Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၄

A+ A-

ရေစီးသံတိုးတိုးကြား လေညှင်းကခပ်သဲ့သဲ့မျောပါသည်။ကျေးငှက်လေးတွေပါတေးသီတော့ တောတောင်အလှကပိုအသက်ဝင်စွာ။တောပန်းရနံ့တွေပါမွှေးပျံ့နေတာမို့ အရာရာဟာသုခဘုံတစ်ခုသဖွယ်။

ငယ်ငယ်ကရှူခင်းတွေကိုသဘောတကျငေးသလို သူကတော့ပိုင်ဆိုင်မှုလေးကိုရင်ခွင်ထဲထည့်ကာ သဘောတကျငုံ့ငေးသည်။ကိုယ်မြတ်နိုးမိတဲ့အရာဟာ ကိုယ့်မြင်ကွင်းထဲအလှပဆုံးပဲမဟုတ်လား။

မနက်ဖြန်ပြန်ဖြစ်မည်မို့ ယနေ့အားလုံးစုကာရေတံခွန်ရှိရာ ​ပျော်ပွဲစားထွက်ဖြစ်သည်။Horizonဆေးရုံကလူတွေရောမို့ လူအင်အားမနည်း။အရင်နေ့တွေတုန်းက ကိုယ့်အုပ်စုနှင့်ကိုယ်ခွဲလည်ကြပေမယ့် ဒီနေ့တော့အားလုံးအတူစုမိကြသည်။

အားလုံးပျော်ရွှင်နေတုန်း ရောက်လာသည့်လူတစ်ယောက်ကြောင့် မီးကိုရေနှင့်ညှိမ်းသတ်လိုက်သလိုတိကနဲ။ဥပဓိရုပ်ကောင်းကောင်း အသားဖြူဖြူအရပ်မြင့်မြင့်နှင့်လူက သပ်သပ်ရပ်ရပ်ဝတ်ထားတာမို့ အညတရတော့မဖြစ်နိုင်။အသက်ခြောက်ဆယ်ကျော်ဝန်းကျင်မို့ တည်ငြိမ်သည့်အသွင်လည်း ပေါက်လေသည်။

အသိတွေမဟုတ်သော်ငြား ကိုယ်တွေဆီဦးတည်လာနေတာမို့မျက်နှာမလွှဲနိုင်။အမှန်အတိုင်းပြောရရင် ထိုပုဂ္ဂိုလ်ရဲ့အရှိန်အဝါကိုက မျက်နှာမလွှဲနိုင်အောင်ပြုစားထားတာ။

“အဲ့တာအကြားအမြင်ရပုဂ္ဂိုလ်လေ သူနဲ့ရေစက်ရှိတဲ့လူတွေကိုပဲစကားပြောတာ လူတိုင်းနဲ့စကားမပြောဘူး တွေ့ချင်တိုင်းလည်းမတွေ့ရဘူး”

တိမ်ငွေ့စကားမို့ အားလုံးဟာသမလုပ်ရဲ။သူ့မွေးရပ်မြေဖြစ်တဲ့အပြင် အမြဲတည်ငြိမ်နေသူရဲ့စကားမို့အားလုံးကခေါင်းညိတ်လက်ခံမိသည်။

အနားရောက်လာသူကို တိမ်ငွေ့ကပင်ဆီးကြိုနှုတ်ဆက်လေသည်။

“ကိစ္စတစ်ခုခုရှိလို့လား ဘဘ”

“ဒီလူတွေထဲမှာ ရေစက်ရှိတဲ့လူတွေပါလို့ ရောက်လာခဲ့တာ သတိပေးစရာလေးတွေရှိလို့”

“ဘယ်သူတွေလဲ”

စပ်စုနေသူတွေက အားလုံးနားစွင့်နေကြလေသည်။

“အရင်ဆုံးဒီကလေး မင်းရဲ့ကံကြမ္မာကိုအရင်ပြောမယ်”

ဆောင်းစက်ရိပ်ခိုကိုလက်ညှိုးညွှန်ကာပြောလာတာမို့ ကာယကံရှင်ကျောကမတ်ခနဲ။သူ့ရင်ခွင်ထဲကပိုင်ဆိုင်မှုလေး တစ်ချက်တုန်သွားတာသိသိသာသာမို့ ကျောပြင်လေးအသာပုတ်ကာ နားထင်ထက်နှုတ်ခမ်းလေးနှင့်ဖိကပ်မိသည်။

“ကျွန်တော့်ကံကြမ္မာ”

“မင်းဒီနှစ်အတွင်းကံကြမ္မာအကြီးအကျယ်ပြောင်းလဲလိမ့်မယ် အထူးသဖြင့်အိမ်ထောင်ရေး မင်းမှာကိုယ်ပိုင်မိသားစုရှိလာလိမ့်မယ်”

“ကျွန်တော်ကလက်ထပ်ပြီးလို့ အခုကလေးတစ်ယောက်ပါရှိပါတယ်”

စက်ရိပ်စကားအဆုံး ပြုံးရင်းခေါင်းရမ်းလိုက်သူက ဘာမှဆက်ပြောမလာ။စက်ရိပ်ကသာ ခေါင်းငုံ့ချသွားတာ။နောက်ထပ်အကြည့်တို့ဦးတည်ရာတွေဖြန့်ကျက်သွားပြီး ငယ်ငယ့်ဆီအရောက်ရပ်တန့်သွားလေသည်။

လန့်နေတဲ့ကလေးက တောင့်ခနဲဖြစ်သွားတာကြောင့် ပိုတင်းကြပ်စွာဖက်ပစ်မိသည်။

“ကလေး မင်းစိတ်ထဲမှာရှိတဲ့ရှုပ်ထွေးမှုတွေ ဝေခွဲမရမှုတွေကိုသိနေတာမလို့ အဆင်မပြေတဲ့အချိန်စိတ်ထဲမှာတောင့်တလိုက် အရောက်လာခဲ့မှာမို့ဘာမှမကြောက်ပါနဲ့ ဖြစ်ချိန်တန်လို့ ဖြစ်ရမဲ့ကံပါလာတာမို့လို့ ရှောင်လွှဲဖို့မကြိုးစားပါနဲ့ ကလေးပင်ပန်းနေမယ် နောက်ပြီးလူတစ်ယောက်ကိုယုံစားပြီး ပိုက်ဆံ၁၅၀၀ကိုဘယ်တော့မှမပေးမိစေနဲ့ ၁၅၀၀ဆိုတာအချစ်ရဲ့သကေ်တ ကလေးရဲ့အချစ်ရေးကိုတစ်ခြားသူလက်ထဲမှာပြောင်းလဲခွင့်မပေးလိုက်မိစေနဲ့”

ပြောရင်းလှည့်ထွက်သွားကာ ထူးဆန်းတဲ့လေထုကိုသာချန်ရစ်ခဲ့သည်။ခဏကြာမှအားလုံးဘာမှမဖြစ်သလိုဟန်ဆောင်ရင်း ဟာသတွေပြောဖြစ်ကြတာမို့ လေထုကပြန်လည်အသက်ဝင်လာလေသည်။

“တိမ်ငွေ့အဲ့လူကြီးကမင်းအသိလား”

“မဟုတ်ဘူး တစ်ခါတစ်ရံမှပေါ်လာတတ်တာ ဘယ်သူလဲဘယ်မှာနေလဲဘယ်သူမှမသိကြဘူး”

“အဲ့တာဆိုမင်းကဘယ်လိုလုပ်သိတာလဲ”

“ကြားဖူးနားဝတွေရှိသလို တစ်ခါလည်းတွေ့ဖူးလို့”

“မင်းကိုရောစကားပြောဖူးလား”

“အင်း”

“ဘာအကြောင်းလဲ”

စပ်စုနေသူကိုGeoအမြင်ကပ်စွာတားဆီးလိုက်မိသည်။သူတောင်မမေးတာကိုအဲ့လူကဘာတွေလာသိချင်နေတာလဲမသိ။

“တော်တော့…တော်တော့ သူများအတွင်းရေးတွေကို လျှောက်လျှောက်မမေးနဲ့ ပြန်ကြရအောင် ညနေရေချိုးပြီးရင်သောက်ကြအုံးမှာမလား”

ထိုအခါမှလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကာ ပစ္စည်းတွေသိမ်းကြလေသည်။ယနေ့ညကနောက်ဆုံးမလို့ သောက်ဖို့သဘောတူထားကြတာမို့ အားလုံးတက်ကြွနေကြတာ။

အရိပ်တွေအုံ့ဆိုင်းနေမှုကြောင့် နေဝင်ချိန်ကိုကြည့်ခွင့်မရလိုက်။နေဝင်လည်းစောသည်မို့ အမှောင်ထုကလျှင်မြန်စွာချည်းကပ်လာလေသည်။

သူပိုင်သည့် Resortမှာပဲအားလုံးတည်းခိုကြသည်မို့ လူစုဖို့အတွက်မခက်ခဲ။သူ့အိမ်ထောင်ဖက်လေး သဘောကျတဲ့ပြည်နယ်မို့ Resortတစ်ခုဝယ်ယူပေးထားတာသူလေးနံမည်နှင့်။သီးသန့် ဘန်ဂလိုလေးတွေနှင့်မို့ ပိုလွတ်လပ်လေသည်။

သူတို့နှစ်ယောက်အတွက်နေရာကတော့ ပြောစရာမလိုလောက်အောင်အပြည့်အစုံ။သီးသန့်နေရာလေးမှာ စံအိမ်လှလှလေးဆောက်လုပ်ထားတာ။အိမ်​ထောင်ဖက်လေးကို သဲသဲကဲကဲမို့ သုံးသည့်ပစ္စည်းတွေကအစဝန်ထမ်းတွေကဂရုတစိုက်ထည့်ပေးထားကြလေသည်။

ရေမိုးချိုးကာအဝတ်တွေဝတ်ပေးပြီးသည်အထိ သူ့ပိုင်ဆိုင်မှုလေးကတိတ်ဆိတ်နေတာ။မေးတစ်ခွန်းဖြေတစ်ခွန်းလောက်ပြောနေသူက ခါတိုင်းဆိုချွဲနေကျမို့သူနေရတာသိပ်အဆင်မပြေ။ညနေဟိုလူထူးဆန်းကိုမြင်ကတည်းကဖြစ်သွားတာ။

ကွင်းပြင်ကြီးမှာလူစုံနေမှ သူ့လူလေးကိုခေါ်ထုတ်သွားဖြစ်သည်။အသက်ပြည့်ပြီးသားသူတွေချည်းမို့ အအေးခွက်တွေမပါ။Omegaဆိုလို့သူ့ငယ်ငယ်တစ်ယောက်တည်းသာပါသည့်အပြင် အနားမှာသူရောရှိနေတာမို့အားလုံး ဘီယာနှင့်ဝိုင်သာယူလာကြတာ။

“ငယ်ငယ်သောက်ကြည့်ချင်လား”

နည်းနည်းပါးပါးဝင်အောင်တိုက်ပြီး စိတ်မကြည်သည့်အကြောင်း အစ်အောက်မေးရမည်မို့ အကြံနှင့်တိုက်မိသည့်ဝိုင်တွေ။အူရိုင်းလေးကဝိုင်လောက်နှင့်မူးနိုင်သည်မို့ သူတို့တွေလိုအပြင်းစားမပေးဖြစ်။

“သောက်လို့ရလား”

