Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၅
A+ A-
နွေးနွေးထွေးထွေးစောင်ပုံကြားရောက်နေတာကြောင့် မျက်လုံးမဖွင့်ဘဲကိုယ်ကိုပိုကွေးပစ်လိုက်သည်။နံဘေးကအရုပ်ကြီးကြား မျက်နှာနှစ်ပစ်လိုက်တော့ အမွှေးနုနုတွေက မျက်နှာကိုယားယံစေသည်။အေးစိမ့်စိမ့်ရာသီဥတုက စောင်ပုံထဲကမထွက်ချင်အောင်ပြုစားနေတာမို့ အပြင်မှာမိုးရွာနေပြီထင်။
မိုးရွာရင်မိုးရေချိုးရမှာပေါ့။အတွေးကြောင့် မျက်လုံးဖွင့်လိုက်တော့ ရင်းနှီးပေမယ့်မရင်းနှီးသည့်အိပ်ခန်းကဆီးကြိုသည်။မျက်နှာကျက်ကမီးဆိုင်းကြီးက ထည်ဝါလွန်းနေကာ သူ့အခန်းမှာမရှိခဲ့ဖူးတာသေချာသည်။အခန်းအပြင်အဆင်ကအစပုံတူပေမယ့် ကျယ်ဝန်းလှတဲ့အခန်းနှင့်အတူပရိဘောဂတွေကအစ Luxuryဆန်လွန်းနေသည်။
စောင်ကိုခွာကာထထိုင်မိတော့မှ မနေ့ကအကြောင်းကိုပြန်တွေးမိသည်။ငယ်ငယ် ဟိုလူဆိုးပြန်ပေးဆွဲတာခံလိုက်ရတာမလား။အဲ့ဒါဆိုဒီအခန်းက သူပိုင်တဲ့အခန်းပေါ့။အရင်တစ်ခါရောက်ခဲ့ဖူးတဲ့အခန်းမဟုတ်တာမို့ ချက်ချင်းသတိမထားမိလိုက်တာ။
ဗေဒါနုရောင်နံရံတွေနှင့် ခန်းဆီးလိုက်ကာအဖြူရောင်တွေက ဟိုလူ့အကြိုက်မဟုတ်သလို အရောင်စုံမွှေးပွရုပ်တွေပြည့်နေတဲ့ အပြာရောင်နုနုကုတင်ကလည်း ဟိုလူနှင့်မလိုက်ဖက်နေပါ။ဒါဆိုသူကဘယ်ကိုခေါ်သွားခံရတာလဲ။
မနေ့ကကြားခဲ့တဲ့ သတို့သားလောင်းဆိုတာကြီးနားထဲပြန်ကြားယောင်တော့ ကုတင်ပေါ်ကအပြေးတပိုင်းဆင်းမိသွားသည်။ထိုအခါမှ သူ့ခန္တာကိုယ်ပေါ်မှာ Shirtအနက်ရောင်တစ်ထည်သာရှိမှန်း သတိပြုမိလေသည်။မရဲတရဲလှန်ကြည့်ပြီးမှသက်ပြင်းချမိတာက အတွင်းခံဝတ်ထားသေးတာမို့။
အမွှေးပွပွကော်ဇောတွေချည်းခင်းထားတာမို့ ခြေထောက်အောက်ကနူးညံ့မှုကပြောမပြတတ်အောင် သက်သောင့်သက်သာရှိသည်။အပြေးတပိုင်းသွားဖွင့်မိတဲ့တံခါးကဖြင့် တင်းကြပ်စွာအပိတ်ခံထားရပြီး အပြင်ဘက်မှ Lockချထားပုံရသည်။
ခန်းဆီးလိုက်ကာတွေအားဖွင့်ကြည့်တော့ အပြင်မှာမိုးတွေသည်းနေလေသည်။မှန်အပြည့်ကာရံထားတာမို့ အပြင်ဘက်ရှိမြင်ကွင်းအားထင်ထင်ရှားရှားမြင်နေရသည်။အကြည့်တွေခြံထဲပို့မိမှ သူဆွံ့အသွားရသည်။
မြင်ကွင်းအပြည့်စံပယ်ဖြူတွေက မိုးရေထဲ ပျော်ရွှင်နေဟန်။မျက်စိတစ်ဆုံးမြင်နေရတာမို့ အကြည့်ပင်မလွှဲနိုင်။တံခါးသာဖွင့်လိုက်လျှင် ရနံ့တွေမွှေးပျံ့နေမှာအသေအချာပါပဲ။
သူ့ကိုဟိုလူခေါ်သွားတုန်း တိမ်ငွေ့ကများပြန်ခေါ်လာတာလား။
စိတ်ထဲမျှော်လင့်ချက်တွေအရောင်တောက်လာတုန်း ခါးမှဆွဲဖက်ခံလိုက်ရတာကြောင့် ထိတ်ကနဲ။လက်တစ်ဖက်ကခါးကိုဖက်ထားပြီး အခြားလက်တစ်ဖက်ကသူ့လက်တွေကိုပါချုပ်ကာရင်ဘတ်မှာဖက်ထားလေသည်။ပုခုံးထက်မေးတင်လာတာကြောင့် နားရွက်ဖျားလေးတွေကိုတိုးတိုက်လာတဲ့ထွက်သက်တွေက ပါးပြင်ဆီသို့ရိုက်ခတ်သည်။
