Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၉

A+ A-

ရုပ်ဖျက်ရမယ်ဆိုပြီး အမျိုးသမီးလိုပြင်ဆင်ပေးခံလိုက်ရတာကြောင့် လူကသိပ်မနေတတ်။လုံးဝကွဲထွက်ချင်လျှင် အမျိုးသမီးလိုပြင်မှရမည်ဆို၍ မျက်စိမှိတ်ကာလက်ခံခဲ့သည်။

ပြင်ဆင်ပြီးချိန် နောင်းညိုကအရမ်းသဘောကျနေသလို သူကိုယ်တိုင်ကလည်းအဆင်ပြေသဖြင့်ထိုအတိုင်းသာသွားဖြစ်လိုက်တော့သည်။ပွဲသို့ရောက်တော့ ပျားပန်းခတ် ပြည့်နှက်နေသူတွေကြောင့် သူသိပ်အဆင်မ​ပြေ။

နောင်းညိုလက်မောင်းကိုမလွှတ်တမ်းဆွဲထားမိတော့ နောင်းညိုကခါးကိုသိုင်းဖက်ကာ ထိန်းထားပေးရသည်။တော်သေးသည်ဖိနပ်အမြင့်မစီးခဲ့၍။မဟုတ်လျှင် ချော်လဲနေပေလိမ့်မည်။

အားလုံးရဲ့ချီးမွမ်းသံတွေကြားသူမနေတတ်ပေမယ့် နောင်းညိုကတော့ရယ်ချင်စိတ်ကိုမြိုသိပ်လို့ ကျေးဇူးတင်စကားတွေပြန်ဆိုနေသေးသည်။ပြီးလျှင် နားနားကပ်ကာတိုးတိုးဆိုသေးသည်။ဒီလိုချောနေတာ မိန်းကလေးမဟုတ်ဘဲယောကျ်ားလေးမှန်းသာသိပါက မိန်းကလေးတိုင်းDepressionတောင်ဝင်သွားနိုင်ပါသည်တဲ့။

ဖယ်ရိုမုန်းပေါင်းစုံကြောင့် ခေါင်းကိုက်လာ၍ လေကောင်းလေသန့်ရှူချင်လာသည်။ထို့ကြောင့် နောင်းညိုကဝရံတာတစ်ခုဆီခေါ်သွားပေးလေသည်။ထိုနေရာကသီးသန့်ဖြစ်ပြီး လူရှိနေလျှင်အပြင်မှဆိုင်းဘုတ်ချိတ်ထားလိုက်ရုံပင်။မည်သူမှဝင်လာမည်မဟုတ်။

လေတစ်ချို့ရှူရှိူက်လိုက်မှ ဦးနှောက်တစ်ခုလုံးလန်းဆန်းသွားရသည်။မျက်လုံးတို့ကိုမှိတ်လို့ လေညှင်းသဲ့သဲ့မျက်နှာပေါ်ဖြတ်သွားတာကိုခံယူလိုက်သည်။

“ဟယ်လို အလှလေးတစ်ယောက်တည်းလား”

အနားကထွက်လာတဲ့ ကြားဖူးနေကျအသံသြသြကြောင့်သူလန့်သွားရသည်။အဲ့ဒီလူကဘာလာလုပ်တာတုန်း။အသံမထွက်ဘဲ ထိုလူကိုသာမော့ကြည့်နေလိုက်သည်။သူမှန်းသိသွားလို့ တမင်လာရှာတာလား။အပြင်မှာဆိုင်းဘုတ်ချိတ်ခဲ့တာတောင်ဝင်လာတယ်ဆိုကတည်းက သူကအရမ်းစည်းကမ်းမဲ့တဲ့လူပဲ။

“အလှလေးက ကိုယ့်ကိုမကြိုက်ဘူးလား”

သူဘာမှပြန်မပြောချင်ဘူး။အသံထွက်လိုက်တာနဲ့ သူမှန်းသိသွားလိမ့်မယ်။သိပြီးသားဖြစ်နေနိုင်ပေမယ့်လည်းစကားမပြောချင်ဘူး။

“ဘာလဲ”အ”နေတာလား”

“……….”

သူပြန်မပြောတော့ ဝရံတာကိုကျောမှီကာတံတောင်ဖြင့်ထောက်လို့ ရှန်ပိန်ကိုတစ်ကျိုက်မော့သည်။

“တကယ်ကို”အ”နေတာပဲ ဒီလိုအလှအပတွေနဲ့ “အ”နေတာက နှမျောစရာကောင်းလိုက်တာနော်”

“………..”

ခနဲ့သလိုပြောပြီး သူ့မျက်နှာကိုမျက်လုံးတွေမှေးစင်းကာကြည့်လာပုံက ယုန်သားစားတော့မယ့်ဝံပုလွေတစ်ကောင်လို။

“မင်းကိုတွေ့တော့ အမှိုက်တစ်စကိုတွေးမိသွားတယ် ယောကျာ်းတိုင်းကိုသူ့အလှနဲ့မြှူဆွယ်နေတဲ့တစ်ယောက်လေ”

“………….”

သူစူးကနဲနေအောင်စိုက်ကြည့်တော့ သူ့ကိုအကြည့်စူးစူးတွေနဲ့ပြန်စိုက်ကြည့်လာသည်။

“ရမလားဆိုပြီး ငါ့ဆီတောင်ရောက်လာသေးတယ် ပြီးတော့ငါ့စိတ်ကိုလည်းဆွသွားသေးတယ် ငါကမသန်မစွမ်းတဲ့လေ ပြောချင်တာကမစွမ်းဆောင်နိုင်ဘူးပေါ့”

သူဘယ်တုန်းကအဲ့လိုပြောလိုက်လို့လဲ။အသက်ကြီးလို့ကြီးပြီပြောတာကို ကိုယ့်ဘာသာလိုရာဆွဲတွေးနေပြီးတော့။

“ကိုယ်ကြုံးဝါးထားတယ် ဒီတစ်ခါတွေ့ရင် ကိုယ်သန်စွမ်းကြောင်းသက်သေပြဖို့ သူ,မသန်စွမ်းဖြစ်သွားသည်အထိ အနိုင်ကျင့်ပစ်ရင်ကောင်းမလားလို့လေ မင်းရောဘယ်လိုထင်လဲ”

“ခင်ဗျားကြီးရူးနေတာလား”

“အိုးဟို “အ”ချင်ယောင်မဆောင်တော့ဘူးလား”

“ဘယ်သူက”အ”နေလို့လဲ ခင်ဗျားလိုလူ့ဂွစာနဲ့ စကားမပြောချင်ရုံပဲ”

“မင်းဝါသနာက ထူးဆန်းတယ်နော်”

အဝတ်အစားကို မေးဆတ်ကာပြောလာပုံက ကိုက်ဆွဲပစ်ချင်စရာ

“အဲ့တာငယ်ငယ့်ကိစ္စ ခင်ဗျားနဲ့ဆိုင်မနေဘူး”

