Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၃

A+ A-

အိမ်ပြန်ရောက်ရောက်ချင်း အိမ်ရှေ့ဆိုင်ကယ်ရပ်လို့ပြေးမိတာကခြံထဲကို။ဒီနေ့ Meetingတွေဆက်တိုက်မို့ ငယ်ငယ်ပျင်းနေရမှာဆိုး၍အလုပ်ကိုခေါ်မသွားဖြစ်။

အလွမ်းပြေလေးမပါတာမို့ အလုပ်တွေအမြန်လက်စသတ်ကာ ပြန်ဖို့ပြင်တော့မှ ရောက်လာတဲ့သတင်းကရင်ဝဆောင့်ကန်သည်။

ကားနှင့်တောင်မပြန်နိုင်ဘဲ ဆိုင်ကယ်မိုင်ကုန်မောင်းလာတာမို့ ခါတိုင်းထက်၁၅မိနစ်စောရောက်လာတာ။

ခြံထဲကသစ်ပင်အောက်သူ့လူတွေအုံနေသလို ပိုင်ဆိုင်မှုလေးကတော့သစ်ပင်ထိပ်ဖျားမှာ။အဝေးကတည်းကကြားနေရတဲ့အသံစွာစွာလေး။

“ကိုကို့ကိုပြန်မတိုင်ဘူးလို့ကတိပေးမှဆင်းခဲ့မှာပါဆို အဲ့လူကြီးတွေကကတိမပေးဘဲနဲ့”

အခက်တွေ့နေတဲ့သူ့လူတွေက သူ့ကိုမြင်တော့ကယ်တင်ရှင်တွေ့သလို ကြည့်လာကြတာအားကိုးတကြီး။

“ငယ်ငယ် ခုချက်ချင်းဆင်းခဲ့”

မော့ကြည့်လို့ပြောမိတဲ့အသံက ပူပန်မှုတွေ ထိန်းထားရတာမို့ သိပ်မပီပြင်ချင်။မတော်လို့များဆိုတဲ့အတွေးကြောင့် လက်တွေတောင်တုန်ယင်နေပါသည်။

“ကိုကိုပြန်လာပြီလား”

အံ့ဩတကြီးလေးငုံ့ကြည့်ကာမေးလာတာမို့ ယောင်ပြီးလက်လွှတ်ပစ်မှာလည်းကြောက်ရလေသည်။

“ပြန်လာပြီ ဆင်းလာခဲ့တော့လို့”

“အောက်ရောက်ရင် ကိုကိုကဆူမှာလား”

“မဆူဘူး”

သူအပြစ်လုပ်ထားတာတော့သူသိတယ်။လူလစ်ရင်သစ်ပင်ခိုးတက်တတ်တာဘာအကျင့်လေးမှန်းကိုမသိ။စိတ်ပူလို့မတက်နဲ့ဆို ပြောတုန်းခဏဟုတ်ကဲ့ဘဲ။ပြီးရင်လုပ်ချင်ရာလုပ်တော့တာ။

“အ့ဆိုဘာလို့စိတ်တိုတဲ့အသံကြီးနဲ့ပြောနေတာလဲ”

“ကိုကိုစိတ်မတိုဘူးမဆူဘူးနော် အဲ့တာကြောင့်ဆင်းခဲ့တော့”

“တကယ်လား”

“တကယ်”

“ကတိပေးလား”

“ပေးတယ်”

“ဒါပေမယ့်မဆင်းချင်သေးဘူးလေ”

သစ်ပင်ပင်စည်ကိုဖက်ကာ ခေါင်းလေးမှီပြီးပြန်ပြောလာပုံကသူ့ကိုမခန့်တာ။

“ငယ်ငယ့်”

“ကြည့်ကြည့်တွေ့လား ခုတောင်စိတ်မရှည်တဲ့အသံကြီးနဲ့အော်နေပြီ”

ဆိုးလိုက်တာကွာ။ခြေထောက်တွေလှုပ်ရမ်းကာနှုတ်ခမ်းဆူပြီးပြောလာပုံက သူကပဲအနိုင်ကျင့်ခံနေရသလို။

“ခုဆင်းလာမှာလား မဆင်းလာဘူးလား”

“လာဘူး”

“သေချာလား”

“ပြန်ဆင်းလာရင်အနိုင်ကျင့်တော့မှာကိုများ မသိတာကြလို့”

“မဆင်းလာတာသေချာပြီလားလို့”

“………..”

မေးနေတာကိုပြန်မဖြေဘဲ တောင်ကြည့်မြောက်ကြည့်နှင့်မကြားချင်ယောင်ဆောင်နေလေသည်။သမုဒ္ဒရာတို့ အရင်ဘဝကဝဋ်ကြွေးတွေဆပ်နေရတာနေမှာ။ဝဋ်ကြွေးလေးကဘာလုပ်လုပ်ချစ်ဖို့ကောင်းနေတာကတော့ ကိုယ့်ကုသိုလ်ကံနှင့်ကိုယ်ပေါ့။

အပင်ထက်ဆီမှအကြည့်လွှဲကာ သူ့လူတွေဘက်လှည့်ကြည့်လိုက်သည်။

“ဟိတ်ကောင်တွေ”

“ဟုတ်”

“အကုန်ဒူးထောက် သူပြန်ဆင်းမလာမချင်းထောက်”

စကားအဆုံးသစ်ပင်ဘက်လှည့်ကာ အကုန်ဒူးထောက်ချလိုက်တာမို့ အပင်ပေါ်ကအသံလေးကညံခနဲ။

“ကိုကိုဘာလုပ်တာလဲ ဆင်းလာပြီလို့ အခုဆင်းလာပြီ သူတို့ကိုပြန်ထခိုင်းလိုက်လို့”

ကြင်နာတတ်တဲ့စိတ်လေးခုတုံးလုပ်မိလို့ စိတ်မကောင်းပေမယ့် ဒီလိုမှမလုပ်ရင်လည်းဆင်းလာမှာမှမဟုတ်တာ။သူ့ကိုမထိရက်မှန်းသိတော့ သိပ်ဆိုးလာတာ။ကြောက်ဖို့ဝေးလို့ စိတ်မထင်ရင်ပြန်တောင်အော်တတ်နေပြီ။

အမြန်ဆင်းမလာဖို့ပြောချင်ပေမယ့် တစ်ခုခုဆိုလူအင်အားများတာမို့ အဆင်တော့ပြေမှာပါ။အကြည့်တွေကိုတော့သူ့ဆီမှမလွှဲရဲ။သူ့လူတွေကလည်းတစ်ခုခုဆိုလှုပ်ရှားဖို့ အသင့်အနေအထား။

မြေပြင်နှင့်လူတစ်ရပ်စာအကွာရောက်တော့ ဆွဲပွေ့ပစ်ကာပခုံးထက်ထမ်းတင်ပစ်သည်။

“ONE”

“ဟုတ်”

“ရှိသမျှသစ်ပင်တွေ အကုန်အမြစ်ကလှန်ပစ်”

“မရဘူးလို့ ကိုကိုမခုတ်ရဘူး ငယ်ငယ်ကြိုက်တဲ့အပင်တွေခုတ်မပစ်နဲ့”

ကျောကိုတဘုန်းဘုန်းထုကာအော်ဟစ်လာတာမို့ သူ့လူတွေကကြည့်လာလေသည်။ကိုယ်ကအဲ့ကလေးတစ်ခွန်းဆိုတစ်ခွန်းမို့ သူတို့သေချာအောင်အဖြေတောင်းနေတာ။မျက်စိတစ်ဖက်မှိတ်ပြတော့မှ အလိုက်တသိထွက်သွားကြလေသည်။စိတ်ပူလို့ဒေါသထွက်တာကတစ်ကဏ္ဍ သူလေးစကားကိုနားထောင်တာကတစ်ကဏ္ဍ။

“အစကတည်းကလိမ္မာလေ ဘာလို့လူကိုစိတ်ပူရအောင်လုပ်တာလဲ”

“နောက်မတက်တော့ဘူးလို့ မခုတ်ပါနဲ့ဆိုလူဆိုးကြီးရဲ့ အီးးးးးးး”

“ဖတ်..ဖတ်”

“တိတ်ခုချက်ချင်း ငိုနေလည်းအပိုပဲ အလိုမလိုက်ဘူး”

တင်ပါးကိုမနာအောင်ခပ်ဖွဖွရိုက်ကာ အသံမာမာနှင့်ပြောတော့ အသံကိုအဆုံးထိမြှင့်ကာငိုလာတော့သည်။

“အူးဝါးးးးးးးအိမ်ပေါ်ကဆင်းမှာ လူဆိုးကြီးနဲ့မနေတော့ဘူး လူကိုအော်လည်းအော်တယ် ရိုက်လည်းရိုက်တယ်”

တွေ့လား အရမ်းတွေဆိုးလာတာပါဆို။

“တိတ် ဘာကိုအိမ်ပေါ်ကဆင်းမှာလဲ အိမ်ဆပါ်ကဆင်းပြီးဘယ်သွားနေချင်နေတာလဲ”

“ဘယ်သွားသွားပေါ့ နေစရာမရှိရင်လမ်းပေါ်သွားနေပစ်မှာ”

“လမ်းပေါ်သွားနေရအောင်ခင်ဗျားလေးက အိမ်ခြေရာမဲ့လား”

“ဘာဖြစ်ဖြစ်ပေါ့ အောက်ကိုချပေးလို့”

“အခန်းထဲရောက်မှ”

“မလိုက်ဘူးလို့ အီးးးးးးကိုကြီးကိုဖုန်းဆက်တိုင်မယ် နောင်းညိုကိုလည်းတိုင်မယ် တိမ်ငွေ့ကိုလည်းတိုင်မှာ အီးးးးးးးသူများကိုရိုက်တယ်”

