Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၀

A+ A-

အလုပ်ခန်းထဲ စားပွဲထက်ကMacbookကိုဖွင့်ထားသော်ငြား သူ့စိတ်တွေကတခြားနေရာဆီမှာ။တစ်ပါတ်လုံးစိတ်မကြည်နေတာ အိပ်ရေးမဝလို့မဟုတ်။ဟိုတစ်ယောက်လက်ထဲပါသွားတဲ့ ပုံရိပ်လေးကိုတွေးမိတော့ ဒေါသတွေကပွက်ပွက်ဆူလာရော။

ဘာကိုဒေါသထွက်လို့ထွက်မှန်းမသိ။ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်းမသိ။သေချာတာတစ်ခုက ထိုတစ်ယောက်နှင့်ပတ်သပ်နေပါသည်။ဒီတစ်ပါတ်တည်း သောက်ဖြစ်တဲ့စီးကရက်တွေသိပ်များနေပါပြီ။

Horizonကဆိုင်မှာသွားစားမည်ဟုဖုန်းဆက်လာသဖြင့် ပို့ပေးသောလိပ်စာအတိုင်းသာ ထွက်လာလိုက်သည်။ယနေ့ရာသီဥတုက မိုးအုံ့နေ၍ကြည်ကြည်လင်လင်မရှိ။စိတ်ဓာတ်ကျစရာအငွေ့အသက်အပြည့်နှင့်။

ဆိုင်လေးကရိုးရာစားသောက်ဆိုင်လေး။သန့်ရှင်းသပ်ရပ်ပြီး တိတ်တိတ်ဆိတ်ဆိတ်သာ။စားပွဲတစ်လုံးနှင့်တစ်လုံးကြား အကန့်လေးသာကန့်ထားပြီး သီးသန့်ခန်းတော့မဟုတ်။သူမျက်ခုံးပင့်ကာ လျှောက်လာခဲ့တော့ Horizonကလက်လှမ်းပြသည်။

Maskကိုချွတ်လို့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်တော့ Menuစာအုပ်ကိုရှေ့တိုးပေးသည်။

“ဆိုင်ကတော့သိပ်မကြီးကျယ်ဘူး အစားအသောက်အရမ်းကောင်းလို့ ကိုCean ကိုလှမ်းခေါ်လိုက်တာ ဒီတလောသိပ်မစားဘူးလို့ကြားလို့”

ဘယ်သူ့ဆီကလဲလို့မေးစရာမလို သက်တော်စောင့်ခေါင်းဆောင်ဆီကနေမှာပေါ့။ဘာမှမပြောသေးဘဲ Menuစာအုပ်ကိုသာလှန်လိုက်ပြီး အနည်းငယ်သာမှာလိုက်သည်။စားပွဲထိုးလေးထွက်သွားမှ နှစ်ယောက်သားအကြည့်ချင်းဆုံဖြစ်သည်။

“ကိုCeanနေမကောင်းဘူးလား မျက်နှာနည်းနည်းချောင်ကျသွားသလိုပဲ အိပ်ကောအိပ်ရဲ့လား”

“အိပ်ပါတယ် ဒီအတိုင်း… အလုပ်တွေနည်းနည်းရှူပ်နေလို့”

“တော်ရုံပဲလုပ်ပါကိုCeanရာ အခုအခြေနေနဲ့တောင်ဆယ်သက်စားမကုန်ဖြစ်နေပြီ ကျွေးစရာသားသမီးတွေလည်းရှိနေတာမဟုတ်ဘဲနဲ့”

“အဟွန်း… ဒါနဲ့ အငယ်ကောင်ရောမခေါ်ထားဘူးလား”

“Geoကခရီးထွက်သွားတယ်ကိုCeanရဲ့ Sပြည်နယ်ဖက်ကိုတဲ့ အလုပ်ကိစ္စနဲ့သွားရင်း လည်ပတ်ပြီးမှပြန်လာမယ်လို့တော့ပြောတယ်”

“အရင်တစ်ခါသူပြောတဲ့ကိစ္စကြောင့်ထင်တယ် Bodyguardတွေရောခေါ်သွားလားမသိဘူး ငါ့ကိုလည်းမပြောသွားဘူး”

“ကိုCeanအလုပ်ရှူပ်နေမှန်းသိလို့မပြောသွားတာ မစိုးရိမ်ပါနဲ့ဗျာ သူလည်းDominant Alphaတစ်ယောက်ပါ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ပါတယ်”

“သူက ကလေးပဲရှိသေးတာ”

“23နှစ်ကကလေးလားဗျာ အဲ့လိုဆို ဟိုOmegaလေးကျတော့ရော ကလေးကအိုနေပြီလို့ပြောတာကျတော့ အရမ်းနာနေတာမဟုတ်ဘူးလား”

“မဆိုင်ဘူး”

မျက်မှောင်ကြုံ့လို့ပြန်ငြင်းမိတယ်။အဲ့တစ်ယောက်အကြောင်းကြားရရင်ကို စိတ်ကမကြည်တော့။

“ကျွန်တော်သတင်းတစ်ခုကြားလာတယ် သူ့အကြောင်း”

ဘာလဲဆိုသည့်သဘောဖြင့်မျက်မှောင်ကြုံ့ကာ ​မေးဆတ်ပြလာသည်။

“ဟိုတစ်နေ့ကပွဲမှာShockရပြီး လေးရက်တောင်ဖျားသွားတာတဲ့လေ”

“မင်းကဘယ်လိုသိလာတာလဲ”

“ကျွန်တော့သူငယ်ချင်းကအဲ့ဒီBetaပင်ထနောင်းညိုရဲ့family doctorလေ သူတိုက်ခန်းထိသွားကြည့်ပေးရတာ အကြောက်လွန်ပြီးဖျားသွားတာတဲ့ သူလည်းယောကျ်ားလေးOmegaမှန်းအဲ့တော့မှသိတာ အရမ်းလှလို့သဘောတွေကျနေတာလေ ပြီးတော့ ပင်ထနောင်းညိုနဲ့လည်းဘာမှမသက်ဆိုင်တော့ လိုက်,ကြည့်ချင်တယ်လို့တောင်ပြောနေသေးတယ် သူတော်တော်သဘောကျနေတာ”

“အဲ့Betaကောင်ရဲ့ ရည်းစားမဟုတ်ဘူးလား”

“မဟုတ်ဘူးတဲ့ သူငယ်ချင်းတွေလို့ပြောတာပဲ သူကအမြဲကြည့်ပေးနေကျဆရာဝန်ဆိုတော့ ပင်ထနောင်းညိုအကြောင်းအကုန်သိတယ်
Playboyဆိုပေမယ့် ဘယ်တော့မှsilentမတွဲဘူးပေါ်တင်ပဲ အဲ့နေ့ပွဲတုန်းကမိန်းကလေးလိုပြင်လိုက်တာကလည်းသူ့သူငယ်ချင်းအတွက်လေ သူကplayboyဆိုတော့သူနဲ့တွဲလာတိုင်းသူ့လူလို့ပဲထင်မှာ”

“ဒါဆိုဘာလို့ခေါ်သွားနေသေးလဲ”

“Omegaလေးကသွားချင်နေလို့ပေါ့  အဲ့ကလေးကသူငယ်ချင်းနှစ်ယောက်ရဲ့အချစ်ခံလေးလေ မိဘမရှိဆွေမျိုးမရှိတဲ့အဲ့ကလေးက သူငယ်ချင်းနှစ်ယောက်ရဲ့အုပ်ထိန်း
မှုအောက်မှာပဲနေလာတာနှစ်တွေမှမနည်းတော့တာ သူဘာဖြစ်ချင်နေပါစေလိုက်လျောပေးကြမှာပဲ”

