Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၁

A+ A-

လမ်းတစ်လျှောက်တိတ်ဆိတ်မှုကြောင့် ခရီးကပိုဝေးနေသလိုမျိုး။အေးစက်နေတဲ့အခြေအနေက ပြင်ပအအေးထက်ပိုကဲစွာ။နှင်းမှုန်တွေဝေ့နေတာကြောင့် မရှင်းလင်းတဲ့ပတ်ဝန်းကျင်လိုမျိုး သူတို့နှစ်ယောက်ကြားအခြေနေကလည်းထိုနည်းတူ။

လက်မလျှော့တဲ့သူ့ဇွဲတွေကြောင့် မဂ်လာပွဲကိုအပါခေါ်နိုင်ခဲ့သလိုမျိုး သူ့ဘဝထဲကိုလည်းဆွဲခေါ်လို့ရလျှင်သိပ်ကောင်းမည်။နှလုံးသားမာရသွန်မှာ တစ်ဖက်တည်းပြေးနေရတာမို့ သိပ်အရာမထင်ပေမယ့်ပေါ့။

အနိုင်ရသွားလို့လက်ခုပ်သံတွေမရှိခဲ့ရင်တောင် ကိုယ်လိုချင်တာဆုဖလားလေးပေမို့ အများအမြင်ကိုဂရုမစိုက်ဘူး။သနားလို့ပေးအပ်လာမယ့် ဇွဲဆုလေးဆိုရင်တောင် ကိုယ်မက်မောနေဆဲပဲလေ။

“ကိုယ် အရင်ကလိုအမြဲလာလည်ခွင့်ရှိမလား”

“…………..”

“ပျိုးပင်ဝယ်နေကျဖောက်သည်တစ်ယောက်လိုဆိုရင်တောင်မရဘူးလား”

“………..”

“မင်းလက်နဲ့ပျိုးထားတဲ့အပင်တွေကို ကိုယ်တကယ်မြတ်နိုးတာ”

“ပထဝီ”

“ဗျာ”

“မင်းဘာလို့ငါ့ကိုသဘောကျတာလဲ”

“အကြောင်းပြချက်မရှိဘူးလေဥယျာဥ်မှူးလေးရယ် ငွေ့ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်ကလွဲရင်ပေါ့”

“Alpha အချင်းချင်းဆိုတာရောမင်းသိရဲ့လား”

“ကိုယ် သိပါတယ်”

“Sexကိစ္စကိုရောမင်းဘယ်လိုတွေးထားလဲ”

ခဏတာဆွံ့အသွားတာက မတွေးဖြစ်ခဲ့ဖူးတဲ့ မေးခွန်းတစ်ခုကြောင့်အဖြေမဲ့နေတာ။

“​အင်းပေါ့လေ Dominant Alphaတစ်ယောက်ဖြစ်တဲ့အပြင် မိသားစုအရှိန်အဝါတွေနဲ့ဆိုတော့ အောက်ကျို့တော့ဘယ်ခံပါ့မလဲ”

နှုတ်ခမ်းတွန့်လို့ဆိုလာသူက သူသိပြီးသားဆိုသောအထာနှင့်။

“အဲ့လိုမရှိခဲ့ပါဘူးငွေ့ မြတ်နိုးမှုနောက်မှာကပ်ပါလာတဲ့တဏှာဆိုတာ ကိုယ့်အတွက်မဖြစ်မနေမှမဟုတ်တာ”

“ဒါဆို ကိုယ်ကဦးဆောင်ချင်ရင်တောင် လက်ခံပေးနိုင်တဲ့သဘောပေါ့”

“ငွေ့”

မထင်မှတ်ထားးတဲ့စကားမှာ သူ့သွေးခုန်နှုန်းကဒိတ်ခနဲ။

“အတွေးဝင်လာလို့ပါ ကာကွယ်ပေးရမယ့်သူမရှိတော့ ဘဝကအဓိပ္ပါယ်မဲ့လာသလားလို့
အပျင်းပြေတွဲကြည့်မလားလို့”

“ကိုယ်ကလိုသုံးလား”

“ငါကသဘောထားလေးမေးကြည့်ရုံပါ အတင်းတိုက်တွန်းနေတာမဟုတ်လို့ အလေးနက်မထားနဲ့”

“ကိုယ်သဘောတူရင် ကိုယ်နဲ့တွဲမှာလား”

“မင်း….ကျစ်”

မချင့်မရဲဟိုဘက်လှည့်သွားတော့ သူခိုးပြုံးလိုက်သည်။မရက်စက်တတ်ဘဲ ရက်စက်ချင်သေးတာလား။အပျော်တွဲသည်ဖြစ်စေ အတည်တွဲသည်ဖြစ်စေ သူ့ဘက်ကိုလက်လှမ်းလိုက်လျှင် ကမ်းမမြင်တဲ့အထိသူကဆွဲခေါ်သွားပစ်မှာ။

ဦးဆောင်တာတွေ လိုက်နာတာတွေကသူ့အတွက်အရေးမှမပါတာ။အရေးကြီးတာက သူ့ပိုင်နက်နွံလေးထဲကို ခြေကျွံလာဖို့။ခြေတစ်လှမ်းချမိတာနဲ့ ပြန်လမ်းမရှိတဲ့သူ့ပိုင်နက်ကတစ်ဘဝစာအပြီး။

လက်ရှိမှာသမင်ငယ်လေးလိုဟန်ဆောင်မည်။ခြေကျွံလာတဲ့ကျားအတွက်တော့ ကိုယ်ဟာမုဆိုးကြီးပေါ့။

“ကိုယ်လက်ခံတယ် အပျော်တွဲတာဖြစ်ဖြစ် အစားထိုးတာဖြစ်ဖြစ်လိုသုံးဖြစ်ဖြစ် ကိုယ်မင်းအနားရှိနေသ၍အားလုံးလက်ခံတယ် ဒါဆိုဒီနေ့ကစပြီးတစ်ရက်နော် ​ရွှတ်”

“မင်း…ပြွတ်စ် “

စကားမဆုံးခင်တရားဝင်အနမ်းတွေက ပါးပြင်တစ်ချက်နှုတ်ခမ်းတစ်ချက်။

“ငါစိတ်ပြောင်းသွားပြီ မတွဲ..ပြွတ်စ် “

“သဘောတူအနမ်းပေးပြီးသွားပြီမလို့ ပြန်ရုပ်သိမ်းလို့မရတော့ဘူး ဒီနေ့ကစပြီး မဟာပထဝီဆိုတဲ့ကျွန်တော်က စိုင်းတိမ်ငွေ့ပြာရဲ့တရားဝင်ချစ်သူပဲ”

တိတ်ဆိတ်နေသူရဲ့ပါးပြင်တွေရဲနေတာ အအေးဓာတ်ကြောင့်မဟုတ်ခဲ့။အကွေ့ကောက်လမ်းကျဥ်းလေးမို့ သူ့စကားကိုအာရုံမထားနိုင်တာဖြစ်မည်။

ပြုံးနေတဲ့သူ့မျက်နှာက နေလာလို့ပျောက်ကွယ်သွားတဲ့နှင်းတွေကြောင့် ရှင်းလင်းနေတဲ့နံနက်ခင်းလေးလို တောက်ပသစ်လွင်လို့။ပတ်ဝန်းကျင်လေးက သာယာလိုက်တာများနော် သူ့နှလုံးသားရာသီဥတုလေးလိုပဲ……..

…………….

“ဆန်ပြုတ်လေးသောက်ရမယ်လေငယ်ရဲ့ လိမ္မာတယ်နော်”

“ဟွန့်..”

နှာခေါင့်ရှုံ့လို့ဟိုဘက်လှည့်သွားတော့ သူပြုံးမိလိုက်သည်။အားရပါးရမရယ်မိတာ ဂရုဏာစိတ်လေးနှင့်မို့။

မဂ်လာဦးညမှာ Heatဝင်အောင်သောင်းကျန်းခဲ့လို့ သူ့ဦးလေးနှင့် သူငယ်ချင်းတွေအပါအဝင် မည်သူ့ကိုမှနှုတ်မဆက်လိုက်ရ။သူ့ရဲ့ထိန်းသိမ်းထားတဲ့ ရမ္မက်တွေပေါက်ကွဲကုန်တာကြောင့် လေးရက်ကြာသည်အထိထိန်းမနိုင်သိမ်းမရ သူလေးအလူးအလဲခံလိုက်ရသည်လေ။

ငါးရက်မြောက်နေ့မှာ တစ်ရက်လုံးအိပ်ယာပေါ်ကမဆင်းနိုင်သူက ခြောက်ရက်နေ့မှာ စိတ်ဆိုးတော့သည်။သူ့မှာသာ အပြစ်သားကြီးလို အစားကိုဝင်အောင်ချော့ကျွေးနေရသည်။

“ငယ်ငယ်ကလည်း အစားစားမှနေမြန်မြန်ကောင်းမှာလေ အဲ့တာမှမြန်​မြန်ပြန်လို့ရမှာပေါ့ ပြီးရင်ငယ်ငယ်သွားချင်တဲ့နေရာမှန်သမျှလိုက်ပို့ပေးမှာလေနော်”

“တကယ်လား”

မျက်လုံးလေးထောင့်ကပ်ကြည့်ကာမေးလာတာမို့ အပြုံးတစ်ပွင့်နှင့်ဖြေမိသည်။

“တကယ်”

“ဆန်ပြုတ်ကြီးမသောက်ချင်ဘူး”

ချေး(ဂျီး)မများတတ်တဲ့ကလေးက နှုတ်ခမ်းလေးဆူကာပြောလာတာမို့သူ့မှာစိတ်မကောင်း…..

