Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၇

A+ A-

ပန်းချီကားကိုလက်စသတ်ကာ အကြောဆန့်လိုက်သည်။နေ့လည်စာစားပြီးကတည်းက ဆွဲနေတာမို့ ညနေစောင်းထိဆိုတော့ခါးတွေညောင်းနေပြီ။အပျင်းပြေသရေစာစားဖို့ပြင်တော့ ရေခဲမုန့်လေးစားချင်လာရော။

လက်ကျန်ရေခဲမုန့်လေးကမနေ့က,စားလိုက်တာမို့ရေခဲသေတ္တာထဲမှာမရှိတော့။အညောင်းအညာပြေလမ်းလျှောက်ရင်း ရေခဲမုန့်သွားဝယ်စားဖို့စဥ်းစားမိသည်။နောင်းညိုကအိမ်မှာမရှိတာမို့ သူခိုးထွက်လို့ရလောက်သည်။

ဟိုကိစ္စဖြစ်ပြီးသွားကတည်းက အပြင်ထွက်ခွင့်မရတာ၂ပါတ်ပြည့်တော့မည်။ချုပ်ချယ်တယ်လို့မခံစားမိဘဲ နွေးထွေးမှုတွေခံစားရတာကသူတို့ရဲ့မေတ္တာတွေကြောင့်။သူစိမ်းတွေဆီကမိသားစုဆန်ဆန်မေတ္တာတွေရထားတဲ့သူဟာသိပ်ကံကောင်းပါသည်။

စတော်ဘယ်ရီသီးလေးတမြုံ့မြုံ့ဝါးလို့ စတိုးဆိုင်ရှိရာဆီထွက်ခဲ့သည်။ဆောင်းဝင်လာပြီမို့ နေဝင်စောသည်။ယခုလေးနာရီကျော်ပြီမို့ မကြာခင်အမှောင်ထုလေးစိုးမိုးလာတော့မည်
။

လမ်းဘေးသစ်ပင်မှ မမှီမကမ်းသစ်ရွက်လေးကိုလက်ဖြင့်ခုန်ခူးလိုက်ပါသေးသည်။သစ်ရွက်လေးကကျီစားသလို လေနှင့်လွှင့်ကာသူ့လက်မှရှောင်တော့ သူသဘောတကျရယ်ပစ်လိုက်သည်။အကောင်းမြင်တတ်တဲ့စိတ်ရှိရင် သစ်ရွက်လေးတစ်ရွက်ကြောင့်လည်း ပျော်ရွှင်မှုကိုရှာတွေ့နိုင်ပါသည်။

ဆိုင်ထဲရောက်တော့Betaအစ်ကိုကပြုံးပြသည်။ဒီနေ့လည်းလူရှင်းနေပြန်ပါပြီ။

“ဘာလိုချင်လို့လဲညီလေး ဟိုတစ်ယောက်ကောမပါဘူးလား”

“သူကမအားလို့မလိုက်လာဘူး စတော်ဘယ်ရီရေခဲမုန့်လိုချင်လို့”

ပြောရင်း ရေခဲသေတ္တာထဲမှစားနေကျဗူးလေးတစ်ဗူးထုတ်ယူလိုက်သည်။ဗူးကိုချက်ချင်းဖောက်စားတော့ခံတွင်းထဲမှာကျင်ခနဲ။ခန္တာကိုယ်လေးတုန်ခနဲဖြစ်သွားတော့ Betaအစ်ကိုကသဘောတကျရယ်လေသည်။

ပိုက်ဆံရှင်းရင်းမြင်မိတာက ဘေးမှာတင်ထားတဲ့နှိပ်မီးခြစ်အနီရောင်လေး။ရုတ်တရတ်မျက်ဝန်းတွေဝေ့ဝဲရှာမိတာက စီးကရက်တွေတင်ထားသည့်စင်ဘက်။

“အစ်ကို”

“ဗျာ”

မော့ကြည့်ရင်းထူးလာပုံကတအံ့တဩ။သူ့ကိုအစ်ကိုလို့တစ်ခါမှမခေါ်ဖူးလို့စိတ်လှုပ်ရှားသွားတာ။

“ဘာလိုချင်လို့လဲ ညီ”

“ဟိုဟာ”

လက်ညှိုးသွယ်သွယ်​လေးထိုးပြမိတာက စတော်ဘယ်ရီအရသာစီးကရက်ဗူးလေး။ထိုကောင်လေးကရယ်ပြန်ပြီ။

“အဲ့တာစီးကရက် ညီသောက်လို့မရဘူး စတော်ဘယ်ရီတွေစွဲလမ်းနေတာလားညီ”

“လိုချင်လို့ ယူပေးပါလား”

သူ့နောက်ကစင်ကအကြည့်မလွှဲပဲခပ်တိုးတိုးပြောလာသူကြောင့် နှလုံးသားကမခုခံနိုင်စွာ လက်လှမ်းကာယူပေးမိသည်။လက်ထဲမထည့်ခင်သေချာမှာရသေးသည်။

“သောက်လို့မရဘူးနော် ဗူးလေးကလှလို့လိုချင်ရင်သိမ်းထားလို့ရတယ် ဟုတ်ပြီလား”

“ဟုတ်”

ချက်ချင်းပြန်ဖြေလာကာ ခေါင်းပါညိတ်ပြပြီး ဘေးကမီးခြစ်လေးပါယူတော့သူမျက်ခုံးပင့်သွားသည်။

“မီးခြစ်ယူလို့မရဘူးညီ”

“လိုချင်တယ်”

“စီးကရက်မသောက်ဘူးလို့ကတိပေးထားတယ်မလား မီးခြစ်ကဘာလုပ်ဖို့လဲ”

“လိုက်ဖက်ညီလို့”

“ဟမ်”

“စီးကရက်တွေရှိပြီးမီးခြစ်မရှိရင် ကာရံမဲ့နေမှာပေါ့”

“စကားတတ်လိုက်တာကွာ”

“ယူမှာ”

ပြောရင်း လက်ကိုလည်းနောက်သို့ဖွက်ပစ်လိုက်တော့ Betaအစ်ကိုကရယ်ရင်းခေါင်းခါလေသည်။

“ယူလို့ရတယ် သောက်လို့မရဘူးနော်”

“ဟုတ်”

“ရော့ ဒါကပြန်အမ်းငွေ မီးခြစ်ကကိုယ်ကလက်ဆောင်ပေးတာ မေတ္တာလက်ဆောင်”

“ကျေးဇူးတင်ပါတယ်ခင်ဗျ”

ခေါင်းငုံ့ကာခါးအနည်းငယ်ကိုင်ပြီး ကျေးဇူးတင်လိုက်သည်။ပြီးမှထိုဆိုင်ထဲကလှည့်ထွက်လိုက်သည်။ရေခဲမုန့်လေးကိုလက်တစ်ဖက်ကကိုင်ပြီး တခြားတစ်ဖက်က စီးကရက်ဗူးနှင့်မီးခြစ်လေးကိုကြည့်သည်။အရမ်းလိုက်ဖက်တာပဲ။

ဒါလေးကိုဘယ်သူမှမမြင်အောင် ခန္တာကိုယ်မှာအမြဲဆောင်ထားရမည်။အတွေးတစ်ချို့ကြောင့်သူပြုံးမိပြန်သည်။ရေခဲမုန့်ကိုလက်စသတ်ကာ အခွံကိုဆိုင်ရှေ့အမှိုက်ပုံးထဲထည့်လိုက်သည်။

ဆိုင်နှင့်နည်းနည်းလှမ်းမှ စီးကရက်ဗူးကိုဖွင့်ကြည့်သည်။စီးကရက်လေးကချစ်စရာလေး။ဒီသေးသေးလေးတစ်လိပ်ကသူ့အသက်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်တဲ့။စီးကရက်ဆီအာရုံရောက်နေတုန်း ရုတ်တရတ်ဆွဲလုခံလိုက်ရတာကြောင့် သူ့မှာကြောင်တောင်တောင်လေးရယ်။

“ဒါကဘာသဘောလဲ လခြမ်းငယ်ငယ်”

ဒေါသသံနှင့်အတူ စီးကရက်ဗူးကိုသူ့မျက်စိရှေ့ထောင်ပြလာလေသည်။သူဆွံ့အနေမိတာကြောင့်စကားပြန်မပြောနိုင်သေး။

“မေးနေတယ်လေ”အ”နေတာလား”

အော်လိုက်တာကြောင့် ထိတ်လန့်စွာ ဆတ်ခနဲနောက်ဆုတ်တော့ လက်မောင်းတစ်ဖက်ကိုဆောင့်ဆွဲလိုက်တာမို့ သူရင်ဘတ်နဲ့ဝင်တိုက်မိတော့တာပဲ။

“ဖြေလေ ဒါကဘာလဲလို့”

“စီးကရက်”

လူကိုပုခုံးမှလှုပ်ခါပြီးဒေါသတကြီးအမေးအဆုံး ခေါင်းငုံ့ကာဖြေလာတဲ့ခပ်တိုးတိုးအဖြေကလေသံသဲ့သဲ့သာထွက်လာသည်။

