Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၀

A+ A-

အပြေးတစ်ပိုင်းအခန်းထဲဝင်ကာlockချလိုက်တော့ အခန်းထဲရှိနေတဲ့နောင်းညိုကစိုးရိမ်တကြီးရောက်လာလေသည်။

“လခြမ်းဘယ်တွေရောက်နေတာလဲ ဖုန်းလည်းခေါ်လို့မရဘူး အဝတ်တွေကကောဘာဖြစ်လာတာလဲ”

ပုခုံးမှဆုပ်ကိုင်ကာစိုးရိမ်တကြီးမေးတော့ အားပါးတရငိုချမိတော့သည်။အငယ်ဆုံးတစ်ယောက်ဇွတ်လိုက်ပို့သောကားနှင့်ပြန်လာတာကြောင့် ကားအတွင်းမှာမငိုဖြစ်ခဲ့။မငိုနိုင်ခဲ့တာဆိုပိုမှန်ပါမည်။

မြေအောက်ကားParkingရောက်သည်နှင့် နှုတ်မဆက်ဘဲပြေးဆင်းမိကာ ဓာတ်လှေကားထဲဝင်သည်အထိတုန်ယင်နေတာမပျောက်။အခုအခန်းတံခါးပိတ်လိုက်တော့မှ လုံခြုံသည်ဟုခံစားရကာ နောင်းညို၏နွေးထွေးမှုကထိန်းထားသည့်မျက်ရည်အားလုံး အရည်ပျော်ကျစေပါသည်။

“အရမ်းကြောက်နေတာလား လာ..ခုံမှာအရင်ထိုင်လိုက် ပြီးမှငါ့ကိုပြောပြ”

ပြောပြီးခုံမှာထိုင်စေကာ စားပွဲထက်ရေကရားထဲမှရေတစ်ခွက်ငှဲ့ပေးသည်။ရေကိုအငမ်းမရသောက်ရင်း အသက်ပြင်းပြင်းရှူရသည်။

“အဆင်ပြေလား ထပ်ငိုချင်သေးလား”

ခေါင်းထပ်ရမ်းပြကာ ရင်ခွင်ထဲပြန်တိုးဝင်မိသည်။လက်တစ်ဖက်ကခေါင်းမှဆံပင်တွေကိုသပ်တင်ပေးရင်း အခြားလက်တစ်ဖက်က ကျောပြင်ကိုခပ်ဖွဖွလေးပုတ်ပေးလာလေသည်။မေမေ့ကိုသတိရလိုက်တာအရမ်းပဲ။

တိမ်ငွေ့က လုံခြုံမှုတွေပေးစွမ်းတဲ့ဖေဖေနှင့်တူသည်ဆိုလျှင် နောင်းညိုကနွေးထွေးမှုကိုပေးစွမ်းတဲ့မေမေနှင့်တူတဲ့သူငယ်ချင်းလေး။

“နောင်းညို”

“ဟင် ဘာပြောမို့လဲလခြမ်းလေး”

“ငယ်ငယ်ကြောက်တယ်”

“ငါ့ကိုပြော ဘယ်သူ့ကိုကြောက်တာလဲ”

“ဟင့်အင်း”

“လခြမ်းလေးပြောမှငါကသိမှာပေါ့ သိတယ်မလားငါ့မှာလည်းလုပ်နိုင်စွမ်းတစ်ချို့ရှိပါတယ် တိမ်ငွေ့လည်းရှိတယ်လေ နှစ်ယောက်ပေါင်းရင်ဘယ်သူမှလခြမ်းလေးကိုအနိုင်မကျင့်ရဲပါဘူး ပြောပြညနေကဘာဖြစ်တာလဲ”

အသာအယာချော့လို့မေးလာသူကြောင့် ပြောပြဖို့အားယူရလေသည်။

“ငယ်ငယ် ညနေကပန်းခြံသွားတာမိုးချုပ်သွားတယ် အပြန်မှာလူဆိုးတွေနဲ့တွေ့တယ်”

“ဘာဖြစ်သွားသေးလဲ ငါ့ကိုပြဒဏ်ရာရသွားသေးလား”

ပြောရင်း သူ့တစ်ကိုယ်လုံးကိုစစ်ဆေးဖို့ပြင်တော့ သူအကြည့်မခံဘဲရင်ခွင်ထဲသာဇွတ်ဝင်တိုးမိတယ်။

“ငယ်ငယ့်ကိုလူတစ်ယောက်ကကယ်ခဲ့တာ ဒါပေမယ့် ငယ်ငယ်သူ့ကိုကြောက်တယ် သူငယ်ငယ့်ကိုသတ်ပစ်လိုက်တဲ့အိမ်မက်တွေ ခဏခဏမက်တယ် အဟင့်”

ပြောရင်း ဝမ်းနည်းစိတ်​ကြောင့်မျက်ရည်က ကျလာပြန်သည်။ကယ်တင်ခံလိုက်ရချိန်နွေးထွေးလွန်းပေမယ့် နိုးနိုးချင်းကြားလိုက်ရတဲ့စကားတွေကတော့ ရင်ကိုရိုက်သွင်းတဲ့ဆူးချွန်တွေလို။

“နောင်းညို ငယ်ငယ်ဒီမှာမနေချင်တော့ဘူး”

ခေါင်းမော့ကာနောင်းညိုမျက်နှာကိုကြည့်ရင်း ဖြစ်ချင်တာကိုပြောမိသည်။ဟုတ်တယ်။ဒီအတိုင်းဆက်နေရင် ဘယ်အချိန်သူ့ဒေါသစက်ကွင်းထဲရောက်မည်မသိ။နောက်ပြီး နောက်တစ်ခါမတွေ့ချင်ဘူးဆိုပြီး တရားဝင် ကြုံးဝါးလာသည်လေ။

“ပြဿနာကိုအရင်ပြောပြလေ အဲ့တာမှဖြေရှင်းလို့ရမှာပေါ့ ထွက်ပြေးနေလို့မပြီးသွားဘူးလခြမ်းရဲ့”

“ဟင့်အင်း ပြောပြလို့မရဘူး”

“သူက ခြိမ်းခြောက်ထားတာလား”

“သူကအင်အားအရမ်းကြီးတယ် နောင်းညိုတို့ပါအန္တရာယ်ရှိမှာ သူကငယ်ငယ့်ကိုပြောတယ်နောက်တစ်ခါမမြင်ချင်ဘူးတဲ့”

“နံမည်ပြောပြလေလခြမ်းရဲ့”

“ဟင့်အင်းမပြောချင်ဘူး နောင်းညိုကကူညီပေးပါနော် ငယ်ငယ့်ကိုဘယ်သူမှမသိတဲ့နေရာမှာဖွက်ထားပေးလေနော်”

မျက်နှာကိုမော့ကြည့်ရင်း အင်္ကျီစကိုလှုပ်ရမ်းကာအားကိုးတကြီးဆိုမိသည်။

“ဒီမှာမလုံခြုံဘူးလို့ခံစားနေရတာလား”

“ဟုတ်တယ်မလုံခြုံဘူး ဒီနားမှာသူ့ကိုခဏခဏတွေ့တယ် တွေ့တိုင်းလည်းအပြစ်ရှာတယ်”

“ငါ့ကိုဘာလို့မပြောခဲ့တာလဲ”

“စိုးရိမ်နေမှာစိုးလို့ လုပ်ပါနောင်းညိုရဲ့ငယ်ငယ့်ကိုဖွက်ထားပေးပါ တိမ်ငွေ့ကိုကောဖုန်းဆက်ပေးလေနော် သူရှိတဲ့နေရာကိုဘယ်သူမှမသိအောင်သွားချင်တယ် ဖြစ်နိုင်ရင်ငယ်ငယ်ထွက်သွားတာဘယ်သူ့ကိုမှမသိစေချင်ဘူး သူကစောင့်ကြည့်ဖို့လူတွေလွှတ်ချင်လွှတ်ထားမှာ”

“ဘယ်လိုလူမလို့လဲငယ်ငယ်ရဲ့ ငယ်ငယ်ကဘာအပြစ်ရှိလို့အဲ့လိုလုပ်နေရတာလဲ ငါ့ကိုသေချာပြောပြ ဒါမှငါကစီစဥ်ပေးလို့ရမှာပေါ့”

