Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၈
A+ A-
“ဘာလာလုပ်တာလဲ”
အေးစက်စက်စကားကို မျက်မှောင်ကျုံ့လို့ဆိုလာသူက သူ့ကိုမကြိုဆိုဟန်။ရင်ထဲမျက်ကနဲဖြစ်သွားခြင်းဟာဝမ်းနည်းခြင်းတွေခံသွားလို့နေမှာ။
“မဂ်လာပွဲကို မတက်ဘူးလား “
“အဲ့တာငါ့သဘော”
“လေးရက်ပဲလိုတော့တာလေ ခရီးထွက်အုံးမလို့လား”
“ကျစ်…ငါနဲ့ရင်းနှီးနေသလိုလာမလုပ်ပါနဲ့လား”
“မရင်းနှီးခဲ့ကြလို့လား”
“သေဆုံးသွားခဲ့ပြီးသားရင်းနှီးမှုတွေကို ဘာနဲ့အသက်သွင်းချင်နေတာလဲ”
“ကိုယ်မမှားခဲ့ဘူးလေဥယျာဉ်မှူးလေးရယ် ဖြစ်ကိုဖြစ်လာမဲ့အခြေအနေမှာကိုယ်ပါဝင်ခဲ့ရုံလေးတင် ငွေ့လည်းသိပြီးသားဖြစ်မှာပါ ကိုယ်မရှိရင်တောင် ကိုCeanအခြေနေနဲ့ဆို ဘာမဆိုဖြစ်လာအောင်စွမ်းဆောင်နိုင်ပြီးသား အစ်ကိုဖြစ်သူကိုကူညီရုံကလွဲရင် တခြားရည်ရွယ်ချက်တွေကင်းခဲ့ပါတယ်”
“အဲ့တာနဲ့ပဲငါကအရာအားလုံးကိုပြည်ဖုံးကားချရမယ်ပေါ့ စိတ်မချရတဲ့လူလက်ထဲကို မျက်စိမှိတ်အပ်ပြီး ..”
“စိတ်ချလို့ရပါတယ်ငွေ့ အစ်ကိုဖြစ်သူမို့ကာတာမဟုတ်ပါဘူး လခြမ်းထွက်သွားကတည်းကကိုCeanပြောင်းလဲနေခဲ့တာမျက်မြင်မို့ပါ သူတကယ်မြတ်နိုးတာပါ”
“ပြောစမ်းပါအုံး အကြောင်းပြချက်မရှိ မုန်းတီးနေပြီးမှအခုမြတ်နိုးလို့ပါဆိုပြီးအပိုင်လိုချင်နေရအောင် ကောင်းသောတွေ့ဆုံခြင်းတွေဘယ်တုန်းကရှိခဲ့ဖူးလို့လဲ”
“ကိုCeanကမသိခဲ့တာပါ ဟိုးအရင်ကတည်းကစိတ်ထဲမှာရှိနေခဲ့တာကိုမာနတွေကြောင့်လွဲနေခဲ့တာ အခုအဲ့မာနတွေထက်ပိုတဲ့ချစ်ခြင်းတရားကြောင့် သူ့စိတ်ကိုသူလက်ခံခဲ့တာ”
“ယုံရမယ်ပေါ့”
“ယုံမှရမယ် ငွေ့စိတ်ကလေးအေးချမ်းနေဖို့ ယုံကြည်ပေးရမယ်”
“ဟာသပဲ ပြောကြည့်ပါအုံးသူဘာတွေများပြောင်းလဲခဲ့လို့လဲ အမုန်းကနေအချစ်ကိုပြောင်းသွားတယ်ဆိုတဲ့စကားကလွဲရင် အခုလည်းအရင်လိုအနိုင်ယူနေတာပဲမလား အရင်တုန်းကသူစိမ်းအနေနဲ့ အခုတော့သူ့လက်ထဲမှာစိတ်ကြိုက်ချယ်လှယ်လို့ရတဲ့ရုပ်သေးအနေနဲ့ အခုတရားဝင်အနေနဲ့ဆိုတော့ဘယ်သူမှဝင်စွက်ဖက်ခွင့်မရှိတော့တာပေါ့”
“ငွေ့အထင်မှားနေ..”
