Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၆

A+ A-

ယနေ့မနက်ခင်းတက်လာသည့်သတင်းကြောင့် တစ်နိုင်ငံလုံးအုတ်အော်သောင်းနင်းဖြစ်နေလေသည်။

အချစ်ရေးနှင့်ပတ်သပ်၍ မည်သည့်အခါမျှ သတင်းမထွက်ခဲ့သူ နိုင်ငံကျော်Dominant Alphaကြီးက တရားဝင်လက်ထပ်လိုက်ပါပြီတဲ့။ကောလဟာလမဟုတ်သော ထိုသတင်းက သူ့ကိုယ်ပိုင်Accမှာလက်ထပ်စာချုပ်အား ကိုယ်တိုင်တင်ထားလေသည်။

လခြမ်းငယ်ငယ်ဆိုသောထိုနံမည်က စိမ်းသက်လွန်းလှ၍မသိသူမရှိသလောက်ပင်။မြင်ဖူးသူမရှိသည့်ထိုကံကောင်းသူလေးက Omegaလေးများ၏ အားကျခြင်းရောမနာလိုခြင်းပါခံနေရလေသည်။

ထင်မြင်ချက်အမျိုးမျိုးဖြင့် ထိုသတင်းက သုံးရက်ကြာသည်အထိအရှိန်မသေသေး။ပေါ်တင်ဆွေးနွေးကြသူများရှိသလို Alphaကြီးကိုကြောက်၍ တိုးတိုးတိတ်တိတ်ဆွေးနွေးသူများလည်းရှိသည်။

လက်မခံနိုင်သူတစ်ချို့က သူတို့Alphaကြီး တစ်ခုခုနှင့်အကြပ်ကိုင်ခံရ၍သာ ယခုကဲ့သို့ လူသိထင်ရှားထုတ်ဖော်ကြေငြာရကြောင်း သူ့ဘက်ကစိတ်ပါဝင်စားမှုမရှိ၍သာ လူသူမသိသည့်ထိုOmegaလေးအားအားလုံးနှင့်မိတ်ဆက်မပေးလာတာဖြစ်ကြောင်း၊လက်ထပ်စာချုပ်သာထုတ်ပြလာပြီး မဂ်လာပွဲအခြေအနေမမြင်ရသောကြောင့် ပြီးစလွယ်အခြေနေနှင့်သာလက်ခံထားရသော တန်ဖိုးထားမခံရသည့်သာမာန်Omegaလေးသာဖြစ်ကြောင်း ထင်မြင်ချက်များထုတ်နေလေသည်။

တစ်ချို့ထင်မြင်ချက်များက လက်သင့်ခံစရာကောင်းသောကြောင့် လူတစ်ချို့၏ သို့လောသို့လောအတွေးများက အမှန်တရားတစ်ခုပင်ဖြစ်လာနေလေသည်။

တစ်ချို့ကြတော့လည်း သူတို့Alphaကြီးကို ဘယ်လိုလူမျိုးကမှခြိမ်းခြောက်နိုင်စွမ်းမရှိခြင်းကြောင့် ယခုကိစ္စမှာ Alphaကြီး၏သဘောထားအမှန်ပင်ဖြစ်နိုင်ပြီး ထုတ်ဖော်ပြသလာခြင်းမရှိသေးသည်မှာ အကြောင်းရင်းရှိနိုင်ကြောင်းထင်မြင်ကြလေသည်။

Horizonဆေးရုံ၌လည်း စူးစမ်းသူများနှင့်ပြည့်နေပြီး အရင်လတွေအတွင်းထိုAlphaကြီးနေ့တိုင်းရောက်လာတတ်သောကြောင့် ယခုလက်ထပ်လိုက်သူမှာဆေးရုံမှတစ်ယောက်ယောက်ဟုထင်မြင်နေကြ၍ဖြစ်သည်။သို့သော်ထိုဆေးရုံ၌ ယခုကဲ့သို့နံမည်မရှိ။

သုံးရက်မြောက်နေ့၌ အားလုံးအံ့ဩစရာတစ်ခုအားရှာတွေ့ခဲ့လေသည်။ထိုOmegaလေးနှင့် အတန်းတူသူငယ်ချင်းတစ်ယောက်ဖော်ပြလာသောပုံတစ်ပုံကြောင့်ပင်။

ဘွဲ့နှင်းသဘင်အခမ်းအနား၌ ပါးချိုင့်တွေခွက်ဝင်အောင်ပြုံးနေသည့်ကောင်လေးမှာ သူငယ်ချင်းနှစ်ယောက်၏ပွေ့ချီထားမှုတွင် ခမ်းခမ်းနားနား။

ထိုအခါမှ တစ်ယောက်ပြီးတစ်ယောက်ဆွဲထုတ်လာကြသည်မှာ မတော်တဆရိုက်ထားခဲ့မိသည့်ထိုကောင်လေး၏လျှပ်တပြတ်ပုံများပင်။အသိုင်းဝိုင်းဝိုင်းကြီးမှဖြစ်လျှင် ပြဿနာဖြစ်မည်ကြောက်၍သာ အရင်တုန်းကထိုပုံတွေမပျံ့နှံ့ခဲ့ခြင်း။

လမ်းသွားရင်းမတော်တဆတွေ့ကာ ချစ်ဖို့ကောင်းလွန်း၍ရိုက်ယူထားမိသောထိုကောင်လေးပုံတွေကပျံနှံ့လာလေရာ Alphaကြီး၏သက်ဆိုင်သူကချစ်ဖို့ကောင်းလွန်းသောကြောင့်
နံမည်ကြီးနေလေသည်။အကယ်၍သူမဟုတ်ခဲ့ပါကလည်း Alphaကြီးများအတွက် အိမ်မက်နတ်သားလေးအဖြစ်ကျော်ကြားနေပြီဖြစ်သည်။

ထိုကောင်လေး၏နောက်ကြောင်းကိုတူးဖော်ရင်း Dominant Alpha ကြီး၏အိမ်ထောင်ဖက်ဟူသောဖြစ်နိုင်ခြေမှာ တဖြည်းဖြည်းမြင့်တက်လာလေသည်။

အိမ်တွင်းပုန်းကာ လျှို့လျှို့ဝှက်ဝှက်နေထိုင်တတ်၍သာသိသူသိပ်မရှိသော်လည်း ထိုOmegaလေး၏အလှမှာ သာမာန်Omegaများထက်မသာလွန်လျှင်တောင် မနိမ့်ကျ။

ထို့အပြင် ယခင်လတွေအတွင်း ထိုကောင်လေးနေထိုင်သည့်ကွန်ဒိုရှေ့၌ Alphaကြီးအားမကြာခဏတွေ့ရတတ်ပြီး ထိုကောင်လေးနေသည့်အထပ်သို့တက်သွားသည်ကိုပင်တွေ့သူရှိခဲ့လေသည်။

ဆွေးနွေးသူတွေကြား အုန်းအုန်းကျက်ကျက်ဖြစ်နေသော်လည်း ကာယကံရှင်မှာမူ သူ့Omegaလေးအားအနိုင်ကျင့်ကာ သာသာယာယာပင်။

ပြင်ပမှအကြောင်းအရာတွေအားမသိရသေးသည့်ငယ်ငယ့်မှာတော့ ထိုလူကြီးလက်ကလွတ်ဖို့သာပထမဦးစားပေး။လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပေးလျှင်အိမ်ပြန်ခွင့်ပေးမည်ထင်ခဲ့သော်လည်း ထိုအရာကအိမ်မက်တစ်ခုလိုပင်။

တရားဝင်အိမ်ထောင်ဖက်တွေဖြစ်သွားပြီဟုဆိုကာ အမြဲအသားယူချင်နေသူကြောင့် အခန်းထဲမှပင်ထွက်ခွင့်မရှိ။သူငယ်ချင်းတွေအဆင်ပြေနေပါသည်ဟုဆိုသော်လည်း ဆက်သွယ်ခွင့်မပေးသေး။ဦးလေးမိသားစုအားအကြောင်းကြားထားပြီး သူတို့ရောက်လာမှဆွေးနွေးမည်ဟုဆိုလာလေသည်။

ယခုရက်ပိုင်းမိုးမရွာ၍ ရာသီဥတုကသာသာယာယာပင်။တိမ်ငွေ့လည်းပြန်ရောက်နေပြီဟုဆိုကာ သူကိုယ်တိုင်ခေါ်လာပေးပါမည်တဲ့။

သူငယ်ချင်းတွေနှင့်ဦးလေးတို့ရောက်ရင်တော့ သူ့ဘက်မှာပြောပေးမယ့်သူရှိပြီ။အခြေအနေတွေထပ်မရှုပ်ဖို့အကူအညီတောင်းရမည်။ခံစားချက်တွေမဖြစ်လာမချင်း အတူမနေရဖို့ကိုလည်းအကူအညီတောင်းရမည်။

အနေကြာရင်သွေးအေးသွားနိုင်ပါလိမ့်မည်။ပြီးရင် မုတ်သုံနှင့်နီးစပ်အောင်စီစဥ်ပေးမည်။သူတို့နှစ်ယောက်နီးစပ်သွားမှ သူထွက်သွားဖို့နည်းလမ်းရှာမည်။သူ့အတွေးတွေနဲ့သူ အေးချမ်းနေ၍ အောက်မှအခြေနေကိုမသိသေး။

လူစုံနေသောဧည့်ခန်းထဲ သက်တော်စောင့်တစ်ဦး၏ ခေါ်ဆောင်မှုဖြင့်​ရောက်လာသူက တိမ်ငွေ့။ကျောက်စက်ကနောင်းညိုကိုခေါ်လာသည်နှင့်တိုးတော့ သူငယ်ချင်းနှစ်ယောက် အကြည့်ချင်းဆုံသွားသည်။

တိမ်ငွေ့အကြည့်ကိုလွှဲလိုက်ပြီး ဦးတည်ရာက သမုဒ္ဒရာဆီ။မတ်တပ်ထရပ်လိုက်သူကို ကော်လံမှဆွဲပြီး မျက်နှာထက်လက်သီးတစ်ချက်ပစ်သွင်းသည်။

“ခွပ်”

နောက်တစ်ချက်ထိုးမည်ပြင်တော့ လက်ကိုဖမ်းဆုပ်ကာနောက်သို့တွန်းပစ်လေသည်။ဒေါသထွက်နေသည့် Alphaတစ်ယောက်၏လက်သီးမို့ နှုတ်ခမ်းစွန်းသွေးစို့လာသည်အထိ။သူမထီသလိုတစ်ချက်ကြည့်လိုက်ပြီး လက်မဖြင့်သွေးစတို့ကိုပွတ်သုတ်လိုက်ကာ……

“ငါမှားခဲ့တာတွေရှိလို့ မင်းကိုတစ်ချက်ပေးထိုးလိုက်တာ မရှောင်တတ်လို့မဟုတ်ဘူး နောက်တစ်ချက်တော့ရမယ်မထင်နဲ့”

“အကြောရှည်မနေနဲ့ လခြမ်းဘယ်မှာလဲ”

ဧည့်ခန်းအလယ် Alphaနှစ်ယောက်၏ထိပ်တိုက်တွေ့မှုကြောင့် လေထုပါအေးခဲမတတ်။ဘေးမှာရပ်ကြည့်နေသူတွေလည်းဝင်မပါရဲသေး

“သူကအခု ငါ့အိမ်ထောင်ဖက်ဖြစ်သွားပြီ”

“ဘယ်သူ့သဘောနဲ့လဲ ခင်ဗျားသဘောနဲ့ခင်ဗျားလုပ်ချင်ရာလုပ်လို့ရတဲ့ထဲမှာ ကျုပ်သူငယ်ချင်းမပါဘူး အခုချက်ချင်းထုတ်ပေး”

“အဲ့လိုထုတ်မပေးချင်လို့ တကူးတကသွားခိုးလာတာလေ”

“ရတယ် ကိုယ့်ဘာသာသွားခေါ်မယ်”

ထွက်သွားဟန်ပြင်သူကို သက်တော်စောင့်တွေကဝိုင်းချုပ်မည့်ဟန်ပြင်တော့ နောင်းညိုကရှေ့တိုးလာသလိုGeoပါလှုပ်လာလေသည်။

“ခေါင်းမမာစမ်းနဲ့စိုင်းတိမ်ငွေ့ပြာ သူကငါ့အိမ်ထောင်ဖက်ဆိုတာတစ်နိုင်ငံလုံးသိပြီးပြီ သူ့သူငယ်ချင်းတွေမို့လို့ငါဘာမှမလုပ်ချင်ဘူး အခြေနေကိုလက်ခံဖို့ကြိုးစားလိုက်”

“ဘယ်တော့မှသဘောမတူဘူး”

“ငါကဘာဖြစ်နေလို့လဲ ပြောစမ်းပါအုံး”

“ခင်ဗျားဖြစ်နေလို့လေ သူ့ကိုအမြဲဒဏ်ရာပေးတဲ့ခင်ဗျားဖြစ်နေလို့ သူ့ကိုအမြဲငိုအောင်လုပ်တဲ့ခင်ဗျားဖြစ်နေလို့ ဘယ်တော့မှနှလုံးသားရှိလာမှာမဟုတ်တဲ့ခင်ဗျားဖြစ်နေလို့”

လက်ညှိုးထိုးကာဆိုလာတဲ့ စကားသံတွေက ဒေါသတွေအပြည့်။

“ဟုတ်တယ်အရင်ကငါမှားခဲ့တယ် နောက်ဘယ်တော့မှထပ်မမှားအောင်ဆင်ခြင်မယ် အဲ့တာတွေကလွဲရင် ငါ့မှာဘာချွင်းချက်မှရှိမနေတာသေချာတယ်”

