Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၅

A+ A-

ထိုးကိုက်နေတဲ့ခေါင်းကြောင့် နိုးလာပေမယ့်မထမိသေး။နာကျင်မှုကခေါင်းမှစကာ ခန္ဓာကိုယ်အနှံ့ပျံ့နှံ့နေသလိုဘဲ။ခါတိုင်းလည်းသောက်နေကျပေမယ့် ဒီလိုမနာကျင်ခဲ့ဖူးဘူး။

အဓိကက ဖော်မပြနိုင်တဲ့တစ်နေရာရဲ့နာကျင်မှုက ဆိုးဆိုးရွားရွားပဲ။နည်းနည်းလှုပ်တာနှင့်နာကျင်လာတာမို့ အသက်တောင်ရဲရဲမရှူနိုင်။လည်ချောင်းတွေခြောက်နေတာမို့ ရေသောက်ချင်နေမိသည်။နှုတ်ခမ်းတွေကတော့စိုစိုစွတ်စွတ်ရယ်။မသိရင်အခုမှရေသောက်ထားသလိုမျိုး။

မျက်လုံးကိုအားယူဖွင့်တော့ နေရောင်စူးစူးကြောင့်ချက်ချင်းမဖွင့်နိုင်။ဖွင့်လိုက်ပိတ်လိုက်နှင့် အလင်းရောင်နှင့်အသားကျသွားမှ အပြည့်အဝဖွင့်လိုက်နိုင်သည်။

ဘေးနားဆီစမ်းကြည့်ပေမယ့် မျက်မှန်ကရှာမတွေ့။မျက်မှန်သမားမို့ မျက်မှန်မပါရင် အကန်းသာသာ။အနားမှာရှိနေတဲ့လူကိုတောင်သေချာမခွဲခြားနိုင်သည်အထိ သူ့မျက်လုံးတွေဆိုးရွားပါသည်။အိပ်ယာဘေးခုံမှာတင်ထားတဲ့ရေခွက်ကိုမှုန်ဝါးဝါးမြင်တော့ ထသောက်ဖို့ကြိုးစားမိသည်။

တစ်ချက်လှုပ်လိုက်တိုင်း အသည်းခိုက်မတတ်နာကျင်သွားမှုကိုလျစ်လျူရှူလို့မရ ။ဘဝမှာတစ်ခါမှမကြုံဘူးတဲ့ အစိမ်းသက်သက်မဟုတ်တာမို့ နည်းနည်းတော့ရိပ်မိလာသလိုဘဲ။နာကျင်မှုကိုအာရုံမစိုက်နိုင်တော့သည်အထိ သူထိတ်လန့်တကြားထထိုင်မိသွားသည်။

မဖြစ်နိုင်ဘူးမလား။သူထင်နေသလိုမဟုတ်ဘူးမလား။သူညကအရက်မူးပြီး ချော်လဲထားလို့နာနေတာမလား။အတွေးတွေတောင်မြောက်ပြေးနေရင်းမှ ဂုတ်ပိုးထက်လက်နှင့်ထိလိုက်သည်။မရှိ။သူအမြဲကပ်ထားခဲ့တဲ့ glandဖုံးကပ်ခွာကိုမစမ်းမိ။

ပြိုလဲသွားတဲ့စိတ်အစုံဟာ လွန်ခဲ့တဲ့နှစ်တွေကအတိုင်း။မျက်နှာဖုံးတွေကွာမကျအောင်ထိန်းခဲ့ရတဲ့ နေ့ရက်တွေဟာအဓိပ္ပါယ်မဲ့ကုန်ပြီ။

ဘယ်သူနဲ့လဲ၊ဘယ်လိုဖြစ်ကုန်တာလဲ အခုသူကရောဘယ်ကိုရောက်နေတာလဲ။လက်ကျန်ဖယ်ရိုမုန်းတစ်ချို့ကို ထိုအချိန်မှသတိထားမိသည်။ပြင်းပြင်းရှရှ ဝိုင်ရနံ့တွေ။နူးညံ့မလိုနဲ့ အဆုံးစွန်ထိယစ်မူးစေနိုင်တဲ့ရနံ့။ရင်းနှီးသလိုနှင့်စိမ်းသက်နေတဲ့ရနံ့။

