Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၂

A+ A-

ဒီနေ့ငယ်ငယ်တစ်ယောက်တည်း စတိုးဆိုင်ဆီထွက်ခဲ့သည်။ဟိုသုံးယောက်ကသူတို့အလုပ်နဲ့သူတို့မအားကြ။ကိုကြီးက ဦးလေးခိုင်းလိုက်တဲ့အလုပ်ကိစ္စကြောင့် တစ်ဖက်ဧည့်သည်နှင့်သွားတွေ့သလို နောင်းညိုကလည်းသူ့အဖေအစား လုပ်ငန်းခွင်သို့သွားစစ်ဆေးပေးနေရသည်။တိမ်ငွေ့ကလည်း မိတ်ဆွေတစ်ဦး၏ချောဆွဲမှုကြောင့် ညနေမှပြန်လာမည်တဲ့။

မနေ့ကထုတ်ပြန်လိုက်တဲ့ဥပဒေကြောင့်
သူတစ်ညလုံးအိပ်လို့မပျော်။သူပြည်ပထွက်မည်ဟုဆုံးဖြတ်ပြီးကာမှ ထိုဥပဒေကထုတ်ပြန်လာသည်တဲ့။သူသွားမည့်ကိစ္စအားလည်း နောင်းညိုနဲ့တိမ်ငွေ့အားမပြောပြရသေး။ကံကြမ္မာကသူ့ဘက်မှာမရှိဘူးထင်ပါရဲ့။ကိုကြီးကတော့ သူ့ကိုအားပေးပါသည်။သူနည်းလမ်းရှာကြည့်ပေးပါမည်တဲ့။နည်းလမ်းရှာမရရင် သူတိမ်ငွေ့နှင့်သွားနေမည်ဟုဆုံးဖြတ်ထားသည်။

သူစိတ်ညစ်တိုင်းလုပ်လေ့ရှိတာက ရှိသမျှအစားအကုန်စားပစ်တတ်တာပဲ။ဒါ​ကြောင့် အိမ်မှာ ပဲနို့ကုန်နေပြန်ပြီ။သုံးယောက်လုံးက ညနေပြန်လာမှဝယ်ခဲ့ပေးမည်ဆိုပေမယ့် ငယ်ငယ်ကအခုသောက်ချင်နေတာကို။ပြီးတော့ ဟိုလူကြီးရဲ့ပိုင်နက်ထဲမသွားမချင်းသူ့မှာပြဿနာမရှိ။လမ်းထိပ်ဆိုင်လောက်ကတော့ နောင်းညိုနဲ့သွားနေကျ။

လူကုံထံရပ်ကွက်ဖြစ်၍ လူရမ်းကားတွေကိုလည်းကြောက်စရာမလို။ဆိတ်ငြိမ်နေတဲ့လမ်းတစ်ဖက်တစ်ချက် ခြံဝန်းကျယ်တွေသာနေရာယူသည်။သူနေသည့်တိုက်နှင့် စတိုးဆိုင်က ဆယ့်ငါးမိနစ်ခန့်လျှောက်လျှင်ရောက်သည့်အကွာအဝေးတိုလေး။

စတိုးဆိုင်ထဲဝင်တော့ဝယ်သူကမရှိ။ရောက်တုန်းရောက်ခိုက် စားချင်သည့်မုန့်များအား အကုန်လိုက်ကြည့်ဖြစ်သည်။ကောင်တာမှာထိုင်နေတဲ့ Beta​အစ်ကိုကတော့အိပ်ငိုက်နေလေသည်။

ချောင်ကျတဲ့နေရာမှာ စင်ပေါ်တင်ထားတဲ့ အရုပ်တစ်ချို့ကသူ့စိတ်အားဖမ်းစားသည်။အိမ်မှာအရုပ်တွေအပြည့်ရှိသော်လည်း ချစ်စရာကောင်းတာလေးတွေမြင်ရင် မနေနိုင်သောစိတ်ကလိုချင်နေမိပြန်သည်။ထိပ်ဆုံးတန်းမှာတင်ထားသော ယုန်ရုပ်လေးကအဖြူစွတ်စွတ်လေး။

ပုပုသေးသေးသူ့အရပ်ကလေးက ထိုအရုပ်ကိုမမှီ။ခြေဖျားထောက်တာတောင် တော်တော်ကြီးလိုနေသေးသည်။နောင်းညိုဖြစ်ဖြစ် တိမ်ငွေ့ဖြစ်ဖြစ်ခေါ်လာပြီးမှ ပြန်လာဝယ်ရမလား။သူတို့အရပ်နှင့်ဆိုကွက်တိဖြစ်နေမှာ။

ဒါပေမယ့် သူကအခုပဲလိုချင်နေတာကို။ညနေလာဝယ်လို့မရှိတော့ရင်ဘယ်လိုလုပ်မလဲ။အတွေးကြောင့် စင်ဒုတိယအဆင့်ကို ခြေလှမ်းလိုက်တယ်။သူကအပင်တက်တဲ့နေရာမှာကျွမ်းသည်။အိမ်မှာတက်နေကျ။ဒီစင်ပေါ်လည်းရအောင်တက်မည်။

နောက်တစ်ဖက်လှမ်းကာနီးမှာ ဆွဲချခံလိုက်ရခြင်းနှင့်အတူနောက်ကျောဆီကပ်လာသော ရင်းနှီးနေသည့်အငွေ့အသက်။ပြီးတော့ နားနားကပ်လာသည့် ခပ်နွေးနွေးလေငွေ့အချို့နှင့်အတူဩရှရှအသံတစ်ခု။

“Omegaတစ်ယောက်ဖြစ်ပြီး အိန္ဒြေလည်းမရှိဘူးနော် ဟိုပေါ်တက်ချင်ဒီပေါ်တက်ချင်နဲ့ တက်လိုက်လို့စင်လဲသွားရင် ဆိုင်ကလူတွေကအလုပ်ရှူပ်အုံးမယ်”

“ဖယ်ပေး”

နောက်လှည့်ကာ ထွက်သွားမယ်ပြင်တော့ လက်နှစ်ဖက်ဖြင့် စင်အားထောက်ထားကာ သူ့ခန္ဓာကိုယ်ကြီးဖြင့် ပိတ်ထားလေသည်။

“ရရင်ထွက်လေ”

မော့မကြည့်ဘဲ ခပ်စူးစူးလေးထွက်လာတဲ့အသံကတုန်တုန်ရင်ရင်။ဘေးမှာချထားတဲ့ လက်သီးစုပ်လေးတွေပါတုန်ရီနေပါသည်။

“ငယ်ငယ်အမှားမလုပ်ထားဘူး”

“အဲ့တော့”

“အနိုင်မကျင့်ပါနဲ့”

ငုံ့ထားတဲ့ခေါင်းကိုမော့မလာဘဲ အကြည့်တွေကိုကြမ်းပြင်ဆီသာပို့ထားလေသည်။အထက်စီးမှမြင်နေရတဲ့ ခေါင်းမဲမဲလေးကသူ့ရင်ဘတ်သာသာ။ဆံပင်မဲမဲခွေခွေလေးတွေက အသည်းယားစရာ။မရတာကြာပြီဖြစ်သည့် မိုးရေဖြန်းသည့်စံပယ်ရနံ့လေးက သင်းပျံ့ပျံ့။

