Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၆

A+ A-

မီးလောင်နေတဲ့စံပယ်ခင်းကြား သူဟာကူကယ်ရာမဲ့။ပြာမှုန်တွေအဖြစ်လွင့်ပျံသွားတဲ့ထဲ သူ့မျက်ရည်တွေပါပျောက်ဆုံးကုန်သည်။

လန့်နိုးလာတော့နှလုံးခုန်နှုန်းတွေက အတိုင်းထက်အလွန်။အသက်ကိုပြင်းပြင်းရှူမိမှ ပုံမှန်အခြေနေကိုပြန်ရောက်သည်။

မနေ့ညကသူ့သူငယ်ချင်းရောက်လာတာမြင်မှ သူပြန်လာခဲ့တာ။Horizonကတော့ အခြေနေကိုရှင်းပြပြီး Mallမှာမတော်တဆတွေ့ခဲ့​ကြောင်းသာမုသားဆိုသည်။ထိုAlphaရဲ့မျက်ဝန်းတွေထဲ စိုးရိမ်မှုတွေအပြင်သူမသိတဲ့ အရောင်တစ်ချို့ရောလို့။ကိုယ်ကတော့သူတို့ကိုCCTV ကနေသာကြည့်ဖြစ်သည်။

ထိုVVIPအခန်းက သူတို့မိသားစုဝင်တွေအတွက် သီးသန့်ခန်း။အစစအရာရာပြည့်စုံသလို ကင်မရာတွေနှင့်အသံဖမ်းစက်တွေက နေရာအနှံ့။Geoကိုယ်တိုင်တပ်ဆင်ထားတာ။

အပြစ်ရှိစိတ်ကြောင့် ထိုအခန်းဆီခြေမချဖြစ်တော့။သတိလည်မလာသေးသူကတော့ ကုတင်ထက်မှာငြိမ်ငြိမ်သက်သက်။စိုင်းတိမ်ငွေ့က ဘေးကခုံမှာဝင်ထိုင်ရင်းလက်ကလေးကိုဆုပ်ကိုင်သည်။မျက်နှာလေးဆီလက်လှမ်းထိလိုက်ပုံကမရဲတရဲ နာကျင်စေမိမှာစိုးရိမ်နေဟန်။

ကားနောက်မှီကိုကျောမှီရင်း လက်ထဲက Macbookကိုပိတ်သည်။အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီးတန်းအိပ်ယာဝင်ပစ်သည်။ညနေစာမစားနိုင်တော့သလို အလုပ်လုပ်ချင်စိတ်လည်းမရှိတော့။ထင်ထားသည့်အတိုင်း အိပ်မက်ဆိုးက ဆီးကြိုတော့တာ။

အရင်လိုဒေါသမထွက်မိတာကသူ့အမှားဖြစ်နေလို့။အိပ်ယာမှထကာဝရံတာဆီခြေဦးလှည့်သည်။အကျင့်ပါနေကျအတိုင်းစီးကရက်ကိုခဲမိတော့ မီးခြစ်ခြစ်ဖို့အားအင်တွေမဲ့လို့။သက်ပြင်းချလို့အခန်းထဲပြန်ဝင်မိသည်။သောက်သူမဲ့တဲ့စီးကရက်လေးက အမှိုက်ပုံးထဲတိတ်ဆိတ်စွာစွန့်ပစ်ခံလိုက်ရသည်။

အလုပ်ထဲရောက်သည်အထိ စိတ်ကကြည်လင်မနေ။နားထဲတပ်ထားတဲ့နားကြပ်ဆီကအသံတစ်ချို့ကြားမိမှ ဆေးရုံကအခြေနေကိုဖော်ပြနေတဲ့Screenဆီအကြည့်ပို့မိသည်။သတိရလာသူက ဘေးကသူငယ်ချင်းနှစ်ယောက်ကိုတွေ့တော့တန်းငိုတော့တာ။တစ်ညလုံးသွင်းထားတဲ့ဆေးတွေကြောင့် အနီပိန့်တွေပျောက်ကာနေရတာသက်သာသွားဟန်။
စိုင်းတိမ်ငွေ့ရင်ခွင်ထဲတိုးဝင်ပြီး ကလေးတွေလိုငိုနေတာ။

“ဘာမှမဖြစ်တော့ဘူးနော် လခြမ်းအရမ်းကြောက်နေတာလား”

“ငယ်ငယ်..ငယ်ငယ်အခုဘယ်မှာရောက်နေတာလဲ”

“Horizonဆေးရုံမှာ နေရတာသက်သာသွားပြီလားဘယ်လိုနေသေးလဲ”

“ငယ်ငယ်အိမ်ပြန်ချင်တယ်”

“ပြန်လို့မရသေးဘူးလေ ဆရာဝန်ကပြောတယ် နောက်နှစ်ရက်လောက်စောင့်ကြည့်ရမယ်တဲ့”

“ဟင့်အင်း ​ဒီမှာမနေချင်ဘူးလို့ အဟင့်”

“ကိုယ်ရော နောင်းညိုရောရှိတယ်လေ”

“တခြားဆေးရုံသွားမယ်”

“ဒီဆေးရုံကမြို့တော်မှာအကောင်းဆုံးလေ လခြမ်းရဲ့”

“ဟင့်အင်းမနေချင်ပါဘူးဆို အရင်တစ်ခါဆရာဝန်ကိုအိမ်ခေါ်ပေးအိမ်ပဲပြန်မှာ”

“ဘာဖြစ်လို့လဲကိုယ့်ကိုပြော လခြမ်းဘာကိုကြောက်လို့လဲ”

“မကြိုက်ဘူးလို့ ဒီဆေးရုံကိုမကြိုက်ပါဘူးဆို”

“နှစ်ရက်ပဲလေ နှစ်ရက်ပြီးရင်အိမ်ပြန်ကြမယ်လေနော်”

“ခုပြန်မှာခု”

“အခုပြန်လို့မရသေးဘူးလေ”

“ပြန်မှာ တစ်ယောက်တည်းပြန်မှာ”

ပြောရင်းတိမ်ငွေ့ရင်ခွင်ထဲကထွက်ကာ ကုတင်ပေါ်ကဆင်းဖို့ပြင်သည်။

“ဟုတ်ပြီဟုတ်ပြီ ပြန်လို့ရပြီလားဆရာဝန်ကိုသွားမေးပေးမယ်လေနော်”

“မရလည်းပြန်မှာ”

“အွန်းအွန်း နောင်းညိုရဲ့family doctorကိုအိမ်ခေါ်ပေးမယ်နော် ခဏလေးပြန်လှဲနေလိုက် ဆရာဝန်တွေကိုအကြောင်းကြားရအုံးမှာ”

“လခြမ်းလေး ခဏနေခဲ့အုံးနော် ငါဆရာဝန်ဆီသွားမေးလိုက်အုံးမယ်”

ပြောရင်း နံဘေးမှာရပ်ကြည့်နေတဲ့ပင်ထနောင်းညိုက အခန်းပြင်ထွက်သွားလေသည်။တိမ်ငွေ့ကသူ့ကို အိပ်ယာပေါ်ပြန်လှဲသိပ်ပေးတော့ လက်ကိုမလွှတ်တမ်းဆွဲထားလေသည်။အားနေတဲ့လက်နှင့်မျက်ရည်တွေသုတ်ပေးတော့ နှုတ်ခမ်းလေးမဲ့လို့ပြန်ကြည့်နေပုံကသနားစဖွယ်။

“မငိုနဲ့တော့နော် ကိုယ်တို့ကလ​ခြမ်းစကားကို အလေးထားတာသိတယ်မလား ဒီမှာမနေချင်ရင်အိမ်ပြန်ခေါ်သွားပေးမှာမို့ ထပ်မငိုရဘူး”