အသိစိတ်တွေဝေဝါးကုန်ကာ အနာဂတ်တွေပါပျောက်ဆုံးကုန်သည်။ဘာကြောင့်အသက်ရှင်နေရတာလဲဆိုတဲ့မေးခွန်းကိုစဥ်းစားမိတာ Nကြိမ်မြောက်။နေရောင်ခြည်တွေကိုကျောခိုင်းကာ မြေလွှာအောက်မှာပဲငြိမ်သက်ချင်တော့တယ်။

ကြားလိုက်ရတဲ့တံခါးဖွင့်သံကိုလည်း ဂရုမစိုက်ချင်တော့။ဝင်လာတဲ့​ခြေသံကိုလည်း လျစ်လျူရှုပစ်မည်။တိုးဝင်လာတဲ့ဖယ်ရိုမုန်းတွေရဲ့ပိုင်ရှင်ကိုလည်း မစူးစမ်းချင်တော့ဘူး။

“နိုးလာပြီလား ကိုခို”

ရင်းနှီးပြီးသားအသံဆိုပေမယ့် ခေါ်ဆိုလာတဲ့နာမ်စားကမရှင်းမလင်း။ထိုသူနဲ့ဆိုတဲ့အသိမှာ နည်းနည်းတော့အံ့ဩမိသား။သူလိုလူကကိုယ့်ကိုမရှောင်နိုင်ခဲ့ဘူးတဲ့လား။ဒါမှမဟုတ် ထင်းရှူးရနံ့တွေကြောင့်လား။

“ရေလေးအရင်သောက်လိုက်အုံး လည်ချောင်းတွေခြောက်နေမှာ”

လူရှေ့အထိယူပေးတဲ့ရေခွက်ကို ယူသောက်ပစ်မိသည်။အမှန်တရားတစ်ခုက သူတကယ်ကိုရေဆာနေတာ။ထိုအချိန်မှသတိထားမိတာ နှုတ်ခမ်းထောင့်တွေစပ်ဖျင်းဖျင်း။

“ဖြစ်ခဲ့တာတွေက..”

“မေ့ပစ်ပေးလို့ရမလား”

သူစကားအစမှာ ကိုယ်ပိတ်ပြောလိုက်မိသည်။တစ်ရှက်ကနေနှစ်ရှက်မရချင်။

တောင်းဆိုမှုတစ်ခုပါ။ကိုယ့်အခြေနေကို သူသိပြီးသားမလို့။

“လူကြီးလူကောင်းဆန်ဆန်မေ့ပစ်ပေးလို့ရမလား ကိုယ့်အခြေနေကိုမင်းလည်းသိထားပြီးသားပဲဟာ”

“ဘာအခြေအနေလဲ”

သိပ်မရှင်းလင်းပေမယ့် လက်ပိုက်ကာစားပွဲကိုမှီလိုက်တာကိုတော့ ရေးရေးလေးမြင်ရသည်။မျက်နှာကိုသေချာမမြင်ရတာမို့ ဘယ်လိုမျက်နှာအမူအယာပုံစံနဲ့ပြောနေသလဲသူမဝေခွဲတတ်။

“ကိုယ့်မျက်မှန်လေး အရင်ရှာပေးလို့ရမလား”

“ကျိုးသွားပြီ “

“အာ”

ခဏတာတိတ်ဆိတ်မှုအပြီး သူစကားပြန်စမိသည်။

“ကိုယ့်မှာ ဇနီးရောသားပါရှိတယ်”

“အဲ့တာမင်းကလေးမှမဟုတ်တာ”

“မင်း”

ထိတ်လန့်သွားမှုမှာ ပြောစရာတွေပျောက်ကုန်သည်အထိ။ဘယ်လောက်ပဲအင်အားရှိတယ်ဆိုဆို ယခုလောက်အထိကျ…

“Omegaအချင်းချင်းသိပ်ချစ်ပြီးတော့ကလေးပါမွေးပစ်ခဲ့တာပေါ့ ကိုယ်တော့မယုံဘူးနော်”

“ငါအမှန်အတိုင်းပြော…”

“ကျွန်တော်သိရသလောက်ကတော့ ကိုခို့ဇနီးမှာငယ်ချစ်ဦးရှိပြီး အဲ့တစ်ယောက်ကလည်းသူ့အိမ်ထောင်နဲ့သူမလား နှစ်ယောက်လုံးကချစ်လျှက်နဲ့ဝေးခဲ့တာမို့ အိမ်ထောင်ရှိရက်နဲ့တောင် ဖောက်ပြန်နေခဲ့တာလေ”

