My Possessive Of You 7

All chapters are in My Possessive Of You
A+ A-

Unicode

“အလုပ်က ဒီနေ့စဝင်ရမှာလား မြေး”

“ဟုတ်ကဲ့ ဖိုး”

မနက်စာဝိုင်းတွင် ဖိုးက မေးခြင်းဖြစ်သည်။မိုးပြာရောင်အင်္ကျီနဲ့ အဖြူရောင် pantကို တွဲဝတ်ထားသည့် လရောင်သသကို ပေါင်မုန့်ဝါးနေရင်းကနေ အံ့ကျူးတစ်ချက််သာမော့ကြည့်လိုက်သည်။နက်မှောင်နေတဲ့ ဆံပင်တွေကို ကျောပြင်ပေါ်မှာ ဖြန့်ချထားပြီး နားသယ်စပ်တွေကိုတော့ ဆံညှပ်အသေးလေးတွေနဲ့ လှန်သိမ်းထားသည်။နဂိုဖြူဝင်းနေတဲ့ မျက်နှာက မိတ်ကပ်ပါးပါးလူးထားတာထင်သည့်အပြင် နှုတ်ခမ်းပါးပါးကိုပါ အရောင်နုနုတင်ထားသေးတာကြောင့် ရွှန်းရွှန်းစိုစိုနဲ့ လှသွေးကြွလွန်းနေသည်။

“တော်ပြီလား မြေးငယ်၊ဘယ်လောက်မှလည်း မစားပါ့လား”

“တော်ပြီ ဖိုး လည်နင်လို့”

“ဟင်”

အံ့ကျူးမျိုးနွယ်စကားကြောင့် လရောင်စိတ်ထဲ ကသိကအောင့်ဖြစ်သွားရသည်။လရောင်ဝင်လာခါစတုန်းကတောင် ပေါင်မုန့်ကို အတင်းထိုးသိပ်နေတဲ့သူက လရောင်ဘေးမှာ ဝင်ထိုင်ကာမှ လည်နင်လို့ဆိုတော့ လရောင်ကို တမင်ရွဲ့ပြောခြင်းပဲဖြစ်မည်။

“အလုပ်က ဘာလဲ”

“ဟင်”

နေရာကနေ ထပြီးတာတောင် ချက်ချင်းမသွားပဲ လရောင်ကို မေးဆတ်ပြီး အကြည့်စူးစူးတွေနဲ့ မေးသည်။မျက်ခုံးတွေ တွန့်ချိုးထားတာကတော့ သူ့ရဲ့ စတိုင်လိုပင် ဖြစ်နေတော့သည်။ဘာသဘောနဲ့ မေးတာလဲ မသိပေမယ့် လရောင် တုန်တုန်ရီရီဖြစ်ရသည်။သူအခုအလုပ်ဝင်မယ့်နေရာက အံ့ကျူးမျိုးနွယ်ခါခါသီးသီးမုန်းနေသည့် ရာဇာ့ကြောင့်ဖြစ်သည်။

“ခင်များအလုပ်က ဘာလဲ ရုပ်ရှင်ရိုက်ဖို့တော့မဟုတ်လောက်ပါဘူးနော်”

“ဟင် “

“တဟင်ဟင်နဲ့ နားလေးနေတာလား”

“မြေးငယ် လရောင်လေးကို ဘယ်လိုတွေပြောနေတာလဲ”

အံ့ကျူးရဲ့ တစ်ဖက်သက် ဘုတောတောစကားတွေကို ဖိုးကပါ ဝင်ပြောလာသည်။အဲဒီအံ့ကျူးက လူကိုမြင်ရင် တစ်ခုမဟုတ်တစ်ခု အပြစ်ရှာသည်။ချစ်လွန်းလို့သာ သည်းခံနေရတာ အံ့ကျူးက ဘယ်တော့မှ အချိုးပြောင်းလာမယ့်သူမဟုတ်။

“သူ့ပုံလည်း ကြည့်အုန်းလေ ဖိုး ပြင်ဆင်ထားတာ မင်းသမီးရှုံးတယ် မသိရင် ကြင်ဖက်သွားတွေ့မယ့်အတိုင်းပဲ”

အံ့ကျူးစကားကြောင့် အောက်နှုတ်ခမ်းကို အသာဖိကိုက်ပြီး မျက်လွှာချထားလိုက်သည်။သူနဲ့တုပပြီး ဘာမှပြန်မပြောချင်ပါ။

“ဒါက သူ့ဝါသနာလေ မြေးရဲ့ ကိုယ့်ထက်အကြီးကို အဲ့လိုမပြောရဘူး ပြီးတော့ လရောင်လေးက ဟော့ဟော့ရမ်းရမ်းနေတာလဲ မဟုတ်ပဲနဲ့”

“ကျစ်…ဖိုး ကြပ်ကြပ်သာ အလိုလိုက် “

“အင့်”

ရှိုက်သံကြားလို့ ကြည့်လိုက်တော့ လရောင်သသက တအင့်အင့်နဲ့ ငိုနေပြီ။မုန်းစရာကောင်းသည် သူ့ကို လက်ဖျားနဲ့တောင် မထိရသေးပါပဲ တစ်ခုခုဆို ငိုဖို့ပဲတတ်တဲ့လူကို အံ့ကျူးဆွဲရမ်းပစ်ချင်သည်။ဖိုးကတော့ အံ့ကျူးကို မနိုင်တော့သလို ကြည့်ပြီး နေရာကနေ ထသွားသည်။

“ငိုလို့ဝပြီလား ဟမ် ထပ်ငိုချင်သေးလား”

ဖိုးထသွားပြီးကတည်းက တအင့်အင့်နဲ့ ငိုနေတဲ့သူက အံ့ကျူးကြည့်နေတဲ့ အချိန်အတော်ကြာသည် အထိ အငိုမတိတ်သေး။အံ့ကျူးသူ့ကို ပြောတဲ့အထဲမှာ ဘာမှငိုစရာလည်း မပါပဲနဲ့ ဖိုးရှေ့မှာ အံ့ကျူးကို လူဆိုးဖြစ်အောင်လုပ်နေတဲ့ လရောင်သသကို နာနာသာ ရိုက်ပစ်ချင်သည်။

“အင့်”

ပုခုံးကနေ လှုပ်ကိုင်ပြီး ခပ်တင်းတင်းကြည့်ကာ မေးလိုက်တော့မှ အကျယ်ကြီးရှိုက်ပြီး မျက်ရည်စတွေ သုတ်နေတော့သည်။

“ငါက ဒီအတိုင်းပဲ နေတတ်တာကို အင့် မင်းက ဆူတယ် အင့်”

“ကျစ်…တော်ပြီ တော်ပြီ ကျုပ်အပြင်သွားစရာရှိတယ် ခင်များကို တစ်ခါတည်းလိုက်ပို့ပေးမယ်”

အံ့ကျူးပါးစပ်က ဘာပြောပြော ဆူတယ်ပဲထင်သည့်သူကို ဘာမှဆက်မပြောချင်တော့တာကြောင့် စကားကို အဆုံးသတ်လိုက်သည်။

“ဟမ်”

အံ့ကျူးအပြောကြောင့် လရောင်လန့်သွားသည်။ရာဇာက ဌာနရှေ့ကနေ စောင့်နေမည်ဖြစ်ကြောင်း မက်ဆေ့ပို့ထားသောကြောင့် ဖြစ်သည်။မည်သို့ပင် အံ့ကျူးက မကြိုက်သည်ဖြစ်စေ လရောင်အတွက်တော့ ရာဇာ့ကို သက်သက်မဲ့ ရှောင်ဖယ်နေဖို့ မဖြစ်နိုင်ပေ။သူက ကိုယ့်အပေါ် တစ်ခါဖွင့်ပြောထားဖူသည်က လွဲရင် အရိုးသားဆုံးရှိနေပေးခဲ့သည်လေ။

“ခင်များကို ဆေးခန်းပို့ရတော့မယ်ထင်တယ် တဟင်ဟင် တဟမ်ဟမ်နဲ့”

“မ…. မဟုတ်ပါဘူး”

“ကျုပ်အပြင်က စောင့်နေမယ် ပြီးတော့ တစ်ခါတည်းပြောလိုက်မယ် ဆံပင်မစီးပဲနဲ့ ထွက်လာဖို့ မစဥ်းစားနဲ့”

“ဟင်”

“ခင်များ!!”