“ငယ်ငယ်အိပ်ပျော်နေတာကြာပြီလား”

“အွန်း မနေ့ကညနေကနေ ခုနေ့လည်ရောက်တော့မယ်”

“တိမ်ငွေ့တို့ရောက်တာကောကြာနေပြီလား”

“မနေ့ကညနေကတည်းကရောက်တာ”

“နောင်းညိုကိုဆူနေသေးလား”

“မဆူပါဘူးလခြမ်းရဲ့ စိတ်ပူနေလို့ဆူချိန်တောင်မရပါဘူး”

“သူ့ကိုဆူလို့မရဘူးနော် ငယ်ငယ့်ကိုအချိန်တိုင်းဂရုစိုက်ပေးဖို့သူ့မှာတာဝန်ရှိမနေဘူးလေ “

“အွန်းပါ ကိုယ်သိပါတယ် အခုရောဘယ်လိုနေသေးလဲသက်သာလား”

“အဆင်ပြေသွားပြီ ဘယ်လိုမှမနေတော့ဘူး”

“စီးကရက်နဲ့Allergyရှိမှန်း အရင်ကတည်းကသိနေတာလား ဘာလို့ကိုယ်တို့ကိုမပြောတာလဲ”

“အဲ့တာကဒီအတိုင်း…. ကျောင်းတုန်းကမတော်တဆသိလိုက်တာ နောက်ပြီးအဲ့လောက်ဆိုးမယ်မထင်ခဲ့ဘူး ငယ်ငယ်ကလည်းအပြင်ထွက်ရတာသဘောမကျတော့အဲ့ကိစ္စကသိပ်အရေးမပါဘူးထင်လို့ပါ အလကားနေရင်းတိမ်ငွေ့တို့စိတ်ပူနေမှာစိုးလို့ အစကတည်းကစိတ်ပူတတ်တဲ့သူတွေကို သိသွားရင်အရမ်းစိတ်ပူနေတော့မှာလေ ငယ်ငယ်ဆင်ခြင်လိုက်ရင်ဖြစ်တာမလို့ တိမ်ငွေ့တို့ကိုစိတ်မပူစေချင်ဘူး”

“အခုလိုဖြစ်သွားတော့ရော ကိုယ်တို့ကပိုစိတ်မပူရတော့ဘူးလား”

“မနေ့ကကိစ္စကမတော်တဆပါ”

“ဘယ်လိုမတော်တဆကများ အရေးပေါ်ခန်းထဲအ​သက်​ကယ်လိုက်ရလောက်တဲ့အထိဖြစ်သွားစေတာလဲ မင်းသာအဲ့ဆရာဝန်နဲ့အချိန်မှီမတွေ့ခဲ့ရင်…”

ဆက်မပြောဘဲ မျက်နှာလွှဲသွားသူကြောင့် ဆုပ်ကိုင်ထားတဲ့လက်ကို ခပ်ဖွဖွပွတ်သပ်ပေးလာသည်။

“အရမ်းစိတ်မပူပါနဲ့ ငယ်ငယ်အခုအဆင်ပြေသွားပြီလေ အားလုံးကသေမျိုးတွေပဲဟာ ဒီအခြေနေကလူတိုင်းမှာရှိနိုင်တာဘဲ”

“လခြမ်း..”

ပြောစကားမဆုံးခင် နောင်းညိုနဲ့အတူဆရာဝန်သုံးယောက် အခန်းထဲဝင်လာ​လေသည်။ဆေးရုံပိုင်ရှင် Horizon၊နောင်းညို၏Family Doctor ပြည့်စုံနိုင်နှင့် မြို့တော်၏အလှပဂေးလေးမုတ်သုံလေညှင်း။ငယ်ငယ်အကြည့်တွေလွှဲလို့ တိမ်ငွေ့လက်ကိုသာတင်းတင်းဆုပ်ထားမိသည်။

“နေရတာဘယ်လိုနေလဲ”

အနားရောက်ရောက်ချင်းမေးလာသည့် Horizon၏အမေး။

“အဆင်ပြေသွားပြီ “

“အသက်ရှူမဝတာ ခေါင်းကိုက်တာ ယားယံတာတွေရှိသေးလား”

“ဘာမှမဖြစ်တော့ဘူး”

“ဆေးရုံဆင်းချင်လို့ဆို”

“ဟုတ်ကဲ့”

“ခဏလေးစမ်းသပ်မယ် အဆင်ပြေရင်ပေးဆင်းမယ်နော် အိမ်ကိုတော့သူကလာကြည့်ပေးလိမ့်မယ်”

ပြည့်စုံနိုင်ကိုညွှန်ပြပြီးပြောလာတာကြောင့် ခေါင်းသာညိတ်ပြလိုက်သည်။ဒီကနေထွက်သွားရရင် ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေတယ်။

စမ်းသပ်မှုတွေပြီးတော့ အဆင်ပြေသည်ဆိုကာဆေးရုံဆင်းခွင့်ရလေသည်။နောင်းညိုကပစ္စည်းတွေသိမ်းနေပြီး သူကတော့တိမ်ငွေ့လက်ကိုမလွှတ်မိ။

“လခြမ်း မနေ့ကကူညီပေးတာဒီဆရာဝန်လေ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ”

“မလိုပါဘူး မလိုပါဘူး စိတ်ထဲမထားပါနဲ့”

ဖြစ်ခဲ့တဲ့အခြေအနေမှန်ကိုနှစ်ဦးစလုံးသိနေတာမို့ ဟန်ဆောင်မျက်နှာဖုံးတွေနှင့်သာဝတ်ကျေတန်းကျေ။ငယ်ငယ့်အခြေနေကို Horizon လည်းရိပ်မိသည်။မျက်နှာကဲခတ်တော်သူအဖို့ ငယ်ငယ့်မျက်နှာကိုကြည့်ရုံနှင့် သူတို့နှင့်ဝေးဝေးနေချင်ကြောင်းတန်းသိလေရာ အပိုစကားမဆိုဘဲနှုတ်ဆက်ကာအခန်းထဲမှထွက်သွားလေသည်။

အခြေနေအားလုံးကိုစောင့်ကြည့်နေသည့်သူလည်း သက်ပြင်းတွေသာချနေမိတာတစ်​လျှောက်လုံး။သူတို့ညီအစ်ကိုတွေရှိသည့်နေရာမှာ တစ်စက္ကန့်တောင်မနေချင်မှန်းသိပ်သိသာတာ။အရင်တုန်းကဘာအတွက်ကြောင့်များ ဒီအခြေနေမှန်ကိုမမြင်မိခဲ့ရတာလဲ။

စတွေ့ကတည်းကအတွေးထဲမှာရှိနေတာက သူ့ကိုချည်းကပ်လာတော့မယ်ဆိုတဲ့စိတ်။မုန်းကိုမုန်းနေရမယ်ဆိုတဲ့အသိ။သတ်ပစ်ဖို့အထိတွေးခဲ့မိတာ။မသိလျှင်သူ့စိတ်ကို တစ်ယောက်ယောက်ကထိန်းချုပ်ထားတဲ့အတိုင်း။

သက်ပြင်းတစ်ချက်နှင့်အတူ ဆုံးဖြတ်ချက်တစ်ခုပါချမိသည်။မသိချင်ယောင်ဆောင်နေဖို့။ဘယ်အချိန်ဘယ်နေရာမှာတွေ့တွေ့ မသိချင်ယောင်ဆောင်ပစ်မည်။အကယ်၍ သူ့ဘက်မှချဥ်းကပ်လာမည်ဆိုလျှင်တော့…………

………….

