Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၃

A+ A-

Gနိုင်ငံကိုရောက်တာတစ်ပါတ်ပြည့်ပြီ။
“အခြေနေကမထူးခြားသေးပါဘူး”ဆိုတဲ့စကားသာ ပုံသေလိုဖြစ်နေတာ။

ကန့်လန့်ကာတွေဖွင့်ထားတဲ့မှန်ပြတင်းကျယ်ကြီးရှေ့ရပ်ရင်း မိုးသည်းညအောက် မီးရောင်လွှမ်းနေတဲ့မြို့တော်ကြီးကိုစီးမိုးကြည့်မိသည်။ထိပ်ဆုံးထပ်မို့ တစ်မြို့လုံးကိုအထက်စီးမှမြင်နေရလေသည်။

ဆုံးဖြတ်ချက်တစ်ခုအားသေချာစွာချပြီးနောက် ကျောက်စက်ဆီဖုန်းခေါ်လိုက်သည်။

“ဟယ်လို ကိုCean “

“ငါပြောတာကိုသေချာနားထောင် တစ်ခုမှမလွဲစေနဲ့”

“ဟုတ်ကဲ့”

“ငါပြန်လာရင် တစ်မြို့လုံးမှာရှိတဲ့စံပယ်ပင်တွေအကုန်ငါ့ခြံထဲမှာပဲမြင်ချင်တယ် စတော်ဘယ်ရီနှစ်ဧကပါခြံထဲမှာစိုက်လိုက် ပြီးတော့ အိမ်အတွင်းအပြင်Decorationကိုလည်း ငါပို့ပေးတဲ့အတိုင်းအကုန်ပြောင်း အဲ့ဒီအတွက်တစ်လအချိန်ပေးမယ် လူအင်အားငွေအင်အားကိုကြိုက်သလိုသုံး ငါပြန်လာရင် အဆင်သင့်ဖြစ်နေပါစေ”

“ဟုတ်ကဲ့ ကျွန်တော်မှတ်မိပါတယ်”

ဖုန်းချပြီးသည်အထိ သူထိုနေရာကမခွာသေး။

“တစ်လ ….အချိန်တစ်လပေးမယ်ငယ်ငယ်လွတ်လွတ်လပ်လပ်နေ ပြီးရင်တော့ကိုယ့်အတောင်အောက်မှာပဲဆက်ရှင်သန်သွားရမယ် မင်းရဲ့ဖြစ်တည်မှုကိုကကိုယ့်အပိုင်ဖြစ်ဖို့ သတ်မှတ်ထားပြီးသား”

ကြုံးဝါးမှုအဆုံး လျှပ်စီးကဝင်းကနဲလက်သလို မိုးချုန်းသံကပ်ပါလာပုံကသူ့စကားကိုအားပေးနေသယောင်….

……………

“ဟပ်ချိုး….ဟပ်ချိုး”

“ကဲ ခုတော့ဖြစ်ပြီမဟုတ်လား မိုးရာသီမိုးရေချိုးတာအပြစ်မပြောဘူး ခုတော့တစ်နေကုန်လျှောက်ဆော့နေတာလေ”

တိမ်ငွေ့ကပါးစပ်ကလည်းပြောရင်း လူကိုလည်းစောင်နှင့် ထုပ်နိုင်သမျှထုပ်ထားလေသည်။စောင်ပုံကြီးကြား မျက်နှာလေးသာပေါ်နေသူအား ဆေးတိုက်ဖို့ပါပြင်ပေးနေလေသည်။

“ဆေးခါးခါးကြီးမသောက်ချင်ပါဘူး ဟပ်ချိုး”

“မသောက်ချင်လို့မရဘူး မနက်ဖြန်ပိုဆိုးလာလိမ့်မယ် ဆေးဆရာလည်းနီးနီးနားနားရှိတာမဟုတ်ဘူး”

“အဲ့ဆေးမည်းကြီးကခါးတယ်လို့ ဟပ်ချိုး”

“ဒီလောက်နှာတွေချေနေတာကို သောက်ကိုသောက်ရမယ် ခါးမှာစိုးရင်နွားနို့လေးနဲ့သောက် ခုမှကျိုထားပေးတာပူပူလေး သကြားများများထည့်ပေးထားတယ် လာ ပါးစပ်ဟ”

“မသောက်ချင်…ဂလူးလူး”

ငိုဖို့ပြင်သူကိုမျက်နှာမှဆွဲကာ ပါးနှစ်ဖက်အားညှစ်ထားပြီး ဆေးရည်တွေလောင်းထည့်လာလေသည်။လက်နှစ်ဖက်ပါစောင်နှင့်ထုပ်ခံထားရတာမို့ မရုန်းနိုင်သူကငိုပါလေရော။

“ထွေးမထုတ်နဲ့မျိုချ မဟုတ်ရင်ထပ်တိုက်မှာ”

“အူး…ခါးတယ်…နွားနို့..နွားနို့”

ဇွတ်မျက်စိမှိတ်မျိုချကာကုန်းအော်နေသူကြောင့် နှုတ်ခမ်းနားနွားနို့ခွက်တေ့ပေးရသည်။လက်တစ်ဖက်ကလည်း နှုတ်ခမ်းအောက်ခံပေးထားရသေးသည်။

ဆေးကခါးတာမို့ မျက်ရည်တွေကဒလဟောစီးကျလာလေသည်။နို့သောက်ပြီး ရှိုက်နေတာကသနားစဖွယ်။

“နောက်တစ်ခါမသောက်တော့ဘူး”

“အင်းပါ နောက်ထပ်မတိုက်တော့ဘူး ဒီဆေးကတစ်ခါသောက်ရင်ပျောက်တယ် ကိုယ်တို့အဘိုးကိုယ်တိုင်ဖော်ခဲ့တဲ့တိုင်းရင်းဆေး”

“အရမ်းခါးတယ် အွင့်”

“ဆေးသောက်ရမှာကြောက်ရင်နောက်တစ်ခါဆင်ခြင် မိုးရေထဲအရမ်းမဆော့ရဘူး
ပြီးရင် ဆံပင်သုတ်ရတာကပျင်းသေးတယ် “

“သူများကိုဆူပြန်ပြီ”

“ဆူနေတာမဟုတ်ပါဘူးကွာ အမှန်တွေကိုပြောပြနေတာ နောက်တစ်ပါတ်ထဲကိုယ်ကခရီးထွက်အုံးမှာ နန်းနဒီတို့နဲ့နေခဲ့ရမှာ အဲ့အချိန်ကျရင်သုံးယောက်ပေါင်းလောင်းကျော်နေမှာမြင်ယောင်နေလို့”

နန်းနဒီနဲ့စိုင်းလွန်းကတိမ်ငွေ့ခရီးထွက်ချိန်တိုင်း သူ့ကိုအဖော်လာလုပ်ပေးနေကြ Beta မောင်နှမ။သုံးယောက်ပေါင်းမိလျှင် လုပ်ချင်ရာလုပ်တတ်တာသိသောကြောင့် တိမ်ငွေ့ကစိတ်မချ။

“ကြာမှာလား”

“မကြာဘူးသုံးရက်ပဲ အဲ့တာကြောင့်နေမကောင်းမဖြစ်စေနဲ့ လခြမ်းနေမကောင်းရင်ကိုယ်ခရီးထွက်ဖို့စိတ်မဖြောင့်လို့”

“ဟုတ်ကဲ့ပါ ဆေးသောက်ပြီးပြီပဲကို မဖြစ်တော့ပါဘူး”

“တစ်ခါတည်းမှာထားမယ်နော် သစ်ပင်တွေလျှောက်မတက်နဲ့ မိုးရွာထားတာမို့ချော်တယ်
ပိုးယားတွေလည်းရှိတတ်တယ် ရေအိုင်ကိုလည်းတစ်ယောက်တည်းမသွားနဲ့ ရေလည်းမကူးတတ်ဘဲနဲ့ စိုက်ခင်းသွားရင်လည်းဂရုစိုက်ပိုးကောင်တွေရှိတတ်တယ် တောပန်းတွေ့တိုင်းလည်းသွားမနမ်းနဲ့ ဓာတ်မတည့်တာတွေရှိတယ်”

“ဟုတ်ဟုတ် မှတ်မိပါတယ်စိတ်မပူပါနဲ့ ငယ်ငယ်နေလာတာနှစ်ဝက်ရှိတော့မယ်”

“အဲ့တာကြောင့်ပိုစိတ်ပူရတာ တစ်နေ့တစ်နေ့ဖမ်းလို့ကိုမမိဘူး”

“အဟီးးးးး”

