Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၅

A+ A-

“ဥယျာဥ်မှူးလေး ဒီတစ်ခေါက်ခရီးကဘာသွားလုပ်တာလဲ”

“ပန်းမျိုးစေ့တွေ သွားပို့တာ”

“ဘယ်အထိသွားလို့ ဒီလောက်ကြာနေတာလဲ”

“နယ်စပ်”

“တစ်ယောက်တည်းလား”

“အဖော်တွေပါတယ်”

“သွားနေကျလား”

“ဟုတ်တယ်”

“နောက်တစ်ခါ ကိုယ်ရောလိုက်လို့ရမလား”

“မရဘူး”

“ဘာလို့တုန်း”

“စကားများလို့”

“ဟွန့်”

နှာမှုတ်ကာကားမှန်ဘက်လှည့်လိုက်သည်။ဥယျာဥ်မှူးလေးရဲ့နှူတ်ခမ်းတွေကွေးညွတ်နေတာ ကားမှန်ပေါ်မှာအထင်းသား။စိတ်မရှည်ဘူးဆိုပြီး မေးသမျှဖြေပေးတတ်သူက အပြင်ပိုင်းအေးစက်ပြီးနှလုံးသားနွေးထွေးတဲ့သူ။

အလုပ်ကိစ္စနှင့်လာတာဟုအကြောင်းပြကာ သူခရီးထွက်နေချိန်သူ့ပျိုးဥယာဥ်အတွင်း နေ့တိုင်းခြေချဖြစ်သည်။သူပြန်လာချိန်တွင်လည်း သူ့အိမ်မှာခိုကပ်နေသည်။ယခု Yမြို့သို့အသွားတွင်လည်း စကားပြောဖော်ရအောင်ဟုဆိုကာကားနှင့်ဇွတ်လိုက်လာသည်။

တောင်ပေါ်လမ်းတစ်လျှောက် အကွေ့အကောက်တွေပေါသော်လည်း မောင်းနေကျလူကကျွမ်းကျွမ်းကျင်ကျင်။လမ်းဘေးဝဲယာမှသစ်ပင်ကြီးတစ်ချို့က စိမ်းစိမ်းစိုစို။နေကြာရိုင်းများကဝါဝါဝင်းဝင်း။တောပန်းရနံ့ကမွှေးမွှေးပျံ့ပျံ့။အရာအားလုံးကဗျာဆန်နေခြင်းဟာ မြတ်နိုးနေရသူရဲ့ အပြုံးလက်လက်ကြောင့် ။

“ပထဝီ”

“ဗျာ”

ဘယ်သူမှမသုံးဖူးတဲ့နာမ်စားလေးတစ်လုံးဟာ သူပေးတဲ့ကျွန်တော့်အတွက်လက်ဆောင်။

“မင်းက အမြဲအားနေတာပဲနော်”

“ဟုတ်တယ် အစ်ကိုနှစ်ယောက်ရှာထားတာတွေတောင်ကျွန်တော်သုံးလို့မကုန်နိုင်ဘူး အဲ့တော့အလုပ်မလုပ်ချင်ဘူး”

“ကိုယ်ပိုင်ဝင်ငွေဘယ်တော့ရှာမှာလဲ”

“တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ရရင် သူ့အတွက်ရှာပေးမယ်”

“ဘာလုပ်မယ်စိတ်ကူးထားလဲ”

“ပန်းတွေစိုက်မယ်လေ”

“ကိုယ့်လိုဖြစ်ချင်နေတာလား”

“ဟင့်အင်း မင်းရဲ့ပါရမီဖြည့်ဖက်ဖြစ်ချင်နေတာ”

“မနိုင်ပါဘူးကွာ”

ခေါင်းရမ်းကာပြုံးနေတဲ့သူကသူ့စကားကိုအလေးနက်မထားဟန်။ကိစ္စမရှိပါဘူးလေ မမျှော်လင့်ထားတာကိုမှ အံ့ဩခြင်းလက်ဆောင်လို့ခေါ်သတဲ့။မြတ်နိုးခြင်းကုဋေကဋာကို လက်ဆောင်အဖြစ်ပေးပါမယ်။

အကွေ့ကောက်လမ်းထက်ကားလေးကတရိပ်ရိပ်ပြေးတယ်။သူ့နှလုံးသားဆီကိုယ်တရွေ့ရွေ့သွားနေသလိုပေါ့။ပန်းတိုင်ရှိရာဆီလျှောက်လှမ်းခြင်းမှာမြန်သည်နှေးသည်ထက်ရောက်ဖို့သာအဓိက…..

…………

ပန်းပင်လေးတွေက သူ့နေရာနှင့်သူစီစီရီရီ။အမျိုးအစားခွဲထားတာမို့ လိုချင်တဲ့အမျိုးအစားကိုရှာနေစရာမလို။ဆိုင်ကြီးဖြစ်တာကြောင့် အမျိုးအစားအစုံအလင်ရနိုင်လေသည်။

ပျိုးပင်တွေက တိမ်ငွေ့ဆီကလိုချင်သလောက်ရနိုင်တာမို့ဝယ်တော့မဝယ်ဖြစ်။အပင်အမျိုးအစားကြည့်ပြီး ကြိုက်တဲ့အပင်ကိုတိမ်ငွေ့ဆီကတောင်းရမည်။

တိမ်ငွေ့က ညနေရောက်မည်ဖြစ်တာကြောင့် သူ့အတွက်ချက်ပြုတ်ပေးရန်စျေးဝယ်ထွက်လာခြင်း။ဟိုလူပိုင်တဲ့ Mallဆိုပေမယ့် အတိအကျရထားတဲ့သတင်းအရ သူကတစ်ပါတ်တစ်ခါပဲလာစစ်တာတဲ့။အရင်အကြိမ်တွေကသူကိုယ်တိုင်ကကံဆိုးလို့တည့်တည့်တိုးတာ။

အရင်တစ်ပါတ်ဖုန်းဆက်ကာ ပြဿနာရှာပြီးကတည်းကဖုန်းထပ်ဆက်မလာလို့တော်သေးသည်။မဟုတ်ရင်သူ့မှာ Heatကာလအတွင်း ဘယ်လိုတွေတောင်ဖြတ်သန်းရမလဲသိမှာမဟုတ်။

အချိန်စောသေးတာကြောင့် အပင်လေးတွေအားစပ်စုနေမိသည်။ဈေးဝယ်ထွက်လာခြင်းကို နောင်းညိုအားမပြောပြဖြစ်တော့။သူ့ကောင်မလေးနှင့်သွားဒိတ်နေတာမို့ အနှောင့်အယှက်မပေးချင်။တစ်ဘဝလုံးကြီးသူတို့ကိုအားကိုးပြီးနေသွားလို့မှမရတာ။တစ်ခါတစ်လေတော့လည်း ကိုယ့်အားကိုကိုးရမှာပေါ့။ အဲ့တာမှ နောက်ဆိုရင်အကျင့်ဖြစ်သွားမှာ။

အပင်ဆိုင်ကထွက်ပြီး အအေးဆိုင်သွားကာ စတော်ဘယ်ရီ Juiceတစ်ခွက်မှာသည်။ပြီးမှ အသီးအရွက်တန်းဘက်ကိုထွက်ခဲ့လိုက်သည်။

ရုတ်တရတ်မျက်နှာချင်းဆိုင်မှလျှောက်လာသူကြောင့်လူကလန့်သွားရသည်။ဒီနေ့ လာနေကျနေ့လည်းမဟုတ်ဘဲနဲ့ သူကဘာလာလုပ်တာတုန်း။အတွေးမဆုံးခင် မမြင်ချင်ယောင်ဆောင်လို့လမ်းချိုးတစ်ခုဘက်လှည့်ထွက်လိုက်သည်။

ဘုရားတရား”မ”လို့ သူ့လမ်းသူသွားပါစေ။ဆုတောင်းတိုင်းမပြည့်တတ်ကြောင်း ခါးမှလက်တွေကသက်သေပြသည်။အော်ခါနီးပါးစပ်ကို လက်တစ်ဖက်ကပိတ်လို့ပွေ့ခေါ်သွားတာက အစားအသောက်သိုလှောင်ရာရေခဲခန်းဘေး။အရုပ်ကလေးလိုပါသွားတာက အရပ်ချင်းမညီမျှမှုကြောင့်။