“နည်းနည်းပေးသောက်မယ်”

“သောက်မယ်”

အရောင်လေးကိုသဘောတကျငေးတတ်တာဟိုးအရင်ကတည်းကသိပေမယ့် သူလေးမသက်မသာဖြစ်မှာစိုး၍ သူပေးမသောက်ဖြစ်ခဲ့။သူ့သူငယ်ချင်းတွေကမြင်ပေမယ့် သူလေးစိတ်မကြည်တာသိနေတာမို့ မမြင်ချင်ယောင်သာဆောင်နေကျလေသည်။

“ကောင်းလား”

“မကောင်းဘူး”

တစ်ငုံသောက်ပြီး မျက်နှာလေးရှုံ့မဲ့သွားတာကအသည်းယားစရာ။

“ဒါပေမယ့်သောက်မှာ”

“မကြိုက်ရင်မသောက်နဲ့တော့လေငယ်ရဲ့”

“ဗိုက်ထဲရောက်တော့ကောင်းသွားတယ်လေ”

“ဟားဟားဟား ငယ့်သဘောပါကွာ ရွှတ်”

သဘောတကျရယ်ပြီး နှဖူးလေးကိုနမ်းမိပြန်သည်။ကြည့်မိတိုင်းနမ်းချင်လာအောင်အထိ သူဟာရူးရူးမူးမူး။

“ကျွန်တော့်အထင်ဒီနှစ်ရေကြီးလောက်တယ်ဗျ”

ဆရာဝန်တစ်ယောက်၏အပြောကို Horizonကဝင်ထောက်သည်။

“ဘာလို့လဲ”

“အကြီးဆုံးရေခဲတောင်ကြီး အရည်ပျော်သွားလို့လေ”

သူ့ဘက်မေးငေါ့ပြကာစလာတာမို့ အားလုံးရယ်လိုက်ကြသလိုသူလည်းပြုံးမိသွားသည်။

“ဟားဟား ဟုတ်တယ် အဲ့တာမှန်တယ်”

“ဖြစ်နိုင်တယ်ဗျား”

ဘေးလူတွေရဲ့စကားကိုသူပြုံးရုံသာပြုံးလိုက်ပေမယ့် ဘေးကပိုင်ဆိုင်မှုလေးကတော့နားမလည်ဟန် မော့ကြည့်လာလေသည်။

“ကိုကို့”

“ဗျာ”

“ငယ်ငယ်လည်းကြည့်ချင်တယ်”

“ဘာကိုလဲ”

“ရေခဲတောင်ကြီးအရည်ပျော်တာ”

“ဟားဟားဟား… ငယ်ကတော့ကွာ”

ရယ်မောတိုင်းသာအသက်ရှည်မယ်ဆိုရင် ကိုယ့်အသက်ကိုငယ်ပိုင်တာပေါ့။သူရယ်နေတော့ မော့ကြည့်နေရင်းမျက်မှောင်လေးကျုံ့သွားလေသည်။

“မရယ်နဲ့”

“အွန်း…မရယ်တော့ဘူး”

“လိုက်ပို့မှာလား”

“ငယ်နေ့တိုင်းမြင်နေရတာပဲဟာ ဘယ်ကိုသွားကြည့်မလို့လဲ”

“မလိမ်ပါနဲ့”

“အတည်ပြောတာလေဗျာ”

“အဲ့ကိုကိုက ချစ်ဖို့လည်းမကောင်းဘူး”

ပြောရင်းကျောပေးသွားတာချာခနဲ။ဝိုင်လေးတစ်ခွက်သောက်ပြီးမူးသွားတဲ့ အမူးသမားလေးရယ်ပါ။

“ပြောပြမယ် ပြောပြမယ်”

မျက်နှာချင်းဆိုင်အောင်အထိပြန်ဆွဲလှည့်ပစ်တာမို့ နှစ်ယောက်ကြားနီးနီးကပ်ကပ်။

“သူတို့ပြောတဲ့ရေခဲတောင်ကြီးကကိုကိုလေ အရင်တုန်းကအရမ်းတွေအေးစက်နေလို့ရေခဲတောင်ကြီးလို့တင်စားတာ အခုငယ်ငယ်နဲ့တွေ့မှအရမ်းတွေချစ်ပြနေလို့ အရည်ပျော်သွားပြီလို့ပြောတာ”

“အော်”

သိချင်တာသိပြီးသွားတော့ အာရုံကသူ့ဆီ
မရှိတော့။အမြည်းမှန်သမျှလိုက်နှိုက်ချင်သူက ဝိုင်နှင့်တွဲစားပါသတဲ့။ချစ်ဖို့ကောင်းတဲ့အမူးသမားလေးကို ဘယ်သူမှစေ့စေ့မကြည့်ရဲ။သူ့နေမင်းအသေးစားလေးအတွက်ပဲအရည်ပျော်တဲ့ ရေခဲတောင်ကြီးရှိနေတာကိုး။

“ကိုကို့”

“ဟွန်”

“ပုဇွန်”

ခါးကအင်္ကျီစလေးကိုဆွဲကာပြောလာတာက ပုဇွန်စားချင်လို့ပါတဲ့။အကြည့်တွေကိုတော့ ပန်းကန်ဆီမှမလွှဲ။

“OKဗျာ”

အင်္ကျီလက်တွေတံတောင်ဆစ်ထိခေါက်တင်လို့  သူ့ပန်းကန်ဆီလက်လှမ်းကာယူတော့အသံလေးကညံခနဲ

“ကိုကို အဲ့အကောင်မဟုတ်ဘူး သူကသေးသေးလေး ကြီးတဲ့အကောင်စားမှာ”

စားပွဲတစ်ခုလုံးခိုးရယ်ကြပေမယ့် သူကတော့ အသည်းယားစွာပါးလေးကိုသာနမ်းပစ်မိသည်။အသားကြီးငါးကြီးမကြိုက်တဲ့သူက ပုဇွန်တော့အရမ်းကြိုက်တာ။ခွာပေးမယ့်သူရှိရင်ပေါ့လေ။

“ဟုတ်ပါပြီဗျာ”

အကြီးဆုံးအကောင်ကိုဆယ်ယူပြီး သူ့အတွက်ခွာပေးနေတော့ အကြည့်တွေကသူ့လက်ဆီမှာ။ခွာပြီးပါးစပ်ထဲအထိထည့်ပေးတော့ သဘောတကျအပြုံးတွေကလမိုက်ညမှာလင်းခနဲ။

အားကျသလိုအကြည့်တွေကြား သူ့မေးကိုမော့ထားမိပုံက ဒေါင်းတစ်ကောင်အမြီးဖြန့်နေသလို။ဟုတ်တယ် အဲ့လိုချစ်ဖို့ကောင်းတဲ့သူလေးကသူ့ပိုင်ဆိုင်မှုလေး။

စားကြသောက်ကြစကားပြောကြရင်း ည၁၀နာရီထိုးသွားလေသည်။တောင်ပေါ်ဆောင်းညရဲ့အအေးဓာတ်က တွေးထားတာထက်ပိုသည်။သွေးပူအောင်သောက်ထားတဲ့ အရည်တစ်ချို့က အအေးကိုတော့အံမတုနိုင်။

“ကိုစက်ရိပ်အရမ်းမူးနေပြီထင်တယ်”

စားပွဲပေါ်ခေါင်းစိုက်နေတဲ့ဆောင်းစက်ရိပ်ခိုက တကယ်ကိုအမူးလွန်နေပုံရသည်။

“ဟုတ်လောက်တယ် ရောက်ကတည်းကသောက်နေတာ”

“ကိုယ့်ဘေးကအခန်းမှာထားလိုက်မယ် ပြန်ခေါ်သွားမနေနဲ့တော့”

Horizonစကားကိုလက်ခံစွာ စိုင်းတိမ်ငွေ့ကနှုတ်ဆက်ကာပြန်ဖို့ပြင်သည်။

“ငွေ့ ကိုယ့်ကိုစောင့်အုံး”

နောက်ကနေပြေးလိုက်ကာ ပုခုံးဖက်လိုက်သည့်ညီဖြစ်သူကိုကြည့်ရင်း သူပြုံးလိုက်မိသည်။သူ့ညီကိုယုံပြီးသား။

Horizonကမူးနေတဲ့စက်ရိပ်ကိုပခုံးမှတွဲကာခေါ်တော့ အရပ်ချင်းမတိမ်းမယိမ်းမို့မနိုင်ချင်။ဘေးကသူငယ်ချင်းတစ်ယောက်ပါကူတွဲပေးရလေသည်။

သူကတော့ အိမ်သူသက်ထားအမူးသမားလေးကိုပွေ့ကာပြန်ရမည်။

“ကိုကို”

“ဗျာ”

“ကျောပိုး”

လက်လေးနှစ်ဖက်ဘေးကားကာ သူ့ကျောပေါ်လိုက်ချင်တာတဲ့။

“သဘောပါဗျာ”

သူလေးရှေ့ထိုင်ချလိုက်တော့ ကျောပေါ်အိကနဲရောက်လာတဲ့အိကျိကျိလေး။လည်ပင်းကိုမြဲနေအောင်ဖက်ထားတာကြောင့် လည်ပင်းအစ်နေသော်လည်းမတားမိ။ပျော်မယ်ဆိုအရာရာသူ့သဘော။

အခန်းထဲအရောက်နွေးထွေးစေဖို့ အိပ်ယာပေါတင်မည်ပြုတော့ ခါးကိုခြေထောက်တွေနှင့်အသေချိတ်ထားလေသည်။

“ကိုကို့ ဆင်းဘူး”

“အင်းအင်း မဆင်းခိုင်းတော့ဘူး”

“ကိုကိုလမ်းလျှောက်”

“ဟုတ်ပြီဗျာ”

အမူးပါးလေးဟာလေ ကိုကိုလို့ခေါ်ရင်ခိုင်းစားလို့ရတာကိုတော့မမေ့ဘူး။အခန်းထဲပတ်လျှောက်တော့အလိုမကျပုံ လှုပ်ခါလာလေသည်။

“ပန်းတွေကြားလမ်းလျှောက်”

“Okဗျာ”

မှန်တံခါးကိုဖွင့်လို့ လေသာဆောင်ဘက်ထွက်ခဲ့ရသည်။သူ့အကြိုက်စိုက်ပျိုးထားတဲ့ပန်းမျိုးစုံက ညလေသွဲ့သွဲ့မှာယဲ့ယဲ့လေးမွှေးသည်။

“ငယ်ငယ်”

“ဗျာ”

ထူးပုံလေးက ချစ်စဖွယ်။

“ငယ်ငယ်ဝမ်းနည်းနေတာလား”

“………….”