စောင်ထုပ်လေးကြားထဲကမျက်နှာချိုသွေးနေတာကြောင့် ကလေးသေးသေးလေးလိုအသည်းယားစရာလေး။ဆက်မပြောနိုင်ဘဲ ခေါင်းလေးကိုသာပွတ်ပေးမိတော့သည်။

မိုးရေကြောင့် စိမ်းစိုနေတဲ့သစ်ရွက်တွေက လတ်လတ်ဆတ်ဆတ်။အပြုံးတွေကြောင့် စိမ်းစိုနေတာကတော့ သူ့နှလုံးသားမြက်ခင်းပြင်လေးရယ်ပါ။

……………

ပြန်ရောက်ရောက်ချင်းကြည့်မိတာက သူပျိုးခိုင်းထားတဲ့စံပယ်ပင်တွေ။

အပေါ်ထပ်ဝရံတာမှငုံ့ကြည့်မိတော့ စံပယ်ခင်းတဲ့သူ့ခြံဝန်းက နှင်းမှုန်ခင်းထားသလို ဖွေးဖွေးလှုပ်လို့။မိုးမရွာပေမယ့် ရေဖြန်းထားတာမို့ ရနံ့တွေကလတ်လတ်ဆတ်ဆတ်ရယ်။

တစ်အိမ်လုံးပြောင်းလဲထားတာကြောင့် အရင်နဲ့လုံးဝမတူတဲ့အပြင်အဆင်က သူ့အားအထီးမကျန်စေတော့။

ကြမ်းပြင်အပြည့်ခင်းထားတဲ့ကော်ဇောတွေက နူးညံမှုအပြည့်။လွတ်နေတဲ့အခန်းတိုင်းက တစ်ယောက်သောသူအတွက်ရည်စူးထားတာမို့ သူသဘောကျလောက်မည့်ပစ္စည်းတွေဖြည့်ထားမိသည်။

အခန်းနံရံတွေကအစ အရောင်နုနုလေးတွေမို့ Omegaလေးသဘောကျစေမှာပါ။

တစ်ရက်နားပြီးအစီအစဥ်ချမိတာက ပင်ထနောင်းညိုကိုရအောင်ခေါ်လာဖို့။လိုအပ်တာတွေပြင်ဆင်ပြီးတာနှင့် လူအပါခေါ်လာဖို့ပြင်ရသည်။

အိမ်ရောက်လာသူက ဘာမှနားမလည်ဟန်ကြောင်တောင်တောင်။သတင်းထူးသည်ဟုဆိုကာလာရောက်ခေါ်ဆောင်ပြီး ဒီရောက်တော့မှ သူ့အားတရားခံလိုဆက်ဆံလာတာ။ယူလာတဲ့ဖုန်းကအသိမ်းခံလိုက်ရပြီး မဟာပထဝီဆိုသည့်တစ်ယောက်လက်ထဲရောက်သွားပြီ။

ထိုင်ခုံပေါ်ထိုင်ခိုင်းပြီး အစောင့်နှစ်ယောက်က ဘေးတစ်ဖက်တစ်ချက်ဆီမှာမို့ သူ့မှာဒေါသထွက်ရသည်။

“ဒါဘာသဘောလဲ ကိုသမုဒ္ဒရာ”

“သိချင်တာလေးရှိလို့ပါ အမှန်အတိုင်းဖြေပေးရုံပဲ”

“ကျွန်တော်ဘာမဟုတ်တာမှမလုပ်ထားဘူး အဲ့ဒီအတွက်လိပ်ပြာလုံတယ် “

“အဲ့လိုဖြစ်ဖို့မျှော်လင့်ပါတယ် ကိုယ်ကလည်းမဟုတ်တာတွေနဲ့ မစွပ်စွဲပါဘူး”

“ပြော ဘာသိချင်နေတာလဲ”

“မေးခွန်းလေးကလွယ်ပါတယ် လခြမ်းငယ်ငယ်ဘယ်မှာလဲ”

အမေးဆုံးတော့ ထိတ်လန့်သွားသူကြောင့် သူတို့ထင်တာ100%မှန်နေပြီ။ပြီးမှ သူ့ဆီကအကြည့်ကိုလွှဲပြီးပြန်ဖြေလာလေသည်။

“သူခရီးထွက်နေတာ ဘယ်သွားတာလဲမသိဘူး”

“ယုံအောင်လည်းပြောပါကွာ အဲ့လိုမျက်နှာလွဲခဲပစ်လုပ်ရအောင် သူကမင်းတို့အတွက်အရေးမပါတာမှမဟုတ်တာ”

“ဘာကိစ္စကျုပ်သူငယ်ချင်းကိုရှာနေရတာလဲ”

“ကိုယ့်အကြောင်းနဲ့ကိုယ်ပါ”

“သူ့ကိုအမြဲနာကျင်အောင်လုပ်နေတာခင်ဗျားမလား သူကြောက်လို့ပုန်းချင်နေတာခင်ဗျားလက်ကမလား”

အမေးမဟုတ်တဲ့အမေးက အဖြေကသေချာနေဟန်။သူမျက်မှောင်ကျုံ့လို့ လက်ထဲကသကြားလုံးကို ပါးစပ်ထဲထည့်မိသည်။သူ့ပုံစံနှင့် စတော်ဘယ်ရီတုတ်ထိုးချိုချဥ်ကသိပ်တော့မလိုက်ဖက်။သို့ပေမယ့် အရှိန်အဝါကတော့လျော့မသွားပေ။

လက်ထဲကမီးခြစ်နှင့် ဆိုဖာလက်ရန်းကိုတတောက်တောက်ခေါက်မိသည်။

“ပြောမှာလား မပြောဘူးလား”

“ဘာလုပ်မလို့လဲလို့”

“ကိုယ့်ကိစ္စပါ”

“သူ့ကိုလွှတ်ထားပေးလို့မရဘူးလား ခင်ဗျားကိုယ်တိုင်ခြိမ်းခြောက်ထားလို့ ကြောက်လန့်ပြီးထွက်ပြေးသွားတာဗျ ခင်ဗျားသူ့ကိုသတ်မှာလို့ချည်းပြောနေတာ ပြောစမ်းပါအုံးဘာကိစ္စနဲ့သူ့ကိုရန်လိုနေရတာလဲ”

“သူအထင်လွဲနေတာ”

“အထင်လွဲနေတာ အဟက် ပြောပါအုံး သူရခဲ့တဲ့ဒဏ်ရာတွေကလည်းအတုအယောင်တွေပါလို့”

အဖြေမပေးနိုင်သူကတိတ်ဆိတ်နေကာ ဘေးကလူတွေကလည်းအသံမထွက်နိုင်။အကြောင်းအရာတွေအားလုံးကအမှန်ဖြစ်နေတာပဲလေ။နောက်ဆုံး သတ်ပစ်ချင်ခဲ့တာတောင် အမှန်တရားတစ်ခုပဲမဟုတ်လား။

“ဟုတ်တယ် ကိုယ်မှားခဲ့တယ်ဝန်ခံတယ် အခုကိုယ်သူ့ကိုတွေ့ချင်တာက အန္တရာယ်ပေးဖို့မဟုတ်တာသေချာတာမို့ မင်းကသူရှိတဲ့နေရာကိုပြောပြနိုင်မလား”

“ကျွန်တော်ကခင်ဗျားကို ဘာကိစ္စနဲ့ယုံရမှာလဲ”

“ယုံချင်ယုံမယုံချင်နေ ကိုယ်ဂရုမစိုက်ဘူး အခုကိုယ်သိချင်တာသူဘယ်မှာလဲ”

စိတ်မရှည်တော့တာမို့ စကားတွေကိုရှည်ရှည်ဝေးဝေးမပြောချင်ပေ။ဟိုတစ်ယောက်သိပ်ချစ်တဲ့သူငယ်ချင်းမို့ စိတ်ရှည်ပေးနေပေမယ့် နဂိုကတည်းကမရှည်တဲ့စိတ်ကြောင့် ကြာကြာမခံ။

“သေတောင်မပြောဘူး”

“နေစမ်းပါအုံး မသိရင်ဘဲငါကသူ့ကိုသတ်ပစ်ဖို့ရှာနေသလိုလုပ်ပြနေရအောင် ငါကအဲ့လောက်ယုံချင်စရာမကောင်းနေလို့လား”

“ကိုယ့်ကိုယ်ကိုမသိတာလား မသိချင်ယောင်ဆောင်နေတာလား ခင်ဗျားအရင်လကဘဲကျုပ်နေတဲ့နေရာကို ဘယ်လိုဝင်မွှေသွားလဲမေ့သွားတာလား သူ့အခန်းထဲဝင်ရှာမယ်ဆိုကတည်းကသတိထားမိလိုက်ရမှာ ခင်ဗျားကိုယုံခဲ့လို့သာ”

