Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၉

A+ A-

ပင်လယ်လှိုင်းပြာပြာတွေရဲ့ကျောက်ဆောင်တွေကိုရိုက်ခတ်သံကြောင့် ပတ်ဝန်းကျင်ကအသက်ဝင်စွာ။ကမ်းစပ်တစ်လျှောက် အုန်းပင်တန်းတွေက ကျွန်းကိုပိုပြီးအသက်ဝင်စေသည်။

ကိုယ်ပိုင်လေယာဥ်ကွင်းနှင့်မို့ အပို့အကြိုအခက်ခဲမရှိ။သိပ်မနည်းလှတဲ့လူစုက အယောက်၅၀၀နီးပါး။တော်သေးသည် လူနည်းစုသာဖိတ်ထားသည်ဆို၍။

Heat ကာလဖြတ်သန်းထား၍ ပင်ပန်းနေမည့်ငယ်ငယ်ကြောင့် ကြီးကြီးကျယ်ကျယ်မလုပ်ဖြစ်ဟုတော့ပြောသည်။သို့သော် သိပ်တော့မျှော်လင့်မထား။

လူနည်းစုသာဖိတ်ထားသည်ဆိုကာ လူ၅၀၀နီးပါးဖြစ်သွားတာကိုသာကြည့်။လုံးချင်းဘန်ဂလိုတွေကအစီအရီမို့ နေစရာစိတ်ပူနေစရာမလို။ပိုင်ဆိုင်မှုကကြီးမားလွန်း၍ ပြောစရာစကားပင်ပျောက်သည်။

“ဒါကကိုယ့်ပိုင်ဆိုင်မှုထဲကအနည်းငယ်သောပမာဏလေးတင်ပါ ဒီလိုကျွန်းတွေဆယ်ခုမကရှိသေးတယ် ပြည်တွင်းရောပြည်ပရောမို့ ဟန်းနီးမွန်းအတွက်စိတ်ပူနေစရာမလိုဘူး သဘောကျတဲ့နေရာကိုသာပြော”

တရားမဝင်အလုပ်တွေရှိမှန်းသိနေတာမို့ သူ့အပြောကိုသံသယမဝင်မိ။မပူမပင်နေရရင်တော်ပြီပေါ့။ဘာကြောင့်များယခုလို စည်းစိမ်တွေအာဏာတွေမက်နေကြသလဲသူမတွေးတတ်။

“…………”

“ဒါမှမဟုတ် ကိုယ့်ပိုင်ဆိုင်မှုထဲကမဟုတ်လည်း သဘောကျတဲ့နေရာရှိရင်ပြောလိုက်
ကိုယ်ဝယ်ပေးမယ်”

“မရှိ… မရှိပါဘူး”

“ရှိလာရင်ပြောရမယ်နော် ငယ့်အိမ်ထောင်ဦးစီးက ငယ်လိုချင်ရင်တစ်နိုင်ငံလုံးကိုတောင်ဝယ်ပေးနိုင်တဲ့အထိ ပါဝါရှိပါတယ်”

နောက်ကျောဘက်မှခါးကိုသိမ်းဖက်ထားပြီး လည်ပင်းကိုဖွဖွနမ်းကာပြောလာသည့်စကားက မုသားမဟုတ်တာသူသိပါသည်။

ညကစောစောအိပ်ထားတာမို့ အိပ်ရေးဝနေတာကြောင့် မနက်စောနိုးနေလေသည်။သူအိပ်ယာကထတာနှင့်လိုက်ထသူက သူရင်ခွင်ထဲမရှိလျှင်မအိပ်တတ်လို့ပါတဲ့။အပိုပြောနေတာဟုဆိုချင်ပေမယ့် တစ်ရေးနိုးရေထသောက်ရင်တောင်နိုးလာတတ်တာမို့ လက်ခံပေးထားရသည်။

“ဒီနေ့ပြီးသွားရင် တစ်သက်တာအတွက်ငယ်ကကိုယ့်အပိုင်ဖြစ်သွားပြီ”

“…………..”

“ငယ် မပျော်နေတာသိပေမယ့်ကိုယ်ကတိပေးရဲပါတယ် နောက်ဆိုရင်ကိုယ့်မေတ္တာတွေကြားငယ်ပျော်လာမှာပါ”

“ငယ်ငယ်လက်မထပ်ချင်သေးဘူး”

မဖြစ်နိုင်တော့မှန်းသိပေမယ့်အတွန့်တက်မိသေးတာက သူတကယ်ကိုလက်မထပ်ချင်သေးလို့။အဲ့လူဆိုးကြီးသူ့ကိုချစ်မိတာကြောင့်ဒုက္ခမရောက်စေချင်သလို သူလည်းမချစ်မိသွားချင်ဘူး။သူဆိုတာက အနည်းငယ်ကြင်နာပြရုံနဲ့အလွယ်တကူတွယ်ငြိသွားတတ်သူမို့။

“သိပါတယ် ကိုယ်သိပြီးသား ကိုယ်ကငယ့်ဆန္ဒကိုအလေးမထားတာမဟုတ်ရပါဘူး ဒီအတိုင်း ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိလို့ ငယ့်ကိုမရရအောင်ချုပ်နှောင်မိရုံတင်ပါ ငယ့်ကိုသာပိုင်ဆိုင်ခွင့်ရထားရင် အရင်ကအမှားတွေအတွက်ပြန်ဖြည့်ဆည်းလည်း နောက်မကျသေးဘူးထင်လို့”

“တင်း…တောင်”

အခန်း Bellတီးသံကြောင့် ပြင်ဆင်ဖို့အတွက်ရောက်လာပြီဆိုတာသိလိုက်ရသည်။အချိန်ကလည်းမစောတော့တာကြောင့် ငယ်ငယ့်နှဖူးထက်တစ်ချက်နမ်းရင်း အခန်းတံခါးသွားဖွင့်ပေးလိုက်သည်။

“နိုးနေပြီမလား ကိုCean “

“အွန်း….လူတွေအကုန်ရောက်ပြီလား”

“Geo နဲ့စိုင်းတိမ်ငွေ့ကတော့မရောက်သေးဘူး ဆောင်းစက်ရိပ်ခိုတို့သားအဖနဲ့ပင်ထနောင်းညိုကတော့ရောက်နေပြီ ဟိုကလေးကိုတွေ့ခွင့်တောင်းနေတယ်”

သူတို့တွေနှင့်ဒီကြားထဲခဏခဏတွေ့ဖြစ်နေတာကြောင့် စကားတော့အတော်အတန်​ပြောဖြစ်ကြသည်။အရင်တစ်ပါတ်တုန်းကတော့ ငယ်ငယ့်Heatကိစ္စကြောင့် တွေ့ခွင့်မပေးလိုက်ရ။

သူ့ကိုတော့အမြင်မကြည်သေး။ငယ်ငယ်ကတွေ့ချင်လို့လိုက်ပို့ရင်တောင်မှ သူ့မှာတန်းပြန်ရတာချည်းပဲ။မဟုတ်လည်း သူကအပိုလူဖြစ်နေတာပဲဟာ။ထိုနေ့မျိုးဆို အိမ်ပြန်ရောက်တာနှင့်ရင်ခွင်ထဲထည့်ချုပ်ထားကာ တဖွဖွနမ်းတတ်မြဲ။သူ့ကိုတခြားလူတွေလောက်အရေးမစိုက်လို့ အပြစ်ပေးလိုက်တာ။

မဂ်လာပွဲကိစ္စတိုင်ပင်ချိန်သာ သူတို့စကားပြောဖြစ်သည်။သူတို့ဘက်ကလက်ဖွဲ့တွေကိုတော့လက်မခံဖြစ်။သူ့တို့ဆီကတန်ဖိုးအရှိဆုံးအရာကိုရနေပြီပဲဟာ ဘာကိုလိုချင်နေရအုံးမှာလဲ။သူ့အတွက်ငယ်ဆိုတာက လောကကြီးတစ်ခုလုံးနဲ့ပြိုင်ရင်တောင် တစ်ဘက်တည်းအလေးသာနေမယ့်သူလေး။

ပင်ထနောင်းညိုတိုက်ခန်းကိုတော့လက်ခံဖြစ်သည်။ငယ်ငယ့်အငွေ့အသက်တွေပြည့်နေတာမို့ တခြားသူတွေကိုယောင်လို့တောင်အရိပ်ကိုမနင်းစေချင်ဘူး။ပြီးမှ သူ့အဖေကိုကိုယ်ကပြန်ကူညီလိုက်မည်။

ဖြစ်နိုင်ရင် စိုင်းတိမ်ငွေ့ပိုင်တဲ့တောင်ကြားအိမ်လေးကိုလည်း ငယ်ငယ့်အတွက်ဝယ်ပေးချင်ပါသည်။သူ့ငယ်ငယ်အရမ်းပျော်နေခဲ့တဲ့နေရာမဟုတ်လား။သူပိုင်တဲ့ရပ်ဝန်းတွေမှာပဲ အပြုံးတွေတောက်ပစေချင်တာလည်း သူ့အတ္တတစ်ခုပါပဲ။

“ဝင်လာခိုင်းလိုက်လေ ငါကဘေးကအခန်းမှာပြင်ဖို့ပြောထားပြီးသား အခမ်းနားစမှသူ့ကိုတွေ့ခွင့်ရမယ်လို့ပြောတယ် အခန်းရှေ့မှာငါ့လူလေးယောက်လောက်ထားခဲ့ ကျွန်းတစ်ခုလုံးရဲ့လုံခြုံရေးရောတိုးမြှင့်ထားပြီလား”

“မပူပါနဲ့ကိုCean အင်အား၃၀၀သုံးထားတယ် စားပွဲထိုးတွေကအစကိုယ့်လူတွေပဲမို့ စိုးရိမ်စရာမလိုပါဘူး”

“အွန်း သူတို့ကိုဝင်လာခိုင်းလိုက်တော့ ငါထွက်လာခဲ့မယ်”

“OK”

အခန်းထဲပြန်လှည့်ဝင်ကာ ပိုင်ဆိုင်မှုလေးကိုတစ်ချက်ပွေ့ဖက်လိုက်သည်။

“ကိုယ်ဟိုဘက်အခန်းမှာပြင်ဆင်မှာ ပြီးရင်ပွဲထဲကစောင့်မှာမို့ ငယ်ငယ်ကမြန်မြန်လာခဲ့နော်”

“ဟုတ်”

“ငယ့်ဦးလေးနဲ့အစ်ကိုရောက်ပြီတဲ့ ပင်ထနောင်းညိုရောပဲသူတို့ကိုဝင်လာခိုင်းထားတယ် ငယ်ပျင်းနေမှာစိုးလို့”

“ဟုတ်ကဲ့”

ခုနကထိမျက်နှာမလန်းသူက သူ့စကားဆုံးတော့ မျက်လုံးတို့အရောင်လက်လာလေသည်။ကြယ်လေးတွေပျိုးထားတဲ့ထိုမျက်ဝန်းတွေထက် သူ့နှုတ်ခမ်းမှအနမ်းတစ်စက်ကြွေသည်။

“ပြွတ်စ်.. ကိုယ်သွားပြီ ပြီးရင်တွေ့မယ်နော် သတို့သားလောင်းလေး”

နှဖူးလေးတစ်ချက်နမ်းကာ အခန်းပြင်ထွက်လိုက်တော့ ဟိုသုံး​ယောက်နှင့်အပြင်မှာဆုံမိကြလေသည်။မကြည်လင်တဲ့လူတွေကို ခေါင်းတစ်ချက်ညိတ်ပြကာနှုတ်ဆက်ပြီး ဘေးအခန်းဆီဦးတည်မိသည်။သူတို့ရတနာလေးကိုအပိုင်ပေးလိုက်ရတာပဲဟာ ဘယ်ကြည်နိုင်မလဲလေ။လူကြီးလူကောင်းပီသစွာပဲ သူကနားလည်ပေးရမှာပေါ့…

……………..

