Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၂

A+ A-

“ဘာတွေကြည့်နေတာလဲ Geo”

“ဇာတ်လမ်းတွဲတစ်ခုပါ”

ဆိုဖာပေါ်ပျင်းရိပျင်းတွဲထိုင်ရင်း ရှေ့ကTVဆီအာရုံစိုက်နေသူက စိတ်သိပ်မပါဟန်။

“အဲ့လိုတွေလည်းကြည့်တာပဲလား”

“ပျင်းနေလို့ပါဗျာ ပြီးတော့ ကောင်လေးကိုလိုက်ဖို့နည်းလမ်းလေးတွေများတွေ့မလားလို့”

“အရင်လကသူခရီးထွက်နေတာဆို အဆက်သွယ်ရပြီလား”

“မနေ့ကရတယ် ဒီနေ့ထပ်ထွက်သွားပြန်ပြီတဲ့
စီးပွားရေးသောင်းကျန်းချက်ပဲ”

“သူ့ကောင်လေးအတွက်နေမှာပေါ့”

“ဟုတ်လောက်တယ်”

ခနဲ့သလိုအပြောကို အတည်ပေါက်ကြီးပြန်ဖြေလာတာမို့မျက်ခုံးပင့်ရသည်။

“အဆင်ပြေရဲ့လား”

“ပြေပါတယ် နောက်ဆိုရင်ကျွန်တော်ကသူ့ကောင်လေးဖြစ်လာတော့မှာလေ”

“မနိုင်ပါဘူးကွာ”

ပြောရင်းဆိုဖာထက်ထိုင်ချကာ Macbook တစ်လုံးနှင့်အလုပ်ရှူပ်ဖို့ပြင်သည်။ထိုစဥ်ဝင်လာသောPhone callကကျောက်စက်ဆီက။

“ပြော ကျောက်စက်”

“ညနေပွဲကိုတက်မှာလားလှမ်းမေးတာ ကို Cean”

“မတက်ဖြစ်လောက်ဘူး သင့်တော်မယ့်လက်ဆောင်တစ်ခုခုစီစဥ်ပြီးပို့လိုက်”

“ဟုတ်ကဲ့”

ဖုန်းချပြီးတော့ လုပ်စရာရှိတာဆက်လုပ်သည်။ဒီနေ့နားတာမို့ ဘယ်မှသွားချင်စိတ်မရှိ။Geoကလည်း ပျင်းလို့ဟုဆိုကာအိမ်ရောက်လာတာကြောင့် ညီအစ်ကိုနှစ်ယောက် ဧည့်ခန်းထဲအတူထိုင်ဖြစ်သည်။

GeoကTVကြည့်နေချိန် သူကဘေးမှာအလုပ်လုပ်သည်။ခဏပျင်းလာတာကြောင့် Geoကြည့်နေတဲ့ဇာတ်လမ်းတွဲဆီအကြည့်ပို့မိသည်။နည်းနည်းလေးကြည့်ပြီး သူ့စိတ်တွေအလိုမကျတော့။

“အဲ့မင်းသမီးကဘာကိစ္စပွဲဆီရောက်သွားရတာလဲ သူ့လည်းမဖိတ်ပဲနဲ့”

“သူသွားမှမင်းသားနဲ့တွေ့ရမှာပေါ့ တွေ့မှအကူအညီရမယ် ပြီးရင်ရင်းနှီးမယ် ဇာတ်လမ်းကအဲ့လိုသွားရမှာလေ”

“အဲ့တာဆို သူကတမင်သပ်သပ်ချဥ်းကပ်ချင်တာပေါ့”

“မဟုတ်ဘူးလေဗျာ ဇာတ်လမ်းသဘောအရလေ တွေ့ဖို့ကံပါလာတဲ့သူကတွေ့ကိုတွေ့မှာဘဲ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကိုကအဲ့လိုလေဗျာ”

“မလာဘဲနေလို့ရတယ်လေ သူ့ကိုမှမဖိတ်တာ”

“သူမလာရင် ဒီဇာတ်လမ်းကဖြစ်မလာတော့ဘူးလေဗျာ ဘုကန့်လန့်မတွေးပါနဲ့အစ်ကိုရာ အပြင်မှာလည်းရှိတာပဲလေ မတွေ့ချင်လည်းဖူးစာကပါလာတော့တွေ့ကိုတွေ့ရတာပဲ”

သူတိတ်ဆိတ်သွားပြီး အတွေးတစ်ချို့စိတ်ထဲပေါ်လာတာကြောင့် နေရာကထလိုက်ကာဝရံတာဆီထွက်ပြီး ကျောက်စက်ဆီဖုန်းပြန်ခေါ်ရသည်။

“ဘာခိုင်းစရာရှိလို့လဲ ကိုCean “

“ညနေပွဲကိုငါကိုယ်တိုင်တက်မယ် လိုအပ်တာပြင်ဆင်ထားလိုက်”

“ခုနပြောတော့…”

“ဒါပဲ”

​ပြောပြီးဖုန်းချကာ အပေါ်ထပ်ဆီတက်ခဲ့သည်။အတွေးတစ်ချို့ကြောင့် စိတ်ထဲမျှော်လင့်ချက်တစ်ချို့ဖူးပွင့်တယ်။သူတို့လည်း မတော်တဆခဏခဏတွေ့တာပဲ။အဲ့တာကံကြမ္မာကဖန်တီးပေးထားလို့မလား။ဟုတ်လောက်တယ် သူတို့လည်းဖူးစာပါလို့နေမှာ။

ပွဲထဲမဝင်ခင်သက်တော်စောင့်တွေကို သေချာမှာရသည်။

“ဟိုကောင်လေးဘက်ကတစ်ခုခုထူးတာနဲ့ ငါ့ကိုချက်ချင်းပြော ပြီးတော့ ပင်ထနောင်းညိုကိုတွေ့ရင်လည်းချက်ချင်းသတိပေး သူတွဲလာတာမိန်းကလေးဖြစ်ဖြစ်ယောကျာ်းလေးဖြစ်ဖြစ်”

“ဟုတ်ကဲ့”

အထက်တန်းလွှာနှစ်ဦး၏မဂ်လာပွဲမို့ တက်ရောက်ကြသူတိုင်းကနံမည်ကြီးအသိုင်းအဝိုင်းကချည်း။မိဘတွေချင်းရင်းနှီးခဲ့ဖူးသည်မို့ ဝတ္တရားအရတက်ရောက်ဂုဏ်ပြုခြင်းသာ။

သူလာမည်မထင်ထားသည်မို့ သူ့ကိုတွေ့တဲ့အခါတအံ့တသြ။လက်ဖွဲ့ချီးမြှင့်ပြီးသည်နှင့် လူရှင်းသည့်ခုံ၌သာဝင်ထိုင်ဖြစ်သည်။လက်ထဲကဖုန်းအားငုံ့ကြည့်မိတာ တစ်မိနစ်နှစ်ခါ။

ပဲဲပြီးခါနီးထိဖြစ်ချင်တဲ့အခြေနေဖြစ်မလာတဲ့အခါ သူ့မျက်နှာကအပြင်ဘက်ရာသီဥတုနှင့်အပြိုင်ညိုမှောင်လာလေသည်။မိုးရာသီဝင်နေပြီမို့ ရာသီဥတုကအခုနေသာအခုမိုးရွာနှင့်။သူလည်းထို့အတူပဲ မလာခင်ကြည်လင်နေတဲ့စိတ်တွေဟာ အပြန်မှာမုန်တိုင်းထန်ချင်နေပြီ။

အိမ်အရောက် အဝတ်အစားပင်မလဲနိုင်ဘဲ Barထဲဝင်ကာဝီစကီမော့ရသည်။ရင်ထဲကအပူတွေဝီစကီကြောင့် ငြိမ်းလေမလားပေါ့။မပျောက်သည့်အပြင်ပိုပူလာတာက မီးထဲဓာတ်ဆီလောင်းသလို။

“ခွမ်းးးးး”