ဆောင်းဝင်ခါစမို့ အအေးဓာတ်ကမသိမသာ တိုးဝှေ့သည်။လေပြည်တွေကြားပြေးလွှားနေတဲ့အမွှေးရနံ့တစ်ချို့က ခြံထဲကနှင်းဆီတွေဆီက။ဥယျာဥ်မှူးလေးရဲ့လက်ဆောင်မို့ တယုတယပျိုးထားမိသည်။မခူးရက်ခဲ့တဲ့ နှင်းဆီဝါတွေဟာ လောကဓံကိုအလျှော့ပေးလို့ မြေပြင်ထက်မှေးစက်ကုန်သည်။

ဖူးသစ်စနှင်းဆီလေးကိုလက်နဲ့အသာတို့ထိမိတော့ သူပျိုးပေးထားတယ်ဆိုတဲ့အသိနဲ့ပီတိတွေရင်မှာငြိပါသည်။

မနက်ကအကြောင်းဆီအတွေးပြန့်လွင့်တော့ ပီတိတွေလေနဲ့လွင့်ကုန်ပြန်သည်။ထိုတစ်ယောက်ကိုရင်ခွင်ထဲဖက်လို့သူပါဝမ်းနည်းနေပါသတဲ့။

ကိုယ့်အစ်ကိုအမုန်းဆုံးသူဟာ ကိုယ်သဘောကျရသူရဲ့မြတ်နိုးရာလေးပါဆိုတာသူ့အကြောင်းစုံစမ်းရင်းသိခဲ့တာ။အရေးမပါတဲ့အ​ကြောင်းအရာတစ်ခုလို သူဂရုမစိုက်ဖြစ်ခဲ့ဘူး။အနာဂတ်အရှည်ကြီးမှာ သူ့လက်ကိုဆွဲ
လို့လမ်းဆုံးထိလျှောက်မယ်လို့ သူစိတ်မကူးခဲ့လို့။

အခုတော့တစ်ရက်ပြီးတစ်ရက် ရင်ဘတ်ထဲအပြည့်နေရာယူလာပြီ။ငေးကြည့်ရုံဖြစ်တဲ့အဆင့်ကနေမပိုင်ရရင်မဖြစ်တဲ့အထိ ခံစားချက်တွေအဆင့်တက်မှုကသိပ်မြန်တာ။

သူ့ကိုစွန့်လွှတ်ဖို့တွေးမိရင် ကြိုးပြတ်သွားတဲ့စွန်လေးလိုလွင့်ချင်ရာလွင့်နေတာက ကိုယ့်စိတ်တွေ။ဘယ်လိုနည်းနဲ့သူ့နယ်မြေဆီခြေချရမလဲတွေးတိုင်း အပိုင်သိမ်းလိုတဲ့စိတ်ရိုင်းတွေသာဝင်လာတာမို့
အသိစိတ်ကိုတော်တော်ထိန်းချုပ်ရပါသည်။

တောင်းတဲ့ဆုတွေသာပြည့်နိုင်တဲ့နည်းလမ်းရှိရင် မင်းကိုပိုင်ဆိုင်ဖို့ပဲကိုယ်ဆုတောင်းချင်ပါတယ် Poppy……..

…………

ဆောင်းညနေမို့လေပြည်တစ်ချို့ကခပ်အေးအေး။သူ့ရင်ထဲကအပူတွေကတော့ ဘယ်လေညှင်းမှမတိုးတော့တာ သိသိသာသာ။

ကုန်ဆုံးသွားတဲ့နေ့ရက်တွေထဲ သူ့အတွေးတွေကတောင်ရောက်မြောက်ရောက်။တည်ငြိမ်နေကျမို့မသိသာသော်ငြား တွေ့နေကျလူတွေအဖို့ သူ့ရဲ့တိတ်ဆိတ်နေမှုက
မြင်သာနေသည်။

အလုပ်မှလူတွေအားလုံးစကားတောင်ကျယ်ကျ​ယ်မပြောရဲတဲ့အခြေအနေ။မသိလျှင် သူကသက်ရှိရေခဲတောင်ကြီးသဖွယ် သူဖြတ်သွားသည့်နေရာတိုင်း အေးခဲသွားမတတ် အရှိန်အဝါတွေကအေးစက်လှသည်။

လောလောဆယ်ရောက်နေတာကမြေအောက်ခန်းထဲ။ခုံပေါ်တွင်ခြေချိတ်ထိုင်နေတဲ့သူ့ရှေ့ သွေးအလိမ်းလိမ်းဖြင့် အသက်ယဲ့ယဲ့သာရှိနေသူတစ်ယောက်ရှိသည်။မီးမညှိထားတဲ့စီးကရက်ကိုခဲလို့ မျက်ဝန်းပြာတွေကိုမှေးစင်းထားပုံကအာရုံစိုက်ဖို့ပျင်းရိနေဟန်။

“ပြောစမ်းပါအုံး ငါလိုလူကိုတောင်သစ္စာဖောက်ရဲလောက်တဲ့အထိ အဲ့ဘက်ကဘာအကျိုးအမြတ်တွေရလို့လဲ”

စီးကရက်ကိုလက်ကြားပြန်ညှပ်ကာဆိုလာတဲ့ အမေးစကားကအေးစက်စက်။

“တောင်း… တောင်းပန်ပါတယ် Boss ညှာတာပေးပါ”

သွေးစွန်းနေတဲ့မျက်နှာထက် ထိတ်လန့်နေမှုကသိသိသာသာ။

“ငါ့အကြောင်းမသိလို့များအသနားခံနေတာလား မြေအောက်လောကမှာ ငါ့ကိုသစ္စာဖောက်တဲ့လူတွေအတွက်သွားရာလမ်းက တစ်လမ်းပဲရှိတယ်ဆိုတာလူတိုင်းသိပြီးသား”

“သိ သိပါတယ် “

“ပြောစမ်းပါအုံး ငါ့ကိုသစ္စာဖောက်ရတဲ့အကြောင်းအရင်း”

“ကျွန်တော့်ချစ်သူကြောင့်ပါ”

“သိပ်ကိုချစ်တတ်နေတယ်ပေါ့ ငါ့ကိုမကြောက်နိုင်လောက်အောင်အထိ”

“မဟုတ်ရပါဘူးဗျာ သူတို့ကကျွန်တော့်ချစ်သူကိုဓားစာခံလုပ်လာလို့ ကျွန်တော်လုပ်လိုက်ရတာပါ ကျွန်တော့်ချစ်သူကအရမ်းကြောက်တတ်တာမလို့ကျွန်တော်…”

“အို့…အရမ်းချစ်တတ်တာပဲ အခုမင်းသေတော့မယ်ဆိုတော့ မင်းချစ်သူအတွက်စိတ်မကောင်းစရာဘဲ”

“အဆင်ပြေပါတယ် သူသာကောင်းကောင်းမွန်မွန်ရှိနေရင် ကျွန်တော်သေပေးရလဲဖြစ်ပါတယ်”

“ပုံပြင်လေးကကောင်းသား ဒါပေမယ့် ငါကတော့သနားကြင်နာတတ်တဲ့နှလုံးသားမပါခဲ့ပုံပဲ မင်းကိုသနားပေးလို့မရနေဘူး”

“ကျွန်တော်သေရဲပါတယ် အညင်သာဆုံးနည်းလမ်းနဲ့သတ်ပေးဖို့ပဲတောင်းဆိုတာပါ
ကျွန်တော့ဝိညာဥ်နာကျင်နေရင် ကျွန်တော်ချစ်သူကိုမေ့သွားမှာကြောက်ရုံတင်ပါ”