“ကိုကို့ကိုပြောပြလေ ငယ်ပြောပြမှကိုကိုကသိမှာပေါ့”

ကျောပြင်ပေါ်မျက်နှာကပ်သွားပြီး အတော်ကြာမှထွက်လာတဲ့စကားကတိုးဖွဖွရယ်။

“ငယ်ငယ်ကြောက်တယ်”

“ဘာကိုလဲ”

“အသတ်ခံရမှာကြောက်တယ်”

“ပေါက်ကရတွေကွာ ကိုကိုရှိနေတာငယ့်ကိုဘယ်သူကထိရဲမှာမလို့လဲ”

“ကိုကိုလေ …ငယ်ငယ့်ကိုသတ်မဲ့သူကကိုကို”

“မဟုတ်တာတွေလျှောက်မပြောရဘူးလေကလေးရဲ့”

ခဏငြိမ်သက်သွားပြီး အသံလေးထပ်ထွက်လာပြန်သည်။

“ကိုကို ငယ်ငယ့်နံမည်အရင်းကိုသိလား”

“ကိုကို့အမျိုးသားလေးနံမည်က လခြမ်းငယ်ငယ်ပါတဲ့ဗျ”

“မဟုတ်ဘူးကိုကိုရဲ့ ငယ်ငယ့်နံမည်အရင်းက ပင်ဝါးရုံငယ်တဲ့”

“ဘာလို့ပြောင်းလိုက်တာလဲ”

“အွန် မပြောင်းပါဘူး ငယ်ငယ်ကလခြမ်းငယ်ငယ်ဖြစ်သွားတာ ဝတ္ထုထဲကလခြမ်းငယ်ငယ်ဖြစ်သွားတာ “

အမူးလွန်ပြီးပြောချင်ရာပြောနေတာကို အလိုက်သင့်လေးသာစကားထောက်ပေးမိသည်။

“ဘာဝတ္ထုလဲ”

“ခေါင်းစဥ်မရှိဘူး”

“ဝတ္ထုနံမည်ကလဲ”

“ဟုတ်ဖူးလေ စာအုပ်မှာနံမည်မရှိဘူးလို့ ငယ်ငယ့်ကိုဗေဒင်ဆရာကပေးလိုက်တာ ငယ်ငယ်ဖတ်ပြီးညအိပ်လိုက်တာ မနက်ကျတော့လခြမ်းငယ်ငယ်ဖြစ်သွားတာ”

“ကလေးလေးတော်တော်မူးနေပြီ”

“ငယ်ငယ်မမူးဘူး”

​ပြောရင်း ကျောပြင်ထက်တစ်ချက်ရိုက်လာသေးသည်။

“အွန်းဟုတ်တယ်မမူးဘူး နောက်ဆိုပုံပြင်တွေလျှောက်မဖတ်ရဘူးနော်”

“ကိုကိုနားထောင်ချင်လား”

“ဘာကိုလဲ”

“ငယ်ငယ့်အကြောင်းပြောပြမယ်”

“မဟုတ်တာတွေဆိုမပြောရဘူးနော်”

“ကိုကိုကငယ်ငယ့်ကိုမယုံဘူးလား”

“ယုံပါတယ်ကွာ တစ်လောကလုံးမှာကိုယ်ယုံတာငယ်ငယ်တစ်ယောက်တည်း ကလေးလေးကလိမ်မပြောတတ်ဘူးလေ”

“ယုံရင်ပြောပြမယ်”

“ဟုတ်ပြီပြော”

စဥ်းစားနေသလိုခဏရပ်သွားပြီး နည်းနည်းကြာမှအသံလေးပြန်ထွက်လာလေသည်။

“ငယ်ငယ့်နံမည်အရင်းကပင်ဝါးရုံငယ်တဲ့ ငယ်ငယ့်မှာဖေဖေလည်းရှိတယ် မေမေလည်းရှိတယ် ဖေဖေကအစိုးရဝန်ထမ်းစည်းကမ်းကြီးတယ် မေမေကအပင်လေးတွေစိုက်ရတာဝါသနာပါတယ် ​ချည်လည်းထိုးတတ်တယ် ငယ်ငယ့်ကိုလည်းသင်ပေးတယ် ငယ်ငယ်ကပန်းချီတွေဆွဲတယ် “

“အွန်း”

“ဖေဖေကစည်းကမ်းကြီးတယ်ဆိုပေမယ့် ငယ်ငယ့်ကိုအရမ်းချစ်တာ အိမ်အပြင်တွေပေးမထွက်တာကလည်းစိတ်မချလို့လေ ငယ်ငယ်ကစီးကရက်နဲ့ဓာတ်မတည့်ဘူးလေကိုကိုရဲ့ တစ်ခါဖြစ်ဖူးတယ် သူငယ်ချင်းနဲ့လျှောက်လည်ရင်းစီးကရက်ငွေ့တွေရှူမိပြီးဆေးရုံရောက်သွားရတာလေ အစကအဲ့လောက်ပြင်းထန်မယ်မှန်းမသိခဲ့ဘူး အဲ့တစ်ကြိမ်ဖြစ်ပြီးသွားတော့ဖေဖေကလန့်သွားတာ အမှန်တကယ်ကလေ စီးကရက်နဲ့ဓာတ်မတည့်တာလခြမ်းငယ်ငယ်မဟုတ်ဘူးကိုကိုရဲ့ပင်ဝါးရုံငယ်”

“………….”

“အဲ့နေ့ကမိုးတွေအုံ့နေတာ ငယ်ငယ်ကပဲနို့သောက်ချင်လို့လမ်းထိပ်ဆိုင်မှာသွားဝယ်တာ အပြန်မှာ ဗေဒင်ဆရာဦးလေးကြီးနဲ့တွေ့တယ် သူကပြောတယ်ဗေဒင်ကြည့်ပေးမယ် ၁၅၀၀ပေးတဲ့ အဲ့တာနဲ့ငယ်ငယ်လည်းသနားလို့ကြည့်လိုက်တယ်”

ညနေကပုဂ္ဂိုလ်ပြောတဲ့အထဲ ထို၁၅၀၀အကြောင်းပါတာမို့ သူစိတ်ဝင်စားမိသွားရသည်။ငယ်ငယ်ကအဲ့တာကြောင့်မပျော်နေတာလား။

“သူကဘာအကြောင်းဟောတာလဲ”

“အချစ်ကြောင်းလေ ငယ်ငယ်ကလေးဘဝကတည်းကကြားနေကျအကြောင်း”

“ပြောပါအုံး ကိုကိုနဲ့ဆုံမယ်တဲ့လား”

“ဟုတ်ဘူး ငယ်ငယ်ကချစ်ခွင့်မရှိဘူးတဲ့ ချစ်မိရင်သူ့ကြောင့်သေမယ် ငယ်ငယ့်ကိုချစ်ရင် ငယ်ငယ့်ကြောင့်သူသေမှာတဲ့ “

“ပေါက်​ပေါက်ရှာရှာ ကလေးကယုံတာပဲလား”

ဒေါသစိတ်လေးဘရိတ်အုပ်လို့ အမူးသမားလေးကိုမဆူနိုင်ခဲ့။

“ယုံတယ်”

“နောက်ဆိုမယုံရဘူး”

“ယုံ​မှာ”

“ကလေးကကွာ”

“ငယ်ငယ်လေးကတည်းက တွေ့တဲ့ဗေဒင်ဆရာတိုင်းကပြောတယ် မယုံလို့မရဘူး”

“သူတို့တွေကဘာမှသိတာမဟုတ်ဘူး လျှောက်ပြောနေတာ လူတိုင်းရဲ့ဘဝရှေ့ရေးကိုကြိုသိနေရအောင် သူတို့ကတန်ခိုးရှင်တွေမှမဟုတ်တာ”

“လျှောက်မပြောဘူးလို့”

ခေါင်းကိုဖတ်ကနဲရိုက်ကာ ဆောင့်အောင့်ပြောလာတာမို့ အလိုက်သင့်လေးသာ စကားဖာရသည်။

“ဟုတ်ပြီဟုတ်ပြီ ငယ်ပြောတာအမှန်”

“ကိုကိုကရွဲ့တာလား”

“မဟုတ်ပါဘူးကွာ”

သူ့အဖြေပြီးတော့ ကျောပြင်ထက်မျက်နှာလေးပြန်အပ်လေသည်။

“ကိုကို့ကို ဝတ္ထုအကြောင်းပြောပြမယ်လေ”

“အွန်းပြော”

ပြောရင်းခဏငြိမ်သက်သွားတာမို့ အိပ်ပျော်သွားပြီထင်ပြီး အထဲဝင်ဖို့ပြင်တော့

“မှတ်မိပြီ”

“အွန်း”

“အဲ့ထဲကဇာတ်လိုက်က အရမ်းအင်အားကြီးတာလေ သူ့မှာညီနှစ်ယောက်ရှိတယ် တစ်ယောက်ကအတော်ဆုံးဆရာဝန် တစ်ယောက်ကHacker”

ကိုယ့်အကြောင်းတွေဆိုတာသိပေမယ့် ရင်ထဲတစ်မျိုးဖြစ်လာတာဘာကြောင့်ရယ်မသိ။

“…………”

“သူကအချစ်အကြောင်းမသိဘူး အရမ်းတွေအေးစက်နေတာ သူသဘောကျတဲ့လူကိုမတွေ့ခင်အထိလေ “

“သူသဘောကျတာကဘယ်သူလဲ”

“ဇာတ်လိုက်Omegaလေးလေ”

“ဪ”

“သူသဘောကျတဲ့သူကဆရာဝန်လေး အရမ်းလည်းသန်မာသေးတယ် မြို့တော်မှာအလှဆုံးလေးတဲ့ သူတို့ကတွေ့တွေ့ချင်းမကြိုက်ကြဘူးကိုကိုရဲ့ အဲ့လူကြီးကချစ်လို့ချစ်မှန်းမသိခဲ့လို့လေ”

“အဲ့လူကတော်တော်တုံးတာနော်”

“ဟုတ်တယ် ပြီးတော့အဲ့လူကြီးနဲ့သူ့ကောင်လေးက ဖယ်ရိုမုန်းချင်းမကိုက်ညီကြဘူး ဒါပေမယ့်လေ အဲ့လူကြီးကသူ့ကောင်လေးကိုအရမ်းချစ်တာ သူနဲ့ဖယ်ရိုမုန်းအပြည့်အဝကိုက်ညီတဲ့ဗီလိန်လေးကိုတောင်သတ်ပစ်တဲ့အထိလေ”

“ဘာဆိုင်လို့လဲ”

“ဗီလိန်မလို့ပေါ့ကိုကိုရဲ့ ဗီလိန်တွေကဘာလုပ်လုပ်မှားနေတာပဲလေ သူတို့ကဇာတ်လိုက်သတ်ဖို့ပါလာတဲ့ အပိုသက်သက်ဇာတ်ကောင်လေးပဲ
သူတို့ရဲ့ဖြစ်တည်မှုကိုကမှားယွင်းမှုပဲ ဥပမာ တူညီတဲ့လုပ်ရပ်တစ်ခုကိုဇာတ်လိုက်လုပ်တဲ့အခါ မလွှဲသာလို့လို့ခေါင်းစဥ်တပ်ပေမယ့် ဗီလိန်လုပ်တဲ့အခါလုပ်ချင်လို့လို့ခေါင်းစဥ်တပ်ကြတယ်”

ရင်ထဲမှာစုထားတဲ့စကားတွေမို့ထင်သည် မူးနေတဲ့အချိန်မှာတောင် ခံစားချက်အပြည့်နဲ့ထုတ်ပြောလာနိုင်တာ။

“အဲ့တော့ဗီလိန်လေးကဘာလို့အသတ်ခံလိုက်ရတာလဲ”

“သူ့ကိုသဘောကျမိသွားလို့ ပြီးတော့ဖယ်ရိုမုန်းတွေအပြည့်အဝကိုက်ညီနေလို့”

“………….”