စတွေ့ချိန်မှလွဲရင် သေချာထိန်းချုပ်ထားပုံရသောဖယ်ရိုမုန်းတွေက ဟိုတစ်နေ့ပွဲတုန်းကသာ သူ့ဖယ်ရိုမုန်းတွေကြောင့်တုံ့ပြန်လာတာ။ယခုရနေတဲ့ရနံ့က ဖယ်ရိုမုန်းမဟုတ်တဲ့ သူ့ကိုယ်သင်းရနံ့။

“ဘယ်လိုလုပ်မလဲ ကိုယ်ကအနိုင်ကျင့်ချင်နေတယ်”

ခါးကိုပိုကိုင်းလိုက်ပြီးအနားကိုပိုကပ်လိုက်တော့ ကျုံ့ဝင်သွားတဲ့ကိုယ်သေးသေးလေးနဲ့အတူ ပိုပြီးတိုးဝင်လာတဲ့ရနံ့သင်းသင်းလေး။

“အကြီးဖြစ်ပြီး အကျင့်မပုပ်ပါနဲ့”

“အသက်ကြီးလေ အကျင့်ပုပ်လေဆိုတာမသိဘူးလား”

“မဟုတ်ဘူး လိမ်မနေနဲ့”

“ခင်ဗျားစကားပြောနေတာကြမ်းပြင်နဲ့လား
ကိုယ်နဲ့စကားပြောရင်ကိုယ့်ကိုကြည့်”

“မကြည့်ချင်ဘူး ဂုတ်ညောင်းလို့”

ကန့်လန့်တိုက်ချင်နေတဲ့စိတ်ကြောင့် စကားကအကောင်းထွက်မလာ။

“အဲ့တော့ ဟိုနေ့ကလိုပွေ့ထားပေးရမလား”

“ငယ်ငယ်အိမ်ပြန်ချင်တယ်”

“လိုက်ပို့စေချင်နေတာလား”

“မဟုတ်ဘူး ဖယ်ပေး”

“လိုက်ပို့စေချင်လို့ အရိပ်မြွက်ပြနေတာမလားကိုယ်သိပြီးသား”

“မဟုတ်ပါဘူးဆို”

တိမ်ဝင်သွားတဲ့အသံက ငိုတော့မလို။

“အိမ်ပြန်ချင်ရင်ကိုယ့်ကိုကြည့်”

ခေါင်းသာရမ်းပြလာတယ်။ခေါင်းမာလိုက်တာဆိုတာလေ…..

“မပြန်ချင်ဘူးလား ဒီတိုင်းပဲနေချင်နေတာမလား ရတယ်လေ ဆိုင်ပိတ်တဲ့အထိဒီအတိုင်းနေကြတာပေါ့ ကိုယ်ကအလိုလိုက်တတ်ပါတယ်”

ခေါင်းသာထပ်ရမ်းပြလာပြီး အသံထွက်မလာ။နှစ်မိနစ်လောက်ထိုအတိုင်းသာရပ်နေသူက ငိုနေမှန်းသိသာစွာပုခုံးတို့တသိမ့်သိမ့်တုန်လာတော့သည်။

“လခြမ်းငယ်ငယ်”

“…………”

“ကိုယ့်ကိုကြည့်”

“……….”

“ဘာလဲ အိုကြီးအိုမ,မလို့မကြည့်ချင်တာလား”

“……….”

“တခြားအိုကြီးအိုမတွေကိုကျတော့ ပြုံးဖြီးပြနေပြီး ကိုယ့်ကိုကျကြည့်တောင်မကြည့်နိုင်ဘူးပေါ့ ကိုယ်ကအဲ့လောက်ရုပ်ဆိုးနေလို့လား”

မော့မကြည့်လာသလို စကားပြန်ရမလာတဲ့အခါ မရှည်တဲ့စိတ်ကြောင့်မျက်နှာကိုလက်နဲ့ဆွဲမော့ပစ်လိုက်တယ်။

ဝိုင်းစက်စက်ပုလဲနက်တွေက ရေပြင်ထဲမှာတောက်ပနေသလိုမျိုး မျက်ရည်တွေကြား တလဲ့လဲ့။ရှည်လျားကော့ညွတ်နေတဲ့မျက်တောင်ရှည်တွေက မျက်ရည်တွေပယောဂကြောင့် မိုးမိထားတဲ့ငှက်မွေးလေးလိုစုစုကပ်ကပ်။

တစ်ခါမြည်းစမ်းဖူးတဲ့နှုတ်ခမ်းဖူးဖူးလေးတွေက အကိုက်ခံထားရတာကြောင့်ရဲရဲစိုစို။တရှုံ့ရှုံ့​ဖြစ်နေတဲ့ နှာခေါင်းလုံးလုံးလေးကနီနီစွေးစွေး။

သူတံတွေးမျိုချလိုက်မိတော့တာပဲ။ကြည့်နေရင်း စမ်းချောင်းတစ်စင်းကပန်းနုရောင်ပါးမို့မို့ကိုဖြတ်လို့သူ့လက်ဖဝါးပေါ်ခရီးဆက်တယ်။ကြမ်းပြင်ကို မသက်ဆင်းစေလိုစိတ်နဲ့ လက်သီးဆုပ်လိုက်မိတော့တာ။

“မငိုနဲ့ ထပ်ငိုနေရင်ဟိုတစ်နေ့ကလိုနမ်းပစ်မယ်”

ပြောလိုက်တော့ ကျတော့မယ့်မျက်ရည်စကိုမျက်တောင်လေးပုတ်လို့သိမ်းတယ်။အသည်းယားဖို့ကောင်းလိုက်တာ။ဖျစ်ညှစ်ပစ်ချင်စိတ်ကိုထိန်းဖို့ ပါးစောင်ကိုလျှာနဲ့ထိုးလို့မျက်နှာလွှဲမိတယ်။ဆက်ကြည့်နေရင်တစ်ခုခုလုပ်မိတော့မှာ။

“စင်ပေါ်ကဘာလိုချင်လို့လဲ”

မျက်လုံးလေးဝင့်လို့ နှုတ်ခမ်းမဲ့ကာခေါင်းသာခါပြလာလေသည်။မရတော့ဘူး တစ်ခုခုလုပ်မှရတော့မှာ။အတွေးထက်အရင် နှုတ်ခမ်းတစ်စုံကို ဆွဲစုပ်ပစ်လိုက်တာ အားပါးတရ။တစ်ကိုယ်လုံးကိုပါကိုက်ပစ်လိုက်ချင်စိတ်ကို နှုတ်ခမ်းနဲ့တင်ကျေနပ်ပစ်ရတယ်။

“ပါးစပ်ကပြော”

“အင့် “

“ငိုရင်ထပ်နမ်းမှာ ပြောဘယ်အရုပ်လိုချင်တာလဲ”

ပြန်မဖြေလာသူကြောင့် စိတ်မရှည်စွာ နောက်ကျောဘက်လှည့်ကာ ခါးကနေပင့်မြှောက်ပစ်လိုက်တော့ လန့်သွားသလိုခါးပေါ်ကလက်​တွေကို ဆုပ်ကိုင်ပြီးငုံ့ကြည့်လာ​လေသည်။လက်တစ်ဆုပ်စာခါးလေးက သူ့လက်ဖဝါးထဲမှာအံဝင်ခွင်ကျ။စက္ကူစလေးလိုလက်ထဲပါလာတာက သိပ်ပေါ့ပါးလွန်းနေသည်။အဲ့လောက်ပေါ့ဖို့လိုလို့လား။

