္။

SophiaMoon783 (21.9.2022)
_______________________________________
ပ်င္းစရာႀကီးလို႔ ထင္ေနၾကၿပီလား…။

Tags: read novel My Possessive Of You 3, novel My Possessive Of You 3, read My Possessive Of You 3 online, My Possessive Of You 3 chapter, My Possessive Of You 3 high quality, My Possessive Of You 3 light novel, ,

Comment

Leave a Reply

Chapter 4