“အဲ့လိုဖြစ်နေဖို့ပဲငါဆုတောင်းနေတာ ငါထင်နေတာတွေကမှားနေဖို့ပဲဆုတောင်းနေရတာ
သူ့လက်ထဲကလွတ်ထွက်သွားလို့မာနထိခိုက်လို့အပိုင်ပြန်ယူတာဆိုတဲ့ ငါ့အထင်မှားနေဖို့ပဲဆုတောင်းနေရတာ”
“ကိုယ့်ကိုယ်ကိုမနာကျင်ပါစေနဲ့လားငွေ့ရယ် ကိုယ့်ကိုယုံပေးလေနော် ဘယ်သူ့ကိုမှမယုံရင်တောင်နောက်ဆုံးကံကြမ္မာကိုမယုံရင်တောင် ကိုယ့်ကိုတော့ယုံပေးပါလားကွာ
မင်းစိတ်လေးပင်ပန်းမှာပေါ့ အကယ်၍ငွေ့ထင်သလိုဖြစ်လာသည်ရှိသော် ကိုယ်ကိုယ်တိုင်လခြမ်းကိုလွတ်မြောက်အောင်စွမ်းဆောင်ပေးမှာမို့ ကိုယ့်ကိုယုံကြည်ပေးပါလား”
“ဘာအတွက်နဲ့ယုံကြည်ပေးရမှာလဲ သူစိမ်းတစ်ယောက်ကိုဘယ်လိုအကြောင်းပြချက်တွေနဲ့ယုံကြည်ပေးရမှာလဲ”
“ကိုယ်ကမင်းကိုမြတ်နိုးနေတဲ့သူမို့လို့ပေါ့”
“အဟက်”
“ကိုယ်မြတ်နိုးတယ်ငွေ့ သူစိမ်းတွေလို့သတ်မှတ်လိုက်လို့ အရင်ကစကားတွေအကျုံးမဝင်တော့ရင် အစကနေပြန်ပြောမယ် ကိုယ်မင်းကိုမြတ်နိုးတယ်”
အဖက်မလုပ်သလို တစ်ဖက်လှည့်လိုက်သူက မဲ့ပြုံးတစ်ခုနှင့်။
“ငါဘယ်သူရှိရာမျက်နှာမူလဲဆိုတာကို မင်းသိပြီးသားဖြစ်မှာမို့ထပ်မပြောချင်ဘူး”
“သိပြီးသားအကြောင်းအရာတွေဆိုပေမယ့် ထပ်ကြားရတော့လည်း ထပ်ပြီးနာကျင်ရတုန်းပဲ”
“……………….”
“မဂ်လာပွဲကိုတော့တက်ရောက်ပေးပါ မဟုတ်ရင်လခြမ်းစိတ်မကောင်းဖြစ်နေရလိမ့်မယ် သူ့မှာတွယ်တာစရာဆိုလို့ဒီလူလေးတွေပဲရှိတာ သူ့ကိုဝမ်းမနည်းစေချင်ဘူးမလား ကိုCeanကအရိပ်တကြည့်ကြည့်ဂရုစိုက်ပေးနိုင်တယ်ဆိုပေမယ့်မတူဘူးလေ”
“ကိုယ်မြတ်နိုးရတဲ့သူက တစ်ခြားတစ်ယောက်လက်ကိုဆုပ်ကိုင်ပြီး တခြားတစ်ယောက်အပိုင်ဖြစ်သွားတာကို ငါ့ကိုကြည့်စေချင်တာပေါ့”
“တားမထားတဲ့စည်းကိုကျော်ဖို့မကြိုးစားတာထက် ခြားပစ်လိုက်တဲ့စည်းကိုမြင်ပြီးလွှတ်ချလိုက်တာက ငွေ့စိတ်တွေပိုပြီးလွတ်လပ်စေမှာပါ တစ်ခြားသူကိုအဝေးကငေးရတာထက် နံဘေးမှာလက်ကမ်းပေးနေတဲ့သူကို လှည့်ကြည့်ရင်းနဲ့လည်းပျော်ရွှင်ခြင်းကိုရှာတွေ့နိုင်တာပဲ”
“အဲ့တစ်ယောက်ကမင်းလို့တော့မပြောဘူးမို့လား”
“အားမနာတမ်းဝန်ခံရရင် အဲ့တစ်ယောက်ကကိုယ်ပါပဲ”
“မင်းတို့ညီအစ်ကိုတွေက အတ္တကြီးပုံခြင်းသိပ်တူတာပဲ”
“ချစ်မိသူတွေတိုင်းအတ္တမကင်းကြပါဘူးအဖြူပေါ်စွန်းသွားတဲ့အမည်းစက်က တစ်စက်လေးစွန်းလည်းစွန်းတာပဲ တစ်ထည်လုံးစွန်းလည်းစွန်းတာပါပဲ သိသာခြင်းမသိသာခြင်းဟာပမာဏလေးကွဲသွားရုံတင် ဥပမာဆို ငွေ့ကလခြမ်းကိုမြတ်နိုးတယ် မပိုင်ဆိုင်ချင်ခဲ့ပေမယ့် သူစိမ်းတစ်ယောက်ဆီမပေးလိုက်ချင်တာလည်းငွေ့ရဲ့အတ္တလေးပဲလေ ကိုယ်ကတော့ငွေ့ကိုမြတ်နိုးတယ် ပိုင်ဆိုင်ရမှကိုဖြစ်မယ် “
