Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၄

A+ A-

“အခုလိုကျွန်တော့်ကိုယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“မင်းအဖေလက်ထက်ကတည်းကနံမည်ရှိပြီးသားမို့လို့ မင်းကိုအခွင့်အရေးပေးတာပါ ယုံကြည်လို့ရမယ်မဟုတ်လား”

“စိတ်ချပါ ကျွန်တော့်ကိုယုံလို့အမှားမရှိစေရပါဘူး”

“ဒါဆို နောက်လည်းဆက်ပြီးလက်တွဲချင်ပါသေးတယ်”

“ဆက်သွယ်လာမှာကို စောင့်နေပါ့မယ်”

“တစ်ခါတည်းပြန်မှာလား အပျော်လေးဘာလေးမရှာတော့ဘူးလား”

“မလိုက်တော့ပါဘူးဗျာ ကျွန်တော်စိတ်မဝင်စားတတ်လို့ပါ”

“ဧကန္တ ဆိုင်သူရှိပြီးသားများလား မကြားမိသေးသလိုပဲနော်”

“မရှိသေးပါဘူးဗျာ သူငယ်ချင်းတွေဆီအလည်လာရင်းနဲ့မလို့ပါ သူတို့စိတ်ပူနေမှာဆိုးလို့”

“အဲ့ဒါဆို ဒီနေရာမှာတင်လမ်းခွဲကြတာပေါ့”

“ဟုတ်ကဲ့ ကောင်းကောင်းသွားပါဗျ”

အားလုံးပြီးသွားမှ သူ,ထိုဆိုင်မှထွက်ခဲ့သည်။ကောင်းကင်ကြီးကိုမော့ကြည့်တော့ နေရောင်ကစူးရှရှ။မျက်လုံးကိုလက်နှင့်ကာပြီး ခေါင်းပြန်ငုံ့လိုက်သည်။

ဒီကပြန်လျှင်လခြမ်းတို့ဆီဝင်ရမည်။ဒီနေ့ ကိုစက်ရိပ်တို့အားသဖြင့် သုံးယောက်သားလျှောက်လည်မည်ပြောသည်။သူကတော့ အလုပ်ကိစ္စကြောင့်မလိုက်ဖြစ်။

ဒီတစ်ခါရောက်လာတာ လခြမ်းနဲ့သိပ်မတွေ့ဖြစ်။ဘယ်ကပေါ်ပေါ်လာမှန်းမသိသော ဇွတ်ရေစက်ဆုံချင်သူကြောင့် အမြဲပါပါသွားရတာ။ဒီနေ့တော့ လခြမ်းကိုအချိန်ပေးအုံးမည်။

“အယ် ဥယျာဥ်မှူးလေး တိုက်ဆိုင်ပြန်ပြီနော်”

အတွေးမဆုံးမီရောက်ချလာသူက ကောင်းကင်ပြာပြာကြီးအောက် မြေပြင်ထက်ကတိမ်ပြာပြာလေးလို။ဟိုတစ်နေ့ကသွားဆိုးခဲ့သည်ဆိုသော ဆံပင်အပြာရောင်လေးက အသားဖြူသောသူနှင့် သိပ်ပေါ်လွင်နေသည်။အဖြူရောင်တီရှပ်ပေါ် အပြာနုရောင်ရှပ်လက်ရှည်နှင့်နက်ပြာရောင်ဂျင်းဘောင်းဘီက သူ့အားပိုငယ်ရွယ်စေသလိုမျိုး။

“ဘယ်ကနေရောက်လာပြန်တာလဲ”

“ဒီဆိုင်ကကိုကြီးပိုင်တာလေ တစ်ခါတစ်ရံကိုကြီးမအားရင် ကိုယ်လာစစ်ပေးနေကျ”

“မင်းကိုရှောင်မလွတ်ဘူး”

“ဒါပေါ့ ရေစက်ရှိရင်ရှောင်သွားရင်တောင် တည့်တည့်တိုးတာမျိုးဗျ”

“ဒီနေ့ငါမအားဘူး”

ပြောရင်းသွားဟန်ပြင်တော့ ချက်ချင်းနောက်ကလိုက်လာသည်။

“လိုက်မယ်”

“ဘယ်မှမခေါ်နိုင်ဘူး”

“ဥယျာဥ်မှူးလေးကလည်း ဟိုတစ်နေ့ကပြောတော့ ကော်ဖီလိုက်တိုက်မယ်ဆိုပြီးတော့”

“ဒီနေ့ ကောင်လေးကိုသွားတွေ့မလို့”

“လိုက်မှာ မိတ်ဆက်ပေး”

“ဘယ်လိုဖြစ်နေတာလဲကွာ”

“မိတ်ဆက်ပေးမှာလား ကော်ဖီလိုက်တိုက်မှာလား”

“ကဲ ကော်ဖီလိုက်တိုက်မယ်ကွာ”

“မင်းရဲ့ကားနဲ့လိုက်မှာနော် ဆီဖိုး၁၅၀၀ပေး မယ်”

“မပေးနဲ့ မလိုဘူး”

ပြောရင်းရှေ့မှထွက်သွားသူကြောင့် သူပြုံးပြီးသာနောက်ကလိုက်သွားလိုက်သည်။စိတ်ကြိုက်မောင်းခိုင်းလိုက်တော့ တိတ်ဆိတ်တဲ့ကော်ဖီဆိုင်လေးတစ်ခု။ရိုးရိုးရှင်းရှင်းမို့ မျက်စိမရှုပ်ရ။ထောင့်ဆုံးဝိုင်းမှာဝင်ထိုင်တော့ ပြတင်းပေါက်ကတစ်ဆင့်နေရောင်ဖြာ ကျနေသည်။

ကော်ဖီတစ်ခွက်စီနှင့် မုန့်အနည်းငယ်သာမှာဖြစ်သည်။ဥယျာဥ်မှူးလေးကကော်ဖီခွက်ကိုင်ကာအပြင်ကိုငေးချိန် သူကတော့ဥယျာဥ်မှူးလေးကိုငေးသည်။ဒီနေ့မှကော်ဖီတွေကချိုနေပြန်ပါပြီ။

“မင်းဘာလို့ငါ့ကိုကပ်တွယ်နေတာလဲ”

ပြတင်းပေါက်ဆီမှအကြည့်မလွှဲဘဲ သူ့ကိုမေးလာတဲ့စကား။

“ငေးကြည့်နေရုံနဲ့ပြည့်စုံနေလို့ပေါ့ ပိုင်ဆိုင်ရဖို့ထိမတွေးထားပါဘူး”

မုသားမပါလက်ာမချောတဲ့။သူ့စကားအဆုံး ဝမ်းနည်းသလိုအပြုံးက သူ့မျက်နှာထက်ထင်ဟပ်သည်။

“ငါလည်းသူ့ကိုအဲ့လိုပဲ ငေးကြည့်ပြီးကာကွယ်ပေးနေရတာနဲ့တင်ကျေနပ်နေမိတာမျိုး ပိုင်ဆိုင်ခွင့်ရရင်ပျော်မိမှာဆိုပေမယ့် ဖြူစင်နေတဲ့သူ့ကိုအရောင်လည်းမဆိုးရက်ဘူး
တကယ်တော့သူကငါ့ကောင်လေးမဟုတ်ပါဘူး တစ်ဖတ်သတ်မြတ်နိုးနေရတဲ့ကောင်လေးသပ်သပ်ပါ”