“အင်း အင်း”

လရောင် အလန့်တကြား ပြန်ဖြေလိုက်ရသည်။တော်ကြာ ‘နားလေးနေတာလား’လို့ ထပ်ပြောခံနေရအုန်းမည်။အံ့ကျူးမျိုးနွယ် အိမ်ရှေ့ထွက်သွားတော့မှ လရောင်ဖုန်းထုတ်ကာ ရာဇာ့ဆီကို စောင့်မနေဖို့ စာပြန်ထားလိုက်ရသည်။ရာဇာ့ဆီက sad emojiနဲ့ ‘အင်း’ဟူသည့် ပြန်စာရသည့်အခါမှ စိတ်ကိုဒုန်းဒုန်းချပြီး အခန်းထဲပြေးရပြန်သည်။ဟိုနေ့က သူပေးထားတဲ့ ခေါင်းစီးကြိုးနဲ့ပဲ ဆံပင်တွေကို စုချည်လိုက်သည်။အနက်ရောင်ခေါင်းစီးကြိုးမို့ ဆံပင်အနက်ရောင်ပေါ်မှာ ထင်ထင်ရှားရှားရှိမနေတာကြောင့် ဖဲပွင့်ပုံသဏ္ဍာန် ချည်လိုက်သည်။အံ့ကျူးဆီက ရတဲ့ပစ္စည်းမို့ သူ့ဦးခေါင်းအထက်မှာရှိနေသည့် ခပ်သေးသေးခေါင်းစီးကြိုးကတောင် တန်ဖိုးရှိလှပါသည်။

ငိုထားလို့ အနည်းငယ်ရဲချင်သွားတဲ့ မျက်ခမ်းစပ်နားကို ပေါင်ဒါဖိပြီး ကိုယ့်ကိုကိုယ်စိတ်ကျေနပ်အောင် တစ်ချက်ကြည့်လိုက်သေးသည်။မိန်းကလေးတွေရဲ့ ပုံစံကို ဖန်တီးယူနေတာမဟုတ်ပေမယ့် အလှပြင်ပြီး ဆံပင်အရှည်ထားရတာကိုတော့ ကြိုက်သည်။အရင်က အံ့ကျူးကို လန့်နေရသေးပေမယ့် သူကပါ ဆံပင်ရှည်တွေကို လက်ခံနိုင်ပြီမို့ လရောင်စိတ်သက်သာရာရ,ရသည်။ချစ်ရသူနဲ့ ဘယ်အရာကိုမှ ကတောက်ကဆမဖြစ်ချင်တာကြောင့်ဖြစ်သည်။

“ဒီနားကို လာအုန်း”

ဆံပင်ရှည်ကို မြှောက်စီးထားပြီး tote bag လွယ်ထားကာ လျှောက်လာသော အရိပ်ကလေးကို ကြည့်ရင်း အံ့ကျူးပြုံးလိုက်မိသေးသည်။လရောင်သသက အဲ့လိုစကားနားထောင်ရင် ချစ်စရာကောင်းလွန်းတာထက်ပိုသည်။အူတူတူနေတတ်တာကလွဲရင် လရောင်သသက ဥာဏ်ကောင်းသည်။လူတိုင်းကို စာနာပေးနေတာကတော့ သူ့ရဲ့အားနည်းချက်ပင်။

Helmet ကို သေချာဆောင်းပေးလိုက်ပြီး မေးသိုင်းကြိုးကအစ အံ့ကျူးကိုယ်တိုင် တပ်ပေးလိုက်သည်။အနီးကပ်ကြည့်တော့ လရောင်သသ အသားအရေက နူးညံ့လွန်းနေသည်။နှုတ်ခမ်းပါးရဲရဲလေးတွေက ကြည့်ရုံနဲ့တင် အိစက်နေမှန်း သိသာသည်။ပါးဖောင်းဖောင်းလေးတွေထဲ အံ့ကျူးနှာတံချွန်ချွန်တစ်ဆုံး နစ်ဝင်သွားအောင် နမ်းရှိုက်ပစ်ချင်သည်။မျက်နှာမှာ လူးထားတဲ့ နို့ရည်နံ့သင်းသင်းက အံ့ကျူးနှာဝကို ကလူကျီစယ်သည်။

“သွား သွားရအောင်”

“ဟင်”

Helmet ဆောင်းပေးရင်းကနေ ကျူးလွန်နေတဲ့ မနောစိတ်ကြောင့် လရောင်သသကို ငေးမောနေမိချိန်က အတိုင်းအတာတစ်ခုထိ ကြာသွားတာထင်သည်။ထစ်ထစ်ငေါ့ငေါ့ထွက်လာတဲ့ အသံလေးကို ကြားကာမှ သတိဝင်လာတော့ လရောင်သသ မျက်လုံးအဝိုင်းသားလေးတွေနဲ့ အကြည့်ချင်းဆုံသွားသည်။

“အင်း ခင်များပါးတွေကို ဘယ်သူမှအထိမခံနဲ့”

“….”

“ကြားရဲ့လား”

“အ့ နာတယ်….အမေ့”

ဘယ်သူမှ မထိစေနဲ့ဆိုပြီး လရောင်ပါးကို လိမ်ဆွဲသွားတဲ့ လူကိုတော့  ကြာကြာစိတ်မတိုလိုက်ရပါ။စွေ့ခနဲ ဆိုင်ကယ်ပေါ် ကောက်တင်ခံလိုက်ရသောကြောင့်ဖြစ်သည်။

“မင်း ငါ့ကိုလိုက်ပို့ဖို့ အားရောအားရဲ့လား”

လရောင်ကို ဆိုင်ကယ်ပေါ်တင်ထားတာကြောင့် လရောင်မျက်နှာနဲ့ တစ်ညီတည်းဖြစ်သွားသည့် သူ့မျက်နှာကို သေချာကြည့်ပြီး မေးလိုက်မိသည်။

“မင်းကိုလိုက်ပို့ဖို့ကလွဲရင် အဲ့ကောင်က ဘာအလုပ်အကိုင်ရှိနေသေးလို့လဲ ဟမ့်”

“ဖေဖေ”

လရောင်ရဲ့စကားကို တုံ့ပြန်ဖို့ ပြင်နေတုန်းမှာပဲ နောက်ကနေ ဩဇာအပြည့်နဲ့ ဖေဖေ့အသံက ဟိန်းထွက်လာသည်။Suit အနက်ရောင်နဲ့ ဖေဖေက laptop အိတ်ကို ဆွဲပြီး ကားဆီကို တစ်လှမ်းချင်းလျှောက်လာသည်။လရောင်သသကို ဦးတည်လိုက်တဲ့ ဖေဖေ့စကားကြောင့် ဆိုင်ကယ်ပေါ်မှာ ခွလျက်သားလေးဖြစ်နေသူကတော့ မျက်ရည်စတွေတောင် စို့လာသည်။

“ဖေဖေ”

“အင့်”

ဖေဖေ့စကားကို ချေပဖို့လုပ်တော့  လရောင်သသက အံ့ကျူး အင်္ကျီအောက်နားစကို အသာကိုင်ဆွဲလာသည်။မျက်ရည်ကျဖို့ ရှိုက်သံတွေနဲ့အစပျိုးလာတဲ့သူက လက်ချောင်းလေးတွေတောင် တုန်နေသည်။