ရင်းနှီးနေတဲ့ရနံ့တစ်ချို့ကြောင့် မျှော်လင့်ချက်တွေ ခွမ်းကနဲကျကွဲပါသည်။
“ငယ်ငယ်ကြိုက်လား”
အခေါ်အဝေါ်တွေပြောင်းလဲနေတဲ့အပြင် အသံအနေအထားပါ နူးညံ့နေတာမို့ ထင်ယောင်ထင်မှားအိမ်မက်ယောင်နေသည့်နှယ်။
“ကိုယ်မေးနေတာဖြေ “
နားရွက်ဖျားကိုခပ်ဖွဖွကိုက်ကာ လေတစ်ချို့ပါမှုတ်သွင်းလိုက်တာမို့လူကတုန်ခနဲ။ကိုယ်ကိုကျုံ့ကာရုန်းထွက်မိတော့ ပိုတင်းကြပ်ပစ်တဲ့လက်တွေကြားအင်အားတွေမဲ့ကုန်သည်။
“မေးနေရင်ဖြေလေကွာ”
“ဘာ…ဘာကိုဖြေရမှာလဲ”
“မင်းအတွက်စံပယ်တွေလေ ကြိုက်လားလို့”
“ကြိုက်…ကြိုက်တယ်”
“အဟွန်း…ငယ်ကြိုက်တဲ့စတော်ဘယ်ရီတွေလည်းစိုက်ထားတယ် ကိုယ်ငယ်ငယ့်အပေါ် မရည်ရွယ်ဘဲကျွံမိခဲ့တဲ့စကားတွေအတွက် ပြန်အလျှော်ပေးတာ ခွင့်လွှတ်မယ်မဟုတ်လား”
နားထင်စပ်တွေကိုတဖွဖွနမ်းရင်း သဘောတကျပြောနေသူကြောင့်သူ့မှာမလှုပ်ရဲ။ဘာတွေဆေးစားမှားထားတာလဲမသိ။
“ငယ်ငယ့်ကို ဘယ်အချိန်ပြန်ပို့မှာလဲ”
“ဘယ်ကိုပြန်ချင်နေတာလဲ”
“အိမ်ပြန်ချင်တယ်”
“ဒါငယ့် အိမ်ပဲလေ”
“မဟုတ်ဘူး အဟင့်…..အီးးးးးး.”
ငိုချလိုက်တော့ သူ့ဖက်ဆွဲလှည့်ကာရင်ဘတ်ဆီဆွဲကပ်လေသည်။
သူ့အိမ်မို့ကလန်ကဆန်လည်းမလုပ်ရဲ၊သူ့ကိုကြောက်နေသဖြင့်ငိုသာငိုနေလေသည်။
“ငိုလိုက် အဆင်ပြေသွားရင်ကိုယ်တို့အကြောင်းဆက်ဆွေးနွေးကြမယ်”
ကျောပြင်လေးပုတ်ပေးတော့ ခေါင်းသာရမ်းပြလေသည်။
“အီးးးးးးးးအိမ်ပဲပြန်ချင်တာပါဆို”
“နောက်ဆိုနေသားကျသွားမှာပါ ကိုယ်ကပိုဂရုစိုက်ပေးမယ်လေ”
“မနေချင်ဘူးလို့ လူဆိုးကြီးနဲ့မနေချင်ပါဘူးဆို”
ရင်ဘတ်ကိုထုရိုက်လာတဲ့လက်တွေကိုလွှတ်ပေးထားမိသည်။ကိုယ့်ရင်ဘတ်မနာပေမယ့် သူ့လက်လေးနာသွားမှာတော့စိုးရိမ်မိသား။
အားရအောင်ငိုခိုင်းလိုက်တော့နာရီဝက်ခန့်ကြာသွားလေသည်။မောသွားသူကရှိုက်ရင်း
သူ့ဖက်ထားတာကိုလည်းမရုန်းနိုင်တော့။
ဒူးအောက်မှပွေ့ချီကာကုတင်ထက်တင်ပေးမိတော့ နားရွက်ကိုပါကိုက်ဆွဲလာလေသည်။သွားထက်ထက်လေးတွေနားရွက်ကိုခဲထားတာကြောင့် သူ့မှာကုန်းကုန်းကွကွ။
“မလွှတ်ပေးတာသေချာပြီလား”
အသံနည်းနည်းမာပြတော့လွှတ်ပေးတာချက်ချင်း။ကြောက်သွားတော့လည်းသူမကျေနပ်ပြန်။သူတို့နှစ်ယောက်ကြားအဓိကစည်းတားထားတာကလည်း သူ့အပေါ်ရှိတဲ့ ငယ်ငယ့်အကြောက်တရားတွေပါပဲ။
“ဆက်ငိုချင်သေးလား”
မျက်ရည်တွေသုတ်ပေးကာမေးတော့ ခေါင်းသာခါပြလာလေသည်။
“မျက်နှာအရင်သစ်ရအောင်”
ပွေ့ချီကာရေချိုးခန်းထဲပို့မည်လုပ်တော့ နောက်ဆုတ်သွားတာကြောင့် လိပ်တက်သွားတဲ့shirtအောက် ပေါင်သားဖွေးဖွေးလေးက ထင်းကနဲပေါ်လာလေသည်။
နေရောင်မထိတဲ့အသားအရေက ကျောက်စိမ်းလိုသန့်စင်လွန်းလှသည်။
မထိန်းနိုင်စွာ ခြေထောက်တွေကိုဆွဲယူလိုက်တော့ အိပ်ယာပေါ်ပက်လက်လဲကျသွားသူက
