Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၈

A+ A-

မြောက်လေတစ်ချို့သယ်ဆောင်လာတဲ့ အအေးဓာတ်က ဆောင်းရာသီမှန်းသိပ်သိသာစေသည်။မြူလွှာပါးပါးက နေခြည်တစ်ချက်အဝင့်မှာလွင့်ကနဲပြယ်သည်။ဆောင်းကုန်ခါနီးမို့ရွက်ဝါတစ်ချို့က မြေပြင်ထက်ဆင်းသက်သည်။

ဝတ်ထားတဲ့ဆွယ်တာနီရဲရဲလေးထဲကိုယ်ကိုကျုံ့လိုက်ပြီး ပါးစပ်ကအငွေ့တစ်ချို့မှုတ်ထုတ်လိုက်သည်။ထို့နောက် မာဖလာနီရဲရဲလေးကိုနှာခေါင်းထိဆွဲအုပ်ပစ်တော့ ကြည်လဲ့လဲ့မျက်လုံးဝိုင်းလေးတွေသာပေါ်ကျန်ရစ်လေသည်။

မနက်ဖြန် တိမ်ငွေ့နေထိုင်သည့်ပြည်နယ်သို့ နောင်းညိုနှင့်သွားမည်။ဟိုမှာတစ်လလောက်နေမည်။outdoorရှူခင်းတွေဆွဲချင်သောကြောင့် သဘာဝရှူခင်းတွေနှင့်လှပနေသော ထိုပြည်နယ်ကသူ့အတွက်အကောင်းဆုံးရွေးချယ်မှု။

Ocean Mallနှင့် ပြဿဒါးနေ့ရက်များကြုံရပြီးနောက် ထိုနေရာအားခြေဦးပင်မလှည့်တော့သောသူ့အား နောင်းညိုကနားလည်ပေးသည်။လိုအပ်သည့်ပစ္စည်းများကို တခြား Shopping centerမှာသာသွားရောက်ဝယ်ယူရန်တွေးထားသည်။

ရှစ်နာရီထိုးသည်အထိအအေးဓာတ်မ​ပြယ် ချင်သေးသည်ကြောင့် အနီရဲရဲသိုးမွေးကြားမျက်လုံးလေးသာပေါ်သူကသူသိပ်ကြိုက်တဲ့ စတော်ဘယ်ရီသီးလေးလို။နောင်းညိုကသူ့ကိုကြည့်ပြီး မကြာခဏရယ်နေလေသည်။

“လခြမ်းလေး ဒီပုံစံအတိုင်းဆိုနောက်လထဲမှသွားရင် ပိုအဆင်ပြေမယ်ထင်တယ်နော်”

“ဘာလို့လဲ ခုပဲသွားချင်တာ နောက်လဆိုတိမ်ငွေ့ကအားမှာမဟုတ်ဘူးနှင်းတွေလည်းမရှိတော့ဘူး”

“ခင်ဗျားလေးအအေးကြောက်တတ်ပုံနဲ့ အဲ့သည်ကရာသီဥတုနဲ့က တစ်လမ်းဆီဗျ”

“ဟင့်အင်းလို့ ဘာမှမဖြစ်ဘူး အအေးဒဏ်ခံနိုင်တယ်”

“လျှောက်ပြောပြန်ပြီ ဒီမြို့မှာသိပ်မအေးတာတောင် ခုအနွေးထည်ပုံထဲမြုပ်နေတာဘယ်သူတုန်း”

“ရပါတယ်ဆို”

မသွားရမှာကြောက်နေသူကနှုတ်ခမ်းပါဆူလာပြီ။ထပ်ပြီးပြောရင်ငိုတော့မှာသိနေတော့လည်း နှုတ်ပိတ်ပြီးသာစကားလမ်းကြောင်းလွှဲရတော့သည်။

“တိမ်ငွေ့အတွက်ဘာလက်ဆောင်ဝယ်သွားကြမလဲ”

“ငယ်ငယ့်မှာရှိပြီးသား”

“အံမယ် တစ်ယောက်တည်းတိတ်တိတ်လေးကြိတ်ပြီးဝယ်ထားတယ်ပေါ့”

“မဝယ်ထားပါဘူး ကိုယ်တိုင်လုပ်ထားတဲ့ handmadeတွေ”

“ကိုယ့်ကိုကျတော့မပေးဘူး”

“ဆင်တူလုပ်ထားပေးတယ် ငယ်ငယ်တို့သုံးယောက်လုံးဖို့”

“တော်လိုက်တာ ဘာတွေလုပ်ထားတာလဲ”

“မပြောပြသေးဘူး “

“ဟုတ်ပါပြီဗျာ ကဲ ..ရောက်ပြီ”

ကားနှင့်မသွားဘဲလမ်းလျှောက်ချင်ပါသည်ဆိုသောကြောင့် ကားကိုလမ်းဟိုဘက်ထိပ်ရပ်ခဲ့ပြီးဆယ်မိနစ်ကြာခရီးလေးကိုလမ်းလျှောက်ဖြစ်ခဲ့ခြင်း။မြို့ထဲမို့ကားအသွားအလာရှုပ်သည်။

လမ်းသွားလမ်းလာအားလုံးအအေးဓာတ်ကိုအသားကျနေသော်ငြား သူ့ဘေးကomegaလေးကတော့အသားမကျသေး။အပြင်ထွက်လေ့မရှိသည်မို့ပိုပြီးနုထွေးနေဟန်။Mallထဲရောက်တော့လည်း လူတိုင်းလိုက်ကြည့်ခြင်းအားခံနေရလေသည်။သတိမထားမိသူက ဝယ်ရမည့်စာရင်းစာရွက်အားထုတ်ကာအလုပ်ရှူပ်နေလေရဲ့။

ပစ္စည်းအာလုံးဝယ်ပြီးကားထဲသွားထည့်ဖို့ ဝန်ထမ်းကောင်လေးကိုသာခိုင်းလိုက်သည်။သူတို့နှစ်ယောက်ကတော့ နေ့လည်စာစားပြီးအေးဆေးမှပြန်မည်။

စားသောက်ပြီးအပြင်ထွက်တော့ နေက,တော်တော်ပူနေပြီ။ဝတ်ထားတဲ့ မာဖလာနဲ့ဆွယ်တာကိုချွတ်ထားတော့ နောင်းညိုကကိုင်ထားပေးသည်။တိမ်ငွေ့ပေးထားတဲ့ ချည်သားတိုင်းရင်းသားအင်္ကျီလိမ္မော်ရောင်လေးကြောင့် အသားဖွေးဖွေးကနေရောင်အောက်မှာတောက်တောက်ပပ။

အပြင်အရောက်တွေ့လိုက်ရသူကြောင့် နှစ်ယောက်လုံးခြေလှမ်းကတုံ့ခနဲ။မြို့တော်ရဲ့အလှပဂေးလေးက သူ့ကိုမှတ်မိနေဟန်နှုတ်ဆက်လာလေသည်။

“ဟိုင်း လခြမ်းငယ်ငယ် ဟုတ်တယ်ဟုတ်”

“ဟုတ်ကဲ့”

“အိမ်တွင်းပုန်းနေတာထင်တယ် အသားတွေပိုဖြူလာတယ်”

“ဟုတ် အပြင်မထွက်ချင်လို့အခန်းတွင်းပဲအောင်းနေမိတာ”

“အရမ်းကြီးမကြောက်ပါနဲ့ကွ အပြင်ထွက်ရင် Maskတပ်ဖို့တော့မမေ့နဲ့ပေါ့ ပြီးတော့သူငယ်ချင်းနဲ့အတူသွား စီးကရက်သောက်နေတဲ့သူမြင်ရင်ဝေးဝေးကရှောင်သွား”

“ဟုတ်ကဲ့ အခုလိုဂရုစိုက်ပေးတာကျေးဇူးတင်ပါတယ်ဗျ”

“မလိုပါဘူးကွာ မင်းကိုမြင်တော့ကိုယ့်အသိဟောင်းကလေးတစ်ယောက်ကိုသတိရသွားလို့ မင်းလိုပဲပါးချိုင့်လေးနဲ့”

“အဟီး”

သူရယ်လိုက်တော့ မုတ်သုံကပြုံးရင်းသူ့ခေါင်းထက်မှဆံနွယ်တွေကိုတယုတယပွတ်ပေးလာလေသည်။အသက်ချင်းသိပ်မကွာသော်လည်း ရင့်ကျက်သူကသူ့အားကလေးဟုသဘောထားနေဟန်။နောင်းညိုကဘာမှမပြော ဘေးမှာတိတ်တဆိတ်သာရပ်ကြည့်နေလေသည်။

နေရောင်အောက်မှာပြုံးရယ်နေသူက မျက်လုံးတွေမှေးမှိတ်နေကာ ပါးချိုင့်တွေကထင်းထင်းလင်းလင်း။ကမ္ဘာမြေထက်မှာအစွမ်းကုန်ပွင့်လန်းနေတဲ့ ပန်းပွင့်လေးသဖွယ်။

ဖျတ်ကနဲကြည့်မိရင်တောင်အကြည့်မလွှဲနိုင်လောက်တဲ့မြင်ကွင်း။ရဲရဲတောက်နှင်းဆီတစ်ပွင့်နှင့် ဖြူဖြူစင်စင်စံပယ်တစ်ပွင့်က လိုက်ဖက်ညီလွန်းနေသည့်သန်မာမှုနှင့်နူးညံမှု။

