Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၄

A+ A-

ယနေ့ရာသီဥတုကကြည်လင်နေသောကြောင့် စိတ်တွေလည်းကြည်လင်နေလေသည်။မတွေ့ရတာကြာပြီဖြစ်သည့်နောင်းညိုနှင့်ဖုန်းပြောလိုက်ရသောကြောင့်လည်းပါမည်။

နေ့လည်စာစားပြီးတော့ အမည်မသိပန်းဝါဝါတွေပင်လုံးကျွတ်ပွင့်နေသည့် နေရာသို့ပန်းချီလာဆွဲဖြစ်သည်။သစ်ရိပ်တွေချည်းမို့အအေးနည်းနည်းပိုကာ တောငှက်ကလေးတွေအသံကြောင့်လည်း စိတ်ငြိမ်းချမ်းမိလေသည်။

အနည်းငယ်ရှည်ချင်နေသည့်ရှေ့ဆံပင်လေးအား ထိပ်တွင်စုချည်ကာဆံထုံးအသေးလေးလိုထုံးပေးထားသူက နန်းနဒီ။စိတ်ချမ်းသာပြီး ပြည့်ဝိုင်းနေသည့်မျက်နှာလေးကြောင့် ကလေးလေးနှင့်ပိုတူစေသည်။

လေတိုးသော်လည်းညိုမသွားသည့်အသားအရေက စမ်းရေကြောင့်များပိုပြီးဖွေးလာသလားမပြောတတ်။တောတောင်ကြားမှာ မတော်တဆများတွေ့မိလျှင် နတ်သူငယ်ပေါက်စလေးနှင့်ပင်ဆင်တူပါသည်။

ဆေးပေမှာစိုး၍ထပ်ဝတ်ထားတာက ဒူးထိရှည်သည့် တိမ်ငွေ့ Shirtအဖြူကြီး။ဒူးထိဘောင်းဘီအဝါလေးဝတ်ထားတာမို့ သေးသေးသွယ်သွယ်ခြေသလုံးသားလေးက ကျောက်စိမ်းသဖွယ်။

ဟိုမောင်နှမနှစ်ယောက်ကတော့ ပစ်မှားမိမည်စိုးသဖြင့် ခပ်လှမ်းလှမ်းမှာသာသွားနေတော့သည်။မြင်နေလျှင် စိတ်ကငြိမ်မှာမဟုတ်။အဖြူထည်လေးကိုအရောင်မစိုးလို၍။

စိတ်တွေကဆေးခြယ်ရာမှာသာရောက်နေတုန်း ရုတ်တရတ်ကြားလိုက်ရသည့်အသံတွေကြောင့်ဆတ်ခနဲရပ်ပစ်သည်။လေတိုးသံမဟုတ်သည့် အသံပြင်းပြင်းကနီးနီးလေးတင်။ကျေးငှက်ကလေးတွေပါလန့်ပြေးကုန်ပြီး အပင်ထက်မှသစ်ရွက်တစ်ချို့ပါလွင့်ပျံကုန်တာကြောင့် မူလသာယာနေသည့်အခြေအနေက ပရမ်းပတာဖြစ်ကုန်သည်။

မကြုံဖူး၍ဘာလုပ်ရမှန်းမသိစွာ နေရာမှာတင်ခြေစုံရပ်နေမိသည်။ခဏအကြာ အရာအားလုံးတည်ငြိမ်သွားသောကြောင့် ကြောက်စိတ်ကလေးပြေလျော့ရသည်။

နဒီတို့မောင်နှမရှိနေ၍ သိပ်တော့မကြောက်မိ။ရှေ့ကိုအာရုံပြန်စိုက်မယ်ပြင်တုန်း သစ်ပင်နောက်မှထွက်လာသူကြောင့် လက်ထဲမှဆေးစပ်ပြားနှင့် စုတ်တံကမြေပြင်ထက်မိတ်ဆက်သည်။မမြင်ရတာကြာနေပြီဖြစ်သည့် ထိုလူကမျက်နှာနည်းနည်းချောင်ကျသွားသည်မှလွဲ အရင်လိုအရှိန်အဝါအပြည့်။

ပြုံးပြလာသည့်နှုတ်ခမ်းတွေကိုမြင်မှ ပြေးဖို့သတိရသည်။အိမ်နှင့်သိပ်မဝေးတာမို့ ခြေလှမ်းတွေကိုအရှိန်တင်မိသည်။နောက်မှခြေသံတွေကိုကြားလေ ပိုပြေးမိလေ။အိမ်တံခါးအားဇွတ်ပိတ်ကာ အခန်းဆီဆက်ပြေးသည်။

ပြေးထွက်သွားတဲ့အရိပ်လေးနောက် အသာအယာပင်ခြေလှမ်းမိသည်။တောစံပယ်တွေဖွေးနေသည့်ခြံအားမြင်တော့ ဖျက်စီးပစ်ချင်စိတ်ကအပြင်းအထန်။ ကိစ္စမရှိပါဘူးလေ သူ့ခြံထဲကစံပယ်ခင်းရဲ့အစွန်အဖျားလောက်ရှိတာ။

အိမ်တံခါးအားအတွင်းမှ ဂျက်ချထားတာကြောင့် နောက်မှလူတစ်ယောက်အားအချက်ပြလိုက်သည်။လူနှစ်ယောက်ခန္တာကိုယ်နှင့် သုံးချက်ခန့်တိုက်တော့သိပ်မခိုင်သည့်ဝါးတံခါးကပျက်သွားပြီ။

အိမ်ထဲဝင်ပြီးတောင်မြောက်စူးစမ်းတော့ သူ့ရနံ့လေးလာတာကအပေါ်ထပ်ဆီက။သူ့လူနှစ်ယောက်လက်ထဲပါလာသည့် Betaနှစ်ယောက်အားတစ်ချက်ကြည့်ကာ အပေါ်ထပ်သ်ို့ဆက်တက်သည်။

လှေကားဘယ်ဘက်အခန်းဆီမှ စံပယ်ရနံ့လေးကသင်းခနဲ။တံခါးကိုခေါက်တော့ အထဲကတုန့်ပြန်မလာ။သူတစ်ချက်ပြုံးကာ ခါးကြားကသေနတ်ကိုထုတ်လိုက်သည်။

“လခြမ်းငယ်ငယ် တံခါးဖွင့်”

“…………..”

“ကိုယ်မစောင့်နိုင်ဘူး မြန်မြန်လာဖွင့်”

“……………”

“မင်းဖွင့်မပေးရင် ကိုယ်တံခါးဖျက်ပြီနော်”

ပြောကာ တံခါးဆီတစ်ချက်ပစ်လိုက်တော့ အကြမ်းမခံသည့်တံခါးကတန်းပွင့်လာသည်။အခန်းထဲဝေ့ဝဲကြည့်တော့ ဟိုအရင်အခန်းနှင့်ဆင်တူသည့်အခန်း။အရုပ်တွေကအစ ပြည့်စုံအောင်ဝယ်ပေးထားသည့်သူက တော်တော်ကိုသဘောကောင်းနေတယ်ပေါ့။

အခန်းထဲဝေ့ကာလူကိုရှာတော့ ကုတင်အောက်ကစောင်လုံးကိုတွေ့သည်။အနားထိလျှောက်သွားကာ ခြေထောက်မှလှမ်းဆွဲတော့ ကန်ထုတ်ကာရုန်းလေသည်။တစ်ကိုယ်လုံးအပြင်အရောက်ပွေ့ကာ ကုတင်ထက်တင်ပစ်သည်။

“မလိုက်ဘူးလို့…အီးဟီး…ဝေးဝေးသွားလာမထိနဲ့လို့”

ကော့ထိုးကာရုန်းနေသူကိုဆွဲချုပ်ကာ အပေါ်shirtကိုဇွတ်ချွတ်ပစ်သည်။ဘယ်သူပိုင်သည့် shirtမှန်းသူသိပြီးသား။ပေါ်လာသည့်အဝါလုံးလေးကိုသူ့coatအရှည်ကြီးဖြင့်ပတ်ပစ်လိုက်တော့ လှုပ်မရသူကအော်ပါလေရော။

“အရူးကြီး သူ့မျက်စိရှေ့လည်းမသွားဘဲနဲ့ လူကိုသက်သက်အနိုင်လာကျင့်နေအွတ်”

အမြဲတမ်းစိတ်ထဲစွဲထင်နေတဲ့ နှုတ်ခမ်းတစ်စုံကိုဖိနမ်းမိတာမွတ်မွတ်သိပ်သိပ်။ဖယ်ရိုမုန်းတွေနှင့်ပါဖိနှိပ်တော့ ခုခံနိုင်စွမ်းမဲ့သွားသူက သူပြုသမျှနုရသည်သာ။ဘယ်လောက်နမ်းနမ်းမတင်းတိမ်နိုင်တာက ဝေးကွာခဲ့တာကြာခဲ့တာကြောင့်ဖြစ်မည်။

ကိုယ့်ပိုင်နက်မဟုတ်ဟူသောအသိက စွဲလမ်းစိတ်ကိုသတိနှင့်ထိန်းလိုက်သည်။နှဖူးထက်အနမ်းတစ်ပွင့်ဖိကပ်ပစ်ကာ…