“သူ့ကိုဘယ်လိုသတ်လိုက်လဲသိလား”

“ဟင့်အင်း”

“အဲ့လူကြီးကအရမ်းရက်စက်တာကိုကိုရဲ့ သူ့မိတ်ဆွေနှစ်ယောက်ကိုခေါ်ပြီး အဲ့ကောင်လေးကို သူ့ရှေ့မှာတင်ဖျက်ဆီးခိုင်းခဲ့တာ သူကဝိုင်တစ်ခွက်ကိုင်ပြီးထိုင်ကြည့်နေခဲ့တာ အရမ်းရက်စက်တယ်မလား အားနည်းတဲ့OmegaလေးကိုAlphaနှစ်ယောက် နဲ့Rapeခိုင်းခဲ့တာလေ ကောင်လေးကသူ့ကိုသဘောကျမိလို့တဲ့”

ရှေ့ဆက်လှမ်းမိတဲ့ခြေလှမ်းတွေဟာ ခဲဆွဲထားသလိုမျိုး။သူ့အမျိုးသားရဲ့ကိုယ်လုံးလေးကလေးမနေသလို သူလည်းမူးမနေတာသေချာပါရဲ့နဲ့။

“အဲ့အခြေနေနဲ့ကောင်လေးကိုသူကမသနားတဲ့အပြင်ဘာထပ်လုပ်ခဲ့လည်းသိလား”

“……………….”

“သူနဲ့ကိုက်ညီတဲ့ဖယ်ရိုမုန်းတွေကိုသူသိပ်မုန်းလို့တဲ့ Glandကိုအစိမ်းသက်သက်ခွဲထုတ်ပစ်တာလေ သူ့ညီပိုင်တဲ့ဆေးရုံမှာညီဖြစ်သူလက်နဲ့ခွဲထုတ်တာကိုဘေးမှာသွေးအေးအေးနဲ့စောင့်ကြည့်နေခဲ့တာ ကောင်လေးဘယ်လောက်နာကျင်နေမလဲနော် သူသေခါနီးအချိန် အဲ့လူကိုချစ်မိလို့နောင်တရနေမှာပဲ”

“……………..”

“ခွဲစိတ်မပြီးခင် သေသွားတဲ့ကောင်လေးကို အမှိုက်တစ်စလိုအမှိုက်ပုံမှာလွှင့်ပစ်ခဲ့တာ သူ့မျက်လုံးထဲမှာအဲ့ကောင်လေးကအမှိုက်တစ်စပဲတဲ့ သူ့သူငယ်ချင်းတွေကိုတောင်အလွတ်မပေးခဲ့ဘူးလေ တစ်ယောက်ကထောင်ကျသွားပြီး တစ်ယောက်ကသူ့ညီလက်နဲ့​သေသွားခဲ့ရတာ ပြောကြည့်အဲ့လူကြီးကကြောက်စရာကောင်းတယ်မို့လားကိုကို”

ဂုတ်ပိုးထက်ပူနွေးမှုဟာ သူလေးရဲ့မျက်ရည်တွေမှန်းသူသိသည်။မျက်ရည်တွေကသိပ်မပူပေမယ့် အသားထဲစိမ့်ဝင်ကာနှလုံးသားကိုအက်စစ်ထဲထည့်ဖျော်ခံထားရသလို။

“ဒါပေါ့”

“သူတို့နံမည်တွေကိုသိလား”

“မသိချင်ဘူး”

“အဲ့လူကြီးနံမည်က သမုဒ္ဒရာတဲ့ Omega လေးက မုတ်သုံလေညှင်း ဗီလိန်လေးက လခြမ်းင..”

“တော်တော့ငယ်ငယ် အိပ်ရအောင် “

မူးနေတဲ့သူတွေဟာအမှန်တရားကိုပဲထုတ်ပြောတတ်ပါသတဲ့။အလုံးစုံယုံကြည်မိခြင်းရဲ့နောက်မှာ သူဟာကူကယ်ရာမဲ့။မသိစိတ်ထဲမှာသူသိနေတာက ဒါတွေဟာအမှန်တရားတွေဆိုတဲ့စိတ်။

“ငယ်ငယ်ရောက်ခါစက ကိုကို့ကိုတကယ်ရှောင်နေခဲ့တာပါ ကိုကို့ကိုပထမဆုံးစတွေ့တော့ ကိုကို့အင်္ကျီပေါ်စတော်ဘယ်ရီတွေမှောက်ချခဲ့မိတာလေ အဲ့တာတကယ်မတော်တဆပါ ပြီးတော့ကိုကိုနဲ့တွေ့ပြီးတိုင်း ငယ်ငယ်အဲ့အိမ်မက်ဆိုးကြီးကိုမက်တယ် အစစ်အမှန်လိုပဲ ခွဲစိတ်ခံရတဲ့နာကျင်မှု လွှင့်ပစ်ခံရတဲ့သိမ်ငယ်မှု ပြီးတော့Rape…”

“တော်တော့ငယ်ငယ် ထပ်ပြောရင်ကိုကိုကအိပ်ယာပေါ်မှာအနိုင်ကျင့်ပစ်မှာ”

မှန်မကြည့်ပေမယ့် သူ့မျက်ဝန်းတွေနီရဲနေမှာ အသေအချာ။စဥ်းစားကြည့်ရုံနဲ့အသက်ရှူမဝတာမို့ မပြုလုပ်ခဲ့တဲ့အပြစ်တွေကိုတောင် သူအပြစ်မကင်းလိုခံစားရပါသည်။

“ဆိုးလိုက်တာ ကိုကို့ကိုမချစ်ချင်ပေမယ့် ကလေးတော့တကယ်ချစ်တတ်တာ ငယ်ငယ်သားလေးလိုချင်တယ်သမီးလေးလည်းလိုချင်တယ် ကလေးလေးတွေရဲ့ဖေဖေတကယ်ဖြစ်ချင်တာ”

“ကိုကိုကြိုးစားပေးမယ်”

“အွန်း ကိုကို့ကိုယုံတယ် ဘာလို့လဲသိလား”

“ဟင့်အင်း”

“ကိုကိုကအရမ်းတော်တာမလို့ပေါ့ ပြီးတော့ငယ်ငယ်လေကိုကို့နားရောက်လာပြီးကတည်းက အဲ့အိမ်မက်ဆိုးကြီးကိုထပ်မမက်တော့ဘူး ငယ်ငယ်သိပ်မကြောက်တော့ဘူးဆိုပေမယ့်လေ ကိုကိုကတော့အများကြီးပိုချစ်ပေးရမယ်နော်”

“ဒါပေါ့ အများကြီးပိုချစ်ပေးမှာ အဲ့အရာတွေကအိမ်မက်ဆိုးတွေသက်သက်ပါငယ်ရဲ့ မကြောက်ရဘူးနော် ဘယ်တော့မှအဲ့လိုဖြစ်မလာဘူး ဘာလို့လဲဆိုတော့ကိုကိုကငယ့်ကိုအသက်ထက်ကိုချစ်တာ”

“အွန်းအိပ်ချင်ပြီ ကိုကို ငယ်အိပ်မပျော်မချင်း အိပ်ယာပေါ်မပို့နဲ့နော် ကိုကို့ကျောပေါ်ပဲနေမှာ”

“ဟုတ်ပါပြီ ကလေးလေးသဘော”

ခြေလှမ်းတွေဖွဖွနင်းလို့ ဘယ်ပြန်ညာပြန်လျှောက်မိသည်။ပြောခဲ့တဲ့အကြောင်းအရာတွေကြောင့် သူ့စိတ်အခြေကသိပ်ကောင်းမနေ။

အရာရာကိုဆက်စပ်ကြည့်ရင်သူလေးပြောတာအမှန်တွေချည်းဖြစ်ရမည်။ညီဖြစ်သူကိုကြောက်သည့်အကြောင်းအရင်းကိုသိလိုက်ရတာမို့ သူ့ရင်ထဲမှာမချိမဆန့်။

Horizonနှင့်ပထမတစ်ခါတွေ့ဆုံမှုမှာ shockရသွားခဲ့သလို သူပိုင်သည့်ဆေးရုံမှဆင်းဖို့အသည်းအသန်ဖြစ်နေရခြင်းအကြောင်းအရင်းတွေ။သူ့ကိုအသည်းအသန်ရှောင်နေမှန်းသိသာပါရက်နဲ့ သူ့စိတ်ကိုအမှောင်ဖုံးခံထားရသလိုအထင်တွေလွဲမှားစွာ ပေးမိတဲ့ဒဏ်ရာတွေ။

တကယ်ပဲသူဟာအခြားသူလက်ထဲပုံသွင်းခံထားရသည့်ဇာတ်ကောင်သာသာပဲလား။ဘယ်တော့မှအဲ့လိုအဖြစ်မခံဘူး။ကံကြမ္မာတွေချမှတ်ခံထားရရင်တောင် ငယ်ငယ့်ကိုပိုင်ဆိုင်ရဖို့ဆိုရင် စည်းမျည်းတွေပါချိုးဖောက်ပစ်မည်။

အိပ်ပျော်သွားသူကိုသွားမသိပ်မိဘဲ ရင်ခွင်ထဲပြောင်းပွေ့ထားမိတာ အာရုဏ်တက်ချိန်အထိ။လွင့်ထွက်နေတဲ့စိတ်တွေဟာဘယ်ဆီထိခရီးဆက်နေသည်မသိ…….

###################

ငြိမ်း🌻🌞

ေရစီးသံတိုးတိုးၾကား ေလညွင္းကခပ္သဲ့သဲ့ေမ်ာပါသည္။ေက်းငွက္ေလးေတြပါေတးသီေတာ့ ေတာေတာင္အလွကပိုအသက္ဝင္စြာ။ေတာပန္းရနံ႕ေတြပါေမႊးပ်ံ့ေနတာမို႔ အရာရာဟာသုခဘုံတစ္ခုသဖြယ္။

ငယ္ငယ္ကရႉခင္းေတြကိုသေဘာတက်ေငးသလို သူကေတာ့ပိုင္ဆိုင္မႈေလးကိုရင္ခြင္ထဲထည့္ကာ သေဘာတက်ငဳံ႕ေငးသည္။ကိုယ္ျမတ္နိုးမိတဲ့အရာဟာ ကိုယ့္ျမင္ကြင္းထဲအလွပဆုံးပဲမဟုတ္လား။

မနက္ျဖန္ျပန္ျဖစ္မည္မို႔ ယေန႕အားလုံးစုကာေရတံခြန္ရွိရာ ေပ်ာ္ပြဲစားထြက္ျဖစ္သည္။Horizonေဆး႐ုံကလူေတြေရာမို႔ လူအင္အားမနည္း။အရင္ေန႕ေတြတုန္းက ကိုယ့္အုပ္စုႏွင့္ကိုယ္ ခြဲလည္ၾကေပမယ့္ ဒီေန႕ေတာ့အားလုံးအတူစုမိၾကသည္။

အားလုံးေပ်ာ္႐ႊင္ေနတုန္း ေရာက္လာသည့္လူတစ္ေယာက္ေၾကာင့္ မီးကိုေရႏွင့္ညွိမ္းသတ္လိုက္သလိုတိကနဲ။ဥပဓိ႐ုပ္ေကာင္းေကာင္း အသားျဖဴျဖဴအရပ္ျမင့္ျမင့္ႏွင့္လူက သပ္သပ္ရပ္ရပ္ဝတ္ထားတာမို႔ အညတရေတာ့မျဖစ္နိုင္။အသက္ေျခာက္ဆယ္ေက်ာ္ဝန္းက်င္မို႔ တည္ၿငိမ္သည့္အသြင္လည္း ေပါက္ေလသည္။