စကားအဆုံးမပျော်မိသလို အံ့လည်းမအံ့သြ။သူသိပြီးသားတွေပဲဟာ။လူတစ်ယောက်နောက်ကြောင်းစုံစမ်းဖို့ဆိုတာ သူအကျွမ်းကျင်ဆုံးအလုပ်တစ်ခုလေ။

“ရှိတယ်အဲ့လိုမျိုး ပေးဆပ်ခြင်းသက်သက်နဲ့ ကျေနပ်နေနိုင်တဲ့ အချစ်တွေ”

“တစ်ချို့ရေစက်တွေက ခွဲခွာဖို့အတွက်တွေ့ဆုံခြင်းမျိုးထင်တယ်”

“ဘာလို့မကြိုးစားကြည့်တာလဲ သူစိမ်းတစ်ယောက်ထက်ပိုချစ်ပေးနိုင်တာသေချာနေတဲ့ဟာ”

“အရင်ကတည်းက ငါရွေးချယ်ထားတဲ့လမ်းကသူနဲ့မလိုက်ဖက်ဘူး သူ့အတွက်မစွန့်လွှတ်နိုင်တာမဟုတ်ပေမယ့် ငါကအမှောင်ထဲ ခြေလှမ်းကျွံပြီးသွားပြီ အနက်ရောင်ပေါ်အဖြူပြန်ဆိုးတိုင်း အသစ်မဖြစ်လာနိုင်ဘူးလေ”

သူ့အားနည်းချက်တစ်ချို့ကိုထုတ်ပြလာခြင်းဟာ ကိုယ့်အကြောင်းသူသိပြီးသားမလို့ဖြစ်မှာ။ကိုယ့်အလုပ်ကိုလူတိုင်းမသိကြပေမယ့် အမှောင်ကလူတစ်ချို့ကတော့ နံမည်ကြားတားတာနှင့်အသိုင်းဝိုင်းကြီးထဲကHackerဆိုတာ သိနေပြီးသားလေ။

“ကိုယ်ဆိုရင်တော့မင်းနဲ့အတူအမှောင်ထဲကိုတိုးဝင်နိုင်ပါတယ် တစ်လောကလုံးမှန်ပြီးမင်းမှားနေရင်တောင် မင်းဘက်မှာပဲရပ်တည်မယ် တစ်လောကလုံးကကိုယ့်ဘဝကြီးမှမဟုတ်တာ မင်းတစ်ယောက်တည်းကကိုယ့်ရဲ့ဘဝလေ”

“ငါကငါချစ်တဲ့သူအကြောင်းပြောနေချိန် မင်းကငါ့ကိုလာ​ကြူးနေတာ နည်းနည်းဟာသဖြစ်နေသလိုပဲ”

ရင်ထဲမရောက်တဲ့စကားလုံးတွေကို လေထဲမှာပဲလွင့်ပြယ်စေသည်ထင်။

“ကိုယ်ကလေးလေးနက်နက်ပြောနေတာပါ
အလေးအနက်ထားသည်ဖြစ်စေ ဟာသလို့သဘောထားသည်ဖြစ်စေ အဓိပ္ပါယ်သတ်မှတ်ခွင့်ကမင်းလက်ထဲမှာ”

“ခင်မင်မှုကိုထောက်ထားပြီးသတိပေးလိုက်မယ် ငါ့ကိုမငြိတွယ်စမ်းပါနဲ့ စိတ်ထဲမှာသူပဲအမြဲရှိနေတာမို့ မင်းဘက်ကလေးနက်နေတဲ့အခါမင်းပဲခံစားရလိမ့်မယ်”

“ပြောသလောက်သာလွယ်နေခဲ့ရင် မြတ်နိုးခြင်းတွေစျေးကျကုန်မှာပေါ့ ရုတ်တရတ်ဆန်ဆန်ငြိတွယ်သွားပြီးအကြောင်းပြချက်တွေကြောင့်စွန့်လွှတ်နိုင်ခဲ့ရင် ဒါဟာသဘောကျခြင်းမဟုတ်တော့ဘူး ခဏတာစိတ်ကစားမှု ကိုယ်ကမင်းအပေါ် စိတ်ကစားခဲ့တာမဟုတ်လို့ အဲ့လောက်မလွယ်မှာစိုးမိပါတယ်”

“မင်းသဘောပါလေ ငါကအသိပေးခြင်းရယ်ပါ ကိုယ့်နောက်မှာအမြဲရပ်စောင့်နေတဲ့သူထက် ကိုယ့်ရှေ့မှာကျောပေးထားတဲ့သူဆီပဲ ကိုယ်အမြဲမျက်နှာမူနေဖြစ်မယ်ထင်တယ် နောက်ကလူဆက်စောင့်နေသည်ဖြစ်စေလှည့်ထွက်သွားသည်ဖြစ်စေ ကိုယ်ဂရုစိုက်ဖြစ်မှာမဟုတ်ဘူး”

“စိုးရိမ်နေစရာမလိုသလို အားနာနေစရာမလိုပါဘူး မသိမသာငဲ့ကြည့်ခြင်းတွေမရှိရင်တောင်အမြဲရှိနေမှာမို့”

စကားဝိုင်းဟာတိတ်ဆိတ်စွာ။နေပျောက်လေးတွေက သူ့လက်ဖမိုးထက်နားခိုတယ်။ကိုယ့်နှုတ်ခမ်းတွေသာဖြစ်ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ ဥယျာဥ်မှူးလေးရယ်။

……………

ဘေးမှမြည်နေသောဖုန်းသံကြောင့် စိတ်မကြည်စွာကောက်ကိုင်လိုက်ရတယ်။မြည်နေတာဆယ်ကြိမ်မြောက်။ဖုန်းနံပါတ်တောင်းပြီးကတည်းကရင်ထိတ်နေတာ တစ်ပါတ်နီးပါးအထိဆက်မလာမှပဲ စိတ်အေးမယ်ကြံကာရှိသေးယခုဆက်လာပြီ။

Heatဝင်နေသည့်အချိန်ဖြစ်၍ အိပ်ယာထဲမှာပဲမှိန်းနေချင်ကာဘယ်သူနဲ့မှစကားမပြောချင်ပေ။တိမ်ငွေ့ကပြန်သွားပြီဖြစ်တာကြောင့်
နောင်းညိုကသာအစစအရာရာဂရုစိုက်ပေးနေရသည်။ကိုကြီးကလည်း အရေးကြီးကိစ္စကြောင့်ပြန်သွားလေရာဘယ်အချိန်မှပြန်လာဖြစ်မည်မသိ။