“သူငယ်ချင်းတွေပါဆိုပြီး ပါတနာအနေနဲ့ပွဲတက်လို့ရတယ်ပေါ့”

“ခင်ဗျားကိုရှင်းပြမနေနိုင်ဘူး ခင်ဗျားကလူလိုနားလည်တာမှမဟုတ်တာ”

သူပြောပြီးအပြင်ထွက်မယ်လုပ်တော့ ခါးမှဆွဲယူလိုက်ကာဝရံတာနှင့်သူ့ကြားညှပ်ထားလေသည်။

“ခင်ဗျားဘာလုပ်တာလဲ လွှတ်”

တစ်ကိုယ်လုံးလှုပ်မရအောင်ချုပ်ထားတာဟာလက်တစ်ဖက်တည်းနှင့် အခြားလက်တစ်ဖက်ကရှန်ပိန်ခွက်ကိုင်မပြတ်။ထို့နောက်မျက်နှာနားငုံ့ချလာတာကြောင့် အသည်းအသန်ရုန်းမိတယ်။

“ဘာတွေကြောက်ပြနေတာလဲ မျှော်လင့်နေတာဒီလိုအခြေအနေမလား စိတ်တော့မကောင်းဘူး ငါကအမှိုက်တွေကိုတန်ဖိုးမထားတတ်ဘူး”

“လွှတ်ပေးလို့ ငယ်ငယ်အော်လိုက်မှာနော်”

“အော်လိုက်လေ မင်းအော်လည်းမင်းဂုဏ်သိက္ခာပဲကျမှာ ပါတနာပါရဲ့သားနဲ့ငါ့ကိုလာမြှူဆွယ်တယ်ဆိုပြီးလေ ငါ့အကြောင်းကိုတစ်နိုင်ငံလုံးသိပြီးသား ဒါမှမဟုတ် အားလုံးကိုသိသွားစေချင်ပြီး မင်းကိုတာဝန်ယူစေချင်နေတာလား အိမ်မက်မက်မနေနဲ့နော်”

“ခင်ဗျားရူးနေတာလား ထင်ရာတွေစွတ်ပြောမနေနဲ့ ခင်ဗျားကိုမကြိုက်ပါဘူးလို့ပြောပြီးပြီလေ နားမလည်ဘူးလား”

“စကားနဲ့လုပ်ရပ်တွေကမကိုက်ညီနေဘူးလေ ​ ပါးစပ်ကငြင်းပြီးလူကငါ့ဆီပစ်ပစ်ဝင်လာတာမဟုတ်ဘူးလား”

“မတော်တဆပါလို့ပြောပြီးနေပြီလေ အခုရောငယ်ငယ်ကခင်ဗျားဆီလာနေလို့လား ခင်ဗျားဘဲငယ်ငယ့်ဆီပြဿနာလာရှာနေတာလေ”

“အဲ့တာ မင်းစကားရဲ့အကျိုးဆက်တွေလေ ငါ့ကိုမသန်စွမ်းလို့မင်းပဲပြောခဲ့တာ”

“​ဗြောင်လိမ်မနေနဲ့ အဲ့နေ့ကခင်ဗျားကိုအိုကြီးအိုမလို့ပဲပြောခဲ့တာ ငယ်ငယ့်ထက်အိုလို့အိုတယ်ပြောတာလေ ဘာတွေနာနေတာလဲ”

“အဲ့တာသွယ်ဝိုက်ပြီးပြောတာပဲလေ ငါကအိုနေလို့မစွမ်းဆောင်နိုင်တော့ဘူးလို့ပြောချင်နေတာမလား”

“မဟုတ်ပါဘူးဆို လွှတ်ပေးလို့”

“ဟင့်အင်း သက်သေပြအုန်းမှာ”

ပြောရင်းလည်ပင်းဆီမျက်နှာအပ်ချလိုက်တော့ စံပယ်ရနံ့ကသင်းခနဲ။မိုးရွာပြီးစရတဲ့မိုးရေစိုနေတဲ့စံပယ်ရနံ့လေး။ရနေကျစံပယ်ရနံ့တွေနဲ့မတူတဲ့ ထူးထူးခြားခြားရနံ့လေး။ရှန်ပိန်ခွက်ကိုလွှင့်ပစ်လို့ ရှေ့ကသေးသေးလေးကို လက်နှစ်ဖက်နဲ့ဖြစ်ညှစ်ပစ်လိုက်တယ်။

တွန်းကန်ဖို့တောင်မစွမ်းဆောင်နိုင်တဲ့ လက်လေးနှစ်ဖက်က သူ့လက်တစ်ဖက်ထဲမှာ။မျက်နှာတစ်ပြင်လုံးကိုကြမ်းကြမ်းတမ်းတမ်းနမ်းရှိုက်ပစ်တော့ ရဲစွေးသွားတာ နှင်းဆီနီတွေလို။နှုတ်ခမ်းတွေကိုအနိုင်ကျင့်တော့ ခေါင်းကိုယိမ်းလို့ငြင်းဆန်လာတယ်။

လက်တစ်ဖက်ကခေါင်းနောက်ကထိန်းကိုင်ပြီး နှုတ်ခမ်းတစ်ခုလုံးကိုစားသုံးပစ်တာ အငမ်းမရ။ခုနကမှစားလာဟန်တူသော သူသိပ်မုန်းတဲ့စတော်ဘယ်ရီအရသာက သူ့ပါးစပ်ထဲရောက်မှအရသာပြည့်ဝနေသလို။မလုံလောက်စွာလည်ချောင်းထိရောက်မတတ်လျှာကိုဆန့်လို့ ခံတွင်းတစ်ခုလုံးအနှံ့သိမ်းပိုက်ပစ်လိုက်တယ်။

အသံမထွက်နိုင်သည်အထိမောဟိုက်နေသူက ပါးစပ်ကလေးဟလို့အသက်ရှူနေရသည်။မသိလိုက်ခင်သူဆွဲဆောင်မိတဲ့ဖယ်ရိုမုန်းတစ်ချို့ကြား စံပယ်ပန်းရနံ့ကခပ်သင်းသင်း။

သူစိတ်မထိန်းနိုင်စွာ လည်တိုင်တွေဆီ နှာခေါင်းနှင့်မွှေ့ရမ်းပစ်သည်။သူ့အတွက်မလုံလောက်သေးဘူး။အဲ့လည်ပင်းသေးသေးလေးကို သွေးထွက်သည်အထိစုပ်နမ်းပစ်ချင်သည်။အဲ့ဒီGlanလေးကိုအဆုံးထိကိုက်ပြီး သူ့ဖယ်ရိုမုန်းတွေအပြည့်ဖြည့်ချင်သည်။ပြီးရင် တစ်ကိုယ်လုံးကိုသူ့ရင်ခွင်အောက်ဖိလို့ ကြမ်းကြမ်းတမ်းတမ်းနမ်းရှိုက်ပစ်မည်။

အတွေးတွေကြောင့်သူ့မျက်ဝန်းပြာတွေ နက်ပြာရောင်သို့ပြောင်းသွားသည်။ထို့နောက် သူ့သွားစွယ်တွေ Glandရှိရာဆီဦးတည်လိုက်သည်။

