Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၃

A+ A-

“ကိုCean ကိစ္စရှိလို့လား”

“မရှိရင် လာမလည်ရတော့ဘူးလား”

“မဟုတ်ပါဘူးဗျာ မလာစဖူးရောက်လာလို့”

“မင်းအလုပ်လုပ်တဲ့နေရာကို ရောက်ဖူးတယ်ရှိအောင်လာတာ”

“ဟုတ်ပါပြီဗျာ ကျွန်တော်လည်းအခုအားပြီ ထမင်းထွက်စားကြရအောင် ဟိုဘက်လမ်းကအသစ်ဖွင့်ထားတဲ့ဆိုင်တော်တော်ကောင်းတယ်ပြောတယ် ကျွန်တော့်ဆေးရုံကလူတွေဆို အဲ့မှာပဲသွားစားနေကျ”

“သွားကြမယ်လေ အငယ်ကောင်ကောဖုန်းဆက်ကြည့်လိုက်”

“သူ့ကိုခေါ်မနေနဲ့ သူသဘောကျတယ်ဆိုတဲ့တစ်ယောက်နောက်လိုက်နေတာ သိပ်သဘောကျပါတယ်ဆိုတဲ့ Codeတွေတောင်မေ့လို့”

“တအားတွေဖြစ်နေတာပဲ”

နှစ်ယောက်အတူသွားမှာမို့ သူ့ကားပေါ်သာနှစ်ယောက်လုံးတက်ဖြစ်လိုက်သည်။ဆိုင်က ဆေးရုံနှင့်သိပ်မဝေး။ဆိုင်ထဲဝင်တော့ Horizon ဆေးရုံကအဖွဲ့နှင့်တန်းတိုးတော့သည်။

“မင်းတို့ကောင်တွေ တအားကိုလွတ်လပ်နေတာပဲ”

“ဟာ စီနီယာ လာလာကျွန်တော်တို့နဲ့ပေါင်းထိုင်ပါ့လား “

“အွန်း ပေါင်းလိုက်မယ်လေ ကိုCean အဆင်ပြေတယ်မလား”

“ရတယ်”

စားပွဲနှစ်ခုဆက်ထားတာကြောင့် ဆယ်ယောက်ကျော်သောသူတို့အုပ်စုအတွက် မကျဉ်းကျပ်။လွတ်ရာနေရာဝင်ထိုင်တော့ ဘေးကတစ်ယောက်က မြို့တော်ရဲ့အလှပဂေးလေး။

“ကိုCean ဘာစားမလဲ”

“အဆင်ပြေတာမှာလိုက်”

အနည်းငယ်တိတ်ဆိတ်နေတဲ့ဝိုင်းက သူ့ကိုရှိန်နေတာဖြစ်မည်။ရင်းရင်းနှီးနှီးမနေတတ်သူမို့ အပိုစကားတွေလည်းမပြောချင်။သူ့မူပိုင် အေးစက်စက်မျက်နှာဖြင့် ရှူတည်တည်သာထိုင်နေလိုက်သည်။

“အားလုံးပဲအဆင်ပြေသလိုနေကြ ကိုCean ကအမြဲအဲ့လိုပဲ ကြောက်စရာမလိုဘူး”

“ကိုသမုဒ္ဒရာလိုလူကိုမှမကြောက်ရင် ဘယ်လိုလူကိုသွားကြောက်ရတော့မှာလဲ”

ဆရာဝန်တစ်ယောက်၏အရွှန်းဖောက်သောစကားကြောင့် အားလုံးရယ်သံတွေထွက်လာသည်။

“ဒါနဲ့ ကိုသမုဒ္ဒရာကတစ်သက်လုံးလူပျိုကြီးလုပ်တော့မှာလားဗျ စံသတ်မှတ်ချက်လေးတွေရှိရင်လည်းပြောပါအုံး Omegaလေးတွေအသည်းမကွဲရအောင်”

“သတ်မှတ်ချက်မရှိဘူး ကိုယ်ကပျော့ညံ့တာတွေမကြိုက်ဘူး ဂရုစိုက်ပေးရတာကိုမကြိုက်ဘူး ချစ်ပြရတာကိုမကြိုက်ဘူး တွယ်ကပ်နေတာကိုမကြိုက်ဘူး “

“ကိုသမုဒ္ဒရာကလည်းဗျာ ဘာမှကိုမကျန်တော့ဘူး ချစ်သူမထားတော့ဘူးလို့သာပြောလိုက်ပါတော့”

“ဟုတ်တယ်မထားဘူး ရှူပ်လို့”

“လျှောက်ပြောနေတာ ချစ်တဲ့သူမတွေ့သေးလို့ တွေ့များတွေ့ရင်အဲ့လိုလူတွေကပိုသည်းတယ်”

Horizonက ကြားဖြတ်နောက်သည်။

“စီနီယာပြောတာဖြစ်နိုင်တယ်”

သူတို့အပြောကိုပြိုင်မငြင်းဘဲ ပုခုံးသာတွန့်ပြလိုက်တယ်။အပြောထက်လက်တွေ့လုပ်​ပြရတာကို ပိုသဘောကျတယ်။

“မုတ်သုံရောမရှိသေးဘူးလား Alphaထုကြီးရဲ့ အသည်းကိုတော့မခွဲသေးဘူးမလား”

ဘေးမှာစကားဝင်မပြောဘဲ ဖုန်းကြည့်နေသူက သူ့နံမည်ကြားမှမော့ကြည့်လာလေသည်။ထို့နောက်ဖုန်းချကာ အပြုံးကလေးဖြင့်

“အချိန်မရှိသေးပါဘူးဗျာ ကျွန်တော့်အသက်ကအခုမှငယ်ငယ်လေးရှိသေးတယ် နှစ်ဆယ့်ငါးကျော်မှစဉ်းစားဖြစ်မယ်ထင်တယ်ဗျ”

“အခု နှစ်ဆယ့်သုံးနှစ်မလား မငယ်တော့ပါဘူး ငါ့ညီဝမ်းကွဲဆိုအသက်နှစ်ဆယ်နဲ့အိမ်ထောင်ကျတာ”

“ဘယ်လိုဖြစ်တာတုန်း စွံလှချည်လားကိုနိုင်”

“ဘာဖြစ်ရမလဲကွာ သူကဟိုဘက်ကောင်လေးကိုကြောက်လို့ဇွတ်ရှောင်နေတော့ တစ်ဖက်ကအခွင့်ရေးရတာနဲ့ တန်းခိုးပြေးတော့တာပဲ”

“ဪ သိပြီအရင်တစ်ခါကိုနိုင်ပြောတဲ့ ကလေးအဖေ Omegaလေးမလား “

“ဟုတ်ပါ့ သူ့ယောကျ်ားကဇိုးကွ ပြန်ပေးဆွဲပြီးတစ်သက်တာအမှတ်အသားပါပေးပြစ်တာကွာ အဲ့တော့ငါ့အဒေါ်တို့လက်ခံပေးရုံပဲရှိတော့တာပေါ့ ချစ်တာကတော့တော်တော်ချစ်တာ မျက်နှာတစ်ချက်အညှိုးမခံဘူး”

“အဆင်တော့ပြေနေတယ်မလား”

“အပြေလွန်နေတာဟေ့ ကဲကဲသဲသဲလင်မယားပါကွာ ငါ့တူလေးထားထားပြီး နှစ်ယောက်တည်းဟန်းနီးမွန်းချည်းထွက်နေတာကွ”

“ဟားဟားဟား “

သူတို့တစ်ဝိုင်းလုံး ရယ်သံတွေညံစီသွားလေသည်။ထိုစဉ်တံခါးမှဝင်လာသောလူသုံးယောက်ကြောင့် အားလုံးအာရုံကသူတို့ဆီမှာ။အရပ်မြင့်မြင့်ခပ်ချောချော ဆံပင်ကိုခရမ်းရောင်ဟိုက်လိုက်ဖောက်ထားသူက စားပွဲဝိုင်းအလွတ်အားရှာနေကာ ခပ်မိမိ Alphaကတော့ဖုန်းမှအကြည့်မခွာတဲ့ချစ်စဖွယ်Omegaလေးပခုံးအား ဖက်ထားလေသည်။

ထို့နောက် နေရာလွတ်တွေ့သွားသူကထိုနေရာဆီခြေလှမ်းသည်။သူတို့ထိုင်သည့်နေရာနှင့်တစ်ခုံကျော် Ceanနှင့်မျက်နှာချင်းဆိုင်တွင် ထိုOmegaလေးကဝင်ထိုင်လေသည်။အကြည့်တွေကိုတော့ ဖုန်းမှမခွာသေး။

“လခြမ်းတော်တော့ တစ်လမ်းလုံးကြည့်လာတာ မျက်ရိုးတွေကိုက်မယ်”

“ခဏလေးပါနောင်းညိုရဲ့ ဂိမ်းကနိုင်တော့မှာ အိမ်မှာဆိုတိမ်ငွေ့ကပေးမဆော့ဘူးရယ်”

“တိုင်ကိုပြောအုံးမယ် တိမ်ငွေ့တစ်ယောက်တည်းကိုပဲကြောက်တာ အစ်ကိုဖြစ်တဲ့ငါ့ကျအရေးကိုမလုပ်ဘူး”

“ကိုကြီးကလည်း”

ဖုန်းမှအကြည့်မခွာဘဲ ခပ်ချွဲချွဲအပြောမှာ စက်ရိပ်ပြုံးမိရော။ဖုန်းဆော့နေသူကိုထပ်မစတော့ဘဲ ခေါင်းလေးသာပွတ်ပေးလိုက်တော့သည်။ထို့နောက် Menuစာအုပ်ယူကာ လခြမ်းအတွက်ပါမှာပေးရသည်။

“အဲ့ Omegaလေးကချစ်စရာလေး ကိုနိုင်သဘောကျတယ်ဆိုတဲ့တစ်ယောက်မလား”

စားပွဲမှာထိုင်နေတဲ့တစ်ယောက်က တိုးတိုးပြောတော့ ခေါင်းတွေကအလယ်မှာစုလာသည်။

“တကယ်ကြီးလား ကိုနိုင်ကအလှလေးကိုတွေ့တော့လျှိုထားတယ်ကြည့်စမ်း ဘယ်လိုသိတာလဲ”

