Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၁

A+ A-

Geo Sပြည်နယ်ကိုရောက်တာ လေးရက်ရှိပြီ။စိုက်ခင်းတွေအကြောင်းသဲလွန်စရပြီဖြစ်သော်လည်း သူဝင်မပါချင်သေး။သူတို့စည်းမျဥ်းတွေနှင့်ကိုက်ညီနေသ၍ ကိုယ်ကသွားမရှူပ်ချင်။နောက်တစ်ချက်ထိုစိုက်ခင်းတွေရဲ့ပိုင်ရှင်က တစ်စုံတစ်ယာက်ရဲ့နံမည်နှင့်ဆင်တူနေသာကြောင့်။

သူကိုယ်တိုင်ပဲလားနံမည်တူလားမသေချာသော်ငြား ထိုနံမည်ကနှစ်ယောက်မရှိသည်မှာ သေချာပါသည်။

ရောက်စကတည်းက သူပိုင်သည့်ပျိုးဥယာဥ်တွေဘက်လျှောက်ကြည့်ဖြစ်သော်လည်း သူ့ကိုတော့မတွေ့။ပြည်နယ်တစ်ခုလုံးပျိုးဥယာဥ်ပေါင်းများစွာပိုင်ဆိုင်ပြီး ဟော်တည်နှင့် ခရီးသွားလုပ်ငန်းတွေကလည်းမနည်း။နောက်ကွယ်ကစိုက်ခင်းတွေကလည်း ပမာဏတစ်ခုအထိ ကျယ်ပြန့်နေသေးသည်။

ဒီနေ့သူပိုင်သည့်ပျိုးဥယာဥ်တစ်ခုဆီထပ်သွားဖို့ပြင်ထားသည်။မတွေ့ရမချင်းသူမပြန်ချင်ဘူး။မြို့ပြင်ဥယာဥ်ဆီရောက်တော့ အလုပ်သမားလေးတွေကဆီးကြိုသည်။သူကတော့ ပန်းပင်တွေကြားသူ့ကိုရှာဖို့သာ ကြိုးစားမိသည်။

“ဒီဘက်ကစံပယ်ပင်တွေက”

“ရောင်းဖို့မဟုတ်ဘူးအစ်ကို ဒါကကိုငွေ့ကသူ့သူငယ်ချင်းအတွက်ကိုယ်တိုင်စိုက်ထားတာ အစ်ကိုကြည့်ချင်ရင်ဟိုဘက်မှာပြပေးလို့ရတယ်ဗျ”

တယုတယစိုက်ပျိုးထားတဲ့ စံပယ်ပင်တွေက လှလှပပ။ပန်းပွင့်သည့်ရာသီမဟုတ်၍အပွင့်တွေတော့သိပ်မရှိ။မြတ်နိုးခံထားရတဲ့စံပယ်ခြံလေးကိုမြင်တော့ စံပယ်ပန်းသိပ်မုန်းတဲ့ အစ်ကိုဖြစ်သူကိုသတိရမိသွားသည်။အစ်ကိုဖြစ်သူကြောင့် မည်သူ့ခြံထဲမှာမှထိုပန်းကိုမစိုက်ဖြစ်ခဲ့။

“မကြည့်တော့ဘူးညီလေး အစ်ကိုကထင်ရှူးပင်ပေါက်လေးတွေလိုချင်လို့”

“ခြံထဲမှာရှိတယ်အစ်ကို လာဒီဘက်”

ဦးဆောင်ကာခေါ်သွားသူနောက် တိတ်တဆိတ်သာလိုက်သွားဖြစ်သည်။တကယ်တော့သူလိုချင်တာအပင်တွေမဟုတ်။တစ်စုံတစ်ယောက်ကိုတွေ့ရမလားဆိုသည့်မျှော်လင့်ချက်နှင့်သာ။ရေစက်တွေမပါရင် တမင်တကာရှာရင်တောင်မတွေ့တတ်တာမျိုး။ဘဝကကိုးရီးယားကားဆန်ပါသည်။

ထင်ရှူးပင်ပေါက်တွေကိုတော့ ကိုလတ်ကိုပေးမည်။ကိုလတ်ကထင်းရှူးပင်တွေသိပ်ကြိုက်တာ။မျက်လုံးတစ်ချက်ဝေ့ကြည့်တော့ ခြေလှမ်းတွေကတုံ့ခနဲ။တစ်ခါမြင်ဖူးထားရုံနှင့် စိတ်ထဲစွဲနေသည့်ကျောပြင်တစ်ခုက နှင်းဆီပင်တွေကြားတလှုပ်လှုပ်။

“ညီလေး အစ်ကိုနှင်းဆီတွေလည်းကြည့်ချင်လို့ ဟိုတစ်ယောက်ကိုမေးလိုက်မယ် ညီလေးလုပ်စရာရှိတာသွားလုပ်လေ”

“အာ ကိုငွေ့ကိုပြောတာလား အဲ့တာခြံပိုင်ရှင်လေပိုအဆင်ပြေတာပေါ့ ကိုငွေ့ကရှင်းပြတဲ့နေရာမှာတော်တယ် ဒါဆိုကျွန်တော်ဟိုဘက်က​ဖောက်သည်ဆီတစ်ချက်ပြန်သွားလိုက်အုံးမယ်နော်”

“ဟုတ်ပြီ”

ထိုကောင်လေးထွက်သွားတော့မှ ကျောပြင်လေးရှိရာဆီခြေလှမ်းမိသည်။နှင်းဆီတွေနှင့် အလုပ်ရှူပ်ရင်း ဖုန်းပြောနေဟန်တူသည်။ခြေသံဖွဖွလျှောက်လို့အနားကိုပိုနီးကပ်လိုက်တော့ နှင်းဆီတွေကြားPoppyရနံကခပ်သဲ့သဲ့။ဒါဆိုသူ့ ဖယ်ရိုမုန်းရနံကPoppyပေါ့။သူသဘောကျစွာပြုံးလိုက်မိသည်။

“အွန်း မနက်ဖြန်ညနေလောက်လာဖြစ်မယ် လခြမ်းရောနေကောင်းရဲ့လား ငါအိမ်မက်တွေသိပ်မကောင်းလို့သူ့ကိုသေချာဂရုစိုက်”

“………….”

“ငါသာသူ့အဖေဆိုလို့ကတော့ မင်းလိုနမော်နမဲ့ကောင်နဲ့ထားမနေဘူး”

“……….”