“အရိုက်ခံရအောင်နေနေတာလေ ဘယ်သူ့ကိုတိုင်ချင်နေတာလဲ အဲ့သစ်ပင်တွေပေါ်မတက်နဲ့ဆိုတက်တယ် ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ ခင်ဗျားလေးကအသားလေးပဲနာမှာ ကိုယ်ကအသည်းထဲကထိနာရမှာ”

“မသိဘူး မသိဘူး ဘာမှလာမပြောနဲ့ အူးဝါးးးးး”

အပေါ်တက်နေတုန်းတောက်လျှောက်ငိုပါလာသူကို မချော့အားသေး။ကလေးက အလိုလိုက်မှန်းသိလို့ ရောင့်တက်နေတာ။မှတ်လောက်သားလောက်လေး ဆုံးမပစ်အုံးမယ်။

အခန်းထဲဝင်ကာ တံခါးlockချပြီးကုတင်ဘက်ဆက်လျှောက်သည်။အိပ်ယာပေါ်တော့ပစ်မချရက်။အိပ်ယာကဘယ်လောက်နူးညံ့တယ်ဆိုဆို သူ့ပိုင်ဆိုင်မှုလေးကနုနုနယ်နယ်လေးရယ်။

“တိတ်တော့”

“အူးဝါးးးးးးးးးတိတ်ဖူးလို့”

ပြောမှပိုတိုးငိုသူကိုကြည့်ပြီး စိတ်တိုတာတွေပျောက်ကာ ရယ်ပစ်ချင်လာသည်။ကလေးထိန်းနေရတယ်လို့ ငါ့နှယ်

“အွန်းးးးးး”

အိပ်ယာထက်ဖိလှဲကာ အတင်းနမ်းပစ်တော့ ဇွတ်ရုန်းကန်လာလေသည်။အနမ်းချိုချိုကြား အငန်လေးနည်းနည်းကဲသွားတာက သူ့မျက်ရည်တွေကြောင့်။ငိုထားလို့ရဲနေတဲ့မျက်နှာလေးကို သူ့မျက်နှာနှင့်ပွတ်သပ်ပစ်မိသည်။

ငိုထားတာကြောင့်ရော အတင်းနမ်းထားတဲ့အတွက်ပါ သူလေးမောနေရှာလေသည်။သူဖိထားတာကိုဖယ်ပြီး အဝတ်တွေချွတ်ပေးဖို့ပြင်ရသည်။

“ဘာလုပ်တာလဲလို့ ပြောတော့ဒီနေ့အနားပေးမှာဆို”

“ဟမ်”

ချွတ်မယ့်လက်တွေလေထဲတန့်ကုန်တာ သူလေးပြောတာတန်းနားမလည်တာမို့။

“အဲ့လူကြီးက တစ်ပါတ်တစ်ရက်နားရက်လေးတောင်အလွတ်မပေးဘူး စိတ်ဆိုးတာအကြောင်းပြပြီးအနိုင်ကျင့်ချင်နေတာ “

“ဟောဗျာ မဟုတ်ရဘူးငယ်ငယ်ရယ် စောနအပင်တက်ရင်းခြစ်မိတာ ပွန်းပဲ့တာတွေဘာတွေရှိလားကြည့်မလို့ ပြီးရင်ရေချိုးခိုင်းမှာ အပင်တွေကယားတတ်တယ် ဘာတွေလျှောက်တွေးနေတာတုန်း နှာဗူးလေးရဲ့”

ချစ်စနိုးနဲ့နှာခေါင်းလေးကိုလက်ညှိုးကွေးလေးနဲ့ဆွဲမိသည်။ရဲတွတ်နေတဲ့မျက်နှာလေးမှာ နှာရည်တစ်ချို့ပါပေပွနေတာ။မရွံမိတဲ့အပြင် အသဲသာယားသွားမိတာသူသာအသိဆုံး။ဘေးခုံပေါ်က wet tissues နဲ့ဖွဖွသုတ်ပေးမိသည်။

Skin Careပေးတာကောင်းလွန်းလို့ နုနုအုအုမျက်နှာလေးက ရေဘောလုံးလေးလိုဝင်းဝင်းမွတ်မွတ်။ထိလိုက်တိုင်းအိကျသွားကာ ထပ်ထိချင်မိလာအောင်လည်း ဆွဲဆောင်ပါသေးသည်။

အဝတ်တွေချွတ်ပေးပြီးတော့ အတွင်းခံလေးတစ်ထည်သာကျန်နေသူက ရှက်နေသလိုငိုထားတာမို့ ရှိုက်လည်းရှိုက်နေလေသည်။

ခြေသလုံးသားဖွေးဖွေးထက်ကအနီစင်းတွေက သူ့ကိုလှောင်ရယ်နေသလို။ထိမှန်ခဲ့ဖူးတဲ့ကျည်ဆံတွေကို မျက်ခုံးမတွန့်ခဲ့ဖူးပေမယ့် ကြည့်ရုံနဲ့သိသာတဲ့ ခြစ်ရာလေးတစ်ခုက ဘယ်ဘက်ရင်ဘတ်ထဲစူးကနဲ။

သက်ပြင်းတစ်ချက်နဲ့မျှောချမိတဲ့ဒေါသတွေကြောင့် မျက်ခုံးတန်းတွေကျုံ့ခနဲ။တင်းမာနေတဲ့နှုတ်ခမ်းတွေက တောက်မခတ််မိဖို့စေ့ထားတာမို့ lockချထားတဲ့​ပြတင်းတံခါးလိုတင်းတင်းကြပ်ကြပ်။

သူ့ကိုခိုးကြည့်လာတဲ့သူက အိမ်မှခိုးထွက်လာပြီးလမ်းပျောက်နေတဲ့ ကြောင်လေးတစ်ကောင်လိုမျိုး ချစ်စဖွယ်ကောင်းကာသနားဖို့လည်းကောင်းပြီး မျက်ဝန်းဝိုင်းကြီးတွေကြည့်နေပုံက သူသာစကားပြောလိုက်ရင်သူ့ကိုခြောက်မိသွားမည့်ပုံလေး။

ရေဇလုံတစ်ခုထဲရေသွားထည့်ကာ ပုဝါတစ်ထည်နှစ်ပြီး ရေပတ်တိုက်ပေးတော့လည်းငြိမ်သက်နေတာပါပဲ။အားလုံးပြီးတော့ အဝတ်စားလဲပေးကာ စိုနေတဲ့အိပ်ယာတွေပါလဲသည်။တိတ်ဆိတ်နေတဲ့အခန်းထဲ စကားသံတွေလည်းပျောက်ဆုံးနေလေသည်။

ဆေးသေတ္တာထုတ်ကာ အနာပေါ်လိမ်းဆေးလိမ်းပေးနေတာတောင်အသံမထွက်လာသေးတာမို့သူမော့ကြည့်မိတော့ နှုတ်ခမ်းတွေကိုတင်းတင်းစေ့ကာ မျက်လုံးဝိုင်းကြီးတွေထဲက မျက်ရည်ဥကြီးတွေတစ်လိမ့်ချင်းကျနေသောမျက်နှာလေးကဆီးကြိုသည်။

သူ့မှာထိတ်ထိတ်ပြာပြာဖြစ်သွားပြီး လက်ထဲကဆေးဗူးပစ်ချကာ မျက်နှာလေးလက်နှစ်ဖက်ဖြင့်အုပ်၍လက်မနှင့်မျက်ရည်တွေသုတ်ပေးမိသည်။

“ဘာလို့ငိုတာလဲငယ်ငယ်ရဲ့ ဆေးထည့်တော့စပ်လို့လားဟင် ကိုကို့ကိုပြောလေကွာ အဲ့လိုမငိုပါနဲ့ကိုကို့ရင်ဘတ်တွေနာလို့”

“အီးးးးးဟီးးးးးးးး”

သူပြောမှအသံထွက်ငိုလာသူက မျက်ရည်တွေပါတပေါက်ပေါက်ကျကာ ရင်ဘတ်ထဲတိုးဝင်လာလေသည်။

“ဘာလို့လဲကိုကို့ကိုပြော စပ်ရင်မထည့်တော့ဘူးလေနော်”

“ကိုကိုကငယ်ငယ့်ကိုစိတ်ဆိုးနေတာ”

“မဟုတ်ပါဘူးကွာ”

“ဟုတ်တယ် အဟင့်…စကားလည်းမပြောဘူး”

“ကိုကိုကငယ်ခိုက်မိလို့ စိတ်မကောင်းဖြစ်နေတာပါငယ်ရဲ့ ငယ့်ကိုစိတ်မဆိုးဘူးနော်”

“မဟုတ်ဘူး မျက်ခုံးကြီးကိုလည်း ဒီလိုဒီလိုလုပ်ထားသေးတယ် အင့်”

ပြောရင်းရင်ခွင်ထဲမှထွက်ကာ သူ့လိုမျက်မှောင်ကြုံ့ပြလာတာမို့ သူ့မှာရယ်ရခက်ငိုရခက်။

“ကိုကိုတကယ်ကိုစိတ်မဆိုးပါဘူးကွာနော် မငိုနဲ့တော့”

“ဆိုးတယ်ဆိုးတယ် ခါတိုင်းတုန်းကတော့ သူများတားနေရင်တောင်အတင်းနမ်းနေပြီးတော့ ခုဆေးထည့်ပေးလို့စပ်နေတာကိုသိရက်သားနဲ့ လေနဲ့လည်းမမှုတ်ပေးဘူး”

သူခေါင်းခါပြီးရယ်ပစ်လိုက်မိသည်။ခါတိုင်းညခင်းအိပ်ယာထဲကကိစ္စလေးတွေလုပ်တိုင်း သူငြင်းသမျှဆန့်ကျင်ပြီး ခြေသလုံးသားလေးတွေကိုနမ်းနေကျမို့ အခုဆေးထည့်ပေးရင်းမမှုတ်ပေးတာကို သူဝမ်းနည်းနေတာပေါ့။

“ဟုတ်ပြီနော်ကိုကိုကဆေးလိမ်းပေးပြီး လေလေးနဲ့ပါမှုတ်ပေးမယ်နော်”

ပြောရင်း ခြစ်ရာအစင်းကြောင်းလေးထက် လေဖွဖွလေးမှုတ်ပေးကာ မော့ကြည့်မိတော့ မျက်စောင်းထိုးလာလေသည်။

ခက်သည်။အရှုံးမပေးတတ်သူက သူလေးကိုအနိုင်မယူနိုင်တာခက်သည်။အမြဲတမ်းလူတကာရဲ့အထက်စီးမှာနေတတ်သူက သူ့ခြေရင်းဝပ်တွားချင်နေတာလည်းခက်သည်။ဘယ်တုန်းကမှမနူးညံ့တတ်ခဲ့သူက သူလေးအပေါ်မကြမ်းတမ်းနိုင်တာလည်းသိပ်ခက်ပါသည်။

…………………..