ခံရခက်သလိုမျက်နှာလွှဲသွားတာကြောင့် သူလည်းဘာမှပြောမနေချင်တော့။

“Geo အခြေနေ”

“ဖုန်းခေါ်ဆိုမှုမှုတ်တမ်းတွေကတော့ သံသယဖြစ်စရာဘာမှမတွေ့ဘူး ဒီလတွေထဲကခေါ်ဆိုမှုမှတ်တမ်းတွေအားလုံးကိုခြေရာခံထားတယ် ခုချိန်ထိအကုန်လုံးကပုံမှန်ပဲ အသံတုလည်းAppသွင်းပြီးသားမို့ ဝင်တဲ့ဖုန်းကိုဘယ်သူကိုင်ကိုင်သူ့အသံပဲဖြစ်လိမ့်မယ် အခုလောလောဆယ်သူ့ကိုထိန်းသိမ်းထားရလိမ့်မယ် အဲ့လိုလုပ်ဖို့ကျတော့လည်း သူပျောက်နေရင်တန်းသတိထားမိကြမှာပဲ ကိုCeanဘယ်လိုလုပ်ချင်လဲ”

Geoစကားဆုံးတော့ နောင်းညိုမှာတစ်အံ့တသြ။ဘာတွေဖြစ်ချင်နေကြတာတဲ့လဲ။

“ပင်ထနောင်းညို ကိုယ်ရှင်းရှင်းပဲပြောမယ် သူကိုယ့်ကိုအထင်မှားနေတာ အဲ့တာကြောင့်သူနေတဲ့နေရာကိုကိုယ့်ကိုပြောပြ သူနဲ့တွေ့ရင်ကိုယ်အားလုံးရှင်းပြပြီးသူ့ကိုတောင်းပန်လိုက်မယ် OK မဟုတ်ရင်မင်းအတွက်လည်းမကောင်းဘူး မင်းအဖေအလုပ်လုပ်နေတဲ့အထက်မှာ ဘယ်သူရှိနေတာလဲမင်းလည်းသိတယ်မလား ကိုယ်လက်လေးတစ်ချက်လှုပ်လိုက်ရုံနဲ့ အားလုံးရဲ့ဘဝတွေပြောင်းလဲသွားနိုင်တာမင်းသိပါတယ် ကိုယ်အင်အားမသုံးချင်ဘူးနော်”

“ခင်ဗျားဘာလို့ ဒီလောက်အသည်းအသန်ဖြစ်နေရတာလဲ”

“ကိုယ်လား ရှင်းပါတယ် သူမရှိရင်မဖြစ်လို့လေ သူ့ကိုမမြင်ရဘဲမနေနိုင်လို့”

“ထပ်ပြီးဒဏ်ရာတွေပေးချင်နေတာလား”

“မှားတယ် သူ့ကိုပေးခဲ့တဲ့ဒဏ်ရာတွေအတွက် တစ်ဘဝစာတာဝန်ယူမလို့”

“လုံးဝမပြောနိုင်ဘူး သူ့ကိုခင်ဗျားလက်ထဲမထည့်ပေးနိုင်ဘူး”

“ပြောပါအုံး ဘယ်သူ့လက်ထဲထည့်ပေးချင်လို့လဲ”

“ဘယ်သူ့လက်ထဲမှမထည့်ပေးဘူး ကျွန်တော်တို့စောင့်ရှောက်နိုင်တယ်”

“အို့းးးးဟုတ်သလား ကိုယ်မပြောချင်ပေမယ့်ပြောလိုက်အုံးမယ် မင်းတို့အစောင့်ရှောက်ကောင်းလို့ဖြစ်မယ် သူ့ရဲ့ပထမအနမ်း၊ဒုတိယအနမ်း၊တတိယအနမ်း၊စတုတ္ထအနမ်းအားလုံးကိုယ်ရပြီးသွားပြီနော်….အာ သိပ်လုံခြုံတာပဲ”

“ဘာဗျ..ခင်ဗျား..လူယုတ်မာ..ခင်ဗျားကိုသတ်မယ်”

ခုံမှဇွတ်ထနေသူကို ဘေးကနှစ်ယောက်ကဝိုင်းချုပ်ထားရသည်။မျက်ဝန်းတွေနီရဲနေပြီးဒေါသထွက်နေသူက ကျားရိုင်းတစ်ကောင်လို။ဒါပေမယ့် သူ့ရှေ့ထိုင်နေတဲ့လူကတော့ မလှုပ်မယှက်သာကြည့်နေလေသည်။

“ကိုCean ဖုန်းဝင်လာတယ်”

Geoဘက်ကအသံကြားတော့ အားလုံးတိတ်ဆိတ်ကုန်သည်။သူတစ်ချက်လှမ်းကြည့်လိုက်ပြီး

“ဘယ်သူလဲ”

တန်းမဖြေလာတဲ့သူက screenထက်ကအကြည့်ကိုမလွှဲပဲ ခဏနေမှ

“တိမ်ငွေ့တဲ့”

စကားအဆုံးတစ်ချက်တုန်လှုပ်သွားတဲ့ နောင်းညိုကိုကြည့်ပြီး သူ့လူတွေကိုအချက်ပြလိုက်သည်။အရိပ်အကဲသိသူတွေက ပါးစပ်ကိုတိပ်နှင့်ပိတ်လို့ မရုန်းနိုင်အောင်ဖိချုပ်ထားလေသည်။

“ဒီကိုယူခဲ့ ခြေရာခံထား”

ယူလာပေးတဲ့ဖုန်းကသူ့လက်ထဲရောက်တော့ကျသွားလေသည်။တန်းပြန်ခေါ်လာတာကြောင့် စိတ်မပါစွာပြန်ထူးလိုက်တော့

“ဟယ်လို”

“နောင်းညိုလား”

ထွက်လာတဲ့အသံကြောင့် ခုံကိုမှီထားတဲ့သူ့ကျောပြင်ကမတ်ခနဲ။ဟိုတစ်ယောက်ကလည်း အတင်းရုန်းလေသည်။သူ့အချက်ပြမှုကြောင့် နောက်ထပ်လူနှစ်ယောက်ပါထပ်ပေါင်းချုပ်လိုက်တော့ သေးသေးလေးတောင်မလှုပ်နိုင်တော့။Geoကိုအချက်ပြတော့ ခေါင်းညိတ်ပြကာ Laptopခလုတ်တွေပေါ်အပြေးအလွှားအလုပ်ပေးနေတဲ့လက်တွေ

“နောင်းညို ငယ်ငယ်ခေါ်တာကြားရလား”

“အွန်း ဘာလုပ်နေတာလဲ”

အခုန်မြန်နေတဲ့နှလုံးခုန်သံနှင့်အတူ တုန်ယင်နေတဲ့လက်တွေ။

“ငယ်ငယ်အခုဘယ်ကနေပြောနေတာလဲသိလား”

“ဘယ်မှာလဲ”

“သစ်ပင်ပေါ်မှာ ဟီးဟီး”

သူ့အ​ပြောသူသဘောကျပြီး ရယ်လိုက်သေးသည်။သူတစ်ခါမှမကြားခဲ့ဖူးတဲ့ရယ်သံတွေပေါ့။

“သစ်ပင်ပေါ်ဘာတက်လုပ်တာလဲ”

“ဖုန်းလိုင်းမမိလို့လေနောင်းညိုရဲ့ အရင်တစ်ခါဖုန်းပြောရတာကလေ တိမ်ငွေ့နေတဲ့မြို့နားလေးမလို့ အခုတောထဲမှာဆိုလိုင်းမမိဘူး သစ်ပင်ပေါ်တောင်တစ်ခါတစ်လေမှမိတာ ကြည့်..မတွေ့ရတာငါးလရှိပြီ ဖုန်းလေးနှစ်ခါဘဲပြောရသေးတာ အဲ့တာလိုင်းမမိလို့လေ”

စကားတွေအများကြီးပြောနေသူက သူနဲ့ဆိုရင်မေးတာတောင်မဖြေချင်တဲ့သူပါတဲ့။

“နောင်းညို တိမ်ငွေ့ကခရီးသွားနေတယ် သန်ဘက်ခါမှပြန်ရောက်မှာ အခုငယ်ငယ်နဲ့အတူဘယ်သူတွေလာနေပေးလဲသိလား”

“ဘယ်သူတွေလဲ”

“နဒီတို့မောင်နှမလေ အဟီး ပျော်စရာကြီး မနက်ကစိုက်ခင်းထဲမှာ မုန့်ညှင်းတွေသွားခူးလာပြီးကြော်စားထားတာ အခုဖုန်းပြောပြီးရင်ရေအိုင်မှာရေသွားချိုးမလို့ ပြီးရင်တောပန်းသွားခူးမှာ ညနေစောင်းရင်ပန်းချီဆွဲမယ်”