“အဲ့ဒီဆံပင်ခရမ်းရောင်နဲ့တစ်ယောက်ကိုသိတယ်မလား ပင်ထနောင်းညိုလေ ငါကသူ့ရဲ့ Family Doctor ဟိုကလေးကသူ့သူငယ်ချင်း ဟိုတစ်လောက ထနောင်းညိုခေါ်လို့ငါသွားကြည့်ပေးရတာအဲ့ကလေး”

“ကိုနိုင်တို့ဘက်လိုက်ချက်ကတော့နော် ပင်ထနောင်းညိုနဲ့အဲ့ကောင်လေးက အသက်မတိမ်းမယိမ်းပါ အဲ့တာကိုဟိုတစ်ယောက်ကိုကျနံမည်အရင်းကြီးခေါ်ပြီး သူ့လူကိုကျတော့ကလေးကလေးနဲ့”

“အဲ့တာကတော့ ကိုယ်ကသဘောကျနေရတဲ့သူကိုး”

လူပျိုကြီးရဲ့တည်တည်ကြည်ကြည်မျက်နှာက ရဲခနဲ။ရှက်ရှက်နဲ့ကော်ဖီတစ်ခွက်ကောက်မော့လေသည်။

“သူ့မှာပိုင်ရှင်မရှိတာသေချာလို့လား အဲ့လောက်ချစ်စရာကောင်းတာကို”

“အဲ့တာကတော့သေချာတယ် ကျောင်းတက်တုန်းကငါ့ညီလေးနဲ့တစ်တန်းတည်းမို့လို့ ညီလေးပြောပြောနေလို့သိနေတာ လူကတော့အဲ့နေ့ကမှတွေ့ဖူးတာ ပင်ထနောင်းညိုနဲ့တခြားAlphaတစ်ယောက်ရှိသေးတယ် သူတို့သုံးယောက်ကသူငယ်ချင်းတဲ့ Omegaလေးကိုအကြည့်တောင်ခံတာမဟုတ်ဘူးဆိုပဲ ကောင်လေးကမိဘမဲ့မို့ အစ်ကိုကြီးတွေနေရာယူပြီး ကာကွယ်ပေးတယ်ပြောတာပဲ”

“ဖြစ်နိုင်လို့လား ပင်ထနောင်းညိုကplayboy ဆိုပြီးနံမည်ကြီးနေတာကို ဟိုတစ်ယောက်ကလည်းAlphaဆိုရင် ဒီလောက်လှတဲ့အချောလေးကိုသမာဓိမြဲပါ့မလား”

“ငါကတော့မြင်နေကျမလို့ယုံတယ် အဲ့ကလေးကပြစ်မှားရက်စရာမှမရှိတာ ဖြူ ဖြူစင်စင်လေး မြတ်မြတ်နိုးနိုးနဲ့သိမ်းထုပ်ပြီး ကာကွယ်ပေးချင်စရာလေး ဟိုAlphaကလည်းအခွင့်ရေးသမားမဟုတ်သလို ပင်ထနောင်းညိုကလည်းရည်းစားထည်လဲတွဲတာကလွဲရင် နံမည်ဆိုးရှိတာမဟုတ်ဘူး နောက်ပြီးမျက်လုံးတွေကလိမ်လို့မရဘူး ကြည့်တဲ့အကြည့်တိုင်းမှာတပ်မက်မှုကင်းနေတာ လူတိုင်းမြင်နိုင်တယ်လေ”

“ဇွတ်တွေကိုညွှန်းနေတာနော် အဲ့လိုဆိုရင်လည်းအချိန်ဆွဲမနေနဲ့တော့လေ တခြားလူတွေဦးကုန်မယ်ဗျ”

“ငါလည်းနည်းလမ်းရှာနေတာပဲ ခက်တာကအဲ့ကလေးကဟိုနှစ်ယောက်မပါရင်အပြင်မထွက်ဘူးကွ အခုသူ့အစ်ကိုပါ,ပါလာပြီ ဘာပဲဖြစ်ဖြစ်သူ့ဖုန်းနံပါတ်လေးပထမဆုံးရတဲ့သူတော့ ဖြစ်ချင်တယ်ကွာ”

“အရမ်းတွေဖြစ်နေရင်လည်း ကျွန်တော်တို့ကူညီဖို့ကြိုးစားပေးပါ့မယ်ဗျာ”

“ရရင်ကူညီကြစမ်းပါကွာ ကျေးဇူးဆပ်ပါ့မယ်”

“မလိုပါဘူး မဂ်လာဆောင်ဖြစ်ရင်သာ သီးသန့်တစ်ဝိုင်း”

“ရစေရမယ်ကွာ”

သိပ်မကျယ်တဲ့စကားဝိုင်းက အဝေးဆီမပျံ့လွင့်။စီးကရက်သောက်ချင်စိတ်က ရင်ထဲမှာထကြွလာတယ်။အပြင်မထွက်ချင်တော့တာမို့ မျက်နှာချင်းဆိုင်ကိုသာအကြည့်ပို့ထားလိုက်သည်။ဝင်လာကတည်းကဖုန်းဆီသာအာရုံရောက်နေသူက ပတ်ဝန်းကျင်ကိုမကြည့်မိသလို သူ့အကြောင်းပြောနေတာတွေကိုမသိ။

သူတို့စားပွဲဝိုင်းကအကြည့်တွေက အဲ့ကောင်လေးပေါ် မကြာခဏရစ်ဝဲသည်။သိပ်စိတ်ပျက်ဖို့ကောင်းလွန်းလို့ ဘယ်သူမှမရှိတဲ့တစ်နေရာမှာသာသွားထားချင်တော့တယ်။ဘာတွေအဲ့လောက်ဖြစ်နေကြတာလဲ။ဖုန်းချလိုက်တဲ့ကောင်လေးက ပါးချိုင့်နက်နက်တွေနဲ့ပြုံးလို့။

အားလုံးတိတ်သွားတာက အပြုံးတွေမှာအငိုက်မိသွားတာဖြစ်မည်။တစ်ခုခုကိုခံစားမိ၍ထင် သူတို့ရှိရာဆီအကြည့်ပို့လာသည်။သူခိုးလူမိဖြစ်သွားသူတွေက ချောင်းဟန့်လို့အစားဆီအာရုံပြောင်းကြပေမဲ့ သူကတော့ ခပ်စူးစူးလေးသာကြည့်ပေးလိုက်တယ်။

ထို​ကောင်လေးအကြည့်တွေက သူ့ဘေးကHorizonဆီအရောက် ထိတ်လန့်သွားဟန်ပေါ်သော်ငြား အလှပဂေးလေးဆီအရောက်မှာတော့ သူမဖတ်တတ်တဲ့ဘာသာစကားဆီပြောင်းလဲသွားလေသည်။ပြီးတော့ သူတို့နှစ်ယောက်ကြားအပြန်အလှန်ကြည့်လာပြီး အကြည့်လွှဲသွားကာ အစ်ကိုဖြစ်သူအားတိုးတိုးကပ်ပြောနေသည်။

မကြာမီနေရာပြောင်းထိုင်လိုက်သူက သူတို့ခုံအားကျောပေးသွားလေရာ သူနှာတစ်ချက်မှုတ်လိုက်မိသည်။မနာလိုဖြစ်နေတာနေမှာပေါ့။သူတောင် သူစိမ်းတွေနဲ့တတွဲတွဲနေပြီးတော့ သူများကျမှမကြည့်နိုင်ရအောင်ထိ သဝန်တွေတိုနေတာလေ။ဒါနဲ့များ မကြိုက်ဘူးကငြင်းသေးသည်။

စားပွဲကလူတွေရဲ့သူ့ရဲ့မျက်နှာလေးမမြင်ရတော့လို့ နှမြောတသဖြစ်နေသံကြားမှ စိတ်ထဲနည်းနည်းကြည်လင်လာလေသည်။နားအေးသွားတာပေါ့ မဟုတ်ရင် သူ့ရဲ့အလှပချီးမွန်းဖွင့်တာကို ထမင်းစားရင်းနားထောင်ပေးနေရတာမျိုတောင်မကျချင်ဘူး။အခုမှစားရတာအရသာပိုရှိလာသလိုပဲ။

ဆေးရုံကလူတွေက အလုပ်ကိုယ်စီနဲ့မို့စားပြီးတန်းပြန်ကုန်သည်။သူတို့ညီအစ်ကိုနှစ်ယောက်သာ အေးအေးဆေးဆေးစားရင်းကျန်ခဲ့လေသည်။

“ကိုCean ဒီဆိုင်ကအစားအသောက်တွေကိုကြိုက်ပုံပဲ”

စားသောက်ပြီး လက်စသတ်တော့ ညီဖြစ်သူကခပ်ပြုံးပြုံးကြည့်ကာမေးလာလေသည်။

“မဆိုးပါဘူး “

“ဒါမှမဟုတ် အလှလေးကဘေးမှာထိုင်နေလို့များအရသာတွေရှိနေတာလား”

“မဆိုင်တာတွေ”

မျက်မှောင်ကြုံ့ရင်းငြင်းမိတာကချက်ချင်း။

“ပါးစပ်ကသာငြင်းနေတာနော် အပြုံးတွေကရပ်ကိုမရပ်ဘူး ဘေးကလူတွေတောင်သတိထားမိတယ်”

“အဲ့လိုတွေမရှိဘူး ပေါက်ကရတွေလျှောက်မပြောနဲ့”

“ဟုတ်ပါပြီဗျာ ကိုCeanလိုလူက အသည်းအသန်မဖြစ်မချင်း ဝန်ခံမှာမဟုတ်မှန်းသဘောပေါက်ပြီးသား”

မျက်စိရှေ့ကကျောပြင်လေးက နေရာမှထကာ Toiletဘက်ဦးတည်သွားတာကြောင့် တစ်စုံတစ်ခုကိုတွေးမိသွားပြီးသူပြုံးလိုက်သည်။ဆိုင်ထဲမှာလူသိပ်မရှိတော့။ဟိုခုံကနှစ်ယောက်ကလည်း အချင်းချင်းစကားပြောနေကာဘေးကိုအာရုံမရ။သူထိုင်နေရာမှထလိုက်သည်။

“ငါ Toiletသွားအုံးမယ်”

“အိုကေ”

……….

