Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၉

A+ A-

kingsizeမွေ့ယာအညိုရောင်ကြီးထက် အိပ်မောကျနေတဲ့စံပယ်လေးတစ်ပွင့်။အညိုရောင်တွေကြားဖွေးဥနေပုံက ကော်ဖီခွက်ထဲကသကြားခဲဖြူဖြူလေးလို။သူ့မျက်တောင်ရှည်တွေဖိပိတ်ထားတာကြောင့်များ ညအချိန်ဟာမှောင်မိုက်နေတတ်တာလား။

ကုတင်ပေါ်တစောင်းထိုင်ရင်းတစိမ့်စိမ့်ကြည့်နေမိတာကြောင့် မျက်တောင်ခတ်ဖို့ပါမေ့သည်။သူ့ဖယ်ရိုမုန်းတွေလွှမ်းခြုံထားတာကြောင့်များ စိတ်ချလက်ချအိပ်စက်နေနိုင်တာများလား။

အနားကိုတိုးလို့ဆံနွယ်နက်နက်ကလေးတွေကိုပွတ်သပ်မိသည်။ပျော့စင်းနေတာက ပိုးသားလေးတွေလို။ဆံနွယ်တွေနူးညံတဲ့သူဟာ အတွင်းစိတ်လည်းနူးညံ့တတ်ပါသတဲ့။အမှန်ပဲဖြစ်မှာပါ။

သိပ်မကျယ်တဲ့နှဖူးပြင်လေးက ဆံနွယ်တွေကင်းနေတာကြောင့်နမ်းရှိုက်ချင်စရာ။အတွေးတွေနောက်ကျစွာ နှုတ်ခမ်းတစ်စုံက နှဖူးပြင်ထက်သက်ရောက်ပြီးပြီ။မျက်ခုံးတန်းလေးအောက်ကမျက်တောင်ရှည်တွေကိုလည်း ခပ်ဖွဖွထိကပ်မိတာနှစ်ကြိမ်မြောက်။

နှာတံလုံးလုံးလေးကိုသူ့နှာတံချွန်ချွန်ဖြင့် တိုးတိုက်ကျီစယ်ပစ်လိုက်တော့ အသက်ရှူငွေ့ချင်းခလုတ်တိုက်ကုန်သည်။ဘယ်ဘက်ပါးပြင်ထက်က မှဲ့နက်သေးသေးလေးကနက်နက်စိုစိုလေး။ရယ်လိုက်တိုင်းခွက်ဝင်သွားတတ်တဲ့ထိုနေရာလေးကို နှာတံဖြင့်ခွက်စေလိုက်သည်။သူ့ရှေ့ဘယ်တော့မှမပြုံးခဲ့ဖူးလို့ အပြစ်ပေးလိုက်တာ။

နှုတ်ခမ်းရဲရဲလေးဆီအကြည့်ရွှေ့တော့ မစားဖြစ်ခဲ့ဖူးတဲ့စတော်ဘယ်ရီတွေကိုချဉ်ခြင်းတပ်လာရော။ဘယ်တော့မှအသာတကြည်မရှိခဲ့ဖူးတဲ့ထိုနှုတ်ခမ်းတွေက အခုတော့သူပြုသမျှငြိမ်ငြိမ်သက်သက်ရယ်။ရပြန်ပါပြီစတော်ဘယ်ရီအရသာကို။သူမုန်းတဲ့နဂိုအရသာနဲ့မတူခြင်းဟာ သူ့ခံတွင်းထဲရောက်သွားလို့ဖြစ်မှာ။

အဝတ်အစားတွေကိုသူကိုယ်တိုင်လဲပေးထားခြင်းမှာ တခြားသူအနံ့တွေစွဲနေလို့။သူ့ကိုယ်ပိုင်အိပ်ခန်းထဲကို သူစိမ်းတွေရဲ့အနံ့အသက်တွေအဝင်မခံနိုင်။မူလဝတ်ထားတဲ့အဝတ်စားတစ်ချို့ကတော့ မီးရှိူ့ခံလိုက်ရပြီ။

ကြီးမားတဲ့သူ့အဝတ်တွေကြား ခန္တာကိုယ်သေးသေးလေးကပိုသေးသွားသယောင်။ပေါ်နေတဲ့လည်တိုင်သွယ်သွယ်လေးက တိမ်းညွတ်ချင်စရာ။ညှပ်ရိုးထင်းထင်းလေးထက်ကမှဲ့နီလေးနှစ်လုံးကလည်း မီးရောင်အောက်မှာပတ္တမြားလေးတွေလိုအရောင်တဖိတ်ဖိတ်။

အိပ်နေတဲ့သူကိုထိုင်ပစ်မှားနေမိတော့ သူ့ကိုပြောခဲ့ဖူးတဲ့ *ကိုယ်ကျင့်တရားမကောင်းတဲ့လူကြီး*ဆိုတဲ့စကားကို သတိရမိပြန်သည်။ဟုတ်သည်။သူ့အနားကပ်မိရုံနှင့် ကိုယ်ကျင့်တရားတွေ သမုဒ္ဒရာရေထဲကျသွားသလိုအစအနရှာမရေတော့။

အသိစိတ်ကပ်လို့ ကုတင်ဘေးဆင်းရပ်လိုက်သည်။ဖယ်ရိုမုန်းကိုက်ညီမှုမြင့်ရင် အခုလိုပဲကူကယ်ရာမဲ့ဖြစ်သွားရတတ်တာလား။ကိုယ်မုန်းနေတဲ့လူကိုတောင်တပ်မက်နိုင်သည်အထိ ဖယ်ရိုမုန်းတွေရဲ့ဆွဲဆောင်အားကပြင်းတာလား။

စိတ်ရှူပ်မှုကြောင့်စီးကရက်သောက်ချင်လာပေမယ့် အခန်းထဲကပုံရိပ်လေးကြောင့်မေ့ဖျောက်ပစ်ရသည်။

ပြည်ပမှညနေကမှပြန်ရောက်တာမို့ နားချင်နေပါသည်။မပင်ပန်းသော်လည်း ဒီရောက်ရောက်ချင်းဖြစ်သွားတဲ့ကိစ္စတွေကြောင့် စိတ်တွေမကြည်သာ။

တစ်လကျော်လောက်မတွေ့ဘဲနေနိုင်ခဲ့သော်လည်း သူရှိရာမြေဆီခြေချမိတော့ အရိပ်လေးပဲဖြစ်ဖြစ်မြင်ချင်လာရော။အလုပ်ကိုအကြောင်းပြပြီး အဲ့ရပ်ကွက်ဆီထွက်ခဲ့တော့ လမ်းတစ်ဝက်မှာတင်ဝင်လာတဲ့ Phone Call။သူစောင့်ကြည့်ခိုင်းထားတဲ့သက်တော်စောင့်ရဲ့စကားအဆုံး ဒေါသတွေကထောင်းကနဲ။

တစ်ယောက်တည်းအပြင်ထွက်တာကိစ္စမရှိပေမယ့် ညမိုးချုပ်ထိနေရဲတဲ့သူကိုစိတ်တိုလို့မဆုံး။သူ့ကိုယ်သူမှန်မကြည့်ဖြစ်ဖူးလား။သူ့ကိုလူတွေဘယ်လောက်ထိတပ်မက်နေမလဲ သူမသိဘူးလား။

မြင်လိုက်ရတဲ့မြင်ကွင်းက လူသတ်ချင်စရာ။တခြားတစ်ယောက်ရင်ခွင်ကြားမြင်ရတာ ပထမဆုံးအကြိမ်မဟုတ်တော့သော်ငြား အရင်အကြိမ်တွေက သူကိုယ်တိုင်ကြည်ဖြူခဲ့တဲ့သူ့ငယ်ချင်းတွေဖြစ်ပြီး ယခုတစ်ကြိမ်ကမရင်းနှီးတဲ့သူစိမ်းတစ်ယောက်လက်ထဲမှာ။