“ခင်ဗျားကိုယုံစရာလား တစ်ဖက်ကအလိုမတူဘဲအတင်းတွေပြန်ပေးဆွဲလာပြီး ကြင်နာပြမယ်လုပ်မနေနဲ့ သူ့ဘက်ကသဘောမကျရင်ခင်ဗျားဘယ်တော့မှမရစေရဘူး အခုချက်ချင်းလူကိုထုတ်ပေး”

“အကယ်၍ သူ့ဘက်ကကိုယ်နဲ့လက်ထပ်ဖို့သဘောတူထားတယ်ဆိုရင် မင်းကိုယ်တို့အခြေအနေကိုလက်ခံပေးမှာလား”

“လက်မခံဘူး သူလက်ခံထားတယ်ဆိုရင်လည်း ခင်ဗျားခြိမ်းခြောက်ထားလို့ဖြစ်မှာ သူကြောက်တတ်တာကိုအခွင့်ကောင်းယူပြီးခင်ဗျားခြိမ်းခြောက်ထားလို့သာသူလက်ခံတာ”

“ဘယ်လိုနေနေ ငါတို့ကတရားဝင်ဖြစ်သွားပြီ အတူတူလည်းအိပ်ပြီးသွားပြီ”

“ဘာ…ခင်ဗျားကိုသတ်မယ် ခင်ဗျားသူ့ကိုအနိုင်ကျင့်တာမလား သူအလိုမတူဘဲအနိုင်ကျင့်ထားတာမလား”

ပြောရင်းထိုးမည်ပြင်တာကြောင့် အားလုံးဝိုင်းဆွဲရလေသည်။ဒေါသကြီးသူကထိန်းမနိုင်။Geoပါဝင်ဆွဲရလေသည်။

“ဖယ်စမ်း.. လွှတ်. ..ကျုပ်ခင်ဗျားကိုသတ်မှာ”

“ငွေ့..စိတ်လျှော့”

“မင်းငါ့ကိုမထိနဲ့ပထဝီ မင်းကိုယုံမိတဲ့ငါကိုကမှားတာ အခုကိစ္စမင်းလည်းပါတယ်မလားဖမ်းလေငါ့ကို ငါလုပ်နေတဲ့အလုပ်တွေအကုန်မင်းသိနေတယ်မလား အဲ့ကိစ္စတွေနဲ့ပါ လခြမ်းကိုခြိမ်းခြောက်ထားတာမလား အဲ့တာကြောင့်သူလက်မှတ်ထိုးလိုက်ရတာမလား ငါ့ကိုဖမ်းလိုက်ထောင်ချပစ်လည်းမကြောက်ဘူး အခုချက်ချင်းလခြမ်းကိုလွှတ်ပေး”

ဒေါသထွက်နေတာမို့ဘာကိုမှမတွေးတောနိုင် တွေ့သမျှအားလုံးဒေါသတွေပုံချပစ်ချင်နေပါသည်။

“ငွေ့..ကိုယ်”

“ခွပ်… မကြားချင်ဘူးဘာမှမပြောနဲ့ လခြမ်းကိုထုတ်ပေးလို့”

ဆွဲနေသူကိုလက်သီးတွေပါပစ်သွင်းရင်း ဒေါသတွေသာထွက်နေလေသည်။သူကြည့်မနေနိုင်တော့ ရင်ဘတ်ကိုစောင့်တွန်းပစ်ရင်း

“တော်လိုက်တော့စိုင်းတိမ်ငွေ့ ဒီကိစ္စထဲ Geoကိုဆွဲမထည့်နဲ့ မင်းစိုက်ခင်းတွေအကြောင်းသူတစ်ခါမှမပြောခဲ့ဖူးဘူး ငါ့မှာလူတွေရှိပြီးသား ငါ့လူတွေဆီကငါသိတာ အေးဟုတ်တယ်သူလက်မှတ်ထိုးလာဖို့မင်းတို့တွေနဲ့ခြိမ်းခြောက်ထားတယ် အဲ့တော့ဘာဖြစ်လဲ သူ့တစ်ဘဝစာလုံးငါတာဝန်ယူနိုင်လို့လေ သူ့တစ်ဘဝလုံးလက်ညှိုးညွှန်ရာရေ ဖြစ်တဲ့အထိငါတာဝန်ယူနိုင်လို့”

“အဲ့တော့ဘာလုပ်ရမှာလဲ သူခင်ဗျားကိုမကြိုက်ဘူးလေ သူမချစ်တဲ့သူနဲ့တစ်သက်လုံးနေသွားရမှာကို ကျုပ်တို့ကလက်ခုပ်တီးပေးနေရမှာလား”

“လက်ခုပ်မတီးခိုင်းဘူး လက်ပိုက်ကြည့်နေရုံနဲ့ရတယ် ငါ့ကိုယ်ငါယုံတယ်သူငါ့ဆီမှာပျော်လာစေရမယ်”

“ခင်ဗျားနဲ့ဝေးရာမှာလဲသူပျော်နေတာပဲလေ”

“ဒါပေမယ့်သူ့ကိုငါမပိုင်ဘူးလေ ငါ့ပိုင်ဆိုင်မှုမဟုတ်ရင်တခြားသူတွေကငမ်းငမ်းတက်လိုချင်နေမှာ တစ်ခြားသူတွေကိုကြည့်ခွင့်မပြောနဲ့ တွေးခွင့်တောင်မပေးနိုင်ဘူး”

“ခင်ဗျားအတ္တမကြီးစမ်းနဲ့ ခင်ဗျားလိုချင်တာတွေအားလုံးရခဲ့ဖူးတာနဲ့ လူတစ်ယောက်ကိုသက်မဲ့လိုသဘောထားပြီး အနားဆွဲခေါ်ထားလို့မရဘူးဗျ သူ့လိုတာမှန်သမျှအားလုံးပေးနိုင်တယ်လို့ခင်ဗျားပြောနေပေမယ့် သူတကယ်လိုချင်တာလွတ်လပ်ခွင့်လည်းဖြစ်နေနိုင်တာပဲ ခင်ဗျားကလက်ခံမှာမလို့လား
သူလိုချင်တဲ့မိသားစုမေတ္တာခင်ဗျားပေးနိုင်လား နူးညံ့မှုဆိုတာဘာမှန်းတောင်မသိတဲ့ခင်ဗျားက သူ့ကိုဘယ်လိုများဆက်ဆံပေးမှာလဲ”

“ချစ်မိသွားရင်လူတိုင်းပြောင်းလဲနိုင်တာပဲ ငါအမြဲတမ်းမာကြောနေပေမယ့်သူ့အတွက်နူးညံ့ပေးနိုင်တယ် မင်းယုံချင်ယုံမယုံချင်နေ မင်းယုံဖို့လည်းငါမတိုက်တွန်းဘူး ပြီးတော့ငါ့ဘက်ကလက်လျှော့မှာမဟုတ်လို့ မင်းလည်းပြန်ခေါ်သွားဖို့ကိုလက်လျှော့လိုက်တော့”

“ခင်ဗျား”

“တိမ်ငွေ့ ငါတို့အေးဆေးစကားပြောရအောင် ကိုစက်ရိပ်တို့လည်းရောက်နေပြီပြောတယ်”

လက်သီးတပြင်ပြင်ဖြစ်နေတဲ့တိမ်ငွေ့ကို နောင်းညိုဆွဲထားရသည်။အင်အားချင်းမမျှတဲ့အခြေအနေမှာ မရူးမိုက်စေချင်။ပြီးတော့သူ့ပိုင်နက်ထဲမှာ။

အင်အားမသုံးထားခြင်းက လခြမ်းမျက်နှာကြောင့်မှန်းသိနေတာမို့ သူ့ဒေါသတွေကိုသွားမဆွချင်တော့။သူ့ဘက်ကကိုယ်ယှဥ်လို့ရတဲ့အခြေအနေမဟုတ်။

ကိုစက်ရိပ်ကအဖေဖြစ်သူနှင့်အိမ်ထဲဝင်လာကာ ထိုAlphaကိုတစ်ချက်ကြည့်လိုက်သည်။လခြမ်းနှင့်ပတ်သပ်သမျှအားလုံးကို ထိန်းချုပ်ပစ်တဲ့ထိုလူက သက်ဆိုင်သူအားလုံးကို သူ့နေရာသို့ခေါ်လာနိုင်သည်အထိအင်အားရှိသည်။အကယ်၍သူသာပြန်မပေးချင်လျှင် ဘယ်သူမှမသိသည့်နေရာသို့ ဝှက်ထားဖို့လည်း သိပ်ကိုလွယ်နေပါလိမ့်မည်။

“ရောက်လာတာမြန်သားပဲထိုင်ပါ လမ်းခရီးမှာရောအဆင်ပြေခဲ့ရဲ့လား”

သူပိုင်သည့်လေကြောင်းလိုင်းဖြင့် သီးသန့်ခေါ်ယူလာတာမို့ အဆင်မပြေစရာဘာမှမရှိမှန်းသူသိနေပြီးသား။ဝတ္တရားအရမေးခြင်းမို့ ပြန်ဖြေဖို့မလိုအပ်။

“ကလေးဘယ်မှာလဲ”

“သူအဆင်ပြေပါတယ်”

“လူကိုယ်တိုင်တွေ့ချင်တယ်”

“မဂ်လာကိစ္စအားလုံးဆွေးနွေးလို့အဆင်ပြေရင် သူ့ကိုခေါ်ပေးမယ်”

“မင်းကဘာသဘောလဲ”

“ရှင်းပါတယ် သူ့ကိုအရင်ခေါ်ပေးလိုက်ရင် ဆက်ဆွေးနွေးလို့အဆင်မပြေတာတွေပေါ်လာနိုင်တာမို့ အားလုံးကိုအရင်ဆွေးနွေးချင်ပါတယ်”

“ငါတို့ဘက်ကလက်မခံရင်ရော”

“ကျွန်တော့်ဆီကနေသူ့ကိုဖွက်ထားသလိုမျိုး ကျွန်တော်သူ့ကိုပြန်ဖွက်ထားနိုင်တယ် ကျွန်တော်ပိုင်တဲ့ကျွန်းတွေ၊စံအိမ်တွေ မရေမတွက်နိုင်အောင်ရှိတယ် သူ့ကိုဖွက်ထားဖို့မခက်ခဲပါဘူး မတူတာက ကျွန်တော်သူ့ကိုတွေ့အောင်ရှာနိုင်ခဲ့ပေမယ့် ခင်ဗျားတို့ဘက်ကသူ့ကိုတွေ့အောင်ရှာနိုင်လိမ့်မယ်မထင်ဘူး”

“ဘာကိုပြောချင်တာလဲ”

“ဆိုလိုတာက ကျွန်တော်အဲ့လိုမလုပ်တာက သူ့ဘက်ကိုစဥ်းစားလို့ သူ့ခံစားချက်ကိုထည့်တွက်လို့ အကယ်၍ကျွန်တော့်ကိုတွန်းအားပေးလာမယ်ဆိုရင် ကျွန်တော်ဘယ်သူ့ကိုမှထည့်တွက်နေမှာမဟုတ်တော့ဘူး ကျွန်တော့်အတ္တတွေကိုရှေ့တန်းတင်ပြီး လုပ်ချင်ရာလုပ်ပစ်မယ် ကျွန်တော်ပိုင်တဲ့အာဏာတွေကိုပါ ထုတ်သုံးတော့မှာ”

“မင်းး…”

“ကျွန်တော့အကြောင်းကြားထားပြီးသားလို့ထင်ပါတယ် စကားတစ်ခွန်းနဲ့တစ်နိုင်ငံလုံးကိုပြောင်းလဲခွင့်ကျွန်တော့်ဆီမှာရှိတယ် အလင်းဘက်ပဲဖြစ်ဖြစ် အမှောင်ဘက်ပဲဖြစ်ဖြစ် လူတစ်ယောက်လောက်ကိုစကားထဲတောင်ထည့်ပြောနေစရာမလိုဘူး”

“အခုဘာကိုဆွေးနွေးချင်တာလဲ”

“ပြောခဲ့သလိုပဲ မဂ်လာကိစ္စလေ”

“လက်ထပ်စာချုပ်တောင်တစ်နိုင်ငံလုံးတွေ့ပြီးနေပြီပဲ ဘာကိုဆွေးနွေးချင်နေတာလဲ”

“လက်ထပ်စာချုပ်ကစရံသဘောပါပဲ သူထွက်ပြေးလို့မရအောင်ချုပ်ထားရုံတင် ကျွန်တော်သူ့ကိုတန်ဖိုးထားတဲ့အတွက် အဲ့လိုပြီးစလွယ်မလုပ်ဘူး တစ်နိုင်ငံလုံးရှေ့မှာသူတို့ကိုသက်သေထားပြီးတော့ ကျွန်တော့်ပိုင်ဆိုင်မှုအဖြစ်ကြေငြာချင်တယ် ပြီးရင်အားလုံးရှေ့မှာလက်မှတ်ပြန်ထိုးမယ်”

“မင်းဖြစ်ချင်သလိုဖြစ်အောင်လုပ်မှာပဲဟာ ငါတို့နဲ့ဘာဆွေးနွေးမှာလဲ”

“အိုးးးမဂ်လာနေ့ရက်၊နေရာ၊ အပြင်အဆင်၊အကျွေးအမွေး အားလုံးတိုင်ပင်ရမယ်လေ”

“ခင်ဗျား”

“တိမ်ငွေ့”

ဟိုလူ့အပြောမှာဒေါသထွက်သွားသူကို နောင်းညိုဆွဲထားရသည်။

“မင်းစီစဥ်ပြီးသားကိုပြောပြရုံပဲဟာ ဆွေးနွေးတယ်အမည်မတပ်ပါနဲ့ ငါတို့လက်မခံလည်းမင်းဖြစ်အောင်လုပ်မှာပဲလေ အဲ့တော့ငါတို့လက်ခံတယ်ပဲသဘောထားလိုက်တော့ ကလေးကိုခေါ်ပေး”