စျေးမနည်းလှသည့်ဝီစကီပုလင်းက သူ့ခြေရင်းမှာတန်ဖိုးမဲ့ကုန်သည်။

သည်းခံနိုင်စွမ်းတွေတရိပ်ရိပ်ပြိုလာတာ ညတိုင်းရောက်ဖြစ်နေတဲ့သူ့လမ်းထိပ်ကခြေရာတွေကသက်သေ။တစ်ခါတစ်လေသူနေတဲ့အခန်းအထိသွားပြီး သူပိုင်တဲ့ရနံ့လေးကိုအပြည့်အဝယစ်မူးပြစ်ချင်ပါသည်။

အပြင်မှာရွာနေတဲ့မိုးတွေက သည်းကြီးမည်းကြီး။မတွေ့ရတာလေးလကျော်ပြီ။သူတကယ်ကိုမနေနိုင်တော့ဘူး။ဖုန်းအားထုတ်ယူကာ ညီဖြစ်သူဆီဆက်ရသည်။

“Horizon ငါ့အတွက်နည်းလမ်းရှာလိုက်”

“ဘာနည်းလမ်းလဲ ကိုCean”

သူ့ရဲ့အရင်းမရှိအဖျားမရှိစကားကြောင့် Horizonကကြောင်တောင်တောင်။

“ဟိုကောင်လေးအခန်းထဲကိုဝင်နိုင်ဖို့နည်းလမ်း မင်းတစ်ယောက်တည်းမစဥ်းစားနိုင်ရင် ကျောက်စက်နဲ့ Geoကိုပါမေး”

တစ်ဖက်မှအဖြေကိုမစောင့်တော့ဘဲ ဖုန်းချပစ်လိုက်သည်။

ဟုတ်တယ်။မတွေ့ရရင်မနေနိုင်ဘူး။အဲ့မာနတွေကဘာ​ေ-ာက်ရေးပါနေလို့လဲ။သဘောကျတယ်။အဲ့တော့ရအောင်လိုက်မယ်။လက်မခံရင်အာဏာတွေပါထုတ်သုံးပစ်လိုက်နိုင်သည်အထိ အရမ်းတွေကြိုက်နေတာလို့။

ရတယ်။မင်းကအသိုက်ထဲမှာပဲပုန်းနေလိုက်။ကိုယ်က မင်းပိုင်နက်အထိကျူးကျော်ပြမယ်။

…………..

“တင်းတောင်…တင်းတောင်”

တံခါးBellနှစ်ချက်မည်ပြီးပွင့်လာတဲ့တံခါးနောက် ပင်ထနောင်းညိုကညအိပ်ဝမ်းဆက်နှင့်။သူတို့အဖွဲ့ကိုကြည့်ပြီး လန့်သွားတာမို့ လက်ထဲကတံဆိပ်ကိုထောင်ပြလိုက်ရသည်။

“အကူအညီတောင်းချင်လို့ပါ အိမ်ထဲဝင်ခွင့်ရှိမလား”

“ဟုတ်ကဲ့ ရပါတယ် ဝင်ပါ”

ငါးယောက်လုံးအထဲဝင်ကာတံခါးအား Lockချသည်။ဧည့်ခန်းSofaဆီထိုင်မိတော့ ပိုင်ရှင်က ခြေမကိုင်မိလက်မကိုင်မိ။

ဖြစ်မှာပေါ့ နိုင်ငံရဲ့သြဇာအရှိဆုံးလူကသူ့အိမ်ရှေ့ထိရောက်လာပြီး အိမ်ထဲဝင်ခွင့်တောင်းနေတာလေ။ပြီးတော့သူပြလာတဲ့တံဆိပ်ကလည်း ….

“ဘာသောက်မလဲဗျ”

“တော်ပါပြီ ကိုယ်တို့အရေးကြီးနေလို့”

“စောနပြောတဲ့အကူအညီဆိုတာက”

သူမေးငေါ့ပြတော့ တာဝန်ရှိသူကရှေ့ထွက်လာလေသည်။

“ကျွန်တော်တို့အစိုးရဘက်ကနေ အရေးကြီးတဲ့ရာဇဝတ်သားတစ်ယောက်ကိုလိုက်နေတာ မနေ့ကဒီကွန်ဒိုနားမှာခြေရာပျောက်သွားတယ်”

“ကျွန်တော်မသိဘူးဗျ”

ခေါင်းခါခြေခါငြင်းလာတာက ချက်ချင်း။

“စကားကိုအရင်ဆုံးအောင်နားထောင်ပါဗျ အဲ့ဒါကျွန်တော်တို့ဘက်က တိတ်တဆိတ်ပဲလှုပ်ရှားချင်ပါတယ် အခုကျွန်တော်တို့လူတွေ အလုပ်သမားဟန်ဆောင်ပြီးတော့ အခန်းတိုင်းကိုလိုက်စစ်မယ် ဒီကွန်ဒိုကပင်ထနောင်းညိုအပိုင်လို့သိရတာကြောင့် ကျွန်တော်တို့ကိုကူညီပေးဖို့မေတ္တာရပ်ခံတာပါ”

“ဘယ်လိုကူညီရမှာလဲ”

“ရှိသမျှအခန်းတိုင်းကို သတင်းပေးပေးပါ Air Systemတွေပြင်ဆင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ကိုဝင်ခွင့်ပြုရမယ်ဆိုတာမျိုးပေါ့”

“ဟုတ်ကဲ့ရပါတယ်ဗျ တရားခံကအရမ်းအရေးကြီးလို့လားဗျ”

“အဟမ်း ပြောရရင်တော့တစ်နိုင်ငံလုံးနဲ့သက်ဆိုင်ပါတယ် ကိုသမုဒ္ဒရာကိုယ်တိုင် လိုက်လာတာကိုပဲကြည့်ပေါ့ဗျာ”

“ဟုတ်ကဲ့ရပါတယ်ဗျ လူမရှိတဲ့အခန်းတွေရောစစ်မှာလားဗျ”

“ဟုတ်ကဲ့အခန်းတိုင်းပါ ပြီးတော့CCTV မှတ်တမ်းကိုလည်းကြည့်ချင်ပါတယ်”

“ရပါတယ်ဗျ”

“ကိုယ် ဘေးကအခန်းကိုစစ်လိုက်မယ်”

ရုပ်တည်နှင့်ပြောသောစကားအဆုံး ပြန်ပြောလာတဲ့စကားက မယုံချင်စရာ။

“အဲ့အခန်းက ကျွန်တော့်သူငယ်ချင်းအခန်းပါဗျ လူကတော့မရှိပါဘူးသူခရီးထွက်နေတယ်”

“ဘာ”

သူ့စကားအဆုံးGeoကလက်တို့ကာသတိ​ပေးလာလေသည်။အဲ့လိုပါပဲ သူနှင့်ပတ်သပ်လာလျှင်တည်ငြိမ်မှုတွေပျောက်ဆုံးလာသည်အထိ မထန်းနိုင်မသိမ်းနိုင်မသိမ်းနိုင်။

“နံမည်ကဘယ်သူလဲ”

“လခြမ်းငယ်ငယ်ပါဗျ”

“ဘယ်ကတည်းကသွားတာလဲ”

“လေးလကျော်နေပါပြီ”

“အဟမ်း အဲ့ဒါဆိုကျွန်တော်နဲ့အစ်ကိုနဲ့အဲ့အခန်းကိုစစ်လိုက်မယ် အစ်ကိုရုပ်မဖျက်ချင်တာနဲ့ကွက်တိမလား လူမရှိပေမယ့်တာဝန်အရစစ်ရမှာမလို့နားလည်ပေးပါ တရားခံကအရမ်းအန္တရာယ်များတော့ ဘယ်အရာမှချွင်းချက်ထားလို့မရလို့ပါ”

“ရပါတယ်ဗျ ဒါကဘေးခန်းကသော့ပါ လူမရှိတော့အရင်စစ်လို့ရပါတယ် ကျန်တဲ့အခန်းတွေကိုကျွန်တော်လိုက်ပြောပေးပါ့မယ်”

လက်ထဲထည့်ပေးလာတဲ့သော့ကို တင်းတင်းဆုပ်ကိုင်လို့ ဘေးအခန်းဆီထွက်လာရသည်။စိတ်တွေကဗလာသက်သက်။လိမ်နေတာဖြစ်ဖို့ကိုပိုမျှော်လင့်ထားပေမယ့် ဗလာဖြစ်နေတဲ့အခန်းက သူ့မျှော်လင့်ချက်တွေကိုရိုက်ချိုးပါသည်။