“ကလေး အဆင်ပြေရဲ့လား”

“လေးလေး”

ဦးလေးဖြစ်သူရင်ခွင်ထဲဝင်တိုးမိမှ မျက်ရည်ကအလိုလိုကျလာလေသည်။ရင်နှီးသူတွေရဲ့အဝေးမှာ သူစိမ်းတစ်ယောက်ရဲ့ပိုင်ဆိုင်ခွင့်လေး သူမဖြစ်ချင်သေးဘူး။

“ငယ်ငယ်လက်မထပ်ချင်သေးဘူး”

“လေးလေးသိပါတယ် ကလေးရယ်”

ခေါင်းလေးထက်ဖွဖွသပ်လို့ အားပေးစကားတွေထွက်မလာ။အရင်တုန်းကအဝေးမှာအနေကြာခဲ့တယ်ဆိုပေမယ့် သူတို့ရဲ့ပင်ပျိုလေးဟာသူတို့စောင့်ရှောက်မှုအောက်မှာပဲလေ။ရေချိန်တန်ရေလောင်းပေးပြီး နေသာချိန်နေပြပေးခွင့်သူတို့မှာရှိတယ်။

ယခုတစ်ကြိမ်ကသူစိမ်းတစ်ယောက်အပိုင်ဖြစ်သွားမှာမို့ ပိုင်ဆိုင်သွားသူကရေမလောင်းပေါင်းမသင်ဘဲပစ်ထားရင်တောင် အဲ့ပင်ပျိုလေးကိုဂရုစိုက်ခွင့်မှမရှိတော့တာ။

“မငိုရဘူးလေကလေးရဲ့ တော်ကြာမလှဘဲနေမှာပေါ့”

အစ်ကိုဖြစ်သူရဲ့စကားကို နားမထောင်နိုင်အား။မျက်ရည်ကအလိုလိုကျလာနေတာကို။

“ဘာလိုလိုနဲ့ ငါတို့လခြမ်းလေးတောင် အိမ်ထောင်ရှင်ဖြစ်တော့မယ်”

ဆံပင်လေးသပ်ပေးလို့ဆိုလာတဲ့နောင်းညိုစကားကြောင့် သူပိုဝမ်းနည်းမိသွားသည်။နောက်ဆို သူ့ကိုအမြဲအလိုလိုက်ပေးတဲ့နောင်းညိုနဲ့ခဏခဏတွေ့လို့မရတော့ဘူး။

“မငိုနဲ့တော့ ပြင်ပေးမယ့်သူကရောက်နေပြီ အားနာစရာကြီး”

ဦးလေးစကားကြားတော့ နံဘေးမှာရပ်စောင့်ပေးနေသူကပြုံးပြလာလေသည်။အာဏာရှင်ကြီး၏ နှလုံးသားလေးမို့စောဒကမတက်ရဲသူက နိုင်ငံကျော်Makeup Artist။

စကားလုံးတွေနှင့်ခြိမ်းခြောက်ခံထားရတာမို့ သူမအလုပ်လေးတာ့တာမပြရဖို့အရေး ဒီကလေးပျော်နေဖို့သာအဓိက။ဟိုကရာဇသံပေးထားတာက သူလေးကဟင့်အင်းဆိုရင် နှစ်ခါမငြင်းရစေနဲ့တဲ့။

“ရပြီညီမ ပြင်ဖို့စလိုက်တော့”

“ဟုတ်ကဲ့”

လိုသမျှပစ္စည်းတွေကို လက်ထောက်လေးနှစ်ယောက်ပါကူယူလာပြီး အခန်းထဲကမှန်တင်ခုံရှေ့ချရလိုက်သည်။

Brandedတွေသုံးနေကျပေမယ့် လိုအပ်တဲ့စားရင်းတောင်းကာသူကိုယ်တိုင်မှာပေးလာတာက တစ်ခါမှမမြင်ဖူးတဲ့Limited Edition တွေ။

ဘာကိုအခြေအနေအရလက်ထပ်ရတာပါလဲ။ဒီကဖြင့်ဖူးဖူးမှုတ်ထားတာ ခြေထောက်နှင့်မြေကြီးထိရင်တောင် သုံးရက်လောက်ကိုယ်တိုင်ဆေးပေးမယ့်ပုံနဲ့။

အသားအရေလှပုံလေးကဩချရလောက်သည်။ပြင်ပေးဖို့ထိရမှာတောင် မျက်ခုံးခပ်လှုပ်လှုပ်။မတော်တဆတစ်ခုခုများမှားရင် သူမဘဝကတော့သွားပြီ။

နဂိုလှလွန်းသူလေးမို့သိပ်ပြင်စရာမလိုပေမယ့် ဂရုတစိုက်ဖြည်းဖြည်းချင်းလုပ်ရတာမို့ အချိန်နည်းနည်းပေးရသည်။

“ရပြီ အဝတ်လေးတစ်ချက်ဝင်လဲကြည့်လိုက်ပါလား အဆင်မပြေရင်ပြောလို့ရတယ် Designer အစ်မလာကြည့်ပေးလိမ့်မယ်နော် စမ်းဝတ်ကြည့်ပြီးသားဆိုပေမယ့်လေ အဆင်မပြေရင်တန်းပြန်ပြင်လို့ရအောင်လို့ “

“ဟုတ်ကဲ့”

သူမ,ထွက်သွားမှ အဝတ်လဲဖို့ပြင်ရသည်။သုံးယောက်လုံးကူပေးတာမို့ အချိန်တော့သိပ်မကုန်တော့။

အဖြူရောင်သတို့သားဝတ်စုံလေးက သူဝတ်လိုက်မှပိုလိုက်ဖက်နေသလိုမျိုး။ကြယ်သီးတွေကစလို့ ရင်ထိုးတွေအထိ စိန်တွေချည်းသုံးထားတာမို့ မီးရောင်အောက်မှာတလက်လက်။အနားသတ်ချည်တွေကလည်းရွှေချည်တွေမို့ တောက်ပနေမှုက ကောင်းကင်ဘုံကနတ်သားလေးကိုယ်ထင်ပြလာသလိုမျိုး။

“ငါတို့လခြမ်းလေးကလှလိုက်တာ တခြားသူကိုတကယ်မပေးချင်သေးဘူး”

နှာသံအနည်းငယ်ရောတဲ့စကားက အဆုံးသတ်မှာတိမ်ဝင်သွားသည်။ငိုချင်ရက်လက်တို့ဆိုသလို သူ့မျက်ရည်ကပေါက်ခနဲ။

“တော်ပြီနောင်းညို ကလေးစိတ်မကောင်းဖြစ်နေမယ် မဂ်လာပွဲတောင်ရောက်နေပြီလေ အချိန်တန်ရင် နေသားကျသွားမှာပေါ့ သူသာတကယ်ချစ်ရင် ကလေးကတစ်လောကလုံးရဲ့အမြင့်ဆုံးမှာတောက်ပနေမှာပါ”

“ငယ်ငယ်မှအမြင့်ဆုံးမှာမနေချင်တာ အင့်…”

“မငိုရဘူးလေကလေးရဲ့ ပြင်ထားတာတွေပျက်ကုန်မှာပေါ့”

ဘေးမှ tissueတစ်ရွက်ဆွဲယူကာခပ်ဖွဖွဖိသုတ်ပေးနေတာမို့ သူ့မျက်ရည်တွေကိုထိန်းထားရသည်။ထိုစဥ် တံခါးဖွင့်ကာဝင်လာသူကြောင့်သူတို့အကြည့်တွေက ထိုလူဆီဦးတည်ကုန်သည်။

“လခြမ်း”

“တိမ်ငွေ့”

အခန်းထဲဝင်လာသူက မတွေ့တာကြာနေပြီဖြစ်တဲ့တိမ်ငွေ့။အပြာရောင် Suite နှင့်တောက်ပနေသူက ဆံပင်ရှည်တွေကိုစုချည်ထားတာကြောင့် နဂိုမျက်နှာကပိုပိန်သွားသယောင်။

ပြေးဖက်လိုက်တော့အလိုက်သင့်လေး ထွေးပွေ့ထားလေသည်။

“ငါတို့ပွဲထဲကစောင့်နေမယ် မတွေ့ရတာကြာပြီဆိုတော့ အေးအေးဆေးဆေးစကားပြောကြအုံး”

နောင်းညိုကအလိုက်တသိထွက်သွားလေသည်။သူတို့နှစ်ယောက်လျှို့ဝှက်ထားတဲ့ တိမ်ငွေ့လုပ်ငန်းတွေအကြောင်းလခြမ်းသိသွားပြီဆိုတော့ သူတို့ကြား​ပြောစရာစကားတွေရှိနေမှာပေါ့။နောက်ပြီးဒီအတောအတွင်း သူတို့နဲ့မကြာခဏတွေ့နေရပေမယ့် အဲ့ကိစ္စပြီးကတည်းကတိမ်ငွေ့ကထွက်သွားတာမို့ နှစ်ယောက်သားမဆုံရသေး။