မည်သူမှမရှိတဲ့ထိုတစ်ဝိုက်မှာ သူဟာအမဲဖျက်ခံရတော့မဲ့ ကျားပါးစပ်ထဲကယုန်သူငယ်လို။အပြင်ကသူ့လူတွေကိုအမိန့်ပေးလိုက်တာက ဒီနေရာကိုဘယ်သူမှအဝင်မခံဖို့။သူ့တစ်ကိုယ်လုံးအေးခဲနေခြင်းဟာ ဘေးကရေခဲခန်းရဲ့ပယောဂမပါ။

ပါးစပ်ကလက်ကိုလွှတ်ပေးလာသော်လည်း ခါးကလက်တွေကိုလွှတ်မပေးဘဲ သူ့ကိုနံရံထောင့်မှာပိတ်ထားလေသည်။ငုံ့ကြည့်လာတဲ့မျက်ဝန်းပြာတွေက ဒေါသထွက်နေသလိုမျိုး။ကြောက်လန့်နေတာတောင်လွှတ်မချဖြစ်ခဲ့တဲ့ စတော်ဘယ်ရီဗူးလေးဟာသူဆွဲယူလွှင့်ပစ်တာခံရလေသည်။

ဒီလူကြီးကြောင့်သူ့အအေးတွေမကြာခဏ အလဟဿဖြစ်ရသည်။ပြီးရင်လျော်လည်းမပေးဘဲနဲ့။

“ဘာလုပ်မလို့..အွန့်”

ပြောစကားမဆုံးခင်အနမ်းခံလိုက်ရတာ သည်းသည်းမည်းမည်း။နောက်ကိုဆုတ်လို့မရသလို တွန်းထုတ်လို့မရတဲ့သူ့ရင်ဘတ်ကြား သူဟာအပွေ့ခံထားရလို့ ကြမ်းပြင်နဲ့တစ်ပေခန့်အကွာမှာ။လွှတ်ပေးလာတဲ့အချိန် သူ့မှာအသက်ရှူလို့မရတော့။

“ပြော အဲ့နေ့ကဖုန်းထပ်ခေါ်တာဘာလို့မကိုင်တာလဲ”

“…………”

“ပြောလေ”

“မကိုင်ချင်လို့”

“ကိုယ့်ဖုန်းကိုကျမကိုင်ဘဲနဲ့ ဟိုကောင့်ဖုန်းကိုကျတော့ကိုင်တယ် မင်းကတော်တော်သတ္တိရှိနေတာပဲ လခြမ်းငယ်ငယ်”

“တူလို့လား သူနဲ့ခင်ဗျားကြီးနဲ့တူလို့လား သူကကျွန်တော့်အချစ်ဆုံး..”

“ပါးစပ်ပိတ်ထား ဆက်ပြောရင်ထပ်နမ်းမှာ”

“ဘာကိစ္စနဲ့ လူကိုလာပြီးအနိုင်ကျင့်နေပြန်တာလဲ ခင်ဗျားကြီးယောကျ်ားမဟုတ်ဘူးလားကိုယ့်စကားကိုမှတ်မထားဘူးလား”

“ဘာလဲ အဲ့ကိစ္စကြောင့်အရွဲ့တိုက်တာလား”

“အရွဲ့တိုက်ရအောင် ခင်ဗျားကြီးနဲ့ငယ်ငယ်နဲ့ကဘာဆိုင်နေလို့လဲ”

“ဆိုင်ချင်နေတာလား”

“ဘာကိစ္စဆိုင်ချင်ရမှာလဲ ဖြစ်နိုင်ရင်မတော်တဆတောင်မတွေ့ချင်ဘူးလို့”

“ကိုယ်ပိုင်တဲ့နေရာကိုလာပြီး ကိုယ့်ကိုမတွေ့ချင်ဘူးလို့ပြောနေတာမင်းမှာဦးနှောက်ကောရှိရဲ့လား မတွေ့ချင်ရင်မလာနဲ့လေ”

“နောက်ဘယ်တော့မှမလာဘူး လွှတ်ပေးပြန်မလို့”

“မူယာမာယာများမနေနဲ့”

“ဘာဖြစ်ချင်နေပြန်ပြီလဲ”

“သက်သေပြမလို့”

“ဘာကို”

“စီးကရက်တွေကို မင်းနှုတ်ခမ်းထက် ပိုနှစ်သက်ကြောင်းလေ”

ပြောကာ ခါးကလက်ကိုလွှတ်လို့အောက်ကိုချပေးလာသည်။ပိတ်ထားတာကိုမဖယ်ဘဲ အိတ်ကပ်ထဲက စီးကရက်ကိုထုတ်လို့ မီးခြစ်နဲ့မီးညှိလိုက်တာမို့….

“မသောက်နဲ့”

မသိစိတ်ကတားလိုက်မိတဲ့စကားတစ်ခွန်း။ပြီးမှသတိထားမိတယ်။သူက ပင်ဝါးရုံငယ်မဟုတ်တော့ဘူး။လခြမ်းငယ်ငယ်။သူတို့က တူနိုင်လို့လား။

ဂရုမစိုက်သူက စီးကရက်တစ်ရှိုက်ဖွာလို့သူ့မျက်နှာဆီမှုတ်ထုတ်လာသည်။ခေါင်းကိုလွှဲတော့ လွတ်နေတဲ့လက်ကမျက်နှာကိုတင်းတင်းကိုင်ထားလေသည်။

“အဟွတ် အဟွတ် မသောက်နဲ့လို့”

ချောင်းဆိုးသံတွေကြားမသိစိတ်ကတားမိသော်ငြား ရှေ့ကလူကသူ့မျက်နှာဆီအငွေ့တွေမှုတ်ထုတ်မြဲ။

နှုတ်ခမ်းလွှာကိုပိတ်ကာ လက်သီးဆုပ်လိုက်တယ်။ကောင်းပြီလေ စိတ်ကြိုက်သာလုပ်လိုက်။တစ်လိပ်ကုန်တော့ နောက်တစ်လိပ်ဆက်သောက်သည်။သူ့ချောင်းဆိုးသံတွေသာ ထိုနေရာမှာပဲ့တင်ထပ်နေတာ။

ရင်ထဲတင်းကြပ်ကြပ်ဖြစ်လာခြင်းနှင့်အတူ အရေပြားတွေယားယံလာသည်။အသက်ရှူလို့သိပ်မဝတော့။မသိစိတ်ကသက်ပြင်းချကာ မျက်လုံးမှိတ်ထားမိသည်။ရှေ့ကလူသတိမထားမိခင် ဒီလောကကြီးကိုနှုတ်ဆက်ချင်ပါသည်။

ဟုတ်သည်။သူ့မှာစီးကရက်နှင့်ဓာတ်မတည့်မှု ပြင်းထန်အဆင့်မှာရှိသည်။ဒါကြောင့် ဖေဖေကအပြင်မှာသိပ်စိတ်မချ။ဘယ်အချိန် ဘယ်လိုလူကြောင့်မှန်းမသိစွာသူ့အသက်ကဆုံးရှုံးသွားနိုင်လို့။

ယခုတော့ သူအပြင်းအထန်ရယ်မောချင်စိတ်ကို မျက်စိမှိတ်လို့ထိန်းထားရသည်။ဘာလို့များအရမ်းကြောက်နေရမှာလဲ။စီးကရက်လေးတစ်လိပ်ရှိရုံနဲ့ အချိန်မရွေးသတ်သေလို့ရနေတဲ့အချိန် ဘာကြောင့်များနာနာကျင်ကျင်အသတ်ခံနေရမှာလဲ။

ယခုချက်ချင်း​​သေသွားလျှင်ပိုကောင်းမည်။ဇာတ်လိုက်လက်ချက်ကြောင့်ဆိုတော့ ဇာတ်လမ်းမသွေဖည်တော့ဘူးပေါ့။အတွေးတွေက တောင်ရောက်လိုက်မြောက်ရောက်လိုက်။

အသက်ရှူလို့မဝတဲ့အဆင့်ကနေ ရှူလို့မရတဲ့အဆင့်မှာ သူကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်တယ်။သူပြုံးလိုက်မိတယ်ထင်သည်။နံဘေးကစိုးရိမ်တကြီးခေါ်သံတွေက ဟိုးအဝေးကြီးမှာ….