“ပျော်နေတာလား”

“ပျော်တာပေါ့ အရမ်းလွတ်လပ်တယ်လေ ပြီးတော့ မိုးရာသီမို့ပန်းတွေအများကြီးပွင့်နေတယ်သိလား အရမ်းလည်းမွှေးတယ် မနေ့ကတောထဲမှာသစ်ခွမျိုးစိပ်တွေအများကြီးတွေ့လို့ ငယ်ငယ်ယူလာတယ် သူကသစ်ပင်တွေပေါ်မှပေါက်တာလေ တိမ်ငွေ့ပြန်လာရင်သေချာပျိုးခိုင်းမလို့ တောစံပယ်တွေတောင်တစ်ခင်းဖြစ်နေပြီသိလား တိမ်ငွေ့ကငယ်ငယ့်အတွက်စိုက်ပေးထားတာ”

စကားတွေတတွတ်တွတ်ပြောနေသူက မတွေ့တာကြာတဲ့သူငယ်ချင်းကို အရမ်းသတိရနေဟန်။စကားပြောဖော်မရှိလို့ဖြစ်မှာ။

“ဪ နောင်းညိုကိုပြောဖို့မေ့နေတာ နောက်လတိမ်ငွေ့မွေးနေ့လေ အဲ့တာငယ်ငယ့်လက်ဆောင်လေး Sပြည်နယ်ကိုပို့ပေးပါလား အခန်းထဲမှာငယ်ငယ်ကိုယ်တိုင်ဆွဲထားတဲ့ပန်းချီကားလေးလေ သေချာထုပ်ပိုးပြီးပို့ပေးလေနော် ငယ်ငယ်ထွက်လာတုန်းကအရေးတကြီးဆိုတော့မေ့နေလို့”

“ပြန်မလာသေးဘူးလား”

“ဟင့်အင်း မလာချင်သေးဘူး လွမ်းလို့လား နောင်းညိုလိုက်လာခဲ့လေ ငယ်ငယ့်ကို​ ​တိမ် ငွေ့လာခေါ်သလိုမျိုးလာခေါ်ခိုင်းလိုက်လေ
ငယ်ငယ်လည်းနောင်းညိုကိုသတိရတယ် လာခဲ့လေနော် ဒီမှာပျော်စရာကောင်းတယ်”

“အွန်း သတိရတယ် လာခဲ့မယ်”

“တကယ်နော်”

“တကယ်”

Geo ကလက်မထောင်ပြလာတာမို့ နေရာသိရပြီဆိုတာသိလိုက်သည်။

“နောင်းညို ငယ်ငယ်ဖုန်းချလိုက်တော့မယ်နော် လိုင်းသိပ်မမိတော့ဘူး”

“အွန်း ကိုယ့်ကိုစောင့်နေ”

စကားပြန်မရလာတာက လိုင်းကျသွား၍ဖြစ်မည်။နေရာမှထကာ Geoနားလျှောက်သွားတော့ နေရာတစ်ခုကိုပြလာသည်။

“S ပြည်နယ် တောင်တန်းတွေကြားထဲမှာ “

သူနှုတ်ခမ်းစွန်းတွေပင့်လို့ ပင်ထနောင်းညိုကိုကြည့်လိုက်သည်။လူလေးယောက်ကြား ချုပ်ခံထားရတာမို့ အသက်ရှူရရုံသာ။မော့ကြည့်လာတဲ့မျက်ဝန်းတွေက နီဆွေးဆွေး။

“မစိုးရိမ်ပါနဲ့ ကိုယ်သူ့ကိုအများကြီးကြင်နာပေးမှာပါ ကိုယ့်သတိုးသားလောင်းလေးပဲဟာ”

ပြောရင်း သက်တော်စောင့်တွေဘက်လှည့်သည်။

“Sပြည်နယ်မှာရှိတဲ့ငါ့လူတွေကိုအကြောင်းကြားလိုက် အဲ့နေရာနဲ့အနီးတစ်ဝိုက်ကို Droneတွေလွှတ်လိုက် ဟိုဘက်ကမရိပ်မိစေနဲ့ အနီးနားမှာ Jet ရပ်ဖို့နေရာရှိလားရှာ တစ်နာရီအတွင်းပြီးအောင်စုံစမ်း”

“ဟုတ်ကဲ့”

“နောက်တစ်ယောက်ကPrivate Jetနှစ်စီး ပြင်ထား ငါနဲ့လူကိုးယောက်လိုက်ခဲ့ ဟိုဘက်ကလူတွေကိုလည်းအသင့်ပြင်ထားခိုင်း အနည်းဆုံးအယောက်နှစ်ဆယ် “

ပြောရင်းသူအိမ်အပေါ်ထပ်သို့တက်သည်။သင့်တော်မည့်အဝတ်တွေလဲရမည်မို့ လည်ပိတ်ဆွယ်တာပေါ် long coatထပ်ဝတ်သည်။All Blackတွေချည်းသာ။ကုတင်ရှိလျှို့ဝှက်အကန့်ကိုဖွင့်ကာ ပစ္စတိုနှစ်လက်ကိုခါးကြားထိုးသည်။

အောက်ပြန်ဆင်းတော့ ပင်ထနောင်းညိုကဒေါသတွေတရှူးရှူး။

“ခင်များဘာဖြစ်ချင်နေတာလဲလို့”

“ကိုယ်လား အွန်….”

စဥ်းစားသလိုခေါင်းတစ်ချက်စောင်းလိုက်ပြီး လက်ထဲမှမီးခြစ်လေးကိုကစားလိုက်သည်။

“အတိအကျဆိုရင်တော့ လခြမ်းငယ်ငယ်ရဲ့အိမ်ထောင်ဦးစီးဖြစ်ချင်နေတာလေ အဟွန်း”

လှောင်ပြုံးတစ်ခုပြုံးပြအပြီး သူ့လူတစ်ယောက်အနားရောက်လာလေသည်။”

“ရပြီBoss အဲ့နားမှာJetဆင်းလို့ရတဲ့ကွင်းပြင်ရှိတယ်လို့ပြောတယ် သူတို့ဘက်ကလူတွေသွားနေပါပြီတဲ့ Bossအခုချိန်ထွက်ရင်ညနေပိုင်းရောက်ပါမယ်”

“ချက်ချင်းသွားမယ် သူ့ကိုတော့….. ကျောက်စက်မင်းအိမ်ခေါ်သွားလိုက် ငါပြန်လာရင်မမြင်ချင်ဘူး”

ပြောရင်းထွက်သွားသူက ကျောပြင်ကျယ်ကြီးကိုသာချန်ရစ်သည်။တက်ကြွနေတဲ့အသွင်ပြင်က ပျောက်ဆုံးနေတဲ့ရတနာလေးကိုပြန်ရှာတွေ့တဲ့ နဂါးတစ်ကောင်လိုမာန်တလွှားလွှား……

################

ငြိမ်း🌻🌞

Gနိုင္ငံကိုေရာက္တာတစ္ပါတ္ျပည့္ၿပီ။”အေျခေနကမထူးျခားေသးပါဘူး”ဆိုတဲ့စကားသာ ပုံေသလိုျဖစ္ေနတာ။

ကန့္လန့္ကာေတြဖြင့္ထားတဲ့ မွန္ျပတင္းက်ယ္ႀကီးေရွ႕ရပ္ရင္း မိုးသည္းညေအာက္ မီးေရာင္လႊမ္းေနတဲ့ ၿမိဳ႕ေတာ္ႀကီးကိုစီးမိုးၾကည့္မိသည္။ထိပ္ဆုံးထပ္မို႔ တစ္ၿမိဳ႕လုံးကိုအထက္စီးမွျမင္ေနရေလသည္။

ဆုံးျဖတ္ခ်က္တစ္ခုအား ေသခ်ာစြာခ်ၿပီးေနာက္ ေက်ာက္စက္ဆီဖုန္းေခၚလိုက္သည္။

“ဟယ္လို ကိုCean “

“ငါေျပာတာကိုေသခ်ာနားေထာင္ တစ္ခုမွမလြဲေစနဲ႕”

“ဟုတ္ကဲ့”

“ငါျပန္လာရင္ တစ္ၿမိဳ႕လုံးမွာရွိတဲ့ စံပယ္ပင္ေတြအကုန္ ငါ့ၿခံထဲမွာပဲျမင္ခ်င္တယ္ စေတာ္ဘယ္ရီ ႏွစ္ဧကပါၿခံထဲမွာစိုက္လိုက္ ၿပီးေတာ့ အိမ္အတြင္းအျပင္ Decorationကိုလည္း ငါပို႔ေပးတဲ့အတိုင္းအကုန္ေျပာင္း အဲ့ဒီအတြက္တစ္လအခ်ိန္ေပးမယ္ လူအင္အားေငြအင္အားကိုႀကိဳက္သလိုသုံး ငါျပန္လာရင္ အဆင္သင့္ျဖစ္ေနပါေစ”