“မင်း”

“ဘာလဲ အံ့ဩသွားတာလား ရင်းနှီးတဲ့လူတိုင်းလိုလိုသိနေတဲ့အရာကို ကျွန်တော့်ပါးစပ်ကပြောမှအံ့ဩပြမနေပါနဲ့ “

“စုံစမ်းထားတာလား”

အဝေးပြည်ပတစ်နေရာကအခြေအနေကို ဒီအတိုင်းကြားမိတာလို့ပြောရင် အရူးမှသာယုံမှာမလား။

“No,မတော်တဆသိလာတာ”

“ဘာရည်ရွယ်ချက်နဲ့ ဒီအကြောင်းတွေပြောနေတာလဲမသိပေမယ့် မနေ့ညကကိစ္စကတော့ နှစ်ယောက်လုံးအမှားမို့ မသိချင်ယောင်ဆောင်နေပေးပါ”

“မနေ့ည”

အမေးတစ်ခုကသူ့ရင်ကိုထိတ်ခနဲ။ဘာကြောင့်ရယ်မသိ တစ်ခုခုလွဲနေသလိုခံစားချက်။

“ဟုတ်တယ်မနေ့ည”

“ကိုခို တစ်ခုခုအထင်မှားနေသလိုဘဲနော် ဘာလဲ စိတ်ထဲမှာအရက်သောက်ဖြစ်ကြတာမနေ့ညလို့ထင်နေတာတော့မဟုတ်ဘူးမလား”

“မင်းဘာကိုပြောချင်တာလဲ”

“ပြောပြလို့ရတယ်ဆိုပေမယ့် စိတ်ငြိမ်ငြိမ်ထားဖို့တော့လိုမယ်ထင်တယ်”

“ပြော”

“ကိုCeanတို့တွေပြန်ကုန်တာ တစ်ပါတ်ကြာသွားပြီ”

“ဘာကြီး”

မထင်မှတ်ထားတဲ့စကားလုံးတွေက သူနားမလည်တဲ့ဘာသာစကားတွေလိုမျိုး။

“အဲ့နေ့ညကမူးပြီး Heatဝင်နေတာကိုမသိလိုက်တာဖြစ်မယ် ခင်ဗျားHeatဖြစ်နေတဲ့တစ်လျှောက်လုံးကျွန်တော်နဲ့ဖြတ်သန်းခဲ့တာ”

“မဖြစ်နိုင်တာ”

သူ့ကမ္ဘာကြီးဟန်ချက်ပျက်သွားသလိုပင်။ဘယ်လိုလုပ် သူHeatဝင်ပြီး တစ်ခြားAlpha
တစ်ယောက်နဲ့တစ်ပါတ်လုံးရှိနေတာကိုမသိလိုက်ရတာလဲ။

“သက်သေယူအုံးမလား”

“………….”

“တစ်ခြားပြေးရှာနေစရာတောင်မလိုဘူး အခုထိခန္တာကိုယ်ကအဆင်မပြေသေးဘူးမလား ပြီးတော့ကျွန်တော့်ဖယ်ရိုမုန်းတွေကိုလည်း လက်ခံနေပြီးသား”

“မင်းဘာလို့ဒီလိုလုပ်ခဲ့တာလဲ မင်းကထိန်းချုပ်နိုင်စွမ်း​မြင့်တဲ့ Dominant Alphaတစ်ယောက်လေ ဘာလို့ဒီအခြေအနေထိ..”

“အိုးးးအဲ့ညကကိုခိုကအရမ်းမူးနေတာ ကျွန်တော့ဘေးကအခန်းကလည်းအလွတ်ဆိုတော့ ပြန်မခေါ်သွားခိုင်းတော့တာလေ စေတနာနဲ့ပါ အခန်းထဲရောက်မှကိုခိုကHeatဝင်လာတာကိုး”

“တစ်ခြားလူတွေဆီအကူအညီတောင်းလို့ရတယ်လေ ထိန်းချုပ်ဆေးတောင်းပေးတာပဲဖြစ်ဖြစ်”

“​ဘယ်လို တောင်းရမှာလဲအကုန်လုံးကAlphaတွေချည်းလေ ထိန်းချုပ်ဆေးသုံးတဲ့လူမရှိဘူး လခြမ်းကလည်းသူ့ခင်ပွန်းကပေးသုံးမှာမှမဟုတ်တာ ပြီးတော့ကိုယ့်ဘာသာကိုယ်လည်းမေ့မနေနဲ့ Alphaတစ်ယောက်ကဘာဆေးတွေသုံးချင်နေတာလဲ ဆေးသွားတောင်းလို့တခြားသူတွေကမေးလာရင် ခင်ဗျားဘယ်လိုဖြေမလဲ”

“ဒါပေမယ့်….”