“ဟင့်အင်းမလုပ်ပါနဲ့ ငယ်ငယ်တောင်းပန်ပါတယ်”

အသံသေးသေးလေးက ကြောင်သားပေါက်လေးလို။အားမရစွာဆွဲပွေ့ထားတာကြောင့် ခြေထောက်တွေက ကြမ်းပြင်ထက်တစ်ပေခန့်အကွာမှာ။ပြုတ်ကျမှာစိုး၍ သူ့ရင်ဘတ်ကိုဆွဲထားပုံကသနားစဖွယ်။သူ့လက်ချက်ကြောင့်သွေးစို့နေတဲ့ နှုတ်ခမ်းတစ်စုံကတုန်တုန်ရီရီ။အသိစိတ်တစ်ချို့ဝင်လာမှ လက်ထဲကလူကိုအောက်ချပေးမိသည်။

“ငါကသက်သေပြတာ သိပ်လိုချင်နေတယ်ထင်မနေနဲ့ ဖြစ်သွားခဲ့သမျှက မင်းရဲ့ဖယ်ရိုမုန်းဆွဲဆောင်မှုတွေကြောင့်ပဲ ဖယ်ရိုမုန်းတွေကိုက်ညီနေပါတယ်ဆိုပြီးတော့လည်း ငါ့ကိုလာမဆွဲဆောင်နဲ့ ငါဆိုတဲ့ကောင်ကဘယ်သူထိန်းချုပ်တာမှခံမှာမဟုတ်ဘူး နားလည်လား”

“ဟုတ် ဟုတ် ငယ်ငယ်နားလည်ပါတယ်အင့်”

မျက်ရည်တွေကျလို့ ခေါင်းတဆတ်ဆတ်ညိတ်နေသူက သူနဲ့အကွာအဝေးတစ်ခုခြားအောင် နောက်ကိုခြေသုံးလှမ်းဆုတ်တယ်။ကြောက်နေပုံက သူကပဲရမ်းကားပစ်တော့မယ့်လူလို။

“ကိုCean ဒီရောက်နေတာလား ပြန်မလို့လိုက်ရှာနေတာ”

ပြောရင်းဘေးနားရောက်လာသူက Horizon ။ထို့နောက်ရှေ့ကတစ်ယောက်ကိုကြည့်လို့အံ့ဩသွားဟန်။အလှလေးကအနိုင်ကျင့်ခံထားရပုံပေါ်ပြီး သူ့အစ်ကိုကစားတော့မတတ်ကြည့်နေတာလေ။သူသဘောပေါက်စွာ ရှေ့ကခေါင်းငုံ့နေသူကိုနှုတ်ဆက်လိုက်သည်။

“ဟယ်လို ကိုယ်ကမိုးကုတ်စက်ဝိုင်း ကိုCean ရဲ့ညီ ရင်းရင်းနှီးနှီး.. အယ်”

စကားမဆုံးခင် သူကြောင်အသွားရသည်။ရှေ့ကတစ်ယောက်က သူ့ကိုမြင်မြင်ချင်း ထိတ်လန်သွားပုံရကာ ရဲစွေးနေတဲ့မျက်နှာကချက်ချင်းဖြူဖျော့သွားပြီး နှင်းဆီရောင်နှုတ်ခမ်းကသွေးမရှိတော့။ဂုတ်ကိုအုပ်ကိုင်ကာ နောက်ကိုဆုတ်သွားပုံက သူကတစ်ခုခုလုပ်မှာကြောက်နေသလို။

သူမျက်မှောင်ကြုံ့လိုက်မိသည်။သူနဲ့လည်းတစ်ခါမှမဆုံဖူးပါဘူး။ကိုCeanကရှေ့တစ်လှမ်းတို့ဖို့ပြင်တော့ အထိတ်တလန့်တားလိုက်ပုံက ကြောက်စရာသတ္တဝါလို

“မလာနဲ့ နှစ်ယောက်လုံးမလာနဲ့ “

လှမ်းမယ့်ခြေလှမ်းတွေတန့်သွားပြီး စိတ်ရှုပ်စွာကြည့်နေသူကစိတ်မကြည်ဟန်။ထို့နောက် Omegaလေးကတံခါးဖွင့်ကာ အပြင်သို့လှမ်းသည်။

“လခြမ်းဘာဖြစ်လာတာလဲ လခြမ်း သတိထားအုံးလေ”

တံခါးပိတ်သွားပြီး ကြားလိုက်ရတဲ့အသံတစ်ချို့ကြောင့် တခြားအခန်းမှပတ်ကာ Hallထဲပြန်ဝင်လိုက်သည်။ထိုအခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့ခြေလှမ်းတွေရှေ့မဆက်နိုင်တော့။

ပင်ထနောင်းညိုပွေ့ချီရာနောက်
ပါသွားသူက အဝတ်စလေးတစ်ခုပမာပျော့ခွေလို့။မျက်နှာတစ်ခုလုံးသွေးမရှိတော့တာတောင် မီးရောင်အောက်မှာSleeping Beautyလို မြင်သူတကာဂရုဏာသက်စရာ။

ခုနမှရရှိခဲ့သော ဖယ်ရိုမုန်းဆွဲဆောင်မှုကြောင့်ထင် ထိုသူ့လက်ထဲကလူကို ပြေးပွေ့လိုက်ချင်စိတ်ကအတုံးအရုန်း။သူနဲ့သာသက်ဆိုင်ရမယ့်ဖယ်ရိုမုန်းတွေ သူ့လက်ထဲသာရှိနေရမယ့်ထိုခန္တာကိုယ်လေး။အသွေးအသားထဲကအော်ဟစ်ကာဆန္ဒပြနေသည်ကို သိစိတ်နဲ့သာထိန်းလိုက်ရတယ်။

ထိုနေရာကနေဘယ်လိုထွက်လာလဲသူမသိသလို ကားပေါ်ဘယ်လိုရောက်သွားလည်းသူမသိ။မိသားစုပိုင်အိမ်ကြီးဆီရောက်မှ ညီဖြစ်သူအသံကြောင့်သူသတိဝင်မိသည်အထိ။

“ကိုCean ဘယ်လိုဖြစ်တာလဲ”

“ဒီအတိုင်းပဲ”

“ဒီအတိုင်းပဲဆိုတာကဘာတုန်း အဲ့ကလေးနဲ့အသိတွေလား ကိုCeanသူ့ကိုဘာလုပ်လိုက်တာလဲ”

“ငါဘာမှမလုပ်ဘူး”

“ကိုCeanဘာမှမလုပ်ဘဲ သူကဘယ်လိုလုပ်ပြီးShockရသွားတာတုန်း ခုနအဖြစ်ပျက်က သူအကြောက်လွန်ပြီးShockရသွားတာ သာမန်အခြေနေတစ်ခုနဲ့အဲ့အခြေနေထိရောက်မသွားဘူး”

“ကျစ်”