ငယ်ငယ် လက်ဆေးရင်းသက်ပြင်းချရသည်။ဇာတ်ကြောင်းအရဆိုလျှင် ဇာတ်လိုက်နှစ်ယောက်ကြားခံစားချက်တွေစတင်နေပြီဖြစ်သည်။ဟိုလူက Omegaလေးရှိရာဆေးရုံသို့မကြာခဏသွားပြီး ခံစားချက်တွေပျိုးထောင်မည်။Omegaလေးရဲ့ထူးချွန်မှုတွေ၊အများနဲ့မတူတဲ့ထူးခြားမှုတွေကြောင့် ခံစားချက်တွေမြင့်တက်လာမည်။

ပြီးရင် တစ်ယောက်နဲ့တစ်ယောက်မပြောဘဲသိတဲ့ခံစားချက်တွေပေါက်ဖွားလာမည်။အချစ်အကြောင်းမသိသူက ထိုOmegaလေးကို ချစ်မိမှန်းမသိဘဲမိတ်ဖက်ဖြစ်လာစေချင်သည်။သို့သော်အလှလေးကလည်း မာနကြီးသူမို့လက်မခံ။ချစ်တယ်မပြောဘဲ အပိုင်သိမ်းချင်သူကြောင့်သူ့အားအလေးမထားသလိုခံစားရစေသည်။

ထိုအရာက သူတို့နှစ်ယောက်ကြားက ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းမို့လေပြည်လာဖို့ မုန်တိုင်းဝင်ခြင်းမျိုးပင်။

ထိုကစားပွဲမစတင်မီ သူထွက်သွားမှရမည်။သူတို့နှစ်ယောက်ကြား ထိုမီးပွားလေးစတင်လိုက်တာနှင့် သူကအလိုလိုနေရင်းမီးစာလေးဖြစ်သွားမှာ။ဒီဝတ္ထုရဲ့ရည်ရွယ်ချက်က အချစ်စစ်မှန်ရင် ဖယ်ရိုမုန်းမကိုက်ညီမှုကတောင် မတားဆီးနိုင်ကြောင်းနှင့် ကံကြမ္မာကသတ်မှတ်ပေးထားတဲ့မိတ်ဖက်ကိုတောင် ဂရုဏာသက်တဲ့အကြည့်တစ်ချက်မစွန့်ကြဲဘဲ စွန့်ပစ်နိုင်ကြောင်းသိစေချင်တာ။

ဇာတ်လမ်းလေးကလှပတယ်ဆိုပေမယ့် သူကတော့စတေးခံမဖြစ်ပေးနိုင်ဘူး။အတွေးတွေကြောင့် လက်ဆေးနေချိန်နောက်ကရောက်လာသူကိုမမြင်မိ။လှည့်အထွက်မှာဝင်တိုက်မိသွားမှသတိထားမိကာ သူမတုန့်ပြန်နိုင်ချိန် အိမ်သာအလွတ်ထဲခေါ်သွားခံရပြီး တံခါးချက်ချပြီးနေပြီ။

“ဘာလုပ်တာလဲ တံခါးဖွင့်ပေး”

သတိပြန်ဝင်လာတော့ သူ့ကိုအတွင်းဘက်ထားကာ တံခါးအားကျောမှီလို့လက်ပိုက်ထားသူ။အခန်းကျဥ်းလေးမို့ကြပ်ကြပ်ညပ်ညပ်။

“မထွက်စေချင်လို့ပိတ်ထားတာကို ဖွင့်ပေးစရာလား”

“ဒါ Omegaသန့်စင်ခန်းလေဘာလာလုပ်တာလဲဗျ”

“မင်းဆီလာတာလေ “

“ခင်ဗျား ဘာလုပ်မလို့လဲ”

ပြေးစရာမရှိ၍ ကိုယ်ကိုတတ်နိုင်သမျှ နောက်သို့ရို့ထားမိလေသည်။

“မင်းခုနကဘာလို့ကျောပေးသွားတာလဲ”

“ဟမ်”

မဆီမဆိုင်အမေးကြောင့် ဆွံအသွားရသည်။

“ကိုယ့်မျက်နှာချင်းဆိုင်ကနေ နေရာရွှေ့သွားတာဘာလို့လဲ”

“ခင်ဗျားနဲ့ဘာဆိုင်လို့လဲ အခုအပြင်ထွက်တော့လို့”

“ကိုယ်မေးတာကိုအရင်ဖြေ”

“ဘာမှမဖြစ်တာကို ဘာကိုဖြေပေးရမှာလဲဗျ”

“ကိုယ်တခြား Omegaအလှလေးနဲ့ထိုင်လို့ သဝန်တိုနေတာမလား”

“ဘာဆိုင်လို့လဲ”

“မင်းကကိုယ့်ကိုသဘောကျနေတဲ့သူလေ”

“ငယ်ငယ်ပြောပြီးပြီလေ ခင်ဗျားကိုသဘောမကျပါဘူးဆိုဗျာ”

“ကိုယ်ကလိမ်တာတွေကိုမကြိုက်ဘူး”

“ကြိုက်ကြိုက်မကြိုက်ကြိုက်ဂရုမစိုက်ဘူး ငယ်ငယ့်ကိုတံခါးဖွင့်ပေးလို့”

“အမှန်အတိုင်းဖြေ”

“အခုအမှန်အတိုင်းဖြေနေတာဘဲဗျ”

“Omega ၁၀၀မှာ၉၉ယောက်က ကိုယ့်ကိုသဘောကျနေတာ”

“ဟုတ်ပြီအဲ့တာဆိုကျန်တဲ့ တစ်ယောက်က ငယ်ငယ်ပဲ”

“တွေ့လား မင်းကိုယ့်ကိုသဘောကျနေတာပါဆို တခြားသူတွေနဲ့မတူတဲ့ကိုယ့်ရဲ့ချွင်းချက်လေးဖြစ်ချင်နေတာမလား”

“ခင်ဗျား ဦးနှောက်ကောသွားစစ်ဆေးဖူးရဲ့လား”

သူ့စကားဆုံးတော့ ပိုက်ထားတဲ့လက်ကိုဖြုတ်ကာ ခါးသိမ်သိမ်လေးကိုဆွဲဖက်လို့ရင်ဘတ်ထဲအပ်ပစ်တယ်။ပြီးမှ နား,နားထိငုံ့ကိုင်းလာပြီးသြသြရှအသံကမထိတထိ

“မင်းတစ်ယောက်ဘဲကိုယ့်ကိုဒီလိုပြောရဲတာ ပြောကြည့် ကိုယ်ဒေါသထွက်လိုက်ရမလား”

ထိတ်လန့်စွာတွန်းထုတ်တော့ ဧဝရတ်တောင်အားတွန်းနေသည့်ပုရွက်ဆိတ်လေးလို။ခါးမှလက်ကိုပိုတင်းကြပ်ပြီး ကျန်လက်တစ်ဖက်က မျက်နှာအားဆွဲမော့လာတယ်။စိုက်ကြည့်လာတဲ့မျက်ဝန်းပြာတွေထဲ ထိတ်လန့်နေတဲ့သူ့မျက်နှာကနီနီစွေးစွေး။

“လွှတ်ပေးလို့ တခြားသူတွေဝင် အု…”

စကားမဆုံးခင်နှုတ်ခမ်းတွေအနိုင်ပိုင်းခံလိုက်ရတယ်။သူ့ဖယ်ရိုမုန်းရဲ့ခပ်ဖွဖွဖိနှိပ်မှုကြား စံပယ်ရနံ့တွေကအလံဖြူပြလိုက်ရတယ်။မတင်းတိမ်နိုင်သလိုအလောတကြီးဖြစ်မှုက သူ့အားထိတ်လန့်စေသည်။တစ်ကိုယ်လုံးကို ချေမွပြီးသူ့ခန္တာကိုယ်နှင့်ပေါင်းစပ်ပစ်တော့မယ့်အတိုင်း အားပြင်းပြင်းနှင့်ဇွတ်ဖက်ထားတာကြောင့် အရိုးတွေပါနာလာသည်။

နှုတ်ခမ်းတွေကိုလွှတ်ပေးပြီး အနမ်းတွေက ပါးပြင်တွေဆီမွတ်မွတ်သိပ်သိပ်။နူးညံ့နေမှုကတစစီကိုက်ဆွဲချင်စရာ။သူပြုသမျှနုနေရသူက အသက်ပင်ကောင်းကောင်းမရှူနိုင်။ပါးပြင်တွေရဲစွေးနေတာက အဲ့ကလေးသိပ်ကြိုက်တဲ့စတော်ဘယ်ရီသီးလေးလို။အနားကပ်မိတိုင်းမထိန်းချုပ်နိုင်ခြင်းကို ဖယ်ရိုမုန်းတွေကိုယိုးမယ်ဖွဲ့ပါမယ်။

“အင့်…”

ထပ်နမ်းဖို့တိုးကပ်ပစ်တော့ မျက်ရည်တွေနဲ့ တိုက်စစ်ဆင်လာသည်။ပိုပြီးအနိုင်ကျင့်ပစ်ချင်ပေမယ့် အပြင်မှာသူ့အစ်ကိုရှိသည်ဟူသောအသိကဖျက်ခနဲ။

“မငိုနဲ့ ငိုရင်ထပ်နမ်းမယ်”

“လွှတ်ပေး”

ဆူအောင့်အောင့်မပြောတဲ့နှုတ်ခမ်းက သူ့ပယောဂကြောင့် ထူထူလေး။အွန်း အနီးကပ်ကြည့်မှတကယ်ချစ်ဖို့ကောင်းတာပဲ။ဟိုဆရာဝန်ကောင်လည်း အနီးကပ်မြင်ပြီးချစ်မိသွားတာဖြစ်ရမယ်။ဟွန့် ဒီကောင်လေးကဖြင့် သူမှသူ။

“အမှန်အတိုင်း ဝန်ခံရင်လွှတ်ပေးမယ် ကိုယ့်ကိုသဝန်တိုနေတာမလား”

“မဟုတ်ပါဘူးဆို”

“ကျစ်”

စုတ်သပ်လိုက်တော့ တစ်ချက်တုန်ယင်သွားတာ သူ့ရင်ခွင်ထဲမှာမို့သတိထားမိသည်။သွားတွေယားပြီး အာခေါင်ခြောက်လာတာ ဆေးလိပ်သောက်ချင်လို့ဖြစ်မှာပါ။

“ဒါဆို ကိုယ့်ကိုမမြင်ချင်လို့လား”

“………..”

“ကိုယ့်ကိုမြင်တိုင်းကြောက်နေရအောင် ကိုယ်ကအဲ့လောက်ထိရုပ်ဆိုးနေလို့လား”

“………..”