“ကိုစက်ရိပ်ကိုလည်းပြောလိုက်အုံး အပြင်သွားရင် တစ်ယောက်တည်းလွှတ်မထားနဲ့လို့ ဒါပဲငါအလုပ်လေးရှိသေးလို့”

ဖုန်းအားအိတ်ကပ်ထဲထိုးထည့်ကာ နောက်သို့လှည့်လိုက်တော့မှသူ့အားသတိထားမိသွားဟန်တူသည်။ချွေးစတစ်ချို့သီးနေတဲ့ နှဖူးပြင်ကျုံ့သွားသည်အထိ မျက်မှောင်တွေတွန့်ချိုးသွားသူ။

“ဟယ်လို ပြန်တွေ့ပြန်ပြီရေစက်ပါတယ်ထင်တယ်နော်”

“မင်းဒီကိုဘာလာလုပ်တာလဲ”

“လာရှာတာလေ”

“ဘာ”

“အပင်မျိုးစိပ်တွေ အပင်စိုက်ချင်လို့”

“ဘာပင်လိုချင်တာလဲ”

“ကိုယ့်နှလုံးသားနယ်မြေနဲ့ ကိုက်ညီရင်ဘာအပင်ဖြစ်ဖြစ်ရတယ်”

“မင်း”

“ကိုယ်စကားပြောလောသွားလို့ ကိုယ်ပိုင်တဲ့နယ်မြေလေးကိုနှလုံးသားလို့နံမည်ပေးထားတာ အဲ့တာ သင့်တော်မယ့်အပင်လေးလိုချင်လို့ပါ”

“ကိုယ်စိုက်ချင်တဲ့အပင်တောင် ကိုယ်မသိဘူးလား”

“မင်းနဲ့ကိုက်ညီမယ်ထင်တယ်”

“ဘာ!”

“ဪကိုယ်ပြောတာက မင်းလိုက်ကြည့်ပေးရင်သိပ်ကောင်းမှာပဲလို့ ကိုယ်လည်းသေချာမသိလို့”

“မသိရင် စိုက်မနေနဲ့တော့ပြန်”

“သိပ်သူစိမ်းဆန်တာပဲ”

“ငါတို့ကရင်းနှီးလို့လား”

“နံမည်တောင်ကိုယ်တိုင်မိတ်ဆက်ပြီးပြီပဲဟာ စိတ်ပါရင်လက်တွဲလို့ပါရနေပြီ”

“မင်း ဘာတွေပြောနေတာလဲ”

“ကိုယ်ပြောတာက လုပ်ငန်းတွေဘာတွေအတူလက်တွဲလုပ်ကြည့်လို့ရလောက်တယ်လို့ ကိုယ်တို့အလုပ်ကိုင်ချင်းနီးစပ်တယ်လေ”

“ဘာလုပ်ငန်းမှတွဲမလုပ်ချင်ဘူး အပင်မဝယ်ရင်ပြန်တော့”

“အကုန်လုံးဝယ်ရင်တစ်သက်လုံးပေးနေမှာလား”

“စကားကိုဘယ်လိုတွေပြောနေတာလဲ”

“ပုံမှန်လိုပဲပါးစပ်နဲ့လေ”

“ဝယ်ဝယ်မဝယ်ဝယ် ပြန်”

“ကိုယ်ကြားဖူးတာက Sပြည်နယ်ကလူတွေက အရမ်းဧည့်ဝတ်ကျေတာတဲ့ မင်းကျတော့လူကိုပါနှင်ထုတ်တယ်နော်”

“ဟုတ်တယ် ကျုပ်ကရိုင်းတယ်ပြန်တော့”

“မပြန်ချင်ပါဘူး ကိုယ်လိုချင်တာမှမရသေးတာ”

“အဲ့တာဆိုနေခဲ့ လိုက်ပြဖို့တခြားတစ်ယောက်လွှတ်လိုက်မယ်”

“မင်းနဲ့မှမဟုတ်ရင် ပန်းမျိုးစုံနေတော့ရော ဘာအဓိပ္ပါယ်ရှိမှာတဲ့လဲ”

“မရှိရင် လဲသေနေလိုက်”

ပြောရင်းလှည့်ထွက်သွားသူကို လက်မောင်းမှဆွဲထားလိုက်ရသည်။

“စတာချစ်လို့ ကိုယ့်ကိုထင်းရှူးပင်လေးတွေလိုက်ပြပါ့လားနော် အိမ်ကအစ်ကိုကမပါရင်အိမ်ပြန်မလာရဘူးတဲ့နော် လိုက်ပြပါ”

“တခြားလူ..”

“မင်းကိုယ်တိုင်လိုက်ပြပါ လာ မင်းကပိုင်ရှင်ပဲဟာ”

လက်မောင်းမှဇွတ်ဆွဲခေါ်တော့ ရုန်းနိုင်ပေမယ့်မရုန်းတဲ့သူက အသာတကြည်မဟုတ်စွာပါလာသည်။အပင်တွေကြားရောက်တော့ လိုချင်တာကိုစိတ်ရှည်လက်ရှည်ရွေးပေးနေလေသည်။စုစုပေါင်း ငါးပင်ခန့်ယူလိုက်ပြီး နှင်းဆီတစ်ချို့ပါယူဖြစ်လိုက်သည်။

“မင်း Yမြို့တော်ဆီမလာတော့ဘူးလား”

“ဘာလုပ်မို့တုန်း”

“ငါနဲ့အတူပြန်ရအောင်လေ ငါတစ်​​ယောက်တ ည်းပြန်ရမှာပျင်းလို့ ဟိုမှာမင်းကောင်လေးလည်းရှိတယ်မလား အတူပြန်ရအောင် ကောင်လေးကိုလိုက်တွေ့လှည့်လေနော်”

“မနက်ဖြန်ညနေသွားမှာ”

“အဲ့တာဆိုအတူပြန်မယ်လေ ငါမင်းကားနဲ့လိုက်လို့ရတယ်မလား တစ်ယောက်တည်းဆိုပျင်းစရာကြီး လမ်းမှာစကားပြောဖော်ရအောင်ငါ့ကိုခေါ်သွားလေနော်”

“စကားများတဲ့လူတွေကိုမကြိုက်ဘူး”

“အင်းပါ ငါစကားမများဘူးလေတိတ်တိတ်လေးပဲနေမှာ”

“မယုံဘူး မခေါ်နိုင်ဘူး”

“လုပ်ပါကွာနော် ငါတစ်​ယောက်တည်းမပြန်ချင်ဘူးလို့”

“No”

“အသည်းမာလိုက်တာကွာ အဲ့တာဆိုငါ့ကို မြို့ထဲကိုလိုက်ပြ”

“ဘာကိစ္စလိုက်ပြရမှာလဲ”

“ငါကဧည့်သည် မင်းကအိမ်ရှင်မလို့လေ လိုက်ပြပါဆို ငါရောက်တာလေးရက်ရှိပြီမသွားတတ်လို့ ဘယ်မှမရောက်သေးဘူး”

“တခြားလူရှာ”

“မင်းလိုက်ပြပါဆို တစ်ခုရွေး မြို့ထဲလိုက်ပြမှာလားအပြန်ငါ့ကိုခေါ်မှာလား”

“ဘာမှမရွေးဘူး”

“အဲ့လိုလုပ်နေရင် ငါမင်းကောင်လေးကိုသွားတိုင်မှာနော်”

မျက်မှောင်ကြုံ့ပြီးကြည့်လာပြန်ပြီ။

“လုပ်ပါ အပန်းကြီးတာလည်းမဟုတ်ဘဲနဲ့”