လောလောဆယ် အခန်းထဲမှာပဲပန်းချီတွေဆွဲနေဖြစ်ရာ သူ့ဘဝကသာသာယာယာ။မနက်စောကHeatစဖြစ်သဖြင့် အစားအသောက်ကိုနောင်းညိုသာစီစဥ်ပေးလေသည်။ညနေစောင်းထမင်းစားပြီးကတည်းကအိပ်ယာထဲလှဲနေလေရာ ဖုန်းသံကြားမှနိုးလာခြင်း။နံပါတ်စိမ်းမို့မကိုင်ဘဲပစ်ထားတော့ messageပို့လာတာကဟိုလူ။

ကိုးကြိမ်လုံးမသိချင်ယောင်ဆောင်ထားလေရာ *သတ္တိရှိနေတယ်ပေါ့*ဟူသောစာမြင်မှသာ မကျေမနပ်ဖုန်းကိုင်လိုက်ခြင်း။

“ဟယ်လို”

“အသက်တော့ရှိသေးသားပဲ သေသွားပြီထင်လို့နာရေးကူညီမှုကိုတောင်ဖုန်းဆက်ပေးတော့မလို့”

ကြည့် ပြောပုံကိုက။အဲ့လူကြီးဖုန်းကိုကိုင်ရင် အဲ့လိုအပြောတွေကြားရမှာမှန်းသိလို့ မကိုင်ဘဲနေတာကျတော့ ခြိမ်းခြောက်နေပြီးတော့။

“ဘာလဲ တကယ်​သေသွားတာလား”

ဒီအချိန်ကစိတ်နုတာမို့ ဝမ်းနည်းမှုကြောင့် မျက်ရည်ကပေါက်ကနဲ။သူများဘာသာနေတဲ့ဟာကိုတောင် ဖုန်းဆက်ပြီးတော့သေခိုင်းနေသေးတယ်။တကယ်သေစေချင်တဲ့လူက မနှောင့်ယှက်လည်းသေအောင်သတ်မှာပဲထင်တယ်။

“ဟိတ်ပြောနေတာကြားလား”

“လူသေတွေကစကားမပြောဘူးဗျ”

ငိုသံရောနေတဲ့သူ့အသံက ကြားရရုံသာသာ။ခဏတာတိတ်ဆိတ်သွားအပြီး ရှိုက်သံတစ်ချက်ကထိန်းထားတဲ့ကြားမှထွက်လာလေသည်။

“နေမကောင်းဘူးလား ငိုနေတာလားဘာဖြစ်လို့လဲ”

ပြန်မဖြေဘဲ အရုပ်တွေကြားသာမျက်နှာကိုမြှပ်ပစ်လိုက်မိသည်။သူမဟုတ်သလို ထွက်လာတဲ့အသံကညင်ညင်သာသာ။

“မေးနေတာဖြေလေ ငိုနေတာမလားလို့”

သူဝယ်ပေးထားတဲ့ယုန်ရုပ်ကိုသူအမှတ်နဲ့သွားနဲ့ကုန်းကိုက်ကာ ရှိူက်သံတွေကိုထိန်းမိသည်။သူများငိုနေမှန်းသိရင် သူသိပ်ဝမ်းသာနေအုံးမယ်။

“လခြမ်းငယ်ငယ်”

“…………”

“ကိုယ်ခေါ်နေတာပြန်ထူး မဟုတ်ရင်မင်းတို့ရပ်ကွက်ထိရောက်လာပြီး မင်းကိုပြဿနာ လာရှာမှာနော်”

“ဘာပြောချင်လို့လဲ”

“ငိုနေတာမလား”

“ခင်ဗျားနဲ့မဆိုင်ဘူး”

“ခုန ကိုယ်ပြောလိုက်တာကြောင့်လား ဟုတ်တယ်မလား”

“မဟုတ်ဘူး”

“လိမ်ပြန်ပြီ မင်းကကိုယ့်ကိုဆိုအမြဲလိမ်နေတော့တာပဲ လခြမ်းငယ်ငယ်”

“ဘာပြောမို့ဖုန်းဆက်တာလဲ”

“ကိုယ်မေးတာကိုအရင်ဖြေ ကိုယ့်စကားကြောင့်ငိုသွားတာမလား”

“ဟုတ်တယ်ပြောရင် ပျော်သွားမှာမလားဗျ”

သူ့စကားအဆုံးလွှတ်ခနဲအော်သံထွက်လာသည်။မျက်မှောင်ကြီးကျုံ့နေမှာ မြင်ယောင်မိပါသည်။

“မဆိုင်တာ”

“ခင်ဗျားကြီးကအမြဲအဲ့လိုပဲလေ သူများငိုတိုင်းပျော်နေတဲ့ဟာ”

“ကျစ်”

“ဖုန်းချလိုက်တော့မယ်ဗျ”

“နေအုံး”

“ဘာပြောစရာကျန်နေသေးလို့လဲ”

“နေမကောင်းဘူးလား အသံကဘာလိူ့အားနည်းနေရတာလဲ”

“ဘာမှမဖြစ်ဘူး အိပ်တော့မယ်”

“အစောကြီးပဲရှိသေးတယ် မဟုတ်မှ…မင်းအိပ်နေတာကိုယ်ဖုန်းဆက်လို့နိုးလာတာမလား”

“သူနဲ့လည်းမဆိုင်ဘဲနဲ့”

“ဘာလို့အစောကြီးအိပ်နေတာလဲ နေမကောင်းဘူးမလား”

“ဘာလို့စကားကဒီပဲပြန်ရောက်လာရတာလဲဗျ”

“မင်းက ကိုယ်မေးတာမဖြေလို့လေ”

“ဖြေရင်ဖုန်းချပေးမှာလား”

“အဲ့တာကိုယ့်သဘောပါ”

“ဖုန်းကဘာကိစ္စရှိလို့ဆက်လာရတာလဲ”

“မင်းဖုန်းနံပါတ်မှန်မမှန်သိချင်လို့ လှမ်းစစ်ဆေးလိုက်တာ မင်းကလိမ်နေကျမလို့လေ”

“အခုဟုတ်မှန်းသိပြီမလား ဖုန်းချလိုက်တော့”

“ကိုယ်မေးတာမဖြေရသေးဘူးလေ”

“ဟုတ်တယ် နေမကောင်းဘူးHeatဝင်နေတယ်ရပြီလားဗျ”

“အနားမှာဘယ်သူရှိလဲ”

“ဘာလုပ်မို့လဲ”

“ညနေစာရောစားပြီးပြီလား ဘယ်သူချက်ပေးတာလဲ”

“သူငယ်ချင်းရှိတယ်သူဝယ်ပြီးလာပို့ပေးတာ”

“Alphaလား Betaလား”

“ဘာလုပ်မလို့လဲ”

“ပြန်ပြန်မပေးဘဲ မေးတာကိုသာတန်းဖြေစမ်းပါ ကျစ်”

“Beta”

“ဒီအချိန်သူစိမ်း​ယောကျ်ားတွေကိုလည်း အခန်းထဲအဝင်ခံတာပဲလား”

“ဘာဖြစ်လဲ တစ်သက်လုံးဒီလိုပဲနေလာတာ”