ကူကယ်ရာမဲ့။ခြေချောင်းလေးတွေမှစကာ ခြေသလုံးသားတွေကို နှုတ်ခမ်းဖြင့်ထိတွေ့ပစ်တော့ ကြောင်အနေသူကရုန်းဖို့မေ့နေဟန်။
ခြေထောက်တွေကိုပခုံးပေါ်တင်ပစ်ကာ အိပ်ယာထက်ဒူးတစ်ဖက်ထောက်လို့ ပေါင်သားတွေဆီခရီးဆက်မှရုန်းဖို့သတိရလေသူ။
“ဘာလုပ်တာလဲ မလုပ်နဲ့လို့လွှတ်ပေး”
အရေးမစိုက်စွာ အရာထင်အောင်အထိစုပ်ယူပစ်တော့ ဖြူဖြူဖွေးဖွေးပေါင်သားလေးတစ်လျှောက် စတော်ဘယ်ရီတွေပြည့်ကုန်လေသည်။
“မလုပ်နဲ့လို့ အီးးးးး အဲ့လူဆိုးကြီးကအနိုင်ကျင့်ပြန်ပြီ”
“ဟားဟားဟား”
သူ့အပြောမှာ သဘောတကျရယ်မိသွားကာ မျက်ရည်တွေကိုနှုတ်ခမ်းနှင့်ပွတ်သုတ်ပေးမိသည်။ပြောစကားတွေပါချစ်ဖို့ကောင်းနေတော့ ဖျစ်ညှစ်ပစ်လိုက်ချင်တာသူမလွန်။
“အနိုင်မကျင့်တော့ဘူး မျက်နှာအရင်သစ်ရအောင်”
ဒီတစ်ခါပွေ့ချီခေါ်တော့မရုန်းတော့။ခြေထောက်နှစ်ချောင်းကြားဝင်ကာ တင်ပါးအောက်ကချီယူလိုက်တာကြောင့် ခြေထောက်လေးတွေက ထားစရာနေရာမတွေ့။သူ့ခါးကိုလည်းမချိတ်ထားတာကြောင့် တန်းလန်း။
“ခြေထောက်တွေခါးမှာချိတ်ထား ပြုတ်ကျမှာမကြောက်ဘူးလား”
“ဘောင်းဘီမပါဘူး”
“အဲ့တာဆို တန်းလန်းလေးပေါ့”
“ဘာကိုလဲ”
“ဘောင်းဘီမပါရင် အောက်ကရွှေဥလေးကတန်းလန်းလေးနေမှာပေါ့”
“ဟုတ်ဖူး အတွင်းခံပါတယ်”
အငိုရပ်သွားသူက သူနှင့်လည်းပြိုင်ငြင်းနေပါသေးတယ်။ကလေးတွေလိုမျိုး ခုငိုလိုက်ခုရယ်လိုက်နဲ့။ချစ်စရာလေး။
လူကိုဘေစင်ထက်တင်ပေးပြီး သွားတိုက်တံမှာသွားတိုက်ဆေးထည့်ကာတိုက်ပေးဖို့ပြင်တော့ ကိုယ်ကိုနောက်သို့ရို့သွားလေသည်။
“ပါးစပ်ဟ…အာ”
“ကိုယ့်ဘာသာတိုက်မှာ”
“မြန်မြန်လုပ်”
သွားတိုက်တံကိုလက်ထဲထည့်ပေးကာ လူကိုဘေစင်ထက်မှပွေ့ချပေးလိုက်သည်။ကြင်နာချင်လည်း ခဏတော့စောင့်ရမှာပေါ့။သူ,မလောပါဘူး။
“အပြင်မထွက်ဘူးလား”
“မထွက်ဘူးမြန်မြန်လုပ်နော် ငါးမိနစ်ကျော်ရင်ကိုယ်တိုင်လုပ်ပေးမှာ”
ထိုအခါမှရှေ့ပြန်လှည့်သွားသူက သွားတိုက်တဲ့ဆီအာရုံပို့သည်။မှန်ထဲမြင်နေရတဲ့ပုံရိပ်ကို အကြည့်မလွှဲမိ။သူ့ရင်ဘတ်သာသာအရပ်လေးက မှန်ထဲကြည့်မှပိုသိသာသည်။အနက်ရောင် shirtကြောင့်အသားဖွေးဖွေးလေးက ပိုထင်ရှားနေကာ သူနှင့်ကြီးနေတာကြောင့် ညှပ်ရိုးတွေကထင်ထင်ရှားရှား။
မှည့်နီလေးဆီကအကြည့်မလွှဲနိုင်တာ သူမျက်နှာသစ်ပြီးတဲ့အထိ။ပုဝါလေးနှင့်မျက်နှာသုတ်ပြီးတော့ အပြင်ထွက်ဖို့ပြင်သူကြောင့်ပွေ့ချီဖို့ပြင်လိုက်သည်။
“ငယ်ငယ်လမ်းလျှောက်တတ်တယ်”
“သိတယ်လေ ဖိနပ်မပါလို့”
“မလိုဘူး အောက်မှာကော်ဇောခင်းထားတယ်”
“ဆက်ပြောနေရင် အဝတ်တွေပေးမလဲတော့ဘူးဒီအတိုင်းပဲနေ”
အောက်နှုတ်ခမ်းလေးဖိကိုက်ကာ ခေါင်းငုံ့သွားမှပွေ့ချီပစ်လိုက်သည်။မတတ်နိုင်ဘူးလေ အဲ့ဒီအိအိလုံးလုံးမွှေးမွှေးလေးက အမြဲပွေ့ထားချင်စရာကောင်းနေတာကို။