မျက်ခုံးတွေတွန့်ချိုးလို့အသက်ကိုပြင်းပြင်းရှူမိသည်။ဘယ်လိုပဲ omegaနှစ်ယောက်လို့ပြောပြော သူ့မျက်လုံးထဲမှာကြည်စယ်နေတဲ့အတွဲတွေလိုပဲ။ပြီးတော့ဟိုကောင်လေးက မြို့တော်အလှပဂေးနဲ့ယှဥ်ရင် ဖြူဖြူသေးသေးလေးရယ်။

ခေါင်းကိုပွတ်ပေးနေတဲ့လက်တွေကိုမြင်တော့ ရင်ထဲတင်းကြပ်သွားတာဘာကြောင့်မှန်းမသိ။ဟိုအလှပ​ဂေးရဲ့မျက်ဝန်းထဲမှာ ကြင်နာရိပ်တွေတလက်လက်။ပွဲမှာကြားခဲ့ဖူးတဲ့အသံတွေပြန်ကြားယောင်လာသည်။အဲ့အသေးလေးက Omegaအချင်းချင်းတောင် တိမ်းညွတ်ချင်စရာကောင်းပါတယ်တဲ့။

“ကိုCean “

ကျောက်စက်ခေါ်မှထိုမြင်ကွင်းကနေအကြည့်လွှဲမိသည်။

“ပြော”

“အထဲဝင်မှာလား”

ဒီShopping Mallကလည်းသူရှယ်ယာတစ်ဝက်ဝင်ထားသည့်နေရာ။သူငယ်ချင်းဖြစ်သူက ဒီနေ့တွေ့ကြရအောင်ဟူသောချိန်းဆိုမှုကြောင့်ရောက်လာတာ။

အရင်တစ်ခါသူ့စကားတွေကြောင့် သူ့အပိုင်နေရာကိုခြေထပ်မချတော့ဟန်။ဒီနေရာကပါသူ့အပိုင်မှန်းသိရင်ထပ်မလာလောက်တော့။

“ခဏနေအုံး”

“ဟိုကလေးကြောင့်လား ပြောမှမတွေ့တာတောင်ကြာနေပြီ”

ရှေ့ကသက်တော်စောင့်နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသွားသည်။

*ဘာကိုမတွေ့တာကြာရမှာတုန်း နေ့တိုင်းနီးပါးတွေ့နေလို့ ဟိုကောင်လေးအိမ်ထဲကအိမ်ပြင်တောင်သိပ်မထွက်တော့ဘူး တွေ့တိုင်းအနိုင်ကျင့်နေတာသူတို့Bossလေ*

နှစ်ယောက်သား နားလည်မှုတွေနဲ့မျက်နှာလွှဲလိုက်ကြသည်။

“ဒါနဲ့ မနက်ဖြန်ခရီးမှာ Geoပါလိုက်မှာဆို”

“ဟုတ်တယ် တစ်ချို့လုပ်ငန်းတွေမှာသူကမပါမဖြစ်”

“ကိုယ်ပိုင်လေယာဥ်နဲ့ပဲဆိုတော့ အေးဆေးမှပဲသွားမှာမလား”

“အွန်း မနက်ရှစ်နာရီလောက်ထွက်ဖြစ်မယ်
မင်းကဒီမှာငါ့အစားနေခဲ့ တစ်လကျော်ကြာမှာဆိုတော့ မင်းပါလိုက်လာလို့မရဘူး”

“ဟုတ်ကဲ့ကိုCean”

အပြင်ဘက်ကိုလှည့်ကြည့်တော့ ဟိုတစ်ယောက်မရှိတော့။ကားပေါ်ကဆင်းရင်း ပတ်ဝန်းကျင်ကိုလည်း ဝေ့ကနဲကြည့်မိသည်။အရိပ်ယောင်တောင်မတွေ့ရတော့ စိတ်ထဲသိပ်အလိုမကျတော့။

တွန့်ချိုးထားမိတဲ့မျက်ခုံးတွေကနေစူးလို့သာ ဖြစ်မှာပါ။

…………

မြူတွေဝိုင်းနေတဲ့ပတ်ဝန်းကျင်တစ်ဝိုက် ရယ်သံလွင်လွင်လေးကချိုသာလွန်းသည်။အပူခံဗူးထဲကနွားနို့နွေးနွေးက အငွေ့တွေတလွင့်လွင့်။omegaလေးရဲ့မျက်နှာရဲရဲက အအေးဓာတ်နှင့်အနွေးငွေ့တို့ထပ်တူရောစပ်ခံရမှုကြောင့်ဖြစ်မည်။

တောင်ထိပ်မှ စီးမိုးကြည့်နေတာကြောင့် သစ်တောစိမ်းစိမ်းကြားကမြို့ငယ်လေးက
မြူခိုးတွေထွေးပွေ့ခံထားရတဲ့ကြား အေးအေးချမ်းချမ်း။ခပ်ဝေးဝေးကရေပြင်ကျယ်ပြာပြာက ရေငွေ့ဖြူဖြူတွေကြောင့်
သိပ်မထင်ရှားဝေဝေဝါးဝါး။

ကင်မရာတစ်လုံးနှင့်အလုပ်ရှုပ်နေသည့်နောင်းညိုရယ်၊ကင်းဗတ်စပေါ်ဆေးစက်ချနေသည့်လခြမ်းရယ် သဘာဝရှူခင်းအလှကို မျက်စိမှိတ်ရင်းခံစားနေသည့် တိမ်ငွေ့ရယ် အရာရာဟာအေးအေးချမ်းချမ်း။

ငယ်ငယ်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆင်တူသိုးမွှေးအနွေးထည်တွေနှင့်မာဖလာတွေက မေတ္တာတွေနှင့်မို့ပိုနွေးပါသည်။နှလုံးသားတွေနွေးထွေးနေလျှင် ပြင်ပအအေးဒဏ်လောက်ကိုစာမဖွဲ့လိုတော့။

ဘေးနားကခုံလေးထက် အငွေ့တစ်ထောင်းထောင်းထနေသည့်ကော်ဖီပူပူလေးနှစ်ခွက်နှင့် နွားနို့ဗူးလေးကလိုက်ဖက်ညီစွာ။ဒီတောင်ထိပ်ကခြေရာတွေကြား ဖြူစင်တဲ့မေတ္တာတစ်ချို့ကမှတ်ကျောက်တင်သည်။

နေထွက်ချိန်အတူကြည့်ဖို့ချစ်သူ့လက်ကိုတွဲဖို့မလိုသလို သဘာဝအလှကိုခံစားဖို့ချစ်သူ့ပခုံးကိုမှီထားဖို့မလိုပါဘူး။အချစ်ရပ်ဝန်းတွေမှာပဲ ပျော်ရွှင်မှုတွေလိုက်ရှာနေဖို့မလိုဘူး။ မေတ္တာတွေသာစစ်မှန်ရင် သူငယ်ချင်းတွေကလည်းပျော်ရွှင်မှုတွေယူဆောင်လာပေးပါလိမ့်မယ်။

……………..

မီးရောင်စုံလင်းနေတဲ့မြို့တော်ကြီးကို မှန်ပြတင်းကငုံ့ကြည့်ရင်း အဝေးတစ်နေရာက အလင်းရောင်လေးကိုသတိရမိသည်။မျက်ဝန်းအိမ်ထဲ နေရောင်တွေသိုလှောင်ထားတဲ့စံပယ်လေးတစ်ပွင့်။

မျက်လုံးဝိုင်းတွေပွင့်နေချိန်ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်နေတတ်ပြီး မျက်ဝန်းတွေမှေးမှိတ်ထားချိန်အလင်းတွေမှေးမှိန်သွားတတ်သည်။

အခုတလော ထိုမျက်ဝန်းတွေကြားသူ့မာနတွေပျောက်ဆုံးလာသည်။သိပ်မာနကြီးခဲ့သူအဖို့ သာမန်omegaတစ်ယောက်ကြောင့် သူ့ကိုယ်သူပျောက်ဆုံးခြင်းဟာ ခံရအခက်ဆုံးပါပဲ။ဒါကြောင့်သူနှင့်ဝေးဝေးနေဖို့တွေးကာ တစ်လကျော်ကြာသည့် ဒီပြည်ပခရီးစဥ်အားထွက်လာခြင်း။

မြင်ပါများလို့ ဖယ်ရိုမုန်းဆွဲဆောင်မှုတွေကြောင့်သူမခုခံနိုင်ခဲ့တာနေမှာ။အဲ့နှုတ်ခမ်းတွေကိုစွဲလမ်းနေတာမဟုတ်သလို အဲ့ဒီရနံ့တွေကိုမမက်မောခဲ့ဘူး။သူအမုန်းဆုံးရနံ့တစ်ခုကို ဘာကြောင့်များမက်မောနေရအုံးမှာလဲ။

အခု,နှစ်ပတ်တာအတောအတွင်း သူအဆင်ပြေနေတာပါပဲ။ဟုတ်သည် အနေနီးလို့ဆွဲဆောင်ခံလိုက်ရတာ။သူကပုံမှန်အတိုင်း အသန်မာဆုံး Dominant Alpha ဖြစ်နေဆဲပဲ။ဘယ်အရာရဲ့လွှမ်းမိုးမှုကိုမှခံနေမှာမဟုတ်ဘူး။လိုက်ဖက်ညီဆုံးဖယ်ရိုမုန်းတောင်မှ သူ့ကိုဆွဲဆောင်နိုင်မှာမဟုတ်ဘူး။

တစ်ယောက်တည်းအတွေးထဲစီးမျောရင်း တစ်ဖက်သတ်ဆုံးဖြတ်ချက်တွေကြား သူလိုရာကိုသာဆွဲထင်ပစ်လိုက်သည်။

တစ်ခါတစ်ရံလူတစ်ယောက်ကိုမြတ်နိုးမိသွားရင် အသန်မာဆုံးလူတွေတောင် မျက်ရည်ကျရသည်အထိနူးညံ့သွားတတ်ကြောင်း မကြုံဖူးသေးသည့်သူကတော့ယုံ​ကြည်သေးမှာမဟုတ်…..