“အရေးကြီးတာကျန်သေးတယ်”

“ဘာလဲ”

“မဂ်လာမဆောင်သေးခင်လည်းသူဒီမှာပဲနေရမယ် ခင်ဗျားတို့ကိုတွေ့ချင်ရင်လိုက်ပို့ပေးမယ်ညအိပ်ညနေတော့မရဘူး”

“အဓိပ္ပါယ်မရှိတာ”

“သိပ်ရှိတာပေါ့ မတော်လို့များအရင်တစ်ခါလိုထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ ဒီတစ်ခါဆိုရင်ကျုပ်စိတ်ထိန်းနိုင်မှာမဟုတ်ဘူး ဘယ်သူ့မျက်နှာမှမကြည့်ဘဲ အကုန်သတ်ပစ်မိမယ်ထင်တယ် အဲ့လိုဆိုလူတိုင်းအတွက်မကောင်းဘူးလေ”

“အဲ့လိုမဖြစ်နိုင်တာသေချာတာမလို့ မစိုးရိမ်ပါနဲ့ “

“No ဘယ်သူ့ကိုမှမယုံဘူး တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင်ယုံချင်တာမဟုတ်ဘူး”

“ကလေးသဘောထားကိုရော မင်းဂရုမစိုက်ဘူးလား”

“နောက်ဆိုအကျင့်ဖြစ်သွားမှာပါ သူ့ကိုအကျင့်လုပ်ပေးထားမလို့ ဒီအခြေအနေကလူတိုင်းကြုံရမှာပဲလေ ဒီတစ်ခုတော့အလိုလိုက်လို့မရတာမို့သူနားလည်မှာပါ”

စက်ရိပ်အဖေကမျက်စိမှိတ်ကာစိတ်ကိုထိန်းနေရသည်။တာဝန်သိသိနဲ့သူတို့ကိုခေါ်လာပေးတာကိုပဲ ကျေးဇူးတင်ရတော့မလို။ရုပ်ကတော့ တစ်လောကလုံးကိုဂရုမစိုက်ဘူးဆိုတဲ့ပုံနှင့်။ဒါတောင် ကလေးနှင့်အနီးစပ်ဆုံးသူတွေမို့ အတတ်နိုင်ဆုံးနှိမ့်ချထားပုံရသည်။

“အားလုံးလက်ခံပေးမယ် ကလေးကိုခေါ်ပေး”

“လူတိုင်းလက်ခံတာလား ဦးလေးတစ်ယောက်ပဲလက်ခံတာလား”

“မင်း ဘာဖြစ်ချင်ပြန်ပြီလဲ”

“လူတိုင်းလက်မခံရင် မခေါ်ပေးနိုင်ဘူး”

“ခင်ဗျား”

“ငယ်ငယ်ကလည်းသတိရနေတယ်ထင်တယ် ညဆိုမအိပ်ခင်,ခင်ဗျားတို့အကြောင်းမေးမေးနေတာ မလာသေးဘူးလားတဲ့”

“လက်ခံတယ် လူတိုင်းလက်ခံတာမလို့ ခုချက်ချင်းခေါ်လာပေး”

“ယောကျာ်းကတိတွေမို့လို့ယုံလိုက်မယ်နော် လူကိုတွေ့မှစိတ်မ​ပြောင်းပါနဲ့ သူ့ရှေ့မှာလူမသတ်ချင်ဘူး”

“ကောင်းပြီ သွားခေါ်လာခဲ့”

“OK”

အောင်နိုင်သူအပြုံးနှင့် နေရာမှထကာ အပေါ်ထပ်သို့တက်သွားပုံမှာအေးအေးဆေးဆေး။နောက်မှာကျန်ခဲ့တဲ့သူတွေမှာသာဖင်တကြွကြွ။ဒေါသထွက်နေသူ တိမ်ငွေ့ကိုနောင်းညိုလက်ဆွဲထားရသည်။သူ့ဒေါသနှင့်ဆို လူမသတ်နိုင်ဘူးလို့မပြောနိုင်။

Geoမှာတော့ တိမ်ငွေ့မျက်နှာကိုသာကြည့်ကာ ခပ်လှမ်းလှမ်းမှာရပ်နေလေသည်။သူ့ဘက်ကိုတစ်ချက်မှလှည့်ကြည့်မလာသူက သူ့ကိုမတွေ့ချင်တော့ပုံ။ဟုတ်မှာပေါ့လေ သူမြတ်နိုးရတဲ့သူကို ကိုယ့်အစ်ကိုပြန်ပေးဆွဲနိုင်ခဲ့တာသူ့စနက်လည်းမကင်း။တမင်မရည်ရွယ်သော်လည်း ​ကူညီပေးခဲ့တာတော့အမှန်ပဲဟာ။

“ဒီတစ်လောနေကောင်းရဲ့လား”

စက်ရိပ်ကိုကြည့်ပြီးမေးလာတဲ့ Horizonအမေးကို မကြားသလိုသာဟန်ဆောင်နေမိသည်။
ညီဖြစ်သူအတွက်စိတ်တိုနေမိတာမို့ အရာရာကိုအကောင်းမြင်မပေးနိုင်ပေ။

အဖြေပြန်မရသော်လည်း အပြုံးမပျက်သူက သူနားလည်ပါသည်ဆိုသောမျက်နှာပေးနှင့်။

သူအခန်းတံခါးဖွင့်တော့ မှန်နံရံနားကပ်ကာ အပြင်ကစံပယ်ခင်းကိုကြည့်နေသည့် ငယ်ငယ့်ကိုတွေ့သည်။သူဝင်လာတာကိုမသိခြင်းမှာ ခြေသံမကြားရသောကြောင့်ဖြစ်မည်။အပြာရောင်လုံးလုံးလေးကိုခါးမှဖက်ကာ ဂုတ်ပိုးထက်နမ်းရှိုက်မိသည်။သူသိပ်မုန်းခဲ့ဖူးတဲ့ရနံ့တွေဟာ အခုတော့နမ်းရှိုက်လို့ပင်မဝနိုင်။

သုံးလေးရက်နှင့်အထာနပ်သွားသူက သူ့အနမ်းကိုမရုန်းတော့။ရုန်းမိလျှင်ပိုတိုးလို့ဆိုးကာ တစ်ကိုယ်လုံးကိုနမ်းတော့မည်။ပြီးလျှင် အမှတ်တွေကျန်သည်အထိလည်း စုပ်ပစ်တတ်ပါသေးသည်။နမ်းတုန်းငြိမ်နေလျှင် သူကျေနပ်တာနှင့်ရပ်သွားပေလိမ့်မည်။

“အောက်မှာ ငယ်ငယ့်သူငယ်ချင်းတွေရောက်နေတယ် ဦးလေးနဲ့အစ်ကိုရောပဲသွားတွေ့ချင်လား”

“တကယ်လား”

သူ့ကိုမော့ကြည့်လို့မေးလာတဲ့မျက်ဝန်းထဲ ပျော်ရွှင်မှုတွေကခုန်နေလေသည်။ပါးချိုင့်လေးတွေပါချိုင့်ဝင်သည်အထိပြုံးနေသူက သိပ်ဝမ်းသာနေဟန်။ထိုပါးချိုင့်တွေထဲ သူ့နှာတံနှစ်ပစ်မိသည်။အိစက်စက်ပါးပြင်လေးက ကိုက်ဝါးချင်စရာအတိ။

“ကိုယ့်ကိုကတိပေးရင် ခွင့်ပြုပေးမယ်”

“ဘာကတိလဲ”

“ပြန်မလိုက်သွားရဘူး”

“…………”

“နောက်ဆိုငယ်ငယ်သွားလည်ချင်ရင်ကိုယ်လိုက်ပို့ပေးမယ် ပြည်ပဆိုလည်းရတယ်လိုက်ပို့မယ် ဒါပေမယ့်ကိုယ်နဲ့ပဲနေရမယ် ကိုယ်တို့ကလက်ထပ်ပြီးရင်အမြဲအတူနေရတော့မှာလေ ငယ်ငယ်နားလည်တယ်မလား”

“ဒါပေမယ့်..ဒါပေမယ့် အခုလက်မှမထပ်ရသေးတာ”

“ငယ်ငယ်စာချုပ်မှာလက်မှတ်ထိုးပြီးသွားပြီလေ အခုကိုယ်တို့ကတရားဝင်သက်ဆိုင်နေပြီးသား “

“ဒါပေမယ့်မသင့်တော်ဘူးလေ သူများတွေမြင်ရင်”

“တစ်နိုင်ငံလုံးသိပြီးသား”

“ဘယ်လိုသိသွားတာလဲ”

အံ့ဩသလိုမော့ကြည့်လာပုံကမထင်မှတ်ထားပုံ။သမုဒ္ဒရာပါ အဲ့လောက်မ,အပါဘူး။သူသိတာပေါ့ လက်မှတ်ထိုးပေးထားလည်း ဘယ်သူမှမသိတာမို့ထွက်ပြေးချင်နေမှန်း။ကလေးအတွေးလေးတွေ။

“ကိုယ်ကြေငြာလိုက်တာလေ”

“ခင်ဗျား..”

“ဘာလဲ ကိုယ့်ကိုစာရွက်ပေါ်လက်မှတ်လေးထိုးပေးပြီး ညာပြီးထားခဲ့ချင်နေတာလား အသစ်တစ်ယောက်ရှာချင်နေတာလား”

မှန်နံရံထက်ဖိကပ်ပစ်ကာ စူးစူးနစ်နစ်ကြည့်ပေးလိုက်တော့ အသည်းအသန်ငြင်းဆန်လာလေသည်။

“မဟုတ် မဟုတ်ပါဘူး အဲ့သဘောမဟုတ် အွန့်”

လှုပ်လှုပ်ရွရွနှုတ်ခမ်းလေးကိုဆွဲစုပ်ပစ်တော့ ကိုယ်တိုင်ကျွေးခဲ့တဲ့စတော်ဘယ်ရီတွေက သူ့ခံတွင်းထဲအရသာအပြည့်။အွန်း ဝယ်ပေးရကျိုးနပ်တာပေါ့။

အပိုင်ရသွားတဲ့နှုတ်ခမ်းတွေက ကမ္ဘာ့အကောင်းဆုံးထုတ်ကုန်လေး။သူတစ်ယောက်တည်းသာပိုင်တဲ့ ကန့်သတ်ထုတ်ကုန်။
စီးကရက်တွေလောက်ကိုမပြောနဲ့ အာဟာရတွေအားလုံးဖြတ်ရမယ်ဆိုရင်တောင် သူ့နှုတ်ခမ်းတွေရှိရင်ရပြီ။ဖြစ်နိုင်ရင် အချိန်ပြည့်သာငုံထားလိုက်ချင်ပါသည်။

သူလွှတ်ပေးချိန် နှုတ်ခမ်းတစ်စုံကစိုရဲရဲလေးဖြစ်ကျန်ခဲ့သည်။ဒီအတိုင်းခေါ်သွားလိုက်ရင် ဟိုလူတွေသူ့ကိုသတ်ပစ်ချင်နေမှာမလွဲ။အနိုင်ရသွားတဲ့ ဘုရင်တစ်ပါးရဲ့ခံစားချက်ဟာယခုသူခံစားနေရသလိုပင်ဖြစ်လိမ့်မည်။

“ကိုယ်ပြောထားတာတွေကိုမမေ့နဲ့ သူတို့ဘဝတွေကငယ်ငယ့်လက်ထဲမှာ ကိုယ့်စိတ်ရဲ့ကောင်းခြင်းဆိုးခြင်းတွေအကုန် ငယ်ငယ့်ဆုံးဖြတ်ချက်ပေါ်မှာမူတည်တယ် ငယ်ငယ် လိမ္မာမယ်မဟုတ်လား”

နားထက်ကဆံနွယ်လေးတွေကို အသာပွတ်သပ်ပေးမိသည်။သူ့ပုံစံက ဘာမှနားမလည်တဲ့ကလေးတစ်ယောက်ကိုဆွဲဆောင်နေတဲ့ နတ်ဆိုးတစ်ကောင်လိုမျိုး။

“ဟုတ်ကဲ့”

“လိမ္မာတယ်”

ခေါင်းထက်တစ်ချက်ဖွဖွနမ်းလို့ လက်ကမ်းပေးမိသည်။သူခေါ်ဆောင်ရာပါလာသူက တွေ့ချင်သူတွေကိုတွေ့ရမှာမို့ သွက်လက်နေလေသည်။တံခါးအရောက် ခဏရပ်ခိုင်းကာ ဘေးကဖိနပ်စင်ပေါ်က အပြာရောင်မွှေးပွဖိနပ်လေးယူလို့သူ့ရှေ့ထိုင်ချမိသည်။

နောက်တစ်လှမ်းဆုတ်လိုက်သူကို ခြေကျင်းဝတ်လေးကဆွဲလို့ဖိနပ်စီးပေးတော့ မယုံနိုင်စရာတစ်ခုလိုသူ့ကိုငုံ့ကြည့်လာလေသည်။

ကြောက်လို့ထွက်ပြေးနေသူကိုနူးညံ့မှုတွေနဲ့နယ်နိမိတ်သတ်မှတ်ပစ်မယ်…ဒီလှောင်အိမ်ထဲကနေ ဘယ်တော့မှမလွတ်မြောက်နိုင်အောင် အကြင်နာတွေနဲ့မျှားခေါ်မယ်…ယဥ်ပါးသွားခဲ့ချိန် မင်းနှလုံးသားကကိုယ့်အပိုင်ဖြစ်နှင့်ပြီးသားပဲနေမှာ..