“ဟ လူတိုင်းကိုယုံကြည်နေစရာလား “

“သူတို့နှစ်ယောက်လုံးက သူစိမ်းတွေမဟုတ်ဘူး ငယ်ငယ့်ရဲ့မိသားစုတွေ”

“လခြမ်းငယ်ငယ်”

“ဘာလဲ ဘာလို့သူများကိုလာလာအော်နေတာလဲ သူနဲ့ဆိုင်လို့လား”

“ဆိုင်ချင်နေတာ မင်းမလား”

“စိတ်ကြီးဝင်ပြီးအဘိုးကြီးရုပ်ထွက်နေတာ​နေမှာ ငယ်ငယ်ကလူအိုကြီးတွေဆိုမကြိုက်ဘူးလို့ပြောပြီးသား”

“ကိုယ်အဘိုးကြီးဟုတ်မဟုတ် မင်းအသိဆုံးပါ ထပ်ပြီးအနမ်းခံချင်နေတာမလား”

“လျှောက်လျှောက်ပြောမနေနဲ့ သူပဲလာအနိုင်ကျင့်ပြီးတော့”

“ကိုယ်ကကောနမ်းချင်နေတယ်ထင်နေတာလား မင်းနှုတ်ခမ်းက ငါသောက်နေကျစီးကရက်လောက်တောင်စွဲလမ်းစရာမရှိဘူး”

“အဲ့တာဆိုအဲ့စီးကရက်တွေပဲသောက်နေလေ ငယ်ငယ်ကကောကြိုက်ပါတယ်ပြောနေလို့လား ခင်ဗျားကြီးနှုတ်ခမ်းကစီးကရက်နံ့တွေကိုမုန်းလွန်းလို့”

“ဘာလဲ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့စီးကရက်သောက်တာမကြိုက်ဘူးလို့​ပြောနေတာမလား
အဲ့တာဆိုရင်တော့ဆောရီးပဲနော် မင်းကစီးကရက်တွေလောက်အရေးမပါဘူး”

“ဘယ်သူကကောအရေးပါချင်နေလို့လဲ ခင်ဗျားကြီးကိုမြင်ချင်ဖို့မ​ပြောနဲ့အသံတောင်မကြားချင်ဘူး ဒါပဲ”

ပြောရင်းဖုန်းချကာ မျက်လုံးတွေကိုမှိတ်ပစ်လိုက်သည်။ကိုယ့်ဘာသာနေတာတောင် ဖုန်းဆက်ပြီး ပြဿနာလာရှာနေသူကို အံ့ဩလွန်းလို့။အရမ်းတွေမုန်းနေရင် မသိချင်ယောင်ဆောင်နေပါတော့လား။

Message ဝင်လာသံကြားသော်လည်းမကြည့်တော့။စိတ်ဒုက္ခတွေပဲလာလာပေးတယ်။အဆက်မပြတ်ဝင်လာတဲ့ ဖုန်းသံတွေကြား သီးသန့်ထားတဲ့ဖုန်းသံလေးကြောင့်ကောက်ကိုင်လိုက်မိသည်။

“တိမ်ငွေ့”

“အဆင်ပြေရဲ့လားလခြမ်း အိပ်နေတာလား ကိုယ်နှိုးမိသွားတာလား”

“မဟုတ်ပါဘူး”

“ကိုယ်မနက်ဖြန်ခရီးထွက်မှာမလို့ ဖုန်းလိုင်းမမိမှာစိုးလို့ကြိုခေါ်လိုက်တာ နောက်တစ်ပါတ်ကျရင်အဲ့ဒီကိုလာမှာ ဘာလိုချင်သေးလဲ”

“ရှူခင်းတွေလှရင် ဓာတ်ပုံရိုက်ခဲ့ပေးလေနော် ပန်းချီဆွဲချင်တယ်”

“ဟုတ်ပြီ တခြားရောဘာလိုချင်သေးလဲ”

“အဲ့လောက်ဆိုလုံလောက်နေပါပြီ လူသာလာခဲ့ မင်းရှိနေရင်လုံခြုံသလိုခံစားရတယ်”

“စကားတွေအရမ်းတတ်နေတာကွာ ဟုတ်ပြီ ကိုယ်အမြန်ဆုံးပြန်လာခဲ့မယ် လိမ်လိမ်မာမာနေနော် ကိုယ့်ကိုယ်ကိုဂရုစိုက်အုံး”

“ဟုတ်ဟုတ်”

“ကိုယ်ဖုန်းချပြီ နားလိုက်အုံး”

တိမ်ငွေ့ဖုန်းချသွားချိန် ဖုန်းမျက်နှာပြင်မှာပေါ်လာတာက Miss Callဆယ့်နှစ်ခု။သူများကိုစိတ်ဒုက္ခပေးဖို့ဆိုစိတ်ရှည်ချက်ပဲ။Message တွေလည်းဝင်မကြည့်ချင်တော့။ဒေါသထွက်ရုံကလွဲပြီးဘာမှထူးမှာမဟုတ်ဘူး။

အခန်းထဲမှာ စံပယ်ပန်းရနံ့လေးကဟိုဒီပြေးလွှားနေတယ်။ရနံ့ပိုင်ရှင်လေးကတော့ အိပ်မောကျလို့။မကိုင်ဖြစ်လိုက်တဲ့ Phone နံပါတ်ပိုင်ရှင်ကတော့ လေလှိုင်းရဲ့တစ်ဖက်ခြမ်းမှာတောက်တခတ်ခတ်။ဖုန်းမအားခြင်းရဲ့တစ်ဖက် ဘယ်သူနဲ့ပြောနေလဲဆိုတာသူတပ်အပ်သိတာမို့………

############

ငြိမ်း🌻🌞

“အခုလို ကြၽန္ေတာ့္ကိုယုံၾကည္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္”

“မင္းအေဖလက္ထက္ကတည္းက နံမည္ရွိၿပီးသားမို႔လို႔ မင္းကိုအခြင့္အေရးေပးတာပါ ယုံၾကည္လို႔ရမယ္မဟုတ္လား”

“စိတ္ခ်ပါ ကြၽန္ေတာ့္ကိုယုံလို႔ အမွားမရွိေစရပါဘူး”

“ဒါဆို ေနာက္လည္းဆက္ၿပီးလက္တြဲခ်င္ပါေသးတယ္”

“ဆက္သြယ္လာမွာကို ေစာင့္ေနပါ့မယ္”

“တစ္ခါတည္းျပန္မွာလား အေပ်ာ္ေလးဘာေလးမရွာေတာ့ဘူးလား”

“မလိုက္ေတာ့ပါဘူးဗ်ာ ကြၽန္ေတာ္စိတ္မဝင္စားတတ္လို႔ပါ”

“ဧကႏၱ ဆိုင္သူရွိၿပီးသားမ်ားလား မၾကားမိေသးသလိုပဲေနာ္”

“မရွိေသးပါဘူးဗ်ာ သူငယ္ခ်င္းေတြဆီအလည္လာရင္းနဲ႕မလို႔ပါ သူတို႔စိတ္ပူေနမွာဆိုးလို႔”