“ငယ်ငယ့်ခြေထောက်မှာရတဲ့ဒဏ်ရာ၊ကော်ဖီဆိုင်မှာ အပူလောင်တာ၊ပွဲမှာShock ရပြီး သတိလစ်တာ၊စီးကရက်Allergicနဲ့ Emergencyရောက်တာ အကုန်လုံးကသူနဲ့တွေ့လို့ဖြစ်တာ သူနဲ့တွေ့တိုင်းငယ်ငယ့်မသိစိတ်ကအသိပေးနေတာ သူ့လက်နဲ့သေရမှာတဲ့အဲ့ဒါရှောင်လွှဲလို့မရဘူး သူ့ကိုငယ်ငယ်ရှောင်နေရက်နဲ့တောင် သူကသူ့ကိုကပ်နေတာပါဆိုပြီးအထင်လွဲပြီးမုန်းနေတာ”

“ဒီအကြောင်းတွေအစကတည်းကပြောခဲ့ရောပေါ့လခြမ်းရဲ့ ငါတို့ကကိုပေါ့လျော့မိတာပါ စိတ်မပူနဲ့နော် ငါတိမ်ငွေ့ဆီဖုန်းဆက်ပြီးတိုင်ပင်လိုက်မယ် လာ…အခုညငါမင်းအခန်းမှာစောင့်အိပ်ပေးမှာမို့မကြောက်နဲ့အိပ်ပျော်အောင်အိပ် မနက်မိုးလင်းတာနဲ့ အားလုံးအဆင်ပြေသွားစေရမယ်နော် ညစာအရင်စားရအောင်ငါပြင်ထားတယ် “

ပြောရင်းမီးဖိုခန်းဆီဆွဲခေါ်သွားတာကြောင့် နောက်မှအသာလေးလိုက်သွားမိသည်။သူတကယ်ဗိုက်ဆာနေပြီ။ရုန်းရင်းဆန်ခတ်ညနေခင်းအပြီး သူပင်ပန်းသွားတာ။

အရသာမခံတော့ဘဲ ဝင်သလောက်အကုန်စားတော့ နောင်းညိုကစိုးရိမ်စိတ်ဖြင့်သာကြည့်နေပြီးဘာမှပြောမလာ။စားသောက်ပြီးသူ့ကိုခဏထိုင်ခိုင်းကာ သူကပန်းကန်တွေဆေးကြောကာသိမ်းပေးသည်။

ပြီးတော့ခြေလက်ဆေးကာ ဟိုအိမ်ကဝတ်လာသည့်အဝတ်အစားတွေကိုအမှိုက်တောင်းထဲထည့်ပစ်သည်။ပိုင်ရှင်ကပြန်ယူမှာမှမဟုတ်တော့တာ။သူဝတ်ပြီးသားဆိုရွံနေမှာပေါ့။

ယုန်ရုပ်လေးတွေပါသည့် ညဝတ် pajamaခရမ်းနုရောင်လေးဝတ်ပြီး အရုပ်တွေကြားဝင်ခွေမိသည်။နောင်းညိုက သူ့အခန်းဆီပြန်ကာ ညအိပ်ဝတ်စုံသွားလဲလာလေသည်။ထို့နောက် ဝက်ဝံရုပ်ကြီးရဲ့တစ်ဖက်ဝင်လိုက်ပြီး ကုတင်ခေါင်းရင်းကို ကျောမှီကာထိုင်လိုက်သည်။

“စိတ်ချလက်ချအိပ်နော် ငါရှိတယ်”

ခေါင်းညိတ်ပြတော့ ဘေးခုံပေါ်ကဖုန်းမှ သီချင်းသံသဲ့သဲ့ကြားရသည်။သူ့ကိုစောင်ခြုံပေးပြီး အခန်းမီးပိတ်ကာညအိပ်မီးပြောင်းဖွင့်ပေးသည်။ခေါင်းမှဆံနွယ်လေးတွေကိုဖွဖွ ပုတ်ပေးနေတော့ အိပ်ခြင်းနယ်ပယ်ဆီခြေလှမ်းသည်။ဒီနေ့အတွက်သူပင်ပန်းနေပြီ။

လခြမ်းအိပ်ပျော်သွားတာသေချာမှ ထပြီးဧည့်ခန်းဆီထွက်ခဲ့သည်။မီးမဖွင့်တော့ဘဲ အမှောင်ထဲမှာဘဲထိုင်နေမိတာ တစ်နာရီခန့်ကြာသည်။နောက်ဆုံးဖုန်းအားထုတ်လို့ ဆက်မိတာကတိမ်ငွေ့ဆီ။လခြမ်းကိစ္စကို သေချာဆုံးဖြတ်မှရမည်။

……………..

အကြံရသွားပြီဟုပြောလာသူက လေးလေးနက်နက်။ညနေခင်းမှစီစဥ်ထားသည်မို့ မနက်ရောနေ့လည်ပါ ရင်တထိတ်ထိတ် ထမင်းတောင်ဖြောင့်ဖြောင့်စားမဝင်။

ညနေသုံးနာရီခန့်ရောက်မှ သူ့အားလိုချင်သည့်အရေးကြီးပစ္စည်းတွေသိမ်းခိုင်းပြီး လျှို့ဝှက်တံခါးမှဟိုဘက်သူ့အခန်းဆီကူးသည်။

“ခဏနေကျရင် အရင်တစ်ခါအလှပြင်ပေးတဲ့တစ်ယောက်လာလိမ့်မယ် လခြမ်းကစိတ်ကိုပေါ့ပေါ့ပါးပါးပဲထား ဘာမှတွေးမနေနဲ့ လခြမ်းဒီတိုက်ခန်းကထွက်တာကိုတောင် ဘယ်သူမှမသိစေရဘူးဟုတ်ပြီလား”

“ဟုတ်ဟုတ်”

ခဏကြာတော့ခြူးဆိုသည့်နောင်းညိုကောင်မလေးရောက်လာလေသည်။ဘယ်သူမှစကားမပြောဖြစ်ကြဘဲ လုပ်စရာရှိရာကိုသာလုပ်နေကြတာကြောင့် နာရီလက်တံရွေ့သံနှင့်ပစ္စည်းတွေခုံပေါ်ချသံတို့သာကြားရသည်။

အားလုံးပြီးသွားတော့ သူ့ခေါင်းအစခြေအဆုံးထိုကောင်မလေးစတိုင်နှင့်တစ်ထပ်တည်း။maskပါတပ်လိုက်တော့ခွဲမရတော့။

“ရပြီ ကျေးဇူးပါခြူး လိုအပ်တဲ့ပမာဏကို စာပို့လိုက်ညကျရင်လွှဲလိုက်မယ် ဒါပေမယ့်အခုအကြောင်းတွေကိုတော့ဘယ်သူ့ကိုမှမပြောမိစေနဲ့”

“စိတ်ချပါAcacia ဘာပဲပြောပြောရှင်ကကျွန်မရဲ့ကျေးဇူးရှင်ပဲဟာ ကျွန်မအသက်နဲ့ရင်းပြီးကတိပေးတယ် ဒီအကြောင်းဘယ်သူမှမသိစေရဘူး”

“အဲ့ဒါဆိုလိုက်မပို့တော့ဘူး အပြင်ရောက်ရင် မနက်ကပြောထားတဲ့အတိုင်းလုပ်ဖို့မမေ့နဲ့နော်”

“အိုကေ”