ပထမဦးဆုံးအကြိမ်သူ့လက်နဲ့လူသတ်ချင်မိတာ။အဲ့ကလေးသာကြောက်မနေဘူးဆိုရင် အဲ့နေရာမှာတင်သုံးယောက်လုံးကိုသူသတ်ပြီးပြီ။

“တင်းတောင်”

အခန်းတံခါးbellမြည်မှ ခြေလှမ်းတွေတံခါးဆီဦးတည်သည်။Horizonရောက်လာတာဖြစ်မှာ။တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက ညီနှစ်ယောက်လုံး။လက်ထဲကအိတ်ကိုမြှောက်ပြပြီး အထဲဝင်ခွင့်တောင်းသည်။

သူ့ပိုင်ဆိုင်မှုမဟုတ်ပေမယ့် Alphaတွေရဲ့ပိုင်ဆိုင်လိုစိတ်ကြောင့် အခန်းထဲသူစိမ်းAlpha နှစ်ယောက်ကိုအဝင်ခံရမှာ တွန့်ဆုတ်နေပါသည်။ဘာမှမဖြစ်သလိုအထဲဝင်ခိုင်းလိုက်တော့ နှစ်ယောက်လုံးကကုတင်ဆီ​လျှောက်သည်။

သူနောက်မှအမြန်လိုက်သွားလိုက်ပြီး စောင်ကိုလည်ပင်းထိခြုံပေးလိုက်သည်။ပေါ်နေတဲ့ ရင်ညွှန့်တွေကAlphaတွေရှေ့မှာ မသင့်တော်။Geoက ခပ်လှမ်းလှမ်းကရပ်ကြည့်ပြီး Horizonကတော့ စမ်းသပ်စရာရှိသည်များကိုစမ်းသပ်နေလေသည်။

“အဆင်ပြေတယ်ကိုCean ထိတ်လန့်ပြီး ခဏလေးသတိလစ်သွားတာနေမှာ အခုကတော့အိပ်ပျော်နေတာ ဖယ်ရိုမုန်းချင်းကိုက်ညီမှုမြင့်တော့ သူ့အတွက်လုံခြုံတယ်ခံစားရလို့မနိုးလာတာ”

ပစ္စည်းတွေသိမ်းရင်းပြောလာတဲ့စကားဆုံးတော့ ခေါင်းတစ်ချက်ညိတ်ပြမိသည်။

“ပြီးရင် အောက်မှာစကားသွားပြောရအောင်”

“အိုကေ”

Omega တစ်ယောက်တည်းရှိနေတဲ့အခန်းထဲ Alpha သုံးယောက်ရှိနေခြင်းကမသင့်တော်ကြောင်းအားလုံးသိတာမို့ အောက်ထပ်ဧည့်ခန်းထိဆင်းခဲ့လိုက်သည်။sofaမှာဝင်ထိုင်မိတော့ နှစ်ယောက်သားအကြည့်တွေက သူကပဲတရားခံလိိုလို။

“ငါ့ကိုလာကြည့်မနေနဲ့ ဒီတစ်ခါငါကကူညီခဲ့တာ မဟုတ်ရင်ဘယ်လိုကလေကချေကောင်တွေရဲ့လက်ထဲရောက်နေမယ်မသိဘူး”

ပြောရင်း အံတစ်ချက်ကြိတ်မိလိုက်တာ မသိစိတ်က။

“သိပြီးသွားပါပြီကိုCeanရာ ကျောက်စက်ကရှင်းပြပြီးသား ဒီကောင်လေးကိုကအားနည်းလွန်းတာပါ သူမေ့လဲတာဘယ်နှခါတောင်ရှိနေပြီလဲ”

“မုန်းဖို့ကောင်းလောက်အောင် ပျော့ညံ့လွန်းတယ်”

“မုန်းဖို့ကောင်းလွန်းလို့ အိမ်အထိခေါ်လာတာလား”

ခပ်ပြုံးပြုံးမေးလာတဲ့ Horizonစကားအဆုံး မျက်နှာလွှဲလို့မုသားဆိုမိသည်။

“သူနေတဲ့နေရာကိုငါမသိဘူး”

“လိမ်ပြန်ပြီ သူနေတဲ့နေရာကိုသိလို့ဘဲ Bodyguardတွေကိုစောင့်ကြည့်ခိုင်းနေတာမလား နေပါအုံးကိုCeanရဲ့ အဲ့ကိစ္စကိုရှင်းပါအုံး ဘာမှမဆိုင်တဲ့လူကို 24hrစောင့်ကြည့်ဖို့ လူနှစ်ယောက်လွှတ်ထားတာက ဘာအထာတုန်း”

“သူကမရိုးသားလို့လေ ငါ့ကိုအာရုံလာစားမှာစိုးလို့”

လက်ထဲကမီးခြစ်အနီရောင်လေးနှင့် ဆိုဖာလက်ရန်းအားခေါက်နေမိသည်။

“မဖြစ်နိုင်တာကိုဗျာ”

“ကျစ် ..မင်းရဲ့ဆေးရုံကဆင်းပြီး နှစ်ပတ်ကြာတော့ သူတို့ရပ်ကွက်ထဲမတော်တဆသူနဲ့တွေ့တယ် စတိုးဆိုင်ကနေစီးကရက်နဲ့မီးခြစ်ဝယ်လာတာလေ စဉ်းစားကြည့်သူဘာဖြစ်ချင်နေတာလဲ”

စကားဆုံးတော့ Horizonကမျက်မှောင်ကြုတ်သည်။

“အဲ့လိုရှိခဲ့တာလား ဘာလဲ သူက suicideလုပ်ဖို့များတွေးနေတာလား”

“ငါလည်းမသိဘူး မတော်တဆအဲ့လိုဖြစ်ခဲ့သည်ရှိသော် ငါ့ပယောဂမကင်းမှာဆိုးလို့ စောင့်ကြည့်ခိုင်းထားတာ”

“ကျွန်တော်လည်းသူ့ကိုနားမလည်ဘူး ပထမဆုံးစတွေ့ကတည်းက သူကကျွန်တော့်ကိုမြင်ပြီးကြောက်နေတာ သူ့မျက်နှာကဟန်ဆောင်နေတာမဟုတ်လို့ ကျွန်တော်တောင်အံသြရသေးတယ်”

“သူ့အကြောင်းမပြောချင်ဘူး အဲ့လောက်အရေးမပါဘူး”

“ဟုတ်မှလည်းပြောပါကိုCeanရာ သဘောကျနေရင်လည်းကျတယ်ပေါ့ ကျွန်တော်တို့ကညီအစ်ကိုတွေပဲဟာ ပွင့်ပွင့်လင်းလင်းပေါ့ “

“ငါပြောနေတာတွေကအမှန်တွေပဲ သူလိုလူတစ်ယောက်ကို ငါကဘာတွေသဘောကျနေရမှာလဲ မျက်စိရှေ့ရောက်ရောက်လာတဲ့ အမှိုက်တစ်စထက်မပိုဘူး အမှိုက်ဆိုတာအမှိုက်ပုံမှာပဲရှိသင့်တာ ငါကအမှိုက်ပုံမှမဟုတ်တာ”

“ဝုန်းးးးးး”

အသံကြားရာလှေကားဘက်ဆီ သူတို့သုံးယောက်အကြည့်တွေကဒိုင်းခနဲ။

လှေကားဘေးစင်ထက်အလှတင်ထားသည့် သိန်းငှက်ရုပ်ထုက ကြမ်းပြင်ထက်ဟိုတစ်စ ဒီတစ်စ။လှေကားရင်းမှာခပ်တောင့်တောင့်ရပ်နေသူက ဖြူဖျော့ဖျော့မျက်နှာနှင့်။

……….