“မလုပ်ချင်ဘူး”

“လိမ္မာပါတယ် ဟိုရောက်ရင်မင်းအကူညီလိုသမျှ ငါပြန်ကူညီပါ့မယ်”

“မလိုအပ်ဘူး”

“မင်း….ရတယ် ငါဒီနေရာမှာပဲထိုင်နေတော့မယ် ဘယ်မှမသွားတော့ဘူး”

ပြောရင်း စံပယ်ခြံဘေးကခုံပေါ်ဝင်ထိုင်လိုက်သည်။စံပယ်ပင်တွေကိုငေးပြီး စိတ်မကောင်းလည်းဖြစ်မိသည်။သူ့ကိုကျအသည်းအသန်တွေငြင်းနေပြီး ကောင်လေးကိုကျချစ်တတ်လိုက်တာ။စံပယ်ပင်တွေ ကိုယ်တိုင်တောင်တယုတယစိုက်ပျိုးပေးထားသေးတယ်။

*ရောင်းရန်မဟုတ်*ဟူသောဆိုင်းဘုတ်ကလေးက သူ့အားပြောင်ပြနေသလိုပင်။အချစ်ကသိပ်ခက်တာပဲ ပိုင်ဆိုင်သူရှိပြီးသားလူကိုမှ ယိုင်နဲ့မိရတယ်လို့။ပြီးတော့မျိုးတူ Alphaချင်း။မစခင် အနီကတ်ပြခံထားရတဲ့သူလို မျှော်လင့်ချက်မဲ့ကွင်းပြင်ကငေးရုံပေါ့။

“ထ”

အတွေးတွေနဲ့ဆွေးနေမိတာ နံဘေးကအသံကြားမှမော့ကြည့်မိသည်။ငုံ့ကြည့်လာတဲ့ပယင်းရောင်မျက်ဝန်းတွေထဲ သူ့ပုံရိပ်ကထင်ထင်ရှားရှား။

“​ဘယ်နေရာသွားချင်တာလဲပြော လိုက်ပြပေးမယ် လာခဲ့”

ပြောရင်းလှည့်ထွက်သွားတဲ့ကျောပြင်နောက် တက်ကြွလာတဲ့သူ့ခြေလှမ်းတွေ။အလျှော့ပေးသွားသူက ကားဆီခြေလှမ်းတွေဦးတည်သည်။

ဒီလိုသာအမြဲအလျှော့ပေးနေရင် မင်းရဲ့ အရာအားလုံးပိုင်ဆိုင်ချင်သည်အထိ ငါလောဘတက်လာမိမယ်ထင်တယ်။

……………

“အဲ့ဒါ ကိုCeanလက်ချက်မလား”

ကျယ်ဝန်းတဲ့အလုပ်ခန်းထဲ ဖုန်းမှထွက်ပေါ်လာတဲ့Horizonအသံသာ ရှင်ရှင်းလင်းလင်းပဲ့တင်ထပ်နေသည်။Ceanဂရုမစိုက်စွာ ထိုင်ခုံကိုကျောမှီလိုက်သည်။

“ဘာကိုလဲ”

“ဒီနေ့မနက်တက်လာတဲ့သတင်း”

“ဘာသတင်းလဲ ငါမသိဘူး”

“အဲ့တာဆို အဲ့ဥပဒေအသစ်ကြီးကိုဘယ်လိုလူကထုတ်လိုက်တာလဲ”

“အဲ့တာငါ့ကိုမမေးနဲ့လေ အဲ့ဒီထုတ်တဲ့သူကိုသွားမေးရမှာ ငါနဲ့ဆိုင်နေတာလည်းမဟုတ်”

“မဆိုင်တာသေချာလားကိုCean”

“ဘယ်လိုတွေကြောင့် ငါ့ကိုဇွတ်ထင်နေရတာတုန်း”

“ထင်တာပေါ့ တစ်နေ့ကပဲဟိုOmegaလေးက ပြည်ပထွက်သွားဖို့ပြောသံကြားလိုက်တယ် အခုအိမ်ထောင်မရှိတဲ့Omegaတွေ ပြည်ပထွက်ခွင့်မရှိဆိုတဲ့ဥပဒေကပေါ်လာပြီ အဲ့လိုမျိုးဘယ်တုန်းကရှိဖူးလို့လဲ”

“အခုရှိသွားပြီလေ အဲ့တာသူတို့က Omegaတွေလုံခြုံစေဖို့အတွက်ထုတ်ပြန်လိုက်တာပါ ငါနဲ့ဆိုင်မနေဘူး”

“ဟုတ်ပါပြီ ကိုCeanပြောသမျှပေါ့ ဒါပဲလူနာရောက်လာလို့”

တစ်ဖက်ကဖုန်းချသွားမှ သူလည်းသက်ပြင်းချလိုက်သည်။အဲ့နေ့ကဘယ်လိုစိတ်ရူးပေါက်ပြီး ဖုန်းဆက်မိလိုက်သည်မသိ။ထိုတစ်ယောက်ကို ထွက်မသွားနိုင်အောင် တားမြစ်ချင်စိတ်ပဲရှိနေ၍ ဘာမှမစဥ်းစားမိလိုက်။

ပြီးတော့မနေ့က အပြင်မှာထပ်ဆုံဖြစ်သည်။သူကအရင်မြင်မိသော်လည်း ဟိုဘက်ကသူ့ကိုမမြင်။ပင်ထနောင်းညိုနှင့် ဟိုAlphaကြား ရေခဲမုန့်တစ်ခွက်နှင့် အလုပ်ရှုပ်နေသူက သာသာယာယာ။ပင်ထနောင်းညိုလက်ထဲမှာ ပန်းရောင်ဝက်ဝံရုပ်ကိုင်ထားပြီး ဟိုAlpha ကတော့အဝတ်စားတစ်ချို့နှင့် စားစရာတွေကိုင်ထားလေသည်။ဘယ်သူ့ပစ္စည်းတွေလဲ မေးနေစရာပင်မလို။

ဟိုနှစ်ယောက်ကအရပ်ရှည်တာကြောင့် ပုပုသေးသေးလေးကနှစ်ယောက်ကြားမှာကလေးလို။ခြောက်ပေနီးပါးနှစ်ယောက်ကြား ငါးပေ​လေးလက်မသာသာထိုအရပ်လေးက အဖေနှစ်ယောက်ကြားက ကလေးလေးပမာ။

ခြေဖျားလေးထောက်ကာ ရေခဲမုန့်ခွံ့ကျွေးနေသူကြောင့် ဘေးမှလူတွေကအသဲတယားယား။ဟိုနှစ်ယောက်ကလည်း အလိုလိုက်ထားဟန် မျက်နှာတွေကခပ်ပြုံးပြုံး။လူပေါက်စကတော့ ပါးချိုင့်တွေပါထင်းထင်းထင်းလင်းလင်းပေါ်ကာ မျက်လုံးဝိုင်းတွေပါ ပိတ်လို့။သိပ်ပျော်နေကြတာ။