ပြောရင်းသူ့ပစ္စည်းထည့်ထားသည့်အိတ်အားဆွဲကာ ထွက်သွားလေသည်။

“လခြမ်းငါပြောတာနားထောင် အခုအောက်ထပ်ကားပါကင်ကိုလျှိူ့ဝှက်လှေကားကနေဆင်းရမယ် အပြင်မှာကCCTVအပြည့်မို့လို့ထွက်လို့မရဘူး အောက်ရောက်ရင်စတိုခန်းတံခါးကိုဖွင့်လိုက် ရှေ့မှာရပ်ထားတာငါ့ကားအဲ့ထဲကိုဝင်လိုက် အဲ့နေရာကCCTVမရှိဘူး ပြီးရင်ညနေ,နေဝင်ချိန်အရောက် တိမ်ငွေ့ကလာခေါ်လိမ့်မယ် တိမ်ငွေ့လာခေါ်မှာကတောလမ်းကမလို့လမ်းမှာအစစ်အဆေးတွေမရှိဘူး ဟိုရောက်ရင်လည်းသူနေတဲ့တောထဲကအိမ်မှာနေရမှာ ဘယ်သူမှမသိတဲ့နေရာဖုန်းလိုင်းတောင်မမိဘူး ငါ့ကိုဖုန်းဆက်ရင်တိမ်ငွေ့ဖုန်းနဲ့ဆက်ဟုတ်ပြီလား အဲ့လောက်ဆိုလုံခြုံတယ်လို့ခံစားရပြီလား ငါညကတိမ်ငွေ့နဲ့တိုင်ပင်ထားတာ အဲ့နည်းလမ်းက…အင့်”

စကားမဆုံးခင်ရင်ခွင်ထဲတိုးဝင်လာသူကငိုပါသည်။သူကိုယ်တိုင်လည်းမျက်ရည်ဝဲမိသည်။သူ့သူငယ်ချင်းလေးကို မျက်စိအောက်ကနေအဝေးကြီးကိုမပို့ထားချင်ဘူး။

“ငယ်ငယ်လွမ်းနေမှာ”

“အွန်း ဖုန်းဆက်”

“အဆင်ပြေတဲ့အချိန် ငယ်ငယ့်ဆီလာလည်နော်”

“အွန်း လာလည်မှာ”

ဖက်ထားတာကိုတစ်ချက်တင်းကြပ်ပစ်ကာ ခန္ဓာကိုယ်ချင်းခွာမိသည်။မျက်ရည်စတွေကို ဖွဖွသုတ်ပေးတော့လည်း ငြိမ်နေတာပါပဲ။

“သွားရအောင် တိမ်ငွေ့စောင့်နေလောက်ပြီကိုယ်လည်း မြို့ထဲကCCTVတွေကိုမျက်ခြေဖြတ်ရအုံးမှာ”

ပြောရင်းသူ့လက်ကိုဆွဲကာ နံရံထက်မှ လျှို့ဝှက်ခလုပ်ကိုနှိပ်လိုက်တော့တံခါးပွင့်လာလေသည်။

“ဒီလှေကားကနေအောက်ကိုဆင်းသွား မကြောက်နဲ့နော် ငါရှေ့တံခါးကနေဆင်းပြီး အောက်မှာစောင့်နှင့်မယ်”

“အွန်း”

ပြောရင်း မီးရောင်မှုန်ပျပျရှိသောလှေကားကနေ အောက်သို့ဆင်းလိုက်သည်။နောက်ကတံခါးပိတ်သံကြားသော်လည်းလှည့်မကြည့်မိ အောက်ကိုသာအမြန်ဆင်းသည်။လေအလုံအလောက်မရ၍ အသက်ရှူရနည်းနည်းခက်ရုံကလွဲရင်အဆင်ပြေပါသည်။

အောက်ဆုံးရောက်တော့ တံခါးက Autoပွင့်သည်။တံခါးမှထွက်တော့ အခန်းလွတ်တစ်ခုအားတွေ့သည်။စတိုခန်းဖြစ်လိမ့်မည်။ထိုတံခါးအားဆက်ဖွင့်တော့ နောင်းညိုကားကိုတွေ့သည်။နောက်ခန်းတံခါးဖွင့်ကာတက်တော့ နောင်းညိုကတန်းမောင်းထွက်သည်။

“လခြမ်း ခါးပတ်ပတ်ထားနော်”

“ဟုတ်ကဲ့”

လျှောက်နေကျလမ်းတွေကိုဖြတ်တော့ ရင်ထဲမှာအောင့်သက်သက်နှင့်။ရွက်သစ်တစ်ချို့ထွက်နေတဲ့ ပင်အိုတို့ကကျန်ရစ်ခဲ့သည်။တရိပ်ရိပ်ပြေးနေသည့်ကားလေးထဲ အသံတွေကတိတ်တိတ်ဆိတ်ဆိတ်။

ဒီလမ်းမတွေထက်ပြန်လျှောက်ဖို့ အချိန်ဘယ်လောက်စောင့်ရအုံးမှာများလဲ။နေအလင်းရောင်ကတဖြည်းဖြည်း ပျောက်ကွယ်သည်။သူ,မရင်းနှီးတဲ့လမ်းတွေကိုဖြတ်ပြီး မြို့ပြင်ဘက်ထွက်တော့ လူသူရှင်းတဲ့ကားလမ်းကျယ်တွေကအထီးကျန်စွာ။

ဖြတ်သွားဖြတ်လာကားတစ်စီးတလေမှလွဲလျှင် မြို့ထဲလိုလူမရှုပ်တော့။သစ်ပင်တွေဝန်းရံထားတဲ့တောလမ်းသွယ်ရောက်တော့ နောင်းညိုကကားရပ်သည်။

လမ်းသွယ်လေးထဲကထွက်လာတာက တိမ်ငွေ့။သူအမြန်ပြေးသွားလိုက်ပြီးရင်ခွင်ထဲပစ်ဝင်လိုက်သည်။

“အဆင်ပြေသွားပြီနော်လခြမ်း မကြောက်နဲ့”

ခေါင်းညိတ်ပြတော့ ပြုံးပြလာသည်။

“နောင်းညိုငါတို့သွားတော့မယ် ရောက်မှပြန်ဆက်သွယ်လိုက်မယ်”

“အိုကေ လခြမ်းလေးဂရုစိုက်နော်”

“ဟုတ်ကဲ့ တာ့တာ့”

“အွန်း….သွားတော့မှောင်နေပြီ”

တွန့်ဆုတ်တွန့်ဆုတ်နှင့်လိုက်သွားတော့ နောင်းညိုကမျက်နှာလွှဲသွားလေသည်။နေဝင်ဆည်းဆာအောက်လက်သွားတာ ပါးပြင်ထက်ကငွေ့ရည်တစ်ချို့ရဲ့ရောင်ပြန်။

တောလမ်းသုံးကားက ရှေ့မှာမောင်းသူတစ်ယောက်ပါကာ သူနှင့်တိမ်ငွေ့ဝင်ထိုင်တော့ကားကစထွက်သည်။နောက်ကိုလှည့်ကြည့်တော့ နောင်းညိုကတစ်ရွေ့ရွေ့ကျန်ခဲ့သည်။ဘယ်သူမှလက်မပြမိတာ လက်မြှောက်နိုင်စွမ်းမရှိသည်အထိအားအင်မဲ့နေလို့။

“မကြောက်နဲ့နော်လခြမ်းလေး ဒီလမ်းကကိုယ်သွားနေကျ မနက်ဖြန်မှရောက်မှာ ဒီညအိပ်ပြီးလိုက်ခဲ့နော်”

“ဟုတ်”

ပြောရင်းပေါင်ပေါ်စောင်ခေါက်တင်ကာ ငယ်ငယ့်ခေါင်းကိုသူ့ပေါင်ပေါ်ဆွဲချသည်။

“ခြေထောက်ကျဥ်နေလိမ့်မယ် ထိုင်ရင်းအိပ်လိုက်မယ်လေ”

“ရပါတယ်လခြမ်းရဲ့ ငါကAlphaတစ်ယောက်ပါအဆင်ပြေပါတယ် လခြမ်းကအိပ်ပျော်အောင်အိပ်နော်”

ပြောရင်းခေါင်းကိုခပ်ဖွဖွပုတ်ပေးလာလေသည်။

“တိမ်ငွေ့”

“ဟင်”

“ငယ်ငယ်က အသုံးမကျဘူးမလား”

ငိုသံစွက်တဲ့သူ့အသံက ဝမ်းနည်းရိပ်တွေစွန်းပြီး အားငယ်တဲ့အရိပ်အယောင်ပြသည်။ရှိုက်ငိုချင်စိတ်ကိုထိန်းထားရတာက တိမ်ငွေ့ကိုဝန်လေးစေမှာစိုးလို့။

“မဟုတ်တာလျှောက်မတွေးရဘူး လခြမ်းကကိုယ်တို့ရဲ့အဖိုးတန်လေး”

