Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂

A+ A-

ကြိုးစားရုန်းကန်ခွင့်မရှိတဲ့ငရဲ။ခန္ဓာကိုယ် အောက်ပိုင်းဆီမှနာကျင်မှု ထိန်းချုပ်မခံရပါဘဲလှုပ်ရှားမရအောင်နာကျင်နေတဲ့လက်တွေ။သူ့အားဖျက်ဆီးနေတဲ့ထိုလူနှစ်ယောက်။ထို့နောက် ကုတင်ခြေရင်းဆိုဖာမှာ ခြေချိတ်ထိုင်ကာဝိုင်တစ်ခွက်အားအရသာခံကာသောက်နေသူ။ခပ်ရှည်ရှည်မျက်ဝန်းပြာ တစ်စုံထဲကရွံရှာမှုတွေ။ဆေးလိပ်အားမီးညှိလို့တစ်ချက်ရှိုက်ဖွာလိုက်ပုံက တစ်လောကလုံးအားဂရုမစိုက်သည့်ဟန်။

ငယ်ငယ်ကြိုးစားအော်ဟစ်သော်ငြား အသံကထွက်မလာ။သူအိမ်မက်မက်နေတာ။သူဖတ်ခဲ့တဲ့ဝတ္ထုထဲကလခြမ်းငယ်ငယ်နေရာကို သူရောက်နေတာ။အိမ်မက်မက်နေမှန်းသိနေသော်လည်းနိုးထလို့မရ။အစစ်မှန်နှင့်တူသော ထိုအိမ်မက်ကငယ်ငယ့်အတွက်လောကငရဲ။

အရာအားလုံးပြီးဆုံးသွားချိန်ခွဲစိတ်ကုတင်ပေါ်ရောက်နေတဲ့သူ။အသက်ရှူနိုင်ရုံမျှထိုအခြေနေမှာ သူဟာအစိမ်းသက်သက်ခွဲစိတ်ခံနေရပါသတဲ့။နံဘေးမှာခံစားချက်မဲ့စွာရပ်ကြည့်နေသူကထိုAlpha။သူ့အားခွဲစိတ်နေသူက ထိုAlphaရဲ့ဒုတိယညီမိုးကုတ်စက်ဝိုင်း။နာကျင်မှုကတကယ့်လက်တွေ့လိုမျိုး။နာကျင်မှုကြောင့်မျက်ရည်တွေတောင်မရပ်တန့်နိုင်တော့။

မကြာခင်နောက်ဆုံးအချိန်ဆိုတာသိလိုက်ရတော့မျက်လုံးတွေသာမှိတ်လိုက်မိတယ်။အိမ်မက်ဆိုးကနေမြန်မြန်နိုးထချင်ပြီ။ပြီးရင် မေ့မေ့ရင်ခွင်ထဲတိုးကာ အိမ်မက်ဆိုးမက်ကြောင်းပြောပြမည်။မေမေ့ရဲ့နွေးထွေးတဲ့ နှစ်သိမ့်မှုတွေနှင့်အတူကျောလေးပုတ်ပေးတာကိုခံမည်။မှောင်မိုက်သွားတဲ့အမြင်လွှာနဲ့အတူ လွင့်ပျောက်သွားတဲ့ဝိဥာဉ်စလေးတစ်ခု။

ဆတ်ခနဲလန့်နိုးလာတော့အပူတစ်ခုကတစ်ကိုယ်လုံးမှာ။ချွေးစေးတွေနဲ့စိုကပ်နေတဲ့ အဝတ်တွေကြောင့်နေရတာသက်သောင့်သက်သာမရှိ။စံပယ်ပန်းရနံ့လေးတွေရှူရှိူက်မိတော့မှစိတ်ကြည်နူးစွာပြုံးလိုက်မိတယ်။မိုးရေစွတ်ဖြန်းခံထားရတဲ့ပန်းရနံ့က နှာသီးဝမှာလတ်လတ်ဆတ်ဆတ်။မျက်စိကိုအားယူဖွင့်တော့စူးရှရှနေရောင်ကဆီးကြိုသည်။မျက်စိခဏပြန်မှိတ်လို့အလင်းရောင်ကို အသားကျရန်ညှိယူလိုက်သည်။

ထပ်မံပြန်ဖွင့်လိုက်တဲ့အခါ မျက်နှာကျက်အဖြူရောင်ကဆီးကြိုသည်။တစ်ခုခုလွဲနေသလိုပဲ။အခန်းဆီဝေ့ဝဲကြည့်မိတော့လူကကြောင်အစွာ။အခန်းတစ်ခုလုံးကအပြာရောင်နုနုလေးများနှင့်သာပြည့်နေလေသည်။သူ့အခန်းကလိမ္မော်နုရောင်လေ။ပြီးတော့ ကျယ်ဝန်းတဲ့အခန်းထဲပန်းချီကားတွေသာအပြည့်နေရာယူထားသည်။

ဖေဖေနဲ့မေမေများ သူ့ကိုအခန်းရွှေ့ပေးထားတာလား။ဒါကဘယ်သူ့အခန်းလဲ။တွေးနေရင်းမှ အပူလှိုင်းတစ်ခုကြောင့်လူက ကသိကအောက်ဖြစ်သွားသည်။သူ Heat ဝင်နေတာလား။နောက်ပြီး သူ့ဖယ်ရိုမုန်းတွေကရောဘာလို့စံပယ်နံ့တဲ့လဲ။သူကြောင်အသွားရသည်။စောနသူရနေတဲ့ပန်းရနံ့က သူ့ဖယ်ရိုမုန်းရနံ့တဲ့လား။

အတွေးတွေနဲ့အဖြေမဲ့နေတုန်း ရုတ်ချည်းထိုးကိုက်လာတဲ့ခေါင်းကြောင့်အိပ်ယာထဲခွေကနဲ။နောက်ပြီး များပြားစွာဝင်ရောက်လာတဲ့မှတ်ဥာဏ်တွေ။သူလိုက်မမှီစွာခေါင်းကိုသာဖိထားမိသည်။ဘာတွေဖြစ်နေတာလဲ။ဒီမှတ်ဥာဏ်တွေကရောဘာတွေလဲ။သူကဘာလုပ်ရမှာလဲ။ပြည့်စုံသွားတဲ့မှတ်ဥာဏ်တွေကြောင့် လူကကတုန်ကယင်ဖြစ်လာသည်။