“အိမ်ပြန်ကြမယ်”

သူ့စကားအဆုံး ဇွတ်ခေါင်းရမ်းလာလေသည်။

“ဟင့်အင်း”

“မလိုက်ခဲ့ရင် ဟိုနှစ်ယောက်ကိုသတ်ပစ်မှာ”

သေနတ်အားထုတ်ကာပြတော့ ငြိမ်သက်သွားသူကငိုနေပြန်ပြီ။

“သွားကြမယ် ငယ်ငယ်”

အလုံထုတ်လေးကိုပုခုံးထက်ထမ်းတင်ပစ်ကာ အောက်ထပ်ဆင်းလာတော့ ဟိုနှစ်ယောက်ကအတင်းကိုရုန်းကန်နေတာ။ကလေးသာသာတွေမို့ ဂရုစိုက်နေစရာကိုမရှိတာ။

“မင်းတို့လူလာရင်ပြောလိုက် လခြမ်းငယ်ငယ်ကိုသူ့ခင်ပွန်းလောင်းကလာခေါ်သွားတယ်လို့ မင်းတို့သူ့အတွက်စိတ်ပူစရာမလိုဘူး ကိုယ့်အိမ်သားလေးကိုကိုယ်ကကြင်နာမှာပါ”

ပြောရင်း ပေါ်နေတဲ့ခြေသလုံးသားလေးကို ဖတ်ကနဲနမ်းပစ်လိုက်တော့ ပခုံးပေါ်ကလူကဇွတ်တွေရုန်းကန်လာသည်။

“လူဆိုးကြီး မလိုက်ဘူးလို့”

“ဒိုင်း…”

ရုန်းရင်းဆန်ခတ်လုပ်နေတဲ့နှစ်ယောက်ကြား သေနတ်တစ်ချက်ပစ်သွင်းတော့ အားလုံးငြိမ်သက်ကုန်လေသည်။

“ဒီတစ်ခါထပ်ပြောရင် နေရာလွတ်ကိုပစ်မှာမဟုတ်တော့ဘူး သဘောပေါက်ရင်ငြိမ်ငြိမ်နေလိုက်တော့”

​ပြောပြီးလှည့်ထွက်သွားသည်အထိ သူ့ပုခုံးထက်ငြိမ်သက်နေသည်။ကြောက်တတ်တာလဲနှစ်ယောက်မရှိသလို သူ့ကိုပြန်ပြန်ပြောတာလဲနှစ်ယောက်မရှိပါပဲ။

Private Jetဆီရောက်သည်အထိအသံထွက်မလာ။ခုံမှာနေရာယူပြီး ပုခုံးပေါ်ကနေရင်ခွင်ထဲဆွဲသွင်းမှ သတိလစ်နေမှန်းသိရသည်။

နီရဲနေတဲ့မျက်နှာက ခေါင်းအောက်စိုက်နေလို့ သွေးတွေစုနေတာ။ခေါင်းမူးတာကိုမပြောရဲလို့ ဒီအတိုင်းလိုက်လာတဲ့ပုံပဲ။သူသက်ပြင်းချလို့ ထိုင်ခုံခါးပတ်ပတ်မိသည်။အချက်ပြလိုက်တော့ တဖြည်းဖြည်းမြင့်တက်လာတဲ့ Jetက သစ်ပင်ဖျားတွေကိုကျော်လွန်လို့သူ့မွေးရပ်ဆီခရီးဆက်သည်။

ဝင်လုဆဲဆဲနေရောင်အောက် သူနေခဲ့တဲ့နေရာလေးက တကယ့်သုခဘုံလေးလို။သူ့ငယ်ငယ်က ဒီတောကြီးထဲမှာပျော်ပါတယ်တဲ့။ဟုတ်မှာပါလေ အမြဲဒဏ်ရာပေးနေတဲ့သူနဲ့ဝေးရာနေရာ၊သူ့ကိုအမြဲလုံခြုံမှုပေးတယ်ဆိုတဲ့ တိမ်ငွေ့ရှိရာနေရာ၊ သဘာဝအလှတွေ နဲ့ပြည့်စုံနေတဲ့ အေးချမ်းတဲ့နေရာ သူပျော်ချင်စရာတွေချည်းပါပဲ။

ရင်ခွင်ထဲကမျက်နှာလေးကိုငုံ့မနမ်းမိတာ အတောမသတ်နိုင်ခြင်းတွေကို သူကြိုသိနေလို့။လေသံပြင်းပြင်းတွေကြား သူ့နှလုံးခုန်သံတွေရောဝင်နေတာ သူတစ်ယောက်သာသိသည်။

တောင်တန်းပြာတွေနဲ့သစ်တောစိမ်းတွေကိုဖြတ်ပြီး လျှပ်စစ်မီးတွေလင်းနေတဲ့မြို့ဆီရောက်တော့ ညသန်းခေါင်ကျော်နေပြီ။သူဆင်းလာတာမြင်တော့ Horizonနဲ့Geoကအပြေးရောက်လာလေသည်။

ရင်ခွင်ထဲကလူကိုမြင်မှ သူတို့လည်းသက်ပြင်းချနိုင်သည်။သို့သော်အလုံးစုံတော့မဟုတ်။သူ့ဆီရောက်တိုင်း ဒဏ်ရာရရင်ရ၊မဟုတ်လျှင်အရေးပေါ်အခြေနေတွေချည်းဆိုတော့ ယခုလည်းသတိလစ်နေတာမြင်တော့ Horizon မျက်ခုံးလှုပ်နေလောက်ပြီ။

“ကိုCean အကြမ်းဖက်လာတာလား၊လက်လွန်ခဲ့သေးလား”

“အလိုမတူရင် ပြန်ပေးဆွဲမှုမြောက်တယ်နော်”

“ကောင်လေးကအကြောက်လွန်သွားပြီး shockရသွားတာလား”

“မေ့ဆေးသုံးလာတာလား”

“ပြီးမှရှင်းပြမယ်တိတ်တိတ်နေကြ”

သူ့ဘေးတစ်ဖက်တစ်ချက်ဆီကနေ တောက်လျှောက်လိုက်မေးနေသူတွေကိုအဖြေမပေးဘဲ အပေါ်ထပ်ကသူ့အတွက်ပြင်ဆင်ထားတဲ့အခန်းထဲဝင်လိုက်သည်။

“မြန်မြန်ပြန်ထွက်ခဲ့နော်ကိုCean”

“ဧည့်ခန်းမှာစောင့်နေမယ်နော်”

နောက်ကအသံတွေကိုအရေးမလုပ်ပဲ တံခါးကိုပိတ်ပစ်လိုက်သည်။အရုပ်တွေပြည့်နေတဲ့ကုတင်ထက်ချပေးတော့လည်း ငြိမ်သက်နေဆဲပဲ။အအိပ်လည်းမက်သေးတယ်။

ခြုံပေးထားတဲ့coatကိုချွတ်ပေးတော့ ပေါ်လာတာကအဝါလုံးလုံးလေး။ဘောင်းဘီကဒူးထိမို့ ဖြူဖြူဖွေးဖွေးခြေသလုံးလေးက ကိုက်ပစ်ချင်စရာ။ညနေကဖျတ်ခနဲနမ်းပစ်တာတွေးမိတော့ ထပ်ပြီးနမ်းပစ်ချင်လာရော။

ချွေးစို့နေတဲ့ကိုယ်လုံးလေးကြောင့် အဝတ်လဲပေးဖို့ပြင်ရသည်။သမာဓိကောင်းလွန်းတယ်ဆိုပေမယ့် သူ့ရှေ့မှာတော့ဈာန်လျှောရတာပါပဲ။မျက်လုံးစုံမှိတ်ကာ အဝတ်တွေချွတ်လို့
တစ်ရှူးအစိုနဲ့တစ်ကိုယ်လုံးကိုသုတ်ပေးမိသည်။ချွေးတွေနဲ့မို့ အိပ်ရေးပျက်မှာစိုးလို့ရယ်ပါ။

အားလုံးပြီးမှ သူ့Shirtအနက်ရောင်ကြီးဝတ်ပေးလိုက်သည်။Pajamaရောင်စုံကတော့ ဗီဒိုထဲမှာ မမြင်ချင်ယောင်ဆောင်ခံလိုက်ရလေသည်။

ကိုယ့်အပိုင်ဖြစ်လာတော့မှာဆိုတဲ့စိတ်က ရင်ထဲကမီးတွေကိုလောင်စာဖြည့်ပေးသည်။တစ်ကိုယ်လုံးကိုအုပ်မိုးပြီး ကျဲမိတဲ့အနမ်းတွေဟာ ဆံနွယ်ခွေခွေလေးတွေကစလို့ ခြေဖမိုးမှာဆုံးပါသည်။

ပုံမှန်မဟုတ်တဲ့ခြေချောင်းလေးတွေက သူ့ပယောဂကြောင့်။မသိသာပေမယ့် ခံစားလို့ရနေတာကြောင့် ရင်ထဲကဆစ်ကနဲနာသည်။လက်ဖဝါးထဲတယုတယထည့်လို့ နှုတ်ခမ်းညိုတွေနဲ့ဖိကပ်ပစ်မိသည်။အေးတဲ့အချိန်တွေဆို နာကျင်နေမှာပဲ။

