My Possessive Of You 6
All chapters are in My Possessive Of You
A+ A-
Unicode
“You’re my angel. Angel baby, angel
You’re my angel, baby Baby you’re my angel Angel baby”
ဒေါက် ဒေါက်!
သီချင်းညည်းနေတုန်း တံခါးခေါက်သံကြောင့် အံ့ကျူးမျက်မှောင်ကြုံ့သွားသည်။မဟုတ်မှလွဲရော အံ့ကျူးကို ဖေဖေခေါ်ခိုင်းတာပဲဖြစ်မည်။နေ့လည်ကတည်းက လရောင်သသနဲ့အတူ ပြန်လာကတည်းက ဖေဖေက အံ့ကျူးကို မကြည်သလိုကြည့်နေတာဖြစ်သည်။အရင်ပတ်ကမှ ပြန်ရောက်တဲ့ဖေဖေက သူမရှိစဥ်တစ်လျှောက်လုံး အံ့ကျူးပေတေနေတာကိုလည်း သဘောမကျဖြစ်နေတာဖြစ်သည်။
“ပြော”
တံခါးဖွင့်မပေးပဲ အခန်းထဲကနေ လှမ်းအော်လိုက်သည်။တံခါးခေါက်တဲ့သူက မမဆွေမဟုတ်ရင် မပြန်သေးတဲ့ မမဇူးပဲဖြစ်လိမ့်မည်။လရောင်သသတော့ မဖြစ်နိုင်။သူက အံ့ကျူးအခန်းဘက်ဆို ယောင်လို့တောင် လှည့်လာတဲ့သူမျိုးမဟုတ်။အံ့ကျူးကသာ ဇွတ်ဆွဲသွင်းတာချည်းပင်။
“အံ့ကျူးမျိုးနွယ်”
အပြင်ဘက်က အသံကြောင့် အိပ်ရာပေါ်မှာ ခပ်လျော့လျော့ မီအိပ်နေရာကနေ ဆတ်ခနဲ ခါးပင်မတ်သွားရသည်။
“အံ့ကျူး ငါပါ”
“ဘာလဲ ကျုပ်အိပ်တော့ဖို့”
တံခါးဆီကို လျှောက်သွားရင်း စိတ်လှုပ်ရှားစွာပင်မေးလိုက်သည်။ညကြီးအချိန်မတော် သူများအခန်းကို ဘာလာလုပ်တာတဲ့လဲ။
“ငါ အကူအညီတောင်းချင်လို့”
“ပြော”
အခန်းတံခါးကို ခေါင်းပြူသာရုံလေးတင် ဖွင့်လိုက်ပြီး အခန်းရှေ့ကလူကို ငုံ့ကြည့်လိုက်သည်။Stitchပုံလေးတွေပါတဲ့ အဖြူရောင်ဖဲသား ညဝတ်အင်္ကျီနဲ့ လူက သေးသေးလုံးလုံးလေးနဲ့ အရုပ်ကလေးနဲ့တူနေသည်။ဆံပင်တွေကို ဆံညှပ်နဲ့ နားအပေါ်နားမှာ တစ်ဖက်တစ်ချက်စီ လှန်ညှပ်ထားသည်။လက်ထဲမှာ macbookကို ကိုင်ထားပြီး မျက်နှာက စိတ်ရှုပ်နေတဲ့အမူအရာနဲ့ဖြစ်နေသည်။ညအိပ်ခါနီးမလို့ night cream လူးထားပုံရတဲ့ မျက်နှာလေးက ဖြူဝင်းနေပြီး ပန်းရောင်သန်းနေသည်။နီရဲရဲနှုတ်ခမ်းပါးလေးတွေက သွေးရောင်ကြွနေပြီး အံ့ကျူးကို မြှူဆွယ်နေသယောင်ရှိသည်။
ဂလု!