“ခံလိုက်လေ ချစ်လွန်းလို့အစားသေပေးချင်နေတာမလား သေခါနီးအချိန်အရေးမပါတဲ့အချစ်ကြောင့်ဘယ်လိုနာကျင်ရတယ်ဆိုတာ သင်ယူလိုက် ပြီးရင်တမလွန်မှာနောင်တရနေလိုက်”

“ကျွန်တော်သေရမှာမကြောက်ပါဘူး လုပ်ရဲရင်ခံရဲပါတယ် သူ့ကိုစိတ်မချရုံလေးတင်”

“အဲ့တာဆိုပူမနေနဲ့ မင်းချစ်တဲ့သူကိုပါမင်းနောက်ထည့်ပေးလိုက်မယ်”

“Boss”

ထိတ်လန့်တကြားကြည့်လာပြီးရှေ့တိုးလာဖို့ပြင်တော့ သူမတ်တပ်ထရပ်လိုက်ရင်း အထင်သေးသလိုငုံ့ကြည့်လိုက်မိသည်။

“စိတ်မပူပါနဲ့ သူသေလို့​​သေသွားမှန်းတောင်မသိစေရပါဘူး မင်းသာစိတ်ဖြောင့်ဖြောင့်နဲ့သေလိုက်”

ပြောရင်းလှည့်ထွက်ခဲ့တော့ နောက်မှာဝရုန်းသုန်းကားအသံတွေကျန်ခဲ့သည်။ဂရုမစိုက်စွာလှေကားထစ်တွေကိုဖြတ်လို့ အသံတွေကိုထိုအခန်းထဲမှာချန်ခဲ့ပစ်သည်။အပေါ်ထပ်ကနေထွက်ပေါက်ဆီထွက်တော့ ပြင်ပမှာညနေစောင်းနေပြီ။

ဖွင့်ပေးတဲ့တံခါးကနေကားအထဲဝင်ထိုင်လိုက်တော့ သက်တော်စောင့်ကကားကိုပတ်လို့ရှေ့မှာဝင်ထိုင်သည်။

“ဘယ်သွားချင်သေးလဲ Boss”

မြေအောက်လောကနှင့်ပတ်သပ်သည့်အရာတိုင်း ကျောက်စက်ကိုခေါ်သွားလေ့မရှိတာကြောင့် သက်တော်စောင့်ငါးယောက်နှင့်သာထွက်လာခဲ့တာ။ကျန်တဲ့သက်တော်​စောင့်တွေက နောက်ကားတစ်စီးနှင့်လိုက်လိမ့်မည်။

“ဟိုတစ်လောကဝယ်ထားတဲ့မြေကွက်အသစ်ဆီကိုမောင်း”

“ဟုတ်ကဲ့”

မမြင်ရတာနှစ်ပါတ်နီးပါးရှိပြီဖြစ်တဲ့ ဟိုကောင်လေးကစိတ်ထဲရောက်လာသည်။သူအသစ်ဝယ်ထားတဲ့ ခြံကွက်ကိုသွားစစ်ဆေးရုံလေးတင်ပါ။ဟိုကောင်လေးကိုလုံးဝမတွေ့ချင်နေဘူး။မြင်လျှင်တောင်မသိချင်ယောင်ဆောင်ပစ်ပါမည်။

အတွေးတွေနဲ့ထိုရပ်ကွက်ဆီရောက်တော့ အရင်တစ်ခါတွေ့ခဲ့တဲ့စတိုးဆိုင်ကထွက်လာတဲ့ အစိမ်းနုရောင်လေး။ဆွယ်တာအစိမ်းနုရောင်ကြား ဖြူဖြူသေးသေးလေးကပိုဖွေးဥနေဟန်။ဟုတ်မှာပါ အကျည်းတန်လှချိန်ဟုတင်စားကြသည့်ညနေနေရောင်အောက်မှာဆိုတော့ ထိုလောက်တော့လှနေမှာပေါ့။

“သူ့နောက်ကနေဖြည်းဖြည်းလိုက်”

သူ့အမိန့်အဆုံးနားလည်လွယ်သူကတန်းအရှိန်လျှော့သည်။ဟိုကောင်လေးကသူတို့ဆီအာရုံမရှိ။ဆိုင်ကအထွက်လက်ထဲကမုန့်ကိုလက်စသတ်လို့ အမှိုက်ပုံးထဲလွှင့်ပစ်သည်။

ပြီးတော့ခပ်သွက်သွက်လျှောက်သွားပြီး ခပ်လှမ်းလှမ်းရောက်မှလက်ထဲကနောက်ထပ်ပစ္စည်းတစ်ခုကိုထုတ်ယူကြည့်ကာမျက်နှာကခပ်ပြုံးပြုံး။

သူကားရပ်ခိုင်းပြီးကားပေါ်ကတန်းဆင်းကာထိုကောင်လေးဆီလျှောက်သွားလိုက်သည်။ထိုကောင်လေးကိုင်ထားတာရိပ်ခနဲတွေ့လိုက်ကတည်းက သူ့နှလုံးခုန်နှုန်းကဒိတ်ခနဲပဲ။

ခပ်လှမ်းလှမ်းကမြင်တာဆိုပေမယ့် ကြည့်တာနဲ့တန်းသိလိုက်တာကဗူးပေါ်ကစတော်ဘယ်ရီသီးလေးကြောင့်။စတော်ဘယ်ရီကြိုက်တတ်သူကြောင့် သူ့မျက်လုံးထဲတစ်ခါဝင်လာခဲ့ဖူးသည့်ထိုတံဆိပ်။

ဒေါသနှင့်စိုးရိမ်မှုကအချိုးကျစွာ။အနားအရောက် သူ့လက်ထဲကအရာကိုဆတ်ခနဲဆွဲယူပစ်တော့ ကြောင်တောင်တောင်လေးမော့ကြည့်လာပြန်သည်။ထိုဗူးကိုမြှောက်ပြကာသူမေးလိုက်မိတာက အံကြိတ်သံနဲ့။

“ဒါဘာသဘောလဲ လခြမ်းငယ်ငယ်”

#############

ငြိမ်း🌻🌞

မီးေလာင္ေနတဲ့စံပယ္ခင္းၾကား သူဟာကူကယ္ရာမဲ့။ျပာမႈန္ေတြအျဖစ္လြင့္ပ်ံသြားတဲ့ထဲ သူ႕မ်က္ရည္ေတြပါေပ်ာက္ဆုံးကုန္သည္။

လန့္နိုးလာေတာ့ ႏွလုံးခုန္ႏႈန္းေတြက အတိုင္းထက္အလြန္။အသက္ကိုျပင္းျပင္းရႉမိမွ ပုံမွန္အေျခေနကိုျပန္ေရာက္သည္။

မေန႕ညကသူ႕သူငယ္ခ်င္းေရာက္လာတာျမင္မွ သူျပန္လာခဲ့တာ။Horizonကေတာ့ အေျခေနကိုရွင္းျပၿပီး Mallမွာမေတာ္တဆေတြ႕ခဲ့ေၾကာင္းသာ မုသားဆိုသည္။ထိုAlphaရဲ႕မ်က္ဝန္းေတြထဲ စိုးရိမ္မႈေတြအျပင္သူမသိတဲ့ အေရာင္တစ္ခ်ိဳ႕ေရာလို႔။သူကေတာ့ သူတို႔ကိုCCTV ကေနသာၾကည့္ျဖစ္သည္။

