Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၂

A+ A-

“အိပ်အုံးနော် အစောကြီးရှိသေးတယ်ငယ်ရဲ့”

သူအိပ်ယာထတော့ နိုးလာသူကသူပါထဖို့ပြင်သည်။အခန်းတွင်းအနွေးဓာတ်ကြောင့်အိပ်ချင်နေသော်လည်း သူထတော့ယောင်ပြီးလိုက်ထချင်နေတာ။

စောင်ကိုလည်ပင်းထိခြုံပေးပြီး နှဖူးပြင်ထက်အနမ်းတစ်ချက်ဖိကပ်လိုက်သည်။ထို့နောက်နှာခေါင်းလေး၊ပါးပြင်လေးနှစ်ဖက်နှင့် နှုတ်ခမ်းလေးဆီအရောက်ခပ်ဖွဖွစုပ်ယူလိုက်သေးသည်။

အိပ်ယာနိုးတာနှင့်လုပ်မိတဲ့ပထမဦးဆုံးအလုပ်ဟာ အနမ်းပန်းတွေပျိုးခြင်းပါပဲ။အိမ်ထောင်သက်တမ်းတစ်လအတွင်း သူ့ရဲ့အကျင့်လေးတစ်ခုဆိုလည်းမမှား။

တစ်နေ့ထက်တစ်နေ့တိုးလာသည့်မေတ္တာတွေဟာ သမုဒ္ဒရာရေတွေလိုပါပဲ။ကုန်းမြေထုကိုတိုက်စားပြီး ကမ္ဘာမြေကြီးကိုအနိုင်ပိုင်းကာနယ်ချဲ့လာနေသလိုမျိုး တိုးပွားလာတာတရိပ်ရိပ်။

နေ့သစ်တိုင်းမှာ အချစ်သစ်တစ်မျိုးပိုလာသည်။မနေ့ကအချစ်ထက်ဒီနေ့ပိုချစ်လာတာ ကိုယ်တိုင်သာသိသည်။အဆုံးမဲ့ချစ်မိနေပြီလို့တွေးတုန်း ပိုတိုးလို့ချစ်နိုင်မှန်းတွေ့ရှိတော့မှ အချစ်တွေဟာအဆုံးမဲ့ကြောင်း သူလက်ခံရတော့သည်။

တစ်လအတွင်းတောင် ဒီလောက်ဆိုရင် တစ်သက်တာအတွက်ဆိုရင်ရော။

မျက်နှာသစ်ကာ ခြံတစ်ပတ်ပြေးမိတော့ ပန်းရနံ့တွေကသင်းသင်းပျံ့ပျံ့။ပိုင်ဆိုင်မှုလေးကို နေ့တိုင်းနမ်းရှိုက်ခွင့်ရနေတာမို့ ဒီရနံံ့တွေကသူ့ကိုမဆွဲဆောင်နိုင်တော့။

ကောင်းကင်ကြီးကိုမော့ကြည့်မိတော့ နေကတဖြည်းဖြည်းတက်လာပြီး နေရောင်ကတဖြည်းဖြည်းတောက်လာလေသည်။နုနယ်လှသည့်မြူမှုန်တစ်ချို့က နေရောင်၏ချောင်းကြည့်မှုတွင် ရှက်ရွံ့စွာပုန်းခိုကြလေရာ ပတ်ဝန်းကျင်တစ်ခွင်လုံးကန့်လန့်ကာနောက်မှထွက်လာရတော့တာ။

အိမ်အပေါ်ထပ်ပြန်တက်ကာ အိပ်နေသူမနိုးစေရန်ခြေသံဖွပြီး ရေချိုးခန်းဝင်ရသည်။ဒီနေ့အလုပ်ကိုသွားရမှာမို့ Formal Suitအညိုရောင်ကိုသာထုတ်ထားလိုက်သည်။အဝတ်တွေမလဲသေးတာက ပိုင်ဆိုင်မှုလေးမထသေးလို့။

အိမ်သားလေးရှိနေမှတော့ ကိုယ်တိုင်ကြယ်သီးတပ်ဖို့လိုမှမလိုတာ။သူကကြယ်သီးတပ်ပေးနေရင် ကိုယ်ကအကြင်နာတွေပေးရမည်။စိတ်ဆိုးပြီးထွက်မပြေးဖို့အရေး ပွေ့ထားဖို့တော့လိုမည်ပေါ့။ပွေ့ဖို့ဆိုတာကလည်း သူ့ပိုင်ဆိုင်မှုလေးလိုပိန်သွယ်ပြီး သူ့လိုအားသန်နေမှဖြစ်မှာပေါ့လေ။လူတိုင်းလုပ်နိုင်တဲ့အရာမှမဟုတ်တာ။

အားလုံးပြင်ဆင်ပြီးတော့ လိုက်ကာစတွေကိုဖွင့်ရသည်။အလင်းရောင်ဝင်ရောက်လာတာမို့ မထချင်သေးသူကစောင်ကိုမျက်နှာထိအုပ်ပစ်ကာဟိုဘက်လှည့်သွား​​လေသည်။မနက်အစောတုန်းကလိုက်ထတာသူမဟုတ်ခဲ့သလိုလေး။

“ငယ် ထတော့လေ ရှစ်နာရီထိုးတော့မယ် ကိုကိုနဲ့အလုပ်လိုက်မှာဆို”

“အွန်းးးးးးး”

“ငယ်ကလိမ္မာပါတယ်ကွာ ထရအောင်လေနော်”

ပါးစပ်ကချော့ပြောသလိုအနမ်းတွေကလည်းတဖွဖွကြဲသည်။အနမ်းခံရလွန်း၍မဖြုံတော့သူက တုတ်တုတ်တောင်လှုပ်မလာ။

နှိုးမရသည့်အဆုံး စောင်တွေခွာချကာပွေ့ချီပစ်လိုက်သည်။သူ့ရင်ဘတ်ကခေါင်းအုံးလိုနူးညံ့မနေတော့ဆက်မအိပ်နိုင်တော့ပုံ မပွင့်တပွင့်မျက်ဝန်းဝိုင်းတွေက မျက်စောင်းထိုးကာကြည့်လာလေသည်။

“ကိုကိုကဘာမှန်းလည်းမသိဘူး သူများအိမ်မက်လေးလှနေတာကို”

“ဟားဟားဟား… ပြောပါအုံးဗျ ဘာအိမ်မက်တွေမက်နေတာတုန်း”

“စပျစ်သီးတွေစားနေတာ”

“အဲ့တာများ ကိုကိုကဝယ်ကျွေးမှာပေါ့ အိမ်မက်ထဲစားရတာကဗိုက်မှမပြည့်တာ”

“အဲ့လိုမဟုတ်ဘူး”

“ဘယ်လိုတုန်း”

“စပျစ်ခြံကြီးထဲမှာ ကြိုက်တဲ့အသီးလိုက်ရွေးပြီးခူးစားနေတာလို့”

“ငယ်ငယ်ကကွာ…ရွှတ်”

အသဲယားလာတာမို့ ပါးပြင်လေးကိုအားပါပါနမ်းရှိုက်ပစ်လိုက်သည်။မျက်နှာမသစ်ရသေးတာတောင်သိပ်မွှေးတဲ့ငယ်ပါပဲ။

“ဟုတ်ပြီ ကိုကိုကငယ့်အတွက်ခြံထဲမှာ စပျစ်ခြံကြီးစိုက်ပေးမယ်နော်”

“တကယ်နော်”

“တကယ်”

“ကိုကိုကချစ်စရာကြီး”

ပြောရင်းတိုးဖက်လာတဲ့လည်ပင်းကလက်တွေ။

၁၅၀၀နဲ့၅၂၈မှာ ချစ်တယ်ဆိုတဲ့စကားဟာခွအကျဆုံးပါပဲ။စကားလေးတစ်လုံးပေမယ့် အဓိပ္ပါယ်တွေယူတာမတူတဲ့အခါ ခံစားရပုံချင်းပါကွာခြားပါတယ်။သူပြောတဲ့အမှန်တရားကိုသိနေတော့လည်း ပြုံးသာပြုံးလိုက်မိတာပေါ့။လိုချင်တာရရင်ပြောလေ့ရှိတဲ့ကလေးတွေရဲ့လက်သုံးစကားတစ်ခုသာသာပါပဲ။

ကြောက်တတ်တဲ့သူလေးက အယုံလည်းလွယ်တတ်ပါသေးသည်။နာကျင်ခဲ့ရသမျှမေ့ပြီး သူ့မြတ်နိုးမှုအောက်မှာပျော်ရွှင်နေပုံက တစ်ခါကောင်းပေးရင်ဆယ်ခါနာကျင်ခဲ့ရသမျှမေ့နိုင်တဲ့ကလေးတွေလိုမျိုး။အရိုက်ခံထားရလို့ငို​ပေမယ့် မုန့်ပေးလိုက်တာနှင့်ပြုံးပြလာသလိုမျိုးလေး။

သူကာကွယ်ပေးမှကိုဖြစ်မယ့် ပိုင်ဆိုင်မှုလေးရယ်ပါ။ယုံကြည်ခြင်းတွေကိုရတနာလိုတန်ဖိုးထားပြီး အမြဲပျော်ရွှင်စေရမယ်လို့ကတိပေးမယ်။တလောကလုံးရဲ့ယုံကြည်မှုတွေပျောက်ဆုံးခဲ့ရင်တောင် မင်းယုံကြည်မှုတစ်ခုတည်းနဲ့တင်းတိမ်မယ့်လူမျိုး။

မျက်နှာသစ်ပေးတော့လည်း ငြိမ်ခံတတ်နေပါပြီ။အမှန်တကယ်ဆို ဇိမ်ယူတတ်နေပြီလို့ပြောရမှာ။အစတုန်းကတော့ သူ့ခြေဖဝါးလောက်မှမနူးညံ့တဲ့ကိုယ့်လက်တွေကြောင့် မထိရက်မကိုင်ရက်လို့ Depressionတောင်ဝင်လုနီးပါး။

တစ်လောကလုံးကြားရင်အဟားခံရအောင်ထိ သူဟာအရူးထခဲ့ပါသေးသည်။ကလေးဘဝကတည်းက လက်နက်ကိုင်လို့ကြမ်းရှခဲ့တဲ့လက်တွေကို သက်ဆိုင်သူလေးကိုမျက်နှာသစ်ပေးဖို့အရေး Hand Skin Careတွေရွေးခဲ့တဲ့အကြောင်းပေါ့။

သူ့လက်လေးဆုပ်ကိုင်ချိန် နွေးထွေးမှုတွေပေးနိုင်ရင်တော်ပြီပေါ့။ကြမ်းတမ်းမှယောကျာ်းဆန်တယ်လို့ပြောရင် မိန်းမကြမ်းတွေငိုကုန်လိမ့်မယ်။