“ဟာသတွေ”

“အာ ပြောရင်းအသက်ရှည်အုံးမယ်”

ဝင်ပေါက်ဘက်ကြည့်လို့ပြောလာသူကြောင့် သူပါလိုက်လှည့်ကြည့်မိသည်။ခေါင်းငုံ့ကာလိုက်ပါလာသူက လက်ဆွဲကာခေါ်လာတဲ့ Alphaနောက်ခပ်ရို့ရို့။

“နောက်တစ်ယောက်ကပေါ်လာပြန်ပြီ ဒါကိုများ ငါပြောတော့ငါကလူယုတ်မာလို”

ပြောရင်းခုံပေါ်ကရေခွက်အားကောက်မော့လိုက်သည်။ဘာကြောင့်ရယ်မသိစွာရင်ထဲတင်းတင်းကြပ်ကြပ်။

“ကိုCeanကလည်း သူတို့ကဘာတော်မှန်းမသိဘဲနဲ့”

“မင်းပြောတော့သူက တစ်ကောင်ကြွက်ပါဆို”

“အဲ့ဒါက”

ပြောလက်စ စကားကိုရပ်ကာ ထိုတစ်ယောက်ကိုကြည့်မိသည်။အရပ်မြင့်မြင့် အသားဖြူဖြူဖြင့် မျက်မှန်ကာထားတာတောင် မျက်ဝန်းကြည်ကြည်တို့ကိုမကာကွယ်နိုင်။မျက်နှာသွင်ပြင်ကAlphaဆန်ဆန်ခန့်ငြားနေသော်လည်း မျက်ဝန်းတို့ကလှပလွန်းနေသည်။အညိုရောင် ဆံပင်ခွေခွေတွေကအသည်းယားစဖွယ်။

သူတို့ထိုင်နေတဲ့ကပ်ရပ် Ceanနောက်မှာဝင်လာထိုင်လိုက်သံအားကြားရသည်။

“လခြမ်းလေး ဘာစားမလဲကြိုက်တာမှာ”

“မစားချင်ဘူး”

“မစားချင်လို့မရဘူး နေပြန်ကောင်းတာမကြာသေးဘူးထပ်လဲသွားလိမ့်မယ် “

“စားမှမစားချင်တာကို”

“လိမ္မာပါတယ်ကွာ နည်းနည်းတော့စားလိုက် လခြမ်းကြိုက်တတ်တာ ကိုကြီးမှာလိုက်မယ်နော် “

“နည်းနည်းပဲမှာ”

“အင်းပါနည်းနည်းပဲမှာမှာ ကုန်အောင်တော့စားရမယ်နော် လခြမ်းသူငယ်ချင်းတွေကို ကိုကြီးကြောက်ပါတယ်ဗျာ အပြင်ခေါ်သွားပြီး ဘာမှဝင်အောင်ကျွေးမလာနိုင်ရင် ကိုကြီးကိုပွစိပွစိလုပ်တော့မှာ ဒါနဲ့တိမ်ငွေ့ရောလခြမ်းနေမကောင်းတာသိလား”

“ဟင့်အင်းမသိဘူး သိရင်ချက်ချင်းရောက်လာမှာစိုးလို့ ကိုကြီးလည်းသွားမပြောနဲ့နော် သူမသိအောင်ငယ်ငယ်အပြင်ခိုးထွက်သွားတာ အခုသူအလုပ်ရှူပ်နေတာ သိသွားရင်စိတ်ပူပြီးရောက်လာမှာ ငယ်ငယ့်ကြောင့်အလုပ်ပိုမရှူပ်စေချင်လို့”

“သူကပေးမထွက်ဘူးလား”

“အဲ့လိုမဟုတ်ပါဘူး ငယ်ငယ်အပြင်ထွက်တိုင်းဒဏ်ရာရလာလို့တဲ့ အခုခိုးထွက်ရင်း ထပ်ပြီးနေမကောင်းဖြစ်မှန်းသိရင် သူစိတ်ဆိုးသွားလိမ့်မယ်”

“ဟုတ်ပါပြီ ဒါနဲ့ပြောပါအုံးအခုကိစ္စကရောဘယ်လိုဖြစ်တာတုန်း”

“ဒီတိုင်း ငယ်ငယ်အားနည်းနေရုံပါ”

“တစ်ခုခုမဖြစ်ခဲ့တာသေချာလား”

“ဟုတ်သေချာတယ်”

“ခုတစ်လော လခြမ်းထိခိုက်မှုတွေခဏခဏဖြစ်နေတာ တစ်ယောက်ယောက်ပယောဂပါလား “

“မပါပါဘူး ငယ်ငယ်ကနမော်နမဲ့နိုင်လို့ဖြစ်တာပါ”

ထငြင်းမိတာ အသည်းအသန်။

“ပြောပါအုံး လူတစ်ယောက်လုံးကို ခြေချောင်းအက်အောင်ထိဝင်တိုက်သွားတဲ့သူကဒီအတိုင်းထွက်သွားတာတာဝန်မမဲ့လွန်းဘူးလား အဲ့ဒါAlphaတစ်ယောက်မလား လခြမ်းသိနေတာလား”

“ငယ်ငယ်တကယ်မသိပါဘူး အဲ့တာတကယ်မတော်တဆပါ ငယ်ငယ့်စတော်ဘယ်ရီ juiceတွေသူ့ပေါ်မှောက်ကျသွားလို့ သူကရုတ်တရတ်ထွက်သွားရတာပါ “

“သူအဝတ်စားနည်းနည်းလေးညစ်ပတ်သွားတာနဲ့ပဲ ခြေချောင်းအက်သွားတဲ့အားနည်းတဲ့ Omegaလေးကို ဒီအတိုင်းထားခဲ့တယ်ပေါ့ ကျိုးသွားနိုင်တဲ့အထိပြင်းထန်နေတာကိုလေ”

“ငယ်ငယ်ကနမော်နမဲ့နိုင်လိုက်မိလို့ပါ ပြီးတော့သူကတမင်ရည်ရွယ်တာမဟုတ်ပါဘူး အဲ့အကြောင်းလည်းသူမသိပါဘူး”

“ထားပါတော့ အဲ့ဒီအပူလောင်တာကရော”

“အဲ့တာလည်းမတော်တဆပါပဲ”

အမေးခံလိုက်ရမှသတိရကာငိုချင်လာပြန်သည်။

“ဟုတ်ပြီကိုကြီးမမေးတော့ဘူး ငိုတော့မငိုပါနဲ့ စားစရာရှိတာအရင်စားရအောင်နော်
ပြီးရင် Oceanမှာပစ္စည်းသွားဝယ်ကြမယ်”

“ငယ်ငယ်မသွားချင်ဘူး”

“ဘာလို့လဲ နေမကောင်းဘူးလား”

“အဲ့လိုမဟုတ်ပေမယ့် အဲ့ဒီကိုမသွားချင်ဘူး”

“အရင်နှစ်ခါလိုဖြစ်မှာစိုးရိမ်နေတာလား မစိုးရိမ်ပါနဲ့ကိုကြီးပါနေတာပဲ ငယ်ငယ်ပဲ အရုပ်တွေအများကြီးလိုချင်သေးတယ်ဆို ဖုန်းဆက်တုန်းကပူဆာနေပြီးတော့ အခုကိုကြီးကလိုက်ဝယ်ပေးမှာ လိုချင်တာသာပြောလိုက် Daddyကလခြမ်းဖို့မုန့်ဖိုးတွေအများကြီးထည့်ပေးလိုက်တယ်”

“ဟင့်အင်းမလိုချင်တော့ဘူး တိမ်ငွေ့နဲ့နောင်းညိုအများကြီးဝယ်ပေးထားတယ်မလိုချင်တော့ဘူး ငယ်ငယ်တို့တခြားနေရာတွေသွားကြမယ်လေနော်”