“ပျိုးပင်တွေတအားစုံတယ်နော် ကိုယ်ကဒီဒေသရဲ့ရာသီဥတု၊ရေ၊မြေနဲ့လိုက်ဖက်မဲ့အပင်လေးတွေပဲရှိတယ်ထင်နေတာ “

Horizonအပြောကို ခေါင်းသာညိတ်ပြတဲ့တိမ်​ငွေ့ကခပ်ချေချေပါပဲ။Geoက မသိချင်ယောင်ဆောင်ကာဟိုကြည့်ဒီကြည့်။ကိုစက်ရိပ်ကတော့ ထင်းရှူးပင်ပေါက်လေးတွေနားမှာသာတဝဲလည်လည်။

ကိုCeanအိမ်ကိုမသွားဖြစ်တော့တာ လက်ထပ်ပြီးသွားကတည်းက။သူတို့ကိုလခြမ်းကကြောက်နေမှန်းသိသာနေတာမို့ အလိုက်တသိမသွားဘဲနေဖြစ်သည်။

တကယ်ကိုယ်ထိလက်ရောက်အနိုင်ကျင့်တဲ့သူကိုကျတော့ တကိုကိုတည်းကိုကိုနေပြီးတော့ စကားတောင်ကောင်းကောင်းမပြောဖူးတဲ့သူကိုကျတော့ တွေ့တိုင်းသူ့လူနောက်ဝင်ပုန်းတတ်တယ်တဲ့။စဥ်းစားလို့ကိုမရဘူး။

နွေဦးပေါက်တော့မှာမို့ ခရီးသွားရာသီရောက်ပြီလို့ပြောရမည်။တစ်နှစ်ပတ်လုံးစာအနားယူချင်တာမို့ Geoရောက်နေသည့်Sပြည်နယ်ကိုသာရွေးချယ်ဖြစ်သည်။

ကိုCeanကအလုပ်မပြီးပြတ်သေးတာကြာင့် နောက်ရက်မှရောက်မည်ဖြစ်သလို ကိုကျောက်စက်လည်းအတူလိုက်လာမည်ပြောသည်။ကိုCeanကောင်းမှုအကြောင်းပြုပြီးသူ့အိမ်ပေါ်မကြာခဏတက်လာတတ်တဲ့ Playboyလေးရောအတူတူပါလာမတဲ့။

တောင်ပေါ်လေညှင်းတွေကမြို့ပြထက်ပိုလတ်ဆတ်၍ထင်သည်။လာသမျှလူတိုင်း အပြုံးကိုယ်စီနှင့်။တောတောင်စိမ်းစိမ်းကြား ဖော်ရွေမှုတွေမစိမ်းကားတတ်တာ တိုင်းရင်းသားတို့သဘာဝ။

ဖျတ်ခနဲရလိုက်တဲ့ရနံ့တစ်ခုကြောင့် ထင်ရှူးတန်းဘက်ခြေဦးလှည့်မိသည်။လှည့်ထွက်ခါနီးကျောပြင်လေးက သူ့ကိုမြင်မှခြေစုံချသည်။

“ထင်ရှူးရနံ့လေးကကောင်းတယ်နော်အစ်ကို”

“အင်း”

“ကျွန်တော့ခြံထဲမှာထင်းရှူးပင်တွေ တော်တော်ပြည့်နေပေမယ့် ထပ်တွေ့ရင်ထပ်လိုချင်နေတုန်းပဲ ကျွန်တော်လက်ထပ်ရင် ဒီတစ်ပြည်နယ်လုံးလက်ဖွဲ့ဖို့ ကိုCeanကိုပူဆာမိတော့မယ်ထင်တယ်ဗျ”

“အဲ့လောက်လိုလို့လား”

မျက်မှန်အောက်ကမျက်ဝန်းလေးတွေ သိပ်မပျော်ရွှင်ဟန်။မျက်ခုံးတွေပါတွန့်ထားတာမို့ စိတ်မပျော်မှန်းသိသာစေသည်။

“ဒါပေါ့ဗျ ကျွန်တော်တို့ညီအစ်ကိုတွေက Daddyသွေးပါတယ် ကိုယ်သဘောကျတဲ့အရာကိုကိုယ့်တစ်ယောက်ကလွဲရင် တစ်ခြားသူကိုမကြည့်စေချင်လောက်အောင်ထိပိုင်ဆိုင်လိုစိတ်ကြီးတယ်ဗျ”

“ခုပြောနေတာနဲ့ဘာဆိုင်လို့လဲ”

“ဆိုင်တယ်လေဗျာ ကိုCeanကလခြမ်းကိုသဘောကျတော့ သူနဲ့သက်ဆိုင်တဲ့စံပယ်တွေ သူ့တစ်ဦးတည်းအတွက်အပိုင်အဖြစ်သတ်မှတ်ပစ်တာကြည့်လေ Daddyတုန်းကလည်း တစ်နိုင်ငံလုံးရှိသမျှနှင်းဆီနီတွေသူ့ခြံထဲမှာပဲရှိစေခဲ့တာ Daddyတုန်းကတိုင်းသိပြည်သိမဟုတ်ခဲ့လို့သာ ဘယ်သူမှသိပ်မသိလိုက်တာ နှင်းဆီနီရနံ့ကပါပါးအပိုင်လေ ခုကျွန်တော်လည်းအဲ့လိုပဲဖြစ်မယ်ထင်တယ်”

“မင်းသဘောကျတဲ့လူမှာ မင်းကြိုက်တဲ့ရနံ့ရှိအုံးမှလေ”

“အို့ ကျွန်တော်ကတော့ကျွန်တော့ ဆဋ္ဌမအာရုံကိုယုံတယ် အဲ့ဒီရနံ့ရှိတဲ့သူကကျွန်တော့်လက်တွဲဖော်ပဲဖြစ်ရမယ်”

“ဘဝင်ရူး”

ပြောကာလှည့်ထွက်သွားသူနောက်မလိုက်ဖြစ်ခဲ့။မျက်ဝန်းတို့မှိတ်လို့သာ ရနံ့တို့ကိုရှူသွင်းလိုက်သည်။အေးမြတဲ့အငွေ့အသက်ထဲ ဒီရနံ့လေးရှိမှပြည့်စုံတာ။

.,………………..

“ကိုကို အဲ့ဘက်သွားမှာလို့”

“ပွေ့သွားမယ်ပြောတော့လက်မခံဘူးမလား”

“အရင်ကလည်းသွားနေကျပဲဟာ သွားနိုင်တယ်လို့”

“အရင်တုန်းကပွေ့ပေးမယ့်လူမရှိလို့ကိုယ့်ဘာသာသွားရတာ အခုငယ့်အိမ်ထောင်ဦးစီးကပွေ့ပေးနိုင်တယ်လေ”

“သူများတွေကရယ်လိမ့်မယ်”

“ပြော…ဘယ်သူရယ်ရဲလဲ”

လင်မယားချင်းချစ်ကြည်နူးရင်း သူတို့အုပ်စုဘက်လှည့်လာတာမို့ အားလုံးတောင်ကြည့်မြောက်ကြည့်အကြည့်လွှဲကုန်သည်။

ဖြစ်ပုံကတောင်ပေါ်တက်နှင့်ပြီဖြစ်သော စိုင်းတိမ်ငွေ့တို့အဖွဲ့နောက်ကို လခြမ်းကလိုက်ချင်သည်။ဒါကို ခြေထောက်ညောင်းမှာစိုးသည့်သူ့အိမ်ထောင်ဦးစီးကပွေ့ခေါ်ချင်သည်။ဟိုတစ်ယောက်ကလည်း သူတို့ကိုရှက်လို့အပွေ့မခံ။အဖြစ်သည်းနေကြတာများ။

ရည်းစားမရှိသည့်သက်တော်စောင့်အဖွဲ့က ငိုချင်နေပြီ။ကျောက်စက်ကနောက်လှည့်ကာ ခိုးရယ်နေသလို နောင်းညိုကတော့စိတ်ကုန်နေတဲ့မျက်နှာပေးနဲ့။

“အဲ့တာဆို…. အဲ့တာဆိုကျောပိုးမလား”

တိုးတိုးလေးပြောလာတဲ့လခြမ်းစကားကို ဟိုကဆင်ခြေပေးကာငြင်းသည်။

“မျက်နှာမမြင်ရရင်မတက်နိုင်လောက်ဘူး အမောမပြေဘူး”

သူပဲပွေ့တက်မယ်သူပဲမောတယ်နဲ့ အမျိုးမျိုး တစ်ရာ့ကိုးဆယ်ဖြစ်နေသူကို နောင်းညိုပြောဖို့ပါးစပ်ပြင်နေတော့ ကျောက်စက်ကဆွဲထားရသည်။

“ကဲ အပွေ့ခံလိုက်စမ်းပါလခြမ်းရာ ငါစိတ်တွေလေလွန်းလို့”

သူတို့ကိုအားနာစွာနဲ့ဘဲ လခြမ်းမှာသူ့သဘောအတိုင်းအပွေ့ခံလိုက်ရသည်။မှိုရသွားသည့်မျက်နှာကြီးက ဖြတ်အုပ်ချင်စရာ။ငရဲကြီး မှာကြောက်တာထက် သက်တော်စောင့်တွေကြောက်နေလို့သာ။