“မင်း ပြန်တော့”
“မျက်နှာပြောင်တိုက်တယ်ပဲပြောပြော ငွေ့မပါတဲ့အပြန်ခရီးကို မပြန်ချင်တာတော့အမှန်ပဲ”
“ဘာအတွက်ကြောင့် မင်းနဲ့ပြန်ရမှာလဲ”
“ငွေ့စိတ်နဲ့ကိုယ့်ကိုယ်ဖြစ်နေတဲ့အခါ အကွေ့အကောက်များတဲ့တောင်ပေါ်လမ်းမှာအန္တရာယ်မကင်းမှာစိုးမိရုံပါ”
“ငါဂရုမစိုက်ဘူး”
“ဂရုမစိုက်ခြင်းတွေကိုအသားကျနေတယ်ဆိုပေမယ့် ငွေ့နှုတ်ကပြောထွက်လာတိုင်း ကိုယ့်အတွက်နာကျင်ရတာပါပဲ”
ဘာမှမပြောလာတော့တဲ့သူက သူ့ကိုတကယ်ဂရုမစိုက်ဟန် ကျောပေးကာလှည့်ထွက်သွားလေသည်။
ကျောပြင်လေးမြင်ပြီး စခဲ့မိတဲ့ရင်ခုန်သံပါပဲ။ခုချိန်ထိလည်း ရင်ခုန်သံတွေပျိုမြစ်နေတုန်း။လွယ်လွယ်လက်လျှော့တတ်တဲ့သူမဟုတ်တာ မင်းအတွက်ဘုရားပေးတဲ့ဆုပဲ ဥယျာဉ်မှူးလေးရဲ့။
မင်းကိုပေးမဲ့ မြတ်နိုးခြင်းတွေ၊ပျော်ရွှင်ခြင်းတွေအတွက် ကိုယ်လက်မလျှော့နိုင်ခဲ့ဘူး လေ…
…………….
မှန်တံခါးတွေဖွင့်ထားတာမို့ စံပယ်သင်းရနံ့လေးတွေက လိုက်ကာစကိုတိုးတိုက်ကာ အခန်းထဲဝင်လာလေသည်။ကုတင်ထက်အိပ်မောကျနေသူကို တိုးဝှေ့ကျီစယ်ချင်သည်ထင်။
ဖြူနုနုမျက်နှာလေးကအလင်းရောင်ကြောင့် ပိုနုပျိုနေသည်။လည်ပင်းမှစကာရင်ညွှန့်တွေအထိအနမ်းရာ မရှိသည့်နေရာဟူ၍မရှိ။ခြုံထားသောစောင်အားဆွဲယူဖွင့်ကာကြည့်လျှင် ချစ်မြတ်နိုးခံထားရမှုကြောင့်ထင်ကျန်ခဲ့သော အမှတ်အသားတွေပြည့်နေတာမြင်ရပါလိမ့်မည်။
အခန်းထဲခြေသံဖွဖွနင်းကာလျှောက်လာပြီး ကုတင်ပေါ်တင်ပါးလွှဲထိုင်လိုက်သည်။ကျေနပ်နေသောသူ့မျက်နှာက နံနက်ခင်းနေနှင့်အပြိုင်ဝံ့ဝံ့ကြွားကြွား။ဆံပင်လေးတွေဖွဖွသပ်ပေးကာ ပါးပြင်လေးကိုငုံ့နမ်းမိသည်။သူကိုယ်တိုင်သစ်ပေးထားတဲ့မျက်နှာသစ်ဆေးရနံ့က သူလေးပါးပြင်ရောက်မှရနံ့ပြောင်းသွားပုံရသည်။
သူကိုယ်တိုင်ပေးထားတဲ့အမှတ်အသားတွေကိုဂုဏ်ယူစွာကြည့်ရင်း နှုတ်ခမ်းလေးနှင့်ဖွဖွလိုက်ထိနေမိသည်။သန်ဘက်ခါပြီးရင်မဂ်လာပွဲမို့ ဒီအမှတ်တွေမပျောက်ရင်ရေခဲကပ်ပေးရအုံးမည်။
စောင်ကိုအသာလှပ်ကာ ဘေးသို့ပို့မိတော့ Shirtအဖြူကြီးကြားက ခြေတံသွယ်သွယ်လေးတွေကသူ့ကိုဖျားယောင်းနေသယောင်။သူကိုယ်တိုင်ပေးထားတဲ့အမှတ်အသားတွေက ဖြူဝင်းနေတဲ့သူ့အရေပြားထက်နှင်းဆီနီတွေပွင့်နေသလိုမျိုး။
ဘေးခုံပေါ်ကဆေးဗူးကိုယူကာ Shirtကိုခါးအထိဆွဲတင်လိုက်တော့ ပေါင်တံသွယ်သွယ်လေးတွေကြား အရေပြားတစ်ချို့ကပွန်းနေလေသည်။အသားဖြူသူမို့ ရဲစွေးနေတာကမြင်မကောင်း။
သက်ပြင်းချလို့ဆေးကိုကော်ယူကာ ထိုနေရာကိုအသာဖွဖွလိမ်းပေးမိသည်။
“အွန်းးးးးးး”
“ကျွတ်..ကျွတ်..”