ငယ်ငယ်သတိလစ်သွားပြီး ရင်းနှီးသည့်ဖယ်ရိုမုန်းတွေကြားအိပ်ပျော်သွားမိသည်။ထို့နောက် မမက်တာကြာနေပြီဖြစ်သည့် အိမ်မက်ဆိုးအားထပ်မက်ပြန်သည်။ထိတ်လန့်မှုတွေကြားကူကယ်ရာမဲ့။လူသူကင်းမဲ့တဲ့အမှိုက်ပုံမှာ အမှိုက်တစ်စလိုလွှင့်ပစ်ခံလိုက်ရတာကို ရှင်းရှင်းလင်းလင်းခံစားမိနေပါသည်။

အိမ်မက်ဆိုးမှလန့်နိုးချိန်အထိအသိမကပ်နိုင်သေး။သူကဘယ်သူလဲ ပင်ဝါးရုံငယ်လား လခြမ်းငယ်ငယ်လား။ပြီးတော့သူဘယ်ကိုရောက်နေတာလဲ။

အရာအားလုံးကိုဆက်စပ်တွေးမိမှ သူဟိုလူကယ်တာခံလိုက်ရမှန်းသတိရမိသည်။ဒါဆို အခုကဆေးရုံမှာလား။ဘေးဘီဝေ့ဝဲကြည့်မိတော့ ရင်းနှီးနေသည့်ဖယ်ရိုမုန်းတွေပြည့်နေသည့်အိပ်ခန်းကျယ်ကြီး။

ဝတ္ထုထဲကဖော်ပြချက်ကြောင့် မီးခိုးရောင်အပြည့်ပြင်ဆင်ထားတဲ့ထိုအခန်းက ဟိုလူ့အခန်းမှန်းသတိထားမိသည်။အိပ်ယာပေါ်က ကမန်းကတမ်းဆင်းတော့ အဝတ်တွေကသူ့အဝတ်တွေမဟုတ်မှန်းသဘောပေါက်လိုက်သည်။

သူ့ကိုဘယ်သူအဝတ်လဲပေးထားတာလဲ။သူ့အဝတ်တွေကကောဘယ်မှာလဲ။ယခုသူဝတ်ထားတဲ့အဝတ်တွေကတော့ ဟိုလူ့အပိုင်မှန်းဖယ်ရိုမုန်းတွေကအသိပေးသည်။

အပြေးအလွှားတံခါးဖွင့်တော့ လော့မချထားတာကြောင့်အသာလေးပွင့်သည်။ကျယ်ဝန်းလှတဲ့အိမ်ကြီးထဲ လှေကားဆီတော်တော်လျှောက်လိုက်ရသည်။ခပ်သွက်သွက်ပြေးဆင်းတော့ အောက်ထပ်မှစကားသံသဲ့သဲ့ကြားရသည်။

ကြက်သီးတွေထလာခြင်းဟာ ကြောက်ရွံ့နေတာကြောင့်။လှေကားဆုံးရောက်ခါနီးတော့ ပြတ်ပြတ်သားသားကြားလိုက်ရတဲ့ ရင်းနှီးနေတဲ့သြရှရှအသံ။ပေါ်ထွက်လာတဲ့စကားလုံးတွေက အခုလေးတင်မက်ခဲ့တဲ့ အိမ်မက်ကိုပြန်အမှတ်ရစေသည်။

“ငါပြောနေတာတွေကအမှန်တွေပဲ သူလိုလူတစ်ယောက်ကို ငါကဘာတွေသဘောကျနေရမှာလဲ မျက်စိရှေ့ရောက်ရောက်လာတဲ့ အမှိုက်တစ်စထက်မပိုဘူး အမှိုက်ဆိုတာအမှိုက်ပုံမှာပဲရှိသင့်တာ ငါကအမှိုက်ပုံမှမဟုတ်တာ”

လှေကားအောက်ဆုံးမှာ ယိုင်ကနဲဖြစ်သွားတော့ ဘေးကစင်ကိုလက်လှမ်းထောက်မိသည်။ကျယ်လောင်တဲ့အသံတွေက သူ့နှလုံးခုန်သံတွေကိုမဖုံးကွယ်နိုင်။တစ်ဆက်တည်းသုံးယောက်လုံးကိုမြင်လိုက်ရတော့ ဝိဥာဥ်ကလွင့်ချင်ချင်ရယ်။

အိမ်မက်နဲ့လက်တွေ့မကွဲတော့သလိုမျိုး သူဟာယခုချက်ချင်း အသတ်ခံရတော့မယ့်လူလိုမျိုး…..

“သက်သာသွားပြီလား ဘယ်လိုနေသေးလဲ”

သုံးယောက်လုံးမတ်တပ်ရပ်လိုက်တာကြောင့် သူ့ကိုအန္တာရယ်ပြုတော့မည့်ပုံပိုပေါ်စေသည်။ဆရာဝန်ရဲ့အပြုံးတစ်ပွင့်နဲ့အမေးစကားဟာ သူ့အတွက်တော့အိမ်မက်ဆိုးထဲက မဲ့ပြုံးကိုသာမြင်ယောင်စေပါသည်။

” ဟင့်အင်း မလာခဲ့နဲ့”

သူ့ရဲ့အထိတ်တလန့်စကားအကြား သမုဒ္ဒရာကမျက်ခုံးတွန့်ကာ ရှေ့ထိအရောက်လျှောက်လာလေသည်။အလန့်တကြားထွက်ပြေးဟန်ပြင်တော့ မြောက်တက်သွားတဲ့ခန္တာကိုယ်နှင့်အတူ ပွေ့ချီပြီးခေါ်သွားခံလိုက်ရတာဧည့်ခန်းအလယ်ဆီ။အတင်းရုန်းတော့စိတ်မရှည်သလိုအောက်သို့ချပေးလေသည်။

“ဘယ်လိုတွေဖြစ်နေတာလဲလခြမ်းငယ်ငယ်
ငါတို့တွေကိုကြောက်နေရအောင် ငါတို့ကိုဘာလို့သတ်မှတ်နေတာလဲ”

“မထိနဲ့”

“ဘယ်သူကကော ထိချင်နေလို့လဲ”

“အိမ်ပြန်မယ်”

“မင်းကိုမုန်းတာအဲ့တာတွေပဲ မသိရင်ငါကပဲလူယုတ်မာကြီးလို ငါကကောမင်းကိုခေါ်ချင်လို့ခေါ်လာတယ်ထင်လား အမြင်မတော်လို့ကွ”

“………”

“အဲ့ဒီမျက်နှာထားကကောဘာလဲ ချက်ချင်းပြင်လိုက်စမ်း “

“အိမ်ပြန်ချင်တယ်”

“အဟက်… နေစမ်းပါအုံး Omegaတစ်ယောက်ဖြစ်နေပြီး အချိန်မတော်အပြင်ကိုတစ်ယောက်တည်းဘာထွက်လုပ်တာလဲ ဘာလဲ အဲ့အခြေနေကိုမျှော်မှန်းပြီးတမင်လုပ်တာလား ငါကိုကဝင်ပြီးလျှာရှည်မိတာလား”

“ကိုCean “

“ငါပြောတာမဟုတ်လို့လား အဲ့မျက်နှာကိုချက်ချင်းပြင်လိုက်လခြမ်းငယ်ငယ် လူကိုမြင်တိုင်းကြောက်ပြနေရအောင် သနားတာခံရမယ်ထင်နေတာလား”

“အဟင့်”

“အသံမထွက်နဲ့ချက်ချင်းတိတ် အပေါစားဆန်အောင်မျက်ရည်ခံထိုးပြမနေနဲ့ ငါမသနားတတ်ဘူး “

“ကိုCean တော်တော့လို့”

“မငိုနဲ့လို့ပြောနေတယ် အဲ့လောက်ကြောက်တတ်နေရင်အိမ်ထဲမှာပဲနေလေ သွားချင်တဲ့နေရာကိုသွားချင်တဲ့အချိန်သွားပြီး အန္တာရာယ်နဲ့တွေ့လို့အချိန်တန်ရင်ဇာတ်လိုက်လာကယ်မယ်ထင်နေရအောင် ကိုယ့်ကိုယ်ကိုရုပ်ရှင်ထဲကမင်းသမီးလေးများထင်နေတာလား “

“ခင်ဗျားကြီးအဲ့လောက်ဖြစ်နေရင်ဘာလို့ကယ်လာသေးလဲ..အင့်..သေသေရှင်ရှင် လွှတ်ထားလိုက်ပါ့လား.”