စာရင်းဇယားတွေသာသိတဲ့သူက ခုဆိုSkin Careတွေတောင်သိနေပြီ။အပျင်းတစ်တဲ့သူ့ကလေးကို အချစ်တွေနဲ့ဂရုစိုက်ပေးချင်တာကိုး။သူ့ဂရုစိုက်မှုတွေနဲ့နေသားကျသွားဖို့ အစွမ်းကုန်ကြိုးစားမည်။သူခင်းပေးတဲ့လမ်းကိုလျှောက်ပြီး ဘယ်အရိပ်မှမနင်းချင်တော့အောင်အထိပြုစားမည်။

အလုပ်ရောက်သည်အထိ သူ့အနမ်းတို့မစဲသေး။၅မိနစ်တစ်ခါအနမ်းကတောင် သူ့ကိုမတင်းတိမ်စေနိုင်။အရင်တုန်းကဆို ကားထဲမှာပါ Macbookတစ်လုံးနဲ့ အလုပ်ရှုပ်နေကျ။အခုတော့ အလုပ်ဆီအာရုံခဏစိုက်ရင်ကို သူလေးကိုလွမ်းလာသလို။

အလုပ်ခန်းထဲသူကအလုပ်လုပ်နေချိန် ပိုင်ဆိုင်မှုလေးကတော့ အစားတစ်ဖက်နှင့်ရှူခင်းကြည့်နေလေသည်။၂၃ထပ်အမြင့်မို့ မြို့တွင်းကိုအသာလေးကြည့်နိုင်လေရာ ဟိုဟိုသည်သည်ငေးရင်းအပျင်းပြေလျှောက်ကြည့်နေတာ။

တစ်ခါတစ်လေပန်းချီဆွဲတတ်သလို ချည်လည်းထိုးနေတတ်သေးတာမို့ သူ့ရုံးခန်းတစ်ဝက်လောက်ဟာသူလေးပစ္စည်းတွေအပြည့်နေရာယူထားလေသည်။အိမ်မှာသီးသန့်ပြုလုပ်ပေးထားတဲ့ studioခန်းထဲသူ့ပုံတူတွေနေရာယူနိုင်ခဲ့ခြင်းမှာ အပြုံးတွေအတောမသတ်နိုင်အောင်အထိ။

အလုပ်လုပ်နေပေမယ့်စိတ်တွေကသူလေးနှင့်ပတ်သပ်နေသည်သာ။ခဏခဏလှည့်ကြည့်နေမိတာအကြိမ်တစ်ရာမကတော့။

“ကိုကို”

“ဗျာ”

“ငယ်ငယ်ပျင်းတယ်”

“ဒီကိုလာ”

လုပ်လက်စကိုခဏချကာလက်ကမ်းပေးတော့ ရင်ခွင်ထဲတိုးဝင်လာလေသည်။ပေါင်ပေါ်ပွေ့တင်ပစ်ကာ အနမ်းတစ်ချို့ဖြင့် အမောဖြေမိသည်။သူ့ပိုင်ဆိုင်မှုလေးက အတတ်ကလေး။လိုချင်တာရှိရင် ကိုကိုခေါ်ပြီးခိုင်းစားပစ်တာ။

“ပြော…ငယ်ဘာလုပ်ချင်လို့လဲ”

“နောင်းညိုဆီသွားလည်ချင်တယ်”

“ညနေကိုကိုအလုပ်ပြီးရင်လိုက်ပို့မယ်နော်”

“ခုသွားချင်တာကို”

စူပုပ်ပုပ်လေးပြောပြီးခြေထောက်လေးတွေကိုလည်းလှုပ်ခါလိုက်သေးသည်။

“အခုကကိုကိုမအားသေးဘူးလေကွာ”

“ငယ်ငယ့်ဘာသာသွားမယ်”

“ကိုကိုစိတ်မချဘူးလေ”

“လူတွေထည့်ပေးလိုက်လေနော် အများကြီးထည့်ပေးလိုက် ငယ်ငယ်ပျင်းတယ်လို့”

လည်ပင်းလေးသိုင်းဖက်ကာ နှုတ်ခမ်းလေးထော်ထော်ပြီးချွဲနေတာမို့ အငြင်းစကားတွေလည်ချောင်းထဲတင်ပျော်ဝင်ကုန်သည်။

“ဟုတ်ပြီ ဟုတ်ပြီ ONEကိုလိုက်ပို့ခိုင်းလိုက်မယ် ညနေကိုကိုဝင်ခေါ်မယ်နော်”

“ဟုတ် “

“အလွမ်းပြေနမ်းခဲ့အုံး”

“မွ”

“နှုတ်ခမ်းကိုနမ်း”

ထိကပ်လာတဲ့နှုတ်ခမ်းလေးကမရဲတရဲ။ကြောင်ကလေးအစာခိုးစားနေသလို မထိတထိ။အားနဲ့စုပ်ယူပစ်မိတာ အောက်နှုတ်ခမ်းပါမျိုချလုမတတ်။ခဏလေးခွဲရတာတောင် လွမ်းချင်နေပြီ။အရမ်းကြီးလည်း မချုပ်ချယ်ရက်။တင်းလွန်းလို့ပြတ်သွားမှာလည်းစိုးရသည်လေ။

အဆုံးသတ်အနမ်းတစ်ချက်အပြီး သူ့ကလေးမောသွားပြီ။အမောဖြေနေတုန်း စုပ်နမ်းမိတာ လည်တိုင်လေးဆီ။သူ့အပိုင်ဆိုတဲ့ အမှတ်အသားက ရင်ညွှန့်ထက်တံဆိပ်ခတ်သည်။

“အောက်ကို ကိုကိုလိုက်ပို့မယ်”

“ကိုကိုအလုပ်ပျက်မှာပေါ့”

“ငယ်ငယ်လောက်အရေးမပါဘူး”

ဆက်မငြင်းရသေးခင် လက်လေးဆွဲကာထွက်သွားလိုက်သည်။သီးသန့်ဓာတ်လှေကားနှင့်မို့နှစ်ယောက်တည်းသာ။

“ဟိုရောက်ရင် ကိုကိုမစားခိုင်းထားတာတွေလျှောက်မစားရဘူးနော်”

“ဟုတ်”

“စားချင်တာရှိရင် Oneကိုပြောလိုက် ကိုယ်တိုင်လျှောက်လျှောက်မသွားနဲ့ နေပူတယ်”

“ဟုတ်”

“ညနေစာကို ကိုကိုနဲ့မှအတူစားရမယ်နော်”

“ဟုတ်”

ဘာပြောပြောဟုတ်နေသူက သွားခွင့်ရလို့ တက်ကြွနေတာ။ပြီးပြီးရောဖြေနေတာမဟုတ်ဘဲ သူ့မျက်နှာကိုမော့ကြည့်ကာအလေးနက်ထားဖြေနေပုံက အသည်းယားစရာ။

“ပြွတ်စ်”

ချိုလွန်းတဲ့နှုတ်ခမ်းလေးကို ထပ်ဖိနမ်းမိသည်။စွဲလမ်းနိုင်သည်ဆိုသော မူးယစ်ဆေးတွေလောက်ကို ငယ်ငယ့်နှုတ်ခမ်းတွေကသနားတာပေါ့။ဒါပေမယ့် ဒီမူးယစ်ဆေးလေးက သူတစ်ယောက်တည်းရဲ့မူပိုင်လေး။အခြားသူတွေသုံးစွဲနိုင်ဖို့မပြောနဲ့ မြည်းစမ်းဖို့တောင်စကားထဲထည့်ပြောခွင့်မရှိ။

တံခါးပွင့်သွားမှလွှတ်ပေးလိုက်တော့ သူ့ကလေးကမျက်စောင်းထိုးသည်။ခပ်အစ်အစ်နှုတ်ခမ်းလေးကကြည့်ရုံနဲ့သိသာသည်အထိ ရဲရဲစိုစို။

Receptionကကောင်မလေးတွေက သူတို့ကိုမသိမသာကြည့်သည်။အားကျနေတဲ့မျက်ဝန်းတွေကသူ့ငယ်ငယ်ဆီမှာ။ဟုတ်တယ် သူ့အချစ်တွေဝန်းရံထားတဲ့ပိုင်ဆိုင်မှုလေးကို တစ်လောကလုံးအားကျနေရမယ်။
သူ့ပိုင်ဆိုင်မှုလေးက ကြယ်အသချေ်ဝန်းရံထားတဲ့လမင်းလိုမျိုး လူတိုင်းအထက်မှာတောက်ပနေရမည်။

သက်တော်စောင့်တွေဆီသေချာအပ်ပြီးမှ အလုပ်ဆီပြန်သွားသူကိုကြည့်ကာ ငယ်ငယ်ပြုံးလိုက်မိသည်။

ရေစီးနဲ့မျှောလိုက်နေတာက ကပ်စရာကမ်းမတွေ့လို့။ဖြစ်ပြီးသမျှကိုစိတ်ထဲထားနေပြီး မကျေနပ်ချက်တွေနဲ့နေရင် ငယ်ငယ်ပဲစိတ်ပင်ပန်းရမှာပေါ့။

ဖြစ်နိုင်သမျှရှောင်ပြီး တတ်နိုင်သမျှပြေးခဲ့ပြီးပြီပဲလေ။လမ်းလွှဲမရှိတဲ့ကံကြမ္မာကို ဘာကြောင့်များစိတ်ဆိုးနေရအုံးမှာလဲ။

ဂရုစိုက်ပေးမှုတွေကြင်နာပေးမှုတွေကို ဘယ်သူကရောမလိုချင်မှာတဲ့လဲ။အားလုံးထက်သာတဲ့အမြင့်မှာ လူတိုင်းလိုချင်နေတဲ့အချစ်တွေနဲ့ခြံရံပေးခံထားရတာကို ကံဆိုးလိုက်တာဆိုပြီးခံစားနေရရင် ငယ်ငယ်ရူးနေလို့နေမှာ။

တိုင်းသိပြည်သိမဂ်လာပွဲလုပ်ပြီးသလို အသွေးအသားတွေလည်းအပ်နှင်းခဲ့ပြီးပြီ။သူ့မှာပိုင်ဆိုင်တာဆိုလို့ စိတ်ဝိညာဥ်နဲ့အသက်တစ်ချောင်းပဲရှိတော့တာ။ဆုံးရှုံးစရာဆိုတာနတ္ထိ။