သူ့အတွက်ရည်ရွယ်ပြီးခင်းထားတဲ့ မွှေးပွကော်ဇောတွေကိုတော့ပြန်မသိမ်းချင်တော့။မနေ့ညကကိုင်ကြည့်သလောက် သူ့ခြေထောက်လေးတွေကတကယ်ကိုနုပါတယ်။
ကုတင်ပေါ်တင်ပေးကာ သူ့Shirtအပြာရောင်တစ်ထည်ထပ်ယူပေးတော့ မော့ကြည့်လာပြန်ပြီ။သဘောက တခြားဟာပဲဝတ်ချင်တာပါပေါ့။
“ဒါမဝတ်ရင် ကိုယ်တုံးလုံးနဲ့နေ”
“ဘောင်းဘီကဘာလို့မပါတာလဲ”
“မလိုလို့လေ”
“ဘောင်းဘီရောဝတ်မှာ”
“မင်းနဲ့တော်တဲ့sizeမရှိဘူး မင်းရဲ့ခါးသေးသေးလေးက ကိုယ့်ပေါင်တစ်လုံးစာပဲရှိတာ ဘောင်းဘီတစ်ပေါက်ထဲ တစ်ကိုယ်လုံးဝင်လို့ရတယ် shirtတစ်ထည်တည်းနဲ့လုံလောက်တယ်ဒူးတောင်ထိနေပြီဟာကို ဘာတွေထပ်ဝတ်ချင်နေသေးတာလဲ”
“Shopping Mall တွေအများကြီးပိုင်တဲ့ဟာ အဝတ်တစ်စုံတောင်မဝယ်ပေးနိုင်ဘူးလား”
“ကိုယ်ရဲ့တရားဝင်အိမ်ထောင်ဘက်ဖြစ်သွားရင်အကုန်မင်းကိုပေးမှာ အဲ့တာကြောင့် ကိုယ့်ကိုလက်ထပ်”
“မလိုချင်ဘူး လက်လည်းမထပ်ဘူး”
“လက်မထပ်လို့မရတော့ဘူး ကိုယ်မင်းကိုခိုးပြေးလာပြီးပြီ”
“ငယ်ငယ်မှ လူဆိုးကြီးကိုမကြိုက်တာ”
“မကြိုက်လည်းယူရမယ် နောက်ဆိုရင်ကြိုက်သွားလိမ့်မယ်”
“ငယ်ငယ် လူဆိုးကြီးရှေ့ပေါ်မလာဘူးလေ လူကိုဘာလို့အနိုင်ကျင့်ချင်နေတာလဲ”
“ကိုယ်ကရှာလို့ကိုယ့်ရှေ့ရောက်လာတာဖြစ်ဖြစ် မင်းသဘောနဲ့မင်းကိုယ့်ရှေ့ရောက်လာတာဖြစ်ဖြစ် ကိုယ့်ရှေ့ရောက်ရင်ကိုယ့်အပိုင်ပဲ”
“မယူဘူး မယူဘူးလို့”
မျက်စိမှိတ်ကာကုန်းအော်လာတာက ကလေးတွေလိုမျိုး။
“ကိုယ့်ကိုမယူရင်ဘယ်သူ့ကိုယူချင်နေတာလဲ”
“ဘယ်သူ့ကိုမှမယူဘူး”
“ဘယ်သူ့မှမယူမဲ့အတူတူကိုယ့်ကိုပဲယူလိုက် လွတ်လွတ်လပ်လပ်နေခွင့်ပေးမယ် သဘောကျသမျှလုပ်ခွင့်ပေးမယ်”
“ယူမှမယူချင်တာကို”
“ထပ်မပြောချင်ဘူးယူကိုယူရမယ် နှစ်ယောက်လုံးအတွက်အဆင်ပြေနေတာပဲလေ ကိုယ့်အပိုင်ဖြစ်သွားရင်မင်းကိုဘယ်သူမှမထိရဲတော့သလို ကိုယ့်ကိုလည်းဘယ်သူမှနှောင့်ယှက်ရဲတော့မှာမဟုတ်ဘူး ခံစားချက်တွေတိုးလာဖို့ကတော့ကိုယ့်တာဝန်သာထားလိုက်”
“ငယ်ငယ့်မှာသဘောကျနေတဲ့သူရှိရင် ပြန်လွှတ်ပေးမှာလား”
“ပြော ဘယ်ကောင်လဲ အကုန်သတ်ပစ်မှာ”
“အီးးးးးသူ့ကိုမကြိုက်ပါဘူးဆို”
“မငိုနဲ့ငိုနေလည်းအလိုမလိုက်ဘူး ရွေးချယ်စရာနှစ်ခုပေးမယ် အခုလက်ထပ်စာချုပ်မှာလက်မှတ်ထိုးမလား အမှတ်အသားပေးရမှာလား”
“တစ်ခုမှမရွေးချင်ဘူး”
“မရွေးလို့မရဘူး ပင်ထနောင်းညိုကငါ့လက်ထဲမှာ စိုင်းတိမ်ငွေ့ပြာရဲ့တရားမဝင်အလုပ်တွေလည်း သက်သေနဲ့တကွရထားပြီးသား အကုန်လုံးမျိုးတုန်းပစ်မယ်”
“အဲ့လိုလုပ်လို့မရဘူး”
“ရတယ် ငါလုပ်ချင်ရင်ဘာမဆိုလုပ်လို့ရတယ် အဲ့တာကြောင့်အခုရွေး”
“အကြပ်ကိုင်နေတာ အကျင့်မကောင်းတဲ့လူကြီး”