Geo ကလက်ထဲကပစ္စည်းတွေချလို့ ကိရိယာတစ်ခုကိုတပ်ဆင်သည်။ခဏကြာမှ

“အခန်းတွင်း စောင့်ကြည့်ကင်မရာမရှိဘူး၊အသံဖမ်းစက်မရှိဘူး အားလုံး ok”

သူ နေရာမှာတင်ရပ်ကာအခန်းတွင်းတစ်ပါတ်ဝေ့ကြည့်မိသည်။

“သူပြောပုံအရဆို ထွက်သွားတာကြာနေပြီပဲ ကိုCeanပြောတော့စောင့်ကြည့်ခိုင်းထားတယ်ဆို သူထွက်သွားတာဘာလို့မသိရတာတုန်း”

“အရင်ဆုံးငါပြောထားတာအရင်လုပ်လိုက် ပစ္စည်းတွေနေရာမရွေ့စေနဲ့”

“ok”

သူစိတ်အခြေနေမကောင်းမှန်းသတိထားမိသူက ဆက်မေးမလာတော့ဘဲသူ့ပစ္စည်းတွေဆီ အာရုံစိုက်သည်။

ဧည့်ခန်းထဲဝေ့ကြည့်မိတော့ နေရာတိုင်းမှာ အရောင်လွင်လွင်လေးတွေချည်း။အမြဲမှုန်မှိုင်းနေတဲ့သူ့အခန်းနဲ့ဆန့်ကျင်ဘက်။ ဆိုဖာပေါ်ကကူရှင်လေးတွေက ပုံသဏ္ဍာန်အမျိုးမျိုး၊ပန်းအိုးလေးတွေထဲထိုးထားတဲ့ပန်းတစ်ချို့က ညှိုးရော်နေပြီ။တကယ်ကိုမရှိဘူးပဲ။

အခန်းတံခါးတစ်ခုကိုဖွင့်မိတော့အိပ်ခန်းဖြစ်နေသည်။နှစ်ယောက်အိပ်ကုတင်ကျယ်ကြီးထက် အရုပ်ပေါင်းစုံကနေရာယူသည်။

အပြာရောင်အိပ်ယာခင်းလေးထက်စောင်လေးက ခေါက်လျှက်သားလေး။တစ်ခန်းလုံးပတ်ကြည့်မိတော့ သူဝယ်ပေးထားဖူးတဲ့အရုပ်လေးတွေကချောင်ထဲမှာ။တစ်ခါမှမပွေ့ဖက်ခဲ့ဖူးဘူးထင်သည်။

ရေချိုးခန်းအဝင်ဝကအမှိုက်တောင်းထဲ သူပိုင်ဆိုင်ခဲ့ဖူးတဲ့အဝတ်စားကစွန့်ပစ်ခံထားရသည်။အသာကောက်ယူကြည့်တော့ သူ့ရနံ့အနည်းငယ်ကနှာသီးဖျားဆီတိုးဝှေ့သည်။ရနံ့ရသည်ဆိုရုံပါပဲ။

အိပ်ယာထက်သူထိုင်ချပြီး ခေါင်းအုံးလေးကိုပွေ့ဖက်မိသည်။စံပယ်ရနံ့တွေအပြည့်။အခန်းတံခါးခေါက်လာသူကGeo။

“အထဲမှာရောဆင်မှာမလား ကိုCean”

“အွန်း သေချာလုပ်”

ပြောပြီးအပြင်ပြန်ထွက်သည်။ဝရံတာဘက်ထွက်တော့ သူကြားခဲ့ဖူးသလိုစံပယ်တွေနှင့် စတော်ဘယ်ရီပင်တွေကအစီအရီ။သူမရှိတုန်း ပင်ထနောင်းညိုကရေဖွင့်ပေးထားသည့်ပုံ။

အခန်းတွင်းပြန်ဝင်တော့ ပိတ်ဖြူတွေအုပ်ထားသည့်ပန်းချီကားတွေ။ကိုယ်ကျင့်တရားတွေဘေးချိတ်ပြီး ခွင့်ပြုချက်မရှိလိုက်လှပ်ကြည့်မိသည်။ကိုယ့်ဒုက္ခကိုယ်ရှာတာပါပဲ။

အားလုံးက ရှူခင်းတွေနှင့်ဟိုနှစ်ယောက်ပုံသာ။

စိုင်းတိမ်ငွေ့မွေးနေ့အတွက်ဆွဲပေးထားဟန်တူသောပန်းချီကားက စံပယ်ခြံနံဘေးကပြုံးနေသည့်စိုင်းတိမ်ငွေ့ပုံနှင့်။ခြံလေးမှာချိတ်ထားသည့်ဆိုင်းဘုတ်က “ရောင်းရန်မဟုတ်”။အောက်ဆုံးကစာသားက သူကိုယ်တိုင်ရေးထားတဲ့ လက်ရေးဝိုင်းဝိုင်းလေးတွေနှင့် HAPPY BIRTHDAY တဲ့။

ရှိနေသမျှအရာအားလုံး သူနှင့်သက်ဆိုင်တာဘာမှရှိမနေ။တကယ်ကိုသူကအရေးမပါခဲ့ဘူး။သူကသာကိုယ့်ကိုယ်ကိုအထင်တွေကြီးနေတာ။

အားလုံးကိုနေရာတကျပြန်ထားပြီးချိန် သူ့မျက်နှာကခန့်မှန်းရခက်လောက်အောင် လေးနက်နေပြီ။အကုန်ပတ်ကြည့်နေရင်း Handmade တွေလုပ်ထားတဲ့နေရာအရောက် သူရပ်ကြည့်လိုက်သည်။

Key Chainလေးကို စတော်ဘယ်ရီနီရဲရဲလေးတွေထိုးထားကာ ထိပ်မှာစံပယ်ဖြူဖြူလေးတွေနှင့်။သူ့လက်ကဆတ်ကနဲကောက်ယူကာ ဘောင်းဘီအိပ်ကပ်ထဲထည့်ပစ်သည်။အတွေးသစ်တစ်ချို့ရလိုက်တာကြောင့် လက်တွေ့အကောင်အထည်ဖော်ချင်လာသည်။

ထို့နောက် အပေါ်Coatကိုချွတ်ကာအိပ်ခန်းထဲပြန်ဝင်သည်။Geoကအားလုံးပြီးကြောင်းအချက်ပြသည်။

“ဝရံတာမှာရောဆင်လိုက်”

“ဟုတ်ကဲ့”

Geoအပြင်ထွက်သွားမှ အဝတ်ဗီဒိုဆီသွားသည်။တံခါးဖွင့်လိုက်တော့ သူ့ရနံ့လေးတွေကနှာဖျားမှာအလုအယက်။

အဝတ်တွေရဲ့ဆိုဒ်ကိုတစ်ချက်ကြည့်ကာ မြင်ခဲ့ဖူးသည့်သူ့လည်ပင်းထက်က မာဖလာအနီလေးကိုသေချာခေါက်ကာ Coatကြားထည့်သည်။Photo Albumsထဲကသူ့ပုံတွေကိုရွေးကာ အိပ်ကပ်ထဲထိုးထည့်သည်။စိတ်မကျေနပ်သေး၍ ကုတင်ဆီတစ်ချက်သွားကာ သူအိပ်ခဲ့တဲ့နေရာဆီဝင်လှဲကြည့်သည်။

သူအပြင်ကိုပြန်ရောက်ချိန် ညီဖြစ်သူက Laptopကိုသူ့ဘက်လှည့်ပြသည်။စိတ်ကျေနပ်မှ အခန်းပြင်ပြန်ထွက်ဖြစ်သည်။

သော့ကိုGeoဆီအပ်ခဲ့ပြီး အရေးတကြီးကိစ္စရှိလို့ဟုအကြောင်းပြခိုင်းကာ ကားနှင့်အရင်ပြန်နှင့်သည်။ကားထဲရောက်တော့အလယ်ကန့်ပိတ်ကာ ပါလာသမျှကိုထုတ်ကြည့်မိသည်။

နီရဲရဲမာဖလာတစ်ထည်၊စတော်ဘယ်ရီ Key Chain၊သူ့ဓာတ်ပုံတွေနှင့်ယုန်ရုပ်လေးတွေပါသည့် ညဝတ်အင်္ကျီဗေဒါရောင်လေး။