“ပြန်မဖြေရင်ထပ်နမ်းမယ်”

“ကိုကြီးစိတ်ပူနေလိမ့်မယ် အပြင်ထွက်ချင်…”

“မင်း ကိုယ့်စကားကိုနားမလည်ဘူးလား
ပြန်မဖြေမချင်းအပြင်ထွက်ရမယ်မထင်နဲ့”

“အမှန်အတိုင်းပြောတော့ကျလက်မခံဘဲနဲ့ ဘာကိုကြားချင်နေတာလဲဗျ သဝန်တိုတယ်လို့ကြားချင်နေတာဆိုရင် ဟုတ်တယ်တိုပေးမယ် အခုအပြင်ပေးထွက်တော့ဒီထဲမှာကြာနေပြီ”

“ခုနကတည်းကဝန်ခံလိုက်တာမဟုတ်ဘဲနဲ့ အနမ်းခံချင်နေတာမလား”

“ပြောတော့အပြင်ပေးထွက်မယ်ဆို ကတိတည်လေ”

“ရှက်ရမ်းရမ်းနေတာမလား ရပါတယ်ကိုယ်ကပဲသဘောထားကြီးပေးမယ် ဖုန်းနံပါတ်ပေး”

“ဘာလုပ်မလို့လဲ”

“မပေးရင် မထွက်ရဘူး”

“ကတိလည်းမတည်ပဲနဲ့ ပေးမထွက်ရင်အော်လိုက်မှာဗျ”

“ဘယ်လိုအော်မှာလဲ အစမ်းအော်ကြည့်လေ နားထောင်ဖူးချင်လို့”

“အ”

ပြောရင်းဖက်ထားတာကိုပိုတင်းကြပ်ကာ ဖျစ်ညှစ်ပစ်သူကြောင့် အသံထွက်သွားရသည်။

“အသံလေးကလည်းကွာ တခြားသူတွေကြားရင်တစ်မျိုးထင်ကုန်မယ်နော်”

အပြင်ထွက်ခွင့်မရသူက စကားအရာဖြင့်ပါမနိုင်သောအခါ ငိုဖို့ပြင်လာပြန်သည်။မျက်ရည်တွေဝိုင်းတက်လာတာ ခဏအတွင်း။ဒီရေအတက်အကျလိုပဲ သိပ်မြန်တာ။

“ငိုရင်နမ်းမယ်လို့ပြောထားလို့ အနမ်းခံချင်နေတာမလား ဒီတစ်ခါတကယ်လွှတ်ပေးမယ်ဖုန်းနံပါတ်ပေး”

မျက်ရည်မကျအောင်တင်းထားသူက နှုတ်ခမ်းတွေပါတလှုပ်လှုပ်။ဘာမှပြောမလာဘဲမျက်လုံးဝိုင်းတွေနှင့်သာကြည့်လာပြန်သည်။

“ဒေါက်ဒေါက်”

တံခါးခေါက်သံကြောင့် ကိုယ်လေးကတုန်ခနဲ။လန့်သွားတဲ့ယုန်လေးတစ်ကောင်လိုဘာလုပ်ရမှန်းမသိစွာ သူ့ရင်ခွင်ထဲမှာခပ်တောင့်တောင့်။

“အထဲကကလေးအဆင်ပြေရဲ့လား မင်းအစ်ကိုကအပြင်မှာစောင့်နေတယ် စိတ်ပူလို့တဲ့”

“ဟုတ်ကဲ့ အဆင်ပြေပါတယ် ခဏလေးလို့ပြောပေးပါဗျ”

အသံပြောင်းကာသူပြောလိုက်မှ သတိဝင်လာသူကအော်ဖို့ပြင်တယ်။နှုတ်ခမ်းတွေကို နှုတ်ခမ်းနဲ့ပိတ်လို့ အသံတွေကိုတားဆီးပစ်လိုက်သည်။အပြင်ကခြေသံဝေးသွားမှ အောက်နှုတ်ခမ်းကိုတစ်ချက်ကိုက်လို့လွှတ်ပေးလိုက်သည်။

“ဖုန်းနံပါတ်ပေး မဟုတ်ရင်မင်းကိုဒီထဲမှာတင် အမှတ်သားပေးပစ်မှာ”

“အဲ့လိုလုပ်လို့မရဘူးဗျ”

“စမ်းကြည့်မလား”

“ဖုန်းမပါလာဘူး နံပါတ်မမှတ်မိ..”

“လိမ်တာမကြိုက်ဘူးလို့ပြောထားတယ်နော်”

ပြောရင်းလက်တွေကို gland ထက်ပွတ်သပ်လိုက်တော့ရုန်းကန်လာပြန်သည်။

“ပြောပြမယ် မလုပ်ပါနဲ့”

“လိမ်ရတာကြိုက်တဲ့ကလေးပဲ”

ပြောရင်းအင်္ကျီစကိုခါးမှဆွဲလှန်ပေးတော့ လန့်သွားသည့်ပုံ။ဝမ်းဗိုက်ကြွက်သားကိုလက်ဝါးဖြင့်ပုတ်ပြရင်း အိတ်ကပ်ထဲမှဘောပင်အားထုတ်ပေးလိုက်သည်။

“တခြားနေရာ..”

“ဆက်ပြောနေရင်နေရာပြောင်းရေးခိုင်းပစ်မယ် ဒီထက်ပိုဆိုးတဲ့နေရာ”

ပြောမှတုန်ရင်နေတဲ့လက်တွေက မရဲတရဲရောက်လာသည်။ဝမ်းဗိုက်ထက်မှယားယံမှုကြောင့်နှလုံးသားတစ်ခုလုံးပါယားယံလာသည်။ဆက်စပ်မှုရှိနေတာဖြစ်မှာ။

“အမှန်အတိုင်းရေးနော် လိမ်ရင်နောက်တစ်ခါကျအပြစ်ပေးမှာ”

“ရပြီ တံခါးဖွင့်ပေးတော့ဗျ”

“အစ်ကို့ကိုဘယ်လိုပြောမှာလဲ”

ခုနသူကိုက်ထားသည့်အောက်နှုတ်ခမ်းကိုထိရင်းမေးတော့ ကြောင်တောင်တောင်လေး။

“နံရံကိုဝင်တိုက်မိတာ နှုတ်ခမ်းပေါက်သွားလို့ငိုထားတာလို့ပြော”

“ဟုတ်ဟုတ်”

အသည်းယားစွာနှုတ်ခမ်းထက်တစ်ချက်ထိကပ်ပြီးမှ တံခါးဖွင့်ပေးလိုက်သည်။ခြေလှမ်းသွက်သွက်လျှောက်သွားသူနောက်မလိုက်ဘဲ အကြားအာရုံကိုအလုပ်ပေးလိုက်သည်။Alphaတစ်ယောက်ရဲ့ အကြားအာရုံနှင့်အာရုံခံနိုင်စွမ်းက အဆင့်မြင့်လေပိုစူးရှလေ။

“လခြမ်းလေးအဆင်ပြေရဲ့လား ဘာလို့အဲ့လောက်ကြာနေတာလဲ”

“နှုတ်ခမ်းကကောဘာဖြစ်တာလဲ ငိုထားသေးတာလား”

“နံ..နံရံနဲ့ဝင်တိုက်မိပြီး နှုတ်ခမ်းပေါက်သွားတာ”

“ဖြစ်ရမယ်လခြမ်းရယ် အဲ့တာကြောင့်တိမ်ငွေ့ကပြောတာ အိမ်သာတောင်တစ်ယောက်တည်းစိတ်ချလွှတ်လို့မရဘူး”

“တိမ်ငွေ့မပါတိုင်းတစ်ခုခုကဖြစ်ပြီးသားပဲ ပြီးရင်အဲ့အဖေလေးကငါတို့ကိုပြောလို့ပြီးမှာမဟုတ်ဘူး”

“မပြန်ခင်နှုတ်ခမ်းကိုရေခဲကပ်ရအောင် တိမ်ငွေ့ကိုပြန်မပြောနဲ့နော် မဟုတ်ရင်သုံးယောက်လုံးနားပူတော့မှာ”

“ဟုတ်ဟုတ်”

အသံတွေဝေးသွားမှအိမ်သာထဲကထွက်လိုက်သည်။လူရှင်းနေသောကြောင့် သူထိုထဲကထွက်လာတာဘယ်သူမှမမြင်။မဟုတ်လျှင် နံမည်ကကြီးအုံးမည်။

စိုင်းတိမ်ငွေ့ပြာ နံမည်ကြားတိုင်းဒေါသကထောင်းကနဲ။သိပ်ကိုပိုင်ဆိုင်ကြောင်းပြချင်နေတယ်ပေါ့။အဟက်…..

#############

ငြိမ်း🌻🌞

“ကိုCean ကိစၥရွိလို႔လား”

“မရွိရင္ လာမလည္ရေတာ့ဘူးလား”

“မဟုတ္ပါဘူးဗ်ာ မလာစဖူးေရာက္လာလို႔”

“မင္းအလုပ္လုပ္တဲ့ေနရာကို ေရာက္ဖူးတယ္ရွိေအာင္လာတာ”

“ဟုတ္ပါၿပီဗ်ာ ကြၽန္ေတာ္လည္းအခုအားၿပီ ထမင္းထြက္စားၾကရေအာင္ ဟိုဘက္လမ္းကအသစ္ဖြင့္ထားတဲ့ဆိုင္ေတာ္ေတာ္ေကာင္းတယ္ေျပာတယ္ ကြၽန္ေတာ့ေဆး႐ုံကလူေတြဆို အဲ့မွာပဲသြားစားေနက်”

“သြားၾကမယ္ေလ အငယ္ေကာင္ေကာဖုန္းဆက္ၾကည့္လိုက္”

“သူ႕ကိုေခၚမေနနဲ႕ သူသေဘာက်တယ္ဆိုတဲ့တစ္ေယာက္ေနာက္လိုက္ေနတာ သိပ္သေဘာက်ပါတယ္ဆိုတဲ့ Code ေတြေတာင္ေမ့လို႔”

“တအားေတြျဖစ္ေနတာပဲ”

ႏွစ္ေယာက္အတူသြားမွာမို႔ သူ႕ကားေပၚသာႏွစ္ေယာက္လုံးတက္ျဖစ္လိုက္သည္။ဆိုင္က ေဆး႐ုံႏွင့္သိပ္မေဝး။ဆိုင္ထဲဝင္ေတာ့ Horizon ေဆး႐ုံကအဖြဲ႕ႏွင့္တန္းတိုးေတာ့သည္။

“မင္းတို႔ေကာင္ေတြ တအားကိုလြတ္လပ္ေနတာပဲ”