“အဟက် တကယ်ကိုဒေါသကိုလာဆွနေတာပဲ “

အကြည့်လွှဲကာရယ်ပစ်လိုက်တာက ခနဲ့သံနဲ့။

“လာခဲ့”

ပြောရင်းခါးမှဆွဲပွေ့ကာကားနောက်ခန်းထဲထည့်သည်။ပြီးနောက်သူပါဝင်လာပြီး တံခါးအားlockချပစ်သည်။

“မင်းတို့အပြင်ထွက်”

ကားရှေ့ခန်းကသက်တော်စောင့်နှစ်ယောက်က တန်းအပြင်ထွက်သည်။ကားကတစ်ဖက်မြင်မှန်မို့အပြင်မှအထဲကိုမမြင်ရ။

“တံခါးဖွင့်ပေး ..ကယ်ကြပါအုံး”

“အော်မနေနဲ့ ဘယ်သူမှကြားမှာမဟုတ်ဘူး”

“ဘာလုပ်မို့လဲ ရှေ့မတိုးလာနဲ့”

ကားမှန်နှင့်သူ့ကြားညှပ်ထားတာကြောင့် မလူးသာမလွန့်သာ။သူ့ရင်ဘတ်ထဲမြုပ်ဝင်နေတာကြောင့် နောက်မှကြည့်လျှင်သူ့ကိုမမြင်ရသည်အထိ ခန္တာကိုယ်ချင်းကွာပါသည်။

“ဖယ်ပေးလို့ “

“​မေးနေတာအရင်ဖြေ ဘာကိစ္စ အဲ့​ေ-ာက် ပစ္စည်းကိုဝယ်လာတာလဲလို့”

ဒေါသကိုထိန်းထားသလိုအံကြိတ်သံဖြင့်မေးလာတာကြောင့် တိုးတိုးလေးအတွန့်တက်မိသည်။

“သူနဲ့လဲမဆိုင်ဘဲနဲ့”

“ဘာ”

“တံခါးဖွင့်ပေး မှောင်တော့မှာအိမ်ပြန်မလို့”

“နားမပါဘူးလား မေးနေတာအရင်ဖြေလေ”

“ခင်ဗျားကြီးနဲ့ဆိုင်လို့လား”

“ဘာလဲ တအားတွေသေချင်နေတာလား”

“ဟုတ်တယ် တအားတွေသေချင်နေလို့ ရပြီလား လွှတ်ပေး”

“ရတယ်လေ”

ပြောရင်းအဲ့နှုတ်ခမ်းတွေကိုအနိုင်ကျင့်ပစ်သည်။ကိုယ်သိပ်မုန်းတဲ့စတော်ဘယ်ရီအရသာက သူ့ခံတွင်းထဲအပြည့်။ရုန်းခွင့်တောင်မသာတဲ့သူကို တစ်ဖက်သတ်အနိုင်ကျင့်ပစ်မိသည်။

သူ့မှာတော့အပြစ်မကင်းစိတ်ကြောင့် စီးကရက်မြင်တိုင်းဒေါသထွက်နေရသည်။ယခင်ဆို တစ်နေ့အနည်းဆုံးနှစ်လိပ်သောက်ဖြစ်သော်ငြား ခုတစ်ပါတ်အတွင်းတစ်ပါတ်လုံးမှသုံးလိပ်သာသောက်ဖြစ်သေးတာ။အာသာပြေရုံနှစ်ရှိုက်ခန့်ရှိုက်ပြီးသူလွှင့်ပစ်တတ်စမြဲ။

သူ့ကိုအဲ့လိုဖြစ်အောင်လုပ်ခဲ့တဲ့တရားခံကတော့ တစ်ခါမှမသောက်ဖူးတဲ့စီးကရက်ကို သွားဝယ်လာပါသတဲ့။အသက်ရှူမဝ၍ရုန်းကန်လာသော်လည်း သူလွှတ်မပေးမိ။စတော်ဘယ်ရီအရသာတွေကုန်တဲ့အထိ ခံတွင်းတစ်ခုလုံးကို နေရာအနှံ့ကျူးကျော်ပစ်သည်။

မျက်နှာထက်ခပ်နွေးနွေးမျက်ရည်တစ်ချို့စီးဆင်းလာတော့မှ နှုတ်ခမ်းတွေကိုအလွတ်ပေးကာပါးပြင်တွေထက်ခြေဆန့်သည်။ချွန်မြမြသူ့နှာတံကြောင့်အိစက်စက်ပါးပြင်တွေ အရောင်ရင့်ကုန်သည်။မျက်ဝန်းအိမ်ထက် နှုတ်ခမ်းတွေဖိကပ်ပစ်တော့ ငံကျိကျိမျက်ရည်တစ်ချို့ကသူ့နှုတ်ခမ်းမှာစွန်းပေကုန်တော့သည်။

“ဘာလို့ငိုနေတာလဲ သေချင်နေတာမဟုတ်ဘူးလား အဲ့စီးကရက်တွေနဲ့သေမယ့်အစား ကိုယ့်နှုတ်ခမ်းမှာစွန်းနေတဲ့စီးကရက်နံ့တွေနဲ့သေပစ်လိုက် အနည်းဆုံးတော့ကိုယ့်first kissကိုရတာမို့ဂုဏ်ယူရတာပေါ့ “

သူပြောသမျှပြန်မပြောနိုင်သူက အသိစိတ်နဲ့လူနဲ့ ခဏတာလမ်းခွဲထားဟန်။နှုတ်ခမ်းတွေဟကာလေကိုအလုအယက်ရှူနေပြီး မျက်ရည်စွန်းတဲ့မျက်ဝန်းအိမ်ကမှေးစင်းနေတာကြောင့် ရှည်လျားတဲ့မျက်တောင်မွှေးလေးတွေကငှက်မွှေးယပ်တောင်လေးသဖွယ်။

ကြည့်လေကြည့်လေအသည်းကိုလာကလိလေ။မသိချင်ယောင်ဆောင်ဖို့စိတ်ကူးတွေ ဆောင်းလေနှင့်အတူလွင့်ပါသွားတာ သူ့ကိုမြင်ကတည်းက။

ဖယ်ရိုမုန်းနံ့မဟုတ်တဲ့စံပယ်နံ့သင်းသင်းက သူ့လည်တိုင်ဆီက။သူ့နှာခေါင်းကိုလာရောက်မကျူးကျော်ဘဲ သူ့နှာခေါင်းကသွားရောက်ကျူးကျော်ပစ်လိုက်တာ။

လွင့်သွားတဲ့လိပ်ပြာတွေကိုပြန်ခေါ်ပေးဖို့စိတ်ကူးမရှိတာက ယစ်မူးလို့မဝသေးလို့။ညှပ်ရိုးတွေပါခပ်ဖွဖွဖိနမ်းပြီး ခါးသေးသေးကိုလက်နဲ့ညှစ်ပစ်လိုက်သည်။တစ်ကိုယ်လုံးကိုရမ်းကားပစ်ဖို့ စိတ်ထဲကနတ်ဆိုးက တိုက်တွန်းနေတာ။

“မလုပ်ပါနဲ့”

ထိပ်ဆုံးကြယ်သီးပြုတ်သွားတာကြောင့် ပေါ်လာတဲ့ရင်ဘတ်ဆီဆက်ကျူးကျော်ပစ်တော့ တားဆီးလာသံကအလန့်တကြား။လွင့်သွားတဲ့လိပ်ပြာတွေဟာ သိပ်ဝေးဝေးမရောက်ခဲ့ဘူးထင်။

“ပြော ဘာစိတ်ကူးနဲ့စီးကရက်တွေဝယ်လာတာလဲ”

“လှလို့”

“ယုံချင်စရာကောင်းအောင်ပြော လှလို့ဆိုပြီးဝယ်သိမ်းထားရအောင် မင်းအိမ်ကအလှထားတဲ့မွှေးပွရုပ်မဟုတ်ဘူးကွ”

“မလိမ်ဘူး”

“ဆက်လိမ်နေလိုက် အဲ့ရောင်းတဲ့ကောင်ကို ထောင်ပါချပစ်မယ်”

“မလုပ်နဲ့”

“သိပ်ကိုယ်ချင်းစာတတ်နေတာပေါ့ မလုပ်စေချင်ရင်အစကတည်းကဆင်ခြင်လေ လူကိုလူဆိုးဖြစ်အောင်လုပ်ပြီးမှလာကြောက်ပြမနေနဲ့”

“အိမ်ပြန်ချင်ပြီ”

ကြောင်လေးတွေချွဲသလိုခပ်ချွဲချွဲအပြောကြောင့် သူ့မှာမနည်းတင်းခံနေရသည်။

“မပူနဲ့အိမ်ထဲထိလိုက်ပို့မှာ ပြီးရင်မင်းသူငယ်ချင်းဆိုတဲ့အကောင်ကိုပါခုနအကြောင်းတွေအကုန်ပြောပြမှာ”

“မပြောနဲ့”

“ပြောမှာ ပြောတော့ဖြင့်မိုးလားကဲလားသိပ်ဂရုစိုက်ကြပုံနဲ့ ခုကြလုပ်ချင်ရာလုပ်ဆိုပြီးလွှတ်ထားတာ”