“အနာရှိတော့ စပ်သလားကွ အံ့ကျူးရ
တစ်နေ့တစ်နေ့ သောက်လိုက်စားလိုက် အဲ့ကောင်လေးနောက် တကောက်ကောက်လိုက် လုပ်နေပြီးမှ ကိုယ့်ကိုကိုယ်တော့ ဘာအရည်အချင်းမှ မရှိ”

ဖေဖေက သူ့ကားထဲ ချက်ချင်းမဝင်သေးပဲ အံ့ကျူးကို တည့်တည့်ကြည့်ပြီး ပြောသည်။ဖေဖေ့မျက်လုံးတွေထဲမှာ အံ့ကျူးကို အထင်သေးတဲ့ အကြည့်တွေ လရောင်ကို စိတ်ရှုပ်စရာတစ်ခုလို ကြည့်နေတဲ့အကြည့်တွေကို တွေ့နေရသည်။ဖေဖေက အေးဆေးနေတတ်သလိုရှိပေမယ့် အမြင်မကြည်တာတွေ ပြောချင်တာဖြစ်ချင်တာတွေကို ရင်ထဲ သိမ်းထားကာ ပြောချင်တဲ့အချိန်မှ ထပြောတတ်သည့် ခပ်ဆိုးဆိုးသဘောထားရှိသည်။

“ကျုပ်ကို ပြောချင်တာမလား ဖေဖေ နောက်မှ အေးဆေးပြောရအောင်လေ ဒီတစ်ယောက် အလုပ်ချိန်မမီပဲနေလိမ့်မယ်”

“အံ့ကျူး….”

သွေးအေးအေးနဲ့ ဖခင်ကို မထီသလိုပြောလိုက်သူကြောင့် လရောင် အသံတိုးတိုးနဲ့ ကြိတ်ခေါ်ပြီး ခါးကိုအသာတို့လိုက်သည်။သို့သော် အသုံးမဝင်ပါ။လရောင်လက်တွေကို ပုတ်ချပြီး ဆိုင်ကယ်ကို တက်ခွကာ အရှိန်မြင့်မြင့်နဲ့ မောင်းသူကြောင့် အလန့်တကြားပင် ခါးကို ဖက်ထားလိုက်ရသည်။

တစ်လမ်းလုံး မြန်နှုန်းမြင့် မောင်းနေသူကြောင့် ကျစ်နေအောင် ဖက်ပြီး ကျောပြင်ကျယ်ကို ရင်အပ်ထားရုံမှအပ ဘာမှ မတတ်နိုင်။နောက်ကနေ မေးရိုးထင်းထင်းတွေကို မြင်နေပုံအရ အံ့ကျူးမျိုးနွယ်က အံတင်းတင်းကြိတ်ထားပုံပေါ်သည်။

••••

“ဟင်”

လေနဲ့အတူ ရေလို့ထင်ရတဲ့အစက်ကလေးတွေ အံ့ကျူးလက်ခုံပေါ်ကို လာစင်မှ နောက်မှာ လူပါလာတာကို သတိထားမိတော့သည်။ခါးကိုတင်းတင်းကျပ်ကျပ် ဖက်ထားတဲ့ လက်သေးသေးလေးနှစ်ဖက်ကို အသာအုပ်ကိုင်ကြည့်တော့ ချွေးစေးလေးတွေတောင် ထွက်နေပြီ။

အိမ်ကနေ ထွက်လာတာ ဆယ်မိနစ်တောင် မပြည့်သေးပေမယ့် သိပ်မကြာခင် လရောင်သသ အလုပ်လုပ်ရမည့် သတင်းဌာနရှေ့ရောက်တော့မည်ဖြစ်သည်။ဖေဖေရဲ့ စကားတွေကို ဒေါသထွက်စိတ်ပျက်လွန်းတာကြောင့် စိတ်ရှိတိုင်း မောင်းထွက်လာမိခြင်းပင်။ဆိုင်ကယ်ကို အရှိန်လျှော့လိုက်တော့ စက်အရှိန်ကြောင့်တဝူးဝူးတိုက်နေတဲ့ လေက အနည်းငယ်ညင်သာသွားသည်နှင့် နောက်ကလူဆီက တအင့်အင့်နဲ့ အသံကြားရသည်။ကြောက်တာနဲ့ပဲ ငိုနေပြန်ပြီထင်သည်။

“ကျွီ!”

လမ်းဘေးအပင်ရိပ်တစ်နေရာကို ရပ်လိုက်ပြီး ဆိုင်ကယ်ပေါ်မှ ဆင်းကာ နောက်ကလူကိုပါ ခါးကနေပွေ့ကာ အသာချလိုက်တော့ အံ့ကျူးရင်ခွင်ထဲ အတင်းတိုးဝင်ပြီး တအင့်အင့်နဲ့ ရှိုက်ငိုနေတော့သည်။

“ဘာအတွက် ငိုနေပြန်ပြီလဲ ဖေဖေက ခင်များကို ဆူတာမဟုတ်ဘူး ကျုပ်ကိုပဲ ဆူတာ”

“ဟင့်အင်း မဟုတ်ဘူး ဖေဖေက… အင့် ဖေက ငါ့ကို မချစ်ဘူး”

တစ်အိမ်သားလုံးနဲ့ ချစ်ချစ်ခင်ခင်ရှိပေမယ့် လရောင်သသ အံ့ကျူးမျိုးနွယ်တို့ အိမ်ကြီးကို ရောက်လာတဲ့ နှစ်ပေါင်း နှစ်ဆယ်နီးပါးအတွင်းမှာ ဖေဖေနဲ့ တစ်ခါမှ ရင်းရင်းနှီးနှီးစကားမပြောဖူးပေ။ဖေဖေက သူ့ဘာသာသူ နေတတ်သလို ရှိပေမယ့် လရောင် အံ့ကျူးနဲ့အတူရှိနေတဲ့ အချိန်တွေဆိုရင် ဖေဖေ့အကြည့်တွေက စူးရှလွန်းသည်။အံ့ကျူးက လရောင်အပြောကို စိတ်ရှုပ်သလို ခေါင်းကုတ်ပြီး…

“ဖေဖေက ခင်များကိုမှ မဟုတ်ဘူး။ဘယ်သူ့ကိုမှ မချစ်တာ သူ့ကိုယ်သူပဲ ချစ်တတ်တဲ့လူကြီး”

“အင့် မင်းကို ဖေက ချစ်ပါတယ် မင်းကောင်းစားစေချင်လို့ ပြောတာ ဖေ့ကို အပြစ်မမြင်နဲ့”

“မကောင်းစားချင်ဘူး ကျုပ်က ခင်များနားပဲ နေချင်တာ”

“….”