“လိုချင်တာယူလိုက် မဟုတ်ရင်ဒီအတိုင်းမြှောက်ထားမှာ အိုကြီးအိုမဆိုပေမယ့် မင်းလိုကလေးလေးကိုတစ်ညလုံးမြှောက်ထားနိုင်တယ် မယုံရင်စမ်းကြည့်”

ပြောမှ မျက်စိရှေ့ကအဖြူရောင်ယုန်မွှေးပွလေးကိုကောက်ယူတယ်။

“ယူပြီးပြီ အောက်ပြန်ချပေး”

“နောက်ထပ်လိုချင်တာရှိသေးလားထပ်ကြည့်”

“ဟင့်အင်း”

“ကိုယ့်မျက်နှာပေါ်မှာအရုပ်မတင်ထားဘူး ရှေ့ကအရုပ်တွေကိုကြည့် နောက်ထပ်မရွေးရင် အောက်မချပေးဘူး”

ပြောတော့ အပြာရောင်ဝေလငါးရုပ်​လေး ထပ်ဆွဲယူတယ်။ပြီးမှအောက်ကိုပြန်ငုံ့ကြည့်လာပြန်တယ်။

“တော်ပြီလား”

ခေါင်းညိတ်ပြလာသူက သူ့လက်ထဲမှာအနေခက်နေဟန်။

“ပါးစပ်ကပြော”

“တော်ပြီ”

အောက်ပြန်ချပေးပြီး လက်ထဲကအရုပ်နဲ့ ဘေးမှာချထားတဲ့ မုန့်အနည်းငယ်နှင့်ပဲနို့ကဒ်ထည့်ထားသောခြင်းအားဆွဲလိုက်သည်။
ပြီးမှ ထိုကောင်လေးကိုလက်တစ်ဖက်ကဆွဲရင်း ငွေရှင်းကောင်တာဘက်ပြန်လျှောက်လာလိုက်သည်။

“တခြားဘာလိုချင်တာရှိသေးလဲ”

“တော်ပြီ”

“မှန်မှန်ပြော”

“ပဲနို့လာဝယ်ရုံပဲ”

“ပိုက်ဆံမပါလို့လား”

“ပါတယ် ကိုကြီးပေးထားတာအများကြီး”

“ဘယ်သူကမေးနေလို့လဲ”

ကောင်တာရောက်တော့ Betaကောင်လေးက သူတို့နှစ်ယောက်ကိုတစ်လှည့်စီကြည့်လာလေတယ်။

“ဘာကြည့်နေတာလဲ တွက်လေ”

“ဟုတ်ကဲ့”

ပစ္စည်းတွေအားလုံးတွက်ပြီးတော့ ကောင်လေးကအိတ်ကပ်ထဲကို ပိုက်ဆံနှိုက်မည်ပြင်လေသည်။

“ကိုယ်ရှင်းပေးမှာ ပစ္စည်းတွေယူပြီးပြန်တော့”

“မဟုတ်..”

“ငြင်းရဲငြင်းကြည့် ကိုယ်တစ်ဆိုင်လုံးဝယ်ပြီး မင်းကိုရှင်းခိုင်းမှာ ရှင်းမှာလား”

“မရှင်းတော့ဘူး”

” ပစ္စည်းတွေ “မ”နိုင်လား”

“ဟုတ်ကဲ့”

“အဲ့တာဆိုပြန်တော့ မဟုတ်ရင်အိမ်ထိလိုက်ပို့မှာ”

“ပြန်ပြီလို့ ကျေးဇူးတင်ပါတယ်”

ခေါင်းငုံ့ကာနှုတ်ဆက်လို့ လှစ်ကနဲနေအောင်ပြေးလေတယ်။သူသဘောကျစွာပြုံးဟန်ပြင်ပြီးမှ ပြန်တည်လိုက်ရတယ်။

“ရော့ ပိုတာပြန်မအမ်းနဲ့”

“ဟုတ်ကဲ့ ဒါနဲ့လေအစ်ကို သူ့မှာပိုင်ရှင်ရှိတယ်ဗျ သူ့ကောင်လေးကတအားချစ်တာ အစ်ကိုသူ့ကိုမနှောင့်ယှက်ပါနဲ့လား”

“မင်းနဲ့ဆိုင်လို့လား”

“ဟို..”

“မဆိုင်ရင်တိတ်တိတ်နေ အသက်အပိုပါနေလို့လား မင်းသာဆိုင်စောင့်ရင်းအိပ်ငိုက်မနေနဲ့ တစ်ဆိုင်လုံးပါသွားရင်တောင်သိမှာမဟုတ်တဲ့အလကားကောင်”

“တောင်းပန်ပါတယ်ဗျ”

အရှိန်ဝါတစ်ချို့ထုတ်ပြတော့မှ ကြောက်ရွံကာ ခေါင်းငုံ့လို့တောင်းပန်လာလေသည်။အစကတည်းကလျှာဝင်ရှည်ပြီးတော့။ကားထဲဝင်လို့ တံခါးကိုဆောင့်ပိတ်ပစ်မိတော့တာ။သက်တော်စောင့်ခေါင်းဆောင်က ကြောင်တောင်တောင်တွေဖြစ်လို့။ကားစထွက်တာနဲ့ ထိုင်ခုံကိုကျောမှီလို့မျက်စိမှိတ်ထားလိုက်တော့သည်။

*ပြောတော့ဖြင့်သူငယ်ချင်းတွေပါဆိုပြီး အနေအထိုင်ကျမဆင်ခြင်ဘူး ဟိုလူပွေ့တာခံလိုက်ဒီလူပွေ့တာခံလိုက်နဲ့ မပြောချင်ဘူး အားနေတတွဲတွဲလက်ကဘယ်အချိန်မှမဖြုတ်ဘူး သူများတွေတောင်ရည်းစားတွေလို့ထင်နေတာကို ငါပြောခါကျမှကတ်ကတ်လန်ရန်တွေ့သွားတာ ဟွန့် ဟုတ်မှာပေါ့ငါအထင်လွဲမှာစိုးနေတာလေ တမင်သက်သက်ချဥ်းကပ်တာမဟုတ်ဘူးဆိုရင်တောင် ငါလိုလူကိုဘယ်Omegaကများမတပ်မက်ဘဲနေနိုင်မှာလဲ တခြားလူတွေထက်ထူးခြားချင်နေတာငါသတိထားမိအောင်လို့ ဆုတောင်းနေလိုက်ဘယ်တော့မှဖြစ်မလာဘူး*

အတွေးဆုံးတော့ ကျောက်စက်ဆီဖုန်းဆက်လိုက်သည်။

“ဟုတ်ကဲ့ ကိုCean “

“ဒီနေ့ငါသွားကြည့်တဲ့မြေနေရာကို ငွေချေလိုက်တော့”

“ကိုCean သဘောကျလို့လား”

“အွန်း တော်တော်သဘောကျတယ် အဟွန်း”

ပြောပြီး ဖုန်းချသွားတဲ့လူကြောင့် ကျောက်စက်ကြောင်အအဖြစ်သွားရသည်။

“တအားတွေပျော်နေပုံပဲ ဘာလဲအမြတ်တွေ ထောင်ချီပြီးရမှာမလို့များလား”

သူဋ္ဌေးဖြစ်သူ၏ အတွေးကိုလိုက်မမှီစွာသူ့မှာကြောင်တောင်တောင်ရယ်။

…………..