အနာဂတ်အတွက်မတွေးချင်သလို အတိတ်တွေမှာလည်းမနစ်မြုပ်ချင်ဘူး။ပစ္စုပ္ပန်တည့်တည့်မှာရပ်ပြီး ပျော်ရွှင်မှုရပ်ဝန်းလေးထဲမှာ ပျော်မွေ့မယ်။ပုံရိပ်ယောင်တွေဆိုရင်တောင် အမှတ်တရကောင်းလေးတွေမို့ ဆုံးရှုံးမှုမရှိပါဘူး။

ဒဏ်ရာပေးသည်ဖြစ်စေ၊ဆေးပေးသည်ဖြစ်စေ အချစ်မရှိသလို၊အမုန်းလည်းကင်းသည့်ဇုန်မှာနေထိုင်ပါမည်။

ဖုန်းကြိုဆက်ထားတာမို့ နောင်းညိုကအောက်ထိဆင်းလာကြိုလေသည်။မဂ်လာပွဲပြီးကတည်းကမတွေ့ရတာမို့ ငယ်ငယ့်ကိုလွမ်းနေပုံရသည်။အခန်းထဲအရောက်သူကိုယ်တိုင်ဖျော်ပေးတဲ့ စတော်ဘယ်ရီဖျော်ရည်ကချိုချိုချဥ်ချဥ်လေး။

“လခြမ်းသူနဲ့နေရတာအဆင်ပြေရဲ့လား”

“ပြေပါတယ်နောင်းညိုရဲ့ ငယ်ငယ့်ကိုစိတ်မပူပါနဲ့”

“နည်းနည်းလေးပြည့်လာသလိုပဲ ဂရုတော့စိုက်သားပဲ”

“ဟီးဟီး “

“ရယ်မနေနဲ့ဗျ တိမ်ငွေ့နဲ့ငါကအခုထိစိတ်ချသေးတာမဟုတ်ဘူး”

“တိမ်ငွေ့နဲ့ဖုန်းပြောဖြစ်လားဟင်”

“အရင်တလောကပြောဖြစ်တယ် အခုတော့စိုက်ခင်းတွေဆီရောက်နေလို့တဲ့ ဖုန်းလိုင်းသိပ်မမိဘူး”

“တိမ်ငွေ့အဆင်​ပြေတယ်မလား အလုပ်အကိုင်နဲ့ပတ်သပ်ပြီးတော့ ဟိုဘက်ကအကုန်သိနေတာဆိုတော့ ငယ်ငယ်စိတ်ပူတယ်ရယ်”

“စိတ်မပူပါနဲ့ သူ့ကိုယ်သူဂရုစိုက်နိုင်ပါတယ်
ပြီးတော့ဟိုလူ့ညီအငယ်ဆုံးလည်းပါသွားတယ်ပြောတယ်”

“ဘာလို့ ခေါ်သွားတာလဲ”

ထိတ်လန့်သွားတာမို့ လက်ထဲကအအေးခွက်ပါလူပေါ်မှောက်ကျကုန်လေသည်။ဝတ္ထုထဲမှာသူတို့ကရန်သူတွေလေ။အဲ့ဒီစိုက်ခင်းမှာပဲ တစ်ယောက်လက်နဲ့နောက်တစ်ယောက်သေပေးရတာ။

“သတိထားလေလခြမ်းရယ် အဝတ်တွေစိုကုန်ပြီ”

“ပြောပြ ဘာလို့ခေါ်သွားတာလဲလို့”

“ဘာတွေစိုးရိမ်နေတာလဲ”

“အဲ့တစ်ယောက်ကဘာဆိုတာတိမ်ငွေ့မသိဘူးလား”

“တုံးလိုက်တာကွာ သူတို့ရဲ့အပေါ်ယံမျက်နှာဖုံးတွေကတရားမှုဘက်မှာဆိုပေမယ့် ဘယ်သူမှမသိတဲ့နောက်ကွယ်မှာ သူတို့ကအမှောင်လောကမှာအာဏာအရှိဆုံးပဲ ကိုယ်ယူတဲ့ယောကျ်ားကိုယ်ဘာကြီးမှန်းမသိတာတော့မဟုတ်ဖူးမလား”

သူသိသင့်သလောက်သိပါသည်။ဝတ္ထုဖတ်ခဲ့တုန်းကထိုလူကြီး၏ကြောက်စရာအမှောင်ဘက်အခြမ်းကို သူသိပြီးပြီ။ဒါပေမယ့်

“စိတ်မပူပါနဲ့ အဲ့တစ်ယောက်ကတိမ်ငွေ့ကိုအရမ်းကပ်နေတာ သေချာမပြောနိုင်ပေမယ့် သဘောကျနေတယ်ထင်တယ်”

“မဖြစ်နိုင်တာ”

မယုံနိုင်စွာ သူငြင်းချက်ထုတ်မိသည်။ဘယ်ကနေဘယ်လိုလုပ်ပြီးသူတို့အခြေနေကအဲ့လိုဖြစ်ရမှာလဲ။

“ဘာလို့မဖြစ်နိုင်ရမှာလဲ Alphaချင်းမို့လို့ဆိုရင်တော့ လခြမ်းအတွေးများနေတာ”

“အဲ့လိုမဟုတ်ဘူး သူတို့နှစ်ယောက်က..”

“အင်း သူတို့နှစ်ယောက်ကဘာဖြစ်လဲ”

ဆက်မပြောနိုင်တော့တာက မူလဇာတ်လမ်းနဲ့သွေဖည်နေတဲ့သူ့အကြောင်းကိုသတိရမိတာမို့။သူတောင်မှ သူ့ကိုသတ်ပစ်ခဲ့သူရဲ့အိမ်ထောင်ဖက်ဖြစ်လာခဲ့တာပဲ။တိမ်ငွေ့ရဲ့အဆုံးသတ်လည်းပြောင်းလဲလောက်မှာပါ။

“ဘာမှမဟုတ်တော့ဘူး”

“အဝတ်စားအရင်လဲလိုက်မလားလခြမ်း အင်္ကျီတွေစိုကုန်ပြီ”

“ဟုတ် အဝတ်သွားလဲလိုက်မယ် ငယ်ငယ့်အခန်းမှာအရင်ကဝတ်ခဲ့တာတွေရှိသေးတယ်”

“သွားလဲချည် ပြီးရင်ဘာစားမလဲငါလှမ်းမှာလိုက်မယ် စားပြီးမှပြန်”

“ထမင်းကအိမ်ရောက်မှစားမှာ လမ်းထိပ်ဆိုင်က စားနေကျရေခဲမုန့်လေးတော့စားချင်တယ်”

“ဟိုမှာမဝယ်ကျွေးဘူးလား”

“ကျွေးပေမယ့်အရသာမတူဘူးလေ”

လိမ်ပြောလို့စိတ်မလုံတိုင်းမျက်လုံးကစားတတ်သူက ခုလည်းတောင်ကြည့်မြောက်ကြည့်မို့ သူအစ်အောက်မေးချင်လာသည်။

“ဟုတ်လို့လား မစားခိုင်းထားတာကိုခိုးစားမလို့မလား”

“အဲ့..အဲ့လိုမရှိပါဘူး အရင်တစ်ပါတ်ကအစားများသွားလို့ချောင်းဆိုးသွားတာ အဲ့တာတစ်ပါတ်ဖြတ်ခိုင်းထားတယ် ဒီနေ့တစ်ပါတ်ပြည့်ပြီစားလို့ရပြီ”

အဆုံးသတ်တိုးတိမ်သွားတဲ့အသံက လိပ်ပြာမလုံတာမို့ဖြစ်နိုင်သည်။

“သေချာလား”

“ဟုတ်ဟုတ်”

“အဲ့တာဆိုအိမ်ကျမှစားလေ တော်ကြာချောင်းထပ်ဆိုးရင်ငါ့ကိုလာရန်ရှာနေမှာပေါ့”

“အဲ့လိုလား”

“အွန်း”

“အဲ့တာဆိုဝယ်ကျွေးလို့မရဘူးပေါ့နော်”

“ဒါပေါ့”

“အော”

မျက်လွှာချကာခေါင်းငုံ့လိုက်ပုံက စိတ်ဓာတ်ကျနေတဲ့အကောင်ပေါက်လေးလို။ထို့နောက်မတ်တပ်ရပ်ကာသူ့အခန်းဆီထွက်သွားလေရာ သူအော်သာရယ်မိလိုက်တော့သည်။

“ဟားဟားဟား လခြမ်းရာ”

ဟိုလူ့ကွယ်ရာမှာခိုးစားချင်နေသူက တစ်ပါတ်ရိုက်ကာသူ့ကိုလူမိုက်ငှားနေတာ။လခြမ်းငယ်ငယ်တို့က တတ်လည်းတတ်နိုင်တယ်။ဟိုလူနဲ့နေတာ တစ်လပဲရှိသေးတာကိုလိမ်တတ်နေပြီ။

ပြန်လာသည်အထိမျက်နှာလေးကမကြည်သေး။မိုးမိထားတဲ့ ခွေးပေါက်လေးလိုပဲ ဂရုဏာသက်ချင်စဖွယ်။အဖြူရောင် T-Shirtလေးကို အနက်ရောင်ဒူးထိဘောင်းဘီလေးနှင့်တွဲဝတ်ထားတာမို့ ဆရာအဆူခံထားရတဲ့ ကျောင်းသားရုပ်လည်းပေါက်နေသေးသည်။

ဆက်မစရက်တော့တာမို့ သော့နှင့်walletကိုသာကောက်ဆွဲလိုက်ရသည်။

“သွားမယ်”

“ဘယ်ကိုလဲ”

အပြစ်ကင်းစင်နေတဲ့မျက်လုံးဝိုင်းကြီးတွေနှင့်မော့ကြည့်လာချိန် ချစ်စရာကောင်းလွန်းတာမို့ ဆံပင်ကွေးကွေးလေးတွေကိုသာပွတ်သပ်ပေးလိုက်ရသည်။

သူ့ရင်ထဲမှာခံစားနေရတာက မသိလျှင် ဘဝအဆက်ဆက်သူ့သွေးသားရင်းချာလေးလိုခံစားမိစေသည်။ဘယ်လိုလုပ်ပြီးအလိုမလိုက်ဘဲနေနိုင်မှာတဲ့လဲ။

“ရေခဲမုန့်စားချင်နေတာဆို လိုက်ဝယ်ကျွေးမလို့လေ”

“ဒါပေမယ့်..”