အိပ်နေတဲ့သူကိုအခွင့်ရေးမယူလိုစွာ စောင်ခြုံပေးလိုက်သည်။မြင်နေရရင်ကြင်နာပစ်ချင်နေအုံးမှာ။အိမ်မက်တွေလှတော့မယ့်ညတွေ အကြောင်းတွေးမိတော့ နှုတ်ခမ်းစွန်းကကော့နေတာပြန်မကျတော့။

ညီနှစ်ယောက်စောင့်နေတာကို သတိရစွာ အောက်ဆင်းဖို့ပြင်ရသည်။ရင်ခွင်ထဲထွေးပွေ့ဖို့မလောပါဘူး တစ်သက်လုံးပိုင်ဆိုင်ခွင့်ရတော့မှာပဲဟာ။

ခုတင်ဘေးကစားပွဲပေါ်တင်ထားတဲ့ အမွှေးရနံ့လေးကိုမီးညှိလိုက်သည်။အိမ်မက်ဆိုးတွေမမက်ဖို့နဲ့ နိုးမလာစေဖို့။တံခါးနားရောက်ခါနီး ကုတင်ဘက်ခြေဦးပြန်လှည့်ကာ နှုတ်ခမ်းတွေကိုဖိကပ်ပစ်တာ တရှိုက်မက်မက်။

မင်းဟာပင်လယ်ရေလိုပဲငယ်။သောက်လေသောက်လေ ငတ်မပြေစေလေပဲ။ရှေ့တစ်လျှောက် ကိုယ့်အကြင်နာတွေအောက် မင်းခံနိုင်ရည်ရှိဖို့ကြိုးစားဖို့လိုမယ်ငယ်ရဲ့။

အခန်းတံခါးကိုအပြင်ကlockချကာအောက်ထပ်ဆင်းတော့ သူ့ပုံစံကအောင်နိုင်သူစစ်ဘုရင်တစ်ပါးလိုမောက်မာမှုအပြည့်။Sofaထက်ခြေချိတ်ထိုင်ကာ နောက်မှီပေါ်လက်တွေ့ဆန့်တင်လိုက်သည်။နှုတ်ခမ်းတစ်ဖက်မဲ့ပြုံးကြီးကလည်း မြင်သူတကာအားစိန်ခေါ်နေသလို။

“ပြောပြ ကိုCeanဘယ်လိုခေါ်လာတာလဲ”

“သေနတ်ထောက်ပြီး ခြိမ်းခြောက်ခေါ်လာတာလေ အွန်းးး ပြန်ပေးဆွဲတယ်ပြောလည်းရပါတယ်”

ပုံမှန်အရာတစ်ခုလိုပြောလာသူက ယုံကြည်ချက်အပြည့်။
ပြန်မပြောနိုင်သူနှစ်ယောက်က ဆွံ့အစွာပါးစပ်အဟောင်းသား။

“သူထွက်ပြေးတာမဆန်းပါဘူး”

“ထပ်ပြီးထွက်ပြေးလောက်တယ်နော်”

“တစ်ခါပဲရမယ် နှစ်ခါဆိုတာရှိမလာစေရဘူး ငါ့လက်ထဲရောက်ပြီးမှထွက်ပြေးနိုင်တယ်ဆိုတာ ဖြစ်မလာစေရဘူး”

“အရင်တစ်ခါလဲ ကိုCeanစောင့်ကြည့်မှုအောက်ကလွတ်သွားတာပဲလေဗျာ အခုထိပြေးတဲ့လမ်းကြောင်းတောင်မသိရသေးဘူး သူတို့ကလည်းပေါ့သေးသေးတော့မဟုတ်ဘူး ပင်ထနောင်းညိုကိုသာခေါ်မလာနိုင်ရင် အခုချိန်ထိ အစအနတွေ့သေးမှာမဟုတ်ဘူး”

“အဲ့တာကငါအရေးမထားသေးတဲ့အချိန်မလို့ပါ အခုအချိန်မှာသူကလွဲရင်ကျန်တာအရေးမကြီးတာမို့ ငါ့အကြည့်အောက်မှာငါ့ခွင့်ပြုချက်မရရင် ဆံပင်တစ်ချောင်းတောင်ပျောက်သွားခွင့်မရှိဘူး”

“ကျွန်တော်ပြောခဲ့သားပဲ ကိုCeanလိုလူတွေချစ်တတ်လာပြီဆို ကဲသဲနေတာသူများထက်ဆိုးပါတယ်ဆို”

Horizonစကားကိုမကြားချင်ယောင်ဆောင်လို့ Geoဘက်လှည့်ကာ

“Geo ငါခိုင်းထားတွေအကုန်အဆင်သင့်ပဲမလား”

“ဟုတ်ကဲ့ကိုCean ကျွန်တော်အားလုံးကိုသေချာစီစဥ်ပြီးသားပါ ကိုCeanအတွက်မဂ်လာလက်ဖွဲ့”

“Ok အချိန်လည်းမစောတော့ဘူး မင်းတို့လည်းနားတော့ငါလည်းနားတော့မယ်”

“ကိုCean ကလေးကိုဘာမှတော့မလုပ်ဘူးမလား ကိုCeanကိုယုံပေမယ့်… “

“ငါကတော့သူနဲ့ပတ်သပ်ရင် ငါ့ကိုယ်ငါသိပ်မယုံဘူး အဲ့တော့သိပ်မပြောတတ်ဘူး”

ပြောစကားအဆုံးအပေါ်တက်သွားသူကြောင့် နှစ်​ယောက်သား ဧည့်ခန်းအလယ်မတ်တပ်လေးကျန်ခဲ့ရလေသည်။

“တော်တော်တွေဖြစ်နေတာပဲ ဟိုကောင်လေးအစားရင်လေးလိုက်တာ”

Horizonစကားဆုံးတော့ Geoကခေါင်းရမ်းကာ သူ့အခန်းဆီထွက်သွားသည်။သူလည်းခေါင်းရှူပ်လာသည်မို့ အနားယူဖို့သာတွေးမိသည်။နောက်မှ မီးစင်ကြည့်ကကြတာပေါ့။

………………

“ဟိုလူကြီး လွှတ်ပေးတော့လို့”

ကြိုးတုပ်လျှက်သားဖြင့် ကုတင်ထက်အတင်ခံထားရသူကပင်ထနောင်းညို။ဟိုအာဏာရှင်ကြီးထွက်သွားကတည်းက သူ့ကိုမေ့ဆေးပေးပြီးကြိုးတုပ်ခေါ်သွားသူက ကျောက်စက်နေရောင်။

ညအချိန်ရောက်သည်အထိ ကြိုးမဖြည်ပေးတော့လက်တွေကနာနေပြီ။တော်သေးတာက လက်ပြန်မတုပ်ထားလို့။

“ဗိုက်ဆာနေပြီမလား ထမင်းစားလိုက်”

ပန်းကန်ထဲဟင်းတွေပုံထည့်လာပြီး သူ့ရှေ့ရောက်လာလေသည်။

“ကြိုးဖြည်ပေး”

“မရသေးဘူး”

“ကြိုးမဖြည်ဘဲ ဘယ်လိုစားရမှာလဲ”

“ကိုယ်ခွံ့ပေးမယ် ဟ”

“ဘာဗျ အု”

စကားမဆုံးခင် ထမင်းတစ်ဇွန်းကပါးစပ်ထဲဝင်လာလေသည်။ထွေးထုတ်ဟန်ပြင်တော့ စိုက်ကြည့်လာတာကြောင့် မဝါးပဲမျိုချမိသွားသည်။

“မစားချင် အု”

ပါးစပ်ဟတာနှင့်ထိုးထည့်လာတာကြောင့် သူ့မှာပါးစပ်ပင်မဟရဲတော့။

“ပါးစပ်ဖွင့်”

ခေါင်းသာခါပြလိုက်တော့ မျက်မှောင်ကြီးကျုံ့သွားလေသည်။ပြီးတော့ စိတ်မရှည်သလိုသက်ပြင်းတစ်ချက်ချကာ

“မင်းဘာသာဖွင့်မလား ကိုယ်အင်အားသုံးရမှာလား”

အနာမခံရစေဖို့ အသာတကြည်သာပါးစပ်ဟပေးလိုက်သည်။အေးဆေးစားပြီးမှစားရင်းရှင်းရင်လည်း နောက်မကျသေးပါဘူးလေ။

ထမင်းတစ်ပန်းကန်ကုန်တော့ ရေတစ်ခွက်တိုက်လေသည်။ရည်းစားလေးတွေနဲ့တုန်းက ကိုယ်ကကြင်နာခဲ့ရသမျှ ဒီလူကြီးနဲ့တွေ့မှသူကလူနာလိုအဆက်ဆံခံနေရပြီ။

“ဟိုလူကြီး”

ပန်းကန်သိမ်းပြီးပြန်လာတဲ့လူက ဘာလဲဟူသောသဘောဖြင့် မေးတစ်ချက်ဆတ်ပြလေသည်။

“ကြိုးဖြည်ပေးတော့လေဗျာ နာနေပြီ”