သူစိတ်မရှည်စွာ ဖြစ်ခဲ့​သမျှအားပြန်ပြောပြလိုက်မိသည်။သူ့လုပ်ရပ်ကဘယ်လောက်တောင်များဆိုးနေလို့ Shockရသွားရတာတဲ့လဲ။

“အဲ့တော့ပြောချင်တာက အဲ့တစ်ယောက်က ကိုCeanပြောနေကျOmegaလေး ပြီးတော့ကိုCeanကိုချည်းကပ်ချင်နေတာ အဲ့လိုလား”

“ဟုတ်တယ်”

“ကျွန်တော်တော့အဲ့လိုမထင်ဘူးနော် ကျွန်တော့်မျက်စိနဲ့တပ်အပ်မြင်ခဲ့ရသလောက်တော့ သူ့ရဲ့ဘယ်အပြုမူတွေကမှ ကိုCean ကိုသဘောကျမနေဘူး အရင်ကကိစ္စတွေကိုကျွန်တော်မမြင်လိုက်လို့ ကြောက်ချင်ယောင်ဆောင်နေတာဟုတ်မဟုတ်ကျွန်တော်မသိပေမယ့် ဒီနေ့ကိစ္စကတော့တစ်ကယ်ကိုကြောက်နေတာ”

“ငါ့စိတ်ထဲမှာခံစားမိနေတယ် သူငါ့ကိုချည်းကပ်ချင်နေတာ”

“အဲ့တာဆိုဒီနေ့ကကော သူကသူ့လူနဲ့သူလာတာ ကိုCeanကိုလည်းသူသတိမထားမိဘူး အဲ့တာကိုအရင်သွားဆွတာကိုCeanမဟုတ်ဘူးလား”

“အဲ့တာက အရင်တစ်ခါသူငါ့စိတ်ကိုမခံချင်အောင်ဆွသွားလို့”

“ကိုCeanလျစ်လျူရှူလိုက်လို့မရဘူးလား သူ့ကိုမုန်းနေတယ်ဆိုရင် သူ့ကိုဂရုစိုက်နေစရာမလိုဘူးလေ သူကိုယ်တိုင်ရောက်မလာသရွေ့ မမြင်ချင်ယောင်ဆောင်လိုက်လေ”

ဆိုဖာထက်ကျောမှီလို့ မျက်လုံးမှိတ်လိုက်သူက သူ့ကိုလျစ်လျှူကာမကြားချင်ယောင်ဆောင်သည်။

“ကိုCean “

“မင်းရောသူ့ကို ကြိုက်နေတာလား”

“ဘာကြီး “

“မနက်ကမင်းပြောတယ်လေ မင်းကနူးနူးညံ့ညံ့လေးတွေကြိုက်တာဆို သူ့ကိုကြိုက်နေတာလား”

“မင်းရောဆိုတာကဘာမေးခွန်းကြီးတုန်း”

“အားလုံးပဲ တွေ့သမျှလူတိုင်းသူ့ဘက်ကချည်းပဲ ကျောက်စက်ကလည်းငါမှားသလိုပြောတယ် အခုမင်းကလည်းငါ့အမှားလိုမျိုးပြောနေပြန်ပြီ”

“ကိုCean မှန်ခဲ့သလားကပိုအရေးကြီးတယ်လေ တစ်ခါတစ်လေဘေးလူက ကာယကံရှင်ထက်ပိုမြင်နိုင်တယ် ကိုCeanကဖယ်ရိုမုန်းချင်းကိုက်ညီမှုမြင့်တဲ့သူမို့ ကိုCeanကိုထိန်းချုပ်လာမှာစိုးလို့မကြိုက်သလို သူ့ဖယ်ရိုမုန်းရဲ့အနံ့ကလည်းအမုန်းဆုံးအနံ့မို့လို့ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် အလိုလိုနေရင်းအမြင်မကြည်ဖြစ်နေတာ သူကဆွဲဆောင်လာမယ်လို့ကိုထင်နေတာ”

“အဲ့တော့ငါကပဲမှားနေတယ်ပေါ့ ငါ့ရဲ့ Alphaသိစိတ်ကြီးက ချွတ်ချော်နေတယ်ပေါ့”

ဒေါသသံတွေပါပါလာ၍ ဆက်ပြော၍အဆင်မပြေလောက်တော့မှန်း သိလိုက်သည်။

“ကဲ ကိုCeanနားတော့ ကျွန်တော်လည်း မနက်စောထရမှာမလို့သွားအိပ်တော့မယ်
အချိန်ကပဲအရာရာကိုဆုံးဖြတ်ပေးသွားပါလိမ့်မယ်”

ပြောရင်းထွက်သွားသူကြောင့် သူလည်းသက်ပြင်းချကာ အပေါ်ထပ်သို့သာတက်ခဲ့လိုက်သည်။ရေချိုးကာအဝတ်စားလဲပြီး သည်အထိ စိတ်ကမကြည်။စီးကရက်ဘူးဆွဲလို့ ဝရံတာသို့သာထွက်ခဲ့မိလိုက်သည်။ပါပါးအတွက်Daddyစိုက်ခဲ့တဲ့နှင်းဆီတွေက ခြံထဲမှာရဲရဲနီလို့။

နှုတ်ခမ်းတစ်စုံကိုပြန်မြင်ယောင်မိတော့ သွေးရောင်မရှိတော့တဲ့ထိုနှုတ်ခမ်းတွေက မျက်လုံးထဲအရိပ်ထင်ကျန်ခဲ့သည်။ဒီနေ့ညရဲ့အိပ်မက်ထဲမှာရော စံပယ်ခင်းလေးသူ့ကိုရှောင်ပုန်းနေနိုင်ပါသလား…..

##############

ငြိမ်း🌻🌞

႐ုပ္ဖ်က္ရမယ္ဆိုၿပီး အမ်ိဳးသမီးလို ျပင္ဆင္ေပး ခံလိုက္ရတာေၾကာင့္ လူကသိပ္မေနတတ္။လုံးဝကြဲထြက္ခ်င္လွ်င္ အမ်ိဳးသမီးလိုျပင္မွရမည္ဆို၍ မ်က္စိမွိတ္ကာ လက္ခံခဲ့သည္။

ျပင္ဆင္ၿပီးခ်ိန္ ေနာင္းညိုကအရမ္းသေဘာက်ေနသလို သူကိုယ္တိုင္ကလည္းအဆင္ေျပသျဖင့္ထိုအတိုင္းသာ သြားျဖစ္လိုက္ေတာ့သည္။ပြဲသို႔ေရာက္ေတာ့ ပ်ားပန္းခတ္ ျပည့္ႏွက္ေနသူေတြေၾကာင့္ သူသိပ္အဆင္မေျပ။

ေနာင္းညိုလက္ေမာင္းကို မလႊတ္တမ္းဆြဲထားမိေတာ့ ေနာင္းညိုကခါးကိုသိုင္းဖက္ကာ ထိန္းထားေပးရသည္။ေတာ္ေသးသည္ ဖိနပ္အျမင့္မစီးခဲ့၍။မဟုတ္လွ်င္ ေခ်ာ္လဲေနေပလိမ့္မည္။