ဆတ်ခနဲဖြစ်သွားသူကစပ်သွား၍ဖြစ်မည်။ကလေးတွေလိုချော့လို့ ထိုနေရာကိုလေနှင့်အသာမှုတ်ပေးမိသည်။ဆေးကအေးလို့ထင် တအင်းအင်းနှင့်နိုးလာတဲ့သူ။အိပ်မှုန်စုံမွှားလေးကြည့်ကာ နှုတ်ခမ်းမှထွက်လာသံက အက်ရှရှ။
“ရေ”
“ရေဆာလို့လားငယ် ခဏလေးနော်”
ဘေးခုံပေါ်က အသင့်ချထားတဲ့ရေခွက်လေးယူကာလူကိုအရင်ပွေ့ထူပေးရသည်။နှုတ်ခမ်းနားအထိတေ့ကာတိုက်ပြီးတော့ တစ်ခွက်လုံးကုန်အောင်သောက်လိုက်သူက ရေအတော်ဆာနေပုံရသည်။
“တော်ပြီလား”
“အွန်း”
ရေခွက်ကိုပြန်ထားကာ လူကိုတော့သူ့ရင်ခွင်ကိုဆက်မှီခိုင်းထားလိုက်သည်။ပြီးမှခါးလေးကိုအသာဖွဖွလေးနှိပ်ပေးမိသည်။
“နာတယ်”
“Sorry ကိုယ့်လက်ကအားသန်တာမေ့သွားတယ် အရှိန်လျှော့ပေးမယ်နော် ဒီလောက်ဆိုရပြီလား”
“ခြေထောက်နာတယ်”
“ခြေထောက်ဘယ်နေရာကလဲ”
သူမေးတော့ မော့ကြည့်လာတဲ့အကြည့်လေးကချစ်စရာ။ရန်တွေ့နေတဲ့အကြည့်ဆိုပေမယ့် ခန္တာကိုယ်အခြေအနေကြောင့် စူးရှမနေနိုင်တာကတော့သနားစရာပါပဲ။လက်ချောင်းလေးတွေအထိအားမရှိတာကြောင့် သူ့ရင်ခွင်ထဲကရုန်းထွက်ဖို့တောင်မလုပ်နိုင်တော့။
“အဲ့လူဆိုးကြီးက မေ့ချင်ယောင်ဆောင်နေတာ”
“ဟုတ်ပါပြီကိုယ်မှားတာပါ ကိုယ်လုပ်လို့ဖြစ်တာဆိုတော့ကိုယ်တာဝန်ယူပေးမှာပေါ့ ဆေးလိမ်းပေးမယ်နော်”
“ဟင့်အင်း”
“ဘာဖြစ်လို့လဲ”
“စပ်လို့”
“ဆေးမလိမ်းရင်မပျောက်ဘူးလေငယ်ရဲ့ လိမ်းပြီးလေလေးနဲ့မှုတ်ပေးမယ်နော်”
“မလိမ်းပါဘူးဆို”
“ငယ်ကလည်းကွာ”
“မဆူနဲ့ သူပဲလုပ်ပြီးတော့”
အဲ့ကလေးဟာလေ ဘယ်လောက်ကြောက်တယ်ပြောပြော အလိုလိုက်ပေးရင်ဆိုးချင်လာရော။သူကလည်းလုပ်ချင်ရာလုပ်ထားရတော့ ငယ်ဘာပြောပြောခေါင်းညိတ်မိတာပါပဲ။
နေမကောင်းတဲ့ကလေးကိုစိတ်မကောင်းပါမဖြစ်စေချင်လို့။
“အင်းပါကိုယ်မှားတာပါ နောက်ဆိုအဲ့နေရာကိုမလုပ်တော့ဘူးလေနော်”
“တကယ်လား”
“တကယ်”
“ကတိနော်”
“ကတိ”
ဟုတ်တယ် အခုဟာကတရားဝင်မပိုင်ဆိုင်ရသေးလို့ သူလေးကိုအပိုင်မယူသေးတာ။တရားဝင်ပိုင်ဆိုင်သွားရင် အဲ့နေရာလေးနဲ့ဘဲ ဖြေသိမ့်နေစရာမလိုတော့ဘူး။အားလုံးကိုအပိုင်သိမ်းမယ်။သူနဲ့တူတဲ့ ကလေးလေးတွေမွေးခိုင်းရအုံးမယ်။