အသိေတြမဟုတ္ေသာ္ျငား ကိုယ္ေတြဆီဦးတည္လာေနတာမို႔ မ်က္ႏွာမလႊဲနိုင္။အမွန္အတိုင္းေျပာရရင္ ထိုပုဂၢိုလ္ရဲ႕အရွိန္အဝါကိုက မ်က္ႏွာမလႊဲနိုင္ေအာင္ျပဳစားထားတာ။

“အဲ့တာအၾကားအျမင္ရပုဂၢိုလ္ေလ သူနဲ႕ေရစက္ရွိတဲ့လူေတြကိုပဲစကားေျပာတာ လူတိုင္းနဲ႕စကားမေျပာဘူး ေတြ႕ခ်င္တိုင္းလည္းမေတြ႕ရဘူး”

တိမ္ေငြ႕စကားမို႔ အားလုံးဟာသမလုပ္ရဲ။သူ႕ေမြးရပ္ေျမျဖစ္တဲ့အျပင္ အၿမဲတည္ၿငိမ္ေနသူရဲ႕စကားမို႔အားလုံးကေခါင္းညိတ္လက္ခံမိသည္။

အနားေရာက္လာသူကို တိမ္ေငြ႕ကပင္ဆီးႀကိဳႏႈတ္ဆက္ေလသည္။

“ကိစၥတစ္ခုခုရွိလို႔လား ဘဘ”

“ဒီလူေတြထဲမွာ ေရစက္ရွိတဲ့လူေတြပါလို႔ ေရာက္လာခဲ့တာ သတိေပးစရာေလးေတြရွိလို႔”

“ဘယ္သူေတြလဲ”

စပ္စုေနသူေတြက အားလုံးနားစြင့္ေနၾကေလသည္။

“အရင္ဆုံးဒီကေလး မင္းရဲ႕ကံၾကမၼာကိုအရင္ေျပာမယ္”

ေဆာင္းစက္ရိပ္ခိုကိုလက္ညွိုးၫႊန္ကာေျပာလာတာမို႔ ကာယကံရွင္ေက်ာကမတ္ခနဲ။သူ႕ရင္ခြင္ထဲကပိုင္ဆိုင္မႈေလး တစ္ခ်က္တုန္သြားတာသိသိသာသာမို႔ ေက်ာျပင္ေလးအသာပုတ္ကာ နားထင္ထက္ႏႈတ္ခမ္းေလးႏွင့္ဖိကပ္မိသည္။

“ကြၽန္ေတာ့္ကံၾကမၼာ”

“မင္းဒီႏွစ္အတြင္းကံၾကမၼာအႀကီးအက်ယ္ေျပာင္းလဲလိမ့္မယ္ အထူးသျဖင့္အိမ္ေထာင္ေရး မင္းမွာကိုယ္ပိုင္မိသားစုရွိလာလိမ့္မယ္”

“ကြၽန္ေတာ္ကလက္ထပ္ၿပီးလို႔ အခုကေလးတစ္ေယာက္ပါရွိပါတယ္”

စက္ရိပ္စကားအဆုံး ၿပဳံးရင္းေခါင္းရမ္းလိုက္သူက ဘာမွဆက္ေျပာမလာ။စက္ရိပ္ကသာ ေခါင္းငုံ႕ခ်သြားတာ။ေနာက္ထပ္အၾကည့္တို႔ဦးတည္ရာေတြျဖန့္က်က္သြားၿပီး ငယ္ငယ့္ဆီအေရာက္ရပ္တန့္သြားေလသည္။

လန့္ေနတဲ့ကေလးက ေတာင့္ခနဲျဖစ္သြားတာေၾကာင့္ ပိုတင္းၾကပ္စြာဖက္ပစ္မိသည္။

“ကေလး မင္းစိတ္ထဲမွာရွိတဲ့ရႈပ္ေထြးမႈေတြ ေဝခြဲမရမႈေတြကိုသိေနတာမလို႔ အဆင္မေျပတဲ့အခ်ိန္စိတ္ထဲမွာေတာင့္တလိုက္ အေရာက္လာခဲ့မွာမို႔ဘာမွမေၾကာက္ပါနဲ႕ ျဖစ္ခ်ိန္တန္လို႔ ျဖစ္ရမဲ့ကံပါလာတာမို႔လို႔ ေရွာင္လႊဲဖို႔မႀကိဳးစားပါနဲ႕ ကေလးပင္ပန္းေနမယ္ ေနာက္ၿပီးလူတစ္ေယာက္ကိုယုံစားၿပီး ပိုက္ဆံ၁၅၀၀ကိုဘယ္ေတာ့မွမေပးမိေစနဲ႕ ၁၅၀၀ဆိုတာအခ်စ္ရဲ႕သေက္တ ကေလးရဲ႕အခ်စ္ေရးကိုတစ္ျခားသူလက္ထဲမွာေျပာင္းလဲခြင့္မေပးလိုက္မိေစနဲ႕”

ေျပာရင္းလွည့္ထြက္သြားကာ ထူးဆန္းတဲ့ေလထုကိုသာခ်န္ရစ္ခဲ့သည္။ခဏၾကာမွအားလုံးဘာမွမျဖစ္သလိုဟန္ေဆာင္ရင္း ဟာသေတြေျပာျဖစ္ၾကတာမို႔ ေလထုကျပန္လည္အသက္ဝင္လာေလသည္။

“တိမ္ေငြ႕အဲ့လူႀကီးကမင္းအသိလား”

“မဟုတ္ဘူး တစ္ခါတစ္ရံမွေပၚလာတတ္တာ ဘယ္သူလဲဘယ္မွာေနလဲဘယ္သူမွမသိၾကဘူး”

“အဲ့တာဆိုမင္းကဘယ္လိုလုပ္သိတာလဲ”

“ၾကားဖူးနားဝေတြရွိသလို တစ္ခါလည္းေတြ႕ဖူးလို႔”

“မင္းကိုေရာစကားေျပာဖူးလား”

“အင္း”

“ဘာအေၾကာင္းလဲ”

စပ္စုေနသူကိုGeoအျမင္ကပ္စြာတားဆီးလိုက္မိသည္။သူေတာင္မေမးတာကိုအဲ့လူကဘာေတြလာသိခ်င္ေနတာလဲမသိ။

“ေတာ္ေတာ့…ေတာ္ေတာ့ သူမ်ားအတြင္းေရးေတြကို ေလွ်ာက္ေလွ်ာက္မေမးနဲ႕ ျပန္ၾကရေအာင္ ညေနေရခ်ိဳးၿပီးရင္ေသာက္ၾကအုံးမွာမလား”

ထိုအခါမွလႈပ္လႈပ္ရွားရွားျဖစ္ကုန္ကာ ပစၥည္းေတြသိမ္းၾကေလသည္။ယေန႕ညကေနာက္ဆုံးမလို႔ ေသာက္ဖို႔သေဘာတူထားၾကတာမို႔ အားလုံးတက္ႂကြေနၾကတာ။

အရိပ္ေတြအုံ႕ဆိုင္းေနမႈေၾကာင့္ ေနဝင္ခ်ိန္ကိုၾကည့္ခြင့္မရလိုက္။ေနဝင္လည္းေစာသည္မို႔ အေမွာင္ထုကလွ်င္ျမန္စြာခ်ည္းကပ္လာေလသည္။

သူပိုင္သည့္ Resortမွာပဲအားလုံးတည္းခိုၾကသည္မို႔ လူစုဖို႔အတြက္မခက္ခဲ။သူ႕အိမ္ေထာင္ဖက္ေလး သေဘာက်တဲ့ျပည္နယ္မို႔ Resortတစ္ခုဝယ္ယူေပးထားတာသူေလးနံမည္ႏွင့္။သီးသန့္ ဘန္ဂလိုေလးေတြႏွင့္မို႔ ပိုလြတ္လပ္ေလသည္။

သူတို႔ႏွစ္ေယာက္အတြက္ေနရာကေတာ့ ေျပာစရာမလိုေလာက္ေအာင္အျပည့္အစုံ။သီးသန့္ေနရာေလးမွာ စံအိမ္လွလွေလးေဆာက္လုပ္ထားတာ။ အိမ္ေထာင္ဖက္ေလးကို သဲသဲကဲကဲမို႔ သုံးသည့္ပစၥည္းေတြကအစဝန္ထမ္းေတြကဂ႐ုတစိုက္ထည့္ေပးထားၾကေလသည္။

ေရမိုးခ်ိဳးကာအဝတ္ေတြဝတ္ေပးၿပီးသည္အထိ သူ႕ပိုင္ဆိုင္မႈေလးကတိတ္ဆိတ္ေနတာ။ေမးတစ္ခြန္းေျဖတစ္ခြန္းေလာက္ေျပာေနသူက ခါတိုင္းဆိုခြၽဲေနက်မိဳ႕ သူေနရတာသိပ္အဆင္မေျပ။ညေနဟိုလူထူးဆန္းကိုျမင္ကတည္းကျဖစ္သြားတာ။

ကြင္းျပင္ႀကီးမွာလူစုံေနမွ သူ႕လူေလးကိုေခၚထုတ္သြားျဖစ္သည္။အသက္ျပည့္ၿပီးသားသူေတြခ်ည္းမို႔ အေအးခြက္ေတြမပါ။Omegaဆိုလို႔သူ႕ငယ္ငယ္တစ္ေယာက္တည္းသာပါသည့္အျပင္ အနားမွာသူေရာရွိေနတာမို႔အားလုံး ဘီယာႏွင့္ဝိုင္သာယူလာၾကတာ။

“ငယ္ငယ္ေသာက္ၾကည့္ခ်င္လား”

နည္းနည္းပါးပါးဝင္ေအာင္တိုက္ၿပီး စိတ္မၾကည္သည့္အေၾကာင္း အစ္ေအာက္ေမးရမည္မို႔ အႀကံႏွင့္တိုက္မိသည့္ ဝိုင္ေတြ။အူရိုင္းေလးကဝိုင္ေလာက္ႏွင့္မူးနိုင္သည္မို႔ သူတို႔ေတြလိုအျပင္းစားမေပးျဖစ္။

“ေသာက္လို႔ရလား”

“နည္းနည္းေပးေသာက္မယ္”

“ေသာက္မယ္”

အေရာင္ေလးကိုသေဘာတက်ေငးတတ္တာဟိုးအရင္ကတည္းကသိေပမယ့္ သူေလးမသက္မသာျဖစ္မွာစိုး၍ သူေပးမေသာက္ျဖစ္ခဲ့။သူ႕သူငယ္ခ်င္းေတြကျမင္ေပမယ့္ သူေလးစိတ္မၾကည္တာသိေနတာမို႔ မျမင္ခ်င္ေယာင္သာေဆာင္ေနက်ေလသည္။

“ေကာင္းလား”

“မေကာင္းဘူး”

တစ္ငုံေသာက္ၿပီး မ်က္ႏွာေလးရႈံ႕မဲ့သြားတာက အသည္းယားစရာ။

“ဒါေပမယ့္ေသာက္မွာ”

“မႀကိဳက္ရင္မေသာက္နဲ႕ေတာ့ေလငယ္ရဲ႕”