အားလုံးထွက်သွားတော့ သူတို့နှစ်ယောက်သာကျန်ခဲ့လေသည်။တိမ်ငွေ့ကကျောပြင်လေးပုတ်ပေးလာကာ စကားမစမိသလို လခြမ်းကလည်းရင်ခွင်ထဲတိုးဝင်ကာစကားမပြောမိ။ခဏကြာမှ လခြမ်းကစကားစလာလေသည်။

“တိမ်ငွေ့က ငါ့ကိုစိတ်ဆိုးနေတာလား”

“မဟုတ်တာလခြမ်းရယ် ဘာလို့အဲ့လိုတွေးနေရတာလဲ”

“ငါ့ကိုလာမတွေ့တော့လို့လေ ဟိုကိုတန်းပြန်သွားလို့”

“ကိုယ်ကဘာကိုစိတ်ဆိုးရမှာလဲလခြမ်းရဲ့ လခြမ်းကဘာအပြစ်မှမလုပ်ထားဘူးလေ ကိုယ်ကသာ လခြမ်းကိုလုံခြုံအောင်ဖွက်မထားပေးနိုင်တာ”

“ဟင့်အင်း မဟုတ်ပါဘူး သူကအရမ်းအင်အားကြီးနေလို့ပါ”

“လခြမ်းရောငါ့ကိုအထင်​သေးနေသေးလား”

“ဘာအတွက်လဲ”

“တရားမဝင်တဲ့ငါ့အလုပ်တွေကြောင့်လေ “

“မဆိုင်ပါဘူးတိမ်ငွေ့ရဲ့ ခံယူချက်တွေမတူညီလို့ လျှောက်တဲ့လမ်းတွေကွဲပြားနိုင်ပေမယ့် နှလုံးသားတွေသာနီးစပ်နေရင်သူငယ်ချင်းတွေပဲလေ ငယ်ငယ်တို့ကခံယူချက်လေးတွေကွဲပြားနေယုံပါ”

“နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်”

“ငယ်ငယ်ကကျေးဇူးတင်ရမှာ အမြဲတမ်းလုံခြုံမှုပေးတဲ့တိမ်ငွေ့ကြောင့် ငယ်ငယ့်နေ့ရက်တွေအေးချမ်းခဲ့တာလေ”

“အခုအဆင်ပြေရဲ့လား သူကအနိုင်ကျင့်သေးလား”

လူချင်းခွာကာမျက်နှာလေးသေချာလိုက်ကြည့်နေသူက သူ့ကိုစိတ်မချဟန်။

“ဟင့်အင်း အရမ်းဂရုစိုက်ပေးပါတယ် ဒါပေမယ့် တိမ်ငွေ့ကပစ်မထားရဘူးနော် တကယ်လို့အနိုင်ကျင့်လာရင်ဘယ်လိုလုပ်မလဲ”

“အင်းပါ တစ်ခုခုဆိုပြော ကိုယ်သူ့ကိုမကြောက်ပါဘူး လခြမ်းဘက်မှာပဲအမြဲနေမှာ”

“တိမ်ငွေ့”

“အင်း”

“အငယ်ဆုံးတစ်ယောက်လာခေါ်ပေးတာဆို အခုသူနဲ့အတူလာတာလား”

“အင်း”

“ဖြစ်နိုင်ရင် သူနဲ့ဝေးဝေးနေပါလား “

“ဘာလို့လဲ”

“တိမ်ငွေ့လုပ်နေတဲ့အလုပ်က သူလိုလူတွေနဲ့ရင်းနှီးဖို့မသင့်တော်ဘူးလေ တိမ်ငွေ့တစ်ခုခုဖြစ်သွားမှာငယ်ငယ်ကြောက်တယ် သူသာသတိထားမိသွားရင် တိ​​မ်ငွေ့အတွက်မကောင်းဘူးလေ”

“အင်းပါ စိတ်မပူနဲ့နော်ကိုယ်ဂရုစိုက်လိုက်မယ်”

ဟိုကအကုန်သိထားပြီးသားပါဆိုတာကိုတော့သူမပြောပြဖြစ်တော့။ဖြတ်ပစ်ချင်တဲ့ရေစက်တွေကြား သူ့အားနည်းချက်ကမရက်စက်တတ်တာ။ပစ်ပစ်ခါခါတွေနစ်နာသွားအောင်ထိပြောပြီး သူ့ဘက်ကအဆက်သွယ်ဖြတ်ပစ်မည်လို့တော့တွေးထားတာပဲ။

“လခြမ်းလေး သွားရတော့မယ်အဆင်သင့်ဖြစ်ပြီလား”

နောင်းညိုဝင်လာပြီးပြောမှ နှစ်ယောက်သားသတိရမိသည်။တိမ်ငွေ့လက်ကိုဆုပ်ကိုင်ပြီး မော့ကြည့်လိုက်ကာ ယခုမှစိတ်လှုပ်ရှားလာရသည်။

“ငယ်ငယ်ကြောက်တယ်”

“အဆင်ပြေသွားမှာပါလခြမ်းရဲ့ စိတ်မလှုပ်ရှားနဲ့ ကိုယ်တို့တွေရှိနေတာပဲ”

ချွေးစို့နေတဲ့လက်ဖဝါးလေးကိုဆုပ်ကိုင်ပေးလာသည့်တိမ်ငွေ့လက်တွေကနွေးနွေးထွေးထွေး။

“သူ့ဆီကိုဦးလေးကိုယ်တိုင်လိုက်မို့မှာ မစိုးရိမ်ပါနဲ့”

တိမ်ငွေ့ရဲ့အားပေးစကားတွေ နားထဲမဝင်တာက လူဆိုးကြီးရဲ့မျက်နှာကိုမြင်ယောင်လာတာမို့။ဒီနေ့ပြီးရင်ထိုလူဆိုးကြီးက သူ့ရဲ့အိမ်ထောင်ဦးစီးဖြစ်လာတော့မှာ….

…………..

သဲသောင်ပြင်ပေါ်ခင်းထားတဲ့ကော်ဇောနီက ဗီလာဝင်ပေါက်မှစကာ အခမ်းအနားစင်မှာဆုံးသည်။လမ်းဘေးဝဲယာတွင် ဧည့်သည်များကိုနေရာချထားပြီး နေသာသောနေ့လေးမို့ အားလုံးမျက်နှာမှာအပြုံးကိုယ်စီနှင့်။

ကော်ဇောနီဘေးလမ်းတစ်လျှောက်နှင့်အခမ်းအနားအားလုံးကိုအလှဆင်ထားသည်မှာ ပျော်ရွှင်မှုကိုကိုယ်စားပြုသည့်နေကြာတွေနှင့်။သဲဖြူဖြူလေးတွေနှင့်ပေါင်းစပ်လိုက်တော့ နေရောင်အောက်မှာ ပတ်ဝန်းကျင်တစ်ခုလုံး ရွှေရောင်တောက်နေ​တော့သည်။

အနက်ရောင်Wedding Suiteနှင့်Alphaကြီးက စကားတစ်ခွန်းမှမပြောလာဘဲ ဝင်ပေါက်ကိုသာတကြည့်ကြည့်။ခါတိုင်းစကားနည်းတာမပြောချင်၍ဆိုလျှင် ယနေ့စကားမပြောတာကစိတ်လှုပ်ရှား၍ဖြစ်နိုင်သည်။

အားလုံးကနားလည်စွာ စကားသွားမပြောဖြစ်။ကိုယ့်အုပ်စုနှင့်ကိုယ် စားပွဲဝိုင်းတွင်စုထိုင်ကာပြောဖြစ်ကြတာ ရောက်တတ်ရာရာ။အနားရောက်လာသူက Horizon။အစ်ကိုဖြစ်သူ၏မြင်ရခဲသောစိတ်လှုပ်ရှားနေမှုကိုကြည့်ကာ သဘောတွေကျနေတာ။

“အရမ်းစိတ်လှုပ်ရှားနေတာလားကိုCean”

“နည်းနည်းပါ”

“နည်းနည်းမို့လို့ပဲနော် လည်ပင်းကြီးလိမ်နေပြီ ကျွန်တော့ဆေးရုံကအဖွဲ့တောင်ပြောနေပြီ နောက်ထပ်နည်းနည်းသာထပ်စောင့်ရရင် ကိုCean ကိုယ်တိုင်သွားခေါ်လောက်တယ်တဲ့”

“အပိုတွေ ခဏစောင့်လိုက်ရင်တစ်ဘဝလုံးငါအပိုင်ရပြီပဲဟာ ဘာကိစ္စလောနေရမှာလဲ”

“မေးပါအုံးမယ် ကျွန်တော့ဆေးရုံကအဖွဲ့ကဘာလို့ပါလာတာလဲ ကိုCeanနဲ့အဲ့လောက်မရင်းနှီးဘဲနဲ့”

“ထမင်းတစ်ခါအတူစားဖူးရင်လည်းမိတ်ဆွေတွေပဲဟာ”

“မဟုတ်မှလွဲ ပြည့်စုံနိုင်ကိုဦးတည်နေတာလား”

“သူကဘာမို့လို့လဲ”

ဂရုမစိုက်ဟန်ပြောလာပေမယ့် မျက်နှာထားကိုကြည့်ကာသူသဘောပေါက်လိုက်သည်။

“အိုးးးးးးကလေးဆန်လိုက်တာ”

“ပေါက်ကရတွေးမနေနဲ့ဘာမှမဆိုင်ဘူး သူနဲ့ငါကအကွာကြီး ယှဥ်ကိုမယှဥ်သင့်တာ”

“ဟုတ်ပါပြီဗျာ”

ထိုစဥ်အစီအစဥ်မှုးရောက်လာပြီး အစီအစဥ်စတင်တော့မည်ဖြစ်ကြောင်း အချက်ပြလာလေသည်။

Horizon ကစိတ်အေးအေးထားရန်ပြောပြီး သူ့နေရာစားပွဲဝိုင်းဆီပြန်သွားထိုင်နေပြီ။

“ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိဧည့်သည်တော်များခင်ဗျာ မဂ်လာအခမ်းအနားစတင်တော့မှာဖြစ်တဲ့အတွက် နေရာယူပေးကြပါရန်လေးစားစွာတောင်းဆိုအပ်ပါတယ်ခင်ဗျ”