ပါးပြင်တစ်ဖက်ကိုခပ်ဖွဖွညှစ်ကာဆိုလာတဲ့စကားက သူ့အပူတစ်ဝက်ကိုငြိမ်းစေပါသည်။

“ဟုတ်လို့လား”

“ဟုတ်တာပေါ့ လခြမ်းကကိုယ်တို့တွေရဲ့ပျော်ရွှင်မှုလေး ကိုယ်တို့ရဲ့သူငယ်ချင်းဖြစ်လာပေးလို့အရမ်းကျေးဇူးတင်တာပဲ”

“နောင်းညိုက ငယ်ငယ့်ဆီကိုလာလည်မှာလားဟင်”

“အွန်း….လာလည်မှာပေါ့”

စကားသံတွေတဖြည်းဖြည်းတိုးသွားပြီး ကားအတွင်းကတိတ်ဆိတ်သွားသည်။လမိုက်ညမို့ ပတ်ဝန်းကျင်တစ်ခုလုံးကမှောင်မှောင်မည်းမည်း။တောလမ်းမို့ကားတစ်စီးစာသွားရာလမ်းက မောင်းနေကျမို့အခက်ခဲမရှိ။

ကားမီးရောင်မှိန်ပျပျက မြို့ကြီးနှင့်ဝေးရာဆီ တရွေ့ရွေ့နှင့်။ချန်ရစ်ခဲ့ရတဲ့နှောင်ကြိုးတစ်ချို့က တကယ်ရောကျန်ရစ်နေချင်ခဲ့ရဲ့လား။

………………

အိမ်လေးကိုပတ်ကာကြည့်မိတော့ ငယ်ငယ့်မှာသဘောတကျ။လူအရောက်အပေါက်နည်းတဲ့တောခေါင်ခေါင်မှာ ဝါးတွေနဲ့ချည်းဆောက်လုပ်ထားတဲ့နှစ်ထပ်အိမ်လေးတစ်လုံး။

သစ်ပင်ကြီးတွေကာရံထားပြီး မနီးမဝေးမှာရေပြာအိုင်လည်းရှိသေးသည်။တောပန်းတောင်ပန်းတွေကအရောင်စုံ။သဘာဝရဲ့အနှစ်သာရပြည့်မှုက စိတ်ကိုချက်ချင်းလန်းဆန်းစေပါသည်။

“သဘောကျလားလခြမ်း”

“အရမ်း အရမ်းသဘောကျတယ်”

အခုမှလန်းလန်းဆန်းဆန်းဖြစ်သွားသူက အပြုံးတွေဖောဖောသီသီသုံးလို့ မြင်သူတိုင်းကိုစိတ်အေးချမ်းစေသည်။

“ဟုတ်ပါပြီဗျာ လခြမ်းပျော်ဖို့အဓိက ကိုယ့်စိုက်ခင်းတွေကဒီနဲ့သိပ်မဝေးဘူး အဲ့တာကြောင့်ဒီမှာအိမ်တစ်လုံးဆောက်ထားတာ ဖုန်းလိုင်းတော့မမိဘူးတစ်ခါတစ်လေမှရတာ”

“ရှူခင်းတွေအရမ်းလှတာပဲ ဒါပေမယ့် ငယ်ငယ့်မှာပန်းချီဆွဲမယ့်ပစ္စည်းတွေပါမလာတာနှမျောစရာပဲ”

နှမျောတသသူ့မျက်နှာကိုကြည့်ရင်း တိမ်ငွေ့ကရယ်လေသည်။

“မပူပါနဲ့ကွာ မြို့တက်မဲ့ကိုယ့်လူတစ်ယောက်ကို လိုချင်တဲ့ပစ္စည်းစာရင်းသာပေးလိုက် အကုန်ရစေရမယ်”

“တကယ်လား”

“တကယ်ပေါ့”

“ပျော်လိုက်တာ အဲ့တာကြောင့်တိမ်ငွေ့ကိုချစ်တာ”

ပြောရင်းပြေးလာဖက်သူကြောင့် ပြုံးရုံသာပြုံးမိသည်။

*ကိုယ်ကပိုချစ်တာပေါ့ မင်းထက်သာတဲ့အချစ်တွေနဲ့*

ချစ်ခြင်းတွေတူပေမယ့်အရောင်တွေမတူတဲ့အခါ အရောင်ပိုရင့်တဲ့လူကပိုခံစားရတာပါပဲ။မျှော်လင့်ချက်တွေမထားခဲ့လို့သာ အတော်အသင့်ခံသာနေတာပါ။

“တိမ်ငွေ့ ဒီမှာဟင်းချက်စရာတွေရှိလား”

“ရှိတယ် မီးမရှိလို့လျှပ်စစ်မရပေမယ့် ကိုယ့်မှာမီးစက်ရှိတယ်အိုးခွက်တွေလည်းရှိတယ် ဟင်းသီးဟင်းရွက်ကကိုယ်တိုင်စိုက်ထားတဲ့စိုက်ခင်းရှိတယ်”

“သွားမယ်စိုက်ခင်းကိုလိုက်ပို့ ပြီးရင်ငယ်ငယ့်လက်ရာချက်ကျွေးမယ်”

“ဟုတ်ပါပြီဗျာ လာ…ဒါနဲ့ရေမချိုးသေးဘူးလား”

“ဟင်းချက်ပြီးရင်သွားချိုးမယ် ပြီးရင်ထမင်းစားမယ် ရေကရေအိုင်မှာသွားချိုးရတာလား”

“ဟုတ်တယ် အဲ့ရေအိုင်ကအရမ်းမိုက်တာနော် နွေမှာဆိုအေးနေပြီးတော့ ဆောင်းရာသီဆို ရေပူစမ်းလိုပဲ”

“ဝါးးးးးမိုက်လိုက်တာ သွားမယ်မြန်မြန်ရေသွားချိုးချင်နေပြီ ဟင်းမြန်မြန်ချက်ရမယ်”

“ဖြည်းဖြည်းလုပ်ပါကွာ နောက်ဆိုနေ့တိုင်းသွားလို့ရနေတာကို”

“ဟီးဟီး”

လေတိုးသံတွေနဲ့အပြိုင် ရယ်သံလွင်လွင်ကအေးမြစေသည်။မှိုင်းညို့ညို့သစ်တောကြီးက အလင်းရောင်လေးကြောင့်အုံ့မှိုင်းမနေတော့။ကျေးငှက်လေးတွေ တေးသီနေတာ သူ့အလှဘွဲ့ဖြစ်မှာပါ………

##############

ငြိမ်း🌻🌞

အေျပးတစ္ပိုင္းအခန္းထဲဝင္ကာ lockခ်လိဳက္ေတာ့ အခန္းထဲရွိေနတဲ့ ေနာင္းညိုကစိုးရိမ္တႀကီးေရာက္လာေလသည္။

“ငယ္ငယ္ ဘယ္ေတြေရာက္ေနတာလဲ ဖုန္းလည္းေခၚလို႔မရဘူး အဝတ္ေတြကေကာဘာျဖစ္လာတာလဲ”

ပုခုံးမွဆုပ္ကိုင္ကာ စိုးရိမ္တႀကီးေမးေတာ့ အားပါးတရငိုခ်မိေတာ့တာ။အငယ္ဆုံးတစ္ေယာက္ဇြတ္လိုက္ပို႔ေသာကားႏွင့္ ျပန္လာတာေၾကာင့္ ကားအတြင္းမွာမငိုျဖစ္ခဲ့။မငိုနိုင္ခဲ့တာဆိုပိုမွန္ပါမည္။

ေျမေအာက္ကားParking ေရာက္သည္ႏွင့္ ႏႈတ္မဆက္ဘဲေျပးဆင္းမိကာ ဓာတ္ေလွကားထဲဝင္သည္အထိ တုန္ယင္ေနတာမေပ်ာက္။အခုအခန္းတံခါးပိတ္လိုက္ေတာ့မွ လုံၿခဳံသည္ဟုခံစားရကာ ေနာင္းညို၏ႏြေးေထြးမႈက ထိန္းထားသည့္မ်က္ရည္အားလုံး အရည္ေပ်ာ္က်ေစပါသည္။