“ဘာပြောတယ်”

“ခင်ဗျားကြီးကယ်လာတာနဲ့ပဲ ငယ်ငယ့်သိက္ခာကိုစကားလုံးတွေနဲ့ စော်ကားလို့ရသွားပြီလား”

“အံသြစရာပဲ အဲ့တော့ကယ်လာတဲ့ငါကမှားတယ်ပေါ့ အေး..ဟုတ်တယ်ငါကိုယ်ကမှားတာ အမှိုက်တွေကိုမျက်လုံးထဲအဝင်ခံမိတဲ့ ငါကဘဲမှားတာ အဲ့နေရာမှာကတည်းကဘာပဲ​ဖြစ်နေပါစေ မမြင်ချင်ယောင်ဆောင်ခဲ့ရမှာ”

“ဟုတ်တယ် ငယ်ငယ်ကခင်ဗျားအတွက်အမှိုက်တစ်စသာသာပဲ အဲ့တာကြောင့်နောက်တစ်ခါတွေ့ရင် လျစ်လျူရှူပေးပါ”

“အေး..ငါကလည်းကယ်လာမိတာနောင်တရလွန်းလို့ နောက်တစ်ခါသာအဲ့မြင်ကွင်းမျိုးတွေ့ရင် ဝိုင်တစ်ခွက်ကိုင်ပြီးထိုင်ကြည့်ပစ်အုံးမှာ”

“…………”

“အဲ့မျက်နှာလာလုပ်ပြမနေနဲ့ ငါ့မှာမင်းအတွက်သနားကြင်နာမှုဆိုတာလုံးဝရှိလာမှာမဟုတ်ဘူး”

“ပြန်လို့ရပြီလား”

“ပြန် ကိုယ့်ခြေထောက်နဲ့ကိုယ်ပြန် လိုက်ပို့မပေးနိုင်ဘူး မင်းဘာသာဘာဖြစ်ဖြစ်”

အသက်ရှူသံပြင်းပြင်းကြားကထွက်လာတဲ့စကားသံတွေကမညင်သာ။မျက်ရည်တွေပွတ်သုတ်ကာလှည့်ထွက်သွားသူက နောက် ကိုတစ်ချက်မကြည့်။ဝတ်စုံအကြီးကြီးက တရွတ်တိုက်နေပြီး ဖိနပ်မစီးထားတဲ့ခြေထောက်တွေကိုပါဖုံးနေတာ။

“လခြမ်းငယ်ငယ်”

မရပ်တန့်သွားတဲ့ကျောပြင်လေးကရှေ့ဆက်သွားမြဲ။

“နောက်ဆုံးအနေနဲ့ငါသတိပေးလိုက်မယ် နောက်ကိုငါ့မျက်စိရှေ့လုံးဝပေါ်မလာစေနဲ့
မဟုတ်ရင်မင်းဘဝတော့သွားပြီပဲ”

စကားပြန်မရသလို ကျောပြင်လေးကလည်းဝေးသထက်ဝေးသည်။သူမျက်တောင်မခတ်လိုက်ကြည့်ရင်း ရင်ထဲတင်းကြပ်နေတာသိသိသာသာ။

Geoကကားသော့ဆွဲရင်းနောက်မှပြေးလိုက်သည်။သူမတားမိလိုက်။Horizonက ခေါင်းရမ်းရင်းသက်ပြင်းချသည်။ဆိုဖာပေါ်ပြန်ထိုင်မိတော့အရုပ်ကြိုးပြတ်။

“ကိုCean ဘာလို့အဲ့လိုစကားကြမ်းကြမ်းတွေပြောလိုက်ရတာလဲ စိတ်ထဲကပါတာလည်းမဟုတ်ဘဲနဲ့ “

“ငါဒေါသထွက်နေတယ်”

“သိတယ် ကိုCeanဒေါသထွက်နေတာသိသလိုဘာကြောင့်ဒါသထွက်မှန်းလည်းသိတယ်”

“မင်းကဘာကိုသိတာလဲ”

အရှိန်မသေသေးတဲ့ဒေါသတွေကို Horizonအပေါ်ပုံချမိသည်။

“ကိုCean ကိုယ့်ဘာသာညာနေတာကိုသိတာ သူ့အပေါ်စိုးရိမ်မှုတွေကိုသူသိသွားမှာကြောက်နေတာ သူတစ်ခုခုဖြစ်မှာစိုးရိမ်စိတ်နဲ့ဒေါသထွက်နေတာကို ဂရုမစိုက်သလိုဟန်ဆောင်ပြနေတာ”

“ဟာသပဲ”

“ကျွန်တော့်ကိုလိမ်လို့မရဘူး သူ့အပေါ်ကျရှုံးနေတဲ့စိတ်ကို ကိုCeanလက်မခံနိုင်ဖြစ်နေတာ သူမရှိရင်နေနိုင်ပါတယ်ဆိုပြီးကိုယ့်ကိုယ်ကိုအယုံသွင်းနေတာ ကိုCeanမာနတွေအတွက်အတ္တတွေကြီးနေတာ”

“ငါကသူမရှိဘဲဘာလို့မနေနိုင်ရမှာလဲ အနေသာကြီး ငါ့စိတ်ကိုငါ့ထက်သိသလိုလာမပြောစမ်းပါနဲ့”

“သဘောပါပဲ ကိုယ့်စိတ်ကိုသိတယ်ဆိုပြီးတာပါဘဲ နောင်တဆိုတာကဘယ်တော့မှပြင်လို့မရတော့တဲ့အရာတွေအတွက် ဖြစ်တည်လာတဲ့စကားလုံး တခြားလူတွေကိုလိမ်တဲ့ပြစ်မှုထက် ကိုယ့်စိတ်ကိုလိမ်တဲ့ပြစ်မှုကပိုကြီးတတ်တယ် ကောင်းပါပြီ ဘာမှလုပ်စရာမရှိတော့ဘူးဆိုတော့ကျွန်တော်ပြန်တော့မယ် အိပ်မက်တွေလှဖို့ဆုတောင်းပေးခဲ့ပါတယ်”

ပြောရင်းထ,ထွက်သွားသူကိုလိုက်မကြည့်မိတော့။မျက်စိကိုမှိတ်လို့ ခုံကိုကျောမှီလိုက်သည်။ခေါ်သူမဲ့တဲ့ဖုန်းလေးက သူ့ဘေးမှာငြိမ်ငြိမ်သက်သက်။ရင်ဘတ်ထဲဗလာဖြစ်နေခြင်းမှာ ပေါ့ပါးသွားခြင်းလား ပျောက်ဆုံးသွားခြင်းလား သူမဆန်းစစ်ချင်တော့………….

###################

ငြိမ်း 🌻🌞

kingsizeေမြ႕ယာအညိုေရာင္ႀကီးထက္ အိပ္ေမာက်ေနတဲ့ စံပယ္ေလးတစ္ပြင့္။အညိုေရာင္ေတြၾကား ေဖြးဥေနပုံက ေကာ္ဖီခြက္ထဲက သၾကားခဲျဖဴျဖဴေလးလို။သူ႕မ်က္ေတာင္ရွည္ေတြဖိပိတ္ထားတာေၾကာင့္မ်ား ညအခ်ိန္ဟာေမွာင္မိုက္ေနတတ္တာလား။

ကုတင္ေပၚ တေစာင္းထိုင္ရင္း တစိမ့္စိမ့္ၾကည့္ေနမိတာေၾကာင့္ မ်က္ေတာင္ခတ္ဖို႔ပါေမ့သည္။သူ႕ဖယ္ရိုမုန္းေတြလႊမ္းၿခဳံထားတာေၾကာင့္မ်ား စိတ္ခ်လက္ခ်အိပ္စက္ေနနိုင္တာမ်ားလား။

အနားကိုတိုးလို႔ ဆံႏြယ္နက္နက္ကေလးေတြကိုပြတ္သပ္မိသည္။ေပ်ာ့စင္းေနတာက ပိုးသားေလးေတြလို။ဆံႏြယ္ေတြႏူးညံတဲ့သူဟာ အတြင္းစိတ္လည္းႏူးညံ့တတ္ပါသတဲ့။အမွန္ပဲျဖစ္မွာပါ။