“ဟုတ္ကဲ့ ကြၽန္ေတာ္မွတ္မိပါတယ္”

ဖုန္းခ်ၿပီးသည္အထိ သူထိုေနရာကမခြာေသး။

“တစ္လ ….အခ်ိန္တစ္လေပးမယ္ငယ္ငယ္လြတ္လြတ္လပ္လပ္ေန ၿပီးရင္ေတာ့ ကိုယ့္အေတာင္ေအာက္မွာပဲဆက္ရွင္သန္သြားရမယ္ မင္းရဲ႕ျဖစ္တည္မႈကိုက ကိုယ့္အပိုင္ျဖစ္ဖို႔ သတ္မွတ္ထားၿပီးသား”

ႀကဳံးဝါးမႈအဆုံး လွ်ပ္စီးကဝင္းကနဲလက္သလို မိုးခ်ဳန္းသံကပ္ပါလာပုံက သူ႕စကားကိုအားေပးေနသေယာင္….

……………

“ဟပ္ခ်ိဳး….ဟပ္ခ်ိဳး”

“ကဲ ခုေတာ့ျဖစ္ၿပီမဟုတ္လား မိုးရာသီ မိုးေရခ်ိဳးတာအျပစ္မေျပာဘူး ခုေတာ့ တစ္ေနကုန္ေလွ်ာက္ေဆာ့ေနတာေလ”

တိမ္ေငြ႕ကပါးစပ္ကလည္းေျပာရင္း လူကိုလည္းေစာင္ႏွင့္ ထုပ္နိုင္သမွ်ထုပ္ထားေလသည္။ေစာင္ပုံႀကီးၾကား မ်က္ႏွာေလးသာေပၚေနသူအား ေဆးတိုက္ဖို႔ပါျပင္ေပးေနေလသည္။

“ေဆးခါးခါးႀကီးမေသာက္ခ်င္ပါဘူး ဟပ္ခ်ိဳး”

“မေသာက္ခ်င္လို႔မရဘူး မနက္ျဖန္ပိုဆိုးလာလိမ့္မယ္ ေဆးဆရာလည္းနီးနီးနားနားရွိတာမဟုတ္ဘူး”

“အဲ့ေဆးမည္းႀကီးက ခါးတယ္လို႔ ဟပ္ခ်ိဳး”

“ဒီေလာက္ႏွာေတြေခ်ေနတာကို ေသာက္ကိုေသာက္ရမယ္ ခါးမွာစိုးရင္ႏြားနို႔ေလးနဲ႕ေသာက္ ခုမွက်ိဳထားေပးတာပူပူေလး သၾကားမ်ားမ်ားထည့္ေပးထားတယ္ လာ ပါးစပ္ဟ”

“မေသာက္ခ်င္…ဂလူးလူး”

ငိုဖို႔ျပင္သူကို မ်က္ႏွာမွဆြဲကာ ပါးႏွစ္ဖက္အားညွစ္ထားၿပီး ေဆးရည္ေတြေလာင္းထည့္လာေလသည္။လက္ႏွစ္ဖက္ပါေစာင္ႏွင့္ထုပ္ခံထားရတာမို႔ မ႐ုန္းနိုင္သူကငိုပါေလေရာ။

“ေထြးမထုတ္နဲ႕မ်ိဳခ် မဟုတ္ရင္ထပ္တိုက္မွာ”

“အူး…ခါးတယ္…ႏြားနို႔..ႏြားနို႔”

ဇြတ္မ်က္စိမွိတ္မ်ိဳခ်ကာ ကုန္းေအာ္ေနသူေၾကာင့္ ႏႈတ္ခမ္းနားႏြားနို႔ခြက္ေတ့ေပးရသည္။လက္တစ္ဖက္ကလည္း ႏႈတ္ခမ္းေအာက္ခံေပးထားရေသးသည္။

ေဆးကခါးတာမို႔ မ်က္ရည္ေတြက စီးက်လာေလသည္။နို႔ေသာက္ၿပီး ရွိုက္ေနတာက သနားစဖြယ္။

“ေနာက္တစ္ခါမေသာက္ေတာ့ဘူး”

“အင္းပါ ေနာက္ထပ္မတိုက္ေတာ့ဘူး ဒီေဆးကတစ္ခါေသာက္ရင္ေပ်ာက္တယ္ ကိုယ္တို႔အဘိုးကိုယ္တိုင္ေဖာ္ခဲ့တဲ့တိုင္းရင္းေဆး”

“အရမ္းခါးတယ္ အြင့္”

“ေဆးေသာက္ရမွာေၾကာက္ရင္ ေနာက္တစ္ခါဆင္ျခင္ မိုးေရထဲအရမ္းမေဆာ့ရဘူး
ၿပီးရင္ ဆံပင္သုတ္ရတာကပ်င္းေသးတယ္ “

“သူမ်ားကိုဆူျပန္ၿပီ”

“ဆူေနတာမဟုတ္ပါဘူးကြာ အမွန္ေတြကိုေျပာျပေနတာ ေနာက္တစ္ပါတ္ထဲကိုယ္ကခရီးထြက္အုံးမွာ နန္းနဒီတို႔နဲ႕ေနခဲ့ရမွာ အဲ့အခ်ိန္က်ရင္ သုံးေယာက္ေပါင္းေလာင္းေက်ာ္ေနမွာျမင္ေယာင္ေနလို႔”

နန္းနဒီနဲ႕စိုင္းလြန္းက တိမ္ေငြ႕ခရီးထြက္ခ်ိန္တိုင္း သူ႕ကိုအေဖာ္လာလုပ္ေပးေနၾက Beta ေမာင္ႏွမ။သုံးေယာက္ေပါင္းမိလွ်င္ လုပ္ခ်င္ရာလုပ္တတ္တာသိေသာေၾကာင့္ တိမ္ေငြ႕ကစိတ္မခ်။

“ၾကာမွာလား”

“မၾကာဘူး သုံးရက္ပဲ အဲ့တာေၾကာင့္ေနမေကာင္းမျဖစ္ေစနဲ႕ လျခမ္းေနမေကာင္းရင္ကိုယ္ခရီးထြက္ဖို႔ စိတ္မေျဖာင့္လို႔”

“ဟုတ္ကဲ့ပါ ေဆးေသာက္ၿပီးၿပီပဲကို မျဖစ္ေတာ့ပါဘူး”

“တစ္ခါတည္းမွာထားမယ္ေနာ္ သစ္ပင္ေတြေလွ်ာက္မတက္နဲ႕ မိုး႐ြာထားတာမို႔ေခ်ာ္တယ္
ပိုးယားေတြလည္းရွိတတ္တယ္ ေရအိုင္ကိုလည္းတစ္ေယာက္တည္းမသြားနဲ႕ ေရလည္းမကူးတတ္ဘဲနဲ႕ စိုက္ခင္းသြားရင္လည္းဂ႐ုစိုက္ ပိုးေကာင္ေတြရွိတတ္တယ္ ေတာပန္းေတြ႕တိုင္းလည္းသြားမနမ္းနဲ႕ ဓာတ္မတည့္တာေတြရွိတယ္”

“ဟုတ္ဟုတ္ မွတ္မိပါတယ္ စိတ္မပူပါနဲ႕ ငယ္ငယ္ေနလာတာ ႏွစ္ဝက္ရွိေတာ့မယ္”

“အဲ့တာေၾကာင့္ပိုစိတ္ပူရတာ တစ္ေန႕တစ္ေန႕ဖမ္းလို႔ကိုမမိဘူး”

“အဟီးးးးး”

ေစာင္ထုပ္ေလးၾကားထဲက မ်က္ႏွာခ်ိဳေသြးေနတာေၾကာင့္ ကေလးေသးေသးေလးလိုအသည္းယားစရာေလး။ဆက္မေျပာနိုင္ဘဲ ေခါင္းေလးကိုသာပြတ္ေပးမိေတာ့သည္။

မိုးေရေၾကာင့္ စိမ္းစိုေနတဲ့သစ္႐ြက္ေတြက လတ္လတ္ဆတ္ဆတ္။အၿပဳံးေတြေၾကာင့္ စိမ္းစိုေနတာကေတာ့ သူ႕ႏွလုံးသားျမက္ခင္းျပင္ေလးရယ္ပါ။