“သူ့မှာအာဏာရှိတယ်ဆိုတိုင်း သူများကိုလိုက်အနိုင်ကျင့်နေတာ အီးး”

ပြောရင်းမျက်ရည်တွေကစီးကျလာပြန်သည်။ပေါလိုက်တဲ့မျက်ရည်ကွာ။

“မငိုနဲ့ ငိုရင်အိမ်ခေါ်သွားပစ်မယ်”

“မလိုက်ဘူး”

“အဲ့တာဆိုတိတ်”

ပြောရင်း မျက်ရည်တွေကိုနှုတ်ခမ်းနဲ့ပွတ်ဆွဲပစ်လိုက်သည်။ထိုအခါ သူ့မျက်နှာကိုတွန်းကန်လာတဲ့လက်ကလေးတစ်ဖက်။
ထိုလက်ကလေးကိုပါ ပါးစပ်ထဲဆွဲစုပ်ပစ်လိုက်တော့ဇွတ်ရုန်းလာပြန်ရော။

“ကိုယ်ကျင့်တရားမကောင်းတဲ့လူကြီး”

“ဟုတ်တယ်ကိုယ်ကျင့်တရားမကောင်းဘူး အဲ့တာကြောင့်ငါ့ကိုလာမဆွဲဆောင်နဲ့ မဟုတ်ရင်ဘယ်အထိအနိုင်ကျင့်ပစ်မိမလဲ မင်းတွေးမိမှာမဟုတ်ဘူး”

“ဘယ်သူကဆွဲဆောင်နေလို့လဲ”

“မင်းလေ ငါမှငါဖြစ်နေတဲ့မင်း”

“ဘာမှမဟုတ်ဘူး လျှောက်ပြောမနေနဲ့ မကြိုက်ပါဘူးဆို”

“လိမ်ပြန်ပြီ”

“ဘယ်သူကလိမ်နေလို့လဲ ဘယ်လိုလူကကိုယ်ကြိုက်ပါတယ်ဆိုတဲ့လူကိုအမြဲရှောင်ပြေးနေလို့လဲ”

“ပြေးတယ်ဆိုကတည်းကလိုက်စေချင်လို့လေ အဲ့အကွက်တွေကိုယ်သိပြီးသား”

“အဲ့တာဆိုမပြေးတော့ဘူး”

“နောက်ဆုံးတော့ဝန်ခံပြီပေါ့”

“လူယုတ်မာကြီး သူလိုရာဆွဲတွေးနေပြီးတော့ သူများပြောတာတွေကျဘယ်တော့မှလက်မခံဘဲနဲ့”

“မင်းကအမြဲလိမ်နေတာလေ ယုံချင်စရာကောင်းလို့လား”

“အိမ်ပြန်ချင်ပြီလို့ မှောင်နေပါပြီဆို”

“လိုက်ပို့မှာ”

ပြောရင်း ခလုပ်တစ်ခုအားနှိပ်လိုက်တော့ အလန့်တကြားလေးမော့ကြည့်လာပြန်သည်။

“ကိုယ့်ဘာသာပြန်မှာ တံခါးဖွင့် အွန့်”

ပြောစကားမဆုံးခင် နှုတ်ခမ်းတွေချင်းထိကပ်ပစ်လိုက်သည်။ကားထဲဝင်လာတဲ့ သက်တော်စောင့်နှစ်ယောက်ကတော့ ဘာမှမမြင်သူတွေလိုရှေ့တည့်တည့်ကိုသာကြည့်နေလေသည်။

“ပြော ဘယ်မှာနေတာလဲ”

“ဟင့်အင်းလို့ ကိုယ့်ဘာသာ..”

“မပြောရင် အိမ်ခေါ်သွားမှာ”

“လူကြီးဖြစ်ပြီးအနိုင်မကျင့်ပါနဲ့”

“အိမ်ကိုမောင်း”

သူ့ကိုလျစ်လျူရှူပြီး ရှေ့ကသက်တော်စောင့်ကိုလှမ်းပြောလိုက်တော့ အသည်းအသန်ရုန်းကန်လာလေသည်။

“မလိုက်ဘူးလို့ ရှေ့တည့်တည့်ကိုဆက်မောင်း ရောက်ရင်ပြောပြမယ်”

“မင်းက ကိုယ့်စကားဆိုတစ်ခါတည်းနဲ့ဘယ်တော့မှနားမထောင်ဘူး ပြီးရင်ကိုယ်ကပဲလူဆိုးဖြစ်ရော”

“ကိုယ့်ဘာသာနေတဲ့လူကို ဘယ်သူကအရင်လာရန်စတာလဲ”

“အရမ်းတွေစွာနေတာပဲ”

ပြောရင်းထပ်ထိကပ်သွားပြန်တဲ့နှုတ်ခမ်းတွေနဲ့မရွေ့မှန်းသိရက်နှင့်တွန်းထုတ်နေတဲ့လက်လေးတွေ။ရှေ့ကနှစ်ယောက်မှာတော့ ကားကိုဖြည်းညှင်းစွာမောင်းရင်း လိပ်စာပြောပြလာဖို့နားစွင့်ထားရလေသည်။

တွန်းထုတ်လို့မရတော့ လက်တွေကိုနေရာရွှေ့ပြီးနားရွက်ကိုလိမ်ဆွဲလာလေသည်။သူကြောင်,အသွားပြီးနောက်ဆုတ်မိတော့မှ အသက်ကိုအလုအယက်ရှူရင်း

“ရောက်ပြီကားရပ်ပေးတော့”

အပြင်ကိုကြည့်မိတော့သူရင်းနှီးတဲ့နေရာ။သူဝယ်ထားတဲ့မြေနေရာနှင့်မျက်နှာချင်းဆိုင်ကွန်ဒို။ပင်ထနောင်းညိုပိုင်တဲ့နေရာမှာနေတယ်ဆိုတာ သူခဏမေ့သွားခဲ့တာ။

“ကားတံခါးဖွင့်ပေးလို့”

ကျယ်ဝန်းတဲ့ခုံပေါ် ထောင့်စွန်းမှာဖိကပ်ခံထားရသူက မိခင်ရင်ခွင်ထဲကကလေးလိုခွေခွေလေး။ကားတံခါး lockဖွင့်ပေးရင်း သူပါဆင်းဟန်ပြင်လိုက်သည်။

“ဆင်း”

“ခင်ဗျားကဘာလို့ဆင်းမှာလဲ”

တံခါးမဖွင့်သေးဘဲသူ့ရင်ဘတ်ကိုတွန်းကန်ထားပြန်သည်။သူ,လက်ထဲက စီးကရက်ဗူးကိုမြှောက်ပြရင်းမျက်ခုံးပင့်ပြတော့ မျက်နှာလေးငယ်ချပစ်တာချက်ချင်း။

“မလိုက်ရဘူး”

“လိုက်မှာ ပြီးရင်ဒီဗူးကိုလည်းသူ့လက်ထဲကိုအပ်အုံးမှာ”

“မယူတော့ဘူးလေနော် ခင်ဗျားကိုအပိုင်ပေးမယ်လေအိမ်ကိုမလိုက်ခဲ့နဲ့”

စီးကရက်ကိုင်ထားတဲ့လက်ကို သူ့ရင်ဘတ်ဆီလက်လေးနှစ်ဖက်နှင့်တွန်းကပ်လာလေသည်။

“ဘာလဲ အသစ်ထပ်ဝယ်မလို့လား”

“ဟင့်အင်း ဟင့်အင်း မဝယ်တော့ဘူး တကယ်”

ရမ်းနေတဲ့ခေါင်းလေးထက် ခပ်ကွေးကွေးဆံနွယ်ခွေလေးတွေကဝေ့ကနဲဝဲကနဲ။

“လိမ်နေပြန်ပြီ”

“မလိမ်ပါဘူးဆို”

“ကတိပေးတယ်ပေါ့”

“ဟုတ်ဟုတ် ကတိပေးတယ်”

“ပါးစပ်ကတိတွေကိုယုံရမှာလား”

“အာ့ဆိုဘယ်လိုကတိပေးရမှာလဲ”

အပြင်ကိုတစ်ချက်လှမ်းကြည့်ပြီး ငိုမဲ့မဲ့မေးလာပုံကသနားစဖွယ်။သူကြောက်နေမှာပေါ့ အပြင်ဘက်မှာနေ့အလင်းရောင်ပျောက်လို့ မီးအလင်းရောင်တွေအစားထိုးနေပြီပဲ။ဆောင်းရာသီရဲ့နေက ဆွဲချသွားသလိုသိပ်မြန်တာ။သူနဲ့တွေ့တုန်းကသိပ်မိုးမချုပ်သေးပေမဲ့ အခုတော့ညဘက်ကိုရောက်နေပြီ။

“ကိုယ့်ကိုနမ်း”

“အမ်”

မထင်မှတ်ထားဟန် မော့ကြည့်လာတာကြောင့်စိုက်ကြည့်ပေးလိုက်သည်။သူ့စကားကြောင့် ရှေ့ကသက်တော်စောင့်နှစ်ယောက်တောင် တောင့်ကနဲဖြစ်သွားတာ မျက်ဝန်းထောင့်ကနေရိပ်ကနဲတွေ့လိုက်ရသည်။

“မှောင်နေပြီ နမ်းမှာလား လိုက်ခဲ့ရမှာလား”

အဖြေပြန်ပေးမလာပဲငိုမဲ့မဲ့မျက်နှာထားပြန်ဖြစ်သွားပြန်သည်။အမြဲတမ်းငိုနေတတ်သူကို ငိုအောင်စ,ရတာလည်း စိတ်ချမ်းသာမှုတစ်မျိုးပေလား။

“ကဲ လာလိုက်ပို့မယ်”

“မပို့ပါနဲ့ဆို အင့်..”