“တော်ပြီ ဖြစ်ပြီးခဲ့တာတွေချီးခြောက်ရေနှူးမနေနဲ့ အဲ့အရာတွေကအတိတ်ဖြစ်သွားပြီ အခုပစ္စုပ္ပန်မှာနေပြီး အနာဂတ်အကြောင်းဆွေးနွေးမယ်”

“ဘာကိုဆွေးနွေးရမှာလဲ မတော်တဆဖြစ်သွားတယ် သိတဲ့လူလည်းရှိတာမဟုတ်ဘူး အဲ့တော့မသိချင်ယောင်ဆောင်ပြီးကိုယ့်လမ်းကိုဆက်လျှောက်မယ် ကိုယ်တို့နှစ်ယောက်ကြားဘာအနာဂတ်မှမရှိဘူး”

“ရမလားဗျ ကျွန်တော်ကတာဝန်မမဲ့တတ်ဘူး မတော်လို့ကိုယ်ဝန်ရှိသွားရင်ဘယ်လိုလုပ်မလဲ”

“မဖြစ်နိုင်တာတွေမပြောနဲ့”

အဲ့စကားလုံးကသူ့ရင်ဘတ်ခပ်နက်နက်ထဲကဆူးတစ်ချောင်း။

“ဘာလို့မဖြစ်နိုင်ရမှာလဲ ကျွန်တော်ကတော့ကျွန်တော့်အစွမ်းအစကိုယုံတယ် အဲ့တော့ကျွန်တော်တာဝန်ယူမယ်”

“ငါကမလိုဘူးလို့ပြောနေတယ်လေ”

“အဲ့ဒါဆိုကျွန်တော့်ကိုတာဝန်ယူ”

“ဘာ”

“ကျွန်တော့်ဘဝရဲ့ပထမဆုံးအကြိမ်မလို့ တာဝန်ယူပေးပါ “

“နစ်နာသွားတာကငါလေ”

“အဲ့တာကြောင့်တာဝန်ယူပေးမယ်လို့ပြောတယ်လေ လက်မှမခံတာ ကျွန်တော်ကတော့မရဘူး ကျွန်တော်နဲ့ပထမဆုံးပတ်သပ်ခဲ့တဲ့သူကပဲကျွန်တော့်ကိုတာဝန်ယူပေးရမယ်”

“ငါ့ဘက်ကအခြေနေတွေကိုမင်းသိပြီးသားမိုးကုတ်စက်ဝိုင်းရဲ့ ငါကAlphaဆိုတာလည်းတစ်လောကလုံးလက်ခံထားပြီးသား အခုအိမ်ထောင်ရှိတဲ့Alphaတစ်ယောက်က တစ်ခြားDominant Alphaတစ်ယောက်ကိုလူသိရှင်ကြားတာဝန်ယူရမယ်လို့ပြောနေတာလား”

“ဘာလဲ တစ်သက်လုံးAlphaယောင်ဆောင်ပြီးခေါင်းပေါ်မှာဘောလုံးကွင်းကြီးတင်ထားမယ်ပေါ့ ရူးနေတာလား ဘယ်သူတွေဘယ်လိုသိသိခင်ဗျားOmegaဆိုတာမပြောင်းလဲသွားဘူးလေ အကယ်၍အခုအခြေနေထပ်ဖြစ်လာရင်ရော ကျွန်တော့်နေရာမှာအခွင့်ရေးယူတတ်တဲ့သူဆိုရင်ဒီအခြေနေကိုအခွင့်ကောင်းယူပြီးတစ်သက်တာအမှတ်အသားနဲ့ခင်ဗျားဘဝကိုရုပ်သေးရုပ်လုပ်ပစ်မှာသဘောပေါက်လား”

“…………….”