အားလုံးတိတ်ဆိတ်သွားပြီး သတို့သားလေးလျှောက်လှမ်းလာမည့် ဗီလာဝင်ပေါက်ဆီသို့အားလုံးအကြည့်ပို့လိုက်ကြလေသည်။

Pianoသံငြိမ့်ငြိမ့်ကို တယောသံလေးပါဖြည့်ထားတော့ သံဇဥ်လေးနှင့်ပင်ကြည်နူးဖွယ်။သီဆိုသူမလိုသည့်ထိုသံစဥ်က Beautiful In White။

စက္ကန့်လေးတစ်ချက်ရွေ့ပြီးတိုင်း နှလုံးခုန်သံကပိုမည်ဟည်းလာလေ။သံဇဥ်တွေကြား ဂဏှာမငြိမ်နေတာ သူ့နှလုံးသား။ဆုပ်ကိုင်ထားတဲ့လက်အချင်းချင်း ဆိတ်ဆွဲမိတာလည်းခဏခဏပါပဲ။

ယုံကြည်ချက်တွေပြည့်ဝလွန်းလို့ စာမေးပွဲ Resultထွက်လျှင်တောင် တစ်ချက်လှည့်မကြည့်ခဲ့သူက ယခုအချိန်မှာဖြင့် မျှော်လင့်ချက်တွေနှင့်ရင်ဘတ်တစ်ခုလုံးပေါက်ကွဲထွက်တော့မလို။

တစက္ကန့်ကုန်လေ ပိုတွေ့ချင်လာလေ။မမြင်ရသေးတဲ့အရိပ်လေးကြောင့် ပြေးသာပွေ့လိုက်ချင်နေလေသည်။

ပန်းကြဲပေးတဲ့ကလေးတွေထွက်လာမှ စိတ်သက်သာရာရသည်။ကလေးတွေကအယောက်နှစ်ဆယ်မို့ ကော်ဇောနီထက်ပြန့်ကျဲနေတဲ့နှင်းဆီဖတ်တွေကြောင့် တကယ့်ပန်းခင်းလမ်းလိုမျိုး။

နောက်ဆုံးမှာထွက်လာတာက ဦးလေးလက်ကိုတွဲထားတဲ့အဖြူရောင်အရိပ်လေး။မျက်နှာလေးငုံ့ထားတာမို့ အလင်းရောင်တွေတောင် မှေးမှိန်ကုန်သလို။

ဆင်ထားပေးတဲ့စိန်အစစ်တွေကြောင့် နေရောင်အောက်မှာ အရောင်တလက်လက်။အားလုံးတိတ်ဆိတ်နေတာမဟုတ်ပဲ ဆွံ့အနေမိတာကပြည့်စုံလွန်းတဲ့အလှတရားလေးကြောင့်။

မော့ကြည့်လာတဲ့မျက်ဝန်းနက်တွေကြား အငိုက်မိကုန်တဲ့နှလုံးသားတွေက အတုံးအရုံး။ရဲစွေးနေတဲ့နှုတ်ခမ်းလေးတွေကသာအမိန့်ပေးရင် သူ့အတွက်တောင်လူသတ်ပေးနိုင်လောက်သည်အထိပြုစားနိုင်ပါသည်။

တိတ်ဆိတ်နေတာလူတွေတင်မဟုတ် လေပြည်တွေပါငြိမ်သက်ကုန်တာ။လိုရာခရီးကိုမဆက်ခင် သူ့အလှတရားကိုငေးမောမိနေသလိုမျိုးလေပြည်တွေအငိုက်မိနေတာ။

နီးကပ်လာမှ ပိုခုန်လာတဲ့နှလုံးသားကသူ့အရှင်သခင်ကိုမှတ်မိနေသလိုမျိုး။မျက်ဝန်းတွေဝေဝါးကုန်တာ မျက်တောင်မခတ်မိလို့နေမှာ။မျက်နှာလှည့်လို့သုတ်မိတဲ့မျက်ရည်တွေက သဲမှုန်တစ်ချို့ကြောင့်။

နှစ်လှမ်းသာသာကွာတဲ့ခြေလှမ်းတွေကို တစ်လှမ်းတည်းနဲ့သူရှေ့တိုးပစ်လိုက်သည်။ဘယ်သူတိုးလျှောက်လျှောက်အနားရောက်လာမှာပေမယ့် သူ့ခြေတံရှည်တွေက ပိုခရီးရောက်နိုင်တာကိုး။

သူ့လက်ကလေးကိုထည့်မပေးလာခင် သူကဦးအောင်ဆွဲယူပစ်သည်။အဲ့လက်သေးသေးလေးတွေက သူ့လက်ထဲထည့်ထားမှ နွေးထွေးနိုင်မှာပေါ့။မော့ကြည့်လာတဲ့မျက်နှာလေးကိုလက်တစ်ဖက်နဲ့ပင့်ကိုင်ပြီး မျက်ရည်စတစ်ချို့ကို နှုတ်ခမ်းဖြင့်ထိကပ်ပစ်သည်။

လက်ခုပ်သံတဖြောင်းဖြောင်းကြား ရှက်သွားသူက မျက်နှာလေးလွှဲသည်။ငိုထားတာကြောင့်မဟုတ်တဲ့ ရှက်နေတဲ့မျက်နှာကနှင်းဆီနီလေးလို။

မြတ်နိုးစိတ်နှင့်တစိမ့်စိမ့်ကြည့်ရင်း ဘေးကစကားသံတွေဘာမှမကြားတော့။မဂ်လာလက်စွပ်လဲချိန်ရောက်မှ သူသတိပြန်ဝင်လာမိသည်။

စံပယ်ပွင့်လေးထွင်းထားတဲ့စိန်အစစ်က စိန်ပြာတွေကြား တလက်လက်။နှစ်ဦးကိုယ်စားပြုမို့ ပင်လယ်ပြာနှင့်စံပယ်ဖြူလေးက မြင်သူအကြည့်မလွှဲနိုင်စရာ။

သာမာန်အတိုင်းစွပ်ပေး၍ရသော်လည်း ထိုကောင်လေးရှေ့ သူဒူးတစ်ဖက်ထောက်မိလျှက်သား။ကြောင်အနေသူလေးရဲ့ဘယ်လက်ကိုဆွဲယူပြီး လက်သူကြွယ်ထက်လက်စွပ်လေးနှင့်အတူအနမ်းတစ်ပွင့်ပါချည်နှောင်မိသည်။

“တစ်သက်လုံးအတွက် ကိုယ်ကမြတ်နိုးပေးပါ့မယ်”

လက်ခုပ်သံတွေဝေနေတဲ့ပတ်ဝန်းကျင်အလယ် အသိမကပ်သူလေးကဘာလုပ်ရမှန်းမသိစွာ။သူ့လက်ကိုထိုးပေးလို့ လက်စွပ်လေးကိုမေးငေါ့ပြမိသည်။

“ကိုယ့်ကိုရော မချည်နှောင်ချင်ဘူးလားငယ်”

အောက်မှအားပေးသံတွေကြောင့် သူ့လက်သူကြွယ်ထက်လက်စွပ်လေးစွပ်ပေးလာလေသည်။

မင်းအလိုမရှိရင်တောင် ကိုယ်ကမင်းအပိုင်မို့ စိတ်နဲ့မချည်နှောင်ချင်ရင် ဝတ္ထုပစ္စည်းလေးနဲ့ချည်နှောင်လိုက်ပါ။ပြဌာန်းထားတဲ့ဥပဒေတွေမရှိရင်တောင် ကိုယ်ဟာလိုက်နာဖို့အဆင်သင့်မို့။

“သတို့သားနှစ်ယောက်နမ်းနိုင်ပါပြီ”

စကားမဆုံးခင်နမ်းမိခြင်းမှာ အဆုံးသတ်နိုင်ဖွယ်မရှိ။အားလုံးရဲ့အရှေ့မှာ တလောကလုံးရဲ့အရှေ့မှာ မင်းဟာကိုယ့်ပိုင်ဆိုင်မှုလို့ကြေငြာနိုင်ခဲ့တာဟာ ကိုယ့်ဘဝတစ်လျှောက်လုံးရဲ့ အအောင်မြင်ဆုံးဂုဏ်ယူမှုပါပဲ။ဘဝရဲ့ပန်းတိုင်ဟာဘာလဲလို့မေးရင် လခြမ်းငယ်ငယ်လို့ကိုယ်ဖြေပါ့မယ်………

################

ငြိမ်း🌻🌞

ပင္လယ္လွိုင္းျပာျပာေတြရဲ႕ေက်ာက္ေဆာင္ေတြကိုရိုက္ခတ္သံေၾကာင့္ ပတ္ဝန္းက်င္ကအသက္ဝင္စြာ။ကမ္းစပ္တစ္ေလွ်ာက္ အုန္းပင္တန္းေတြက ကြၽန္းကိုပိုၿပီးအသက္ဝင္ေစသည္။

ကိုယ္ပိုင္ေလယာဥ္ကြင္းႏွင့္မို႔ အပို႔အႀကိဳအခက္ခဲမရွိ။သိပ္မနည္းလွတဲ့လူစုက အေယာက္၅၀၀နီးပါး။ေတာ္ေသးသည္ လူနည္းစုသာဖိတ္ထားသည္ဆို၍။

Heat ကာလျဖတ္သန္းထား၍ ပင္ပန္းေနမည့္ငယ္ငယ္ေၾကာင့္ ႀကီးႀကီးက်ယ္က်ယ္မလုပ္ျဖစ္ဟုေတာ့ေျပာသည္။သို႔ေသာ္ သိပ္ေတာ့ေမွ်ာ္လင့္မထား။

လူနည္းစုသာဖိတ္ထားသည္ဆိုကာ လူ၅၀၀နီးပါးျဖစ္သြားတာကိုသာၾကည့္။လုံးခ်င္းဘန္ဂလိုေတြကအစီအရီမို႔ ေနစရာစိတ္ပူေနစရာမလို။ပိုင္ဆိုင္မႈကႀကီးမားလြန္း၍ ေျပာစရာစကားပင္ေပ်ာက္သည္။

“ဒါကကိုယ့္ပိုင္ဆိုင္မႈထဲကအနည္းငယ္ေသာပမာဏေလးတင္ပါ ဒီလိုကြၽန္းေတြဆယ္ခုမကရွိေသးတယ္ ျပည္တြင္းေရာျပည္ပေရာမို႔ ဟန္းနီးမြန္းအတြက္ စိတ္ပူေနစရာမလိုဘူး သေဘာက်တဲ့ေနရာကိုသာေျပာ”