လက်ကတွန်းထားတာကိုဖယ်မပေးဘဲ မော့ကြည့်လာတဲ့မျက်ဝန်းထဲ မျက်ရည်ကထပ်ဝိုင်းလာပြန်ပါပြီ။သူအားသုံးလျှင်မတားနိုင်မှန်းသိသော်လည်း ဒီအချိန်မှာအားအင်ချွေတာချင်နေပါသည်။

“ကိုယ် သုံးအထိရေမယ် ပြီးရင်မင်းမှာစဥ်းစားခွင့်ကုန်ပြီ ကိုယ့်ဆုံးဖြတ်ချက်ကအတည် မဖယ်ပေးရင်ပွေ့ခေါ်သွားမှာ တစ်….နှစ်..
.သုံး…သွားအွတ်..”

သူ့စကားမဆုံးခင် နှုတ်ခမ်းကိုပစ်ဆောင့်လာတဲ့မျက်နှာလေး။အနမ်းလို့မဆိုသာတဲ့ သွားချင်းတိုက်တဲ့ပွဲလိုမျိုး သူ့နှုတ်ခမ်းကိုလာခုတ်တဲ့နှုတ်ခမ်းတစ်စုံ။ပြီးတော့တံခါးဖွင့်ကာဆင်းပြေးဖို့ကြံသည်။သူ့လက်တွေထက်နှေးတဲ့လက်တံတိုတိုလေးတွေကြောင့် သူ့ရင်ခွင်ထဲပြန်ဆွဲသွင်းခံလိုက်ရတာဘတ်ခနဲ။

“အီးဟီးးးးး လူယုတ်မာကြီးကတိလည်းမတည်ဘူး သူ့မှာလူတွေပါတယ်ဆိုတိုင်း လူအားကိုးနဲ့အနိုင်ကျင့်နေတာ အူးဝါးးးးး
အကျင့်မကောင်းတဲ့လူကြီး “

သူဘာမှမပြောရသေးခင် အားရပါးရငိုချပစ်တာကလေးတွေအတိုင်း။မျက်ရည်ဥကြီးတွေ တပေါက်ပေါက်ကျလာတာကြောင့် သူ့မှာခြေမကိုင်မိလက်မကိုင်မိ။ရင်ခွင်ထဲတင်းတင်းကြပ်ကြပ်ဖိကပ်ပစ်လိုက်တော့ ရင်ဘတ်ကိုကိုက်ဆွဲလာလေသည်။

ကြွက်သားတွေချည်းမို့ကိုက်ဆွဲလို့မရတော့ ပိုဒေါသထွက်သွားပြီး ရင်ဘတ်ကိုခေါင်းနှင့်တိုက်လာလေသည်။လှုပ်မရအောင်ခေါင်းကိုပါထိန်းပစ်လိုက်တော့ခြေထောက်တွေနှင့်ကန်ကျောက်လာပြန်ရော။တကယ့်ကို ကြောင်ဆိုးလေးလိုလုပ်နေတာက အသည်းယားစရာ။

“ဟုတ်ပြီ ပြန်ခိုင်းမယ်အငိုတိတ်တော့ လိုက်လည်းမပို့တော့ဘူး ထပ်လည်းမနမ်းခိုင်းတော့ဘူး ထပ်မငိုနဲ့တော့”

သူ့စကားဆုံးတော့မှငြိမ်သက်သွားသူက ငိုရလွန်း၍ရှိူက်ပါရှိူက်နေသေးတာ။လက်ကိုဖြေလျှော့လို့ မျက်နှာလေးဆွဲမော့တော့ မျက်နှာလေးကယုန်လေးတွေလို။မျက်လုံးဝိုင်းလေးတွေအစ်နေပြီး နှာခေါင်းလေးရဲနေတာကြောင့် ဂရုဏာတွေကအညှောင့်ပေါက်လာသည်။

“ဖယ်ပေး”

“ခဏလေးစောင့်အုံး ဒီအတိုင်းပြန်သွားလို့ သူငယ်ချင်းကမေးလာရင် ဘယ်လိုဖြေမှာတုန်း”

တိတ်ဆိတ်သွားတာက လက်ခံကြောင်းအရိပ်မြွတ်။ငြိမ်သက်နေတဲ့ကားအတွင်း သူ့ရှိူက်သံတွေသာအသက်ဝင်နေတာ။ကျောပြင်ကိုဖြည်းဖြည်းချင်းပုတ်ပေးလို့ ရှိူက်သံရပ်အောင်စောင့်ရသည်။

“ရပြီ”

“မျက်လုံးတွေအစ်နေသေးတယ်”

“ပြန်မှာ”

“ပြန်လို့ရတယ် သူငယ်ချင်းကမေးရင်ဘယ်လိုဖြေမှာတုန်း”

“…………”

“မေးနေတာပြန်ဖြေ”

“အဖြေရှိတယ်”

“ပြောပြ”

“ဟင့်အင်း”

“ကြည့်…”

ပြောမယ့်စကားလုံးတွေ လည်ချောင်းအောက်ပြန်ဆင်းသွားတာက ထပ်ငိုဟန်ပြင်လာသူကြောင့်။

“ဟုတ်ပါပြီ သွားတော့”

ကားတံခါးဖွင့်ပေးတော့ ပြေးဆင်းသွားတာ ယုန်တစ်ကောင်လို။ကျောပြင်လေးကွယ်ပျောက်သွားတဲ့အထိကြည့်နေပြီးမှ အိမ်ပြန်ဖို့အချက်ပြမိသည်။

“No.1 “

“ဟုတ်ကဲ့ Boss”

“အဲ့ကလေးကိုအချိန်ပြည့်စောင့်ကြည့်ဖို့ လူနှစ်ယောက်လွှတ်ထား မသိသာစေနဲ့”

“ဟုတ်ကဲ့”

ခြေချိတ်ကာလက်ပိုက်မိတော့ ရင်ဘတ်မှာစိုစိုစွတ်စွတ်။

“ဟားးးးးးး”

မချင့်မရဲသက်ပြင်းချလိုက်မိကာ သူ့မှာရယ်ရအခက်ငိုရအခက်။အဲ့ကြောက်ချင်ယောင်ဆောင်တဲ့ကလေးက သူ့အဝတ်ကိုနှပ်ချေးတွေပယ်ပယ်နှယ်နှယ်ကိုသုတ်သွားတာ။
ဆံပင်တွေကိုနောက်လှန်တင်ရင်းမချင့်မရဲပြုံးမိတော့တာပဲ။

ဒီနေ့မှညလေးကပိုလှနေသယောင်။
တစ်ချို့ညတွေလှပနေဖို့ လမင်းမလို၊ကြယ်ကလေးတွေမလို၊လေပြည်တွေမလိုအပ်ကြောင်း အချစ်ကသင်ပြပေးသွားပါလိမ့်မယ်………

##############

ငြိမ်း🌻🌞

ပန္းခ်ီကားကိုလက္စသတ္ကာ အေၾကာဆန့္လိုက္တယ္။ေန႕လည္စာစားၿပီးကတည္းက ဆြဲေနတာမို႔ ညေနေစာင္းထိဆိုေတာ့ ခါးေတြေညာင္းေနၿပီ။အပ်င္းေျပသေရစာစားဖို႔ျပင္ေတာ့ ေရခဲမုန့္ေလးစားခ်င္လာေရာ။

လက္က်န္ေရခဲမုန့္ေလးကမေန႕က,စားလိုက္တာမို႔ ေရခဲေသတၱာထဲမွာမရွိေတာ့။အေညာင္းအညာေျပလမ္းေလွ်ာက္ရင္း ေရခဲမုန့္သြားဝယ္စားဖို႔စဥ္းစားမိတယ္။ေနာင္းညိုကအိမ္မွာမရွိတာမို႔ သူခိုးထြက္လို႔ရေလာက္သည္။

ဟိုကိစၥျဖစ္ၿပီးသြားကတည္းက အျပင္ထြက္ခြင့္မရတာ ၂ပါတ္ျပည့္ေတာ့မည္။ခ်ဳပ္ခ်ယ္တယ္လို႔မခံစားမိဘဲ ႏြေးေထြးမႈေတြခံစားရတာက သူတို႔ရဲ႕ေမတၱာေတြေၾကာင့္။သူစိမ္းေတြဆီက မိသားစုဆန္ဆန္ေမတၱာေတြရထားတာ သူဟာသိပ္ကံေကာင္းပါသည္။