“တစ်သက်လုံးထိန်းချုပ်ဆေးတွေသုံးမယ်လို့လာမပြောနဲ့ အဲ့ဆေးတွေရဲ့ side effectကြောင့် အခုခင်ဗျားဘယ်လိုဖြစ်နေလဲခင်ဗျားအသိဆုံး Heatဝင်သွားတာတောင်မသိရအောင်ထိ အသိစိတ်ပျောက်သွားတာလေ နောက်ထပ်ဘယ်အချိန်ဘယ်နေရာဘယ်သူတွေနဲ့ဘာဖြစ်သွားနိုင်လဲစဥ်းစားမိရဲ့လား”

“……………”

“အဲ့မိန်းမကိုဘယ်ကဘယ်လိုလက်ထပ်ဖြစ်ခဲ့လဲမသိပေမယ့် ခင်ဗျားတို့ကြားမှာဘာမှမရှိတာကိုသိပြီးသား သူများနဲ့ရတဲ့ကလေးရဲ့အဖေခေါ်ခံနေပြီးလှည်းကျိုးထမ်းချင်မနေနဲ့”

“အဲ့တော့မင်းကဘာဖြစ်ချင်နေတာလဲ”

“ခင်ဗျားရဲ့တရားဝင်လင်ဖြစ်ချင်နေတာ အဲ့မိန်းမကိုကွာရှင်းပြီးကျွန်တော့ကိုလက်ထပ်”

“ငါ့ကိုလူတောမတိုးရဲအောင်လုပ်ချင်နေတာလား”

“ဘာကိုလူတောမတိုးရဲအောင်လဲ ကျွန်တော်ပြောတာရှင်းရှင်းလေး ခင်ဗျားကOmega ခင်ဗျားဘာအတွက်နဲ့Alphaယောင်ဆောင်နေလဲမသိပေမယ့် အမှန်တရားကOmegaပဲလေ ပြီးတော့ဟိုမိန်းမနဲ့မပတ်သပ်ခဲ့ဖူးတာလည်းအမှန်တရား ခင်ဗျားကလေးမဟုတ်ခဲ့တာလည်းအမှန်တရား ကျွန်တော်နဲ့အတူနေမိသွားတာလည်းအမှန်တရားဘဲ ဘယ်အရာတွေကများလူတောမတိုးရဲစရာရှိနေလို့လဲ”

“ငါ့ဘဝတစ်လျှောက်လုံးAlphaအနေနဲ့ဘဲနေလာခဲ့တာလေ ကလေးအဖေAlphaတစ်ယောက်အနေနဲ့နေလာခဲ့တာ အခုမှတစ်ခြားတစ်ယောက်အောက်ရောက်သွားပြီး ကလေးမွေးပေးရမဲ့Omegaဖြစ်သွားရင်လူတိုင်းကလက်ညှိုးဝိုင်းထိုးလာမှာမင်းသိလား”

“Omegaဖြစ်သွားတာနိမ့်ကျသွားတာမှမဟုတ်တာ ကျုပ်ကခင်ဗျားကိုအဲ့လိုမဖြစ်အောင်ကျုပ်ခေါင်းပေါ်ထိတင်ထားပေးမယ် တကယ်လို့လက်ညှိုးထိုးလာတဲ့လူတွေရှိရင် အဲ့ထိုးလာတဲ့လက်ညှိုးတိုင်းကို ကျုပ်ဖြတ်ပေးမယ်ဗျာ”

“ငါ့ဇနီးဘက်ကရောငြိမ်နေမယ်လို့ထင်နေတာလား”

“အဲ့ဇနီးဆိုတာကြီးထည့်မပြောနဲ့ သူကဘာအဆင့်မို့လို့ငြိမ်မနေချင်ရတာလဲ အိမ်ထောင်ရှိတဲ့ယောကျ်ားတစ်ယောက်နဲ့ဖောက်ပြန်ကလေးမွေးထားပြီးတော့မှ နစ်နာသူလုပ်ချင်နေလို့ရမယ်ထင်နေတာလား”

သူ့ဘက်ကဒေါသတကြီးအော်လာတာက ကိုယ့်ဘက်ကနာလို့ပြောနေတာမို့စိတ်တော့မဆိုးမိ။ဒါပေမယ့်သူ့ဘက်ကငြင်းမှကိုဖြစ်မည်။