“ဟိတ် “

ခွေကနဲလဲကျသွားသူကို ခါးမှဖမ်းထိန်းမိတသည်။မျက်နှာတစ်ခုလုံးနီရဲနေခြင်းက ချောင်းဆိုးခြင်းကြောင့်မဖြစ်နိုင်ကြောင်း စီးကရက်ငွေ့တွေပြယ်မှ သူသတိထားမိသည်။အဲ့ဒီနှုတ်ခမ်းတွေဆီစိတ်မရောက် ဖို့ သူဖုံးကွယ်ပစ်တာကစီးကရက်ငွေ့တွေနဲ့။ယခုလိုလဲကျသွားမှသူအသိဝင်ကာ လက်ထဲမှစီးကရက်ကိုပစ်ချလို့နင်းချေပစ်ရသည်။

“လခြမ်းငယ်ငယ်”

မျက်နှာအားအသာပုတ်ကာခေါ်သော်လည်း လှုပ်မလာသလို လှုပ်နှိုးသော်လည်း အရုပ်ကြိုးပြတ်။နှာခေါင်းနားလက်ချောင်းတွေတေ့ကြည့်တော့မှ သူထိတ်လန့်သွားရသည်။

“ငယ်ငယ် ကိုယ်ခေါ်နေတာကြားလား”

အသက်မဲ့နေသူလိုဘာမှမတုန့်ပြန်လာ သူ့မှာသာခြေမကိုင်မိလက်မကိုင်မိ။ဟူဒီလက်ကိုပင့်ကာသွေးကြောစမ်းတော့မှ လက်ဖမိုးမှစကာလက်မောင်းတစ်လျှောက်လုံးအနီပိန့်တွေအားတွေ့ရသည်။သွေးခုန်နှုန်းစမ်းမရခြင်းနှင့်အတူ သူ့လက်တွေပါတုန်ရီလာရသည်။

ခန္တာကိုယ်သေးသေးလေးကိုပွေ့လို့ သီးသန့်လှေကားဆီပြေးရသည်။နောက်က သက်တော်စောင့်တွေလည်းဝရုန်းသုန်းကား။ကားနားရောက်တော့ Horizon နဲ့တိုးသည်။သူစိုးရိမ်တကြီး အကူအညီတောင်းမိတာပထမဆုံးအကြိမ်။

“Horizon တစ်ခုခုလုပ်ပေးပါအုံး “

“ဘာဖြစ်တာတုန်း ကိုCeanကားပေါ်တက်နှင့် ကျွန်တော့်ကားပေါ်က ဆေးအိတ်သွားယူလိုက်အုံးမယ်”

နှစ်ယောက်လုံးသူ့ကားပေါ်ရောက်တော့ ဦးတည်ရာကဆေးရုံဆီ။

“ပြင်းထန်ဓာတ်မတည့်မှုပဲ စိုးရိမ်ရတယ် ဆေးရုံအမြန်မောင်း ကျောက်စက်အရေးပေါ်အချက်ပေးမီးဖွင့်လိုက် ပြီးရင်ငါ့ဆေးရုံကိုဖုန်းဆက် ပြင်းထန်ဓာတ်မတည့်လူနာပါတယ်အဆင်သင့်ပြင်ထားလို့ပြောလိုက်”

ပြောရင်း အိတ်ထဲကဆေးကိုထုတ်လို့ ဆေးသွင်းဖို့ပြင်သည်။သွေးကြောကရှာမတွေ့။သူ့နှလုံးတွေကအပြင်ဘက်လို့ခုန်ထွက်တော့မလို ရုတ်ရုတ်သဲသဲ။လက်တွေတုန်နေတာကြောင့် လက်သေးသေးလေးကိုတောင် မြဲအောင်မကိုင်နိုင်တော့။

” နှလုံးနှိုးစက်သုံးမှရတော့မယ်နှလုံးမခုန်တော့ဘူး ဆေးရုံမြန်မြန်ရောက်မှရမယ် အရေးပေါ်အသက်ကယ်နည်းအရင်လုပ်ရမယ်ခုံပေါ်ကိုချလိုက်”

ရင်ခွင်ထဲပွေ့ဖက်ထားသူကို ပျောက်ကွယ်သွားမှာစိုးသလို သူတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိသည်။ဘာကြောင့်ယခုလိုဖြစ်မှန်းသူလည်းနားမလည်မိဘူး။

“ငါ…ငါ”

“ငါကိုနောက်ထား လူကိုအရင်ချထားလိုက်အသက်မရှူတော့ဘူး ဒီလိုနဲ့တကယ်သေသွား လိမ့်မယ်လို့”

“မသေဘူး”

“မသေစေချင်ရင်ခုံပေါ်တင်လိုက်လေ”

ဒေါသတကြီးအော်ပြောလာတဲ့အစ်ကိုဖြစ်သူကို မအော်စဖူးပြန်အော်မိသည်။အသိစိတ်မကပ်သူလို မျက်ဝန်းထောင့်စွန်းတွေနီစွေးစွေး။ခုံပေါ်ချပေးကာလက်ဖဝါးတွေကိုဆုပ်ကိုင်ထားပုံက လွှတ်ပေးလိုက်ရင်တစ်ဘဝစာလက်လွတ်သွားတော့မလို။

“ရောက်ပြီဗျ”

ကျောက်စက်အပြောကြောင့် ချထားတဲ့သူကိုတန်းပြန်ကောက်ပွေ့ကာကားပေါ်ကပြေးဆင်းသည်။စောင့်နေတဲ့တွန်းလှည်းပေါ်မတင်ဘဲဒီအတိုင်းပွေ့ပြေးတော့ ဆရာဝန်တွေတောင်လိုက်မမှီ။

“ကိုCean ဒီအခန်း”

ကုတင်ပေါ်ချပေးလိုက်ပေမယ့် လက်ကိုလွှတ်မပေးသေး။

“ကိုCeanနောက်ဆုတ်နေ နှလုံးမခုန်တော့ဘူး နှလုံးနှိုးစက်သုံးမှရမှာ”

လက်လွှတ်ကာနောက်ဆုတ်သွားသူက မကြည့်ရက်သလိုမျက်နှာလွှဲသည်။ပြီးမှအခန်းထဲမှထွက်သွားကာအပြင်ဘက်ခုံမှာဝင်ထိုင်လိုက်သည်။မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်သပ်လိုက်တော့ နီရဲနေတဲ့မျက်သားတွေနဲ့အပြိုင်မျက်နှာတစ်ခုလုံးနီရဲစွာ။

ဘယ်လိုလုပ်ပြီးဒီအခြေအနေထိရောက်သွားရတာလဲ။သူကဒီအတိုင်း.. ဒီအတိုင်း သူ့သိက္ခာကိုပြန်လိုချင်ရုံလေးတင်ပါ။အဲ့နှုတ်ခမ်းတွေကိုစွဲလမ်းနေတာမဟုတ်​ကြောင်း သူသိပ်မုန်းခဲ့တဲ့လူကသောက်နေကျစီးကရက်လောက်တန်ဖိုးမရှိကြောင်း သူ့စိတ်ကိုသူသက်သေပြချင်ရုံတင်။

ဘယ်အချိန်ကစပြီးလွဲမှားနေတာလဲ။သတ်ပစ်ဖို့အကြိမ်ကြိမ်ကြုံးဝါးခဲ့ပြီး တကယ်ဖြစ်လာချိန်ကျမှ သူ့မှာအလဲလဲအပြိုပြို။ဘာကြောင့်ဆိုတဲ့အဖြေဆီမရောက်ခင် သူ့အတွေးတွေကိုရပ်ပစ်လိုက်ရသည်။

သူ့ကြောင့်လူတစ်ယောက်အသက်ဆုံးရှူံးသွားမှာမဖြစ်စေချင်ရုံတင်ပါ။အတွေးတွေထဲ လမ်းပျောက်နေတုန်း မျက်စိရှေ့ရောက်လာတဲ့ခြေတစ်စုံ။မော့ကြည့်တော့ Horizon။

“အဆင်ပြေသွားပြီ”

ရင်ဘတ်မှာ”တစ်”နေတဲ့အလုံးက အခုမှအောက်ကိုဆင်းသည်။သက်ပြင်းတစ်ချက်ရှူထုတ်လို့ ထိုင်ခုံကိုကျောမှီလိုက်မိသည်။စပ်ဖျင်းဖျင်းမျက်ဝန်းတွေကြောင့်ပိတ်သာထားလိုက်ရတယ်။သူ့စိတ်တွေပေါ့သွားရခြင်းဟာ လူတစ်ယောက်ကိုမသတ်ခဲ့မိလို့ဖြစ်မှာပါ။

“ဘယ်လိုဖြစ်တာလဲ ဒီတစ်ခါလည်းကိုCean ကြောင့်ပဲမလား”

ပြန်မဖြေဖြစ်ခဲ့ဘူး။တိတ်ဆိတ်ခြင်းဟာဝန်ခံခြင်းမှန်း သူလည်းသိမှာပါ။သက်ပြင်းချသံတိုးတိုးကသူ့ဆီက။

“ပြောပြ ဘယ်လိုဖြစ်တာလဲ”

“………..”