အနိုင်ကျင့်တာကတော့မပြောင်းလဲ။ကျင့်ပုံကျင့်နည်းကွာသွားရုံလေးတင်။အရင်ကကိုယ်ထိလက်ရောက်နာကျင်အောင်အနိုင်ကျင့်သည်။ယခုတော့စကားအရာနဲ့ လက်မခံမချင်းအနိုင်ကျင့်သည်။

လမ်းတစ်လျှောက်တိုးတိုးတိုးတိုးပြောနေတာလည်းရပ်မသွား။အားလုံးကပဲအလိုက်တသိ နောက်ခပ်လှမ်းလှမ်းမှလိုက်ခဲ့ရသည်။ခဏခဏငုံ့နမ်းနေတာကိုမသိချင်ယောင်ဆောင်ပေးကာ တောင်မြောက်ကြည့်ရင်း ခလုတ်တိုက်ကြတာလည်းအခါခါပါပဲ။အရင်ကလခြမ်းကိုပဲဒုက္ခပေးတာ အခုတစ်လောကလုံးကိုဒုက္ခပေးနေတာ။

တောင်ထိပ်မှာရောက်နှင့်သူတွေက ထိုအတွဲရဲ့အကဲပိုမှုကိုမြင်တော့လုပ်လက်စတွေရပ်ကာမတ်တပ်ကြီးတွေမေ့ကုန်သည်။ကမ္ဘာလုံးဆိုင်ရာမျက်နှာပြောင်ဆုံးဆုရထားသူက လူအားလုံးရှေ့ပိုင်ဆိုင်မှုလေးကိုငုံ့တောင်နမ်းလိုက်ပါသေးသည်။

စိုင်းတိမ်ငွေ့ကမမြင်ချင်ယောင်ဆောင်ရင်း သူငယ်ချင်းဖြစ်သူကိုခေါ်ကာနေရာပြင်ပေးသည်။ထိုအခါမှအောက်ကိုချပေးလာသူက ထိုင်ခုံပေါ်သိုးမွှေးပါခင်းပေးလာလေသည်။

မယုံသက်ာအကြည့်တွေရမှ ရုပ်တည်ကြီးနဲ့ဖြေရှင်းချက်ပေးလာတာက သစ်သားခုံမို့လို့မာလွန်းလို့ပါတဲ့။ပိုလွန်းလို့ တောင်အောက်ပါလွှင့်ပစ်ချင်နေကြတာ မသိတာလားမသိချင်ယောင်ပဲဆောင်နေတာလားမသေချာ။

သူငယ်ချင်းတွေနှင့် ပျော်နေသူကိုထားခဲ့ပြီး ညီအစ်ကိုသုံးယောက်ခပ်လှမ်းလှမ်းမှာရပ်မိကြသည်။သိပ်မဝေးတာမို့ကြားနေရတဲ့ရယ်သံတစ်ချို့က လူတိုင်းအတွက် အကြည်ဓာတ်လေးတွေ။

“Geo”

“ဗျာ”

ပြန်ထူးလာပေမယ့် အကြည့်တို့ကဟိုတစ်ယောက်ဆီကမခွာ။မသိရင် မမြင်ရတဲ့စူပါဂလူးကလေထုကြားကနေ သူတို့ကြားဆွဲကပ်ထားသလိုမျိုး။

“မင်း စိုင်းတိမ်ငွေ့ပြာကိုကြိုက်နေတာလား”

“ကိုCean သိသွားပြီပေါ့”

ခေါင်းငုံ့ကာရယ်လိုက်သူက ပုံမှန်အရာတစ်ခုလိုသာ ပြန်ဖြေလာလေသည်။

“အခုအဆင်ပြေနေပြီလား”

“ကိုCean ကျေးဇူးနဲ့တိုးတက်လာပါပြီ”

မျက်မှောင်ကြုံ့ကာသတိရမိသွားတာက ဟိုတစ်ခါသူပြောဖူးတဲ့အကြောင်းတွေ

“အရင်ပြောနေကျတစ်ယောက်ကသူလား”

“ဟုတ်တယ် ဟိုအရင်ကနေအခုထိကျွန်တော့မှာသူတစ်ယောက်တည်းရှိတာ”

“ပြောတော့မင်းကြိုက်တဲ့တစ်ယောက်မှာကောင်လေးရှိတယ်ဆို”

မျက်ခုံးပင့်လို့ကြည့်လာတာက လာနောက်နေတာလားဆိုတဲ့မျက်နှာပေး

“ကိုCean မခန့်မှန်းမိဘူးလို့တော့မပြောနဲ့နော်”

“ကျစ်”

“တစ်ဖက်သတ်ပါဗျာ အခွင့်ရေးရှိရင်တောင်ရှေ့ဆက်မတိုးမဲ့ တစ်ဖက်သတ်အချစ်မျိုးပါ
ကိုCeanယုံမယုံမသိပေမယ့် တစ်ချို့လူတွေက ရယူပိုင်ဆိုင်ဖို့ဆိုတဲ့အတ္တကင်းကြတယ်ဗျ

“ငါကဘာကိုယုံရမှာလဲ”

“မြင်တွေ့နေရတာပဲမလားဗျာ သူသာပိုင်ဆိုင်ချင်ရင် အခွင့်အရေး100%အရှိဆုံးလူကသူပဲဗျ လခြမ်းအယုံကြည်ဆုံးလူ၊လခြမ်းအတွယ်တာဆုံးလူ၊လခြမ်းအားအကိုးဆုံးလူ၊လခြမ်းနားမှာအမြဲတမ်းရှိနေနိုင်တဲ့လူ အဲ့တာသူတစ်​ယောက်တည်းပဲရှိတာ”

“အခုကော သူ့စိတ်ထဲမှာရှိနေသေးလား”

“လွတ်လပ်နေတုန်းကတောင်ရှေ့ဆက်မတိုးတာ အခုသူများအပိုင်ဆိုတဲ့စည်းတောင်တားထားပြီးပြီလေဗျာ သူအဲ့လောက်ထိမရူးမိုက်ပါဘူး”

“ဘာပဲဖြစ်ဖြစ်သူ့ကိုရအောင်လိုက် လိုအပ်တဲ့အရာမှန်သမျှငါ့ကိုပြော”

“ကိုCeanမပြောရင်တောင်ကျွန်တော်ကသူ့ကိုပိုင်ခွင့်ရချင်နေတာပါဗျာ သူ့စိတ်နဲ့ခန္ဓာအားလုံးကျွန်တော့်အပိုင်ဖြစ်ဖို့ကျွန်တော်ကြိုးစားမှာ ကိုCeanပယောဂမပါဘူး”

“ဘယ်လိုနေနေငါ့ပိုင်ဆိုင်မှုလေးကို စိတ်ထဲမရှိတော့ရင်ရပြီ”

လက်ထဲကကော်ဖီခွက်ကိုမော့သောက်ပစ်ကာ ပိုင်ဆိုင်မှုလေးကိုငေးရသည်။ခွက်ဝင်နေတဲ့ပါးချိုင့်တွေကြား သူ့အသက်ရှူသံတွေမျောပါသွားတာမို့ အသက်ရှူရတာအမှားမှားအယွင်းယွင်း။

လှမ်းကြည့်လာတဲ့မျက်ဝန်းတစ်စုံက မျက်ဝန်းအိမ်မှာမျိုးစေ့ချတာဆိုပေမယ့် ရင်ခုန်နှုန်းတွေအညှောင့်ထွက်လာတာက နှလုံးအိမ်မှာဖြစ်ပြီး ကြီးထွားလာတဲ့အချစ်တွေကရင်ဘတ်တစ်ခုလုံးပျံ့နှံ့လို့ သွေးကြောတိုင်းမှာအမြစ်တွယ်ပါသည်။ရင်ခုန်သံတွေရပ်တန့်ပြီး အသက်သေသွားမှသာ ညှိုးနွမ်းပျက်စီးသွားမဲ့အချစ်သစ်ပင်လေး……

################

ငြိမ်း🌻🌞

အိမ္ျပန္ေရာက္ေရာက္ခ်င္း အိမ္ေရွ႕ဆိုင္ကယ္ရပ္လို႔ ေျပးမိတာကၿခံထဲကို။ဒီေန႕ Meeting ေတြဆက္တိုက္မို႔ ငယ္ငယ္ပ်င္းေနရမွာဆိုး၍အလုပ္ကိုေခၚမသြားျဖစ္။

အလြမ္းေျပေလးမပါတာမို႔ အလုပ္ေတြအျမန္လက္စသတ္ကာ ျပန္ဖို႔ျပင္ေတာ့မွ ေရာက္လာတဲ့သတင္းကရင္ဝေဆာင့္ကန္သည္။

ကားႏွင့္ေတာင္မျပန္နိုင္ဘဲ ဆိုင္ကယ္မိုင္ကုန္ေမာင္းလာတာမို႔ ခါတိုင္းထက္ ၁၅မိနစ္ေစာေရာက္လာတာ။

ၿခံထဲကသစ္ပင္ေအာက္ သူ႕လူေတြအုံေနသလို ပိုင္ဆိုင္မႈေလးကေတာ့ သစ္ပင္ထိပ္ဖ်ားမွာ။အေဝးကတည္းကၾကားေနရတဲ့အသံစြာစြာေလး။

“ကိုကို႔ကိုျပန္မတိုင္ဘူးလို႔ကတိေပးမွဆင္းခဲ့မွာပါဆို အဲ့လူႀကီးေတြကကတိမေပးဘဲနဲ႕”

အခက္ေတြ႕ေနတဲ့သူ႕လူေတြက သူ႕ကိုျမင္ေတာ့ကယ္တင္ရွင္ေတြ႕သလို ၾကည့္လာၾကတာအားကိုးတႀကီး။

“ငယ္ငယ္ ခုခ်က္ခ်င္းဆင္းခဲ့”