“ဟာ စီနီယာ လာလာ ကြၽန္ေတာ္တို႔နဲ႕ေပါင္းထိုင္ပါ့လား “

“အြန္း ေပါင္းလိုက္မယ္ေလ ကိုCean အဆင္ေျပတယ္မလား”

“ရတယ္”

စားပြဲႏွစ္ခုဆက္ထားတာေၾကာင့္ ဆယ္ေယာက္ေက်ာ္ေသာသူတို႔အုပ္စုအတြက္ မက်ဥ္းက်ပ္။လြတ္ရာေနရာဝင္ထိုင္ေတာ့ ေဘးကတစ္ေယာက္က ၿမိဳ႕ေတာ္ရဲ႕အလွပေဂးေလး။

“ကိုCean ဘာစားမလဲ”

“အဆင္ေျပတာမွာလိုက္”

အနည္းငယ္တိတ္ဆိတ္ေနတဲ့ဝိုင္းက သူ႕ကိုရွိန္ေနတာျဖစ္မည္။ရင္းရင္းႏွီးႏွီးမေနတတ္သူမို႔ အပိုစကားေတြလည္းမေျပာခ်င္။သူ႕မူပိုင္ ေအးစက္စက္မ်က္ႏွာျဖင့္ ရႉတည္တည္သာထိုင္ေနလိုက္သည္။

“အားလုံးပဲအဆင္ေျပသလိုေနၾက ကိုCean ကအၿမဲအဲ့လိုပဲ ေၾကာက္စရာမလိုဘူး”

“ကိုCean လိုလူကိုမွမေၾကာက္ရင္ ဘယ္လိုလူကိုသြားေၾကာက္ရေတာ့မွာလဲ”

ဆရာဝန္တစ္ေယာက္၏အ႐ႊန္းေဖာက္ေသာစကားေၾကာင့္ အားလုံးရယ္သံေတြထြက္လာသည္။

“ဒါနဲ႕ ကိုCean ကတစ္သက္လုံးလူပ်ိဳႀကီးလုပ္ေတာ့မွာလားဗ် စံသတ္မွတ္ခ်က္ေလးေတြရွိရင္လည္းေျပာပါအုံး Omegaေလးေတြအသည္းမကြဲရေအာင္”

“သတ္မွတ္ခ်က္မရွိဘူး ကိုယ္ကေပ်ာ့ညံ့တာေတြမႀကိဳက္ဘူး ဂ႐ုစိုက္ေပးရတာကိုမႀကိဳက္ဘူး ခ်စ္ျပရတာကိုမႀကိဳက္ဘူး တြယ္ကပ္ေနတာကိုမႀကိဳက္ဘူး “

“ကိုCean ကလည္းဗ်ာ ဘာမွကိုမက်န္ေတာ့ဘူး ခ်စ္သူမထားေတာ့ဘူးလို႔သာေျပာလိုက္ပါေတာ့”

“ဟုတ္တယ္မထားဘူး ရႉပ္လို႔”

“ေလွ်ာက္ေျပာေနတာ ခ်စ္တဲ့သူမေတြ႕ေသးလို႔ ေတြ႕မ်ားေတြ႕ရင္ အဲ့လိုလူေတြကပိုသည္းတယ္”

Horizonက ၾကားျဖတ္ေနာက္သည္။

“စီနီယာေျပာတာျဖစ္နိုင္တယ္”

သူတို႔အေျပာကိုၿပိဳင္မျငင္းဘဲ ပခုံးသာတြန႔္ျပလိုက္တယ္။အေျပာထက္လက္ေတြ႕လုပ္ျပရတာကို ပိုသေဘာက်တယ္။

“မုတ္သုံေရာမရွိေသးဘူးလား Alphaထုႀကီးရဲ႕ အသည္းကိုေတာ့မခြဲေသးဘူးမလား”

ေဘးမွာစကားဝင္မေျပာဘဲ ဖုန္းၾကည့္ေနသူက သူ႕နံမည္ၾကားမွေမာ့ၾကည့္လာေလသည္။ထို႔ေနာက္ဖုန္းခ်ကာ အၿပဳံးကေလးျဖင့္

“အခ်ိန္မရွိေသးပါဘူးဗ်ာ ကြၽန္ေတာ့္အသက္ကအခုမွငယ္ငယ္ေလးရွိေသးတယ္ ႏွစ္ဆယ့္ငါးေက်ာ္မွစဥ္းစားျဖစ္မယ္ထင္တယ္ဗ်”

“အခု ႏွစ္ဆယ့္သုံးႏွစ္မလား မငယ္ေတာ့ပါဘူး ငါ့ညီဝမ္းကြဲဆို အသက္ႏွစ္ဆယ္နဲ႕အိမ္ေထာင္က်တာ”

“ဘယ္လိုျဖစ္တာတုန္း စြံလွခ်ည္လားကိုနိုင္”

“ဘာျဖစ္ရမလဲကြာ သူကဟိုဘက္ေကာင္ေလးကိုေၾကာက္လို႔ဇြတ္ေရွာင္ေနေတာ့ တစ္ဖက္ကအခြင့္ေရးရတာနဲ႕ တန္းခိုးေျပးေတာ့တာပဲ”

“ဪ သိၿပီအရင္တစ္ခါကိုနိုင္ေျပာတဲ့ ကေလးအေဖ Omega ေလးမလား “

“ဟုတ္ပါ့ သူ႕ေယာက်္ားကဇိုးကြ ျပန္ေပးဆြဲၿပီးတစ္သက္တာအမွတ္အသားပါေပးျပစ္တာကြာ အဲ့ေတာ့ငါ့အေဒၚတို႔လက္ခံေပး႐ုံပဲရွိေတာ့တာေပါ့ ခ်စ္တာကေတာ့ေတာ္ေတာ္ခ်စ္တာ မ်က္ႏွာတစ္ခ်က္အညွိုးမခံဘူး”

“အဆင္ေတာ့ေျပေနတယ္မလား”

“အေျပလြန္ေနတာေဟ့ ကဲကဲသဲသဲလင္မယားပါကြာ ငါ့တူေလးထားထားၿပီး ႏွစ္ေယာက္တည္းဟန္းနီးမြန္းခ်ည္းထြက္ေနတာကြ”

“ဟားဟားဟား “

သူတို႔တစ္ဝိုင္းလုံး ရယ္သံေတြညံစီသြားေလသည္။ထိုစဥ္တံခါးမွဝင္လာေသာလူသုံးေယာက္ေၾကာင့္ အားလုံးအာ႐ုံကသူတို႔ဆီမွာ။အရပ္ျမင့္ျမင့္ခပ္ေခ်ာေခ်ာ ဆံပင္ကိုခရမ္းေရာင္ဟိုက္လိုက္ေဖာက္ထားသူက စားပြဲဝိုင္းအလြတ္အားရွာေနကာ ခပ္မိမိ Alphaကေတာ့ဖုန္းမွအၾကည့္မခြာတဲ့ခ်စ္စဖြယ္Omegaေလးပခုံးအား ဖက္ထားေလသည္။

ထို႔ေနာက္ ေနရာလြတ္ေတြ႕သြားသူကထိုေနရာဆီေျခလွမ္းသည္။သူတို႔ထိုင္သည့္ေနရာႏွင့္တစ္ခုံေက်ာ္ Ceanႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ထိုOmegaေလးကဝင္ထိုင္ေလသည္။အၾကည့္ေတြကိုေတာ့ ဖုန္းမွမခြာေသး။

“လျခမ္းေတာ္ေတာ့ တစ္လမ္းလုံးၾကည့္လာတာ မ်က္ရိုးေတြကိုက္မယ္”

“ခဏေလးပါေနာင္းညိုရဲ႕ ဂိမ္းကနိုင္ေတာ့မွာ အိမ္မွာဆို တိမ္ေငြ႕ကေပးမေဆာ့ဘူးရယ္”

“တိုင္ကိုေျပာအုံးမယ္ တိမ္ေငြ႕တစ္ေယာက္တည္းကိုပဲေၾကာက္တာ အစ္ကိုျဖစ္တဲ့ငါ့က်အေရးကိုမလုပ္ဘူး”

“ကိုႀကီးကလည္း”

ဖုန္းမွအၾကည့္မခြာဘဲ ခပ္ခြၽဲခြၽဲအေျပာမွာ စက္ရိပ္ၿပဳံးမိေရာ။ဖုန္းေဆာ့ေနသူကို ထပ္မစေတာ့ဘဲ ေခါင္းေလးသာပြတ္ေပးလိုက္ေတာ့သည္။ထို႔ေနာက္ Menu စာအုပ္ယူကာ လျခမ္းအတြက္ပါမွာေပးရသည္။

“အဲ့ Omega ေလးကခ်စ္စရာေလး ကိုနိုင္သေဘာက်တယ္ဆိုတဲ့တစ္ေယာက္မလား”

စားပြဲမွာထိုင္ေနတဲ့တစ္ေယာက္က တိုးတိုးေျပာေတာ့ ေခါင္းေတြကအလယ္မွာစုလာသည္။

“တကယ္ႀကီးလား ကိုနိုင္ကအလွေလးကိုေတြ႕ေတာ့လွ်ိုထားတယ္ၾကည့္စမ္း ဘယ္လိုသိတာလဲ”

“အဲ့ဒီဆံပင္ခရမ္းေရာင္နဲ႕တစ္ေယာက္ကိုသိတယ္မလား ပင္ထေနာင္းညိုေလ ငါကသူ႕ရဲ႕ Family Doctor ဟိုကေလးက သူ႕သူငယ္ခ်င္း ဟိုတစ္ေလာက ထေနာင္းညိုေခၚလို႔ ငါသြားၾကည့္ေပးရတာအဲ့ကေလး”

“ကိုနိုင္တို႔ဘက္လိုက္ခ်က္ကေတာ့ေနာ္ ပင္ထေနာင္းညိုနဲ႕အဲ့ေကာင္ေလးက အသက္မတိမ္းမယိမ္းပါ အဲ့တာကိုဟိုတစ္ေယာက္ကိုက်နံမည္အရင္းႀကီးေခၚၿပီး သူ႕လူကိုက်ေတာ့ ကေလးကေလးနဲ႕”

“အဲ့တာကေတာ့ ကိုယ္ကသေဘာက်ေနရတဲ့သူကိုး”