အောက်ထပ်ဆွဲခေါ်သွားတဲ့အထိ နောက်မှပါလာသူကအသိမကပ်သူလို။ဟုတ်မှာပေါ့ တစ်လောကလုံးကို ခြေဖဝါးအောက်ထားခဲ့သူက သူ့ခြေဖဝါးမှာကိုယ်တိုင်ဖိနပ်စီးပေးခဲ့တာလေ။မစရသေးခင်ကြွေဆင်းပစ်ရင် နောင်တစ်ချိန်ဘယ်လိုလုပ်ရပါ့။

“ကလေး”

သူ့ဦးလေးအသံကြားတော့ ဆတ်ခနဲမော့ကြည့်လာသူကမျက်ရည်တွေပါဝေ့ခနဲ။ဒီအတောအတွင်းမငိုခဲ့သမျှ အားကိုးတွေ့မှ မျက်ရည်ကကျလာဟန်။ဆွဲထားတဲ့လက်ကိုရုန်းလို့ ပစ်ဝင်လိုက်တာထိုလူ့ဆီကို။

အားနှင့်ငိုချလိုက်တာကြောင့် ဘေးလူတွေပါမျက်ရည်ဝဲကုန်သည်။ဟုတ်မှာပေါ့ သူ့မှာတွယ်တာစရာဆိုလို့ ဒီလူလေးတွေပဲရှိတာ။နောက်ဆိုရင်တော့ ငိုချင်တိုင်းတိုးဝင်ဖို့သူ့ရင်ခွင်ကိုအပိုင်စားပေးပါမည်။

“ကလေး”

ဝမ်းနည်းနေသူကိုမချော့တတ်တော့ ကျောပြင်လေးပုတ်လို့သာနှစ်သိမ့်ပေးနေတဲ့သူ့ဦးလေး။

“မငိုနဲ့တော့ငယ်ငယ် ခေါင်းကိုက်မယ်”

သွားဆွဲယူကာရင်ခွင်ထဲပွေ့သိမ်းချင်စိတ်ကိုထိန်းလို့ သတိပေးစကားတိုးတိုးဆိုမိသည်။ငိုနေတာကြာပြီမို့ ခေါင်းကိုက်မှာဆိုးပါသည်။

“အင့်..”

ရှိုက်သံထွက်နေတဲ့သူက ထပ်ပြီးမငိုတော့သော်လည်း ရင်ခွင်ထဲကတော့မထွက်။ကြောင်လေးတွေလိုလူငွေ့တော့တော်တော်ကြိုက်ပုံရသည်။အမြဲသူများရင်ခွင်ထဲခွေနေရမှ။

“လခြမ်းလေး အဆင်ပြေရဲ့လား”

“ဟုတ်”

စက်ရိပ်အမေးကို ခေါင်းညိတ်ဖြေကာ မျက်ရည်ကိုလည်းပွတ်သုတ်လိုက်သေးသည်။

“ပြန်လိုက်ခဲ့ချင်လား”

“စိုင်းတိမ်ငွေ့ !”

တိမ်ငွေ့စကားအဆုံး သူ့ဒေါသသံကဟိန်းကနဲ။အရေးမစိုက်သူကငယ်ငယ့်ကိုပဲစိုက်ကြည့်ကာ

“လခြမ်းပြန်ချင်ရင်ငါခေါ်သွားပေးမှာ”

“မင်းးးး”

“ဟင့်အင်း မလိုက်ဘူးမလိုက်သွားဘူးလို့”

တိမ်ငွေ့စကားကြောင့် ဒေါသတကြီးရှေ့တိုးလာသူကို လခြမ်းခါးမှဆီးဖက်ထားပြီး ခေါင်းရမ်းကာဇွတ်ငြင်းမိသည်။အဲ့လူကြီးမျက်ဝန်းထဲကဒေါသတွေက ဟိုတစ်ညက လူတွေကိုထိုး​ကြိတ်နေတုန်းကလို သွေးဆာရိပ်တွေအပြည့်။

“ငါပြောတာကို အဖက်မလုပ်တာလားစိုင်းတိမ်ငွေ့”

“အဖက်လုပ်ဖို့လိုတာလား “

“တော်တော့မောင်သမုဒ္ဒရာ တိမ်ငွေ့လည်းတော်တော့ ကြားထဲကကလေးကစိတ်ဆင်းရဲနေရပြီ”

“ကျွန်တော်အမှန်အတိုင်းပြောနေတာဦးလေး သူတစ်ခါမှမသိတဲ့လူတွေကြားထဲ သူ့ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူနဲ့နေနေရတာ ဘယ်လောက်အားငယ်နေမလဲ အမြဲကြောက်လန့်နေရပြီးကာကွယ်ပေးမဲ့လူမရှိလို့ပြုသမျှနုနေရမှာ သူလိုအမြဲအထက်စီးကနေနေတဲ့သူကရော ဘယ်လောက်နူးညံ့ပေးနိုင်မှာမို့လို့လဲ မသေချာတဲ့ကတိတစ်ခုအတွက် လခြမ်းမျက်ရည်တွေကိုလောင်းကြေးမထပ်နိုင်ဘူး”

“ငါကယောကျာ်း ငါပြောတဲ့စကားငါတည်တယ် ငါမကြင်နာပေးနိုင်တဲ့လူကိုငါမပတ်သပ်ဘူး ငါမြတ်နိုးလို့ငါလက်ထပ်ရင်သူကငါ့ရဲ့ဘုရင်ဘဲ ဦးဘဲညွတ်ရညွတ်ရဒူးပဲထောက်ရထောက်ရ သူပျော်ဖို့ဆိုငါ့မာနတွေအကုန် ပြာချထားပြီးသား ငါပြောခဲ့ပြီးသား ငါသာသူ့ခံစားချက်တွေထည့်မတွက်ခဲ့ရင် ဒီအချိန် ဘယ်သူမှမရှိတဲ့နေရာမှာ သယ်သူမှမသိအောင်ငါလှောင်ပိတ်ထားလိုက်မှာ သူပျော်ပါစေဆိုတဲ့စိတ်နဲ့မင်းတို့အားလုံးကိုသူ့ရှေ့ရောက်အောင်ခေါ်လာပေးခဲ့တာ ငါ့သည်းခံမှုကိုစိန်မခေါ်နဲ့”

သူဖက်ထားတဲ့ကြား ရင်ဘတ်တွေနိမ့်ချည်မြင့်ချည်ဖြစ်နေသူက ဒေါသကိုအတော်ထိန်းထားဟန်။

“စိတ်အေးအေးထားလေနော် တိမ်ငွေ့လည်းစိတ်လျှော့နော် ငယ်ငယ်အဆင်ပြေတယ် တကယ်အဆင်ပြေပါတယ် အရင်တုန်းကလည်းငယ်ငယ်တို့အမြဲတွေ့နေရတာမှမဟုတ်တာ အခုလည်းသတိရရင်တွေ့လို့ရနေတာပဲဟာ ငယ်ငယ်ကအိမ်ထောင်ကျသွားရုံပဲလေ နောက်လည်းဒီအခြေနေကကြုံရမှာပဲဟာ ​”

“သူကအနိုင်ကျင့်တယ်မလား”

“အဲ့လိုမရှိပါဘူး တိမ်ငွေ့စိုးရိမ်လွန်နေတာပါ အရင်တုန်းကဖြစ်ခဲ့တာတွေကလည်းအထင်မှားပြီးဖြစ်သွားတာတွေပါ အခုအရမ်းဂရုစိုက်ပေးပါတယ်ငယ်ငယ်မလိမ်ပါဘူး”

“သူခြိမ်းခြောက်ထားတာလား”

“မဟုတ်ပါဘူး”

“အဲ့တာဆို လခြမ်းကပြန်မလာချင်ဘူးပေါ့”

“အဲ့လိုမဟုတ်ဘူးလေ ငယ်ငယ်လာလည်မှာပေါ့ “

ပြဿနာမဖြစ်လိုစွာ ငယ်ငယ်အားလုံးလက်ခံလာအောင်ညှိနှိုင်းချင်မိပါသည်။တိမ်ငွေ့ကနားလည်ဟန်တစ်ဖက်လှည့်ကာ အသက်ပြင်းပြင်းရှူလို့စိတ်လျှော့နေပုံရသည်။တည်ငြိမ်သွားမှ ငယ်ငယ့်ဘက်လှည့်လာပြီး

“ပစ္စည်းတွေကရော”

“ကိစ္စမရှိဘူး အိမ်မှာအပြည့်အစုံဝယ်ထားပေးပြီးသား အဲ့အခန်းကိုလည်းဒီအတိုင်းထားလိုက် ငယ်ငယ်ပြန်ချင်တဲ့အချိန်တိုင်းအားလုံးပြည့်စုံနေအောင်လို့ “

တိမ်ငွေ့ဘက်ကလျှော့ချလာတော့ သူလည်းစိတ်လျှော့လိုက်ပုံနှင့် လေပြေအေးနှင့်ရှင်းပြလာလေသည်။

“အဲ့လိုဆိုအားလုံးအဆင်ပြေသွားပြီမို့
အခုကလေးကိုငါတို့နဲ့ထည့်ပေးလိုက်လို့ရမလား ညနေပြန်လာခေါ်လိုက် ငါကိုယ်တိုင်ကတိပေးတယ် ကလေးလည်းသူငယ်ချင်းတွေကိုလွမ်းနေမှာပဲမင်းနားလည်ပေးသင့်တယ်”

ဦးလေးကဝင်ပြောတော့ ငယ်ငယ်သူ့မျက်နှာကို မျှော်လင့်ချက်အပြည့်ဖြင့်မော့ကြည့်မိသည်။ငုံ့ကြည့်လာပြီး သူ့အကြည့်ကိုနားလည်သူက

“ကိုယ်ကိုယ်တိုင်လိုက်ပို့မယ်”

“ရပါတယ် ဟို”

“ကိုယ်မပါရင်မသွားရဘူး”

ခပ်ပြတ်ပြတ်ပြောလာသံကငြင်းမရမှန်းသိသာစေသည်။

“ဟုတ်ကဲ့”

“ONE “

“ကားတွေအဆင်သင့်ပါပဲ Boss”

သက်တော်စောင့်စကားအဆုံးသူ့ကိုဆွဲပွေ့ကာရှေ့မှထွက်သွားတာကြောင့် ကျန်တဲ့လူတွေမှာအကြောင်သား။

“အပြင်စီးဖို့ ဖိနပ်မရှိသေးဘူး ကိုယ်ပွေ့ခဲ့မယ်”

ငုံ့ကြည့်မလာဘဲပြောလာသူက အိမ်အပြင်ဘက်တောင်ရောက်နေပြီဖြစ်တာကြောင့် သူငြိမ်ငြိမ်လေးသာ ရင်ဘတ်ထဲမျက်နှာဖွက်ထားမိသည်။

ရုပ်တည်ကြီးတွေနှင့် သက်တော်စောင့်တွေမှာတော့ အချင်းချင်းသာမျက်လုံးနှင့်အချက်ပြမိကြသည်။

ရှေ့တစ်လျှောက်သူတို့အဖွဲ့တော့ စိတ်ငြိမ်ဆေးဆောင်ရတော့မည်ထင်သည်။

################

ငြိမ်း🌻🌞

အချစ်ကလေးတွေအတွက် စာလုံးရေအများကြီးကြိုးစားပေးထားပါတယ်ရှင့် အလုပ်တစ်ဖက်နဲ့မို့ နေ့တိုင်းupမပေးနိုင်တာကိုနားလည်ပေးပါနော်😗😗 အားလပ်ချိန်တိုင်းကအချစ်လေးတို့အတွက်ပါပဲနော် voteတစ်ခုတိုးလာတိုင်း အာဆေးတစ်ခွက်သောက်ရသလိုပါပဲရှင်😊😊

ယေန႕မနက္ခင္း တက္လာသည့္သတင္းေၾကာင့္ တစ္နိုင္ငံလုံး အုတ္ေအာ္ေသာင္းနင္း ျဖစ္ေနေလသည္။

အခ်စ္ေရးႏွင့္ပတ္သပ္၍ မည္သည့္အခါမွ် သတင္းမထြက္ခဲ့သူ နိုင္ငံေက်ာ္ Dominant Alpha ႀကီးက တရားဝင္လက္ထပ္လိုက္ပါၿပီတဲ့။ေကာလဟာလမဟုတ္ေသာ ထိုသတင္းက သူ႕ကိုယ္ပိုင္Accမွာ လက္ထပ္စာခ်ဳပ္အား ကိုယ္တိုင္တင္ထားေလသည္။

လျခမ္းငယ္ငယ္ ဆိုေသာထိုနံမည္က စိမ္းသက္လြန္းလွ၍ မသိသူမရွိသေလာက္ပင္။ျမင္ဖူးသူမရွိသည့္ထိုကံေကာင္းသူေလးက Omegaေလးမ်ား၏ အားက်ျခင္းေရာ မနာလိုျခင္းပါခံေနရေလသည္။

ထင္ျမင္ခ်က္အမ်ိဳးမ်ိဳးျဖင့္ ထိုသတင္းက သုံးရက္ၾကာသည္အထိ အရွိန္မေသေသး။ေပၚတင္ေဆြးႏြေးၾကသူမ်ားရွိသလို Alphaႀကီးကိုေၾကာက္၍ တိုးတိုးတိတ္တိတ္ေဆြးႏြေးသူမ်ားလည္းရွိသည္။

လက္မခံနိုင္သူတစ္ခ်ိဳ႕က သူတို႔ Alphaႀကီး တစ္ခုခုႏွင့္ အၾကပ္ကိုင္ခံရ၍သာ ယခုကဲ့သို႔ လူသိထင္ရွား ထုတ္ေဖာ္ေၾကျငာရေၾကာင္း သူ႕ဘက္ကစိတ္ပါဝင္စားမႈမရွိ၍သာ လူသူမသိသည့္ ထိုOmegaေလးအား အားလုံးႏွင့္မိတ္ဆက္မေပးလာတာျဖစ္ေၾကာင္း လက္ထပ္စာခ်ဳပ္သာထုတ္ျပလာၿပီး မဂ္လာပြဲအေျခအေနမျမင္ရေသာေၾကာင့္ ၿပီးစလြယ္အေျခေနႏွင့္သာလက္ခံထားရေသာ တန္ဖိုးထားမခံရသည့္ သာမာန္Omegaေလးသာျဖစ္ေၾကာင္း ထင္ျမင္ခ်က္မ်ားထုတ္ေနေလသည္။