လွှတ်ခနဲဆိုပေမယ့် လရောင်မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး ပြောသည့် အံ့ကျူးစကားတွေက လေးနက်သည်ဟု ခံစားနေရသည်။လရောင် အိမ်ကြီးကိုရောက်ခါစက လရောင့်ပုခုံးအထက်နားလောက်သာရှိသည့် ကြောင်ရုပ်ဆိုးလေးနဲ့တူတဲ့ ကောင်လေးက အခုတော့ လရောင်ရှေ့မှာ ရပ်နေပြီး မော့ကြည့်နေရသည်။မျက်ခုံးတန်းထူထူက အမြဲတမ်းစုကျုံ့နေတတ်ပြီး ရယ်လိုက်ကာမှ ပေါ်လာတတ်သည့် သွားစွယ်ချွန်ချွန်လေးကလည်း မမြင်ရတာအတော်ကြာပြီဖြစ်သည်။အခုနှစ်တွေထဲမှာ ဒီကလေးက အပြုံးအရယ်နည်းလာသည်။ရင့်ကျက်နေပြီလို့ ထင်ရပေမယ့် ‘ခင်များက….ကျုပ်အပိုင်နော်’ဆိုတဲ့ စကားကိုတော့ နေ့တိုင်းပြောတတ်သေးသည်။

လရောင်ကို စိုက်ကြည့်နေရာကနေ တဖြည်းဖြည်း ငုံ့မိုးလာသူကြောင့် ဆတ်ခနဲ ကိုယ်လေးတောင့်ကာ သတိဝင်လာသည်။လက်က နီညိုရောင်လယ်သာ နာရီကို ကြည့်လိုက်တော့ နာရီလက်တံတိုက နံပါတ်ကိုးကို ညွှန်ပြနေပြီဖြစ်သည်။

“ငါ..နောက်ကျတော့မယ် အံ့ကျူး”

“ကျုပ်သိတယ်”

“ဟင်”

“အဲ့ဌာနက ဟိုကောင့်ဖားသားပိုင်တယ်ဆိုတာလည်း ကျုပ်သိတယ်။ဒီအတိုင်း လွှတ်ထားရတာက ကျုပ်လုပ်စရာတွေ ရှိနေသေးလို့”

လရောင်ကိုယ်လေး ဆတ်ခနဲတုန်သွားပြီး အံ့ကျူးရင်ခွင်ထဲကနေ ရုန်းထွက်လိုက်သည်။

“အံ့….အံ့ကျူး”

“ကျုပ် အချိန်တစ်ခုကိုစောင့်နေတာ လရောင်သသ”

“ဘာ..ဘာကိုလဲဟင်”

အံ့ကျူးမျိုးနွယ်ရဲ့ မျက်ခုံးတန်းတွေက အနည်းငယ်ပြေလျော့သွားသယောင်ရှိပြီး လရောင်ပါးနှစ်ဖက်ကို အသာအုပ်ကိုင်ကာ သူ့မျက်လုံးတွေနဲ့ တည့်တည့်ဆုံစေသည်။

“ကျုပ် ကုမ္ပဏီတစ်ခုထောင်မယ် လိုအပ်တဲ့ငွေကို ဖိုးဆီက ချေးဖို့ ပြင်ဆင်ထားပြီးသား”

“ဒါပေမယ့် လုပ်ငန်းအတွေ့အကြုံ..”

“ပြောပြီးသားပဲ ကျုပ်မတတ်တာ ဘာတစ်ခုမှမရှိဘူးလို့”

“အင်း”

ထိုစကားကိုတော့ လရောင် ခေါင်းတဆတ်ဆတ်ငြိမ့်ပြီးတော့ကို လက်ခံလိုက်ပါသည်။အံ့ကျူးမျိုးနွယ်က နူးညံ့ပြဖို့နဲ့ အချစ်ကို ဝန်ခံဖို့ကလွဲရင် ကျန်တာအကုန်တတ်သည်လေ။

“ဖေဖေ့ပိုင်ဆိုင်မှုကို ကျော်သွားရင် ဖိုးဆီမှာ ခင်များကို လက်ထပ်ခွင့်တောင်းမယ်”

“ငါ…ငါတို့က…”

“ကျုပ် ခင်များကို ချစ်တယ် ခင်များလည်း ကျုပ်ကိုပဲ ချစ်ရမယ် လရောင်သသ၊ ကျုပ်ကို ချစ်ဖို့ အကြောင်းပြချက်တွေ မလိုဘူး ကျုပ်အပိုင်ဖြစ်နေလို့ကို ခင်များကျုပ်ကိုယူရမယ်”

ချစ်ကြောင်းပြောလိုက်တာလား အမိန့်ချမှတ်လိုက်တာလား မသဲကွဲလောက်အောင်ပင် အံ့ကျူးစကားတွေက တုံးတိကြီး ဖြစ်လွန်းကာ သူ့ဆန္ဒတွေကို မဖုံးကွယ်စတမ်းကို ပြောချလာသည်။လရောင်ရင်ထဲ အံ့သြမှုနဲ့အတူ ရင်ခုန်မှုကလည်း တရစပ်။

“အလွန်ဆုံး တစ်နှစ်ပဲမို့ ဒီကြားထဲ ကျုပ်ကိုစောင့်နေပေးမယ်မလား”

“အင်း ငါ မင်းအတွက်ဆို အကြာကြီးစောင့်ပေးနိုင်တယ် ရာဇာထူးဟန်နဲ့ ပတ်သက်ပြီး သံသယတွေမဝင်နဲ့ ငါမင်းကလွဲပြီး ဘယ်သူ့ကိုမှ ချစ်လို့မရဘူး”

“အဟက် ကျုပ်ကလည်း ခင်များနဲ့မှ ရူးတာပဲ”

သူ့စကားနဲ့သူ ရယ်နေတဲ့ ကောင်လေးကို ကြည့်ပြီး လရောင်ပါ လိုက်ပြုံးနေမိသည်။

Ding !!

ရုတ်တရက် ဝင်လာတဲ့ Notiကြောင့် ဖုန်းကို ယူပြီးကြည့်လိုက်တော့ DRH က ဝင်လာသည့် စာဖြစ်နေသည်။ Confirmed your request…. အစချီထားတဲ့ စာက ဖတ်နေရင်းကနေ လရောင်လက်တွေတုန်လာသည်။အကြောင်းမှာမူ တစ်ရက်လေးတောင် အလုပ်မလုပ်ရသေးသည့် သတင်းဌာနမှ နှုတ်ထွက်စာ အတည်ပြုကြောင်း ဖြစ်နေသောကြောင့်ဖြစ်သည်။

အံ့ကျူးမျိုးနွယ်ကို မော့ကြည့််လိုက်တော့ ပြီတီတီလုပ်ခါ မျက်နှာတစ်ဖက်လွှဲနေသည်ကို တွေ့လိုက်ရတော့သည်။

SophiaMoon783(3.10.2022)
_______________________________________
Zawgyi

“အလုပ္က ဒီေန႔စဝင္ရမွာလား ေျမး”

“ဟုတ္ကဲ့ ဖိုး”

မနက္စာဝိုင္းတြင္ ဖိုးက ေမးျခင္းျဖစ္သည္။မိုးျပာေရာင္အက်ႌနဲ႔ အျဖဴေရာင္ pantကို တြဲဝတ္ထားသည့္ လေရာင္သသကို ေပါင္မုန္႔ဝါးေနရင္းကေန အံ့က်ဴးတစ္ခ်က္္သာေမာ့ၾကည့္လိုက္သည္။နက္ေမွာင္ေနတဲ့ ဆံပင္ေတြကို ေက်ာျပင္ေပၚမွာ ျဖန္႔ခ်ထားၿပီး နားသယ္စပ္ေတြကိုေတာ့ ဆံညႇပ္အေသးေလးေတြနဲ႔ လွန္သိမ္းထားသည္။နဂိုျဖဴဝင္းေနတဲ့ မ်က္ႏွာက မိတ္ကပ္ပါးပါးလူးထားတာထင္သည့္အျပင္ ႏႈတ္ခမ္းပါးပါးကိုပါ အေရာင္ႏုႏုတင္ထားေသးတာေၾကာင့္ ႐ႊန္း႐ႊန္းစိုစိုနဲ႔ လွေသြးႂကြလြန္းေနသည္။

“ေတာ္ၿပီလား ေျမးငယ္၊ဘယ္ေလာက္မွလည္း မစားပါ့လား”

“ေတာ္ၿပီ ဖိုး လည္နင္လို႔”

“ဟင္”