ဖြတ်သွားသမျှလူတိုင်းက ထိုအပြုံးတွေအောက်ကူးစက်သွားပုံရကာ သူတို့ပါပြုံးပြီး နှစ်ခါပြန်မကြည့်သူမရှိ။

မတော်တဆသူနှင့်အကြည့်ချင်းဆုံမိတော့ ပျောက်ကွယ်သွားတဲ့အပြုံးတွေက တိမ်ဖုံးသွားတဲ့လလို။ဟိုနှစ်ယောက်နှင့်ကွယ်သွားပုံက ကျားအားတွေ့လိုက်သည့်ယုန်သူငယ်အတိုင်း။

ဘာပြောလိုက်သည်မသိ။လက်ထဲမှအထုပ်တွေအား ပင်ထ​​နောင်းညိုဆီပေးပြီး ချက်ချင်းကျောပိုးလိုက်တဲ့ထိုAlpha။ပြီးနောက်ထွက်ပေါက်ဆီချက်ချင်းလျှောက်သွားသူတွေက သူ့မြင်ကွင်းအောက်မှတန်းပျောက်ကွယ်သွားလေသည်။

ခံပြင်းစိတ်တွေတလိပ်လိပ်တက်လာတာက သူ့ကိုမကောင်းဆိုးဝါးဆိုပြုမူသွားလို့။သူ့ကိုမြင်မှ ပြောင်းလဲသွားပုံကသိသိသာသာ။သူကဘာတွေများဆိုးဆိုးရွားရွားပြုမူထားလို့လဲ။

အိမ်ပြန်ရောက်သည်အထိဒေါသတွေကမသေ။ညဘက်အလုပ်မလုပ်တော့ဘဲ Mallကလူတွေရှာပေးထားသည့် သူ့အကြောင်းMailတွေနှင့် ကျောက်စက်ရှာပေးထားတာတွေအားလိုက်ကြည့်မိသည်။

ငယ်ငယ်လေးကတည်းက မိဘမဲ့ဖြစ်ကာ ဦးလေးဖြစ်သူမိသားစုစောင့်ရှောက်ပေးထားသည့် Omegaလေး။တိတ်ဆိတ်နေရတာကို သဘောကျပြီး အလယ်တန်းနှစ်ကတည်းကခင်မင်လာသော သူငယ်ချင်းနှစ်ယောက်ကိုသာအမြဲအားကိုးသူ။

ပန်းချီတွေကိုဝါသနာပါပြီး အိမ်တွင်းပုန်းနေရတာကိုသာသဘောကျလေသည်။ဦးလေးမိသားစုကပြည်ပတွင်အခြေချသော်ငြားလိုက်ပါမသွားဘဲ သူငယ်ချင်းတွေ၏စောင့်ရှောက်မှုအောက်တွင် ​သဘောကျရသောပန်းချီတွေဆွဲရင်းသာပြည်တွင်း၌နေရစ်လေသည်။

သူနှင့်ဒုတိယအကြိမ်တွေ့ဆုံမှုသည်လည်း cctv မှတ်တမ်းအရမတော်တဆသာဖြစ်လေသည်။သူထွက်သွားသည်အထိမထနိုင်သူက စိုင်းတိမ်ငွေ့ပြာဟူသော Alphaဖြစ်သူ၏ပွေ့ချီမှုဖြင့် ဆေးခန်းသို့ရောက်ရှိသွားလေသည်။သူနင်းလိုက်တဲ့ခြေထောက်က အရိုးပါအက်သွားပါသည်တဲ့။Horizon သူငယ်ချင်း၏အစ်ကိုဖြစ်သူက ထိုဆေးခန်းမှBetaဆရာဝန်။

တတိယအကြိမ်တွင်လည်း ထို့အတူပင်။ထိုနေ့က သူပက်လိုက်သောကော်ဖီပူတွေသာ မျက်နှာဆီရောက်သွားပါက။ဆက်မတွေးဘဲသက်ပြင်းကိုသာချမိသည်။အဲ့ဒီတုန်းကသူဘာဖြစ်သွားခဲ့တာလဲ။အမြဲစဥ်းစားဥာဏ်ရှိပြီး လူကဲခတ်တော်လွန်းတဲ့သူက တစ်စုံတစ်ရာ၏ ထိန်းချုပ်​ခြင်းခံထားရသူလို ဘာကြောင့်ပြုမူလိုက်ရတာလဲ။

သူမှားခဲ့ကြောင်းသိသော်လည်း သူမတောင်းပန်နိုင်ဘူး။ထိုတစ်ယောက်မှာ သူမုန်းတဲ့စံပယ်ရနံ့ဖယ်ရိုမုန်းတွေရှိနေကတည်းက သူမုန်းဖို့အကြောင်းပြချက်ပဲ။နောက်ပြီး ကိုက်ညီမှုမြင့်မားလွန်းတဲ့ ဖယ်ရိုမုန်းတွေနဲ့ သူ့ရှေ့ရောက်လာကတည်းကမုန်းဖို့ထိုက်တန်နေပြီးသား။

ဟုတ်တယ် ဒီနိုင်ငံကနေထွက်သွားခွင့်မရှိဘူး။အရာအားလုံးက သူစီစဥ်တဲ့အတိုင်းပဲဖြစ်ရမယ်။သူ့ခွင့်ပြုချက်မရှိဘဲ ဝင်လာခွင့်မရှိသလို ထွက်သွားခွင့်လည်းမရှိ။နိုင်ငံအတွင်းမှာပဲဖြစ်ဖြစ် နှလုံးသားအတွင်းမှာပဲဖြစ်ဖြစ်။

#############

ငြိမ်း🌻🌞

Geo Sျပည္နယ္ကိုေရာက္တာ ေလးရက္ရွိၿပီ။စိုက္ခင္းေတြအေၾကာင္း သဲလြန္စရၿပီျဖစ္ေသာ္လည္း သူဝင္မပါခ်င္ေသး။သူတို႔စည္းမ်ဥ္းေတြႏွင့္ကိုက္ညီေနသ၍ ကိုယ္ကသြားမရႉပ္ခ်င္။ေနာက္တစ္ခ်က္က ထိုစိုက္ခင္းေတြရဲ႕ပိုင္ရွင္က တစ္စုံတစ္ယာက္ရဲ႕ နံမည္ႏွင့္ဆင္တူေနသာေၾကာင့္။

သူကိုယ္တိုင္ပဲလား နံမည္တူလားမေသခ်ာေသာ္ျငား ထိုနံမည္ကႏွစ္ေယာက္မရွိသည္မွာ ေသခ်ာပါသည္။