တရားမဝင္အလုပ္ေတြရွိမွန္းသိေနတာမို႔ သူ႕အေျပာကိုသံသယမဝင္မိ။မပူမပင္ေနရရင္ေတာ္ၿပီေပါ့။ဘာေၾကာင့္မ်ားယခုလို စည္းစိမ္ေတြအာဏာေတြမက္ေနၾကသလဲသူမေတြးတတ္။

“…………”

“ဒါမွမဟုတ္ ကိုယ့္ပိုင္ဆိုင္မႈထဲကမဟုတ္လည္း သေဘာက်တဲ့ေနရာရွိရင္ေျပာလိုက္
ကိုယ္ဝယ္ေပးမယ္”

“မရွိ… မရွိပါဘူး”

“ရွိလာရင္ေျပာရမယ္ေနာ္ ငယ့္အိမ္ေထာင္ဦးစီးက ငယ္လိုခ်င္ရင္တစ္နိုင္ငံလုံးကိုေတာင္ဝယ္ေပးနိုင္တဲ့အထိ ပါဝါရွိပါတယ္”

ေနာက္ေက်ာဘက္မွခါးကိုသိမ္းဖက္ထားၿပီး လည္ပင္းကိုဖြဖြနမ္းကာေျပာလာသည့္စကားက မုသားမဟုတ္တာသူသိပါသည္။

ညကေစာေစာအိပ္ထားတာမို႔ အိပ္ေရးဝေနတာေၾကာင့္ မနက္ေစာနိုးေနေလသည္။သူအိပ္ယာကထတာႏွင့္လိုက္ထသူက သူရင္ခြင္ထဲမရွိလွ်င္မအိပ္တတ္လို႔ပါတဲ့။အပိုေျပာေနတာဟုဆိုခ်င္ေပမယ့္ တစ္ေရးနိုးေရထေသာက္ရင္ေတာင္နိုးလာတတ္တာမို႔ လက္ခံေပးထားရသည္။

“ဒီေန႕ၿပီးသြားရင္ တစ္သက္တာအတြက္ငယ္ကကိုယ့္အပိုင္ျဖစ္သြားၿပီ”

“…………..”

“ငယ္ မေပ်ာ္ေနတာသိေပမယ့္ ကိုယ္ကတိေပးရဲပါတယ္ ေနာက္ဆိုရင္ကိုယ့္ေမတၱာေတြၾကား ငယ္ေပ်ာ္လာမွာပါ”

“ငယ္ငယ္လက္မထပ္ခ်င္ေသးဘူး”

မျဖစ္နိုင္ေတာ့မွန္းသိေပမယ့္အတြန့္တက္မိေသးတာက သူတကယ္ကိုလက္မထပ္ခ်င္ေသးလို႔။အဲ့လူဆိုးႀကီးသူ႕ကိုခ်စ္မိတာေၾကာင့္ဒုကၡမေရာက္ေစခ်င္သလို သူလည္းမခ်စ္မိသြားခ်င္ဘူး။သူဆိုတာက အနည္းငယ္ၾကင္နာျပ႐ုံနဲ႕ အလြယ္တကူတြယ္ၿငိသြားတတ္သူမို႔။

“သိပါတယ္ ကိုယ္သိၿပီးသား ကိုယ္ကငယ့္ဆႏၵကိုအေလးမထားတာမဟုတ္ရပါဘူး ဒီအတိုင္း ကိုယ့္ကိုယ္ကိုယုံၾကည္ခ်က္မရွိလို႔ ငယ့္ကိုမရရေအာင္ခ်ဳပ္ႏွောင္မိ႐ုံတင္ပါ ငယ့္ကိုသာပိုင္ဆိုင္ခြင့္ရထားရင္ အရင္ကအမွားေတြအတြက္ျပန္ျဖည့္ဆည္းလည္း ေနာက္မက်ေသးဘူးထင္လို႔”

“တင္း…ေတာင္”

အခန္း Bellတီးသံေၾကာင့္ ျပင္ဆင္ဖို႔အတြက္ေရာက္လာၿပီဆိုတာသိလိုက္ရသည္။အခ်ိန္ကလည္းမေစာေတာ့တာေၾကာင့္ ငယ္ငယ့္ႏွဖူးထက္တစ္ခ်က္နမ္းရင္း အခန္းတံခါးသြားဖြင့္ေပးလိုက္သည္။

“နိုးေနၿပီမလား ကိုCean “

“အြန္း….လူေတြအကုန္ေရာက္ၿပီလား”

“Geo နဲ႕ စိုင္းတိမ္ေငြ႕ကေတာ့မေရာက္ေသးဘူး ေဆာင္းစက္ရိပ္ခိုတို႔သားအဖနဲ႕ပင္ထေနာင္းညိုကေတာ့ေရာက္ေနၿပီ ဟိုကေလးကိုေတြ႕ခြင့္ေတာင္းေနတယ္”

သူတို႔ေတြႏွင့္ဒီၾကားထဲခဏခဏေတြ႕ျဖစ္ေနတာေၾကာင့္ စကားေတာ့အေတာ္အတန္ေျပာျဖစ္ၾကသည္။အရင္တစ္ပါတ္တုန္းကေတာ့ ငယ္ငယ့္Heatကိစၥေၾကာင့္ ေတြ႕ခြင့္မေပးလိုက္ရ။

သူ႕ကိုေတာ့အျမင္မၾကည္ေသး။ငယ္ငယ္ကေတြ႕ခ်င္လို႔လိုက္ပို႔ရင္ေတာင္မွ သူ႕မွာတန္းျပန္ရတာခ်ည္းပဲ။မဟုတ္လည္း သူကအပိုလူျဖစ္ေနတာပဲဟာ။ထိုေန႕မ်ိဳးဆို အိမ္ျပန္ေရာက္တာႏွင့္ ရင္ခြင္ထဲထည့္ခ်ဳပ္ထားကာ တဖြဖြနမ္းတတ္ၿမဲ။သူ႕ကိုတျခားလူေတြေလာက္အေရးမစိုက္လို႔ အျပစ္ေပးလိုက္တာ။

မဂ္လာပြဲကိစၥတိုင္ပင္ခ်ိန္သာ သူတို႔စကားေျပာျဖစ္သည္။သူတို႔ဘက္ကလက္ဖြဲ႕ေတြကိုေတာ့လက္မခံျဖစ္။သူ႕တို႔ဆီကတန္ဖိုးအရွိဆုံးအရာကိုရေနၿပီပဲဟာ ဘာကိုလိုခ်င္ေနရအုံးမွာလဲ။သူ႕အတြက္ငယ္ဆိုတာက ေလာကႀကီးတစ္ခုလုံးနဲ႕ၿပိဳင္ရင္ေတာင္ တစ္ဘက္တည္းအေလးသာေနမယ့္သူေလး။

ပင္ထေနာင္းညိုတိုက္ခန္းကိုေတာ့လက္ခံျဖစ္သည္။ငယ္ငယ့္အေငြ႕အသက္ေတြျပည့္ေနတာမို႔ တျခားသူေတြကိုေယာင္လို႔ေတာင္အရိပ္ကိုမနင္းေစခ်င္ဘူး။ၿပီးမွ သူ႕အေဖကိုကိုယ္ကျပန္ကူညီလိုက္မည္။

ျဖစ္နိုင္ရင္ စိုင္းတိမ္ေငြ႕ပိုင္တဲ့ေတာင္ၾကားအိမ္ေလးကိုလည္း ငယ္ငယ့္အတြက္ဝယ္ေပးခ်င္ပါသည္။သူ႕ငယ္ငယ္အရမ္းေပ်ာ္ေနခဲ့တဲ့ေနရာမဟုတ္လား။သူပိုင္တဲ့ရပ္ဝန္းေတြမွာပဲ အၿပဳံးေတြေတာက္ပေစခ်င္တာလည္း သူ႕အတၱတစ္ခုပါပဲ။

“ဝင္လာခိုင္းလိုက္ေလ ငါကေဘးကအခန္းမွာျပင္ဖို႔ေျပာထားၿပီးသား အခမ္းနားစမွသူ႕ကိုေတြ႕ခြင့္ရမယ္လို႔ေျပာတယ္ အခန္းေရွ႕မွာငါ့လူေလးေယာက္ေလာက္ထားခဲ့ ကြၽန္းတစ္ခုလုံးရဲ႕လုံၿခဳံေရးေရာတိုးျမႇင့္ထားၿပီလား”

“မပူပါနဲ႕ကိုCean အင္အား၃၀၀သုံးထားတယ္ စားပြဲထိုးေတြကအစကိုယ့္လူေတြပဲမို႔ စိုးရိမ္စရာမလိုပါဘူး”

“အြန္း သူတို႔ကိုဝင္လာခိုင္းလိုက္ေတာ့ ငါထြက္လာခဲ့မယ္”

“OK”

အခန္းထဲျပန္လွည့္ဝင္ကာ ပိုင္ဆိုင္မႈေလးကိုတစ္ခ်က္ေပြ႕ဖက္လိုက္သည္။

“ကိုယ္ဟိုဘက္အခန္းမွာျပင္ဆင္မွာ ၿပီးရင္ပြဲထဲကေစာင့္မွာမို႔ ငယ္ငယ္ကျမန္ျမန္လာခဲ့ေနာ္”

“ဟုတ္”

“ငယ့္ဦးေလးနဲ႕အစ္ကိုေရာက္ၿပီတဲ့ ပင္ထေနာင္းညိုေရာပဲ သူတို႔ကိုဝင္လာခိုင္းထားတယ္ ငယ္ပ်င္းေနမွာစိုးလို႔”

“ဟုတ္ကဲ့”

ခုနကထိမ်က္ႏွာမလန္းသူက သူ႕စကားဆုံးေတာ့ မ်က္လုံးတို႔အေရာင္လက္လာေလသည္။ၾကယ္ေလးေတြပ်ိဳးထားတဲ့ထိုမ်က္ဝန္းေတြထက္ သူ႕ႏႈတ္ခမ္းမွအနမ္းတစ္စက္ေႂကြသည္။

“ႁပြတ္စ္.. ကိုယ္သြားၿပီ ၿပီးရင္ေတြ႕မယ္ေနာ္ သတို႔သားေလာင္းေလး”

ႏွဖူးေလးတစ္ခ်က္နမ္းကာ အခန္းျပင္ထြက္လိုက္ေတာ့ ဟိုသုံးေယာက္ႏွင့္အျပင္မွာဆုံမိၾကေလသည္။မၾကည္လင္တဲ့လူေတြကို ေခါင္းတစ္ခ်က္ညိတ္ျပကာႏႈတ္ဆက္ၿပီး ေဘးအခန္းဆီဦးတည္မိသည္။သူတို႔ရတနာေလးကိုအပိုင္ေပးလိုက္ရတာပဲဟာ ဘယ္ၾကည္နိုင္မလဲေလ။လူႀကီးလူေကာင္းပီသစြာပဲ သူကနားလည္ေပးရမွာေပါ့…

……………..