အံ့က်ဴးမ်ိဳးႏြယ္စကားေၾကာင့္ လေရာင္စိတ္ထဲ ကသိကေအာင့္ျဖစ္သြားရသည္။လေရာင္ဝင္လာခါစတုန္းကေတာင္ ေပါင္မုန္႔ကို အတင္းထိုးသိပ္ေနတဲ့သူက လေရာင္ေဘးမွာ ဝင္ထိုင္ကာမွ လည္နင္လို႔ဆိုေတာ့ လေရာင္ကို တမင္႐ြဲ႕ေျပာျခင္းပဲျဖစ္မည္။

“အလုပ္က ဘာလဲ”

“ဟင္”

ေနရာကေန ထၿပီးတာေတာင္ ခ်က္ခ်င္းမသြားပဲ လေရာင္ကို ေမးဆတ္ၿပီး အၾကည့္စူးစူးေတြနဲ႔ ေမးသည္။မ်က္ခုံးေတြ တြန္႔ခ်ိဳးထားတာကေတာ့ သူ႕ရဲ႕ စတိုင္လိုပင္ ျဖစ္ေနေတာ့သည္။ဘာသေဘာနဲ႔ ေမးတာလဲ မသိေပမယ့္ လေရာင္ တုန္တုန္ရီရီျဖစ္ရသည္။သူအခုအလုပ္ဝင္မယ့္ေနရာက အံ့က်ဴးမ်ိဳးႏြယ္ခါခါသီးသီးမုန္းေနသည့္ ရာဇာ့ေၾကာင့္ျဖစ္သည္။

“ခင္မ်ားအလုပ္က ဘာလဲ ႐ုပ္႐ွင္႐ိုက္ဖို႔ေတာ့မဟုတ္ေလာက္ပါဘူးေနာ္”

“ဟင္ “

“တဟင္ဟင္နဲ႔ နားေလးေနတာလား”

“ေျမးငယ္ လေရာင္ေလးကို ဘယ္လိုေတြေျပာေနတာလဲ”

အံ့က်ဴးရဲ႕ တစ္ဖက္သက္ ဘုေတာေတာစကားေတြကို ဖိုးကပါ ဝင္ေျပာလာသည္။အဲဒီအံ့က်ဴးက လူကိုျမင္ရင္ တစ္ခုမဟုတ္တစ္ခု အျပစ္႐ွာသည္။ခ်စ္လြန္းလို႔သာ သည္းခံေနရတာ အံ့က်ဴးက ဘယ္ေတာ့မွ အခ်ိဳးေျပာင္းလာမယ့္သူမဟုတ္။

“သူ႕ပုံလည္း ၾကည့္အုန္းေလ ဖိုး ျပင္ဆင္ထားတာ မင္းသမီး႐ႈံးတယ္ မသိရင္ ၾကင္ဖက္သြားေတြ႕မယ့္အတိုင္းပဲ”

အံ့က်ဴးစကားေၾကာင့္ ေအာက္ႏႈတ္ခမ္းကို အသာဖိကိုက္ၿပီး မ်က္လႊာခ်ထားလိုက္သည္။သူနဲ႔တုပၿပီး ဘာမွျပန္မေျပာခ်င္ပါ။

“ဒါက သူ႕ဝါသနာေလ ေျမးရဲ႕ ကိုယ့္ထက္အႀကီးကို အဲ့လိုမေျပာရဘူး ၿပီးေတာ့ လေရာင္ေလးက ေဟာ့ေဟာ့ရမ္းရမ္းေနတာလဲ မဟုတ္ပဲနဲ႔”

“က်စ္…ဖိုး ၾကပ္ၾကပ္သာ အလိုလိုက္ “

“အင့္”

႐ိႈက္သံၾကားလို႔ ၾကည့္လိုက္ေတာ့ လေရာင္သသက တအင့္အင့္နဲ႔ ငိုေနၿပီ။မုန္းစရာေကာင္းသည္ သူ႕ကို လက္ဖ်ားနဲ႔ေတာင္ မထိရေသးပါပဲ တစ္ခုခုဆို ငိုဖို႔ပဲတတ္တဲ့လူကို အံ့က်ဴးဆြဲရမ္းပစ္ခ်င္သည္။ဖိုးကေတာ့ အံ့က်ဴးကို မႏိုင္ေတာ့သလို ၾကည့္ၿပီး ေနရာကေန ထသြားသည္။

“ငိုလို႔ဝၿပီလား ဟမ္ ထပ္ငိုခ်င္ေသးလား”

ဖိုးထသြားၿပီးကတည္းက တအင့္အင့္နဲ႔ ငိုေနတဲ့သူက အံ့က်ဴးၾကည့္ေနတဲ့ အခ်ိန္အေတာ္ၾကာသည္ အထိ အငိုမတိတ္ေသး။အံ့က်ဴးသူ႕ကို ေျပာတဲ့အထဲမွာ ဘာမွငိုစရာလည္း မပါပဲနဲ႔ ဖိုးေ႐ွ႕မွာ အံ့က်ဴးကို လူဆိုးျဖစ္ေအာင္လုပ္ေနတဲ့ လေရာင္သသကို နာနာသာ ႐ိုက္ပစ္ခ်င္သည္။

“အင့္”

ပုခုံးကေန လႈပ္ကိုင္ၿပီး ခပ္တင္းတင္းၾကည့္ကာ ေမးလိုက္ေတာ့မွ အက်ယ္ႀကီး႐ိႈက္ၿပီး မ်က္ရည္စေတြ သုတ္ေနေတာ့သည္။

“ငါက ဒီအတိုင္းပဲ ေနတတ္တာကို အင့္ မင္းက ဆူတယ္ အင့္”

“က်စ္…ေတာ္ၿပီ ေတာ္ၿပီ က်ဳပ္အျပင္သြားစရာ႐ွိတယ္ ခင္မ်ားကို တစ္ခါတည္းလိုက္ပို႔ေပးမယ္”

အံ့က်ဴးပါးစပ္က ဘာေျပာေျပာ ဆူတယ္ပဲထင္သည့္သူကို ဘာမွဆက္မေျပာခ်င္ေတာ့တာေၾကာင့္ စကားကို အဆုံးသတ္လိုက္သည္။

“ဟမ္”

အံ့က်ဴးအေျပာေၾကာင့္ လေရာင္လန္႔သြားသည္။ရာဇာက ဌာနေ႐ွ႕ကေန ေစာင့္ေနမည္ျဖစ္ေၾကာင္း မက္ေဆ့ပို႔ထားေသာေၾကာင့္ ျဖစ္သည္။မည္သို႔ပင္ အံ့က်ဴးက မႀကိဳက္သည္ျဖစ္ေစ လေရာင္အတြက္ေတာ့ ရာဇာ့ကို သက္သက္မဲ့ ေ႐ွာင္ဖယ္ေနဖို႔ မျဖစ္ႏိုင္ေပ။သူက ကိုယ့္အေပၚ တစ္ခါဖြင့္ေျပာထားဖူသည္က လြဲရင္ အ႐ိုးသားဆုံး႐ွိေနေပးခဲ့သည္ေလ။

“ခင္မ်ားကို ေဆးခန္းပို႔ရေတာ့မယ္ထင္တယ္ တဟင္ဟင္ တဟမ္ဟမ္နဲ႔”

“မ…. မဟုတ္ပါဘူး”

“က်ဳပ္အျပင္က ေစာင့္ေနမယ္ ၿပီးေတာ့ တစ္ခါတည္းေျပာလိုက္မယ္ ဆံပင္မစီးပဲနဲ႔ ထြက္လာဖို႔ မစဥ္းစားနဲ႔”

“ဟင္”

“ခင္မ်ား!!”