“အစာမာတွေစားလို့မရသေးဘူးလေငယ်ရယ် ကြက်စွပ်ပြုတ်လေးသောက်မလား”

“ဟုတ်”

ဘေးမှာအသင့်ချထားတဲ့ပန်းကန်လေးကောက်မတော့ ခပ်ညည်းညည်းလေးမေးလာပြန်သည်။

“အဲ့တာကြီးကိုဘယ်နှရက်တောင်သောက်ရမှာလဲ”

“နောက်သုံးရက်ပါပဲငယ်ရယ်နော် ကိုယ်လည်းငယ်နဲ့အတူစားပေးမှာလေ”

“စတော်ဘယ်ရီကိတ်လေးစားချင်တယ်”

ချွဲနွဲ့နေတာလေးမြင်ရခဲတာမို့ အသည်းယားကာဖျစ်ညှစ်ပစ်ချင်စိတ်ကို အတတ်နိုင်ဆုံးထိန်းထားရသည်။

“မနက်ဖြန်စားခိုင်းမယ်လေ ကိုယ်ပြင်ခိုင်းထားလိုက်မယ်”

“တင်ပါးကနာတယ် မထိုင်ချင်ဘူး”

“ပြီးရင်ကိုယ်ဆေးလိမ်းပေးမယ် ခုတော့ဒီသိုးမွှေးလေးပေါ်ထိုင်နော်”

ဂျီကျနေသမျှအလိုလိုက်ပေးရတာလည်း ပီတိတစ်မျိုးမှန်း ပိုင်ဆိုင်မှုလေးကသင်ပြပေးသည်။သူ့စိတ်တွေယခုလောက်ထိရှည်နိုင်မှန်းသိရလို့လည်း အံ့သြရပါသေးသည်။

မကုန်မချင်းချော့ကျွေးပြီးမှ သက်ပြင်းချရသည်။တော်သေးသည် အစားလေးကုန်အောင်စားလို့။မဟုတ်လျှင်သူ့ဒဏ်တွေကြောင့် လဝက်လောက်နလန်ထူနိုင်မှာမဟုတ်။မတတ်နိုင်ဘူးလေ ဒီလောက်မြတ်နိုးစရာကောင်းတာလေးကိုပိုင်ဆိုင်ထားတဲ့ကိုယ်က တပ်မက်မှုကင်းမဲ့ပြီးတဏှာကုန်ခမ်းနေတာမှမဟုတ်တာ။

“ကိုကို”

“ဗျာ”

နာမ်စားလေးကိုကြားရတော့လည်း လိမ္မာချင်မိပြန်ရော။အခေါ်အဝေါ်တစ်ခုကတောင် ရင်ခုန်စေမှန်းယခုမှလက်ခံမိသည်။ခက်တော့တာပါပဲ။အစမှာတောင် ဦးညွတ်နေမိတာ နောက်ဆိုဒူးပါထောက်မိတော့မည်ထင်။

“ဒီနာရီလေးက ကိုကိုပတ်ပေးထားတာလား”

သူအိပ်ပျော်နေတုန်းလက်ပတ်မှာပတ်ပေးထားတဲ့နာရီက Footchaingလေးနှင့် setလိုက်မို့ သူသဘောကျနေပုံ။လက်လေးကိုမြှောက်ပြီး တစိမ့်စိမ့်ပြုံးကာကြည့်နေတာ။

“ဟုတ်တယ်footchaingရယ် နာရီရယ် ကsetလိုက်လေ Geoကိုယ်တိုင်Designဆွဲပေးထားတာ ငယ်ကြိုက်လား”

ခြေရာခံစက်နှင့်အသံသွင်းစက်ထည့်ထားကြောင်းတော့လျှို့ဝှက်ထားရတာပေါ့။

“ကြိုက်တယ် စျေးကြီးလား”

“မကြီးပါဘူး ကြီးလည်းဘာဖြစ်လဲကိုကိုကဘယ်သူမို့လို့လဲ ဘောစိအကြီးစားကြီးလေ”

“အဲ့တာဆိုလေ…”

“အွန်း..”

“ငယ်ငယ်လိုချင်တာအကုန်ဝယ်ပေးနိုင်တာပေါ့နော်”

မျက်လုံးဝိုင်းလေးတွေနဲ့ရွှန်းရွှန်းစားစားကြည့်ပြီးမေးလာပုံက ကမ္ဘာတစ်ခြမ်းကိုလိုချင်တယ်ဆိုရင်တောင်သိမ်းပိုက်ပေးချင်လာအောင်အထိ။

“ဒါပေါ့ ငယ်ကဘာလိုချင်လို့လဲ”

“မရှိသေးပါဘူး မေးကြည့်ထားတာ”

“ရှိလာရင်ပြောရမယ်နော် ဒီကိုကိုကငယ်လိုချင်တာမှန်သမျှအားလုံးရစေဖို့အာမခံတယ် ဥပမာ… သားလေးသုံးယောက်လိုချင်တဲ့ငယ့်ဆန္ဒလိုမျိုးလေ”

ချက်ချင်းရဲထွေးသွားတဲ့မျက်နှာလေးက ပန်းသီးနီလေးလို။ပြီးတော့မျက်နှာလွှဲကာငြင်းလာတာကချက်ချင်း။

“ဟုတ်ဘူး ငယ်ငယ်မပြောဘူး”

“အဲ့ဒါဆို ကိုကိုပြောတာလား”

“အဲ့တာ ကိုကိုအကြပ်ကိုင်တာလေ”

မျက်လုံးစုံမှိတ်ကာပါးလေးတွေဖောင်းလာသည်အထိ ရန်တွေ့လာတာ။

“အို့…ဟုတ်လို့လား ဘယ်လိုအကြပ်ကိုင်လို့လဲ”

“ငယ်ငယ်လိုချင်…မသိဘူး မသိဘူးဘာမှလာမပြောနဲ့..အိပ်တော့မှာ”

ပြောရင်းအိပ်ယာပေါ်ပြန်လှဲဖို့ပြင်တာမို့ ဖမ်းချုပ်ကာဖက်ထားရသည်။

“ဟောဗျာ….မအိပ်သေးနဲ့အုံး ကိုကိုကစ,တာ အစာစားပြီးတန်းအိပ်ရင်အစာမကျေဘဲနေမှာပေါ့”

“အသက်ကြီးတဲ့လူတွေကအကျင့်မကောင်းဘူး”

“ဟုတ်တယ်နော် ကလေးတွေကိုငိုအောင်ပဲလိုက်စ,နေတာ လူကြီးတွေမကောင်းဘူး”

“ကိုကို့ကိုပြောနေတာ”

“ကိုကိုကကောင်းပါတယ် ကိုကိုကောင်းတာငယ်အသိဆုံးမဟုတ်ဘူးလား”

“ဘယ်မှာကောင်းနေလို့လဲ”

“အိပ်ယာထဲမှာလေ”

“ကိုကို့”

စူးကနဲအော်လာတာက နားပွင့်မတတ်။

“ဟားဟားဟား စတာစတာ ကိုကိုကငယ့်ကိုချစ်လို့စတာ”

ကုတင်ပေါ်ကနေ ခေါင်းအုံးနှင့်ရိုက်နေသူကိုမရှောင်မိတာ သူလေးနာကျင်မှာစိုးလို့။

ရယ်သံတွေပျံ့လွင့်ကုန်တာ ရေပြင်တွေအထိ။လှိုင်းထနေတဲ့ရေပြင်ကျယ်က သူ့ရယ်သံတွေသယ်ဆောင်လို့ အဝေးဆုံးဆီခရီးဆက်သည်။အေးစက်နေတဲ့နှလုံးသားတစ်ခု အချစ်ကြောင့်ညံ့သက်သွားဖူးကြောင်း မှတ်တမ်းတင်ဖို့ဖြစ်လိမ့်မည်။

………………

“မပြန်သေးဘူးလား”

“မပြန်ချင်သေးဘူး”

“ငါ့မှာလုပ်စရာတွေရှိသေးတယ်”

“လုပ်လေ ကျွန်တော်ကဒီနေရာမှာထိုင်ပြီး Gameဆော့နေရုံလေးတင် အနှောင့်အယှက်မှမဖြစ်တာ”

ဖုန်းမှအကြည့်မလွှဲပဲဖြေလာပုံကရိုက်ပစ်ချင်စရာ။ကလေးသာသာလေးမို့သူနှင့်ပြိုင်ပြီးရန်မဖြစ်ချင်လို့သာစိတ်ထိန်းနေရတာ။

“ဒါပေမယ့်ဒါကငါ့တိုက်ခန်းလေ”

“ကျွန်တော့ဟာလို့လည်းမပြောမိပါဘူး”

“အဲ့တာဆိုဘာလို့ငါ့တိုက်ခန်းကို မင်းအိမ်လိုမျိုး ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်လုပ်နေရတာတုန်း”

“အိုးးးးခင်ဗျားကြီးဘဲကျွန်တော့ကိုဇွတ်ခေါ်လာပြီးတော့ အခုနေသားကျသွားပြီလေ အိမ်မှမနေချင်တော့တာ တစ်ယောက်တည်းပျင်းတယ်”

ဖုန်းအားစားပွဲပေါ်တင်ကာ ခေါင်းတစ်ဖက်စောင်းပြီးမျက်ခုံးပင့်ပြလာပုံက မခန့်လေးစားဟန်နဲ့။

“မင်းရှိနေတော့ငါစိတ်ဖြောင့်ဖြောင့်နဲ့အလုပ်မလုပ်နိုင်ဘူးလေ”

“ကျွန်တော်ကဘာလုပ်နေလို့လဲ”

“ဟ..စားချိန်ကျရင်လည်းမင်းစားဖို့ဆိုပြီးထည့်စဥ်းစားရတယ်ခါတိုင်းဖြစ်သလိုစားနေကျ အလုပ်လုပ်နေရင်းနဲ့လည်းဟိုအအေးလေး ဒီမုန့်လေးထယူပေးရသေးတယ် တော်ကြာကော်ဖီကဖျော်တိုက်ရသေးတယ်”

“အဲ့တာများပူမနေနဲ့ စားချင်ရင်ကိုယ့်ဘာသာရှာစားလိုက်မယ် လက်ပါတယ်နော် ကိုယ်လုပ်စရာရှိတာကိုသာစိတ်ဖြောင့်ဖြောင့်နဲ့လုပ်”

“မင်းမှာအလုပ်လေးဘာလေးမရှိဘူးလားကွာ”

“ရှိတယ်လေ”

“အဲ့တာဆိုသွားလုပ်လေ”

“ခုလုပ်နေတယ်လေ”

“ဘာ”

“ကျွန်တော့်အလုပ်က Gammerလေ Gameဆော့နေရင်ရပြီ”

“……………”