“အရမ္းေၾကာက္ေနတာလား လာ..ခုံမွာအရင္ထိုင္လိုက္ ၿပီးမွကိုယ့္ကိုေျပာျပ”

ေျပာၿပီးခုံမွာထိုင္ေစကာ စားပြဲထက္ေရကရားထဲမွ ေရတစ္ခြက္ငွဲ႕ေပးသည္။ေရကိုအငမ္းမရေသာက္ရင္း အသက္ျပင္းျပင္းရႉရသည္။

“အဆင္ေျပလား ထပ္ငိုခ်င္ေသးလား”

ေခါင္းထပ္ရမ္းျပကာ ရင္ခြင္ထဲျပန္တိုးဝင္မိသည္။လက္တစ္ဖက္က ေခါင္းမွဆံပင္ေတြကိုသပ္တင္ေပးရင္း အျခားလက္တစ္ဖက္က ေက်ာျပင္ကိုခပ္ဖြဖြေလးပုတ္ေပးလာေလသည္။ေမေမ့ကိုသတိရလိုက္တာအရမ္းပဲ။

တိမ္ေငြ႕က လုံၿခဳံမႈေတြေပးစြမ္းတဲ့ ေဖေဖႏွင့္တူသည္ဆိုလွ်င္ ေနာင္းညိုက ႏြေးေထြးမႈကိုေပးစြမ္းတဲ့ ေမေမႏွင့္တူတဲ့သူငယ္ခ်င္းေလး။

“ေနာင္းညို”

“ဟင္ ဘာေျပာမို႔လဲလျခမ္းေလး”

“ငယ္ငယ္ေၾကာက္တယ္”

“ငါ့ကိုေျပာ ဘယ္သူ႕ကိုေၾကာက္တာလဲ”

“ဟင့္အင္း”

“လျခမ္းေလးေျပာမွ ငါကသိမွာေပါ့ သိတယ္မလားငါ့မွာလည္းလုပ္နိုင္စြမ္းတစ္ခ်ိဳ႕ရွိပါတယ္ တိမ္ေငြ႕လည္းရွိတယ္ေလ ႏွစ္ေယာက္ေပါင္းရင္ ဘယ္သူမွလျခမ္းေလးကိုအနိုင္မက်င့္ရဲပါဘူး ေျပာျပ ညေနကဘာျဖစ္တာလဲ”

အသာအယာေခ်ာ့လို႔ေမးလာသူေၾကာင့္ ေျပာျပဖို႔အားယူရေလသည္။

“ငယ္ငယ္ ညေနကပန္းၿခံသြားတာ မိုးခ်ဳပ္သြားတယ္ အျပန္မွာ လူဆိုးေတြနဲ႕ေတြ႕တယ္”

“ဘာျဖစ္သြားေသးလဲ ငါ့ကိုျပ ဒဏ္ရာရသြားေသးလား”

ေျပာရင္း သူ႕တစ္ကိုယ္လုံးကိုစစ္ေဆးဖို႔ျပင္ေတာ့ သူအၾကည့္မခံဘဲ ရင္ခြင္ထဲသာဇြတ္ဝင္တိုးမိတယ္။

“ငယ္ငယ့္ကိုလူတစ္ေယာက္က ကယ္ခဲ့တာ ဒါေပမယ့္ ငယ္ငယ္သူ႕ကိုေၾကာက္တယ္ သူငယ္ငယ့္ကိုသတ္ပစ္လိုက္တဲ့အိမ္မက္ေတြ ခဏခဏမက္တယ္ အဟင့္”

ေျပာရင္း ဝမ္းနည္းစိတ္ေၾကာင့္ မ်က္ရည္က က်လာျပန္တယ္။ကယ္တင္ခံလိုက္ရခ်ိန္ႏြေးေထြးလြန္းေပမယ့္ နိုးနိုးခ်င္းၾကားလိုက္ရတဲ့စကားေတြကေတာ့ ရင္ကိုရိုက္သြင္းတဲ့ ဆူးခြၽန္ေတြလို။

“ေနာင္းညို ငယ္ငယ္ဒီမွာမေနခ်င္ေတာ့ဘူး”

ေခါင္းေမာ့ကာ ေနာင္းညိုမ်က္ႏွာကိုၾကည့္ရင္း ျဖစ္ခ်င္တာကိုေျပာမိသည္။ဟုတ္တယ္။ဒီအတိုင္းဆက္ေနရင္ ဘယ္အခ်ိန္သူ႕ေဒါသစက္ကြင္းထဲေရာက္မည္မသိ။ေနာက္ၿပီး ေနာက္တစ္ခါမေတြ႕ခ်င္ဘူးဆိုၿပီး တရားဝင္ ႀကဳံးဝါးလာသည္ေလ။

“ျပႆနာကိုအရင္ေျပာျပေလ အဲ့တာမွေျဖရွင္းလို႔ရမွာေပါ့ ထြက္ေျပးေနလို႔မၿပီးသြားဘူးလျခမ္းရဲ႕”

“ဟင့္အင္း ေျပာျပလို႔မရဘူး”

“သူက ၿခိမ္းေျခာက္ထားတာလား”

“သူကအင္အားအရမ္းႀကီးတယ္ ေနာင္းညိုတို႔ပါအႏၱရာယ္ရွိမွာ သူကငယ္ငယ့္ကိုေျပာတယ္ ေနာက္တစ္ခါမျမင္ခ်င္ဘူးတဲ့”

“နံမည္ေျပာျပေလလျခမ္းရဲ႕”

“ဟင့္အင္းမေျပာခ်င္ဘူး ေနာင္းညိုကကူညီေပးပါေနာ္ ငယ္ငယ့္ကိုဘယ္သူမွမသိတဲ့ေနရာမွာဖြက္ထားေပးေလေနာ္”

မ်က္ႏွာကိုေမာ့ၾကည့္ရင္း အကၤ်ီစကိုလႈပ္ရမ္းကာ အားကိုးတႀကီးဆိုမိသည္။

“ဒီမွာမလုံၿခဳံဘူးလို႔ခံစားေနရတာလား”

“ဟုတ္တယ္မလုံၿခဳံဘူး ဒီနားမွာသူ႕ကိုခဏခဏေတြ႕တယ္ ေတြ႕တိုင္းလည္းအျပစ္ရွာတယ္”

“ငါ့ကိုဘာလို႔မေျပာခဲ့တာလဲ”

“စိုးရိမ္ေနမွာစိုးလို႔ လုပ္ပါေနာင္းညိုရဲ႕ငယ္ငယ့္ကိုဖြက္ထားေပးပါ တိမ္ေငြ႕ကိုေကာဖုန္းဆက္ေပးေလေနာ္ သူရွိတဲ့ေနရာကိုဘယ္သူမွမသိေအာင္သြားခ်င္တယ္ ျဖစ္နိုင္ရင္ငယ္ငယ္ထြက္သြားတာ ဘယ္သူ႕ကိုမွမသိေစခ်င္ဘူး သူကေစာင့္ၾကည့္ဖို႔လူေတြလႊတ္ခ်င္လႊတ္ထားမွာ”

“ဘယ္လိုလူမလို႔လဲငယ္ငယ္ရဲ႕ ငယ္ငယ္ကဘာအျပစ္ရွိလို႔အဲ့လိုလုပ္ေနရတာလဲ ငါ့ကိုေသခ်ာေျပာျပ ဒါမွငါကစီစဥ္ေပးလို႔ရမွာေပါ့”

“ငယ္ငယ့္ေျခေထာက္မွာရတဲ့ဒဏ္ရာ၊ေကာ္ဖီဆိုင္မွာ အပူေလာင္တာ၊ ပြဲမွာShock ရၿပီး သတိလစ္တာ၊ စီးကရက္allergicနဲ႕ Emergencyေရာက္တာ အကုန္လုံးကသူနဲ႕ေတြ႕လို႔ျဖစ္တာ သူနဲ႕ေတြ႕တိုင္းငယ္ငယ့္မသိစိတ္က အသိေပးေနတာ သူ႕လက္နဲ႕ေသရမွာတဲ့ အဲ့ဒါေရွာင္လႊဲလို႔မရဘူး သူ႕ကိုငယ္ငယ္ေရွာင္ေနရက္နဲ႕ေတာင္ သူကသူ႕ကိုကပ္ေနတာပါဆိုၿပီး အထင္လြဲၿပီးမုန္းေနတာ”