ခံတွင်းထဲပြည့်တက်လာတဲ့ တံတွေးကို မသိမသာမျိုချလိုက်ပေမယ့် တိတ်ဆိတ်နေတဲ့အချိန်မို့ အသံက ထွက်သွားသည်။လရောင်သသကတော့ ဘာမှမသိသလို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့သာ အူတူတူလေး မော့ကြည့်သည်။အဲ့လို အူကြောင်ကြောင်လေး လုပ်ပြလေ အံ့ကျူးမှာ အသဲတွေယားပြီး ဆွဲနမ်းချင်ဖြစ်နေရသည်။
“ဘာဖြစ်လို့လဲ”
ဆက်ကြည့်နေရင် မနောကံအပြင် ကာယကံနဲ့ပါ ကိုယ်ထိလက်ရောက် ကျူးလွန်မိတော့မှာဖြစ်၍ အကြည့်လွှဲပြီး မေးလိုက်သည်။
“ငါ့ macbook ဘာဖြစ်သွားလဲ မသိဘူး websiteတွေ ဝင်မရတော့လို့”
“porn website တွေလား”
အခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး သူ့ရှေ့ကနေ ဦးဆောင်ပြီး အခန်းထဲ ဝင်လာလိုက်သည်။နောက်ကနေ လိုက်လာတဲ့ ခြေထောက်သေးသေးလေးက အံ့ကျူးအပြောကိုကြားတော့ တုံ့ခနဲရပ်သွားသည်။
“တော်ပြီ ပြန်တော့မယ်”
စိတ်ဆိုးသွားသူကို လှည့်ကြည့်လိုက်တော့ မျက်နှာတပြင်လုံးနီရဲပြီး အံ့ကျူးကို မျက်စောင်းထိုးသည်။မကြိုက်မှန်းသိလို့ကို စချင်တာ။သူ့ကြောင့် လရောင်သသမျက်နှာပျက်သွားရင်ကို အံ့ကျူးက အပျော်ကြီးပျော်နေတတ်သည်။
“မှန်တာပြောရင် လူတွေက အဲ့လိုပဲ”
“အံ့ကျူးမျိုးနွယ်!!”
“မမောဘူးလား ရေယူပေးရအုန်းမလား”
အံ့ကျူးက မလျှော့တဲ့အပြင် ပိုတိုးပြီး စတော့ သက်ပြင်းချပြီး စိတ်ပျက်သလိုပြုမူသည်။နောက်ဆုံးတော့လည်း အလျှော့ပေးရမှာ သူပဲကို။
“အလုပ်နဲ့ ပတ်သက်တဲ့ websiteတွေ ၊ ငါ DRHမှာ အလုပ်ရပြီ”
လရောင် အလုပ်ရတဲ့အကြောင်းကိုရော အံ့ကျူးကို တစ်ခါတည်းပြောပြလိုက်သည်။သူပြောထားသလိုပဲ ကိုယ်က သူ့အပိုင်မို့ အသိပေးနေရခြင်းဖြစ်သည်။တကယ်တမ်းကြ လရောင်ရဲ့ ကိုယ်ရေးအကျဥ်းထဲမှာ အုပ်ထိန်းသူနေရာမှာ ဖိုးနာမည်ကို ထည့်မည့်အစား သူ့နာမည်ကိုသာ ထည့်သင့်သည်။
လရောင်စကားကို ကြားတော့ အသိအမှတ်ပြုသလို မော့ကြည့်ပြီး နှုတ်ခမ်းတစ်ဖက်ကွေးရုံပြုံးသည်။ဒါက ကျေနပ်သွားတဲ့အမူအရာ။DRH ရဲ့ ဥက္ကဋ္ဌက ရာဇာထူးဟန်ဆိုတာကိုတော့ အသိပေးလို့မဖြစ်။အလုပ်တောင်မဆင်းရသေးပဲ ချက်ချင်းအလုပ်ထွက်ရလိမ့်မည်။
“ပေး ခင်များ macbook “