“မရသေးဘူး”

“ဘာကိုမရသေးတာလဲ ဖုန်းလည်းခင်ဗျားတို့သိမ်းသွားပြီ အခုဘယ်နေရာမှန်းမသိတဲ့ဆီကိုလည်းခေါ်ထားခံနေရတယ် ကျွန်တော်ကဘာလုပ်နိုင်မှာမို့လို့လဲ ပြီးတော့ကျွန်တော်ကမတရားခံရသူလေဗျာ အပြစ်လုပ်ထားတာလဲမရှိဘဲနဲ့ ဘလိုင်းကြီးအနိုင်ကျင့်ခံနေရတာ”

“မင်းတော်တော်စကားများတာပဲ”

“မများစေချင်ရင်ကြိုးဖြည်ပေးလေ ကျွန်တော်ဘာမှမလုပ်ဘူးလို့ကတိပေးတယ် ပြီးတော့ခင်ဗျားက Alphaပဲကျွန်တော့်ကိုအသာလေးထိန်းသိမ်းနိုင်တာပဲဟာ “

“မင်း ငြိမ်ငြိမ်နေမှာသေချာလား”

“သေချာတယ် လက်တွေလည်းသွေးမလျှောက်တော့ဘူး ခြေထောက်တွေလည်းအတူတူပဲမြန်မြန်ဖြည်ပေးတော့”

မယုံသလိုကြည့်လာပေမယ့် ကြိုးတော့ဖြည်ပေးလေသည်။ကြိုးအားလုံးဖြည်ပြီးသွားမှ သူ့မှာခြေပစ်လက်ပစ် အနားယူရတယ်။တစ်နေ့လုံးဆိုတော့တော်တော်နာနေပြီ။

“ကျွန်တော့သူငယ်ချင်းကိုတွေ့ပြီလား”

ကုတင်ဘေးရပ်ကာ သတိအပြည့်နှင့်ရှိနေသူက သူ့အားစောင့်ကြည့်နေလေသည်။

“ခေါ်လာနေပြီလို့ကြားတယ်”

“ဘာ..တကယ်ကြီးရှာတွေ့သွားတာလား”

အိပ်ယာထက်ကဆတ်ခနဲထထိုင်တော့ သူကလှုပ်ရှားဖို့အသင့်ကိုယ်နေဟန်ထားဖြင့်။

“ခင်ဗျားတို့လူကဘာဖြစ်ချင်နေတာလဲ ရူးနေတာလား သူ့ဘာသာနေတဲ့လူကိုအဲ့လိုအင်အားသုံးပြီးအကြမ်းဖက်တယ်ပေါ့”

“ကိုCeanက အဲ့ကလေးကိုတကယ်တော်တော်ဖြစ်နေတာ”

“သူ့ဘာသာဘာဖြစ်ဖြစ်လေ ကျွန်တော့်သူငယ်ချင်းကမှသူ့ကိုမဖြစ်တာ အင်အားကြီးတယ်ဆိုတိုင်းလိုချင်တာကိုသိမ်းပိုက်လို့ရပြီထင်နေရအောင် ကျွန်တော့်သူငယ်ချင်းက အရုပ်မဟုတ်ဘူး လူဗျလူ”

“နောက်ဆိုအဆင်ပြေသွားပါလိမ့်မယ် ကိုCeanက သူတကယ်သဘောကျတဲ့လူကိုတော့ကြင်နာပေးမှာပါ”

“ဟ ဘယ်သူကသဘောတူလို့ကြင်နာပေးချင်နေတာလဲ ကျွန်တော်တို့သဘောမတူဘူး သူ့ဆွေမျိုးတွေလည်းသဘောတူမှာမဟုတ်ဘူး”

“မတူလို့မရအောင် လုပ်လို့ရတဲ့နည်းတွေအများကြီးရှိတယ် သူ့လက်ထဲရောက်ရင်ဘယ်တော့မှပြန်မရတော့တာကတော့ သေချာတယ်”

“ခင်ဗျားတို့ကိုတရားစွဲလို့ရတယ်နော် ဒါပြန်ပေးဆွဲမှုမြောက်တယ်ဗျ”

“ဥပဒေဆိုတာ သူ့လက်ထဲကရေတစ်ခွက်သာသာပဲ သူသွန်လိုသွန်မှောက်လိုမှောက် ဘယ်သူ့စကားမှအရာမရောက်ဘူး “

“အဲ့လိုဖြစ်နေရအောင် ဒါက”မင်း”မဲ့တိုင်းပြည်မဟုတ်ဘူးဗျ”

“အဲ့ဒီ”မင်း”ကသူကိုယ်တိုင်ပဲလေ ရှေးခေတ်ဘုရင်တွေလို သဘောကျသမျှတော်ကောက်ခြေတော်တင်နေတာမှမဟုတ်တာ သူသဘောကျတဲ့တစ်ယောက်တည်းသောသူကို
သူအပိုင်လိုချင်တာပဲဟာ တရားပါတယ်”

“ခင်ဗျားတို့တွေက အမြဲအဲ့လိုချည်းပဲ တစ်ဖက်သားရဲ့ဆန္ဒကို ဘယ်တော့မှအလေးမထားဘူး”

“အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့လေ ပိုင်ရှင်ရှိနေသူကိုဇွတ်အတင်းလုယူတာမှမဟုတ်တာ လွတ်လပ်နေတဲ့ပန်းရိုင်းလေးကို အများသူငှာမဖျက်ဆီးဖို့ တယုတယပျိုးမိယုံလေးပဲဟာ ခြံခတ်ထားတော့အဲ့ပန်းလေးလုံခြုံတာပေါ့”

“စောက်ကြီးစောက်ကျယ်တွေတအားပြောတာပဲ ရုပ်ကြီးနဲ့မှမလိုက်”

“အိပ်တော့ မနက်ဖြန်သူငယ်ချင်းကိုတွေ့ချင်တွေ့ရမှာ အားမွေးထားသင့်တယ်မလား”

“တကယ်တွေ့ရမှာလား”

“ထင်တာပဲလေ တောင်းရမ်းဖို့ဆိုအသိသက်သေတော့လိုမှာပဲလေ”

“ကျုပ်လက်မခံဘူးလို့”

“အဲ့တာနောက်မှပြော လောလောဆယ်အိပ်တော့ မဟုတ်ရင်မေ့ဆေးပေးရလိမ့်မယ်”

“အိပ်မယ် ထမင်းစားပြီးတန်းအိပ်ခိုင်းတယ် အစာမကျေလို့ကတော့ အိပ်ယာပေါ်အန်ချပစ်မယ်”

တတွတ်တွတ်ပြောရင်း အိပ်သွားသူကြောင့် Sofaထက်ခေါင်းအုံးနှင့်စောင်ချလိုက်ပြီး အိပ်ဖို့ပြင်ရသည်။

မနက်ဖြန်တော့ပေးမတွေ့လောက်သေးပေ။သေချာစီစဥ်ပြီးမှ ပေးတွေ့လောက်သည်မို့ ဒီအရှုပ်ထုပ်လေး သူ့အိမ်မှာသောင်တင်နေမည်မှာအသေအချာ။

ဒီနေ့အလုပ်မလုပ်ရပါဘဲနှင့် မသက်သာ။
ကလေးတွေနှင့်ငြင်းခုံရတာသိပ်ပင်ပန်းတာပဲ။

#################

ငြိမ်း🌻🌞

ယေန႕ရာသီဥတုကၾကည္လင္ေနေသာေၾကာင့္ စိတ္ေတြလည္းၾကည္လင္ေနေလသည္။မေတြ႕ရတာၾကာၿပီျဖစ္သည့္ေနာင္းညိုႏွင့္ဖုန္းေျပာလိုက္ရေသာေၾကာင့္လည္းပါမည္။

ေန႕လည္စာစားၿပီးေတာ့ အမည္မသိပန္းဝါဝါေတြပင္လုံးကြၽတ္ပြင့္ေနသည့္ ေနရာသို႔ပန္းခ်ီလာဆြဲျဖစ္သည္။သစ္ရိပ္ေတြခ်ည္းမို႔အေအးနည္းနည္းပိုကာ ေတာငွက္ကေလးေတြအသံေၾကာင့္လည္း စိတ္ၿငိမ္းခ်မ္းမိေလသည္။

အနည္းငယ္ရွည္ခ်င္ေနသည့္ေရွ႕ဆံပင္ေလးအား ထိပ္တြင္စုခ်ည္ကာ ဆံထုံးအေသးေလးလိုထုံးေပးထားသူက နန္းနဒီ။စိတ္ခ်မ္းသာၿပီး ျပည့္ဝိုင္းေနသည့္မ်က္ႏွာေလးေၾကာင့္ ကေလးေလးႏွင့္ပိုတူေစသည္။

ေလတိုးေသာ္လည္း ညိုမသြားသည့္အသားအေရက စမ္းေရေၾကာင့္မ်ား ပိုၿပီးေဖြးလာသလားမေျပာတတ္။ေတာေတာင္ၾကားမွာ မေတာ္တဆမ်ားေတြ႕မိလွ်င္ နတ္သူငယ္ေပါက္စေလးႏွင့္ပင္ဆင္တူပါသည္။