အတွေးတွေထဲ ကျေနပ်နေတာကြောင့် အပြင်ဘက်မျက်နှာကပါ ကြည်လင်နေတော့ ကလေးကမော့ကြည့်လာလေသည်။
“သန်ဘက်ခါသွားရတော့မှာလေငယ်ရဲ့ ဒီနေ့ပျောက်မှဖြစ်မှာပေါ့ မဟုတ်ရင် ငယ်နေရတာအဆင်မပြေဘဲနေလိမ့်မယ်”
ထိုအခါမှ တွေးတွေးစစလေးဖြင့်
“ဖြည်းဖြည်းလိမ်းနော်”
“အွန်းဖြည်းဖြည်းလိမ်းပေးမှာ”
ပြောရင်း ကုတင်ခေါင်းရင်းမှာဝက်ဝံအရုပ်ကြီးချပေးကာမှီစေလိုက်ပြီး ဆေးလိမ်းပေးဖို့ ပြင်ရသည်။အတွင်းခံလေးသာဝတ်ထားသူက အခုမှရှက်နေပုံရသည်။ပေါင်နှစ်ချောင်းကိုစိထားကာ လက်နှင့်ပါအုပ်ထားလေသည်။
“ဆေးလိမ်းရမယ်လေ ငယ်”
“ဒီ…ဒီတိုင်းပဲလိမ်း”
“ဟောဗျာ လိမ်းရမှာကပေါင်အတွင်းသားတွေလေ ပေါင်ကိုစိထားတော့ကိုယ်ကဘယ်အပေါက်ကနေသွားလိမ်းရမလဲဗျာ”
“အဲ့တာဆိုမလိမ်းဘူး”
“ရှက်စရာလည်းမဟုတ်ဘဲနဲ့ကွာ ယူပြီးသွားရင်ဒီလိုကပုံမှန်ဖြစ်နေမှာပဲဟာ ကိုယ်ကငယ့် ခင်ပွန်းလောင်းလေနော် ခြေထောက်ကိုခွဲလိုက် “
“ဟင့်အင်း”
ဘာပြောပြောငြင်းသူက ခေါင်းလည်းမာတတ်ပါသေးသည်။
“သေချာပြီလား”
သက်ပြင်းတစ်ချက်ချကာ မျက်လုံးကိုဆုံအောင်ကြည့်ပြီးမေးလိုက်တော့ ခေါင်းငုံ့သွားလေသည်။လက်တွေကိုတော့ဖယ်မလာသေး။
ဆေးဗူးကိုဘေးချလိုက်တော့ တစ်ချက်ခိုးကြည့်လာသည်။ပုံမှန်အတိုင်းတောင် သူအားသုံးရင်မရုန်းနိုင်မှန်းသိတာမို့ ယခုအခြေအနေနှင့်ဆိုလျှင်ပိုတောင်လွယ်ကူနေပါသည်။
“မဖယ်တာသေချာတယ်နော်”
ချီတုံချတုံဖြစ်နေသူက ကြောက်လည်းကြောက်သလို ခေါင်းလည်းမာလေသည်။
“ပြွတ်စ်…”
ခြေဖမိုးထက် နှုတ်ခမ်းအပ်မိတော့ ထိတ်လန့်သွားသူကကြောင်တောင်တောင်။
“ပြွတ်စ်…..ပြွတ်စ်…..ပြွတ်စ် “
“အင့်…မလုပ်နဲ့ ငရဲကြီးလိမ့်မယ်”
ခြေဖမိုးမှစကာ ခြေသလုံးသားလေးတွေထိ အသံမြည်အောင်နမ်းရှိုက်မိတော့ နာနေတဲ့ကြားကရုန်းဖို့ပြင်လာလေသည်။
လက်တစ်ဖက်စာခြေကျင်းဝတ်လေးနှစ်ဖက်ကို စုကိုင်ထားပြီး အဆက်မပြတ်တဲ့အနမ်းတွေကအပေါ်ကိုဆန်တက်သည်။
“ပြွတ်စ်… ပြွတ်စ်… “
“မလုပ်နဲ့လို့.. …..မလုပ်ပါနဲ့ဆို “
“ကိုယ့်ပြောစကားနားထောင်မှာလား”
ဆုပ်ကိုင်ထားတာကိုလွှတ်မပေးပဲ ဒူးလေးတွေကိုနှာတံနဲ့ပွတ်ဆွဲရင်း မထိပြုံးနဲ့မေးလိုက်တော့
“နားထောင်မှာ”
“ကိုကိုလို့ခေါ်”
“………….”
“ငယ်”
“………….”