“ဟုတ်တယ်အကြပ်ကိုင်တယ်ကွာ မင်းကိုရဖို့ဆို လူလည်းသတ်နိုင်တယ်မယုံရင်စမ်းကြည့်မလား”
“ပြောတော့ ငယ်ငယ်ကအမှိုက်ပါဆို ဒီအတိုင်းမမြင်ချင်ယောင်ဆောင်နေပေးလို့မရဘူးလား တန်ဖိုးမရှိတဲ့အမှိုက်ကိုဘာလို့လိုချင်နေတာလဲလို့”
“အေးဟုတ်တယ် အရင်တုန်းကဒီအတိုင်းမျက်စိထဲမတော်တဆဝင်တဲ့အမှိုက်လေးဆိုပြီးပေါ့ဆလိုက်မိတာ အခုသတိထားမိတော့မှ အဲ့အမှိုက်ကနှလုံးသားတစ်ခုလုံးကိုအမြစ်တွယ်နေတာ ထုတ်ပစ်ချင်ရင်နှလုံးသားတစ်ခုလုံးပါထုတ်ပစ်ရတော့မယ့်အခြေအနေထိရောက်နေတာလို့”
“အီးးးဟီးးးးဘယ်လိုပဲနေနေလက်မထပ်ဘူးလို့”
“သေချာပြီလား မင်းသူငယ်ချင်းတွေကိုစွန့်ပစ်ဖို့”
“ယောကျ်ားကြီးဖြစ်ပြီး အကျင့်မယုတ်ပါနဲ့”
“ကိုယ်စိတ်မရှည်ဘူး မင်းဘက်ကသေချာပြီဆိုရင်ကိုယ့်လူတွေကိုအကြောင်းကြားလိုက်တော့မယ် အခုစိုင်းတိမ်ငွေ့ကတရားမဝင်စိုက်ခင်းမှာရောက်နေတာ ငါ့လူတွေကနေရာသိထားပြီးသား ပြောကြည့် အသေဖမ်းရမလားအရှင်ဖမ်းရမလား”
“ဘာလို့လူသတ်ဖို့ပဲပြောနေတာလဲ အဲ့ဒါရာဇဝတ်မှု”
“ဥပဒေတစ်ခုဖြစ်ဖို့ကိုယ့်စကားတစ်ခွန်းပဲလိုတယ် မင်းနဲ့ပတ်သပ်လာရင် တရားတာတွေမတရားတာတွေကိုယ့်ဥပဒေမှာမရှိဘူး”
“အဲ့တာဆိုဘာလို့များ ဥပဒေတွေထုတ်နေသေးတာလဲ လုပ်ချင်ရာလုပ်နေကြတာပဲမလား”
“မတူဘူး ကိုယ်ထုတ်တဲ့ဥပဒေတိုင်းကကိုယ့်လက်ခုပ်ထဲကရေလိုလူတွေအတွက် ကိုယ့်အတွက်ဥပဒေတွေကိုတော့ မင်းကိုထုတ်ခွင့်ပေးမယ် အဲ့တာကြောင့်ကိုယ့်ကိုဥပဒေတွေနဲ့ချည်နှောင်ချင်ရင် ကိုယ့်မေတ္တာတွေနဲ့အရင်ချည်နှောင်ခံလိုက် ပြီးရင်ကိုယ်ကမင်းကြိုးဆွဲရာကပေးမယ်”
“ငယ်ငယ် လက်မထပ်ချင်ဘူး”
နူးညံ့နေတဲ့အသံလေးကတောင်းဆိုနေဟန်ပေါက်သလို အသနားခံနေပုံလည်းပေါက်လေသည်။တောင်းပန်တယ်ငယ် လိုက်လျောခြင်းကုဋေကဋာမှာ ကိုယ့်အနားကခွာသွားဖို့တစ်ခုတည်းသာကိုယ်ငြင်းဆိုမှာပါ။
“အဲ့တာဆို အမှတ်အသားအပေးခံလိုက် မင်းသဘောကျကိုယ်လွှတ်ထားပေးမယ်”
“ယာ…ယာယီအမှတ်အသားလား”
“No…တစ်သက်တာအမှတ်အသား”
“မလုပ်ချင်ဘူး”
“အချိန်နှစ်မိနစ်ပေးမယ် ပြီးရင်တော့ရွေးချယ်ခွင့်ကုန်ပြီနော် ဒါကိုတွေ့လားစိုင်းတိမ်ငွေ့ပြာရဲ့လက်ရှိနေရာ ဒီတစ်ခုကကိုယ့်လူတစ်ယောက်ဆီမှာရောက်နေတဲ့ပင်ထနောင်းညို ကိုယ်ဖုန်းတစ်ချက်ပဲဆက်ဖို့လိုတယ် နှစ်မိနစ်အတွင်းပြီးအောင်ရွေး”
ဖုန်းအားပြကာဆိုလိုက်တော့ ထိတ်လန့်သွားသူက အပြစ်ကင်းစင်သည့်မျက်ဝန်းဝိုင်းကြီးတွေဖြင့်သာမော့လာပုံက ချစ်စရာကောင်းသလိုသနားစရာလည်းကောင်းလေသည်။
“ကိုယ်အချိန်မှတ်ထားတာမလို့ စဥ်းစား”
“အဲ့လိုမလုပ်ပါနဲ့”
“……………”
“အဲ့လိုလုပ်လို့မရဘူးလေဗျာနော် ငယ်ငယ်ထက်ပိုတော်ပြီးပိုချောတဲ့သူကို ငယ်ငယ်ကိုယ်တိုင်ရှာပေးမယ်လေနော်”
“……………”