……………

ျပန္ေရာက္ေရာက္ခ်င္းၾကည့္မိတာက သူပ်ိဳးခိုင္းထားတဲ့စံပယ္ပင္ေတြ။

အေပၚထပ္ဝရံတာမွငုံ႕ၾကည့္မိေတာ့ စံပယ္ခင္းတဲ့သူ႕ၿခံဝန္းက ႏွင္းမႈန္ခင္းထားသလို ေဖြးေဖြးလႈပ္လို႔။မိုးမ႐ြာေပမယ့္ ေရျဖန္းထားတာမို႔ ရနံ႕ေတြကလတ္လတ္ဆတ္ဆတ္ရယ္။

တစ္အိမ္လုံးေျပာင္းလဲထားတာေၾကာင့္ အရင္နဲ႕လုံးဝမတူတဲ့အျပင္အဆင္က သူ႕အားအထီးမက်န္ေစေတာ့။

ၾကမ္းျပင္အျပည့္ခင္းထားတဲ့ ေကာ္ေဇာေတြက ႏူးညံမႈအျပည့္။လြတ္ေနတဲ့အခန္းတိုင္းက တစ္ေယာက္ေသာသူအတြက္ရည္စူးထားတာမို႔ သူသေဘာက်ေလာက္မည့္ပစၥည္းေတြျဖည့္ထားမိသည္။

အခန္းနံရံေတြကအစ အေရာင္ႏုႏုေလးေတြမို႔ Omegaေလးသေဘာက်ေစမွာပါ။

တစ္ရက္နားၿပီး အစီအစဥ္ခ်မိတာက ပင္ထေနာင္းညိုကိုရေအာင္ေခၚလာဖို႔။လိုအပ္တာေတြျပင္ဆင္ၿပီးတာႏွင့္ လူအပါေခၚလာဖို႔ျပင္ရသည္။

အိမ္ေရာက္လာသူက ဘာမွနားမလည္ဟန္ေၾကာင္ေတာင္ေတာင္။သတင္းထူးသည္ဟုဆိုကာ လာေရာက္ေခၚေဆာင္ၿပီး ဒီေရာက္ေတာ့မွ သူ႕အားတရားခံလိုဆက္ဆံလာတာ။ယူလာတဲ့ဖုန္းကအသိမ္းခံလိုက္ရၿပီး မဟာပထဝီဆိုသည့္တစ္ေယာက္လက္ထဲေရာက္သြားၿပီ။

ထိုင္ခုံေပၚထိုင္ခိုင္းၿပီး အေစာင့္ႏွစ္ေယာက္က ေဘးတစ္ဖက္တစ္ခ်က္ဆီမွာမို႔ သူ႕မွာေဒါသထြက္ရသည္။

“ဒါဘာသေဘာလဲ ကိုသမုဒၵရာ”

“သိခ်င္တာေလးရွိလို႔ပါ အမွန္အတိုင္းေျဖေပး႐ုံပဲ”

“ကြၽန္ေတာ္ဘာမဟုတ္တာမွ မလုပ္ထားဘူး အဲ့ဒီအတြက္ လိပ္ျပာလုံတယ္ “

“အဲ့လိုျဖစ္ဖို႔ေမွ်ာ္လင့္ပါတယ္ ကိုယ္ကလည္းမဟုတ္တာေတြနဲ႕ မစြပ္စြဲပါဘူး”

“ေျပာ ဘာသိခ်င္ေနတာလဲ”

“ေမးခြန္းေလးကလြယ္ပါတယ္ လျခမ္းငယ္ငယ္ဘယ္မွာလဲ”

အေမးဆုံးေတာ့ ထိတ္လန့္သြားသူေၾကာင့္ သူတို႔ထင္တာ 100%မွန္ေနၿပီ။ၿပီးမွ သူ႕ဆီကအၾကည့္ကိုလႊဲၿပီး ျပန္ေျဖလာေလသည္။

“သူခရီးထြက္ေနတာ ဘယ္သြားတာလဲမသိဘူး”

“ယုံေအာင္လည္းေျပာပါကြာ အဲ့လိုမ်က္ႏွာလြဲခဲပစ္လုပ္ရေအာင္ သူကမင္းတို႔အတြက္အေရးမပါတာမွမဟုတ္တာ”

“ဘာကိစၥက်ဳပ္သူငယ္ခ်င္းကိုရွာေနရတာလဲ”

“ကိုယ့္အေၾကာင္းနဲ႕ကိုယ္ပါ”

“သူ႕ကိုအၿမဲနာက်င္ေအာင္လုပ္ေနတာခင္ဗ်ားမလား သူေၾကာက္လို႔ပုန္းခ်င္ေနတာ ခင္ဗ်ားလက္ကမလား”

အေမးမဟုတ္တဲ့အေမးက အေျဖကေသခ်ာေနဟန္။သူမ်က္ေမွာင္က်ဳံ႕လို႔ လက္ထဲကသၾကားလုံးကို ပါးစပ္ထဲထည့္မိသည္။သူ႕ပုံစံႏွင့္ စေတာ္ဘယ္ရီတုတ္ထိုးခ်ိဳခ်ဥ္ကသိပ္ေတာ့မလိုက္ဖက္။သို႔ေပမယ့္ အရွိန္အဝါကေတာ့ေလ်ာ့မသြားေပ။

လက္ထဲကမီးျခစ္ႏွင့္ ဆိုဖာလက္ရန္းကို တေတာက္ေတာက္ေခါက္မိသည္။

“ေျပာမွာလား မေျပာဘူးလား”

“ဘာလုပ္မလို႔လဲလို႔”

“ကိုယ့္ကိစၥပါ”

“သူ႕ကိုလႊတ္ထားေပးလို႔မရဘူးလား ခင္ဗ်ားကိုယ္တိုင္ၿခိမ္းေျခာက္ထားလို႔ ေၾကာက္လန့္ၿပီးထြက္ေျပးသြားတာဗ် ခင္ဗ်ားသူ႕ကိုသတ္မွာလို႔ခ်ည္းေျပာေနတာ ေျပာစမ္းပါအုံး ဘာကိစၥနဲ႕သူ႕ကိုရန္လိုေနရတာလဲ”

“သူအထင္လြဲေနတာ”

“အထင္လြဲေနတာ အဟက္ ေျပာပါအုံး သူရခဲ့တဲ့ဒဏ္ရာေတြကလည္း အတုအေယာင္ေတြပါလို႔”

အေျဖမေပးနိုင္သူကတိတ္ဆိတ္ေနကာ ေဘးကလူေတြကလည္းအသံမထြက္နိုင္။အေၾကာင္းအရာေတြအားလုံးကအမွန္ျဖစ္ေနတာပဲေလ။ေနာက္ဆုံး သတ္ပစ္ခ်င္ခဲ့တာေတာင္ အမွန္တရားတစ္ခုပဲမဟုတ္လား။

“ဟုတ္တယ္ ကိုယ္မွားခဲ့တယ္ ဝန္ခံတယ္ အခုကိုယ္သူ႕ကိုေတြ႕ခ်င္တာက အႏၱရာယ္ေပးဖို႔မဟုတ္တာေသခ်ာတာမို႔ မင္းကသူရွိတဲ့ေနရာကိုေျပာျပနိုင္မလား”

“ကြၽန္ေတာ္ကခင္ဗ်ားကို ဘာကိစၥနဲ႕ယုံရမွာလဲ”

“ယုံခ်င္ယုံမယုံခ်င္ေန ကိုယ္ဂ႐ုမစိုက္ဘူး အခုကိုယ္သိခ်င္တာသူဘယ္မွာလဲ”

စိတ္မရွည္ေတာ့တာမို႔ စကားေတြကိုရွည္ရွည္ေဝးေဝးမေျပာခ်င္ေပ။ဟိုတစ္ေယာက္သိပ္ခ်စ္တဲ့သူငယ္ခ်င္းမို႔ စိတ္ရွည္ေပးေနေပမယ့္ နဂိုကတည္းကမရွည္တဲ့စိတ္ေၾကာင့္ ၾကာၾကာမခံ။

“ေသေတာင္မေျပာဘူး”

“ေနစမ္းပါအုံး မသိရင္ဘဲငါကသူ႕ကိုသတ္ပစ္ဖို႔ရွာေနသလို လုပ္ျပေနရေအာင္ ငါကအဲ့ေလာက္ယုံခ်င္စရာမေကာင္းေနလို႔လား”

“ကိုယ့္ကိုယ္ကိုမသိတာလား မသိခ်င္ေယာင္ေဆာင္ေနတာလား ခင္ဗ်ားအရင္လကဘဲက်ဳပ္ေနတဲ့ေနရာကို ဘယ္လိုဝင္ေမႊသြားလဲေမ့သြားတာလား သူ႕အခန္းထဲဝင္ရွာမယ္ဆိုကတည္းကသတိထားမိလိုက္ရမွာ ခင္ဗ်ားကိုယုံခဲ့လို႔သာ”