ထိုVVIPအခန္းက သူတို႔မိသားစုဝင္ေတြအတြက္ သီးသန့္ခန္း။အစစအရာရာျပည့္စုံသလို ကင္မရာေတြႏွင့္ အသံဖမ္းစက္ေတြက ေနရာအႏွံ႕။Geoကိုယ္တိုင္တပ္ဆင္ထားတာ။

အျပစ္ရွိစိတ္ေၾကာင့္ ထိုအခန္းဆီေျခမခ်ျဖစ္ေတာ့။သတိလည္မလာေသးသူကေတာ့ ကုတင္ထက္မွာ ၿငိမ္ၿငိမ္သက္သက္။စိုင္းတိမ္ေငြ႕က ေဘးကခုံမွာဝင္ထိုင္ရင္း လက္ကေလးကိုဆုပ္ကိုင္သည္။မ်က္ႏွာေလးဆီလက္လွမ္းထိလိုက္ပုံကမရဲတရဲ နာက်င္ေစမိမွာစိုးရိမ္ေနဟန္။

ကားေနာက္မွီကိုေက်ာမွီရင္း လက္ထဲက Macbook ကိုပိတ္သည္။အိမ္ျပန္ေရာက္ေတာ့ ေရမိုးခ်ိဳးၿပီး တန္းအိပ္ယာဝင္ပစ္တယ္။ညေနစာမစားနိုင္ေတာ့သလို အလုပ္လုပ္ခ်င္စိတ္လည္းမရွိေတာ့။ထင္ထားသည့္အတိုင္း အိပ္မက္ဆိုးက ဆီးႀကိဳေတာ့တာ။

အရင္လိုေဒါသမထြက္မိတာက သူ႕အမွားျဖစ္ေနလို႔။အိပ္ယာမွထကာ ဝရံတာဆီေျခဦးလွည့္သည္။အက်င့္ပါေနက်အတိုင္း စီးကရက္ကိုခဲမိေတာ့ မီးျခစ္ျခစ္ဖို႔အားအင္ေတြမဲ့လို႔။သက္ျပင္းခ်လိဳ႕ အခန္းထဲျပန္ဝင္မိတယ္။ေသာက္သူမဲ့တဲ့ စီးကရက္ေလးက အမွိုက္ပုံးထဲတိတ္ဆိတ္စြာ။

အလုပ္ထဲေရာက္သည္အထိ စိတ္ကၾကည္လင္မေန။နားထဲတပ္ထားတဲ့နားၾကပ္ဆီက အသံတစ္ခ်ိဳ႕ၾကားမိမွ ေဆး႐ုံကအေျခေနကိုေဖာ္ျပေနတဲ့ Screen ဆီအၾကည့္ပို႔မိသည္။သတိရလာသူက ေဘးကသူငယ္ခ်င္းႏွစ္ေယာက္ကိုေတြ႕ေတာ့ တန္းငိုေတာ့တာ။တစ္ညလုံးသြင္းထားတဲ့ေဆးေတြေၾကာင့္ အနီပိန့္ေတြေပ်ာက္ကာ ေနရတာသက္သာသြားဟန္။
စိုင္းတိမ္ေငြ႕ရင္ခြင္ထဲတိုးဝင္ၿပီး ကေလးေတြလိုငိုေနတာ။

“ဘာမွမျဖစ္ေတာ့ဘူးေနာ္ လျခမ္းအရမ္းေၾကာက္ေနတာလား”

“ငယ္ငယ္..ငယ္ငယ္အခုဘယ္မွာေရာက္ေနတာလဲ”

“Horizonေဆး႐ုံမွာ ေနရတာသက္သာသြားၿပီလား ဘယ္လိုေနေသးလဲ”

“ငယ္ငယ္အိမ္ျပန္ခ်င္တယ္”

“ျပန္လို႔မရေသးဘူးေလ ဆရာဝန္ကေျပာတယ္ ေနာက္ႏွစ္ရက္ေလာက္ေစာင့္ၾကည့္ရမယ္တဲ့”

“ဟင့္အင္း ဒီမွာမေနခ်င္ဘူးလို႔ အဟင့္”

“ကိုယ္ေရာ ေနာင္းညိုေရာရွိတယ္ေလ”

“တျခားေဆး႐ုံသြားမယ္”

“ဒီေဆး႐ုံကၿမိဳ႕ေတာ္မွာအေကာင္းဆုံးေလ လျခမ္းရဲ႕”

“ဟင့္အင္းမေနခ်င္ပါဘူးဆို ဆရာဝန္ကိုအိမ္ေခၚေပး အိမ္ပဲျပန္မွာ”

“ဘာျဖစ္လို႔လဲ ကိုယ့္ကိုေျပာ လျခမ္းဘာကိုေၾကာက္လို႔လဲ”

“မႀကိဳက္ဘူးလို႔ ဒီေဆး႐ုံကိုမႀကိဳက္ပါဘူးဆို”

“ႏွစ္ရက္ပဲေလ ႏွစ္ရက္ၿပီးရင္အိမ္ျပန္ၾကမယ္ေလေနာ္”

“ခုျပန္မွာခု”

“အခုျပန္လို႔မရေသးဘူးေလ”

“ျပန္မွာ တစ္ေယာက္တည္းျပန္မွာ”

ေျပာရင္း တိမ္ေငြ႕ရင္ခြင္ထဲကထြက္ကာ ကုတင္ေပၚကဆင္းဖို႔ျပင္သည္။

“ဟုတ္ၿပီဟုတ္ၿပီ ျပန္လို႔ရၿပီလား ဆရာဝန္ကိုသြားေမးေပးမယ္ေလေနာ္”

“မရလည္းျပန္မွာ”

“အြန္းအြန္း ေနာင္းညိုရဲ႕ family doctor ကိုအိမ္ေခၚေပးမယ္ေနာ္ ခဏေလးျပန္လွဲေနလိုက္ ဆရာဝန္ေတြကိုအေၾကာင္းၾကားရအုံးမွာ”

“လျခမ္းေလး ခဏေနခဲ့အုံးေနာ္ ငါဆရာဝန္ဆီသြားေမးလိုက္အုံးမယ္”

ေျပာရင္း နံေဘးမွာရပ္ၾကည့္ေနတဲ့ ပင္ထေနာင္းညိုက အခန္းျပင္ထြက္သြားေလသည္။တိမ္ေငြ႕ကသူ႕ကို အိပ္ယာေပၚျပန္လွဲသိပ္ေပးေတာ့ လက္ကိုမလႊတ္တမ္းဆြဲထားေလသည္။အားေနတဲ့လက္ႏွင့္ မ်က္ရည္ေတြသုတ္ေပးေတာ့ ႏႈတ္ခမ္းေလးမဲ့လို႔ ျပန္ၾကည့္ေနပုံက သနားစဖြယ္။

“မငိုနဲ႕ေတာ့ေနာ္ ကိုယ္တို႔ကလျခမ္းစကားကို အေလးထားတာသိတယ္မလား ဒီမွာမေနခ်င္ရင္အိမ္ျပန္ေခၚသြားေပးမွာမို႔ ထပ္မငိုရဘူး”

“ငယ္ငယ္အိပ္ေပ်ာ္ေနတာၾကာၿပီလား”

“အြန္း မေန႕ကညေနကေန ခုေန႕လည္ေရာက္ေတာ့မယ္”

“တိမ္ေငြ႕တို႔ေရာက္တာေကာၾကာေနၿပီလား”

“မေန႕ကညေနကတည္းကေရာက္တာ”

“ေနာင္းညိုကိုဆူေနေသးလား”

“မဆူပါဘူးလျခမ္းရဲ႕ စိတ္ပူေနလို႔ဆူခ်ိန္ေတာင္မရပါဘူး”