“ဟုတ်ပါပြီ သဘောပါဗျာများများစားနော်”

ဟိုဘက်ကစားသောက်နေသံတွေကြောင့် သူတို့နှစ်ယောက်လည်း စကားမပြောဖြစ်တော့ စားစရာရှိတာသာစားလိုက်တော့သည်။Ceanမျက်နှာကပုံမှန်မျက်နှာသေဆိုသော်ငြား ညီဖြစ်သည့်သူကတော့အကဲခတ်တတ်ပါသည်။စိတ်မကောင်းဖြစ်နေတာ။သူ မသိမသာပြုံးလို့ ​စားစရာကိုသာငုံ့စားလိုက်သည်။

စားသောက်ပြီးတော့ အချိုပွဲတွေရောက်လာသော်ငြားမစားဖြစ်။နှစ်ယောက်လုံးကအချိုပွဲမကြိုက်သော်လည်းထမပြန်သေး။အစ်ကိုဖြစ်သူကပြန်မည့်ဟန်မပြတာမို့ သူလည်းဆက်ထိုင်နေလိုက်သည်။

“နည်းနည်းကျန်သေးတယ်လေ ထပ်စားလိုက်အုံးလေ”

“ဟင့်အင်းတော်ပြီ ငယ်ငယ်မစားနိုင်တော့ဘူး”

“အဲ့တာဆို စတော်ဘယ်ရီသီးလေးစားလိုက်အုံး ငယ်ငယ်အကြိုက်ဆုံးအသီးဆိုတာကိုကြီးသိတယ်”

“ဟုတ် ငယ်ငယ်တောင်အိမ်မှာစိုက်ထားသေးတယ် တိမ်ငွေ့ယူလာပေးတာ”

“အရင်တစ်ခါ VCပြောတုန်းကအပင်တွေလား”

“ဟုတ်တယ် ငါးပင်ရှိတယ်”

“စံပယ်ပင်တွေလည်းတွေ့တယ် ငယ်ငယ်ကိုယ်တိုင်သွားရွေးလာတာလား”

“ဟင့်အင်း အကုန်လုံးတိမ်ငွေ့ယူလာပေးတာ ငယ်ငယ်Sပြည်နယ်ကတိမ်ငွေ့အိမ်ကိုသွားလည်တုန်းကတွေ့ခဲ့တယ် သူ့ခြံထဲမှာစံပယ်ပင်တွေအများကြီးစိုက်ပေးထားတာ အကုန်ငယ်ငယ့်အတွက်လက်ဆောင်တဲ့”

“တိမ်ငွေ့ကလခြမ်းကိုအများကြီးဂရုစိုက်ပေးတာပဲ”

“ဟုတ်တယ် ပြီးတော့ပြောသေးတယ်ငယ်ငယ်အိမ်ထောင်မပြုရင် သူကလူပျိုကြီးလုပ်ပြီးငယ်ငယ့်ကိုပဲဂရုစိုက်ပေးမှာတဲ့”

“သူကရည်းစားမရှိသေးဘူးလား”

“မရှိသေးဘူး သူကပြောတယ်ငယ်ငယ်တို့နှစ်ယောက်နဲ့တောင်ခေါင်းမွှေးပြောင်တော့မယ်တဲ့ ရည်းစားကိုအချိန်မပေးနိုင်သေးဘူးတဲ့”

“လခြမ်းကရော “

“ငယ်ငယ်ကရည်းစားမထားချင်ဘူး တစ်ယောက်တည်းပဲနေချင်တာ သူငယ်ချင်းတွေရှိရင်အဆင်ပြေနေပြီ ရည်းစားမလိုချင်ဘူး”

“ဟုတ်ပါပြီ တကယ်လို့စဥ်းစားဖြစ်ရင်တိမ်ငွေ့ကိုပဲစဥ်းစားရမယ်နော် တခြားဘယ်သူ့ကိုမှမယုံရဘူး ဖေဖေတို့ကလည်းသူနဲ့ပဲစိတ်ချတယ် အဲ့လိုစိတ်ချလို့လည်းဒီမှာစိတ်ချလက်ချထားခဲ့တာပေါ့ သူငယ်ချင်းအနေနဲ့ဘဲဖြစ်ဖြစ်ချစ်သူအနေနဲ့ဘဲဖြစ်ဖြစ် သူကယုံကြည်စိတ်ချရဆုံးသူပဲ”

“ငယ်ငယ်ချစ်သူမဖြစ်ချင်ဘူး ငယ်ငယ်ကချစ်လို့မရဘူး”

“ဘာလို့လဲလခြမ်းရဲ့”

“မသိဘူး ငယ်ငယ့်မှာချစ်ခွင့်မရှိတာပဲသိတယ် တိမ်ငွေ့မှမဟုတ်ဘူးဘယ်သူ့ကိုဖြစ်ဖြစ် ငယ်ငယ်ချစ်လို့မရဘူး”

“လခြမ်းလေးကဘယ်လိုသိတာလဲ”

“ငယ်ငယ်အိမ်မက်လည်းမက်တယ် ဗေဒင်ဆရာတိုင်းကလည်းပြောထားတယ် စိတ်ထဲမှာလည်းခံစားမိနေတယ်”

“အဲ့လိုမဟုတ်ဘူးလေလခြမ်းရဲ့ အိမ်မက်ဆိုတာကအစွဲလန်းကြောင့်မဟုတ်ရင်သွေး လေခြောက်ခြားလို့မက်တာ ဗေဒင်ဆရာဆိုတာကလည်းလူတိုင်းရဲ့ကံတရားကိုသိနေလို့မဟုတ်ဘူး တစ်ချို့အရာတွေကခန့်မှန်းလိုက်ရုံပဲ တိုက်ဆိုင်မှုတွေကြောင့်သာလူတွေကယုံနေကြတာ စိတ်ထဲမှာခံစားမိနေတာက အစောကအချက်တွေကိုမသိစိတ်ထဲမှာစွဲနေတာ လူတိုင်းမှာချစ်ခွင့်ရှိတယ် ချစ်ခွင့်မရှိတဲ့လူဆိုတာဘယ်မှာရှိလို့လဲ”

“မဟုတ်ပါဘူးဆို ငယ်ငယ်မချစ်ချင်ပါဘူးဆို”

“ဟုတ်ပြီ ဟုတ်ပြီ လခြမ်းလေးသဘော ကိုကြီးဘာမှမပြောတော့ဘူးနော် ငိုတော့မငိုပါနဲ့”

“ကိုကြီးကိုငယ်ငယ်အကူညီတစ်ခုလောက်တောင်းချင်လို့”

“ပြော ဘာလိုချင်လဲ”

“ကိုကြီးပြန်ရင် ငယ်ငယ်လိုက်ခဲ့ချင်တယ်”

“အလည်လိုက်ချင်လို့လား လိုက်ခဲ့လေပျော်သလောက်နေ”

“မဟုတ်ဘူး ငယ်ငယ်ကNနိုင်ငံမှာပဲအပြီးနေချင်တာ ဒီကိုပြန်မလာချင်ဘူး”

“ဘာလို့လဲကလေးရဲ့ အရင်တုန်းကခေါ်တော့မလိုက်ချင်ဘူးဆို အခုသူငယ်ချင်းတွေနဲ့အဆင်မပြေလို့လား တစ်ယောက်တည်းအထီးကျန်လို့လား”

“မဟုတ်ပါဘူး ဒီအတိုင်းငယ်ငယ်ကြောက်လို့”

“ဘာကိုကြောက်တာလဲ ကိုကြီးကိုပြော လခြမ်းကိုတစ်ယောက်ယောက်ကနှောင့်ယှက်နေလို့လား”