“မဟုတ်ဘူး မဖြစ်ရဘူးလို့ မဟုတ်ဘူး”

သူတစ်ကိုယ်တည်း ခါးသည်းစွာအော်ဟစ်ပစ်မိသည်။သို့သော် ခန္တာကိုယ်၏လက်ရှိအခြေအနေကြောင့်အသံကတိုးသဲ့သဲ့သာ။
သူယခုရောက်နေတာ သူဖတ်ခဲ့တဲ့ဝတ္ထုထဲကလခြမ်းငယ်ငယ်ရဲ့ခန္တာကိုယ်ထဲကိုပါတဲ့။ရက်ရက်စက်စက်အသတ်ခံရမယ့် ဇာတ်ကောင်ငယ်လေးပါတဲ့။

သူမဖြစ်ချင်ဘူး။သူပြန်ချင်တယ်။အမြဲဆူငေါက်ပေမယ့်ဂရုစိုက်တတ်တဲ့ဖေဖေနဲ့ အပြုံးအေးအေးလေးနဲ့အလိုလိုက်ပေးတဲ့မေမေ့ကို မထားခဲ့နိုင်ဘူး။အမြဲတမ်းချစ်လို့ဆိုပြီး မုန့်တွေပေးတဲ့လမ်းထိပ်ဆိုင်ကသဘောကောင်းတဲ့အန်တီကြီးကိုလည်း ပြန်တွေ့ချင်တယ်။သူစိုက်ခဲ့တဲ့စံပယ်တွေကိုလည်းပြန်တွေ့ချင်တယ်လို့။

သူမိဘမဲ့မဖြစ်ချင်ဘူး။သူငယ်ချင်းတွေရှိပါရက်နဲ့ အခန်းကျဥ်းလေးထဲမှာပဲပိတ်လှောင်နေတဲ့သူမဖြစ်ချင်ဘူး။တခြားလူတွေဖျက်စီးခံရတဲ့သူမဖြစ်ချင်ဘူး။ရက်ရက်စက်စက် နှိပ်စက်ခံရ​ပြီး လူမသိသူမသိလွှင့်ပစ်ခံရမယ့်အမှိုက်တစ်စမဖြစ်ချင်ဘူးလို့။

သူတွေးရင်းငိုမိတယ်။တစ်နာရီလောက်ကြာသည်အထိငိုပြီးတော့ အမှန်တရားကိုလက်ခံလိုက်ရတယ်။သူငိုနေလို့မပြီးသေးဘူးလေ။ညခင်းအိပ်လိုက်လို့ပြန်နိုးလာရင် အိမ်ပြန်ရောက်ချင်ရောက်နေမှာပေါ့။အဲ့တော့ သူ့ကိုယ်သူပြန်နှိပ်စက်နေလို့မရဘူး။

သက်သာသွားတဲ့အချိန်ခဏလေးအတွင်း သူရေချိုးလိုက်တယ်။ပြီးတော့ တွေ့တဲ့ဝတ်စုံတစ်ခုလဲရင်း ပန်းချီကားတွေဆီအကြည့်အရောက်သူခွေလဲတော့မတတ်။အားလုံးဟာ သူ့အိမ်မက်ဆိုးတွေ။ထို Alphaရဲ့ရှူထောင့်အမျိုးမျိုးမှမျက်နှာတွေဟာပန်းချီကားတွေထက်အပြည့်။

သူအိပ်ယာပေါ်ပြန်သွားထိုင်ရင်း အရာအားလုံးကိုပြန်တွေးတယ်။ဟုတ်တယ် သူတို့နှစ်ယောက်ကလွန်ခဲ့တဲ့တစ်ပါတ်က မတော်တဆတွေ့ဆုံခဲ့ပြီးပြီ။ထိုလူပိုင်တဲ့ Shopping Mall ထဲမှာ။မတော်တဆထုတ်လွှတ်မိခဲ့တဲ့ဖယ်ရိုမုန်းချင်းအပြည့်အဝကိုက်ညီမှန်း သူတို့နှစ်ဦးလုံးသိပြီးခဲ့ပြီ။

ထိုလူအတွက်ကတော့အရေးမပါတဲ့အရာတစ်ခုဆိုပေမယ့် ဒီကိုယ်ပိုင်ရှင်ကတော့ဘဝအလင်းရောင်ကိုရှာတွေ့သွားခဲ့လေသည်။အမှန်တကယ်တော့ ငရဲချောက်ကမ်းပါးပါပဲ။တွေ့စကတည်းကမေတ္တာသက်ဝင်ခဲ့သူသည် ထိုလူ့အသွင်သဏ္ဍာန်တွေသာဆေးစက်ချရာ အရုပ်ထင်စေသည်အထိစွဲလန်းခဲ့လေသည်။

သို့သော် သူ့အတွက်ကံကောင်းသွားသည်မှာ ဇာတ်လမ်းကမစတင်ရသေး။တွေ့ဆုံမှုကလည်း အမှတ်တမဲ့လေးသာသာ။ဇာတ်လိုက်နှစ်ယောက်စတင်မတွေ့ဆုံရသေးသလို ဒီခန္ဓာကိုယ်ပိုင်ရှင်ကလည်းမရူးမိုက်ရသေး။အခန်းကျဥ်းလေးထဲမှာစိတ်ကူးယဥ်တုန်းရှိသေးသည်။

အကယ်၍ သူသာပြန်သွားလို့မရခဲ့ပါလျှင် ဒီဇာတ်ကိုနိုင်အောင်ကရမည်။မူလဇာတ်လမ်းအတိုင်းမသွားသ၍ သူအသေဆိုးနှင့်မသေနိုင်တော့။

အဲ့ဒီတော့ ပထမဆုံးအချက်အနေဖြင့်ဇာတ်လိုက်ကိုရှောင်ရမည်။ထိုလူနှင့်ထပ်မတွေ့လျှင် သူ့အားသတိထားမိစရာအကြောင်းမရှိ။ထိုသို့မဟုတ်ဘဲ မတော်တဆတွေ့မိလျှင် မမြင်ချင်ယောင်ဆောင်ရမည်။ဝေးနိုင်သမျှဝေးဝေးကရှောင်ကွင်းသွားရမည်။