“သူ့အခြေနေပြင်းထန်မှန်း ကိုCeanလည်းသိမှာပါ အကယ်၍အဲ့ဒီ​​နေရာမှာကျွန်တော်မရှိခဲ့ရင် အရေးပေါ်ဆေးသာမထိုးလိုက်နိုင်ရင် ဒီဆေးရုံကိုရောက်လည်း..”

“တော်တော့”

“ပြောပြဘယ်လိုဖြစ်တာလဲ”

“သူကစီးကရက်နဲ့ဓာတ်မတည့်မှန်း ငါမသ်ိခဲ့ဘူး”

“သူကိုယ်တိုင်ကောသိလား”

ပြန်ကြားယောင်မိတာက သူ့ရဲ့တားမြစ်သံပဲ။

“သူသိတယ်”

“သူကမပြောဘူးလား”

“မသောက်နဲ့လို့ဘဲပြောတာ အဲ့လိုတွေရှိမှန်းမပြောခဲ့ဘူး”

“သူပြောရင်ရော ကိုCeanနားထောင်မှာမလို့လား”

“မင်း ဘာပြောချင်နေတာလဲ”

“ကိုCeanတို့ကြားဘာတွေရှိခဲ့လည်းမသိပေမယ့် ကိုCeanဘက်ကမတရားတာဆိုတာကတော့အမှန်ဘဲ သူ့ဘာသာနေတဲ့သူကိုဇွတ်စွပ်စွဲတယ်၊မုန်းတယ် ပြီးရင်အမြဲဒဏ်ရာပေးတယ် ကိုCeanအရမ်းမုန်းနေတယ်ဆိုရင် လွှတ်ထားပေးလိုက်ပါ့လား သူ့ဘာသာနေတဲ့သူကိုဘာလို့..”

“တော်တော့”

ပြောရင်းထရပ်လိုက်မိသည်။သူဘာမှဆက်မကြားချင်ဘူး။ဒီတစ်ယောက်နဲ့တွေ့ပြီးကတည်းက သူ့ဘဝကြီးကပြောင်းကပြန်တွေဖြစ်ကုန်တော့တာပဲ။အမြဲမှန်တယ်ထင်နေတဲ့သူက မှားများသွားပြီလားလို့တွေးမိနေတဲ့အထိ ယုံကြည်မှုတွေပျောက်ဆုံးနေတာ။

“သူ့ကိုအခုဘယ်မှာထားမှာလဲ”

“VVIPအခန်းမှာထားမှာ သတိပြန်မရသေးဘူး အောက်စီဂျင်လည်းပေးထားရတယ် ပြီးမှသူ့အိမ်ကလူတစ်ယောက်ယောက်ကိုဖုန်းဆက်ခေါ်ရမှာ”

နေရာချပေးပြီးတော့ ဆရာဝန်တွေလည်း အလျှိုအလျှိုထွက်သွားကြသည်။ကျန်ခဲ့တာသူတို့ညီအစ်ကိုတင်။

“ဒီနေ့ကိစ္စကိုဘယ်သူ့ကိုမှထုတ်မပြောဖို့ အကုန်လုံးကိုမှာထားပြီးသား အရေးပေါ်ဝင်ပေါက်ကနေဝင်တာမို့ တခြားသူတွေလည်းတွေ့မှာမဟုတ်ဘူး”

“အင်း”

“တော်သေးတယ် မိသားစုကြီးကအရေးပါတဲ့သူမဟုတ်လို့ တကယ်လို့များလုပ်ကြံချင်ရင် သိပ်တောင်အားစိုက်ရမှာမဟုတ်ဘူး စီးကရက်ငွေ့လေးမှုတ်ထုတ်လိုက်ရုံနဲ့ တောက်ကနဲသေမှာပဲ”

“မပြောနဲ့တော့”

“အိုကေ ရော့ ဒါက သူ့အိတ်ကပ်ထဲကတွေ့တာ ဖုန်းနံပါတ်ရှာပြီး သူ့သူငယ်ချင်းဆီဖုန်းဆက်ပေးလိုက်အုံး”

လက်ထဲဖုန်းထည့်ပေးပြီးထွက်သွားတော့ အခန်းထဲမှာသူတို့နှစ်ယောက်ပဲကျန်ခဲ့သည်။ကုတင်နားတိုးကပ်သွားပြီး မျက်နှာလေးအားကြည့်မိသည်။ဓာတ်မတည့်မှုကြောင့်ထွက်လာတဲ့အနီပိန့်တွေကြောင့် ခါတိုင်းချောမွေ့နေတဲ့မျက်နှာလေးကယခုတော့သနားစဖွယ်။

ဆေးရုံဝတ်စုံအစိမ်းရောင်ကြီးကြား ခန္တာကိုယ်သေးသေးလေးကပိုပိန်သွားသယောင်။ဆေးသွင်းထားတဲ့လက်ဖမိုးထက်
သေချာကြည့်မှမြင်ရနိုင်တဲ့ အမာရွတ်တစ်ခု။သူ့ပယောဂပါပဲ။

မျက်နှာလွှဲလို့ ဖုန်းဆီအာရုံလွှဲလိုက်မိသည်။ဖုန်း screenထက်ပေါ်လာတာက သူတို့သူငယ်ချင်းသုံးယောက်ပုံ။

အေပရွန်ကိုယ်စီဝတ်ထားပြီး Alphaဖြစ်သူကဟင်းပန်းကန်မကာရှူတည်တည်နှင့် Betaကတော့ ပန်းကန်အားတစ်ဖက်ကကိုင်ထားပြီး တခြားလက်တစ်ဖက်ကဟင်းအားပါးစပ်ထဲထည့်ကာစပ်ဖြီးဖြီး Omegaလေးကတော့ စတော်ဘယ်ရီသီးအားပါးစပ်ဖြင့်ကိုက်ထားကာ မျက်လုံးဝိုင်းတွေပိတ်သည်အထိရယ်​လေသည်။ကြည့်ရုံနှင့်နွေးထွေးလွန်းလှသည်။

ကြည့်နေရင်းဝင်လာသော Phone Call
တစ်ခုက Warm Nest (နွေးထွေးတဲ့အသိုက်အမြုံ)တဲ့။ဘဝမှာပထမဆုံးအကြိမ်အဖြစ် ရှူံးနိမ့်သွားသလိုခံစားရခြင်း……..

##########

ငြိမ်း🌻🌞

“ဥယာဥ္မႉးေလး ဒီတစ္ေခါက္ခရီးက ဘာသြားလုပ္တာလဲ”

“ပန္းမ်ိဳးေစ့ေတြ သြားပို႔တာ”

“ဘယ္အထိသြားလို႔ ဒီေလာက္ၾကာေနတာလဲ”

“နယ္စပ္”

“တစ္ေယာက္တည္းလား”

“အေဖာ္ေတြပါတယ္”

“သြားေနက်လား”

“ဟုတ္တယ္”

“ေနာက္တစ္ခါ ကိုယ္ေရာလိုက္လို႔ရမလား”

“မရဘူး”

“ဘာလို႔တုန္း”

“စကားမ်ားလို႔”

“ဟြန့္”

ႏွာမႈတ္ကာ ကားမွန္ဘက္လွည့္လိုက္တယ္။ဥယာဥ္မႉးေလး ႏႉတ္ခမ္းေတြေကြးၫြတ္ေနတာ ကားမွန္ေပၚမွာအထင္းသား။စိတ္မရွည္ဘူးဆိုၿပီး ေမးသမွ်ေျဖေပးတတ္သူက အျပင္ပိုင္းေအးစက္ၿပီး ႏွလုံးသားႏြေးေထြးတဲ့သူ။