“မခေါ်ရင်ဆက်နမ်းမယ် ဒီတစ်ခါရပ်မပေးဘူး”
“ကိုကို”
တိုးတိုးဖွဖွအသံလေးက ဆည်းလည်းလေးလေနှင့်ထိခတ်မိသလိုတိုးညှင်းချိုသာစွာ…
“နောက်တစ်ခေါက်”
“ကိုကို”
“ပြွတ်စ်.. လိမ္မာတယ် ခြေထောက်ခွဲပေး ဆေးလိမ်းရမယ်”
ဒီတစ်ခါတော့ခေါင်းမမာတော့။
ပေါင်အတွင်းသားတစ်လျှောက်ဆေးလိမ်းပေးရင်းလေနှင့်မှုတ်ပေးတော့ ရှက်နေသူကမျက်နှာလေးရဲသွေးကြွကာ မျက်လုံးတွေတင်းတင်းမှိတ်ထားလေသည်။
သနားစိတ်လေးပိုလာမိတော့ နှုတ်ခမ်းဖြင့်ပါဖွဖွလေးလိုက်ထိနေမိသည်။မြင်ကွင်းကနည်းနည်းတော့အဆင်ပြေမနေ။ဒူးထောင်ထားတဲ့သူ့ပေါင်ကြားခေါင်းရောက်နေတာမို့ မျက်လုံးဖွင့်ကြည့်မိသူက အရှက်သည်းစွာဇွတ်တွန်းထုတ်လာလေသည်။
“တော်ပြီ”
“ပြွတ်စ်… ဗိုက်ဆာနေပြီလား ကိုယ်ပြင်ခိုင်းထားတယ် စားရအောင် “
“သွားမတိုက်ရသေးဘူး”
နှုတ်ခမ်းလေးထိကပ်ပစ်မိတာ အသည်းယားလာလို့။
“ပြွတ်စ်…. မွှေးနေတာပဲ တိုက်စရာမလိုဘူး”
“ညစ်ပတ်တယ် “
“ဟုတ်ပြီ ကိုယ်တိုက်ပေးမယ်”
“ကိုယ့်ဘာသာ…”
“ငယ်”
“ဟုတ်”
ရေချိုးခန်းထိပွေ့ချီကာ မျက်နှာသစ်၊သွားတိုက်အားလုံးလုပ်ပေးပြီး လာပို့ပေးတဲ့မနက်စာခွံ့ဖို့ပြင်ရလေသည်။ကိုယ့်ဘာသာလုပ်ချင်သူက အတွန့်တက်ချင်ပေမယ့်မတက်ရဲတာက သူ့အနမ်းတွေကိုကြောက်နေလို့သာ။
“ပါးစပ်ဟ…အာ”
ပြောတဲ့အတိုင်း တသဝေမတိမ်းလိုက်လုပ်ပေးနေတော့လည်း သဘောတကျပါးပြင်လေးဆီအနမ်းခြွေချမိသည်။
“တိမ်ငွေ့တို့ကလာမလည်ဘူးလား”
“စိုင်းတိမ်ငွေ့ကအလုပ်ကိစ္စနဲ့ သူ့ပြည်နယ်ဆီခဏပြန်သွားတယ် မဂ်လာပွဲကိုတော့လာလောက်မှာပါ ကိုယ့်ညီအငယ်ဆုံးကိုကိုယ်တိုင်သွားခေါ်ခိုင်းထားတယ်”
စားပြီးသားပန်းကန်ကိုသိမ်းနေတာကြောင့် ပျက်ကျသွားတဲ့မျက်နှာကိုမမြင်လိုက်။အချိန်မှီထိန်းလိုက်နိုင်တာကြောင့်သာ မရိပ်မိခဲ့တာ။
“မလာလည်းအားမငယ်ပါနဲ့ အခုချိန်ကစပြီး သူတို့အားလုံးကိုယ်စား ကိုယ်ကအပြည့်အဝဂရုစိုက်ပေးမယ် ငယ်ငယ့်နှုတ်ကထွက်သမျှကိုယ့်အတွက်ပထမဦးစားပေးပဲ”
လက်လေးတွေကိုဆုပ်ကိုင်ကာ တဖွဖွနမ်းရင်းဆိုမိသည့်စကားကကတိတစ်ခုပါပဲ။
“ဘာစားချင်သေးလဲကိုယ့်ကိုပြော တကယ်လို့အခုချက်ထားတာတွေသဘောမကျဘူးဆိုရင် စားနေကျထဲကသဘောကျတဲ့ဆိုင်ကိုပြော ကိုယ်စားဖိုမှူးကိုအိမ်ခေါ်ပေးမယ်”
“ငယ်ငယ်စားတတ်ပါတယ် ကိုယ်တိုင်လည်းချက်တတ်တယ်”
“ကိုယ်တိုင်ချက်လို့မရပါဘူး Kitchen Roomထဲယောင်လို့တောင်မသွားရဘူး”
“ဒါဆိုငယ်ငယ်ကဘာလုပ်ရမှာလဲ”
“ကိုယ့်နားမှာအချိန်ပြည့်ကပ်နေရမှာလေ”
“မကပ်ချင်ဘူး”
“ပြန်ပြောကြည့်”
စေ့စေ့ကြည့်ပြီးမေးတော့ စကားမှားသွားတာကိုသတိထားမိဟန် ခေါင်းငုံ့သွားလေ၏။
“ကိုယ့်ကိုကြည့်”
“…………….”
“ငယ်”
“ဟုတ်”
“ကိုယ်ကရုပ်ဆိုးလို့မကြည့်ချင်ဘူးပေါ့”
“မဟုတ်ပါဘူး”
မော့ကြည့်ကာဖြေလာတာက မရဲတရဲ။
“ကိုယ်ကအသက်ကြီးနေလို့မကပ်ချင်ဘူးပေါ့”
“ဟုတ်ဘူး”
“လိမ်ပြန်ပြီ အရင်တစ်ခါပြောတုန်းကကိုယ်ကအိုကြီးအိုမ မလို့မကြိုက်ဘူးလို့ပြောထားတာမလား”
“…………..”