ေမာ့ၾကည့္လို႔ေျပာမိတဲ့အသံက ပူပန္မႈေတြ ထိန္းထားရတာမို႔ သိပ္မပီျပင္ခ်င္။မေတာ္လို႔မ်ားဆိုတဲ့အေတြးေၾကာင့္ လက္ေတြေတာင္တုန္ယင္ေနပါသည္။

“ကိုကိုျပန္လာၿပီလား”

အံ့ဩတႀကီးေလးငုံ႕ၾကည့္ကာေမးလာတာမို႔ ေယာင္ၿပီးလက္လႊတ္ပစ္မွာလည္းေၾကာက္ရေလသည္။

“ျပန္လာၿပီ ဆင္းလာခဲ့ေတာ့လို႔”

“ေအာက္ေရာက္ရင္ ကိုကိုကဆူမွာလား”

“မဆူဘူး”

သူအျပစ္လုပ္ထားတာေတာ့သူသိတယ္။လူလစ္ရင္သစ္ပင္ခိုးတက္တတ္တာဘာအက်င့္ေလးမွန္းကိုမသိ။စိတ္ပူလို႔မတက္နဲ႕ဆို ေျပာတုန္းခဏဟုတ္ကဲ့ဘဲ။ၿပီးရင္လုပ္ခ်င္ရာလုပ္ေတာ့တာ။

“အ့ဆိုဘာလို႔စိတ္တိုတဲ့အသံႀကီးနဲ႕ေျပာေနတာလဲ”

“ကိုကိုစိတ္မတိုဘူး မဆူဘူးေနာ္ အဲ့တာေၾကာင့္ဆင္းခဲ့ေတာ့”

“တကယ္လား”

“တကယ္”

“ကတိေပးလား”

“ေပးတယ္”

“ဒါေပမယ့္မဆင္းခ်င္ေသးဘူးေလ”

သစ္ပင္ပင္စည္ကိုဖက္ကာ ေခါင္းေလးမွီၿပီးျပန္ေျပာလာပုံက သူ႕ကိုမခန့္တာ။

“ငယ္ငယ့္”

“ၾကည့္ၾကည့္ေတြ႕လား ခုေတာင္စိတ္မရွည္တဲ့အသံႀကီးနဲ႕ေအာ္ေနၿပီ”

ဆိုးလိုက္တာကြာ။ေျခေထာက္ေတြလႈပ္ရမ္းကာႏႈတ္ခမ္းဆူၿပီးေျပာလာပုံက သူကပဲအနိုင္က်င့္ခံေနရသလို။

“ခုဆင္းလာမွာလား မဆင္းလာဘူးလား”

“လာဘူး”

“ေသခ်ာလား”

“ျပန္ဆင္းလာရင္အနိုင္က်င့္ေတာ့မွာကိုမ်ား မသိတာၾကလို႔”

“မဆင္းလာတာေသခ်ာၿပီလားလို႔”

“………..”

ေမးေနတာကိုျပန္မေျဖဘဲ ေတာင္ၾကည့္ေျမာက္ၾကည့္ႏွင့္မၾကားခ်င္ေယာင္ေဆာင္ေနေလသည္။သမုဒၵရာတို႔ အရင္ဘဝကဝဋ္ေႂကြးေတြဆပ္ေနရတာေနမွာ။ဝဋ္ေႂကြးေလးကဘာလုပ္လုပ္ခ်စ္ဖို႔ေကာင္းေနတာကေတာ့ ကိုယ့္ကုသိုလ္ကံႏွင့္ကိုယ္ေပါ့။

အပင္ထက္ဆီမွအၾကည့္လႊဲကာ သူ႕လူေတြဘက္လွည့္ၾကည့္လိုက္သည္။

“ဟိတ္ေကာင္ေတြ”

“ဟုတ္”

“အကုန္ဒူးေထာက္ သူျပန္ဆင္းမလာမခ်င္းေထာက္”

စကားအဆုံးသစ္ပင္ဘက္လွည့္ကာ အကုန္ဒူးေထာက္ခ်လိဳက္တာမို႔ အပင္ေပၚကအသံေလးက ညံခနဲ။

“ကိုကိုဘာလုပ္တာလဲ ဆင္းလာၿပီလို႔ အခုဆင္းလာၿပီ သူတို႔ကိုျပန္ထခိုင္းလိုက္လို႔”

ၾကင္နာတတ္တဲ့စိတ္ေလးခုတုံးလုပ္မိလို႔ စိတ္မေကာင္းေပမယ့္ ဒီလိုမွမလုပ္ရင္လည္းဆင္းလာမွာမွမဟုတ္တာ။သူ႕ကိုမထိရက္မွန္းသိေတာ့ သိပ္ဆိုးလာတာ။ေၾကာက္ဖို႔ေဝးလို႔ စိတ္မထင္ရင္ျပန္ေတာင္ေအာ္တတ္ေနၿပီ။

အျမန္ဆင္းမလာဖို႔ေျပာခ်င္ေပမယ့္ တစ္ခုခုဆိုလူအင္အားမ်ားတာမို႔ အဆင္ေတာ့ေျပမွာပါ။အၾကည့္ေတြကိုေတာ့သူ႕ဆီမွမလႊဲရဲ။သူ႕လူေတြကလည္းတစ္ခုခုဆိုလႈပ္ရွားဖို႔ အသင့္အေနအထား။

ေျမျပင္ႏွင့္လူတစ္ရပ္စာအကြာေရာက္ေတာ့ ဆြဲေပြ႕ပစ္ကာပခုံးထက္ထမ္းတင္ပစ္သည္။

“ONE”

“ဟုတ္”

“ရွိသမွ်သစ္ပင္ေတြ အကုန္အျမစ္ကလွန္ပစ္”

“မရဘူးလို႔ ကိုကိုမခုတ္ရဘူး ငယ္ငယ္ႀကိဳက္တဲ့အပင္ေတြခုတ္မပစ္နဲ႕”

ေက်ာကိုတဘုန္းဘုန္းထုကာေအာ္ဟစ္လာတာမို႔ သူ႕လူေတြကၾကည့္လာေလသည္။ကိုယ္ကအဲ့ကေလးတစ္ခြန္းဆိုတစ္ခြန္းမို႔ သူတို႔ေသခ်ာေအာင္အေျဖေတာင္းေနတာ။မ်က္စိတစ္ဖက္မွိတ္ျပေတာ့မွ အလိုက္တသိထြက္သြားၾကေလသည္။စိတ္ပူလို႔ေဒါသထြက္တာကတစ္က႑ သူေလးစကားကိုနားေထာင္တာကတစ္က႑။

“အစကတည္းကလိမၼာေလ ဘာလို႔လူကိုစိတ္ပူရေအာင္လုပ္တာလဲ”

“ေနာက္မတက္ေတာ့ဘူးလို႔ မခုတ္ပါနဲ႕ဆိုလူဆိုးႀကီးရဲ႕ အီးးးးးးး”

“ဖတ္..ဖတ္”

“တိတ္ခုခ်က္ခ်င္း ငိုေနလည္းအပိုပဲ အလိုမလိုက္ဘူး”

တင္ပါးကိုမနာေအာင္ခပ္ဖြဖြရိုက္ကာ အသံမာမာႏွင့္ေျပာေတာ့ အသံကိုအဆုံးထိျမႇင့္ကာငိုလာေတာ့သည္။

“အူးဝါးးးးးးးအိမ္ေပၚကဆင္းမွာ လူဆိုးႀကီးနဲ႕မေနေတာ့ဘူး လူကိုေအာ္လည္းေအာ္တယ္ ရိုက္လည္းရိုက္တယ္”

ေတြ႕လား အရမ္းေတြဆိုးလာတာပါဆို။

“တိတ္ ဘာကိုအိမ္ေပၚကဆင္းမွာလဲ အိမ္ဆပၚကဆင္းၿပီးဘယ္သြားေနခ်င္ေနတာလဲ”

“ဘယ္သြားသြားေပါ့ ေနစရာမရွိရင္လမ္းေပၚသြားေနပစ္မွာ”

“လမ္းေပၚသြားေနရေအာင္ခင္ဗ်ားေလးက အိမ္ေျခရာမဲ့လား”

“ဘာျဖစ္ျဖစ္ေပါ့ ေအာက္ကိုခ်ေပးလို႔”

“အခန္းထဲေရာက္မွ”

“မလိုက္ဘူးလို႔ အီးးးးးးကိုႀကီးကိုဖုန္းဆက္တိုင္မယ္ ေနာင္းညိုကိုလည္းတိုင္မယ္ တိမ္ေငြ႕ကိုလည္းတိုင္မွာ အီးးးးးးးသူမ်ားကိုရိုက္တယ္”

“အရိုက္ခံရေအာင္ေနေနတာေလ ဘယ္သူ႕ကိုတိုင္ခ်င္ေနတာလဲ အဲ့သစ္ပင္ေတြေပၚမတက္နဲ႕ဆိုတက္တယ္ ျပဳတ္က်ရင္ဘယ္လိုလုပ္မလဲ ခင္ဗ်ားေလးကအသားေလးပဲနာမွာ ကိုယ္ကအသည္းထဲကထိနာရမွာ”

“မသိဘူး မသိဘူး ဘာမွလာမေျပာနဲ႕ အူးဝါးးးးး”

အေပၚတက္ေနတုန္းေတာက္ေလွ်ာက္ငိုပါလာသူကို မေခ်ာ့အားေသး။ကေလးက အလိုလိုက္မွန္းသိလို႔ ေရာင့္တက္ေနတာ။မွတ္ေလာက္သားေလာက္ေလး ဆုံးမပစ္အုံးမယ္။

အခန္းထဲဝင္ကာ တံခါးlockခ်ၿပီး ကုတင္ဘက္ဆက္ေလွ်ာက္သည္။အိပ္ယာေပၚေတာ့ပစ္မခ်ရက္။အိပ္ယာကဘယ္ေလာက္ႏူးညံ့တယ္ဆိုဆို သူ႕ပိုင္ဆိုင္မႈေလးက ႏုႏုနယ္နယ္ေလးရယ္။