စေတာ္ဘယ္ရီသီးေလးတၿမဳံ႕ၿမဳံ႕ဝါးလို႔ စတိုးဆိုင္ရွိရာဆီထြက္ခဲ့တယ္။ေဆာင္းဝင္လာၿပီမို႔ ေနဝင္ေစာသည္။ယခုေလးနာရီေက်ာ္ၿပီမို႔ မၾကာခင္ အေမွာင္ထုေလးစိုးမိုးလာေတာ့မည္
။

လမ္းေဘးသစ္ပင္မွ မမွီမကမ္းသစ္႐ြက္ေလးကို လက္ျဖင့္ခုန္ခူးလိုက္ပါေသးသည္။သစ္႐ြက္ေလးကက်ီစားသလို ေလႏွင့္လႊင့္ကာသူ႕လက္မွေရွာင္ေတာ့ သူသေဘာတက်ရယ္ပစ္လိုက္သည္။အေကာင္းျမင္တတ္တဲ့စိတ္ရွိရင္ သစ္႐ြက္ေလးတစ္႐ြက္ေၾကာင့္လည္း ေပ်ာ္႐ႊင္မႈကိုရွာေတြ႕နိုင္ပါတယ္။

ဆိုင္ထဲေရာက္ေတာ့ Betaအစ္ကိုကၿပဳံးျပသည္။ဒီေန႕လည္းလူရွင္းေနျပန္ပါၿပီ။

“ဘာလိုခ်င္လို႔လဲညီေလး ဟိုတစ္ေယာက္ေကာမပါဘူးလား”

“သူကမအားလို႔မလိုက္လာဘူး စေတာ္ဘယ္ရီေရခဲမုန့္လိုခ်င္လို႔”

ေျပာရင္း ေရခဲေသတၱာထဲမွစားေနက်ဗဴးေလးတစ္ဗူးထုတ္ယူလိုက္သည္။ဗူးကိုခ်က္ခ်င္းေဖာက္စားေတာ့ ခံတြင္းထဲမွာက်င္ခနဲ။ခႏၱာကိုယ္ေလးတုန္ခနဲျဖစ္သြားေတာ့ Betaအစ္ကိုက သေဘာတက်ရယ္ေလသည္။

ပိုက္ဆံရွင္းရင္းျမင္မိတာက ေဘးမွာတင္ထားတဲ့ ႏွိပ္မီးျခစ္အနီေရာင္ေလး။႐ုတ္တရတ္မ်က္ဝန္းေတြေဝ့ဝဲရွာမိတာက စီးကရက္ေတြတင္ထားသည့္စင္ဘက္။

“အစ္ကို”

“ဗ်ာ”

ေမာ့ၾကည့္ရင္းထူးလာပုံက တအံ့တဩ။သူ႕ကိုအစ္ကိုလို႔တစ္ခါမွမေခၚဖူးလို႔ စိတ္လႈပ္ရွားသြားတာ။

“ဘာလိုခ်င္လို႔လဲ ညီ”

“ဟိုဟာ”

လက္ညွိုးသြယ္သြယ္ေလးထိုးျပမိတာက စေတာ္ဘယ္ရီအရသာ စီးကရက္ဗူးေလး။ထိုေကာင္ေလးကရယ္ျပန္ၿပီ။

“အဲ့တာေဆးလိပ္ ညီေသာက္လို႔မရဘူး စေတာ္ဘယ္ရီေတြစြဲလမ္းေနတာလားညီ”

“လိုခ်င္လို႔ ယူေပးပါလား”

သူ႕ေနာက္ကစင္ကအၾကည့္မလႊဲပဲ ခပ္တိုးတိုးေျပာလာသူေၾကာင့္ ႏွလုံးသားကမခုခံနိုင္စြာ လက္လွမ္းကာယူေပးမိသည္။လက္ထဲမထည့္ခင္ေသခ်ာမွာရေသးသည္။

“ေသာက္လို႔မရဘူးေနာ္ ဗူးေလးကလွလို႔လိုခ်င္ရင္သိမ္းထားလို႔ရတယ္ ဟုတ္ၿပီလား”

“ဟုတ္”

ခ်က္ခ်င္းျပန္ေျဖလာကာ ေခါင္းပါညိတ္ျပၿပီး ေဘးကမီးျခစ္ေလးပါယူေတာ့ သူမ်က္ခုံးပင့္သြားသည္။

“မီးျခစ္ယူလို႔မရဘူးညီ”

“လိုခ်င္တယ္”

“ေဆးလိပ္မေသာက္ဘူးလို႔ကတိေပးထားတယ္မလား မီးျခစ္ကဘာလုပ္ဖို႔လဲ”

“လိုက္ဖက္ညီလို႔”

“ဟမ္”

“စီးကရက္ေတြရွိၿပီး မီးျခစ္မရွိရင္ ကာရံမဲ့ေနမွာေပါ့”

“စကားတတ္လိုက္တာကြာ”

“ယူမွာ”

ေျပာရင္း လက္ကိုလည္းေနာက္သို႔ဖြက္ပစ္လိုက္ေတာ့ Beta အစ္ကိုကရယ္ရင္းေခါင္းခါေလသည္။

“ယူလို႔ရတယ္ ေသာက္လို႔မရဘူးေနာ္”

“ဟုတ္”

“ေရာ့ ဒါကျပန္အမ္းေငြ မီးျခစ္က ကိုယ္ကလက္ေဆာင္ေပးတာ ေမတၱာလက္ေဆာင္”

“ေက်းဇူးတင္ပါတယ္ခင္ဗ်”

ေခါင္းငုံ႕ကာခါးအနည္းငယ္ကိုင္ၿပီး ေက်းဇူးတင္လိုက္သည္။ၿပီးမွထိုဆိုင္ထဲကလွည့္ထြက္လိုက္သည္။ေရခဲမုန့္ေလးကိုလက္တစ္ဖက္ကကိုင္ၿပီး တျခားတစ္ဖက္က စီးကရက္ဗူးႏွင့္မီးျခစ္ေလးကိုၾကည့္သည္။အရမ္းလိုက္ဖက္တာပဲ။

ဒါေလးကိုဘယ္သူမွမျမင္ေအာင္ ခႏၱာကိုယ္မွာအၿမဲေဆာင္ထားရမည္။အေတြးတစ္ခ်ိဳ႕ေၾကာင့္သူၿပဳံးမိျပန္သည္။ေရခဲမုန့္ကိုလက္စသတ္ကာ အခြံကိုဆိုင္ေရွ႕အမွိုက္ပုံးထဲထည့္လိုက္သည္။

ဆိုင္ႏွင့္နည္းနည္းလွမ္းမွ စီးကရက္ဗူးကိုဖြင့္ၾကည့္သည္။ေဆးလိပ္ေလးကခ်စ္စရာေလး။ဒီေသးေသးေလးတစ္လိပ္ကသူ႕အသက္ကို အဆုံးအျဖတ္ေပးနိုင္ပါတယ္တဲ့။စီးကရက္ဆီအာ႐ုံေရာက္ေနတုန္း ႐ုတ္တရတ္ဆြဲလုခံလိုက္ရတာေၾကာင့္ သူ႕မွာေၾကာင္ေတာင္ေတာင္ေလးရယ္။

“ဒါကဘာသေဘာလဲ လျခမ္းငယ္ငယ္”

ေဒါသသံႏွင့္အတူ စီးကရက္ဗူးကိုသူ႕မ်က္စိေရွ႕ ေထာင္ျပလာေလသည္။သူဆြံ႕အေနမိတာေၾကာင့္ စကားျပန္မေျပာနိုင္ေသး။

“ေမးေနတယ္ေလ “အ”ေနတာလား”

ေအာ္လိုက္တာေၾကာင့္ ထိတ္လန့္စြာ ဆတ္ခနဲေနာက္ဆုတ္ေတာ့ လက္ေမာင္းတစ္ဖက္ကိုေဆာင့္ဆြဲလိုက္တာမို႔ သူရင္ဘတ္နဲ႕ဝင္တိုက္မိေတာ့တာ။

“ေျဖေလ ဒါကဘာလဲလို႔”

“စီးကရက္”

လူကိုပုခုံးမွလႈပ္ခါၿပီး ေဒါသတႀကီးအေမးအဆုံး ေခါင္းငုံ႕ကာေျဖလာတဲ့ ခပ္တိုးတိုးအေျဖကေလသံသဲ့သဲ့သာထြက္လာသည္။

“အဟက္ တကယ္ကိုေဒါသကိုလာဆြေနတာပဲ “

အၾကည့္လႊဲကာရယ္ပစ္လိုက္တာက ခနဲ႕သံနဲ႕။

“လာခဲ့”

ေျပာရင္းခါးမွဆြဲေပြ႕ကာ ကားေနာက္ခန္းထဲထည့္သည္။ၿပီးေနာက္သူပါဝင္လာၿပီး တံခါးအား lockခ်ပစ္သည္။

“မင္းတို႔အျပင္ထြက္”

ကားေရွ႕ခန္းက သက္ေတာ္ေစာင့္ႏွစ္ေယာက္က တန္းအျပင္ထြက္သည္။ကားကတစ္ဖက္ျမင္မွန္မို႔ အျပင္မွအထဲကိုမျမင္ရ။

“တံခါးဖြင့္ေပး ကယ္ၾကပါအုံး”