“ပြောကြည့် ဘယ်အသက်အရွယ်ကိုလိုချင်တာလဲ “
“အဲ့လိုမရှိပါဘူး”
“ကိုယ့်မှာငယ်မကြိုက်တဲ့အချက်တွေဘာတွေရှိလဲပြော ကြိုက်တဲ့ပုံစံအတိုင်းသွားခွဲစိတ်ပစ်မယ်”
“ဟင့်အင်း”
“ဘာလဲ ကိုယ်ဖြစ်နေလို့ကိုမကြိုက်တာလား သမုဒ္ဒရာဆိုတဲ့ကိုယ်ဖြစ်နေလို့လား”
“မဟုတ်ဘူး”
“အဲ့တာဆို ကြိုက်လားကိုယ့်ကို”
“………..”
“ပြော…ကြိုက်တာလား မကြိုက်တာလား”
“…………”
“ငယ်”
“ကြိုက်…ကြိုက်တယ်”
“ကြိုက်တယ်ဆိုရင် နမ်း”
ပါးထက်ထိကပ်လာတဲ့နှာတံလုံးလုံးလေးက ပန်းရနံ့ရှူရှိူက်တဲ့လိပ်ပြာလေးလိုခပ်ဖွဖွ။
“ပါးကိုမဟုတ်ဘူး နှုတ်ခမ်းကို”
နှုတ်ခမ်းကိုထိကပ်ရုံကပ်လာတာက နူးနူးညံ့ညံ့လေး။သစ်ရွက်ပေါ်ကျလာတဲ့မိုးရေစက်လေးလိုမျိုးညင်ညင်သာသာ။
“နားချင်နေပြီမလား အိပ်ယာပေါ်လှဲနေလိုက်အုံး သန်ဘက်ခါသွားရမှာဆိုတော့အားပြည့်နေမှရမှာ ကိုယ်အလုပ်လေးတွေလက်စဖြတ်လိုက်အုံးမယ် ဒီနားမှာပဲရှိနေမှာမလို့တစ်ခုခုဆိုပြော ကိုယ့်ကိုကြောက်စရာမလိုဘူး ဟုတ်ပြီလား”
“ဟို..”
“အွန်း…ပြောဘာလိုချင်လို့လဲ”
“ရှူး…ရှူးပေါက်ချင်လို့”
“အာ….ရှက်နေတာလား ရှက်စရာမလိုပါဘူး ကိုယ်အကုန်မြင်ဖူးပြီးသား လာ..ကိုယ်ပွေ့ပြီးပို့ပေးမယ် “
စက္ကူစလေးမလိုက်ရသလို ပေါ့ပါးနေတာကြောင့် သူ့မှာအားမလိုအားမရ။
“ငယ်ကပိန်လိုက်တာ အစားချေး(ဂျီး)များသလား”
“ဟင့်အင်းအကုန်စားတယ်”
“မဖြစ်သေးပါဘူး အစားအသောက်သေချာဂရုစိုက်မှပါ”
ဟုတ်သည်။သန်ဘက်ခါမဂ်လာပွဲပြီးရင် ကိုယ်ကသူ့ကိုမဂ်လာဦးရမှာလေ။မဂ်လာဦးညမှာဆေးရုံရောက်သွားတဲ့သတို့သားဆိုပြီး သတင်းထဲတော့အပါမခံနိုင်ဘူး။ပြီးတော့ဒီအတောအတွင်း သူ့ရဲ့သည်းခံထားမှုကအမြင့်ဆုံးဒီဂရီမှာ။
အဲ့တာတောင် သူလေးရဲ့Heatကာလအတွင်းသူပေါက်ကွဲထွက်ခဲ့သေးသည်။ဒီပေါက်ကွဲမှုလေးက မီးတောင်လုံးဝမပေါက်ကွဲခင် အစပြုနေတဲ့ပေါက်ကွဲမှုအချက်ပြမှုလေးတွေသာသာရယ်။တကယ်သာပေါက်ကွဲလာရင် တစ်လလောက်အိပ်ယာကထနိုင်မှာတောင်မဟုတ်ဘူး။
အိပ်သာထဲရောက်တော့ သူရှိနေ၍အနေခက်သူကဇွတ်အပြင်ထွက်ခိုင်းလေသည်။
“ကိုယ်ကိုင်ပေးထားမယ်”
“ဟင့်အင်း..အပြင်ထွက်ပေး ငယ်ငယ်ရပ်နေနိုင်တယ်”
“မရဘူး…ပြောတော့ခြေထောက်နာနေတယ်ဆို ကိုယ်ကိုင်ပေးထားမယ်”
“ရှူးရှူးကမထွက်ဘူးလို့”
“ကိုယ်ကူပေးမယ်”
“မလုပ်နဲ့”
သူ့ရတနာလေးကိုလက်နဲ့ကိုင်ပေးပြီး ကလေးတွေရှူးတည်သလိုမျိုးလေချွန်ပေးတော့မှ ထွက်လာလေသည်။Geoပြောသလိုမျိုး ဇာတ်လမ်းတွဲတွေကြည့်တာအလကားတော့မဖြစ်ဘူးပဲ။