“သူ႕ကိုဆူလို႔မရဘူးေနာ္ ငယ္ငယ့္ကိုအခ်ိန္တိုင္းဂ႐ုစိုက္ေပးဖို႔ သူ႕မွာတာဝန္ရွိမေနဘူးေလ “

“အြန္းပါ ကိုယ္သိပါတယ္ အခုေရာဘယ္လိုေနေသးလဲ သက္သာလား”

“အဆင္ေျပသြားၿပီ ဘယ္လိုမွမေနေတာ့ဘူး”

“စီးကရက္နဲ႕ Allergy ရွိမွန္း အရင္ကတည္းကသိေနတာလား ဘာလို႔ကိုယ္တို႔ကိုမေျပာတာလဲ”

“အဲ့တာကဒီအတိုင္း…. ေက်ာင္းတုန္းကမေတာ္တဆသိလိုက္တာ ေနာက္ၿပီးအဲ့ေလာက္ဆိုးမယ္မထင္ခဲ့ဘူး ငယ္ငယ္ကလည္းအျပင္ထြက္ရတာသေဘာမက်ေတာ့အဲ့ကိစၥကသိပ္အေရးမပါဘူးထင္လို႔ပါ အလကားေနရင္း တိမ္ေငြ႕တို႔စိတ္ပူေနမွာစိုးလို႔ အစကတည္းကစိတ္ပူတတ္တဲ့သူေတြကို သိသြားရင္ အရမ္းစိတ္ပူေနေတာ့မွာေလ ငယ္ငယ္ဆင္ျခင္လိုက္ရင္ျဖစ္တာမလို႔ တိမ္ေငြ႕တို႔ကို စိတ္မပူေစခ်င္ဘူး”

“အခုလိုျဖစ္သြားေတာ့ေရာ ကိုယ္တို႔ကပိုစိတ္မပူရေတာ့ဘူးလား”

“မေန႕ကကိစၥကမေတာ္တဆပါ”

“ဘယ္လိုမေတာ္တဆကမ်ား အေရးေပၚခန္းထဲ အသက္ကယ္လိုက္ရေလာက္တဲ့အထိျဖစ္သြားေစတာလဲ မင္းသာအဲ့ဆရာဝန္နဲ႕အခ်ိန္မွီမေတြ႕ခဲ့ရင္…”

ဆက္မေျပာဘဲ မ်က္ႏွာလႊဲသြားသူေၾကာင့္ ဆုပ္ကိုင္ထားတဲ့လက္ကို ခပ္ဖြဖြပြတ္သပ္ေပးလာသည္။

“အရမ္းစိတ္မပူပါနဲ႕ ငယ္ငယ္အခုအဆင္ေျပသြားၿပီေလ အားလုံးကေသမ်ိဳးေတြပဲဟာ ဒီအေျခေနကလူတိုင္းမွာရွိနိုင္တာဘဲ”

“လျခမ္း..”

ေျပာစကားမဆုံးခင္ ေနာင္းညိုနဲ႕အတူဆရာဝန္သုံးေယာက္ အခန္းထဲဝင္လာေလသည္။ေဆး႐ုံပိုင္ရွင္ Horizon၊ေနာင္းညို၏Family Doctor ျပည့္စုံနိုင္ ႏွင့္ ၿမိဳ႕ေတာ္၏အလွပေဂးေလး မုတ္သုံေလညွင္း။ငယ္ငယ္အၾကည့္ေတြလႊဲလို႔ တိမ္ေငြ႕လက္ကိုသာတင္းတင္းဆုပ္ထားမိသည္။

“ေနရတာဘယ္လိုေနလဲ”

အနားေရာက္ေရာက္ခ်င္းေမးလာသည့္ Horizon၏အေမး။

“အဆင္ေျပသြားၿပီ “

“အသက္ရႉမဝတာ ေခါင္းကိုက္တာ ယားယံတာေတြရွိေသးလား”

“ဘာမွမျဖစ္ေတာ့ဘူး”

“ေဆး႐ုံဆင္းခ်င္လို႔ဆို”

“ဟုတ္ကဲ့”

“ခဏေလးစမ္းသပ္မယ္ အဆင္ေျပရင္ေပးဆင္းမယ္ေနာ္ အိမ္ကိုေတာ့သူကလာၾကည့္ေပးလိမ့္မယ္”

ျပည့္စံနိုင္ကိုၫႊန္ျပၿပီးေျပာလာတာေၾကာင့္ ေခါင္းသာညိတ္ျပလိုက္တယ္။ဒီကေနထြက္သြားရရင္ ဘယ္လိုပဲျဖစ္ျဖစ္အဆင္ေျပတယ္။

စမ္းသပ္မႈေတြၿပီးေတာ့ အဆင္ေျပသည္ဆိုကာ ေဆး႐ုံဆင္းခြင့္ရေလသည္။ေနာင္းညိုကပစၥည္းေတြသိမ္းေနၿပီး သူကေတာ့တိမ္ေငြ႕လက္ကိုမလႊတ္မိ။

“လျခမ္းမေန႕က ကူညီေပးတာဒီဆရာဝန္ေလ”

“ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ဗ်”

“မလိုပါဘူး မလိုပါဘူး စိတ္ထဲမထားပါနဲ႕”

ျဖစ္ခဲ့တဲ့အေျခအေနမွန္ကို ႏွစ္ဦးစလုံးသိေနတာမို႔ ဟန္ေဆာင္မ်က္ႏွာဖုံးေတြႏွင့္သာ ဝတ္ေက်တန္းေက်။ငယ္ငယ့္အေျခေနကို Horizon လည္းရိပ္မိသည္။မ်က္ႏွာကဲခတ္ေတာ္သူအဖို႔ ငယ္ငယ့္မ်က္ႏွာကိုၾကည့္႐ုံႏွင့္ သူတို႔ႏွင့္ေဝးေဝးေနခ်င္ေၾကာင္း တန္းသိေလရာ အပိုစကားမဆိုဘဲ ႏႈတ္ဆက္ကာအခန္းထဲမွထြက္သြားေလသည္။

အေျခေနအားလုံးကိုေစာင့္ၾကည့္ေနသည့္သူလည္း သက္ျပင္းေတြသာခ်ေနမိတာတစ္ေလွ်ာက္လုံး ။သူတို႔ညီအစ္ကိုေတြရွိသည့္ေနရာမွာ တစ္စကၠန့္ေတာင္မေနခ်င္မွန္း သိပ္သိသာတာ။အရင္တုန္းကဘာအတြက္ေၾကာင့္မ်ား ဒီအေျခေနမွန္ကိုမျမင္မိခဲ့ရတာလဲ။

စေတြ႕ကတည္းက အေတြးထဲမွာရွိေနတာက သူ႕ကိုခ်ည္းကပ္လာေတာ့မယ္ဆိုတဲ့စိတ္။မုန္းကိုမုန္းေနရမယ္ဆိုတဲ့အသိ။သတ္ပစ္ဖို႔အထိေတြးခဲ့မိတာ။မသိလွ်င္သူ႕စိတ္ကို တစ္ေယာက္ေယာက္ကထိန္းခ်ဳပ္ထားတဲ့အတိုင္း။

သက္ျပင္းတစ္ခ်က္ႏွင့္အတူ ဆုံးခ်က္ခ်က္တစ္ခုပါခ်မိတယ္။မသိခ်င္ေယာင္ေဆာင္ေနဖို႔။ဘယ္အခ်ိန္ဘယ္ေနရာမွာေတြ႕ေတြ႕ မသိခ်င္ေယာင္ေဆာင္ပစ္မည္။အကယ္၍ သူ႕ဘက္မွခ်ဥ္းကပ္လာမည္ဆိုလွ်င္ေတာ့…………

………….