“တိတ္ေတာ့”

“အူးဝါးးးးးးးးးတိတ္ဖူးလို႔”

ေျပာမွပိုတိုးငိုသူကိုၾကည့္ၿပီး စိတ္တိုတာေတြေပ်ာက္ကာ ရယ္ပစ္ခ်င္လာသည္။ကေလးထိန္းေနရတယ္လို႔ ငါ့ႏွယ္

“အြန္းးးးးး”

အိပ္ယာထက္ဖိလွဲကာ အတင္းနမ္းပစ္ေတာ့ ဇြတ္႐ုန္းကန္လာေလသည္။အနမ္းခ်ိဳခ်ိဳၾကား အငန္ေလးနည္းနည္းကဲသြားတာက သူ႕မ်က္ရည္ေတြေၾကာင့္။ငိုထားလို႔ရဲေနတဲ့မ်က္ႏွာေလးကို သူ႕မ်က္ႏွာႏွင့္ပြတ္သပ္ပစ္မိသည္။

ငိုထားတာေၾကာင့္ေရာ အတင္းနမ္းထားတဲ့အတြက္ပါ သူေလးေမာေနရွာေလသည္။သူဖိထားတာကိုဖယ္ၿပီး အဝတ္ေတြခြၽတ္ေပးဖို႔ျပင္ရသည္။

“ဘာလုပ္တာလဲလို႔ ေျပာေတာ့ဒီေန႕အနားေပးမွာဆို”

“ဟမ္”

ခြၽတ္မယ့္လက္ေတြေလထဲတန့္ကုန္တာ သူေလးေျပာတာတန္းနားမလည္တာမို႔။

“အဲ့လူႀကီးက တစ္ပါတ္တစ္ရက္နားရက္ေလးေတာင္အလြတ္မေပးဘူး စိတ္ဆိုးတာအေၾကာင္းျပၿပီးအနိုင္က်င့္ခ်င္ေနတာ “

“ေဟာဗ်ာ မဟုတ္ရဘူးငယ္ငယ္ရယ္ ေစာနအပင္တက္ရင္းျခစ္မိတာ ပြန္းပဲ့တာေတြဘာေတြရွိလားၾကည့္မလို႔ ၿပီးရင္ေရခ်ိဳးခိုင္းမွာ အပင္ေတြကယားတတ္တယ္ ဘာေတြေလွ်ာက္ေတြးေနတာတုန္း ႏွာဗူးေလးရဲ႕”

ခ်စ္စနိုးနဲ႕ႏွာေခါင္းေလးကိုလက္ညွိုးေကြးေလးနဲ႕ဆြဲမိသည္။ရဲတြတ္ေနတဲ့မ်က္ႏွာေလးမွာ ႏွာရည္တစ္ခ်ိဳ႕ပါေပပြေနတာ။မ႐ြံမိတဲ့အျပင္ အသဲသာယားသြားမိတာသူသာအသိဆုံး။ေဘးခုံေပၚက wet tissues နဲ႕ဖြဖြသုတ္ေပးမိသည္။

Skin Care ေပးတာေကာင္းလြန္းလို႔ ႏုႏုအုအုမ်က္ႏွာေလးက ေရေဘာလုံးေလးလို ဝင္းဝင္းႁမြတ္ႁမြတ္။ထိလိုက္တိုင္းအိက်သြားကာ ထပ္ထိခ်င္မိလာေအာင္လည္း ဆြဲေဆာင္ပါေသးသည္။

အဝတ္ေတြခြၽတ္ေပးၿပီးေတာ့ အတြင္းခံေလးတစ္ထည္သာက်န္ေနသူက ရွက္ေနသလို ငိုထားတာမို႔ ရွိုက္လည္းရွိုက္ေနေလသည္။

ေျခသလုံးသားေဖြးေဖြးထက္ကအနီစင္းေတြက သူ႕ကိုေလွာင္ရယ္ေနသလို။ထိမွန္ခဲ့ဖူးတဲ့က်ည္ဆံေတြကို မ်က္ခုံးမတြန့္ခဲ့ဖူးေပမယ့္ ၾကည့္႐ုံနဲ႕သိသာတဲ့ ျခစ္ရာေလးတစ္ခုက ဘယ္ဘက္ရင္ဘတ္ထဲစူးကနဲ။

သက္ျပင္းတစ္ခ်က္နဲ႕ေမွ်ာခ်မိတဲ့ေဒါသေတြေၾကာင့္ မ်က္ခုံးတန္းေတြက်ဳံ႕ခနဲ။တင္းမာေနတဲ့ႏႈတ္ခမ္းေတြက ေတာက္မခတ္္မိဖို႔ေစ့ထားတာမို႔ lockခ်ထားတဲ့ျပတင္းတံခါးလိုတင္းတင္းၾကပ္ၾကပ္။

သူ႕ကိုခိုးၾကည့္လာတဲ့သူက အိမ္မွခိုးထြက္လာၿပီးလမ္းေပ်ာက္ေနတဲ့ ေၾကာင္ေလးတစ္ေကာင္လိုမ်ိဳး ခ်စ္စဖြယ္ေကာင္းကာသနားဖို႔လည္းေကာင္းၿပီး မ်က္ဝန္းဝိုင္းႀကီးေတြၾကည့္ေနပုံက သူသာစကားေျပာလိုက္ရင္သူ႕ကိုေျခာက္မိသြားမည့္ပုံေလး။

ေရဇလုံတစ္ခုထဲေရသြားထည့္ကာ ပုဝါတစ္ထည္ႏွစ္ၿပီး ေရပတ္တိုက္ေပးေတာ့လည္းၿငိမ္သက္ေနတာပါပဲ။အားလုံးၿပီးေတာ့ အဝတ္စားလဲေပးကာ စိုေနတဲ့အိပ္ယာေတြပါလဲသည္။တိတ္ဆိတ္ေနတဲ့အခန္းထဲ စကားသံေတြလည္းေပ်ာက္ဆုံးေနေလသည္။

ေဆးေသတၱာထုတ္ကာ အနာေပၚလိမ္းေဆးလိမ္းေပးေနတာေတာင္အသံမထြက္လာေသးတာမို႔ သူေမာ့ၾကည့္မိေတာ့ ႏႈတ္ခမ္းေတြကိုတင္းတင္းေစ့ကာ မ်က္လုံးဝိုင္းႀကီးေတြထဲက မ်က္ရည္ဥႀကီးေတြတစ္လိမ့္ခ်င္းက်ေနေသာမ်က္ႏွာေလးကဆီးႀကိဳသည္။

သူ႕မွာထိတ္ထိတ္ျပာျပာျဖစ္သြားၿပီး လက္ထဲကေဆးဗူးပစ္ခ်ကာ မ်က္ႏွာေလးလက္ႏွစ္ဖက္ျဖင့္အုပ္၍လက္မႏွင့္မ်က္ရည္ေတြသုတ္ေပးမိသည္။

“ဘာလို႔ငိုတာလဲငယ္ငယ္ရဲ႕ ေဆးထည့္ေတာ့စပ္လို႔လားဟင္ ကိုကို႔ကိုေျပာေလကြာ အဲ့လိုမငိုပါနဲ႕ကိုကို႔ရင္ဘတ္ေတြနာလို႔”

“အီးးးးးဟီးးးးးးးး”

သူေျပာမွအသံထြက္ငိုလာသူက မ်က္ရည္ေတြပါတေပါက္ေပါက္က်ကာ ရင္ဘတ္ထဲတိုးဝင္လာေလသည္။

“ဘာလို႔လဲကိုကို႔ကိုေျပာ စပ္ရင္မထည့္ေတာ့ဘူးေလေနာ္”

“ကိုကိုကငယ္ငယ့္ကိုစိတ္ဆိုးေနတာ”

“မဟုတ္ပါဘူးကြာ”

“ဟုတ္တယ္ အဟင့္…စကားလည္းမေျပာဘူး”

“ကိုကိုကငယ္ခိုက္မိလို႔ စိတ္မေကာင္းျဖစ္ေနတာပါငယ္ရဲ႕ ငယ့္ကိုစိတ္မဆိုးဘူးေနာ္”

“မဟုတ္ဘူး မ်က္ခုံးႀကီးကိုလည္း ဒီလိုဒီလိုလုပ္ထားေသးတယ္ အင့္”

ေျပာရင္းရင္ခြင္ထဲမွထြက္ကာ သူ႕လိုမ်က္ေမွာင္ႀကဳံ႕ျပလာတာမို႔ သူ႕မွာရယ္ရခက္ငိုရခက္။

“ကိုကိုတကယ္ကိုစိတ္မဆိုးပါဘူးကြာေနာ္ မငိုနဲ႕ေတာ့”

“ဆိုးတယ္ဆိုးတယ္ ခါတိုင္းတုန္းကေတာ့ သူမ်ားတားေနရင္ေတာင္အတင္းနမ္းေနၿပီးေတာ့ ခုေဆးထည့္ေပးလို႔စပ္ေနတာကိုသိရက္သားနဲ႕ ေလနဲ႕လည္းမမႈတ္ေပးဘူး”

သူေခါင္းခါၿပီးရယ္ပစ္လိုက္မိသည္။ခါတိုင္းညခင္းအိပ္ယာထဲကကိစၥေလးေတြလုပ္တိုင္း သူျငင္းသမွ်ဆန့္က်င္ၿပီး ေျခသလုံးသားေလးေတြကိုနမ္းေနက်မိဳ႕ အခုေဆးထည့္ေပးရင္းမမႈတ္ေပးတာကို သူဝမ္းနည္းေနတာေပါ့။

“ဟုတ္ၿပီေနာ္ကိုကိုကေဆးလိမ္းေပးၿပီး ေလေလးနဲ႕ပါမႈတ္ေပးမယ္ေနာ္”

ေျပာရင္း ျခစ္ရာအစင္းေၾကာင္းေလးထက္ ေလဖြဖြေလးမႈတ္ေပးကာ ေမာ့ၾကည့္မိေတာ့ မ်က္ေစာင္းထိုးလာေလသည္။

ခက္သည္။အရႈံးမေပးတတ္သူက သူေလးကိုအနိုင္မယူနိုင္တာခက္သည္။အၿမဲတမ္းလူတကာရဲ႕အထက္စီးမွာေနတတ္သူက သူ႕ေျခရင္းဝပ္တြားခ်င္ေနတာလည္းခက္သည္။ဘယ္တုန္းကမွမႏူးညံ့တတ္ခဲ့သူက သူေလးအေပၚမၾကမ္းတမ္းနိုင္တာလည္းသိပ္ခက္ပါသည္။

…………………..