သိပ္မက်ယ္တဲ့ႏွဖူးျပင္ေလးက ဆံႏြယ္ေတြကင္းေနတာေၾကာင့္ နမ္းရွိုက္ခ်င္စရာ။အေတြးေတြေနာက္က်စြာ ႏႈတ္ခမ္းတစ္စုံက ႏွဖူးျပင္ထက္ သက္ေရာက္ၿပီးၿပီ။မ်က္ခုံးတန္းေလးေအာက္က မ်က္ေတာင္ရွည္ေတြကိုလည္း ခပ္ဖြဖြထိကပ္မိတာ ႏွစ္ႀကိမ္ေျမာက္။

ႏွာတံလုံးလုံးေလးကို သူ႕ႏွာတံခြၽန္ခြၽန္ျဖင့္ တိုးတိုက္က်ီစယ္ပစ္လိုက္ေတာ့ အသက္ရႉေငြ႕ခ်င္း ခလုတ္တိုက္ကုန္တယ္။ဘယ္ဘက္ပါးျပင္ထက္က မွဲ႕နက္ေသးေသးေလးက နက္နက္စိုစိုေလး။ရယ္လိုက္တိုင္းခြက္ဝင္သြားတတ္တဲ့ထိုေနရာေလးကို ႏွာတံျဖင့္ခြက္ေစလိုက္တယ္။သူ႕ေရွ႕ဘယ္ေတာ့မွမၿပဳံးခဲ့ဖူးလို႔ အျပစ္ေပးလိုက္တာ။

ႏႈတ္ခမ္းရဲရဲေလးဆီအၾကည့္ေ႐ႊ႕ေတာ့ မစားျဖစ္ခဲ့ဖူးတဲ့ စေတာ္ဘယ္ရီေတြကိုခ်ဥ္ျခင္းတပ္လာေရာ။ဘယ္ေတာ့မွ အသာတၾကည္မရွိခဲ့ဖူးတဲ့ထိုႏႈတ္ခမ္းေတြက အခုေတာ့သူျပဳသမွ်ၿငိမ္ၿငိမ္သက္သက္ရယ္။ရျပန္ပါၿပီ စေတာ္ဘယ္ရီအရသာကို။သူမုန္းတဲ့နဂိုအရသာနဲ႕မတူျခင္းဟာ သူ႕ခံတြင္းထဲေရာက္သြားလို႔ျဖစ္မွာ။

အဝတ္အစားေတြကိုသူကိုယ္တိုင္လဲေပးထားျခင္းဟာ တျခားသူအနံ႕ေတြစြဲေနလို႔။သူ႕ကိုယ္ပိုင္အိပ္ခန္းထဲကို သူစိမ္းေတြရဲ႕အနံ႕အသက္ေတြအဝင္မခံနိုင္။မူလဝတ္ထားတဲ့အဝတ္စားတစ္ခ်ိဳ႕ကေတာ့ မီးရွိူ႕ခံလိုက္ရၿပီ။

ႀကီးမားတဲ့သူ႕အဝတ္ေတြၾကား ခႏၱာကိုယ္ေသးေသးေလးက ပိုေသးသြားသေယာင္။ေပၚေနတဲ့လည္တိုင္သြယ္သြယ္ေလးက တိမ္းၫြတ္ခ်င္စရာ။ညွပ္ရိုးထင္းထင္းေလးထက္ကမွဲ႕နီေလးႏွစ္လုံးကလည္း မီးေရာင္ေအာက္မွာ ပတၱျမားေလးေတြလိုအေရာင္တဖိတ္ဖိတ္။

အိပ္ေနတဲ့သူကို ထိုင္ပစ္မွားေနမိေတာ့ သူ႕ကိုေျပာခဲ့ဖူးတဲ့ *ကိုယ္က်င့္တရားမေကာင္းတဲ့လူႀကီး *ဆိုတဲ့စကားကို သတိရမိျပန္တယ္။ဟုတ္သည္။သူ႕အနားကပ္မိ႐ုံႏွင့္ ကိုယ္က်င့္တရားေတြ သမုဒၵရာေရထဲက်သြားသလို အစအနရွာမေရေတာ့။

အသိစိတ္ကပ္လို႔ ကုတင္ေဘးဆင္းရပ္လိုက္တယ္။ဖယ္ရိုမုန္းကိုက္ညီမႈျမင့္ရင္ အခုလိုပဲကူကယ္ရာမဲ့ျဖစ္သြားရတတ္တာလား။ကိုယ္မုန္းေနတဲ့လူကိုေတာင္ တပ္မက္နိုင္သည္အထိ ဖယ္ရိုမုန္းေတြရဲ႕ ဆြဲေဆာင္အားကျပင္းတာလား။

စိတ္ရႉပ္မႈေၾကာင့္ စီးကရက္ေသာက္ခ်င္လာေပမယ့္ အခန္းထဲကပုံရိပ္ေလးေၾကာင့္ ကူကယ္ရာမဲ့။

ျပည္ပမွ ညေနကမွျပန္ေရာက္တာမို႔ နားခ်င္ေနပါသည္။မပင္ပန္းေသာ္လည္း ဒီေရာက္ေရာက္ခ်င္းျဖစ္သြားတဲ့ကိစၥေတြေၾကာင့္ စိတ္ေတြမၾကည္သာ။

တစ္လေက်ာ္ေလာက္မေတြ႕ဘဲေနနိုင္ခဲ့ေသာ္လည္း သူရွိရာေျမဆီေျခခ်မိေတာ့ အရိပ္ေလးပဲျဖစ္ျဖစ္ျမင္ခ်င္လာေရာ။အလုပ္ကိုအေၾကာင္းျပၿပီး အဲ့ရပ္ကြက္ဆီထြက္ခဲ့ေတာ့ လမ္းတစ္ဝက္မွာတင္ဝင္လာတဲ့ phone call ။သူေစာင့္ၾကည့္ခိုင္းထားတဲ့သက္ေတာ္ေစာင့္စကားအဆုံး ေဒါသေတြကေထာင္းကနဲ။

တစ္ေယာက္တည္းအျပင္ထြက္တာကိစၥမရွိေပမယ့္ ညမိုးခ်ဳပ္ထိေနရဲတဲ့သူကို စိတ္တိုလို႔မဆုံး။သူ႕ကိုယ္သူမွန္မၾကည့္ျဖစ္ဖူးလား။သူ႕ကိုလူေတြဘယ္ေလာက္ထိတပ္မက္ေနမလဲ သူမသိဘူးလား။

ျမင္လိုက္ရတဲ့ျမင္ကြင္းက လူသတ္ခ်င္စရာ။တျခားတစ္ေယာက္ရင္ခြင္ၾကားျမင္ ရတာ ပထမဆုံးအႀကိမ္မဟုတ္ေတာ့ေသာ္ျငား အရင္အႀကိမ္ေတြက သူကိုယ္တိုင္ၾကည္ျဖဴခဲ့တဲ့သူ႕ငယ္ခ်င္းေတြျဖစ္ၿပီး ယခုတစ္ႀကိမ္ကမရင္းႏွီးတဲ့သူစိမ္းတစ္ေယာက္လက္ထဲမွာ။

ပထမဦးဆုံးအႀကိမ္ သူ႕လက္နဲ႕လူသတ္ခ်င္မိတာ။အဲ့ကေလးသာေၾကာက္မေနဘူးဆိုရင္ အဲ့ေနရာမွာတင္ သုံးေယာက္လုံးကိုသူသတ္ၿပီးၿပီ။

“တင္းေတာင္”

အခန္းတံခါး bellျမည္မွေျခလွမ္း ေတြတံခါးဆီဦးတည္သည္။Horizonေရာက္လာတာျဖစ္မွာ။တံခါးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရတာက ညီႏွစ္ေယာက္လုံး။လက္ထဲကအိတ္ကိုျမႇောက္ျပၿပီး အထဲဝင္ခြင့္ေတာင္းသည္။