“ဗိုက္ထဲေရာက္ေတာ့ေကာင္းသြားတယ္ေလ”

“ဟားဟားဟား ငယ့္သေဘာပါကြာ ႐ႊတ္”

သေဘာတက်ရယ္ၿပီး ႏွဖူးေလးကိုနမ္းမိျပန္သည္။ၾကည့္မိတိုင္းနမ္းခ်င္လာေအာင္အထိ သူဟာ႐ူး႐ူးမူးမူး။

“ကြၽန္ေတာ့္အထင္ဒီႏွစ္ေရႀကီးေလာက္တယ္ဗ်”

ဆရာဝန္တစ္ေယာက္၏အေျပာကို Horizonကဝင္ေထာက္သည္။

“ဘာလို႔လဲ”

“အႀကီးဆုံးေရခဲေတာင္ႀကီး အရည္ေပ်ာ္သြားလို႔ေလ”

သူ႕ဘက္ေမးေငါ့ျပကာစလာတာမို႔ အားလုံးရယ္လိုက္ၾကသလိုသူလည္းၿပဳံးမိသြားသည္။

“ဟားဟား ဟုတ္တယ္ အဲ့တာမွန္တယ္”

“ျဖစ္နိုင္တယ္ဗ်ား”

ေဘးလူေတြရဲ႕စကားကို သူၿပဳံး႐ုံသာၿပဳံးလိုက္ေပမယ့္ ေဘးကပိုင္ဆိုင္မႈေလးကေတာ့နားမလည္ဟန္ ေမာ့ၾကည့္လာေလသည္။

“ကိုကို႔”

“ဗ်ာ”

“ငယ္ငယ္လည္းၾကည့္ခ်င္တယ္”

“ဘာကိုလဲ”

“ေရခဲေတာင္ႀကီးအရည္ေပ်ာ္တာ”

“ဟားဟားဟား… ငယ္ကေတာ့ကြာ”

ရယ္ေမာတိုင္းသာအသက္ရွည္မယ္ဆိုရင္ ကိုယ့္အသက္ကိုငယ္ပိုင္တာေပါ့။သူရယ္ေနေတာ့ ေမာ့ၾကည့္ေနရင္းမ်က္ေမွာင္ေလးက်ဳံ႕သြားေလသည္။

“မရယ္နဲ႕”

“အြန္း…မရယ္ေတာ့ဘူး”

“လိုက္ပို႔မွာလား”

“ငယ္ေန႕တိုင္းျမင္ေနရတာပဲဟာ ဘယ္ကိုသြားၾကည့္မလို႔လဲ”

“မလိမ္ပါနဲ႕”

“အတည္ေျပာတာေလဗ်ာ”

“အဲ့ကိုကိုက ခ်စ္ဖို႔လည္းမေကာင္းဘူး”

ေျပာရင္းေက်ာေပးသြားတာခ်ာခနဲ။ဝိုင္ေလးတစ္ခြက္ေသာက္ၿပီးမူးသြားတဲ့ အမူးသမားေလးရယ္ပါ။

“ေျပာျပမယ္ ေျပာျပမယ္”

မ်က္ႏွာခ်င္းဆိုင္ေအာင္အထိျပန္ဆြဲလွည့္ပစ္တာမို႔ ႏွစ္ေယာက္ၾကားနီးနီးကပ္ကပ္။

“သူတို႔ေျပာတဲ့ေရခဲေတာင္ႀကီးကကိုကိုေလ အရင္တုန္းကအရမ္းေတြေအးစက္ေနလို႔ေရခဲေတာင္ႀကီးလို႔တင္စားတာ အခုငယ္ငယ္နဲ႕ေတြ႕မွ အရမ္းေတြခ်စ္ျပေနလို႔ အရည္ေပ်ာ္သြားၿပီလို႔ေျပာတာ”

“ေအာ္”

သိခ်င္တာသိၿပီးသြားေတာ့ အာ႐ုံကသူ႕ဆီ
မရွိေတာ့။အျမည္းမွန္သမွ်လိုက္ႏွိုက္ခ်င္သူက ဝိုင္ႏွင့္တြဲစားပါသတဲ့။ခ်စ္ဖို႔ေကာင္းတဲ့အမူးသမားေလးကို ဘယ္သူမွေစ့ေစ့မၾကည့္ရဲ။သူ႕ေနမင္းအေသးစားေလးအတြက္ပဲအရည္ေပ်ာ္တဲ့ ေရခဲေတာင္ႀကီးရွိေနတာကိုး။

“ကိုကို႔”

“ဟြန္”

“ပုဇြန္”

ခါးကအကၤ်ီစေလးကိုဆြဲကာေျပာလာတာက ပုဇြန္စားခ်င္လို႔ပါတဲ့။အၾကည့္ေတြကိုေတာ့ ပန္းကန္ဆီမွမလႊဲ။

“OKဗ်ာ”

အကၤ်ီလက္ေတြတံေတာင္ဆစ္ထိေခါက္တင္လို႔ ပန္းကန္ဆီလက္လွမ္းကာယူေတာ့ သူ႕အသံေလးကညံခနဲ

“ကိုကို အဲ့အေကာင္မဟုတ္ဘူး သူကေသးေသးေလး ႀကီးတဲ့အေကာင္စားမွာ”

စားပြဲတစ္ခုလုံးခိုးရယ္ၾကေပမယ့္ သူကေတာ့ အသည္းယားစြာပါးေလးကိုသာနမ္းပစ္မိသည္။အသားႀကီးငါးႀကီးမႀကိဳက္တဲ့သူက ပုဇြန္ေတာ့အရမ္းႀကိဳက္တာ။ခြာေပးမယ့္သူရွိရင္ေပါ့ေလ။

“ဟုတ္ပါၿပီဗ်ာ”

အႀကီးဆုံးအေကာင္ကိုဆယ္ယူၿပီး သူ႕အတြက္ခြာေပးေနေတာ့ အၾကည့္ေတြကသူ႕လက္ဆီမွာ။ခြာၿပီးပါးစပ္ထဲအထိထည့္ေပးေတာ့ သေဘာတက်အၿပဳံးေတြက လမိုက္ညမွာလင္းခနဲ။

အားက်သလိုအၾကည့္ေတြၾကား သူ႕ေမးကိုေမာ့ထားမိပုံက ေဒါင္းတစ္ေကာင္အၿမီးျဖန့္ေနသလို။ဟုတ္တယ္ အဲ့လိုခ်စ္ဖို႔ေကာင္းတဲ့သူေလးက သူ႕ပိုင္ဆိုင္မႈေလး။

စားၾကေသာက္ၾကစကားေျပာၾကရင္း ည၁၀နာရီထိုးသြားေလသည္။ေတာင္ေပၚေဆာင္းညရဲ႕အေအးဓာတ္က ေတြးထားတာထက္ပိုသည္။ေသြးပူေအာင္ေသာက္ထားတဲ့ အရည္တစ္ခ်ိဳ႕က အေအးကိုေတာ့အံမတုနိုင္။

“ကိုစက္ရိပ္အရမ္းမူးေနၿပီထင္တယ္”

စားပြဲေပၚေခါင္းစိုက္ေနတဲ့ေဆာင္းစက္ရိပ္ခိုက တကယ္ကိုအမူးလြန္ေနပုံရသည္။

“ဟုတ္ေလာက္တယ္ ေရာက္ကတည္းကေသာက္ေနတာ”

“ကိုယ့္ေဘးကအခန္းမွာထားလိုက္မယ္ ျပန္ေခၚသြားမေနနဲ႕ေတာ့”

Horizonစကားကိုလက္ခံစြာ စိုင္းတိမ္ေငြ႕ကႏႈတ္ဆက္ကာ ျပန္ဖို႔ျပင္သည္။

“ေငြ႕ ကိုယ့္ကိုေစာင့္အုံး”

ေနာက္ကေနေျပးလိုက္ကာ ပုခုံးဖက္လိုက္သည့္ညီျဖစ္သူကိုၾကည့္ရင္း သူၿပဳံးလိုက္မိသည္။သူ႕ညီကိုယုံၿပီးသား။

Horizonကမူးေနတဲ့စက္ရိပ္ကိုပခုံးမွတြဲကာေခၚေတာ့ အရပ္ခ်င္းမတိမ္းမယိမ္းမို႔ မနိုင္ခ်င္။ေဘးကသူငယ္ခ်င္းတစ္ေယာက္ပါကူတြဲေပးရေလသည္။

သူကေတာ့ အိမ္သူသက္ထားအမူးသမားေလးကိုေပြ႕ကာျပန္ရမည္။

“ကိုကို”

“ဗ်ာ”

“ေက်ာပိုး”

လက္ေလးႏွစ္ဖက္ေဘးကားကာ သူ႕ေက်ာေပၚလိုက္ခ်င္တာတဲ့။

“သေဘာပါဗ်ာ”

သူေလးေရွ႕ထိုင္ခ်လိဳက္ေတာ့ ေက်ာေပၚအိကနဲေရာက္လာတဲ့ အိက်ိက်ိေလး။လည္ပင္းကိုၿမဲေနေအာင္ဖက္ထားတာေၾကာင့္ လည္ပင္းအစ္ေနေသာ္လည္းမတားမိ။ေပ်ာ္မယ္ဆိုအရာရာသူ႕သေဘာ။

အခန္းထဲအေရာက္ႏြေးေထြးေစဖို႔ အိပ္ယာေပါတင္မည္ျပဳေတာ့ ခါးကိုေျခေထာက္ေတြႏွင့္အေသခ်ိတ္ထားေလသည္။

“ကိုကို႔ ဆင္းဘူး”

“အင္းအင္း မဆင္းခိုင္းေတာ့ဘူး”

“ကိုကိုလမ္းေလွ်ာက္”

“ဟုတ္ၿပီဗ်ာ”

အမူးပါးေလးဟာေလ ကိုကိုလို႔ေခၚရင္ခိုင္းစားလို႔ရတာကိုေတာ့ မေမ့ဘူး။အခန္းထဲပတ္ေလွ်ာက္ေတာ့အလိုမက်ပဳံ လႈပ္ခါလာေလသည္။

“ပန္းေတြၾကားလမ္းေလွ်ာက္”

“Okဗ်ာ”

မွန္တံခါးကိုဖြင့္လို႔ ေလသာေဆာင္ဘက္ထြက္ခဲ့ရသည္။သူ႕အႀကိဳက္စိုက္ပ်ိဳးထားတဲ့ပန္းမ်ိဳးစုံက ညေလသြဲ႕သြဲ႕မွာ ယဲ့ယဲ့ေလးေမႊးသည္။

“ငယ္ငယ္”

“ဗ်ာ”

ထူးပုံေလးက ခ်စ္စဖြယ္။

“ငယ္ငယ္ဝမ္းနည္းေနတာလား”

“………….”