“ပ်ိဳးပင္ေတြတအားစုံတယ္ေနာ္ ကိုယ္ကဒီေဒသရဲ႕ရာသီဥတု၊ေရ၊ေျမနဲ႕လိုက္ဖက္မဲ့အပင္ေလးေတြပဲရွိတယ္ထင္ေနတာ “

Horizonအေျပာကို ေခါင္းသာညိတ္ျပတဲ့တိမ္ေငြ႕ကခပ္ေခ်ေခ်ပါပဲ။Geoက မသိခ်င္ေယာင္ေဆာင္ကာဟိုၾကည့္ဒီၾကည့္။ကိုစက္ရိပ္ကေတာ့ ထင္းရႉးပင္ေပါက္ေလးေတြနားမွာသာတဝဲလည္လည္။

ကိုCeanအိမ္ကိုမသြားျဖစ္ေတာ့တာ လက္ထပ္ၿပီးသြားကတည္းက။သူတို႔ကိုလျခမ္းကေၾကာက္ေနမွန္းသိသာေနတာမို႔ အလိုက္တသိမသြားဘဲေနျဖစ္သည္။

တကယ္ကိုယ္ထိလက္ေရာက္အနိုင္က်င့္တဲ့သူကိုက်ေတာ့ တကိုကိုတည္းကိုကိုေနၿပီးေတာ့ စကားေတာင္ေကာင္းေကာင္းမေျပာဖူးတဲ့သူကိုက်ေတာ့ ေတြ႕တိုင္းသူ႕လူေနာက္ဝင္ပုန္းတတ္တယ္တဲ့။စဥ္းစားလို႔ကိုမရဘူး။

ႏြေဦးေပါက္ေတာ့မွာမို႔ ခရီးသြားရာသီေရာက္ၿပီလို႔ေျပာရမည္။တစ္ႏွစ္ပတ္လုံးစာအနားယူခ်င္တာမို႔ Geoေရာက္ေနသည့္Sျပည္နယ္ကိုသာေ႐ြးခ်ယ္ျဖစ္သည္။

ကိုCeanကအလုပ္မၿပီးျပတ္ေသးတာၾကာင့္ ေနာက္ရက္မွေရာက္မည္ျဖစ္သလို ကိုေက်ာက္စက္လည္းအတူလိုက္လာမည္ေျပာသည္။ကိုCeanေကာင္းမႈအေၾကာင္းျပဳၿပီးသူ႕အိမ္ေပၚမၾကာခဏတက္လာတတ္တဲ့ Playboyေလးေရာအတူတူပါလာမတဲ့။

ေတာင္ေပၚေလညွင္းေတြကၿမိဳ႕ျပထက္ပိုလတ္ဆတ္၍ထင္သည္။လာသမွ်လူတိုင္း အၿပဳံးကိုယ္စီႏွင့္။ေတာေတာင္စိမ္းစိမ္းၾကား ေဖာ္ေ႐ြမႈေတြမစိမ္းကားတတ္တာ တိုင္းရင္းသားတို႔သဘာဝ။

ဖ်တ္ခနဲရလိုက္တဲ့ရနံ႕တစ္ခုေၾကာင့္ ထင္ရႉးတန္းဘက္ေျခဦးလွည့္မိသည္။လွည့္ထြက္ခါနီးေက်ာျပင္ေလးက သူ႕ကိုျမင္မွေျခစုံခ်သည္။

“ထင္ရႉးရနံ႕ေလးကေကာင္းတယ္ေနာ္အစ္ကို”

“အင္း”

“ကြၽန္ေတာ့ၿခံထဲမွာထင္းရႉးပင္ေတြ ေတာ္ေတာ္ျပည့္ေနေပမယ့္ ထပ္ေတြ႕ရင္ထပ္လိုခ်င္ေနတုန္းပဲ ကြၽန္ေတာ္လက္ထပ္ရင္ ဒီတစ္ျပည္နယ္လုံးလက္ဖြဲ႕ဖို႔ ကိုCeanကိုပူဆာမိေတာ့မယ္ထင္တယ္ဗ်”

“အဲ့ေလာက္လိုလို႔လား”

မ်က္မွန္ေအာက္ကမ်က္ဝန္းေလးေတြ သိပ္မေပ်ာ္႐ႊင္ဟန္။မ်က္ခုံးေတြပါတြန့္ထားတာမို႔ စိတ္မေပ်ာ္မွန္းသိသာေစသည္။

“ဒါေပါ့ဗ် ကြၽန္ေတာ္တို႔ညီအစ္ကိုေတြက Daddyေသြးပါတယ္ ကိုယ္သေဘာက်တဲ့အရာကိုကိုယ့္တစ္ေယာက္ကလြဲရင္ တစ္ျခားသူကိုမၾကည့္ေစခ်င္ေလာက္ေအာင္ထိပိုင္ဆိုင္လိုစိတ္ႀကီးတယ္ဗ်”

“ခုေျပာေနတာနဲ႕ဘာဆိုင္လို႔လဲ”

“ဆိုင္တယ္ေလဗ်ာ ကိုCeanကလျခမ္းကိုသေဘာက်ေတာ့ သူနဲ႕သက္ဆိုင္တဲ့စံပယ္ေတြ သူ႕တစ္ဦးတည္းအတြက္အပိုင္အျဖစ္သတ္မွတ္ပစ္တာၾကည့္ေလ Daddyတုန္းကလည္း တစ္နိုင္ငံလုံးရွိသမွ်ႏွင္းဆီနီေတြသူ႕ၿခံထဲမွာပဲရွိေစခဲ့တာ Daddyတုန္းကတိုင္းသိျပည္သိမဟုတ္ခဲ့လို႔သာ ဘယ္သူမွသိပ္မသိလိုက္တာ ႏွင္းဆီနီရနံ႕ကေမ့ေမ့အပိုင္ေလ ခုကြၽန္ေတာ္လည္းအဲ့လိုပဲျဖစ္မယ္ထင္တယ္”

“မင္းသေဘာက်တဲ့လူမွာ မင္းႀကိဳက္တဲ့ရနံ႕ရွိအုံးမွေလ”

“အို႔ ကြၽန္ေတာ္ကေတာ့ကြၽန္ေတာ့ ဆ႒မအာ႐ုံကိုယုံတယ္ အဲ့ဒီရနံ႕ရွိတဲ့သူကကြၽန္ေတာ့္လက္တြဲေဖာ္ပဲျဖစ္ရမယ္”

“ဘဝင္႐ူး”

ေျပာကာလွည့္ထြက္သြားသူေနာက္မလိုက္ျဖစ္ခဲ့။မ်က္ဝန္းတို႔မွိတ္လို႔သာ ရနံ႕တို႔ကိုရႉသြင္းလိုက္သည္။ေအးျမတဲ့အေငြ႕အသက္ထဲ ဒီရနံ႕ေလးရွိမွျပည့္စုံတာ။

.,………………..

“ကိုကို အဲ့ဘက္သြားမွာလို႔”

“ေပြ႕သြားမယ္ေျပာေတာ့လက္မခံဘူးမလား”

“အရင္ကလည္းသြားေနက်ပဲဟာ သြားနိုင္တယ္လို႔”

“အရင္တုန္းကေပြ႕ေပးမယ့္လူမရွိလို႔ကိုယ့္ဘာသာသြားရတာ အခုငယ့္အိမ္ေထာင္ဦးစီးကေပြ႕ေပးနိုင္တယ္ေလ”

“သူမ်ားေတြကရယ္လိမ့္မယ္”

“ေျပာ…ဘယ္သူရယ္ရဲလဲ”

လင္မယားခ်င္းခ်စ္ၾကည္ႏူးရင္း သူတို႔အုပ္စုဘက္လွည့္လာတာမို႔ အားလုံးေတာင္ၾကည့္ေျမာက္ၾကည့္အၾကည့္လႊဲကုန္သည္။

ျဖစ္ပုံကေတာင္ေပၚတက္ႏွင့္ၿပီျဖစ္ေသာ စိုင္းတိမ္ေငြ႕တို႔အဖြဲ႕ေနာက္ကို လျခမ္းကလိုက္ခ်င္သည္။ဒါကို ေျခေထာက္ေညာင္းမွာစိုးသည့္သူ႕အိမ္ေထာင္ဦးစီးကေပြ႕ေခၚခ်င္သည္။ဟိုတစ္ေယာက္ကလည္း သူတို႔ကိုရွက္လို႔အေပြ႕မခံ။အျဖစ္သည္းေနၾကတာမ်ား။

ရည္းစားမရွိသည့္သက္ေတာ္ေစာင့္အဖြဲ႕က ငိုခ်င္ေနၿပီ။ေက်ာက္စက္ကေနာက္လွည့္ကာ ခိုးရယ္ေနသလို ေနာင္းညိုကေတာ့စိတ္ကုန္ေနတဲ့မ်က္ႏွာေပးနဲ႕။

“အဲ့တာဆို…. အဲ့တာဆိုေက်ာပိုးမလား”

တိုးတိုးေလးေျပာလာတဲ့လျခမ္းစကားကို ဟိုကဆင္ေျခေပးကာျငင္းသည္။

“မ်က္ႏွာမျမင္ရရင္မတက္နိုင္ေလာက္ဘူး အေမာမေျပဘူး”