“ဟင့်အင်းမရှိပါဘူး ငယ်ငယ်လိုက်ခဲ့လို့မရဘူးလား ငယ်ငယ့်ကိုခေါ်သွားလေနော်”

“ကိုကြီးခေါ်သွားလို့ရတယ် ခေါ်သွားပေးမယ် လခြမ်းဘာကိုကြောက်တာလဲအရင်ပြော “

“ပြောလို့မရဘူး “

“အဲ့တာဆိုဘာလို့ကြောက်တာလဲပြောပြလေနော်”

“ငယ်ငယ့်အိမ်မက်ထဲမှာငယ်ငယ့်ကိုသတ်ပစ်လိုက်တဲ့သူတွေကိုတွေ့လိုက်တယ် သူကအပြင်မှာလည်းငယ်ငယ့်ကိုမုန်းနေတာ သူကငယ်ငယ့်ကိုသတ်ပစ်လိမ့်မယ်”

“မဟုတ်တာလခြမ်းရယ် အလကားနေရင်း လူတစ်ယောက်ကိုဘာလို့သတ်ရမှာလဲလခြမ်း အိမ်မက်ကိုစိတ်စွဲနေလို့ပါ အိမ်မက်တိုင်းကလက်တွေ့မှာဖြစ်မလာမှန်းလခြမ်းသိနေတာပဲမလား”

“မဟုတ်ဘူး သူကတကယ်သတ်ပစ်မှာ အင့်”

“ဟုတ်ပြီဟုတ်ပြီမငိုနဲ့နော် ကိုကြီးကိုပြော ဟိုတစ်နေ့ကပွဲမှာ သူတို့ကိုလခြမ်းတွေ့လိုက်လို့ အရမ်းလန့်ပြီးနေမကောင်းဖြစ်သွားတာ ဟုတ်တယ်မလား”

“အင့်ဟီးးးး”

“အိုကေ မငိုနဲ့တော့နော် ကိုကြီးပြန်ရင်လခြမ်းကိုခေါ်သွားပေးမယ်ဟုတ်ပြီလား မငိုနဲ့တော့နော် ကိုကြီးတို့ Mallကိုလည်းမသွားတော့ဘူး
ကိုကြီးသူငယ်ချင်းဖွင့်ထားတဲ့ ကစားကွင်းကိုလိုက်ပို့မယ်နော် ထ,သွားရအောင် ​မငိုနဲ့တော့အပြန်ငိုလာမှန်းသိရင် နောင်းညိုကကိုကြီးကို စိတ်ဆိုးပြီး တိမ်ငွေ့ကိုပြန်တိုင်လိမ့်မယ် လိမ္မာတယ်နော်”

ပခုံးကိုဖက်လို့ခေါ်သွားသူနောက်ပါသွားသူက ပခုံးတွေတသိမ့်သိမ့်တုန်လို့။သူတို့လာသည့်အချိန်မှစ၍ ပြန်သည့်အချိန်ထိ သူတို့ညီအစ်ကိုအသံမထွက်ဖြစ်။

“ကိုCean အရမ်းပျော်နေတော့မှာပဲ”

“ဘာကိုလဲ”

“ကိုCean အရမ်းကြည့်မရနေတဲ့သူက ကိုCeanကြောင့် ဒီနိုင်ငံမှာတောင်မနေတော့ဘူးဆိုပဲ “

“ငါနဲ့ဘာဆိုင်နေလို့လဲ”

“ကိုCeanဘာလုပ်ခဲ့လဲကိုယ့်ကိုယ်ကိုအသိဆုံးနေမှာပါ သူမက်ခဲ့တဲ့အိပ်မက်ဆိုးတိုင်း ကိုCeanနဲ့မဆိုင်ဘူးလို့တော့ပြောမရဘူးမလား “

“သူကငါရှိနေမှန်းသိလို့Dramaချိုးသွားတာ
ငါကယုံကြည်ပေးရမှာလား”

“ကိုCean သူ့ကိုတကယ်ကိုမုန်းနေတာပဲ အမှန်ကိုမမြင်နိုင်တဲ့အထိ”

ပြောရင်းသူထရပ်လိုက်တယ်။

“ကျွန်တော်ပြန်နှင့်မယ် အလုပ်တွေရှိသေးလို့ ပိုက်ဆံကျွန်တော်ရှင်းသွားလိုက်မယ်”

ပြောရင်းထွက်သွားသူနောက် သူမလိုက်သွားမိ။ဟိုတစ်ယောက်ပြောခဲ့တဲ့စကားတွေသာ နားထဲတဝဲလည်လည်။သူ့လုပ်ရပ်တွေအဲ့လောက်ဆိုးရွားခဲ့ပါသလား။ပြီးတော့ သူ့ကိုတကယ်ကိုအရမ်းကြောက်နေတာလား။ဒီနိုင်ငံကနေ တကယ်ကိုထွက်သွားတော့မှာလား။

အတွေးတွေကြား သူ့နှလုံးသားတစ်​ခြမ်းက တဆတ်ဆတ်တုန်လာတယ်။အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ချို့ကနှလုံးသားဆီဝင်တိုက်တယ်။မမက်တာကြာတဲ့အိမ်မက်နဲ့အတူ မကြိုက်ခဲ့ဖူးတဲ့စံပယ်နံ့တစ်ချို့ကိုပါ
သတိရမိသလို။ဒါမှမဟုတ် ထိုနေ့ကရရှိခဲ့တဲ့ အရင်တုန်းကနဲ့မတူတဲ့ ဖယ်ရိုမုန်းနံ့ကိုပဲ စွဲလမ်းမိနေတာလား။

ဝေးသွားတဲ့အခါ ထိုရနံ့လေးကတခြားသူအပိုင်ဖြစ်သွားတော့မှာလား။အတွေးတွေကြား သူ့စိတ်တွေဂဏှာမငြိမ်ဖြစ်လာခြင်းမှာ အကြောင်းရင်းရှာမရ။သူဖုန်းကိုထုတ်လို့ တစ်နေရာဆီဖုန်းခေါ်မိသည်။

“ငါ သမုဒ္ဒရာ”

“………”

“ဒီတစ်ပါတ်အတွင်း ဥပဒေတစ်ရပ်ထပ်ထုတ်လိုက်”

###################

ငြိမ်း🌻🌞

အလုပ္ခန္းထဲ စားပြဲထက္က Macbook ကိုဖြင့္ထားေသာ္ျငား သူ႕စိတ္ေတြက တျခားေနရာဆီမွာ။တစ္ပါတ္လုံးစိတ္မၾကည္ေနတာ အိပ္ေရးမဝလို႔မဟုတ္။ဟိုတစ္ေယာက္လက္ထဲပါသြားတဲ့ ပုံရိပ္ေလးကိုေတြးမိေတာ့ ေဒါသေတြက ပြက္ပြက္ဆူလာေရာ။

ဘာကိုေဒါသထြက္လို႔ထြက္မွန္းမသိ။ဘာျဖစ္ခ်င္လို႔ ျဖစ္ခ်င္ေနမွန္းမသိ။ေသခ်ာတာတစ္ခုက ထိုတစ္ေယာက္ႏွင့္ပတ္သပ္ေနပါသည္။ဒီတစ္ပါတ္တည္း ေသာက္ျဖစ္တဲ့စီးကရက္ေတြ သိပ္မ်ားေနပါၿပီ။

Horizonက ဆိုင္မွာသြားစားမည္ဟုဖုန္းဆက္လာသျဖင့္။ပို႔ေပးေသာလိပ္စာအတိုင္းသာ ထြက္လာလိုက္သည္။ယေန႕ရာသီဥတုက မိုးအုံ႕ေန၍ ၾကည္ၾကည္လင္လင္မရွိ။စိတ္ဓာတ္က်စရာ အေငြ႕အသက္အျပည့္ႏွင့္။