နောက်တစ်ချက်က သူ့ဦးလေးမိသားစုနှင့် သူ့သူငယ်ချင်းများအားချည်းကပ်ရမည်။ထိုမှသာ တစ်ခုခုဆိုလျှင်သူ့အားကာကွယ်ပေးမည့်သူရှိမည်ဖြစ်သည်။

ဦးလေးမိသားစုက Nနိုင်ငံတွင်အခြေချနေသည်မှာသူကျောင်းမပြီးခင်ကတည်းက။ ဦးလေး၏သားကြီး အစ်ကိုတစ်ဝမ်းကွဲဖြစ်သူဆောင်းစက်ရိပ်ခိုကတော့ မကြာခဏလာတွေ့တတ်သည်။လိုအပ်သည့်ငွေကြေးကိုလည်းမကြာခဏပို့ပေးတတ်သဖြင့် ချို့တဲ့မှုဟူ၍သိပ်တော့မရှိ။

သူငယ်ချင်းနှင့်ပတ်သပ်၍လည်း နှစ်ယောက်သာရှိလေသည်။ကျောင်းကတည်းကခင်မင်ရင်းနှီးခဲ့သော်ငြား သူ၏အနေအေးမှုကြောင့် အဆက်သွယ်ရှိသည်ဆိုရုံသာ။သို့သော်ထိုနှစ်ယောက်လုံးကသူ့အားခင်တွယ်လေသည်။အမြဲတမ်းစိုးရိမ်ဂရုစိုက်ပေးနေသည့်အစ်ကိုကြီးများသဖွယ်။

တစ်ယောက်ကပင်ထနောင်းညို ၊နောက်တစ်ယောက်ကစိုင်းတိမ်ငွေ့ပြာ။နောင်းညိုက Betaတစ်ယောက်ဖြစ်ကာ playboyလေးတစ်ယောက်။ကွန်ဒိုမြောက်များစွာပိုင်ဆိုင်သော ဆောက်လုပ်ရေးဝန်ကြီး၏သားငယ်။playboyဆိုသော်ငြား ဇယားရှုပ်သည်ကိုမကြိုက်သူကတွေ့သမျှလူကိုမတွဲ။လိမ္မာပါးနပ်ကာအလိုက်သိသူကိုသာတွဲသည်။ထို့ကြောင့် ငြီးငွေ့လို့လမ်းခွဲပြီးတိုင်း အရှူပ်အရှင်းကင်းမြဲ။

တိမ်ငွေ့က Alphaတစ်ယောက်ဖြစ်ကာ ကျောင်းပြီးကတည်းက ဇာတိမြို့လေးမှာ အခြေချနေလေသည်။ဥယာဥ်ခြံပေါင်းမြောက်များစွာကိုပိုင်ဆိုင်ထားသည့် မြို့သူ ဋ္ဌေးလေးပေါ့။လူသူမသိတဲ့သူ့နောက်ကွယ်စိုက်ခင်းတွေကတော့ ဥပဒေနှင့်မလွတ်ကင်းဘူးပေါ့လေ။

သူသတိရရချင်းဖုန်းအားရှာသည်။ Passwordမခံထားသောသူ့ဖုန်းလေးက နောက်ဆုံးပေါ်မဟုတ်တဲ့ပန်းသီးအပဲ့လေး။အပေါင်းသင်းမရှိမှန်းသိသာစွာ ခေါ်ဆိုမှုမှတ်တမ်းကဗလာမဖြစ်ရုံတစ်မည်။သူနောင်းညိုနံပါတ်ကိုနှိပ်လို့ ပြောမည့်စကားတွေအားစီထားမိသည်။နှစ်ချက်မည်အပြီးတန်းကိုင်လိုက်ပုံက အားလပ်နေမှန်းသိသာစွာ။

“လခြမ်းလေး ဖုန်းတွေဘာတွေဆက်လို့ ပြောပါအုံးဗျာပန်းချီပစ္စည်းတွေကုန်ပြန်ပြီလား”

အပြင်မထွက်တတ်သူအတွက် deliveryဖြစ်နေရှာသောနောင်းညိုက အရွှန်းဖောက်သည်။ပြုံးလိုက်မိခြင်းကနွေးထွေးတဲ့ မေတ္တာဓာတ်လေးကြောင့်။သူတစ်ယောက်တည်းမဟုတ်တော့ဘူး။

“လခြမ်း နေမကောင်းဘူးလား”

တိတ်နေမိတော့စိတ်ပူသွားဟန်တူသည်။

“မဟုတ်ပါဘူး ငယ်ငယ်ဒီအတိုင်းသတိရလို့ဖုန်းဆက်လိုက်တာ”

“ထူးဆန်းလှချည်လား ထီထိုးရတော့မယ်ထင်တယ် ဟားဟား”

စနောက်ကာရီလိုက်ပုံကပေါ့ပါးစွာ။သူ့ရင်ထဲကကြောက်စိတ်တွေလည်းအတော်အတန်လျော့ပါးသွားလေသည်။

“နောင်းညိုအားတဲ့တစ်ရက် ငယ်ငယ်တို့လျှောက်လည်ကြမလား”

“လျှောက်လည်ချင်လို့လား ဒီနေ့ပဲလာကြိုလိုက်မယ်လေ”

” ဒီနေ့ထွက်လို့မရသေးဘူး”

သူရှက်ရွံ့စွာတိုးတိုးဆိုတော့ အခြေနေအားတန်းသဘောပေါက်သွားသူ။

“ဪဪ ဟုတ်ပြီ အားတာနဲ့ဖုန်းဆက်လိုက်ငါလာကြိုမယ် သွားချင်တဲ့နေရာသာစဥ်းစားထားလိုက်”

“အင်း ကျေးဇူးတင်ပါတယ်”

“ပြောစရာလူတွေမလို့လားအကောင်စုတ်လေးရဲ့ ဒါနဲ့သက်သာပြီလားဘယ်လိုနေသေးလဲ”

“အင်း နည်းနည်း”

“နားတော့ နားတော့ အားမှဖုန်းဆက်လိုက် တစ်ခုခုဆိုငါ့ဆီချက်ချင်းဖုန်းဆက်နော်”