ေဆးေပမွာစိုး၍ထပ္ဝတ္ထားတာက ဒူးထိရွည္သည့္ တိမ္ေငြ႕ Shirtအျဖဴႀကီး။ဒူးထိေဘာင္းဘီေလးဝတ္ထားတာမို႔ ေသးေသးသြယ္သြယ္ေျခသလုံးသားေလးက ေက်ာက္စိမ္းသဖြယ္။

ဟိုေမာင္ႏွမႏွစ္ေယာက္ကေတာ့ ပစ္မွားမိမည္စိုးသျဖင့္ ခပ္လွမ္းလွမ္းမွာသာသြားေနေတာ့သည္။ျမင္ေနလွ်င္ စိတ္ကၿငိမ္မွာမဟုတ္။အျဖဴထည္ေလးကို အေရာင္မစိုးလို၍။

စိတ္ေတြက ေဆးျခယ္ရာမွာသာေရာက္ေနတုန္း ႐ုတ္တရတ္ၾကားလိုက္ရသည့္အသံေတြေၾကာင့္ ဆတ္ခနဲရပ္ပစ္သည္။ေလတိုးသံမဟုတ္သည့္ အသံကနီးနီးေလးတင္။ေက်းငွက္ကေလးေတြပါလန့္ေျပးကုန္ၿပီး အပင္ထက္မွသစ္႐ြက္တစ္ခ်ိဳ႕ပါလြင့္ပ်ံကုန္ တာေၾကာင့္ မူလသာယာေနသည့္အေျခအေနက ပရမ္းပတာျဖစ္ကုန္သည္။

မႀကဳံဖူး၍ဘာလုပ္ရမွန္းမသိစြာ ေနရာမွာတင္ေျခစုံရပ္ေနမိသည္။ခဏအၾကာ အရာအားလုံးတည္ၿငိမ္သြားေသာေၾကာင့္ ေၾကာက္စိတ္ကေလးေျပေလ်ာ့ရသည္။

နဒီတို႔ေမာင္ႏွမရွိေန၍ သိပ္ေတာ့မေၾကာက္မိ။ေရွ႕ကိုအာ႐ုံျပန္စိုက္မယ္ျပင္တုန္း သစ္ပင္ေနာက္မွထြက္လာသူေၾကာင့္ လက္ထဲမွေဆးစပ္ျပားႏွင့္ စုတ္တံကေျမျပင္ထက္မိတ္ဆက္သည္။မျမင္ရတာၾကာေနၿပီျဖစ္သည့္ ထိုလူကမ်က္ႏွာနည္းနည္းေခ်ာင္က်သြားသည္မွလြဲ အရင္လိုအရွိန္အဝါအျပည့္။

ၿပဳံးျပလာသည့္ႏႈတ္ခမ္းေတြကိုျမင္မွ ေျပးဖို႔သတိရသည္။အိမ္ႏွင့္သိပ္မေဝးတာမို႔ ေျခလွမ္းေတြကိုအရွိန္တင္မိသည္။ေနာက္မွေျခသံေတြကိုၾကားေလ ပိုေျပးမိေလ။အိမ္တံခါးအားဇြတ္ပိတ္ကာ အခန္းဆီဆက္ေျပးသည္။

ေျပးထြက္သြားတဲ့အရိပ္ေလးေနာက္ အသာအယာပင္ေျခလွမ္းမိသည္။ေတာစံပယ္ေတြေဖြးေနသည့္ၿခံအားျမင္ေတာ့ ဖ်က္စီးပစ္ခ်င္စိတ္က အျပင္းအထန္။ ကိစၥမရွိပါဘူးေလ သူ႕ၿခံထဲကစံပယ္ခင္းရဲ႕အစြန္အဖ်ားေလာက္ရွိတာ။

အိမ္တံခါးအားအတြင္းမွ ဂ်က္ခ်ထားတာေၾကာင့္ ေနာက္မွလူတစ္ေယာက္အားအခ်က္ျပလိုက္သည္။လူႏွစ္ေယာက္ခႏၱာကိုယ္ႏွင့္ သုံးခ်က္ခန့္တိုက္ေတာ့ တံခါးကပ်က္သြားၿပီ။

အိမ္ထဲဝင္ၿပီးေတာင္ေျမာက္စူးစမ္းေတာ့ သူ႕ရနံ႕ေလးလာတာကအေပၚထပ္ဆီက။သူ႕လူႏွစ္ေယာက္လက္ထဲပါလာသည့္ Beta ႏွစ္ေယာက္အား တစ္ခ်က္ၾကည့္ကာ အပေါ်ထပ်သ်ို့ဆက်တက်သည်။

ေလွကားဘယ္ဘက္အခန္းဆီမွ စံပယ္ရနံ႕ေလးက သင္းခနဲ။တံခါးကိုေခါက္ေတာ့ အထဲကတုန့္ျပန္မလာ။သူတစ္ခ်က္ၿပဳံးကာ ခါးၾကားကေသနတ္ကိုထုတ္လိုက္သည္။

“လျခမ္းငယ္ငယ္ တံခါးဖြင့္”

“…………..”

“ကိုယ္မေစာင့္နိုင္ဘူး ျမန္ျမန္လာဖြင့္”

“……………”

“မင္းဖြင့္မေပးရင္ ကိုယ္တံခါးဖ်က္ၿပီေနာ္”

ေျပာကာ တံခါးဆီတစ္ခ်က္ပစ္လိုက္ေတာ့ အၾကမ္းမခံသည့္တံခါးက တန္းပြင့္လာသည္။အခန္းထဲေဝ့ဝဲၾကည့္ေတာ့ ဟိုအရင္အခန္းႏွင့္ဆင္တူသည့္အခန္း။အ႐ုပ္ေတြကအစ ျပည့္စုံေအာင္ဝယ္ေပးထားသည့္သူက ေတာ္ေတာ္ကိုသေဘာေကာင္းေနတယ္ေပါ့။

အခန္းထဲေဝ့ကာလူကိုရွာေတာ့ ကုတင္ေအာက္ကေစာင္လုံးကိုေတြ႕သည္။အနားထိေလွ်ာက္သြားကာ ေျခေထာက္မွလွမ္းဆြဲေတာ့ ကန္ထုတ္ကာ႐ုန္းေလသည္။တစ္ကိုယ္လုံးအျပင္အေရာက္ေပြ႕ကာ ကုတင္ထက္တင္ပစ္သည္။

“မလိုက္ဘူးလို႔…အီးဟီး…ေဝးေဝးသြားလာမထိနဲ႕လို႔”

ေကာ့ထိုးကာ႐ုန္းေနသူကိုဆြဲခ်ဳပ္ကာ အေပၚShirtကိုဇြတ္ခြၽတ္ပစ္သည္။ဘယ္သူပိုင္သည့္အရာမွန္း သူသိၿပီးသား။ေပၚလာသည့္အဝါလုံးေလးကိုသူ႕coatအရွည္ႀကီးျဖင့္ပတ္ပစ္လိုက္ေတာ့ လႈပ္မရသူကေအာ္ပါေလေရာ။

“အ႐ူးႀကီး သူ႕မ်က္စိေရွ႕လည္းမသြားဘဲနဲ႕ လူကိုသက္သက္အနိုင္လာက်င့္ေနအြတ္”

အၿမဲတမ္းစြဲထင္ေနတဲ့ ႏႈတ္ခမ္းတစ္စုံကိုဖိနမ္းမိတာ မြတ္မြတ္သိပ္သိပ္။ဖယ္ရိုမုန္းေတြႏွင့္ပါဖိႏွိပ္ေတာ့ ခုခံနိုင္စြမ္းမဲ့သြားသူက သူျပဳသမွ်ႏုရသည္သာ။ဘယ္ေလာက္နမ္းနမ္းမတင္းတိမ္နိုင္တာက ေဝးကြာခဲ့တာၾကာခဲ့တာေၾကာင့္ျဖစ္မည္။

ကိုယ့္ပိုင္နက္မဟုတ္ဟူေသာအသိက စြဲလမ္းစိတ္ကို သတိႏွင့္ထိန္းလိုက္သည္။ႏွဖူးထက္အနမ္းတစ္ပြင့္ဖိကပ္ပစ္ကာ

“အိမ္ျပန္ၾကမယ္”

သူ႕စကားအဆုံး ဇြတ္ေခါင္းရမ္းလာေလသည္။

“ဟင့္အင္း”

“မလိုက္ခဲ့ရင္ ဟိုႏွစ္ေယာက္ကိုသတ္ပစ္မွာ”

ေသနတ္အားထုတ္ကာျပေတာ့ ၿငိမ္သက္သြားသူက ငိုေနျပန္ၿပီ။

“သြားၾကမယ္ ငယ္ငယ္”

အလုံထုတ္ေလးကိုပုခုံးထက္ထမ္းတင္ပစ္ကာ ေအာက္ထပ္ဆင္းလာေတာ့ ဟိုႏွစ္ေယာက္ကအတင္းကို႐ုန္းကန္ေနတာ။ကေလးသာသာေတြမို႔ ဂ႐ုစိုက္ေနစရာကိုမရွိတာ။