အားလုံးရဲ႕ခ်ီးမြမ္းသံေတြၾကား သူမေနတတ္ေပမယ့္ ေနာင္းညိုကေတာ့ ရယ္ခ်င္စိတ္ကိုၿမိဳသိပ္လို႔ ေက်းဇူးတင္စကားေတြျပန္ဆိုေနေသးသည္။ၿပီးလွ်င္ နားနားကပ္ကာတိုးတိုးဆိုေသးသည္။ဒီလိုေခ်ာေနတာ မိန္းကေလးမဟုတ္ဘဲ ေယာက်္ားေလးမွန္းသာသိပါက မိန္းကေလးတိုင္း Depression ေတာင္ဝင္သြားနိုင္ပါသည္တဲ့။

ဖယ္ရိုမုန္းေပါင္းစုံေၾကာင့္ ေခါင္းကိုက္လာ၍ ေလေကာင္းေလသန့္ရႉခ်င္လာသည္။ထို႔ေၾကာင့္ ေနာင္းညိုက ဝရံတာတစ္ခုဆီေခၚသြားေပးေလသည္။ထိုေနရာက သီးသန့္ျဖစ္ၿပီး လူရွိေနလွ်င္ အျပင္မွဆိုင္းဘုတ္ခ်ိတ္ထားလိုက္႐ုံပင္။မည္သူမွဝင္လာမည္မဟုတ္။

ေလတစ္ခ်ိဳ႕ ရႉရွိူက္လိုက္မွ ဦးႏွောက္တစ္ခုလုံးလန္းဆန္းသြားရသည္။မ်က္လုံးတို႔ကိုမွိတ္လို႔ ေလညွင္းသဲ့သဲ့ မ်က္ႏွာေပၚျဖတ္သြားတာကို ခံယူလိုက္သည္။

“ဟယ္လို အလွေလး တစ္ေယာက္တည္းလား”

အနားကထြက္လာတဲ့ ၾကားဖူးေနက်အသံၾသၾသေၾကာင့္ သူလန့္သြားရသည္။အဲ့ဒီလူကဘာလာလုပ္တာတုန္း။အသံမထြက္ဘဲ ထိုလူကိုသာေမာ့ၾကည့္ေနလိုက္သည္။သူမွန္းသိသြားလို႔ တမင္လာရွာတာလား။အျပင္မွာဆိုင္းဘုတ္ခ်ိတ္ခဲ့တာေတာင္ ဝင္လာတယ္ဆိုကတည္းက သူကအရမ္းစည္းကမ္းမဲ့တဲ့လူပဲ။

“အလွေလးက ကိုယ့္ကိုမႀကိဳက္ဘူးလား”

သူဘာမွျပန္မေျပာခ်င္ဘူး။အသံထြက္လိုက္တာနဲ႕ သူမွန္းသိသြားလိမ့္မယ္။သိၿပီးသားျဖစ္ေနနိုင္ေပမယ့္လည္း စကားမေျပာခ်င္ဘူး။

“ဘာလဲ”အ”ေနတာလား”

“……….”

သူျပန္မေျပာေတာ့ ဝရံတာကိုေက်ာမွီကာတံေတာင္ျဖင့္ေထာက္လို႔ ရွန္ပိန္ကို တစ္က်ိဳက္ေမာ့တယ္။

“တကယ္ကို”အ”ေနတာပဲ ဒီလိုအလွအပေတြနဲ႕ “အ”ေနတာက ႏွေမ်ာစရာေကာင္းလိုက္တာေနာ္”

“………..”

ခနဲ႕သလိုေျပာၿပီး သူ႕မ်က္ႏွာကို မ်က္လုံးေတြေမွးစင္းကာၾကည့္လာပုံက ယုန္သားစားေတာ့မယ့္ ဝံပုေလြတစ္ေကာင္လို။

“မင္းကိုေတြ႕ေတာ့ အမွိုက္တစ္စကိုေတြးမိသြားတယ္ ေယာက်ာ္းတိုင္းကိုသူ႕အလွနဲ႕ျမႇူဆြယ္ေနတဲ့တစ္ေယာက္ေလ”

“………….”

သူစူးကနဲေနေအာင္စိုက္ၾကည့္ေတာ့ သူ႕ကိုအၾကည့္စူးစူးေတြနဲ႕ ျပန္စိုက္ၾကည့္လာသည္။

“ရမလားဆိုၿပီး ငါ့ဆီေတာင္ေရာက္လာေသးတယ္ ၿပီးေတာ့ငါ့စိတ္ကိုလည္းဆြသြားေသးတယ္ ငါကမသန္မစြမ္းတဲ့ေလ ေျပာခ်င္တာက မစြမ္းေဆာင္နိုင္ဘူးေပါ့”

သူဘယ္တုန္းက အဲ့လိုေျပာလိုက္လို႔လဲ။အသက္ႀကီးလို႔ႀကီးၿပီေျပာတာကို ကိုယ့္ဘာသာလိုရာဆြဲေတြးေနၿပီးေတာ့။

“ကိုယ္ႀကဳံးဝါးထားတယ္ ဒီတစ္ခါေတြ႕ရင္ ကိုယ္သန္စြမ္းေၾကာင္းသက္ေသျပဖို႔ သူ,မသန္စြမ္းျဖစ္သြားသည္အထိ အနိုင္က်င့္ပစ္ရင္ေကာင္းမလားလို႔ေလ မင္းေရာဘယ္လိုထင္လဲ”

“ခင္ဗ်ားႀကီး႐ူးေနတာလား”

“အိုးဟို “အ”ခ်င္ေယာင္မေဆာင္ေတာ့ဘူးလား”

“ဘယ္သူက”အ”ေနလို႔လဲ ခင္ဗ်ားလိုလူ႕ဂြစာနဲ႕ စကားမေျပာခ်င္႐ုံပဲ”

“မင္းဝါသနာက ထူးဆန္းတယ္ေနာ္”

အဝတ္အစားကို ေမးဆတ္ကေျပာလာပုံ ကိုက္ဆြဲပစ္ခ်င္စရာ

“အဲ့တာ ငယ္ငယ့္ကိစၥ ခင္ဗ်ားနဲ႕ဆိုင္မေနဘူး”

“သူငယ္ခ်င္းေတြပါဆိုၿပီး ပါတနာအေနနဲ႕ပြဲတက္လို႔ရတယ္ေပါ့”

“ခင္ဗ်ားကို ရွင္းျပမေနနိုင္ဘူး ခင္ဗ်ားက လူလိုနားလည္တာမွမဟုတ္တာ”

သူေျပာၿပီးအျပင္ထြက္မယ္လုပ္ေတာ့ ခါးမွဆြဲယူလိုက္ကာ ဝရံတာႏွင့္ သူ႕ၾကားညွပ္ထားေလသည္။

“ခင္ဗ်ားဘာလုပ္တာလဲ လႊတ္”