ဆိုင္ေလးကရိုးရာစားေသာက္ဆိုင္ေလး။သန့္ရွင္းသပ္ရပ္ၿပီး တိတ္တိတ္ဆိတ္ဆိတ္သာ။စားပြဲတစ္လုံးႏွင့္တစ္လုံးၾကား အကန့္ေလးသာကန့္ထားၿပီး သီးသန့္ခန္းေတာ့မဟုတ္။သူမ်က္ခုံးပင့္ကာ ေလွ်ာက္လာခဲ့ေတာ့ Horizonက လက္လွမ္းျပသည္။

Maskကိုခြၽတ္လို႔ မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္ေတာ့ Menu စာအုပ္ကိုေရွ႕တိုးေပးသည္။

“ဆိုင္ကေတာ့သိပ္မႀကီးက်ယ္ဘူး အစားအေသာက္အရမ္းေကာင္းလို႔ ကိုCean ကိုလွမ္းေခၚလိုက္တာ ဒီတေလာသိပ္မစားဘူးလို႔ၾကားလို႔”

ဘယ္သူ႕ဆီကလဲလို႔ေမးစရာမလို သက္ေတာ္ေစာင့္ေခါင္းေဆာင္ဆီကေနမွာေပါ့။ဘာမွမေျပာေသးဘဲ Menuစာအုပ္ကိုသာလွန္လိုက္ၿပီး အနည္းငယ္သာမွာလိုက္သည္။စားပြဲထိုးေလးထြက္သြားမွ ႏွစ္ေယာက္သားအၾကည့္ခ်င္းဆုံျဖစ္သည္။

“ကိုCean ေနမေကာင္းဘူးလား မ်က္ႏွာနည္းနည္းေခ်ာင္က်သြားသလိုပဲ အိပ္ေကာအိပ္ရဲ႕လား”

“အိပ္ပါတယ္ ဒီအတိုင္း အလုပ္ေတြနည္းနည္းရႉပ္ေနလို႔”

“ေတာ္႐ုံပဲလုပ္ပါကိုCeanရာ အခုအေျခေနနဲ႕ေတာင္ ဆယ္သက္စားမကုန္ျဖစ္ေနၿပီ ေကြၽးစရာသားသမီးေတြလည္းရွိေနတာမဟုတ္ဘဲနဲ႕”

“အဟြန္း ဒါနဲ႕ အငယ္ေကာင္ေရာ မေခၚထားဘူးလား”

“Geoကခရီးထြက္သြားတယ္ကိုCeanရဲ႕ Sျပည္နယ္ဖက္ကိုတဲ့ အလုပ္ကိစၥနဲ႕သြားရင္း လည္ပတ္ၿပီးမွျပန္လာမယ္လို႔ေတာ့ေျပာတယ္”

“အရင္တစ္ခါ သူေျပာတဲ့ကိစၥေၾကာင့္ထင္တယ္ Bodyguard ေတြေရာေခၚသြားလားမသိဘူး ငါ့ကိုလည္းမေျပာသြားဘူး”

“ကိုCean အလုပ္ရႉပ္ေနမွန္းသိလို႔ မေျပာသြားတာ မစိုးရိမ္ပါနဲ႕ဗ်ာ သူလည္းDominant Alpha တစ္ေယာက္ပါ ကိုယ့္ကိုယ္ကို ကာကြယ္နိုင္ပါတယ္”

“သူက ကေလးပဲရွိေသးတာ”

“23ႏွစ္က ကေလးလားဗ်ာ အဲ့လိုဆို ဟိုOmegaေလးက်ေတာ့ေရာ ကေလးကအိုေနၿပီလို႔ေျပာတာက်ေတာ့ အရမ္းနာေနတာမဟုတ္ဘူးလား”

“မဆိုင္ဘူး”

မ်က္ေမွာင္က်ဳတ္လို႔ ျပန္ျငင္းမိတယ္။အဲ့တစ္ေယာက္အေၾကာင္းၾကားရရင္ကို စိတ္ကမၾကည္ေတာ့။

“ကြၽန္ေတာ္သတင္းတစ္ခုၾကားလာတယ္ သူ႕အေၾကာင္း”

ဘာလဲဆိုသည့္သေဘာျဖင့္မ်က္ေမွာင္ႀကဳံ႕ကာ ေမးဆတ္ျပလာသည္။

“ဟိုတစ္ေန႕ကပြဲမွာ Shock ရၿပီး ေလးရက္ေတာင္ဖ်ားသြားတာတဲ့ေလ”

“မင္းကဘယ္လိုသိလာတာလဲ”

“ကြၽန္ေတာ့သူငယ္ခ်င္းက အဲ့ဒီBetaရဲ႕ family doctorေလ သူတိုက္ခန္းထိသြားၾကည့္ေပးရတာ အေၾကာက္လြန္ၿပီးဖ်ားသြားတာတဲ့ သူလည္းေယာက်္ားေလးOmegaမွန္း အဲ့ေတာ့မွသိတာ အရမ္းလွလို႔သေဘာေတြက်ေနတာေလ ၿပီးေတာ့ ပင္ထေနာင္းညိုနဲ႕လည္း ဘာမွမသက္ဆိုင္ေတာ့ လိုက္,ၾကည့္ခ်င္တယ္လို႔ေတာင္ေျပာေနေသးတယ္ သူေတာ္ေတာ္သေဘာက်ေနတာ”

“အဲ့Betaေကာင္ရဲ႕ ရည္းစားမဟုတ္ဘူးလား”

“မဟုတ္ဘူးတဲ့ သူငယ္ခ်င္းေတြလို႔ေျပာတာပဲ သူကအၿမဲၾကည့္ေပးေနက်ဆရာဝန္ဆိုေတာ့ ပင္ထေနာင္းညိုအေၾကာင္း အကုန္သိတယ္
Playboy ဆိုေပမယ့္ ဘယ္ေတာ့မွ silent မတြဲဘူး ေပၚတင္ပဲ အဲ့ေန႕ပြဲတုန္းကမိန္းကေလးလိုျပင္လိုက္တာကလည္း သူ႕သူငယ္ခ်င္းအတြက္ေလ သူကplayboyဆိုေတာ့ သူနဲ႕တြဲလာတိုင္း သူ႕လူလို႔ပဲထင္မွာ”

“ဒါဆိုဘာလို႔ေခၚသြားေနေသးလဲ”

“Omega ေလးကသြားခ်င္ေနလို႔ေပါ့ အဲ့ကေလးက သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕အခ်စ္ခံေလးေလ မိဘမရွိ ေဆြမ်ိဳးမရွိတဲ့ အဲ့က ေလးက သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕အုပ္ထိန္း
မႈေအာက္မွာပဲေနလာတာ ႏွစ္ေတြမွမနည္းေတာ့တာ သူဘာျဖစ္ခ်င္ေနပါေစလိုက္ေလ်ာေပးၾကမွာပဲ”

“ဟာသေတြ”

“အာ ေျပာရင္းအသက္ရွည္အုံးမယ္”

ဝင္ေပါက္ဘက္ၾကည့္လို႔ေျပာလာသူေၾကာင့္ သူပါလိုက္လွည့္ၾကည့္မိသည္။ေခါင္းငုံ႕ကာလိုက္ပါလာသူက လက္ဆြဲကာေခၚလာတဲ့ Alphaေနာက္ ခပ္ရို႔ရို႔။

“ေနာက္တစ္ေယာက္ကေပၚလာျပန္ၿပီ ဒါကိုမ်ား ငါေျပာေတာ့ငါကလူယုတ္မာလို”