တစ္ခ်ိဳ႕ထင္ျမင္ခ်က္မ်ားက လက္သင့္ခံစရာေကာင္းေသာေၾကာင့္ လူတစ္ခ်ိဳ႕၏ သို႔ေလာသို႔ေလာ အေတြးမ်ားက အမွန္တရားတစ္ခုပင္ျဖစ္လာေနေလသည္။

တစ္ခ်ိဳ႕ၾကေတာ့လည္း သူတို႔ Alphaႀကီးကို ဘယ္လိုလူမ်ိဳးကမွ ၿခိမ္းေျခာက္နိုင္စြမ္းမရွိျခင္းေၾကာင့္ ယခုကိစၥမွာ Alphaႀကီး၏သေဘာထားအမွန္ပင္ျဖစ္နိုင္ၿပီး ထုတ္ေဖာ္ျပသလာျခင္းမရွိေသးသည္မွာ အေၾကာင္းရင္းရွိနိုင္ေၾကာင္း ထင္ျမင္ၾကေလသည္။

Horizon ေဆး႐ုံ၌လည္း စူးစမ္းသူမ်ားႏွင့္ျပည့္ေနၿပီး အရင္လေတြအတြင္း ထိုAlphaႀကီးေန႕တိုင္းေရာက္လာတတ္ေသာေၾကာင့္ ယခုလက္ထပ္လိုက္သူမွာ ေဆး႐ုံမွတစ္ေယာက္ေယာက္ဟုထင္ျမင္ေနၾက၍ျဖစ္သည္။သို႔ေသာ္ထိုေဆး႐ုံ၌ ယခုကဲ့သို႔နံမည္မရွိ။

သုံးရက္ေျမာက္ေန႕၌ အားလုံးအံ့ဩစရာတစ္ခုအား ရွာေတြ႕ခဲ့ေလသည္။ထိုOmegaေလးႏွင့္ အတန္းတူသူငယ္ခ်င္းတစ္ေယာက္ေဖာ္ျပလာေသာ ပုံတစ္ပုံေၾကာင့္ပင္။

ဘြဲ႕ႏွင္းသဘင္အခမ္းအနား၌ ပါးခ်ိဳင့္ေတြခြက္ဝင္ေအာင္ၿပဳံးေနသည့္ေကာင္ေလးမွာ သူငယ္ခ်င္းႏွစ္ေယာက္၏ေပြ႕ခ်ီထားမႈတြင္ ခမ္းခမ္းနားနား။

ထိုအခါမွ တစ္ေယာက္ၿပီးတစ္ေယာက္ဆြဲထုတ္လာၾကသည္မွာ မေတာ္တဆရိုက္ထားခဲ့မိသည့္ ထိုေကာင္ေလး၏လွ်ပ္တျပတ္ပုံမ်ားပင္။အသိုင္းဝိုင္းဝိုင္းႀကီးမွျဖစ္လွ်င္ ျပႆနာျဖစ္မည္ေၾကာက္၍သာ အရင္တုန္းက ထိုပုံေတြမပ်ံ့ႏွံ႕ခဲ့ျခင္း။

လမ္းသြားရင္းမေတာ္တဆေတြ႕ကာ ခ်စ္ဖို႔ေကာင္းလြန္း၍ ရိုက္ယူထားမိေသာထိုေကာင္ေလးပုံေတြက ပ်ံႏွံ႕လာေလရာ Alphaႀကီး၏သက္ဆိုင္သူက ခ်စ္ဖို႔ေကာင္းလြန္းေသာေၾကာင့္
နံမည္ႀကီးေနေလသည္။အကယ္၍သူမဟုတ္ခဲ့ပါကလည္း Alphaႀကီးမ်ားအတြက္ အိမ္မက္နတ္သားေလးအျဖစ္ ေက်ာ္ၾကားေနၿပီျဖစ္သည္။

ထိုေကာင္ေလး၏ေနာက္ေၾကာင္းကိုတူးေဖာ္ရင္း Dominant Alpha ႀကီး၏အိမ္ေထာင္ဖက္ဟူေသာျဖစ္နိုင္ေျခမွာ တျဖည္းျဖည္းျမင့္တက္လာေလသည္။

အိမ္တြင္းပုန္းကာ လွ်ို႔လွ်ို႔ဝွက္ဝွက္ေနထိုင္တတ္၍သာ သိသူသိပ္မရွိေသာ္လည္း ထိုOmegaေလး၏အလွမွာ သာမာန္Omegaမ်ားထက္မသာလြန္လွ်င္ေတာင္ မနိမ့္က်။

ထို႔အျပင္ ယခင္လေတြအတြင္း ထိုေကာင္ေလးေနထိုင္သည့္ ကြန္ဒိုေရွ႕၌ Alphaႀကီးအား မၾကာခဏေတြ႕ရတတ္ၿပီး ထိုေကာင္ေလးေနသည့္အထပ္သို႔ တက္သြားသည္ကိုပင္ေတြ႕သူရွိခဲ့ေလသည္။

ေဆြးႏြေးသူေတြၾကား အုန္းအုန္းက်က္က်က္ျဖစ္ေနေသာ္လည္း ကာယကံရွင္မွာမူ သူ႕Omegaေလးအား အနိုင္က်င့္ကာ သာသာယာယာပင္။

ျပင္ပမွအေၾကာင္းအရာေတြအားမသိရေသးသည့္ ငယ္ငယ့္မွာေတာ့ ထိုလူႀကီးလက္ကလြတ္ဖို႔သာ ပထမဦးစားေပး။လက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးေပးလွ်င္ အိမ္ျပန္ခြင့္ေပးမည္ထင္ခဲ့ေသာ္လည္း ထိုအရာကအိမ္မက္တစ္ခုလိုပင္။

တရားဝင္အိမ္ေထာင္ဖက္ေတြျဖစ္သြားၿပီဟုဆိုကာ အၿမဲအသားယူခ်င္ေနသူေၾကာင့္ အခန္းထဲမွပင္ထြက္ခြင့္မရွိ။သူငယ္ခ်င္းေတြအဆင္ေျပေနပါသည္ဟုဆိုေသာ္လည္း ဆက္သြယ္ခြင့္မေပးေသး။ဦးေလးမိသားစုအားအေၾကာင္းၾကားထားၿပီး သူတို႔ေရာက္လာမွ ေဆြးႏြေးမည္ဟုဆိုလာေလသည္။

ယခုရက္ပိုင္းမိုးမ႐ြာ၍ ရာသီဥတုက သာသာယာယာပင္။တိမ္ေငြ႕လည္း ျပန္ေရာက္ေနၿပီဟုဆိုကာ သူကိုယ္တိုင္ေခၚလာေပးပါမည္တဲ့။

သူငယ္ခ်င္းေတြႏွင့္ ဦးေလးတို႔ေရာက္ရင္ေတာ့ သူ႕ဘက္မွာေျပာေပးမယ့္သူရွိၿပီ။အေျခအေနေတြထပ္မရႈပ္ဖို႔အကူအညီေတာင္းရမည္။ခံစားခ်က္ေတြမျဖစ္လာမခ်င္း အတူမေနရဖို႔ကိုလည္း အကူအညီေတာင္းရမည္။

အေနၾကာရင္ ေသြးေအးသြားနိုင္ပါလိမ့္မည္။ၿပီးရင္ မုတ္သုံႏွင့္နီးစပ္ေအာင္စီစဥ္ေပးမည္။သူတို႔ႏွစ္ေယာက္နီးစပ္သြားမွ သူထြက္သြားဖို႔နည္းလမ္းရွာမည္။သူ႕အေတြးေတြနဲ႕သူ ေအးခ်မ္းေန၍ ေအာက္မွအေျခေနကိုမသိေသး။

လူစုံေနေသာဧည့္ခန္းထဲ သက္ေတာ္ေစာင့္တစ္ဦး၏ ေခၚေဆာင္မႈျဖင့္ေရာက္လာသူက တိမ္ေငြ႕။ေက်ာက္စက္က ေနာင္းညိုကိုေခၚလာသည္ႏွင့္တိုးေတာ့ သူငယ္ခ်င္းႏွစ္ေယာက္ အၾကည့္ခ်င္းဆုံသြားသည္။

တိမ္ေငြ႕အၾကည့္ကိုလႊဲလိုက္ၿပီး ဦးတည္ရာက သမုဒၵရာဆီ။မတ္တပ္ထရပ္လိုက္သူကို ေကာ္လံမွဆြဲၿပီး မ်က္ႏွာထက္လက္သီးတစ္ခ်က္ပစ္သြင္းသည္။

“ခြပ္”

ေနာက္တစ္ခ်က္ထိုးမည္ျပင္ေတာ့ လက္ကိုဖမ္းဆုပ္ကာ ေနာက္သို႔တြန္းပစ္ေလသည္။ေဒါသထြက္ေနသည့္ Alphaတစ္ေယာက္၏လက္သီးမို႔ ႏႈတ္ခမ္းစြန္းေသြးစို႔လာသည္အထိ။သူမထီသလိုတစ္ခ်က္ၾကည့္လိုက္ၿပီး လက္မျဖင့္ေသြးစတို႔ကိုပြတ္သုတ္လိုက္ကာ

“ငါမွားခဲ့တာေတြရွိလို႔ မင္းကိုတစ္ခ်က္ေပးထိုးလိုက္တာ မေရွာင္တတ္လို႔မဟုတ္ဘူး ေနာက္တစ္ခ်က္ေတာ့ရမယ္မထင္နဲ႕”

“အေၾကာရွည္မေနနဲ႕ လျခမ္းဘယ္မွာလဲ”

ဧည့္ခန္းအလယ္ Alphaႏွစ္ေယာက္၏ထိပ္တိုက္ေတြ႕မႈေၾကာင့္ ေလထုပါေအးခဲမတတ္။ေဘးမွာရပ္ၾကည့္ေနသူေတြလည္း ဝင္မပါရဲေသး

“သူကအခု ငါ့အိမ္ေထာင္ဖက္ျဖစ္သြားၿပီ”

“ဘယ္သူ႕သေဘာနဲ႕လဲ ခင္ဗ်ားသေဘာနဲ႕ခင္ဗ်ားလုပ္ခ်င္ရာလုပ္လို႔ရတဲ့ထဲမွာ က်ဳပ္သူငယ္ခ်င္းမပါဘူး အခုခ်က္ခ်င္းထုတ္ေပး”

“အဲ့လိုထုတ္မေပးခ်င္လို႔ တကူးတကသြားခိုးလာတာေလ”

“ရတယ္ ကိုယ့္ဘာသာသြားေခၚမယ္”

ထြက္သြားဟန္ျပင္သူကို သက္ေတာ္ေစာင့္ေတြကဝိုင္းခ်ဳပ္မည့္ဟန္ျပင္ေတာ့ ေနာင္းညိုကေရွ႕တိုးလာသလို Geoပါလႈပ္လာေလသည္။

“ေခါင္းမမာစမ္းနဲ႕ စိုင္းတိမ္ေငြ႕ျပာ သူကငါ့အိမ္ေထာင္ဖက္ဆိုတာ တစ္နိုင္ငံလုံးသိၿပီးၿပီ သူ႕သူငယ္ခ်င္းေတြမို႔လို႔ ငါဘာမွမလုပ္ခ်င္ဘူး အေျခေနကိုလက္ခံဖို႔ႀကိဳးစားလိုက္”

“ဘယ္ေတာ့မွသေဘာမတူဘူး”

“ငါကဘာျဖစ္ေနလို႔လဲ ေျပာစမ္းပါအုံး”

“ခင္ဗ်ားျဖစ္ေနလို႔ေလ သူ႕ကိုအၿမဲဒဏ္ရာေပးတဲ့ခင္ဗ်ားျဖစ္ေနလို႔ သူ႕ကိုအၿမဲငိုေအာင္လုပ္တဲ့ခင္ဗ်ားျဖစ္ေနလို႔ ဘယ္ေတာ့မွႏွလုံးသားရွိလာမွာမဟုတ္တဲ့ ခင္ဗ်ားျဖစ္ေနလို႔”

လက္ညွိုးထိုးကာဆိုလာတဲ့ စကားသံေတြက ေဒါသေတြအျပည့္။

“ဟုတ္တယ္အရင္ကငါမွားခဲ့တယ္ ေနာက္ဘယ္ေတာ့မွထပ္မမွားေအာင္ဆင္ျခင္မယ္ အဲ့တာေတြကလြဲရင္ ငါ့မွာဘာခြၽင္းခ်က္မွရွိမေနတာေသခ်ာတယ္”

“ခင္ဗ်ားကိုယုံစရာလား တစ္ဖက္ကအလိုမတူဘဲ အတင္းေတြျပန္ေပးဆြဲလာၿပီး ၾကင္နာျပမယ္လုပ္မေနနဲ႕ သူ႕ဘက္ကသေဘာမက်ရင္ ခင္ဗ်ားဘယ္ေတာ့မွမရေစရဘူး အခုခ်က္ခ်င္းလူကိုထုတ္ေပး”

“အကယ္၍ သူ႕ဘက္ကကိုယ္နဲ႕လက္ထပ္ဖို႔သေဘာတူထားတယ္ဆိုရင္ မင္းကိုယ္တို႔အေျခအေနကိုလက္ခံေပးမွာလား”