စားချင်နေပေမဲ့ သူ့လူကိုယ့်ကိုလာရန်ရှာမှာကိုလည်းကြောက်နေပုံရသည်။

“လာပါကွာ ဘာမှပူမနေနဲ့ရေခဲမုန့်လေးတစ်ခွက်ပဲဟာ”

ပြောရင်းလက်ဖဝါးလေးဆွဲကာအပြင်ခေါ်ထွက်လာတုန်း အခန်းတံခါးရှေ့မှနှစ်ယောက်ကိုမြင်တော့ သူ့မှာဆတ်ခနဲလန့်သွားရသည်။

မသိရင်သူ့အခန်းရှေ့ရုပ်ထုကြီးနှစ်ခုလာချထားသလိုမျိုး။လခြမ်းကတော့ရိုးနေပုံရသည်။ထိုနှစ်ယောက်ကိုပြုံးပြတော့ ခေါင်းညွတ်ပြကာသွားတဲ့နောက်လိုက်လာမည့်ပုံကြောင့် လခြမ်းနားတိုးတိုးလေးကပ်မေးရသေးသည်။

“လခြမ်း သူတို့ကကောလိုက်လာမှာလား”

“လိုက်မှာ ကိုကိုကသူတို့မပါရင်အပြင်မထွက်ရဘူးတဲ့”

“အမ်”

သူ့မှာလခြမ်းခေါ်လိုက်သည့်နာမ်စားကိုပဲအံ့ဩရမလို အမြဲတင်းကြပ်နေပုံရသည့်ဟိုလူ့ကိုပဲချီးကျူးရတော့မလို

“အဲ့လိုဆိုပေမယ့် ဒီလမ်းကကိုယ်တို့သွားနေကျလမ်းလေ ပြီးတော့သူတို့လိုက်လာရင်တခြားသူတွေအမြင်မှာတစ်မျိုးကြီး..”

“တဆိတ်လောက်ခင်ဗျ ဘယ်ကိုသွားမှာလဲ”

သူ့စကားမဆုံးခင်ဖြတ်ပြောလာတာက ONEဆိုတဲ့တစ်ယောက်။မရယ်မပြုံးမျက်နှာနှင့်အမြဲတည်တင်းနေတာမို့ နည်းနည်းတော့ရှိန်မိသား။

“လမ်းထိပ်စတိုးဆိုင်တင်ပါ”

“ကားနဲ့သွားရပါမယ်”

“ဘာကြီး”

“Bossကသူ့အိမ်သားလေးကို နေပူထဲမှာ ဆယ်မိနစ်ထက်ကျော်ရင် လမ်းလျှောက်ခွင့်မပြုထားဘူး “

ပါးစပ်အဟောင်းသားပွင့်ကာ အံ့ဩရုံကလွဲရင်ဘာမှမပြောနိုင်တော့

“နောင်းညိုအဆင်​ပြေလားဟင်”

မေးလာသူကတော့ပုံမှန်အရာတစ်ခုလိုပင်။နေစမ်းပါအုံးဟ အိမ်ထောင်ကျပြီးကတည်းက နေရာတိုင်းပွေ့သွားနေတာများလား။

သေချာကြည့်မိလေပိုသေချာလာလေ။အဲ့ဒီအသားအရေ အဲ့ဒီပြည့်လုံးလုံးလေးက ဖူးဖူးမှုတ်အလိုလိုက်ခံထားရတာမဟုတ်ဘူးလား။အရင်ကတည်းကလုံးလုံးဖွေးဖွေးလေးမို့ မြင်ခါစကသတိမထားမိပေမယ့် အခုစကားတွေကြားတော့မှ ခေါင်းစခြေဆုံးပြန်ကြည့်မိသည်။

သူတို့လခြမ်းလေးက ကောင်းကင်ပေါ်ထိရောက်အောင် အလိုလိုက်ခံထားရတယ်ထင်ပ။

“ရပါတယ် ကားနဲ့သွားတာပေါ့ ဆောင်းရာသီကနေ့အပူရှိန်ပြင်းတယ် လခြမ်းကလည်းဘောင်းဘီတိုလေးနဲ့ကိုး”

စကားဖာထေးကာရှေ့မှအရင်ထွက်လာရသည်။ဆွဲထားမိတဲ့လက်ဖဝါးလေးတောင် ဆက်ကိုင်ရမလိုလွှတ်ချရမလို။ငါ​ေ-ာက်ရမ်းတွေလမ်းပျောက်တယ်လို့ လခြမ်းငယ်ငယ်ရဲ့။

ဆိုင်ရှေ့ကားရပ်တော့သူ့မှာထပ်လန့်ရသည်။ရှေ့ကကားနဲ့နောက်ကကားတွေကကော ဘယ်တုန်းကပါလာတာတုန်းလို့။အဖေဝန်ကြီးဖြစ်နေတာတောင် အဲ့လောက်လုံခြုံ​ရေးမသုံးဖူးဘူး။

ခပ်တည်တည်ဆိုင်ထဲဝင်တော့ ဝယ်စားမယ့်ရေခဲမုန့်တစ်ခွက်ကိုတောင်အားနာမိသွားသည်။ဒီလိုအခြေနေနဲ့ဆို တစ်ဆိုင်လုံးဝယ်ပစ်လိုက်ရမှာ။အတွေးလေးကိုစိတ်ထဲမှာပဲထားမိပါတယ်။သူ့လူပိုင်တဲ့ Shopping Mallရဲ့ဆိုင်ခန်းတစ်ခုစာဆိုင်လေးမို့ စကားထဲတောင်ထည့်ပြောနေစရာမလို။

ရောက်လက်စနဲ့ လခြမ်းစားတတ်တဲ့မုန့်မှန်သမျှအကုန်ဝယ်မိသည်။တော်ကြာအိမ်ရောက်လို့ဘာစားလာလဲမေးရင် မလိမ်တတ်တဲ့သူကအမှန်အတိုင်းပြောလိုက်မှ ဘာမှမကျွေးလိုက်လို့ဆိုပြီး သူအငြှိုးထားခံနေရအုံးမယ်။

ဆိုင်မှာ​ရှိနေကျBetaကောင်လေးက လခြမ်းကိုတစ်ချက်တစ်ချက်ခိုးကြည့်ရုံကလွဲရင် စကားတော့ပြောမလာ။တစ်နိုင်ငံလုံးသိပြီးသားသတင်းမို့ သူလည်းမြင်ပြီးလောက်ရောပေါ့။

ပိုက်ဆံရှင်းတော့ အစွန်းထွက်၁၅၀၀အတွက်အကြွေပါမလာ။လခြမ်းကအိတ်ထဲက ၁၅၀၀ထုတ်ပေးလာတာမို့ သူလှည့်ကြည့်လိုက်သည်။

“ဘာလို့လဲ နောင်းညို”

“သူကပိုက်ဆံပေးမကိုင်ဘူးလား”

“အဲ့လိုမဟုတ်ပါဘူး”

သူမယုံသလိုဆက်ကြည့်နေတာမို့ အိတ်ထဲကဆွဲထုတ်ပြလာတဲ့ Black Cardတွေနှင့် Cardပေါင်းစုံက သူ့ကိုရိုက်ချပစ်သည်။

“လိုသလောက်ပေးထားပေမယ့် သုံးစရာနေရာလည်းမရှိလို့မသုံးဖြစ်ဘူး ဒီအကြွေကလည်းဟိုတစ်နေ့ကမုန့်ခိုးဝယ်စားရင်းရလာတာ”

“မုန့်ခိုးဝယ်စားတယ်”

“အာ”

“……….”

“ကိုကိုကအချဥ်ပေါင်းပေးမစားဘူး”

ပါးလေးကိုလက်ညှိုးထိပ်လေးနှင့်ကုတ်ခြစ်ကာ အကြည့်တွေကမငြိမ်မသက်။

“………….”

“ဒါပေမယ့်မစားလိုက်ရဘူး ပိုက်ဆံရှင်းပြီးတော့ ကိုကိုတွေ့သွားလို့”

“…………”

သူနဲ့Betaကောင်လေးကဆွံ့အနေပေမယ့် သက်တော်စောင့်နှစ်ယောက်ကတော့ ရိုးနေပြီဆိုတဲ့ရုပ်တွေနဲ့။ကြားရုံနဲ့တင်ဒီလိုဆိုရင် အမြဲမြင်နေရတဲ့သူတွေမို့ ခင်ဗျားတို့ကိုကိုယ်ချင်းစာတယ် Bro။

ပစ္စည်းတွေကားထဲစုထည့်ကာအိမ်ဘက်ပြန်လှည့်လိုက်တာမို့ ဆိုင်ထဲဝင်လာတဲ့တစ်စုံတစ်ယောက်ကိုမတွေ့လိုက်ရ။

မျက်ဝန်းနီတစ်စုံကမှန်ကိုထိုးဖောက်လို့ အကြည့်တို့ဦးတည်ရာကလခြမ်းဆီ။ကွေးတက်သွားခဲ့တဲ့နှုတ်ခမ်းတစ်စုံက ကောင်းခြင်းဆိုးခြင်းမသဲကွဲ…

ကြည်ဖြူစွာပေးခဲ့တဲ့ ၁၅၀၀ကရော ကံကောင်းခြင်းလားကံဆိုးခြင်းလား…….

##############

ငြိမ်း🌞🌻

​

“အိပ္အုံးေနာ္ အေစာႀကီးရွိေသးတယ္ငယ္ရဲ႕”

သူအိပ္ယာထေတာ့ နိုးလာသူကသူပါထဖို႔ျပင္သည္။အခန္းတြင္းအႏြေးဓာတ္ေၾကာင့္အိပ္ခ်င္ေနေသာ္လည္း သူထေတာ့ေယာင္ၿပီးလိုက္ထခ်င္ေနတာ။

ေစာင္ကိုလည္ပင္းထိၿခဳံေပးၿပီး ႏွဖူးျပင္ထက္အနမ္းတစ္ခ်က္ဖိကပ္လိုက္သည္။ထို႔ေနာက္ႏွာေခါင္းေလး၊ပါးျပင္ေလးႏွစ္ဖက္ႏွင့္ ႏႈတ္ခမ္းေလးဆီအေရာက္ခပ္ဖြဖြစုပ္ယူလိုက္ေသးသည္။

အိပ္ယာနိုးတာႏွင့္လုပ္မိတဲ့ပထမဦးဆုံးအလုပ္ဟာ အနမ္းပန္းေတြပ်ိဳးျခင္းပါပဲ။အိမ္ေထာင္သက္တမ္းတစ္လအတြင္း သူ႕ရဲ႕အက်င့္ေလးတစ္ခုဆိုလည္းမမွား။

တစ္ေန႕ထက္တစ္ေန႕တိုးလာသည့္ေမတၱာေတြဟာ သမုဒၵရာေရေတြလိုပါပဲ။ကုန္းေျမထုကိုတိုက္စားၿပီး ကမၻာေျမႀကီးကိုအနိုင္ပိုင္းကာနယ္ခ်ဲ့လာေနသလိုမ်ိဳး တိုးပြားလာတာတရိပ္ရိပ္။