ဆိုဖာပေါ်မှာထိုင်ပြီး macbook ကို ကလိနေတဲ့သူက အခုထိ မတ်တပ်ရပ်နေတဲ့ လရောင်ကို သူ့ဘေးနေရာကို လက်ညှိုးညွှန်ပြီး ထိုင်ခိုင်းသည်။fit ရှပ်ဝတ်ထားတဲ့သူက ရင်အုပ်ကြွက်သားတွေ ထင်းရင်းနေသည်။ keyboard ပေါ်မှာ ပြေးလွှားနေတဲ့ လက်ချောင်းတွေက တုတ်ခိုင်ပြီး ရှည်လျားသည်။လက်မောင်းအဖုအထစ်ကြီးတွေက အရိုးသာသာပဲရှိတဲ့ လရောင်ကို အားငယ်စေသည်။အံ့ကျူးက လရောင်နဲ့စာရင် လူထွားကြီးဖြစ်နေသည်။
“E-mail password ကဘာလဲ”
“ဟင်”
“နားလေးနေတာလား”
Passwordက အံ့ကျူးမွေးနေ့ကို ထားတာမို့ ရုတ်တရက်မေးလိုက်တော့ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။သူနဲ့ကိုယ် အခြေအနေက တစ်ယောက်သဘောကို တစ်ယောက်သိရုံပဲရှိသေးတာမို့ ကိုယ့်ဘက်က တအားဖြစ်ပြနေတာမျိုး ထင်သွားမှာစိုးသည်။အရမ်းချစ်ပြရင် ရောင့်တက်မှာလည်း စိုးတာကြောင့်ဖြစ်သည်။အထူးသဖြင့် အံ့ကျူးမျိုးနွယ်က အထင်သေးအမြင်သေးဆက်ဆံလာမှာကို အကြောက်ဆုံးဖြစ်သည်။
“ငါ …ငါ ရိုက်လိုက်လို့ရလား”
Macbook ကို လက်ကမ်းလိုက်ပြီး တုန်တုန်ရီရီဆိုတော့ မျက်လုံးလှန်ကြည့်ကာ လက်ကိုပုတ်ချသည်။
“လုပ်ချင်ရင် ခင်များdata တွေ အကုန် hack လို့ရတယ် နားလည်လား အံ့ကျူးမျိုးနွယ်မတတ်တာ ဘာတစ်ခုမှ မရှိဘူး”
“….”
“ပြောမှာလား ကျုပ် hack ရမှာလား”
“9october”
“စောက်ပေါပဲ ခင်များ ဟင်!”
သိပ်ပြီး မခက်ခဲလှတဲ့ password ကိုရယ်ချင်သွားပေမယ့် typing လုပ်နေရင်းမှ သတိထားမိသွားသည်။အောက်တိုဘာ 9ရက်က အံ့ကျူးရဲ့ မွေးနေ့ဖြစ်သည်။လရောင်က အံ့ကျူးမွေးနေ့ကို passwordထားတာတဲ့လား။အဲတာကြောင့် တုန်တုန်ရီရီလုပ်နေတာဖြစ်မည်။ဘယ်ဘက်ရင်အုံတစ်ခုလုံး တဒုန်းဒုန်းမြည်သွားရသလို keyboardပေါ် ပြေးလွှားနေတဲ့ လက်ချောင်းတွေကလည်း တုန်တုန်ရီရီဖြစ်ပြီး နှေးကွေးသွားသည်။
တစ်စုံတစ်ယောက်ရဲ့ အလေးထားမှုကို ခံရတော့ အံ့ကျူးရင်ထဲ ကပြောင်းကပြန်တွေ ဖြစ်နေရသည်။အဲဒီလူက လရောင်သသဖြစ်နေတာ တစ်ခုတည်းနှင့်တင် အံ့ကျူးအတွက် တစ်သက်စာပျော်ဝင်ဖို့ လုံလောက်နေသည်။ဘေးကလူကို ကြည့်လိုက်တော့ ပါးပြင်နှစ်ခုလုံးနီရဲနေပြီး ဆံညှပ်အနီရောင်လေးတွေရဲ့ အောက်နားဆီက နားရွက်ဖျားလေးတွေကတောင် ရဲပတောင်းခတ်နေသည်။လရောင်သသလည်း ရှက်နေတာဖြစ်သည်။
“Reportတင်ရမယ် နည်းနည်းတော့ကြာမယ် ခင်များအိပ်ချင် ဟိုမှာ ခဏသွားအိပ်လို့ရတယ် report ပြီးရင် ကျုပ်နှိုးမယ်”