……………

နွေရာသီအငွေ့အသက်တစ်ချို့ကိုရှူရှိုက်မိတော့ နေဝင်ဆည်းဆာအောက်မှာတောက်ပနေတာသူ့အပြုံးတွေပါပဲ။

Sပြည်နယ်ကပြန်လာတော့ တက်ကြွနေတဲ့သူ့ကိုနောင်းညိုပင်လက်ဖျားခါထားရသည်။တစ်လစာအလုပ်တွေအတိုးချလုပ်နေသူနှစ်ယောက်ကြား အားလပ်နေတာကသူ။

တိမ်ငွေ့ကခရီးထွက်နေရပြီး နောင်းညိုကလည်းအိမ်မှာသိပ်မရှိတတ်။သူကလည်းဟိုဟိုဒီဒီလျှောက်သွားရတာကိုသဘောတွေ့နေသည်။လမ်းထိပ်ကဆိုင် ၊တစ်လမ်းကျော်ကပန်းခြံ ၊ဟိုဘက်ရပ်ကွက်ကကစားကွင်း သူအကုန်သွားနေကျ။

အစပိုင်းတုန်းကနောင်းညိုကစိတ်မချသော်လည်း သူပျင်းတိုင်းထွက်သွားနေကျမို့မတားဖြစ်တော့။မနက်ပိုင်းတွေပန်းချီဆွဲဖြစ်သည်။အပင်လေးတွေကိုဂရုစိုက်သည်။Handmadeလေးတွေလုပ်သည်။ညနေခင်းဆိုအပျင်းပြေအပြင်ထွက်ဖြစ်သည်။

ဒီနေ့အတွက်ကတော့ပန်းခြံဘက်လမ်းလျှောက်မည်။အပြန်စတိုးဆိုင်ကရေခဲမုန့်ဝယ်စားမည်။နွေရာသီရဲ့ညနေခင်းလေးကပြည့်စုံနေရော။

ပန်းခြံဘက်ထွက်လာတော့ အတွဲတွေကတီတီတာတာတွတ်ထိုးနေကြသလို အသက်ကြီးသူတွေကအညောင်းပြေလမ်းလျှောက်နေကြသည်။အဖော်ကိုယ်စီပါကျသလို တစ်ချို့ကတော့တစ်ကိုယ်တည်း။

သူကတော့နားကြပ်ကလေးတစ်ဖက်တပ်ရင်း သီချင်းနားထောင်ကာ အေးအေးဆေးဆေးသာ။နွေညနေခင်းကို ပြည်ညှင်းလေးခပ်ဖွဖွတိုက်တော့ ရာသီဥတုကလှပနေတာ။

သူပတ်ဝန်းကျင်ကိုသတိထားမိချိန် နေတောင်ဝင်တော့မည်။စတိုးဆိုင်ဆီခြေဦးလှည့်တော့ ဆိုင်ထဲမှာခဏကြာသွားသည်။အပြင်ပြန်ထွက်ချိန်လမ်းမီးရောင်တွေတောင် လင်းနေပြီ။

သွားနေကျမို့ကြောက်စိတ်တော့မဖြစ်မိ။ဆိုင်နှင့်တိုက်ခန်းကလည်းနီးနီးလေးပင်။အတွေးတွေနဲ့လျှောက်ရင်း သစ်ပင်ရိပ်တွေအုပ်နေတာမို့အလင်းရောင်ကွယ်နေသောနေရာရောက်တော့ အပင်အောက်မှထွက်လာတဲ့လူသုံးဦး။

အိပ်ကပ်ထဲကဖုန်းဆီလက်အရောက် ဖျတ်ခနဲဆုပ်ကိုင်ခံလိုက်ရခြင်းနှင့်အတူ ဖုန်းလေးကမြေပြင်ပေါ်လွတ်ကျသည်။

“အလှလေး ဘယ်သူ့ကိုဖုန်းခေါ်ချင်လို့လဲ”

“ခင်ဗျားတို့ဘာလုပ်တာလဲ လက်ကိုလွှတ်”

အားနှင့်ရုန်းတော့ပိုမိုတင်းကြပ်သွားခြင်းနှင့်အတူ မရင်းနှီးတဲ့ဖယ်ရိုမုန်းရနံ့ကစူးကနဲ။လက်ကောက်ဝတ်ဆီမှပူထူနေအောင်နာကျင်နေသော်လည်း သူမရရအောင်ရုန်းနေမိသည်။

“ကိုယ့်မှာဒီအခွင့်အရေးရဖို့ ဘယ်နှလလောက်စောင့်လိုက်ရလဲသိလား ခုလိုအခွင့်အရေးရတုန်းမှမင်းကိုမသိမ်းပိုက်လိုက်ရင် ကိုယ့်လောက်ညံ့တဲ့လူ ဒီကမ္ဘာမှာရှိတော့မှာတောင်မဟုတ်ဘူး “

“ဘာလုပ်တာလဲ မထိနဲ့”

အနားသို့တိုးကပ်လာပြီး သူ့မျက်နှာဆီလက်လှမ်းလာတာမို့ အတင်းရုန်းကာရှောင်မိသည်။မှောင်ရိပ်ကွယ်နေ၍သူတို့မျက်နှာကိုမမြင်ရ။

Alphaဖြစ်သူကသူ့အနားဇွတ်ကပ်နေပြီး ကျန်တဲ့နှစ်ယောက်ကနောက်နားမှာရပ်ကြည့်နေလေသည်။အနားမှာပျံ့လွင့်နေတဲ့သွေးနံ့ပြင်းပြင်းတွေက ထိုAlphaရဲ့ဖယ်ရိုမုန်းရနံ့တွေ။ထူးဆန်းစွာထိုAlphaရဲ့ဖယ်ရိုမုန်းဖိနှိပ်မှုမခံရခြင်းကြောင့် လက်ကောက်ဝတ်မှနာကျင်မှုတစ်မျိုးတည်းသာ တစ်ခုတည်းသောအဆင်မပြေမှုပင်။

“မင်းအနံ့လေးကစံပယ်ရနံ့လား ကိုယ်သိပ်ကြိုက်တယ် “

ပြောရင်းမှလည်ပင်းဆီဇွတ်မျက်နှာကပ်လာပြန်လေသည်။

“မလုပ်နဲ့လို့ ကယ်ကြပါအွန်းးးးး”

သူ့အော်သံမဆုံးခင် ပါးစပ်ဆီရောက်လာတဲ့လက်ဖဝါးကြမ်းကြမ်းကြီးတစ်ဖက်။ထို့နောက်လက်တစ်ဖက်ကပါးစပ်ကိုပိတ်ပြီး ကျန်လက်တစ်ဖက်ကခါးမှဆွဲမကာ အနားမှာရပ်ထားတဲ့ကားဆီခေါ်သွားလေသည်။

ရှိသမျှအားနှင့်တွန်းထိုးရုန်းကန်သော်လည်းအင်အားချင်းမမျှတော့အရာမထင်။မျက်ရည်တွေစီးကျလာရင်း အားကုန်ရုန်းမိသည်။

ကားရှေ့ခန်းမှာတစ်ယောက်ကစက်နှိုးထားရင်း တစ်ယောက်ကကားတံခါးဖွင့်ပေးထားသည်။လူခြေတိတ်တဲ့ရပ်ကွက်က ဒီအချိန်မှာသူ့ကံဆိုးမှု။

ရုတ်တရတ်စူးကနဲထိုးလာတဲ့ကားမီးကြောင့် ထိုလူတွေလှုပ်ရှားမှုရပ်ကုန်သည်။လမ်းဟိုဘက်ဒီဘက်ထိုးလာတဲ့ကားမီးကြား သူတို့ကားကကြားညပ်သည်။ပြေးမလွတ်မှန်းသိသူတွေကသူ့ကိုတော့အလွတ်မပေး။ကားပေါ်ကလူပါဆင်းလာလေသည်။

ကားမီးကိုမပိတ်ဘဲ တံခါးဖွင့်ကာဆင်းလာသူတွေကဆယ်ယောက်ထက်မနည်း။ပတ်ဝန်းကျင်တစ်ခုလုံးဖိနှိပ်ခံလိုက်ရတာ ပင်လယ်ရနံ့တွေနဲ့။သူ့စိတ်ထဲသက်သာရာရသွားတာက လုံခြုံသွားပြီလို့ခံစားရလို့​ဖြစ်မည်။

“ငါပိုင်တဲ့နေရာမှာ ရမ်းကားရဲတဲ့အထိ အရမ်းတွေသတ္တိရှိနေတာပဲ”

“မင်းကဘယ်သူလဲ”

ဖိနှိပ်ခံရခြင်းကြောင့်တုန်ရီနေသူက သူ့ခါးမှလက်ကိုဖြေလျှော့လာလေသည်။သူမရမကရုန်းကန်ထွက်လိုက်တော့ ခြေထောက်ကခွေကနဲ။အနားရောက်လာသူက င်ခွင်ထဲဆွဲသွင်းကာ ဖယ်ရိုမုန်းတွနဲ့နှစ်သိမ့်သည်။သူသက်ပြင်းချမိရင်း လုံခြုံသွားပြီဟူသောအသိကြား မျက်ရည်တွေကတာကျိုးသလိုကျလာလေသည်။