“အင်းပါ”

ချသွားသောဖုန်းလေးကိုကြည့်ပြီး မျက်ရည်ဝဲချင်သည်။ပြန်ခွင့်မရတော့ရင်လည်းဒီတိုင်းလေးပဲရှိနေပေးပါ။နွေးထွေးမှုလေးထဲမှာပဲကောင်းကောင်းအသက်ရှင်ချင်ပါတယ်။

ရုတ်တရတ်မြည်လာတဲ့ ဖုန်းသံလေးကြောင့် လူကဆတ်ခနဲ။ခေါ်တဲ့သူကြည့်မိတော့မှတိမ်ငွေ့။

“ဟယ်လို”

“လခြမ်းလေး အပြင်လျှောက်လည်ချင်လို့ဆို”

ငါးမိနစ်မပြည့်ခင်ဖုန်းဆက်လာပုံထောက် နောင်းညိုဖုန်းလှမ်းဆက်လိုက်ပြီထင်သည်။

“အင်း ဟုတ်တယ်”

“ညနေကိုယ်တက်လာခဲ့မလို့ ဘာပင်တွေလိုချင်လဲ ကိုယ့်ဆီမှာပျိုးပင်အသစ်တွေလည်းရှိတယ်”

“အာ ညနေလာမလို့လား”

“လာရမှာပေါ့ဗျာ အိမ်တွင်းပုန်းလေးတစ်ယောက်ထူးထူးဆန်းဆန်းလျှောက်လည်ချင်နေတာကိုဒကာလာခံမလို့ ကဲပြော ဘာလက်ဆောင်လိုချင်လဲ”

“ငယ်ငယ် စံပယ်ပင်လိုချင်တယ်”

“စံပယ်ပင်လား ရစေရမယ်ဗျာဘယ်နှပင်လဲပြော”

“ငယ်ငယ် အများကြီးလိုချင်တယ်”

“ကိုယ့်ကားတစ်စီးဆို လုံလောက်ပြီလားပြော”

“အဲ့လောက်မလိုပါဘူး ဆယ်ပင်.. ဆယ်ပင်လိုချင်တယ်”

“ဟုတ်ပါပြီ အလှဆုံးတွေရွေးခဲ့ပေးမယ်
ကိုယ်ရောက်ရင်နောင်းညိုအိမ်မှာပဲတည်းလိုက်မယ် လခြမ်းအဆင်ပြေတာနဲ့ဖုန်းဆက်လိုက်နော် လာကြိုရင်းနဲ့ယူခဲ့ပေးမယ်”

“အွန်း အွန်း”

“ဒါဆို ကိုယ်ဖုန်းချပြီနော် ကိုယ့်ကိုယ်ကို ဂရုစိုက်အုံး”

“ဟုတ်”

စိုးရိမ်မှုတွေအားလုံးကုန်သွားတော့ ခန္တာကိုယ်ပါချက်ချင်းလန်းဆန်းလာလေသည်။သူ့ကိုချစ်ပြီးဂရုစိုက်ပေးသူတွေရှိသည်။ထို့ကြောင့်သူစိတ်ညစ်မနေသင့်။

ထို့နောက်အခန်းထဲကိုဝေ့ခနဲကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုအားအသေချာချသည်။ပန်းချီကားအားလုံးအားအစိပ်စိပ်အမွှာမွှာ ဖျက်စီးကာ အမှိုက်အိတ်ထဲထည့်လိုက်သည်။ညနေလုံးဝသက်သာသွားသည့်အချိန်မှမီးသွားရှိူ့ရမည်။

စဥ်းစားနေတုန်း ခန္တာကိုယ်ကတစ်ဖန်မသက်မသာဖြစ်လာပြန်သည်။ထို့ကြောင့်အိပ်ယာထဲ ပြန်ခွေနေလိုက်သည်။တော်သေးသည် Heat နောက်ဆုံးနေ့ဖြစ်နေလို့။

မနက်ဖြန်သက်သာလာမှဘဲ အသေချာစဥ်းစားစရာရှိသည်များကိုစဥ်းစားရမည်။ဒီနေ့တော့အရမ်းပင်ပန်းနေသည်။ထို့နောက် အတွေးအားလုံးကို အိပ်စက်ခြင်းကဝါးမြိုသွားတော့သည်။

မသိလိုက်ပါဘဲ ခြေထောက်တွေအားစောင်အပြင်ထုတ်လိုက်မိသည်။ဘယ်လောက်အေး အေး ခြေထောက်တွေစောင်အပြင်ထုတ်မှ အိပ်လို့ပျော်တာသူ့အကျင့်။

ထိုစဥ်ခြေကျင်းဝတ်ဖြူဖြူလေးထက် လက်ခနဲပေါ်လာသောအမှတ်သားတစ်ခု။ခဏတွင်းပျောက်ကွယ်သွားခြင်းကပုံရိပ်ယောင်ပမာ။

################

ငြိမ်း🌻🌞

ႀကိဳးစား႐ုန္းကန္ခြင့္မရွိတဲ့ငရဲ။ခႏၶာကိုယ္ ေအာက္ပိုင္းဆီမွနာက်င္မႈ ထိန္းခ်ဳပ္မခံရပါဘဲ လႈပ္ရွားမရေအာင္ နာက်င္ေနတဲ့လက္ေတြ။သူ႕အားဖ်က္ဆီးေနတဲ့ ထိုလူႏွစ္ေယာက္။ထို႔ေနာက္ ကုတင္ေျခရင္းဆိုဖာမွာ ေျခခ်ိတ္ထိုင္ကာ ဝိုင္တစ္ခြက္အား အရသာခံကာေသာက္ေနသူ။ခပ္ရွည္ရွည္ မ်က္ဝန္းျပာ တစ္စုံထဲက ႐ြံရွာမႈေတြ။ေဆးလိပ္အားမီးညွိလို႔ တစ္ခ်က္ရွိုက္ဖြာလိုက္ပုံက တစ္ေလာကလုံးအား ဂ႐ုမစိုက္သည့္ဟန္။