အားလုံးကိုရတနာတစ်ခုလိုသိမ်းလို့ ဘေးကအိတ်ထဲထည့်လိုက်သည်။မျှော်လင့်ထားသလိုလူကိုယ်တိုင်မတွေ့ရတာမို့ စိတ်ထဲမှာမချင့်မရဲ။သူ့စောင့်ကြည့်မှုအောက်ကနေလွတ်ထွက်သွားရသည်အထိ သူဟာအသုံးမကျခဲ့ဘူးတဲ့လား။

အဲ့အချိန်တုန်းကဘာကြောင့်များစကားကြမ်းတွေပြောခဲ့မိတာလဲ။ညီတွေရှေ့မှာမို့ သူ့မာနတွေအကျမခံနိုင်သလို၊စိုးရိမ်မှုတွေကြား တကယ်လို့များဆိုတဲ့အတွေးတွေကြောင့် စိတ်တွေလွတ်ထွက်ကုန်မိတာ။

တွေ့တိုင်း ဒဏ်ရာတွေချည်းပေးခဲ့မိလို့ အကြောက်လွန်သွားသည်ထင်။သူတို့ရဲ့ကံကြမ္မာကိုက သိပ်ကိုဆိုးဝါးနေတာလား။အကယ်၍ နှစ်ယောက်ထဲကတစ်ယောက်နာကျင်ရမဲ့ကံကြမ္မာဆိုရင် သူကအနာခံပေးပါ့မယ်။ဒါကြောင့်ပြန်တွေ့ရမှကိုဖြစ်မှာပါ။

သူအိမ်ပြန်ရောက်ပြီးခဏအကြာ အိမ်မှာလူအကုန်ဆုံသည်။Horizonပါအလုပ်ကနေရောက်လာတာမို့ ဧည့်ခန်းထဲရှိလေထုက ဖိအားများနေသည်။

“လုံးဝခြေရာဖျောက်သွားတာလား”

“ဟုတ်တယ် ကျွန်တော်CCTVမှတ်တမ်းတွေအကုန်ကြည့်ပြီးပြီ အဲ့ဒီညနေပြန်ရောက်ချိန်ကနေ အခန်းထဲကထွက်လာတာမတွေ့ရဘူး
အနီးတစ်ဝိုက်ကCCTVတွေလည်းကြည့်ပြီးသွားပြီ သူ့ကိုမတွေ့ဘူး”

“အဲ့ဒီတိုက်ခန်းတွေမှာပဲ ရှိနေတာများလား”

“မရှိတာသေချာတယ် ငါသူ့ဖယ်ရိုမုန်းတွေကို ခြေရာခံလို့မရဘူး”

“ဟုတ်တယ်မရှိဘူး အခန်းတိုင်းနီးပါးကိုတစ်ပြိုင်တည်းဝင်စစ်ပြီး အပြင်မှာဘယ်သူမှမသိအောင်စောင့်နေရစ်သူတွေလည်းရှိတယ်”

အားလုံးပြောစရာမဲ့ကုန်သည်။စောင့်ကြည့်နေတဲ့ကြားက လွတ်အောင်ပြေးသွားသူကိုပဲ ချီးကျူးရတော့မလို၊အစကအသည်းအသန်တွန်းထုတ်ပြီး ခုမှအရူးအမူးဖြစ်နေသူကိုပဲသနားရတော့မလိုဖြင့်။

“ဒါနဲ့ ကိုCean “

ကျောက်စက်က ဆက်ပြောရမလို၊မ​ပြောရမလို လမ်းပျောက်နေဟန်။

“ပြော”

“မနက်ဖြန် Gနိုင်ငံကပူးပေါင်းမှုအတွက်သွားရမယ် တစ်လကျော်ကြာနိုင်တယ် အဲ့ဒါ “

“သွားလိုက်မယ်”

“ကိုCean စိတ်ချပါ ကျွန်တော်သေချာစုံစမ်းပေးထားပါ့မယ်”

“ပင်ထနောင်းညိုသိလောက်တယ်”

“ကျွန်တော်လည်းအဲ့လိုပဲတွေးတယ် မဟုတ်ရင်သူ့သူငယ်ချင်းကိုစိတ်ချလက်ချရှိမှာမဟုတ်ဘူး သူ့ကိုအစ်အောက်မေးရင် သံသယဝင်သွားမှာစိုးလို့ အဲ့အကြောင်းကိုမမေးဖြစ်ဘူး လုံးဝမှရှာမရရင်တော့သူ့ကိုပဲမေးမှရမှာ”

“ငါပြန်လာတဲ့အထိမတွေ့သေးဘူးဆိုမှ သူ့ဘက်ကိုလှည့်မယ် လောလောဆယ်ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့အကုန်ရှာထားလိုက်”

“ကျွန်တော်လည်းသူ့ကိုသေချာမှာခဲ့တယ် တရားခံကိုမမိမချင်းဒီအကြောင်းကိုဘယ်သူ့ကိုမှမပြောဖို့ ကျွန်တော့်အထင် ကိုCeanနဲ့ သူ့သူငယ်ချင်းကြားကအကြောင်းတွေကို သူမသိသေးလောက်ဘူး “

“အဲ့တာအဆင်ပြေတယ် ပြီးတော့အခုလောလောဆယ်လုပ်ရမှာက မြို့အဝင်အထွက်တွေ၊ပြည်ပထွက်ခွာခွင့်တွေကိုပါအကုန်Checkလိုက် သူနဲ့နောက်ဆုံးတွေ့တဲ့နေ့ကစပြီးအခုချိန်ထိ၊နောက်တစ်ခုက Sပြည်နယ်ကစိုင်းတိမ်ငွေ့နဲ့ပတ်သပ်သမျှနေရာတိုင်းကိုစစ်ဆေး သူ့ရဲ့အသွားအလာတွေကိုပါစောင့်ကြည့် အာဏာပိုင်တွေဝင်ပါသင့်ရင်ပါလိုက်”

“ဟုတ်ကဲ့”

“ဒါနဲ့ အသည်းအသန်တွေဖြစ်နေတာ သူ့ကိုပြန်တွေ့ရင်ကိုCeanဘာလုပ်မလို့လဲ”

Horizonအမေးကို တစ်ချက်ပြုံးလိုက်ပုံက ကြက်သီးထစရာ။မျက်လုံးတွေမှေးစင်းပြီး ပြတ်ပြတ်သားသား တစ်လုံးချင်းပြောလိုက်တဲ့စကားက ကျောချမ်းစရာအပြည့်။

“ပြန်တွေ့ရင် သူက ငါ့.အ.ပိုင်.”

#################

ငြိမ်း🌻🌞

“ဘာေတြၾကည့္ေနတာလဲ Geo”

“ဇာတ္လမ္းတြဲတစ္ခုပါ”

ဆိုဖာေပၚပ်င္းရိပ်င္းတြဲထိုင္ရင္း ေရွ႕ကTVဆီအာ႐ုံစိုက္ေနသူက စိတ္သိပ္မပါဟန္။

“အဲ့လိုေတြလည္းၾကည့္တာပဲလား”

“ပ်င္းေနလို႔ပါဗ်ာ ၿပီးေတာ့ ေကာင္ေလးကိုလိုက္ဖို႔ နည္းလမ္းေလးေတြမ်ားေတြ႕မလားလို႔”

“အရင္လကသူခရီးထြက္ေနတာဆို အဆက္သြယ္ရၿပီလား”

“မေန႕ကရတယ္ ဒီေန႕ထပ္ထြက္သြားျပန္ၿပီတဲ့
စီးပြားေရးေသာင္းက်န္းခ်က္ပဲ”

“သူ႕ေကာင္ေလးအတြက္ေနမွာေပါ့”

“ဟုတ္ေလာက္တယ္”

ခနဲ႕သလိုအေျပာကို အတည္ေပါက္ႀကီးျပန္ေျဖလာတာမို႔ မ်က္ခုံးပင့္ရသည္။

“အဆင္ေျပရဲ႕လား”

“ေျပပါတယ္ ေနာက္ဆိုရင္ကြၽန္ေတာ္ကသူ႕ေကာင္ေလးျဖစ္လာေတာ့မွာေလ”

“မနိုင္ပါဘူးကြာ”