“ကေလး အဆင္ေျပရဲ႕လား”

“ေလးေလး”

ဦးေလးျဖစ္သူရင္ခြင္ထဲဝင္တိုးမိမွ မ်က္ရည္ကအလိုလိုက်လာေလသည္။ရင္ႏွီးသူေတြရဲ႕အေဝးမွာ သူစိမ္းတစ္ေယာက္ရဲ႕ပိုင္ဆိုင္ခြင့္ေလး သူမျဖစ္ခ်င္ေသးဘူး။

“ငယ္ငယ္လက္မထပ္ခ်င္ေသးဘူး”

“ေလးေလးသိပါတယ္ ကေလးရယ္”

ေခါင္းေလးထက္ဖြဖြသပ္လို႔ အားေပးစကားေတြထြက္မလာ။အေဝးမွာအေနၾကာခဲ့တယ္ဆိုေပမယ့္ သူတို႔ရဲ႕ပင္ပ်ိဳေလးဟာ သူတို႔ေစာင့္ေရွာက္မႈေအာက္မွာပဲေလ။ေရခ်ိန္တန္ေရ ေလာင္းေပးၿပီး ေနသာခ်ိန္ေနျပေပးခြင့္သူတို႔မွာရွိတယ္။

ယခုတစ္ႀကိမ္ကသူစိမ္းတစ္ေယာက္အပိုင္ျဖစ္သြားမွာမို႔ ပိုင္ဆိုင္သြားသူကေရမေလာင္းေပါင္းမသင္ဘဲပစ္ထားရင္ေတာင္ အဲ့ပင္ပ်ိဳေလးကိုဂ႐ုစိုက္ခြင့္မွမရွိေတာ့တာ။

“မငိုရဘူးေလကေလးရဲ႕ ေတာ္ၾကာမလွဘဲေနမွာေပါ့”

အစ္ကိုျဖစ္သူရဲ႕စကားကို နားမေထာင္နိုင္အား။မ်က္ရည္ကအလိုလိုက်လာေနတာကို။

“ဘာလိုလိုနဲ႕ ငါတို႔လျခမ္းေလးေတာင္ အိမ္ေထာင္ရွင္ျဖစ္ေတာ့မယ္”

ဆံပင္ေလးသပ္ေပးလို႔ဆိုလာတဲ့ေနာင္းညိုစကားေၾကာင့္ သူပိုဝမ္းနည္းမိသြားသည္။ေနာက္ဆို သူ႕ကိုအၿမဲအလိုလိုက္ေပးတဲ့ေနာင္းညိုနဲ႕ခဏခဏေတြ႕လို႔မရေတာ့ဘူး။

“မငိုနဲ႕ေတာ့ ျပင္ေပးမယ့္သူကေရာက္ေနၿပီ အားနာစရာႀကီး”

ဦးေလးစကားၾကားေတာ့ နံေဘးမွာရပ္ေစာင့္ေပးေနသူက ၿပဳံးျပလာေလသည္။အာဏာရွင္ႀကီး၏ ႏွလုံးသားေလးမို႔ေစာဒကမတက္ရဲသူက နိုင္ငံေက်ာ္ Makeup Artist။

စကားလုံးေတြႏွင့္ၿခိမ္းေျခာက္ခံထားရတာမို႔ သူမအလုပ္ေလးတာ့တာမျပရဖို႔အေရး ဒီကေလးေပ်ာ္ေနဖို႔သာအဓိက။ဟိုကရာဇသံေပးထားတာက သူေလးကဟင့္အင္းဆိုရင္ ႏွစ္ခါမျငင္းရေစနဲ႕တဲ့။

“ရၿပီညီမ ျပင္ဖို႔စလိုက္ေတာ့”

“ဟုတ္ကဲ့”

လိုသမွ်ပစၥည္းေတြကို လက္ေထာက္ေလးႏွစ္ေယာက္ပါကူယူလာၿပီး အခန္းထဲကမွန္တင္ခုံေရွ႕ခ်ရတယ္။

Branded ေတြသုံးေနက်ေပမယ့္ လိုအပ္တဲ့စားရင္းေတာင္းကာသူကိုယ္တိုင္မွာေပးလာတာက တစ္ခါမွမျမင္ဖူးတဲ့ Limited Edition ေတြ။

ဘာကိုအေျခအေနအရလက္ထပ္ရတာပါလဲ။ဒီကျဖင့္ ဖူးဖူးမႈတ္ထားတာ ေျခေထာက္ႏွင့္ေျမႀကီးထိရင္ေတာင္ သုံးရက္ေလာက္ကိုယ္တိုင္ေဆးေပးမယ့္ပုံနဲ႕။

အသားအေရလွပုံေလးကဩခ်ရေလာက္သည္။ျပင္ေပးဖို႔ထိရမွာေတာင္ မ်က္ခုံးခပ္လႈပ္လႈပ္။မေတာ္တဆတစ္ခုခုမ်ားမွားရင္ သူမဘဝကေတာ့သြားၿပီ။

နဂိုလွလြန္းသူေလးမို႔သိပ္ျပင္စရာမလိုေပမယ့္ ဂ႐ုတစိုက္ျဖည္းျဖည္းခ်င္းလုပ္ရတာမို႔ အခ်ိန္နည္းနည္းေပးရသည္။

“ရၿပီ အဝတ္ေလးတစ္ခ်က္ဝင္လဲၾကည့္လိုက္ပါလား အဆင္မေျပရင္ေျပာလို႔ရတယ္ Designer အစ္မလာၾကည့္ေပးလိမ့္မယ္ေနာ္ စမ္းဝတ္ၾကည့္ၿပီးသားဆိုေပမယ့္ေလ အဆင္မေျပရင္တန္းျပန္ျပင္လို႔ရေအာင္လို႔ “

“ဟုတ္ကဲ့”

သူမ,ထြက္သြားမွ အဝတ္လဲဖို႔ျပင္ရသည္။သုံးေယာက္လုံးကူေပးတာမို႔ အခ်ိန္ေတာ့သိပ္မကုန္ေတာ့။

အျဖဴေရာင္သတို႔သားဝတ္စုံေလးက သူဝတ္လိုက္မွပိုလိုက္ဖက္ေနသလိုမ်ိဳး။ၾကယ္သီးေတြကစလို႔ ရင္ထိုးေတြအထိ စိန္ေတြခ်ည္းသုံးထားတာမို႔ မီးေရာင္ေအာက္မွာတလက္လက္။အနားသတ္ခ်ည္ေတြကလည္းေ႐ႊခ်ည္ေတြမို႔ ေတာက္ပေနမႈက ေကာင္းကင္ဘုံကနတ္သားေလးကိုယ္ထင္ျပလာသလိုမ်ိဳး။

“ငါတို႔လျခမ္းေလးကလွလိုက္တာ တျခားသူကိုတကယ္မေပးခ်င္ေသးဘူး”

ႏွာသံအနည္းငယ္ေရာတဲ့စကားက အဆုံးသတ္မွာတိမ္ဝင္သြားသည္။ငိုခ်င္ရက္လက္တို႔ဆိုသလို သူ႕မ်က္ရည္ကေပါက္ခနဲ။

“ေတာ္ၿပီေနာင္းညို ကေလးစိတ္မေကာင္းျဖစ္ေနမယ္ မဂ္လာပြဲေတာင္ေရာက္ေနၿပီေလ အခ်ိန္တန္ရင္ ေနသားက်သြားမွာေပါ့ သူသာတကယ္ခ်စ္ရင္ ကေလးကတစ္ေလာကလုံးရဲ႕အျမင့္ဆုံးမွာေတာက္ပေနမွာပါ”

“ငယ္ငယ္မွအျမင့္ဆုံးမွာမေနခ်င္တာ အင့္…”

“မငိုရဘူးေလကေလးရဲ႕ ျပင္ထားတာေတြပ်က္ကုန္မွာေပါ့”

ေဘးမွ tissueတစ္႐ြက္ဆြဲယူကာခပ္ဖြဖြဖိသုတ္ေပးေနတာမို႔ သူ႕မ်က္ရည္ေတြကိုထိန္းထားရသည္။ထိုစဥ္ တံခါးဖြင့္ကာဝင္လာသူေၾကာင့္သူတို႔အၾကည့္ေတြက ထိုလူဆီဦးတည္ကုန္သည္။

“လျခမ္း”

“တိမ္ေငြ႕”

အခန္းထဲဝင္လာသူက မေတြ႕တာၾကာေနၿပီျဖစ္တဲ့တိမ္ေငြ႕။အျပာေရာင္ Suite ႏွင့္ေတာက္ပေနသူက ဆံပင္ရွည္ေတြကိုစုခ်ည္ထားတာေၾကာင့္ နဂိုမ်က္ႏွာကပိုပိန္သြားသေယာင္။

ေျပးဖက္လိုက္ေတာ့အလိုက္သင့္ေလး ေထြးေပြ႕ထားေလသည္။

“ငါတို႔ပြဲထဲကေစာင့္ေနမယ္ မေတြ႕ရတာၾကာၿပီဆိုေတာ့ ေအးေအးေဆးေဆးစကားေျပာၾကအုံး”

ေနာင္းညိုကအလိုက္တသိထြက္သြားေလသည္။သူတို႔ႏွစ္ေယာက္လွ်ို႔ဝွက္ထားတဲ့ တိမ္ေငြ႕လုပ္ငန္းေတြအေၾကာင္းလျခမ္းသိသြားၿပီဆိုေတာ့ သူတို႔ၾကားေျပာစရာစကားေတြရွိေနမွာေပါ့။ေနာက္ၿပီးဒီအေတာအတြင္း သူတို႔နဲ႕မၾကာခဏေတြ႕ေနရေပမယ့္ အဲ့ကိစၥၿပီးကတည္းကထိမ္ေငြ႕ကထြက္သြားတာမို႔ ႏွစ္ေယာက္သားမဆုံရေသး။