ရှက်နေတဲ့သူက ငိုချတော့မလိုမျက်နှာတစ်ခုလုံးရဲစွေးနေ၏။ပြီးသွားတော့မှရေဆေးပေးကာ Tissueနှင့်ပါသုတ်ပေးလိုက်တော့ မနိုင်မှန်းသိသူကတားမလာတော့။သူတားလည်းကိုယ်လုပ်ချင်တာလုပ်တာပဲဟာ။
“ရှက်မနေပါနဲ့ နောက်ဆိုအကျင့်ဖြစ်သွားမှာ “
ပြောရင်းပြန်ပွေ့ချီလာကာ အိပ်ယာထက်ချပေးလိုက်သည်။ရှက်သွား၍ အိပ်ချင်​ယောင်ဆောင်သွားသူကြောင့် စောင်လေးသာဆွဲခြုံ ပေးလိုက်သည်။
ဘေးနားမှာအသံတိတ် Mailတွေစစ်နေသူရယ် အိပ်ချင်ယောင်ဆောင်ရင်းအိပ်ပျော်သွားသူရယ် လေညှင်းနှင့်လွင့်ပါလာတဲ့ စံပယ်ရနံတွေရယ် လိုက်ဖက်မှုတွေကနတ်ဖက်ထားသလိုမျိုး………
…..
###############
ငြိမ်း🌻🌞
“ဘာလာလုပ္တာလဲ”
“အဲ့တာငါ့သဘော”
“ယုံရမယ်ပေါ့”
“ငွေ့အထင်မှားနေ..”
“အဟက်”
“……………….”
“မင်း ပြန်တော့”
“ငါဂရုမစိုက်ဘူး”
…………….
“အွန်းးးးးးး”
“ကျွတ်..ကျွတ်..”
“ရေ”
“တော်ပြီလား”
“အွန်း”
“နာတယ်”
“ခြေထောက်နာတယ်”
“ခြေထောက်ဘယ်နေရာကလဲ”
“ဟင့်အင်း”
“ဘာဖြစ်လို့လဲ”
“စပ်လို့”
“မလိမ်းပါဘူးဆို”
“ငယ်ကလည်းကွာ”
“တကယ်လား”
“တကယ်”
“ကတိနော်”
“ကတိ”
“ဖြည်းဖြည်းလိမ်းနော်”
“ဆေးလိမ်းရမယ်လေ ငယ်”
“ဒီ…ဒီတိုင်းပဲလိမ်း”
“အဲ့တာဆိုမလိမ်းဘူး”
“ဟင့်အင်း”
“သေချာပြီလား”
“မဖယ်တာသေချာတယ်နော်”
“ပြွတ်စ်…”
“ပြွတ်စ်… ပြွတ်စ်… “
“နားထောင်မှာ”
“ကိုကိုလို့ခေါ်”
“………….”
“ငယ်”
“………….”
“ကိုကို”
“နောက်တစ်ခေါက်”
“ကိုကို”
“တော်ပြီ”
“သွားမတိုက်ရသေးဘူး”
“ညစ်ပတ်တယ် “
“ကိုယ့်ဘာသာ…”
“ငယ်”
“ဟုတ်”
“ပါးစပ်ဟ…အာ”
“မကပ်ချင်ဘူး”
“ပြန်ပြောကြည့်”
“ကိုယ့်ကိုကြည့်”
“…………….”
“ငယ်”
“ဟုတ်”
“မဟုတ်ပါဘူး”
“ဟုတ်ဘူး”
“…………..”
“အဲ့လိုမရှိပါဘူး”
“ဟင့်အင်း”
“မဟုတ်ဘူး”
“………..”
“…………”
“ငယ်”
“ကြိုက်…ကြိုက်တယ်”
“ကြိုက်တယ်ဆိုရင် နမ်း”
ပါးထက်ထိကပ်လာတဲ့နှာတံလုံးလုံးလေးက ပန်းရနံ့ရှူရှိုက်တဲ့လိပ်ပြာလေးလိုခပ်ဖွဖွ။
“ဟို..”
“ဟင့်အင်းအကုန်စားတယ်”
“ကိုယ်ကိုင်ပေးထားမယ်”
“ကိုယ်ကူပေးမယ်”
“မလုပ်နဲ့”
…..
###############
ငြိမ်း🌞🌻
Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၈, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၈, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၈ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၈ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၈ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၈ light novel, ,
Comment
Leave a Reply
Chapter 29