တစ္ကိုယ္လုံးလႈပ္မရေအာင္ခ်ဳပ္ထားတာဟာ လက္တစ္ဖက္တည္းႏွင့္ အျခားလက္တစ္ဖက္က ရွန္ပိန္ခြက္ကိုင္မျပတ္။ထို႔ေနာက္မ်က္ႏွာနားငုံ႕ခ်လာတာေၾကာင့္ အသည္းအသန္႐ုန္းမိတယ္။

“ဘာေတြေၾကာက္ျပ ေနတာလဲ ေမွ်ာ္လင့္ေနတာဒီလိုအေျခအေနမလား စိတ္ေတာ့မေကာင္းဘူး ငါကအမွိုက္ေတြကို တန္ဖိုးမထားတတ္ဘူး”

“လႊတ္ေပးလို႔ ငယ္ငယ္ေအာ္လိုက္မွာေနာ္”

“ေအာ္လိုက္ေလ မင္းေအာ္လည္း မင္းဂုဏ္သိကၡာပဲက်မွာ ပါတနာပါရဲ႕သားနဲ႕ ငါ့ကိုလာျမႇူဆြယ္တယ္ဆိုၿပီးေလ ငါ့အေၾကာင္းကို တစ္နိုင္ငံလုံးသိၿပီးသား ဒါမွမဟုတ္ အားလုံးကိုသိသြားေစခ်င္ၿပီး မင္းကိုတာဝန္ယူေစခ်င္ေနတာလား အိမ္မက္မက္မေနနဲ႕ေနာ္”

“ခင္ဗ်ား႐ူးေနတာလား ထင္ရာေတြစြတ္ေျပာမေနနဲ႕ ခင္ဗ်ားကိုမႀကိဳက္ပါဘူးလို႔ေျပာၿပီးၿပီေလ နားမလည္ဘူးလား”

“စကားနဲ႕လုပ္ရပ္ေတြက မကိုက္ညီေနဘူးေလ  ပါးစပ္ကျငင္းၿပီး လူကငါ့ဆီပစ္ပစ္ဝင္လာတာမဟုတ္ဘူးလား”

“မေတာ္တဆပါလို႔ေျပာၿပီးေနၿပီေလ အခုေရာ ငယ္ငယ္ကခင္ဗ်ားဆီလာေနလို႔လား ခင္ဗ်ားဘဲငယ္ငယ့္ဆီ ျပႆနာလာရွာေနတာေလ”

“အဲ့တာ မင္းစကားရဲ႕အက်ိဳးဆက္ေတြေလ ငါ့ကိုမသန္စြမ္းလို႔မင္းပဲေျပာခဲ့တာ”

“ေျဗာင္လိမ္မေနနဲ႕ အဲ့ေန႕က ခင္ဗ်ားကိုအိုႀကီးအိုမလို႔ပဲေျပာခဲ့တာ ငယ္ငယ့္ထက္အိုလို႔အိုတယ္ေျပာတာေလ ဘာေတြနာေနတာလဲ”

“အဲ့တာသြယ္ဝိုက္ၿပီးေျပာတာပဲေလ ငါကအိုေနလို႔မစြမ္းေဆာင္နိုင္ေတာ့ဘူးလို႔ေျပာခ်င္ေနတာမလား”

“မဟုတ္ပါဘူးဆို လႊတ္ေပးလို႔”

“ဟင့္အင္း သက္ေသျပအုန္းမွာ”

ေျပာရင္းလည္ပင္းဆီမ်က္ႏွာအပ္ခ်လိဳက္ေတာ့ စံပယ္ရနံ႕ကသင္းခနဲ။မိုး႐ြာၿပီးစ ရတဲ့မိုးေရစိုေနတဲ့ စံပယ္ရနံ႕ေလး။ရေနက် စံပယ္ရနံ႕ေတြနဲ႕ မတူတဲ့ ထူးထူးျခားျခားရနံ႕ေလး။ရွန္ပိန္ခြက္ကို လႊင့္ပစ္လို႔ ေရွ႕ကေသးေသးေလးကို လက္ႏွစ္ဖက္နဲ႕ျဖစ္ညွစ္ပစ္လိုက္တယ္။

တြန္းကန္ဖို႔ေတာင္ မစြမ္းေဆာင္နိုင္တဲ့ လက္ေလးႏွစ္ဖက္က သူ႕လက္တစ္ဖက္ထဲမွာ။မ်က္ႏွာတစ္ျပင္လုံးကို ၾကမ္းၾကမ္းတမ္းတမ္းနမ္းရွိုက္ပစ္ေတာ့ ရဲေစြးသြားတာ ႏွင္းဆီနီေတြလို။ႏႈတ္ခမ္းေတြကို အနိုင္က်င့္ေတာ့ ေခါင္းကိုယိမ္းလို႔ ျငင္းဆန္လာတယ္။

လက္တစ္ဖက္က ေခါင္းေနာက္ကထိန္းကိုင္ၿပီး ႏႈတ္ခမ္းတစ္ခုလုံးကို စားသုံးပစ္တာ အငမ္းမရ။ခုနကမွစားလာဟန္တူေသာ သူသိပ္မုန္းတဲ့စေတာ္ဘယ္ရီအရသာက သူ႕ပါးစပ္ထဲေရာက္မွ အရသာျပည့္ဝေနသလို။မလုံေလာက္စြာ လည္ေခ်ာင္းထိေရာက္မတတ္လွ်ာကိုဆန့္လို႔ ခံတြင္းတစ္ခုလုံးအႏွံ႕သိမ္းပိုက္ပစ္လိုက္တယ္။

အသံမထြက္နိုင္သည္အထိ ေမာဟိုက္ေနသူက ပါးစပ္ကေလးဟလို႔ အသက္ရႉေနရသည္။မသိလိုက္ခင္ သူဆြဲေဆာင္မိတဲ့ ဖယ္ရိုမုန္းတစ္ခ်ိဳ႕ၾကား စံပယ္ပန္းရနံ႕က ခပ္သင္းသင္း။

သူစိတ္မထိန္းနိုင္စြာ လည္တိုင္ေတြဆီ ႏွာေခါင္းႏွင့္ ေမႊ႕ရမ္းပစ္သည္။သူ႕အတြက္မလုံေလာက္ေသးဘူး။အဲ့လည္ပင္းေသးေသးေလးကို ေသြးထြက္သည္အထိ စုပ္နမ္းပစ္ခ်င္သည္။အဲ့ဒီGlanေလးကို အဆုံးထိကိုက္ၿပီး သူ႕ဖယ္ရိုမုန္းေတြ အျပည့္ျဖည့္ခ်င္သည္။ၿပီးရင္ တစ္ကိုယ္လုံးကို သူ႕ရင္ခြင္ေအာက္ဖိလို႔ ၾကမ္းၾကမ္းတမ္းတမ္း နမ္းရွိုက္ပစ္မည္။

အေတြးေတြေၾကာင့္ သူ႕မ်က္ဝန္းျပာေတြ နက္ျပာေရာင္သို႔ေျပာင္းသြားသည္။ထို႔ေနာက္ သူ႕သြားစြယ္ေတြ Glandရွိရာဆီ ဦးတည္လိုက္သည္။