“မင္းတို႔လူလာရင္ေျပာလိုက္ လျခမ္းငယ္ငယ္ကို သူ႕ခင္ပြန္းေလာင္းကလာေခၚသြားတယ္လို႔ မင္းတို႔သူ႕အတြက္စိတ္ပူစရာမလိုဘူး ကိုယ့္အိမ္သားေလးကို ကိုယ္ကၾကင္နာမွာပါ”

ေျပာရင္း ေပၚေနတဲ့ေျခသလုံးသားေလးကို ဖတ္ကနဲနမ္းပစ္လိုက္ေတာ့ ပခုံးေပၚကလူကဇြတ္ေတြ႐ုန္းကန္လာတယ္။

“လူဆိုးႀကီး မလိုက္ဘူးလို႔”

“ဒိုင္း…”

႐ုန္းရင္းဆန္ခတ္လုပ္ေနတဲ့ႏွစ္ေယာက္ၾကား ေသနတ္တစ္ခ်က္ပစ္သြင္းေတာ့ အားလုံးၿငိမ္သက္ကုန္ေလသည္။

“ဒီတစ္ခါထပ္ေျပာရင္ ေနရာလြတ္ကိုပစ္မွာမဟုတ္ေတာ့ဘူး သေဘာေပါက္ရင္ ၿငိမ္ၿငိမ္ေနလိုက္ေတာ့”

ေျပာၿပီးလွည့္ထြက္သြားသည္အထိ သူ႕ပုခုံးထက္ၿငိမ္သက္ေနသည္။ေၾကာက္တတ္တာလဲႏွစ္ေယာက္မရွိသလို သူ႕ကိုျပန္ျပန္ေျပာတာလဲ ႏွစ္ေယာက္မရွိပါပဲ။

Private Jet ဆီေရာက္သည္အထိအသံထြက္မလာ။ခုံမွာေနရာယူၿပီး ပုခုံးေပၚကေနရင္ခြင္ထဲဆြဲသြင္းမွ သတိလစ္ေနမွန္းသိရသည္။

နီရဲေနတဲ့မ်က္ႏွာက ေခါင္းေအာက္စိုက္ေနလို႔ ေသြးေတြစုေနတာ။ေခါင္းမူးတာကိုမေျပာရဲလို႔ ဒီအတိုင္းလိုက္လာတဲ့ပုံပဲ။သူသက္ျပင္းခ်လိဳ႕ ထိုင္ခုံခါးပတ္ပတ္မိသည္။အခ်က္ျပလိုက္ေတာ့ တျဖည္းျဖည္းျမင့္တက္လာတဲ့ Jetက သစ္ပင္ဖ်ားေတြကိုေက်ာ္လြန္လို႔ သူ႕ေမြးရပ္ဆီခရီးဆက္သည္။

ဝင္လုဆဲဆဲေနေရာင္ေအာက္ သူေနခဲ့တဲ့ေနရာေလးက တကယ့္သုခဘုံေလးလို။သူ႕ငယ္ငယ္က ဒီေတာႀကီးထဲမွာေပ်ာ္ပါတယ္တဲ့။ဟုတ္မွာပါေလ အၿမဲဒဏ္ရာေပးေနတဲ့သူနဲ႕ေဝးရာေနရာ၊သူ႕ကိုအၿမဲလုံၿခဳံမႈေပးတယ္ဆိုတဲ့ တိမ္ေငြ႕ရွိရာေနရာ၊ သဘာဝအလွေတြ နဲ႕ျပည့္စုံေနတဲ့ ေအးခ်မ္းတဲ့ေနရာ သူေပ်ာ္ခ်င္စရာေတြခ်ည္းပါပဲ။

ရင္ခြင္ထဲကမ်က္ႏွာေလးကိုငုံ႕မနမ္းမိတာ အေတာမသတ္နိုင္ျခင္းေတြကို သူႀကိဳသိေနလို႔။ေလသံျပင္းျပင္းေတြၾကား သူ႕ႏွလုံးခုန္သံေတြေရာဝင္ေနတာ သူတစ္ေယာက္သာသိသည္။

ေတာင္တန္းျပာေတြနဲ႕သစ္ေတာစိမ္းေတြကိုျဖတ္ၿပီး လွ်ပ္စစ္မီးေတြလင္းေနတဲ့ၿမိဳ႕ဆီေရာက္ေတာ့ ညသန္းေခါင္ေက်ာ္ေနၿပီ။သူဆင္းလာတာျမင္ေတာ့ Horizonနဲ႕Geoကအေျပးေရာက္လာေလသည္။

ရင္ခြင္ထဲကလူကိုျမင္မွ သူတို႔လည္းသက္ျပင္းခ်နိဳင္သည္။သို႔ေသာ္အလုံးစုံေတာ့မဟုတ္။သူ႕ဆီေရာက္တိုင္း ဒဏ္ရာရရင္ရ၊မဟုတ္လွ်င္အေရးေပၚအေျခေနေတြခ်ည္းဆိုေတာ့ ယခုလည္းသတိလစ္ေနတာျမင္ေတာ့ Horizon မ်က္ခုံးလႈပ္ေနေလာက္ၿပီ။

“ကိုCean အၾကမ္းဖက္လာတာလား၊လက္လြန္ခဲ့ေသးလား”

“အလိုမတူရင္ ျပန္ေပးဆြဲမႈေျမာက္တယ္ေနာ္”

“ေကာင္ေလးကအေၾကာက္လြန္သြားၿပီး shockရသြားတာလား”

“ေမ့ေဆးသုံးလာတာလား”

“ၿပီးမွရွင္းျပမယ္တိတ္တိတ္ေနၾက”

သူ႕ေဘးတစ္ဖက္တစ္ခ်က္ဆီကေန ေတာက္ေလွ်ာက္လိုက္ေမးေနသူေတြကိုအေျဖမေပးဘဲ အေပၚထပ္ကသူ႕အတြက္ျပင္ဆင္ထားတဲ့အခန္းထဲဝင္လိုက္တယ္။

“ျမန္ျမန္ျပန္ထြက္ခဲ့ေနာ္ကိုCean”

“ဧည့္ခန္းမွာေစာင့္ေနမယ္ေနာ္”

ေနာက္ကအသံေတြကိုအေရးမလုပ္ပဲ တံခါးကိုပိတ္ပစ္တယ္။အ႐ုပ္ေတြျပည့္ေနတဲ့ကုတင္ထက္ခ်ေပးေတာ့လည္း ၿငိမ္သက္ေနဆဲပဲ။အအိပ္လည္းမက္ေသးတယ္။

ၿခဳံေပးထားတဲ့coatကိုခြၽတ္ေပးေတာ့ ေပၚလာတာကအဝါလုံးလုံးေလး။ေဘာင္းဘီကဒူးထိမို႔ ျဖဴျဖဴေဖြးေဖြးေျခသလုံးေလးက ကိုက္ပစ္ခ်င္စရာ။ညေနကဖ်တ္ခနဲနမ္းပစ္တာေတြးမိေတာ့ ထပ္ၿပီးနမ္းပစ္ခ်င္လာေရာ။

ေခြၽးစို႔ေနတဲ့ကိုယ္လုံးေလးေၾကာင့္ အဝတ္လဲေပးဖို႔ျပင္ရသည္။သမာဓိေကာင္းလြန္းတယ္ဆိုေပမယ့္ သူ႕ေရွ႕မွာေတာ့ ဈာန္ေလွ်ာရတာပါပဲ။မ်က္လုံးစုံမွိတ္ကာ အဝတ္ေတြခြၽတ္လို႔
တစ္ရႉးအစိုနဲ႕တစ္ကိုယ္လုံးကိုသုတ္ေပးမိသည္။ေခြၽးေတြနဲ႕မို႔ အိပ္ေရးပ်က္မွာစိုးလို႔ရယ္ပါ။

အားလုံးၿပီးမွ သူ႕Shirtအနက္ေရာင္ႀကီးဝတ္ေပးလိုက္သည္။Pajamaေရာင္စုံကေတာ့ ဗီဒိုထဲမွာ မျမင္ခ်င္ေယာင္ေဆာင္ခံလိုက္ရေလသည္။

ကိုယ့္အပိုင္ျဖစ္လာေတာ့မွာဆိုတဲ့စိတ္က ရင္ထဲကမီးေတြကိုေလာင္စာျဖည့္ေပးတယ္။တစ္ကိုယ္လုံးကိုအုပ္မိုးၿပီး က်ဲမိတဲ့အနမ္းေတြဟာ ဆံႏြယ္ေခြေခြေလးေတြကစလို႔ ေျခဖမိုးမွာဆုံးပါတယ္။

ပုံမွန္မဟုတ္တဲ့ ေျခေခ်ာင္းေလးေတြက သူ႕ပေယာဂေၾကာင့္။မသိသာေပမယ့္ ခံစားလို႔ရေနတာေၾကာင့္ ရင္ထဲကဆစ္ကနဲနာသည္။လက္ဖဝါးထဲ တယုတယထည့္လို႔ ႏႈတ္ခမ္းညိုေတြနဲ႕ဖိကပ္ပစ္မိတယ္။ေအးတဲ့အခ်ိန္ေတြဆို နာက်င္ေနမွာပဲ။