လူပ်ိဳႀကီးရဲ႕တည္တည္ၾကည္ၾကည္မ်က္ႏွာက ရဲခနဲ။ရွက္ရွက္နဲ႕ေကာ္ဖီတစ္ခြက္ေကာက္ေမာ့ေလသည္။

“သူ႕မွာပိုင္ရွင္မရွိတာေသခ်ာလို႔လား အဲ့ေလာက္ခ်စ္စရာေကာင္းတာကို”

“အဲ့တာကေတာ့ေသခ်ာတယ္ ေက်ာင္းတက္တုန္းက ငါ့ညီေလးနဲ႕တစ္တန္းတည္းမို႔လို႔ ညီေလးေျပာေျပာေနလို႔သိေနတာ လူကေတာ့အဲ့ေန႕ကမွေတြ႕ဖူးတာ ပင္ထေနာင္းညိုနဲ႕တျခားAlphaတစ္ေယာက္ရွိေသးတယ္ သူတို႔သုံးေယာက္ကသူငယ္ခ်င္းတဲ့ Omegaေလးကိုအၾကည့္ေတာင္ခံတာမဟုတ္ဘူးဆိုပဲ ေကာင္ေလးကမိဘမဲ့မို႔ အစ္ကိုႀကီးေတြေနရာယူၿပီး ကာကြယ္ေပးတယ္ေျပာတာပဲ”

“ျဖစ္နိုင္လို႔လား ပင္ထေနာင္းညိုက playboy ဆိုၿပီးနံမည္ႀကီးေနတာကို ဟိုတစ္ေယာက္ကလည္း Alphaဆိုရင္ ဒီေလာက္လွတဲ့အေခ်ာေလးကို သမာဓိၿမဲပါ့မလား”

“ငါကေတာ့ျမင္ေနက်မလို႔ယုံတယ္ အဲ့ကေလးက ျပစ္မွားရက္စရာမွမရွိတာ ျဖဴ ျဖဴစင္စင္ေလး ျမတ္ျမတ္နိုးနိုးနဲ႕သိမ္းထုပ္ၿပီး ကာကြယ္ေပးခ်င္စရာေလး ဟိုAlphaကလည္း အခြင့္ေရးသမားမဟုတ္သလို ပင္ထေနာင္းညိုကလည္း ရည္းစားထည္လဲတြဲတာကလြဲရင္ နံမည္ဆိုးရွိတာမဟုတ္ဘူး ေနာက္ၿပီးမ်က္လုံးေတြကလိမ္လို႔မရဘူး ၾကည့္တဲ့အၾကည့္တိုင္းမွာ တပ္မက္မႈကင္းေနတာ လူတိုင္းျမင္နိုင္တယ္ေလ”

“ဇြတ္ေတြကိုၫႊန္းေနတာေနာ္ အဲ့လိုဆိုရင္လည္း အခ်ိန္ဆြဲမေနနဲ႕ေတာ့ေလ တျခားလူေတြဦးကုန္မယ္ဗ်”

“ငါလည္းနည္းလမ္းရွာေနတာပဲ ခက္တာကအဲ့ကေလးက ဟိုႏွစ္ေယာက္မပါရင္အျပင္မထြက္ဘူးကြ အခုသူ႕အစ္ကိုပါ,ပါလာၿပီ ဘာပဲျဖစ္ျဖစ္သူ႕ဖုန္းနံပါတ္ေလးပထမဆုံးရတဲ့သူေတာ့ ျဖစ္ခ်င္တယ္ကြာ”

“အရမ္းေတြျဖစ္ေနရင္လည္း ကြၽန္ေတာ္တို႔ကူညီဖို႔ႀကိဳးစားေပးပါ့မယ္ဗ်ာ”

“ရရင္ကူညီၾကစမ္းပါကြာ ေက်းဇူးဆပ္ပါ့မယ္”

“မလိုပါဘူး မဂ္လာေဆာင္ျဖစ္ရင္သာ သီးသန႔္တစ္ဝိုင္း”

“ရေစရမယ္ကြာ”

သိပ္မက်ယ္တဲ့စကားဝိုင္းက အေဝးဆီမပ်ံ့လြင့္။စီးကရက္ေသာက္ခ်င္စိတ္က ရင္ထဲမွာထႂကြလာတယ္။အျပင္မထြက္ခ်င္ေတာ့တာမို႔ မ်က္ႏွာခ်င္းဆိုင္ကိုသာအၾကည့္ပို႔ထားလိုက္တယ္။ဝင္လာကတည္းကဖုန္းဆီသာအာ႐ုံေရာက္ေနသူက ပတ္ဝန္းက်င္ကိုမၾကည့္မိသလို သူ႕အေၾကာင္းေျပာေနတာေတြကိုမသိ။

သူတို႔စားပြဲဝိုင္းကအၾကည့္ေတြက အဲ့ေကာင္ေလးေပၚ မၾကာခဏရစ္ဝဲသည္။သိပ္စိတ္ပ်က္ဖို႔ေကာင္းလြန္းလို႔ ဘယ္သူမွမရွိတဲ့တစ္ေနရာမွာသာ သြားထားခ်င္ေတာ့တယ္။ဘာေတြအဲ့ေလာက္ျဖစ္ေနၾကတာလဲ။ဖုန္းခ်လိဳက္တဲ့ေကာင္ေလးက ပါးခ်ိဳင့္နက္နက္ေတြနဲ႕ၿပဳံးလို႔။

အားလုံးတိတ္သြားတာက အၿပဳံးေတြမွာအငိုက္မိသြားတာျဖစ္မည္။တစ္ခုခုကိုခံစားမိ၍ထင္ သူတို႔ရွိရာဆီ အၾကည့္ပို႔လာသည္။သူခိုးလူမိျဖစ္သြားသူေတြက ေခ်ာင္းဟန႔္လို႔အစားဆီအာ႐ုံေျပာင္းၾကေပမဲ့ သူကေတာ့ ခပ္စူးစူးေလးသာၾကည့္ေပးလိုက္တယ္။

ထိုေကာင္ေလးအၾကည့္ေတြက သူ႕ေဘးကHorizonဆီအေရာက္ ထိတ္လန႔္သြားဟန္ေပၚေသာ္ျငား အလွပေဂးေလးဆီအေရာက္မွာေတာ့ သူမဖတ္တတ္တဲ့ဘာသာစကားဆီေျပာင္းလဲသြားေလသည္။ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ၾကားအျပန္အလွန္ၾကည့္လာၿပီး အၾကည့္လႊဲသြားကာ အစ္ကိုျဖစ္သူအား တိုးတိုးကပ္ေျပာေနသည္။

မၾကာမီေနရာေျပာင္းထိုင္လိုက္သူက သူတို႔ခုံအားေက်ာေပးသြားေလရာ သူႏွာတစ္ခ်က္မႈတ္လိုက္မိသည္။မနာလိုျဖစ္ေနတာေနမွာေပါ့။သူေတာင္ သူစိမ္းေတြနဲ႕တတြဲတြဲေနၿပီးေတာ့ သူမ်ားက်မွမၾကည့္နိုင္ရေအာင္ထိ သဝန္ေတြတိုေနတာေလ။ဒါနဲ႕မ်ား မႀကိဳက္ဘူးကျငင္းေသးသည္။

စားပြဲကလူေတြရဲ႕သူ႕ရဲ႕မ်က္ႏွာေလးမျမင္ရေတာ့လို႔ ႏွေျမာတသျဖစ္ေနသံၾကားမွ စိတ္ထဲနည္းနည္းၾကည္လင္လာေလသည္။နားေအးသြားတာေပါ့ မဟုတ္ရင္ သူ႕ရဲ႕အလွပခ်ီးမြန္းဖြင့္တာကို ထမင္းစားရင္းနားေထာင္ေပးေနရတာ မ်ိဳေတာင္မက်ခ်င္ဘူး။အခုမွစားရတာအရသာပိုရွိလာသလိုပဲ။

ေဆး႐ုံကလူေတြက အလုပ္ကိုယ္စီနဲ႕မို႔ စားၿပီးတန္းျပန္ကုန္သည္။သူတို႔ညီအစ္ကိုႏွစ္ေယာက္သာ ေအးေအးေဆးေဆးစားရင္းက်န္ခဲ့ေလသည္။

“ကိုCean ဒီဆိုင္ကအစားအေသာက္ေတြကိုႀကိဳက္ပုံပဲ”

စားေသာက္ၿပီး လက္စသတ္ေတာ့ ညီျဖစ္သူကခပ္ၿပဳံးၿပဳံးၾကည့္ကာေမးလာေလသည္။

“မဆိုးပါဘူး “

“ဒါမွမဟုတ္ အလွေလးကေဘးမွာထိုင္ေနလို႔မ်ား အရသာေတြရွိေနတာလား”

“မဆိုင္တာေတြ”

မ်က္ေမွာင္က်ဳံ႕ရင္းျငင္းမိတာကခ်က္ခ်င္း။

“ပါးစပ္ကသာျငင္းေနတာေနာ္ အၿပဳံးေတြကရပ္ကိုမရပ္ဘူး ေဘးကလူေတြေတာင္သတိထားမိတယ္”

“အဲ့လိုေတြမရွိဘူး ေပါက္ကရေတြေလွ်ာက္မေျပာနဲ႕”

“ဟုတ္ပါၿပီဗ်ာ ကိုCeanလိုလူက အသည္းအသန္မျဖစ္မခ်င္း ဝန္ခံမွာမဟုတ္မွန္းသေဘာေပါက္ၿပီးသား”

မ်က္စိေရွ႕ကေက်ာျပင္ေလးက ေနရာမွထကာ Toilet ဘက္ဦးတည္သြားတာေၾကာင့္ တစ္စုံတစ္ခုကိုေတြးမိသြားၿပီး သူၿပဳံးလိုက္သည္။ဆိုင္ထဲမွာလူသိပ္မရွိေတာ့။ဟိုခုံကႏွစ္ေယာက္ကလည္း အခ်င္းခ်င္းစကားေျပာေနကာ ေဘးကိုအာ႐ုံမရ။သူထိုင္ေနရာမွထလိုက္သည္။

“ငါ Toilet သြားအုံးမယ္”

“အိုေက”

……….