“အထင်ကြီးသွားပြီလား စတာစတာ အဖေ့လုပ်ငန်းတွေကိုကူနေကျ နောက်တစ်ပါတ်ထဲပြည်ပသွားစရာရလို့ ခုအေးဆေးနေတာ သွားပါဗျာလုပ်စရာရှိတာလုပ်ပါ ကျွန်တော့်ကိုပူမနေနဲ့သွားသွား”

ပြောမနိုင်သည့်အတူတူ သူအလုပ်ခန်းဘက်သာထွက်ခဲ့ရတော့သည်။

သူဋ္ဌေးဖြစ်သူကလည်း ဟန်းနီးမွန်းမှာ အိမ်ထောင်ဖက်လေးနဲ့သာယာနေလောက်ပြီ။မဂ်လာဦးညကတည်းကမရတဲ့အဆက်အသွယ်က ဒီနေ့တစ်ပါတ်ပြည့်ပြီ။

တကယ်ပါပဲ သူဋ္ဌေးဖြစ်နေလို့မပြောချင်ဘူး နွားသိုးကြိုးပြတ်။တွေ့စတုန်းကတော့အဲ့ကလေးကို မျက်စိရှေ့ထပ်မြင်ရင်ဘဲသတ်တော့မလိုဖြတ်တော့မလို။ခုကျတော့သူ့အပိုင်လေးကို မျက်စိရှေ့ကပျောက်သွားရင်ကို တခြားသူတွေကိုသတ်တော့မလိုဖြတ်တော့မလို။အရူးအမဲသားကျွေးမိသလိုပဲ။

ဒုက္ခပေးလွန်းတဲ့Boss ခုလည်းကြည့်။သူ့ကလေးနဲ့ရင်းနှီးနေတာမမြင်ချင်လို့ဆိုပြီး မျက်နှာလွှဲခဲပစ်ကိုယ့်အိမ်ကိုပို့လိုက်သူက ခုအိမ်ပေါ်ကမဆင်းတော့။ကြာရင်ကိုယ်နဲ့ညားသွားမှာတောင်ကြောက်ရသည်။တော်သေးတာပေါ့ သူကဖြောင့်နေသလို ကိုယ်ကလည်းgayမနေလို့။

အတွေးတွေကိုနောက်ပို့ကာ အလုပ်ကြွေးတွေကိုအပြီးသတ်ရတော့သည်။အကယ်၍ဒေဝါလီခံသွားရင် သူဋ္ဌေးအတွက်ကဆုံးရှုံးမှုလေးအနည်းငယ်ဆိုရင်တောင် ကိုယ်တွေကတော့ ခွက်ဆွဲရလိမ့်မည်။

တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စွာ ကိုယ်စီငြိမ်ငြိမ်သက်သက်။ဆောင်းလေအေးတွေတိုးမဝင်နိုင်သည်အထိ အခန်းလေးကနွေးထွေးနေပါသည်။

………………..

“အဲ့အပင်ကဒီဘက်ကိုထားရမှာ”

“ဒီမှာထားရင်ပိုလှတာကို”

“ပထဝီ”

“Ok လာပြီ”

ချထားတဲ့ပန်းအိုးကိုပြန်မကာသူပြတဲ့နေရာဆီချပေးလာလေသည်။သူများပျိုးဥယျာဥ်ဆီလာပြီး လုပ်ချင်တာလုပ်နေရတော့ သာယာနေတာ။မဂ်လာပွဲမှာ ပြန်လိုက်ပို့ပြီးကတည်းက မပြန်တော့ဘဲသောင်တင်နေတာ။

မေးခဲ့မိတဲ့သူ့အမှားလည်းမကင်းဘူးပေါ့။သူကတော့ဘာရယ်မဟုတ်ဘူးမေးလိုက်တာပါ။ကပ်တွယ်လွန်းတဲ့သူကို ခွာရမလားဆိုတဲ့စိတ်နဲ့ မာနထိခိုက်မယ့်အမေးကိုမေးလိုက်တာ။ထင်မထားခဲ့တာက ကွာမသွားဘဲခွာမရဖြစ်သွားမယ်လို့လေ။

တကယ်တော့ အိပ်ယာပေါ်ကကိစ္စနဲ့ပတ်သပ်ပြီးလည်း သူ့မှာဘာအတွေးမှမရှိပါဘူး။မြတ်နိုးရတဲ့သူငယ်ချင်းလေးနဲ့တုန်းကတောင် သူ့မှာအဲ့လိုစိတ်တွေမရှိခဲ့တာ။သူငယ်ချင်းတောင်မဟုတ်ခဲ့တဲ့ ရင်းနှီးတဲ့မိတ်ဆွေလေးတစ်ယောက်ကိုသူကအဲ့ကိစ္စတွေးစရာလားလေ။

မြင်ပါများတော့လည်း ခင်မင်မိတာပါပဲ။ကိုယ်လိုလူကသူတို့နဲ့စာရင်မက်လောက်စရာမှမရှိတာ။ကပ်တွယ်နေစရာအကြောင်းရင်းမှမရှိဘဲ။ဒါကိုတကူးတကဒုက္ခခံပြီးရောက်ရောက်လာတော့လည်း အသည်းမာမာနဲ့နှင်မထုတ်ရက်ပြန်ဘူး။

“ကိုစိုင်း သူကမပြန်သေးဘူးလား”

ထမင်းချိုင့်ဆွဲကာရောက်လာတဲ့နန်းနဒီက ပထဝီ့ကိုမြင်တော့ မျက်စောင်းထိုးလို့မလိုလားဟန်။လခြမ်းကိုအတင်းပြန်ပေးဆွဲသွားသူရဲ့ညီဆိုတာသိကတည်းက တစောင်းစောင်းနဲ့ တွေ့တဲ့နေရာတိုင်း မခံချင်အောင်ပြောသည်။ဟိုကလည်းတစ်ခွန်းမကျန်ပြန်ခံပြောတာမို့ တွေ့တဲ့နေရာတိုင်းရန်သတ်နေကျ။ကြာတော့ဘေးကမြင်နေကျလူတွေပါနေသားကျသွားသည်အထိ။

“ကိုယ်က အပြီးနေမလို့တောင်စဥ်းစားနေတာ
အစ်ကိုကလည်းဒီဘက်မှာခြံဝယ်ပေးထားတယ်လေ ပန်းမျိုးစေ့တွေတောင်ဝယ်ပြီးသွားပြီ ငွေ့အတွက်ပန်းစိုက်ပေးမလားလို့”

ခါးထောက်ကာမျက်ခုံးပင့်လို့ပြောလာပုံက သူသာအောင်နိုင်သူလိုမျိုး။

“မလိုပါဘူး ကိုစိုင်းမှာခြံတွေပေါလွန်းလို့ မလိုချင်လောက်အောင်ဘဲ”

“အဲ့ဒါကမတူဘူးလေ အဲ့ခြံတွေကဘိုးဘွားပိုင်တွေ ဒါကကိုယ့်အပိုင်ငွေ့အတွက်ရည်ရွယ်ထားတာ “

“ခင်ဗျားတို့ညီအစ်ကိုတွေက တော်တော်မျက်နှာပြောင်တိုက်တာပဲ ဘယ်သူကခင်ဗျားအပိုင်လဲ”

“ညီမအထင်မှားနေတာထင်တယ်နော် ကိုယ်ကမျက်နှာပြောင်တာမဟုတ်ဘူး Glowနေတာ skinကအရမ်းကောင်း​ပြီးတောက်ပလွန်းတော့နေရောင်ထဲထွက်ရင်ဘလင်းဘလင်းတွေဖြစ်နေတာ”

“အဲ့ဘလင်းနေတာကြီးကိုဘာလုပ်ရမှာလဲ”

ဟိုကစိတ်တိုတိုနဲ့ကုန်းအော်တော့လည်း ခပ်တည်တည်နဲ့ပြန်ပက်ပါသေးသည်။

“ငွေ့အမောပြေကြည့်လို့ရတယ်လေ အမေပြောတဲ့အမောပြေ အဖေပြောတဲ့အသေချောဆိုတာကိုယ်ပဲလေ”

“ရူးနေတာလား”

“ဟုတ်လောက်မယ်ဗျ ငွေ့ရဲ့တည်နေတဲ့မျက်နှာလေးမြင်ရင်တောင်ရယ်လိုက်ချင်စိတ်ကိုထိန်းမရဘူးဗျာ ဟာသတွေမပါဘဲဗလာသက်သက်ရယ်နေရင်လည်းရူးတယ်လို့ဆိုကြတာကိုး အချစ်ရူးလေးဖြစ်နေတာ”

“ကိုစိုင်း ဒီအတိုင်းပဲကြည့်နေတော့မှာလား”

“ဟုတ်သားပဲနေပူတယ် သွားအရိပ်ထဲကထိုင်ကြည့်”

သူ့ဘက်စစ်ကူတောင်းလာတဲ့နဒီ့စကားအဆုံး
ရုပ်တည်ကြီးနဲ့အရိပ်ထဲတွန်းပို့နေသူကြောင့် ဟိုကဒေါသထွက်ကာကုန်းအော်ပါတော့သည်။

“ကိုမဟာပထဝီ”

“မာနကြီးတယ်လို့တော့မထင်နဲ့ဗျ သူခေါ်တာမှမဟုတ်ရင်မထူးချင်ဘူး”

“ဘယ်သူကထူးခိုင်းနေလို့လဲ”

“နံမည်ခေါ်တာထူးစေချင်လို့မဟုတ်ဘူးလားဒါမှမဟုတ် ခေါ်လို့ကောင်းလို့များလား ဟုတ်မယ်ဗျကိုယ့်နံမည်က တစ်ခြားသူတွေနံမည်နဲ့စာရင်သိပ်မိုက်တာလေ”

“ယောကျ်ားတန်မဲ့နဲ့ စကားကိုကပ်မပြောပါနဲ့”

“No, ကိုယ်ကငွေ့မဟုတ်ရင် ကပ်ဖို့မပြောနဲ့လှည့်ကိုမကြည့်ချင်တာ အခုဟာကငွေ့ညီမလေးဆိုတဲ့လေးစားသမှုနဲ့ စကားပြန်ပြောနေတာပါ”

“ခင်ဗျား..”