“ရတယ် ငါစောင့်နေပါ့မယ်”
“သဘော”
သူအနေရခက်မှာစိုးလို့လည်း ပြောရသေးသည်။လရောင်သသက တုံးမိပြီဆိုရင်လည်း နှစ်ယောက်မရှိ။လူကို ဂယောင်ချောက်ချားဖြစ်အောင် လုပ်တဲ့နေရာမှာတော့ ဆရာတစ်ဆူဖြစ်သည်။ဒီနေ့ ဟိုကောင်နဲ့အတူ တွေ့လိုက်ရလို့ စိတ်ထဲထောင်းခနဲဖြစ်သွားပေမယ့် အိမ်အပြန်လမ်းတစ်လျှောက်လုံး ခါးကို တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့ လက်တစ်စုံကြောင့် စိတ်ကိုအတော်လျှော့ချထားလိုက်ရသည်။
လရောင်သသက သူ့အပိုင်ဆိုတာသိပေမယ့် ဒီထက်ပိုပြီး ပိုင်ဆိုင်နိုင်ဖို့ သူကြိုးစားရအုန်းမည်။လရောင်သသက သိပ်ကိုမက်မောစရာကောင်းလောက်တဲ့ အံ့ကျူးရဲ့တစ်ခုတည်းသော အသက်သွေးကြောလေးဖြစ်သည်။
“ပြီးပြီ”
လရောင်သသကို လှည့််မကြည့်ပဲ Macbookကို သူ့ရှေ့တိုးပေးလိုက်သည်။ချက်ချင်းမယူတာမို့ ကြည့်လိုက်တော့ ဆိုဖာလက်ရန်းပေါ် ခေါင်းမီပြီး ကွေးကွေးလေးအိပ်နေသူကို တွေ့လိုက်ရသည်။
“လရောင်သသ လရောင်သသ”
လက်မောင်းကို အသာလှုပ်ကိုင်ပြီး နှိုးကြည့်ပေမယ့် လှုပ်တောင်မလှုပ်သူကြောင့် အံ့ကျူးပြုံးလိုက်သည်။လရောင်သသက အိပ်ရေးမက်လိုက်တာ။
ဆိုဖာပေါ်ကနေဆင်းပြီး အိပ်နေသူရဲ့ မျက်နှာရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ဆိုဖာလက်ရန်းပေါ် လက်တင်ပြီး လက်မောင်းပေါ် ပါးတစ်ဖက်ဖိကာ အိပ်နေသူကြောင့် အံ့ကျူးမချင့်မရဲဖြစ်ရသည်။လူကသာ ပိန်ကပ်ကပ်နဲ့နေတာ ပါးတွေကတော့ တော်တော်ဖောင်းသည်။အခုလည်း ပါးတစ်ဖက်ကို ဖိအိပ်ထားတော့ ဖောင်းထွက်နေကာ နှုတ်ခမ်းရဲရဲလေးကလည်း စူထွက်နေသည်။အံ့ကျူးနှစ်နှစ်ခြိုက်ခြိုက်ပင် ပြုံးလိုက်သည်။
ကျောအောက်ကနေ လက်လျှိုပြီး လက်တစ်ဖက်က ဒူးခေါက်ကွေးကနေ ထိန်းပွေ့ကာ  အိပ်ရာပေါ် အသာတင်ပေးလိုက်တော့ မျက်နှာလေးတစ်ချက်မဲ့ပြီး ပြန်အိပ်သွားသည်။ဒီလို အအိပ်မက်ပုံနဲ့တော့ ကိုယ့်ကိုကိုယ် ထိန်းနိုင်ပြီဆိုတာ ဟုတ်ရောဟုတ်သတဲ့လား။ဒီလူက အံ့ကျူးထက် အသက်ကလွဲပြီး အကုန်သေးကျန်နေခဲ့သည့် လူဖြစ်သည်။ခန္ဓာကိုယ်ရော စဥ်းစားနိုင်စွမ်းရော။