ငယ္ငယ္ လက္ေဆးရင္း သက္ျပင္းခ်ရသည္။ဇာတ္ေၾကာင္းအရဆိုလွ်င္ ဇာတ္လိုက္ႏွစ္ေယာက္ၾကား ခံစားခ်က္ေတြ စတင္ေနၿပီျဖစ္သည္။ဟိုလူက Omegaေလးရွိရာေဆး႐ုံသို႔မၾကာခဏသြားၿပီး ခံစားခ်က္ေတြပ်ိဳးေထာင္မည္။Omegaေလးရဲ႕ ထူးခြၽန္မႈေတြ၊အမ်ားနဲ႕မတူတဲ့ ထူးျခားမႈေတြေၾကာင့္ ခံစားခ်က္ေတြျမင့္တက္လာမည္။

ၿပီးရင္ တစ္ေယာက္နဲ႕တစ္ေယာက္မေျပာဘဲသိတဲ့ ခံစားခ်က္ေတြေပါက္ဖြားလာမည္။အခ်စ္အေၾကာင္းမသိသူက ထိုOmegaေလးကို ခ်စ္မိမွန္းမသိဘဲ မိတ္ဖက္ျဖစ္လာေစခ်င္သည္။သို႔ေသာ္အလွေလးကလည္း မာနႀကီးသူမို႔လက္မခံ။ခ်စ္တယ္မေျပာဘဲ အပိုင္သိမ္းခ်င္သူေၾကာင့္ သူ႕အားအေလးမထားသလိုခံစားရေစသည္။

ထိုအရာက သူတို႔ႏွစ္ေယာက္ၾကားက ဇာတ္ရွိန္အျမင့္ဆုံးအပိုင္းမို႔ ေလျပည္လာဖို႔ မုန္တိုင္းဝင္ျခင္းမ်ိဳးပင္။

ထိုကစားပြဲမစတင္မီ သူထြက္သြားမွရမည္။သူတို႔ႏွစ္ေယာက္ၾကား ထိုမီးပြားေလးစတင္လိုက္တာႏွင့္ သူကအလိုလိုေနရင္း မီးစာေလးျဖစ္သြားမွာ။ဒီဝတၳဳရဲ႕ရည္႐ြယ္ခ်က္က အခ်စ္စစ္မွန္ရင္ ဖယ္ရိုမုန္းမကိုက္ညီမႈကေတာင္ မတားဆီးနိုင္ေၾကာင္းႏွင့္ ကံၾကမၼာက သတ္မွတ္ေပးထားတဲ့မိတ္ဖက္ကိုေတာင္ ဂ႐ုဏာသက္တဲ့အၾကည့္တစ္ခ်က္မစြန့္ႀကဲဘဲ စြန့္ပစ္နိုင္ေၾကာင္းသိေစခ်င္တာ။

ဇာတ္လမ္းေလးကလွပတယ္ဆိုေပမယ့္ သူကေတာ့စေတးခံမျဖစ္ေပးနိုင္ဘူး။အေတြးေတြေၾကာင့္ လက္ေဆးေနခ်ိန္ ေနာက္ကေရာက္လာသူကို မျမင္မိ။လွည့္အထြက္မွာဝင္တိုက္မိသားမွ သတိထားမိကာ သူမတုန့္ျပန္နိုင္ခ်ိန္ အိမ္သာအလြတ္ထဲေခၚသြားခံရၿပီး တံခါးခ်က္ခ်ၿပီးေနၿပီ။

“ဘာလုပ္တာလဲ တံခါးဖြင့္ေပး”

သတိျပန္ဝင္လာေတာ့ သူ႕ကိုအတြင္းဘက္ထားကာ တံခါးအားေက်ာမွီလို႔ လက္ပိုက္ထားသူ။အခန္းက်ဥ္းေလးမို႔ ၾကပ္ၾကပ္ညပ္ညပ္။

“မထြက္ေစခ်င္လို႔ပိတ္ထားတာကို ဖြင့္ေပးစရာလား”

“ဒါ Omegaအခန္းေလ ဘာလာလုပ္တာလဲဗ်”

“မင္းဆီလာတာေလ “

“ခင္ဗ်ား ဘာလုပ္မလို႔လဲ”

ေျပးစရာမရွိ၍ ကိုယ္ကိုတတ္နိုင္သမွ် ေနာက္သို႔ရို႔ထားမိေလသည္။

“မင္းခုနကဘာလို႔ေက်ာေပးသြားတာလဲ”

“ဟမ္”

မဆီမဆိုင္အေမးေၾကာင့္ ဆြံအသြားရသည္။

“ကိုယ့္မ်က္ႏွာခ်င္းဆိုင္ကေန ေနရာေ႐ႊ႕သြားတာ ဘာလို႔လဲ”

“ခင္ဗ်ားနဲ႕ ဘာဆိုင္လို႔လဲ အခုအျပင္ထြက္ေတာ့လို႔”

“ကိုယ္ေမးတာကိုအရင္ေျဖ”

“ဘာမွမျဖစ္တာကို ဘာကိုေျဖေပးရမွာလဲဗ်”

“ကိုယ္တျခား Omegaအလွေလးနဲ႕ထိုင္လို႔ သဝန္တိုေနတာမလား”

“ဘာဆိုင္လို႔လဲ”

“မင္းကကိုယ့္ကိုသေဘာက်ေနတဲ့သူေလ”

“ငယ္ငယ္ေျပာၿပီးၿပီေလ ခင္ဗ်ားကိုသေဘာမက်ပါဘူးဆိုဗ်ာ”

“ကိုယ္ကလိမ္တာေတြကိုမႀကိဳက္ဘူး”

“ႀကိဳက္ႀကိဳက္မႀကိဳက္ႀကိဳက္ဂ႐ုမစိုက္ဘူး ငယ္ငယ့္ကိုတံခါးဖြင့္ေပးလို႔”

“အမွန္အတိုင္းေျဖ”

“အခုအမွန္အတိုင္းေျဖေနတာဘဲဗ်”

“Omega ၁၀၀မွာ၉၉ေယာက္က ကိုယ့္ကိုသေဘာက်ေနတာ”

“ဟုတ္ၿပီအဲ့တာဆိုက်န္တဲ့ တစ္ေယာက္က ငယ္ငယ္ပဲ”

“ေတြ႕လား မင္းကိုယ့္ကိုသေဘာက်ေနတာပါဆို တျခားသူေတြနဲ႕မတူတဲ့ ကိုယ့္ရဲ႕ခြၽင္းခ်က္ေလးျဖစ္ခ်င္ေနတာမလား”

“ခင္ဗ်ား ဦးႏွောက္ေကာသြားစစ္ေဆးဖူးရဲ႕လား”

သူ႕စကားဆုံးေတာ့ ပိုက္ထားတဲ့လက္ကိုျဖဳတ္ကာ ခါးသိမ္သိမ္ေလးကိုဆြဲဖက္လို႔ ရင္ဘတ္ထဲအပ္ပစ္တယ္။ၿပီးမွ နား,နားထိငုံ႕ကိုင္းလာၿပီး ၾသၾသရွအသံက မထိတထိ

“မင္းတစ္ေယာက္ဘဲကိုယ့္ကိုဒီလိုေျပာရဲတာ ေျပာၾကည့္ ကိုယ္ေဒါသထြက္လိုက္ရမလား”

ထိတ္လန့္စြာတြန္းထုတ္ေတာ့ ဧဝရတ္ေတာင္အားတြန္းေနသည့္ပု႐ြက္ဆိတ္ေလးလို။ခါးမွလက္ကိုပိုတင္းၾကပ္ၿပီး က်န္လက္တစ္ဖက္က မ်က္ႏွာအားဆြဲေမာ့လာတယ္။စိုက္ၾကည့္လာတဲ့မ်က္ဝန္းျပာေတြထဲ ထိတ္လန့္ေနတဲ့သူ႕မ်က္ႏွာက နီနီေစြးေစြး။

“လႊတ္ေပးလို႔ တျခားသူေတြဝင္ အု…”

စကားမဆုံးခင္ ႏႈတ္ခမ္းေတြအနိုင္ပိုင္းခံလိုက္ရတယ္။သူ႕ဖယ္ရိုမုန္းရဲ႕ခပ္ဖြဖြဖိႏွိပ္မႈၾကား စံပယ္ရနံ႕ေတြကအလံျဖဴျပလိုက္ရတယ္။မတင္းတိမ္နိုင္သလို အေလာတႀကီးျဖစ္မႈက သူ႕အားထိတ္လန့္ေစသည္။တစ္ကိုယ္လုံးကို ေခ်မြၿပီးသူ႕ခႏၱာကိုယ္ႏွင့္ေပါင္းစပ္ပစ္ေတာ့မယ့္အတိုင္း အားျပင္းျပင္းႏွင့္ဇြတ္ဖက္ထားတာေၾကာင့္ အရိုးေတြပါနာလာသည္။

ႏႈတ္ခမ္းေတြကိုလႊတ္ေပးၿပီး အနမ္းေတြက ပါးျပင္ေတြဆီမြတ္မြတ္သိပ္သိပ္။ႏူးညံ့ေနမႈက တစစီကိုက္ဆြဲခ်င္စရာ။သူျပဳသမွ်ႏုေနရသူက အသက္ပင္ေကာင္းေကာင္းမရႉနိုင္။ပါးျပင္ေတြရဲေစြးေနတာက အဲ့ကေလးသိပ္ႀကိဳက္တဲ့စေတာ္ဘယ္ရီသီးေလးလို။အနားကပ္မိတိုင္းမထိန္းခ်ဳပ္နိုင္ျခင္းကို ဖယ္ရိုမုန္းေတြကိုယိုးမယ္ဖြဲ႕ပါမယ္။

“အင့္…”

ထပ္နမ္းဖို႔တိုးကပ္ပစ္ေတာ့ မ်က္ရည္ေတြနဲ႕ တိုက္စစ္ဆင္လာသည္။ပိုၿပီးအနိုင္က်င့္ပစ္ခ်င္ေပမယ့္ အျပင္မွာသူ႕အစ္ကိုရွိသည္ဟူေသာအသိက ဖ်က္ခနဲ။

“မငိုနဲ႕ ငိုရင္ထပ္နမ္းမယ္”

“လႊတ္ေပး”

ဆူေအာင့္ေအာင့္မေျပာတဲ့ႏႈတ္ခမ္းက သူ႕ပေယာဂေၾကာင့္ ထူထူေလး။အြန္း အနီးကပ္ၾကည့္မွတကယ္ခ်စ္ဖို႔ေကာင္းတာပဲ။ဟိုဆရာဝန္ေကာင္လည္း အနီးကပ္ျမင္ၿပီးခ်စ္မိသြားတာျဖစ္ရမယ္။ဟြန့္ ဒီေကာင္ေလးကျဖင့္ သူမွသူ။

“အမွန္အတိုင္း ဝန္ခံရင္လႊတ္ေပးမယ္ ကိုယ့္ကိုသဝန္တိုေနတာမလား”

“မဟုတ္ပါဘူးဆို”

“က်စ္”

စုတ္သပ္လိုက္ေတာ့ တစ္ခ်က္တုန္ယင္သြားတာ သူ႕ရင္ခြင္ထဲမွာမို႔သတိထားမိသည္။သြားေတြယားၿပီး အာေခါင္ေျခာက္လာတာ ေဆးလိပ္ေသာက္ခ်င္လို႔ျဖစ္မွာပါ။

“ဒါဆို ကိုယ့္ကိုမျမင္ခ်င္လို႔လား”

“………..”