အားလုံးထြက္သြားေတာ့ သူတို႔ႏွစ္ေယာက္သာက်န္ခဲ့ေလသည္။တိမ္ေငြ႕ကေက်ာျပင္ေလးပုတ္ေပးလာကာ စကားမစမိသလို လျခမ္းကလည္းရင္ခြင္ထဲတိုးဝင္ကာစကားမေျပာမိ။ခဏၾကာမွ လျခမ္းကစကားစလာေလသည္။

“တိမ္ေငြ႕က ငါ့ကိုစိတ္ဆိုးေနတာလား”

“မဟုတ္တာလျခမ္းရယ္ ဘာလို႔အဲ့လိုေတြးေနရတာလဲ”

“ငါ့ကိုလာမေတြ႕ေတာ့လို႔ေလ ဟိုကိုတန္းျပန္သြားလို႔”

“ကိုယ္ကဘာကိုစိတ္ဆိုးရမွာလဲလျခမ္းရဲ႕ လျခမ္းကဘာအျပစ္မွမလုပ္ထားဘူးေလ ကိုယ္ကသာ လျခမ္းကိုလုံၿခဳံေအာင္ဖြက္မထားေပးနိုင္တာ”

“ဟင့္အင္း မဟုတ္ပါဘူး သူကအရမ္းအင္အားႀကီးေနလို႔ပါ”

“လျခမ္းေရာငါ့ကိုအထင္ေသးေနေသးလား”

“ဘာအတြက္လဲ”

“တရားမဝင္တဲ့ငါ့အလုပ္ေတြေၾကာင့္ေလ “

“မဆိုင္ပါဘူးတိမ္ေငြ႕ရဲ႕ ခံယူခ်က္ေတြမတူညီလို႔ ေလွ်ာက္တဲ့လမ္းေတြကြဲျပားနိုင္ေပမယ့္ ႏွလုံးသားေတြသာနီးစပ္ေနရင္ သူငယ္ခ်င္းေတြပဲေလ ငယ္ငယ္တို႔ကခံယူခ်က္ေလးေတြကြဲျပားေနယုံပါ”

“နားလည္ေပးလို႔ ေက်းဇူးတင္ပါတယ္”

“ငယ္ငယ္ကေက်းဇူးတင္ရမွာ အၿမဲတမ္းလုံၿခဳံမႈေပးတဲ့တိမ္ေငြ႕ေၾကာင့္ ငယ္ငယ့္ေန႕ရက္ေတြေအးခ်မ္းခဲ့တာေလ”

“အခုအဆင္ေျပရဲ႕လား သူကအနိုင္က်င့္ေသးလား”

လူခ်င္းခြာကာ မ်က္ႏွာေလးေသခ်ာလိုက္ၾကည့္ေနသူက သူ႕ကိုစိတ္မခ်ဟန္။

“ဟင့္အင္း အရမ္းဂ႐ုစိုက္ေပးပါတယ္ ဒါေပမယ့္ တိမ္ေငြ႕ကပစ္မထားရဘူးေနာ္ တကယ္လို႔အနိုင္က်င့္လာရင္ဘယ္လိုလုပ္မလဲ”

“အင္းပါ တစ္ခုခုဆိုေျပာ ကိုယ္သူ႕ကိုမေၾကာက္ပါဘူး လျခမ္းဘက္မွာပဲအၿမဲေနမွာ”

“တိမ္ေငြ႕”

“အင္း”

“အငယ္ဆုံးတစ္ေယာက္လာေခၚေပးတာဆို အခုသူနဲ႕အတူလာတာလား”

“အင္း”

“ျဖစ္နိုင္ရင္ သူနဲ႕ေဝးေဝးေနပါလား “

“ဘာလို႔လဲ”

“တိမ္ေငြ႕လုပ္ေနတဲ့အလုပ္က သူလိုလူေတြနဲ႕ရင္းႏွီးဖို႔မသင့္ေတာ္ဘူးေလ တိမ္ေငြ႕တစ္ခုခုျဖစ္သြားမွာ ငယ္ငယ္ေၾကာက္တယ္ သူသာသတိထားမိသြားရင္ တိမ္ေငြ႕အတြက္မေကာင္းဘူးေလ”

“အင္းပါ စိတ္မပူနဲ႕ေနာ္ ကိုယ္ဂ႐ုစိုက္လိုက္မယ္”

ဟိုကအကုန္သိထားၿပီးသားပါဆိုတာကိုေတာ့သူမေျပာျပျဖစ္ေတာ့။ျဖတ္ပစ္ခ်င္တဲ့ေရစက္ေတြၾကား သူ႕အားနည္းခ်က္က မရက္စက္တတ္တာ။ပစ္ပစ္ခါခါေတြနစ္နာသြားေအာင္ထိေျပာၿပီး သူ႕ဘက္ကအဆက္သြယ္ျဖတ္ပစ္ရမည္။

“လျခမ္းေလး သြားရေတာ့မယ္အဆင္သင့္ျဖစ္ၿပီလား”

ေနာင္းညိုဝင္လာၿပီးေျပာမွ ႏွစ္ေယာက္သားသတိရမိသည္။တိမ္ေငြ႕လက္ကိုဆုပ္ကိုင္ၿပီး ေမာ့ၾကည့္လိုက္ကာ ယခုမွစိတ္လႈပ္ရွားလာရသည္။

“ငယ္ငယ္ေၾကာက္တယ္”

“အဆင္ေျပသြားမွာပါလျခမ္းရဲ႕ စိတ္မလႈပ္ရွားနဲ႕ ကိုယ္တို႔ေတြရွိေနတာပဲ”

ေခြၽးစို႔ေနတဲ့လက္ဖဝါးေလးကိုဆုပ္ကိုင္ေပးလာသည့္တိမ္ေငြ႕လက္ေတြကႏြေးႏြေးေထြးေထြး။

“သူ႕ဆီကိုဦးေလးကိုယ္တိုင္လိုက္မို႔မွာ မစိုးရိမ္ပါနဲ႕”

တိမ္ေငြ႕ရဲ႕အားေပးစကားေတြ နားထဲမဝင္တာက လူဆိုးႀကီးရဲ႕မ်က္ႏွာကိုျမင္ေယာင္လာတာမို႔။ဒီေန႕ၿပီးရင္ထိုလူဆိုးႀကီးက သူ႕ရဲ႕အိမ္ေထာင္ဦးစီးျဖစ္လာေတာ့မွာ….

…………..

သဲေသာင္ျပင္ေပၚခင္းထားတဲ့ေကာ္ေဇာနီက ဗီလာဝင္ေပါက္မွစကာ အခမ္းအနားစင္မွာဆုံးသည္။လမ္းေဘးဝဲယာတြင္ ဧည့္သည္မ်ားကိုေနရာခ်ထားၿပီး ေနသာေသာေန႕ေလးမို႔ အားလုံးမ်က္ႏွာမွာအၿပဳံးကိုယ္စီႏွင့္။

ေကာ္ေဇာနီေဘးလမ္းတစ္ေလွ်ာက္ႏွင့္အခမ္းအနားအားလုံးကိုအလွဆင္ထားသည္မွာ ေပ်ာ္႐ႊင္မႈကိုကိုယ္စားျပဳသည့္ ေနၾကာေတြႏွင့္။သဲျဖဴျဖဴေလးေတြႏွင့္ေပါင္းစပ္လိုက္ေတာ့ ေနေရာင္ေအာက္မွာ ပတ္ဝန္းက်င္တစ္ခုလုံး ေ႐ႊေရာင္ေတာက္ေနေတာ့သည္။

အနက္ေရာင္ Wedding Suite ႏွင့္ Alphaႀကီးက စကားတစ္ခြန္းမွမေျပာလာဘဲ ဝင္ေပါက္ကိုသာတၾကည့္ၾကည့္။ခါတိုင္းစကားနည္းတာမေျပာခ်င္၍ဆိုလွ်င္ ယေန႕စကားမေျပာတာက စိတ္လႈပ္ရွား၍ျဖစ္နိုင္သည္။

အားလုံးကနားလည္စြာ စကားသြားမေျပာျဖစ္။ကိုယ့္အုပ္စုႏွင့္ကိုယ္ စားပြဲဝိုင္းတြင္စုထိုင္ကာေျပာျဖစ္ၾက တာ ေရာက္တတ္ရာရာ။အနားေရာက္လာသူက Horizon။အစ္ကိုျဖစ္သူ၏ျမင္ရခဲေသာစိတ္လႈပ္ရွားေနမႈကိုၾကည့္ကာ သေဘာေတြက်ေနတာ။

“အရမ္းစိတ္လႈပ္ရွားေနတာလားကိုCean”

“နည္းနည္းပါ”

“နည္းနည္းမို႔လို႔ပဲေနာ္ လည္ပင္းႀကီးလိမ္ေနၿပီ ကြၽန္ေတာ့ေဆး႐ုံကအဖြဲ႕ေတာင္ ေျပာေနၿပီ ေနာက္ထပ္နည္းနည္းသာထပ္ေစာင့္ရရင္ ကိုCean ကိုယ္တိုင္သြားေခၚေလာက္တယ္တဲ့”

“အပိုေတြ ခဏေစာင့္လိုက္ရင္ တစ္ဘဝလုံးငါအပိုင္ရၿပီပဲဟာ ဘာကိစၥေလာေနရမွာလဲ”

“ေမးပါအုံးမယ္ ကြၽန္ေတာ့ေဆး႐ုံကအဖြဲ႕ကဘာလို႔ပါလာတာလဲ ကိုCeanနဲ႕အဲ့ေလာက္မရင္းႏွီးဘဲနဲ႕”

“ထမင္းတစ္ခါအတူစားဖူးရင္လည္းမိတ္ေဆြေတြပဲဟာ”

“မဟုတ္မွလြဲ ျပည့္စုံနိုင္ကိုဦးတည္ေနတာလား”

“သူကဘာမို႔လို႔လဲ”

ဂ႐ုမစိုက္ဟန္ေျပာလာေပမယ့္ မ်က္ႏွာထားကိုၾကည့္ကာသူသေဘာေပါက္လိုက္သည္။

“အိုးးးးးးကေလးဆန္လိုက္တာ”