“တခြားတစ်ယောက်မလိုချင်ဘူးလား အဲ့လိုဆို လူဆိုးကြီးနမ်းတိုင်းလည်းခံမယ်လေဗျာ တွေ့ချင်ရင်လည်းလာတွေ့ပေးမယ်လေ စကားလည်းနားထောင်ပါ့မယ် အဲ့လိုမလုပ်ပါနဲ့”
“……………”
“တွဲကြည့်မယ်လေနော်အစမ်းတွဲကြည့်မယ်လေ အဆင်ပြေမှလက်ထပ်ကြရအောင်လေနော်”
ရောက်တတ်ရာရာစကားတွေက အဓိပ္ပါယ်မရှိတာလည်းသူမသိတော့။
“……………”
“ရုတ်တရတ်ကြီးဆိုရင် တခြားလူတွေက ဘယ်လိုလုပ်ပြီးယုံကြည်မှာလဲ ဖြည်းဖြည်းချင်းသွားကြမယ်လေဗျာ ငယ်ငယ်ကလည်းအခုထိမရင့်ကျက်သေးဘူးလေ အရင်အစမ်းသဘောပဲတွဲကြည့်ကြမယ်လေနော်”
သူ့ဘက်ကတရစပ်ပြောနေသော်လည်း ဖုန်းကိုသာငုံ့ကြည့်နေသူကအရေးမလုပ်။သူ့စကားတွေနားထဲမဝင်ဟန်။သူ့မှာသာကုတင်ပေါ်ဒူးထောက်ပြီး သူ့မျက်နှာကိုလိုက်ကြည့်ကာအားကြိုးမာန်တက်ပြောနေရတာ။
နည်းနည်းလောက်သာစိတ်ပြောင်းရင် သူတို့တွဲကြည့်ရုံနှင့်ဇာတ်လမ်းပြတ်နိုင်ပါသည်။ဘာလို့ဇာတ်ကြောင်းပြောင်းသွားလဲမသိသော်ငြား အချိန်တန်ရင်မုတ်သုံနှင့်သာပေါင်းဖက်မည်ဟု စိတ်ထဲမှယုံကြည်နေခြင်းဟာလည်းသူ့မသိစိတ်မှာစွဲနေပါသည်။
သို့သော်လက်တွေ့အခြေအနေအားလည်း သိပ်လျှော့တွက်၍မရ။မူလဇာတ်လမ်း၌ပင်မရှိခဲ့ဖူးသော ဇာတ်လိုက်၏ပိုင်ဆိုင်လိုစိတ်က အကြမ်းဖက်ကာပြန်ပေးဆွဲသည့်အဆင့်အထိတိုးတက်လွန်းနေသည်မှာမယုံနိုင်စရာ။
“အချိန်ပြည့်ပြီ ရွေးပြီးပြီလား”
“မဟုတ် အဲ့လိုမဟုတ်”
ပြောစကားမဆုံးခင်ဖုန်းဆက်လိုက်သူက သူ့စကားကိုအဖက်မလုပ်ဟန်။
“စိုက်ခင်းကိုဝင်စီးလိုက် လူတွေကိုအသေရရအရှင်ရရ..”
“မဟုတ်ဘူးလို့”
ဖုန်းကိုဇွတ်ဆွဲလုတော့ သူမမှီအောင်အနောက်ကိုဆုတ်သွားလေသည်။မရမကလိုက်လုတော့ လက်တစ်ဖက်နှင့်သိမ်းကျုံးချုပ်ထားတာမို့လှုပ်လို့ပင်မရ။
“လူအင်အားများများခေါ်သွား တစ်ယောက်မှမလွတ်စေနဲ့”
“သဘောတူတယ်..လက်ထပ်ဖို့သဘောတူတယ်လို့ အဲ့လိုမလုပ်ပါနဲ့”
ထိုအခါမှစောင်းငဲ့ကြည့်လာသူက
“သေချာလား”
“ဟုတ်ဟုတ် သေချာတယ် အဲ့တာကြောင့်ကျေးဇူးပြုပြီး ပြွတ်”
သူ့စကားမဆုံးခင် နှုတ်ခမ်းထက်အနမ်းတစ်ချက်စွန်းသည်။
“သွားစရာမလိုတော့ဘူး ဒါပဲ”
ဖုန်းချပြီးတာနှင့် သူ့အားအိပ်ယာထက်ဖိကာ ပေးလာတဲ့အနမ်းတွေကမွတ်မွတ်သိပ်သိပ်။မျက်နှာတစ်ပြင်လုံးသူ့အနမ်းရာတွေပြည့်သွားမှ နှဖူးချင်းတိုက်ကာအကြည့်ချင်းဆုံလာလေသည်။
“ဒီနေ့ကစပြီး မင်းကကိုယ့်အပိုင်ဖြစ်သွားပြီနော်”
ပြောရင်း သူ့အားဆွဲထူပေးကာအဝတ်လဲပေးလေသည်။စနောက်ပြီးယူလာဟန်ရှိသော သူ့ Shirtကိုမဝတ်ပေးဘဲ အဝတ်ဗီဒိုထဲမှ pajamaအပြာရောင်လေးကိုယူပေးလေသည်။
အစောနကမုန်တိုင်းအရိပ်အယောင်က ခုတော့လည်းတိမ်ကင်းစင်တဲ့ပင်လယ်ပြင်လိုကြည်လင်လို့။မာယာတွေများလိုက်တာ။
“ဘာလုပ်မလို့လဲ”
“အဝတ်လဲပေးမလို့”
“ဟင့်အင်းမရဘူး ငယ်ငယ့်ဘာသာဝတ်မှာ အပြင်ထွက်ပေး”