အလုပ္ကိစၥႏွင့္လာတာဟု အေၾကာင္းျပကာ သူခရီးထြက္ေနခ်ိန္ သူ႕ပ်ိဳးဥယာဥ္အတြင္း ေန႕တိုင္းေျခခ်ျဖစ္သည္။သူျပန္လာခ်ိန္တြင္လည္း သူ႕အိမ္မွာခိုကပ္ေနသည္။ယခု Yၿမိဳ႕သို႔အသြားတြင္လည္း စကားေျပာေဖာ္ရေအာင္ဟုဆိုကာ ကားႏွင့္ဇြတ္လိုက္လာသည္။

ေတာင္ေပၚလမ္းတစ္ေလွ်ာက္ အေကြ႕အေကာက္ေတြေပါေသာ္လည္း ေမာင္းေနက်လဴက ကြၽမ္းကြၽမ္းက်င္က်င္။လမ္းေဘးဝဲယာမွ သစ္ပင္ႀကီးတစ္ခ်ိဳ႕က စိမ္းစိမ္းစိုစို။ေနၾကာရိုင္းမ်ားက ဝါဝါဝင္းဝင္း။ေတာပန္းရနံ႕က ေမႊးေမႊးပ်ံ့ပ်ံ့။အရာအားလုံးကဗ်ာဆန္ေနျခင္းဟာ ျမတ္နိုးေနရသူရဲ႕ အၿပဳံးလက္လက္ေၾကာင့္ ။

“ပထဝီ”

“ဗ်ာ”

ဘယ္သူမွမသုံးဖူးတဲ့ နာမ္စားေလးတစ္လုံးဟာ သူေပးတဲ့ ကြၽန္ေတာ့္အတြက္လက္ေဆာင္။

“မင္းက အၿမဲအားေနတာပဲေနာ္”

“ဟုတ္တယ္ အစ္ကိုႏွစ္ေယာက္ရွာထားတာေတြေတာင္ ကြၽန္ေတာ္သုံးလို႔မကုန္နိုင္ဘူး အဲ့ေတာ့အလုပ္မလုပ္ခ်င္ဘူး”

“ကိုယ္ပိုင္ဝင္ေငြဘယ္ေတာ့ရွာမွာလဲ”

“တစ္စုံတစ္ေယာက္ကို ပိုင္ဆိုင္ရရင္ သူ႕အတြက္ရွာေပးမယ္”

“ဘာလုပ္မယ္စိတ္ကူးထားလဲ”

“ပန္းေတြစိုက္မယ္ေလ”

“ကိုယ့္လိုျဖစ္ခ်င္ေနတာလား”

“ဟင့္အင္း မင္းရဲ႕ပါရမီျဖည့္ဖက္ျဖစ္ခ်င္ေနတာ”

“မနိုင္ပါဘူးကြာ”

ေခါင္းရမ္းကာၿပဳံးေနတဲ့သူက သူ႕စကားကိုအေလးနက္မထားဟန္။ကိစၥမရွိပါဘူးေလ မေမွ်ာ္လင့္ထားတာကိုမွ လက္ေဆာင္လို႔ေခၚသတဲ့။ျမတ္နိုးျခင္း ကုေဋကဋာကို လက္ေဆာင္အျဖစ္ေပးပါမယ္။

အေကြ႕ေကာက္လမ္းထက္ ကားေလးကတရိပ္ရိပ္ေျပးတယ္။သူ႕ႏွလုံးသားဆီ ကိုယ္တေ႐ြ႕ေ႐ြ႕သြားေနသလိုေပါ့။

…………

ပန္းပင္ေလးေတြက သူ႕ေနရာႏွင့္သူစီစီရီရီ။အမ်ိဳးအစားခြဲထားတာမို႔ လိုခ်င္တဲ့အမ်ိဳးအစားကိုရွာေနစရာမလို။ဆိုင္ႀကီးျဖစ္တာေၾကာင့္ အမ်ိဳးအစားအစုံအလင္ရနိုင္ေလသည္။

ပ်ိဳးပင္ေတြက တိမ္ေငြ႕ဆီကလိုခ်င္သေလာက္ရနိုင္တာမို႔ ဝယ္ေတာ့မဝယ္ျဖစ္။အပင္အမ်ိဳးအစားၾကည့္ၿပီး ႀကိဳက္တဲ့အပင္ကို တိမ္ေငြ႕ဆီကေတာင္းရမည္။

တိမ္ေငြ႕က ညေနေရာက္မည္ျဖစ္တာေၾကာင့္ သူ႕အတြက္ခ်က္ျပဳတ္ေပးရန္ ေစ်းဝယ္ထြက္လာျခင္း။ဟိုလူပိုင္တဲ့ Mallဆိုေပမယ့္ အတိအက်ရထားတဲ့သတင္းအရ သူကတစ္ပါတ္တစ္ခါပဲ လာစစ္တာတဲ့။အရင္အႀကိမ္ေတြက သူကိုယ္တိုင္ကကံဆိုးလို႔တည့္တည့္တိုးတာ။

အရင္တစ္ပါတ္ဖုန္းဆက္ကာ ျပႆနာရွာၿပီးကတည္းကဖုန္းထပ္ဆက္မလာလို႔ ေတာ္ေသးသည္။မဟုတ္ရင္သူ႕မွာ Heatကာလအတြင္း ဘယ္လိုေတြေတာင္ျဖတ္သန္းရမလဲသိမွာမဟုတ္။

အခ်ိန္ေစာေသးတာေၾကာင့္ အပင္ေလးေတြအားစပ္စုေနျခင္း။ေဈးဝယ္ထြက္လာျခင္းကို ေနာင္းညိုအားမေျပာျပျဖစ္ေတာ့။သူ႕ေကာင္မေလးႏွင့္သြားဒိတ္ေနတာမို႔ အႏွောင့္အယွက္မေပးခ်င္။တစ္ဘဝလုံးႀကီး သူတို႔ကိုအားကိုးၿပီးေနသြားလို႔မွမရတာ။တစ္ခါတစ္ေလေတာ့လည္း ကိုယ့္အားကိုကိုးရမွာေပါ့။ အဲ့တာမွ ေနာက္ဆိုရင္အက်င့္ျဖစ္သြားမွာ။

အပင္ဆိုင္ကထြက္ၿပီး အေအးဆိုင္သြားကာ စေတာ္ဘယ္ရီ Juice တစ္ခြက္မွာသည္။ၿပီးမွ အသီးအ႐ြက္တန္းဘက္ကိုထြက္ခဲ့လိုက္သည္။

႐ုတ္တရတ္မ်က္ႏွာခ်င္းဆိုင္မွေလွ်ာက္လာသူေၾကာင့္ လူကလန့္သြားရသည္။ဒီေန႕ လာေနက်ေန႕လည္းမဟုတ္ဘဲနဲ႕ သူကဘာလာလုပ္တာတုန္း။အေတြးမဆုံးခင္ မျမင္ခ်င္ေယာင္ေဆာင္လို႔ လမ္းခ်ိဳးတစ္ခုဘက္လွည့္ထြက္လိုက္သည္။

ဘုရားတရား”မ”လို႔ သူ႕လမ္းသူသြားပါေစ။ဆုေတာင္းတိုင္းမျပည့္တတ္ေၾကာင္း ခါးမွလက္ေတြကသက္ေသျပသည္။ေအာ္ခါနီးပါးစပ္ကို လက္တစ္ဖက္ကပိတ္လို႔ေပြ႕ေခၚသြားတာက အစားအေသာက္သိုေလွာင္ရာေရခဲခန္းေဘး။အ႐ုပ္ကေလးလိုပါသြားတာက အရပ္ခ်င္းမညီမွ်မႈေၾကာင့္။

မည္သူမွမရွိတဲ့ထိုတစ္ဝိုက္မွာ သူဟာအမဲဖ်က္ခံရေတာ့မဲ့ က်ားပါးစပ္ထဲက ယုန္သူငယ္လို။အျပင္ကသူ႕လူေတြကိုအမိန့္ေပးလိုက္တာက ဒီေနရာကိုဘယ္သူမွအဝင္မခံဖို႔။သူ႕တစ္ကိုယ္လုံးေအးခဲေနျခင္းဟာ ေဘးကေရခဲခန္းရဲ႕ပေယာဂမပါ။

ပါးစပ္ကလက္ကိုလႊတ္ေပးလာေသာ္လည္း ခါးကလက္ေတြကိုလႊတ္မေပးဘဲ သူ႕ကိုနံရံေထာင့္မွာပိတ္ထားေလသည္။ငုံ႕ၾကည့္လာတဲ့မ်က္ဝန္းျပာေတြက ေဒါသထြက္ေနသလိုမ်ိဳး။ေၾကာက္လန့္ေနတာေတာင္လႊတ္မခ်ျဖစ္ခဲ့တဲ့ စေတာ္ဘယ္ရီဗူးေလးဟာ သူဆြဲယူလႊင့္ပစ္တာခံရေလသည္။