“သူ့ဘက်ကသိက္ခာရှိသေးတယ်လေ ငါတို့ပေါင်းလာတာငါးနှစ်ရှိနေပြီ ပြဿနာတွေမရှာပါနဲ့လားကွာ အရာရာအေးချမ်းနေတာပဲဟာ ဒီကိစ္စကိုမေ့…”

“ကျုပ်ပြောတာကိုလက်ခံပေးရင် ဒီကိစ္စကိုမေ့ပစ်ဖို့စဥ်းစားပေးမယ်”

“ဘာလဲ”

“ကျုပ်အနားမှာသုံးလနေပေး”

“ဘာ”

ဘာတွေကြံစည်နေမှန်းမသိသူက ဒီသုံးလကရောဘာအတွက်တဲ့လဲ။ရှေ့တစ်လှမ်းတိုးဖို့များ နောက်တစ်လှမ်းကြိုဆုတ်နေတာလားမသိ။

“ကျုပ်ပြောတာရှင်းရှင်းလေး ဒီသုံးလအတွင်းခင်ဗျားမှာကိုယ်ဝန်မရှိတာသေချာရင် ဒီကိစ္စကိုပြည်ဖုံးကားချပေးမယ် အခုစောင့်ကြည့်ဖို့အတွက်ကျုပ်နားမှာသုံးလနေ”

“မဖြစ်…”

“နှစ်ခုထဲကတစ်ခုရွေး ကျုပ်နားမှာသုံးလနေမလား ဖြစ်ချင်တာဖြစ်ဆိုပြီး အားလုံးရှေ့မှာအမှန်တရားကိုချပြရမလား”

“………….”

“သေချာစဥ်းစားစေချင်တယ် ခင်ဗျားပျောက်နေတာတစ်ပါတ်ရှိပြီ အရင်တုန်းကလည်းလျှောက်သွားနေကျမလို့သူတို့အတွက်အထူးအဆန်းမဟုတ်ပေမယ့် ကျွန်တော်လည်းသူငယ်ချင်းတွေကိုအဆက်သွယ်မလုပ်ဖြစ်တာတစ်ပါတ် အဲ့နေ့ညကကျွန်တော်တို့တစ်ခန်းတည်းနေတာလူတိုင်းသိတာမလို့ အခြေနေတွေကဆက်စပ်ကြည့်ရင်..”

စဥ်းစားကြည့်မှထိတ်လန့်လာမိသည်။အဲ့လိုဖြစ်လို့မရဘူး။

“ငါ့ကိုဖုန်းပေး”

“No,အရင်စဥ်းစား အခန်းသော့ကလည်းကျွန်တော့်ဆီမှာမလို့ အဖြေမရမချင်းဒီကနေတစ်လှမ်းမှမရွေ့ရဘူး ဝန်ထမ်းတွေကိုနှုတ်ပိတ်ထားပေမယ့် ဘူးတစ်ရာမဟုတ်တဲ့ပါးစပ်တစ်ရာက ပိတ်ထားလို့တော့မရဘူးထင်တယ်”

လိုချင်တာကိုရအောင်ယူဖို့ ချောင်ပိတ်ဖမ်းတဲ့နေရာမှာသိပ်ကိုတော်တာကတော့ သူ့အစ်ကိုအတိုင်းပဲ။

“မင်းတို့ညီအစ်ကိုတွေက တစ်ပုံစံတည်းပဲ”

“ဟုတ်တယ် ကျွန်တော်ပြောခဲ့သားပဲအဖေတူသားတွေပါလို့ ခင်ဗျားနဲ့အတူဖြတ်သန်းပြီးကတည်းက ထင်းရှူးတောတောင်အားလုံးကိုယ့်အပိုင်ဖြစ်ဖို့စီစဥ်ပြီးသွားပြီ”

“မင်း”

“နောက်ဆိုမောင်လို့ပြောင်းခေါ်ဖို့သင်ပေးရအုံးမယ်ကိုခိုရဲ့”

“ဘာကိစ္စရှိလို့ခေါ်ရမှာလဲ”

“ကိစ္စတွေကရှိချင်ပါတယ် လက်ခံပေးဖို့ပဲလိုတာ”

“……….”