“ဒီအေၾကာင္းေတြ အစကတည္းကေျပာခဲ့ေရာေပါ့လျခမ္းရဲ႕ ငါတို႔ကကိုေပါ့ေလ်ာ့မိတာပါ စိတ္မပူနဲ႕ေနာ္ ငါတိမ္ေငြ႕ဆီဖုန္းဆက္ၿပီးတိုင္ပင္လိုက္မယ္ လာ…အခုညငါမင္းအခန္းမွာေစာင့္အိပ္ေပးမွာမို႔ မေၾကာက္နဲ႕အိပ္ေပ်ာ္ေအာင္အိပ္ မနက္မိုးလင္းတာနဲ႕ အားလုံးအဆင္ေျပသြားေစရမယ္ေနာ္ ညစာအရင္စားရေအာင္ ငါျပင္ထားတယ္ “

ေျပာရင္းမီးဖိုခန္းဆီဆြဲေခၚသြားတာေၾကာင့္ ေနာက္မွအသာေလးလိုက္သြားမိသည္။သူတကယ္ဗိုက္ဆာေနၿပီ။႐ုန္းရင္းဆန္ခတ္ညေနခင္းအၿပီး သူပင္ပန္းသြားတာ။

အရသာမခံေတာ့ဘဲ ဝင္သေလာက္အကုန္စားေတာ့ ေနာင္းညိုကစိုးရိမ္စိတ္ျဖင့္သာၾကည့္ေနၿပီး ဘာမွေျပာမလာ။စားေသာက္ၿပီးသူ႕ကိုခဏထိုင္ခိုင္းကာ သူကပန္းကန္ေတြေဆးေၾကာကာသိမ္းေပးသည္။

ၿပီးေတာ့ေျခလက္ေဆးကာ ဟိုအိမ္ကဝတ္လာသည့္အဝတ္အစားေတြကိုအမွိုက္ေတာင္းထဲထည့္ပစ္သည္။ပိုင္ရွင္ကျပန္ယူမွာမွမဟုတ္ေတာ့တာ။သူဝတ္ၿပီးသားဆို႐ြံေနမွာေပါ့။

ယုန္႐ုပ္ေလးေတြပါသည့္ ညဝတ္ pajamaခရမ္းႏုေရာင္ေလးဝတ္ၿပီး အ႐ုပ္ေတြၾကားဝင္ေခြမိသည္။ေနာင္းညိုက သူ႕အခန္းဆီျပန္ကာ ညအိပ္ဝတ္စုံသြားလဲလာေလသည္။ထို႔ေနာက္ ဝက္ဝံ႐ုပ္ႀကီးရဲ႕တစ္ဖက္ဝင္လိုက္ၿပီး ကုတင္ေခါင္းရင္းကို ေက်ာမွီကာထိုင္လိုက္သည္။

“စိတ္ခ်လက္ခ်အိပ္ေနာ္ ငါရွိတယ္”

ေခါင္းညိတ္ျပေတာ့ ေဘးခုံေပၚကဖုန္းမွ သီခ်င္းသံသဲ့သဲ့ၾကားရသည္။သူ႕ကိုေစာင္ၿခဳံေပးၿပီး အခန္းမီးပိတ္ကာ ညအိပ္မီးေျပာင္းဖြင့္ေပးသည္။ေခါင္းမွဆံႏြယ္ေလးေတြကိုဖြဖြ ပုတ္ေပးေနေတာ့ အိပ္ျခင္းနယ္ပယ္ဆီေျခလွမ္းသည္။ဒီေန႕အတြက္သူပင္ပန္းေနၿပီ။

လျခမ္းအိပ္ေပ်ာ္သြားတာေသခ်ာမွ ထၿပီးဧည့္ခန္းဆီထြက္ခဲ့သည္။မီးမဖြင့္ေတာ့ဘဲ အေမွာင္ထဲမွာဘဲထိုင္ေနမိတာ တစ္နာရီခန့္ၾကာသည္။ေနာက္ဆုံးဖုန္းအားထုတ္လို႔ ဆက္မိတာကတိမ္ေငြ႕ဆီ။လျခမ္းကိစၥကို ေသခ်ာဆုံးျဖတ္မွရမည္။

……………..

အႀကံရသြားၿပီဟုေျပာလာသူက ေလးေလးနက္နက္။ညေနခင္းမွစီစဥ္ထားသည္မို႔ မနက္ေရာေန႕လည္ပါ ရင္တထိတ္ထိတ္ ထမင္းေတာင္ေျဖာင့္ေျဖာင့္စားမဝင္။

ညေနသုံးနာရီခန့္ေရာက္မွ သူ႕အားလိုခ်င္သည့္အေရးႀကီးပစၥည္းေတြသိမ္းခိုင္းၿပီး လွ်ို႔ဝွက္တံခါးမွဟိုဘက္သူ႕အခန္းဆီကူးသည္။

“ခဏေနက်ရင္ အရင္တစ္ခါအလွျပင္ေပးတဲ့တစ္ေယာက္လာလိမ့္မယ္ လျခမ္းကစိတ္ကိုေပါ့ေပါ့ပါးပါးပဲထား ဘာမွေတြးမေနနဲ႕ လျခမ္းဒီတိုက္ခန္းကထြက္တာကို ဘယ္သူမွမသိေစရဘူး ဟုတ္ၿပီလား”

“ဟုတ္ဟုတ္”

ခဏၾကာေတာ့ျခဴးဆိုသည့္ ေနာင္းညိုေကာင္မေလးေရာက္လာေလသည္။ဘယ္သူမွစကားမေျပာျဖစ္ၾကဘဲ လုပ္စရာရွိရာကိုသာလုပ္ေနၾကတာေၾကာင့္ နာရီလက္တံေ႐ြ႕သံႏွင့္ ပစၥည္းခုံေပၚခ်သံတို႔သာၾကားရသည္။

အားလုံးၿပီးသြားေတာ့ သူ႕ေခါင္းအစေျခအဆုံးထိုေကာင္မေလးစတိုင္ႏွင့္တစ္ထပ္တည္း။maskပါတပ္လိုက္ေတာ့ခြဲမရေတာ့။

“ရၿပီ ေက်းဇူးပါျခဴး လိုအပ္တဲ့ပမာဏကို စာပို႔လိုက္ ညက်ရင္လႊဲလိုက္မယ္ ဒါေပမယ့္အခုအေၾကာင္းေတြကိုေတာ့ ဘယ္သူ႕ကိုမွမေျပာမိေစနဲ႕”

“စိတ္ခ်ပါ Acacia ဘာပဲေျပာေျပာ ရွင္ကကြၽန္မရဲ႕ေက်းဇူးရွင္ပဲဟာ ကြၽန္မအသက္နဲ႕ရင္းၿပီးကတိေပးတယ္ ဒီအေၾကာင္းဘယ္သူမွမသိေစရဘူး”

“အဲ့ဒါဆိုလိုက္မပို႔ေတာ့ဘူး အျပင္ေရာက္ရင္ မနက္ကေျပာထားတဲ့အတိုင္းလုပ္ဖို႔ မေမ့နဲ႕ေနာ္”

“အိုေက”