အိပ္ေနတဲ့သူကိုအခြင့္ေရးမယူလိုစြာ ေစာင္ၿခဳံေပးလိုက္သည္။ျမင္ေနရရင္ ၾကင္နာပစ္ခ်င္ေနအုံးမွာ။အိမ္မက္ေတြလွေတာ့မယ့္ညအေၾကာင္းေတြးမိေတာ့ ႏႈတ္ခမ္းစြန္းကေကာ့ေနတာ ျပန္မက်ေတာ့။

ညီႏွစ္ေယာက္ေစာင့္ေနတာကို သတိရစြာ ေအာက္ဆင္းဖို႔ျပင္ရတယ္။ရင္ခြင္ထဲေထြးေပြ႕ဖို႔မေလာပါဘူး တစ္သက္လုံးပိုင္ဆိုင္ခြင့္ရေတာ့မွာပဲဟာ။

ခုတင္ေဘးကစားပြဲေပၚတင္ထားတဲ့ အေမႊးရနံ႕ေလးကိုမီးညွိလိုက္တယ္။အိမ္မက္ဆိုးေတြမမက္ဖို႔နဲ႕ နိုးမလာေစဖို႔။တံခါးနားေရာက္ခါနီး ကုတင္ဘက္ေျခဦးျပန္လွည့္ကာ ႏႈတ္ခမ္းေတြကိုဖိကပ္ပစ္တာ တရွိုက္မက္မက္။

မင္းဟာပင္လယ္ေရလိုပဲငယ္။ေသာက္ေလေသာက္ေလ ငတ္မေျပေစေလပဲ။ေရွ႕တစ္ေလွ်ာက္ ကိုယ့္အၾကင္နာေတြေအာက္ မင္းခံနိုင္ရည္ရွိဖို႔ႀကိဳးစားဖို႔လိုမယ္ငယ္ရဲ႕။

အခန္းတံခါးကိုအျပင္က lockခ်ကာေအာက္ထပ္ဆင္းေတာ့ သူ႕ပုံစံကေအာင္နိုင္သူစစ္ဘုရင္တစ္ပါးလို ေမာက္မာမႈအျပည့္။Sofa ထက္ေျခခ်ိတ္ထိုင္ကာ ေနာက္မွီေပၚလက္ေတြ႕ဆန့္တင္လိုက္သည္။ႏႈတ္ခမ္းတစ္ဖက္မဲ့ၿပဳံးႀကီးကလည္း ျမင္သူတကာအားစိန္ေခၚေနသလို။

“ေျပာျပ ကိုCean ဘယ္လိုေခၚလာတာလဲ”

“ေသနတ္ေထာက္ၿပီး ၿခိမ္းေျခာက္ေခၚလာတာေလ အြန္းးး ျပန္ေပးဆြဲတယ္ေျပာလည္းရပါတယ္”

ပုံမွန္အရာတစ္ခုလိုေျပာလာသူက ယုံၾကည္ခ်က္အျပည့္။
ျပန္မေျပာနိုင္သူႏွစ္ေယာက္က ဆြံအစြာပါးစပ္အေဟာင္းသား။

“သူထြက္ေျပးတာမဆန္းပါဘူး”

“ထပ္ၿပီးထြက္ေျပးေလာက္တယ္ေနာ္”

“တစ္ခါပဲရမယ္ ႏွစ္ခါဆိုတာရွိမလာေစရဘူး ငါ့လက္ထဲေရာက္ၿပီးမွ ထြက္ေျပးနိုင္တယ္ဆိုတာ ရွိမလာေစရဘူး”

“အရင္တစ္ခါလဲ ကိုCean ေစာင့္ၾကည့္မႈေအာက္ကလြတ္သြားတာပဲေလဗ်ာ အခုထိေျပးတဲ့လမ္းေၾကာင္းေတာင္မသိရေသးဘူး သူတို႔ကလည္းေပါ့ေသးေသးေတာ့မဟုတ္ဘူး ပင္ထေနာင္းညိုကိုသာေခၚမလာနိုင္ရင္ အခုခ်ိန္ထိ အစအနေတြ႕ေသးမွာမဟုတ္ဘူး”

“အဲ့တာက ငါအေရးမထားေသးတဲ့အခ်ိန္မလို႔ပါ အခုအခ်ိန္မွာသူကလြဲရင္က်န္တာအေရးမႀကီးတာမို႔ ငါ့အၾကည့္ေအာက္မွာ ငါ့ခြင့္ျပဳခ်က္မရရင္ ဆံပင္တစ္ေခ်ာင္းေတာင္ေပ်ာက္သြားခြင့္မရွိဘူး”

“ကြၽန္ေတာ္ေျပာခဲ့သားပဲ ကိုCean လိုလူေတြခ်စ္တတ္လာၿပီဆို ကဲသဲေနတာသူမ်ားထက္ဆိုးပါတယ္ဆို”

Horizonစကားကိုမၾကားခ်င္ေယာင္ေဆာင္လို႔ Geoဘက္လွည့္ကာ

“Geo ငါခိုင္းထားေတြအကုန္အဆင္သင့္ပဲမလား”

“ဟုတ္ကဲ့ကိုCean ကြၽန္ေတာ္အားလုံးကိုေသခ်ာစီစဥ္ၿပီးသားပါ ကိုCeanအတြက္မဂ္လာလက္ဖြဲ႕”

“Ok အခ်ိန္လည္းမေစာေတာ့ဘူး မင္းတို႔လည္းနားေတာ့ ငါလည္းနားေတာ့မယ္”

“ကိုCean ကေလးကို ဘာမွေတာ့မလုပ္ဘူးမလား ကိုCean ကိုယုံေပမယ့္… “

“ငါကေတာ့သူနဲ႕ပတ္သပ္ရင္ ငါ့ကိုယ္ငါသိပ္မယုံဘူး အဲ့ေတာ့သိပ္မေျပာတတ္ဘူး”

ေျပာစကားအဆုံးအေပၚတက္သြားသူေၾကာင့္ ႏွစ္ေယာက္သား ဧည့္ခန္းအလယ္မတ္တပ္ေလးက်န္ခဲ့ရေလသည္။

“ေတာ္ေတာ္ေတြျဖစ္ေနတာပဲ ဟိုေကာင္ေလးအစားရင္ေလးလိုက္တာ”

Horizonစကားဆုံးေတာ့ Geoကေခါင္းရမ္းကာ သူ႕အခန္းဆီထြက္သြားသည္။သူလည္းေခါင္းရႉပ္လာသည္မို႔ အနားယူဖို႔သာေတြးမိသည္။ေနာက္မွ မီးစင္ၾကည့္ကၾကတာေပါ့။

………………

“ဟိုလူႀကီး လႊတ္ေပးေတာ့လို႔”

ႀကိဳးတုပ္လွ်က္သားျဖင့္ ကုတင္ထက္အတင္ခံထားရသူက ပင္ထေနာင္းညို။ဟိုအာဏာရွင္ႀကီးထြက္သြားကတည္းက သူ႕ကိုေမ့ေဆးေပးၿပီးႀကိဳးတုပ္ေခၚသြားသူက ေက်ာက္စက္ေနေရာင္။

ညအခ်ိန္ေရာက္သည္အထိ ႀကိဳးမျဖည္ေပးေတာ့ လက္ေတြကနာေနၿပီ။ေတာ္ေသးတာက လက္ျပန္မတုပ္ထားလို႔။

“ဗိုက္ဆာေနၿပီမလား ထမင္းစားလိုက္”

ပန္းကန္ထဲဟင္းေတြပုံထည့္လာၿပီး သူ႕ေရွ႕ေရာက္လာေလသည္။

“ႀကိဳးျဖည္ေပး”

“မရေသးဘူး”

“ႀကိဳးမျဖည္ဘဲ ဘယ္လိုစားရမွာလဲ”

“ကိုယ္ခြံ႕ေပးမယ္ ဟ”

“ဘာဗ် အု”

စကားမဆုံးခင္ ထမင္းတစ္ဇြန္းကပါးစပ္ထဲဝင္လာေလသည္။ေထြးထုတ္ဟန္ျပင္ေတာ့ စိုက္ၾကည့္လာတာေၾကာင့္ မဝါးပဲမ်ိဳခ်မိသြားသည္။

“မစားခ်င္ အု”

ပါးစပ္ဟတာႏွင့္ထိုးထည့္လာတာေၾကာင့္ သူ႕မွာပါးစပ္ပင္မဟရဲေတာ့။

“ပါးစပ္ဖြင့္”

ေခါင္းသာခါျပလိုက္ေတာ့ မ်က္ေမွာင္ႀကီးက်ဳံ႕သြားေလသည္။ၿပီးေတာ့ စိတ္မရွည္သလို သက္ျပင္းတစ္ခ်က္ခ်ကာ

“မင္းဘာသာဖြင့္မလား ကိုယ္အင္အားသုံးရမွာလား”

အနာမခံရေစဖို႔ အသာတၾကည္သာပါးစပ္ဟေပးလိုက္သည္။ေအးေဆးစားၿပီးမွ စားရင္းရွင္းရင္လည္း ေနာက္မက်ေသးပါဘူးေလ။