“အဆင်​ပြေလား”

ငုံ့ကြည့်ကာမေးလာသူက ညင်ညင်သာသာအသံနဲ့။ခေါင်းညိတ်ပြမိပေမယ့် မျက်ရည်တွေမရပ်သလိုတုန်ရီနေတာလည်းမရပ်။နှလုံးခုန်နှုန်းတွေက တစက္ကန့်နှစ်ချက်နှုန်းအထိတောင်ခုန်နေပါသည်။

“မင်းကဘယ်သူလဲလို့ သူကငါ့omega “

“မင်း​ေ-ာက်ပေါက်ကိုပိတ်ထားစမ်း”

ဒေါသတကြီးအော်လိုက်တော့ရင်ခွင်ထဲကလူကတုန်ခနဲ။ကျောပြင်ကိုပုတ်ပေးကာ အပေါ်ထပ်Coatကိုချွတ်လို့ခြုံပေးမိသည်။မအေးတော့သော်ငြား ကြောက်ရွံနေသူကိုတော့လုံခြုံမှုခံစားရစေမှာပါ။

လူကိုကားနားမှာထားခဲ့ပြီး ထိုလူသုံးယောက်နားကပ်လိုက်တယ်ဆိုရင်ပဲ ဟိုသုံးယောက်ကဒူးခွေကျမတတ်။

“ပြောကြည့်စမ်းပါအုံး ငါ့ပိုင်ဆိုင်မှုကိုတောင်ထိရဲတဲ့အထိ သတ္တိတွေဘယ်သူကပေးတာလဲ”

“မင်းလျှောက်ပြော အွတ် “

“ခွပ်.. ခွပ်..ခွပ်”

စကားမဆုံးခင်ရောက်လာတဲ့လက်သီးချက်တွေကြောင့် မြေပြင်ပေါ်အလဲအကွဲ။ရှေ့တိုးဖို့ပြင်လာတဲ့သက်တော်စောင့်တွေကိုလက်ကာပြပြီး သူ့ဒေါသတွေကိုဖြေလျှော့မိသည်။သူ့ဒေါသတွေကိုဒီနေရာမှာသာမဖြေလျှော့မိရင်
ဘယ်လိုပေါက်ကွဲသွားမလဲမသိနိုင်သည်အထိ သူ့ဒေါသတွေမြင့်တက်နေပါသည်။

“ခွပ်.. ခွပ်..ဂျွတ်”

“အ..တော်ပါ…အား”

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်တစ်ခွင် ထိုးကြိတ်သံ၊အရိုးကျိုးသံနှင့် မပီမသညည်းတွားသံများသာစိုးမိုးနေလေသည်။မြေပြင်ပေါ်မှသုံးယောက်လုံး မျက်နှာတွေသွေးချင်းချင်းနီနေပြီး မူလရုပ်ပင်မမြင်နိုင်တော့သည်အထိ။

သူ့လက်သီးတွေသွေးတွေရဲနေသော်လည်း မရပ်တန့်နိုင်သေး။ရန်သူတွေကိုတောင်လက်မသုံးဘဲ နောက်လိုက်တွေကိုသာစီရင်ခိုင်းခဲ့သော်လည်း ယခုအချိန်တွင်တော့သူ့လက်နဲ့သာဇီဝိန်ချုပ်ပေးချင်နေပါသည်။

“ကိုCean “

ထပ်ထိုးဖို့လက်အရွယ် ဖမ်းဆုပ်ခံလိုက်ရတဲ့လက်နှင့်အတူ ကျောက်စက်အသံကအနားမှထွက်လာသည်။

“လက်ကိုလွှတ်လိုက် သူတို့ကိုသေအောင်သတ်မှာ”

နီရဲနေသောမျက်သားတွေ၊ပါးပြင်ပေါ်ကသွေးစက်တွေနှင့် တင်းထွက်နေတဲ့မေးရိုးတွေက သူ့ဒေါသကိုသရုပ်ဖော်သည်။

“ဟိုကလေးကြောက်နေပြီ”

စကားဆုံးတော့လှည့်ကြည့်မိရာက ခန္တာကိုယ်သေးသေးလေးဆီ။ကားမီးရောင်အောက် ဖြူဖျော့နေသောမျက်နှာက အသိမဲ့နေသူလို။မျက်ဝန်းသေတွေကသွေးတွေရွှဲနေတဲ့သူ့လက်ဆီမှာ။

သူနောက်ကိုလှည့်ကာသူ့ဆီလျှောက်သွားတော့ ကြောက်ရွံသလိုနောက်ဆီဆုတ်သည်။အသက်မပါတဲ့လှုပ်ရှားမှုတွေကစက်ရုပ်ကိုသံပတ်ပေးထားတဲ့အတိုင်း။

အလိုက်သိတဲ့ကျောက်စက်က ရေသန့်ဗူးနှင့် ပုဝါတစ်ထည်ပေးလာလေသည်။လက်တွေသန့်စင်ကာ မျက်နှာကိုပါတစ်ရှူးအစိုနှင့်သုတ်လို့သူ့ဆီခြေလှမ်းမိသည်။သွေးစွန်းနေတဲ့အဝတ်တွေကိုတော့အိမ်ရောက်မှလဲတော့မည်။

ကိုယ်သေးသေးလေးကိုရင်ခွင်ထဲဆွဲယူပွေ့ဖက်တော့ အတောင့်လိုက်ကလေးပါလာသည်။အေးစက်နေတဲ့အသားအရေတွေက နွေဥတုနဲ့မလိုက်ဖက်စွာ။ရင်ခွင်ထဲအရောက် ပျော့ခွေသွားသူက မျက်ဝန်းတွေပါမှိတ်ကျကုန်သည်။

ဒူးအောက်ကလျှိုယူကာပွေ့လိုက်ပြီး ကားနောက်ခန်းမှာဝင်ထိုင်လိုက်တော့ တံခါးမပိတ်ခင်ကျောက်စက်ကအလိုက်တသိအနားရောက်လာလေသည်။

“သူတို့သုံးယောက်ကို မြေအောက်ခန်းထဲပို့လိုက် ပြီးတော့Horizonဆီဖုန်းဆက် ငါ့အိမ်ကိုလာခဲ့ဖို့ပြောလိုက် မင်းကနောက်ကားနဲ့လိုက်ခဲ့”

“ဟုတ်ကဲ့ ကိုCean “

ပြောပြီးတံခါးပိတ်ကာထွက်သွားလေသည်။ရှေ့ခန်းကသက်တော်စောင့်ကအလိုက်သိစွာ အလယ်ကန့်ကိုပိတ်လိုက်ပြီး ဦးတည်ရာက မြို့ပြင်ကသူ့စံအိမ်ဆီ။

ရင်ခွင်ထဲကိုငုံ့ကြည့်တော့ အသက်ပုံမှန်ရှူနေသူက အကြောက်လွန်ပြီးသတိလစ်သွားဟန်။ဖယ်ရိုမုန်းတစ်ချို့နှင့်ထွေးဖက်တော့ စံပယ်ရနံ့လေးကပြန်လည်တိုးဝှေ့ကြည်စယ်သည်။ဖြူဖြူဖွေးဖွေးနှဖူးပြင်လေးအားငုံ့နမ်းမိခြင်းမှာ အကြောင်းပြချက်သေးသေးလေးတောင်မရှိ……….

##################

ငြိမ်း🌻🌞

ေျမာက္ေလတစ္ခ်ိဳ႕သယ္ေဆာင္လာတဲ့ အေအးဓာတ္က ေဆာင္းရာသီမွန္းသိပ္သိသာေစသည္။ျမဴလႊာပါးပါးက ေနျခည္တစ္ခ်က္အဝင့္မွာ လြင့္ကနဲျပယ္သည္။ေဆာင္းကုန္ခါနီးမို႔႐ြက္ဝါတစ္ခ်ိဳ႕က ေျမျပင္ထက္ဆင္းသက္သည္။

ဝတ္ထားတဲ့ဆြယ္တာနီရဲရဲေလးထဲ ကိုယ္ကိုက်ဳံ႕လိုက္ၿပီး ပါးစပ္ကအေငြ႕တစ္ခ်ိဳ႕မႈတ္ထုတ္လိုက္သည္။ထို႔ေနာက္ မာဖလာနီရဲရဲေလးကို ႏွာေခါင္းထိဆြဲအုပ္ပစ္ေတာ့ ၾကည္လဲ့လဲ့ မ်က္လုံးဝိုင္းေလးေတြသာ ေပၚက်န္ရစ္ေလသည္။

မနက္ျဖန္ တိမ္ေငြ႕ေနထိုင္သည့္ျပည္နယ္သို႔ ေနာင္းညိုႏွင့္သြားမည္။ဟိုမွာတစ္လေလာက္ေနမည္။outdoor ရႉခင္းေတြဆြဲခ်င္ေသာေၾကာင့္ သဘာဝရႉခင္းေတြႏွင့္လွပေနေသာ ထိုျပည္နယ္က သူ႕အတြက္အေကာင္းဆုံးေ႐ြးခ်ယ္မႈ။

Ocean Mallႏွင့္ ျပႆဒါးေန႕ရက္မ်ားႀကဳံရၿပီးေနာက္ ထိုေနရာအား ေျခဦးပင္မလွည့္ေတာ့ေသာသူ႕အား ေနာင္းညိုကနားလည္ေပးသည္။လိုအပ္သည့္ပစၥည္းမ်ားကို တျခား Shopping center မွာသာသြားေရာက္ဝယ္ယူရန္ေတြးထားသည္။