“ကိုကို႔ကိုေျပာျပေလ ငယ္ေျပာျပမွကိုကိုကသိမွာေပါ့”

ေက်ာျပင္ေပၚမ်က္ႏွာကပ္သြားၿပီး အေတာ္ၾကာမွထြက္လာတဲ့စကားက တိုးဖြဖြရယ္။

“ငယ္ငယ္ေၾကာက္တယ္”

“ဘာကိုလဲ”

“အသတ္ခံရမွာေၾကာက္တယ္”

“ေပါက္ကရေတြကြာ ကိုကိုရွိေနတာငယ့္ကိုဘယ္သူကထိရဲမွာမလို႔လဲ”

“ကိုကိုေလ ငယ္ငယ့္ကိုသတ္မဲ့သူကကိုကို”

“မဟုတ္တာေတြေလွ်ာက္မေျပာရဘူးေလကေလးရဲ႕”

ခဏၿငိမ္သက္သြားၿပီး အသံေလးထပ္ထြက္လာျပန္သည္။

“ကိုကို ငယ္ငယ့္နံမည္အရင္းကိုသိလား”

“ကိုကို႔အမ်ိဳးသားေလးနံမည္က လျခမ္းငယ္ငယ္ပါတဲ့ဗ်”

“မဟုတ္ဘူးကိုကိုရဲ႕ ငယ္ငယ့္နံမည္အရင္းက ပင္ဝါး႐ုံငယ္တဲ့”

“ဘာလို႔ေျပာင္းလိုက္တာလဲ”

“အြန္ မေျပာင္းပါဘူး ငယ္ငယ္ကလျခမ္းငယ္ငယ္ျဖစ္သြားတာ ဝတၳဳထဲကလျခမ္းငယ္ငယ္ျဖစ္သြားတာ “

အမူးလြန္ၿပီးေျပာခ်င္ရာေျပာေနတာကို အလိုက္သင့္ေလးသာစကားေထာက္ေပးမိသည္။

“ဘာဝတၳဳလဲ”

“ေခါင္းစဥ္မရွိဘူး”

“ဝတၳဳနံမည္ကလဲ”

“ဟုတ္ဖူးေလ စာအုပ္မွာနံမည္မရွိဘူးလို႔ ငယ္ငယ့္ကိုေဗဒင္ဆရာကေပးလိုက္တာ ငယ္ငယ္ဖတ္ၿပီးညအိပ္လိုက္တာ မနက္က်ေတာ့လျခမ္းငယ္ငယ္ျဖစ္သြားတာ”

“ကေလးေလးေတာ္ေတာ္မူးေနၿပီ”

“ငယ္ငယ္မမူးဘူး”

ေျပာရင္း ေက်ာျပင္ထက္တစ္ခ်က္ရိုက္လာေသးသည္။

“အြန္းဟုတ္တယ္မမူးဘူး ေနာက္ဆိုပုံျပင္ေတြေလွ်ာက္မဖတ္ရဘူးေနာ္”

“ကိုကိုနားေထာင္ခ်င္လား”

“ဘာကိုလဲ”

“ငယ္ငယ့္အေၾကာင္းေျပာျပမယ္”

“မဟုတ္တာေတြဆိုမေျပာရဘူးေနာ္”

“ကိုကိုကငယ္ငယ့္ကိုမယုံဘူးလား”

“ယုံပါတယ္ကြာ တစ္ေလာကလုံးမွာကိုယ္ယုံတာငယ္ငယ္တစ္ေယာက္တည္း ကေလးေလးကလိမ္မေျပာတတ္ဘူးေလ”

“ယုံရင္ေျပာျပမယ္”

“ဟုတ္ၿပီေျပာ”

စဥ္းစားေနသလိုခဏရပ္သြားၿပီး နည္းနည္းၾကာမွအသံေလးျပန္ထြက္လာေလသည္။

“ငယ္ငယ့္နံမည္အရင္းက ပင္ဝါး႐ုံငယ္တဲ့ ငယ္ငယ့္မွာေဖေဖလည္းရွိတယ္ ေမေမလည္းရွိတယ္ ေဖေဖကအစိုးရဝန္ထမ္းစည္းကမ္းႀကီးတယ္ ေမေမကအပင္ေလးေတြစိုက္ရတာဝါသနာပါတယ္ ခ်ည္လည္းထိုးတတ္တယ္ ငယ္ငယ့္ကိုလည္းသင္ေပးတယ္ ငယ္ငယ္ကပန္းခ်ီေတြဆြဲတယ္ “

“အြန္း”

“ေဖေဖကစည္းကမ္းႀကီးတယ္ဆိုေပမယ့္ ငယ္ငယ့္ကိုအရမ္းခ်စ္တာ အိမ္အျပင္ေတြေပးမထြက္တာကလည္းစိတ္မခ်လိဳ႕ေလ ငယ္ငယ္ကစီးကရက္နဲ႕ဓာတ္မတည့္ဘူးေလကိုကိုရဲ႕ တစ္ခါျဖစ္ဖူးတယ္ သူငယ္ခ်င္းနဲ႕ေလွ်ာက္လည္ရင္းစီးကရက္ေငြ႕ေတြရႉမိၿပီးေဆး႐ုံေရာက္သြားရတာေလ အစကအဲ့ေလာက္ျပင္းထန္မယ္မွန္းမသိခဲ့ဘူး အဲ့တစ္ႀကိမ္ျဖစ္ၿပီးသြားေတာ့ေဖေဖကလန့္သြားတာ အမွန္တကယ္ကေလ စီးကရက္နဲ႕ဓာတ္မတည့္တာလျခမ္းငယ္ငယ္မဟုတ္ဘူးကိုကိုရဲ႕ ပင္ဝါး႐ုံငယ္”

“………….”

“အဲ့ေန႕ကမိုးေတြအုံ႕ေနတာ ငယ္ငယ္ကပဲနို႔ေသာက္ခ်င္လို႔လမ္းထိပ္ဆိုင္မွာသြားဝယ္တာ အျပန္မွာ ေဗဒင္ဆရာဦးေလးႀကီးနဲ႕ေတြ႕တယ္ သူကေျပာတယ္ေဗဒင္ၾကည့္ေပးမယ္ ၁၅၀၀ေပးတဲ့ အဲ့တာနဲ႕ငယ္ငယ္လည္းသနားလို႔ၾကည့္လိုက္တယ္”

ညေနကပုဂၢိုလ္ေျပာတဲ့အထဲ ထို၁၅၀၀အေၾကာင္းပါတာမို႔ သူစိတ္ဝင္စားမိသြားရသည္။ငယ္ငယ္ကအဲ့တာေၾကာင့္မေပ်ာ္ေနတာလား။

“သူကဘာအေၾကာင္းေဟာတာလဲ”

“အခ်စ္ေၾကာင္းေလ ငယ္ငယ္ကေလးဘဝကတည္းကၾကားေနက်အေၾကာင္း”

“ေျပာပါအုံး ကိုကိုနဲ႕ဆုံမယ္တဲ့လား”

“ဟုတ္ဘူး ငယ္ငယ္ကခ်စ္ခြင့္မရွိဘူးတဲ့ ခ်စ္မိရင္သူ႕ေၾကာင့္ေသမယ္ ငယ္ငယ့္ကိုခ်စ္ရင္ ငယ္ငယ့္ေၾကာင့္သူေသမွာတဲ့ “

“ေပါက္ေပါက္ရွာရွာ ကေလးကယုံတာပဲလား”

ေဒါသစိတ္ေလးဘရိတ္အုပ္လို႔ အမူးသမားေလးကိုမဆူနိုင္ခဲ့။

“ယုံတယ္”

“ေနာက္ဆိုမယုံရဘူး”

“ယုံမွာ”

“ကေလးကကြာ”

“ငယ္ငယ္ေလးကတည္းက ေတြ႕တဲ့ေဗဒင္ဆရာတိုင္းကေျပာတယ္ မယုံလို႔မရဘူး”

“သူတို႔ေတြကဘာမွသိတာမဟုတ္ဘူး ေလွ်ာက္ေျပာေနတာ လူတိုင္းရဲ႕ဘဝေရွ႕ေရးကိုႀကိဳသိေနရေအာင္ သူတို႔ကတန္ခိုးရွင္ေတြမွမဟုတ္တာ”

“ေလွ်ာက္မေျပာဘူးလို႔”

ေခါင္းကိုဖတ္ကနဲရိုက္ကာ ေဆာင့္ေအာင့္ေျပာလာတာမို႔ အလိုက္သင့္ေလးသာ စကားဖာရသည္။

“ဟုတ္ၿပီဟုတ္ၿပီ ငယ္ေျပာတာအမွန္”

“ကိုကိုက႐ြဲ႕တာလား”

“မဟုတ္ပါဘူးကြာ”

သူ႕အေျဖၿပီးေတာ့ ေက်ာျပင္ထက္မ်က္ႏွာေလးျပန္အပ္ေလသည္။

“ကိုကို႔ကို ဝတၳဳအေၾကာင္းေျပာျပမယ္ေလ”

“အြန္းေျပာ”

ေျပာရင္းခဏၿငိမ္သက္သြားတာမို႔ အိပ္ေပ်ာ္သြားၿပီထင္ၿပီး အထဲဝင္ဖို႔ျပင္ေတာ့

“မွတ္မိၿပီ”

“အြန္း”

“အဲ့ထဲကဇာတ္လိုက္က အရမ္းအင္အားႀကီးတာေလ သူ႕မွာညီႏွစ္ေယာက္ရွိတယ္ တစ္ေယာက္ကအေတာ္ဆုံးဆရာဝန္ တစ္ေယာက္ကHacker”

ကိုယ့္အေၾကာင္းေတြဆိုတာသိေပမယ့္ ရင္ထဲတစ္မ်ိဳးျဖစ္လာတာဘာေၾကာင့္ရယ္မသိ။

“…………”

“သူကအခ်စ္အေၾကာင္းမသိဘူး အရမ္းေတြေအးစက္ေနတာ သူသေဘာက်တဲ့လူကိုမေတြ႕ခင္အထိေလ “

“သူသေဘာက်တာကဘယ္သူလဲ”

“ဇာတ္လိုက္Omegaေလးေလ”

“ဪ”

“သူသေဘာက်တဲ့သူက ဆရာဝန္ေလးအရမ္းလည္းသန္မာေသးတယ္ ၿမိဳ႕ေတာ္မွာအလွဆုံးေလးတဲ့ သူတို႔ကေတြ႕ေတြ႕ခ်င္းမႀကိဳက္ၾကဘူးကိုကိုရဲ႕ အဲ့လူႀကီးကခ်စ္လို႔ခ်စ္မွန္းမသိခဲ့လို႔ေလ”

“အဲ့လူကေတာ္ေတာ္တုံးတာေနာ္”

“ဟုတ္တယ္ ၿပီးေတာ့အဲ့လူႀကီးနဲ႕သူ႕ေကာင္ေလးက ဖယ္ရိုမုန္းခ်င္းမကိုက္ညီၾကဘူး ဒါေပမယ့္ေလ အဲ့လူႀကီးကသူ႕ေကာင္ေလးကိုအရမ္းခ်စ္တာ သူနဲ႕ဖယ္ရိုမုန္းအျပည့္အဝကိုက္ညီတဲ့ ဗီလိန္ေလးကိုေတာင္သတ္ပစ္တဲ့အထိေလ”

“ဘာဆိုင္လို႔လဲ”

“ဗီလိန္မလို႔ေပါ့ကိုကိုရဲ႕ ဗီလိန္ေတြကဘာလုပ္လုပ္မွားေနတာပဲေလ သူတို႔ကဇာတ္လိုက္သတ္ဖို႔ပါလာတဲ့ အပိုသက္သက္ဇာတ္ေကာင္ေလးပဲ
သူတို႔ရဲ႕ျဖစ္တည္မႈကိုကမွားယြင္းမႈပဲ ဥပမာ တူညီတဲ့လုပ္ရပ္တစ္ခုကိုဇာတ္လိုက္လုပ္တဲ့အခါ မလႊဲသာလို႔လို႔ေခါင္းစဥ္တပ္ေပမယ့္ ဗီလိန္လုပ္တဲ့အခါလုပ္ခ်င္လို႔လို႔ေခါင္းစဥ္တပ္ၾကတယ္”

ရင္ထဲမွာစုထားတဲ့စကားေတြမို႔ထင္သည္ မူးေနတဲ့အခ်ိန္မွာေတာင္ ခံစားခ်က္အျပည့္နဲ႕ထုတ္ေျပာလာနိုင္တာ။

“အဲ့ေတာ့ဗီလိန္ေလးကဘာလို႔အသတ္ခံလိုက္ရတာလဲ”

“သူ႕ကိုသေဘာက်မိသြားလို႔ ၿပီးေတာ့ဖယ္ရိုမုန္းေတြအျပည့္အဝကိုက္ညီေနလို႔”

“………….”