“ကိုယ့္ကိုျမင္တိုင္းေၾကာက္ေနရေအာင္ ကိုယ္ကအဲ့ေလာက္ထိ႐ုပ္ဆိုးေနလို႔လား”

“………..”

“ျပန္မေျဖရင္ထပ္နမ္းမယ္”

“ကိုႀကီးစိတ္ပူေနလိမ့္မယ္ အျပင္ထြက္ခ်င္…”

“မင္း ကိုယ့္စကားကိုနားမလည္ဘူးလား
ျပန္မေျဖမခ်င္းအျပင္ထြက္ရမယ္မထင္နဲ႕”

“အမွန္အတိုင္းေျပာေတာ့က်လက္မခံဘဲနဲ႕ ဘာကိုၾကားခ်င္ေနတာလဲဗ် သဝန္တိုတယ္လို႔ၾကားခ်င္ေနတာဆိုရင္ ဟုတ္တယ္တိုေပးမယ္ အခုအျပင္ေပးထြက္ေတာ့ ဒီထဲမွာၾကာေနၿပီ”

“ခုနကတည္းကဝန္ခံလိုက္တာမဟုတ္ဘဲနဲ႕ အနမ္းခံခ်င္ေနတာမလား”

“ေျပာေတာ့အျပင္ေပးထြက္မယ္ဆို ကတိတည္ေလ”

“ရွက္ရမ္းရမ္းေနတာမလား ရပါတယ္ ကိုယ္ကပဲသေဘာထားႀကီးေပးမယ္ ဖုန္းနံပါတ္ေပး”

“ဘာလုပ္မလို႔လဲဗ်”

“မေပးရင္ မထြက္ရဘူး”

“ကတိလည္းမတည္ပဲနဲ႕ ေပးမထြက္ရင္ေအာ္လိုက္မွာဗ်”

“ဘယ္လိုေအာ္မွာလဲ အစမ္းေအာ္ၾကည့္ေလ နားေထာင္ဖူးခ်င္လို႔”

“အ”

ေျပာရင္းဖက္ထားတာကိုပိုတင္းၾကပ္ကာ ဖ်စ္ညွစ္ပစ္သူေၾကာင့္ အသံထြက္သြားရသည္။

“အသံေလးကလည္းကြာ တျခားသူေတြၾကားရင္တစ္မ်ိဳးထင္ကုန္မယ္ေနာ္”

အျပင္ထြက္ခြင့္မရသူက စကားအရာျဖင့္ပါမနိုင္ေသာအခါ ငိုဖို႔ျပင္လာျပန္သည္။မ်က္ရည္ေတြဝိုင္းတက္လာတာ ခဏအတြင္း။ဒီေရအတက္အက်လိဳပဲ သိပ္ျမန္တာ။

“ငိုရင္နမ္းမယ္လို႔ေျပာထားလို႔ အနမ္းခံခ်င္ေနတာမလား ဒီတစ္ခါတကယ္လႊတ္ေပးမယ္ဖုန္းနံပါတ္ေပး”

မ်က္ရည္မက်ေအာင္တင္းထားသူက ႏႈတ္ခမ္းေတြပါတလႈပ္လႈပ္။ဘာမွေျပာမလာဘဲမ်က္လုံးဝိုင္းေတြႏွင့္သာၾကည့္လာျပန္သည္။

“ေဒါက္ေဒါက္”

တံခါးေခါက္သံေၾကာင့္ ကိုယ္ေလးကတုန္ခနဲ။လန့္သြားတဲ့ယုန္ေလးတစ္ေကာင္လို ဘာလုပ္ရမွန္းမသိစြာ သူ႕ရင္ခြင္ထဲမွာခပ္ေတာင့္ေတာင့္။

“အထဲကကေလး အဆင္ေျပရဲ႕လား မင္းအစ္ကိုကအျပင္မွာေစာင့္ေနတယ္ စိတ္ပူလို႔တဲ့”

“ဟုတ္ကဲ့ အဆင္ေျပပါတယ္ ခဏေလးလို႔ေျပာေပးပါဗ်”

အသံေျပာင္းကာသူေျပာလိုက္မွ သတိဝင္လာသူကေအာ္ဖို႔ျပင္တယ္။ႏႈတ္ခမ္းေတြကို ႏႈတ္ခမ္းနဲ႕ပိတ္လို႔ အသံေတြကိုတားဆီးပစ္လိုက္သည္။အျပင္ကေျခသံေဝးသြားမွ ေအာက္ႏႈတ္ခမ္းကိုတစ္ခ်က္ကိုက္လို႔လႊတ္ေပးလိုက္သည္။

“ဖုန္းနံပါတ္ေပး မဟုတ္ရင္မင္းကိုဒီထဲမွာတင္ အမွတ္သားေပးပစ္မွာ”

“အဲ့လိုလုပ္လို႔မရဘူးဗ်”

“စမ္းၾကည့္မလား”

“ဖုန္းမပါလာဘူး နံပါတ္မမွတ္မိ..”

“လိမ္တာမႀကိဳက္ဘူးလို႔ေျပာထားတယ္ေနာ္”

ေျပာရင္းလက္ေတြကို gland ထက္ပြတ္သပ္လိုက္ေတာ့ ႐ုန္းကန္လာျပန္သည္။

“ေျပာျပမယ္ မလုပ္ပါနဲ႕”

“လိမ္ရတာႀကိဳက္တဲ့ကေလးပဲ”

ေျပာရင္းအကၤ်ီစကိုခါးမွဆြဲလွန္ေပးေတာ့ လန့္သြားသည့္ပုံ။ဝမ္းဗိုက္ႂကြက္သားကိုလက္ဝါးျဖင့္ပုတ္ျပရင္း အိတ္ကပ္ထဲမွ ေဘာပင္အားထုတ္ေပးလိုက္သည္။

“တျခားေနရာ..”

“ဆက္ေျပာေနရင္ ေနရာေျပာင္းေရးခိုင္းပစ္မယ္ ဒီထက္ပိုဆိုးတဲ့ေနရာ”

ေျပာမွတုန္ရင္ေနတဲ့လက္ေတြက မရဲတရဲေရာက္လာသည္။ဝမ္းဗိုက္ထက္မွယားယံမႈေၾကာင့္ ႏွလုံးသားတစ္ခုလုံးပါယားယံလာသည္။ဆက္စပ္မႈရွိေနတာျဖစ္မွာ။

“အမွန္အတိုင္းေရးေနာ္ လိမ္ရင္ေနာက္တစ္ခါက်အျပစ္ေပးမွာ”

“ရၿပီ တံခါးဖြင့္ေပးေတာ့ဗ်”

“အစ္ကို႔ကိုဘယ္လိုေျပာမွာလဲ”

ခုနသူကိုက္ထားသည့္ ေအာက္ႏႈတ္ခမ္းကိုထိရင္းေမးေတာ့ ေၾကာင္ေတာင္ေတာင္ေလး။

” နံရံကိုဝင္တိုက္မိတာ ႏႈတ္ခမ္းေပါက္သြားလို႔ ငိုထားတာလို႔ေျပာ”

“ဟုတ္ဟုတ္”

အသည္းယားစြာႏႈတ္ခမ္းထက္တစ္ခ်က္ထိကပ္ၿပီးမွ တံခါးဖြင့္ေပးလိုက္သည္။ေျခလွမ္းသြက္သြက္ေလွ်ာက္သြားသူေနာက္မလိုက္ဘဲ အၾကားအာ႐ုံကိုအလုပ္ေပးလိုက္သည္။Alphaတစ္ေယာက္ရဲ႕ အၾကားအာ႐ုံႏွင့္အာ႐ုံခံနိုင္စြမ္းက အဆင့္ျမင့္ေလ ပိုစူးရွေလ။

“လျခမ္းေလးအဆင္ေျပရဲ႕လား ဘာလို႔အဲ့ေလာက္ၾကာေနတာလဲ”

“ႏႈတ္ခမ္းကေကာဘာျဖစ္တာလဲ ငိုထားေသးတာလား”

“နံ..နံရံနဲ႕ဝင္တိုက္မိၿပီး ႏႈတ္ခမ္းေပါက္သြားတာ”

“ျဖစ္ရမယ္လျခမ္းရယ္ အဲ့တာေၾကာင့္တိမ္ေငြ႕ကေျပာတာ အိမ္သာေတာင္တစ္ေယာက္တည္းစိတ္ခ်လႊတ္လို႔မရဘူး”

“တိမ္ေငြ႕မပါတိုင္းတစ္ခုခုကျဖစ္ၿပီးသားပဲ ၿပီးရင္အဲ့အေဖေလးကငါတို႔ကိုေျပာလို႔ၿပီးမွာမဟုတ္ဘူး”

“မျပန္ခင္ ႏႈတ္ခမ္းကိုေရခဲကပ္ရေအာင္ တိမ္ေငြ႕ကိုျပန္မေျပာနဲ႕ေနာ္ မဟုတ္ရင္သုံးေယာက္လုံးနားပူေတာ့မွာ”

“ဟုတ္ဟုတ္”

အသံေတြေဝးသြားမွ အိမ္သာထဲကထြက္လိုက္သည္။လူရွင္းေနေသာေၾကာင့္ သူထိုထဲကထြက္လာတာဘယ္သူမွမျမင္။မဟုတ္လွ်င္ နံမည္ကႀကီးအုံးမည္။

စိုင္းတိမ္ေငြ႕ျပာ နံမည္ၾကားတိုင္းေဒါသကေထာင္းကနဲ။သိပ္ကိုပိုင္ဆိုင္ေၾကာင္းျပခ်င္ေနတယ္ေပါ့။အဟက္…..

#############

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၃, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၃, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၃ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၃ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၃ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၃ light novel, ,

Comment

Leave a Reply

Chapter 14