“ဘာတွေရှက်နေတာလဲ ပထမဆုံးအကြိမ်မှမဟုတ်တော့တာ ကိုယ်အကုန်မြင်ဖူးပြီးသား နောက်လည်းမြင်ရမယ့်အတူတူရှက်မနေနဲ့ လာ”
“ဟင့်အင်းလို့မရဘူး မချွတ်နဲ့လို့ အားး အညစ်ပတ်ကြီးလူဆိုးကြီး လွှတ် မချွတ်နဲ့လို့”
ပြောပြောဆိုဆိုသူ့အဝတ်တွေအကုန်ဆွဲချွတ်ပစ်သူကြောင့် တားချိန်တောင်မရလိုက်။လက်သေးသေးလေးနှစ်ဖက်ပေါင်းမှ သူ့လက်ကြီးတစ်ဖက်စာသာရှိသောကြောင့် လက်တစ်ဖက်ကချုပ်ထားပြီး ကျန်တစ်ဖက်ကဆွဲချွတ်ပစ်တာမြန်မှမြန်။
ကိုယ်ပေါ်မှာအတွင်းခံတစ်ထည်သာရှိသောကြောင့် သူ့တစ်ကိုယ်လုံးရှက်သွေးဖြာကာ နီနီရဲရဲပုဇွန်ကင်လေးလို။အခုမှသတိထားမိတာက သူအခုဝတ်ထားတဲ့အတွင်းခံကသူ့ဟာမှမဟုတ်တာ။
သူ့အခြေနေကိုရိပ်မိသွားသူက အဝတ်တွေစွပ်ပေးနေရင်း ဖြေရှင်းချက်ပေးလာလေသည်။
“ကိုယ်မင်းနဲ့သင့်တော်မယ်ထင်တာတွေ အကုန်ဝယ်ထားတယ် အတွင်းခံတွေရောပဲ
မနေ့ညကကိုယ်လဲပေးထားတာ ချွေးတွေစိုနေလို့”
သူတောင့်ခဲသွားပြီး မလှုပ်မယှက်နှင့်မျက်စိသာမှိတ်ထားတော့သည်။အသေကောင်လိုမျိုး လုပ်ပေးသမျှခံနေမိသည်။မျက်စိမှိတ်ထားလိုက်ရင်ဘာမှမမြင်ရတော့ဘူး အဲ့တာဆိုရင်ရှက်စရာမလိုတော့ဘူး။
ရုန်းနေလည်းနိုင်မှမနိုင်တာ။အဲ့တော့အပင်ပန်းခံမနေတော့ဘူး။
“ငယ်ငယ့်ရွှေဥလေးက သေးသေးဖွေးဖွေးလေး ပြီးတော့…”
“မပြောနဲ့တော့”
“ရပါတယ် အခုလိုရှက်နေတာဖြစ်သင့်တာပဲ နောက်ဆိုရင်ကျင့်သားရတဲ့အထိကိုယ်တာဝန်ယူပေးမယ်”
“ဘာကိုကျင့်သားရ,ရမှာလဲ”
“ကိုယ့်ရှေ့မဝတ်မပါလည်းမရှက်တော့အောင်လို့လေ”
“ဘာလို့အဝတ်မပါဘဲနေရမှာလဲ”
“ကိုယ်နဲ့အတူနေရင်အဝတ်မကပ်မှာတော့သေချာတယ်”
သူ့စကားကြောင့် မှိတ်ထားတဲ့မျက်ဝန်းတွေ ဖျတ်ခနဲပွင့်လာလေသည်။အဲ့လူကြီးကတော့သူပြောတာမမှားဘူးဆိုတဲ့အထာဖြင့် ကြယ်သီးတပ်ပေးနေတာတောင်မပျက်။
“ဘယ်သူကနေမယ်ပြောလို့လဲ”
“ဘာလဲ လက်ထပ်ပြီးခွဲနေဖို့စဥ်းစားနေတာလား”
“အဲ့လိုမရဘူးလား”
“အဟက်”
ပြန်မဖြေလာဘဲ တစ်ချက်သာရယ်လိုက်သူက ဝတ်ပေးလို့ပြီးသွားတာကြောင့် လူကိုဆွဲထူပေးလာပြီးပွေ့ချီသွားပြန်သည်။အဲ့လူကြီးက ပွေ့ရတာစွဲလန်းနေတဲ့အရူးကြီးနေမှာ။သေးကွေးနေတဲ့သူခန္တာကိုယ်ကိုပဲ အပြစ်ဆိုရတော့မှာပေါ့။
အခန်းတံခါးဖွင့်ကာထွက်လိုက်ပြီး အခြားအခန်းတစ်ခုသို့ကူးသွားတာကြောင့် စကားမဆိုမိသေး။အပြင်အဆင်တွေကိုလေ့လာကြည့်တော့ အားလုံးသစ်လွင်နေပုံကပြင်ဆင်ထားတာသိပ်မကြာသေးဟန်။
အရင်တစ်ခါရောက်ခဲ့တုန်းက အိပ်မက်ဆိုးကြောင့်ထိတ်လန့်နေ၍ မည်သည့်အရာကိုမှသတိမပြုမိခဲ့။
စာကြည့်ခန်းဟုယူဆရသောအခန်းထဲသို့ရောက်မှ စားပွဲရှေ့မှsofaပေါ်ချပေးလေသည်။ထို့နောက် မှန်တံခါးဆီလျှောက်သွားကာတံခါးကိုဖွင့်လိုက်သောကြောင့် မိုးရွာသံနှင့်အတူ စံပယ်ရနံ့တို့ကနှာဝသို့ရိုက်ခတ်လာလေသည်။သူနေရာမှထဟန်ပြင်တော့