“ကဲတော်ပါတော့နဒီရယ် သူနဲ့ပြိုင်ပြောရင်မောရုံပဲရှိမယ် ဟင်းချိုင့်လာပို့တာမလားထားခဲ့လိုက် နေစောင်းတော့မယ်ပြန်တော့ကြီးကြီးစိတ်ပူနေလိမ့်မယ်”

“ကိုစိုင်းသူ့ကိုလက်မခံထားတော့နဲ့ မောင်းထုတ်လိုက်တော့”

“အေးပါ အေးပါ ပြန်တော့ဟုတ်ပြီလား နောက်ဆိုတစ်ယောက်တည်း လျှောက်လျှောက်မလာနဲ့ သွားနေကျလမ်းတွေဆိုပေမယ့် တစ်ခါတစ်လေလူပြတ်တယ်”

“တစ်ယောက်တည်းမဟုတ်ပါဘူးကိုစိုင်းရဲ့ အစ်ကိုပါတယ် ခြံပြင်မှာစောင့်နေတာ”

“အွန်း မောင်နှမနှစ်ယောက်ကောင်းကောင်းပြန် ဟိုဝင်ဒီထွက်လည်းလုပ်မနေနဲ့အုံး နောက်တစ်ပါတ်ထဲစိုက်ခင်းဆီလိုက်မှာမို့လား”

“လိုက်မှာ အဲ့တာဆိုပြန်ပြီကိုစိုင်း”

“အေးအေး”

ပြန်သွားချိန်တောင် မျက်ထောင့်နဲ့ကြည့်ခဲ့သောနဒီ့ကို Geoကလျှာထုတ်ပြသည်။ရန်ထပ်မတွေ့တော့တာက သူစိတ်ဆိုးပြီးစိုက်ခင်းကိုမခေါ်မှာစိုးလို့။သဘာဝတွေပြည့်နေတဲ့စိုက်ခင်းမှာပျော်နေတာကလွတ်လပ်မှုကြောင့်ဖြစ်လိမ့်မည်။

“ငွေ့ ဘာဟင်းလဲ”

အနားရောက်လာကာစပ်စုနေသူက ရိုးရာဟင်းတွေကိုခံတွင်းတွေ့နေပုံ။ရောက်ကတည်းက တစ်မျိုးပြီးတစ်မျိုးမြည်းကြည့်ကာမကြိုက်သည့်ဟင်းလည်းမရှိ။နဒီ့ကိုလည်းလူချင်းသာမတည့်တာ လာပို့သမျှဟင်းတွေသူချည်းစားတာ။

တစ်ယောက်တည်းချက်စားဖြစ်သော်လည်း အဒေါ်ဖြစ်သူကစိတ်မချ။တစ်နေ့သုံးနပ်လာပို့တတ်သည်။အဒေါ်ကထမင်းဆိုင်ဖွင့်ထားတာမို့ ဝန်ထုပ်ဝန်ပိုးတော့မဖြစ်။

“​ခြေလက်အရင်မဆေးနဲ့ အရိပ်ထဲခဏနားအုံး ရေသောက်ပြီးချွေးတိတ်မှရေပါတစ်ခါတည်းချိုး”

“အတူတူနားမယ်လာ”

“ငါလက်စသတ်လိုက်အုံးမယ် အရင်သွားနားချည်”

“အဲ့တာဆိုကိုယ်လည်းမနားသေးဘူး မြေဆွေးတွေသယ်မှာမလား ကိုယ်သွားသယ်လိုက်မယ်”

ပြောရင်းသွားဟန်ပြင်နေတာမို့ လက်မောင်းမှဆွဲထားရသည်။

“တော်တော့လာ ငါပါအတူနားမယ် မပြီးတာမနက်ဖြန်မှဆက်လုပ်ရအောင်”

နေစောင်းနေပြီမို့ မကြာမီအအေးပိုလာတော့မည်။တောင်ပေါ်ဒေသမို့ နေဝင်စောသလို အအေးဓာတ်ကလည်းအထင်သေးလို့မရ။

ယခုနေအမောဖြေမှ နေဝင်ချိန်ကွက်တိရေချိုးရမှာ။နှစ်ယောက်လုံးက Alphaတွေဆိုပေမယ့် တောင်ပေါ်ဒေသနှင့်အသားမကျသူကို နေမကောင်းတော့မဖြစ်စေလိုပေ။ကိုယ့်အိမ်မှာနေရင် ကိုယ့်တာဝန်မဟုတ်လား။

“ငွေ့”

“ဟမ်”

ရေခွက်ထဲရေထည့်ပေးနေသူက မော့ကြည့်မလာဘဲထူးလေသည်။

“စိုက်ခင်းသွားရင် ကိုယ်ပါလိုက်ချင်တယ်”

“ဘာလိုက်လုပ်မလို့လဲ”

“အဲ့ပန်းလေးတွေကို ကိုယ်ကြိုက်လို့”

“ပေါက်တီးပေါက်ရှာ”

“တကယ်ဗျာ့ အရမ်းလှတာ”

“အဆိပ်ရှိတာကိုလည်းမေ့မနေနဲ့အုံး ပမာဏအနည်းငယ်ကတောင် အသက်ကိုနှုတ်ယူသွားနိုင်တယ်”

“အဲ့အလှတွေကြားမှာသေခွင့်ရရင်တောင် ကံကောင်းမှုလို့ယူဆချင်သေးတာ ကိုယ်ကတကယ်ကိုရူးနေတာထင်တယ်”

မေးထောက်ကာသူ့မျက်နှာဆီငေးရင်းပြောတော့ ပြုံးလျှက်ခေါင်းခါနေသူကသူ့ကိုမနိုင်ဘူးဆိုတဲ့အထာနှင့်။

“မင်းဘာမေဂျာနဲ့ကျောင်းပြီးတာလဲ”

“ဘာလို့လဲ”

“အပိုတွေတအားပြောတတ်လို့ “

“ဟောဗျာ အဲ့လိုဆိုရင်နောက်ပိုးမေဂျာကလို့ပဲဖြေမယ် ငွေ့နောက်ကိုလိုက်ပိုးဖို့ကပဲကိုယ့်ဘဝရဲ့အဓိကမေဂျာလေ ပြီးရင်မဂ်လာလက်မှတ်ဆိုတဲ့ဘွဲ့ကိုယူမယ် အလုပ်ကိုင်အတည်တကျကိုတော့ငွေ့ဘဝထဲကို….”

“ချွေးတိတ်ရင်ရေသွားချိုးတော့ ပြီးရင်ထမင်းစားရအောင်”

စကားမဆုံးခင်ဖြတ်ပြောကာ စကားလမ်းကြောင်းလွှဲသွားလေသည်။

“အတူတူချိုးကြမယ်လေ ရေချိုးခန်းကျယ်ကြီးလုပ်ထားတာဘာလုပ်ဖို့လဲ အတူချိုးတော့အချိန်ကုန်သက်သာတာပေါ့”

“မင်း…”

“ကိုယ်ကြားဖူးတာကတော့ စုမိဆောင်းမိဖို့ဆိုရင်ချွေတာတတ်ရတယ်တဲ့ ကိုယ်တို့လည်းအချိန်တွေချွေတာကြရအောင်လေနော် “

“ဘာတွေစုဆောင်းချင်လို့လဲ”

“ကိုယ့်ကိုပြန်ချစ်ပေးမယ့် ငွေ့ရဲ့အချစ်တွေ”

“မင်းမသွားသေးရင် ငါသွားပြီ”

“စောင့်အုံး အတူသွားမယ်လို့ စတာနောက်တာအတည်ပါ ရေအတူချိုးကြမယ်လေဗျာနော် ဆောင်းတွင်းမှာနေရာကျယ်လေ အအေးဓာတ်ပိုလေတဲ့ အတူတူနွေးထွေးကြမယ်လေ”

ရှေ့ကထွက်သွားသူကနားရွက်ဖျားလေးတွေရဲနေကာ နောက်မှပြေးလိုက်နေသူကတော့ အပြုံးတွေဝေလို့။ရာသီဥတုကအအေးပိုနေပေမယ့် တစ်ချို့ရပ်ဝန်းလေးတွေကတော့ကွက်ပြီးနွေးနေခဲ့ပါသည်……

###############

ငြိမ်း🌻🌞

လမ္းတစ္ေလွ်ာက္တိတ္ဆိတ္မႈေၾကာင့္ ခရီးကပိုေဝးေနသလိုမ်ိဳး။ေအးစက္ေနတဲ့အေျခအေနက ျပင္ပအေအးထက္ပိုကဲစြာ။ႏွင္းမႈန္ေတြေဝ့ေနတာေၾကာင့္ မရွင္းလင္းတဲ့ပတ္ဝန္းက်င္လိုမ်ိဳး သူတို႔ႏွစ္ေယာက္ၾကားအေျခေနကလည္းထိုနည္းတူ။

လက္မေလွ်ာ့တဲ့သူ႕ဇြဲေတြေၾကာင့္ မဂ္လာပြဲကိုအပါေခၚနိုင္ခဲ့သလိုမ်ိဳး သူ႕ဘဝထဲကိုလည္း ဆြဲေခၚလို႔ရလွ်င္သိပ္ေကာင္းမည္။ႏွလုံးသားမာရသြန္မွာ တစ္ဖက္တည္းေျပးေနရတာမို႔ သိပ္အရာမထင္ေပမယ့္ေပါ့။

အနိုင္ရသြားလို႔လက္ခုပ္သံေတြမရွိခဲ့ရင္ေတာင္ ကိုယ္လိုခ်င္တာ ဆုဖလားေလးေပမို႔ အမ်ားအျမင္ကိုဂ႐ုမစိုက္ဘူး။သနားလို႔ေပးအပ္လာမယ့္ ဇြဲဆုေလးဆိုရင္ေတာင္ ကိုယ္မက္ေမာေနဆဲပဲေလ။

“ကိုယ္ အရင္ကလိုအၿမဲလာလည္ခြင့္ရွိမလား”

“…………..”

“ပ်ိဳးပင္ဝယ္ေနက်ေဖာက္သည္တစ္ေယာက္လိုဆိုရင္ေတာင္မရဘူးလား”

“………..”