ဒီလူႀကီးေၾကာင့္ သူ႕အေအးေတြမၾကာခဏ အလဟႆျဖစ္ရသည္။ၿပီးရင္ေလ်ာ္လည္းမေပးဘဲနဲ႕။

“ဘာလုပ္မလို႔..အြန့္”

ေျပာစကားမဆုံးခင္အနမ္းခံလိုက္ရတာ သည္းသည္းမည္းမည္း။ေနာက္ကိုဆုတ္လို႔မရသလို တြန္းထုတ္လို႔မရတဲ့သူ႕ရင္ဘတ္ၾကား သူဟာအေပြ႕ခံထားရလို႔ ၾကမ္းျပင္နဲ႕တစ္ေပခန့္အကြာမွာ။လႊတ္ေပးလာတဲ့အခ်ိန္ သူ႕မွာအသက္ရႉလို႔မရေတာ့။

“ေျပာ အဲ့ေန႕ကဖုန္းေခၚတာဘာလို႔မကိုင္တာလဲ”

“…………”

“ေျပာေလ”

“မကိုင္ခ်င္လို႔”

“ကိုယ့္ဖုန္းကိုက်မကိုင္ဘဲနဲ႕ ဟိုေကာင့္ဖုန္းကိုက်ေတာ့ကိုင္တယ္ မင္းကေတာ္ေတာ္သတၱိရွိေနတာပဲ လျခမ္းငယ္ငယ္”

“တူလို႔လား သူနဲ႕ခင္ဗ်ားႀကီးနဲ႕တူလို႔လား သူကကြၽန္ေတာ့္အခ်စ္ဆုံး..”

“ပါးစပ္ပိတ္ထား ဆက္ေျပာရင္ထပ္နမ္းမွာ”

“ဘာကိစၥနဲ႕ လူကိုလာၿပီးအနိုင္က်င့္ေနျပန္တာလဲ ခင္ဗ်ားႀကီးေယာက်္ားမဟုတ္ဘူးလား ကိုယ့္စကားကိုမွတ္မထားဘူးလား”

“ဘာလဲ အဲ့ကိစၥေၾကာင့္အ႐ြဲ႕တိုက္တာလား”

“အ႐ြဲ႕တိုက္ရေအာင္ ခင္ဗ်ားႀကီးနဲ႕ငယ္ငယ္နဲ႕ကဘာဆိုင္ေနလို႔လဲ”

“ဆိုင္ခ်င္ေနတာလား”

“ဘာကိစၥဆိုင္ခ်င္ရမွာလဲ ျဖစ္နိုင္ရင္မေတာ္တဆေတာင္မေတြ႕ခ်င္ဘူးလို႔”

“ကိုယ္ပိုင္တဲ့ေနရာကိုလာၿပီး ကိုယ့္ကိုမေတြ႕ခ်င္ဘူးလို႔ေျပာေနတာ မင္းမွာဦးႏွောက္ေကာရွိရဲ႕လား မေတြ႕ခ်င္ရင္မလာနဲ႕ေလ”

“ေနာက္ဘယ္ေတာ့မွမလာဘူး လႊတ္ေပးျပန္မလို႔”

“မူယာမာယာမ်ားမေနနဲ႕”

“ဘာျဖစ္ခ်င္ေနျပန္ၿပီလဲ”

“သက္ေသျပမလို႔”

“ဘာကို”

“စီးကရက္ေတြကို မင္းႏႈတ္ခမ္းထက္ ပိုႏွစ္သက္ေၾကာင္းေလ”

ေျပာကာ ခါးကလက္ကိုလႊတ္လို႔ ေအာက္ကိုခ်ေပးလာတယ္။ပိတ္ထားတာကိုမဖယ္ဘဲ အိတ္ကပ္ထဲက စီးကရက္ကိုထုတ္လို႔ မီးျခစ္နဲ႕မီးညွိတယ္။

“မေသာက္နဲ႕”

မသိစိတ္က တားလိုက္မိတဲ့စကားတစ္ခြန္း။ၿပီးမွသတိထားမိတယ္ ။သူက ပင္ဝါး႐ုံငယ္မဟုတ္ေတာ့ဘူး။လျခမ္းငယ္ငယ္။သူတို႔က တူနိုင္လို႔လား။

ဂ႐ုမစိုက္သူက စီးကရက္တစ္ရွိုက္ဖြာလို႔ သူ႕မ်က္ႏွာဆီမႈတ္ထုတ္လာတယ္။ေခါင္းကိုလႊဲေတာ့ လြတ္ေနတဲ့လက္ကမ်က္ႏွာကိုတင္းတင္းကိုင္ထားေလတယ္။

“အဟြတ္ အဟြတ္ မေသာက္နဲ႕လို႔”

ေခ်ာင္းဆိုးသံေတြၾကား မသိစိတ္ကတားမိေသာ္ျငား ေရွ႕ကလူက သူ႕မ်က္ႏွာဆီအေငြ႕ေတြမႈတ္ထုတ္ၿမဲ။

ႏႈတ္ခမ္းလႊာကိုပိတ္ကာ လက္သီးဆုပ္လိုက္တယ္။ေကာင္းၿပီေလ စိတ္ႀကိဳက္သာလုပ္လိုက္။တစ္လိပ္ကုန္ေတာ့ ေနာက္တစ္လိပ္ဆက္ေသာက္တယ္။သူ႕ေခ်ာင္းဆိုးသံေတြသာ ထိုေနရာမွာ ပဲ့တင္ထပ္ေနတာ။

ရင္ထဲတင္းၾကပ္ၾကပ္ျဖစ္လာျခင္းႏွင့္အတူ အေရျပားေတြယားယံလာတယ္။အသက္ရႉလို႔သိပ္မဝေတာ့။မသိစိတ္က သက္ျပင္းခ်ကာ မ်က္လုံးမွိတ္ထားမိတယ္။ေရွ႕ကလူသတိမထားမိခင္ ဒီေလာကႀကီးကိုႏႈတ္ဆက္ခ်င္ပါသည္။

ဟုတ္သည္။သူ႕မွာေဆးလိပ္ႏွင့္ဓာတ္မတည့္မႈ ျပင္းထန္အဆင့္မွာရွိသည္။ဒါေၾကာင့္ ေဖေဖကအျပင္မွာ သိပ္စိတ္မခ်။ဘယ္အခ်ိန္ ဘယ္လိုလူေၾကာင့္မွန္းမသိစြာ သူ႕အသက္ကဆုံးရႈံးသြားနိုင္လို႔။

ယခုေတာ့ သူအျပင္းအထန္ရယ္ေမာခ်င္စိတ္ကို မ်က္စိမွိတ္လို႔ထိန္းထားရတယ္။ဘာလို႔မ်ားအရမ္းေၾကာက္ေနရမွာလဲ။ေဆးလိပ္ေလးတစ္လိပ္ရွိ႐ုံနဲ႕ အခ်ိန္မေ႐ြးသတ္ေသလို႔ရေနတဲ့အခ်ိန္ ဘာေၾကာင့္မ်ားနာနာက်င္က်င္အသတ္ခံေနရမွာလဲ။

ယခုခ်က္ခ်င္းေသသြားလွ်င္ပိုေကာင္းမည္။ဇာတ္လိုက္လက္ခ်က္ေၾကာင့္ဆိုေတာ့ ဇာတ္လမ္းမေသြဖည္ေတာ့ဘူးေပါ့။အေတြးေတြက ေတာင္ေရာက္ေျမာက္ေရာက္။

အသက္ရႉလို႔မဝတဲ့အဆင့္ကေန ရႉလို႔မရတဲ့အဆင့္မွာ သူကမၻာႀကီးနဲ႕အဆက္အသြယ္ျပတ္တယ္။သူၿပဳံးလိုက္မိတယ္ထင္သည္။နံေဘးကစိုးရိမ္တႀကီးေခၚသံေတြက ဟိုးအေဝးႀကီးမွာ