“ေပါက္ကရေတြးမေနနဲ႕ ဘာမွမဆိုင္ဘူး သူနဲ႕ငါကအကြာႀကီး ယွဥ္ကိုမယွဥ္သင့္တာ”

“ဟုတ္ပါၿပီဗ်ာ”

ထိုစဥ္အစီအစဥ္မႈးေရာက္လာၿပီး အစီအစဥ္စတင္ေတာ့မည္ျဖစ္ေၾကာင္း အခ်က္ျပလာေလသည္။

Horizon ကစိတ္ေအးေအးထားရန္ေျပာၿပီး သူ႕ေနရာစားပြဲဝိုင္းဆီျပန္သြားထိုင္ေနၿပီ။

“ႂကြေရာက္လာၾကတဲ့ ဂုဏ္သေရရွိဧည့္သည္ေတာ္မ်ားခင္ဗ်ာ မဂ္လာအခမ္းအနားစတင္ေတာ့မွာျဖစ္တဲ့အတြက္ ေနရာယူေပးၾကပါရန္ေလးစားစြာေတာင္းဆိုအပ္ပါတယ္ခင္ဗ်”

အားလုံးတိတ္ဆိတ္သြားၿပီး သတို႔သားေလးေလွ်ာက္လွမ္းလာမည့္ ဗီလာဝင္ေပါက္ဆီသို႔အားလုံးအၾကည့္ပို႔လိုက္ၾကေလသည္။

Pianoသံၿငိမ့္ၿငိမ့္ကို တေယာသံေလးပါျဖည့္ထားေတာ့ သံဇဥ္ေလးႏွင့္ပင္ၾကည္ႏူးဖြယ္။သီဆိုသူမလိုသည့္ထိုသံစဥ္က Beautiful In White။

စကၠန့္ေလးတစ္ခ်က္ေ႐ြ႕ၿပီးတိုင္း ႏွလုံးခုန္သံက ပိုမည္ဟည္းလာေလ။သံဇဥ္ေတြၾကား ဂဏွာမၿငိမ္ေနတာ သူ႕ႏွလုံးသား။ဆုပ္ကိုင္ထားတဲ့လက္အခ်င္းခ်င္း ဆိတ္ဆြဲမိတာလည္း ခဏခဏပါပဲ။

ယုံၾကည္ခ်က္ေတြျပည့္ဝလြန္းလို႔ စာေမးပြဲ Resultထြက္လွ်င္ေတာင္ တစ္ခ်က္လွည့္မၾကည့္ခဲ့သူက ယခုအခ်ိန္မွာျဖင့္ ေမွ်ာ္လင့္ခ်က္ေတြႏွင့္ ရင္ဘတ္တစ္ခုလုံးေပါက္ကြဲထြက္ေတာ့မလို။

တစကၠန့္ကုန္ေလ ပိုေတြ႕ခ်င္လာေလ။မျမင္ရေသးတဲ့အရိပ္ေလးေၾကာင့္ ေျပးသာေပြ႕လိုက္ခ်င္ေနေလသည္။

ပန္းႀကဲေပးတဲ့ကေလးေတြထြက္လာမွ စိတ္သက္သာရာရသည္။ကေလးေတြကအေယာက္ႏွစ္ဆယ္မို႔ ေကာ္ေဇာနီထက္ျပန့္က်ဲေနတဲ့ႏွင္းဆီဖတ္ေတြေၾကာင့္ တကယ့္ပန္းခင္းလမ္းလိုမ်ိဳး။

ေနာက္ဆုံးမွာထြက္လာတာက ဦးေလးလက္ကိုတြဲထားတဲ့အျဖဴေရာင္အရိပ္ေလး။မ်က္ႏွာေလးငုံ႕ထားတာမို႔ အလင္းေရာင္ေတြေတာင္ ေမွးမွိန္ကုန္သလို။

ဆင္ထားေပးတဲ့စိန္အစစ္ေတြေၾကာင့္ ေနေရာင္ေအာက္မွာ အေရာင္တလက္လက္။အားလုံးတိတ္ဆိတ္ေနတာမဟုတ္ပဲ ဆြံ႕အေနမိတာက ျပည့္စုံလြန္းတဲ့အလွတရားေလးေၾကာင့္။

ေမာ့ၾကည့္လာတဲ့မ်က္ဝန္းနက္ေတြၾကား အငိုက္မိကုန္တဲ့ႏွလုံးသားေတြက အတုံးအ႐ုံး။ရဲေစြးေနတဲ့ႏႈတ္ခမ္းေလးေတြကသာအမိန့္ေပးရင္ သူ႕အတြက္ေတာင္လူသတ္ေပးနိုင္ေလာက္သည္အထိျပဳစားနိုင္ပါသည္။

တိတ္ဆိတ္ေနတာလူေတြတင္မဟုတ္ ေလျပည္ေတြပါၿငိမ္သက္ကုန္တာ။လိုရာခရီးကိုမဆက္ခင္ သူ႕အလွတရားကိုေငးေမာမိေနသလိုမ်ိဳး ေလျပည္ေတြအငိုက္မိေနတာ။

နီးကပ္လာမွ ပိုခုန္လာတဲ့ႏွလုံးသားက သူ႕အရွင္သခင္ကိုမွတ္မိေနသလိုမ်ိဳး။မ်က္ဝန္းေတြေဝဝါးကုန္တာ မ်က္ေတာင္မခတ္မိလို႔ေနမွာ။မ်က္ႏွာလွည့္လို႔သုတ္မိတဲ့မ်က္ရည္ေတြက သဲမႈန္တစ္ခ်ိဳ႕ေၾကာင့္။

ႏွစ္လွမ္းသာသာကြာတဲ့ေျခလွမ္းေတြကို တစ္လွမ္းတည္းနဲ႕သူေရွ႕တိုးပစ္လိုက္သည္။ဘယ္သူတိုးေလွ်ာက္ေလွ်ာက္ အနားေရာက္လာမွာေပမယ့္ သူ႕ေျခတံရွည္ေတြက ပိုခရီးေရာက္နိုင္တာကိုး။

သူ႕လက္ကေလးကိုထည့္မေပးလာခင္ သူကဦးေအာင္ဆြဲယူပစ္သည္။အဲ့လက္ေသးေသးေလးေတြက သူ႕လက္ထဲထည့္ထားမွ ႏြေးေထြးနိုင္မွာေပါ့။ေမာ့ၾကည့္လာတဲ့မ်က္ႏွာေလးကိုလက္တစ္ဖက္နဲ႕ပင့္ကိုင္ၿပီး မ်က္ရည္စတစ္ခ်ိဳ႕ကို ႏႈတ္ခမ္းျဖင့္ထိကပ္ပစ္သည္။

လက္ခုပ္သံတေျဖာင္းေျဖာင္းၾကား ရွက္သြားသူက မ်က္ႏွာေလးလႊဲသည္။ငိုထားတာေၾကာင့္မဟုတ္တဲ့ ရွက္ေနတဲ့မ်က္ႏွာကႏွင္းဆီနီေလးလို။

ျမတ္နိုးစိတ္ႏွင့္ တစိမ့္စိမ့္ၾကည့္ရင္း ေဘးကစကားသံေတြဘာမွမၾကားေတာ့။မဂ္လာလက္စြပ္လဲခ်ိန္ေရာက္မွ သူသတိျပန္ဝင္လာမိသည္။

စံပယ္ပြင့္ေလးထြင္းထားတဲ့စိန္အစစ္က စိန္ျပာေတြၾကား တလက္လက္။ႏွစ္ဦးကိုယ္စားျပဳမို႔ ပင္လယ္ျပာႏွင့္စံပယ္ျဖဴေလးက ျမင္သူအၾကည့္မလႊဲနိုင္စရာ။

သာမာန္အတိုင္းစြပ္ေပး၍ရေသာ္လည္း ထိုေကာင္ေလးေရွ႕ သူဒူးတစ္ဖက္ေထာက္မိလွ်က္သား။ေၾကာင္အေနသူေလးရဲ႕ဘယ္လက္ကိုဆြဲယူၿပီး လက္သူႂကြယ္ထက္လက္စြပ္ေလးႏွင့္အတူ အနမ္းတစ္ပြင့္ပါခ်ည္ႏွောင္မိသည္။

“တစ္သက္လုံးအတြက္ ကိုယ္ကျမတ္နိုးေပးပါ့မယ္”

လက္ခုပ္သံေတြေဝေနတဲ့ပတ္ဝန္းက်င္အလယ္ အသိမကပ္သူေလးကဘာလုပ္ရမွန္းမသိစြာ။သူ႕လက္ကိုထိုးေပးလို႔ လက္စြပ္ေလးကိုေမးေငါ့ျပမိသည္။

“ကိုယ့္ကိုေရာ မခ်ည္ႏွောင္ခ်င္ဘူးလားငယ္”

ေအာက္မွအားေပးသံေတြေၾကာင့္ သူ႕လက္သူႂကြယ္ထက္လက္စြပ္ေလးစြပ္ေပးလာေလသည္။

မင္းအလိုမရွိရင္ေတာင္ ကိုယ္ကမင္းအပိုင္မို႔ စိတ္နဲ႕မခ်ည္ႏွောင္ခ်င္ရင္ ဝတၳဳပစၥည္းေလးနဲ႕ခ်ည္ႏွောင္လိုက္ပါ။ျပဌာန္းထားတဲ့ဥပေဒေတြမရွိရင္ေတာင္ ကိုယ္ဟာလိုက္နာဖို႔အဆင္သင့္မို႔။

“သတို႔သားႏွစ္ေယာက္နမ္းနိုင္ပါၿပီ”

စကားမဆုံးခင္နမ္းမိျခင္းမွာ အဆုံးသတ္နိုင္ဖြယ္မရွိ။အားလုံးရဲ႕အေရွ႕မွာ တေလာကလုံးရဲ႕အေရွ႕မွာ မင္းဟာကိုယ့္ပိုင္ဆိုင္မႈလို႔ေၾကျငာနိုင္ခဲ့တာဟာ ကိုယ့္ဘဝတစ္ေလွ်ာက္လုံးရဲ႕ အေအာင္ျမင္ဆုံးဂုဏ္ယူမႈပါပဲ။ဘဝရဲ႕ပန္းတိုင္ဟာဘာလဲလို႔ေမးရင္ လျခမ္းငယ္ငယ္လို႔ကိုယ္ေျဖပါ့မယ္………

################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၉, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၉, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၉ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၉ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၉ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၂၉ light novel, ,

Comment

Leave a Reply

Chapter 30