“မင္းလက္နဲ႕ပ်ိဳးထားတဲ့အပင္ေတြကို ကိုယ္တကယ္ျမတ္နိုးတာ”

“ပထဝီ”

“ဗ်ာ”

“မင္းဘာလို႔ငါ့ကိုသေဘာက်တာလဲ”

“အေၾကာင္းျပခ်က္မရွိဘူးေလဥယ်ာဥ္မႉးေလးရယ္ ေငြ႕ျဖစ္ေနလို႔ဆိုတဲ့အေၾကာင္းျပခ်က္ကလြဲရင္ေပါ့”

“Alpha အခ်င္းခ်င္းဆိုတာေရာမင္းသိရဲ႕လား”

“ကိုယ္ သိပါတယ္”

“Sexကိစၥကိုေရာမင္းဘယ္လိုေတြးထားလဲ”

ခဏတာဆြံ႕အသြားတာက မေတြးျဖစ္ခဲ့ဖူးတဲ့ ေမးခြန္းတစ္ခုေၾကာင့္အေျဖမဲ့ေနတာ။

“အင္းေပါ့ေလ Dominant Alphaတစ္ေယာက္ျဖစ္တဲ့အျပင္ မိသားစုအရွိန္အဝါေတြနဲ႕ဆိုေတာ့ ေအာက္က်ိဳ႕ေတာ့ဘယ္ခံပါ့မလဲ”

ႏႈတ္ခမ္းတြန့္လို႔ဆိုလာသူက သူသိၿပီးသားဆိုေသာအထာႏွင့္။

“အဲ့လိုမရွိခဲ့ပါဘူးေငြ႕ ျမတ္နိုးမႈေနာက္မွာကပ္ပါလာတဲ့တဏွာဆိုတာ ကိုယ့္အတြက္မျဖစ္မေနမွမဟုတ္တာ”

“ဒါဆို ကိုယ္ကဦးေဆာင္ခ်င္ရင္ေတာင္ လက္ခံေပးနိုင္တဲ့သေဘာေပါ့”

“ေငြ႕”

မထင္မွတ္ထားးတဲ့စကားမွာ သူ႕ေသြးခုန္ႏႈန္းကဒိတ္ခနဲ။

“အေတြးဝင္လာလို႔ပါ ကာကြယ္ေပးရမယ့္သူမရွိေတာ့ ဘဝကအဓိပ္ပါယ်မဲ့လာသလားလို့
အပ်င္းေျပတြဲၾကည့္မလားလို႔”

“ကိုယ္ကလိုသုံးလား”

“ငါကသေဘာထားေလးေမးၾကည့္႐ုံပါ အတင္းတိုက္တြန္းေနတာမဟုတ္လို႔ အေလးနက္မထားနဲ႕”

“ကိုယ္သေဘာတူရင္ ကိုယ္နဲ႕တြဲမွာလား”

“မင္း….က်စ္”

မခ်င့္မရဲဟိုဘက္လွည့္သြားေတာ့ သူခိုးၿပဳံးလိုက္သည္။မရက္စက္တတ္ဘဲ ရက္စက္ခ်င္ေသးတာလား။အေပ်ာ္တြဲသည္ျဖစ္ေစ အတည္တြဲသည္ျဖစ္ေစ သူ႕ဘက္ကိုလက္လွမ္းလိုက္လွ်င္ ကမ္းမျမင္တဲ့အထိသူကဆြဲေခၚသြားပစ္မွာ။

ဦးေဆာင္တာေတြ လိုက္နာတာေတြက သူ႕အတြက္အေရးမွမပါတာ။အေရးႀကီးတာက သူ႕ပိုင္နက္ႏြံေလးထဲကို ေျခကြၽံလာဖို႔။ေျခတစ္လွမ္းခ်မိတာနဲ႕ ျပန္လမ္းမရွိတဲ့သူ႕ပိုင္နက္က တစ္ဘဝစာအၿပီး။

လက္ရွိမွာသမင္ငယ္ေလးလိုဟန္ေဆာင္မည္။ေျခကြၽံလာတဲ့က်ားအတြက္ေတာ့ ကိုယ္ဟာမုဆိုးႀကီးေပါ့။

“ကိုယ္လက္ခံတယ္ အေပ်ာ္တြဲတာျဖစ္ျဖစ္ အစားထိုးတာျဖစ္ျဖစ္ လိုသုံးျဖစ္ျဖစ္ ကိုယ္မင္းအနားရွိေနသ၍ အားလုံးလက္ခံတယ္ ဒါဆိုဒီေန႕ကစၿပီးတစ္ရက္ေနာ္ ႐ႊတ္”

“မင္း…ႁပြတ္စ္ “

စကားမဆုံးခင္ တရားဝင္အနမ္းေတြက ပါးျပင္တစ္ခ်က္ ႏႈတ္ခမ္းတစ္ခ်က္။

“ငါစိတ္ေျပာင္းသြားၿပီ မတြဲ..ႁပြတ္စ္ “

“သေဘာတူအနမ္းေပးၿပီးသြားၿပီမလို႔ ျပန္႐ုပ္သိမ္းလို႔မရေတာ့ဘူး ဒီေန႕ကစၿပီး မဟာပထဝီဆိုတဲ့ကြၽန္ေတာ္က စိုင္းတိမ္ေငြ႕ျပာရဲ႕တရားဝင္ခ်စ္သူပဲ”

တိတ္ဆိတ္ေနသူရဲ႕ပါးျပင္ေတြရဲေနတာ အေအးဓာတ္ေၾကာင့္မဟုတ္ခဲ့။အေကြ႕ေကာက္လမ္းက်ဥ္းေလးမို႔ သူ႕စကားကိုအာ႐ုံမထားနိုင္တာျဖစ္မည္။

ၿပဳံးေနတဲ့သူ႕မ်က္ႏွာက ေနလာလို႔ေပ်ာက္ကြယ္သြားတဲ့ႏွင္းေတြေၾကာင့္ ရွင္းလင္းေနတဲ့နံနက္ခင္းေလးလို ေတာက္ပသစ္လြင္လို႔။ပတ္ဝန္းက်င္ေလးက သာယာလိုက္တာမ်ားေနာ္ သူ႕ႏွလုံးသားရာသီဥတုေလးလိုပဲ……..

…………….

“ဆန္ျပဳတ္ေလးေသာက္ရမယ္ေလငယ္ရဲ႕ လိမၼာတယ္ေနာ္”

“ဟြန့္..”

ႏွာေခါင့္ရႈံ႕လို႔ဟိုဘက္လွည့္သြားေတာ့ သူၿပဳံးမိလိုက္သည္။အားရပါးရမရယ္မိတာ ဂ႐ုဏာစိတ္ေလးႏွင့္မို႔။

မဂ္လာဦးညမွာ Heat ဝင္ေအာင္ေသာင္းက်န္းခဲ့လို႔ သူ႕ဦးေလးႏွင့္ သူငယ္ခ်င္းေတြအပါအဝင္ မည္သူ႕ကိုမွႏႈတ္မဆက္လိုက္ရ။သူ႕ရဲ႕ထိန္းသိမ္းထားတဲ့ ရမၼက္ေတြေပါက္ကြဲကုန္တာေၾကာင့္ ေလးရက္ၾကာသည္အထိ ထိန္းမနိုင္သိမ္းမရ သူေလးအလူးအလဲခံလိုက္ရသည္ေလ။

ငါးရက္ေျမာက္ေန႕မွာ တစ္ရက္လုံးအိပ္ယာေပၚကမဆင္းနိုင္သူက ေျခာက္ရက္ေန႕မွာ စိတ္ဆိုးေတာ့သည္။သူ႕မွာသာ အျပစ္သားႀကီးလို အစားကိုဝင္ေအာင္ေခ်ာ့ေကြၽးေနရသည္။

“ငယ္ငယ္ကလည္း အစားစားမွေနျမန္ျမန္ေကာင္းမွာေလ အဲ့တာမွ ျမန္ျမန္ျပန္လို႔ရမွာေပါ့ ၿပီးရင္ငယ္ငယ္သြားခ်င္တဲ့ေနရာမွန္သမွ်လိုက္ပို႔ေပးမွာေလေနာ္”

“တကယ္လား”

မ်က္လုံးေလးေထာင့္ကပ္ၾကည့္ကာေမးလာတာမို႔ အၿပဳံးတစ္ပြင့္ႏွင့္ေျဖမိသည္။

“တကယ္”

“ဆန္ျပဳတ္ႀကီးမေသာက္ခ်င္ဘူး”

ေခ်း(ဂ်ီး)မမ်ားတတ္တဲ့ကေလးက ႏႈတ္ခမ္းေလးဆူကာေျပာလာတာမို႔သူ႕မွာစိတ္မေကာင္း

“အစာမာေတြစားလို႔မရေသးဘူးေလငယ္ရယ္ ၾကက္စြပ္ျပဳတ္ေလးေသာက္မလား”

“ဟုတ္”

ေဘးမွာအသင့္ခ်ထားတဲ့ပန္းကန္ေလးေကာက္မေတာ့ ခပ္ညည္းညည္းေလးေမးလာျပန္သည္။

“အဲ့တာႀကီးကိုဘယ္ႏွရက္ေတာင္ေသာက္ရမွာလဲ”

“ေနာက္သုံးရက္ပါပဲငယ္ရယ္ေနာ္ ကိုယ္လည္းငယ္နဲ႕အတူစားေပးမွာေလ”

“စေတာ္ဘယ္ရီကိတ္ေလးစားခ်င္တယ္”

ခြၽဲႏြဲ႕ေနတာေလးျမင္ရခဲတာမို႔ အသည္းယားကာဖ်စ္ညွစ္ပစ္ခ်င္စိတ္ကို အတတ္နိုင္ဆုံးထိန္းထားရသည္။

“မနက္ျဖန္စားခိုင္းမယ္ေလ ကိုယ္ျပင္ခိုင္းထားလိုက္မယ္”

“တင္ပါးကနာတယ္ မထိုင္ခ်င္ဘူး”

“ၿပီးရင္ကိုယ္ေဆးလိမ္းေပးမယ္ ခုေတာ့ဒီသိုးေမႊးေလးေပၚထိုင္ေနာ္”