ခံရခက္သလိုမ်က္ႏွာလႊဲသြားတာေၾကာင့္ သူလည္းဘာမွေျပာမေနခ်င္ေတာ့။

“Geo အေျခေန”

“ဖုန္းေခၚဆိုမႈမႈတ္တမ္းေတြကေတာ့ သံသယျဖစ္စရာဘာမွမေတြ႕ဘူး ဒီလေတြထဲကေခၚဆိုမႈမွတ္တမ္းေတြအားလုံးကို ေျခရာခံထားတယ္ ခုခ်ိန္ထိအကုန္လုံးကပုံမွန္ပဲ အသံတုလည္းAppသြင္းၿပီးသားမို႔ ဝင္တဲ့ဖုန္းကိုဘယ္သူကိုင္ကိုင္ သူ႕အသံပဲျဖစ္လိမ့္မယ္ အခုေလာေလာဆယ္သူ႕ကိုထိန္းသိမ္းထားရလိမ့္မယ္ အဲ့လိုလုပ္ဖို႔က်ေတာ့လည္း သူေပ်ာက္ေနရင္တန္းသတိထားမိၾကမွာပဲ ကိုCeanဘယ္လိုလုပ္ခ်င္လဲ”

Geoစကားဆုံးေတာ့ ေနာင္းညိုမွာတစ္အံ့တၾသ။ဘာေတြျဖစ္ခ်င္ေနၾကတာတဲ့လဲ။

“ပင္ထေနာင္းညို ကိုယ္ရွင္းရွင္းပဲေျပာမယ္ သူကိုယ့္ကိုအထင္မွားေနတာ အဲ့တာေၾကာင့္သူေနတဲ့ေနရာကိုကိုယ့္ကိုေျပာျပ သူနဲ႕ေတြ႕ရင္ကိုယ္အားလုံးရွင္းျပၿပီးသူ႕ကိုေတာင္းပန္လိုက္မယ္ OK မဟုတ္ရင္မင္းအတြက္လည္းမေကာင္းဘူး မင္းအေဖအလုပ္လုပ္ေနတဲ့အထက္မွာ ဘယ္သူရွိေနတာလဲမင္းလည္းသိတယ္မလား ကိုယ္လက္ေလးတစ္ခ်က္လႈပ္လိုက္႐ုံနဲ႕ အားလုံးရဲ႕ဘဝေတြေျပာင္းလဲသြားနိုင္တာမင္းသိပါတယ္ ကိုယ္အင္အားမသုံးခ်င္ဘူးေနာ္”

“ခင္ဗ်ားဘာလို႔ ဒီေလာက္အသည္းအသန္ျဖစ္ေနရတာလဲ”

“ကိုယ္လား ရွင္းပါတယ္ သူမရွိရင္မျဖစ္လို႔ေလ သူ႕ကိုမျမင္ရဘဲမေနနိုင္လို႔”

“ထပ္ၿပီးဒဏ္ရာေတြေပးခ်င္ေနတာလား”

“မွားတယ္ သူ႕ကိုေပးခဲ့တဲ့ဒဏ္ရာေတြအတြက္ တစ္ဘဝစာတာဝန္ယူမလို႔”

“လုံးဝမေျပာနိုင္ဘူး သူ႕ကိုခင္ဗ်ားလက္ထဲမထည့္ေပးနိုင္ဘူး”

“ေျပာပါအုံး ဘယ္သူ႕လက္ထဲထည့္ေပးခ်င္လို႔လဲ”

“ဘယ္သူ႕လက္ထဲမွမထည့္ေပးဘူး ကြၽန္ေတာ္တို႔ေစာင့္ေရွာက္နိုင္တယ္”

“အို႔းးးးဟုတ္သလား ကိုယ္မေျပာခ်င္ေပမယ့္ေျပာလိုက္အုံးမယ္ မင္းတို႔အေစာင့္ေရွာက္ေကာင္းလို႔ျဖစ္မယ္ သူ႕ရဲ႕ ပထမအနမ္း၊ဒုတိယအနမ္း၊တတိယအနမ္း၊စတုတၳအနမ္းအားလုံးကိုယ္ရၿပီးသြားၿပီေနာ္….အာ သိပ္လုံၿခဳံတာပဲ”

“ဘာဗ်..ခင္ဗ်ား..လူယုတ္မာ..ခင္ဗ်ားကိုသတ္မယ္”

ခုံမွဇြတ္ထေနသူကို ေဘးကႏွစ္ေယာက္ကဝိုင္းခ်ဳပ္ထားတယ္။မ်က္ဝန္းေတြနီရဲေနၿပီးေဒါသထြက္ေနသူက က်ားရိုင္းတစ္ေကာင္လို။ဒါေပမယ့္ သူ႕ေရွ႕ထိုင္ေနတဲ့လူကေတာ့ မလႈပ္မယွက္သာၾကည့္ေနေလသည္။

“ကိုCean ဖုန္းဝင္လာတယ္ “

Geoဘက္က အသံၾကားေတာ့ အားလုံးတိတ္ဆိတ္ကုန္သည္။သူတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး

“ဘယ္သူလဲ”

တန္းမေျဖလာတဲ့သူက screenထက္ကအၾကည့္ကိုမလႊဲပဲ ခဏေနမွ

“တိမ္ေငြ႕တဲ့”

စကားအဆုံးတစ္ခ်က္တုန္လႈပ္သြားတဲ့ ေနာင္းညိုကိုၾကည့္ၿပီး သူ႕လူေတြကိုအခ်က္ျပလိုက္တယ္။အရိပ္အကဲသိသူေတြက ပါးစပ္ကိုတိပ္ႏွင့္ပိတ္လို႔ မ႐ုန္းနိုင္ေအာင္ဖိခ်ဳပ္ထားေလသည္။

“ဒီကိုယူခဲ့ ေျခရာခံထား”

ယူလာေပးတဲ့ဖုန္းကသူ႕လက္ထဲေရာက္ေတာ့က်သြားေလသည္။တန္းျပန္ေခၚလာတာေၾကာင့္ စိတ္မပါစြာျပန္ထူးလိုက္ေတာ့

“ဟယ္လို”

“ေနာင္းညိုလား”

ထြက္လာတဲ့အသံေၾကာင့္ ခုံကိုမွီထားတဲ့သူ႕ေက်ာျပင္ကမတ္ခနဲ။ဟိုတစ္ေယာက္ကလည္း အတင္း႐ုန္းေလသည္။သူ႕အခ်က္ျပမႈေၾကာင့္ ေနာက္ထပ္လူႏွစ္ေယာက္ပါထပ္ေပါင္းခ်ဳပ္လိုက္ေတာ့ ေသးေသးေလးေတာင္မလႈပ္နိုင္ေတာ့။Geoကိုအခ်က္ျပေတာ့ ေခါင္းညိတ္ျပကာ ခလုပ္ေတြေပၚအေျပးအလႊားအလုပ္ေပးေနတဲ့လက္ေတြ

“ေနာင္းညို ငယ္ငယ္ေခၚတာၾကားရလား”

“အြန္း ဘာလုပ္ေနတာလဲ”

အခုန္ျမန္ေနတဲ့ႏွလုံးခုန္သံႏွင့္အတူ တုန္ယင္ေနတဲ့လက္ေတြ။

“ငယ္ငယ္အခုဘယ္ကေနေျပာေနတာလဲသိလား”

“ဘယ္မွာလဲ”

“သစ္ပင္ေပၚမွာ ဟီးဟီး”

သူ႕အေျပာသူသေဘာက်ၿပီး ရယ္လိုက္ေသးသည္။သူတစ္ခါမွမၾကားခဲ့ဖူးတဲ့ရယ္သံေတြေပါ့။

“သစ္ပင္ေပၚဘာတက္လုပ္တာလဲ”

“ဖုန္းလိုင္းမမိလို႔ေလေနာင္းညိုရဲ႕ အရင္တစ္ခါဖုန္းေျပာရတာကေလ တိမ္ေငြ႕ေနတဲ့ၿမိဳ႕နားေလးမလို႔ အခုေတာထဲမွာဆိုလိုင္းမမိဘူး သစ္ပင္ေပၚေတာင္တစ္ခါတစ္ေလမွမိတာ ၾကည့္ မေတြ႕ရတာငါးလရွိၿပီ ဖုန္းေလးႏွစ္ခါဘဲေျပာရေသးတာ အဲ့တာလိုင္းမမိလို႔ေလ”