“ဟိတ္ “

ေခြကနဲလဲက်သြားသူကို ခါးမွဖမ္းထိန္းမိတယ္။မ်က္ႏွာတစ္ခုလုံးနီရဲေနျခင္းက ေခ်ာင္းဆိုးျခင္းေၾကာင့္မျဖစ္နိုင္ေၾကာင္း ေဆးလိပ္ေငြ႕ေတြျပယ္မွ သူသတိထားမိသည္။အဲ့ဒီႏႈတ္ခမ္းေတြဆီ စိတ္မေရာက္ ဖို႔ သူဖုံးကြယ္ပစ္တာက ေဆးလိပ္ေငြ႕ေတြနဲ႕။ယခုလိုလဲက်သြားမွ သူအသိဝင္ကာ လက္ထဲမွေဆးလိပ္ကို ပစ္ခ်လိဳ႕နင္းေခ်ပစ္ရတယ္။

“လျခမ္းငယ္ငယ္”

မ်က္ႏွာအားအသာပုတ္ကာေခၚေသာ္လည္း လႈပ္မလာသလို လႈပ္ႏွိုးေသာ္လည္း အ႐ုပ္ႀကိဳးျပတ္။ႏွာေခါင္းနားလက္ေခ်ာင္းေတြေတ့ၾကည့္ေတာ့မွ သူထိတ္လန့္သြားရသည္။

“ငယ္ငယ္ ကိုယ္ေခၚေနတာၾကားလား”

အသက္မဲ့ေနသူလို ဘာမွမတုန့္ျပန္လာ သူ႕မွာသာေျခမကိုင္မိလက္မကိုင္မိ။ဟူဒီလက္ကိုပင့္ကာ ေသြးေၾကာစမ္းေတာ့မွ လက္ဖမိုးမွစကာ လက္ေမာင္းတစ္ေလွ်ာက္လုံး အနီပိန့္ေတြအားေတြ႕ရသည္။ေသြးခုန္ႏႈန္းစမ္းမရျခင္းႏွင့္အတူ သူ႕လက္ေတြပါတုန္ရီလာတယ္။

ခႏၱာကိုယ္ေသးေသးေလးကိုေပြ႕လို႔ သီးသန့္ေလွကားဆီေျပးရတယ္။ေနာက္က သက္ေတာ္ေစာင့္ေတြလည္း ဝ႐ုန္းသုန္းကား။ကားနားေရာက္ေတာ့ Horizon နဲ႕တိုးသည္။သူစိုးရိမ္တႀကီး အကူအညီေတာင္းမိတာပထမဆုံးအႀကိမ္။

“Horizon တစ္ခုခုလုပ္ေပးပါအုံး “

“ဘာျဖစ္တာတုန္း ကိုCean ကားေပၚတက္ႏွင့္ ကြၽန္ေတာ့္ကားေပၚက ေဆးအိတ္သြားယူလိုက္အုံးမယ္”

ႏွစ္ေယာက္လုံးသူ႕ကားေပၚေရာက္ေတာ့ ဦးတည္ရာကေဆး႐ုံဆီ။

“ျပင္းထန္ဓာတ္မတည့္မႈပဲ စိုးရိမ္ရတယ္ ေဆး႐ုံအျမန္ေမာင္း ေက်ာက္စက္အေရးေပၚအခ်က္ေပးမီးဖြင့္လိုက္ ၿပီးရင္ငါ့ေဆး႐ုံကိုဖုန္းဆက္ ျပင္းထန္ဓာတ္မတည့္လူနာပါတယ္ေျပာလိုက္”

ေျပာရင္း အိတ္ထဲကေဆးကိုထုတ္လို႔ ေဆးသြင္းဖို႔ျပင္တယ္။ေသြးေၾကာကရွာမေတြ႕။သူ႕ႏွလုံးေတြကအျပင္ဘက္လို႔ခုန္ထြက္ေတာ့မလို ႐ုတ္႐ုတ္သဲသဲ။လက္ေတြတုန္ေနတာေၾကာင့္ လက္ေသးေသးေလးကိုေတာင္ ၿမဲေအာင္မကိုင္နိုင္ေတာ့။

” ႏွလုံးႏွိုးစက္သုံးမွရေတာ့မယ္ ႏွလုံးမခုန္ေတာ့ဘူး ေဆး႐ုံျမန္ျမန္ေရာက္မွရမယ္ အေရးေပၚအသက္ကယ္နည္းအရင္လုပ္ရမယ္ ခုံေပၚကိုခ်လိဳက္”

ရင္ခြင္ထဲေပြ႕ဖက္ထားသူကို ေပ်ာက္ကြယ္သြားမွာစိုးသလို သူတင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္တယ္။

“ငါ…ငါ”

“ငါကိုေနာက္ထား လူကိုအရင္ခ်ထားလိုက္အသက္မရႉေတာ့ဘူး ဒီလိုနဲ႕တကယ္ေသသြား လိမ့္မယ္လို႔”

“မေသဘူး”

“မေသေစခ်င္ရင္ခုံေပၚတင္လိုက္ေလ”

ေဒါသတႀကီးေအာ္ေျပာလာတဲ့အစ္ကိုျဖစ္သူကို မေအာ္စဖူးျပန္ေအာ္မိတယ္။အသိစိတ္မကပ္သူလို မ်က္ဝန္းေထာင့္စြန္းေတြနီေစြးေစြး။ခုံေပၚခ်ေပးကာ လက္ဖဝါးေတြကိုဆုပ္ကိုင္ထားပုံက လႊတ္ေပးလိုက္ရင္ တစ္ဘဝစာလက္လြတ္သြားေတာ့မလို။

“ေရာက္ၿပီဗ်”

ေက်ာက္စက္အေျပာေၾကာင့္ ခ်ထားတဲ့သူကိုတန္းျပန္ေကာက္ေပြ႕ကာ ကားေပၚကေျပးဆင္းသည္။ေစာင့္ေနတဲ့တြန္းလွည္းေပၚမတင္ဘဲ ဒီအတိုင္းေပြ႕ေျပးေတာ့ ဆရာဝန္ေတြေတာင္လိုက္မမွီ။

“ကိုCean ဒီအခန္း”

ကုတင္ေပၚခ်ေပးလိုက္ေပမယ့္ လက္ကိုလႊတ္မေပးေသး။

“ကိုCean ေနာက္ဆုတ္ေန ႏွလုံးမခုန္ေတာ့ဘူး ႏွလုံးႏွိုးစက္သုံးမွရမွာ”

လက္လႊတ္ကာေနာက္ဆုတ္သြားသူက မၾကည့္ရက္သလိုမ်က္ႏွာလႊဲသည္။ၿပီးမွအခန္းထဲမွထြက္သြားကာအျပင္ဘက္ခုံမွာဝင္ထိုင္လိုက္သည္။မ်က္ႏွာကိုခပ္ၾကမ္းၾကမ္းပြတ္သပ္လိုက္ေတာ့ နီရဲေနတဲ့မ်က္သားေတြနဲ႕အၿပိဳင္ မ်က္ႏွာတစ္ခုလုံးနီရဲစြာ။

ဘယ္လိုလုပ္ၿပီး ဒီအေျခအေနထိေရာက္သြားရတာလဲ။သူကဒီအတိုင္း.. ဒီအတိုင္း သူ႕သိကၡာကိုျပန္လိုခ်င္႐ုံေလးတင္ပါ။အဲ့ႏႈတ္ခမ္းေတြကိုစြဲလမ္းေနတာမဟုတ္ေၾကာင္း သူသိပ္မုန္းခဲ့တဲ့လူက ေသာက္ေနက်စီးကရက္ေလာက္တန္ဖိုးမရွိေၾကာင္း သူ႕စိတ္ကိုသူသက္ေသျပခ်င္႐ုံတင္။

ဘယ္အခ်ိန္ကစၿပီးလြဲမွားေနတာလဲ။သတ္ပစ္ဖို႔ အႀကိမ္ႀကိမ္ႀကဳံးဝါးခဲ့ၿပီး တကယ္ျဖစ္လာခ်ိန္က်မွ သူ႕မွာအလဲလဲအၿပိဳၿပိဳ။ဘာေၾကာင့္ဆိုတဲ့အေျဖဆီမေရာက္ခင္ သူ႕အေတြးေတြကိုရပ္ပစ္တယ္။

သူ႕ေၾကာင့္လူတစ္ေယာက္ အသက္ဆုံးရႉံးသြားမွာမျဖစ္ေစခ်င္႐ုံတင္ပါ။အေတြးေတြထဲ လမ္းေပ်ာက္ေနတုန္း မ်က္စိေရွ႕ေရာက္လာတဲ့ေျခတစ္စုံ။ေမာ့ၾကည့္ေတာ့ Horizon။