ေျပာရင္းဆိုဖာထက္ထိုင္ခ်ကာ Macbook တစ္လုံးႏွင့္အလုပ္ရႉပ္ဖို႔ျပင္သည္။ထိုစဥ္ဝင္လာေသာ phone call ကေက်ာက္စက္ဆီက။

“ေျပာ ေက်ာက္စက္”

“ညေနပြဲကိုတက္မွာလားလွမ္းေမးတာ ကို Cean”

“မတက္ျဖစ္ေလာက္ဘူး သင့္ေတာ္မယ့္လက္ေဆာင္တစ္ခုခုစီစဥ္ၿပီးပို႔လိုက္”

“ဟုတ္ကဲ့”

ဖုန္းခ်ၿပီးေတာ့ လုပ္စရာရွိတာဆက္လုပ္သည္။ဒီေန႕နားတာမို႔ ဘယ္မွသြားခ်င္စိတ္မရွိ။Geoကလည္း ပ်င္းလို႔ဟုဆိုကာအိမ္ေရာက္လာတာေၾကာင့္ ညီအစ္ကိုႏွစ္ေယာက္ ဧည့္ခန္းထဲအတူထိုင္ျဖစ္သည္။

Geoက TV ၾကည့္ေနခ်ိန္ သူကေဘးမွာအလုပ္လုပ္သည္။ခဏပ်င္းလာတာေၾကာင့္ Geoၾကည့္ေနတဲ့ဇာတ္လမ္းတြဲဆီအၾကည့္ပို႔မိသည္။နည္းနည္းေလးၾကည့္ၿပီး သူ႕စိတ္ေတြအလိုမက်ေတာ့။

“အဲ့မင္းသမီးကဘာကိစၥပြဲဆီေရာက္သြားရတာလဲ သူ႕လည္းမဖိတ္ပဲနဲ႕”

” သူသြားမွမင္းသားနဲ႕ေတြ႕ရမွာေပါ့ ေတြ႕မွအကူအညီရမယ္ ၿပီးရင္ရင္းႏွီးမယ္ ဇာတ္လမ္းကအဲ့လိုသြားရမွာေလ”

“အဲ့တာဆို သူကတမင္သပ္သပ္ခ်ဥ္းကပ္ခ်င္တာေပါ့”

“မဟုတ္ဘူးေလဗ်ာ ဇာတ္လမ္းသေဘာအရေလ ေတြ႕ဖို႔ကံပါလာတဲ့သူက ေတြ႕ကိုေတြ႕မွာဘဲ သူတို႔ႏွစ္ေယာက္ရဲ႕ကံၾကမၼာကိုက အဲ့လိုေလဗ်ာ”

“မလာဘဲေနလို႔ရတယ္ေလ သူ႕ကိုမွမဖိတ္တာ”

“သူမလာရင္ ဒီဇာတ္လမ္းကျဖစ္မလာေတာ့ဘူးေလဗ်ာ ဘုကန့္လန့္မေတြးပါနဲ႕အစ္ကိုရာ အျပင္မွာလည္းရွိတာပဲေလ မေတြ႕ခ်င္လည္းဖူးစာကပါလာေတာ့ ေတြ႕ကိုေတြ႕ရတာပဲ”

သူတိတ္ဆိတ္သြားၿပီး အေတြးတစ္ခ်ိဳ႕စိတ္ထဲေပၚလာတာေၾကာင့္ ေနရာကထလိုက္ကာဝရံတာဆီထြက္ၿပီး ေက်ာက္စက္ဆီဖုန္းျပန္ေခၚရသည္။

“ဘာခိုင္းစရာရွိလို႔လဲ ကိုCean “

“ညေနပြဲကို ငါကိုယ္တိုင္တက္မယ္ လိုအပ္တာျပင္ဆင္ထားလိုက္”

“ခုနေျပာေတာ့…”

“ဒါပဲ”

ေျပာၿပီးဖုန္းခ်ကာ အေပၚထပ္ဆီတက္ခဲ့သည္။အေတြးတစ္ခ်ိဳ႕ေၾကာင့္ စိတ္ထဲေမွ်ာ္လင့္ခ်က္တစ္ခ်ိဳ႕ဖူးပြင့္တယ္။သူတို႔လည္း မေတာ္တဆခဏခဏေတြ႕တာပဲ။အဲ့တာကံၾကမၼာကဖန္တီးေပးထားလို႔မလား။ဟုတ္ေလာက္တယ္ သူတို႔လည္းဖူးစာပါလို႔ေနမွာ။

ပြဲထဲမဝင္ခင္သက္ေတာ္ေစာင့္ေတြကို ေသခ်ာမွာရသည္။

“ဟိုေကာင္ေလးဘက္ကတစ္ခုခုထူးတာနဲ႕ ငါ့ကိုခ်က္ခ်င္းေျပာ ၿပီးေတာ့ ပင္ထေနာင္းညိုကိုေတြ႕ရင္လည္းခ်က္ခ်င္းသတိေပး သူတြဲလာတာ မိန္းကေလးျဖစ္ျဖစ္ ေယာက်ာ္းေလးျဖစ္ျဖစ္”

“ဟုတ္ကဲ့”

အထက္တန္းလႊာႏွစ္ဦး၏ မဂ္လာပြဲမို႔ တက္ေရာက္ၾကသူတိုင္းက နံမည္ႀကီးအသိုင္းအဝိုင္းကခ်ည္း။မိဘေတြခ်င္းရင္းႏွီးခဲ့ဖူးသည္မို႔ ဝတၱရားအရတက္ေရာက္ဂုဏ္ျပဳျခင္းသာ။

သူလာမည္မထင္ထားသည္မို႔ သူ႕ကိုေတြ႕တဲ့အခါတအံ့တၾသ။လက္ဖြဲ႕ခ်ီးျမႇင့္ၿပီးသည္ႏွင့္ လူရွင္းသည့္ခုံ၌သာဝင္ထိုင္ျဖစ္သည္။လက္ထဲကဖုန္းအားငုံ႕ၾကည့္မိတာ တစ္မိနစ္ ႏွစ္ခါ။

ပဲဲၿပီးခါနီးထိျဖစ္ခ်င္တဲ့အေျခေနျဖစ္မလာတဲ့အခါ သူ႕မ်က္ႏွာက အျပင္ဘက္ရာသီဥတုႏွင့္အၿပိဳင္ ညိုေမွာင္လာေလသည္။မိုးရာသီဝင္ေနၿပီမို႔ ရာသီဥတုက အခုေနသာ အခုမိုး႐ြာႏွင့္။သူလည္းထို႔အတူပဲ မလာခင္ၾကည္လင္ေနတဲ့စိတ္ေတြဟာ အျပန္မွာမုန္တိုင္းထန္ခ်င္ေနၿပီ။

အိမ္အေရာက္ အဝတ္အစားပင္မလဲနိုင္ဘဲ Barထဲဝင္ကာ ဝီစကီေမာ့ရသည္။ရင္ထဲကအပူေတြဝီစကီအေၾကာင့္ ၿငိမ္းေလမလားေပါ့။မေပ်ာက္သည့္အျပင္ပိုပူလာတာက မီးထဲဓာတ္ဆီေလာင္းသလို။

“ခြမ္းးးးး”

ေစ်းမနည္းလွသည့္ ဝီစကီပုလင္းက သူ႕ေျခရင္းမွာ တန္ဖိုးမဲ့ကုန္သည္။

သည္းခံနိုင္စြမ္းေတြ တရိပ္ရိပ္ၿပိဳလာတာ ညတိုင္းေရာက္ျဖစ္ေနတဲ့ သူ႕လမ္းထိပ္ကေျခရာေတြကသက္ေသ။တစ္ခါတစ္ေလသူေနတဲ့အခန္းအထိသြားၿပီး သူပိုင္တဲ့ရနံ႕ေလးကိုအျပည့္အဝယစ္မူးျပစ္ခ်င္ပါသည္။

အျပင္မွာ႐ြာေနတဲ့မိုးေတြက သည္းႀကီးမည္းႀကီး။မေတြ႕ရတာ ေလးလေက်ာ္ၿပီ။သူတကယ္ကိုမေနနိုင္ေတာ့ဘူး။ဖုန္းအားထုတ္ယူကာ ညီျဖစ္သူဆီဆက္ရသည္။