ေျပာရင္းသူ႕ပစၥည္းထည့္ထားသည့္အိတ္အားဆြဲကာ ထြက္သြားေလသည္။

“လျခမ္းငါေျပာတာနားေထာင္ အခုေအာက္ထပ္ကားပါကင္ကို လွ်ိူ႕ဝွက္ေလွကားကေနဆင္းရမယ္ အျပင္မွာက cctv အျပည့္မို႔လို႔ထြက္လို႔မရဘူး ေအာက္ေရာက္ရင္ စတိုခန္းတံခါးကိုဖြင့္လိုက္ ေရွ႕မွာရပ္ထားတာငါ့ကားအဲ့ထဲကိုဝင္လိုက္ အဲ့ေနရာက cctv မရွိဘူး ၿပီးရင္ညေန,ေနဝင္ခ်ိန္အေရာက္ တိမ္ေငြ႕ကလာေခၚလိမ့္မယ္ တိမ္ေငြ႕လာေခၚမွာက ေတာလမ္းကမလို႔ လမ္းမွာအစစ္အေဆးေတြမရွိဘူး ဟိုေရာက္ရင္လည္း သူေနတဲ့ေတာထဲကအိမ္မွာေနရမွာ ဘယ္သူမွမသိတဲ့ေနရာ ဖုန္းလိုင္းေတာင္မမိဘူး ငါ့ကိုဖုန္းဆက္ရင္ တိမ္ေငြ႕ဖုန္းနဲ႕ဆက္ ဟုတ္ၿပီလား အဲ့ေလာက္ဆိုလုံၿခဳံတယ္လို႔ခံစားရၿပီလား ငါညကတိမ္ေငြ႕နဲ႕တိုင္ပင္ထားတာ အဲ့နည္းလမ္းက…အင့္”

စကားမဆုံးခင္ရင္ခြင္ထဲတိုးဝင္လာသူကငိုပါသည္။သူကိုယ္တိုင္လည္းမ်က္ရည္ဝဲမိသည္။သူ႕သူငယ္ခ်င္းေလးကို မ်က္စိေအာက္ကေနအေဝးႀကီးကိုမပို႔ထားခ်င္ဘူး။

“ငယ္ငယ္လြမ္းေနမွာ”

“အြန္း ဖုန္းဆက္”

“အဆင္ေျပတဲ့အခ်ိန္ ငယ္ငယ့္ဆီလာလည္ေနာ္”

“အြန္း လာလည္မွာ”

ဖက္ထားတာကိုတစ္ခ်က္တင္းၾကပ္ပစ္ကာ ခႏၱာကိုယ္ခ်င္းခြာမိသည္။မ်က္ရည္စေတြကို ဖြဖြသုတ္ေပးေတာ့လည္း ၿငိမ္ေနတာပါပဲ။

“သြားရေအာင္ တိမ္ေငြ႕ေစာင့္ေနေလာက္ၿပီကိုယ္လည္း ၿမိဳ႕ထဲက cctvေတြကိုမ်က္ေျချဖတ္ရအုံးမွာ”

ေျပာရင္းသူ႕လက္ကိုဆြဲကာ နံရံထက္မွ လွ်ို႔ဝွက္ခလုပ္ကိုႏွိပ္လိုက္ေတာ့ တံခါးပြင့္လာေလသည္။

“ဒီေလွကားကေနေအာက္ကိုဆင္းသြား မေၾကာက္နဲ႕ေနာ္ ငါေရွ႕တံခါးကေနဆင္းၿပီး ေအာက္မွာေစာင့္ႏွင့္မယ္”

“အြန္း”

ေျပာရင္း မီးေရာင္မႈန္ပ်ပ်ရွိေသာေလွကားကေန ေအာက္သို႔ဆင္းလိုက္သည္။ေနာက္ကတံခါးပိတ္သံၾကားေသာ္လည္းလွည့္မၾကည့္မိ ေအာက္ကိုသာအျမန္ဆင္းသည္။ေလအလုံအေလာက္မရ၍ အသက္ရႉရနည္းနည္းခက္႐ုံကလြဲရင္အဆင္ေျပပါသည္။

ေအာက္ဆုံးေရာက္ေတာ့ တံခါးက Autoပြင့္သည္။တံခါးမွထြက္ေတာ့ အခန္းလြတ္တစ္ခုအားေတြ႕သည္။စတိုခန္းျဖစ္လိမ့္မည္။ထိုတံခါးအားဆက္ဖြင့္ေတာ့ ေနာင္းညိုကားကိုေတြ႕သည္။ေနာက္ခန္းတံခါးဖြင့္ကာတက္ေတာ့ ေနာင္းညိုကတန္းေမာင္းထြက္သည္။

“လျခမ္း ခါးပတ္ပတ္ထားေနာ္”

“ဟုတ္ကဲ့”

ေလွ်ာက္ေနက်လမ္းေတြကိုျဖတ္ေတာ့ ရင္ထဲမွာေအာင့္သက္သက္ႏွင့္။႐ြက္သစ္တစ္ခ်ိဳ႕ထြက္ေနတဲ့ ပင္အိုတို႔ကက်န္ရစ္ခဲ့သည္။တရိပ္ရိပ္ေျပးေနသည့္ကားေလးထဲ အသံေတြကတိတ္တိတ္ဆိတ္ဆိတ္။

ဒီလမ္းမေတြထက္ျပန္ေလွ်ာက္ဖို႔ အခ်ိန္ဘယ္ေလာက္ေစာင့္ရအုံးမွာမ်ားလဲ။ေနအလင္းေရာင္ကတျဖည္းျဖည္း ေပ်ာက္ကြယ္သည္။သူ,မရင္းႏွီးတဲ့လမ္းေတြကိုျဖတ္ၿပီး ၿမိဳ႕ျပင္ဘက္ထြက္ေတာ့ လူသူရွင္းတဲ့ကားလမ္းက်ယ္ေတြက အထီးက်န္စြာ။

ျဖတ္သြားျဖတ္လာကားတစ္စီးတေလမွလြဲလွ်င္ ၿမိဳ႕ထဲလိုလူမရႈပ္ေတာ့။သစ္ပင္ေတြဝန္းရံထားတဲ့ေတာလမ္းသြယ္ေရာက္ေတာ့ ေနာင္းညိုကကားရပ္သည္။

လမ္းသြယ္ေလးထဲကထြက္လာတာက တိမ္ေငြ႕။သူအျမန္ေျပးသြားလိုက္ၿပီးရင္ခြင္ထဲပစ္ဝင္လိုက္သည္။

“အဆင္ေျပသြားၿပီေနာ္လျခမ္း မေၾကာက္နဲ႕”

ေခါင္းညိတ္ျပေတာ့ ၿပဳံးျပလာသည္။

“ေနာင္းညိုငါတို႔သြားေတာ့မယ္ ေရာက္မွျပန္ဆက္သြယ္လိုက္မယ္”

“အိုေက လျခမ္းေလးဂ႐ုစိုက္ေနာ္”

“ဟုတ္ကဲ့ တာ့တာ့”

“အြန္း….သြားေတာ့ေမွာင္ေနၿပီ”

တြန့္ဆုတ္တြန့္ဆုတ္ႏွင့္လိုက္သြားေတာ့ ေနာင္းညိုကမ်က္ႏွာလႊဲသြားေလသည္။ေနဝင္ဆည္းဆာေအာက္လက္သြားတာ ပါးျပင္ထက္ကေငြ႕ရည္တစ္ခ်ိဳ႕ရဲ႕ေရာင္ျပန္။

ေတာလမ္းသုံးကားက ေရွ႕မွာေမာင္းသူတစ္ေယာက္ပါကာ သူႏွင့္တိမ္ေငြ႕ဝင္ထိုင္ေတာ့ကားကစထြက္သည္။ေနာက္ကိုလွည့္ၾကည့္ေတာ့ ေနာင္းညိုကတစ္ေ႐ြ႕ေ႐ြ႕က်န္ခဲ့သည္။ဘယ္သူမွလက္မျပမိတာ လက္ျမႇောက္နိုင္စြမ္းမရွိသည္အထိအားအင္မဲ့ေနလို႔။

“မေၾကာက္နဲ႕ေနာ္လျခမ္းေလး ဒီလမ္းကကိုယ္သြားေနက် မနက္ျဖန္မွေရာက္မွာ ဒီညအိပ္ၿပီးလိုက္ခဲ့ေနာ္”

“ဟုတ္”

ေျပာရင္းေပါင္ေပၚေစာင္ေခါက္တင္ကာ ငယ္ငယ့္ေခါင္းကိုသူ႕ေပါင္ေပၚဆြဲခ်သည္။

“ေျခေထာက္က်ဥ္ေနလိမ့္မယ္ ထိုင္ရင္းအိပ္လိုက္မယ္ေလ”

“ရပါတယ္လျခမ္းရဲ႕ ငါက Alphaတစ္ေယာက္ပါ အဆင္ေျပပါတယ္ လျခမ္းကအိပ္ေပ်ာ္ေအာင္အိပ္ေနာ္”