“လက္မခံဘူး သူလက္ခံထားတယ္ဆိုရင္လည္း ခင္ဗ်ားၿခိမ္းေျခာက္ထားလို႔ျဖစ္မွာ သူေၾကာက္တတ္တာကိုအခြင့္ေကာင္းယူၿပီးခင္ဗ်ားၿခိမ္းေျခာက္ထားလို႔သာ သူလက္ခံတာ”

“ဘယ္လိုေနေန ငါတို႔ကတရားဝင္ျဖစ္သြားၿပီ အတူတူလည္းအိပ္ၿပီးသြားၿပီ”

“ဘာ…ခင္ဗ်ားကိုသတ္မယ္ ခင္ဗ်ားသူ႕ကိုအနိုင္က်င့္တာမလား သူအလိုမတူဘဲအနိုင္က်င့္ထားတာမလား”

ေျပာရင္းထိုးမည္ျပင္တာေၾကာင့္ အားလုံးဝိုင္းဆြဲရေလသည္။ေဒါသႀကီးသူက ထိန္းမနိုင္။Geoပါဝင္ဆြဲရေလသည္။

“ဖယ္စမ္း.. လႊတ္. ..က်ဳပ္ခင္ဗ်ားကိုသတ္မွာ”

“ေငြ႕..စိတ္ေလွ်ာ့”

“မင္းငါ့ကိုမထိနဲ႕ ပထဝီ မင္းကိုယုံမိတဲ့ငါကိုကမွားတာ အခုကိစၥမင္းလည္းပါတယ္မလားဖမ္းေလငါ့ကို ငါလုပ္ေနတဲ့အလုပ္ေတြအကုန္မင္းသိေနတယ္မလား အဲ့ကိစၥေတြနဲ႕ပါ လျခမ္းကိုၿခိမ္းေျခာက္ထားတာမလား အဲ့တာေၾကာင့္သူလက္မွတ္ထိုးလိုက္ရတာမလား ငါ့ကိုဖမ္းလိုက္ ေထာင္ခ်ပစ္လည္းမေၾကာက္ဘူး အခုခ်က္ခ်င္းလျခမ္းကိုလႊတ္ေပး”

ေဒါသထြက္ေနတာမို႔ ဘာကိုမွမေတြးေတာနိုင္ ေတြ႕သမွ်အားလုံး ေဒါသေတြပုံခ်ပစ္ခ်င္ေနပါသည္။

“ေငြ႕..ကိုယ္”

“ခြပ္… မၾကားခ်င္ဘူးဘာမွမေျပာနဲ႕ လျခမ္းကိုထုတ္ေပးလို႔”

ဆြဲေနသူကိုလက္သီးေတြပါပစ္သြင္းရင္း ေဒါသေတြသာ ထြက္ေနေလသည္။သူၾကည့္မေနနိုင္ေတာ့ ရင္ဘတ္ကိုေစာင့္တြန္းပစ္ရင္း

“ေတာ္လိုက္ေတာ့ စိုင္းတိမ္ေငြ႕ ဒီကိစၥထဲ Geoကိုဆြဲမထည့္နဲ႕ မင္းစိုက္ခင္းေတြအေၾကာင္းသူတစ္ခါမွမေျပာခဲ့ဖူးဘူး ငါ့မွာလူေတြရွိၿပီးသား ငါ့လူေတြဆီကငါသိတာ ေအးဟုတ္တယ္ သူလက္မွတ္ထိုးလာဖို႔မင္းတို႔ေတြနဲ႕ၿခိမ္းေျခာက္ထားတယ္ အဲ့ေတာ့ဘာျဖစ္လဲ သူ႕တစ္ဘဝစာလုံး ငါတာဝန္ယူနိုင္လို႔ေလ သူ႕တစ္ဘဝလုံးလက္ညွိုးၫႊန္ရာေရ ျဖစ္တဲ့အထိငါတာဝန္ယူနိုင္လို႔”

“အဲ့ေတာ့ဘာလုပ္ရမွာလဲ သူခင္ဗ်ားကိုမႀကိဳက္ဘူးေလ သူမခ်စ္တဲ့သူနဲ႕ တစ္သက္လုံးေနသြားရမွာကို က်ဳပ္တို႔ကလက္ခုပ္တီးေပးေနရမွာလား”

“လက္ခုပ္မတီးခိုင္းဘူး လက္ပိုက္ၾကည့္ေန႐ုံနဲ႕ရတယ္ ငါ့ကိုယ္ငါယုံတယ္ သူငါ့ဆီမွာေပ်ာ္လာေစရမယ္”

“ခင္ဗ်ားနဲ႕ေဝးရာမွာလဲသူေပ်ာ္ေနတာပဲေလ”

“ဒါေပမယ့္ သူ႕ကိုငါမပိုင္ဘူးေလ ငါ့ပိုင္ဆိုင္မႈမဟုတ္ရင္တျခားသူေတြကငမ္းငမ္းတက္လိုခ်င္ေနမွာ တစ္ျခားသူေတြကို ၾကည့္ခြင့္မေျပာနဲ႕ ေတြးခြင့္ေတာင္မေပးနိုင္ဘူး”

“ခင္ဗ်ားအတၱမႀကီးစမ္းနဲ႕ ခင္ဗ်ားလိုခ်င္တာေတြအားလုံးရခဲ့ဖူးတာနဲ႕ လူတစ္ေယာက္ကိုသက္မဲ့လိုသေဘာထားၿပီး အနားဆြဲေခၚထားလို႔မရဘူးဗ် သူ႕လိုတာမွန္သမွ်အားလုံးေပးနိုင္တယ္လို႔ခင္ဗ်ားေျပာေနေပမယ့္ သူတကယ္လိုခ်င္တာလြတ္လပ္ခြင့္လည္းျဖစ္ေနနိုင္တာပဲ ခင္ဗ်ားကလက္ခံမွာမလို႔လား
သူလိုခ်င္တဲ့မိသားစုေမတၱာခင္ဗ်ားေပးနိုင္လား ႏူးညံ့မႈဆိုတာဘာမွန္းေတာင္မသိတဲ့ခင္ဗ်ားက သူ႕ကိုဘယ္လိုမ်ားဆက္ဆံေပးမွာလဲ”

“ခ်စ္မိသြားရင္လူတိုင္းေျပာင္းလဲနိုင္တာပဲ ငါအၿမဲတမ္းမာေၾကာေနေပမယ့္သူ႕အတြက္ႏူးညံ့ေပးနိုင္တယ္ မင္းယုံခ်င္ယုံမယုံခ်င္ေန မင္းယုံဖို႔လည္းငါမတိုက္တြန္းဘူး ၿပီးေတာ့ငါ့ဘက္ကလက္ေလွ်ာ့မွာမဟုတ္လို႔ မင္းလည္းျပန္ေခၚသြားဖို႔ကိုလက္ေလွ်ာ့လိုက္ေတာ့”

“ခင္ဗ်ား”

“တိမ္ေငြ႕ ငါတို႔ေအးေဆးစကားေျပာရေအာင္ ကိုစက္ရိပ္တို႔လည္းေရာက္ေနၿပီေျပာတယ္”

လက္သီးတျပင္ျပင္ျဖစ္ေနတဲ့တိမ္ေငြ႕ကို ေနာင္းညိုဆြဲထားရသည္။အင္အားခ်င္းမမွ်တဲ့အေျခအေနမွာ မ႐ူးမိုက္ေစခ်င္။ၿပီးေတာ့သူ႕ပိုင္နက္ထဲမွာ။

အင္အားမသုံးထားျခင္းက လျခမ္းမ်က္ႏွာေၾကာင့္မွန္း သိေနတာမို႔ သူ႕ေဒါသေတြကိုသြားမဆြခ်င္ေတာ့။သူ႕ဘက္က ကိုယ္ယွဥ္လို႔ရတဲ့အေျခအေနမဟုတ္။

ကိုစက္ရိပ္ကအေဖျဖစ္သူႏွင့္အိမ္ထဲဝင္လာကာ ထိုAlphaကိုတစ္ခ်က္ၾကည့္လိုက္သည္။လျခမ္းႏွင့္ပတ္သပ္သမွ်အားလုံးကို ထိန္းခ်ဳပ္ပစ္တဲ့ထိုလူက သက္ဆိုင္သူအားလုံးကို သူ႕ေနရာသို႔ေခၚလာနိုင္သည္အထိ အင္အားရွိသည္။အကယ္၍ သူသာျပန္မေပးခ်င္လွ်င္ ဘယ္သူမွမသိသည့္ေနရာသို႔ ဝွက္ထားဖို႔လည္း သိပ္ကိုလြယ္ေနပါလိမ့္မည္။

“ေရာက္လာတာျမန္သားပဲထိုင္ပါ လမ္းခရီးမွာေရာအဆင္ေျပခဲ့ရဲ႕လား”

သူပိုင္သည့္ေလေၾကာင္းလိုင္းျဖင့္ သီးသန့္ေခၚယူလာတာမို႔ အဆင္မေျပစရာဘာမွမရွိမွန္းသူသိေနၿပီးသား။ဝတၱရားအရေမးျခင္းမို႔ ျပန္ေျဖဖို႔မလိုအပ္။

“ကေလးဘယ္မွာလဲ”

“သူအဆင္ေျပပါတယ္”

“လူကိုယ္တိုင္ေတြ႕ခ်င္တယ္”

“မဂ္လာကိစၥအားလုံးေဆြးႏြေးလို႔အဆင္ေျပရင္ သူ႕ကိုေခၚေပးမယ္”

“မင္းကဘာသေဘာလဲ”

“ရွင္းပါတယ္ သူ႕ကိုအရင္ေခၚေပးလိုက္ရင္ ဆက္ေဆြးႏြေးလို႔အဆင္မေျပတာေတြေပၚလာနိုင္တာမို႔ အားလုံးကိုအရင္ေဆြးႏြေးခ်င္ပါတယ္”

“ငါတို႔ဘက္ကလက္မခံရင္ေရာ”

“ကြၽန္ေတာ့္ဆီကေနသူ႕ကိုဖြက္ထားသလိုမ်ိဳး ကြၽန္ေတာ္သူ႕ကိုျပန္ဖြက္ထားနိုင္တယ္ ကြၽန္ေတာ္ပိုင္တဲ့ကြၽန္းေတြ စံအိမ္ေတြ မေရမတြက္နိုင္ေအာင္ရွိတယ္ သူ႕ကိုဖြက္ထားဖို႔မခက္ခဲပါဘူး မတူတာက ကြၽန္ေတာ္သူ႕ကိုေတြ႕ေအာင္ရွာနိုင္ခဲ့ေပမယ့္ ခင္ဗ်ားတို႔ဘက္ကသူ႕ကိုေတြ႕ေအာင္ရွာနိုင္လိမ့္မယ္မထင္ဘူး”

“ဘာကိုေျပာခ်င္တာလဲ”

“ဆိုလိုတာက ကြၽန္ေတာ္အဲ့လိုမလုပ္တာက သူ႕ဘက္ကိုစဥ္းစားလို႔ သူ႕ခံစားခ်က္ကိုထည့္တြက္လို႔ အကယ္၍ကြၽန္ေတာ့္ကိုတြန္းအားေပးလာမယ္ဆိုရင္ ကြၽန္ေတာ္ဘယ္သူ႕ကိုမွထည့္တြက္ေနမွာမဟုတ္ေတာ့ဘူး ကြၽန္ေတာ့္အတၱေတြကိုေရွ႕တန္းတင္ၿပီး လုပ္ခ်င္ရာလုပ္ပစ္မယ္ ကြၽန္ေတာ္ပိုင္တဲ့အာဏာေတြကိုပါ ထုတ္သုံးေတာ့မွာ”

“မင္းး…”

“ကြၽန္ေတာ့အေၾကာင္းၾကားထားၿပီးသားလို႔ထင္ပါတယ္ စကားတစ္ခြန္းနဲ႕တစ္နိုင္ငံလုံးကိုေျပာင္းလဲခြင့္ကြၽန္ေတာ့္ဆီမွာရွိတယ္ အလင္းဘက္ပဲျဖစ္ျဖစ္ အေမွာင္ဘက္ပဲျဖစ္ျဖစ္ လူတစ္ေယာက္ေလာက္ကိုစကားထဲေတာင္ထည့္ေျပာေနစရာမလိုဘူး”

“အခုဘာကိုေဆြးႏြေးခ်င္တာလဲ”

“ေျပာခဲ့သလိုပဲ မဂ္လာကိစၥေလ”

“လက္ထပ္စာခ်ဳပ္ေတာင္တစ္နိုင္ငံလုံးေတြ႕ၿပီးေနၿပီပဲ ဘာကိုေဆြးႏြေးခ်င္ေနတာလဲ”

“လက္ထပ္စာခ်ဳပ္က စရံသေဘာပါပဲ သူထြက္ေျပးလို႔မရေအာင္ခ်ဳပ္ထား႐ုံတင္ ကြၽန္ေတာ္သူ႕ကိုတန္ဖိုးထားတဲ့အတြက္ အဲ့လိုၿပီးစလြယ္မလုပ္ဘူး တစ္နိုင္ငံလုံးေရွ႕မွာ သူတို႔ကိုသက္ေသထားၿပီးေတာ့ ကြၽန္ေတာ့္ပိုင္ဆိုင္မႈအျဖစ္ေၾကျငာခ်င္တယ္ ၿပီးရင္အားလုံးေရွ႕မွာ လက္မွတ္ျပန္ထိုးမယ္”

“မင္းျဖစ္ခ်င္သလိုျဖစ္ေအာင္လုပ္မွာပဲဟာ ငါတို႔နဲ႕ဘာေဆြးႏြေးမွာလဲ”

“အိုးးးမဂ္လာေန႕ရက္၊ေနရာ၊ အျပင္အဆင္၊အေကြၽးအေမြး အားလုံးတိုင္ပင္ရမယ္ေလ”

“ခင္ဗ်ား”

“တိမ္ေငြ႕”