ထမင္းတစ္ပန္းကန္ကုန္ေတာ့ ေရတစ္ခြက္တိုက္ေလသည္။ရည္းစားေလးေတြနဲ႕တုန္းက ကိုယ္ကၾကင္နာခဲ့ရသမွ် ဒီလူႀကီးနဲ႕ေတြ႕မွ သူကလူနာလိုအဆက္ဆံခံေနရၿပီ။

“ဟိုလူႀကီး”

ပန္းကန္သိမ္းၿပီးျပန္လာတဲ့လူက ဘာလဲဟူေသာသေဘာျဖင့္ ေမးတစ္ခ်က္ဆတ္ျပေလသည္။

“ႀကိဳးျဖည္ေပးေတာ့ေလဗ်ာ နာေနၿပီ”

“မရေသးဘူး”

“ဘာကိုမရေသးတာလဲ ဖုန္းလည္းခင္ဗ်ားတို႔သိမ္းသြားၿပီ အခုဘယ္ေနရာမွန္းမသိတဲ့ဆီကိုလည္းေခၚထားခံေနရတယ္ ကြၽန္ေတာ္ကဘာလုပ္နိုင္မွာမို႔လို႔လဲ ၿပီးေတာ့ကြၽန္ေတာ္ကမတရားခံရသူေလဗ်ာ အျပစ္လုပ္ထားတာလဲမရွိဘဲနဲ႕ ဘလိုင္းႀကီးအနိုင္က်င့္ခံေနရတာ”

“မင္းေတာ္ေတာ္စကားမ်ားတာပဲ”

“မမ်ားေစခ်င္ရင္ႀကိဳးျဖည္ေပးေလ ကြၽန္ေတာ္ဘာမွမလုပ္ဘူးလို႔ကတိေပးတယ္ ၿပီးေတာ့ခင္ဗ်ားက Alphaပဲကြၽန္ေတာ့ကိုအသာေလးထိန္းသိမ္းနိုင္တာပဲဟာ “

“မင္း ၿငိမ္ၿငိမ္ေနမွာေသခ်ာလား”

“ေသခ်ာတယ္ လက္ေတြလည္းေသြးမေလွ်ာက္ေတာ့ဘူး ေျခေထာက္ေတြလည္းအတူတူပဲ ျမန္ျမန္ျဖည္ေပးေတာ့”

မယုံသလိုၾကည့္လာေပမယ့္ ႀကိဳးေတာ့ျဖည္ေပးေလသည္။ႀကိဳးအားလုံးျဖည္ၿပီးသြားမွ သူ႕မွာေျခပစ္လက္ပစ္ အနားယူရတယ္။တစ္ေန႕လုံးဆိုေတာ့ ေတာ္ေတာ္နာေနၿပီ။

“ကြၽန္ေတာ့သူငယ္ခ်င္းကိုေတြ႕ၿပီလား”

ကုတင္ေဘးရပ္ကာ သတိအျပည့္ႏွင့္ရွိေနသူက သူ႕အားေစာင့္ၾကည့္ေနေလသည္။

“ေခၚလာေနၿပီလို႔ၾကားတယ္”

“ဘာ..တကယ္ႀကီးရွာေတြ႕သြားတာလား”

အိပ္ယာထက္ကဆတ္ခနဲထထိုင္ေတာ့ သူကလႈပ္ရွားဖို႔အသင့္ကိုယ္ေနဟန္ထားျဖင့္။

“ခင္ဗ်ားတို႔လူက ဘာျဖစ္ခ်င္ေနတာလဲ ႐ူးေနတာလား သူ႕ဘာသာေနတဲ့လူကို အဲ့လိုအင္အားသုံးၿပီးအၾကမ္းဖက္တယ္ေပါ့”

“ကိုCeanက အဲ့ကေလးကို တကယ္ေတာ္ေတာ္ျဖစ္ေနတာ”

“သူ႕ဘာသာဘာျဖစ္ျဖစ္ေလ ကြၽန္ေတာ့သူငယ္ခ်င္းကမွသူ႕ကိုမျဖစ္တာ အင္အားႀကီးတယ္ဆိုတိုင္း လိုခ်င္တာကိုသိမ္းပိုက္လို႔ရၿပီထင္ေနရေအာင္ ကြၽန္ေတာ့္သူငယ္ခ်င္းက အ႐ုပ္မဟုတ္ဘူး လူဗ်လဴ”

“ေနာက္ဆိုအဆင္ေျပသြားပါလိမ့္မယ္ ကိုCeanက သူတကယ္သေဘာက်တဲ့လူကိုေတာ့ ၾကင္နာေပးမွာပါ”

“ဟ ဘယ္သူကသေဘာတူလို႔ ၾကင္နာေပးခ်င္ေနတာလဲ ကြၽန္ေတာ္တို႔သေဘာမတူဘူး သူ႕ေဆြမ်ိဳးေတြလည္းသေဘာတူမွာမဟုတ္ဘူး”

“မတူလို႔မရေအာင္ လုပ္လို႔ရတဲ့နည္းေတြအမ်ားႀကီးရွိတယ္ သူ႕လက္ထဲေရာက္ရင္ဘယ္ေတာ့မွျပန္မရေတာ့တာကေတာ့ ေသခ်ာတယ္”

“ခင္ဗ်ားတို႔ကိုတရားစြဲလို႔ရတယ္ေနာ္ ဒါျပန္ေပးဆြဲမႈေျမာက္တယ္ဗ်”

“ဥပေဒဆိုတာ သူ႕လက္ထဲကေရတစ္ခြက္သာသာပဲ သြန္လိုသြန္ ေမွာက္လိုေမွာက္ ဘယ္သူ႕စကားမွအရာမေရာက္ဘူး “

“အဲ့လိုျဖစ္ေနရေအာင္ ဒါက”မင္း”မဲ့တိုင္းျပည္မဟုတ္ဘူးဗ်”

“အဲ့ဒီ”မင္း”က သူကိုယ္တိုင္ပဲေလ ေရွးေခတ္ဘုရင္ေတြလို သေဘာက်သမွ်ေတာ္ေကာက္ေျခေတာ္တင္ေနတာမွမဟုတ္တာ သူသေဘာက်တဲ့တစ္ေယာက္တည္းေသာသူကို
သူအပိုင္လိုခ်င္တာပဲဟာ တရားပါတယ္”

“ခင္ဗ်ားတို႔ေတြက အၿမဲအဲ့လိုခ်ည္းပဲ တစ္ဖက္သားရဲ႕ဆႏၵကို ဘယ္ေတာ့မွအေလးမထားဘူး”

“အခ်စ္နဲ႕စစ္မွာ မတရားတာမရွိဘူးတဲ့ေလ ပိုင္ရွင္ရွိေနသူကိုဇြတ္အတင္းလုယူတာမွမဟုတ္တာ လြတ္လပ္ေနတဲ့ပန္းရိုင္းေလးကို အမ်ားသူငွာမဖ်က္ဆီးဖို႔ တယုတယပ်ိဳးမိယုံေလးပဲဟာ ၿခံခတ္ထားေတာ့ အဲ့ပန္းေလးလုံၿခဳံတာေပါ့”

“ေစာက္ႀကီးေစာက္က်ယ္ေတြတအားေျပာတာပဲ ႐ုပ္ႀကီးနဲ႕မွမလိုက္”

“အိပ္ေတာ့ မနက္ျဖန္သူငယ္ခ်င္းကိုေတြ႕ခ်င္ေတြ႕ရမွာ အားေမြးထားသင့္တယ္မလား”

“တကယ္ေတြ႕ရမွာလား”

“ထင္တာပဲေလ ေတာင္းရမ္းဖို႔ဆို အသိသက္ေသေတာ့လိုမွာပဲေလ”

“က်ဳပ္လက္မခံဘူးလို႔”

“အဲ့တာေနာက္မွေျပာ ေလာေလာဆယ္အိပ္ေတာ့ မဟုတ္ရင္ ေမ့ေဆးေပးရလိမ့္မယ္”

“အိပ္မယ္ ထမင္းစားၿပီးတန္းအိပ္ခိုင္းတယ္ အစာမေက်လိဳ႕ကေတာ့ အိပ္ယာေပၚအန္ခ်ပစ္မယ္”

တတြတ္တြတ္ေျပာရင္း အိပ္သြားသူေၾကာင့္ Sofaထက္ေခါင္းအုံးႏွင့္ေစာင္ခ်လိဳက္ၿပီး အိပ္ဖို႔ျပင္ရသည္။

မနက္ျဖန္ေတာ့ေပးမေတြ႕ေလာက္ေသးေပ။ေသခ်ာစီစဥ္ၿပီးမွ ေပးေတြ႕ေလာက္သည္မို႔ ဒီအရႈပ္ထုပ္ေလး သူ႕အိမ္မွာေသာင္တင္ေနမည္မွာအေသအခ်ာ။

ဒီေန႕အလုပ္မလုပ္ရပါဘဲႏွင့္ မသက္သာ။
ကေလးေတြႏွင့္ျငင္းခုံရတာသိပ္ပင္ပန္းတာပဲ။

#################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၄, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၄, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၄ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၄ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၄ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၄ light novel, ,

Comment

Leave a Reply

Chapter 25