“ေအာ္မေနနဲ႕ ဘယ္သူမွၾကားမွာမဟုတ္ဘူး”

“ဘာလုပ္မို႔လဲ ေရွ႕မတိုးလာနဲ႕”

ကားမွန္ႏွင့္သူ႕ၾကားညွပ္ထားတာေၾကာင့္ မလူးသာမလြန့္သာ။သူ႕ရင္ဘတ္ထဲျမဳပ္ဝင္ေနတာေၾကာင့္ ေနာက္မွၾကည့္လွ်င္သူ႕ကိုမျမင္ရသည္အထိ ခႏၱာကိုယ္ခ်င္းကြာပါသည္။

“ဖယ္ေပးလို႔ “

“ေမးေနတာအရင္ေျဖ ဘာကိစၥ အဲ့ေ-ာက္ ပစၥည္းကိုဝယ္လာတာလဲလို႔”

ေဒါသကိုထိန္းထားသလို အံႀကိတ္သံျဖင့္ေမးလာတာေၾကာင့္ တိုးတိုးေလးအတြန့္တက္မိသည္။

“သူနဲ႕လဲမဆိုင္ဘဲနဲ႕”

“ဘာ”

“တံခါးဖြင့္ေပး ေမွာင္ေတာ့မွာ အိမ္ျပန္မလို႔”

“နားမပါဘူးလား ေမးေနတာအရင္ေျဖေလ”

“ခင္ဗ်ားႀကီးနဲ႕ဆိုင္လို႔လား”

“ဘာလဲ တအားေတြေသခ်င္ေနတာလား”

“ဟုတ္တယ္ တအားေတြေသခ်င္ေနလို႔ ရၿပီလား လႊတ္ေပး”

“ရတယ္ေလ”

ေျပာရင္းအဲ့ႏႈတ္ခမ္းေတြကို အနိုင္က်င့္ပစ္သည္။သူသိပ္မုန္းတဲ့စေတာ္ဘယ္ရီအရသာက သူ႕ခံတြင္းထဲအျပည့္။႐ုန္းခြင့္ေတာင္မသာတဲ့သူကို တစ္ဖက္သတ္ အနိုင္က်င့္ပစ္မိတာ။

သူ႕မွာေတာ့ အျပစ္မကင္းစိတ္ေၾကာင့္ စီးကရက္ျမင္တိုင္း ေဒါသထြက္ေနရသည္။ယခင္ဆို တစ္ေန႕အနည္းဆုံး ႏွစ္လိပ္ေသာက္ျဖစ္ေသာ္ျငား ခုတစ္ပါတ္အတြင္း တစ္ပါတ္လုံးမွသုံးလိပ္သာေသာက္ျဖစ္ေသးတာ။အာသာေျပ႐ုံႏွစ္ရွိုက္ခန့္ရွိုက္ၿပီး သူလႊင့္ပစ္တတ္စၿမဲ။

သူ႕ကိုအဲ့လိုျဖစ္ေအာင္လုပ္ခဲ့တဲ့ တရားခံကေတာ့ တစ္ခါမွမေသာက္ဖူးတဲ့စီးကရက္ကို သြားဝယ္လာပါသတဲ့။အသက္ရႉမဝ၍႐ုန္းကန္လာေသာ္လည္း သူလႊတ္မေပးမိ။စေတာ္ဘယ္ရီအရသာေတြကုန္တဲ့အထိ ခံတြင္းတစ္ခုလုံးကို ေနရာအႏွံ႕က်ဴးေက်ာ္ပစ္သည္။

မ်က္ႏွာထက္ ခပ္ႏြေးႏြေးမ်က္ရည္တစ္ခ်ိဳ႕ စီးဆင္းလာေတာ့မွ ႏႈတ္ခမ္းေတြကိုအလြတ္ေပးကာ ပါးျပင္ေတြထက္ေျခဆန့္သည္။ခြၽန္ျမျမသူ႕ႏွာတံေၾကာင့္ အိစက္စက္ပါးျပင္ေတြ အေရာင္ရင့္ကုန္သည္။မ်က္ဝန္းအိမ္ထက္ ႏႈတ္ခမ္းေတြဖိကပ္ပစ္ေတာ့ ငံက်ိက်ိမ်က္ရည္တစ္ခ်ိဳ႕က သူ႕ႏႈတ္ခမ္းမွာစြန္းေပကုန္ေတာ့တာ။

“ဘာလို႔ ငိုေနတာလဲ ေသခ်င္ေနတာမဟုတ္ဘူးလား အဲ့စီးကရက္ေတြနဲ႕ေသမယ့္အစား ကိုယ့္ႏႈတ္ခမ္းမွာစြန္းေနတဲ့ စီးကရက္နံ႕ေတြနဲ႕ေသပစ္လိုက္ အနည္းဆုံးေတာ့ ကိုယ့္first kissမို႔ဂုဏ္ယူရတာေပါ့ “

သူေျပာသမွ်ျပန္မေျပာနိုင္သူက အသိစိတ္နဲ႕လူနဲ႕ ခဏတာလမ္းခြဲထားဟန္။ႏႈတ္ခမ္းေတြဟကာ ေလကိုအလုအယက္ရႉေနၿပီး မ်က္ရည္စြန္းတဲ့မ်က္ဝန္းအိမ္က ေမွးစင္းေနတာေၾကာင့္ ရွည္လ်ားတဲ့မ်က္ေတာင္ေမႊးေလးေတြက ငွက္ေမႊးယပ္ေတာင္ေလးသဖြယ္။

ၾကည့္ေလၾကည့္ေလ အသည္းကိုလာကလိေလ။မသိခ်င္ေယာင္ေဆာင္ဖို႔ စိတ္ကူးေတြ ေဆာင္းေလႏွင့္အတူလြင့္ပါသြားတာ သူ႕ကိုျမင္ကတည္းက။

ဖယ္ရိုမုန္းနံ႕မဟုတ္တဲ့ စံပယ္နံ႕သင္းသင္းက သူ႕လည္တိုင္ဆီက။သူ႕ႏွာေခါင္းကိုလာေရာက္မက်ဴးေက်ာ္ဘဲ သူ႕ႏွာေခါင္းကသြားေရာက္က်ဴးေက်ာ္ပစ္လိုက္တာ။

လြင့္သြားတဲ့လိပ္ျပာေတြကို ျပန္ေခၚေပးဖို႔စိတ္ကူးမရွိတာက ယစ္မူးလို႔မဝေသးလို႔။ညွပ္ရိုးေတြပါခပ္ဖြဖြဖိနမ္းၿပီး ခါးေသးေသးကိုလက္နဲ႕ညွစ္ပစ္တယ္။တစ္ကိုယ္လုံးကိုရမ္းကားပစ္ဖို႔ စိတ္ထဲကနတ္ဆိုးက တိုက္တြန္းေနတာ။

“မလုပ္ပါနဲ႕”

ထိပ္ဆုံးၾကယ္သီးျပဳတ္သြားတာေၾကာင့္ ေပၚလာတဲ့ရင္ဘတ္ဆီ ဆက္က်ဴးေက်ာ္ပစ္ေတာ့ တားဆီးလာသံက အလန့္တၾကား။လြင့္သြားတဲ့လိပ္ျပာေတြဟာ သိပ္ေဝးေဝးမေရာက္ခဲ့ဘူးထင္။

“ေျပာ ဘာစိတ္ကူးတဲ့ စီးကရက္ေတြဝယ္လာတာလဲ”

“လွလို႔”

“ယုံခ်င္စရာေကာင္းေအာင္ေျပာ လွလို႔ဆိုၿပီးဝယ္သိမ္းထားရေအာင္ မင္းအိမ္ကအလွထားတဲ့ ေမႊးပြ႐ုပ္မဟုတ္ဘူးကြ”

“မလိမ္ဘူး”

“ဆက္လိမ္ေနလိုက္ အဲ့ေရာင္းတဲ့ေကာင္ကို ေထာင္ပါခ်ပစ္မယ္”

“မလုပ္နဲ႕”

“သိပ္ကိုယ္ခ်င္းစာတတ္ေနတာေပါ့ မလုပ္ေစခ်င္ရင္ အစကတည္းကဆင္ျခင္ေလ လူကိုလူဆိုးျဖစ္ေအာင္လုပ္ၿပီးမွ လာေၾကာက္ျပမေနနဲ႕”

“အိမ္ျပန္ခ်င္ၿပီ”

ေၾကာင္ေလးေတြခြၽဲသလို ခပ္ခြၽဲခြၽဲအေျပာေၾကာင့္ သူ႕မွာမနည္းတင္းခံေနရသည္။

“မပူနဲ႕အိမ္ထဲထိလိုက္ပို႔မွာ ၿပီးရင္မင္းသူငယ္ခ်င္းဆိုတဲ့အေကာင္ကိုပါ ခုနအေၾကာင္းေတြအကုန္ေျပာျပမွာ”

“မေျပာနဲ႕”

“ေျပာမွာ ေျပာေတာ့ျဖင့္မိုးလားကဲလား သိပ္ဂ႐ုစိုက္ၾကပုံနဲ႕ ခုၾကလုပ္ခ်င္ရာလုပ္ဆိုၿပီးလႊတ္ထားတာ”