ငယ္ငယ္ ႀကိဳးစားေအာ္ဟစ္ေသာ္ျငား အသံကထြက္မလာ။ သူအိမ္မက္မက္ေနတာ။သူဖတ္ခဲ့တဲ့ ဝတၳဳထဲက လျခမ္းငယ္ငယ္ေနရာကို သူေရာက္ေနတာ။အိမ္မက္မက္ေနမွန္း သိေနေသာ္လည္း နိုးထလို႔မရ။အစစ္မွန္ႏွင့္တူေသာ ထိုအိမ္မက္က ငယ္ငယ့္အတြက္ ေလာကငရဲ။

အရာအားလုံးၿပီးဆုံးသြားခ်ိန္ ခြဲစိတ္ကုတင္ေပၚေရာက္ေနတဲ့သူ။အသက္ရႉနိုင္႐ုံမွ် ထိုအေျခေနမွာ သူဟာအစိမ္းသက္သက္ ခြဲစိတ္ခံေနရပါသတဲ့။နံေဘးမွာ ခံစားခ်က္မဲ့စြာ ရပ္ၾကည့္ေနသူက ထို Alpha။သူ႕အားခြဲစိတ္ေနသူက ထို Alpha ရဲ႕ဒုတိယညီ မိုးကုတ္စက္ဝိုင္း။နာက်င္မႈက တကယ့္လက္ေတြ႕လိုမ်ိဳး။နာက်င္မႈေၾကာင့္ မ်က္ရည္ေတြေတာင္ မရပ္တန့္နိုင္ေတာ့။

မၾကာခင္ ေနာက္ဆုံးအခ်ိန္ဆိုတာ သိလိုက္ရေတာ့ မ်က္လုံးေတြသာမွိတ္လိုက္မိတယ္။အိမ္မက္ဆိုးကေန ျမန္ျမန္နိုးထခ်င္ၿပီ။ၿပီးရင္ ေမ့ေမ့ရင္ခြင္ထဲ တိုးကာ အိမ္မက္ဆိုးမက္ေၾကာင္းေျပာျပမည္။ေမေမ့ရဲ႕ႏြေးေထြးတဲ့ ႏွစ္သိမ့္မႈေတြႏွင့္အတူ ေက်ာေလးပုတ္ေပးတာကိုခံမည္။ေမွာင္မိုက္သြားတဲ့ အျမင္လႊာနဲ႕အတူ လြင့္ေပ်ာက္သြားတဲ့ ဝိဥာဥ္စေလးတစ္ခု။

ဆတ္ခနဲလန့္နိုးလာေတာ့ အပူတစ္ခုက တစ္ကိုယ္လုံးမွာ။ေခြၽးေစးေတြနဲ႕စိုကပ္ေနတဲ့ အဝတ္ေတြေၾကာင့္ ေနရတာသက္ေသာင့္သက္သာမရွိ။စံပယ္ပန္းရနံ႕ေလးေတြရႉရွိူက္မိေတာ့ စိတ္ၾကည္ႏူးစြာၿပဳံးလိုက္မိတယ္။မိုးေရစြတ္ျဖန္းခံထားရတဲ့ ပန္းရနံ႕က ႏွာသီးဝမွာ လတ္လတ္ဆတ္ဆတ္။မ်က္စိကို အားယူဖြင့္ေတာ့ စူးရွရွေနေရာင္ကဆီးႀကိဳသည္။မ်က္စိခဏျပန္မွိတ္လို႔ အလင္းေရာင္ကို အသားက်ရန္ညွိယူလိုက္သည္။

ထပ္မံျပန္ဖြင့္လိုက္တဲ့အခါ မ်က္ႏွာက်က္အျဖဴေရာင္က ဆီးႀကိဳသည္။တစ္ခုခုလြဲေနသလိုပဲ။အခန္းဆီေဝ့ဝဲၾကည့္မိေတာ့ လူကေၾကာင္အစြာ။အခန္းတစ္ခုလုံးက အျပာေရာင္ႏုႏုေလးမ်ားႏွင့္သာ ျပည့္ေနေလသည္။သူ႕အခန္းက လိေမၼာ္ႏုေရာင္ေလ။ၿပီးေတာ့ က်ယ္ဝန္းတဲ့အခန္းထဲ ပန္းခ်ီကားေတြသာ အျပည့္ေနရာယူထားသည္။

ေဖေဖနဲ႕ေမေမမ်ား သူ႕ကို အခန္းေ႐ႊ႕ေပးထားတာလား ဒါကဘယ္သူ႕အခန္းလဲ။ေတြးေနရင္းမွ အပူလွိုင္းတစ္ခုေၾကာင့္ လူက ကသိကေအာက္ျဖစ္သြားသည္။သူ Heat ဝင္ေနတာလား။ေနာက္ၿပီး သူ႕ ဖယ္ရိုမုန္းေတြကေရာ ဘာလို႔စံပယ္နံ႕တဲ့လဲ။သူ ေၾကာင္အသြားရသည္။ေစာန သူရေနတဲ့ပန္းရနံ႕က သူ႕ဖယ္ရိုမုန္းရနံ႕တဲ့လား။

အေတြးေတြနဲ႕ အေျဖမဲ့ေနတုန္း ႐ုတ္ခ်ည္းထိုးကိုက္လာတဲ့ေခါင္းေၾကာင့္ အိပ္ယာထဲေခြကနဲ။ေနာက္ၿပီး မ်ားျပားစြာဝင္ေရာက္လာတဲ့ မွတ္ဥာဏ္ေတြ။သူလိုက္မမွီစြာ ေခါင္းကိုသာ ဖိထားမိသည္။ဘာေတြျဖစ္ေနတာလဲ။ဒီမွတ္ဥာဏ္ေတြကေရာ ဘာေတြလဲ။ သူကဘာလုပ္ရမွာလဲ။ျပည့္စုံသြားတဲ့ မွတ္ဥာဏ္ေတြေၾကာင့္ လူက ကတုန္ကယင္ျဖစ္လာသည္။

“မဟုတ္ဘူး မျဖစ္ရဘူးလို႔ မဟုတ္ဘူး”