စကားေတြအမ်ားႀကီးေျပာေနသူက သူနဲ႕ဆိုရင္ေမးတာေတာင္မေျဖခ်င္တဲ့သူပါတဲ့။

“ေနာင္းညို တိမ္ေငြ႕ကခရီးသြားေနတယ္ သန္ဘက္ခါမွျပန္ေရာက္မွာ အခုငယ္ငယ္နဲ႕အတူဘယ္သူေတြလာေနေပးလဲသိလား”

“ဘယ္သူေတြလဲ”

“နဒီတို႔ေမာင္ႏွမေလ အဟီး ေပ်ာ္စရာႀကီး မနက္ကစိုက္ခင္းထဲမွာ မုန့္ညွင္းေတြသြားခူးလာၿပီး ေၾကာ္စားထားတာ အခုဖုန္းေျပာၿပီးရင္ ေရအိုင္မွာေရသြားခ်ိဳးမလို႔ ၿပီးရင္ ေတာပန္းသြားခူးမွာ ညေနေစာင္းရင္ပန္းခ်ီဆြဲမယ္”

“ေပ်ာ္ေနတာလား”

“ေပ်ာ္တာေပါ့ အရမ္းလြတ္လပ္တယ္ေလ ၿပီးေတာ့ မိုးရာသီမို႔ပန္းေတြအမ်ားႀကီးပြင့္ေနတယ္သိလား အရမ္းလည္းေမႊးတယ္ မေန႕ကေတာထဲမွာသစ္ခြမ်ိဳးစိပ္ေတြအမ်ားႀကီးေတြ႕လို႔ ငယ္ငယ္ယူလာတယ္ သူကသစ္ပင္ေတြေပၚမွေပါက္တာေလ တိမ္ေငြ႕ျပန္လာရင္ေသခ်ာပ်ိဳးခိုင္းမလို႔ ေတာစံပယ္ေတြေတာင္တစ္ခင္းျဖစ္ေနၿပီသိလား တိမ္ေငြ႕ကငယ္ငယ့္အတြက္စိုက္ေပးထားတာ”

စကားေတြတတြတ္တြတ္ေျပာေနသူက မေတြ႕တာၾကာတဲ့သူငယ္ခ်င္းကို အရမ္းသတိရေနဟန္။စကားေျပာေဖာ္မရွိလို႔ျဖစ္မွာ။

“ဪ ေနာင္းညိုကိုေျပာဖို႔ေမ့ေနတာ ေနာက္လတိမ္ေငြ႕ေမြးေန႕ေလ အဲ့တာငယ္ငယ့္လက္ေဆာင္ေလး Sျပည္နယ္ကိုပို႔ေပးပါလား အခန္းထဲမွာငယ္ငယ္ကိုယ္တိုင္ဆြဲထားတဲ့ပန္းခ်ီကားေလးေလ ေသခ်ာထုပ္ပိုးၿပီးပို႔ေပးေလေနာ္ ငယ္ငယ္ထြက္လာတုန္းကအေရးတႀကီးဆိုေတာ့ေမ့ေနလို႔”

“ျပန္မလာေသးဘူးလား”

“ဟင့္အင္း မလာခ်င္ေသးဘူး လြမ္းလို႔လား ေနာင္းညိုလိုက္လာခဲ့ေလ ငယ္ငယ့္ကို တိမ္ ေငြ႕လာေခၚသလိုမ်ိဳးလာေခၚခိုင္းလိုက္ေလ
ငယ္ငယ္လည္းေနာင္းညိုကိုသတိရတယ္ လာခဲ့ေလေနာ္ ဒီမွာေပ်ာ္စရာေကာင္းတယ္”

“အြန္း သတိရတယ္ လာခဲ့မယ္”

“တကယ္ေနာ္”

“တကယ္”

Geo က လက္မေထာင္ျပလာတာမို႔ ေနရာသိရၿပီဆိုတာသိလိုက္သည္။

“ေနာင္းညို ငယ္ငယ္ဖုန္းခ်လိဳက္ေတာ့မယ္ေနာ္ လိုင္းသိပ္မမိေတာ့ဘူး”

“အြန္း ကိုယ့္ကိုေစာင့္ေန”

စကားျပန္မရလာတာက လိုင္းက်သြား၍ျဖစ္မည္။ေနရာမွထကာ Geoနားေလွ်ာက္သြားေတာ့ ေနရာတစ္ခုကိုျပလာသည္။

“S ျပည္နယ္ ေတာင္တန္းေတြၾကားထဲမွာ “

သူႏႈတ္ခမ္းစြန္းေတြပင့္လို႔ ပင္ထေနာင္းညိုကိုၾကည့္လိုက္သည္။လူေလးေယာက္ၾကား ခ်ဳပ္ခံထားရတာမို႔ အသက္ရႉရ႐ုံသာ။ေမာ့ၾကည့္လာတဲ့မ်က္ဝန္းေတြက နီေဆြးေဆြး။

“မစိုးရိမ္ပါနဲ႕ ကိုယ္သူ႕ကိုအမ်ားႀကီးၾကင္နာေပးမွာပါ ကိုယ့္သတိုးသားေလာင္းေလးပဲဟာ”

ေျပာရင္း သက္ေတာ္ေစာင့္ေတြဘက္လွည့္သည္။

“Sျပည္နယ္မွာရွိတဲ့ငါ့လူေတြကိုအေၾကာင္းၾကားလိုက္ အဲ့ေနရာနဲ႕အနီးတစ္ဝိုက္ကို Droneေတြလႊတ္လိုက္ ဟိုဘက္ကမရိပ္မိေစနဲ႕ အနီးနားမွာ Jet ရပ္ဖို႔ေနရာရွိလားရွာ တစ္နာရီအတြင္း ၿပီးေအာင္စုံစမ္း”

“ဟုတ္ကဲ့”

“ေနာက္တစ္ေယာက္က Private Jet ႏွစ္စီး ျပင္ထား ငါနဲ႕လူကိုးေယာက္လိုက္ခဲ့ ဟိုဘက္ကလူေတြကိုလည္းအသင့္ျပင္ထားခိုင္း အနည္းဆုံးအေယာက္ႏွစ္ဆယ္ “

ေျပာရင္းသူအိမ္အေပၚထပ္သို႔တက္သည္။သင့္ေတာ္မည့္အဝတ္ေတြလဲရမည္မို႔ လည္ပိတ္ဆြယ္တာေပၚ long coatထပ္ဝတ္သည္ ။All Blackေတြခ်ည္းသာ။ကုတင္ရွိလွ်ို႔ဝွက္အကန့္ကိုဖြင့္ကာ ပစၥတိုႏွစ္လက္ကိုခါးၾကားထိုးသည္။

ေအာက္ျပန္ဆင္းေတာ့ ပင္ထေနာင္းညိုကေဒါသေတြတရႉးရႉး။

“ခင္မ်ားဘာျဖစ္ခ်င္ေနတာလဲလို႔”

“ကိုယ္လား အြန္….”

စဥ္းစားသလိုေခါင္းတစ္ခ်က္ေစာင္းလိုက္ၿပီး လက္ထဲမွမီးျခစ္ေလးကို ကစားလိုက္သည္။

“အတိအက်ဆိဳရင္ေတာ့ လျခမ္းငယ္ငယ္ရဲ႕အိမ္ေထာင္ဦးစီးျဖစ္ခ်င္ေနတာေလ အဟြန္း”

ေလွာင္ၿပဳံးတစ္ခုၿပဳံးျပအၿပီး သူ႕လူတစ္ေယာက္အနားေရာက္လာေလသည္။”

“ရၿပီ Boss အဲ့နားမွာ Jetဆင္းလို႔ရတဲ့ကြင္းျပင္ရွိတယ္လို႔ေျပာတယ္ သူတို႔ဘက္ကလူေတြသြားေနပါၿပီတဲ့ Bossအခုခ်ိန္ထြက္ရင္ ညေနပိုင္းေရာက္ပါမယ္”

“ခ်က္ခ်င္းသြားမယ္ သူ႕ကိုေတာ့….. ေက်ာက္စက္မင္းအိမ္ေခၚသြားလိုက္ ငါျပန္လာရင္မျမင္ခ်င္ဘူး”

ေျပာရင္းထြက္သြားသူက ေက်ာျပင္က်ယ္ႀကီးကိုသာခ်န္ရစ္သည္။တက္ႂကြေနတဲ့အသြင္ျပင္က ေပ်ာက္ဆုံးေနတဲ့ရတနာေလးကိုျပန္ရွာေတြ႕တဲ့ နဂါးတစ္ေကာင္လို မာန္တလႊားလႊား……

################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၃, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၃, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၃ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၃ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၃ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၃ light novel, ,

Comment

Leave a Reply

Chapter 24