ေျပာရင္းခုံေပၚကေရခြက္အားေကာက္ေမာ့လိုက္သည္။ဘာေၾကာင့္ရယ္မသိစြာ ရင္ထဲတင္းတင္းၾကပ္ၾကပ္။

“ကိုCeanကလည္း သူတို႔ကဘာေတာ္မွန္းမသိဘဲနဲ႕”

“မင္းေျပာေတာ့သူက တစ္ေကာင္ႂကြက္ပါဆို”

“အဲ့ဒါက”

ေျပာလက္စ စကားကိုရပ္ကာ ထိုတစ္ေယာက္ကိုၾကည့္မိသည္။အရပ္ျမင့္ျမင့္ အသားျဖဴျဖဴ ျဖင့္ မ်က္မွန္ကာထားတာေတာင္ မ်က္ဝန္းၾကည္ၾကည္တို႔ကို မကာကြယ္နိုင္။မ်က္ႏွာသြင္ျပင္က Alphaဆန္ဆန္ခန့္ျငားေနေသာ္လည္း မ်က္ဝန္းတို႔ကလွပလြန္းေနသည္။အညိုေရာင္ ဆံပင္ေခြေခြေတြက အသည္းယားစဖြယ္။

သူတို႔ထိုင္ေနတဲ့ကပ္ရပ္ Ceanေနာက္မွာဝင္လာထိုင္လိုက္သံအားၾကားရသည္။

“လျခမ္းေလး ဘာစားမလဲႀကိဳက္တာမွာ”

“မစားခ်င္ဘူး”

“မစားခ်င္လို႔မရဘူး ေနျပန္ေကာင္းတာမၾကာေသးဘူး ထပ္လဲသြားလိမ့္မယ္ “

“စားမွမစားခ်င္တာကို”

“လိမၼာပါတယ္ကြာ နည္းနည္းေတာ့စားလိုက္ လျခမ္းႀကိဳက္တတ္တာ ကိုႀကီးမွာလိုက္မယ္ေနာ္ “

“နည္းနည္းပဲမွာ”

“အင္းပါ နည္းနည္းပဲမွာမွာ ကုန္ေအာင္ေတာ့စားရမယ္ေနာ္ လျခမ္းသူငယ္ခ်င္းေတြကို ကိုႀကီးေၾကာက္ပါတယ္ဗ်ာ အျပင္ေခၚသြားၿပီး ဘာမွဝင္ေအာင္ေကြၽးမလာနိုင္ရင္ ကိုႀကီးကိုပြစိပြစိလုပ္ေတာ့မွာ ဒါနဲ႕တိမ္ေငြ႕ေရာ လျခမ္းေနမေကာင္းတာသိလား”

“ဟင့္အင္းမသိဘူး သိရင္ခ်က္ခ်င္းေရာက္လာမွာစိုးလို႔ ကိုႀကီးလည္းသြားမေျပာနဲ႕ေနာ္ သူမသိေအာင္ ငယ္ငယ္အျပင္ခိုးထြက္သြားတာ အခုသူအလုပ္ရႉပ္ေနတာ သိသြားရင္စိတ္ပူၿပီးေရာက္လာမွာ ငယ္ငယ့္ေၾကာင့္အလုပ္ပိုမရႉပ္ေစခ်င္လို႔”

“သူကေပးမထြက္ဘူးလား”

“အဲ့လိုမဟုတ္ပါဘူး ငယ္ငယ္အျပင္ထြက္တိုင္း ဒဏ္ရာရလာလို႔တဲ့ အခုခိုးထြက္ရင္း ထပ္ၿပီးေနမေကာင္းျဖစ္မွန္းသိရင္ သူစိတ္ဆိုးသြားလိမ့္မယ္”

“ဟုတ္ပါၿပီ ဒါနဲ႕ေျပာပါအုံး အခုကိစၥကေရာဘယ္လိုျဖစ္တာတုန္း”

“ဒီတိုင္း ငယ္ငယ္အားနည္းေန႐ုံပါ”

“တစ္ခုခုမျဖစ္ခဲ့တာေသခ်ာလား”

“ဟုတ္ေသခ်ာတယ္”

“ခုတစ္ေလာ လျခမ္းထိခိုက္မႈေတြခဏခဏျဖစ္ေနတာ တစ္ေယာက္ေယာက္ ပေယာဂပါလား “

“မပါပါဘူး ငယ္ငယ္က နေမာ္နမဲ့နိုင္လို႔ျဖစ္တာပါ”

ထျငင္းမိတာ အသည္းအသန္။

“ေျပာပါအုံး လူတစ္ေယာက္လုံးကို ေျခေခ်ာင္းအက္ေအာင္ထိဝင္တိုက္သြားတဲ့သူက ဒီအတိုင္းထြက္သြားတာ တာဝန္မမဲ့လြန္းဘူးလား အဲ့ဒါ Alpha တစ္ေယာက္မလား လျခမ္းသိေနတာလား”

“ငယ္ငယ္တကယ္မသိပါဘူး အဲ့တာတကယ္မေတာ္တဆပါ ငယ္ငယ့္စေတာ္ဘယ္ရီ juiceေတြ သူ႕ေပၚေမွာက္က်သြားလို႔ သူက႐ုတ္တရတ္ထြက္သြားရတာပါ “

“သူအဝတ္စား နည္းနည္းေလးညစ္ပတ္သြားတာနဲ႕ပဲ ေျခေခ်ာင္းအက္သြားတဲ့ အားနည္းတဲ့ Omegaေလးကို ဒီအတိုင္းထားခဲ့တယ္ေပါ့”

“ငယ္ငယ္က နေမာ္နမဲ့နိုင္လိုက္မိလို႔ပါ ၿပီးေတာ့သူကတမင္ရည္႐ြယ္တာမဟုတ္ပါဘူး အဲ့အေၾကာင္းလည္း သူမသိပါဘူး”

“ထားပါေတာ့ အဲ့ဒီအပူေလာင္တာကေရာ”

“အဲ့တာလည္းမေတာ္တဆပါပဲ”

အေမးခံလိုက္ရမွ သတိရကာငိုခ်င္လာျပန္သည္။

“ဟုတ္ၿပီ ကိုႀကီးမေမးေတာ့ဘူး ငိုေတာ့မငိုပါနဲ႕ စားစရာရွိတာအရင္စားရေအာင္ေနာ္
ၿပီးရင္ Oceanမွာ ပစၥည္းသြားဝယ္ၾကမယ္”

“ငယ္ငယ္မသြားခ်င္ဘူး”

“ဘာလို႔လဲ ေနမေကာင္းဘူးလား”

“အဲ့လိုမဟုတ္ေပမယ့္ အဲ့ဒီကိုမသြားခ်င္ဘူး”

“အရင္ႏွစ္ခါလိုျဖစ္မွာစိုးရိမ္ေနတာလား မစိုးရိမ္ပါနဲ႕ ကိုႀကီးပါေနတာပဲ ငယ္ငယ္ပဲ အ႐ုပ္ေတြအမ်ားႀကီးလိုခ်င္ေသးတယ္ဆို ဖုန္းဆက္တုန္းက ပူဆာေနၿပီးေတာ့ အခုကိုႀကီးကလိုက္ဝယ္ေပးမွာ လိုခ်င္တာသာေျပာလိုက္ Daddyကလျခမ္းဖို႔ မုန့္ဖိုးေတြအမ်ားႀကီးထည့္ေပးလိုက္တယ္”

“ဟင့္အင္း မလိုခ်င္ေတာ့ဘူး တိမ္ေငြ႕နဲ႕ေနာင္းညိုအမ်ားႀကီးဝယ္ေပးထားတယ္ မလိုခ်င္ေတာ့ဘူး ငယ္ငယ္တို႔တျခားေနရာေတြ သြားၾကမယ္ေလေနာ္”