ဂ်ီက်ေနသမွ်အလိုလိုက္ေပးရတာလည္း ပီတိတစ္မ်ိဳးမွန္း ပိုင္ဆိုင္မႈေလးကသင္ျပေပးသည္။သူ႕စိတ္ေတြယခုေလာက္ထိရွည္နိုင္မွန္းသိရလို႔လည္း အံ့ၾသရပါေသးသည္။

မကုန္မခ်င္းေခ်ာ့ေကြၽးၿပီးမွ သက္ျပင္းခ်ရသည္။ေတာ္ေသးသည္ အစားေလးကုန္ေအာင္စားလို႔ ။မဟုတ္လွ်င္သူ႕ဒဏ္ေတြေၾကာင့္ လဝက္ေလာက္နလန္ထူနိုင္မွာမဟုတ္။မတတ္နိုင္ဘူးေလ ဒီေလာက္ျမတ္နိုးစရာေကာင္းတာေလးကိုပိုင္ဆိုင္ထားတဲ့ကိုယ္က တပ္မက္မႈကင္းမဲ့ၿပီးတဏွာကုန္ခမ္းေနတာမွမဟုတ္တာ။

“ကိုကို”

“ဗ်ာ”

နာမ္စားေလးကိုၾကားရေတာ့လည္း လိမၼာခ်င္မိျပန္ေရာ။အေခၚအေဝၚတစ္ခုကေတာင္ ရင္ခုန္ေစမွန္းယခုမွလက္ခံမိသည္။ခက္ေတာ့တာပါပဲ။အစမွာေတာင္ ဦးၫြတ္ေနမိတာ ေနာက္ဆိုဒူးပါေထာက္မိေတာ့မည္ထင္။

“ဒီနာရီေလးက ကိုကိုပတ္ေပးထားတာလား”

သူအိပ္ေပ်ာ္ေနတုန္းလက္ပတ္မွာပတ္ေပးထားတဲ့နာရီက Footchaingေလးႏွင့္ setလိုက္မို႔ သူသေဘာက်ေနပုံ။လက္ေလးကိုျမႇောက္ၿပီး တစိမ့္စိမ့္ၿပဳံးကာၾကည့္ေနတာ။

“ဟုတ္တယ္footchaing ရယ္ နာရီရယ္ ကsetလိုက္ေလ Geoကိုယ္တိုင္ Designဆြဲေပးထားတာ ငယ္ႀကိဳက္လား”

“ႀကိဳက္တယ္ ေစ်းႀကီးလား”

“မႀကီးပါဘူး ႀကီးလည္းဘာျဖစ္လဲ ကိုကိုကဘယ္သူမို႔လို႔လဲ ေဘာစိအႀကီးစားႀကီးေလ”

“အဲ့တာဆိုေလ…”

“အြန္း..”

“ငယ္ငယ္လိုခ်င္တာအကုန္ဝယ္ေပးနိုင္တာေပါ့ေနာ္”

မ်က္လုံးဝိုင္းေလးေတြနဲ႕႐ႊန္း႐ႊန္းစားစားၾကည့္ၿပီးေမးလာပုံက ကမၻာတစ္ျခမ္းကိုလိုခ်င္တယ္ဆိုရင္ေတာင္သိမ္းပိုက္ေပးခ်င္လာေအာင္အထိ။

“ဒါေပါ့ ငယ္ကဘာလိုခ်င္လို႔လဲ”

“မရွိေသးပါဘူး ေမးၾကည့္ထားတာ”

“ရွိလာရင္ေျပာရမယ္ေနာ္ ဒီကိုကိုက ငယ္လိုခ်င္တာမွန္သမွ်အားလုံးရေစဖို႔ အာမခံတယ္ ဥပမာ… သားေလးသုံးေယာက္လိုခ်င္တဲ့ငယ့္ဆႏၵလိုမ်ိဳးေလ”

ခ်က္ခ်င္းရဲေထြးသြားတဲ့မ်က္ႏွာေလးက ပန္းသီးနီေလးလို။ၿပီးေတာ့မ်က္ႏွာလႊဲကာျငင္းလာတာကခ်က္ခ်င္း။

“ဟုတ္ဘူး ငယ္ငယ္မေျပာဘူး”

“အဲ့ဒါဆို ကိုကိုေျပာတာလား”

“အဲ့တာ ကိုကိုအၾကပ္ကိုင္တာေလ”

မ်က္လုံးစုံမွိတ္ကာပါးေလးေတြေဖာင္းလာသည္အထိ ရန္ေတြ႕လာတာ။

“အို႔…ဟုတ္လို႔လား ဘယ္လိုအၾကပ္ကိုင္လို႔လဲ”

“ငယ္ငယ္လိုခ်င္…မသိဘူး မသိဘူးဘာမွလာမေျပာနဲ႕..အိပ္ေတာ့မွာ”

ေျပာရင္းအိပ္ယာေပၚျပန္လွဲဖို႔ျပင္တာမို႔ ဖမ္းခ်ဳပ္ကာဖက္ထားရသည္။

“ေဟာဗ်ာ….မအိပ္ေသးနဲ႕အုံး ကိုကိုကစ,တာ အစာစားၿပီးတန္းအိပ္ရင္အစာမေက်ဘဲေနမွာေပါ့”

“အသက္ႀကီးတဲ့လူေတြကအက်င့္မေကာင္းဘူး”

“ဟုတ္တယ္ေနာ္ ကေလးေတြကိုငိုေအာင္ပဲလိုက္စ,ေနတာ လူႀကီးေတြမေကာင္းဘူး”

“ကိုကို႔ကိုေျပာေနတာ”

“ကိုကိုကေကာင္းပါတယ္ ကိုကိုေကာင္းတာငယ္အသိဆုံးမဟုတ္ဘူးလား”

“ဘယ္မွာေကာင္းေနလို႔လဲ”

“အိပ္ယာထဲမွာေလ”

“ကိုကို႔”

စူးကနဲေအာ္လာတာက နားပြင့္မတတ္။

“ဟားဟားဟား စတာစတာ ကိုကိုကငယ့္ကိုခ်စ္လို႔စတာ”

ကုတင္ေပၚကေန ေခါင္းအုံးႏွင့္ရိုက္ေနသူကိုမေရွာင္မိတာ သူေလးနာက်င္မွာစိုးလို႔။

ရယ္သံေတြပ်ံ့လြင့္ကုန္တာ ေရျပင္ေတြအထိ။လွိုင္းထေနတဲ့ေရျပင္က်ယ္က သူ႕ရယ္သံေတြသယ္ေဆာင္လို႔ အေဝးဆုံးဆီခရီးဆက္သည္။ေအးစက္ေနတဲ့ႏွလုံးသားတစ္ခု အခ်စ္ေၾကာင့္ညံ့သက္သြားေၾကာင္း မွတ္တမ္းတင္ဖို႔ျဖစ္လိမ့္မည္။

………………

“မျပန္ေသးဘူးလား”

“မျပန္ခ်င္ေသးဘူး”

“ငါ့မွာလုပ္စရာေတြရွိေသးတယ္”

“လုပ္ေလ ကြၽန္ေတာ္ကဒီေနရာမွာထိုင္ၿပီး Gameေဆာ့ေန႐ုံေလးတင္ အႏွောင့္အယွက္မွမျဖစ္တာ”

ဖုန္းမွအၾကည့္မလႊဲပဲေျဖလာပုံကရိုက္ပစ္ခ်င္စရာ။ကေလးသာသာေလးမို႔သူႏွင့္ၿပိဳင္ၿပီးရန္မျဖစ္ခ်င္လို႔သာစိတ္ထိန္းေနရတာ။

“ဒါေပမယ့္ဒါကငါ့တိုက္ခန္းေလ”

“ကြၽန္ေတာ့ဟာလို႔လည္းမေျပာမိပါဘူး”

“အဲ့တာဆိုဘာလို႔ငါ့တိုက္ခန္းကို မင္းအိမ္လိုမ်ိဳး ဝင္ခ်င္သလိုဝင္ထြက္ခ်င္သလိုထြက္လုပ္ေနရတာတုန္း”

“အိုးးးးခင္ဗ်ားႀကီးဘဲကြၽန္ေတာ့ကိုဇြတ္ေခၚလာၿပီးေတာ့ အခုေနသားက်သြားၿပီေလ အိမ္မွမေနခ်င္ေတာ့တာ တစ္ေယာက္တည္းပ်င္းတယ္”

ဖုန္းအားစားပြဲေပၚတင္ကာ ေခါင္းတစ္ဖက္ေစာင္းၿပီးမ်က္ခုံးပင့္ျပလာပုံက မခန့္ေလးစားဟန္နဲ႕။

“မင္းရွိေနေတာ့ငါစိတ္ေျဖာင့္ေျဖာင့္နဲ႕အလုပ္မလုပ္နိုင္ဘူးေလ”

“ကြၽန္ေတာ္ကဘာလုပ္ေနလို႔လဲ”

“ဟ..စားခ်ိန္က်ရင္လည္းမင္းစားဖို႔ဆိုၿပီးထည့္စဥ္းစားရတယ္ခါတိုင္းျဖစ္သလိုစားေနက် အလုပ္လုပ္ေနရင္းနဲ႕လည္းဟိုအေအးေလး ဒီမုန့္ေလးထယူေပးရေသးတယ္ ေတာ္ၾကာေကာ္ဖီကေဖ်ာ္တိုက္ရေသးတယ္”

“အဲ့တာမ်ားပူမေနနဲ႕ စားခ်င္ရင္ကိုယ့္ဘာသာရွာစားလိုက္မယ္ လက္ပါတယ္ေနာ္ ကိုယ္လုပ္စရာရွိတာကိုသာစိတ္ေျဖာင့္ေျဖာင့္နဲ႕လုပ္”

“မင္းမွာအလုပ္ေလးဘာေလးမရွိဘူးလားကြာ”

“ရွိတယ္ေလ”

“အဲ့တာဆိုသြားလုပ္ေလ”

“ခုလုပ္ေနတယ္ေလ”

“ဘာ”

“ကြၽန္ေတာ့္အလုပ္က Gammerေလ Gameေဆာ့ေနရင္ရၿပီ”

“……………”