ေန႕သစ္တိုင္းမွာ အခ်စ္သစ္တစ္မ်ိဳးပိုလာသည္။မေန႕ကအခ်စ္ထက္ဒီေန႕ပိုခ်စ္လာတာ ကိုယ္တိုင္သာသိသည္။အဆုံးမဲ့ခ်စ္မိေနၿပီလို႔ေတြးတုန္း ပိုတိုးလို႔ခ်စ္နိုင္မွန္းေတြ႕ရွိေတာ့မွ အခ်စ္ေတြဟာအဆုံးမဲ့ေၾကာင္း သူလက္ခံရေတာ့သည္။

တစ္လအတြင္းေတာင္ ဒီေလာက္ဆိုရင္ တစ္သက္တာအတြက္ဆိုရင္ေရာ။

မ်က္ႏွာသစ္ကာ ၿခံတစ္ပတ္ေျပးမိေတာ့ ပန္းရနံ႕ေတြက သင္းသင္းပ်ံ့ပ်ံ့။ပိုင္ဆိုင္မႈေလးကို ေန႕တိုင္းနမ္းရွိုက္ခြင့္ရေနတာမို႔ ဒီရနံံ့ေတြက သူ႕ကိုမဆြဲေဆာင္နိုင္ေတာ့။

ေကာင္းကင္ႀကီးကိုေမာ့ၾကည့္မိေတာ့ ေနကတျဖည္းျဖည္းတက္လာၿပီး ေနေရာင္ကတျဖည္းျဖည္းေတာက္လာေလသည္။ႏုနယ္လွသည့္ျမဴမႈန္တစ္ခ်ိဳ႕က ေနေရာင္၏ေခ်ာင္းၾကည့္မႈတြင္ ရွက္႐ြံ႕စြာပုန္းခိုၾကေလရာ ပတ္ဝန္းက်င္တစ္ခြင္လုံး ကန့္လန့္ကာေနာက္မွထြက္လာရေတာ့တာ။

အိမ္အေပၚထပ္ျပန္တက္ကာ အိပ္ေနသူမနိုးေစရန္ေျခသံဖြၿပီး ေရခ်ိဳးခန္းဝင္ရသည္။ဒီေန႕အလုပ္ကိုသြားရမွာမို႔ Formal Suit အညိုေရာင္ကိုသာထုတ္ထားလိုက္သည္။အဝတ္ေတြမလဲေသးတာက ပိုင္ဆိုင္မႈေလးမထေသးလို႔။

အိမ္သားေလးရွိေနမွေတာ့ ကိုယ္တိုင္ၾကယ္သီးတပ္ဖို႔ လိုမွမလိုတာ။သူကၾကယ္သီးတပ္ေပးေနရင္ ကိုယ္ကအၾကင္နာေတြေပးရမည္။စိတ္ဆိုးၿပီးထြက္မေျပးဖို႔အေရး ေပြ႕ထားဖို႔ေတာ့လိုမည္ေပါ့။ေပြ႕ဖို႔ဆိုတာကလည္း သူ႕ပိုင္ဆိုင္မႈေလးလို ပိန္သြယ္ၿပီး သူ႕လိုအားသန္ေနမွျဖစ္မွာေပါ့ေလ။လူတိုင္းလုပ္နိုင္တဲ့အရာမွမဟုတ္တာ။

အားလုံးျပင္ဆင္ၿပီးေတာ့ လိုက္ကာစေတြကိုဖြင့္ရသည္။အလင္းေရာင္ဝင္ေရာက္လာတာမို႔ မထခ်င္ေသးသူက ေစာင္ကိုမ်က္ႏွာထိအုပ္ပစ္ကာဟိုဘက္လွည့္သြားေလသည္။မနက္အေစာတုန္းကလိုက္ထတာသူမဟုတ္ခဲ့သလိုေလး။

“ငယ္ ထေတာ့ေလ ရွစ္နာရီထိုးေတာ့မယ္ ကိုကိုနဲ႕အလုပ္လိုက္မွာဆို”

“အြန္းးးးးးး”

“ငယ္ကလိမၼာပါတယ္ကြာ ထရေအာင္ေလေနာ္”

ပါးစပ္ကေခ်ာ့ေျပာသလိုအနမ္းေတြကလည္းတဖြဖြႀကဲသည္။အနမ္းခံရလြန္း၍မၿဖဳံေတာ့သူက တုတ္တုတ္ေတာင္လႈပ္မလာ။

ႏွိုးမရသည့္အဆုံး ေစာင္ေတြခြာခ်ကာေပြ႕ခ်ီပစ္လိုက္သည္။သူ႕ရင္ဘတ္ကေခါင္းအုံးလိုႏူးညံ့မေနေတာ့ ဆက္မအိပ္နိုင္ေတာ့ပုံ မပြင့္တပြင့္မ်က္ဝန္းဝိုင္းေတြက မ်က္ေစာင္းထိုးကာၾကည့္လာေလသည္။

“ကိုကိုကဘာမွန္းလည္းမသိဘူး သူမ်ားအိမ္မက္ေလးလွေနတာကို”

“ဟားဟားဟား… ေျပာပါအုံးဗ် ဘာအိမ္မက္ေတြမက္ေနတာတုန္း”

“စပ်စ္သီးေတြစားေနတာ”

“အဲ့တာမ်ား ကိုကိုကဝယ္ေကြၽးမွာေပါ့ အိမ္မက္ထဲစားရတာကဗိုက္မွမျပည့္တာ”

“အဲ့လိုမဟုတ္ဘူး”

“ဘယ္လိုတုန္း”

“စပ်စ္ၿခံႀကီးထဲမွာ ႀကိဳက္တဲ့အသီးလိုက္ေ႐ြးၿပီးခူးစားေနတာလို႔”

“ငယ္ငယ္ကကြာ…႐ႊတ္”

အသဲယားလာတာမို႔ ပါးျပင္ေလးကိုအားပါပါနမ္းရွိုက္ပစ္လိုက္သည္။မ်က္ႏွာမသစ္ရေသးတာေတာင္သိပ္ေမႊးတဲ့ငယ္ပါပဲ။

“ဟုတ္ၿပီ ကိုကိုကငယ့္အတြက္ၿခံထဲမွာ စပ်စ္ၿခံႀကီးစိုက္ေပးမယ္ေနာ္”

“တကယ္ေနာ္”

“တကယ္”

“ကိုကိုကခ်စ္စရာႀကီး”

ေျပာရင္းတိုးဖက္လာတဲ့လည္ပင္းကလက္ေတြ။

၁၅၀၀နဲ႕၅၂၈မွာ ခ်စ္တယ္ဆိုတဲ့စကားဟာ ခြအက်ဆဳံးပါပဲ။စကားေလးတစ္လုံးေပမယ့္ အဓိပ္ပါယ်တွေယူတာမတူတဲ့အခါ ခံစားရပုံခ်င္းပါ ကြာျခားပါတယ္။သူေျပာတဲ့အမွန္တရားကိုသိေနေတာ့လည္း ၿပဳံးသာၿပဳံးလိုက္မိတာေပါ့။

ေၾကာက္တတ္တဲ့သူေလးက အယုံလည္းလြယ္တတ္ပါေသးသည္။နာက်င္ခဲ့ရသမွ်ေမ့ၿပီး သူ႕ျမတ္နိုးမႈေအာက္မွာေပ်ာ္႐ႊင္ေနပုံက တစ္ခါေကာင္းေပးရင္ဆယ္ခါနာက်င္ခဲ့ရသမွ်ေမ့နိုင္တဲ့ကေလးေတြလိုမ်ိဳး။အရိုက္ခံထားရလို႔ငိုေပမယ့္ မုန့္ေပးလိုက္တာႏွင့္ၿပဳံးျပလာသလိုမ်ိဳးေလး။

သူကာကြယ္ေပးမွကိုျဖစ္မယ့္ ပိုင္ဆိုင္မႈေလးရယ္ပါ။ယုံၾကည္ျခင္းေတြကို ရတနာလိုတန္ဖိုးထားၿပီး အၿမဲေပ်ာ္႐ႊင္ေစရမယ္လို႔ ကတိေပးမယ္။တေလာကလုံးရဲ႕ယုံၾကည္မႈေတြေပ်ာက္ဆုံးခဲ့ရင္ေတာင္ မင္းယုံၾကည္မႈတစ္ခုတည္းနဲ႕တင္းတိမ္မယ့္လူမ်ိဳး။

မ်က္ႏွာသစ္ေပးေတာ့လည္း ၿငိမ္ခံတတ္ေနပါၿပီ။အမွန္တကယ္ဆို ဇိမ္ယူတတ္ေနၿပီလို႔ေျပာရမွာ။အစတုန္းကေတာ့ သူ႕ေျခဖဝါးေလာက္မွမႏူးညံ့တဲ့ကိုယ့္လက္ေတြေၾကာင့္ မထိရက္မကိုင္ရက္လို႔ Depressionေတာင္ဝင္လုနီးပါး။

တစ္ေလာကလုံးၾကားရင္အဟားခံရေအာင္ထိ သူဟာအ႐ူးထခဲ့ပါေသးသည္။ကေလးဘဝကတည္းက လက္နက္ကိုင္လို႔ၾကမ္းရွခဲ့တဲ့လက္ေတြကို သက္ဆိုင္သူေလးကိုမ်က္ႏွာသစ္ေပးဖို႔အေရး Hand Skin Careေတြေ႐ြးခဲ့တဲ့အေၾကာင္းေပါ့။

သူ႕လက္ေလးဆုပ္ကိုင္ခ်ိန္ ႏြေးေထြးမႈေတြေပးနိုင္ရင္ေတာ္ၿပီေပါ့။ၾကမ္းတမ္းမွေယာက်ာ္းဆန္တယ္လို႔ေျပာရင္ မိန္းမၾကမ္းေတြငိုကုန္လိမ့္မယ္။

စာရင္းဇယားေတြသာသိတဲ့သူက ခုဆိုSkin Care ေတြေတာင္သိေနၿပီ။အပ်င္းတစ္တဲ့သူ႕ကေလးကို အခ်စ္ေတြနဲ႕ဂ႐ုစိုက္ေပးခ်င္တာကိုး။သူ႕ဂ႐ုစိုက္မႈေတြနဲ႕ေနသားက်သြားဖို႔ အစြမ္းကုန္ ႀကိဳးစားမည္။သူခင္းေပးတဲ့လမ္းကိုေလွ်ာက္ၿပီး ဘယ္အရိပ္မွမနင္းခ်င္ေတာ့ေအာင္အထိျပဳစားမည္။