သူပဲေပြ႕တက္မယ္ သူပဲေမာတယ္နဲ႕ အမ်ိဳးမ်ိဳး တစ္ရာ့ကိုးဆယ္ျဖစ္ေနသူကို ေနာင္းညိုေျပာဖို႔ပါးစပ္ျပင္ေနေတာ့ ေက်ာက္စက္ကဆြဲထားရသည္။

“ကဲ အေပြ႕ခံလိုက္စမ္းပါလျခမ္းရာ ငါစိတ္ေတြေလလြန္းလို႔”

သူတို႔ကိုအားနာစြာနဲ႕ဘဲ လျခမ္းမွာသူ႕သေဘာအတိုင္းအေပြ႕ခံလိုက္ရသည္။မွိုရသြားသည့္မ်က္ႏွာႀကီးက ျဖတ္အုပ္ခ်င္စရာ။ငရဲႀကီး မွာေၾကာက္တာထက္ သက္ေတာ္ေစာင့္ေတြေၾကာက္ေနလို႔သာ။

အနိုင္က်င့္တာကေတာ့မေျပာင္းလဲ။က်င့္ပုံက်င့္နည္းကြာသြား႐ုံေလးတင္။အရင္ကကိုယ္ထိလက္ေရာက္နာက်င္ေအာင္အနိုင္က်င့္သည္။ယခုေတာ့စကားအရာနဲ႕ လက္မခံမခ်င္းအနိုင္က်င့္သည္။

လမ္းတစ္ေလွ်ာက္တိုးတိုးတိုးတိုးေျပာေနတာလည္းရပ္မသြား။အားလုံးကပဲအလိုက္တသိ ေနာက္ခပ္လွမ္းလွမ္းမွလိုက္ခဲ့ရသည္။ခဏခဏငုံ႕နမ္းေနတာကိုမသိခ်င္ေယာင္ေဆာင္ေပးကာ ေတာင္ေျမာက္ၾကည့္ရင္း ခလုတ္တိုက္ၾကတာလည္းအခါခါပါပဲ။အရင္ကလျခမ္းကိုပဲဒုကၡေပးတာ အခုတစ္ေလာကလုံးကိုဒုကၡေပးေနတာ။

ေတာင္ထိပ္မွာေရာက္ႏွင့္သူေတြက ထိုအတြဲရဲ႕အကဲပိုမႈကိုျမင္ေတာ့လုပ္လက္စေတြရပ္ကာမတ္တပ္ႀကီး ေတြေမ့ကုန္သည္။ကမၻာလုံးဆိုင္ရာမ်က္ႏွာေျပာင္ဆုံးဆုရထားသူက လူအားလုံးေရွ႕ပိုင္ဆိုင္မႈေလးကိုငုံ႕ေတာင္နမ္းလိုက္ပါေသးသည္။

စိုင္းတိမ္ေငြ႕ကမျမင္ခ်င္ေယာင္ေဆာင္ရင္း သူငယ္ခ်င္းျဖစ္သူကိုေခၚကာေနရာျပင္ေပးသည္။ထိုအခါမွေအာက္ကိုခ်ေပးလာသူက ထိုင္ခုံေပၚသိုးေမႊးပါခင္းေပးလာေလသည္။

မယုံသက္ာအၾကည့္ေတြရမွ ႐ုပ္တည္ႀကီးနဲ႕ေျဖရွင္းခ်က္ေပးလာတာက သစ္သားခုံမို႔လို႔မာလြန္းလို႔ပါတဲ့။ပိုလြန္းလို႔ ေတာင္ေအာက္ပါလႊင့္ပစ္ခ်င္ေနၾကတာ မသိတာလား မသိခ်င္ေယာင္ပဲေဆာင္ေနတာလားမေသခ်ာ။

သူငယ္ခ်င္းေတြႏွင့္ ေပ်ာ္ေနသူကိုထားခဲ့ၿပီး ညီအစ္ကိုသုံးေယာက္ခပ္လွမ္းလွမ္းမွာရပ္မိၾကသည္။သိပ္မေဝးတာမို႔ၾကားေနရတဲ့ရယ္သံတစ္ခ်ိဳ႕က လူတိုင္းအတြက္ အၾကည္ဓာတ္ေလးေတြ။

“Geo”

“ဗ်ာ”

ျပန္ထူးလာေပမယ့္ အၾကည့္တို႔ကဟိုတစ္ေယာက္ဆီကမခြာ။မသိရင္ မျမင္ရတဲ့စူပါဂလူးကေလထုၾကားကေန သူတို႔ၾကားဆြဲကပ္ထားသလိုမ်ိဳး။

“မင္း စိုင္းတိမ္ေငြ႕ျပာကိုႀကိဳက္ေနတာလား”

“ကိုCean သိသြားၿပီေပါ့”

ေခါင္းငုံ႕ကာရယ္လိုက္သူက ပုံမွန္အရာတစ္ခုလိုသာ ျပန္ေျဖလာေလသည္။

“အခုအဆင္ေျပေနၿပီလား”

“ကိုCean ေက်းဇူးနဲ႕တိုးတက္လာပါၿပီ”

မ်က္ေမွာင္ႀကဳံ႕ကာသတိရမိသြားတာက ဟိုတစ္ခါသူေျပာဖူးတဲ့အေၾကာင္းေတြ

“အရင္ေျပာေနက်တစ္ေယာက္ကသူလား”

“ဟုတ္တယ္ ဟိုအရင္ကေနအခုထိ ကြၽန္ေတာ့မွာသူတစ္ေယာက္တည္းရွိတာ”

“ေျပာေတာ့မင္းႀကိဳက္တဲ့တစ္ေယာက္မွာေကာင္ေလးရွိတယ္ဆို”

မ်က္ခုံးပင့္လို႔ၾကည့္လာတာက လာေနာက္ေနတာလားဆိုတဲ့မ်က္ႏွာေပး

“ကိုCean မခန့္မွန္းမိဘူးလို႔ေတာ့မေျပာနဲ႕ေနာ္”

“က်စ္”

“တစ္ဖက္သတ္ပါဗ်ာ အခြင့္ေရးရွိရင္ေတာင္ေရွ႕ဆက္မတိုးမဲ့ တစ္ဖက္သတ္အခ်စ္မ်ိဳးပါ
ကိုCeanယုံမယုံမသိေပမယ့္ တစ္ခ်ိဳ႕လူေတြက ရယူပိုင္ဆိုင္ဖို႔ဆိုတဲ့အတၱကင္းၾကတယ္ဗ်

“ငါကဘာကိုယုံရမွာလဲ”

“ျမင္ေတြ႕ေနရတာပဲမလားဗ်ာ သူသာပိုင္ဆိုင္ခ်င္ရင္ အခြင့္အေရး100%အရွိဆုံးလူကသူပဲဗ် လျခမ္းအယုံၾကည္ဆုံးလူ၊လျခမ္းအတြယ္တာဆုံးလူ၊လျခမ္းအားအကိုးဆုံးလူ၊လျခမ္းနားမွာအၿမဲတမ္းရွိေနနိုင္တဲ့လူ အဲ့တာသူတစ္ေယာက္ တည္းပဲရွိတာ”

“အခုေကာ သူ႕စိတ္ထဲမွာရွိေနေသးလား”

“လြတ္လပ္ေနတုန္းကေတာင္ေရွ႕ဆက္မတိုးတာ အခုသူမ်ားအပိုင္ဆိုတဲ့စည္းေတာင္တားထားၿပီးၿပီေလဗ်ာ သူအဲ့ေလာက္ထိမ႐ူးမိုက္ပါဘူး”

“ဘာပဲျဖစ္ျဖစ္သူ႕ကိုရေအာင္လိုက္ လိုအပ္တဲ့အရာမွန္သမွ်ငါ့ကိုေျပာ”

“ကိုCeanမေျပာရင္ေတာင္ကြၽန္ေတာ္ကသူ႕ကိုပိုင္ခြင့္ရခ်င္ေနတာပါဗ်ာ သူ႕စိတ္နဲ႕ခႏၶာအားလုံးကြၽန္ေတာ့္အပိုင္ျဖစ္ဖို႔ကြၽန္ေတာ္ႀကိဳးစားမွာ ကိုCeanပေယာဂမပါဘူး”

“ဘယ္လိုေနေနငါ့ပိုင္ဆိုင္မႈေလးကို စိတ္ထဲမရွိေတာ့ရင္ရၿပီ”

လက္ထဲကေကာ္ဖီခြက္ကိုေမာ့ေသာက္ပစ္ကာ ပိုင္ဆိုင္မႈေလးကိုေငးရသည္။ခြက္ဝင္ေနတဲ့ပါးခ်ိဳင့္ေတြၾကား သူ႕အသက္ရႉသံေတြေမ်ာပါသြားတာမို႔ အသက္ရႉရတာအမွားမွားအယြင္းယြင္း။

လွမ္းၾကည့္လာတဲ့မ်က္ဝန္းတစ္စုံက မ်က္ဝန္းအိမ္မွာမ်ိဳးေစ့ခ်တာဆိုေပမယ့္ ရင္ခုန္ႏႈန္းေတြအေညွာင့္ထြက္လာတာက ႏွလုံးအိမ္မွာျဖစ္ၿပီး ႀကီးထြားလာတဲ့အခ်စ္ေတြကရင္ဘတ္တစ္ခုလုံးပ်ံ့ႏွံ႕လို႔ ေသြးေၾကာတိုင္းမွာအျမစ္တြယ္ပါသည္။ရင္ခုန္သံေတြရပ္တန့္ၿပီး အသက္ေသသြားမွသာ ညွိုးႏြမ္းပ်က္စီးသြားမဲ့အခ်စ္သစ္ပင္ေလး……

################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၃, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၃, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၃ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၃ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၃ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၃ light novel, ,

Comment

Leave a Reply

Chapter 34