ရွစ္နာရီထိုးသည္အထိ အေအးဓာတ္မျပယ္ ခ်င္ေသးသည္ေၾကာင့္ အနီရဲရဲသိုးေမြးၾကားမ်က္လုံးေလးသာေပၚသူက သူသိပ္ႀကိဳက္တဲ့ စေတာ္ဘယ္ရီသီးေလးလို။ေနာင္းညိုကသူ႕ကိုၾကည့္ၿပီး မၾကာခဏရယ္ေနေလသည္။

“လျခမ္းေလး ဒီပုံစံအတိုင္းဆို ေနာက္လထဲမွသြားရင္ ပိုအဆင္ေျပမယ္ထင္တယ္ေနာ္”

“ဘာလို႔လဲ ခုပဲသြားခ်င္တာ ေနာက္လဆိုတိမ္ေငြ႕ကအားမွာမဟုတ္ဘူး ႏွင္းေတြလည္းမရွိေတာ့ဘူး”

“ခင္ဗ်ားေလးအေအးေၾကာက္တတ္ပုံနဲ႕ အဲ့သည္ကရာသီဥတုနဲ႕က တစ္လမ္းဆီဗ်”

“ဟင့္အင္းလို႔ ဘာမွမျဖစ္ဘူး အေအးဒဏ္ခံနိုင္တယ္”

“ေလွ်ာက္ေျပာျပန္ၿပီ ဒီၿမိဳ႕မွာသိပ္မေအးတာေတာင္ ခုအႏြေးထည္ပုံထဲျမဳပ္ေနတာဘယ္သူတုန္း”

“ရပါတယ္ဆို”

မသြားရမွာေၾကာက္ေနသူက ႏႈတ္ခမ္းပါဆူလာၿပီ။ထပ္ၿပီးေျပာရင္ ငိုေတာ့မွာသိေနေတာ့လည္း ႏႈတ္ပိတ္ၿပီးသာ စကားလမ္းေၾကာင္းလႊဲရေတာ့သည္။

“တိမ္ေငြ႕အတြက္ဘာလက္ေဆာင္ဝယ္သြားၾကမလဲ”

“ငယ္ငယ့္မွာရွိၿပီးသား”

“အံမယ္ တစ္ေယာက္တည္းတိတ္တိတ္ေလးႀကိတ္ၿပီး ဝယ္ထားတယ္ေပါ့”

“မဝယ္ထားပါဘူး ကိုယ္တိုင္လုပ္ထားတဲ့ handmade ေတြ”

“ကိုယ့္ကိုက်ေတာ့မေပးဘူး”

“ဆင္တူလုပ္ထားေပးတယ္ ငယ္ငယ္တို႔သုံးေယာက္လုံးဖို႔”

“ေတာ္လိုက္တာ ဘာေတြလုပ္ထားတာလဲ”

“မေျပာျပေသးဘူး “

“ဟုတ္ပါၿပီဗ်ာ ကဲ ..ေရာက္ၿပီ”

ကားႏွင့္မသြားဘဲလမ္းေလွ်ာက္ခ်င္ပါသည္ဆိုေသာေၾကာင့္ ကားကိုလမ္းဟိုဘက္ထိပ္ရပ္ခဲ့ၿပီး ဆယ္မိနစ္ၾကာခရီးေလးကိုလမ္းေလွ်ာက္ျဖစ္ခဲ့ျခင္း။ၿမိဳ႕ထဲမို႔ ကားအသြားအလာရႈပ္သည္။

လမ္းသြားလမ္းလာအားလုံး အေအးဓာတ္ကိုအသားက်ေနေသာ္ျငား သူ႕ေဘးကomegaေလးကေတာ့ အသားမက်ေသး။အျပင္ထြက္ေလ့မရွိသည္မို႔ ပိုၿပီးႏုေထြးေနဟန္။Mallထဲေရာက္ေတာ့လည္း လူတိုင္းလိုက္ၾကည့္ျခင္းအား ခံေနရေလသည္။သတိမထားမိသူက ဝယ္ရမည့္စာရင္းစာ႐ြက္အားထုတ္ကာ အလုပ္ရႉပ္ေနေလရဲ႕။

ပစၥည္းအာလုံးဝယ္ၿပီး ကားထဲသြားထည့္ဖို႔ ဝန္ထမ္းေကာင္ေလးကိုသာခိုင္းလိုက္သည္။သူတို႔ႏွစ္ေယာက္ကေတာ့ ေန႕လည္စာစားၿပီးမွ ေအးေဆးျပန္မည္။

စားေသာက္ၿပီးအျပင္ထြက္ေတာ့ ေနက,ေတာ္ေတာ္ပူေနၿပီ။ဝတ္ထားတဲ့ မာဖလာနဲ႕ဆြယ္တာကိုခြၽတ္ထားေတာ့ ေနာင္းညိုကကိုင္ထားေပးသည္။တိမ္ေငြ႕ေပးထားတဲ့ ခ်ည္သားတိုင္းရင္းသားအကၤ်ီလိေမၼာ္ေရာင္ေလးေၾကာင့္ အသားေဖြးေဖြးကေနေရာင္ေအာက္မွာ ေတာက္ေတာက္ပပ။

အျပင္အေရာက္ေတြ႕လိုက္ရသူေၾကာင့္ ႏွစ္ေယာက္လုံးေျခလွမ္းကတုံ႕ခနဲ။ၿမိဳ႕ေတာ္ရဲ႕အလွပေဂးေလးက သူ႕ကိုမွတ္မိေနဟန္ႏႈတ္ဆက္လာေလသည္။

“ဟိုင္း လျခမ္းငယ္ငယ္ ဟုတ္တယ္ဟုတ္”

“ဟုတ္ကဲ့”

“အိမ္တြင္းပုန္းေနတာထင္တယ္ အသားေတြပိုျဖဴလာတယ္”

“ဟုတ္ အျပင္မထြက္ခ်င္လို႔ အခန္းတြင္းပဲေအာင္းေနမိတာ”

“အရမ္းႀကီးမေၾကာက္ပါနဲ႕ကြ အျပင္ထြက္ရင္ Maskတပ္ဖို႔ေတာ့မေမ့နဲ႕ေပါ့ ၿပီးေတာ့သူငယ္ခ်င္းနဲ႕အတူသြား စီးကရက္ေသာက္ေနတဲ့သူျမင္ရင္ ေဝးေဝးကေရွာင္သြား”

“ဟုတ္ကဲ့ အခုလိုဂ႐ုစိုက္ေပးတာေက်းဇူးတင္ပါတယ္ဗ်”

“မလိုပါဘူးကြာ မင္းကိုျမင္ေတာ့ကိုယ့္အသိေဟာင္း ကေလးတစ္ေယာက္ကိုသတိရသြားလို႔ မင္းလိုပဲပါးခ်ိဳင့္ေလးနဲ႕”

“အဟီး”

သူရယ္လိုက္ေတာ့ မုတ္သုံကၿပဳံးရင္း သူ႕ေခါင္းထက္မွဆံႏြယ္ေတြကိုတယုတယပြတ္ေပးလာေလသည္။အသက္ခ်င္းသိပ္မကြာေသာ္လည္း ရင့္က်က္သူကသူ႕အားကေလးဟုသေဘာထားေနဟန္။ ေနာင္းညိုကဘာမွမေျပာ ေဘးမွာတိတ္တဆိတ္သာရပ္ၾကည့္ေနေလ သည္။

ေနေရာင္ေအာက္မွာၿပဳံးရယ္ေနသူက မ်က္လုံးေတြေမွးမွိတ္ေနကာ ပါးခ်ိဳင့္ေတြကထင္းထင္းလင္းလင္း။ေနေရာင္ေအာက္မွာအစြမ္းကုန္ပြင့္လန္းေနတဲ့ ပန္းပြင့္ေလးသဖြယ္။

ဖ်တ္ကနဲၾကည့္မိရင္ေတာင္အၾကည့္မလႊဲနိုင္ေလာက္တဲ့ျမင္ကြင္း။ရဲရဲေတာက္ႏွင္းဆီတစ္ပြင့္ႏွင့္ ျဖဴျဖဴစင္စင္စံပယ္တစ္ပြင့္က လိုက္ဖက္ညီလြန္းေနသည့္ သန္မာမႈႏွင့္ႏူးညံမႈ။

မ်က္ခုံးေတြတြန့္ခ်ိဳးလို႔ အသက္ကိုျပင္းျပင္းရႉမိတယ္။ဘယ္လိုပဲ omegaႏွစ္ေယာက္လို႔ေျပာေျပာ သူ႕မ်က္လုံးထဲမွာ ၾကည္စယ္ေနတဲ့အတြဲေတြလိုပဲ။ၿပီးေတာ့ဟိုေကာင္ေလးက ၿမိဳ႕ေတာ္အလွပေဂးနဲ႕ယွဥ္ရင္ ျဖဴျဖဴေသးေသးေလးရယ္။

ေခါင္းကိုပြတ္ေပးေနတဲ့လက္ေတြကိုျမင္ေတာ့ ရင္ထဲတင္းၾကပ္သြားတာ ဘာေၾကာင့္မွန္းမသိ။ဟိုအလွပေဂးရဲ႕မ်က္ဝန္းထဲမွာ ၾကင္နာရိပ္ေတြတလက္လက္။ပြဲမွာၾကားခဲ့ဖူးတဲ့အသံေတြျပန္ၾကားေယာင္လာသည္။အဲ့အေသးေလးက Omegaအခ်င္းခ်င္းေတာင္ တိမ္းၫြတ္ခ်င္စရာေကာင္းပါတယ္တဲ့။