“အဲ့ဒါဆို ဒီေနရာမွာတင္လမ္းခြဲၾကတာေပါ့”

“ဟုတ္ကဲ့ ေကာင္းေကာင္းသြားပါဗ်”

အားလုံးၿပီးသြားမွ သူ,ထိုဆိုင္မွထြက္ခဲ့သည္။ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ေတာ့ ေနေရာင္ကစူးရွရွ။မ်က္လုံးကိုလက္ႏွင့္ကာၿပီး ေခါင္းျပန္ငုံ႕လိုက္သည္။

ဒီကျပန္လွ်င္လျခမ္းတို႔ဆီဝင္ရမည္။ဒီေန႕ ကိုစက္ရိပ္တို႔အားသျဖင့္ သုံးေယာက္သားေလွ်ာက္လည္သည္ေျပာသည္။သူကေတာ့ အလုပ္ကိစၥေၾကာင့္မလိုက္ျဖစ္။

ဒီတစ္ခါေရာက္လာတာ လျခမ္းနဲ႕သိပ္မေတြ႕ျဖစ္။ဘယ္ကေပၚေပၚလာမွန္းမသိေသာ ဇြတ္ေရစက္ဆုံခ်င္သူေၾကာင့္ အၿမဲပါပါသြားရတာ။ဒီေန႕ေတာ့ လျခမ္းကိုအခ်ိန္ေပးအုံးမည္။

“အယ္ ဥယ်ဥ္မႉးေလး တိုက္ဆိုင္ျပန္ၿပီေနာ္”

အေတြးမဆုံးမီေရာက္ခ်လာသူက ေကာင္းကင္ျပာျပာႀကီးေအာက္ ေျမျပင္ထက္က တိမ္ျပာျပာေလးလို။ ဟိုတစ္ေန႕ကသြားဆိုးခဲ့သည္ဆိုေသာ ဆံပင္အျပာေရာင္ေလးက အသားျဖဴေသာသူႏွင့္ သိပ္ေပၚလြင္ေနသည္။အျဖဴေရာင္တီရွပ္ေပၚ အျပာႏုေရာင္ရွပ္လက္ရွည္ႏွင့္နက္ျပာေရာင္ဂ်င္းေဘာင္းဘီက သူ႕အားပိုငယ္႐ြယ္ေစသလိုမ်ိဳး။

“ဘယ္ကေနေရာက္လာျပန္တာလဲ”

“ဒီဆိုင္က ကိုႀကီးပိုင္တာေလ တစ္ခါတစ္ရံကိုႀကီးမအားရင္ ကိုယ္လာစစ္ေပးေနက်”

“မင္းကိုေရွာင္မလြတ္ဘူး”

“ဒါေပါ့ ေရစက္ရွိရင္ေရွာင္သြားရင္ေတာင္ တည့္တည့္တိုးတာမ်ိဳးဗ်”

“ဒီေန႕ငါမအားဘူး”

ေျပာရင္းသြားဟန္ျပင္ေတာ့ ခ်က္ခ်င္းေနာက္ကလိုက္လာသည္။

“လိုက္မယ္”

“ဘယ္မွမေခၚနိုင္ဘူး”

“ဥယ်ာဥ္မႉးေလးကလည္း ဟိုတစ္ေန႕ကေျပာေတာ့ ေကာ္ဖီလိုက္တိုက္မယ္ဆိုၿပီးေတာ့”

“ဒီေန႕ ေကာင္ေလးကိုသြားေတြ႕မလို႔”

“လိုက္မွာ မိတ္ဆက္ေပး”

“ဘယ္လိုျဖစ္ေနတာလဲကြာ”

“မိတ္ဆက္ေပးမွာလား ေကာ္ဖီလိုက္တိုက္မွာလား”

“ကဲ ေကာ္ဖီလိုက္တိုက္မယ္ကြာ”

“မင္းရဲ႕ကားနဲ႕လိုက္မွာေနာ္ ဆီဖိုး၁၅၀၀ေပး မယ္”

“မေပးနဲ႕ မလိုဘူး”

ေျပာရင္းေရွ႕မွထြက္သြားသူေၾကာင့္ သူၿပဳံးၿပီးသာေနာက္ကလိုက္သြားလိုက္သည္။စိတ္ႀကိဳက္ေမာင္းခိုင္းလိုက္ေတာ့ တိတ္ဆိတ္တဲ့ေကာ္ဖီဆိုင္ေလးတစ္ခု။ရိုးရိုးရွင္းရွင္းမို႔ မ်က္စိမရႈပ္ရ။ေထာင့္ဆုံးဝိုင္းမွာဝင္ထိုင္ေတာ့ ျပတင္းေပါက္ကတစ္ဆင့္ ေနေရာင္ျဖာ က်ေနသည္။

ေကာ္ဖီတစ္ခြက္စီႏွင့္ မုန့္အနည္းငယ္သာမွာျဖစ္သည္။ဥယာဥ္မႉးေလးကေကာ္ဖီခြက္ကိုင္ကာအျပင္ကိုေငးခ်ိန္ သူကေတာ့ဥယာဥ္မႉးေလးကိုေငးသည္။ဒီေန႕မွေကာ္ဖီေတြကခ်ိဳေနျပန္ပါၿပီ။

“မင္းဘာလို႔ငါ့ကိုကပ္တြယ္ေနတာလဲ”

ျပတင္းေပါက္ဆီမွအၾကည့္မလႊဲဘဲ သူ႕ကိုေမးလာတဲ့စကား။

“ေငးၾကည့္ေန႐ုံနဲ႕ျပည့္စုံေနလို႔ေပါ့ ပိုင္ဆိုင္ရဖို႔ထိမေတြးထားပါဘူး”

မုသားမပါလက္ာမေခ်ာတဲ့။သူ႕စကားအဆုံး ဝမ္းနည္းသလိုအၿပဳံးက သူ႕မ်က္ႏွာထက္ထင္ဟပ္သည္။

“ငါလည္းသူ႕ကိုအဲ့လိုပဲ ေငးၾကည့္ၿပီးကာကြယ္ေပးေနရတာနဲ႕တင္ ေက်နပ္ေနမိတာမ်ိဳး ပိုင္ဆိုင္ခြင့္ရရင္ေပ်ာ္မိမွာဆိုေပမယ့္ ျဖဴစင္ေနတဲ့သူ႕ကိုအေရာင္လည္းမဆိုးရက္ဘူး
တကယ္ေတာ့ သူကငါ့ေကာင္ေလးမဟုတ္ပါဘူး တစ္ဖတ္သတ္ျမတ္နိုးေနရတဲ့ေကာင္ေလးသပ္သပ္ပါ”

စကားအဆုံး မေပ်ာ္မိသလို အံ့လည္းမအံ့ၾသ။သူသိၿပီးသားေတြပဲဟာ။လူတစ္ေယာက္ေနာက္ေၾကာင္းစုံစမ္းဖို႔ဆိုတာ သူအကြၽမ္းက်င္ဆုံးအလုပ္တစ္ခုေလ။