သူတစ္ကိုယ္တည္း ခါးသည္းစြာ ေအာ္ဟစ္မိသည္။သို႔ေသာ္ ခႏၱာကိုယ္၏ လက္ရွိအေျခအေနေၾကာင့္ အသံက တိုးသဲ့သဲ့သာ။
သူယခုေရာက္ေနတာ သူဖတ္ခဲ့တဲ့ ဝတၳဳထဲက လျခမ္းငယ္ငယ္ရဲ႕ ခႏၱာကိုယ္ထဲကိုပါတဲ့။ရက္ရက္စက္စက္အသတ္ခံရမယ့္ ဇာတ္ေကာင္ငယ္ေလးပါတဲ့။

သူမျဖစ္ခ်င္ဘူး။သူျပန္ခ်င္တယ္။အၿမဲဆူေငါက္ေပမယ့္ ဂ႐ုစိုက္တတ္တဲ့ေဖေဖနဲ႕ အၿပဳံးေအးေအးေလးနဲ႕ အလိုလိုက္ေပးတဲ့ေမေမ့ကို မထားခဲ့နိုင္ဘူး။အၿမဲတမ္းခ်စ္လို႔ဆိုၿပီး မုန့္ေတြေပးတဲ့ လမ္းထိပ္ဆိုင္က သေဘာေကာင္းတဲ့ အန္တီႀကီးကိုလည္း ျပန္ေတြ႕ခ်င္တယ္။သူစိုက္ခဲ့တဲ့ စံပယ္ေတြကိုလည္း ျပန္ေတြ႕ခ်င္တယ္လို႔။

သူ မိဘမဲ့မျဖစ္ခ်င္ဘူး။သူငယ္ခ်င္းေတြရွိပါရက္နဲ႕ အခန္းက်ဥ္းေလးထဲမွာပဲ ပိတ္ေလွာင္ေနတဲ့သူမျဖစ္ခ်င္ဘူး။တျခားလူေတြ ဖ်က္စီးခံရတဲ့သူမျဖစ္ခ်င္ဘူး။ရက္ရက္စက္စက္ ႏွိပ္စက္ခံရၿပီးလူမသိသူမသိ လႊင့္ပစ္ခံရမယ့္ အမွိုက္တစ္စ မျဖစ္ခ်င္ဘူးလို႔။

သူေတြးရင္းငိုမိတယ္။တစ္နာရီေလာက္ၾကာသည္အထိ ငိုၿပီးေတာ့ အမွန္တရားကို လက္ခံလိုက္ရတယ္။သူငိုေနလို႔မၿပီးေသးဘူးေလ။ညခင္းအိပ္လိုက္လို႔ ျပန္နိုးလာရင္ အိမ္ျပန္ေရာက္ခ်င္ေရာက္ေနမွာေပါ့။အဲ့ေတာ့ သူ႕ကိုယ္သူျပန္ႏွိပ္စက္ေနလို႔ မရဘူး။

သက္သာသြားတဲ့အခ်ိန္ခဏေလးအတြင္း သူေရခ်ိဳးလိုက္တယ္။ၿပီးေတာ့ ေတြ႕တဲ့ဝတ္စုံတစ္ခုလဲရင္း ပန္းခ်ီကားေတြဆီ အၾကည့္အေရာက္ သူေခြလဲေတာ့မတတ္ ။အားလုံးဟာ သူ႕အိမ္မက္ဆိုးေတြ။ထို Alpha ရဲ႕ရႉေထာင့္အမ်ိဳးမ်ိဳးမွမ်က္ႏွာေတြဟာ ပန္းခ်ီကားေတြထက္ အျပည့္။

သူအိပ္ယာေပၚျပန္သြားထိုင္ရင္း အရာအားလုံးကိုျပန္ေတြးတယ္။ဟုတ္တယ္ သူတို႔ႏွစ္ေယာက္က လြန္ခဲ့တဲ့တစ္ပါတ္က မေတာ္တဆ ေတြ႕ဆုံခဲ့ၿပီးၿပီ။ထိုလူပိုင္တဲ့ Shopping Mall ထဲမွာ။မေတာ္တဆ ထုတ္လႊတ္မိခဲ့တဲ့ ဖယ္ရိုမုန္းခ်င္း အျပည့္အဝကိုက္ညီမွန္း သူတို႔ႏွစ္ဦးလုံး သိၿပီးခဲ့ၿပီ။

ထိုလူအတြက္ကေတာ့ အေရးမပါတဲ့အရာတစ္ခုဆိုေပမယ့္ ဒီကိုယ္ပိုင္ရွင္ကေတာ့ ဘဝအလင္းေရာင္ကို ရွာေတြ႕သြားခဲ့ေလသည္။အမွန္တကယ္ေတာ့ ငရဲေခ်ာက္ကမ္းပါး ပါပဲ။ေတြ႕စကတည္းက ေမတၱာသက္ဝင္ခဲ့သူသည္ ထိုလူ႕အသြင္သ႑ာန္ေတြသာ ေဆး စက္ခ်ရာ အ႐ုပ္ထင္ေစသည္အထိ စြဲလန္းခဲ့ေလသည္။

သို႔ေသာ္ သူ႕အတြက္ကံေကာင္းသြားသည္မွာ ဇာတ္လမ္းက မစတင္ရေသး။ေတြ႕ဆုံမႈကလည္း အမွတ္တမဲ့ေလးသာသာ။ဇာတ္လိုက္ႏွစ္ေယာက္ စတင္မေတြ႕ဆုံရေသးသလို ဒီခႏၶာကိုယ္ပိုင္ရွင္ကလည္း မ႐ူးမိုက္ရေသး။အခန္းက်ဥ္းေလးထဲမွာ စိတ္ကူးယဥ္တုန္းရွိေသးသည္။

အကယ္၍ သူသာ ျပန္သြားလို႔မရခဲ့ပါလွ်င္ ဒီဇာတ္ကိုနိုင္ေအာင္ ကရမည္။မူလဇာတ္လမ္းအတိုင္း မသြားသ၍ သူအေသဆိုးႏွင့္မေသနိုင္ေတာ့။

အဲ့ဒီေတာ့ ပထမဆုံးအခ်က္အေနျဖင့္ ဇာတ္လိုက္ကိုေရွာင္ရမည္။ထိုလူႏွင့္ ထပ္မေတြ႕လွ်င္ သူ႕အားသတိထားမိစရာအေၾကာင္းမရွိ။ထိုသို႔မဟုတ္ဘဲ မေတာ္တဆေတြ႕မိလွ်င္ မျမင္ခ်င္ေယာင္ေဆာင္ရမည္။ေဝးနိုင္သမွ်ေဝးေဝးက ေရွာင္ကြင္းသြားရမည္။