“အဆင်ပြေရဲ့လား “

“ဟုတ်ကဲ့ပြေပါတယ် ကျေးဇူးတင်ပါတယ်”

“ကိစ္စမရှိပါဘူး ကျွန်တော်ကဆရာဝန်ဘဲဟာ လူနာတိုင်းကကျွန်တော်နဲ့သက်ဆိုင်ပါတယ်”

“ကျွန်တော့်နံမည်က ဆောင်းစက်ရိပ်ခိုပါ စက်ရိပ်လို့ခေါ်လို့ရပါတယ်”

“ဟုတ်ကဲ့ အစ်ကိုကကျွန်တော့်ထက်ကြီးမယ်ထင်တယ် ကိုစက်ရိပ်လို့ခေါ်ပါ့မယ် ကျွန်တော့နံမည်ကမိုးကုတ်စက်ဝိုင်း Horizonလို့ခေါ်လို့ရပါတယ်”

“အာ… အရမ်းနံမည်ကြီးနေတဲ့ဆရာဝန်ပဲ တွေ့ခွင့်ရလို့ဝမ်းသာပါတယ်”

“ရပါတယ်ဗျာ အဲ့လောက်လည်းမဟုတ်ပါဘူး ဒါနဲ့ကိုစက်ရိပ်ကအခုလိုပဲခဏခဏမူးလဲတတ်တာလား အဲ့လိုဆိုသတိထားသင့်တယ်”

“မဟုတ်ပါဘူး အခုဟာကထိန်းချုပ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်ပါ”

“ဘာလို့ ထိန်းချုပ်ဆေးတွေသုံးနေရတာလဲ”

“အကြောင်းလေးတွေရှိလို့ပါ ပြီးတော့ကျွန်တော့်ဇနီးကလည်းကိုယ်ဝန်နဲ့မို့ပါ”

“အဲ့လိုဆိုပေမယ့် ထိန်းချုပ်ဆေးတွေကကြာရင်မကောင်းဘူးဗျ နီးစပ်ရာဆရာဝန်နဲ့ရော သေချာဆွေးနွေးထားရဲ့လား”

“ဟုတ်ကဲ့ ကျွန်တော်Nနိုင်ငံမှာ ကိုယ်ပိုင်ဆရာဝန်ရှိပါတယ် ဒီနိုင်ငံကိုအလုပ်ကိစ္စနဲ့လာရင်း ညီလေးဆီကိုခဏအလည်လာတာပါ”

“ညီလေးကဒီနိုင်ငံမှာရှိတာလား”

“ဟုတ်ကဲ့”

စကားပြောနေရင်း ဖုန်းဝင်လာလေသည်။

“ပြောရင်းအသက်ရှည်အုံးမယ် ညီလေးဆက်လာတာ”

“ဒါဆိုလည်းဖုန်းပြောလိုက်အုံး ကျွန်တော်သွားတော့မယ် အိမ်ပြန်ချင်ရင်ပြန်လို့ရပါပြီ”

“ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်”

ဆရာဝန်ထွက်သွားမှ ကိုင်သည့်ခလုပ်အားဖိလိုက်သည်။

“လခြမ်းလေးဘာမှာမလို့လဲ ကိုကြီးပြန်လာတော့မှာ”

“ဘာမှမမှာပါဘူးမိုးချုပ်​​နေပြီ ကိုကြီးပြန်မလာသေးလို့စိတ်ပူလို့”

“ကိုကြီးခုပဲပြန်လာတော့မလို့ စိတ်မပူပါနဲ့ ပြန်မလာဖြစ်တာကြာပေမယ့် ကိုကြီးကဒီနိုင်ငံမှာပဲမွေးပြီးကြီးလာတဲ့ကောင်ပါ”

ပြောရင်းကုတင်ပေါ်ကဆင်းကာ အနွေးထည်အား ကောက်ယူလိုက်သည်။အရေးပေါ်ခန်းမှာမလို့ ခဏလျှောက်လိုက်ရုံနှင့်ထွက်ပေါက်ကိုရောက်သည်။အပြင်ရောက်တော့ နေဝင်ခါစဖြစ်၍လမ်းမီးတွေတောင်လင်းနေပြီ။

“ဘာလိုချင်သေးလဲ လခြမ်း”

“ဟင့်အင်းဘာမှမလိုချင်ဘူး ကိုကြီးမြန်မြန်ပြန်လာခဲ့ ကျွန်တော်တို့ထမင်းစားဖို့စောင့်နေမှာ”

“ဟုတ်ပြီ ခဏလေးစောင့်နေနော်ကိုကြီးပြန်လာပြီ”

“ဟုတ် ဟုတ်”

ဖုန်းချပြီးတော့ တက္ကစီတစ်စီးအားတားကာ နေရပ်လိပ်စာကိုပြောပြလိုက်သည်။တရွေ့ရွေ့ဖြတ်သွားသည့်လမ်းမီးတိုင်တွေက မှောင်တလှည့်လင်းတလှည့်။လူ့ဘဝတွေလိုပေါ့ ။အမြဲတမ်းလင်းမနေသလို မမြဲတမ်းမမှောင်မိုက်ပါဘူး။

ဒါဆို သူ့ဘဝကရော။အခု လင်းနေတာလား မှောင်နေတာလား။နောက်ထပ် အလင်းလာမှာလားအမှောင်လာမှာလား။

ဘာမှမတွေးချင်တော့တာမို့ မျက်စိမှိတ်လိုက်သည်။အိမ်မှာထမင်းစားဖို့စောင့်နေတဲ့ ညီဖြစ်သူနှင့် သူငယ်ချင်းတွေရှိသည်။ဘယ်လောက်စိတ်ညစ်ညစ် အပြုံးတစ်ပွင့်နှင့်ကုစားပေးနိုင်သည်အထိ ညီဖြစ်သူကပါရမီကောင်းပါသည်။

################

ငြိမ်း🌻🌞

ဒီေန႕ငယ္ငယ္တစ္ေယာက္တည္း စတိုးဆိုင္ဆီထြက္ခဲ့သည္။ဟိုသုံးေယာက္ကသူတို႔အလုပ္နဲ႕သူတို႔မအားၾက။ကိုႀကီးက ဦးေလးခိုင္းလိုက္တဲ့အလုပ္ကိစၥေၾကာင့္ တစ္ဖက္ဧည့္သည္ႏွင့္သြားေတြ႕သလို ေနာင္းညိုကလည္းသူ႕အေဖအစား လုပ္ငန္းခြင္သို႔သြားစစ္ေဆးေပးေနရသည္။တိမ္ေငြ႕ကလည္း မိတ္ေဆြတစ္ဦး၏ေခ်ာဆြဲမႈေၾကာင့္ ညေနမွျပန္လာမည္တဲ့။

မေန႕ကထုတ္ျပန္လိုက္တဲ့ဥပေဒေၾကာင့္
သူတစ္ညလုံးအိပ္လို႔မေပ်ာ္။သူျပည္ပထြက္မည္ဟုဆုံးျဖတ္ၿပီးကာမွ ထိုဥပေဒကထုတ္ျပန္လာသည္တဲ့။သူသြားမည့္ကိစၥအားလည္း ေနာင္းညိုနဲ႕တိမ္ေငြ႕အားမေျပာျပရေသး။ကံၾကမၼာကသူ႕ဘက္မွာမရွိဘူးထင္ပါရဲ႕။ကိုႀကီးကေတာ့ သူ႕ကိုအားေပးပါသည္။သူနည္းလမ္းရွာၾကည့္ေပးပါမည္တဲ့။နည္းလမ္းရွာမရရင္ သူတိမ္ေငြ႕ႏွင့္သြားေနမည္ဟုဆုံးျဖတ္ထားသည္။