“ရွိတယ္အဲ့လိုမ်ိဳး ေပးဆပ္ျခင္းသက္သက္နဲ႕ ေက်နပ္ေနနိုင္တဲ့ အခ်စ္ေတြ”

“တစ္ခ်ိဳ႕ေရစက္ေတြက ခြဲခြာဖို႔အတြက္ေတြ႕ဆုံျခင္းမ်ိဳးထင္တယ္”

“ဘာလို႔မႀကိဳးစားၾကည့္တာလဲ သူစိမ္းတစ္ေယာက္ထက္ပိုခ်စ္ေပးနိုင္တာေသခ်ာေနတဲ့ဟာ”

“အရင္ကတည္းက ငါေ႐ြးခ်ယ္ထားတဲ့လမ္းက သူနဲ႕မလိုက္ဖက္ဘူး သူ႕အတြက္မစြန့္လႊတ္နိုင္တာမဟုတ္ေပမယ့္ ငါကအေမွာင္ထဲ ေျခလွမ္းကြၽံၿပီးသြားၿပီ အနက္ေရာင္ေပၚအျဖဴျပန္ဆိုးတိုင္း အသစ္မွျပန္မျဖစ္ေတာ့ဘဲ”

သူ႕အားနည္းခ်က္တစ္ခ်ိဳ႕ကို ထုတ္ျပလာျခင္းဟာ ကိုယ့္အေၾကာင္းသူသိၿပီးသားမလို႔ျဖစ္မွာ။သူ႕အလုပ္ကို လူတိုင္းမသိၾကေပမယ့္ အေမွာင္ကလူတစ္ခ်ိဳ႕ကေတာ့ သူ႕နံမည္ၾကားတားတာႏွင့္ အငိုင္းဝိုင္းႀကီးထဲကHackerဆိုတာ သိေနၿပီးသားေလ။

“ကိုယ္ဆိုရင္ေတာ့ မင္းနဲ႕အတူအေမွာင္ထဲကိုတိုးဝင္နိုင္ပါတယ္ တစ္ေလာကလုံးမွန္ၿပီးမင္းမွားေနရင္ေတာင္ မင္းဘက္မွာပဲရပ္တည္မယ္ တစ္ေလာကလုံးကကိုယ့္ဘဝႀကီးမွမဟုတ္တာ မင္းတစ္ေယာက္တည္းကကိုယ့္ရဲ႕ ဘဝေလ”

“ငါကငါခ်စ္တဲ့သူအေၾကာင္းေျပာေနခ်ိန္ မင္းကငါ့ကိုလာၾကဴးေနတာ နည္းနည္းဟာသျဖစ္ေနသလိုပဲ”

ရင္ထဲမေရာက္တဲ့စကားလုံးေတြကို ေလထဲမွာပဲလြင့္ျပယ္ေစသည္ထင္။

“ကိုယ္က ေလးေလးနက္နက္ေျပာေနတာပါ
အေလးအနက္ထားသည္ျဖစ္ေစ ဟာသလို႔သေဘာထားသည္ျဖစ္ေစ အဓိပ္ပါယ်သတ်မှတ်ခွင့်က မင္းလက္ထဲမွာ”

“ခင္မင္မႈကိုေထာက္ထားၿပီး သတိေပးလိုက္မယ္ ငါ့ကိုမၿငိတြယ္စမ္းပါနဲ႕ စိတ္ထဲမွာသူပဲအၿမဲရွိေနတာမို႔ မင္းဘက္ကေလးနက္ေနတဲ့အခါ မင္းပဲခံစားရလိမ့္မယ္”

“ေျပာသေလာက္သာလြယ္ေနခဲ့ရင္ ျမတ္နိုးျခင္းေတြေစ်းက်ကဳန္မွာေပါ့ ႐ုတ္တရတ္ဆန္ဆန္ၿငိတြယ္သြားၿပီး အေၾကာင္းျပခ်က္ေတြေၾကာင့္ စြန့္လႊတ္နိုင္ခဲ့ရင္ ဒါဟာသေဘာက်ျခင္းမဟုတ္ေတာ့ဘူး ခဏတာစိတ္ကစားမႈ ကိုယ္ကမင္းအေပၚ စိတ္ကစားခဲ့တာမဟုတ္လို႔ အဲ့ေလာက္မလြယ္မွာစိုးမိပါတယ္”

“မင္းသေဘာပါေလ ငါကအသိေပးျခင္းရယ္ပါ ကိုယ့္ေနာက္မွာအၿမဲရပ္ေစာင့္ေနတဲ့သူထက္ ကိုယ့္ေရွ႕မွာေက်ာေပးထားတဲ့သူဆီပဲ ကိုယ္အၿမဲမ်က္ႏွာမူေနျဖစ္မယ္ထင္တယ္ ေနာက္ကလူ ဆက္ေစာင့္ေနသည္ျဖစ္ေစ လွည့္ထြက္သြားသည္ျဖစ္ေစ ကိုယ္ဂ႐ုစိုက္ျဖစ္မွာမဟုတ္ဘူး”

“စိုးရိမ္ေနစရာမလိုသလို အားနာေနစရာမလိုပါဘူး မသိမသာငဲ့ၾကည့္ျခင္းေတြမရွိရင္ေတာင္ အၿမဲရွိေနမွာမို႔”

စကားဝိုင္းဟာတိတ္ဆိတ္စြာ။ေနေပ်ာက္ေလးေတြက သူ႕လက္ဖမိုးထက္နားခိုတယ္။ကိုယ့္ႏႈတ္ခမ္းေတြသာျဖစ္ခြင့္ရရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ ဥယာဥ္မႉးေလးရယ္။

……………

ေဘးမွျမည္ေနေသာဖုန္းသံေၾကာင့္ စိတ္မၾကည္စြာေကာက္ကိုင္လိုက္ရတယ္။ျမည္ေနတာဆယ္ႀကိမ္ေျမာက္။ဖုန္းနံပါတ္ေတာင္းၿပီးကတည္းက ရင္ထိတ္ေနတာ တစ္ပါတ္နီးပါးအထိ ဆက္မလာမွပဲ စိတ္ေအးမယ္ႀကံကာရွိေသး ယခုဆက္လာၿပီ။

Heatဝင္ေနသည့္အခ်ိန္ျဖစ္၍ အိပ္ယာထဲမွာပဲမွိန္းေနခ်င္ကာ ဘယ္သူနဲ႕မွစကားမေျပာခ်င္ေပ။တိမ္ေငြ႕ကျပန္သြားၿပီျဖစ္တာေၾကာင့္
ေနာင္းညိုကသာ အစစအရာရာဂ႐ုစိုက္ေပးေနရသည္။ကိုႀကီးကလည္း အေရးႀကီးကိစၥေၾကာင့္ျပန္သြားေလရာ ဘယ္အခ်ိန္မွျပန္လာျဖစ္မည္မသိ။