“အထင္ႀကီးသြားၿပီလား စတာစတာ အေဖ့လုပ္ငန္းေတြကိုကူေနက် ေနာက္တစ္ပါတ္ထဲျပည္ပသြားစရာရလို႔ ခုေအးေဆးေနတာ သြားပါဗ်ာ လုပ္စရာရွိတာလုပ္ပါ ကြၽန္ေတာ့္ကိုပူမေနနဲ႕သြားသြား”

ေျပာမနိုင္သည့္အတူတူ သူအလုပ္ခန္းဘက္သာထြက္ခဲ့ရေတာ့သည္။

သူ႒ေးျဖစ္သူကလည္း ဟန္းနီးမြန္းမွာ အိမ္ေထာင္ဖက္ေလးနဲ႕သာယာေနေလာက္ၿပီ။မဂ္လာဦးညကတည္းကမရတဲ့အဆက္အသြယ္က ဒီေန႕တစ္ပါတ္ျပည့္ၿပီ။

တကယ္ပါပဲ သူ႒ေးျဖစ္ေနလို႔မေျပာခ်င္ဘူး ႏြားသိုးႀကိဳးျပတ္။ေတြ႕စတုန္းကေတာ့အဲ့ကေလးကို မ်က္စိေရွ႕ထပ္ျမင္ရင္ဘဲ သတ္ေတာ့မလိုျဖတ္ေတာ့မလို။ခုက်ေတာ့သူ႕အပိုင္ေလးကို မ်က္စိေရွ႕ကေပ်ာက္သြားရင္ကို တျခားသူေတြကိုသတ္ေတာ့မလိုျဖတ္ေတာ့မလို။အ႐ူးအမဲသားေကြၽးမိသလိုပဲ။

ဒုကၡေပးလြန္းတဲ့Boss ခုလည္းၾကည့္။သူ႕ကေလးနဲ႕ရင္းႏွီးေနတာမျမင္ခ်င္လို႔ဆိုၿပီး မ်က္ႏွာလႊဲခဲပစ္ကိုယ့္အိမ္ကိုပို႔လိုက္သူက ခုအိမ္ေပၚကမဆင္းေတာ့။ၾကာရင္ကိုယ္နဲ႕ညားသြားမွာေတာင္ေၾကာက္ရသည္။ေတာ္ေသးတာေပါ့ သူကေျဖာင့္ေနသလို ကိုယ္ကလည္းgayမေနလို႔။

အေတြးေတြကိုေနာက္ပို႔ကာ အလုပ္ေႂကြးေတြကိုအၿပီးသတ္ရေတာ့သည္။အကယ္၍ေဒဝါလီခံသြားရင္ သူ႒ေးအတြက္ကဆုံးရႈံးမႈေလးအနည္းငယ္ဆိုရင္ေတာင္ ကိုယ္ေတြကေတာ့ ခြက္ဆြဲရလိမ့္မည္။

တိတ္ဆိတ္တဲ့ပတ္ဝန္းက်င္ႏွင့္သဟဇာတျဖစ္စြာ ကိုယ္စီၿငိမ္ၿငိမ္သက္သက္။ေဆာင္းေလေအးေတြတိုးမဝင္နိုင္သည္အထိ အခန္းေလးကႏြေးေထြးေနပါသည္။

………………..

“အဲ့အပင္ကဒီဘက္ကိုထားရမွာ”

“ဒီမွာထားရင္ပိုလွတာကို”

“ပထဝီ”

“Ok လာၿပီ”

ခ်ထားတဲ့ပန္းအိုးကိုျပန္မကာသူျပတဲ့ေနရာဆီခ်ေပးလာေလသည္။သူမ်ားပ်ိဳးဥယ်ာဥ္ဆီလာၿပီး လုပ္ခ်င္တာလုပ္ေနရေတာ့ သာယာေနတာ။မဂ္လာပြဲမွာ ျပန္လိုက္ပို႔ၿပီးကတည္းက မျပန္ေတာ့ဘဲ ေသာင္တင္ေနတာ။

ေမးခဲ့မိတဲ့သူ႕အမွားလည္းမကင္းဘူးေပါ့။သူကေတာ့ဘာရယ္မဟုတ္ဘူးေမးလိုက္တာပါ။ကပ္တြယ္လြန္းတဲ့သူကို ခြာရမလားဆိုတဲ့စိတ္နဲ႕ မာနထိခိုက္မယ့္အေမးကိုေမးလိုက္တာ။ထင္မထားခဲ့တာက ကြာမသြားဘဲခြာမရျဖစ္သြားမယ္လို႔ေလ။

တကယ္ေတာ့ အိပ္ယာေပၚကကိစၥနဲ႕ပတ္သပ္ၿပီးလည္း သူ႕မွာဘာအေတြးမွမရွိပါဘူး။ျမတ္နိုးရတဲ့သူငယ္ခ်င္းေလးနဲ႕တုန္းကေတာင္ သူ႕မွာအဲ့လိုစိတ္ေတြမရွိခဲ့တာ။သူငယ္ခ်င္းေတာင္မဟုတ္ခဲ့တဲ့ ရင္းႏွီးတဲ့မိတ္ေဆြေလးတစ္ေယာက္ကိုသူကအဲ့ကိစၥေတြးစရာလားေလ။

ျမင္ပါမ်ားေတာ့လည္း ခင္မင္မိတာပါပဲ။ကိုယ္လိုလူကသူတို႔နဲ႕စာရင္မက္ေလာက္စရာမွမရွိတာ။ကပ္တြယ္ေနစရာအေၾကာင္းရင္းမွမရွိဘဲ။ဒါကိုတကူးတကဒုကၡခံၿပီးေရာက္ေရာက္လာေတာ့လည္း အသည္းမာမာနဲ႕ ႏွင္မထုတ္ရက္ျပန္ဘူး။

“ကိုစိုင္း သူကမျပန္ေသးဘူးလား”

ထမင္းခ်ိဳင့္ဆြဲကာေရာက္လာတဲ့နန္းနဒီက ပထဝီ့ကိုျမင္ေတာ့ မ်က္ေစာင္းထိုးလို႔ မလိုလားဟန္။လျခမ္းကိုအတင္းျပန္ေပးဆြဲသြားသူရဲ႕ညီဆိုတာသိကတည္းက တေစာင္းေစာင္းနဲ႕ ေတြ႕တဲ့ေနရာတိုင္း မခံခ်င္ေအာင္ေျပာသည္။ဟိုကလည္းတစ္ခြန္းမက်န္ျပန္ခံေျပာတာမို႔ ေတြ႕တဲ့ေနရာတိုင္းရန္သတ္ေနက်။ၾကာေတာ့ေဘးကျမင္ေနက်လဴေတြပါေနသားက်သြားသည္အထိ။

“ကိုယ္က အၿပီးေနမလို႔ေတာင္စဥ္းစားေနတာ
အစ္ကိုကလည္းဒီဘက္မွာၿခံဝယ္ေပးထားတယ္ေလ ပန္းမ်ိဳးေစ့ေတြေတာင္ဝယ္ၿပီးသြားၿပီ ေငြ႕အတြက္ပန္းစိုက္ေပးမလားလို႔”

ခါးေထာက္ကာမ်က္ခုံးပင့္လို႔ေျပာလာပုံက သူသာေအာင္နိုင္သူလိုမ်ိဳး။

“မလိုပါဘူး ကိုစိုင္းမွာၿခံေတြေပါလြန္းလို႔ မလိုခ်င္ေလာက္ေအာင္ဘဲ”

“အဲ့ဒါကမတူဘူးေလ အဲ့ၿခံေတြကဘိုးဘြားပိုင္ေတြ ဒါကကိုယ့္အပိုင္ေငြ႕အတြက္ရည္႐ြယ္ထားတာ “

“ခင္ဗ်ားတို႔ညီအစ္ကိုေတြက ေတာ္ေတာ္မ်က္ႏွာေျပာင္တိုက္တာပဲ ဘယ္သူကခင္ဗ်ားအပိုင္လဲ”

“ညီမအထင္မွားေနတာထင္တယ္ေနာ္ ကိုယ္ကမ်က္ႏွာေျပာင္တာမဟုတ္ဘူး Glowေနတာ skinကအရမ္းေကာင္းၿပီးေတာက္ပလြန္းေတာ့ ေနေရာင္ထဲထြက္ရင္ဘလင္းဘလင္းေတြျဖစ္ေနတာ”

“အဲ့ဘလင္းေနတာႀကီးကိုဘာလုပ္ရမွာလဲ”

ဟိုကစိတ္တိုတိုနဲ႕ကုန္းေအာ္ေတာ့လည္း ခပ္တည္တည္နဲ႕ျပန္ပက္ပါေသးသည္။

“ေငြ႕အေမာေျပၾကည့္လို႔ရတယ္ေလ အေမေျပာတဲ့အေမာေျပ အေဖေျပာတဲ့အေသေခ်ာဆိုတာကိုယ္ပဲေလ”

“႐ူးေနတာလား”

“ဟုတ္ေလာက္မယ္ဗ် ေငြ႕ရဲ႕တည္ေနတဲ့မ်က္ႏွာေလးျမင္ရင္ေတာင္ ရယ္လိုက္ခ်င္စိတ္ကိုထိန္းမရဘူးဗ်ာ ဟာသေတြမပါဘဲဗလာသက္သက္ရယ္ေနရင္လည္း႐ူးတယ္လို႔ဆိုၾကတာကိုး အခ်စ္႐ူးေလးျဖစ္ေနတာ”

“ကိုစိုင္း ဒီအတိုင္းပဲၾကည့္ေနေတာ့မွာလား”

“ဟုတ္သားပဲေနပူတယ္ သြားအရိပ္ထဲကထိုင္ၾကည့္”

သူ႕ဘက္စစ္ကူေတာင္းလာတဲ့နဒီ့စကားအဆုံး
႐ုပ္တည္ႀကီးနဲ႕အရိပ္ထဲတြန္းပို႔ေနသူေၾကာင့္ ဟိုကေဒါသထြက္ကာကုန္းေအာ္ပါေတာ့သည္။

“ကိုမဟာပထဝီ”

“မာနႀကီးတယ္လို႔ေတာ့မထင္နဲ႕ဗ် သူေခၚတာမွမဟုတ္ရင္မထူးခ်င္ဘူး”

“ဘယ္သူကထူးခိုင္းေနလို႔လဲ”

“နံမည္ေခၚတာထူးေစခ်င္လို႔မဟုတ္ဘူးလားဒါမွမဟုတ္ ေခၚလို႔ေကာင္းလို႔မ်ားလား ဟုတ္မယ္ဗ်ကိဳယ့္နံမည္က တစ္ျခားသူေတြနံမည္နဲ႕စာရင္သိပ္မိုက္တာေလ”

“ေယာက်္ားတန္မဲ့နဲ႕ စကားကိုကပ္မေျပာပါနဲ႕”

“No, ကိုယ္ကေငြ႕မဟုတ္ရင္ ကပ္ဖို႔မေျပာနဲ႕လွည့္ကိုမၾကည့္ခ်င္တာ အခုဟာကေငြ႕ညီမေလးဆိုတဲ့ေလးစားသမႈနဲ႕ စကားျပန္ေျပာေနတာပါ”

“ခင္ဗ်ား..”