“ဟုတ္ပါၿပီ သေဘာပါဗ်ာ မ်ားမ်ားစားေနာ္”

ဟိုဘက္ကစားေသာက္ေနသံေတြေၾကာင့္ သူတို႔ႏွစ္ေယာက္လည္း စကားမေျပာျဖစ္ေတာ့ စားစရာရွိတာသာစားလိုက္ေတာ့သည္။Ceanမ်က္ႏွာက ပုံမွန္မ်က္ႏွာေသဆိုေသာ္ျငား ညီျဖစ္သည့္သူကေတာ့ အကဲခတ္တတ္ပါသည္။စိတ္မေကာင္းျဖစ္ေနတာ။သူ မသိမသာၿပဳံးလို႔ စားစရာကိုသာငုံ႕စားလိုက္သည္။

စားေသာက္ၿပီးေတာ့ အခ်ိဳပြဲေတြေရာက္လာေသာ္ျငား မစားျဖစ္။ႏွစ္ေယာက္လုံးကအခ်ိဳပြဲမႀကိဳက္ေသာ္လည္း ထမျပန္ေသး။အစ္ကိုျဖစ္သူကျပန္မည့္ဟန္မျပတာမို႔ သူလည္းဆက္ထိုင္ေနလိုက္သည္။

“နည္းနည္းက်န္ေသးတယ္ေလ ထပ္စားလိုက္အုံးေလ”

“ဟင့္အင္းေတာ္ၿပီ ငယ္ငယ္မစားနိုင္ေတာ့ဘူး”

“အဲ့တာဆို စေတာ္ဘယ္ရီသီးေလးစားလိုက္အုံး ငယ္ငယ္အႀကိဳက္ဆုံးအသီးဆိုတာ ကိုႀကီးသိတယ္”

“ဟုတ္ ငယ္ငယ္ေတာင္အိမ္မွာစိုက္ထားေသးတယ္ တိမ္ေငြ႕ယူလာေပးတာ”

“အရင္တစ္ခါ VCေျပာတုန္းကအပင္ေတြလား”

“ဟုတ္တယ္ ငါးပင္ရွိတယ္”

“စံပယ္ပင္ေတြလည္းေတြ႕တယ္ ငယ္ငယ္ကိုယ္တိုင္သြားေ႐ြးလာတာလား”

“ဟင့္အင္း အကုန္လုံးတိမ္ေငြ႕ယူလာေပးတာ ငယ္ငယ္သြားလည္တုန္းကေတြ႕ခဲ့တယ္ သူ႕ၿခံထဲမွာ စံပယ္ပင္ေတြအမ်ားႀကီးစိုက္ေပးထားတာ အကုန္ငယ္ငယ့္အတြက္လက္ေဆာင္တဲ့”

“တိမ္ေငြ႕က လျခမ္းကိုအမ်ားႀကီးဂ႐ုစိုက္ေပးတာပဲ”

“ဟုတ္တယ္ ၿပီးေတာ့ေျပာေသးတယ္ ငယ္ငယ္အိမ္ေထာင္မျပဳရင္ သူကလူပ်ိဳႀကီးလုပ္ၿပီး ငယ္ငယ့္ကိုပဲ ဂ႐ုစိုက္ေပးမွာတဲ့”

“သူကရည္းစားမရွိေသးဘူးလား”

“မရွိေသးဘူး သူကေျပာတယ္ ငယ္ငယ္တို႔ႏွစ္ေယာက္နဲ႕ေတာင္ေခါင္းေမႊးေျပာင္ေတာ့မယ္တဲ့ ရည္းစားကိုအခ်ိန္မေပးနိုင္ေသးဘူးတဲ့”

“လျခမ္းကေရာ “

“ငယ္ငယ္ကရည္းစားမထားခ်င္ဘူး တစ္ေယာက္တည္းပဲေနခ်င္တာ သူငယ္ခ်င္းေတြရွိရင္အဆင္ေျပေနၿပီ ရည္းစားမလိုခ်င္ဘူး”

“ဟုတ္ပါၿပီ တကယ္လို႔စဥ္းစားျဖစ္ရင္ တိမ္ေငြ႕ကိုပဲစဥ္းစားရမယ္ေနာ္ တျခားဘယ္သူ႕ကိုမွမယုံရဘူး ေဖေဖတို႔ကလည္း သူနဲ႕ပဲစိတ္ခ်တယ္ အဲ့လိုစိတ္ခ်လိဳ႕လည္း ဒီမွာစိတ္ခ်လက္ခ်ထားခဲ့တာေပါ့ သူငယ္ခ်င္းအေနနဲ႕ဘဲျဖစ္ျဖစ္ ခ်စ္သူအေနနဲ႕ဘဲျဖစ္ျဖစ္ သူကယုံၾကည္စိတ္ခ်ရဆုံးသူပဲ”

“ငယ္ငယ္ ခ်စ္သူမျဖစ္ခ်င္ဘူး ငယ္ငယ္ကခ်စ္လို႔မရဘူး”

“ဘာလို႔လဲငယ္ငယ္”

“မသိဘူး ငယ္ငယ့္မွာ ခ်စ္ခြင့္မရွိတာပဲသိတယ္ တိမ္ေငြ႕မွမဟုတ္ဘူး ဘယ္သူ႕ကိုျဖစ္ျဖစ္ ငယ္ငယ္ခ်စ္လို႔မရဘူး”

“ငယ္ငယ္ကဘယ္လိုသိတာလဲ”

“ငယ္ငယ္အိမ္မက္လည္းမက္တယ္ ေဗဒင္ဆရာတိုင္းကလည္း ေျပာထားတယ္ စိတ္ထဲမွာလည္းခံစားမိေနတယ္”

“အဲ့လိုမဟုတ္ဘူးေလလျခမ္းရဲ႕ အိမ္မက္ဆိုတာက အစြဲလန္းေၾကာင့္မဟုတ္ရင္ ေသြး ေလေျခာက္ျခားလို႔မက္တာ ေဗဒင္ဆရာဆိုတာကလည္း လူတိုင္းရဲ႕ကံတရားကိုသိေနလို႔မဟုတ္ဘူး တစ္ခ်ိဳ႕အရာေတြကခန့္မွန္းလိုက္႐ုံပဲ တိုက္ဆိုင္မႈေတြေၾကာင့္သာ လူေတြကယုံေနၾကတာ စိတ္ထဲမွာခံစားမိေနတာက အေစာကအခ်က္ေတြကို မသိစိတ္ထဲမွာစြဲေနတာ လူတိုင္းမွာခ်စ္ခြင့္ရွိတယ္ ခ်စ္ခြင့္မရွိတဲ့လူဆိုတာ ဘယ္မွာရွိလို႔လဲ”

“မဟုတ္ပါဘူးဆို ငယ္ငယ္မခ်စ္ခ်င္ပါဘူးဆို”

“ဟုတ္ၿပီ ဟုတ္ၿပီ လျခမ္းေလးသေဘာ ကိုႀကီးဘာမွမေျပာေတာ့ဘူးေနာ္ ငိုေတာ့မငိုပါနဲ႕”

“ကိုႀကီးကို ငယ္ငယ္အကူညီတစ္ခုေလာက္ေတာင္းခ်င္လို႔”

“ေျပာ ဘာလိုခ်င္လဲ”

“ကိုႀကီးျပန္ရင္ ငယ္ငယ္လိုက္ခဲ့ခ်င္တယ္”

“အလည္လိုက္ခ်င္လို႔လား လိုက္ခဲ့ေလေပ်ာ္သေလာက္ေန”