ေလာေလာဆယ္ အခန္းထဲမွာပဲပန္းခ်ီေတြဆြဲေနျဖစ္ရာ သူ႕ဘဝကသာသာယာယာ။မနက္ေစာကHeatစျဖစ္သျဖင့္ အစားအေသာက္ကို ေနာင္းညိုသာစီစဥ္ေပးေလသည္။ညေနေစာင္း ထမင္းစားၿပီးအိပ္ယာထဲလွဲေနေလရာ ဖုန္းသံၾကားမွနိုးလာျခင္း။နံပါတ္စိမ္းမို႔မကိုင္ဘဲပစ္ထားေတာ့ message ပို႔လာတာကဟိုလူ။

ကိုးႀကိမ္လုံးမသိခ်င္ေယာင္ေဆာင္ထားေလရာ *သတၱိရွိေနတယ္ေပါ့ *ဟူေသာစာျမင္မွသာ မေက်မနပ္ဖုန္းကိုင္လိုက္ျခင္း။

“ဟယ္လို”

“အသက္ေတာ့ရွိေသးသားပဲ ေသသြားၿပီထင္လို႔ ရင္ခြဲ႐ုံေတာင္ဖုန္းဆက္ေပးေတာ့မလို႔”

ၾကည့္ ေျပာပုံကိုက။အဲ့လူႀကီးဖုန္းကိုကိုင္ရင္ အဲ့လိုအေျပာေတြၾကားရမွာမွန္းသိလို႔ မကိုင္ဘဲေနတာက်ေတာ့ ၿခိမ္းေျခာက္ေနၿပီးေတာ့။

“ဘာလဲ တကယ္ေသသြားတာလား”

ဒီအခ်ိန္ကစိတ္ႏုတာမို႔ ဝမ္းနည္းမႈေၾကာင့္ မ်က္ရည္ကေပါက္ကနဲ။သူမ်ားဘာသာေနတဲ့ဟာကိုေတာင္ ဖုန္းဆက္ၿပီးေတာ့ ေသခိုင္းေနေသးတယ္။တကယ္ေသေစခ်င္တဲ့လူက မႏွောင့္ယွက္လည္း ေသေအာင္သတ္မွာပဲထင္တယ္။

“ဟိတ္ေျပာေနတာၾကားလား”

“လူေသေတြကစကားမေျပာဘူးဗ်”

ငိုသံေရာေနတဲ့သူ႕အသံက ၾကားရ႐ုံသာသာ။ခဏတာတိတ္ဆိတ္သြားအၿပီး ရွိုက္သံတစ္ခ်က္က ထိန္းထားတဲ့ၾကားမွထြက္လာေလတယ္။

“ေနမေကာင္းဘူးလား ငိုေနတာလား ဘာျဖစ္လို႔လဲ”

ျပန္မေျဖဘဲ အ႐ုပ္ေတြၾကားသာ မ်က္ႏွာကိုျမႇပ္ပစ္လိုက္မိတယ္။သူမဟုတ္သလို ထြက္လာတဲ့အသံက ညင္ညင္သာသာ။

“ေမးေနတာေျဖေလ ငိုေနတာမလားလို႔”

သူဝယ္ေပးထားတဲ့ယုန္႐ုပ္ကို သူအမွတ္နဲ႕သြားနဲ႕ကုန္းကိုက္ကာ ရွိူက္သံေတြကိုထိန္းတယ္။သူမ်ားငိုေနမွန္းသိရင္ သူသိပ္ဝမ္းသာေနအုံးမယ္။

“လျခမ္းငယ္ငယ္”

“…………”

“ကိုယ္ေခၚေနတာျပန္ထူး မဟုတ္ရင္မင္းတို႔ရပ္ကြက္ထိေရာက္လာၿပီး မင္းကိုျပႆနာ လာရွာမွာေနာ္”

“ဘာေျပာခ်င္လို႔လဲဗ်”

“ငိုေနတာမလား”

“ခင္ဗ်ားနဲ႕မဆိုင္ဘူး”

“ခုန ကိုယ္ေျပာလိုက္တာေၾကာင့္လား ဟုတ္တယ္မလား”

“မဟုတ္ဘူး”

“လိမ္ျပန္ၿပီ မင္းကကိုယ့္ကိုဆိုအၿမဲလိမ္ေနေတာ့တာပဲ လျခမ္းငယ္ငယ္”

“ဘာေျပာမို႔ဖုန္းဆက္တာလဲ”

“ကိုယ္ေမးတာကိုအရင္ေျဖ ကိုယ့္စကားေၾကာင့္ငိုသြားတာမလား”

“ဟုတ္တယ္ေျပာရင္ ေပ်ာ္သြားမွာမလားဗ်”

သူ႕စကားအဆုံး လႊတ္ခနဲေအာ္သံထြက္လာသည္။မ်က္ေမွာင္ႀကီးက်ဳံ႕ေနမွာ ျမင္ေယာင္မိပါသည္။

“မဆိုင္တာ”

“ခင္ဗ်ားႀကီးကအၿမဲအဲ့လိုပဲေလ သူမ်ားငိုတိုင္းေပ်ာ္ေနတဲ့ဟာ”

“က်စ္”

“ဖုန္းခ်လိဳက္ေတာ့မယ္ဗ်”

“ေနအုံး”

“ဘာေျပာစရာက်န္ေနေသးလို႔လဲ”

“ေနမေကာင္းဘူးလား အသံကဘာလိူ႕အားနည္းေနရတာလဲ”

“ဘာမွမျဖစ္ဘူး အိပ္ေတာ့မယ္”

“အေစာႀကီးပဲရွိေသးတယ္ မဟုတ္မွမင္းအိပ္ေနတာ ကိုယ္ဖုန္းဆက္မွနိုးလာတာမလား”

“သူနဲ႕လည္းမဆိုင္ဘဲနဲ႕”

“ဘာလို႔အေစာႀကီးအိပ္ေနတာလဲ ေနမေကာင္းဘူးမလား”

“ဘာလို႔စကားကဒီပဲျပန္ေရာက္လာရတာလဲဗ်”

“မင္းက ကိုယ္ေမးတာမေျဖလို႔ေလ”

“ေျဖရင္ဖုန္းခ်ေပးမွာလား”

“အဲ့တာကိုယ့္သေဘာပါ”

“ဖုန္းကဘာကိစၥရွိလို႔ဆက္လာရတာလဲ”

“မင္းဖုန္းနံပါတ္ မွန္မမွန္သိခ်င္လို႔ လွမ္းစစ္ေဆးလိုက္တာ မင္းကလိမ္ေနက်မလို႔ေလ”

“အခုဟုတ္မွန္းသိၿပီမလား ဖုန္းခ်လိဳက္ေတာ့”

“ကိုယ္ေမးတာမေျဖရေသးဘူးေလ”

“ဟုတ္တယ္ ေနမေကာင္းဘူး Heatဝင္ေနတယ္ ရၿပီလားဗ်”

“အနားမွာဘယ္သူရွိလဲ”

“ဘာလုပ္မို႔လဲ”

“ညေနစာေရာစားၿပီးၿပီလား ဘယ္သူခ်က္ေပးတာလဲ”