ေရာက္စကတည္းက သူပိုင္သည့္ ပ်ိဳးဥယာဥ္ေတြဘက္ ေလွ်ာက္ၾကည့္ျဖစ္ေသာ္ျငား သူ႕ကိုေတာ့မေတြ႕။ျပည္နယ္တစ္ခုလုံးပ်ိဳးဥယာဥ္ေပါင္းမ်ားစြာပိုင္ဆိုင္ၿပီး ေဟာ္တည္ႏွင့္ ခရီးသြားလုပ္ငန္းေတြကလည္း မနည္း။ေနာက္ကြယ္ကစိုက္ခင္းေတြကလည္း ပမာဏတစ္ခုအထိ က်ယ္ျပန့္ေနေသးသည္။

ဒီေန႕သူပိုင္သည့္ ပ်ိဳးဥယာဥ္တစ္ခုဆီထပ္သြားဖို႔ျပင္ထားသည္။မေတြ႕ရမခ်င္း သူမျပန္ခ်င္ဘူး။ၿမိဳ႕ျပင္ဥယာဥ္ဆီေရာက္ေတာ့ အလုပ္သမားေလးေတြကဆီးႀကိဳသည္။သူကေတာ့ ပန္းပင္ေတြၾကား သူ႕ကိုရွာဖို႔သာ ႀကိဳးစားမိသည္။

“ဒီဘက္ကစံပယ္ပင္ေတြက”

“ေရာင္းဖို႔မဟုတ္ဘူးအစ္ကို ဒါကကိုေငြ႕ကသူ႕သူငယ္ခ်င္းအတြက္ ကိုယ္တိုင္စိုက္ထားတာ အစ္ကိုၾကည့္ခ်င္ရင္ ဟိုဘက္မွာျပေပးလို႔ရတယ္ဗ်”

တယုတယ စိုက္ပ်ိဳးထားတဲ့ စံပယ္ပင္ေတြက လွလွပပ။ပန္းပြင့္သည့္ရာသီမဟုတ္၍ အပြင့္ေတြေတာ့သိပ္မရွိ။ျမတ္နိုးခံထားရတဲ့ စံပယ္ၿခံေလးကိုျမင္ေတာ့ စံပယ္ပန္းသိပ္မုန္းတဲ့ အစ္ကိုျဖစ္သူကိုသတိရမိသြားသည္။အစ္ကိုျဖစ္သူေၾကာင့္ မည္သူ႕ၿခံထဲမွာမွ ထိုပန္းကိုမစိုက္ျဖစ္ခဲ့။

“မၾကည့္ေတာ့ဘူးညီေလး အစ္ကိုကထင္ရႉးပင္ေပါက္ေလးေတြလိုခ်င္လို႔”

“ၿခံထဲမွာရွိတယ္အစ္ကို လာဒီဘက္”

ဦးေဆာင္ကာေခၚသြားသူေနာက္ တိတ္တဆိတ္သာလိုက္သြားျဖစ္သည္။တကယ္ေတာ့ သူလိုခ်င္တာအပင္ေတြမဟုတ္။တစ္စုံတစ္ေယာက္ကိုေတြ႕ရမလားဆိုသည့္ ေမွ်ာ္လင့္ခ်က္ႏွင့္သာ။ေရစက္ေတြမပါရင္ တမင္တကာရွာရင္ေတာင္ မေတြ႕တတ္တာမ်ိဳး။ဘဝက ကိုးရီးယားကားဆန္ပါသည္။

ထင္ရႉးပင္ေပါက္ေတြကိုေတာ့ ကိုငယ့္ကိုေပးမည္။ကိုငယ္က ထင္းရႉးပင္ေတြသိပ္ႀကိဳက္တာ။မ်က္လုံးတစ္ခ်က္ေဝ့ၾကည့္ေတာ့ ေျခလွမ္းေတြကတုံ႕ခနဲ။တစ္ခါျမင္ဖူးထား႐ုံႏွင့္ စိတ္ထဲစြဲေနသည့္ေက်ာျပင္တစ္ခုက ႏွင္းဆီပင္ေတြၾကားတလႈပ္လႈပ္။

“ညီေလး အစ္ကိုႏွင္းဆီေတြလည္းၾကည့္ခ်င္လို႔ ဟိုတစ္ေယာက္ကိုေမးလိုက္မယ္ ညီေလးလုပ္စရာရွိတာသြားလုပ္ေလ”

“အာ ကိုေငြ႕ကိုေျပာတာလား အဲ့တာၿခံပိုင္ရွင္ေလ ပိုအဆင္ေျပတာေပါ့ ကိုေငြ႕ကရွင္းျပတဲ့ေနရာမွာေတာ္တယ္ ဒါဆိုကြၽန္ေတာ္ဟိုဘက္ကေဖာက္သည္ဆီတစ္ခ်က္ျပန္သြားလိုက္အုံးမယ္ေနာ္”

“ဟုတ္ၿပီ”

ထိုေကာင္ေလးထြက္သြားေတာ့မွ ေက်ာျပင္ေလးရွိရာဆီေျခလွမ္းမိသည္။ႏွင္းဆီေတြႏွင့္ အလုပ္ရႉပ္ရင္း ဖုန္းေျပာေနဟန္တူသည္။ေျခသံဖြဖြေလွ်ာက္လို႔ အနားကိုပိုနီးကပ္လိုက္ေတာ့ ႏွင္းဆီေတြၾကား Poppy ရနံကခပ္သဲ့သဲ့။ဒါဆိုသူ႕ ဖယ္ရိုမုန္းရနံက Poppy ေပါ့။သူ သေဘာက်စြာၿပဳံးလိုက္မိသည္။

“အြန္း မနက္ျဖန္ညေနေလာက္ လာျဖစ္မယ္ လျခမ္းေရာေနေကာင္းရဲ႕လား ငါအိမ္မက္ေတြသိပ္မေကာင္းလို႔ သူ႕ကိုေသခ်ာဂ႐ုစိုက္”

“………….”

“ငါသာသူ႕အေဖဆိုလို႔ကေတာ့ မင္းလိုနေမာ္နမဲ့ေကာင္နဲ႕ထားမေနဘူး”

“……….”

“ကိုစက္ရိပ္ကိုလည္းေျပာလိုက္အုံး အျပင္သြားရင္ တစ္ေယာက္တည္းလႊတ္မထားနဲ႕လို႔ ဒါပဲငါအလုပ္ေလးရွိေသးလို႔”

ဖုန္းအားအိတ္ကပ္ထဲထိုးထည့္ကာ ေနာက္သို႔လွည့္လိုက္ေတာ့မွ သူ႕အားသတိထားမိသြားဟန္တူသည္။ေခြၽးစတစ္ခ်ိဳ႕သီးေနတဲ့ ႏွဖူးျပင္က်ဳံ႕သြားသည္အထိ မ်က္ေမွာင္ေတြတြန့္ခ်ိဳးသြားသူ။

“ဟယ္လို ျပန္ေတြ႕ျပန္ၿပီ ေရစက္ပါတယ္ထင္တယ္ေနာ္”

“မင္းဒီကိုဘာလာလုပ္တာလဲ”

“လာရွာတာေလ”

“ဘာ”

“အပင္မ်ိဳးစိပ္ေတြ အပင္စိုက္ခ်င္လို႔”

“ဘာပင္လိုခ်င္တာလဲ”