“အင္း အင္း”

လေရာင္ အလန္႔တၾကား ျပန္ေျဖလိုက္ရသည္။ေတာ္ၾကာ ‘နားေလးေနတာလား’လို႔ ထပ္ေျပာခံေနရအုန္းမည္။အံ့က်ဴးမ်ိဳးႏြယ္ အိမ္ေ႐ွ႕ထြက္သြားေတာ့မွ လေရာင္ဖုန္းထုတ္ကာ ရာဇာ့ဆီကို ေစာင့္မေနဖို႔ စာျပန္ထားလိုက္ရသည္။ရာဇာ့ဆီက sad emojiနဲ႔ ‘အင္း’ဟူသည့္ ျပန္စာရသည့္အခါမွ စိတ္ကိုဒုန္းဒုန္းခ်ၿပီး အခန္းထဲေျပးရျပန္သည္။ဟိုေန႔က သူေပးထားတဲ့ ေခါင္းစီးႀကိဳးနဲ႔ပဲ ဆံပင္ေတြကို စုခ်ည္လိုက္သည္။အနက္ေရာင္ေခါင္းစီးႀကိဳးမို႔ ဆံပင္အနက္ေရာင္ေပၚမွာ ထင္ထင္႐ွား႐ွား႐ွိမေနတာေၾကာင့္ ဖဲပြင့္ပုံသ႑ာန္ ခ်ည္လိုက္သည္။အံ့က်ဴးဆီက ရတဲ့ပစၥည္းမို႔ သူ႕ဦးေခါင္းအထက္မွာ႐ွိေနသည့္ ခပ္ေသးေသးေခါင္းစီးႀကိဳးကေတာင္ တန္ဖိုး႐ွိလွပါသည္။

ငိုထားလို႔ အနည္းငယ္ရဲခ်င္သြားတဲ့ မ်က္ခမ္းစပ္နားကို ေပါင္ဒါဖိၿပီး ကိုယ့္ကိုကိုယ္စိတ္ေက်နပ္ေအာင္ တစ္ခ်က္ၾကည့္လိုက္ေသးသည္။မိန္းကေလးေတြရဲ႕ ပုံစံကို ဖန္တီးယူေနတာမဟုတ္ေပမယ့္ အလွျပင္ၿပီး ဆံပင္အ႐ွည္ထားရတာကိုေတာ့ ႀကိဳက္သည္။အရင္က အံ့က်ဴးကို လန္႔ေနရေသးေပမယ့္ သူကပါ ဆံပင္႐ွည္ေတြကို လက္ခံႏိုင္ၿပီမို႔ လေရာင္စိတ္သက္သာရာရ,ရသည္။ခ်စ္ရသူနဲ႔ ဘယ္အရာကိုမွ ကေတာက္ကဆမျဖစ္ခ်င္တာေၾကာင့္ျဖစ္သည္။

“ဒီနားကို လာအုန္း”

ဆံပင္႐ွည္ကို ေျမႇာက္စီးထားၿပီး tote bag လြယ္ထားကာ ေလွ်ာက္လာေသာ အရိပ္ကေလးကို ၾကည့္ရင္း အံ့က်ဴးျပဳံးလိုက္မိေသးသည္။လေရာင္သသက အဲ့လိုစကားနားေထာင္ရင္ ခ်စ္စရာေကာင္းလြန္းတာထက္ပိုသည္။အူတူတူေနတတ္တာကလြဲရင္ လေရာင္သသက ဥာဏ္ေကာင္းသည္။လူတိုင္းကို စာနာေပးေနတာကေတာ့ သူ႕ရဲ႕အားနည္းခ်က္ပင္။

Helmet ကို ေသခ်ာေဆာင္းေပးလိုက္ၿပီး ေမးသိုင္းႀကိဳးကအစ အံ့က်ဴးကိုယ္တိုင္ တပ္ေပးလိုက္သည္။အနီးကပ္ၾကည့္ေတာ့ လေရာင္သသ အသားအေရက ႏူးညံ့လြန္းေနသည္။ႏႈတ္ခမ္းပါးရဲရဲေလးေတြက ၾကည့္႐ုံနဲ႔တင္ အိစက္ေနမွန္း သိသာသည္။ပါးေဖာင္းေဖာင္းေလးေတြထဲ အံ့က်ဴးႏွာတံခြၽန္ခြၽန္တစ္ဆုံး နစ္ဝင္သြားေအာင္ နမ္း႐ိႈက္ပစ္ခ်င္သည္။မ်က္ႏွာမွာ လူးထားတဲ့ ႏို႔ရည္နံ႔သင္းသင္းက အံ့က်ဴးႏွာဝကို ကလူက်ီစယ္သည္။

“သြား သြားရေအာင္”

“ဟင္”

Helmet ေဆာင္းေပးရင္းကေန က်ဴးလြန္ေနတဲ့ မေနာစိတ္ေၾကာင့္ လေရာင္သသကို ေငးေမာေနမိခ်ိန္က အတိုင္းအတာတစ္ခုထိ ၾကာသြားတာထင္သည္။ထစ္ထစ္ေငါ့ေငါ့ထြက္လာတဲ့ အသံေလးကို ၾကားကာမွ သတိဝင္လာေတာ့ လေရာင္သသ မ်က္လုံးအဝိုင္းသားေလးေတြနဲ႔ အၾကည့္ခ်င္းဆုံသြားသည္။

“အင္း ခင္မ်ားပါးေတြကို ဘယ္သူမွအထိမခံနဲ႔”

“….”

“ၾကားရဲ႕လား”

“အ့ နာတယ္….အေမ့”

ဘယ္သူမွ မထိေစနဲ႔ဆိုၿပီး လေရာင္ပါးကို လိမ္ဆြဲသြားတဲ့ လူကိုေတာ့  ၾကာၾကာစိတ္မတိုလိုက္ရပါ။ေစြ႕ခနဲ ဆိုင္ကယ္ေပၚ ေကာက္တင္ခံလိုက္ရေသာေၾကာင့္ျဖစ္သည္။

“မင္း ငါ့ကိုလိုက္ပို႔ဖို႔ အားေရာအားရဲ႕လား”

လေရာင္ကို ဆိုင္ကယ္ေပၚတင္ထားတာေၾကာင့္ လေရာင္မ်က္ႏွာနဲ႔ တစ္ညီတည္းျဖစ္သြားသည့္ သူ႕မ်က္ႏွာကို ေသခ်ာၾကည့္ၿပီး ေမးလိုက္မိသည္။

“မင္းကိုလိုက္ပို႔ဖို႔ကလြဲရင္ အဲ့ေကာင္က ဘာအလုပ္အကိုင္႐ွိေနေသးလို႔လဲ ဟမ့္”

“ေဖေဖ”

လေရာင္ရဲ႕စကားကို တုံ႔ျပန္ဖို႔ ျပင္ေနတုန္းမွာပဲ ေနာက္ကေန ဩဇာအျပည့္နဲ႔ ေဖေဖ့အသံက ဟိန္းထြက္လာသည္။Suit အနက္ေရာင္နဲ႔ ေဖေဖက laptop အိတ္ကို ဆြဲၿပီး ကားဆီကို တစ္လွမ္းခ်င္းေလွ်ာက္လာသည္။လေရာင္သသကို ဦးတည္လိုက္တဲ့ ေဖေဖ့စကားေၾကာင့္ ဆိုင္ကယ္ေပၚမွာ ခြလ်က္သားေလးျဖစ္ေနသူကေတာ့ မ်က္ရည္စေတြေတာင္ စို႔လာသည္။

“ေဖေဖ”

“အင့္”

ေဖေဖ့စကားကို ေခ်ပဖို႔လုပ္ေတာ့  လေရာင္သသက အံ့က်ဴး အက်ႌေအာက္နားစကို အသာကိုင္ဆြဲလာသည္။မ်က္ရည္က်ဖို႔ ႐ိႈက္သံေတြနဲ႔အစပ်ိဳးလာတဲ့သူက လက္ေခ်ာင္းေလးေတြေတာင္ တုန္ေနသည္။