“ကိုCean “

ေက်ာက္စက္ေခၚမွ ထိုျမင္ကြင္းကေနအၾကည့္လႊဲမိသည္။

“ေျပာ”

“အထဲဝင္မွာလား”

ဒီShopping Mallကလည္းသူရွယ္ယာတစ္ဝက္ဝင္ထားသည့္ေနရာ။သူငယ္ခ်င္းျဖစ္သူက ဒီေန႕ေတြ႕ၾကရေအာင္ဟူေသာခ်ိန္းဆိုမႈေၾကာင့္ ေရာက္လာတာ။

အရင္တစ္ခါသူ႕စကားေတြေၾကာင့္ သူ႕အပိုင္ေနရာကိုေျခထပ္မခ်ေတာ့ဟန္။ဒီေနရာကပါသူ႕အပိုင္မွန္းသိရင္ ထပ္မလာေလာက္ေတာ့။

“ခဏေနအုံး”

“ဟိုကေလးေၾကာင့္လား ေျပာမွမေတြ႕တာေတာင္ၾကာေနၿပီ”

ေရွ႕ကသက္ေတာ္ေစာင့္ႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိသြားသည္။

*ဘာကိုမေတြ႕တာၾကာရမွာတုန္း ေန႕တိုင္းနီးပါးေတြ႕ေနလို႔ ဟိုေကာင္ေလး အိမ္ထဲကအိမ္ျပင္ေတာင္သိပ္မထြက္ေတာ့ဘူး ေတြ႕တိုင္းအနိုင္က်င့္ေနတာ သူတို႔Bossေလ*

ႏွစ္ေယာက္သား နားလည္မႈေတြနဲ႕မ်က္ႏွာလႊဲလိုက္ၾကသည္။

“ဒါနဲ႕ မနက္ျဖန္ခရီးမွာ Geoပါလိုက္မွာဆို”

“ဟုတ္တယ္ တစ္ခ်ိဳ႕လုပ္ငန္းေတြမွာသူကမပါမျဖစ္”

“ကိုယ္ပိုင္ေလယာဥ္နဲ႕ပဲဆိုေတာ့ ေအးေဆးမွပဲသြားမွာမလား”

“အြန္း မနက္ရွစ္နာရီေလာက္ထြက္ျဖစ္မယ္
မင္းကဒီမွာငါ့အစားေနခဲ့ တစ္လေက်ာ္ၾကာမွာဆိုေတာ့ မင္းပါလိုက္လာလို႔မရဘူး”

“ဟုတ္ကဲ့ကိုCean”

အျပင္ဘက္ကိုလွည့္ၾကည့္ေတာ့ ဟိုတစ္ေယာက္မရွိေတာ့ ။ကားေပၚကဆင္းရင္း ပတ္ဝန္းက်င္ကိုလည္း ေဝ့ကနဲၾကည့္မိတယ္။အရိပ္ေယာင္ေတာင္မေတြ႕ရေတာ့ စိတ္ထဲသိပ္အလိုမက်ေတာ့။

တြန့္ခ်ိဳးထားမိတဲ့မ်က္ခုံးေတြက ေနစူးလို႔သာ ျဖစ္မွာပါ။

…………

ျမဴေတြဝိုင္းေနတဲ့ပတ္ဝန္းက်င္တစ္ဝိုက္ ရယ္သံလြင္လြင္ေလးက ခ်ိဳသာလြန္းသည္။အပူခံဗူးထဲကႏြားနို႔ႏြေးႏြေးက အေငြ႕ေတြတလြင့္လြင့္။omegaေလးရဲ႕မ်က္ႏွာရဲရဲက အေအးဓာတ္ႏွင့္ အႏြေးေငြ႕တို႔ ထပ္တူေရာစပ္ခံရမႈေၾကာင့္ျဖစ္မည္။

ေတာင္ထိပ္မွ စီးမိုးၾကည့္ေနတာေၾကာင့္ သစ္ေတာစိမ္းစိမ္းၾကားကၿမိဳ႕ငယ္ေလးက
ျမဴခိုးေတြေထြးေပြ႕ခံထားရတဲ့ၾကား ေအးေအးခ်မ္းခ်မ္း။ခပ္ေဝးေဝးက ေရျပင္က်ယ္ျပာျပာက ေရေငြ႕ျဖဴျဖဴေတြေၾကာင့္
သိပ္မထင္ရွား ေဝေဝဝါးဝါး။

ကင္မရာတစ္လုံးႏွင့္အလုပ္ရႈပ္ေနသည့္ေနာင္းညိုရယ္ ကင္းဗတ္စေပၚေဆးစက္ခ်ေနသည့္လျခမ္းရယ္ သဘာဝရႉခင္းအလွကို မ်က္စိမွိတ္ရင္းခံစားေနသည့္ တိမ္ေငြ႕ရယ္ အရာရာဟာေအးေအးခ်မ္းခ်မ္း။

ငယ္ငယ္ကိုယ္တိုင္ထိုးေပးထားတဲ့ ဆင္တူသိုးေမႊးအႏြေးထည္ေတြႏွင့္မာဖလာေတြက ေမတၱာေတြႏွင့္မို႔ ပိုႏြေးပါသည္။ႏွလုံးသားေတြႏြေးေထြးေနလွ်င္ ျပင္ပအေအးဒဏ္ေလာက္ကို စာမဖြဲ႕လိုေတာ့။

ေဘးနားကခုံေလးထက္ အေငြ႕တစ္ေထာင္းေထာင္းထေနသည့္ ေကာ္ဖီပူပူေလးႏွစ္ခြက္ႏွင့္ ႏြားနို႔ဗူးေလးကလိုက္ဖက္ညီစြာ။ဒီေတာင္ထိပ္ကေျခရာေတြၾကား ျဖဴစင္တဲ့ေမတၱာတစ္ခ်ိဳ႕က မွတ္ေက်ာက္တင္သည္။

ေနထြက္ခ်ိန္အတူၾကည့္ဖို႔ ခ်စ္သူ႕လက္ကိုတြဲဖို႔မလိုသလို သဘာဝအလွကိုခံစားဖို႔ ခ်စ္သူ႕ပခုံးကိုမွီထားဖို႔မလိုပါဘူး။အခ်စ္ရပ္ဝန္းေတြမွာပဲ ေပ်ာ္႐ႊင္မႈေတြလိုက္ရွာေနဖို႔မလိုဘူး။ ေမတၱာေတြသာစစ္မွန္ရင္ သူငယ္ခ်င္းေတြကလည္း ေပ်ာ္႐ႊင္မႈေတြယူေဆာင္လာေပးပါလိမ့္မယ္။

……………..

မီးေရာင္စုံလင္းေနတဲ့ ၿမိဳ႕ေတာ္ႀကီးကို မွန္ျပတင္းကငုံ႕ၾကည့္ရင္း အေဝးတစ္ေနရာက အလင္းေရာင္ေလးကို သတိရမိသည္။မ်က္ဝန္းအိမ္ထဲ ေနေရာင္ေတြ သိုေလွာင္ထားတဲ့ စံပယ္ေလးတစ္ပြင့္။

မ်က္လုံးဝိုင္းေတြပြင့္ေနခ်ိန္ ပတ္ဝန္းက်င္တစ္ခုလုံးလင္းထိန္ေနတတ္ၿပီး မ်က္ဝန္းေတြေမွးမွိတ္ထားခ်ိန္ အလင္းေတြေမွးမွိန္သြားတတ္သည္။

အခုတေလာ ထိုမ်က္ဝန္းေတြၾကား သူ႕မာနေတြေပ်ာက္ဆုံးလာသည္။သိပ္မာနႀကီးခဲ့သူအဖို႔ သာမန္omegaတစ္ေယာက္ေၾကာင့္ သူ႕ကိုယ္သူေပ်ာက္ဆုံးျခင္းဟာ ခံရအခက္ဆုံးပါပဲ။ဒါေၾကာင့္သူႏွင့္ေဝးေဝးေနဖို႔ေတြးကာ တစ္လေက်ာ္ၾကာသည့္ ဒီျပည္ပခရီးစဥ္အားထြက္လာျခင္း။

ျမင္ပါမ်ားလို႔ ဖယ္ရိုမုန္းဆြဲေဆာင္မႈေတြေၾကာင့္ သူမခုခံနိုင္ခဲ့တာေနမွာ။အဲ့ႏႈတ္ခမ္းေတြကိုစြဲလမ္းေနတာမဟုတ္သလို အဲ့ဒီရနံ႕ေတြကိုမမက္ေမာခဲ့ဘူး။သူအမုန္းဆုံးရနံ႕တစ္ခုကို ဘာေၾကာင့္မ်ားမက္ေမာေနရအုံးမွာလဲ။

အခု,ႏွစ္ပတ္တာအေတာအတြင္း သူအဆင္ေျပေနတာပါပဲ။ဟုတ္သည္ အေနနီးလို႔ဆြဲေဆာင္ခံလိုက္ရတာ။သူကပုံမွန္အတိုင္း အသန္မာဆုံး Dominant Alpha ျဖစ္ေနဆဲပဲ။ဘယ္အရာရဲ႕လႊမ္းမိုးမႈကိုမွခံေနမွာမဟုတ္ဘူး။လိုက္ဖက္ညီဆုံးဖယ္ရိုမုန္းေတာင္မွ သူ႕ကိုဆြဲေဆာင္နိုင္မွာမဟုတ္ဘူး။

တစ္ေယာက္တည္းအေတြးထဲစီးေမ်ာရင္း တစ္ဖက္သတ္ဆုံးျဖတ္ခ်က္ေတြၾကား သူလိုရာကိုသာဆြဲထင္ပစ္လိုက္သည္။

တစ္ခါတစ္ရံ လူတစ္ေယာက္ကိုျမတ္နိုးမိသြားရင္ အသန္မာဆုံးလူေတြေတာင္ မ်က္ရည္က်သည္အထိ ႏူးညံ့သြားတတ္ေၾကာင္း မႀကဳံဖူးေသးသည့္သူကေတာ့ ယုံၾကည္ေသးမွာမဟုတ္…..