သူ႕ပိုင္ဆိုင္မႈမဟုတ္ေပမယ့္ Alphaေတြရဲ႕ပိုင္ဆိုင္လိုစိတ္ေၾကာင့္ အခန္းထဲသူစိမ္းAlpha ႏွစ္ေယာက္ကိုအဝင္ခံရမွာ တြန႔္ဆုတ္ေနပါသည္။ဘာမွမျဖစ္သလိုအထဲဝင္ခိုင္းလိုက္ေတာ့ ႏွစ္ေယာက္လုံးက ကုတင္ဆီေလွ်ာက္သည္။

သူေနာက္မွအျမန္လိုက္သြားလိုက္ၿပီး ေစာင္ကို လည္ပင္းထိၿခဳံေပးလိုက္သည္။ေပၚေနတဲ့ ရင္ၫႊန႔္ေတြက Alphaေတြေရွ႕မွာ မသင့္ေတာ္။Geoက ခပ္လွမ္းလွမ္းက ရပ္ၾကည့္ၿပီး Horizonကေတာ့ စမ္းသပ္စရာရွိသည္မ်ားကို စမ္းသပ္ေနေလသည္။

“အဆင္ေျပတယ္ကိုCean ထိတ္လန႔္ၿပီး ခဏေလးသတိလစ္သြားတာေနမွာ အခုကေတာ့အိပ္ေပ်ာ္ေနတာ ဖယ္ရိုမုန္းခ်င္းကိုက္ညီမႈျမင့္ေတာ့ သူ႕အတြက္လုံၿခဳံတယ္ခံစားရလို႔မနိုးလာတာ”

ပစၥည္းေတြသိမ္းရင္းေျပာလာတဲ့စကားဆုံးေတာ့ ေခါင္းတစ္ခ်က္ညိတ္ျပမိသည္။

“ၿပီးရင္ ေအာက္မွာစကားသြားေျပာရေအာင္”

“အိုေက”

Omega တစ္ေယာက္တည္းရွိေနတဲ့အခန္းထဲ Alpha သုံးေယာက္ရွိေနျခင္းကမသင့္ေတာ္ေၾကာင္း အားလုံးသိတာမို႔ ေအာက္ထပ္ဧည့္ခန္းထိဆင္းခဲ့လိုက္သည္။sofaမွာဝင္ထိုင္မိေတာ့ ႏွစ္ေယာက္သားအၾကည့္ေတြက သူကပဲတရားခံလိိုလို။

“ငါ့ကိုလာၾကည့္မေနနဲ႕ ဒီတစ္ခါငါကကူညီခဲ့တာ မဟုတ္ရင္ ဘယ္လိုကေလကေခ်ေကာင္ေတြရဲ႕လက္ထဲေရာက္ေနမယ္မသိဘူး”

ေျပာရင္း အံတစ္ခ်က္ႀကိတ္မိလိုက္တာ မသိစိတ္က။

“သိၿပီးသြားပါၿပီကိုCeanရာ ေက်ာက္စက္ကရွင္းျပၿပီးသား ဒီေကာင္ေလးကိုကအားနည္းလြန္းတာပါ သူေမ့လဲတာဘယ္ႏွခါေတာင္ရွိေနၿပီလဲ”

“မုန္းဖို႔ေကာင္းေလာက္ေအာင္ ေပ်ာ့ညံ့လြန္းတယ္”

“မုန္းဖို႔ေကာင္းလြန္းလို႔ အိမ္အထိေခၚလာတာလား”

ခပ္ၿပဳံးၿပဳံးေမးလာတဲ့ Horizonစကားအဆုံး မ်က္ႏွာလႊဲလို႔မုသားဆိုမိသည္။

“သူေနတဲ့ေနရာကိုငါမသိဘူး”

“လိမ္ျပန္ၿပီ သူေနတဲ့ေနရာကိုသိလို႔ဘဲ Bodyguard ေတြကို ေစာင့္ၾကည့္ခိုင္းေနတာမလား ေနပါအုံးကိုCeanရဲ႕ အဲ့ကိစၥကိုရွင္းပါအုံး ဘာမွမဆိုင္တဲ့လူကို 24hr ေစာင့္ၾကည့္ဖို႔ လူႏွစ္ေယာက္လႊတ္ထားတာက ဘာအထာတုန္း”

“သူကမရိုးသားလို႔ေလ ငါ့ကိုအာ႐ုံလာစားမွာစိုးလို႔”

လက္ထဲကမီးျခစ္အနီေရာင္ေလးႏွင့္ ဆိုဖာလက္ရန္းအားေခါက္ေနမိသည္။

“မျဖစ္နိုင္တာကိုဗ်ာ”

“က်စ္ ..မင္းရဲ႕ေဆး႐ုံကဆင္းၿပီး ႏွစ္ပတ္ၾကာေတာ့ သူတို႔ရပ္ကြက္ထဲမေတာ္တဆသူနဲ႕ေတြ႕တယ္ စတိုးဆိုင္ကေနစီးကရက္နဲ႕မီးျခစ္ဝယ္လာတာေလ စဥ္းစားၾကည့္သူဘာျဖစ္ခ်င္ေနတာလဲ”

စကားဆုံးေတာ့ Horizonမ်က္ေမွာင္ၾကဳတ္သည္။

“အဲ့လိုရွိခဲ့တာလား ဘာလဲ သူက suicideလုပ္ဖို႔မ်ားေတြးေနတာလား”

“ငါလည္းမသိဘူး မေတာ္တဆအဲ့လိုျဖစ္ခဲ့သည္ရွိေသာ္ ငါ့ပေယာဂမကင္းမွာဆိုးလို႔ ေစာင့္ၾကည့္ခိုင္းထားတာ”

“ကြၽန္ေတာ္လည္းသူ႕ကိုနားမလည္ဘူး ပထမဆုံးစေတြ႕ကတည္းက သူကကြၽန္ေတာ့္ကိုျမင္ၿပီးေၾကာက္ေနတာ သူ႕မ်က္ႏွာက ဟန္ေဆာင္ေနတာမဟုတ္လို႔ ကြၽန္ေတာ္ေတာင္အံၾသရေသးတယ္”

“သူ႕အေၾကာင္း မေျပာခ်င္ဘူး အဲ့ေလာက္အေရးမပါဘူး”

“ဟုတ္မွလည္းေျပာပါကိုCeanရာ သေဘာက်ေနရင္လည္းက်တယ္ေပါ့ ကြၽန္ေတာ္တို႔က ညီအစ္ကိုေတြပဲဟာ ပြင့္ပြင့္လင္းလင္းေပါ့ “

“ငါေျပာေနတာေတြကအမွန္ေတြပဲ သူလိုလူတစ္ေယာက္ကို ငါကဘာေတြသေဘာက်ေနရမွာလဲ မ်က္စိေရွ႕ေရာက္ေရာက္လာတဲ့ အမွိုက္တစ္စထက္မပိုဘူး အမွိုက္ဆိုတာအမွိုက္ပုံမွာပဲရွိသင့္တာ ငါကအမွိုက္ပုံမွမဟုတ္တာ”

“ဝုန္းးးးးး”

အသံၾကားရာေလွကားဘက္ဆီ သူတို႔သုံးေယာက္အၾကည့္ေတြကဒိုင္းခနဲ။

ေလွကားေဘးစင္ထက္အလွတင္ထားသည့္ သိန္းငွက္႐ုပ္ထုက ၾကမ္းျပင္ထက္ ဟိုတစ္စ ဒီတစ္စ။ေလွကားရင္းမွာ ခပ္ေတာင့္ေတာင့္ရပ္ေနသူက ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာႏွင့္။

……….