“အနာ႐ွိေတာ့ စပ္သလားကြ အံ့က်ဴးရ
တစ္ေန႔တစ္ေန႔ ေသာက္လိုက္စားလိုက္ အဲ့ေကာင္ေလးေနာက္ တေကာက္ေကာက္လိုက္ လုပ္ေနၿပီးမွ ကိုယ့္ကိုကိုယ္ေတာ့ ဘာအရည္အခ်င္းမွ မ႐ွိ”

ေဖေဖက သူ႕ကားထဲ ခ်က္ခ်င္းမဝင္ေသးပဲ အံ့က်ဴးကို တည့္တည့္ၾကည့္ၿပီး ေျပာသည္။ေဖေဖ့မ်က္လုံးေတြထဲမွာ အံ့က်ဴးကို အထင္ေသးတဲ့ အၾကည့္ေတြ လေရာင္ကို စိတ္႐ႈပ္စရာတစ္ခုလို ၾကည့္ေနတဲ့အၾကည့္ေတြကို ေတြ႕ေနရသည္။ေဖေဖက ေအးေဆးေနတတ္သလို႐ွိေပမယ့္ အျမင္မၾကည္တာေတြ ေျပာခ်င္တာျဖစ္ခ်င္တာေတြကို ရင္ထဲ သိမ္းထားကာ ေျပာခ်င္တဲ့အခ်ိန္မွ ထေျပာတတ္သည့္ ခပ္ဆိုးဆိုးသေဘာထား႐ွိသည္။

“က်ဳပ္ကို ေျပာခ်င္တာမလား ေဖေဖ ေနာက္မွ ေအးေဆးေျပာရေအာင္ေလ ဒီတစ္ေယာက္ အလုပ္ခ်ိန္မမီပဲေနလိမ့္မယ္”

“အံ့က်ဴး….”

ေသြးေအးေအးနဲ႔ ဖခင္ကို မထီသလိုေျပာလိုက္သူေၾကာင့္ လေရာင္ အသံတိုးတိုးနဲ႔ ႀကိတ္ေခၚၿပီး ခါးကိုအသာတို႔လိုက္သည္။သို႔ေသာ္ အသုံးမဝင္ပါ။လေရာင္လက္ေတြကို ပုတ္ခ်ၿပီး ဆိုင္ကယ္ကို တက္ခြကာ အ႐ွိန္ျမင့္ျမင့္နဲ႔ ေမာင္းသူေၾကာင့္ အလန္႔တၾကားပင္ ခါးကို ဖက္ထားလိုက္ရသည္။

တစ္လမ္းလုံး ျမန္ႏႈန္းျမင့္ ေမာင္းေနသူေၾကာင့္ က်စ္ေနေအာင္ ဖက္ၿပီး ေက်ာျပင္က်ယ္ကို ရင္အပ္ထား႐ုံမွအပ ဘာမွ မတတ္ႏိုင္။ေနာက္ကေန ေမး႐ိုးထင္းထင္းေတြကို ျမင္ေနပုံအရ အံ့က်ဴးမ်ိဳးႏြယ္က အံတင္းတင္းႀကိတ္ထားပုံေပၚသည္။

••••

“ဟင္”

ေလနဲ႔အတူ ေရလို႔ထင္ရတဲ့အစက္ကေလးေတြ အံ့က်ဴးလက္ခုံေပၚကို လာစင္မွ ေနာက္မွာ လူပါလာတာကို သတိထားမိေတာ့သည္။ခါးကိုတင္းတင္းက်ပ္က်ပ္ ဖက္ထားတဲ့ လက္ေသးေသးေလးႏွစ္ဖက္ကို အသာအုပ္ကိုင္ၾကည့္ေတာ့ ေခြၽးေစးေလးေတြေတာင္ ထြက္ေနၿပီ။

အိမ္ကေန ထြက္လာတာ ဆယ္မိနစ္ေတာင္ မျပည့္ေသးေပမယ့္ သိပ္မၾကာခင္ လေရာင္သသ အလုပ္လုပ္ရမည့္ သတင္းဌာနေ႐ွ႕ေရာက္ေတာ့မည္ျဖစ္သည္။ေဖေဖရဲ႕ စကားေတြကို ေဒါသထြက္စိတ္ပ်က္လြန္းတာေၾကာင့္ စိတ္႐ွိတိုင္း ေမာင္းထြက္လာမိျခင္းပင္။ဆိုင္ကယ္ကို အ႐ွိန္ေလွ်ာ့လိုက္ေတာ့ စက္အ႐ွိန္ေၾကာင့္တဝူးဝူးတိုက္ေနတဲ့ ေလက အနည္းငယ္ညင္သာသြားသည္ႏွင့္ ေနာက္ကလူဆီက တအင့္အင့္နဲ႔ အသံၾကားရသည္။ေၾကာက္တာနဲ႔ပဲ ငိုေနျပန္ၿပီထင္သည္။

“ကြၽီ!”

လမ္းေဘးအပင္ရိပ္တစ္ေနရာကို ရပ္လိုက္ၿပီး ဆိုင္ကယ္ေပၚမွ ဆင္းကာ ေနာက္ကလူကိုပါ ခါးကေနေပြ႕ကာ အသာခ်လိုက္ေတာ့ အံ့က်ဴးရင္ခြင္ထဲ အတင္းတိုးဝင္ၿပီး တအင့္အင့္နဲ႔ ႐ိႈက္ငိုေနေတာ့သည္။

“ဘာအတြက္ ငိုေနျပန္ၿပီလဲ ေဖေဖက ခင္မ်ားကို ဆူတာမဟုတ္ဘူး က်ဳပ္ကိုပဲ ဆူတာ”

“ဟင့္အင္း မဟုတ္ဘူး ေဖေဖက… အင့္ ေဖက ငါ့ကို မခ်စ္ဘူး”

တစ္အိမ္သားလုံးနဲ႔ ခ်စ္ခ်စ္ခင္ခင္႐ွိေပမယ့္ လေရာင္သသ အံ့က်ဴးမ်ိဳးႏြယ္တို႔ အိမ္ႀကီးကို ေရာက္လာတဲ့ ႏွစ္ေပါင္း ႏွစ္ဆယ္နီးပါးအတြင္းမွာ ေဖေဖနဲ႔ တစ္ခါမွ ရင္းရင္းႏွီးႏွီးစကားမေျပာဖူးေပ။ေဖေဖက သူ႕ဘာသာသူ ေနတတ္သလို ႐ွိေပမယ့္ လေရာင္ အံ့က်ဴးနဲ႔အတူ႐ွိေနတဲ့ အခ်ိန္ေတြဆိုရင္ ေဖေဖ့အၾကည့္ေတြက စူး႐ွလြန္းသည္။အံ့က်ဴးက လေရာင္အေျပာကို စိတ္႐ႈပ္သလို ေခါင္းကုတ္ၿပီး…

“ေဖေဖက ခင္မ်ားကိုမွ မဟုတ္ဘူး။ဘယ္သူ႕ကိုမွ မခ်စ္တာ သူ႕ကိုယ္သူပဲ ခ်စ္တတ္တဲ့လူႀကီး”

“အင့္ မင္းကို ေဖက ခ်စ္ပါတယ္ မင္းေကာင္းစားေစခ်င္လို႔ ေျပာတာ ေဖ့ကို အျပစ္မျမင္နဲ႔”

“မေကာင္းစားခ်င္ဘူး က်ဳပ္က ခင္မ်ားနားပဲ ေနခ်င္တာ”

“….”