ေဆာင္းဝင္ခါစမို႔ အေအးဓာတ္ကမသိမသာ တိုးေဝွ႕တယ္။ေလျပည္ေတြၾကား ေျပးလႊားေနတဲ့အေမႊးရနံ႕တစ္ခ်ိဳ႕က ၿခံထဲကႏွင္းဆီေတြဆီက။ဥယ်ာဥ္မႉးေလးရဲ႕လက္ေဆာင္မို႔ တယုတယပ်ိဳးထားမိတယ္။မခူးရက္ခဲ့တဲ့ ႏွင္းဆီဝါေတြဟာ ေလာကဓံကိုအေလွ်ာ့ေပးလို႔ ေျမျပင္ထက္ေမွးစက္တယ္။

ဖူးသစ္စႏွင္းဆီေလးကို လက္နဲ႕အသာတို႔ထိမိေတာ့ သူပ်ိဳးေပးထားတယ္ဆိုတဲ့အသိနဲ႕ ပီတိေတြရင္မွာၿငိပါတယ္။

မနက္ကအေၾကာင္းဆီအေတြးျပန္လြင့္ေတာ့ ပီတိေတြေလနဲ႕လြင့္ကုန္တယ္။ထိုတစ္ေယာက္ကိုရင္ခြင္ထဲဖက္လို႔ သူပါဝမ္းနည္းေနပါသတဲ့။

ကိုယ့္အစ္ကိုအမုန္းဆုံးသူဟာ ကိုယ္သေဘာက်ရသူရဲ႕ျမတ္နိုးရာေလးပါဆိုတာသူ႕အေၾကာင္းစုံစမ္းရင္းသိခဲ့တာ။အေရးမပါတဲ့အေၾကာင္းအရာတစ္ခုလို သူဂ႐ုမစိုက္ျဖစ္ခဲ့ဘူး။အနာဂတ္အရွည္ႀကီးမွာ သူ႕လက္ကိုဆြဲ
လို႔ လမ္းဆုံးထိေလွ်ာက္မယ္လို႔ သူစိတ္မကူးခဲ့လို႔။

အခုေတာ့တစ္ရက္ၿပီးတစ္ရက္ ရင္ဘတ္ထဲအျပည့္ေနရာယူတယ္။ေငးၾကည့္႐ုံျဖစ္တဲ့အဆင့္ကေန မပိုင္ရရင္မျဖစ္တဲ့အထိ အဆင့္တက္မႈေတြသိပ္ျမန္တာ။

သူ႕ကိုစြန့္လႊတ္ဖို႔ေတြးမိရင္ ႀကိဳးျပတ္သြားတဲ့စြန္ေလးလို လြင့္ခ်င္ရာလြင့္ေနတာ သူ႕စိတ္ေတြ။ဘယ္လိုနည္းနဲ႕သူ႕နယ္ေျမဆီေျခခ်ရမလဲေတြးတိုင္း အပိုင္သိမ္းလိုတဲ့ စိတ္ရိုင္းေတြသာဝင္လာတာမို႔
အသိစိတ္ကိုေတာ္ေတာ္ထိန္းခ်ဳပ္ရပါတယ္။

ေတာင္းတဲ့ဆုေတြျပည့္နိုင္တဲ့နည္းလမ္းရွိရင္ မင္းကိုပိုင္ဆိုင္ဖို႔ပဲ ကိုယ္ဆုေတာင္းခ်င္ပါတယ္ poppy……..

…………

ေဆာင္းညေနမို႔ ေလျပည္တစ္ခ်ိဳ႕ကခပ္ေအးေအး။သူ႕ရင္ထဲကအပူေတြကေတာ့ ဘယ္ေလညွင္းမွမတိုးေတာ့တာ သိသိသာသာ။

ကုန္ဆုံးသြားတဲ့ေန႕ရက္ေတြထဲ သူ႕အေတြးေတြကေတာင္ေရာက္ေျမာက္ေရာက္။တည္ၿငိမ္ေနက်မိဳ႕မသိသာေသာ္ျငား ေတြ႕ေနက်လဴေတြအဖို႔ သူ႕ရဲ႕တိတ္ဆိတ္ေနမႈက
ျမင္သာေနသည္။

အလုပ္မွလူေတြအားလုံး စကားေတာင္က်ယ္က်ယ္မေျပာရဲတဲ့အေျခအေန။မသိလွ်င္ သူကသက္ရွိေရခဲေတာင္ႀကီးသဖြယ္ သူျဖတ္သြားသည့္ေနရာတိုင္း ေအးခဲသြားမတတ္ အရွိန္အဝါေတြကေအးစက္လွသည္။

ေလာေလာဆယ္ေရာက္ေနတာကေျမေအာက္ခန္းထဲ။ခုံေပၚတြင္ေျခခ်ိတ္ထိုင္ေနသူ,သူ႕ေရွ႕ ေသြးအလိမ္းလိမ္းျဖင့္ အသက္ယဲ့ယဲ့သာရွိေနသူ တစ္ေယာက္ရွိသည္။မီးမညွိထားတဲ့စီးကရက္ကိုခဲလို႔ မ်က္ဝန္းျပာေတြကိုေမွးစင္းထားပုံက ပ်င္းရိေနဟန္။

“ေျပာစမ္းပါအုံး ငါလိုလူကိုေတာင္သစၥာေဖာက္ရဲေလာက္တဲ့အထိ အဲ့ဘက္ကဘာအက်ိဳးအျမတ္ေတြရလို႔လဲ”

စီးကရက္ကိုလက္ၾကားျပန္ညွပ္ကာ အေမးစကားကေအးစက္စက္။

“ေတာင္း ေတာင္းပန္ပါတယ္ Boss ညွာတာေပးပါ”

ေသြးစြန္းေနတဲ့မ်က္ႏွာထက္ ထိတ္လန့္ေနမႈကသိသိသာသာ။

“ငါ့အေၾကာင္းမသိလို႔မ်ား အသနားခံေနတာလား ေျမေအာက္ေလာကမွာ ငါ့ကိုသစၥာေဖာက္တဲ့လူေတြအတြက္သြားရာလမ္းက တစ္လမ္းပဲရွိတယ္ဆိုတာလူတိုင္းသိၿပီးသား”

“သိ သိပါတယ္ “

“ေျပာစမ္းပါအုံး ငါ့ကိုသစၥာေဖာက္ရတဲ့အေၾကာင္းအရင္း”

“ကြၽန္ေတာ့္ခ်စ္သူေၾကာင့္ပါ”

“သိပ္ကိုခ်စ္တတ္ေနတယ္ေပါ့ ငါ့ကိုမေၾကာက္နိုင္ေလာက္ေအာင္အထိ”

“မဟုတ္ရပါဘူးဗ်ာ သူတို႔ကကြၽန္ေတာ့္ခ်စ္သူကိုဓားစာခံလုပ္လာလို႔ ကြၽန္ေတာ္လုပ္လိုက္ရတာပါ ကြၽန္ေတာ့္ခ်စ္သူက အရမ္းေၾကာက္တတ္တာမလို႔ကြၽန္ေတာ္…”

“အို႔…အရမ္းခ်စ္တတ္တာပဲ အခုမင္းေသေတာ့မယ္ဆိုေတာ့ မင္းခ်စ္သူအတြက္စိတ္မေကာင္းစရာဘဲ”

“အဆင္ေျပပါတယ္ သူသာေကာင္းေကာင္းမြန္မြန္ရွိေနရင္ ကြၽန္ေတာ္ေသေပးရလဲျဖစ္ပါတယ္”