အလုပ္ေရာက္သည္အထိ သူ႕အနမ္းတို႔မစဲေသး။၅မိနစ္တစ္ခါအနမ္းကေတာင္ သူ႕ကိုမတင္းတိမ္ေစနိုင္။အရင္တုန္းကဆို ကားထဲမွာပါ Macbookတစ္လုံးနဲ႕ အလုပ္ရႈပ္ေနက်။အခုေတာ့ အလုပ္ဆီအာ႐ုံခဏစိုက္ရင္ကို သူေလးကိုလြမ္းလာသလို။

အလုပ္ခန္းထဲသူကအလုပ္လုပ္ေနခ်ိန္ ပိုင္ဆိုင္မႈေလးကေတာ့ အစားတစ္ဖက္ႏွင့္ ရႉခင္းၾကည့္ေနေလသည္။၂၃ထပ္အျမင့္မို႔ ၿမိဳ႕တြင္းကိုအသာေလးၾကည့္နိုင္ေလရာ ဟိုဟိုသည္သည္ေငးရင္း အပ်င္းေျပေလွ်ာက္ၾကည့္ေနတာ။

တစ္ခါတစ္ေလပန္းခ်ီဆြဲတတ္သလို ခ်ည္လည္းထိုးေနတတ္ေသးတာမို႔ သူ႕႐ုံးခန္းတစ္ဝက္ေလာက္ဟာသူေလးပစၥည္းေတြအျပည့္ေနရာယူထားေလသည္။အိမ္မွာသီးသန့္ျပဳလုပ္ေပးထားတဲ့ studioခန္းထဲသူ႕ပုံတူေတြေနရာယူနိုင္ခဲ့ျခင္းမွာ အၿပဳံးေတြအေတာမသတ္နိုင္ေအာင္အထိ။

အလုပ္လုပ္ေနေပမယ့္စိတ္ေတြကသူေလးႏွင့္ပတ္သပ္ေနသည္သာ။ခဏခဏလွည့္ၾကည့္ေနမိတာအႀကိမ္တစ္ရာမကေတာ့။

“ကိုကို”

“ဗ်ာ”

“ငယ္ငယ္ပ်င္းတယ္”

“ဒီကိုလာ”

လုပ္လက္စကိုခဏခ်ကာ လက္ကမ္းေပးေတာ့ ရင္ခြင္ထဲတိုးဝင္လာေလသည္။ေပါင္ေပၚေပြ႕တင္ပစ္ကာ အနမ္းတစ္ခ်ိဳ႕ျဖင့္ အေမာေျဖမိသည္။သူ႕ပိုင္ဆိုင္မႈေလးက အတတ္ကေလး။လိုခ်င္တာရွိရင္ ကိုကိုေခၚၿပီးခိုင္းစားပစ္တာ။

“ေျပာ…ငယ္ဘာလုပ္ခ်င္လို႔လဲ”

“ေနာင္းညိုဆီသြားလည္ခ်င္တယ္”

“ညေနကိုကိုအလုပ္ၿပီးရင္လိုက္ပို႔မယ္ေနာ္”

“ခုသြားခ်င္တာကို”

စူပုပ္ပုပ္ေလးေျပာၿပီးေျခေထာက္ေလးေတြကိုလည္းလႈပ္ခါလိုက္ေသးသည္။

“အခုကကိုကိုမအားေသးဘူးေလကြာ”

“ငယ္ငယ့္ဘာသာသြားမယ္”

“ကိုကိုစိတ္မခ်ဘဴးေလ”

“လူေတြထည့္ေပးလိုက္ေလေနာ္ အမ်ားႀကီးထည့္ေပးလိုက္ ငယ္ငယ္ပ်င္းတယ္လို႔”

လည္ပင္းေလးသိုင္းဖက္ကာ ႏႈတ္ခမ္းေလးေထာ္ေထာ္ၿပီးခြၽဲေနတာမို႔ အျငင္းစကားေတြလည္ေခ်ာင္းထဲတင္ေပ်ာ္ဝင္ကုန္သည္။

“ဟုတ္ၿပီ ဟုတ္ၿပီ No.1ကိုလိုက္ပို႔ခိုင္းလိုက္မယ္ ညေနကိုကိုဝင္ေခၚမယ္ေနာ္”

“ဟုတ္ “

“အလြမ္းေျပနမ္းခဲ့အုံး”

“မြ”

“ႏႈတ္ခမ္းကိုနမ္း”

ထိကပ္လာတဲ့ႏႈတ္ခမ္းေလးကမရဲတရဲ။ေၾကာင္ကေလးအစာခိုးစားေနသလို မထိတထိ။အားနဲ႕စုပ္ယူပစ္မိတာ ေအာက္ႏႈတ္ခမ္းပါမ်ိဳခ်လဳမတတ္။ခဏေလးခြဲရတာေတာင္ လြမ္းခ်င္ေနၿပီ။အရမ္းႀကီးလည္း မခ်ဳပ္ခ်ယ္ရက္။တင္းလြန္းလို႔ျပတ္သြားမွာလည္းစိုးရသည္ေလ။

အဆုံးသတ္အနမ္းတစ္ခ်က္အၿပီး သူ႕ကေလးေမာသြားၿပီ။အေမာေျဖေနတုန္း စုပ္နမ္းမိတာ လည္တိုင္ေလးဆီ။သူ႕အပိုင္ဆိုတဲ့ အမွတ္အသားက ရင္ၫႊန့္ထက္တံဆိပ္ခတ္သည္။

“ေအာက္ကို ကိုကိုလိုက္ပို႔မယ္”

“ကိုကိုအလုပ္ပ်က္မွာေပါ့”

“ငယ္ငယ္ေလာက္အေရးမပါဘူး”

ဆက္မျငင္းရေသးခင္ လက္ေလးဆြဲကာထြက္သြားလိုက္သည္။သီးသန့္ဓာတ္ေလွကားႏွင့္မို႔ ႏွစ္ေယာက္တည္းသာ။

“ဟိုေရာက္ရင္ ကိုကိုမစားခိုင္းထားတာေတြေလွ်ာက္မစားရဘူးေနာ္”

“ဟုတ္”

“စားခ်င္တာရွိရင္ Oneကိုေျပာလိုက္ ကိုယ္တိုင္ေလွ်ာက္ေလွ်ာက္မသြားနဲ႕ ေနပူတယ္”

“ဟုတ္”

“ညေနစာကို ကိုကိုနဲ႕မွအတူစားရမယ္ေနာ္”

“ဟုတ္”

ဘာေျပာေျပာဟုတ္ေနသူက သြားခြင့္ရလို႔ တက္ႂကြေနတာ။ၿပီးၿပီးေရာေျဖေနတာမဟုတ္ဘဲ သူ႕မ်က္ႏွာကိုေမာ့ၾကည့္ကာအေလးနက္ထားေျဖေနပုံက အသည္းယားစရာ။

“ႁပြတ္စ္”

ခ်ိဳလြန္းတဲ့ႏႈတ္ခမ္းေလးကို ထပ္ဖိနမ္းမိသည္။စြဲလမ္းနိုင္သည္ဆိုေသာ မူးယစ္ေဆးေတြေလာက္ကို ငယ္ငယ့္ႏႈတ္ခမ္းေတြက သနားတာေပါ့။ဒါေပမယ့္ ဒီမူးယစ္ေဆးေလးက သူတစ္ေယာက္တည္းရဲ႕ မူပိုင္ေလး။အျခားသူေတြသုံးစြဲနိုင္ဖို႔မေျပာနဲ႕ ျမည္းစမ္းဖို႔ေတာင္စကားထဲထည့္ေျပာခြင့္မရွိ။

တံခါးပြင့္သြားမွ လႊတ္ေပးလိုက္ေတာ့ သူ႕ကေလးကမ်က္ေစာင္းထိုးသည္။ခပ္အစ္အစ္ႏႈတ္ခမ္းေလးကၾကည့္႐ုံနဲ႕သိသာသည္အထိ ရဲရဲစိုစို။

Reception ကေကာင္မေလးေတြက သူတို႔ကိုမသိမသာၾကည့္သည္။အားက်ေနတဲ့မ်က္ဝန္းေတြကသူ႕ငယ္ငယ္ဆီမွာ။ဟုတ္တယ္ သူ႕အခ်စ္ေတြဝန္းရံထားတဲ့ပိုင္ဆိုင္မႈေလးကို တစ္ေလာကလုံးအားက်ေနရမယ္။
သူ႕ပိုင္ဆိုင္မႈေလးက ၾကယ္အသေခ်္ဝန္းရံထားတဲ့လမင္းလိုမ်ိဳး လူတိုင္းအထက္မွာေတာက္ပေနရမည္။

သက္ေတာ္ေစာင့္ေတြဆီေသခ်ာအပ္ၿပီးမွ အလုပ္ဆီျပန္သြားသူကိုၾကည့္ကာ ငယ္ငယ္ၿပဳံးလိုက္မိသည္။

ေရစီးနဲ႕ေမွ်ာလိုက္ေနတာက ကပ္စရာကမ္းမေတြ႕လို႔။ျဖစ္ၿပီးသမွ်ကိုစိတ္ထဲထားေနၿပီး မေက်နပ္ခ်က္ေတြနဲ႕ေနရင္ ငယ္ငယ္ပဲစိတ္ပင္ပန္းရမွာေပါ့။

ျဖစ္နိုင္သမွ်ေရွာင္ၿပီး တတ္နိုင္သမွ်ေျပးခဲ့ၿပီးၿပီပဲေလ။လမ္းလႊဲမရွိတဲ့ကံၾကမၼာကို ဘာေၾကာင့္မ်ားစိတ္ဆိုးေနရအုံးမွာလဲ။

ဂ႐ုစိုက္ေပးမႈေတြ ၾကင္နာေပးမႈေတြကို ဘယ္သူကေရာ မလိုခ်င္မွာတဲ့လဲ။အားလုံးထက္သာတဲ့အျမင့္မွာ လူတိုင္းလိုခ်င္ေနတဲ့အခ်စ္ေတြနဲ႕ ၿခံရံေပးခံထားရတာကို ကံဆိုးလိုက္တာဆိုၿပီးခံစားေနရရင္ ငယ္ငယ္႐ူးေနလို႔ေနမွာ။

တိုင္းသိျပည္သိမဂ္လာပြဲလုပ္ၿပီးသလို အေသြးအသားေတြလည္းအပ္ႏွင္းခဲ့ၿပီးၿပီ။သူ႕မွာပိုင္ဆိုင္တာဆိုလို႔ စိတ္ဝိညာဥ္နဲ႕အသက္တစ္ေခ်ာင္းပဲရွိေတာ့တာ။ဆုံးရႈံးစရာဆိုတာနတၳိ။