သူစိတ္ညစ္တိုင္းလုပ္ေလ့ရွိတာက ရွိသမွ်အစားအကုန္စားပစ္တတ္တာပဲ။ဒါေၾကာင့္ အိမ္မွာ ပဲနို႔ကုန္ေနျပန္ၿပီ။သုံးေယာက္လုံးက ညေနျပန္လာမွဝယ္ခဲ့ေပးမည္တဲ့ ငယ္ငယ္ကအခုေသာက္ခ်င္ေနတာကို။ၿပီးေတာ့ ဟိုလူႀကီးရဲ႕ပိုင္နက္ထဲမသြားမခ်င္း သူ႕မွာျပႆနာမရွိ။လမ္းထိပ္ဆိုင္ေလာက္ကေတာ့ ေနာင္းညိုနဲ႕သြားေနက်။

လူကုံထံရပ္ကြက္ျဖစ္၍ လူရမ္းကားေတြကိုလည္းေၾကာက္စရာမလို။ဆိတ္ၿငိမ္ေနတဲ့လမ္းတစ္ဖက္တစ္ခ်က္ ၿခံဝန္းက်ယ္ေတြသာရွိသည္။သူေနသည့္တိုက္ႏွင့္ စတိုးဆိုင္က ဆယ့္ငါးမိနစ္ခန့္ေလွ်ာက္လွ်င္ေရာက္သည္။

စတိုးဆိုင္ထဲဝင္ေတာ့ ဝယ္သူကမရွိ။ေရာက္တုန္းေရာက္ခိုက္ စားခ်င္သည့္မုန့္မ်ားအား အကုန္လိုက္ၾကည့္ျဖစ္သည္။ေကာင္တာမွာထိုင္ေနတဲ့ Betaအစ္ကိုကေတာ့ အိပ္ငိုက္ေနေလသည္။

ေခ်ာင္က်တဲ့ေနရာမွာ စင္ေပၚတင္ထားတဲ့ အ႐ုပ္တစ္ခ်ိဳ႕က သူ႕စိတ္အားဖမ္းစားသည္။အိမ္မွာအ႐ုပ္ေတြအျပည့္ရွိေသာ္လည္း ခ်စ္စရာေကာင္းတာေလးေတြျမင္ရင္ မေနနိုင္ေသာစိတ္က လိုခ်င္ေနမိျပန္သည္။ထိပ္ဆုံးတန္းမွာတင္ထားေသာ ယုန္႐ုပ္ေလးကအျဖဴစြတ္စြတ္ေလး။

ပုပုေသးေသးသူ႕အရပ္ကေလးက ထိုအ႐ုပ္ကိုမမွီ။ေျခဖ်ားေထာက္တာေတာင္ ေတာ္ေတာ္ႀကီး လိုေနေသးသည္။ေနာင္းညိုျဖစ္ျဖစ္ တိမ္ေငြ႕ျဖစ္ျဖစ္ ေခၚလာၿပီးမွ ျပန္လာဝယ္ရမလား။သူတို႔အရပ္ႏွင့္ဆိုကြက္တိျဖစ္ေနမွာ။

ဒါေပမယ့္ သူကအခုပဲလိုခ်င္ေနတာကို။ညေနလာဝယ္လို႔မရွိေတာ့ရင္ဘယ္လိုလုပ္မလဲ။အေတြးေၾကာင့္ စင္ဒုတိယအဆင့္ကို ေျခလွမ္းလိုက္တယ္။သူကအပင္တက္တဲ့ေနရာမွာကြၽမ္းသည္။အိမ္မွာတက္ေနက်။ဒီစင္ေပၚလည္းရေအာင္တက္မည္။

ေနာက္တစ္ဖက္လွမ္းကာနီးမွာ ဆြဲခ်ခံလိုက္ရျခင္းႏွင့္အတူ ေနာက္ေက်ာဆီကပ္လာေသာ ရင္းႏွီးေနသည့္အေငြ႕အသက္။ၿပီးေတာ့ နားနားကပ္လာသည့္ ခပ္ႏြေးႏြေးေလေငြ႕အခ်ိဳ႕ႏွင့္အတူ ဩရွရွအသံတစ္ခု။

“Omega တစ္ေယာက္ျဖစ္ၿပီး အိႏၵျေလည္းမရွိဘူးေနာ္ ဟိုေပၚတက္ခ်င္ ဒီေပၚတက္ခ်င္နဲ႕ တက္လိုက္လို႔စင္လဲသြားရင္ ဆိုင္ကလူေတြကအလုပ္ရႉပ္အုံးမယ္”

“ဖယ္ေပး”

ေနာက္လွည့္ကာ ထြက္သြားမယ္ျပင္ေတာ့ လက္ႏွစ္ဖက္ျဖင့္ စင္အားေထာက္ထားကာ သူ႕ခႏၶာကိုယ္ႀကီးျဖင့္ ပိတ္ထားေလသည္

“ရရင္ထြက္ေလ”

ေမာ့မၾကည့္ဘဲ ခပ္စူးစူးေလးထြက္လာတဲ့အသံက တုန္တုန္ရင္ရင္။ေဘးမွာခ်ထားတဲ့ လက္သီးစုပ္ေလးေတြပါ တုန္ရီေနပါသည္။

“ငယ္ငယ္အမွားမလုပ္ထားဘူး”

“အဲ့ေတာ့”

“အနိုင္မက်င့္ပါနဲ႕”

ငုံ႕ထားတဲ့ေခါင္းကိုေမာ့မလာဘဲ အၾကည့္ေတြကို ၾကမ္းျပင္ဆီသာပို႔ထားေလသည္။အထက္စီးမွျမင္ေနရတဲ့ ေခါင္းမဲမဲေလးကသူ႕ရင္ဘတ္သာသာ။ဆံပင္မဲမဲေခြေခြေလးေတြက အသည္းယားစရာ။မရတာၾကာၿပီျဖစ္သည့္ မိုးေရျဖန္းသည့္စံပယ္ရနံ႕ေလးက သင္းပ်ံ့ပ်ံ့။

စေတြ႕ခ်ိန္မွလြဲရင္ ေသခ်ာထိန္းခ်ဳပ္ထားပုံရေသာဖယ္ရိုမုန္းေတြက ဟိုတစ္ေန႕ပြဲတုန္းကသာ သူ႕ဖယ္ရိုမုန္းေတြေၾကာင့္ တုံ႕ျပန္လာတာ။ယခုရေနတဲ့ရနံ႕က ဖယ္ရိုမုန္းမဟုတ္တဲ့ သူ႕ကိုယ္သင္းရနံ႕။

“ဘယ္လိုလုပ္မလဲ ကိုယ္က အနိုင္က်င့္ခ်င္ေနတယ္”

ခါးကိုပိုကိုင္းလိုက္ၿပီး အနားကိုပိုကပ္လိုက္ေတာ့ က်ဳံ႕ဝင္သြားတဲ့ ကိုယ္ေသးေသးေလးနဲ႕အတူ ပိုၿပီးတိုးဝင္လာတဲ့ရနံ႕သင္းသင္းေလး။