“သူငယ္ခ်င္းရွိတယ္ သူဝယ္ၿပီးလာပို႔ေပးတာ”

“Alpha လား Betaလား”

“ဘာလုပ္မလို႔လဲ”

“ျပန္ျပန္မေပးဘဲ ေမးတာကိုသာတန္းေျဖစမ္းပါ က်စ္”

“Beta”

“ဒီအခ်ိန္သူစိမ္းေယာက်္ားေတြကိုလည္း အခန္းထဲအဝင္ခံတာပဲလား”

“ဘာျဖစ္လဲ တစ္သက္လုံးဒီလိုပဲေနလာတာ”

“ဟ လူတိုင္းကိုယုံၾကည္ေနစရာလား “

“သူတို႔ႏွစ္ေယာက္လုံးက သူစိမ္းေတြမဟုတ္ဘူး ငယ္ငယ့္ရဲ႕မိသားစုေတြ”

“လျခမ္းငယ္ငယ္”

“ဘာလဲ ဘာလို႔သူမ်ားကိုလာလာေအာ္ေနတာလဲ သူနဲ႕ဆိုင္လို႔လား”

“ဆိုင္ခ်င္ေနတာ မင္းမလား”

“စိတ္ႀကီးဝင္ၿပီး အဘိုးႀကီး႐ုပ္ထြက္ေနတာေနမွာ ငယ္ငယ္ကလူအိုႀကီးေတြဆိုမႀကိဳက္ဘူးလို႔ေျပာၿပီးသား”

“ကိုယ္အဘိုးႀကီးဟုတ္မဟုတ္ မင္းအသိဆုံးပါ ထပ္ၿပီးအနမ္းခံခ်င္ေနတာမလား”

“ေလွ်ာက္ေလွ်ာက္ေျပာမေနနဲ႕ သူပဲလာအနိုင္က်င့္ၿပီးေတာ့”

“ကိုယ္ကေကာနမ္းခ်င္ေနတယ္ထင္ေနတာလား မင္းႏႈတ္ခမ္းက ေသာက္ေနက်စီးကရက္ေလာက္ စြဲလမ္းစရာမရွိဘူး”

“အဲ့တာဆိုအဲ့စီးကရက္ေတြပဲေသာက္ေနေလ ငယ္ငယ္ကေကာႀကိဳက္ပါတယ္ေျပာေနလို႔လား ခင္ဗ်ားႀကီးႏႈတ္ခမ္းကစီးကရက္နံ႕ေတြကိုမုန္းလြန္းလို႔”

“ဘာလဲ သြယ္ဝိုက္တဲ့နည္းလမ္းနဲ႕ စီးကရက္ေသာက္တာမႀကိဳက္ဘူးလို႔ေျပာေနတာမလား
အဲ့တာဆိုရင္ေတာ့ေဆာရီးပဲေနာ္ မင္းကစီးကရက္ေတြေလာက္အေရးမပါဘူး”

“ဘယ္သူကေကာအေရးပါခ်င္ေနလို႔လဲ ခင္ဗ်ားႀကီးကို ျမင္ခ်င္ဖို႔မေျပာနဲ႕ အသံေတာင္မၾကားခ်င္ဘူး ဒါပဲ”

ေျပာရင္းဖုန္းခ်ကာ မ်က္လုံးေတြကိုမွိတ္ပစ္လိုက္တယ္။ကိုယ့္ဘာသာေနတာေတာင္ ဖုန္းဆက္ၿပီး ျပႆနာလာရွာေနသူကို အံ့ဩလြန္းလို႔။အရမ္းေတြမုန္းေနရင္ မသိခ်င္ေယာင္ေဆာင္ေနပါေတာ့လား။

Message ဝင္လာသံၾကားေသာ္လည္းမၾကည့္ေတာ့။စိတ္ဒုကၡေတြပဲ လာလာေပးတယ္။အဆက္မျပတ္ဝင္လာတဲ့ ဖုန္းသံေတြၾကား သီးသန့္ထားတဲ့ ဖုန္းသံေလးေၾကာင့္ေကာက္ကိုင္လိုက္မိတယ္။

“တိမ္ေငြ႕”

“အဆင္ေျပရဲ႕လားလျခမ္း အိပ္ေနတာလား ကိုယ္ႏွိုးမိသြားတာလား”

“မဟုတ္ပါဘူး”

” ကိုယ္မနက္ျဖန္ခရီးထြက္မွာမလို႔ ဖုန္းလိုင္းမမိမွာစိုးလို႔ ႀကိဳေခၚလိုက္တာ ေနာက္တစ္ပါတ္က်ရင္ အဲ့ဒီကိုလာမွာ ဘာလိုခ်င္ေသးလဲ”

“ရႉခင္းေတြလွရင္ ဓာတ္ပုံရိုက္ခဲ့ေပးေလေနာ္ ပန္းခ်ီဆြဲခ်င္တယ္”

“ဟုတ္ၿပီ တျခားေရာဘာလိုခ်င္ေသးလဲ”

“အဲ့ေလာက္ဆိုလုံေလာက္ေနပါၿပီ လူသာလာခဲ့ မင္းရွိေနရင္လုံၿခဳံသလိုခံစားရတယ္”

“စကားေတြအရမ္းတတ္ေနတာကြာ ဟုတ္ၿပီ ကိုယ္အျမန္ဆုံးျပန္လာခဲ့မယ္ လိမ္လိမ္မာမာေနေနာ္ ကိုယ့္ကိုယ္ကိုဂ႐ုစိုက္အုံး”

“ဟုတ္ဟုတ္”

“ကိုယ္ဖုန္းခ်ၿပီ နားလိုက္အုံး”

တိမ္ေငြ႕ဖုန္းခ်သြားခ်ိန္ ဖုန္းမ်က္ႏွာျပင္မွာေပၚလာတာက Miss Call ဆယ့္ႏွစ္ခု။သူမ်ားကိုစိတ္ဒုကၡေပးဖို႔ဆို စိတ္ရွည္ခ်က္ပဲ။Message ေတြလည္းဝင္မၾကည့္ခ်င္ေတာ့။ေဒါသထြက္႐ုံကလြဲၿပီး ဘာမွထူးမွာမဟုတ္ဘူး။

အခန္းထဲမွာ စံပယ္ပန္းရနံ႕ေလးက ဟိုဒီေျပးလႊားေနတယ္။ရနံ႕ပိုင္ရွင္ေလးကေတာ့ အိပ္ေမာက်လိဳ႕။မကိုင္ျဖစ္လိုက္တဲ့ Phone နံပါတ္ပိုင္ရွင္ကေတာ့ ေလလွိုင္းရဲ႕တစ္ဖက္ျခမ္းမွာ ေတာက္တခတ္ခတ္။ဖုန္းမအားျခင္းရဲ႕တစ္ဖက္ ဘယ္သူနဲ႕ေျပာေနလဲဆိုတာ သူတပ္အပ္သိတာမို႔………

############

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၄, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၄, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၄ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၄ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၄ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၄ light novel, ,

Comment

Leave a Reply

Chapter 15