“Horizon ငါ့အတြက္နည္းလမ္းရွာလိုက္”

“ဘာနည္းလမ္းလဲ ကိုCean”

သူ႕ရဲ႕ အရင္းမရွိအဖ်ားမရွိစကားေၾကာင့္ Horizonကေၾကာင္ေတာင္ေတာင္။

“ဟိုေကာင္ေလးအခန္းထဲကိုဝင္နိုင္ဖို႔နည္းလမ္း မင္းတစ္ေယာက္တည္းမစဥ္းစားနိုင္ရင္ ေက်ာက္စက္နဲ႕ Geoကိုပါေမး”

တစ္ဖက္မွအေျဖကိုမေစာင့္ေတာ့ဘဲ ဖုန္းခ်ပစ္လိုက္သည္။

ဟုတ္တယ္။မေတြ႕ရရင္မေနနိုင္ဘူး။အဲ့မာနေတြကဘာေ-ာက္ေရးပါေနလို႔လဲ။သေဘာက်တယ္။အဲ့ေတာ့ရေအာင္လိုက္မယ္။လက္မခံရင္အာဏာေတြပါထုတ္သုံးပစ္လိုက္နိုင္သည္အထိ အရမ္းေတြႀကိဳက္ေနတာလို႔။

ရတယ္။မင္းကအသိုက္ထဲမွာပဲပုန္းေနလိုက္။ကိုယ္က မင္းပိုင္နက္အထိက်ဴးေက်ာ္ျပမယ္။

…………..

“တင္းေတာင္…တင္းေတာင္”

တံခါး Bell ႏွစ္ခ်က္မည္ၿပီး ပြင့္လာတဲ့တံခါးေနာက္ ပင္ထေနာင္းညိုက ညအိပ္ဝမ္းဆက္ႏွင့္။သူတို႔အဖြဲ႕ကိုၾကည့္ၿပီး လန့္သြားတာမို႔ လက္ထဲကတံဆိပ္ကိုေထာင္ျပလိုက္ရသည္။

“အကူအညီေတာင္းခ်င္လို႔ပါ အိမ္ထဲဝင္ခြင့္ရွိမလား”

“ဟုတ္ကဲ့ ရပါတယ္ ဝင္ပါ”

ငါးေယာက္လုံးအထဲဝင္ကာ တံခါးအား lockခ်သည္။ဧည့္ခန္းsofaဆီထိုင္မိေတာ့ ပိုင္ရွင္က ေျခမကိုင္မိလက္မကိုင္မိ။

ျဖစ္မွာေပါ့ နိုင္ငံရဲ႕ၾသဇာအရွိဆုံးလူက သူ႕အိမ္ေရွ႕ေရာက္လာၿပီး အိမ္ထဲဝင္ခြင့္ေတာင္းေနတာေလ။ၿပီးေတာ့သူျပလာတဲ့တံဆိပ္ကလည္း ….

“ဘာေသာက္မလဲဗ်”

“ေတာ္ပါၿပီ ကိုယ္တို႔အေရးႀကီးေနလို႔”

“ေစာနေျပာတဲ့အကူအညီဆိုတာက”

သူေမးေငါ့ျပေတာ့ တာဝန္ရွိသူကေရွ႕ထြက္လာေလသည္။

“ကြၽန္ေတာ္တို႔အစိုးရဘက္ကေန အေရးႀကီးတဲ့ရာဇဝတ္သားတစ္ေယာက္ကိုလိုက္ေနတာ မေန႕ကဒီတိုက္နားမွာ ေျခရာေပ်ာက္သြားတယ္”

“ကြၽန္ေတာ္မသိဘူးဗ်”

ေခါင္းခါေျခခါ ျငင္းလာတာက ခ်က္ခ်င္း။

“စကားကိုအရင္ဆုံးေအာင္နားေထာင္ပါဗ် အဲ့ဒါကြၽန္ေတာ္တို႔ဘက္က တိတ္တဆိတ္ပဲလႈပ္ရွားခ်င္ပါတယ္ အခုကြၽန္ေတာ္တို႔လူေတြ အလုပ္သမားဟန္ေဆာင္ၿပီးေတာ့ အခန္းတိုင္းကိုလိုက္စစ္မယ္ ဒီတိုက္က ပင္ထေနာင္းညိုအပိုင္လို႔သိရတာေၾကာင့္ ကြၽန္ေတာ္တို႔ကိုကူညီေပးဖို႔ေမတၱာရပ္ခံတာပါ”

“ဘယ္လိုကူညီရမွာလဲ”

“ရွိသမွ်အခန္းတိုင္းကို သတင္းေပးေပးပါ Air Systemေတြျပင္ဆင္မွာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ကိုဝင္ခြင့္ျပဳရမယ္ဆိုတာမ်ိဳးေပါ့”

“ဟုတ္ကဲ့ ရပါတယ္ဗ် တရားခံကအရမ္းအေရးႀကီးလို႔လားဗ်”

“အဟမ္း ေျပာရရင္ေတာ့ တစ္နိုင္ငံလုံးနဲ႕သက္ဆိုင္ပါတယ္ ကိုသမုဒၵရာကိုယ္တိုင္ လိုက္လာတာကိုပဲၾကည့္ေပါ့ဗ်ာ”

“ဟုတ္ကဲ့ရပါတယ္ဗ် လူမရွိတဲ့အခန္းေတြေရာစစ္မွာလားဗ်”

“ဟုတ္ကဲ့ အခန္းတိုင္းပါ ၿပီးေတာ့ cctv မွတ္တမ္းကိုလည္းၾကည့္ခ်င္ပါတယ္”

“ရပါတယ္ဗ်”

“ကိုယ္ ေဘးကအခန္းကိုစစ္လိုက္မယ္”

႐ုပ္တည္ႏွင့္ေျပာေသာ စကားအဆုံးျပန္ ေျပာလာတဲ့စကားက မယုံခ်င္စရာ။

“အဲ့အခန္းက ကြၽန္ေတာ့္သူငယ္ခ်င္းအခန္းပါဗ် လူကေတာ့မရွိပါဘူး သူခရီးထြက္ေနတယ္”

“ဘာ”

သူ႕စကားအဆုံး Geoကလက္တို႔ကာသတိေပးလာေလသည္။အဲ့လိုပါပဲ သူႏွင့္ပတ္သပ္လာလွ်င္ တည္ၿငိမ္မႈေတြေပ်ာက္ဆုံးလာသည္အထိ မထန္းနိုင္မသိမ္းနိုင္မသိမ္းနိုင္။

“နံမည္ကဘယ္သူလဲ”

“လျခမ္းငယ္ငယ္ပါဗ်”

“ဘယ္ကတည္းကသြားတာလဲ”

“ေလးလေက်ာ္ေနပါၿပီ”

“အဟမ္း အဲ့ဒါဆိုကြၽန္ေတာ္နဲ႕အစ္ကိုနဲ႕ အဲ့အခန္းကိုစစ္လိုက္မယ္ အစ္ကို႐ုပ္မဖ်က္ခ်င္တာနဲ႕ကြက္တိမလား လူမရွိေပမယ့္တာဝန္အရစစ္ရမွာမလို႔ နားလည္ေပးပါ တရားခံကအရမ္းအႏၱရာယ္မ်ားေတာ့ ဘယ္အရာမွခြၽင္းခ်က္ထားလို႔မရလို႔ပါ”

“ရပါတယ္ဗ် ဒါကေဘးခန္းကေသာ့ပါ လူမရွိေတာ့ အရင္စစ္လို႔ရပါတယ္ က်န္တဲ့အခန္းေတြကိုကြၽန္ေတာ္လိုက္ေျပာေပးပါ့မယ္”

လက္ထဲထည့္ေပးလာတဲ့ေသာ့ကို တင္းတင္းဆုပ္ကိုင္လို႔ ေဘးအခန္းဆီထြက္လာရတယ္။စိတ္ေတြက ဗလာသက္သက္။လိမ္ေနတာျဖစ္ဖို႔ကိုပိုေမွ်ာ္လင့္ထားေပမယ့္ ဗလာျဖစ္ေနတဲ့အခန္းက သူ႕ေမွ်ာ္လင့္ခ်က္ေတြကို ရိုက္ခ်ိဳးပါတယ္။