“အႀကီးျဖစ္ၿပီး အက်င့္မပုပ္ပါနဲ႕”

“အသက္ႀကီးေလ အက်င့္ပုပ္ေလဆိုတာ မသိဘူးလား”

“မဟုတ္ဘူး လိမ္မေနနဲ႕”

“ခင္ဗ်ားစကားေျပာေနတာၾကမ္းျပင္နဲ႕လား
ကိုယ္နဲ႕စကားေျပာရင္ ကိုယ့္ကိုၾကည့္”

“မၾကည့္ခ်င္ဘူး ဂုတ္ေညာင္းလို႔”

ကန့္လန့္တိုက္ခ်င္ေနတဲ့စိတ္ေၾကာင့္ စကားကအေကာင္းထြက္မလာ။

“အဲ့ေတာ့ ဟိုေန႕ကလို ေပြ႕ထားေပးရမလား”

“ငယ္ငယ္အိမ္ျပန္ခ်င္တယ္”

“လိုက္ပို႔ေစခ်င္ေနတာလား”

“မဟုတ္ဘူး ဖယ္ေပး”

“လိုက္ပို႔ေစခ်င္လို႔ အရိပ္ႁမြက္ျပေနတာမလား ကိုယ္သိၿပီးသား”

“မဟုတ္ပါဘူးဆို”

တိမ္ဝင္သြားတဲ့အသံက ငိုေတာ့မလို။

“အိမ္ျပန္ခ်င္ရင္ကိုယ့္ကိုၾကည့္”

ေခါင္းသာရမ္းျပလာတယ္။ေခါင္းမာလိုက္တာဆိုတာေလ

“မျပန္ခ်င္ဘူးလား ဒီတိုင္းပဲေနခ်င္ေနတာမလား ရတယ္ေလ ဆိုင္ပိတ္တဲ့အထိဒီအတိုင္းေနၾကတာေပါ့ ကိုယ္ကအလိုလိုက္တတ္ပါတယ္”

ေခါင္းသာထပ္ရမ္းျပလာၿပီး အသံထြက္မလာ။ႏွစ္မိနစ္ေလာက္ထိုအတိုင္းသာရပ္ေနသူက ငိုေနမွန္းသိသာစြာ ပုခုံးတို႔တသိမ့္သိမ့္တုန္လာေတာ့သည္။

“လျခမ္းငယ္ငယ္”

“…………”

“ကိုယ့္ကိုၾကည့္”

“……….”

“ဘာလဲ အိုႀကီးအိုမ,မလို႔မၾကည့္ခ်င္တာလား”

“……….”

“တျခားအိုႀကီးအိုမေတြကိုက်ေတာ့ ၿပဳံးၿဖီးျပေနၿပီး ကိုယ့္ကိုက်ၾကည့္ေတာင္မၾကည့္နိုင္ဘူးေပါ့ ကိုယ္ကအဲ့ေလာက္႐ုပ္ဆိုးေနလို႔လား”

ေမာ့မၾကည့္လာသလို စကားျပန္ရမလာတဲ့အခါ မရွည္တဲ့စိတ္ေၾကာင့္ မ်က္ႏွာကိုလက္နဲ႕ဆြဲေမာ့ပစ္လိုက္တယ္။

ဝိုင္းစက္စက္ပုလဲနက္ေတြက ေရျပင္ထဲမွာေတာက္ပေနသလိုမ်ိဳး မ်က္ရည္ေတြၾကား တလဲ့လဲ့။ရွည္လ်ားေကာ့ၫြတ္ေနတဲ့မ်က္ေတာင္ရွည္ေတြက မ်က္ရည္ေတြပေယာဂေၾကာင့္ မိုးမိထားတဲ့ ငွက္ေမြးေလးလို စုစုကပ္ကပ္။

တစ္ခါျမည္းစမ္းဖူးတဲ့ ႏႈတ္ခမ္းဖူးဖူးေလးေတြက အကိုက္ခံထားရတာေၾကာင့္ ရဲရဲစိုစို။တရႈံ႕ရႈံ႕ျဖစ္ေနတဲ့ ႏွာေခါင္းလုံးလုံးေလးက နီနီေစြးေစြး။

သူတံေတြးမ်ိဳခ်လိဳက္မိေတာ့တာပဲ။ၾကည့္ေနရင္း စမ္းေခ်ာင္းတစ္စင္းက ပန္းႏုေရာင္ပါးမို႔မို႔ကိုျဖတ္လို႔သူ႕လက္ဖဝါးေပၚခရီးဆက္တယ္။ၾကမ္းျပင္ကို မသက္ဆင္းေစလိုစိတ္နဲ႕ လက္သီးဆုပ္လိုက္မိေတာ့တာ။

“မငိုနဲ႕ ထပ္ငိုေနရင္ ဟိုတစ္ေန႕ကလိုနမ္းပစ္မယ္”

ေျပာလိုက္ေတာ့ က်ေတာ့မယ့္မ်က္ရည္စကိုမ်က္ေတာင္ေလးပုတ္လို႔သိမ္းတယ္။အသည္းယားဖို႔ေကာင္းလိုက္တာ။ ဖ်စ္ညွစ္ပစ္ခ်င္စိတ္ကိုထိန္းဖို႔ ပါးေစာင္ကိုလွ်ာနဲ႕ထိုးလို႔ မ်က္ႏွာလႊဲမိတယ္။ဆက္ၾကည့္ေနရင္တစ္ခုခုလုပ္မိေတာ့မွာ။

“စင္ေပၚကဘာလိုခ်င္လို႔လဲ”

မ်က္လုံးေလးဝင့္လို႔ ႏႈတ္ခမ္းမဲ့ကာ ေခါင္းသာခါျပလာေလသည္။မရေတာ့ဘူး တစ္ခုခုလုပ္မွရေတာ့မွာ။အေတြးထက္အရင္ ႏႈတ္ခမ္းတစ္စုံကို ဆြဲစုပ္ပစ္လိုက္တာ အားပါးတရ။တစ္ကိုယ္လုံးကိုပါကိုက္ပစ္လိုက္ခ်င္စိတ္ကို ႏႈတ္ခမ္းနဲ႕တင္ ေက်နပ္ပစ္ရတယ္။

“ပါးစပ္ကေျပာ”

“အင့္ “

“ငိုရင္ထပ္နမ္းမွာ ေျပာဘယ္အ႐ုပ္လိုခ်င္တာလဲ”

ျပန္မေျဖလာသူေၾကာင့္ စိတ္မရွည္စြာ ေနာက္ေက်ာဘက္လွည့္ကာ ခါးကေနပင့္ျမႇောက္ပစ္လိုက္ေတာ့ လန့္သြားသလိုခါးေပၚကလက္ေတြကို ဆုပ္ကိုင္ၿပီး ငုံ႕ၾကည့္လာေလသည္။လက္တစ္ဆုပ္စာခါးေလးက သူ႕လက္ဖဝါးထဲမွာအံဝင္ခြင္က်။စကၠဴစေလးလိုလက္ထဲပါလာတာက သိပ္ေပါ့ပါးလြန္းေနသည္။အဲ့ေလာက္ေပါ့ဖို႔ လိုလို႔လား။