ဟိုလူ႕အေျပာမွာေဒါသထြက္သြားသူကို ေနာင္းညိုဆြဲထားရသည္။

“မင္းစီစဥ္ၿပီးသားကိုေျပာျပ႐ုံပဲဟာ ေဆြးႏြေးတယ္အမည္မတပ္ပါနဲ႕ ငါတို႔လက္မခံလည္းမင္းျဖစ္ေအာင္လုပ္မွာပဲေလ အဲ့ေတာ့ငါတို႔လက္ခံတယ္ပဲသေဘာထားလိုက္ေတာ့ ကေလးကိုေခၚေပး”

“အေရးႀကီးတာက်န္ေသးတယ္”

“ဘာလဲ”

“မဂ္လာမေဆာင္ေသးခင္လည္းသူဒီမွာပဲေနရမယ္ ခင္ဗ်ားတို႔ကိုေတြ႕ခ်င္ရင္လိုက္ပို႔ေပးမယ္ ညအိပ္ညေနေတာ့မရဘူး”

“အဓိပ္ပါယ်မရှိတာ”

“သိပ္ရွိတာေပါ့ မေတာ္လို႔မ်ားအရင္တစ္ခါလိုထြက္ေျပးသြားရင္ ဘယ္လိုလုပ္မလဲ ဒီတစ္ခါဆိုရင္ က်ဳပ္စိတ္ထိန္းနိုင္မွာမဟုတ္ဘူး ဘယ္သူ႕မ်က္ႏွာမွမၾကည့္ဘဲ အကုန္သတ္ပစ္မိမယ္ထင္တယ္ အဲ့လိုဆိုလူတိုင္းအတြက္မေကာင္းဘူးေလ”

“အဲ့လိုမျဖစ္နိုင္တာေသခ်ာတာမလို႔ မစိုးရိမ္ပါနဲ႕ “

“No ဘယ္သူ႕ကိုမွမယုံဘူး တစ္ခါတစ္ေလ ကိုယ့္ကိုကိုယ္ေတာင္ယုံခ်င္တာမဟုတ္ဘူး”

“ကေလးသေဘာထားကိုေရာ မင္းဂ႐ုမစိုက္ဘူးလား”

“ေနာက္ဆိုအက်င့္ျဖစ္သြားမွာပါ သူ႕ကိုအက်င့္လုပ္ေပးထားမလို႔ ဒီအေျခအေနကလူတိုင္းႀကဳံရမွာပဲေလ ဒီတစ္ခုေတာ့အလိုလိုက္လို႔မရတာမို႔ သူနားလည္မွာပါ”

စက္ရိပ္အေဖက မ်က္စိမွိတ္ကာစိတ္ကိုထိန္းေနရသည္။တာဝန္သိသိနဲ႕သူတို႔ကိုေခၚလာေပးတာကိုပဲ ေက်းဇူးတင္ရေတာ့မလို။႐ုပ္ကေတာ့ တစ္ေလာကလုံးကိုဂ႐ုမစိုက္ဘူးဆိုတဲ့ပုံႏွင့္။ဒါေတာင္ ကေလးႏွင့္အနီးစပ္ဆုံးသူေတြမို႔ အတတ္နိုင္ဆုံးႏွိမ့္ခ်ထားပုံ။

“အားလုံးလက္ခံေပးမယ္ ကေလးကိုေခၚေပး”

“လူတိုင္းလက္ခံတာလား ဦးေလးတစ္ေယာက္ပဲလက္ခံတာလား”

“မင္း ဘာျဖစ္ခ်င္ျပန္ၿပီလဲ”

“လူတိုင္းလက္မခံရင္ မေခၚေပးနိုင္ဘူး”

“ခင္ဗ်ား”

“ငယ္ငယ္ကလည္းသတိရေနတယ္ထင္တယ္ ညဆိုမအိပ္ခင္,ခင္ဗ်ားတို႔အေၾကာင္းေမးေမးေနတာ မလာေသးဘူးလားတဲ့”

“လက္ခံတယ္ လူတိုင္းလက္ခံတာမလို႔ ခုခ်က္ခ်င္းေခၚလာေပး”

“ေယာက်ာ္းကတိေတြမို႔လို႔ ယုံလိုက္မယ္ေနာ္ လူကိုေတြ႕မွစိတ္မေျပာင္းပါနဲ႕ သူ႕ေရွ႕မွာလူမသတ္ခ်င္ဘူး”

“ေကာင္းၿပီ သြားေခၚလာခဲ့”

“OK”

ေအာင္နိုင္သူအၿပဳံးႏွင့္ ေနရာမွထကာ အေပၚထပ္သို႔တက္သြားပုံမွာေအးေအးေဆးေဆး။ေနာက္မွာက်န္ခဲ့တဲ့သူေတြမွာသာ ဖင္တႂကြႂကြ။ေဒါသထြက္ေနသူ တိမ္ေငြ႕ကိုေနာင္းညိုလက္ဆြဲထားရသည္။သူ႕ေဒါသႏွင့္ဆို လူမသတ္နိုင္ဘူးလို႔မေျပာနိုင္။

Geo မွာေတာ့ တိမ္ေငြ႕မ်က္ႏွာကိုသာၾကည့္ကာ ခပ္လွမ္းလွမ္းမွာရပ္ေနေလသည္။သူ႕ဘက္ကိုတစ္ခ်က္မွလွည့္ၾကည့္မလာသူက သူ႕ကိုမေတြ႕ခ်င္ေတာ့ပုံ။ဟုတ္မွာေပါ့ေလ သူျမတ္နိုးရတဲ့သူကို ကိုယ့္အစ္ကိုျပန္ေပးဆြဲနိုင္ခဲ့တာ သူ႕စနက္လည္းမကင္း။တမင္မရည္႐ြယ္ေသာ္လည္း ကူညီေပးခဲ့တာေတာ့အမွန္ပဲဟာ။

“ဒီတစ္ေလာေနေကာင္းရဲ႕လား”

စက္ရိပ္ကိုၾကည့္ၿပီးေမးလာတဲ့ Horizonအေမးကို မၾကားသလိုသာဟန္ေဆာင္ေနမိသည္။
ညီျဖစ္သူအတြက္စိတ္တိုေနမိတာမို႔ အရာရာကိုအေကာင္းျမင္မေပးနိုင္ေပ။

အေျဖျပန္မရေသာ္လည္း အၿပဳံးမပ်က္သူက သူနားလည္ပါသည္ဆိုေသာမ်က္ႏွာေပးႏွင့္။

သူအခန္းတံခါးဖြင့္ေတာ့ မွန္နံရံနားကပ္ကာ အျပင္ကစံပယ္ခင္းကိုၾကည့္ေနသည့္ ငယ္ငယ့္ကိုေတြ႕သည္။သူဝင္လာတာကိုမသိျခင္းမွာ ေျခသံမၾကားရေသာေၾကာင့္ျဖစ္မည္။အျပာေရာင္လုံးလုံးေလးကိုခါးမွဖက္ကာ ဂုတ္ပိုးထက္နမ္းရွိုက္မိသည္။သူသိပ္မုန္းခဲ့ဖူးတဲ့ရနံ႕ေတြဟာ အခုေတာ့နမ္းရွိုက္လို႔ပင္မဝနိုင္။

သုံးေလးရက္ႏွင့္အထာနပ္သြားသူက သူ႕အနမ္းကိုမ႐ုန္းေတာ့။႐ုန္းမိလွ်င္ ပိုတိုးလို႔ဆိုးကာ တစ္ကိုယ္လုံးကိုနမ္းေတာ့မည္။ၿပီးလွ်င္ အမွတ္ေတြက်န္သည္အထိလည္း စုပ္ပစ္တတ္ပါေသးသည္။နမ္းတုန္းၿငိမ္ေနလွ်င္ သူေက်နပ္တာႏွင့္ ရပ္သြားေပလိမ့္မည္။

“ေအာက္မွာ ငယ္ငယ့္သူငယ္ခ်င္းေတြေရာက္ေနတယ္ ဦးေလးနဲ႕အစ္ကိုေရာပဲ သြားေတြ႕ခ်င္လား”

“တကယ္လား”

သူ႕ကိုေမာ့ၾကည့္လို႔ေမးလာတဲ့မ်က္ဝန္းထဲ ေပ်ာ္႐ႊင္မႈေတြ ကခုန္ေနေလသည္။ပါးခ်ိဳင့္ေလးေတြပါခ်ိဳင့္ဝင္သည္အထိၿပဳံးေနသူက သိပ္ဝမ္းသာေနဟန္။ထိုပါးခ်ိဳင့္ေတြထဲ သူ႕ႏွာတံႏွစ္ပစ္မိသည္။အိစက္စက္ပါးျပင္ေလးက ကိုက္ဝါးခ်င္စရာအတိ။

“ကိုယ့္ကိုကတိေပးရင္ ခြင့္ျပဳေပးမယ္”

“ဘာကတိလဲ”

“ျပန္မလိုက္သြားရဘူး”

“…………”

“ေနာက္ဆိုငယ္ငယ္သြားလည္ခ်င္ရင္ ကိုယ္လိုက္ပို႔ေပးမယ္ ျပည္ပဆိုလည္းရတယ္လိုက္ပို႔မယ္ ဒါေပမယ့္ကိုယ္နဲ႕ပဲေနရမယ္ ကိုယ္တို႔ကလက္ထပ္ၿပီးရင္အၿမဲအတူေနရေတာ့မွာေလ ငယ္ငယ္နားလည္တယ္မလား”

“ဒါေပမယ့္..ဒါေပမယ့္ အခုလက္မွမထပ္ရေသးတာ”

“ငယ္ငယ္စာခ်ဳပ္မွာလက္မွတ္ထိုးၿပီးသြားၿပီေလ အခုကိုယ္တို႔ကတရားဝင္သက္ဆိုင္ေနၿပီးသား “

“ဒါေပမယ့္မသင့္ေတာ္ဘူးေလ သူမ်ားေတြျမင္ရင္”

“တစ္နိုင္ငံလုံးသိၿပီးသား”

“ဘယ္လိုသိသြားတာလဲ”

အံ့ဩသလိုေမာ့ၾကည့္လာပုံက မထင္မွတ္ထားပုံ။သမုဒၵရာပါ အဲ့ေလာက္မ,အပါဘူး။သူသိတာေပါ့ လက္မွတ္ထိုးေပးထားလည္း ဘယ္သူမွမသိတာမို႔ ထြက္ေျပးခ်င္ေနမွန္း။ကေလးအေတြးေလးေတြ။

“ကိုယ္ေၾကျငာလိုက္တာေလ”

“ခင္ဗ်ား..”

“ဘာလဲ ကိုယ့္ကိုစာ႐ြက္ေပၚလက္မွတ္ေလးထိုးေပးၿပီး ညာၿပီးထားခဲ့ခ်င္ေနတာလား အသစ္တစ္ေယာက္ရွာခ်င္ေနတာလား”

မွန္နံရံထက္ဖိကပ္ပစ္ကာ စူးစူးနစ္နစ္ၾကည့္ေပးလိုက္ေတာ့ အသည္းအသန္ျငင္းဆန္လာေလသည္။

“မဟုတ္ မဟုတ္ပါဘူး အဲ့သေဘာမဟုတ္ အြန့္”

လႈပ္လႈပ္႐ြ႐ြႏႈတ္ခမ္းေလးကိုဆြဲစုပ္ပစ္ေတာ့ ကိုယ္တိုင္ေကြၽးခဲ့တဲ့စေတာ္ဘယ္ရီေတြက သူ႕ခံတြင္းထဲအရသာအျပည့္။အြန္း ဝယ္ေပးရက်ိဳးနပ္တာေပါ့။

အပိုင္ရသြားတဲ့ႏႈတ္ခမ္းေတြက ကမၻာ့အေကာင္းဆုံးထုတ္ကုန္ေလး။သူတစ္ေယာက္တည္းသာပိုင္တဲ့ ကန့္သတ္ထုတ္ကုန္။
စီးကရက္ေတြေလာက္ကိုမေျပာနဲ႕ အာဟာရေတြအားလုံးျဖတ္ရမယ္ဆိုရင္ေတာင္ သူ႕ႏႈတ္ခမ္းေတြရွိရင္ရၿပီ။ျဖစ္နိုင္ရင္ အခ်ိန္ျပည့္သာ ငုံထားလိုက္ခ်င္ပါသည္။

သူလႊတ္ေပးခ်ိန္ ႏႈတ္ခမ္းတစ္စုံက စိုရဲရဲေလးျဖစ္က်န္ခဲ့သည္။ဒီအတိုင္းေခၚသြားလိုက္ရင္ ဟိုလူေတြသူ႕ကိုသတ္ပစ္ခ်င္ေနမွာမလြဲ။အနိုင္ရသြားတဲ့ ဘုရင္တစ္ပါးရဲ႕ခံစားခ်က္ဟာ ယခုသူခံစားေနရသလိုပင္ျဖစ္လိမ့္မည္။

“ကိုယ္ေျပာထားတာေတြကိုမေမ့နဲ႕ သူတို႔ဘဝေတြက ငယ္ငယ့္လက္ထဲမွာ ကိုယ့္စိတ္ရဲ႕ေကာင္းျခင္းဆိုးျခင္းေတြအကုန္ ငယ္ငယ့္ဆုံးျဖတ္ခ်က္ေပၚမွာမူတည္တယ္ ငယ္ငယ္ လိမၼာမယ္မဟုတ္လား”

နားထက္ကဆံႏြယ္ေလးေတြကို အသာပြတ္သပ္ေပးမိတယ္။သူ႕ပုံစံက ဘာမွနားမလည္တဲ့ကေလးတစ္ေယာက္ကိုဆြဲေဆာင္ေနတဲ့ နတ္ဆိုးတစ္ေကာင္လိုမ်ိဳး။

“ဟုတ္ကဲ့”

“လိမၼာတယ္”