“သူ႕ကိုဘယ္လိုသတ္လိုက္လဲသိလား”

“ဟင့္အင္း”

“အဲ့လူႀကီးကအရမ္းရက္စက္တာကိုကိုရဲ႕ သူ႕မိတ္ေဆြႏွစ္ေယာက္ကိုေခၚၿပီး အဲ့ေကာင္ေလးကို သူ႕ေရွ႕မွာတင္ဖ်က္ဆီးခိုင္းခဲ့တာ သူကဝိုင္တစ္ခြက္ကိုင္ၿပီးထိုင္ၾကည့္ေနခဲ့တာ အရမ္းရက္စက္တယ္မလား အားနည္းတဲ့OmegaေလးကိုAlphaႏွစ္ေယာက္ နဲ႕Rapeခိုင္းခဲ့တာေလ ေကာင္ေလးကသူ႕ကိုသေဘာက်မိလို႔တဲ့”

ေရွ႕ဆက္လွမ္းမိတဲ့ေျခလွမ္းေတြဟာ ခဲဆြဲထားသလိုမ်ိဳး။သူ႕အမ်ိဳးသားရဲ႕ကိုယ္လုံးေလးကေလးမေနသလို သူလည္းမူးမေနတာေသခ်ာပါရဲ႕နဲ႕။

“အဲ့အေျခေနနဲ႕ေကာင္ေလးကိုသူကမသနားတဲ့အျပင္ဘာထပ္လုပ္ခဲ့လည္းသိလား”

“……………….”

“သူနဲ႕ကိုက္ညီတဲ့ဖယ္ရိုမုန္းေတြကိုသူသိပ္မုန္းလို႔တဲ့ Glandကိုအစိမ္းသက္သက္ခြဲထုတ္ပစ္တာေလ သူ႕ညီပိုင္တဲ့ေဆး႐ုံမွာညီျဖစ္သူလက္နဲ႕ခြဲထုတ္တာကိုေဘးမွာေသြးေအးေအးနဲ႕ေစာင့္ၾကည့္ေနခဲ့တာ ေကာင္ေလးဘယ္ေလာက္နာက်င္ေနမလဲေနာ္ သူေသခါနီးအခ်ိန္ အဲ့လူကိုခ်စ္မိလို႔ေနာင္တရေနမွာပဲ”

“……………..”

“ခြဲစိတ္မၿပီးခင္ ေသသြားတဲ့ေကာင္ေလးကို အမွိုက္တစ္စလို အမွိုက္ပုံမွာလႊင့္ပစ္ခဲ့တာ သူ႕မ်က္လုံးထဲမွာအဲ့ေကာင္ေလးက အမွိုက္တစ္စပဲတဲ့ သူ႕သူငယ္ခ်င္းေတြကိုေတာင္အလြတ္မေပးခဲ့ဘူးေလ တစ္ေယာက္ကေထာင္က်သြားၿပီး တစ္ေယာက္ကသူ႕ညီလက္နဲ႕ေသသြားခဲ့ရတာ ေျပာၾကည့္အဲ့လူႀကီးကေၾကာက္စရာေကာင္းတယ္မို႔လားကိုကို”

ဂုတ္ပိုးထက္ပူႏြေးမႈဟာ သူေလးရဲ႕မ်က္ရည္ေတြမွန္းသူသိသည္။မ်က္ရည္ေတြကသိပ္မပူေပမယ့္ အသားထဲစိမ့္ဝင္ကာႏွလုံးသားကိုအက္စစ္ထဲထည့္ေဖ်ာ္ခံထားရသလို။

“ဒါေပါ့”

“သူတို႔နံမည္ေတြကိုသိလား”

“မသိခ်င္ဘူး”

“အဲ့လူႀကီးနံမည္က သမုဒၵရာတဲ့ Omega ေလးက မုတ္သုံေလညွင္း ဗီလိန္ေလးက လျခမ္းင..”

“ေတာ္ေတာ့ငယ္ငယ္ အိပ္ရေအာင္ “

မူးေနတဲ့သူေတြဟာအမွန္တရားကိုပဲထုတ္ေျပာတတ္ပါသတဲ့။အလုံးစုံယုံၾကည္မိျခင္းရဲ႕ေနာက္မွာ သူဟာကူကယ္ရာမဲ့။မသိစိတ္ထဲမွာသူသိေနတာက ဒါေတြဟာအမွန္တရားေတြဆိုတဲ့စိတ္။

“ငယ္ငယ္ေရာက္ခါစက ကိုကို႔ကိုတကယ္ေရွာင္ေနခဲ့တာပါ ကိုကို႔ကိုပထမဆုံးစေတြ႕ေတာ့ ကိုကို႔အကၤ်ီေပၚစေတာ္ဘယ္ရီေတြေမွာက္ခ်ခဲ့မိတာေလ အဲ့တာတကယ္မေတာ္တဆပါ ၿပီးေတာ့ကိုကိုနဲ႕ေတြ႕ၿပီးတိုင္း ငယ္ငယ္အဲ့အိမ္မက္ဆိုးႀကီးကိုမက္တယ္ အစစ္အမွန္လိုပဲ ခြဲစိတ္ခံရတဲ့နာက်င္မႈ လႊင့္ပစ္ခံရတဲ့သိမ္ငယ္မႈ ၿပီးေတာ့Rape…”

“ေတာ္ေတာ့ငယ္ငယ္ ထပ္ေျပာရင္ကိုကိုကအိပ္ယာေပၚမွာအနိုင္က်င့္ပစ္မွာ”

မွန္မၾကည့္ေပမယ့္ သူ႕မ်က္ဝန္းေတြနီရဲေနမွာ အေသအခ်ာ။စဥ္းစားၾကည့္႐ုံနဲ႕အသက္ရႉမဝတာမို႔ မျပဳလုပ္ခဲ့တဲ့အျပစ္ေတြကိုေတာင္ သူအျပစ္မကင္းလိုခံစားရပါသည္။

“ဆိုးလိုက္တာ ကိုကို႔ကိုမခ်စ္ခ်င္ေပမယ့္ ကေလးေတာ့တကယ္ခ်စ္တတ္တာ ငယ္ငယ္သားေလးလိုခ်င္တယ္ သမီးေလးလည္းလိုခ်င္တယ္ ကေလးေလးေတြရဲ႕ေဖေဖတကယ္ျဖစ္ခ်င္တာ”

“ကိုကိုႀကိဳးစားေပးမယ္”

“အြန္း ကိုကို႔ကိုယုံတယ္ ဘာလို႔လဲသိလား”

“ဟင့္အင္း”

“ကိုကိုကအရမ္းေတာ္တာမလို႔ေပါ့ ၿပီးေတာ့ငယ္ငယ္ေလကိုကို႔နားေရာက္လာၿပီးကတည္းက အဲ့အိမ္မက္ဆိုးႀကီးကိုထပ္မမက္ေတာ့ဘူး ငယ္ငယ္သိပ္မေၾကာက္ေတာ့ဘူးဆိုေပမယ့္ေလ ကိုကိုကေတာ့အမ်ားႀကီးပိုခ်စ္ေပးရမယ္ေနာ္”

“ဒါေပါ့ အမ်ားႀကီးပိုခ်စ္ေပးမွာ အဲ့အရာေတြကအိမ္မက္ဆိုးေတြသက္သက္ပါငယ္ရဲ႕ မေၾကာက္ရဘူးေနာ္ ဘယ္ေတာ့မွအဲ့လိုျဖစ္မလာဘူး ဘာလို႔လဲဆိုေတာ့ကိုကိုကငယ့္ကိုအသက္ထက္ကိုခ်စ္တာ”

“အြန္းအိပ္ခ်င္ၿပီ ကိုကို ငယ္အိပ္မေပ်ာ္မခ်င္း အိပ္ယာေပၚမပို႔နဲ႕ေနာ္ ကိုကို႔ေက်ာေပၚပဲေနမွာ”

“ဟုတ္ပါၿပီ ကေလးေလးသေဘာ”

ေျခလွမ္းေတြဖြဖြနင္းလို႔ ဘယ္ျပန္ညာျပန္ေလွ်ာက္မိသည္။ေျပာခဲ့တဲ့အေၾကာင္းအရာေတြေၾကာင့္ သူ႕စိတ္အေျခကသိပ္ေကာင္းမေန။

အရာရာကိုဆက္စပ္ၾကည့္ရင္သူေလးေျပာတာအမွန္ေတြခ်ည္းျဖစ္ရမည္။ညီျဖစ္သူကိုေၾကာက္သည့္အေၾကာင္းအရင္းကိုသိလိုက္ရတာမို႔ သူ႕ရင္ထဲမွာမခ်ိမဆန့္။

Horizonႏွင့္ပထမတစ္ခါေတြ႕ဆုံမႈမွာ shockရသြားခဲ့သလို သူပိုင္သည့္ေဆး႐ုံမွဆင္းဖို႔အသည္းအသန္ျဖစ္ေနရျခင္းအေၾကာင္းအရင္းေတြ။သူ႕ကိုအသည္းအသန္ေရွာင္ေနမွန္းသိသာပါရက္နဲ႕ သူ႕စိတ္ကိုအေမွာင္ဖုံးခံထားရသလိုအထင္ေတြလြဲမွားစြာ ေပးမိတဲ့ဒဏ္ရာေတြ။

တကယ္ပဲသူဟာအျခားသူလက္ထဲပုံသြင္းခံထားရသည့္ဇာတ္ေကာင္သာသာပဲလား။ဘယ္ေတာ့မွအဲ့လိုအျဖစ္မခံဘူး။ကံၾကမၼာေတြခ်မွတ္ခံထားရရင္ေတာင္ ငယ္ငယ့္ကိုပိုင္ဆိုင္ရဖို႔ဆိုရင္ စည္းမ်ည္းေတြပါခ်ိဳးေဖာက္ပစ္မည္။

အိပ္ေပ်ာ္သြားသူကိုသြားမသိပ္မိဘဲ ရင္ခြင္ထဲေျပာင္းေပြ႕ထားမိတာ အာ႐ုဏ္တက္ခ်ိန္အထိ။လြင့္ထြက္ေနတဲ့စိတ္ေတြဟာဘယ္ဆီထိခရီးဆက္ေနသည္မသိ…….

###################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၄, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၄, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၄ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၄ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၄ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၄ light novel, ,

Comment

Leave a Reply

Chapter 35