“လိုခ်င္တာယူလိုက္ မဟုတ္ရင္ဒီအတိုင္းျမႇောက္ထားမွာ အိုႀကီးအိုမဆိုေပမယ့္ မင္းလိုကေလးေလးကို တစ္ညလုံးျမႇောက္ထားနိုင္တယ္ မယုံရင္စမ္းၾကည့္”

ေျပာမွ မ်က္စိေရွ႕က အျဖဴေရာင္ ယုန္ေမႊးပြေလးကို ေကာက္ယူတယ္။

“ယူၿပီးၿပီ ေအာက္ျပန္ခ်ေပး”

“ေနာက္ထပ္လိုခ်င္တာရွိေသးလားထပ္ၾကည့္”

“ဟင့္အင္း”

“ကိုယ့္မ်က္ႏွာေပၚမွာအ႐ုပ္မတင္ထားဘူး ေရွ႕ကအ႐ုပ္ေတြကိုၾကည့္ ေနာက္ထပ္မေ႐ြးရင္ ေအာက္မခ်ေပးဘူး”

ေျပာေတာ့ အျပာေရာင္ေဝလငါး႐ုပ္ေလး ထပ္ဆြဲယူတယ္ ။ၿပီးမွေအာက္ကိုျပန္ငုံ႕ၾကည့္လာျပန္တယ္။

“ေတာ္ၿပီလား”

ေခါင္းညိတ္ျပလာသူက သူ႕လက္ထဲမွာအေနခက္ေနဟန္။

“ပါးစပ္ကေျပာ”

“ေတာ္ၿပီ”

ေအာက္ျပန္ခ်ေပးၿပီး လက္ထဲကအ႐ုပ္နဲ႕ ေဘးမွာခ်ထားတဲ့ မုန့္အနည္းငယ္ႏွင့္ ပဲနို႔ကဒ္ထည့္ထားေသာျခင္းအားဆြဲလိုက္သည္။
ၿပီးမွ ထိုေကာင္ေလးလက္တစ္ဖက္ကဆြဲရင္း ေငြရွင္းေကာင္တာဘက္ျပန္ေလွ်ာက္လာလိုက္တယ္။

“တျခားဘာလိုခ်င္တာရွိေသးလဲ”

“ေတာ္ၿပီ”

“မွန္မွန္ေျပာ”

“ပဲနို႔လာဝယ္႐ုံပဲ”

“ပိုက္ဆံမပါလို႔လား”

“ပါတယ္ ကိုႀကီးေပးထားတာအမ်ားႀကီး”

“ဘယ္သူကေမးေနလို႔လဲ”

ေကာင္တာေယာက္ေတာ့ Betaေကာင္ေလးက သူတို႔ႏွစ္ေယာက္ကိုတစ္လွည့္စီၾကည့္လာေလတယ္။

“ဘာၾကည့္ေနတာလဲ တြက္ေလ”

“ဟုတ္ကဲ့”

ပစၥည္းေတြအားလုံးတြက္ၿပီးေတာ့ ေကာင္ေလးကအိတ္ကပ္ထဲကို ပိုက္ဆံႏွိုက္မည္ျပင္ေလသည္။

“ကိုယ္ရွင္းေပးမွာ ပစၥည္းေတြယူၿပီးျပန္ေတာ့”

“မဟုတ္..”

“ျငင္းရဲျငင္းၾကည့္ ကိုယ္တစ္ဆိုင္လုံးဝယ္ၿပီး မင္းကိုရွင္းခိုင္းမွာ ရွင္းမွာလား”

“မရွင္းေတာ့ဘူး”

” ပစၥည္းေတြ “မ”နိုင္လား”

“ဟုတ္ကဲ့”

“အဲ့တာဆိုျပန္ေတာ့ မဟုတ္ရင္ အိမ္ထိလိုက္ပို႔မွာ”

“ျပန္ၿပီလို႔ ေက်းဇူးတင္ပါတယ္”

ေခါင္းငုံ႕ကာႏႈတ္ဆက္လို႔ လွစ္ကနဲေနေအာင္ေျပးေလတယ္။သူသေဘာက်စြာၿပဳံးဟန္ျပင္ၿပီးမွ ျပန္တည္လိုက္ရတယ္။

“ေရာ့ ပိုတာျပန္မအမ္းနဲ႕”

“ဟုတ္ကဲ့ ဒါနဲ႕ေလအစ္ကို သူ႕မွာပိုင္ရွင္ရွိတယ္ဗ် သူ႕ေကာင္ေလးကတအားခ်စ္တာ အစ္ကိုသူ႕ကိုမႏွောင့္ယွက္ပါနဲ႕လား”

“မင္းနဲ႕ဆိုင္လို႔လား”

“ဟို..”

“မဆိုင္ရင္ တိတ္တိတ္ေန အသက္အပိုပါေနလို႔လား မင္းသာဆိုင္ေစာင့္ရင္းအိပ္ငိုက္မေနနဲ႕ တစ္ဆိုင္လုံးပါသြားရင္ေတာင္သိမွာမဟုတ္တဲ့ အလကားေကာင္”

“ေတာင္းပန္ပါတယ္ဗ်”

အရွိန္ဝါတစ္ခ်ိဳ႕ထုတ္ျပေတာ့မွ ေၾကာက္႐ြံကာ ေခါင္းငုံ႕လို႔ ေတာင္းပန္လာတယ္။အစကတည္းက လွ်ာဝင္ရွည္ၿပီးေတာ့။ကားထဲဝင္လို႔ တံခါးကိုေဆာင့္ပိတ္ပစ္မိေတာ့တာ။သက္ေတာ္ေစာင့္ ေခါင္းေဆာင္က ေၾကာင္ေတာင္ေတာင္ေတြျဖစ္လို႔။ကားစထြက္တာနဲ႕ ထိုင္ခုံကိုေက်ာမွီလို႔ မ်က္စိမွိတ္ထားလိုက္ေတာ့သည္။

*ေျပာေတာ့ျဖင့္သူငယ္ခ်င္းေတြပါဆိုၿပီး အေနအထိုင္က်မဆင္ျခင္ဘူး ဟိုလူေပြ႕တာခံလိုက္ဒီလူေပြ႕တာခံလိုက္နဲ႕ မေျပာခ်င္ဘူး အားေနတတြဲတြဲလက္ကဘယ္အခ်ိန္မွမျဖဳတ္ဘူး သူမ်ားေတြေတာင္ရည္းစားေတြလို႔ထင္ေနတာကို ငါေျပာခါက်မွကတ္ကတ္လန္ရန္ေတြ႕သြားတာ ဟြန့္ ဟုတ္မွာေပါ့ငါအထင္လြဲမွာစိုးေနတာေလ တမင္သက္သက္ခ်ဥ္းကပ္တာမဟုတ္ဘူးဆိုရင္ေတာင္ ငါလိုလူကိုဘယ္Omegaကမ်ား မတပ္မက္ဘဲေနနိုင္မွာလဲ တျခားလူေတြထက္ထူးျခားခ်င္ေနတာ ငါသတိထားမိေအာင္လို႔ ဆုေတာင္းေနလိုက္ ဘယ္ေတာ့မွျဖစ္မလာဘူး*

အေတြးဆုံးေတာ့ ေက်ာက္စက္ဆီဖုန္းဆက္လိုက္တယ္။

“ဟုတ္ကဲ့ ကိုCean “

“ဒီေန႕ငါသြားၾကည့္တဲ့ေျမေနရာကို ေငြေခ်လိဳက္ေတာ့”

“ကိုCean သေဘာက်လိဳ႕လား”

“အြန္း ေတာ္ေတာ္သေဘာက်တယ္ အဟြန္း”

ေျပာၿပီး ဖုန္းခ်သြားတဲ့လူေၾကာင့္ ေက်ာက္စက္ေၾကာင္အအျဖစ္သြားရသည္။

“တအားေတြေပ်ာ္ေနပုံပဲ ဘာလဲ အျမတ္ေတြ ေထာင္ခ်ီၿပီးရမွာမလို႔မ်ားလား”

သူ႒ေးျဖစ္သူ၏ အေတြးကိုလိုက္မမွီစြာ သူ႕မွာေၾကာင္အ,အရယ္။

…………..