ေျပာရင္းေခါင္းကိုခပ္ဖြဖြပုတ္ေပးလာေလသည္။

“တိမ္ေငြ႕”

“ဟင္”

“ငယ္ငယ္က အသုံးမက်ဘဴးမလား”

ငိုသံစြက္တဲ့သူ႕အသံက ဝမ္းနည္းရိပ္ေတြစြန္းတဲ့ အားငယ္တဲ့အရိပ္အေယာင္ျပသည္။ရွိုက္ငိုခ်င္စိတ္ကိုထိန္းထားရတာက တိမ္ေငြ႕ကိုဝန္ေလးေစမွာစိုးလို႔။

“မဟုတ္တာေလွ်ာက္မေတြးရဘူး လျခမ္းကကိုယ္တို႔ရဲ႕အဖိုးတန္ေလး”

ပါးျပင္တစ္ဖက္ကိုခပ္ဖြဖြညွစ္ကာဆိုလာတဲ့စကားက သူ႕အပူတစ္ဝက္ကိုၿငိမ္းေစပါသည္။

“ဟုတ္လို႔လား”

“ဟုတ္တာေပါ့ လျခမ္းကကိုယ္တို႔ေတြရဲ႕ေပ်ာ္႐ႊင္မႈေလး ကိုယ္တို႔ရဲ႕သူငယ္ခ်င္းျဖစ္လာေပးလို႔ အရမ္းေက်းဇူးတင္တာပဲ”

“ေနာင္းညိုက ငယ္ငယ့္ဆီကိုလာလည္မွာလားဟင္”

“အြန္း….လာလည္မွာေပါ့”

စကားသံေတြတျဖည္းျဖည္းတိုးသြားၿပီး ကားအတြင္းကတိတ္ဆိတ္သြားသည္။လမိုက္ညမို႔ ပတ္ဝန္းက်င္တစ္ခုလုံးက ေမွာင္ေမွာင္မည္းမည္း။ေတာလမ္းမို႔ ကားတစ္စီးစာသြားရာလမ္းက ေမာင္းေနက်မိဳ႕ အခက္ခဲမရွိ။

ကားမီးေရာင္မွိန္ပ်ပ်က ၿမိဳ႕ႀကီးႏွင့္ေဝးရာဆီ တေ႐ြ႕ေ႐ြ႕ႏွင့္။ခ်န္ရစ္ခဲ့ရတဲ့ႏွောင္ႀကိဳးတစ္ခ်ိဳ႕က တကယ္ေရာက်န္ရစ္ေနခ်င္ခဲ့ရဲ႕လား။

………………

အိမ္ေလးကိုပတ္ကာၾကည့္မိေတာ့ ငယ္ငယ့္မွာသေဘာတက်။လူအေရာက္အေပါက္နည္းတဲ့ေတာေခါင္ေခါင္မွာ သစ္သားေတြနဲ႕ခ်ည္းေဆာက္လုပ္ထားတဲ့ႏွစ္ထပ္အိမ္ေလးတစ္လုံး။

သစ္ပင္ႀကီးေတြကာရံထားၿပီး မနီးမေဝးမွာေရျပာအိုင္လည္းရွိေသးသည္။ေတာပန္းေတာင္ပန္းေတြကအေရာင္စုံ။သဘာဝရဲ႕အႏွစ္သာရျပည့္မႈက စိတ္ကိုခ်က္ခ်င္းလန္းဆန္းေစပါသည္။

“သေဘာက်လားလျခမ္း”

“အရမ္း အရမ္းသေဘာက်တယ္”

အခုမွလန္းလန္းဆန္းဆန္းျဖစ္သြားသူက အၿပဳံးေတြေဖာေဖာသီသီသုံးလို႔ ျမင္သူတိုင္းကို စိတ္ေအးခ်မ္းေစသည္။

“ဟုတ္ပါၿပီဗ်ာ လျခမ္းေပ်ာ္ဖို႔အဓိက ကိုယ့္စိုက္ခင္းေတြက ဒီနဲ႕သိပ္မေဝးဘူး အဲ့တာေၾကာင့္ ဒီမွာအိမ္တစ္လုံးေဆာက္ထားတာ ဖုန္းလိုင္းေတာ့မမိဘူး တစ္ခါတစ္ေလမွရတာ”

“ရႉခင္းေတြအရမ္းလွတာပဲ ဒါေပမယ့္ ငယ္ငယ့္မွာ ပန္းခ်ီဆြဲမယ့္ပစၥည္းေတြပါမလာတာႏွေမ်ာစရာပဲ”

ႏွေမ်ာတသ သူ႕မ်က္ႏွာကိုၾကည့္ရင္း တိမ္ေငြ႕ကရယ္ေလသည္။

“မပူပါနဲ႕ကြာ ၿမိဳ႕တက္မဲ့ကိုယ့္လူတစ္ေယာက္ကို လိုခ်င္တဲ့ပစၥည္းစာရင္းသာေပးလိုက္ အကုန္ရေစရမယ္”

“တကယ္လား”

“တကယ္ေပါ့”

“ေပ်ာ္လိုက္တာ အဲ့တာေၾကာင္းတိမ္ေငြ႕ကိုခ်စ္တာ”

ေျပာရင္းေျပးလာဖက္သူေၾကာင့္ ၿပဳံး႐ုံသာၿပဳံးမိသည္။

*ကိုယ္ကပိုခ်စ္တာေပါ့ မင္းထက္သာတဲ့အခ်စ္ေတြနဲ႕*

ခ်စ္ျခင္းေတြတူေပမယ့္ အေရာင္ေတြမတူတဲ့အခါ အေရာင္ပိုရင့္တဲ့လူက ပိုခံစားရတာပါပဲ။ေမွ်ာ္လင့္ခ်က္ေတြမထားခဲ့လို႔သာ အေတာ္အသင့္ခံသာေနတာပါ။

“တိမ္ေငြ႕ ဒီမွာဟင္းခ်က္စရာေတြရွိလား”

“ရွိတယ္ မီးမရွိလို႔လွ်ပ္စစ္မရေပမယ့္ ကိုယ့္မွာမီးစက္ရွိတယ္ အိုးခြက္ေတြလည္းရွိတယ္ ဟင္းသီးဟင္း႐ြက္က ကိုယ္တိုင္စိုက္ထားတဲ့စိုက္ခင္းရွိတယ္”

“သြားမယ္စိုက္ခင္းကိုလိုက္ပို႔ ၿပီးရင္ငယ္ငယ့္လက္ရာခ်က္ေကြၽးမယ္”

“ဟုတ္ပါၿပီဗ်ာ လာ…ဒါနဲ႕ေရမခ်ိဳးေသးဘူးလား”

“ဟင္းခ်က္ၿပီးရင္သြားခ်ိဳးမယ္ ၿပီးရင္ထမင္းစားမယ္ ေရကေရအိုင္မွာသြားခ်ိဳးရတာလား”

“ဟုတ္တယ္ အဲ့ေရအိုင္ကအရမ္းမိုက္တာေနာ္ ႏြေမွာဆို ေအးေနၿပီးေတာ့ ေဆာင္းရာသီဆို ေရပူစမ္းလိုပဲ”

“ဝါးးးးးမိုက္လိုက္တာ သြားမယ္ျမန္ျမန္ ေရသြားခ်ိဳးခ်င္ေနၿပီ ဟင္းျမန္ျမန္ခ်က္ရမယ္”

“ျဖည္းျဖည္းလုပ္ပါကြာ ေနာက္ဆိုေန႕တိုင္းသြားလို႔ရေနတာကို”

“ဟီးဟီး”

ေလတိုးသံေတြနဲ႕အၿပိဳင္ ရယ္သံလြင္လြင္ကေအးျမေစသည္။မွိုင္းညို႔ညို႔သစ္ေတာႀကီးက အလင္းေရာင္ေလးေၾကာင့္အုံ႕မွိုင္းမေနေတာ့။ေက်းငွက္ေလးေတြ ေတးသီေနတာ သူ႕အလွဘြဲ႕ျဖစ္မွာပါ………

##############

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၀, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၀, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၀ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၀ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၀ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၀ light novel, ,

Comment

Leave a Reply

Chapter 21