“ထိုင်နေ ကြမ်းပြင်ကအေးတယ်”
ပါကေးခင်းထားတဲ့ကြမ်းပြင်ထက်ချမည့်သူ့ခြေထောက်တွေ လေထဲတန့်သွားလေသည်။
ထို့နောက်စာရွက်တစ်ချို့ယူလာကာသူ့ရှေ့ချပေးလာတာကြောင့် ဖတ်ကြည့်မိမှသူနောက်သို့ပင်ဆုတ်လိုက်မိသည်။
ဦးသမုဒ္ဒရာနှင့်မောင်လခြမ်းငယ်ငယ် တို့၏ နှစ်ဦးသဘောတူလက်ထပ်စာချုပ်တဲ့……
“ပြောထားတာကိုမှတ်မိတယ်မလား လက်မှတ်ထိုးလိုက်”
သူတွန့်ဆုတ်နေတာမြင်တော့ အိပ်ကပ်ထဲမှဖုန်းဆီလက်ရောက်သွားပြန်သည်။
“လက်မှတ်ထိုးလိုက်မယ် ဖုန်းမဆက်ပါနဲ့ “
“မြန်မြန် “
မျက်မှောင်တွန့်ကာကြည့်လာတာမို့ ဘောပင်အားကောက်ကိုင်ကာ သူ့နံမည်အောက် လက်မှတ်ထိုးလိုက်မိသည်။တုန်ယင်နေတဲ့လက်တွေကြောင့် စာလုံးလေးတွေတော့မလှပခဲ့။
သူတို့ကလက်မှတ်ထိုးလိုက်ရုံလေးပါပဲ။လူသိရှင်ကြားလည်းမဟုတ်ဘူး။တစ်သက်တာအမှတ်အသားထက်တော့ အများကြီးပိုကောင်းမှာပါ။
ကလေးအတွေးလေးနှင့်သူ ဥာဏ်များလွန်းလှတဲ့Dominant Alpha ကြီးအား လျှော့တွက်ကာ တစ်ဘဝလုံးအပိုင်စားပေးလိုက်မိတော့တာပါပဲ………
################
ငြိမ်း🌻🌞
“ငယ်ငယ်ကြိုက်လား”
“ကိုယ်မေးနေတာဖြေ “
“မေးနေရင်ဖြေလေကွာ”
“ဘာ…ဘာကိုဖြေရမှာလဲ”
“ကြိုက်…ကြိုက်တယ်”
“အိမ်ပြန်ချင်တယ်”
“ဒါငယ့် အိမ်ပဲလေ”
“ဆက်ငိုချင်သေးလား”
“ဟားဟားဟား”
“ဘောင်းဘီမပါဘူး”
“ဘာကိုလဲ”
“ပါးစပ်ဟ…အာ”
“ကိုယ့်ဘာသာတိုက်မှာ”
“မြန်မြန်လုပ်”
“အပြင်မထွက်ဘူးလား”
“သိတယ်လေ ဖိနပ်မပါလို့”
“မလိုလို့လေ”
“ဘောင်းဘီရောဝတ်မှာ”
“မယူဘူး မယူဘူးလို့”
“ဘယ်သူ့ကိုမှမယူဘူး”
“ယူမှမယူချင်တာကို”
“တစ်ခုမှမရွေးချင်ဘူး”
“အဲ့လိုလုပ်လို့မရဘူး”
“ယောက်ျားကြီးဖြစ်ပြီး အကျင့်မယုတ်ပါနဲ့”
“ယာ…ယာယီအမှတ်အသားလား”
“No…တစ်သက်တာအမှတ်အသား”
“မလုပ်ချင်ဘူး”
“အဲ့လိုမလုပ်ပါနဲ့”
“……………”
“……………”
“……………”
“……………”
“မဟုတ် အဲ့လိုမဟုတ်”
“မဟုတ်ဘူးလို့”
“သေချာလား”
“ဘာလုပ်မလို့လဲ”
“အဝတ်လဲပေးမလို့”
“မပြောနဲ့တော့”
“အဲ့လိုမရဘူးလား”
“အဟက်”
ထို့နောက်စာရွက်တစ်ချို့ယူလာကာ သူ့ရှေ့ချပေးလာတာကြောင့် ဖတ်ကြည့်မိမှ သူ့နောက်သို့ပင်ဆုတ်လိုက်မိသည်။
“မြန်မြန် “
################
ငြိမ်း🌻🌞
Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၅, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၅, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၅ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၅ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၅ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၅ light novel, ,
Comment
Leave a Reply
Chapter 26