“ကဲေတာ္ပါေတာ့နဒီရယ္ သူနဲ႕ၿပိဳင္ေျပာရင္ေမာ႐ုံပဲရွိမယ္ ဟင္းခ်ိဳင့္လာပို႔တာမလားထားခဲ့လိုက္ ေနေစာင္းေတာ့မယ္ျပန္ေတာ့ႀကီးႀကီးစိတ္ပူေနလိမ့္မယ္”

“ကိုစိုင္းသူ႕ကိုလက္မခံထားေတာ့နဲ႕ ေမာင္းထုတ္လိုက္ေတာ့”

“ေအးပါ ေအးပါ ျပန္ေတာ့ဟုတ္ၿပီလား ေနာက္ဆိုတစ္ေယာက္တည္း ေလွ်ာက္ေလွ်ာက္မလာနဲ႕ သြားေနက်လမ္းေတြဆိုေပမယ့္ တစ္ခါတစ္ေလလူျပတ္တယ္”

“တစ္ေယာက္တည္းမဟုတ္ပါဘူးကိုစိုင္းရဲ႕ အစ္ကိုပါတယ္ ၿခံျပင္မွာေစာင့္ေနတာ”

“အြန္း ေမာင္ႏွမႏွစ္ေယာက္ေကာင္းေကာင္းျပန္ ဟိုဝင္ဒီထြက္လည္းလုပ္မေနနဲ႕အုံးေနာက္တစ္ပါတ္ထဲ စိုက္ခင္းဆီလိုက္မွာမို႔လား”

“လိုက္မွာ အဲ့တာဆိုျပန္ၿပီကိုစိုင္း”

“ေအးေအး”

ျပန္သြားခ်ိန္ေတာင္ မ်က္ေထာင့္နဲ႕ၾကည့္ခဲ့ေသာနဒီ့ကို Geoကလွ်ာထုတ္ျပသည္။ရန္ထပ္မေတြ႕ေတာ့တာက သူစိတ္ဆိုးၿပီးစိုက္ခင္းကိုမေခၚမွာစိုးလို႔။သဘာဝေတြျပည့္ေနတဲ့စိုက္ခင္းမွာေပ်ာ္ေနတာကလြတ္လပ္မႈေၾကာင့္ျဖစ္လိမ့္မည္။

“ေငြ႕ ဘာဟင္းလဲ”

အနားေရာက္လာကာစပ္စုေနသူက ရိုးရာဟင္းေတြကိုခံတြင္းေတြ႕ေနပုံ။ေရာက္ကတည္းက တစ္မ်ိဳးၿပီးတစ္မ်ိဳးျမည္းၾကည့္ကာ မႀကိဳက္သည့္ဟင္းလည္းမရွိ။နဒီ့ကိုလည္းလူခ်င္းသာမတည့္တာ လာပို႔သမွ်ဟင္းေတြသူခ်ည္းစားတာ။

တစ္ေယာက္တည္းခ်က္စားျဖစ္ေသာ္လည္း အေဒၚျဖစ္သူကစိတ္မခ်။တစ္ေန႕သုံးနပ္လာပို႔တတ္သည္။အေဒၚကထမင္းဆိုင္ဖြင့္ထားတာမို႔ ဝန္ထုပ္ဝန္ပိုးေတာ့မျဖစ္။

“ေျခလက္အရင္မေဆးနဲ႕ အရိပ္ထဲခဏနားအုံး ေရေသာက္ၿပီးေခြၽးတိတ္မွေရပါတစ္ခါတည္းခ်ိဳး”

“အတူတူနားမယ္လာ”

“ငါလက္စသတ္လိုက္အုံးမယ္ အရင္သြားနားခ်ည္”

“အဲ့တာဆိုကိုယ္လည္းမနားေသးဘူး ေျမေဆြးေတြသယ္မွာမလား ကိုယ္သြားသယ္လိုက္မယ္”

ေျပာရင္းသြားဟန္ျပင္ေနတာမို႔ လက္ေမာင္းမွဆြဲထားရသည္။

“ေတာ္ေတာ့လာ ငါပါအတူနားမယ္ မၿပီးတာမနက္ျဖန္မွဆက္လုပ္ရေအာင္”

ေနေစာင္းေနၿပီမို႔ မၾကာမီအေအးပိုလာေတာ့မည္။ေတာင္ေပၚေဒသမို႔ ေနဝင္ေစာသလို အေအးဓာတ္ကလည္း အထင္ေသးလို႔မရ။

ယခုေနအေမာေျဖမွ ေနဝင္ခ်ိန္ကြက္တိေရခ်ိဳးရမွာ။ႏွစ္ေယာက္လုံးက Alphaေတြဆိုေပမယ့္ ေတာင္ေပၚေဒသႏွင့္အသားမက်သဴကို ေနမေကာင္းေတာ့ မျဖစ္ေစလိုေပ။ကိုယ့္အိမ္မွာေနရင္ ကိုယ့္တာဝန္မဟုတ္လား။

“ေငြ႕”

“ဟမ္”

ေရခြက္ထဲေရထည့္ေပးေနသူက ေမာ့ၾကည့္မလာဘဲထူးေလသည္။

“စိုက္ခင္းသြားရင္ ကိုယ္ပါလိုက္ခ်င္တယ္”

“ဘာလိုက္လုပ္မလို႔လဲ”

“အဲ့ပန္းေလးေတြကို ကိုယ္ႀကိဳက္လို႔”

“ေပါက္တီးေပါက္ရွာ”

“တကယ္ဗ်ာ့ အရမ္းလွတာ”

“အဆိပ္ရွိတာကိုလည္းေမ့မေနနဲ႕အုံး ပမာဏအနည္းငယ္ကေတာင္ အသက္ကိုႏႈတ္ယူသြားနိုင္တယ္”

“အဲ့အလွေတြၾကားမွာေသခြင့္ရရင္ေတာင္ ကံေကာင္းမႈလို႔ယူဆခ်င္ေသးတာ ကိုယ္ကတကယ္ကို႐ူးေနတာထင္တယ္”

ေမးေထာက္ကာသူ႕မ်က္ႏွာဆီေငးရင္းေျပာေတာ့ ၿပဳံးလွ်က္ေခါင္းခါေနသူကသူ႕ကိုမနိုင္ဘူးဆိုတဲ့အထာႏွင့္။

“မင္းဘာေမဂ်ာနဲ႕ေက်ာင္းၿပီးတာလဲ”

“ဘာလို႔လဲ”

“အပိုေတြတအားေျပာတတ္လို႔ “

“ေဟာဗ်ာ အဲ့လိုဆိုရင္ ေနာက္ပိုးေမဂ်ာကလို႔ပဲေျဖမယ္ ေငြ႕ေနာက္ကိုလိုက္ပိုးဖို႔ကပဲ ကိုယ့္ဘဝရဲ႕အဓိကေမဂ်ာေလ ၿပီးရင္မဂ္လာလက္မွတ္ဆိုတဲ့ဘြဲ႕ကိုယူမယ္ အလုပ္ကိုင္အတည္တက်ကိဳေတာ့ေငြ႕ဘဝထဲကို….”

“ေခြၽးတိတ္ရင္ေရသြားခ်ိဳးေတာ့ ၿပီးရင္ထမင္းစားရေအာင္”

စကားမဆုံးခင္ျဖတ္ေျပာကာ စကားလမ္းေၾကာင္းလႊဲသြားေလသည္။

“အတူတူခ်ိဳးၾကမယ္ေလ ေရခ်ိဳးခန္းက်ယ္ႀကီးလုပ္ထားတာဘာလုပ္ဖို႔လဲ အတူခ်ိဳးေတာ့အခ်ိန္ကုန္သက္သာတာေပါ့”

“မင္း…”

“ကိုယ္ၾကားဖူးတာကေတာ့ စုမိေဆာင္းမိဖို႔ဆိုရင္ေခြၽတာတတ္ရတယ္တဲ့ ကိုယ္တို႔လည္းအခ်ိန္ေတြေခြၽတာၾကရေအာင္ေလေနာ္ “

“ဘာေတြစုေဆာင္းခ်င္လို႔လဲ”

“ကိုယ့္ကိုျပန္ခ်စ္ေပးမယ့္ ေငြ႕ရဲ႕အခ်စ္ေတြ”

“မင္းမသြားေသးရင္ ငါသြားၿပီ”

“ေစာင့္အုံး အတူသြားမယ္လို႔ စတာေနာက္တာအတည္ပါ ေရအတူခ်ိဳးၾကမယ္ေလဗ်ာေနာ္ ေဆာင္းတြင္းမွာေနရာက်ယ္ေလ အေအးဓာတ္ပိုေလတဲ့ အတူတူႏြေးေထြးၾကမယ္ေလ”

ေရွ႕ကထြက္သြားသူကနား႐ြက္ဖ်ားေလးေတြရဲေနကာ ေနာက္မွေျပးလိုက္ေနသူကေတာ့ အၿပဳံးေတြေဝလို႔။ရာသီဥတုကအေအးပိုေနေပမယ့္ တစ္ခ်ိဳ႕ရပ္ဝန္းေလးေတြကေတာ့ကြက္ၿပီးႏြေးေနခဲ့ပါသည္……

###############

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၁, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၁, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၁ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၁ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၁ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၁ light novel, ,

Comment

Leave a Reply

Chapter 32