ငယ္ငယ္သတိလစ္သြားၿပီး ရင္းႏွီးသည့္ဖယ္ရိုမုန္းေတြၾကားအိပ္ေပ်ာ္သြားမိသည္။ထို႔ေနာက္ မမက္တာၾကာေနၿပီျဖစ္သည့္ အိမ္မက္ဆိုးအားထပ္မက္ျပန္သည္။ထိတ္လန့္မႈေတြၾကား ကူကယ္ရာမဲ့။လူသူကင္းမဲ့တဲ့အမွိုက္ပုံမွာ အမွိုက္တစ္စလိုလႊင့္ပစ္ခံလိုက္ရတာကို ရွင္းရွင္းလင္းလင္းခံစားမိေနပါသည္။

အိမ္မက္ဆိုးမွလန့္နိုးခ်ိန္အထိ အသိမကပ္နိုင္ေသး။သူကဘယ္သူလဲ ပင္ဝါး႐ုံငယ္လား လျခမ္းငယ္ငယ္လား။ၿပီးေတာ့သူဘယ္ကိုေရာက္ေနတာလဲ။

အရာအားလုံးကို ဆက္စပ္ေတြးမိမွ သူဟိုလူကယ္တာခံလိုက္ရမွန္းသတိရမိသည္။ဒါဆို အခုကေဆး႐ုံမွာလား။ေဘးဘီေဝ့ဝဲၾကည့္မိေတာ့ ရင္းႏွီးေနသည့္ဖယ္ရိုမုန္းေတြျပည့္ေနသည့္ အိပ္ခန္းက်ယ္ႀကီး။

ဝတၳဳထဲကေဖာ္ျပခ်က္ေၾကာင့္ မီးခိုးေရာင္အျပည့္ျပင္ဆင္ထားတဲ့ထိုအခန္းက ဟိုလူ႕အခန္းမွန္းသတိထားမိသည္။အိပ္ယာေပၚက ကမန္းကတမ္းဆင္းေတာ့ အဝတ္ေတြကသူ႕အဝတ္ေတြမဟုတ္မွန္းသေဘာေပါက္လိုက္သည္။

သူ႕ကိုဘယ္သူအဝတ္လဲေပးထားတာလဲ။သူ႕အဝတ္ေတြကေကာ ဘယ္မွာလဲ။ယခုသူဝတ္ထားတဲ့အဝတ္ေတြကေတာ့ ဟိုလူ႕အပိုင္မွန္းဖယ္ရိုမုန္းေတြက အသိေပးသည္။

အေျပးအလႊားတံခါးဖြင့္ေတာ့ ေလာ့မခ်ထားတာေၾကာင့္အသာေလးပြင့္သည္။က်ယ္ဝန္းလွတဲ့ အိမ္ႀကီးထဲ ေလွကားဆီေတာ္ေတာ္ေလွ်ာက္လိုက္ရသည္။ခပ္သြက္သြက္ေျပးဆင္းေတာ့ ေအာက္ထပ္မွစကားသံသဲ့သဲ့ၾကားရသည္။

ၾကက္သီးေတြထလာျခင္းဟာ ေၾကာက္႐ြံ႕ေနတာေၾကာင့္။ေလွကားဆုံးေရာက္ခါနီးေတာ့ ျပတ္ျပတ္သားသားၾကားလိုက္ရတဲ့ ရင္းႏွီးေနတဲ့ၾသရွရွအသံ။ေပၚထြက္လာတဲ့စကားလုံးေတြက အခုေလးတင္မက္ခဲ့တဲ့ အိမ္မက္ကိုျပန္အမွတ္ရေစသည္။

“ငါေျပာေနတာေတြကအမွန္ေတြပဲ သူလိုလူတစ္ေယာက္ကို ငါကဘာေတြသေဘာက်ေနရမွာလဲ မ်က္စိေရွ႕ေရာက္ေရာက္လာတဲ့ အမွိုက္တစ္စထက္မပိုဘူး အမွိုက္ဆိုတာအမွိုက္ပုံမွာပဲရွိသင့္တာ ငါကအမွိုက္ပုံမွမဟုတ္တာ”

ေလွကားေအာက္ဆုံးမွာ ယိုင္ကနဲဖစ္သြားေတာ့ ေဘးကစင္ကိုလက္လွမ္းေထာက္မိတယ္။က်ယ္ေလာင္တဲ့အသံေတြက သူ႕ႏွလုံးခုန္သံေတြကို မဖုံးကြယ္နိုင္။တစ္ဆက္တည္း သုံးေယာက္လုံးကိုျမင္လိုက္ရေတာ့ ဝိဥာဥ္ကလြင့္ခ်င္ခ်င္ရယ္။

အိမ္မက္နဲ႕လက္ေတြ႕မကြဲေတာ့သလိုမ်ိဳး သူဟာယခုခ်က္ခ်င္း အသတ္ခံရေတာ့မယ့္လူလိုမ်ိဳး

“သက္သာသြားၿပီလား ဘယ္လိုေနေသးလဲ”

သုံးေယာက္လုံးမတ္တပ္ရပ္လိုက္တာေၾကာင့္ သူ႕ကိုအႏၱာရယ္ျပဳေတာ့မည့္ပုံပိုေပၚေစသည္။ဆရာဝန္ရဲ႕အၿပဳံးတစ္ပြင့္နဲ႕အေမးစကားဟာ သူ႕အတြက္ေတာ့အိမ္မက္ဆိုးထဲက မဲ့ၿပဳံးကိုသာျမင္ေယာင္ေစပါသည္။

” ဟင့္အင္း မလာခဲ့နဲ႕”

သူ႕ရဲ႕အထိတ္တလန့္စကားအၾကား သမုဒၵရာကမ်က္ခုံးတြန့္ကာ ေရွ႕ထိအေရာက္ေလွ်ာက္လာေလသည္။အလန့္တၾကားထြက္ေျပးဟန္ျပင္ေတာ့ ေျမာက္တက္သြားတဲ့ခႏၱာကိုယ္ႏွင့္အတူ ေပြ႕ခ်ီၿပီးေခၚသြားခံလိုက္ရတာ ဧည့္ခန္းအလယ္ဆီ။အတင္း႐ုန္းေတာ့ စိတ္မရွည္သလိုေအာက္သို႔ခ်ေပးေလသည္။

“ဘယ္လိုေတြျဖစ္ေနတာလဲ လျခမ္းငယ္ငယ္
ငါတို႔ေတြကိုေၾကာက္ေနရေအာင္ ငါတို႔ကိုဘာလို႔သတ္မွတ္ေနတာလဲ”

“မထိနဲ႕”

“ဘယ္သူကေကာ ထိခ်င္ေနလို႔လဲ”

“အိမ္ျပန္မယ္”

“မင္းကိုမုန္းတာအဲ့တာေတြပဲ မသိရင္ငါကပဲလူယုတ္မာႀကီးလို ငါကေကာမင္းကိုေခၚခ်င္လို႔ေခၚလာတယ္ထင္လား အျမင္မေတာ္လို႔ကြ”

“………”

“အဲ့ဒီမ်က္ႏွာထားကေကာဘာလဲ ခ်က္ခ်င္းျပင္လိုက္စမ္း “

“အိမ္ျပန္ခ်င္တယ္”

“အဟက္… ေနစမ္းပါအုံး omega တစ္ေယာက္ျဖစ္ေနၿပီး အခ်ိန္မေတာ္အျပင္ကိုတစ္ေယာက္တည္း ဘာထြက္လုပ္တာလဲ ဘာလဲ အဲ့အေျခေနကိုေမွ်ာ္မွန္းၿပီး တမင္လုပ္တာလား”

“ကိုCean “

“ငါေျပာတာမဟုတ္လို႔လား အဲ့မ်က္ႏွာကိုခ်က္ခ်င္းျပင္လိုက္လျခမ္းငယ္ငယ္ လူကိုျမင္တိုင္းေၾကာက္ျပေနရေအာင္ သနားတာခံရမယ္ထင္ေနတာလား”

“အဟင့္”

“အသံမထြက္နဲ႕ခ်က္ခ်င္းတိတ္ အေပါစားဆန္ေအာင္မ်က္ရည္ခံထိုးျပမေနနဲ႕ ငါမသနားတတ္ဘူး “

“ကိုCean ေတာ္ေတာ့လို႔”

“မငိုနဲ႕လို႔ေျပာေနတယ္ အဲ့ေလာက္ေၾကာက္တတ္ေနရင္အိမ္ထဲမွာပဲေနေလ သြားခ်င္တဲ့ေနရာကိုသြားခ်င္တဲ့အခ်ိန္သြားၿပီး အႏၱာရာယ္နဲ႕ေတြ႕လို႔ အခ်ိန္တန္ရင္ဇာတ္လိုက္လာကယ္မယ္ထင္ေနရေအာင္ ကိုယ့္ကိုယ္ကို႐ုပ္ရွင္ထဲကမင္းသမီးေလးမ်ားထင္ေနတာလား “

“ခင္ဗ်ားႀကီးအဲ့ေလာက္ျဖစ္ေနရင္ဘာလို႔ကယ္လာေသးလဲ..အင့္..ေသေသရွင္ရွင္ လႊတ္ထားလိုက္ပါ့လား.”