ေနာက္တစ္ခ်က္က သူ႕ဦးေလးမိသားစုႏွင့္ သူ႕သူငယ္ခ်င္းအား ခ်ည္းကပ္ရမည္။ထိုမွသာ တစ္ခုခုဆိုလွ်င္ သူ႕အားကာကြယ္ေပးမည့္သူရွိမည္ျဖစ္သည္။

ဦးေလးမိသားစုက Nနိုင္ငံတြင္အေျခခ်ေနသည္မွာ သူေက်ာင္းမၿပီးခင္ကတည္းက။ ဦးေလး၏သားႀကီး အစ္ကိုတစ္ဝမ္းကြဲျဖစ္သူ ေဆာင္းစက္ရိပ္ခိုကေတာ့ မၾကာခဏလာေတြ႕တတ္သည္။လိုအပ္သည့္ေငြေၾကးကိုလည္း မၾကာခဏပို႔ေပးတတ္သျဖင့္ ခ်ိဳ႕တဲ့မႈဟူ၍ သိပ္ေတာ့မရွိ။

သူငယ္ခ်င္းႏွင့္ပတ္သပ္၍လည္း ႏွစ္ေယာက္သာရွိေလသည္။ေက်ာင္းကတည္းကခင္မင္ရင္းႏွီးခဲ့ေသာ္ျငား သူ၏အေနေအးမႈေၾကာင့္ အဆက္သြယ္ရွိသည္ဆို႐ုံသာ။သို႔ေသာ္ထိုႏွစ္ေယာက္လုံးက သူ႕အားခင္တြယ္ေလသည္။အၿမဲတမ္းစိုးရိမ္ ဂ႐ုစိုက္ေပးေနသည့္ အစ္ကိုႀကီးမ်ားသဖြယ္။

တစ္ေယာက္က ပင္ထေနာင္းညို ၊ေနာက္တစ္ေယာက္က စိုင္းတိမ္ေငြ႕ျပာ။ေနာင္းညိုက Beta တစ္ေယာက္ျဖစ္ကာ playboy ေလးတစ္ေယာက္။ကြန္ဒိုေျမာက္မ်ားစြာပိုင္ဆိုင္ေသာ ေဆာက္လုပ္ေရးဝန္ႀကီး၏ သားငယ္။playboy ဆိုေသာ္ျငား ဇယားရႈပ္သည္ကိုမႀကိဳက္သူက ေတြ႕သမွ်လူကို မတြဲ။လိမၼာပါးနပ္ကာ အလိုက္သိသူကိုသာတြဲသည္။ထို႔ေၾကာင့္ ၿငီးေငြ႕လို႔ လမ္းခြဲၿပီးတိုင္း အရႉပ္အရွင္းကင္းၿမဲ။

တိမ္ေငြ႕က Alpha တစ္ေယာက္ျဖစ္ကာ ေက်ာင္းၿပီးကတည္းက ဇာတိၿမိဳ႕ေလးမွာ အေျခခ်ေနေလသည္။ဥယာဥ္ၿခံေပါင္းေျမာက္မ်ားစြာကို ပိုင္ဆိုင္ထားသည့္ ၿမိဳ႕သူ ႒ေးေလးေပါ့။လူသူမသိတဲ့ သူ႕ေနာက္ကြယ္စိုက္ခင္းေတြကေတာ့ ဥပေဒႏွင့္ မလြတ္ကင္းဘူးေပါ့ေလ။

သူသတိရရခ်င္း ဖုန္းအားရွာသည္။ Password မခံထားေသာ သူ႕ဖုန္းေလးက ေနာက္ဆုံးေပၚမဟုတ္တဲ့ ပန္းသီးအပဲ့ေလး။အေပါင္းသင္းမရွိမွန္းသိသာစြာ ေခၚဆိုမႈမွတ္တမ္းက ဗလာမျဖစ္႐ုံတစ္မည္။သူ ေနာင္းညိုနံပါတ္ကိုႏွိပ္လို႔ ေျပာမည့္စကားေတြအားစီထားမိသည္။ႏွစ္ခ်က္မည္အၿပီး တန္းကိုင္လိုက္ပုံက အားလပ္ေနမွန္းသိသာစြာ။

“လျခမ္းေလး ဖုန္းေတြဘာေတြဆက္လို႔ ေျပာပါအုံးဗ်ာ ပန္းခ်ီပစၥည္းေတြကုန္ျပန္ၿပီလား”

အျပင္မထြက္တတ္သူအတြက္ delivery ျဖစ္ေနရွာေသာ ေနာင္းညိုက အ႐ႊန္းေဖာက္သည္။ၿပဳံးလိုက္မိျခင္းက ႏြေးေထြးတဲ့ ေမတၱာဓာတ္ေလးေၾကာင့္။သူတစ္ေယာက္တည္း မဟုတ္ေတာ့ဘူး။

“လျခမ္း ေနမေကာင္းဘူးလား”

တိတ္ေနမိေတာ့ စိတ္ပူသြားဟန္တူသည္။

“မဟုတ္ပါဘူး ငယ္ငယ္ဒီအတိုင္း သတိရလို႔ဖုန္းဆက္လိုက္တာ”

“ထူးဆန္းလွခ်ည္လား ထီထိုးရေတာ့မယ္ထင္တယ္ ဟားဟား”

စေနာက္ကာ ရီလိုက္ပုံက ေပါ့ပါးစြာ။သူ႕ရင္ထဲကေၾကာက္စိတ္ေတြလည္း အေတာ္အတန္ေလ်ာ့ပါးသြားေလသည္။

“ေနာင္းညိုအားတဲ့တစ္ရက္ ငယ္ငယ္တို႔ေလွ်ာက္လည္ၾကမလား”

“ေလွ်ာက္လည္ခ်င္လို႔လား ဒီေန႕ပဲလာႀကိဳလိုက္မယ္ေလ”

” ဒီေန႕ထြက္လို႔မရေသးဘူး”