“ဟင့္အင္း မလုပ္ပါနဲ႕ ငယ္ငယ္ေတာင္းပန္ပါတယ္”

အသံေသးေသးေလးက ေၾကာင္သားေပါက္ေလးလို။အားမရစြာဆြဲေပြ႕ထားတာေၾကာင့္ ေျခေထာက္ေတြက ၾကမ္းျပင္ထက္ တစ္ေပခန့္အကြာမွာ။ျပဳတ္က်မွာစိုး၍ သူ႕ရင္ဘတ္က ကုတ္ကိုဆြဲထားပုံက သနားစဖြယ္။သူ႕လက္ခ်က္ေၾကာင့္ေသြးစို႔ေနတဲ့ ႏႈတ္ခမ္းတစ္စုံက တုန္တုန္ရီရီ။အသိစိတ္တစ္ခ်ိဳ႕ဝင္လာမွ လက္ထဲကလူကိုေအာက္ခ်ေပးမိသည္။

“ငါကသက္ေသျပတာ သိပ္လိုခ်င္ေနတယ္ထင္မေနနဲ႕ ျဖစ္သြားခဲ့သမွ်က မင္းရဲ႕ ဖယ္ရိုမုန္းဆြဲေဆာင္မႈေတြေၾကာင့္ပဲ ဖယ္ရိုမုန္းေတြကိုက္ညီေနပါတယ္ဆိုၿပီးေတာ့လည္း ငါ့ကိုလာမဆြဲေဆာင္နဲ႕ ငါဆိုတဲ့ေကာင္က ဘယ္သူထိန္းခ်ဳပ္တာမွခံမွာမဟုတ္ဘူး နားလည္လား”

“ဟုတ္ ဟုတ္ ငယ္ငယ္နားလည္ပါတယ္အင့္”

မ်က္ရည္ေတြက်လိဳ႕ ေခါင္းတဆတ္ဆတ္ညိတ္ေနသူက သူနဲ႕အကြာအေဝးတစ္ခုျခားေအာင္ ေနာက္ကိုေျခသုံးလွမ္းဆုတ္တယ္။ေၾကာက္ေနပုံက သူကပဲရမ္းကားပစ္ေတာ့မယ့္လူလို။

“ကိုCean ဒီေရာက္ေနတာလား ျပန္မလို႔လိုက္ရွာေနတာ”

ေျပာရင္းေဘးနားေရာက္လာသူက Horizon ။ထို႔ေနာက္ေရွ႕ကတစ္ေယာက္ကိုၾကည့္လို႔အံ့ဩသြားဟန္။အလွေလးက အနိုင္က်င့္ခံထားရပုံေပၚၿပီး သူ႕အစ္ကိုက စားေတာ့မတတ္ၾကည့္ေနတာေလ။သူသေဘာေပါက္စြာ ေရွ႕ကေခါင္းငုံ႕ေနသူကို ႏႈတ္ဆက္လိုက္သည္။

“ဟယ္လို ငါက မိုးကုတ္စက္ဝိုင္း ကိုCean ရဲ႕ညီ ရင္းရင္းႏွီးႏွီး အယ္”

စကားမဆုံးခင္ သူေၾကာင္အသြားရသည္။ေရွ႕ကတစ္ေယာက္က သူ႕ကိုျမင္ျမင္ခ်င္း ထိတ္လန္သြားပုံရကာ ရဲေစြးေနတဲ့မ်က္ႏွာကခ်က္ခ်င္းျဖဴေဖ်ာ့သြားၿပီး ႏွင္းဆီေရာင္ႏႈတ္ခမ္းက ေသြးမရွိေတာ့။ဂုတ္ကိုအုပ္ကိုင္ကာ ေနာက္ကို ဆုတ္သြားပုံက သူကတစ္ခုခုလုပ္မွာေၾကာက္ေနသလို။

သူမ်က္ေမွာင္ႀကဳံ႕လိုက္မိသည္။သူနဲ႕လည္းတစ္ခါမွမဆုံဖူးပါဘူး။ကိုCeanက ေရွ႕တစ္လွမ္းတို႔ဖို႔ျပင္ေတာ့ အထိတ္တလန့္တားလိုက္ပုံက ေၾကာက္စရာသတၱဝါလို

“မလာနဲ႕ ႏွစ္ေယာက္လုံးမလာနဲ႕ “

လွမ္းမယ့္ေျခလွမ္းေတြတန့္သြားၿပီး စိတ္ရႈပ္စြာၾကည့္ေနသူက စိတ္မၾကည္ဟန္။ထို႔ေနာက္ Omega ေလးကတံခါးဖြင့္ကာ အျပင္သို႔လွမ္းသည္။

“လျခမ္းဘာျဖစ္လာတာလဲ လျခမ္း သတိထားအုံးေလ”

တံခါးပိတ္သြားၿပီး ၾကားလိုက္ရတဲ့အသံတစ္ခ်ိဳ႕ေၾကာင့္ တျခားအခန္းမွပတ္ကာ Hallထဲျပန္ဝင္လိုက္သည္။ထိုအခါျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ သူ႕ေျခလွမ္းေတြေရွ႕မဆက္နိုင္ေတာ့။

ပင္ထေနာင္းညိုေပြ႕ခ်ီရာေနာက္
ပါသြားသူက အဝတ္စေလးတစ္ခုပမာ ေပ်ာ့ေခြလို႔ ။မ်က္ႏွာတစ္ခုလုံးေသြးမရွိေတာ့တာေတာင္ မီးေရာင္ေအာက္မွာ Sleeping Beauty လို ျမင္သူတကာ ဂ႐ုဏာသက္စရာ။

ခုနမွရရွိခဲ့ေသာ ဖယ္ရိုမုန္းဆြဲေဆာင္မႈေၾကာင့္ထင္ ထိုသူ႕လက္ထဲကလူကို ေျပးေပြ႕လိုက္ခ်င္စိတ္က အတုံးအ႐ုန္း။သူနဲ႕သာသက္ဆိုင္ရမယ့္ဖယ္ရိုမုန္းေတြ သူ႕လက္ထဲသာရွိေနရမယ့္ ထိုခႏၱာကိုယ္ေလး။အေသြးအသားထဲကေအာ္ဟစ္ကာ ဆႏၵျပေနသည္ကို သိစိတ္နဲ႕သာထိန္းလိုက္ရတယ္။

ထိုေနရာကေနဘယ္လိုထြက္လာလဲသူမသိသလို ကားေပၚဘယ္လိုေရာက္သြားလည္းသူမသိ။မိသားစုပိုင္အိမ္ႀကီးဆီေရာက္မွ ညီျဖစ္သူအသံေၾကာင့္သူသတိဝင္မိသည္အထိ။

“ကိုCean ဘယ္လိုျဖစ္တာလဲ”

“ဒီအတိုင္းပဲ”

“ဒီအတိုင္းပဲဆိုတာကဘာတုန္း အဲ့ကေလးနဲ႕အသိေတြလား ကိုCean သူ႕ကိုဘာလုပ္လိုက္တာလဲ”