“ကိုယ့္ႏွလုံးသားနယ္ေျမနဲ႕ ကိုက္ညီရင္ဘာအပင္ျဖစ္ျဖစ္ရတယ္”

“မင္း”

“ကိုယ္စကားေျပာေလာသြားလို႔ ကိုယ္ပိုင္တဲ့နယ္ေျမေလးကို ႏွလုံးသားလို႔နံမည္ေပးထားတာ အဲ့တာ သင့္ေတာ္မယ့္အပင္ေလးလိုခ်င္လို႔ပါ”

“ကိုယ္စိုက္ခ်င္တဲ့အပင္ေတာင္ ကိုယ္မသိဘူးလား”

“မင္းနဲ႕ကိုက္ညီမယ္ထင္တယ္”

“ဘာ”

“ဪကိုယ္ေျပာတာက မင္းလိုက္ၾကည့္ေပးရင္သိပ္ေကာင္းမွာပဲလို႔ ကိုယ္လည္းေသခ်ာမသိလို႔”

“မသိရင္ စိုက္မေနနဲ႕ေတာ့ျပန္”

“သိပ္သူစိမ္းဆန္တာပဲ”

“ငါတို႔ကရင္းႏွီးလို႔လား”

“နံမည္ေတာင္ ကိုယ္တိုင္မိတ္ဆက္ၿပီးၿပီပဲဟာ စိတ္ပါရင္ လက္တြဲလို႔ပါရေနၿပီ”

“မင္း ဘာေတြေျပာေနတာလဲ”

“ကိုယ္ေျပာတာက လုပ္ငန္းေတြဘာေတြအတူလက္တြဲလုပ္ၾကည့္လို႔ရေလာက္တယ္လို႔ ကိုယ္တို႔အလုပ္ကိုင္ခ်င္းနီးစပ္တယ္ေလ”

“ဘာလုပ္ငန္းမွတြဲမလုပ္ခ်င္ဘူး အပင္မဝယ္ရင္ျပန္ေတာ့”

“အကုန္လုံးဝယ္ရင္ တစ္သက္လုံးေပးေနမွာလား”

“စကားကိုဘယ္လိုေတြေျပာေနတာလဲ”

“ပုံမွန္လိုပဲ ပါးစပ္နဲ႕ေလ”

“ဝယ္ဝယ္မဝယ္ဝယ္ ျပန္”

“ကိုယ္ၾကားဖူးတာက Sျပည္နယ္ကလူေတြက အရမ္းဧည့္ဝတ္ေက်တာတဲ့ မင္းက်ေတာ့လူကိုပါႏွင္ထုတ္တယ္ေနာ္”

“ဟုတ္တယ္ က်ဳပ္ကရိုင္းတယ္ ျပန္ေတာ့”

“မျပန္ခ်င္ပါဘူး ကိုယ္လိုခ်င္တာမွမရေသးတာ”

“အဲ့တာဆိုေနခဲ့ လိုက္ျပဖို႔တျခားတစ္ေယာက္လႊတ္လိုက္မယ္”

“မင္းနဲ႕မွမဟုတ္ရင္ ပန္းမ်ိဳးစုံေနေတာ့ေရာ ဘာအဓိပ္ပါယ်ရှိမှာတဲ့လဲ”

“မရွိရင္ လဲေသေနလိုက္”

ေျပာရင္းလွည့္ထြက္သြားသူကို လက္ေမာင္းမွဆြဲထားလိုက္ရသည္။

“စတာ ခ်စ္လို႔ ကိုယ့္ကို ထင္းရႉးပင္ေလးေတြလိုက္ျပပါ့လားေနာ္ အိမ္ကအစ္ကိုကမပါရင္အိမ္ျပန္မလာရဘူးတဲ့ေနာ္ လိုက္ျပပါ”

“တျခားလူ..”

“မင္းကိုယ္တိုင္လိုက္ျပပါ လာ မင္းကပိုင္ရွင္ပဲဟာ”

လက္ေမာင္းမွဇြတ္ဆြဲေခၚေတာ့ ႐ုန္းနိုင္ေပမယ့္မ႐ုန္းတဲ့သူက အသာတၾကည္မဟုတ္စြာပါလာသည္။အပင္ေတြၾကားေရာက္ေတာ့ လိုခ်င္တာကိုစိတ္ရွည္လက္ရွည္ေ႐ြးေပးေနေလသည္။စုစုေပါင္း ငါးပင္ခန့္ယူလိုက္ၿပီး ႏွင္းဆီတစ္ခ်ိဳ႕ပါယူျဖစ္လိုက္သည္။

“မင္း Yၿမိဳ႕ေတာ္ဆီမလာေတာ့ဘူးလား”

“ဘာလုပ္မို႔တုန္း”

“ငါနဲ႕အတူျပန္ရေအာင္ေလ ငါတစ္ေယာက္တ ည္းျပန္ရမွာပ်င္းလို႔ ဟိုမွာမင္းေကာင္ေလးလည္းရွိတယ္မလား အတူျပန္ရေအာင္ ေကာင္ေလးကိုလိုက္ေတြ႕လွည့္ေလေနာ္”

“မနက္ျဖန္ညေနသြားမွာ”

“အဲ့တာဆိုအတူျပန္မယ္ေလ ငါမင္းကားနဲ႕လိုက္လို႔ရတယ္မလား တစ္ေယာက္တည္းဆိုပ်င္းစရာႀကီး လမ္းမွာစကားေျပာေဖာ္ရေအာင္ငါ့ကိုေခၚသြားေလေနာ္”

“စကားမ်ားတဲ့လူေတြကိုမႀကိဳက္ဘူး”

“အင္းပါ ငါစကားမမ်ားဘူးေလ တိတ္တိတ္ေလးပဲေနမွာ”

“မယုံဘူး မေခၚနိုင္ဘူး”

“လုပ္ပါကြာေနာ္ ငါတစ္ေယာက္တည္းမျပန္ခ်င္ဘူးလို႔”

“No”

“အသည္းမာလိုက္တာကြာ အဲ့တာဆိုငါ့ကို ၿမိဳ႕ထဲကိုလိုက္ျပ”

“ဘာကိစၥလိုက္ျပရမွာလဲ”

“ငါကဧည့္သည္မလို႔ မင္းကအိမ္ရွင္မလို႔ေလ လိုက္ျပပါဆို ငါေရာက္တာေလးရက္ရွိၿပီ မသြားတတ္လို႔ ဘယ္မွမေရာက္ေသးဘူး”

“တျခားလူရွာ”

“မင္းလိုက္ျပပါဆို တစ္ခုေ႐ြး ၿမိဳ႕ထဲလိုက္ျပမွာလား အျပန္ငါ့ကိုေခၚမွာလား”

“ဘာမွမေ႐ြးဘူး”

“အဲ့လိုလုပ္ေနရင္ ငါမင္းေကာင္ေလးကိုသြားတိုင္မွာေနာ္”