လႊတ္ခနဲဆိုေပမယ့္ လေရာင္မ်က္လုံးေတြကို တည့္တည့္ၾကည့္ၿပီး ေျပာသည့္ အံ့က်ဴးစကားေတြက ေလးနက္သည္ဟု ခံစားေနရသည္။လေရာင္ အိမ္ႀကီးကိုေရာက္ခါစက လေရာင့္ပုခုံးအထက္နားေလာက္သာ႐ွိသည့္ ေၾကာင္႐ုပ္ဆိုးေလးနဲ႔တူတဲ့ ေကာင္ေလးက အခုေတာ့ လေရာင္ေ႐ွ႕မွာ ရပ္ေနၿပီး ေမာ့ၾကည့္ေနရသည္။မ်က္ခုံးတန္းထူထူက အၿမဲတမ္းစုက်ံဳ႕ေနတတ္ၿပီး ရယ္လိုက္ကာမွ ေပၚလာတတ္သည့္ သြားစြယ္ခြၽန္ခြၽန္ေလးကလည္း မျမင္ရတာအေတာ္ၾကာၿပီျဖစ္သည္။အခုႏွစ္ေတြထဲမွာ ဒီကေလးက အျပဳံးအရယ္နည္းလာသည္။ရင့္က်က္ေနၿပီလို႔ ထင္ရေပမယ့္ ‘ခင္မ်ားက….က်ဳပ္အပိုင္ေနာ္’ဆိုတဲ့ စကားကိုေတာ့ ေန႔တိုင္းေျပာတတ္ေသးသည္။

လေရာင္ကို စိုက္ၾကည့္ေနရာကေန တျဖည္းျဖည္း ငုံ႔မိုးလာသူေၾကာင့္ ဆတ္ခနဲ ကိုယ္ေလးေတာင့္ကာ သတိဝင္လာသည္။လက္က နီညိဳေရာင္လယ္သာ နာရီကို ၾကည့္လိုက္ေတာ့ နာရီလက္တံတိုက နံပါတ္ကိုးကို ၫႊန္ျပေနၿပီျဖစ္သည္။

“ငါ..ေနာက္က်ေတာ့မယ္ အံ့က်ဴး”

“က်ဳပ္သိတယ္”

“ဟင္”

“အဲ့ဌာနက ဟိုေကာင့္ဖားသားပိုင္တယ္ဆိုတာလည္း က်ဳပ္သိတယ္။ဒီအတိုင္း လႊတ္ထားရတာက က်ဳပ္လုပ္စရာေတြ ႐ွိေနေသးလို႔”

လေရာင္ကိုယ္ေလး ဆတ္ခနဲတုန္သြားၿပီး အံ့က်ဴးရင္ခြင္ထဲကေန ႐ုန္းထြက္လိုက္သည္။

“အံ့….အံ့က်ဴး”

“က်ဳပ္ အခ်ိန္တစ္ခုကိုေစာင့္ေနတာ လေရာင္သသ”

“ဘာ..ဘာကိုလဲဟင္”

အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ မ်က္ခုံးတန္းေတြက အနည္းငယ္ေျပေလ်ာ့သြားသေယာင္႐ွိၿပီး လေရာင္ပါးႏွစ္ဖက္ကို အသာအုပ္ကိုင္ကာ သူ႕မ်က္လုံးေတြနဲ႔ တည့္တည့္ဆုံေစသည္။

“က်ဳပ္ ကုမၸဏီတစ္ခုေထာင္မယ္ လိုအပ္တဲ့ေငြကို ဖိုးဆီက ေခ်းဖို႔ ျပင္ဆင္ထားၿပီးသား”

“ဒါေပမယ့္ လုပ္ငန္းအေတြ႕အၾကဳံ..”

“ေျပာၿပီးသားပဲ က်ဳပ္မတတ္တာ ဘာတစ္ခုမွမ႐ွိဘူးလို႔”

“အင္း”

ထိုစကားကိုေတာ့ လေရာင္ ေခါင္းတဆတ္ဆတ္ၿငိမ့္ၿပီးေတာ့ကို လက္ခံလိုက္ပါသည္။အံ့က်ဴးမ်ိဳးႏြယ္က ႏူးညံ့ျပဖို႔နဲ႔ အခ်စ္ကို ဝန္ခံဖို႔ကလြဲရင္ က်န္တာအကုန္တတ္သည္ေလ။

“ေဖေဖ့ပိုင္ဆိုင္မႈကို ေက်ာ္သြားရင္ ဖိုးဆီမွာ ခင္မ်ားကို လက္ထပ္ခြင့္ေတာင္းမယ္”

“ငါ…ငါတို႔က…”

“က်ဳပ္ ခင္မ်ားကို ခ်စ္တယ္ ခင္မ်ားလည္း က်ဳပ္ကိုပဲ ခ်စ္ရမယ္ လေရာင္သသ၊ က်ဳပ္ကို ခ်စ္ဖို႔ အေၾကာင္းျပခ်က္ေတြ မလိုဘူး က်ဳပ္အပိုင္ျဖစ္ေနလို႔ကို ခင္မ်ားက်ဳပ္ကိုယူရမယ္”

ခ်စ္ေၾကာင္းေျပာလိုက္တာလား အမိန္႔ခ်မွတ္လိုက္တာလား မသဲကြဲေလာက္ေအာင္ပင္ အံ့က်ဴးစကားေတြက တုံးတိႀကီး ျဖစ္လြန္းကာ သူ႕ဆႏၵေတြကို မဖုံးကြယ္စတမ္းကို ေျပာခ်လာသည္။လေရာင္ရင္ထဲ အံ့ၾသမႈနဲ႔အတူ ရင္ခုန္မႈကလည္း တရစပ္။

“အလြန္ဆုံး တစ္ႏွစ္ပဲမို႔ ဒီၾကားထဲ က်ဳပ္ကိုေစာင့္ေနေပးမယ္မလား”

“အင္း ငါ မင္းအတြက္ဆို အၾကာႀကီးေစာင့္ေပးႏိုင္တယ္ ရာဇာထူးဟန္နဲ႔ ပတ္သက္ၿပီး သံသယေတြမဝင္နဲ႔ ငါမင္းကလြဲၿပီး ဘယ္သူ႕ကိုမွ ခ်စ္လို႔မရဘူး”

“အဟက္ က်ဳပ္ကလည္း ခင္မ်ားနဲ႔မွ ႐ူးတာပဲ”

သူ႕စကားနဲ႔သူ ရယ္ေနတဲ့ ေကာင္ေလးကို ၾကည့္ၿပီး လေရာင္ပါ လိုက္ျပဳံးေနမိသည္။

Ding !!

႐ုတ္တရက္ ဝင္လာတဲ့ Notiေၾကာင့္ ဖုန္းကို ယူၿပီးၾကည့္လိုက္ေတာ့ DRH က ဝင္လာသည့္ စာျဖစ္ေနသည္။ Confirmed your request…. အစခ်ီထားတဲ့ စာက ဖတ္ေနရင္းကေန လေရာင္လက္ေတြတုန္လာသည္။အေၾကာင္းမွာမူ တစ္ရက္ေလးေတာင္ အလုပ္မလုပ္ရေသးသည့္ သတင္းဌာနမွ ႏႈတ္ထြက္စာ အတည္ျပဳေၾကာင္း ျဖစ္ေနေသာေၾကာင့္ျဖစ္သည္။

အံ့က်ဴးမ်ိဳးႏြယ္ကို ေမာ့ၾကည္္႕လိုက္ေတာ့ ၿပီတီတီလုပ္ခါ မ်က္ႏွာတစ္ဖက္လႊဲေနသည္ကို ေတြ႕လိုက္ရေတာ့သည္။

SophiaMoon783(3.10.2022)
_______________________________________

Tags: read novel My Possessive Of You 7, novel My Possessive Of You 7, read My Possessive Of You 7 online, My Possessive Of You 7 chapter, My Possessive Of You 7 high quality, My Possessive Of You 7 light novel, ,

Comment

Leave a Reply

Chapter 8