“ဘာေျပာတယ္”

“ခင္ဗ်ားႀကီးကယ္လာတာနဲ႕ပဲ ငယ္ငယ့္သိကၡာကိုစကားလုံးေတြနဲ႕ ေစာ္ကားလို႔ရသြားၿပီလား”

“အံၾသစရာပဲ အဲ့ေတာ့ကယ္လာတဲ့ငါကမွားတယ္ေပါ့ ေအး..ဟုတ္တယ္ငါကိုယ္ကမွားတာ အမွိုက္ေတြကိုမ်က္လုံးထဲအဝင္ခံမိတဲ့ ငါကဘဲမွားတာ အဲ့ေနရာမွာကတည္းကဘာပဲျဖစ္ေနပါေစ မျမင္ခ်င္ေယာင္ေဆာင္ခဲ့ရမွာ”

“ဟုတ္တယ္ ငယ္ငယ္ကခင္ဗ်ားအတြက္အမွိုက္တစ္စသာသာပဲ အဲ့တာေၾကာင့္ေနာက္တစ္ခါေတြ႕ရင္ လ်စ္လ်ဴရႉေပးပါ”

“ေအး..ငါကလည္း ေနာင္တရလြန္းလို႔ ေနာက္တစ္ခါသာအဲ့ျမင္ကြင္းမ်ိဳးေတြ႕ရင္ ဝိုင္တစ္ခြက္ကိုင္ၿပီးထိုင္ၾကည့္ပစ္အုံးမွာ”

“…………”

“အဲ့မ်က္ႏွာလာလုပ္ျပမေနနဲ႕ ငါ့မွာမင္းအတြက္သနားၾကင္နာမႈဆိုတာလုံးဝရွိလာမွာမဟုတ္ဘူး”

“ျပန္လို႔ရၿပီလား”

“ျပန္ ကိုယ့္ေျခေထာက္နဲ႕ကိုယ္ျပန္ လိုက္ပို႔မေပးနိုင္ဘူး မင္းဘာသာဘာျဖစ္ျဖစ္”

အသက္ရႉသံျပင္းျပင္းၾကားကထြက္လာတဲ့စကားသံေတြက မညင္သာ။မ်က္ရည္ေတြပြတ္သုတ္ကာလွည့္ထြက္သြားသူက ေနာက္ ကိုတစ္ခ်က္မၾကည့္။ဝတ္စုံအႀကီးႀကီးက တ႐ြတ္တိုက္ေနၿပီး ဖိနပ္မစီးထားတဲ့ေျခေထာက္ေတြကိုပါဖုံးေနတာ။

“လျခမ္းငယ္ငယ္”

မရပ္တန့္သြားတဲ့ေက်ာျပင္ေလးကေရွ႕ဆက္သြားၿမဲ။

” ေနာက္ဆုံးအေနနဲ႕ငါသတိေပးလိုက္မယ္ ေနာက္ကိုငါ့မ်က္စိေရွ႕လုံးဝေပၚမလာေစနဲ႕
မဟုတ္ရင္ မင္းဘဝေတာ့သြားၿပီပဲ”

စကားျပန္မရသလို ေက်ာျပင္ေလးကလည္းေဝးသထက္ေဝးသည္။သူမ်က္ေတာင္မခတ္လိုက္ၾကည့္ရင္း ရင္ထဲတင္းၾကပ္ေနတာသိသိသာသာ။

Geoက ကားေသာ့ဆြဲရင္းေနာက္မွေျပးလိုက္သည္။သူမတားမိလိုက္။Horizonက ေခါင္းရမ္းရင္း သက္ျပင္းခ်သည္။ဆိုဖာေပၚျပန္ထိုင္မိေတာ့ အ႐ုပ္ႀကိဳးျပတ္။

“ကိုCean ဘာလို႔အဲ့လိုစကားၾကမ္းၾကမ္းေတြေျပာလိုက္ရတာလဲ စိတ္ထဲကပါတာလည္းမဟုတ္ဘဲနဲ႕ “

“ငါေဒါသထြက္ေနတယ္”

“သိတယ္ ကိုCean ေဒါသထြက္ေနတာသိသလို ဘာေၾကာင့္ဒါသထြက္မွန္းလည္းသိတယ္”

“မင္းကဘာကိုသိတာလဲ”

အရွိန္မေသေသးတဲ့ေဒါသေတြကို Horizonအေပၚပုံခ်မိသည္။

“ကိုCean ကိုယ့္ဘာသာညာေနတာကိုသိတာ သူ႕အေပၚစိုးရိမ္မႈေတြကို သူသိသြားမွာေၾကာက္ေနတာ သူတစ္ခုခုျဖစ္မွာစိုးရိမ္စိတ္နဲ႕ေဒါသထြက္ေနတာကို ဂ႐ုမစိုက္သလိုဟန္ေဆာင္ျပေနတာ”

“ဟာသပဲ”

“ကြၽန္ေတာ့္ကိုလိမ္လို႔မရဘူး သူ႕အေပၚက်ရႈံးေနတဲ့စိတ္ကို ကိုCeanလက္မခံနိုင္ျဖစ္ေနတာ သူမရွိရင္ေနနိုင္ပါတယ္ဆိုၿပီး ကိုယ့္ကိုယ္ကိုအယုံသြင္းေနတာ ကိုCeanမာနေတြအတြက္ အတၱေတြႀကီးေနတာ”

“ငါကသူမရွိဘဲဘာလို႔မေနနိုင္ရမွာလဲ အေနသာႀကီး ငါ့စိတ္ကိုငါ့ထက္သိသလိုလာမေျပာစမ္းပါနဲ႕”

“သေဘာပါပဲ ကိုယ့္စိတ္ကိုသိတယ္ဆိုၿပီးတာပါဘဲ ေနာင္တဆိုတာက ဘယ္ေတာ့မွျပင္လို႔မရေတာ့တဲ့အရာေတြအတြက္ ျဖစ္တည္လာတဲ့စကားလုံး တျခားလူေတြကိုလိမ္တဲ့ျပစ္မႈထက္ ကိုယ့္စိတ္ကိုလိမ္တဲ့ျပစ္မႈကပိုႀကီးတတ္တယ္ ေကာင္းပါၿပီ ဘာမွလုပ္စရာမရွိေတာ့ဘူးဆိုေတာ့ကြၽန္ေတာ္ျပန္ေတာ့မယ္ အိပ္မက္ေတြလွဖို႔ဆုေတာင္းေပးခဲ့ပါတယ္”

ေျပာရင္းထ,ထြက္သြားသူကိုလိုက္မၾကည့္မိေတာ့။မ်က္စိကိုမွိတ္လို႔ ခုံကိုေက်ာမွီလိုက္တယ္။ေခၚသူမဲ့တဲ့ဖုန္းေလးက သူ႕ေဘးမွာၿငိမ္ၿငိမ္သက္သက္။ရင္ဘတ္ထဲကတစ္စုံတစ္ခု ေပါ့ပါးသြားျခင္းလား ေပ်ာက္ဆုံးသြားျခင္းလား သူမဆန္းစစ္ခ်င္ေတာ့………….

###################

ၿငိမ္း 🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၉, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၉, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၉ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၉ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၉ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၁၉ light novel, ,

Comment

Leave a Reply

Chapter 20