အနာဂတ္အတြက္မေတြးခ်င္သလို အတိတ္ေတြမွာလည္းမနစ္ျမဳပ္ခ်င္ဘူး။ပစၥဳပၸန္တည့္တည့္မွာရပ္ၿပီး ေပ်ာ္႐ႊင္မႈရပ္ဝန္းေလးထဲမွာ ေပ်ာ္ေမြ႕မယ္။ပုံရိပ္ေယာင္ေတြဆိုရင္ေတာင္ အမွတ္တရေကာင္းေလးေတြမို႔ ဆုံးရႈံးမႈမရွိပါဘူး။

ဒဏ္ရာေပးသည္ျဖစ္ေစ၊ေဆးေပးသည္ျဖစ္ေစ အခ်စ္မရွိသလို၊အမုန္းလည္းကင္းသည့္ဇုန္မွာေနထိုင္ပါမည္။

ဖုန္းႀကိဳဆက္ထားတာမို႔ ေနာင္းညိုကေအာက္ထိဆင္းလာႀကိဳေလသည္။မဂ္လာပြဲၿပီးကတည္းကမေတြ႕ရတာမို႔ ငယ္ငယ့္ကိုလြမ္းေနပုံရသည္။အခန္းထဲအေရာက္သူကိုယ္တိုင္ေဖ်ာ္ေပးတဲ့ စေတာ္ဘယ္ရီေဖ်ာ္ရည္ကခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ေလး။

“လျခမ္းသူနဲ႕ေနရတာအဆင္ေျပရဲ႕လား”

“ေျပပါတယ္ေနာင္းညိုရဲ႕ ငယ္ငယ့္ကိုစိတ္မပူပါနဲ႕”

“နည္းနည္းေလးျပည့္လာသလိုပဲ ဂ႐ုေတာ့စိုက္သားပဲ”

“ဟီးဟီး “

“ရယ္မေနနဲ႕ဗ် တိမ္ေငြ႕နဲ႕ငါကအခုထိစိတ္ခ်ေသးတာမဟုတ္ဘူး”

“တိမ္ေငြ႕နဲ႕ဖုန္းေျပာျဖစ္လားဟင္”

“အရင္တေလာကေျပာျဖစ္တယ္ အခုေတာ့စိုက္ခင္းေတြဆီေရာက္ေနလို႔တဲ့ ဖုန္းလိုင္းသိပ္မမိဘူး”

“တိမ္ေငြ႕အဆင္ေျပတယ္မလား အလုပ္အကိုင္နဲ႕ပတ္သပ္ၿပီးေတာ့ ဟိုဘက္ကအကုန္သိေနတာဆိုေတာ့ ငယ္ငယ္စိတ္ပူတယ္ရယ္”

“စိတ္မပူပါနဲ႕ သူ႕ကိုယ္သူဂ႐ုစိုက္နိုင္ပါတယ္
ၿပီးေတာ့ဟိုလူ႕ညီအငယ္ဆုံးလည္းပါသြားတယ္ေျပာတယ္”

“ဘာလို႔ ေခၚသြားတာလဲ”

ထိတ္လန့္သြားတာမို႔ လက္ထဲကအေအးခြက္ပါလူေပၚေမွာက္က်ကဳန္ေလသည္။ဝတၳဳထဲမွာသူတို႔က ရန္သူေတြေလ။အဲ့ဒီစိုက္ခင္းမွာပဲ တစ္ေယာက္လက္နဲ႕ ေနာက္တစ္ေယာက္ေသေပးရတာ။

“သတိထားေလလျခမ္းရယ္ အဝတ္ေတြစိုကုန္ၿပီ”

“ေျပာျပ ဘာလို႔ေခၚသြားတာလဲလို႔”

“ဘာေတြစိုးရိမ္ေနတာလဲ”

“အဲ့တစ္ေယာက္ကဘာဆိုတာတိမ္ေငြ႕မသိဘူးလား”

“တုံးလိုက္တာကြာ သူတို႔ရဲ႕အေပၚယံမ်က္ႏွာဖုံးေတြကတရားမႈဘက္မွာဆိုေပမယ့္ ဘယ္သူမွမသိတဲ့ေနာက္ကြယ္မွာ သူတို႔ကအေမွာင္ေလာကမွာအာဏာအရွိဆုံးပဲ ကိုယ္ယူတဲ့ေယာက်္ားကိုယ္ဘာႀကီးမွန္းမသိတာေတာ့မဟုတ္ဖူးမလား”

သူသိသင့္သေလာက္သိပါသည္။ဝတၳဳဖတ္ခဲ့တုန္းကထိုလူႀကီး၏ေၾကာက္စရာအေမွာင္ဘက္အျခမ္းကို သူသိၿပီးၿပီ။ဒါေပမယ့္

“စိတ္မပူပါနဲ႕ အဲ့တစ္ေယာက္ကတိမ္ေငြ႕ကိုအရမ္းကပ္ေနတာ ေသခ်ာမေျပာနိုင္ေပမယ့္ သေဘာက်ေနတယ္ထင္တယ္”

“မျဖစ္နိုင္တာ”

မယုံနိုင္စြာ သူျငင္းခ်က္ထုတ္မိသည္။ဘယ္ကေနဘယ္လိုလုပ္ၿပီးသူတို႔အေျခေနကအဲ့လိုျဖစ္ရမွာလဲ။

“ဘာလို႔မျဖစ္နိုင္ရမွာလဲ Alphaခ်င္းမို႔လို႔ဆိုရင္ေတာ့ လျခမ္းအေတြးမ်ားေနတာ”

“အဲ့လိုမဟုတ္ဘူး သူတို႔ႏွစ္ေယာက္က..”

“အင္း သူတို႔ႏွစ္ေယာက္ကဘာျဖစ္လဲ”

ဆက္မေျပာနိုင္ေတာ့တာက မူလဇာတ္လမ္းနဲ႕ေသြဖည္ေနတဲ့သူ႕အေၾကာင္းကိုသတိရမိတာမို႔။သူေတာင္မွ သူ႕ကိုသတ္ပစ္ခဲ့သူရဲ႕အိမ္ေထာင္ဖက္ျဖစ္လာခဲ့တာပဲ။တိမ္ေငြ႕ရဲ႕အဆုံးသတ္လည္းေျပာင္းလဲေလာက္မွာပါ။

“ဘာမွမဟုတ္ေတာ့ဘူး”

“အဝတ္စားအရင္လဲလိုက္မလားလျခမ္း အကၤ်ီေတြစိုကုန္ၿပီ”

“ဟုတ္ အဝတ္သြားလဲလိုက္မယ္ ငယ္ငယ့္အခန္းမွာအရင္ကဝတ္ခဲ့တာေတြရွိေသးတယ္”

“သြားလဲခ်ည္ ၿပီးရင္ဘာစားမလဲငါလွမ္းမွာလိုက္မယ္ စားၿပီးမွျပန္”

“ထမင္းကအိမ္ေရာက္မွစားမွာ လမ္းထိပ္ဆိုင္က စားေနက်ေရခဲမုန့္ေလးေတာ့စားခ်င္တယ္”

“ဟိုမွာမဝယ္ေကြၽးဘူးလား”

“ေကြၽးေပမယ့္အရသာမတူဘူးေလ”

လိမ္ေျပာလို႔စိတ္မလုံတိုင္းမ်က္လုံးကစားတတ္သူက ခုလည္းေတာင္ၾကည့္ေျမာက္ၾကည့္မို႔ သူအစ္ေအာက္ေမးခ်င္လာသည္။

“ဟုတ္လို႔လား မစားခိုင္းထားတာကိုခိုးစားမလို႔မလား”

“အဲ့..အဲ့လိုမရွိပါဘူး အရင္တစ္ပါတ္ကအစားမ်ားသြားလို႔ ေခ်ာင္းဆိုးသြားတာ အဲ့တာတစ္ပါတ္ျဖတ္ခိုင္းထားတယ္ ဒီေန႕တစ္ပါတ္ျပည့္ၿပီ စားလို႔ရၿပီ”

အဆုံးသတ္တိုးတိမ္သြားတဲ့အသံက လိပ္ျပာမလုံတာမို႔ျဖစ္နိုင္သည္။

“ေသခ်ာလား”

“ဟုတ္ဟုတ္”

“အဲ့တာဆိုအိမ္က်မွစားေလ ေတာ္ၾကာေခ်ာင္းထပ္ဆိုးရင္ငါ့ကိုလာရန္ရွာေနမွာေပါ့”

“အဲ့လိုလား”

“အြန္း”

“အဲ့တာဆိုဝယ္ေကြၽးလို႔မရဘူးေပါ့ေနာ္”

“ဒါေပါ့”

“ေအာ”

မ်က္လႊာခ်ကာေခါင္းငုံ႕လိုက္ပုံက စိတ္ဓာတ္က်ေနတဲ့အေကာင္ေပါက္ေလးလို။ထို႔ေနာက္မတ္တပ္ရပ္ကာသူ႕အခန္းဆီထြက္သြားေလရာ သူေအာ္သာရယ္မိလိုက္ေတာ့သည္။

“ဟားဟားဟား လျခမ္းရာ”

ဟိုလူ႕ကြယ္ရာမွာခိုးစားခ်င္ေနသူက တစ္ပါတ္ရိုက္ကာ သူ႕ကိုလူမိုက္ငွားေနတာ။လျခမ္းငယ္ငယ္တို႔က တတ္လည္းတတ္နိုင္တယ္။ဟိုလူနဲ႕ေနတာ တစ္လပဲရွိေသးတာကို လိမ္တတ္ေနၿပီ။

ျပန္လာသည္အထိမ်က္ႏွာေလးကမၾကည္ေသး။မိုးမိထားတဲ့ ေခြးေပါက္ေလးလိုပဲ ဂ႐ုဏာသက္ခ်င္စဖြယ္။အျဖဴေရာင္ T-Shirtေလးကို အနက္ေရာင္ဒူးထိေဘာင္းဘီေလးႏွင့္တြဲဝတ္ထားတာမို႔ ဆရာအဆူခံထားရတဲ့ ေက်ာင္းသား႐ုပ္လည္းေပါက္ေနေသးသည္။

ဆက္မစရက္ေတာ့တာမို႔ ေသာ့ႏွင့္wallet ကိုသာေကာက္ဆြဲလိုက္ရသည္။

“သြားမယ္”

“ဘယ္ကိုလဲ”

အျပစ္ကင္းစင္ေနတဲ့မ်က္လုံးဝိုင္းႀကီးေတြႏွင့္ေမာ့ၾကည့္လာခ်ိန္ ခ်စ္စရာေကာင္းလြန္းတာမို႔ ဆံပင္ေကြးေကြးေလးေတြကိုသာပြတ္သပ္ေပးလိုက္ရသည္။

သူ႕ရင္ထဲမွာခံစားေနရတာက မသိလွ်င္ ဘဝအဆက္ဆက္သူ႕ေသြးသားရင္းခ်ာေလးလိုခံစားမိေစသည္။ဘယ္လိုလုပ္ၿပီးအလိုမလိုက္ဘဲေနနိုင္မွာတဲ့လဲ။

“ေရခဲမုန့္စားခ်င္ေနတာဆို လိုက္ဝယ္ေကြၽးမလို႔ေလ”

“ဒါေပမယ့္..”