Geo ကလက္ထဲကပစၥည္းေတြခ်လိဳ႕ ကိရိယာတစ္ခုကိုတပ္ဆင္တယ္။ခဏၾကာမွ

“အခန္းတြင္း ေစာင့္ၾကည့္ကင္မရာမရွိဘူး၊အသံဖမ္းစက္မရွိဘူး အားလုံး ok”

သူ ေနရာမွာတင္ရပ္ကာ အခန္းတြင္းတစ္ပါတ္ေဝ့ၾကည့္မိတယ္။

“သူေျပာပုံအရဆို ထြက္သြားတာၾကာေနၿပီပဲ ကိုCean ေျပာေတာ့ ေစာင့္ၾကည့္ခိုင္းထားတယ္ဆို သူထြက္သြားတာဘာလို႔မသိရတာတုန္း”

“အရင္ဆုံးငါေျပာထားတာအရင္လုပ္လိုက္ ပစၥည္းေတြေနရာမေ႐ြ႕ေစနဲ႕”

“ok”

သူစိတ္အေျခေနမေကာင္းမွန္း သတိထားမိသူက ဆက္ေမးမလာေတာ့ဘဲ သူ႕ပစၥည္းေတြဆီ အာ႐ုံစိုက္သည္။

ဧည့္ခန္းထဲေဝ့ၾကည့္မိေတာ့ ေနရာတိုင္းမွာ အေရာင္လြင္လြင္ေလးေတြခ်ည္း။အၿမဲမႈန္မွိုင္းေနတဲ့သူ႕အခန္းနဲ႕ ဆန့္က်င္ဘက္။ ဆိုဖာေပၚကူရွင္ေလးေတြက ပုံသ႑ာန္အမ်ိဳးမ်ိဳး၊ ပန္းအိုးေလးေတြထဲ ထိုးထားတဲ့ပန္းတစ္ခ်ိဳ႕က ညွိုးေရာ္ေနၿပီ။တကယ္ကိုမရွိဘူးပဲ။

အခန္းတံခါးတစ္ခုကိုဖြင့္မိေတာ့အိပ္ခန္းျဖစ္ေနသည္။ႏွစ္ေယာက္အိပ္ကုတင္က်ယ္ႀကီးထက္ အ႐ုပ္ေပါင္းစုံကေနရာယူသည္။

အျပာေရာင္အိပ္ယာခင္းေလးထက္ေစာင္ေလးက ေခါက္ရက္သားေလး။တစ္ခန္းလုံးပတ္ၾကည့္မိေတာ့ သူဝယ္ေပးထားဖူးတဲ့အ႐ုပ္ေလးေတြက ေခ်ာင္ထဲမွာ။တစ္ခါမွမေပြ႕ဖက္ခဲ့ဖူးဘူးထင္တယ္။

ေရခ်ိဳးခန္းအဝင္ဝကအမွိုက္ေတာင္းထဲ သူပိုင္ဆိုင္ခဲ့ဖူးတဲ့အဝတ္စားက စြန့္ပစ္ခံထားရသည္။အသာေကာက္ယူၾကည့္ေတာ့ သူ႕ရနံ႕အနည္းငယ္က ႏွာသီးဖ်ားဆီတိုးေဝွ႕သည္။ရနံ႕ရသည္ဆို႐ုံပါပဲ။

အိပ္ယာထက္သူထိုင္ခ်ၿပီး ေခါင္းအုံးေလးကိုေပြ႕ဖက္မိသည္။စံပယ္ရနံ႕ေတြအျပည့္။အခန္းတံခါးေခါက္လာသူက Geo။

“အထဲမွာေရာဆင္မွာမလား ကိုCean”

“အြန္း ေသခ်ာလုပ္”

ေျပာၿပီးအျပင္ျပန္ထြက္သည္။ဝရံတာဘက္ထြက္ေတာ့ သူၾကားခဲ့ဖူးသလို စံပယ္ေတြႏွင့္ စေတာ္ဘယ္ရီပင္ေတြက အစီအရီ။သူမရွိတုန္း ပင္ထေနာင္းညိုကေရဖြင့္ေပးထားသည့္ပုံ။

အခန္းတြင္းျပန္ဝင္ေတာ့ ပိတ္ျဖဴေတြအုပ္ထားသည့္ပန္းခ်ီကားေတြ။ကိုယ္က်င့္တရားေတြေဘးခ်ိတ္ၿပီး ခြင့္ျပဳခ်က္မရွိ လိုက္လွပ္ၾကည့္မိသည္။ကိုယ့္ဒုကၡကိုယ္ရွာတာပါပဲ။

အားလုံးက ရႉခင္းေတြႏွင့္ ဟိုႏွစ္ေယာက္ပုံသာ။

စိုင္းတိမ္ေငြ႕ေမြးေန႕အတြက္ဆြဲေပးထားဟန္တူေသာပန္းခ်ီကားက စံပယ္ၿခံနံေဘးက ၿပဳံးေနသည့္စိုင္းတိမ္ေငြ႕ပုံႏွင့္။ၿခံေလးမွာခ်ိတ္ထားသည့္ဆိုင္းဘုတ္က “ေရာင္းရန္မဟုတ္”။ေအာက္ဆုံးကစာသားက သူကိုယ္တိုင္ေရးထားတဲ့ လက္ေရးဝိုင္းဝိုင္းေလးေတြႏွင့္ HAPPY BIRTHDAY တဲ့။

ရွိေနသမွ်အရာအားလုံး သူႏွင့္သက္ဆိုင္တာဘာမွရွိမေန။တကယ္ကိုသူကအေရးမပါခဲ့ဘူး။သူကသာ ကိုယ့္ကိုယ္ကိုအထင္ေတြႀကီးေနတာ။

အားလုံးကိုေနရာတက်ျပန္ထားၿပီးခ်ိန္ သူ႕မ်က္ႏွာကခန့္မွန္းရခက္ေလာက္ေအာင္ ေလးနက္ေနၿပီ။အကုန္ပတ္ၾကည့္ေနရင္း Handmade ေတြလုပ္ထားတဲ့ေနရာအေရာက္ သူရပ္ၾကည့္လိုက္သည္။

Key Chain ေလးကို စေတာ္ဘယ္ရီနီရဲရဲေလးေတြထိုးထားကာ ထိပ္မွာစံပယ္ျဖဴျဖဴေလးေတြႏွင့္။သူ႕လက္ကဆတ္ကနဲေကာက္ယူကာ ေဘာင္းဘီအိပ္ကပ္ထဲထည့္ပစ္သည္။အေတြးသစ္တစ္ခ်ိဳ႕ရလိုက္တာေၾကာင့္ လက္ေတြ႕အေကာင္အထည္ေဖာ္ခ်င္လာသည္။

ထို႔ေနာက္ အေပၚCoatကိုခြၽတ္ကာအိပ္ခန္းထဲျပန္ဝင္သည္။Geoကအားလုံးၿပီးေၾကာင္းအခ်က္ျပသည္။

“ဝရံတာမွာေရာဆင္လိုက္”

“ဟုတ္ကဲ့”

Geoအျပင္ထြက္သြားမွ အဝတ္ဗီဒိုဆီသြားသည္။တံခါးဖြင့္လိုက္ေတာ့ သူ႕ရနံ႕ေလးေတြက ႏွာဖ်ားမွာအလုအယက္။

အဝတ္ေတြရဲ႕ဆိုဒ္ကိုတစ္ခ်က္ၾကည့္ကာ ျမင္ခဲ့ဖူးသည့္သူ႕လည္ပင္းထက္က မာဖလာအနီေလးကိုေသခ်ာေခါက္ကာ Coatၾကားထည့္သည္။Photo Albums ထဲက သူ႕ပုံေတြကိုေ႐ြးကာ အိပ္ကပ္ထဲထိုးထည့္သည္။စိတ္မေက်နပ္ေသး၍ ကုတင္ဆီတစ္ခ်က္သြားကာ သူအိပ္ခဲ့တဲ့ေနရာဆီဝင္လွဲၾကည့္သည္။

သူအျပင္ကိုျပန္ေရာက္ခ်ိန္ ညီျဖစ္သူက Macbook ကိုသူ႕ဘက္လွည့္ျပသည္။စိတ္ေက်နပ္မွ အခန္းျပင္ျပန္ထြက္ျဖစ္သည္။