“အဆင္ေျပရဲ႕လား “

“ဟုတ္ကဲ့ေျပပါတယ္ ေက်းဇူးတင္ပါတယ္”

“ကိစၥမရွိပါဘူး ကြၽန္ေတာ္ကဆရာဝန္ဘဲဟာ လူနာတိုင္းကကြၽန္ေတာ္နဲ႕သက္ဆိုင္ပါတယ္”

“ကြၽန္ေတာ့္နံမည္က ေဆာင္းစက္ရိပ္ခိုပါ စက္ရိပ္လို႔ေခၚလို႔ရပါတယ္”

“ဟုတ္ကဲ့ အစ္ကိုကကြၽန္ေတာ့္ထက္ႀကီးမယ္ထင္တယ္ ကိုစက္ရိပ္လို႔ေခၚပါ့မယ္ ကြၽန္ေတာ့နံမည္က မိုးကုတ္စက္ဝိုင္း Horizon လို႔ေခၚလို႔ရပါတယ္”

“အာ… အရမ္းနံမည္ႀကီးေနတဲ့ဆရာဝန္ပဲ ေတြ႕ခြင့္ရလို႔ဝမ္းသာပါတယ္”

“ရပါတယ္ဗ်ာ အဲ့ေလာက္လည္းမဟုတ္ပါဘူး ဒါနဲ႕ကိုစက္ရိပ္က အခုလိုပဲခဏခဏမူးလဲတတ္တာလား အဲ့လိုဆိုသတိထားသင့္တယ္”

“မဟုတ္ပါဘူး အခုဟာကထိန္းခ်ဳပ္ေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္ပါ”

“ဘာလို႔ ထိန္းခ်ဳပ္ေဆးေတြသုံးေနရတာလဲ”

“အေၾကာင္းေလးေတြရွိလို႔ပါ ၿပီးေတာ့ကြၽန္ေတာ့္ဇနီးကလည္း ကိုယ္ဝန္နဲ႕မို႔ပါ”

“အဲ့လိုဆိုေပမယ့္ ထိန္းခ်ဳပ္ေဆးေတြကၾကာရင္မေကာင္းဘူးဗ် နီးစပ္ရာဆရာဝန္နဲ႕ေကာေသခ်ာေဆြးႏြေးထားရဲ႕လား”

“ဟုတ္ကဲ့ ကြၽန္ေတာ္Nနိုင္ငံမွာ ကိုယ္ပိုင္ဆရာဝန္ရွိပါတယ္ ဒီနိုင္ငံကို အလုပ္ကိစၥနဲ႕လာရင္း ညီေလးဆီကိုခဏအလည္လာတာပါ”

“ညီေလးကဒီနိုင္ငံမွာရွိတာလား”

“ဟုတ္ကဲ့”

စကားေျပာေနရင္း ဖုန္းဝင္လာေလသည္။

“ေျပာရင္းအသက္ရွည္အုံးမယ္ ညီေလးဆက္လာတာ”

“ဒါဆိုလည္းဖုန္းေျပာလိုက္အုံး ကြၽန္ေတာ္သြားေတာ့မယ္ အိမ္ျပန္ခ်င္ရင္ျပန္လို႔ရပါၿပီ”

“ဟုတ္ကဲ့ေက်းဇူးတင္ပါတယ္”

ဆရာဝန္ထြက္သြားမွ ကိုင္သည့္ခလုပ္အားဖိလိုက္သည္။

“လျခမ္းေလး ဘာမွာမလို႔လဲ ကိုႀကီးျပန္လာေတာ့မွာ”

“ဘာမွမမွာပါဘူး မိုးခ်ဳပ္ၿပီကိုႀကီးျပန္မလာေသးလို႔ စိတ္ပူလို႔”

“ကိုႀကီးခုပဲျပန္လာေတာ့မလို႔ စိတ္မပူပါနဲ႕ ျပန္မလာျဖစ္တာၾကာေပမယ့္ ကိုႀကီးကဒီနိုင္ငံမွာပဲေမြးၿပီးႀကီးလာတဲ့ေကာင္ပါ”

ေျပာရင္းကုတင္ေပၚကဆင္းကာ အႏြေးထည္အား ေကာက္ယူလိုက္သည္။အေရးေပၚခန္းမွာမလို႔ ခဏေလွ်ာက္လိုက္႐ုံႏွင့္ ထြက္ေပါက္ကိုေရာက္သည္။အျပင္ေရာက္ေတာ့ ေနဝင္ခါစျဖစ္၍ လမ္းမီးေတြေတာင္ လင္းေနၿပီ။

“ဘာလိုခ်င္ေသးလဲ လျခမ္း”

“ဟင့္အင္းဘာမွမလိုခ်င္ဘူး ကိုႀကီးျမန္ျမန္ျပန္လာခဲ့ ကြၽန္ေတာ္တို႔ထမင္းစားဖို႔ေစာင့္ေနမွာ”

“ဟုတ္ၿပီ ခဏေလးေစာင့္ေနေနာ္ ကိုႀကီးျပန္လာၿပီ”

“ဟုတ္ ဟုတ္”

ဖုန္းခ်ၿပီးေတာ့ တကၠစီတစ္စီးအားတားကာ ေနရပ္လိပ္စာကိုေျပာျပလိုက္သည္။တေ႐ြ႕ေ႐ြ႕ျဖတ္သြားသည့္လမ္းမီးတိုင္ေတြက ေမွာင္တလွည့္လင္းတလွည့္။လူ႕ဘဝေတြလိုေပါ့ ။အၿမဲတမ္းလင္းမေနသလို မၿမဲတမ္းမေမွာင္မိုက္ပါဘူး။

ဒါဆို သူ႕ဘဝကေရာ။အခု လင္းေနတာလား ေမွာင္ေနတာလား။ေနာက္ထပ္ အလင္းလာမွာလား အေမွာင္လာမွာလား။

ဘာမွမေတြးခ်င္ေတာ့တာမို႔ မ်က္စိမွိတ္လိုက္သည္။အိမ္မွာထမင္းစားဖို႔ေစာင့္ေနတဲ့ ညီျဖစ္သူႏွင့္ သူငယ္ခ်င္းေတြရွိသည္။ဘယ္ေလာက္စိတ္ညစ္ညစ္ အၿပဳံးတစ္ပြင့္ႏွင့္ကုစားေပးနိုင္သည္အထိ ညီျဖစ္သူကပါရမီေကာင္းပါသည္။

################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၂, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၂, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၂ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၂ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၂ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၂ light novel, ,

Comment

Leave a Reply

Chapter 13