ညမီးရောင်အောက်မှာ မြင်နေရတဲ့ မျက်ခုံးစိမ်းဖန့်ဖန့်က လေးကိုင်းသဏ္ဍာန်ဖြစ်နေပြီး မျက်ခွံပေါ်က သွေးကြောမျှင်မျှင်လေးတွေ ယှက်ဖြာနေပုံက အစ လှသည်။ယောကျ်ားလေးတစ်ယောက်နဲ့ မလိုက်ဖက်စွာပင် လရောင်သသက လှရက်လွန်းသည်။ပါးမို့မို့ဆီအကြည့်ရောက်တော့ ဖိနမ်းပစ်ချင်စိတ်က ထိန်းမရ။စိတ်ကူးနဲ့ ထပ်တူပင် အံ့ကျူးမျိုးနွယ်ရဲ့ နှာတံချွန်ချွန်က လရောင်သသပါးထဲနစ်ဝင်နေပြီဖြစ်သည်။
ပါးနှစ်ဖက်ကို တစ်လှည့်စီ မွှေးကြူပြီး နဖူးပြင်နဲ့ မျက်နှာအနှံ့ လိုက်လံနမ်းရှုံ့နေမိသည်။နှုတ်ခမ်းရဲရဲကို ထိဖို့ ကြိုးစားလိုက်တော့ လှိုက်တက်လာတဲ့ ကိုယ်တွင်းအပူချိန်က အံ့ကျူးရဲ့ တစ်စုံတစ်ရာကို တောက်လောင်စေသည်။ဒီလောက် နမ်းနေတာတောင် နိုးမလာတဲ့လူက တစ်ခုခုလုပ်သွားရင် သိလိုက်မှာမဟုတ်။သိမ်မွေ့ချင်ယောင်ဆောင်နေတဲ့သူက တကယ်တမ်းကြ ကလေးပေါက်စလေးတွေလိုပဲ အအိပ်ပက်စက်လွန်းသည်။
“ဟူး….”
မျက်နှာပေါ်အုပ်မိုးထားရာကနေ ဖယ်ပြီး လရောင်သသနဲ့ ဝေးနိုင်သမျှဝေးအောင် အခန်းထောင့်ထိ ပြေးသွားမိသည်။လရောင်သသကို အပိုင်သိမ်းချင်ပေမယ့် ဒီလောက်အထိ တောင့်တမိလိမ့်မည်ဟု မထင်ထား။သူ့ရဲ့ အရွယ်ရောက်မှုက သိတတ်စွာပင် လရောင်သသအပေါ်  တောင့်တမိသည်။လရောင်နဲ့ တစ်ခန်းတည်းရှိနေတဲ့ စိတ်ကပင် အံ့ကျူးရဲ့ တောက်လောင်မှုကို ဆိုးရွားလွန်းစေသည်။
မတတ်သာသည့်အဆုံး အခန်းထောင့်က ဆက်တီပေါ်မှာ ထိုင်ပြီး အိပ်နေသူကိုကြည့်ကာ တစ်ဟုန်ထိုးထကြွနေသည့် အံ့ကျူးရဲ့ အစိတ်အပိုင်းကို ချော့မြှူနေရသည်။မြှူဆွယ်တာ သိပ်ကို များနေပြီ လရောင်သသ…။
“အားရှီး …. လရောင်သသ အားဟား”
လရောင်သသ နာမည်ကို ညည်းညူပြီး လက်ကိုတရစပ်အလုပ်ပေးရသည်။နှုတ်ခမ်းရဲရဲတစ်စုံနဲ့ ပါးပြင်ပေါ်က သွေးကြောစိမ်းစိမ်းလေးတွေကို တွေးမိတော့ ပြီးမြောက်မှုတွေက အဆုံးအစွန်မှာ။အချိန်ကြာကြာအလုပ်ပေးတော့မှ လူဆိုးကောင်က မာန်ကျကာ ဖြူညစ်ညစ်အရည်တွေ ပန်းထွက်လာသည်။
လရောင်သသကို မှန်းပြီး ပြီးမြောက်ရတာက အကြိမ်ကြိမ်ဆိုပေမယ့် ဒီတစ်ခါ ပြီးမြောက်ခြင်းကတော့ တော်တော်ခံရခက်သည်။မြင်သာမြင် မကြင်ရတဲ့အဖြစ်။အိပ်ရာပေါ်မှာ အိပ်နေတဲ့သူကတော့ အံ့ကျူးရဲ့ပူလောင်မှုတွေကို ဘာတစ်ခုမှ သိလိမ့်မည်မဟုတ်။ဖြစ်နိုင်ရင် ကျုပ်အောက်ကို မြန်မြန်သွင်းချင်လှပြီ ခင်များရေ။
••••••
“ကျွတ် ကျွတ် “
ပြတင်းပေါက်က ထိုးလာတဲ့ နေရောင်ကြောင့်  လရောင်နိုးလာသည်။အိပ်ရာကလည်း ခါတိုင်းထက်ပိုကျယ်နေသလို ခံစားနေရသည်။
“ဟင်”