“ပုံျပင္ေလးကေကာင္းသား ဒါေပမယ့္ ငါကေတာ့သနားၾကင္နာတတ္တဲ့ႏွလုံးသားမပါခဲ့ပုံပဲ မင္းကိုသနားေပးလို႔မရေနဘူး”

“ကြၽန္ေတာ္ေသရဲပါတယ္ အညင္သာဆုံးနည္းလမ္းနဲ႕သတ္ေပးဖို႔ပဲေတာင္းဆိုတာပါ
ကြၽန္ေတာ့ဝိညာဥ္နာက်င္ေနရင္ ကြၽန္ေတာ္ခ်စ္သူကို ေမ့သြားမွာေၾကာက္႐ုံတင္ပါ”

“ခံလိုက္ေလ ခ်စ္လြန္းလို႔အစားေသေပးခ်င္ေနတာမလား ေသခါနီးအခ်ိန္ အေရးမပါတဲ့အခ်စ္ေၾကာင့္ဘယ္လိုနာက်င္ရတယ္ဆိုတာ သင္ယူလိုက္ ၿပီးရင္တမလြန္မွာေနာင္တရေနလိုက္”

“ကြၽန္ေတာ္ေသရမွာမေၾကာက္ပါဘူး လုပ္ရဲရင္ခံရဲပါတယ္ သူ႕ကိုစိတ္မခ်႐ုံေလးတင္”

“အဲ့တာဆိုပူမေနနဲ႕ မင္းခ်စ္တဲ့သူကိုပါမင္းေနာက္ထည့္ေပးလိုက္မယ္”

“Boss”

ထိတ္လန့္တၾကားၾကည့္လာၿပီး ေရွ႕တိုးလာဖို႔ျပင္တယ္။သူမတ္တပ္ထရပ္လိုက္ရင္း အထင္ေသးသလိုငုံ႕ၾကည့္လိုက္မိသည္။

“စိတ္မပူပါနဲ႕ သူေသလို႔ေသသြားမွန္းေတာင္မသိေစရပါဘူး မင္းသာစိတ္ေျဖာင့္ေျဖာင့္နဲ႕ေသလိုက္”

ေျပာရင္းလွည့္ထြက္ခဲ့ေတာ့ ေနာက္မွာဝ႐ုန္းသုန္းကားအသံေတြက်န္ခဲ့သည္။ဂ႐ုမစိုက္စြာ ေလွကားထစ္ေတြကိုျဖတ္လို႔ အသံေတြကိုထိုအခန္းထဲမွာခ်န္ခဲ့ပစ္သည္။အေပၚထပ္ကေန ထြက္ေပါက္ဆီထြက္ေတာ့ ျပင္ပမွာ ညေနေစာင္းေနၿပီ။

ဖြင့္ေပးတဲ့တံခါးကေနကားအထဲဝင္ထိုင္လိုက္ေတာ့ သက္ေတာ္ေစာင့္ကကားကိုပတ္လို႔ ေရွ႕မွာဝင္ထိုင္သည္။

“ဘယ္သြားခ်င္ေသးလဲ Boss”

ေျမေအာက္ေလာကႏွင့္ပတ္သပ္သည့္အရာတိုင္း ေက်ာက္စက္ကိုေခၚသြားေလ့မရွိတာေၾကာင့္ သက္ေတာ္ေစာင့္ငါးေယာက္ႏွင့္သာထြက္လာခဲ့တာ။က်န္တဲ့သက္ေတာ္ေစာင့္ေတြက ေနာက္ကားတစ္စီးႏွင့္လိုက္လိမ့္မည္။

“ဟိုတစ္ေလာကဝယ္ထားတဲ့ေျမကြက္အသစ္ဆီကိုေမာင္း”

“ဟုတ္ကဲ့”

မျမင္ရတာ ႏွစ္ပါတ္နီးပါးရွိၿပီျဖစ္တဲ့ ဟိုေကာင္ေလးကစိတ္ထဲေရာက္လာသည္။သူအသစ္ဝယ္ထားတဲ့ ၿခံကြက္ကိုသြားစစ္ေဆး႐ုံေလးတင္ပါ။ဟိုေကာင္ေလးကိုလုံးဝမေတြ႕ခ်င္ေနဘူး။ျမင္လွ်င္ေတာင္ မသိခ်င္ေယာင္ေဆာင္ပစ္ပါမည္။

အေတြးေတြနဲ႕ထိုရပ္ကြက္ဆီေရာက္ေတာ့ အရင္တစ္ခါေတြ႕ခဲ့တဲ့စတိုးဆိုင္ကထြက္လာတဲ့ အစိမ္းႏုေရာင္ေလး။ဆြယ္တာအစိမ္းႏုေရာင္ၾကား ျဖဴျဖဴေသးေသးေလးက ပိုေဖြးဥေနဟန္။ဟုတ္မွာပါ အက်ည္းတန္လွခ်ိန္ဟုတင္စားၾကသည့္ ညေနေနေရာင္ေအာက္မွာဆိုေတာ့ ထိုေလာက္ေတာ့လွေနမွာေပါ့။

“သူ႕ေနာက္ကေနျဖည္းျဖည္းလိုက္”

သူ႕အမိန့္အဆုံး နားလည္လြယ္သူကတန္းအရွိန္ေလွ်ာ့သည္။ဟိုေကာင္ေလးကသူတို႔ဆီအာ႐ုံမရွိ။ဆိုင္ကအထြက္ လက္ထဲကမုန့္ကိုလက္စသတ္လို႔ အမွိုက္ပုံးထဲလႊင့္ပစ္သည္။

ၿပီးေတာ့ခပ္သြက္သြက္ေလွ်ာက္သြားၿပီး ခပ္လွမ္းလွမ္းေရာက္မွလက္ထဲကေနာက္ထပ္ပစၥည္းတစ္ခုကို ထုတ္ယူၾကည့္ကာမ်က္ႏွာကခပ္ၿပဳံးၿပဳံး။

သူကားရပ္ခိုင္းၿပီး ကားေပၚကတန္းဆင္းကာထိုေကာင္ေလးဆီေလွ်ာက္သြားလိုက္သည္။ထိုေကာင္ေလးကိုင္ထားတာရိပ္ခနဲေတြ႕လိုက္ကတည္းက သူ႕ႏွလုံးခုန္ႏႈန္းကဒိတ္ခနဲပဲ။

ခပ္လွမ္းလွမ္းကျမင္တာဆိုေပမယ့္ ၾကည့္တာနဲ႕တန္းသိလိုက္တာက ဗူးေပၚကစေတာ္ဘယ္ရီသီးေလးေၾကာင့္။စေတာ္ဘယ္ရီႀကိဳက္တတ္သူေၾကာင့္ သူ႕မ်က္လုံးထဲတစ္ခါဝင္လာခဲ့ဖူးသည့္ထိုတံဆိပ္။

ေဒါသႏွင့္စိုးရိမ္မႈက အခ်ိဳးက်စြာ။အနားအေရာက္ သူ႕လက္ထဲကအရာကိုဆတ္ခနဲဆြဲယူပစ္ေတာ့ ေၾကာင္ေတာင္ေတာင္ေလးေမာ့ၾကည့္လာျပန္သည္။ထိုဗူးကိုျမႇောက္ျပကာသူေမးလိုက္မိတာက အံႀကိတ္သံနဲ႕။

“ဒါဘာသေဘာလဲ လျခမ္းငယ္ငယ္”

#############

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၆, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၆, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၆ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၆ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၆ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၆ light novel, ,

Comment

Leave a Reply

Chapter 17