မ်က္ေမွာင္က်ဳံ႕ၿပီးၾကည့္လာျပန္ၿပီ။

“လုပ္ပါ အပန္းႀကီးတာလည္းမဟုတ္ဘဲနဲ႕”

“မလုပ္ခ်င္ဘူး”

“လိမၼာပါတယ္ ဟိုေရာက္ရင္ မင္းအကူညီလိုသမွ် ငါျပန္ကူညီပါ့မယ္”

“မလိုအပ္ဘူး”

“မင္း….ရတယ္ ငါဒီေနရာမွာပဲထိုင္ေနေတာ့မယ္ ဘယ္မွမသြားေတာ့ဘူး”

ေျပာရင္း စံပယ္ၿခံေဘးကခုံေပၚဝင္ထိုင္လိုက္သည္။စံပယ္ပင္ေတြကိုေငးၿပီး စိတ္မေကာင္းလည္းျဖစ္မိသည္။သူ႕ကိုက်အသည္းအသန္ေတြျငင္းေနၿပီး ေကာင္ေလးကိုက်ခ်စ္တတ္လိုက္တာ။စံပယ္ပင္ေတြ ကိုယ္တိုင္ေတာင္တယုတယစိုက္ပ်ိဳးေပးထားေသးတယ္။

ေရာင္းရန္မဟုတ္ဟူေသာဆိုင္းဘုတ္ကေလးက သူ႕အားေျပာင္ျပေနသလိုပင္။အခ်စ္ကသိပ္ခက္တာပဲ ပိုင္ဆိုင္သူရွိၿပီးသားလူကိုမွ ယိုင္နဲ႕မိရတယ္လို႔။ၿပီးေတာ့မ်ိဳးတူ Alphaခ်င္း။မစခင္ အနီကတ္ျပခံထားရတဲ့သူလို ေမွ်ာ္လင့္ခ်က္မဲ့ ကြင္းျပင္ကေငး႐ုံေပါ့။

“ထ”

အေတြးေတြနဲ႕ေဆြးေနမိတာ နံေဘးကအသံၾကားမွ ေမာ့ၾကည့္မိသည္။ငုံ႕ၾကည့္လာတဲ့ပယင္းေရာင္မ်က္ဝန္းေတြထဲ သူ႕ပုံရိပ္ကထင္ထင္ရွားရွား။

“ဘယ္ေနရာသြားခ်င္တာလဲေျပာ လိုက္ျပေပးမယ္ လာခဲ့”

ေျပာရင္းလွည့္ထြက္သြားတဲ့ေက်ာျပင္ေနာက္ တက္ႂကြလာတဲ့သူ႕ေျခလွမ္းေတြ။အေလွ်ာ့ေပးသြားသူက ကားဆီေျခလွမ္းေတြဦးတည္သည္။

ဒီလိုသာအၿမဲအေလွ်ာ့ေပးေနရင္ မင္းရဲ႕ အရာအားလုံးပိုင္ဆိုင္ခ်င္သည္အထိ ငါေလာဘတက္လာမိမယ္ထင္တယ္။

……………

“အဲ့ဒါ ကိုCean လက္ခ်က္မလား”

က်ယ္ဝန္းတဲ့အလုပ္ခန္းထဲ ဖုန္းမွထြက္ေပၚလာတဲ့ Horizon အသံသာ ရွင္ရွင္းလင္းလင္း ပဲ့တင္ထပ္ေနသည္။Ceanဝ႐ုမစိုက္စြာ ထိုင္ခုံကိုေက်ာမွီလိုက္သည္။

“ဘာကိုလဲ”

“ဒီေန႕မနက္တက္လာတဲ့သတင္း”

“ဘာသတင္းလဲ ငါမသိဘူး”

“အဲ့တာဆို အဲ့ဥပေဒအသစ္ႀကီးကို ဘယ္လိုလူကထုတ္လိုက္တာလဲ”

“အဲ့တာငါ့ကိုမေမးနဲ႕ေလ အဲ့ဒီထုတ္တဲ့သူကိုသြားေမးရမွာ ငါနဲ႕ဆိုင္ေနတာလည္းမဟုတ္”

“မဆိုင္တာေသခ်ာလားကိုCean”

“ဘယ္လိုေတြေၾကာင့္ ငါ့ကိုဇြတ္ထင္ေနရတာတုန္း”

“ထင္တာေပါ့ တစ္ေန႕ကပဲ ဟိုOmegaေလးက ျပည္ပထြက္သြားဖို႔ေျပာသံၾကားလိုက္တယ္ အခုအိမ္ေထာင္မရွိတဲ့Omegaေတြ ျပည္ပထြက္ခြင့္မရွိဆိုတဲ့ ဥပေဒကေပၚလာၿပီ အဲ့လိုမ်ိဳးဘယ္တုန္းကရွိဖူးလို႔လဲ”

“အခုရွိသြားၿပီေလ အဲ့တာသူတို႔က Omegaေတြလုံၿခဳံေစဖို႔အတြက္ထုတ္ျပန္လိုက္တာပါ ငါနဲ႕ဆိုင္မေနဘူး”

“ဟုတ္ပါၿပီ ကိုCean ေျပာသမွ်ေပါ့ ဒါပဲလူနာေရာက္လာလို႔”

တစ္ဖက္ကဖုန္းခ်သြားမွ သူလည္းသက္ျပင္းခ်လိဳက္သည္။အဲ့ေန႕ကဘယ္လိုစိတ္႐ူးေပါက္ၿပီး ဖုန္းဆက္မိလိုက္သည္မသိ။ထိုတစ္ေယာက္ကို ထြက္မသြားနိုင္ေအာင္ တားျမစ္ခ်င္စိတ္ပဲရွိေန၍ ဘာမွမစဥ္းစားမိလိုက္။

ၿပီးေတာ့မေန႕က အျပင္မွာထပ္ဆုံျဖစ္သည္။သူကအရင္ျမင္မိေသာ္လည္း ဟိုဘက္ကသူ႕ကိုမျမင္။ပင္ထေနာင္းညိုႏွင့္ ဟိုAlphaၾကား ေရခဲမုန့္တစ္ခြက္ႏွင့္ အလုပ္ရႈပ္ေနသူက သာသာယာယာ။ပင္ထေနာင္းညိုလက္ထဲမွာ ပန္းေရာင္ဝက္ဝံ႐ုပ္ကိုင္ထားၿပီး ဟိုAlpha ကေတာ့အဝတ္စားတစ္ခ်ိဳ႕ႏွင့္ စားစရာေတြကိုင္ထားေလ သည္။ဘယ္သူ႕ပစၥည္းေတြလဲ ေမးေနစရာပင္မလို။

ဟိုႏွစ္ေယာက္က အရပ္ရွည္တာေၾကာင့္ ပုပုေသးေသးေလးက ႏွစ္ေယာက္ၾကားမွာကေလးလို။ေျခာက္ေပနီးပါးႏွစ္ေယာက္ၾကား ငါးေပေလးလက္မသာသာထိုအရပ္ေလးက အေဖႏွစ္ေယာက္ၾကားက ကေလးေလးပမာ။