ေသာ့ကိုGeoဆီအပ္ခဲ့ၿပီး အေရးတႀကီးကိစၥရွိလို႔ဟုအေၾကာင္းျပခိုင္းကာ ကားႏွင့္အရင္ျပန္ႏွင့္သည္။ကားထဲေရာက္ေတာ့အလယ္ကန့္ပိတ္ကာ ပါလာသမွ်ကိုထုတ္ၾကည့္မိသည္။

နီရဲရဲမာဖလာတစ္ထည္၊စေတာ္ဘယ္ရီ Key Chain၊သူ႕ ဓာတ္ပုံေတြႏွင့္၊ယုန္႐ုပ္ေလးေတြပါသည့္ ညဝတ္အကၤ်ီေဗဒါေရာင္ေလး။

အားလုံးကို ရတနာတစ္ခုလိုသိမ္းလို႔ ေဘးကအိတ္ထဲထည့္လိုက္သည္။ေမွ်ာ္လင့္ထားသလိုလူကိုယ္တိုင္မေတြ႕ရတာမို႔ စိတ္ထဲမွာ မခ်င့္မရဲ။သူ႕ေစာင့္ၾကည့္မႈေအာက္ကေနလြတ္ထြက္သြားရသည္အထိ သူဟာအသုံးမက်ခဲ့ဘူးတဲ့လား။

အဲ့အခ်ိန္တုန္းက ဘာေၾကာင့္မ်ားစကားၾကမ္းေတြေျပာခဲ့မိတာလဲ။ညီေတြေရွ႕မွာမို႔ သူ႕မာနေတြအက်မခံနိုင္သလို၊စိုးရိမ္မႈေတြၾကား တကယ္လို႔မ်ားဆိုတဲ့အေတြးေတြေၾကာင့္ စိတ္ေတြလြတ္ထြက္ကုန္မိတာ။

ေတြ႕တိုင္း ဒဏ္ရာေတြခ်ည္းေပးခဲ့မိလို႔ အေၾကာက္လြန္သြားသည္ထင္။သူတို႔ရဲ႕ကံၾကမၼာကိုက သိပ္ကိုဆိုးဝါးေနတာလား။အကယ္၍ ႏွစ္ေယာက္ထဲကတစ္ေယာက္နာက်င္ရမဲ့ကံၾကမၼာဆိုရင္ သူကအနာခံေပးပါ့မယ္။ဒါေၾကာင့္ ျပန္ေတြ႕ရမွကိုျဖစ္မွာပါ။

သူအိမ္ျပန္ေရာက္ၿပီးခဏအၾကာ အိမ္မွာလူအကုန္ဆုံသည္။Horizonပါ အလုပ္ကေနေရာက္လာတာမို႔ ဧည့္ခန္းထဲရွိေလထုက ဖိအားမ်ားေနသည္။

“လုံးဝေျခရာေဖ်ာက္သြားတာလား”

“ဟုတ္တယ္ ကြၽန္ေတာ္ cctvမွတ္တမ္းေတြအကုန္ၾကည့္ၿပီးၿပီ အဲ့ဒီညေနျပန္ေရာက္ခ်ိန္ကေန အခန္းထဲကထြက္လာတာမေတြ႕ရဘူး
အနီးတစ္ဝိုက္က cctvေတြလည္းၾကည့္ၿပီးသြားၿပီ သူ႕ကိုမေတြ႕ဘူး”

“အဲ့ဒီတိုက္ခန္းေတြမွာပဲ ရွိေနတာမ်ားလား”

“မရွိတာေသခ်ာတယ္ ငါသူ႕ဖယ္ရိုမုန္းေတြကို ေျခရာခံလို႔မရဘူး”

“ဟုတ္တယ္မရွိဘူး အခန္းတိုင္းနီးပါးကိုတစ္ၿပိဳင္တည္းဝင္စစ္ၿပီး အျပင္မွာဘယ္သူမွမသိေအာင္ေစာင့္ေနရစ္သူေတြလည္းရွိတယ္”

အားလုံးေျပာစရာမဲ့ကုန္သည္။ေစာင့္ၾကည့္ေနတဲ့ၾကားက လြတ္ေအာင္ေျပးသြားသူကိုပဲ ခ်ီးက်ဴးရေတာ့မလို၊အစကအသည္းအသန္တြန္းထုတ္ၿပီး ခုမွအ႐ူးအမူးျဖစ္ေနသူကိုပဲသနားရေတာ့မလိုျဖင့္။

“ဒါနဲ႕ ကိုCean “

ေက်ာက္စက္က ဆက္ေျပာရမလို၊မေျပာရမလို လမ္းေပ်ာက္ေနဟန္။

“ေျပာ”

“မနက္ျဖန္ Gနိုင္ငံကပူးေပါင္းမႈအတြက္သြားရမယ္ တစ္လေက်ာ္ၾကာနိုင္တယ္ အဲ့ဒါ “

“သြားလိုက္မယ္”

“ကိုCean စိတ္ခ်ပါ ကြၽန္ေတာ္ေသခ်ာစုံစမ္းေပးထားပါ့မယ္”

“ပင္ထေနာင္းညိုသိေလာက္တယ္”

“ကြၽန္ေတာ္လည္းအဲ့လိုပဲေတြးတယ္ မဟုတ္ရင္သူ႕သူငယ္ခ်င္းကို စိတ္ခ်လက္ခ်ရွိမွာမဟုတ္ဘူး သူ႕ကိုအစ္ေအာက္ေမးရင္ သံသယဝင္သြားမွာစိုးလို႔ အဲ့အေၾကာင္းကို မေမးျဖစ္ဘူး လုံးဝမွရွာမရရင္ေတာ့ သူ႕ကိုပဲေမးမွရမွာ”

“ငါျပန္လာတဲ့အထိမေတြ႕ေသးဘူးဆိုမွ သူ႕ဘက္ကိုလွည့္မယ္ ေလာေလာဆယ္ ျဖစ္နိုင္သမွ်နည္းလမ္းေတြနဲ႕အကုန္ရွာထားလိုက္။

“ကြၽန္ေတာ္လည္းသူ႕ကိုေသခ်ာမွာခဲ့တယ္ တရားခံကိုမမိမခ်င္း ဒီအေၾကာင္းကိုဘယ္သူ႕ကိုမွမေျပာဖို႔ ကြၽန္ေတာ့္အထင္ ကိုCeanနဲ႕ သူ႕သူငယ္ခ်င္းၾကားကအေၾကာင္းေတြကို သူမသိေသးေလာက္ဘူး “

“အဲ့တာအဆင္ေျပတယ္ ၿပီးေတာ့အခုေလာေလာဆယ္လုပ္ရမွာက ၿမိဳ႕အဝင္အထြက္ေတြ၊ျပည္ပထြက္ခြာခြင့္ေတြကိုပါအကုန္ Checkလိုက္ သူနဲ႕ေနာက္ဆုံးေတြ႕တဲ့ေန႕ကစၿပီးအခုခ်ိန္ထိ၊ ေနာက္တစ္ခုက Sျပည္နယ္ကစိုင္းတိမ္ေငြ႕နဲ႕ပတ္သပ္သမွ်ေနရာတိုင္းကိုစစ္ေဆး သူ႕ရဲ႕အသြားအလာေတြကိုပါေစာင့္ၾကည့္ အာဏာပိုင္ေတြဝင္ပါသင့္ရင္ပါလိုက္”

“ဟုတ္ကဲ့”

“ဒါနဲ႕ အသည္းအသန္ေတြျဖစ္ေနတာ သူ႕ကိုျပန္ေတြ႕ရင္ ကိုCeanဘာလုပ္မလို႔လဲ”

Horizonအေမးကို တစ္ခ်က္ၿပဳံးလိုက္ပုံက ၾကက္သီးထစရာ။မ်က္လုံးေတြေမွးစင္းၿပီး ျပတ္ျပတ္သားသား တစ္လုံးခ်င္းေျပာလိုက္တဲ့စကားက ေက်ာခ်မ္းစရာအျပည့္။

“ျပန္ေတြ႕ရင္ သူက ငါ့.အ.ပိုင္.”

#################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၂, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၂, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၂ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၂ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၂ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၂ light novel, ,

Comment

Leave a Reply

Chapter 23