သူရွက္႐ြံ႕စြာ တိုးတိုးဆိုေတာ့ အေျခေနအားတန္းသေဘာေပါက္သြားသူ။

“ဪဪ ဟုတ္ၿပီ အားတာနဲ႕ဖုန္းဆက္လိုက္ ငါလာႀကိဳမယ္ သြားခ်င္တဲ့ေနရာသာ စဥ္းစားထားလိုက္”

“အင္း ေက်းဇူးတင္ပါတယ္”

“ေျပာစရာလူေတြမလို႔လား အေကာင္စုတ္ေလးရဲ႕ ဒါနဲ႕ သက္သာၿပီလား ဘယ္လိုေနေသးလဲ”

“အင္း နည္းနည္း”

“နားေတာ့ နားေတာ့ အားမွဖုန္းဆက္လိုက္ တစ္ခုခုဆို ငါ့ဆီခ်က္ခ်င္းဖုန္းဆက္ေနာ္”

“အင္းပါ”

ခ်သြားေသာဖုန္းေလးကိုၾကည့္ၿပီး မ်က္ရည္ဝဲခ်င္သည္။ျပန္ခြင့္မရေတာ့ရင္လည္း ဒီတိုင္းေလးပဲရွိေနေပးပါ။ႏြေးေထြးမႈေလးထဲမွာပဲ ေကာင္းေကာင္းအသက္ရွင္ခ်င္ပါတယ္။

႐ုတ္တရတ္ျမည္လာတဲ့ ဖုန္းသံေလးေၾကာင့္ လူကဆတ္ခနဲ။ေခၚတဲ့သူၾကည့္မိေတာ့မွ တိမ္ေငြ႕။

“ဟယ္လို”

“လျခမ္းေလး အျပင္ေလွ်ာက္လည္ခ်င္လို႔ဆို”

ငါးမိနစ္မျပည့္ခင္ ဆက္လာပုံေထာက္ ေနာင္းညို ဖုန္းလွမ္းဆက္သည္ထင္။

“အင္း ဟုတ္တယ္”

“ညေန ကိုယ္တက္လာခဲ့မလို႔ ဘာပင္ေတြလိုခ်င္လဲ ကိုယ့္ဆီမွာ ပ်ိဳးပင္အသစ္ေတြလည္းရွိတယ္”

“အာ ညေနလာမလို႔လား”

“လာရမွာေပါ့ဗ်ာ အိမ္တြင္းပုန္းေလးတစ္ေယာက္ ထူးထူးဆန္းဆန္းေလွ်ာက္လည္ခ်င္ေနတာကို ဒကာလာခံမလို႔ ကဲေျပာ ဘာလက္ေဆာင္လိုခ်င္လဲ”

“ငယ္ငယ္ စံပယ္ပင္လိုခ်င္တယ္”

“စံပယ္ပင္လား ရေစရမယ္ဗ်ာ ဘယ္ႏွပင္လဲေျပာ”

“ငယ္ငယ္ အမ်ားႀကီးလိုခ်င္တယ္”

“ကိုယ့္ကားတစ္စီးဆို လုံေလာက္ၿပီလားေျပာ”

“အဲ့ေလာက္မလိုပါဘူး ဆယ္ပင္ ဆယ္ပင္လိုခ်င္တယ္”

“ဟုတ္ပါၿပီ အလွဆုံးေတြေ႐ြးခဲ့ေပးမယ္
ကိုယ္ေရာက္ရင္ ေနာင္းညိုအိမ္မွာ တည္းလိုက္မယ္ လျခမ္းအဆင္ေျပတာနဲ႕ ဖုန္းဆက္လိုက္ေနာ္ လာႀကိဳရင္းနဲ႕ ယူခဲ့ေပးမယ္”

“အြန္း အြန္း”

“ဒါဆို ကိုယ္ဖုန္းခ်ၿပီေနာ္ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္အုံး”

“ဟုတ္”

စိုးရိမ္မႈေတြအားလုံးကုန္သြားေတာ့ ခႏၱာကိုယ္ပါ ခ်က္ခ်င္းလန္းဆန္းလာေလသည္။သူ႕ကိုခ်စ္ၿပီး ဂ႐ုစိုက္ေပးသူေတြရွိသည္။ထို႔ေၾကာင့္ သူစိတ္ညစ္မေနသင့္။

ထို႔ေနာက္အခန္းထဲကိုေဝ့ခနဲၾကည့္ရင္း ဆုံးျဖတ္ခ်က္တစ္ခုအား အေသခ်ာခ်သည္။ပန္းခ်ီကားအားလုံးအား အစိပ္စိပ္အမႊာမႊာ ဖ်က္စီးကာ အမွိုက္အိတ္ထဲ ထည့္သည္။ညေန လုံးဝသက္သာသြားသည့္အခ်ိန္မွ မီးသြားရွိူ႕ရမည္။

စဥ္းစားေနတုန္း ခႏၱာကိုယ္က တစ္ဖန္မသက္မသာ ျဖစ္လာျပန္သည္။ထို႔ေၾကာင့္အိပ္ယာထဲ ျပန္ေခြေနလိုက္သည္။ေတာ္ေသးသည္ Heat ေနာက္ဆုံးေန႕ျဖစ္ေနလို႔။

မနက္ျဖန္သက္သာလာမွဘဲ အေသခ်ာစဥ္းစားစရာရွိသည္မ်ားကိုစဥ္းစားရမည္။ဒီေန႕ေတာ့ အရမ္းပင္ပန္းေနသည္။ထို႔ေနာက္ အေတြးအားလုံး အိပ္စက္ျခင္းက ဝါးၿမိဳသြားေတာ့သည္။

မသိလိုက္ပါဘဲ ေျခေထာက္ေတြအားေစာင္အျပင္ထုတ္လိုက္မိသည္။ဘယ္ေလာက္ေအး ေအး ေျခေထာက္ေတြ ေစာင္အျပင္ထုတ္မွ အိပ္လို႔ေပ်ာ္တာသူ႕အက်င့္။

ထိုစဥ္ေျခက်င္းဝတ္ျဖဴျဖဴေလးထက္ လက္ခနဲေပၚလာေသာအမွတ္သားတစ္ခု။ခဏတြင္းေပ်ာက္ကြယ္သြားျခင္းက ပုံရိပ္ေယာင္ပမာ။

################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂ light novel, ,

Comment

Leave a Reply

Chapter 3