“အဆင္ေျပသြားၿပီ”

ရင္ဘတ္မွာ”တစ္”ေနတဲ့အလုံးက အခုမွေအာက္ကိုဆင္းသည္။သက္ပ်င္းတစ္ခ်က္ရႉထုတ္လို႔ ထိုင္ခုံကိုေက်ာမွီလိုက္တယ္။စပ္ဖ်င္းဖ်င္းမ်က္ဝန္းေတြေၾကာင့္ ပိတ္သာထားလိုက္ရတယ္။သူ႕စိတ္ေတြေပါ့သြားရျခင္းဟာ လူတစ္ေယာက္ကိုမသတ္ခဲ့မိလို႔ျဖစ္မွာပါ။

“ဘယ္လိုျဖစ္တာလဲ ဒီတစ္ခါလည္း ကိုCean ေၾကာင့္ပဲမလား”

ျပန္မေျဖျဖစ္ခဲ့ဘူး။တိတ္ဆိတ္ျခင္းဟာဝန္ခံျခင္းမွန္း သူလည္းသိမွာပါ။သက္ပ်င္းခ်သံတိုးတိုးက သူ႕ဆီက။

“ေျပာျပ ဘယ္လိုျဖစ္တာလဲ”

“………..”

“သူ႕အေျခေနျပင္းထန္မွန္း ကိုCeanလည္းသိမွာပါ အကယ္၍အဲ့ဒီေနရာမွာကြၽန္ေတာ္မရွိခဲ့ရင္ အေရးေပၚေဆးသာမထိုးလိုက္နိုင္ရင္ ဒီေဆး႐ုံကိုေရာက္လည္း..”

“ေတာ္ေတာ့”

“ေျပာျပဘယ္လိုျဖစ္တာလဲ”

“သူကစီးကရက္နဲ႕ဓာတ္မတည့္မွန္း ငါမသ်ိခဲ့ဘူး”

“သူကိုယ္တိုင္ေကာသိလား”

ျပန္ၾကားေယာင္မိတာက သူ႕ရဲ႕တားျမစ္သံပဲ။

“သူသိတယ္”

“သူကမေျပာဘူးလား”

“မေသာက္နဲ႕လို႔ဘဲေျပာတာ အဲ့လိုေတြရွိမွန္းမေျပာခဲ့ဘူး”

“သူေျပာရင္ေရာ ကိုCeanနားေထာင္မွာမလို႔လား”

“မင္း ဘာေျပာခ်င္ေနတာလဲ”

“ကိုCeanတို႔ၾကားဘာေတြရွိခဲ့လည္းမသိေပမယ့္ ကိုCeanဘက္ကမတရားတာဆိုတာကေတာ့အမွန္ဘဲ သူ႕ဘာသာေနတဲ့သူကို ဇြတ္စြပ္စြဲတယ္၊မုန္းတယ္ ၿပီးရင္အၿမဲဒဏ္ရာေပးတယ္ ကိုCeanအရမ္းမုန္းေနတယ္ဆိုရင္ လႊတ္ထားေပးလိုက္ပါ့လား သူ႕ဘာသာေနတဲ့သူကိုဘာလို႔..”

“ေတာ္ေတာ့”

ေျပာရင္း ထရပ္လိုက္တယ္။သူဘာမွဆက္မၾကားခ်င္ဘူး။ဒီတစ္ေယာက္နဲ႕ေတြ႕ၿပီးကတည္းက သူ႕ဘဝႀကီး ကေျပာင္းကျပန္ေတြျဖစ္ကုန္ေတာ့တာပဲ။အၿမဲမွန္တယ္ထင္ေနတဲ့သူက မွားမ်ားသြားၿပီလားလို႔ ေတြးမိေနတဲ့အထိ ယုံၾကည္မႈေတြေပ်ာက္ဆုံးေနတာ။

“သူ႕ကိုအခုဘယ္မွာထားမွာလဲ”

“VVIPအခန္းမွာထားမွာ သတိျပန္မရေသးဘူး ေအာက္စီဂ်င္လည္းေပးထားရတယ္ ၿပီးမွသူ႕အိမ္ကလူတစ္ေယာက္ေယာက္ကို ဖုန္းဆက္ေခၚရမွာ”

ေနရာခ်ေပးၿပီးေတာ့ ဆရာဝန္ေတြလည္း အလွ်ိုအလွ်ိုထြက္သြားၾကသည္ က်န္ခဲ့တာသူတို႔ညီအစ္ကိုတင္။

“ဒီေန႕ကိစၥကို ဘယ္သူ႕ကိုမွထုတ္မေျပာဖို႔ အကုန္လုံးကိုမွာထားၿပီးသား အေရးေပၚဝင္ေပါက္ကေနဝင္တာမို႔ တျခားသူေတြလည္းေတြ႕မွာမဟုတ္ဘူး”

“အင္း”

“ေတာ္ေသးတယ္ မိသားစုႀကီးကအေရးပါတဲ့သူမဟုတ္လို႔ တကယ္လို႔မ်ားလုပ္ႀကံခ်င္ရင္ သိပ္ေတာင္အားစိုက္ရမွာမဟုတ္ဘူး ေဆးလိပ္ေငြ႕ေလးမႈတ္ထုတ္လိုက္႐ုံနဲ႕ ေတာက္ကနဲေသမွာပဲ”

“မေျပာနဲ႕ေတာ့”

“အိုေက ေရာ့ ဒါက သူ႕အိတ္ကပ္ထဲကေတြ႕တာ ဖုန္းနံပါတ္ရွာၿပီး သူ႕သူငယ္ခ်င္းဆီဖုန္းဆက္ေပးလိုက္အုံး”

လက္ထဲဖုန္းထည့္ေပးၿပီးထြက္သြားေတာ့ အခန္းထဲမွာသူတို႔ႏွစ္ေယာက္ပဲက်န္ခဲ့သည္။ကုတင္နားတိုးကပ္သြားၿပီး မ်က္ႏွာေလးအားၾကည့္မိသည္။ဓာတ္မတည့္မႈေၾကာင့္ထြက္လာတဲ့ အနီပိန့္ေတြေၾကာင့္ ခါတိုင္းေခ်ာေမြ႕ေနတဲ့မ်က္ႏွာေလးက ယခုေတာ့သနားစဖြယ္။

ေဆး႐ုံဝတ္စုံ အစိမ္းေရာင္ႀကီးၾကား ခႏၱာကိုယ္ေသးေသးေလးက ပိုပိန္သြားသေယာင္။ေဆးသြင္းထားတဲ့လက္ဖမိုးထက္
ေသခ်ာၾကည့္မွျမင္ရနိုင္တဲ့ အမာ႐ြတ္တစ္ခု။သူ႕ပေယာဂပါပဲ။

မ်က္ႏွာလႊဲလို႔ ဖုန္းဆီအာ႐ုံလႊဲတယ္။ဖုန္း screenထက္ေပၚလာတာက သူတို႔သူငယ္ခ်င္းသုံးေယာက္ပုံ။

ေအပ႐ြန္ကိုယ္စီဝတ္ထားၿပီး Alphaျဖစ္သူကဟင္းပန္းကန္မကာရႉတည္တည္ႏွင့္ Betaကေတာ့ ပန္းကန္အားတစ္ဖက္ကကိုင္ထားၿပီး တျခားလက္တစ္ဖက္ကဟင္းအားပါးစပ္ထဲထည့္ကာစပ္ၿဖီးၿဖီး Omegaေလးကေတာ့ စေတာ္ဘယ္ရီသီးအားပါးစပ္ျဖင့္ကိုက္ထားကာ မ်က္လုံးဝိုင္းေတြပိတ္သည္အထိရယ္ေလသည္။ၾကည့္႐ုံႏွင့္ ႏြေးေထြးလြန္းလွသည္။

ၾကည့္ေနရင္း ဝင္လာေသာ Phone Call
တစ္ခုက Warm Nest (ႏြေးေထြးတဲ့အသိုက္အၿမဳံ)တဲ့။ပထမဆုံးအႀကိမ္အျဖစ္ ရႉံးနိမ့္သြားသလို ခံစားရျခင္း……..

##########

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၅, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၅, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၅ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၅ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၅ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၅ light novel, ,

Comment

Leave a Reply

Chapter 16