……………

ႏြေရာသီအေငြ႕အသက္တစ္ခ်ိဳ႕ကိုရႉရွိုက္မိေတာ့ ေနဝင္ဆည္းဆာေအာက္မွာေတာက္ပေနတာသူ႕အၿပဳံးေတြပါပဲ။

Sျပည္နယ္ကျပန္လာေတာ့ တက္ႂကြေနတဲ့သူ႕ကို ေနာင္းညိုပင္လက္ဖ်ားခါထားရသည္။တစ္လစာအလုပ္ေတြ အတိုးခ်လဳပ္ေနသူႏွစ္ေယာက္ၾကား အားလပ္ေနတာသူ။

တိမ္ေငြ႕ကခရီးထြက္ေနရၿပီး ေနာင္းညိုကလည္းအိမ္မွာသိပ္မရွိတတ္။သူကလည္းဟိုဟိုဒီဒီေလွ်ာက္သြားရတာကိုသေဘာေတြ႕ေနသည္။လမ္းထိပ္ကဆိုင္ ၊တစ္လမ္းေက်ာ္ကပန္းၿခံ ၊ဟိုဘက္ရပ္ကြက္က ကစားကြင္း သူအကုန္သြားေနက်။

အစပိုင္းတုန္းက ေနာင္းညိုကစိတ္မခ်ေသာ္လည္း သူပ်င္းတိုင္းထြက္သြားေနက်မိဳ႕မတားျဖစ္ေတာ့။မနက္ပိုင္းေတြ ပန္းခ်ီဆြဲျဖစ္သည္။အပင္ေလးေတြကိုဂ႐ုစိုက္သည္။Handmadeေလးေတြလုပ္သည္။ညေနခင္းဆိုအပ်င္းေျပအျပင္ထြက္ျဖစ္သည္။

ဒီေန႕အတြက္ကေတာ့ ပန္းၿခံဘက္လမ္းေလွ်ာက္မည္။အျပန္စတိုးဆိုင္က ေရခဲမုန့္ဝယ္စားမည္။ႏြေရာသီရဲ႕ညေနခင္းေလးကျပည့္စုံေနေရာ။

ပန္းၿခံဘက္ထြက္လာေတာ့ အတြဲေတြကတီတီတာတာတြတ္ထိုးေနၾကသလို အသက္ႀကီးသူေတြက အေညာင္းေျပလမ္းေလွ်ာက္ေနၾကသည္။အေဖာ္ကိုယ္စီပါက်သလို တစ္ခ်ိဳ႕ကေတာ့တစ္ကိုယ္တည္း။

သူကေတာ့ နားၾကပ္ကေလးတစ္ဖက္တပ္ရင္း သီခ်င္းနားေထာင္ကာ ေအးေအးေဆးေဆးသာ။ႏြေညေနခင္းကို ေလျပည္ညွင္းေလး ခပ္ဖြဖြတိုက္ေတာ့ရာသီဥတုကလွပေနတာ။

သူပတ္ဝန္းက်င္ကိုသတိထားမိခ်ိန္ ေနေတာင္ဝင္ေတာ့မည္။စတိုးဆိုင္ဆီေျခဦးလွည့္ေတာ့ ဆိုင္ထဲမွာခဏၾကာသြားသည္။အျပင္ျပန္ထြက္ခ်ိန္လမ္းမီးေရာင္ေတြေတာင္ လင္းေနၿပီ။

သြားေနက်မိဳ႕ေၾကာက္စိတ္ေတာ့မျဖစ္မိ။ဆိုင္ႏွင့္တိုက္ခန္းကလည္း နီးနီးေလးပင္။အေတြးေတြနဲ႕ေလွ်ာက္ရင္း သစ္ပင္ရိပ္ေတြအုပ္ေနတာမို႔ အလင္းေရာင္ကြယ္ေနေသာေနရာေရာက္ေတာ့ အပင္ေအာက္မွထြက္လာတဲ့လူသုံးဦး။

အိပ္ကပ္ထဲကဖုန္းဆီလက္အေရာက္ ဖ်တ္ခနဲဆုပ္ကိုင္ခံလိုက္ရျခင္းႏွင့္အတူ ဖုန္းေလးကေျမျပင္ေပၚလြတ္က်သည္။

“အလွေလး ဘယ္သူ႕ကိုဖုန္းေခၚခ်င္လို႔လဲ”

“ခင္ဗ်ားတို႔ဘာလုပ္တာလဲ လက္ကိုလႊတ္”

အားႏွင့္႐ုန္းေတာ့ပိုမိုတင္းၾကပ္သြားျခင္းႏွင့္အတူ မရင္းႏွီးတဲ့ဖယ္ရိုမုန္းရနံ႕ကစူးကနဲ။လက္ေကာက္ဝတ္ဆီမွ ပူထူေနေအာင္နာက်င္ေနေသာ္လည္း သူမရရေအာင္႐ုန္းေနမိသည္။

“ကိုယ့္မွာဒီအခြင့္အေရးရဖို႔ ဘယ္ႏွလေလာက္ေစာင့္လိုက္ရလဲသိလား ခုလိုအခြင့္အေရးရတုန္းမွမင္းကိုမသိမ္းပိုက္လိုက္ရင္ ကိုယ့္ေလာက္ညံ့တဲ့လူ ဒီကမၻာမွာရွိေတာ့မွာေတာင္မဟုတ္ဘူး “

“ဘာလုပ္တာလဲ မထိနဲ႕”

အနားသို႔တိုးကပ္လာၿပီး သူ႕မ်က္ႏွာဆီလက္လွမ္းလာတာမို႔ အတင္း႐ုန္းကာေရွာင္မိသည္။ေမွာင္ရိပ္ကြယ္ေန၍သူတို႔မ်က္ႏွာကိုမျမင္ရ။

Alphaျဖစ္သူက သူ႕အနားဇြတ္ကပ္ေနၿပီး က်န္တဲ့ႏွစ္ေယာက္ကေနာက္နားမွာရပ္ၾကည့္ေနေလသည္။အနားမွာပ်ံ့လြင့္ေနတဲ့ ေသြးနံ႕ျပင္းျပင္းေတြက ထိုAlphaရဲ႕ ဖယ္ရိုမုန္းရနံ႕ေတြ။ထူးဆန္းစြာ ဖယ္ရိုမုန္းဖိႏွိပ္မႈမခံရျခင္းေၾကာင့္ လက္ေကာက္ဝတ္မွနာက်င္မႈတစ္မ်ိဳးတည္းသာ တစ္ခုတည္းေသာအဆင္မေျပမႈပင္။

“မင္းအနံ႕ေလးကစံပယ္ရနံ႕လား ကိုယ္သိပ္ႀကိဳက္တယ္ “

ေျပာရင္းမွလည္ပင္းဆီဇြတ္မ်က္ႏွာကပ္လာျပန္ေလသည္။

“မလုပ္နဲ႕လို႔ ကယ္ၾကပါအြန္းးးးး”

သူ႕ေအာ္သံမဆုံးခင္ ပါးစပ္ဆီေရာက္လာတဲ့လက္ဖဝါးၾကမ္းၾကမ္းႀကီးတစ္ဖက္။ထို႔ေနာက္လက္တစ္ဖက္ကပါးစပ္ကိုပိတ္ၿပီး က်န္လက္တစ္ဖက္ကခါးမွဆြဲမကာ အနားမွာရပ္ထားတဲ့ကားဆီေခၚသြားေလသည္။

ရွိသမွ်အားႏွင့္တြန္းထိုး႐ုန္းကန္ေသာ္လည္းအင္အားခ်င္းမမွ်ေတာ့ အရာမထင္။မ်က္ရည္ေတြစီးက်လာရင္း အားကုန္႐ုန္းမိသည္။

ကားေရွ႕ခန္းမွာတစ္ေယာက္ကစက္ႏွိုးထားရင္း တစ္ေယာက္ကကားတံခါးဖြင့္ေပးထားသည္။လူေျခတိတ္တဲ့ရပ္ကြက္က ဒီအခ်ိန္မွာသူ႕ကံဆိုးမႈ။

စူးကနဲထိုးလာတဲ့ကားမီးေၾကာင့္ ထိုလူေတြလႈပ္ရွားမႈရပ္ကုန္သည္။လမ္းဟိုဘက္ဒီဘက္ ထိုးလာတဲ့ကားမီးၾကား သူတို႔ကားကၾကားညပ္သည္။ေျပးမလြတ္မွန္းသိသူေတြကသူ႕ကိုေတာ့အလြတ္မေပး။ကားေပၚကလူပါ ဆင္းလာေလသည္။