“သူ႕မွာအာဏာရွိတယ္ဆိုတိုင္း သူမ်ားကိုလိုက္အနိုင္က်င့္ေနတာ အီးး”

ေျပာရင္း မ်က္ရည္ေတြကစီးက်လာျပန္သည္။ေပါလိုက္တဲ့မ်က္ရည္ကြာ။

“မငိုနဲ႕ ငိုရင္အိမ္ေခၚသြားပစ္မယ္”

“မလိုက္ဘူး”

“အဲ့တာဆိုတိတ္”

ေျပာရင္း မ်က္ရည္ေတြကိုႏႈတ္ခမ္းနဲ႕ပြတ္ဆြဲပစ္လိုက္တယ္။ထိုအခါ သူ႕မ်က္ႏွာကိုတြန္းကန္လာတဲ့ လက္ကေလးတစ္ဖက္။
ထိုလက္ကေလးကိုပါ ပါးစပ္ထဲဆြဲစုပ္ပစ္လိုက္ေတာ့ ဇြတ္႐ုန္းလာျပန္ေရာ။

“ကိုယ္က်င့္တရားမေကာင္းတဲ့လူႀကီး”

“ဟုတ္တယ္ကိုယ္က်င့္တရားမေကာင္းဘူး အဲ့တာေၾကာင့္ ငါ့ကိုလာမဆြဲေဆာင္နဲ႕ မဟုတ္ရင္ဘယ္အထိအနိုင္က်င့္ပစ္မလဲ မင္းေတြးမိမွာမဟုတ္ဘူး”

“ဘယ္သူကဆြဲေဆာင္ေနလို႔လဲ”

“မင္းေလ ငါမွငါျဖစ္ေနတဲ့မင္း”

“ဘာမွမဟုတ္ဘူး ေလွ်ာက္ေျပာမေနနဲ႕ မႀကိဳက္ပါဘူးဆို”

“လိမ္ျပန္ၿပီ”

“ဘယ္သူကလိမ္ေနလို႔လဲ ဘယ္လိုလူကကိုယ္ႀကိဳက္ပါတယ္ဆိုတဲ့လူကို အၿမဲေရွာင္ေျပးေနလို႔လဲ”

“ေျပးတယ္ဆိုကတည္းက လိုက္ေစခ်င္လို႔ေလ အဲ့အကြက္ေတြကိုယ္သိၿပီးသား”

“အဲ့တာဆိုမေျပးေတာ့ဘူး”

“ေနာက္ဆုံးေတာ့ဝန္ခံၿပီေပါ့”

“လူယုတ္မာႀကီး သူလိုရာဆြဲေတြးေနၿပီးေတာ့ သူမ်ားေျပာတာေတြက် ဘယ္ေတာ့မွလက္မခံဘဲနဲ႕”

“မင္းကအၿမဲလိမ္ေနတာေလ ယုံခ်င္စရာေကာင္းလို႔လား”

“အိမ္ျပန္ခ်င္ၿပီလို႔ ေမွာင္ေနပါၿပီဆို”

“လိုက္ပို႔မွာ”

ေျပာရင္း ခလုပ္တစ္ခုအားႏွိပ္လိုက္ေတာ့ အလန့္တၾကားေလး ေမာ့ၾကည့္လာျပန္သည္။

“ကိုယ့္ဘာသာျပန္မွာ တံခါးဖြင့္ အြန့္”

ေျပာစကားမဆုံးခင္ ႏႈတ္ခမ္းေတြခ်င္းထိကပ္ပစ္လိုက္သည္။ကားထဲဝင္လာတဲ့ သက္ေတာ္ေစာင့္ႏွစ္ေယာက္ကေတာ့ ဘာမွမျမင္သူေတြလို ေရွ႕တည့္တည့္ကိုသာၾကည့္ေနေလသည္။

“ေျပာ ဘယ္မွာေနတာလဲ”

“ဟင့္အင္းလို႔ ကိုယ့္ဘာသာ..”

“မေျပာရင္ အိမ္ေခၚသြားမွာ”

“လူႀကီးျဖစ္ၿပီးအနိုင္မက်င့္ပါနဲ႕”

“အိမ္ကိုေမာင္း”

သူ႕ကိုလ်စ္လ်ဴရႉၿပီး ေရွ႕ကသက္ေတာ္ေစာင့္ကိုလွမ္းေျပာလိုက္ေတာ့ အသည္းအသန္႐ုန္းကန္လာေလသည္။

“မလိုက္ဘူးလို႔ ေရွ႕တည့္တည့္ကိုဆက္ေမာင္း ေရာက္ရင္ေျပာျပမယ္”

“မင္းက ကိုယ့္စကားဆိုဘယ္ေတာ့မွနားမေထာင္ဘူး ၿပီးရင္ကိုယ္ကပဲလူဆိုးျဖစ္ေရာ”

“ကိုယ့္ဘာသာေနတဲ့လူကို ဘယ္သူကအရင္လာရန္စတာလဲ”

“အရမ္းေတြစြာေနတာပဲ”

ေျပာရင္းထပ္ထိကပ္သြားျပန္တဲ့ႏႈတ္ခမ္းေတြနဲ႕ မေ႐ြ႕မွန္းသိရက္ႏွင့္တြန္းထုတ္ေနတဲ့လက္ေလးေတြ။ေရွ႕ကႏွစ္ေယာက္မွာေတာ့ ကားကိုျဖည္းညွင္းစြာေမာင္းရင္း လိပ္စာေျပာျပလာဖို႔ နားစြင့္ထားရေလသည္။

တြန္းထုတ္လို႔မရေတာ့ လက္ေတြကိုေနရာေ႐ႊ႕ၿပီး နား႐ြက္ကိုလိမ္ဆြဲလာေလသည္။သူေၾကာင္,အသြားၿပီး ေနာက္ဆုတ္မိေတာ့မွ အသက္ကိုအလုအယက္ရႉရင္း

“ေရာက္ၿပီကားရပ္ေပးေတာ့”

အျပင္ကိုၾကည့္မိေတာ့ သူရင္းႏွီးတဲ့ေနရာ။သူဝယ္ထားတဲ့ေျမေနရာႏွင့္ မ်က္ႏွာခ်င္းဆိုင္ကြန္ဒို။ပင္ထေနာင္းညိုပိုင္တဲ့ေနရာမွာေနတယ္ဆိုတာ သူခဏေမ့သြားခဲ့တာ။

“ကားတံခါးဖြင့္ေပးလို႔”

က်ယ္ဝန္းတဲ့ခုံေပၚ ေထာင့္စြန္းမွာဖိကပ္ခံထားရသူက မိခင္ရင္ခြင္ထဲက ကေလးလိုေခြေခြေလး။ကားတံခါး lockဖြင့္ေပးရင္း သူပါဆင္းဟန္ျပင္လိုက္သည္။

“ဆင္း”

“ခင္ဗ်ားကဘာလို႔ဆင္းမွာလဲ”

တံခါးမဖြင့္ေသးဘဲ သူ႕ရင္ဘတ္ကိုတြန္းကန္ထားျပန္သည္။သူ,လက္ထဲက စီးကရက္ဗူးကိုျမႇောက္ျပရင္း မ်က္ခုံးပင့္ျပေတာ့ မ်က္ႏွာေလးငယ္ခ်ပစ္တာ ခ်က္ခ်င္း။

“မလိုက္ရဘူး”

“လိုက္မွာ ၿပီးရင္ဒီဗူးကိုလည္း သူ႕လက္ထဲကိုအပ္အုံးမွာ”

“မယူေတာ့ဘူးေလေနာ္ ခင္ဗ်ားကိုအပိုင္ေပးမယ္ေလ အိမ္ကိုမလိုက္ခဲ့နဲ႕”

စီးကရက္ကိုင္ထားတဲ့လက္ကို သူ႕ရင္ဘတ္ဆီလက္ေလးႏွစ္ဖက္ႏွင့္ တြန္းကပ္လာေလသည္။

“ဘာလဲ အသစ္ထပ္ဝယ္မလို႔လား”

“ဟင့္အင္း ဟင့္အင္း မဝယ္ေတာ့ဘူး တကယ္”

ရမ္းေနတဲ့ေခါင္းေလးထက္ ခပ္ေကြးေကြးဆံႏြယ္ေခြေလးေတြက ေဝ့ကနဲဝဲကနဲ။

“လိမ္ေနျပန္ၿပီ”

“မလိမ္ပါဘူးဆို”

“ကတိေပးတယ္ေပါ့”

“ဟုတ္ဟုတ္ ကတိေပးတယ္”

“ပါးစပ္ကတိေတြကိုယုံရမွာလား”

“အာ့ဆိုဘယ္လိုကတိေပးရမွာလဲ”

အျပင္ကိုတစ္ခ်က္လွမ္းၾကည့္ၿပီး ငိုမဲ့မဲ့ေမးလာပုံက သနားစဖြယ္။သူေၾကာက္ေနမွာေပါ့ အျပင္ဘက္မွာ ေန႕အလင္းေရာင္ေပ်ာက္လို႔ မီးအလင္းေရာင္ေတြ အစားထိုးေနၿပီပဲ။ေဆာင္းရာသီရဲ႕ေနက ဆြဲခ်သြားသလိုသိပ္ျမန္တာ။သူနဲ႕ေတြ႕တုန္းက သိပ္မိုးမခ်ဳပ္ေသးေပမဲ့ အခုေတာ့ ညဘက္ကိုေရာက္ေနၿပီ။