အခန်းထဲ ဝေ့ဝိုက်ကြည့်လိုက်တော့မှ အံ့ကျူးအခန်းထဲ ရောက်နေမှန်းသိလိုက်ရသည်။ဒါဆို သူက အံ့ကျူးအိပ်ရာပေါ်မှာ အိပ်ခဲ့တာပေါ့ ဒါဖြင့် အံ့ကျူးကရော။
“နိုးရင်လည်း ခင်များအခန်း ပြန်တော့ ကျုပ်အခုထိ ကောင်းကောင်းမအိပ်ရသေးဘူး”
bathrobe တစ်ထည်တည်းနဲ့ ထွက်လာတဲ့သူက မနက်ခင်းမှာတောင် ကြည့်ကောင်းနေသည်။ဆံပင်တွေ စိုနေပုံကို ထောက်ရင် ရေချိုးခန်းထဲက ထွက်လာတာထင်သည်။မအိပ်ရသေး ဆို၍ အားနာစိတ်က အလုံးအရင်းဝင်လာသည်။
“ဟင်”
“ဟင် မနေနဲ့ ခင်များကျေးဇူးနဲ့ ဆိုဖာပေါ်မှာ ကျဥ်းကျဥ်းကျပ်ကျပ်အိပ်လိုက်ရတယ်”
“ဆောရီး  အံ့ကျူး ငါ အိပ်ပျော်သွားတာ”
“ဆင်သေတဲ့အတိုင်းပဲ”
“ဘာ!!”
“အဟက် ခင်များကို တစ်ယောက်ယောက် မုဒိန်းကျင့်သွားရင်တောင် သိမှာမဟုတ်ဘူး”
“အံ့ကျူးမျိုးနွယ်”
လရောင်ကို ပစ်ပစ်နှစ်နှစ်ပြောပြီး ရေချိုးခန်းထဲ ဝင်သွားသူကို ဆောင့်ဆောင့်အောင့်အောင့် အော်ပစ်လိုက်သည်။စားပွဲပေါ်တင်ထားတဲ့ macbook ကို ယူပြီး အခန်းထဲက ထွက်တော့ နောက်ကရယ်သံသောသောကို ကြားလိုက်ရသည်။ဒီလို မနက်ခင်းမျိုး နိုးထရတာ သိပ်ကြည်နူးစရာကောင်းတာပဲ။
SophiaMoon783 (30.9.2022)
_______________________________________
အဖျားရှိနေလို့ တော်တော်တိုသွားပါတယ်။
Zawgyi
“You’re my angel. Angel baby, angel
You’re my angel, baby Baby you’re my angel Angel baby”
ဒေါက် ဒေါက်!
“ပြော”
“အံ့ကျူးမျိုးနွယ်”
“အံ့ကျူး ငါပါ”
“ပြော”
ဂလု!
“ဘာဖြစ်လို့လဲ”
“porn website တွေလား”
“တော်ပြီ ပြန်တော့မယ်”
“အံ့ကျူးမျိုးနွယ်!!”
“ပေး ခင်များ macbook “
“E-mail password ကဘာလဲ”
“ဟင်”
“နားလေးနေတာလား”
“….”
“9october”
“သဘော”
“ပြီးပြီ”
“လရောင်သသ လရောင်သသ”
“ဟူး….”
••••••
“ကျွတ် ကျွတ် “
“ဟင်”
“ဟင်”
“ဆင်သေတဲ့အတိုင်းပဲ”
“ဘာ!!”
“အံ့ကျူးမျိုးနွယ်”
_______________________________________
အဖျားရှိနေလို့ တိုသွားပါတယ်။
Tags: read novel My Possessive Of You 6, novel My Possessive Of You 6, read My Possessive Of You 6 online, My Possessive Of You 6 chapter, My Possessive Of You 6 high quality, My Possessive Of You 6 light novel, ,
Comment
Leave a Reply
Chapter 7