ကားမီးကိုမပိတ္ဘဲ တံခါးဖြင့္ကာဆင္းလာသူေတြက ဆယ္ေယာက္ထက္မနည္း။ပတ္ဝန္းက်င္တစ္ခုလုံးဖိႏွိပ္ခံလိုက္ရတာ ပင္လယ္ရနံ႕ေတြနဲ႕။သူ႕စိတ္ထဲသက္သာရာရသြားတာက လုံၿခဳံသြားၿပီလို႔ခံစားရလို႔။

“ငါပိုင္တဲ့ေနရာမွာ ရမ္းကားရဲတဲ့အထိ အရမ္းေတြသတၱိရွိေနတာပဲ”

“မင္းကဘယ္သူလဲ”

ဖိႏွိပ္ခံရျခင္းေၾကာင့္တုန္ရီေနသူက သူ႕ခါးမွလက္ကိုေျဖေလွ်ာ့လာေလသည္။သူမရမက႐ုန္းကန္ထြက္လိုက္ေတာ့ ေျခေထာက္ကေခြကနဲ။အနားေရာက္လာသူက ရင္ခြင္ထဲဆြဲသြင္းကာ ဖယ္ရိုမုန္းတြနဲ႕ ႏွစ္သိမ့္တယ္။သူသက္ျပင္းခ်မိရင္း လုံၿခဳံသြားၿပီဟူေသာအသိၾကား မ်က္ရည္ေတြကတာက်ိဳးသလိုက်လာေလသည္။

“အဆင္ေျပလား”

ငုံ႕ၾကည့္ကာေမးလာသူက ညင္ညင္သာသာအသံနဲ႕။ေခါင္းညိတ္ျပမိေပမယ့္ မ်က္ရည္ေတြမရပ္သလို တုန္ရီေနတာလည္းမရပ္။ႏွလုံးခုန္ႏႈန္းေတြက တစကၠန့္ႏွစ္ခ်က္ႏႈန္းအထိေတာင္ခုန္ေနပါသည္။

“မင္းကဘယ္သူလဲလို႔ သူကငါ့omega “

“မင္းေ-ာက္ေပါက္ကိုပိတ္ထားစမ္း”

ေဒါသတႀကီးေအာ္လိုက္ေတာ့ ရင္ခြင္ထဲကလူကတုန္ခနဲ။ေက်ာျပင္ကိုပုတ္ေပးကာ အေပၚထပ္ Coatကိုခြၽတ္လို႔ၿခဳံေပးမိတယ္။မေအးေတာ့ေသာ္ျငား ေၾကာက္႐ြံေနသူကိုေတာ့ လုံၿခဳံမႈခံစားရေစမွာပါ။

လူကိုကားနားမွာထားခဲ့ၿပီး ထိုလူသုံးေယာက္နားကပ္လိုက္တယ္ဆိုရင္ပဲ ဟိုသုံးေယာက္ကဒူးေခြက်မတတ္။

“ေျပာၾကည့္စမ္းပါအုံး ငါ့ပိုင္ဆိုင္မႈကိုေတာင္ထိရဲတဲ့အထိ သတၱိေတြဘယ္သူကေပးတာလဲ”

“မင္းေလွ်ာက္ေျပာ အြတ္ “

“ခြပ္.. ခြပ္..ခြပ္”

စကားမဆုံးခင္ေရာက္လာတဲ့လက္သီးခ်က္ေတြေၾကာင့္ ေျမျပင္ေပၚအလဲအကြဲ။ေရွ႕တိုးဖို႔ျပင္လာတဲ့ သက္ေတာ္ေစာင့္ေတြကိုလက္ကာျပၿပီး သူ႕ေဒါသေတြကိုေျဖေလွ်ာ့မိတယ္။သူ႕ေဒါသေတြ ဒီေနရာမွာသာမေျဖေလွ်ာ့မိရင္
ဘယ္လိုေပါက္ကြဲသြားမလဲမသိနိုင္သည္အထိ သူေဒါသထြက္ေနပါသည္။

“ခြပ္.. ခြပ္..ဂြၽတ္”

“အ..ေတာ္ပါ…အား”

တိတ္ဆိတ္ေနတဲ့ပတ္ဝန္းက်င္တစ္ခြင္ ထိုးႀကိတ္သံ အရိုးက်ိဳးသံႏွင့္ မပီမသညီးတြားသံမ်ားသာစိုးမိုးေနေလသည္။ေျမျပင္ေပၚမွသုံးေယာက္လုံး မ်က္ႏွာေတြေသြးခ်င္းခ်င္းနီေနၿပီး မူလ႐ုပ္ပင္မျမင္နိုင္ေတာ့သည္အထိ။

သူ႕လက္သီးေတြေသြးေတြရဲေနေသာ္လည္း မရပ္တန့္နိုင္ေသး။ရန္သူေတြကိုေတာင္ လက္မသုံးဘဲေနာက္လိုက္ေတြကိုသာ စီရင္ခိုင္းခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ေတာ့ သူ႕လက္နဲ႕သာဇီဝိန္ခ်ဳပ္ေပးခ်င္ေနပါသည္။

“ကိုCean “

ထပ္ထိုးဖို႔လက္အ႐ြယ္ ဖမ္းဆုပ္ခံလိုက္ရတဲ့လက္ႏွင့္အတူ ေက်ာက္စက္အသံကအနားမွထြက္လာသည္။

“လက္ကိုလႊတ္လိုက္ သူတို႔ကိုေသေအာင္သတ္မွာ”

နီရဲေနေသာမ်က္သားေတြ၊ပါးျပင္ေပၚကေသြးစက္ေတြႏွင့္ တင္းထြက္ေနတဲ့ေမးရိုးေတြက သူ႕ေဒါသကို သ႐ုပ္ေဖာ္သည္။

“ဟိုကေလးေၾကာက္ေနၿပီ”

စကားဆုံးေတာ့ လွည့္ၾကည့္မိရာက ခႏၱာကိုယ္ေသးေသးေလးဆီ။ကားမီးေရာင္ေအာက္ ျဖဴေဖ်ာ့ေနေသာမ်က္ႏွာက အသိမဲ့ေနသူလို။မ်က္ဝန္းေသေတြက ေသြးေတြ႐ႊဲေနတဲ့သူ႕လက္ဆီမွာ။

သူေနာက္ကိုလွည့္ကာသူ႕ဆီေလွ်ာက္သြားေတာ့ ေၾကာက္႐ြံသလိုေနာက္ဆီဆုတ္တယ္။အသက္မပါတဲ့လႈပ္ရွားမႈေတြက စက္႐ုပ္ကိုသံပတ္ေပးထားတဲ့အတိုင္း။

အလိုက္သိတဲ့ေက်ာက္စက္က ေရသန့္ဗူးႏွင့္ ပုဝါတစ္ထည္ေပးလာေလသည္။ လက္ေတြသန့္စင္ကာ မ်က္ႏွာကိုပါတစ္ရႉးအစိုႏွင့္သုတ္လို႔ သူ႕ဆီေျခလွမ္းမိသည္။ ေသြးစြန္းေနတဲ့အဝတ္ေတြကိုေတာ့အိမ္ေရာက္မွလဲေတာ့မည္။

ကိုယ္ေသးေသးေလးကို ရင္ခြင္ထဲဆြဲယူေပြ႕ဖက္ေတာ့ အေတာင့္လိုက္ကေလးပါလာသည္။ေအးစက္ေနတဲ့အသားအေရေတြက ႏြေဥတုနဲ႕မလိုက္ဖက္စြာ။ရင္ခြင္ထဲအေရာက္ ေပ်ာ့ေခြသြားသူက မ်က္ဝန္းေတြပါမွိတ္က်ကဳန္တယ္။

ဒူးေအာက္ကလွ်ိုယူကာေပြ႕လိုက္ၿပီး ကားေနာက္ခန္းမွာဝင္ထိုင္လိုက္ေတာ့ တံခါးမပိတ္ခင္ ေက်ာက္စက္ကအလိုက္တသိအနားေရာက္လာေလသည္။

“သူတို႔သုံးေယာက္ကို ေျမေအာက္ခန္းထဲပို႔လိုက္ ၿပီးေတာ့Horizonဆီဖုန္းဆက္ ငါ့အိမ္ကိုလာခဲ့ဖို႔ေျပာလိုက္ မင္းကေနာက္ကားနဲ႕လိုက္ခဲ့”

“ဟုတ္ကဲ့ ကိုCean “

ေျပာၿပီးတံခါးပိတ္ကာထြက္သြားေလသည္။ေရွ႕ခန္းကသက္ေတာ္ေစာင့္ကအလိုက္သိစြာ အလယ္ကန့္ကိုပိတ္လိုက္ၿပီး ဦးတည္ရာက ၿမိဳ႕ျပင္ကသူ႕စံအိမ္ဆီ။

ရင္ခြင္ထဲကိုငုံ႕ၾကည့္ေတာ့ အသက္ပုံမွန္ရႉေနသူက အေၾကာက္လြန္ၿပီးသတိလစ္သြားဟန္။ဖယ္ရိုမုန္းတစ္ခ်ိဳ႕ႏွင့္ေထြးဖက္ေတာ့ စံပယ္ရနံ႕ေလးက တိုးေဝွ႕ၾကည္စယ္တယ္။ျဖဴျဖဴေဖြးေဖြးႏွဖူးျပင္ေလးအားငုံ႕နမ္းမိျခင္းမွာ အေၾကာင္းျပခ်က္ေသးေသးေလးေတာင္ မရွိ……….

##################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၈, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၈, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၈ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၈ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၈ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၈ light novel, ,

Comment

Leave a Reply

Chapter 19