“မဟုတ္ဘူး ငယ္ငယ္က Nနိုင္ငံမွာပဲအၿပီးေနခ်င္တာ ဒီကိုျပန္မလာခ်င္ဘူး”

“ဘာလို႔လဲကေလးရဲ႕ အရင္တုန္းကေခၚေတာ့မလိုက္ခ်င္ဘူးဆို အခုသူငယ္ခ်င္းေတြနဲ႕အဆင္မေျပလို႔လား တစ္ေယာက္တည္းအထီးက်န္လို႔လား”

“မဟုတ္ပါဘူး ဒီအတိုင္း ငယ္ငယ္ေၾကာက္လို႔”

“ဘာကိုေၾကာက္တာလဲ ကိုႀကီးကိုေျပာ ငယ္ငယ့္ကိုတစ္ေယာက္ေယာက္က ႏွောင့္ယွက္ေနလို႔လား”

“ဟင့္အင္းမရွိပါဘူး ငယ္ငယ္လိုက္ခဲ့လို႔မရဘူးလား ငယ္ငယ့္ကိုေခၚသြားေလေနာ္”

“ကိုႀကီးေခၚသြားလို႔ရတယ္ ေခၚသြားေပးမယ္ ငယ္ငယ္ဘာကိုေၾကာက္တာလဲအရင္ေျပာ “

“ေျပာလို႔မရဘူး “

“အဲ့တာဆိုဘာလို႔ေၾကာက္တာလဲေျပာျပေလေနာ္”

“ငယ္ငယ့္အိမ္မက္ထဲမွာ ငယ္ငယ့္ကိုသတ္ပစ္လိုက္တဲ့သူေတြကိုေတြ႕လိုက္တယ္ သူကအျပင္မွာလည္းငယ္ငယ့္ကို မုန္းေနတာ သူကငယ္ငယ့္ကိုသတ္ပစ္လိမ့္မယ္”

“မဟုတ္တာလျခမ္းရယ္ အလကားေနရင္း လူတစ္ေယာက္ကို ဘာလို႔သတ္ရမွာလဲလျခမ္း အိမ္မက္ကိုစိတ္စြဲေနလို႔ပါ အိမ္မက္တိုင္းကလက္ေတြ႕မွာျဖစ္မလာမွန္း လျခမ္းသိေနတာပဲမလား”

“မဟုတ္ဘူး သူကတကယ္သတ္ပစ္မွာ အင့္”

“ဟုတ္ၿပီဟုတ္ၿပီ မငိုနဲ႕ေနာ္ ကိုႀကီးကိုေျပာ ဟိုတစ္ေန႕ကပြဲမွာ သူတို႔ကိုလျခမ္းေတြ႕လိုက္လို႔ အရမ္းလန့္ၿပီးေနမေကာင္းျဖစ္သြားတာ ဟုတ္တယ္မလား”

“အင့္ဟီးးးး”

“အိုေက မငိုနဲ႕ေတာ့ေနာ္ ကိုႀကီးျပန္ရင္လျခမ္းကိုေခၚသြားေပးမယ္ဟုတ္ၿပီလား မငိုနဲ႕ေတာ့ေနာ္ ကိုႀကီးတို႔ Mallကိုလည္းမသြားေတာ့ဘူး
ကိုႀကီးသူငယ္ခ်င္းဖြင့္ထားတဲ့ ကစားကြင္းကိုလိုက္ပို႔မယ္ေနာ္ ထ,သြားရေအာင္ မငိုနဲ႕ေတာ့အျပန္ငိုလာမွန္းသိရင္ ေနာင္းညိုကကိုႀကီးကို စိတ္ဆိုးၿပီး တိမ္ေငြ႕ကိုျပန္တိုင္လိမ့္မယ္ လိမၼာတယ္ေနာ္”

ပခုံးကိုဖက္လို႔ ေခၚသြားသူေနာက္ပါသြားသူက ပခုံးေတြတသိမ့္သိမ့္တုန္လို႔။သူတို႔လာသည့္အခ်ိန္မွစ၍ ျပန္သည့္အခ်ိန္ထိ သူတို႔ညီအစ္ကို အသံမထြက္ျဖစ္။

“ကိုCean အရမ္းေပ်ာ္ေနေတာ့မွာပဲ”

“ဘာကိုလဲ”

“ကိုCean အရမ္းၾကည့္မရေနတဲ့သူက ကိုCeanေၾကာင့္ ဒီနိုင္ငံမွာေတာင္မေနေတာ့ဘူးဆိုပဲ “

“ငါနဲ႕ဘာဆိုင္ေနလို႔လဲ”

“ကိုCean ဘာလုပ္ခဲ့လဲကိုယ့္ကိုယ္ကို အသိဆုံးေနမွာပါ သူမက္ခဲ့တဲ့အိပ္မက္ဆိုးတိုင္း ကိုCean နဲ႕မဆိုင္ဘူးလို႔ေတာ့ ေျပာမရဘူးမလား “

“သူကငါရွိေနမွန္းသိလို႔ Drama ခ်ိဳးသြားတာ
ငါကယုံၾကည္ေပးရမွာလား”

“ကိုCean သူ႕ကိုတကယ္ကိုမုန္းေနတာပဲ အမွန္ကိုမျမင္နိုင္တဲ့အထိ”

ေျပာရင္းသူထရပ္လိုက္တယ္။

“ကြၽန္ေတာ္ျပန္ႏွင့္မယ္ အလုပ္ေတြရွိေသးလို႔ ပိုက္ဆံကြၽန္ေတာ္ရွင္းသြားလိုက္မယ္”

ေျပာရင္းထြက္သြားသူေနာက္ သူမလိုက္သြားမိ။ဟိုတစ္ေယာက္ေျပာခဲ့တဲ့စကားေတြသာ နားထဲတဝဲလည္လည္။သူ႕လုပ္ရပ္ေတြအဲ့ေလာက္ဆိုး႐ြားခဲ့ပါသလား။ၿပီးေတာ့ သူ႕ကိုတကယ္ကိုအရမ္းေၾကာက္ေနတာလား။ဒီနိုင္ငံကေန တကယ္ကိုထြက္သြားေတာ့မွာလား။

အေတြးေတြၾကား သူ႕ႏွလုံးသားတစ္ျခမ္းက တဆတ္ဆတ္တုန္လာတယ္။အမ်ိဳးအမည္မသိတဲ့ ခံစားခ်က္တစ္ခ်ိဳ႕က ႏွလုံးသားဆီဝင္တိုက္တယ္။မမက္တာၾကာတဲ့ အိမ္မက္နဲ႕အတူ မႀကိဳက္ခဲ့ဖူးတဲ့ စံပယ္နံ႕တစ္ခ်ိဳ႕ကိုပါ
သတိရမိသလို။ဒါမွမဟုတ္ ထိုေန႕ကရရွိခဲ့တဲ့ အရင္တုန္းကနဲ႕မတူတဲ့ ဖယ္ရိုမုန္းနံ႕ကိုပဲ စြဲလမ္းမိေနတာလား။

ေဝးသြားတဲ့အခါ ထိုရနံ႕ေလးက တျခားသူအပိုင္ျဖစ္သြားေတာ့မွာလား။အေတြးေတြၾကား သူ႕စိတ္ေတြဂဏွာမၿငိမ္ျဖစ္လာျခင္းမွာ အေၾကာင္းရင္းရွာမရ။သူဖုန္းကိုထုတ္လို႔ တစ္ေနရာဆီဖုန္းေခၚမိသည္။

“ငါ သမုဒၵရာ”

“………”

“ဒီတစ္ပါတ္အတြင္း ဥပေဒတစ္ရပ္ထပ္ထုတ္လိုက္”

###################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၀, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၀, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၀ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၀ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၀ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၀ light novel, ,

Comment

Leave a Reply

Chapter 11