ေျခဖ်ားေလးေထာက္ကာ ေရခဲမုန့္ခြံ႕ေကြၽးေနသူေၾကာင့္ ေဘးမွလူေတြက အသဲတယားယား။ဟိုႏွစ္ေယာက္ကလည္း အလိုလိုက္ထားဟန္။မ်က္ႏွာေတြကခပ္ၿပဳံးၿပဳံး။လူေပါက္စကေတာ့ ပါးခ်ိဳင့္ေတြပါ ထင္းထင္းထင္းလင္းလင္းေပၚကာ မ်က္လုံးဝိုင္းေတြပါ ပိတ္လို႔။သိပ္ေပ်ာ္ေနၾကတာ။

ျဖတ္သြားသမွ်လူတိုင္းက ထိုအၿပဳံးေတြေအာက္ကူးစက္သြားပုံရကာ သူတို႔ပါၿပဳံးၿပီး ႏွစ္ခါျပန္မၾကည့္သူမရွိ။

မေတာ္တဆသူႏွင့္အၾကည့္ခ်င္းဆုံမိေတာ့ ေပ်ာက္ကြယ္သြားတဲ့အၿပဳံးေတြက တိမ္ဖုံးသြားတဲ့လလို။ဟိုႏွစ္ေယာက္ႏွင့္ကြယ္သြားပုံက က်ားအားေတြ႕လိုက္သည့္ ယုန္သူငယ္အတိုင္း။

ဘာေျပာလိုက္သည္မသိ။လက္ထဲမွအထုပ္ေတြအား ပင္ထေနာင္းညိုဆီေပးၿပီး ခ်က္ခ်င္းေက်ာပိုးလိုက္တဲ့ ထိုAlpha။ၿပီးေနာက္ထြက္ေပါက္ဆီခ်က္ခ်င္းေလွ်ာက္သြားသူေတြက သူ႕ျမင္ကြင္းေအာက္မွ တန္းေပ်ာက္ကြယ္သြားေလသည္။

ခံျပင္းစိတ္ေတြတလိပ္လိပ္တက္လာတာက သူ႕ကိုမေကာင္းဆိုးဝါးဆို ျပဳမူသြားလို႔။သူ႕ကိုျမင္မွ ေျပာင္းလဲသြားပုံကသိသိသာသာ။သူကဘာေတြမ်ားဆိုးဆိုး႐ြား႐ြားျပဳမူထားလို႔လဲ။

အိမ္ျပန္ေရာက္သည္အထိ ေဒါသေတြကမေသ။ညဘက္အလုပ္မလုပ္ေတာ့ဘဲ Mallကလူေတြရွာေပးထားသည့္ သူ႕အေၾကာင္း Mail ေတြႏွင့္ ေက်ာက္စက္ရွာေပးထားတာေတြအား လိုက္ၾကည့္မိသည္။

ငယ္ငယ္ေလးကတည္းက မိဘမဲ့ျဖစ္ကာ ဦးေလးျဖစ္သူမိသားစုေစာင့္ေရွာက္ေပးထားသည့္ Omegaေလး။တိတ္ဆိတ္ေနရတာကို သေဘာက်ၿပီး အလယ္တန္းႏွစ္ကတည္းကခင္မင္လာေသာ သူငယ္ခ်င္းႏွစ္ေယာက္ကိုသာ အၿမဲအားကိုးသူ။

ပန္းခ်ီေတြကို ဝါသနာပါၿပီး အိမ္တြင္းပုန္းေနရတာကိုသာ သေဘာက်ေလသည္။ဦးေလးမိသားစု ျပည္ပတြင္အေျခခ်ေသာ္ျငားလိုက္ပါမသြားဘဲ သူငယ္ခ်င္းေတြ၏ေစာင့္ေရွာက္မႈေအာက္တြင္ သေဘာက်ရေသာပန္းခ်ီေတြဆြဲရင္းသာ ျပည္တြင္း၌ေနရစ္ေလသည္။

သူႏွင့္ဒုတိယအႀကိမ္ေတြ႕ဆုံမႈသည္လည္း cctv မွတ္တမ္းအရ မေတာ္တဆသာျဖစ္ေလသည္။သူထြက္သြားသည္အထိ မထနိုင္သူက စိုင္းတိမ္ေငြ႕ျပာဟူေသာ Alpha ျဖစ္သူ၏ေပြ႕ခ်ီမႈျဖင့္ ေဆးခန္းသို႔ေရာက္ရွိသြားေလသည္။သူနင္းလိုက္တဲ့ေျခေထာက္က အရိုးပါအက္သြားပါသည္တဲ့။Horizon သူငယ္ခ်င္း၏အစ္ကိုျဖစ္သူက ထိုေဆးခန္းမွ Betaဆရာဝန္။

တတိယအႀကိမ္တြင္လည္း ထို႔အတူပင္။ထိုေန႕က သူပက္လိုက္ေသာေကာ္ဖီပူေတြသာ မ်က္ႏွာဆီေရာက္သြားပါက။ဆက္မေတြးဘဲသက္ျပင္းကိုသာခ်မိသည္။အဲ့ဒီတုန္းကသူဘာျဖစ္သြားခဲ့တာလဲ။အၿမဲ စဥ္းစားဥာဏ္ရွိၿပီး လူကဲခတ္ေတာ္လြန္းတဲ့သူက တစ္စုံတစ္ရာ၏ ထိန္းခ်ဳပ္ျခင္းခံထားရသူလို ဘာေၾကာင့္ျပဳမူလိုက္ရတာလဲ။

သူမွားခဲ့ေၾကာင္းသိေသာ္လည္း သူမေတာင္းပန္နိုင္ဘူး။ထိုတစ္ေယာက္မွာ သူမုန္းတဲ့ စံပယ္ရနံ႕ဖယ္ရိုမုန္းေတြရွိေနကတည္းက သူမုန္းဖို႔အေၾကာင္းျပခ်က္ပဲ။ေနာက္ၿပီး ကိုက္ညီမႈျမင့္မားလြန္းတဲ့ ဖယ္ရိုမုန္းေတြနဲ႕ သူ႕ေရွ႕ေရာက္လာကတည္းကမုန္းဖို႔ထိုက္တန္ေနၿပီးသား။

ဟုတ္တယ္ ဒီနိုင္ငံကေန ထြက္သြားခြင့္မရွိဘူး။အရာအားလုံးက သူစီစဥ္တဲ့အတိုင္းပဲျဖစ္ရမယ္။သူ႕ခြင့္ျပဳခ်က္မရွိဘဲ ဝင္လာခြင့္မရွိသလို ထြက္သြားခြင့္လည္းမရွိ။နိုင္ငံအတြင္းမွာပဲျဖစ္ျဖစ္ ႏွလုံးသားအတြင္းမွာပဲျဖစ္ျဖစ္။

#############

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၁, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၁, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၁ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၁ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၁ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၁ light novel, ,

Comment

Leave a Reply

Chapter 12