စားခ်င္ေနေပမဲ့ သူ႕လူကိုယ့္ကိုလာရန္ရွာမွာကိုလည္းေၾကာက္ေနပုံရသည္။

“လာပါကြာ ဘာမွပူမေနနဲ႕ ေရခဲမုန့္ေလးတစ္ခြက္ပဲဟာ”

ေျပာရင္းလက္ဖဝါးေလးဆြဲကာ အျပင္ေခၚထြက္လာတုန္း အခန္းတံခါးေရွ႕မွႏွစ္ေယာက္ကိုျမင္ေတာ့ သူ႕မွာဆတ္ခနဲလန့္သြားရသည္။

မသိရင္သူ႕အခန္းေရွ႕႐ုပ္ထုႀကီးႏွစ္ခုလာခ်ထားသလိုမ်ိဳး။လျခမ္းကေတာ့ရိုးေနပုံရသည္။ထိုႏွစ္ေယာက္ကိုၿပဳံးျပေတာ့ ေခါင္းၫြတ္ျပကာ သြားတဲ့ေနာက္လိုက္လာမည့္ပုံေၾကာင့္ လျခမ္းနားတိုးတိုးေလးကပ္ေမးရေသးသည္။

“လျခမ္း သူတို႔ကေကာလိုက္လာမွာလား”

“လိုက္မွာ ကိုကိုကသူတို႔မပါရင္အျပင္မထြက္ရဘူးတဲ့”

“အမ္”

သူ႕မွာလျခမ္းေခၚလိုက္သည့္နာမ္စားကိုပဲအံ့ဩရမလို အၿမဲတင္းၾကပ္ေနပုံရသည့္ဟိုလူ႕ကိုပဲ ခ်ီးက်ဴးရေတာ့မလို

“အဲ့လိုဆိုေပမယ့္ ဒီလမ္းကကိုယ္တို႔သြားေနက်လမ္းေလ ၿပီးေတာ့သူတို႔လိုက္လာရင္တျခားသူေတြအျမင္မွာတစ္မ်ိဳးႀကီး..”

“တဆိတ္ေလာက္ခင္ဗ် ဘယ္ကိုသြားမွာလဲ”

သူ႕စကားမဆုံးခင္ျဖတ္ေျပာလာတာက No.1ဆိုတဲ့တစ္ေယာက္။မရယ္မၿပဳံးမ်က္ႏွာႏွင့္အၿမဲတည္တင္းေနတာမို႔ နည္းနည္းေတာ့ရွိန္မိသား။

“လမ္းထိပ္စတိုးဆိုင္တင္ပါ”

“ကားနဲ႕သြားရပါမယ္”

“ဘာႀကီး”

“Bossကသူ႕အိမ္သားေလးကို ေနပူထဲမွာ ဆယ္မိနစ္ထက္ေက်ာ္ရင္ လမ္းေလွ်ာက္ခြင့္မျပဳထားဘူး “

ပါးစပ္အေဟာင္းသားပြင့္ကာ အံ့ဩ႐ုံကလြဲရင္ဘာမွမေျပာနိုင္ေတာ့

“ေနာင္းညိုအဆင္ေျပလားဟင္”

ေမးလာသူကေတာ့ ပုံမွန္အရာတစ္ခုလိုပင္။ေနစမ္းပါအုံးဟ အိမ္ေထာင္က်ၿပီးကတည္းက ေနရာတိုင္းေပြ႕သြားေနတာမ်ားလား။

ေသခ်ာၾကည့္မိေလပိုေသခ်ာလာေလ။အဲ့ဒီအသားအေရ အဲ့ဒီျပည့္လုံးလုံးေလးက ဖူးဖူးမႈတ္အလိုလိုက္ခံထားရတာမဟုတ္ဘူးလား။အရင္ကတည္းကလုံးလုံးေဖြးေဖြးေလးမို႔ ျမင္ခါစကသတိမထားမိေပမယ့္ အခုစကားေတြၾကားေတာ့မွ ေခါင္းစေျခဆုံးျပန္ၾကည့္မိသည္။

သူတို႔လျခမ္းေလးက ေကာင္းကင္ေပၚထိေရာက္ေအာင္ အလိုလိုက္ခံထားရတယ္ထင္ပ။

“ရပါတယ္ ကားနဲ႕သြားတာေပါ့ ေဆာင္းရာသီကေန႕အပူရွိန္ျပင္းတယ္ လျခမ္းကလည္းေဘာင္းဘီတိုေလးနဲ႕ကိုး”

စကားဖာေထးကာေရွ႕မွအရင္ထြက္လာရသည္။ဆြဲထားမိတဲ့လက္ဖဝါးေလးေတာင္ ဆက္ကိုင္ရမလို လႊတ္ခ်ရမလို။ငါေ-ာက္ရမ္းေတြလမ္းေပ်ာက္တယ္လို႔ လျခမ္းငယ္ငယ္ရဲ႕။

ဆိုင္ေရွ႕ကားရပ္ေတာ့သူ႕မွာထပ္လန့္ရသည္။ေရွ႕ကကားနဲ႕ေနာက္ကကားေတြကေကာ ဘယ္တုန္းကပါလာတာတုန္းလို႔။အေဖဝန္ႀကီးျဖစ္ေနတာေတာင္ အဲ့ေလာက္လုံၿခဳံေရးမသုံးဖူးဘူး။

ခပ္တည္တည္ဆိုင္ထဲဝင္ေတာ့ ဝယ္စားမယ့္ေရခဲမုန့္တစ္ခြက္ကိုေတာင္အားနာမိသြားသည္။ဒီလိုအေျခေနနဲ႕ဆို တစ္ဆိုင္လုံးဝယ္ပစ္လိုက္ရမွာ။အေတြးေလးကိုစိတ္ထဲမွာပဲထားမိပါတယ္။သူ႕လူပိုင္တဲ့ Shopping Mallရဲ႕ဆိုင္ခန္းတစ္ခုစာဆိုင္ေလးမို႔ စကားထဲေတာင္ထည့္ေျပာေနစရာမလို။

ေရာက္လက္စနဲ႕ လျခမ္းစားတတ္တဲ့မုန့္မွန္သမွ်အကုန္ဝယ္မိသည္။ေတာ္ၾကာအိမ္ေရာက္လို႔ဘာစားလာလဲေမးရင္ မလိမ္တတ္တဲ့သူကအမွန္အတိုင္းေျပာလိုက္မွ ဘာမွမေကြၽးလိုက္လို႔ဆိုၿပီး သူအျငႇိုးထားခံေနရအုံးမယ္။

ဆိုင္မွာရွိေနက်Betaေကာင္ေလးက လျခမ္းကိုတစ္ခ်က္တစ္ခ်က္ခိုးၾကည့္႐ုံကလြဲရင္ စကားေတာ့ေျပာမလာ။တစ္နိုင္ငံလုံးသိၿပီးသားသတင္းမို႔ သူလည္းျမင္ၿပီးေလာက္ေရာေပါ့။

ပိုက္ဆံရွင္းေတာ့ အစြန္းထြက္ ၁၅၀၀အတြက္အေႂကြပါမလာ။လျခမ္းကအိတ္ထဲက ၁၅၀၀ထုတ္ေပးလာတာမို႔ သူလွည့္ၾကည့္လိုက္သည္။

“ဘာလို႔လဲ ေနာင္းညို”

“သူကပိုက္ဆံေပးမကိုင္ဘူးလား”

“အဲ့လိုမဟုတ္ပါဘူး”

သူမယုံသလိုဆက္ၾကည့္ေနတာမို႔ အိတ္ထဲကဆြဲထုတ္ျပ လာတဲ့ Black Cardေတြႏွင့္ Cardေပါင္းစုံက သူ႕ကိုရိုက္ခ်ပစ္သည္။

“လိုသေလာက္ေပးထားေပမယ့္ သုံးစရာေနရာလည္းမရွိလို႔မသုံးျဖစ္ဘူး ဒီအေႂကြကလည္း ဟိုတစ္ေန႕ကမုန့္ခိုးဝယ္စားရင္းရလာတာ”

“မုန့္ခိုးဝယ္စားတယ္”

“အာ”

“……….”

“ကိုကိုကအခ်ဥ္ေပါင္းေပးမစားဘူး”

ပါးေလးကိုလက္ညွိုးထိပ္ေလးႏွင့္ကုတ္ျခစ္ကာ အၾကည့္ေတြကမၿငိမ္မသက္။

“………….”

“ဒါေပမယ့္မစားလိုက္ရဘူး ပိုက္ဆံရွင္းၿပီးေတာ့ ကိုကိုေတြ႕သြားလို႔”

“…………”

သူနဲ႕Betaေကာင္ေလးကဆြံ႕အေနေပမယ့္ သက္ေတာ္ေစာင့္ႏွစ္ေယာက္ကေတာ့ ရိုးေနၿပီဆိုတဲ့႐ုပ္ေတြနဲ႕။ၾကား႐ုံနဲ႕တင္ဒီလိုဆိုရင္ အၿမဲျမင္ေနရတဲ့သူေတြမို႔ ခင္ဗ်ားတို႔ကိုကိုယ္ခ်င္းစာတယ္ Bro။

ပစၥည္းေတြကားထဲစုထည့္ကာအိမ္ဘက္ျပန္လွည့္လိုက္တာမို႔ ဆိုင္ထဲဝင္လာတဲ့တစ္စုံတစ္ေယာက္ကိုမေတြ႕လိုက္ရ။

မ်က္ဝန္းနီတစ္စုံကမွန္ကိုထိုးေဖာက္လို႔ အၾကည့္တို႔ဦးတည္ရာကလျခမ္းဆီ။ေကြးတက္သြားခဲ့တဲ့ႏႈတ္ခမ္းတစ္စုံက ေကာင္းျခင္းဆိုးျခင္းမသဲကြဲ…

ၾကည္ျဖဴစြာေပးခဲ့တဲ့ ၁၅၀၀ကေရာ ကံေကာင္းျခင္းလားကံဆိုးျခင္းလား…….

##############

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၂, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၂, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၂ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၂ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၂ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၂ light novel, ,

Comment

Leave a Reply

Chapter 33