“ငါဘာမွမလုပ္ဘူး”

“ကိုCean ဘာမွမလုပ္ဘဲ သူကဘယ္လိုလုပ္ၿပီး Shockရသြားတာတုန္း ခုနအျဖစ္ပ်က္က သူအေၾကာက္လြန္ၿပီး Shockရသြားတာ သာမန္အေျခေနတစ္ခုနဲ႕ အဲ့အေျခေနထိေရာက္မသြားဘူး”

“က်စ္”

သူစိတ္မရွည္စြာ ျဖစ္ခဲ့သမွ်အားျပန္ေျပာျပလိုက္မိသည္။သူ႕လုပ္ရပ္က ဘယ္ေလာက္ေတာင္မ်ားဆိုးေနလို႔ Shock ရသြားရတာတဲ့လဲ။

“အဲ့ေတာ့ေျပာခ်င္တာက အဲ့တစ္ေယာက္က ကိုCean ေျပာေနက် Omegaေလး ၿပီးေတာ့ကိုCeanကိုခ်ည္းကပ္ခ်င္ေနတာ အဲ့လိုလား”

“ဟုတ္တယ္”

“ကြၽန္ေတာ္ေတာ့အဲ့လိုမထင္ဘူးေနာ္ ကြၽန္ေတာ့္မ်က္စိနဲ႕တပ္အပ္ျမင္ခဲ့ရသေလာက္ေတာ့ သူ႕ရဲ႕ဘယ္အျပဳမူေတြကမွ ကိုCean ကို သေဘာက်မေနဘူး အရင္ကကိစၥေတြကိုကြၽန္ေတာ္မျမင္လိုက္လို႔ ေၾကာက္ခ်င္ေယာင္ေဆာင္ေနတာဟုတ္မဟုတ္ကြၽန္ေတာ္မသိေပမယ့္ ဒီေန႕ကိစၥကေတာ့ တစ္ကယ္ကိုေၾကာက္ေနတာ”

“ငါ့စိတ္ထဲမွာခံစားမိေနတယ္ သူငါ့ကိုခ်ည္းကပ္ခ်င္ေနတာ”

“အဲ့တာဆိုဒီေန႕ကေကာ သူကသူ႕လူနဲ႕သူလာတာ ကိုCeanကိုလည္း သူသတိမထားမိဘူး အဲ့တာကိုအရင္သြားဆြတာ ကိုCeanမဟုတ္ဘူးလား”

“အဲ့တာကအရင္တစ္ခါ သူငါ့စိတ္ကိုမခံခ်င္ေအာင္ဆြသြားလို႔”

“ကိုCean လ်စ္လ်ဴရႉလိုက္လို႔ မရဘူးလား သူ႕ကိုမုန္းေနတယ္ဆိုရင္ သူ႕ကိုဂ႐ုစိုက္ေနစရာမလိုဘူးေလ သူကိုယ္တိုင္ေရာက္မလာသေ႐ြ႕ မျမင္ခ်င္ေယာင္ေဆာင္လိုက္ေလ”

ဆိုဖာထက္ေက်ာမွီလို႔ မ်က္လုံးမွိတ္လိုက္သူက သူ႕ကိုလ်စ္လ်ႉကာ မၾကားခ်င္ေယာင္ေဆာင္သည္။

“ကိုCean “

“မင္းေရာသူ႕ကို ႀကိဳက္ေနတာလား”

“ဘာႀကီး “

“မနက္ကမင္းေျပာတယ္ေလ မင္းကႏူးႏူးညံ့ညံ့ေလးေတြႀကိဳက္တာဆို သူ႕ကိုႀကိဳက္ေနတာလား”

“မင္းေရာဆိုတာကဘာေမးခြန္းႀကီးတုန္း”

“အားလုံးပဲ ေတြ႕သမွ်လူတိုင္းသူ႕ဘက္ကခ်ည္းပဲ ေက်ာက္စက္ကလည္း ငါမွားသလိုေျပာတယ္ အခုမင္းကလည္းငါ့အမွားလိုမ်ိဳးေျပာေနျပန္ၿပီ”

“ကိုCean မွန္ခဲ့သလားကပိုအေရးႀကီးတယ္ေလ တစ္ခါတစ္ေလ ေဘးလူက ကာယကံရွင္ထက္ပိုျမင္နိုင္တယ္ ကိုCeanက ဖယ္ရိုမုန္းခ်င္းကိုက္ညီမႈျမင့္တဲ့သူမို႔ ကိုCeanကိုထိန္းခ်ဳပ္လာမွာစိုးလို႔မႀကိဳက္သလို သူ႕ဖယ္ရိုမုန္းရဲ႕အနံ႕ကလည္းအမုန္းဆုံးအနံ႕မို႔လို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေတြေၾကာင့္ အလိုလိုေနရင္းအျမင္မၾကည္ျဖစ္ေနတာ သူကဆြဲေဆာင္လာမယ္လို႔ကိုထင္ေနတာ”

“အဲ့ေတာ့ငါကပဲမွားေနတယ္ေပါ့ ငါ့ရဲ႕ Alphaသိစိတ္ႀကီးက ခြၽတ္ေခ်ာ္ေနတယ္ေပါ့”

ေဒါသသံေတြပါ ပါလာ၍ ဆက္ေျပာ၍အဆင္မေျပေလာက္ေတာ့မွန္း သိလိုက္သည္။

“ကဲ ကိုCean နားေတာ့ ကြၽန္ေတာ္လည္း မနက္ေစာထရမွာမလို႔ သြားအိပ္ေတာ့မယ္
အခ်ိန္ကပဲ အရာရာကို ဆုံးျဖတ္ေပးသြားပါလိမ့္မယ္”

ေျပာရင္းထြက္သြားသူေၾကာင့္ သူလည္းသက္ျပင္းခ်ကာ အေပၚထပ္သို႔သာတက္ခဲ့လိုက္သည္။ေရခ်ိဳးကာ အဝတ္စားလဲၿပီး သည္အထိ စိတ္ကမၾကည္။စီးကရက္ဘူးဆြဲလို႔ ဝရံတာသို႔သာထြက္ခဲ့မိလိုက္သည္။ပါပါးအတြက္Daddyစိုက္ခဲ့တဲ့ ႏွင္းဆီေတြက ၿခံထဲမွာရဲရဲနီလို႔။

ႏႈတ္ခမ္းတစ္စုံကိုျပန္ျမင္ေယာင္မိေတာ့ ေသြးေရာင္မရွိေတာ့တဲ့ထိုႏႈတ္ခမ္းေတြက မ်က္လုံးထဲအရိပ္ထင္က်န္ခဲ့သည္။ဒီေန႕ညရဲ႕အိပ္မက္ထဲမွာေကာ စံပယ္ခင္းေလး သူ႕ကိုေရွာင္ပုန္းေနနိုင္ပါသလား…..

##############

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၉, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၉, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၉ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၉ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၉ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၉ light novel, ,

Comment

Leave a Reply

Chapter 10