ေခါင္းထက္တစ္ခ်က္ဖြဖြနမ္းလို႔ လက္ကမ္းေပးမိတယ္။သူေခၚေဆာင္ရာပါလာသူက ေတြ႕ခ်င္သူေတြကိုေတြ႕ရမွာမို႔ သြက္လက္ေနေလသည္။တံခါးအေရာက္ ခဏရပ္ခိုင္းကာ ေဘးကဖိနပ္စင္ေပၚက အျပာေရာင္ေမႊးပြဖိနပ္ေလးယူလို႔ သူ႕ေရွ႕ထိုင္ခ်မိတယ္။

ေနာက္တစ္လွမ္းဆုတ္လိုက္သူကို ေျခက်င္းဝတ္ေလးကဆြဲလို႔ ဖိနပ္စီးေပးေတာ့ မယုံနိုင္စရာတစ္ခုလို သူ႕ကိုငုံ႕ၾကည့္လာေလသည္။

ေၾကာက္လို႔ထြက္ေျပးေနသူကို ႏူးညံ့မႈေတြနဲ႕ နယ္နိမိတ္သတ္မွတ္ပစ္မယ္။ဒီေလွာင္အိမ္ထဲကေန ဘယ္ေတာ့မွမလြတ္ေျမာက္နိုင္ေအာင္ အၾကင္နာေတြနဲ႕ မွ်ားေခၚမယ္။ယဥ္ပါးသြားခဲ့ခ်ိန္ မင္းႏွလုံးသားကကိုယ့္အပိုင္ျဖစ္ႏွင့္ၿပီးသားပဲေနမွာ။

ေအာက္ထပ္ဆြဲေခၚသြားတဲ့အထိ ေနာက္မွပါလာသူက အသိမကပ္သူလို။ဟုတ္မွာေပါ့ တစ္ေလာကလုံးကို ေျခဖဝါးေအာက္ထားခဲ့သူက သူ႕ေျခဖဝါးမွာကိုယ္တိုင္ဖိနပ္စီးေပးခဲ့တာေလ။မစရေသးခင္ေႂကြဆင္းပစ္ရင္ ေနာင္တစ္ခ်ိန္ဘယ္လိုလုပ္ရပါ့။

“ကေလး”

သူ႕ဦးေလးအသံၾကားေတာ့ ဆတ္ခနဲေမာ့ၾကည့္လာသူက မ်က္ရည္ေတြပါေဝ့ခနဲ။ဒီအေတာအတြင္း မငိုခဲ့သမွ် အားကိုးေတြ႕မွ မ်က္ရည္ကက်လာဟန္။ဆြဲထားတဲ့လက္ကို႐ုန္းလို႔ ပစ္ဝင္လိုက္တာ ထိုလူ႕ဆီကို။

အားႏွင့္ငိုခ်လိဳက္တာေၾကာင့္ ေဘးလူေတြပါမ်က္ရည္ဝဲကုန္သည္။ဟုတ္မွာေပါ့ သူ႕မွာတြယ္တာစရာဆိုလို႔ ဒီလူေလးေတြပဲရွိတာ။ေနာက္ဆိုရင္ေတာ့ ငိုခ်င္တိုင္းတိုးဝင္ဖို႔ သူ႕ရင္ခြင္ကိုအပိုင္စားေပးပါမည္။

“ကေလး”

ဝမ္းနည္းေနသူကိုမေခ်ာ့တတ္ေတာ့ ေက်ာျပင္ေလးပုတ္လို႔သာ ႏွစ္သိမ့္ေပးေနတဲ့ သူ႕ဦးေလး။

“မငိုနဲ႕ေတာ့ငယ္ငယ္ ေခါင္းကိုက္မယ္”

သြားဆြဲယူကာ ရင္ခြင္ထဲေပြ႕သိမ္းခ်င္စိတ္ကိုထိန္းလို႔ သတိေပးစကားတိုးတိုးဆိုမိတယ္။ငိုေနတာၾကာၿပီမို႔ ေခါင္းကိုက္မွာဆိုးပါသည္။

“အင့္..”

ရွိုက္သံထြက္ေနတဲ့သူက ထပ္ၿပီးမငိုေတာ့ေသာ္လည္း ရင္ခြင္ထဲကေတာ့မထြက္။ေၾကာင္ေလးေတြလို လူေငြ႕ေတာ့ေတာ္ေတာ္ႀကိဳက္ပုံရသည္။အၿမဲသူမ်ားရင္ခြင္ထဲေခြေနရမွ။

“လျခမ္းေလး အဆင္ေျပရဲ႕လား”

“ဟုတ္”

စက္ရိပ္အေမးကို ေခါင္းညိတ္ေျဖကာ မ်က္ရည္ကိုလည္းပြတ္သုတ္လိုက္ေသးသည္။

“ျပန္လိုက္ခဲ့ခ်င္လား”

“စိုင္းတိမ္ေငြ႕”

တိမ္ေငြ႕စကားအဆုံး သူ႕ေဒါသသံကဟိန္းကနဲ။အေရးမစိုက္သူက ငယ္ငယ့္ကိုပဲစိုက္ၾကည့္ကာ

“လျခမ္းျပန္ခ်င္ရင္ငါေခၚသြားေပးမွာ”

“မင္းးးး”

“ဟင့္အင္း မလိုက္ဘူး မလိုက္သြားဘူးလို႔”

တိမ္ေငြ႕စကားေၾကာင့္ ေဒါသတႀကီးေရွ႕တိုးလာသူကို လျခမ္းခါးမွဆီးဖက္ထားၿပီး ေခါင္းရမ္းကာဇြတ္ျငင္းမိသည္။အဲ့လူႀကီးမ်က္ဝန္းထဲကေဒါသေတြက ဟိုတစ္ညက လူေတြကိုထိုးႀကိတ္ေနတုန္းကလို ေသြးဆာရိပ္ေတြအျပည့္။

“ငါေျပာတာကို အဖက္မလုပ္တာလားစိုင္းတိမ္ေငြ႕”

“အဖက္လုပ္ဖို႔လိုတာလား “

“ေတာ္ေတာ့ေမာင္သမုဒၵရာ တိမ္ေငြ႕လည္းေတာ္ေတာ့ ၾကားထဲက ကေလးကစိတ္ဆင္းရဲေနရၿပီ”

“ကြၽန္ေတာ္အမွန္အတိုင္းေျပာေနတာဦးေလး သူတစ္ခါမွမသိတဲ့လူေတြၾကားထဲ သူ႕ကိုနာက်င္ေအာင္လုပ္ခဲ့တဲ့သူနဲ႕ေနေနရတာ ဘယ္ေလာက္အားငယ္ေနမလဲ အၿမဲေၾကာက္လန့္ေနရၿပီးကာကြယ္ေပးမဲ့လူမရွိလို႔ျပဳသမွ်ႏုေနရမွာ သူလိုအၿမဲအထက္စီးကေနေနတဲ့သူကေရာ ဘယ္ေလာက္ႏူးညံ့ေပးနိုင္မွာမို႔လို႔လဲ မေသခ်ာတဲ့ကတိတစ္ခုအတြက္ လျခမ္းမ်က္ရည္ေတြကိုေလာင္းေၾကးမထပ္နိုင္ဘူး”

“ငါကေယာက်ာ္း ငါေျပာတဲ့စကားငါတည္တယ္ ငါမၾကင္နာေပးနိုင္တဲ့လူကိုငါမပတ္သပ္ဘူး ငါျမတ္နိုးလို႔ငါလက္ထပ္ရင္ သူကငါ့ရဲ႕ဘုရင္ဘဲ ဦးဘဲၫြတ္ရၫြတ္ရ ဒူးပဲေထာက္ရေထာက္ရ သူေပ်ာ္ဖို႔ဆို ငါ့မာနေတြအကုန္ ျပာခ်ထားၿပီးသား ငါေျပာခဲ့ၿပီးသား ငါသာသူ႕ခံစားခ်က္ေတြထည့္မတြက္ခဲ့ရင္ ဒီအခ်ိန္ ဘယ္သူမွမရွိတဲ့ေနရာမွာ သယ္သူမွမသိေအာင္ ငါေလွာင္ပိတ္ထားလိုက္မွာ သူေပ်ာ္ပါေစဆိုတဲ့စိတ္နဲ႕ မင္းတို႔အားလုံးကိုသူ႕ေရွ႕ေရာက္ေအာင္ေခၚလာေပးခဲ့တာ ငါ့သည္းခံမႈကိုစိန္မေခၚနဲ႕”

သူဖက္ထားတဲ့ၾကား ရင္ဘတ္ေတြနိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနသူက ေဒါသကိုအေတာ္ထိန္းထားဟန္။

“စိတ္ေအးေအးထားေလေနာ္ တိမ္ေငြ႕လည္းစိတ္ေလွ်ာ့ေနာ္ ငယ္ငယ္အဆင္ေျပတယ္ တကယ္အဆင္ေျပပါတယ္ အရင္တုန္းကလည္းငယ္ငယ္တို႔အၿမဲေတြ႕ေနရတာမွမဟုတ္တာ အခုလည္းသတိရရင္ေတြ႕လို႔ရေနတာပဲဟာ ငယ္ငယ္ကအိမ္ေထာင္က်သြား႐ုံပဲေလ ေနာက္လည္းဒီအေျခေနကႀကဳံရမွာပဲဟာ “

“သူကအနိုင္က်င့္တယ္မလား”

“အဲ့လိုမရွိပါဘူး တိမ္ေငြ႕စိုးရိမ္လြန္ေနတာပါ အရင္တုန္းကျဖစ္ခဲ့တာေတြကလည္းအထင္မွားၿပီးျဖစ္သြားတာေတြပါ အခုအရမ္းဂ႐ုစိုက္ေပးပါတယ္ ငယ္ငယ္မလိမ္ပါဘူး”

“သူၿခိမ္းေျခာက္ထားတာလား”

“မဟုတ္ပါဘူး”

“အဲ့တာဆို လျခမ္းကျပန္မလာခ်င္ဘူးေပါ့”

“အဲ့လိုမဟုတ္ဘူးေလ ငယ္ငယ္လာလည္မွာေပါ့ “

ျပႆနာမျဖစ္လိုစြာ ငယ္ငယ္အားလုံးလက္ခံလာေအာင္ ညွိႏွိုင္းခ်င္မိပါသည္။တိမ္ေငြ႕ကနားလည္ဟန္ တစ္ဖက္လွည့္ကာ အသက္ျပင္းျပင္းရႉလို႔စိတ္ေလွ်ာ့ေနပုံရသည္။တည္ၿငိမ္သြားမွ ငယ္ငယ့္ဘက္လွည့္လာၿပီး

“ပစၥည္းေတြကေရာ”

“ကိစၥမရွိဘူး အိမ္မွာအျပည့္အစုံဝယ္ထားေပးၿပီးသား အဲ့အခန္းကိုလည္းဒီအတိုင္းထားလိုက္ ငယ္ငယ္ျပန္ခ်င္တဲ့အခ်ိန္တိုင္းအားလုံးျပည့္စုံေနေအာင္လို႔ “

တိမ္ေငြ႕ဘက္ကေလွ်ာ့ခ်လာေတာ့ သူလည္းစိတ္ေလွ်ာ့လိုက္ပုံႏွင့္ ေလေျပေအးႏွင့္ရွင္းျပလာေလသည္။

“အဲ့လိုဆိုအားလုံးအဆင္ေျပသြားၿပီမို႔
အခုကေလးကိုငါတို႔နဲ႕ထည့္ေပးလိုက္လို႔ရမလား ညေနျပန္လာေခၚလိုက္ ငါကိုယ္တိုင္ကတိေပးတယ္ ကေလးလည္းသူငယ္ခ်င္းေတြကိုလြမ္းေနမွာပဲ မင္းနားလည္ေပးသင့္တယ္”

ဦးေလးကဝင္ေျပာေတာ့ ငယ္ငယ္သူ႕မ်က္ႏွာကို ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ေမာ့ၾကည့္မိသည္။ငုံ႕ၾကည့္လာၿပီး သူ႕အၾကည့္ကိုနားလည္သူက

“ကိုယ္ကိုယ္တိုင္လိုက္ပို႔မယ္”

“ရပါတယ္ ဟို”

“ကိုယ္မပါရင္မသြားရဘူး”

ခပ္ျပတ္ျပတ္ေျပာလာသံက ျငင္းမရမွန္းသိသာေစသည္။

“ဟုတ္ကဲ့”

“ONE “

“ကားေတြအဆင္သင့္ပါပဲ Boss”

သက္ေတာ္ေစာင့္ စကားအဆုံးသူ႕ကိုဆြဲေပြ႕ကာေရွ႕မွထြက္သြားတာေၾကာင့္ က်န္တဲ့လူေတြမွာအေၾကာင္သား။

“အျပင္စီးဖို႔ ဖိနပ္မရွိေသးဘူး ကိုယ္ေပြ႕ခဲ့မယ္”

ငုံ႕ၾကည့္မလာဘဲေျပာလာသူက အိမ္အျပင္ဘက္ေတာင္ေရာက္ေနၿပီျဖစ္တာေၾကာင့္ သူၿငိမ္ၿငိမ္ေလးသာ ရင္ဘတ္ထဲမ်က္ႏွာဖြက္ထားမိသည္။

႐ုပ္တည္ႀကီးေတြႏွင့္ သက္ေတာ္ေစာင့္ေတြမွာေတာ့ အခ်င္းခ်င္းသာမ်က္လုံးႏွင့္အခ်က္ျပမိၾကသည္။

ေရွ႕တစ္ေလွ်ာက္ သူတို႔အဖြဲ႕ေတာ့ စိတ္ၿငိမ္ေဆးေဆာင္ရေတာ့မည္ထင္သည္။

################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၆, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၆, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၆ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၆ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၆ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၆ light novel, ,

Comment

Leave a Reply

Chapter 27