“ကိုယ့္ကိုနမ္း”

“အမ္”

မထင္မွတ္ထားဟန္ ေမာ့ၾကည့္လာတာေၾကာင့္ စိုက္ၾကည့္ေပးလိုက္သည္။သူ႕စကားေၾကာင့္ ေရွ႕ကသက္ေတာ္ေစာင့္ႏွစ္ေယာက္ေတာင္ ေတာင့္ကနဲျဖစ္သြားတာ မ်က္ဝန္းေထာင့္ကေန ရိပ္ကနဲေတြ႕လိုက္ရသည္။

“ေမွာင္ေနၿပီ နမ္းမွာလား လိုက္ခဲ့ရမွာလား”

အေျဖျပန္ေပးမလာပဲ ငိုမဲ့မဲ့မ်က္ႏွာထားျပန္ျဖစ္သြားျပန္သည္။အၿမဲတမ္းငိုေနတတ္သူကို ငိုေအာင္စ,ရတာလည္း စိတ္ခ်မ္းသာမႈတစ္မ်ိဳးေပလား။

“ကဲ လာလိုက္ပို႔မယ္”

“မပို႔ပါနဲ႕ဆို အင့္..”

လက္ကတြန္းထားတာကိုဖယ္မေပးဘဲ ေမာ့ၾကည့္လာတဲ့မ်က္ဝန္းထဲ မ်က္ရည္ကထပ္ဝိုင္းလာျပန္ပါၿပီ။သူအားသုံးလွ်င္ မတားနိုင္မွန္းသိေသာ္လည္း ဒီအခ်ိန္မွာအားအင္ေခြၽတာခ်င္ေနပါသည္။

“ကိုယ္ သုံးအထိေရမယ္ ၿပီးရင္မင္းမွာစဥ္းစားခြင့္ကုန္ၿပီ ကိုယ့္ဆုံးျဖတ္ခ်က္ကအတည္ မဖယ္ေပးရင္ ေပြ႕ေခၚသြားမွာ တစ္….ႏွစ္..
.သုံး…သြားအြတ္..”

သူ႕စကားမဆုံးခင္ ႏႈတ္ခမ္းကိုပစ္ေဆာင့္လာတဲ့ မ်က္ႏွာေလး။အနမ္းလို႔မဆိုသာတဲ့ သြားခ်င္းတိုက္တဲ့ပြဲလိုမ်ိဳး သူ႕ႏႈတ္ခမ္းကိုလာခုတ္တဲ့ ႏႈတ္ခမ္းတစ္စုံ။ၿပီးေတာ့ တံခါးဖြင့္ကာဆင္းေျပးဖို႔ႀကံသည္။သူ႕လက္ေတြထက္ႏွေးတဲ့ လက္တံတိုတိုေလးေတြေၾကာင့္ သူ႕ရင္ခြင္ထဲျပန္ဆြဲသြင္းခံလိုက္ရတာ ဘတ္ခနဲ။

“အီးဟီးးးးး လူယုတ္မာႀကီးကတိလည္းမတည္ဘူး သူ႕မွာလူေတြပါတယ္ဆိုတိုင္း လူအားကိုးနဲ႕အနိုင္က်င့္ေနတာ အူးဝါးးးးး
အက်င့္မေကာင္းတဲ့လူႀကီး “

သူဘာမွမေျပာရေသးခင္ အားရပါးရငိုခ်ပစ္တာ ကေလးေတြအတိုင္း။မ်က္ရည္ဥႀကီးေတြ တေပါက္ေပါက္က်လာတာေၾကာင့္ သူ႕မွာေျခမကိုင္မိ လက္မကိုင္မိ။ရင္ခြင္ထဲတင္းတင္းၾကပ္ၾကပ္ဖိကပ္ပစ္လိုက္ေတာ့ ရင္ဘတ္ကိုကိုက္ဆြဲလာေလသည္။

ႂကြက္သားေတြခ်ည္းမို႔ကိုက္ဆြဲလို႔မရေတာ့ ပိုေဒါသထြက္သြားၿပီး ရင္ဘတ္ကိုေခါင္းႏွင့္တိုက္လာေလသည္။လႈပ္မရေအာင္ေခါင္းကိုပါထိန္းပစ္လိုက္ေတာ့ ေျခေထာက္ေတြႏွင့္ကန္ေက်ာက္လာျပန္ေရာ။တကယ့္ကို ေၾကာင္ဆိုးေလးလိုလုပ္ေနတာက အသည္းယားစရာ။

“ဟုတ္ၿပီ ျပန္ခိုင္းမယ္အငိုတိတ္ေတာ့ လိုက္လည္းမပို႔ေတာ့ဘူး ထပ္လည္းမနမ္းခိုင္းေတာ့ဘူး ထပ္မငိုနဲ႕ေတာ့”

သူ႕စကားဆုံးေတာ့မွ ၿငိမ္သက္သြားသူက ငိုရလြန္း၍ ရွိူက္ပါရွိူက္ေနေသးတာ။လက္ကိုေျဖေလွ်ာ့လို႔ မ်က္ႏွာေလးဆြဲေမာ့ေတာ့ မ်က္ႏွာေလးက ယုန္ေလးေတြလို။မ်က္လုံးဝိုင္းေလးေတြအစ္ေနၿပီး ႏွာေခါင္းေလးရဲေနတာေၾကာင့္ ဂ႐ုဏာေတြက အေညွာင့္ေပါက္လာသည္။

“ဖယ္ေပး”

“ခဏေလးေစာင့္အုံး ဒီအတိုင္းျပန္သြားလို႔ သူငယ္ခ်င္းကေမးလာရင္ ဘယ္လိုေျဖမွာတုန္း”

တိတ္ဆိတ္သြားတာက လက္ခံေၾကာင္းအရိပ္ႁမြတ္။ၿငိမ္သက္ေနတဲ့ကားအတြင္း သူ႕ရွိူက္သံေတြသာ အသက္ဝင္ေနတာ။ေက်ာျပင္ကိုျဖည္းျဖည္းခ်င္းပုတ္ေပးလို႔ ရွိူက္သံရပ္ေအာင္ေစာင့္ရတယ္။

“ရၿပီ”

“မ်က္လုံးေတြအစ္ေနေသးတယ္”

“ျပန္မွာ”

“ျပန္လို႔ရတယ္ သူငယ္ခ်င္းကေမးရင္ဘယ္လိုေျဖမွာတုန္း”

“…………”

“ေမးေနတာျပန္ေျဖ”

“အေျဖရွိတယ္”

“ေျပာျပ”

“ဟင့္အင္း”

“ၾကည့္…”

ေျပာမယ့္စကားလုံးေတြ လည္ေခ်ာင္းေအာက္ျပန္ဆင္းသြားတာက ထပ္ငိုဟန္ျပင္လာသူေၾကာင့္။

“ဟုတ္ပါၿပီ သြားေတာ့”

ကားတံခါးဖြင့္ေပးေတာ့ ေျပးဆင္းသြားတာ ယုန္တစ္ေကာင္လို။ေက်ာျပင္ေလးကြယ္ေပ်ာက္သြားတဲ့အထိၾကည့္ေနၿပီးမွ အိမ္ျပန္ဖို႔ အခ်က္ျပမိတယ္။

“No.1 “

“ဟုတ္ကဲ့ Boss”

“အဲ့ကေလးကို အခ်ိန္ျပည့္ေစာင့္ၾကည့္ဖို႔ လူႏွစ္ေယာက္လႊတ္ထား မသိသာေစနဲ႕”

“ဟုတ္ကဲ့”

ေျခခ်ိတ္ကာ လက္ပိုက္မိေတာ့ ရင္ဘတ္မွာစိုစိုစြတ္စြတ္။

“ဟားးးးးးး”

မခ်င့္မရဲ သက္ျပင္းခ်လိဳက္မိကာ သူ႕မွာရယ္ရအခက္ ငိုရအခက္။အဲ့ေၾကာက္ခ်င္ေယာင္ေဆာင္တဲ့ကေလးက သူ႕အဝတ္ကို ႏွပ္ေခ်းေတြ ပယ္ပယ္ႏွယ္ႏွယ္ကိုသုတ္သြားတာ။
ဆံပင္ေတြကိုေနာက္လွန္တင္ရင္း မခ်င့္မရဲၿပဳံးမိေတာ့တာပဲ။

ဒီေန႕မွ ညေလးကပိုလွေနသေယာင္။
တစ္ခ်ိဳ႕ညေတြလွပေနဖို႔ လမင္းမလို ၾကယ္ကေလးေတြမလို ေလျပည္ေတြမလိုအပ္ေၾကာင္း အခ်စ္ကသင္ျပေပးသြားပါလိမ့္မယ္………

##############

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၇, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၇, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၇ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၇ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၇ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၇ light novel, ,

Comment

Leave a Reply

Chapter 18