“သန့်ရှင်းရေးလုပ်ထားပေးပေမယ့် မျက်နှာပြန်သစ်ချင်ရင်ပြောနော် နေ့လည်စာကရနေပြီ အစာမာတွေအဆင်မပြေလို့ဆန်ပြုတ်လေးကျိုခိုင်းထားတယ်”

“မစားချင်ဘူး”

“မစားလို့ရပေမယ့်လေ အားမရှိလို့ရှိရင်ကျွန်တော့်လက်ကလွတ်နိုင်ပါ့မလားဟင် ဥပမာကျွန်တော်ဆေးလိမ်းပေးရင်ရုန်းတာမျိုး ကျွန်တော်စိတ်မထိန်းနိုင်လို့နမ်းရင်တွန်းဖယ်တာမျိုး..”

“သွားယူလာခဲ့”

“အိုးးးအမှန်တော့ယူလာပြီးသားခွံ့ကျွေးဖို့အအေးခံထားတာ”

“ငါ့ဘာသာစားနိုင်တယ်”

“စားလို့တော့ရပေမယ့်လေ မျက်မှန်မပါတော့အဆင်မပြေဘူးထင်တယ် ဖိတ်ကျတာကကိစ္စမရှိပေမယ့် ကျွန်တော်ကအသန့်ကြိုက်တတ်တော့အဝတ်တွေလဲပေးမိမှာ အဲ့တာဆိုရင်စိတ်မထိန်းနိုင်ဘဲ…”

အကြောင်းပြချက်တွေပြောပြလာပြီး လိုချင်တဲ့အခြေအနေဆီအရောက်ဆွဲခေါ်နေတာမို့ သူဘာမှမပြောချင်တော့။

“သဘောပဲ “

“ခွံ့ကျွေးတာကိုလား လုပ်ချင်တာလုပ်တာကိုလား လုပ်ချင်တာလုပ်ခွင့်ပြုတာဆိုရင်..”

“ခွံ့ကျွေး”

“အို့စိတ်မကောင်းလိုက်တာ အခွင့်ရေးဆုံးရှုံးသွားသလိုပဲ မမေးလိုက်သင့်ဘူး”

ပြောရင်းခွံ့ကျွေးလာတဲ့ဆန်ပြုတ်ကအရသာတော့မဆိုး

“အယ်ပေကုန်ပြီ မတော်လို့နော် ပြွတ်စ်”

“မင်းဘာလုပ်တာလဲ”

ရုတ်တရတ်ထိကပ်လာတဲ့နှုတ်ခမ်းတွေကသူ့နှုတ်ခမ်းမှာ ခဏနားခိုသည်။

“နှုတ်ခမ်းမှာပေသွားတယ်လေ သုတ်စရာTissueမရှိလို့”

“မသုတ်ဘဲနေလေ”

“ကျွန်တော်ပြောပြီးပြီပဲဗျာ ကျွန်တော်ကအသန့်ကြိုက်တယ်လို့”

“တော်ပြီ”

“မကုန်သေးဘူးလေ စိတ်မကောက်ပါနဲ့ဗျာ”

“ဘယ်သူကစိတ်ကောက်နေလို့လဲ”

“စိတ်မကောက်ရင်စားမှာပေါ့ စိတ်ကောက်နေလို့မစားတာ”

“ခွံ့”

“ဇွတ်တွေဗျာ…”

“ဆက်ပြောမယ်ဆိုလည်းထွက်သွားတော့”

“ဟုတ်ပါပြီကိုကို..အယ်မှားလို့ကိုခိုရာ”

“…………”

“စားနေတုန်းစဥ်းစားထားလေနော် အချိန်တွေကတန်ဖိုးရှိတယ် ညနေတိမ်ငွေ့တို့မလာဘူးလို့ပြောမရဘူး”

“ဘာလို့လာမှာလဲ”

စားနေတဲ့အစာတောင်မျိုမကျအောင် သူထိတ်လန့်သွားရသည်။

“အွန်…. လခြမ်းကကိုခို့ကိုဖုန်းဆက်တာမကိုင်လို့စိတ်ပူနေတယ်လို့ကြားတယ် ဒီမှာရှိနေမလားမသေချာလို့ တိမ်ငွေ့ကိုအကူညီတောင်းပြီးလာကြည့်ခိုင်းမယ်ထင်တာပဲ”

“မင်းပြောတော့အိမ်ကိုမဆက်သွယ်ဘူးဆို ဘယ်လိုသိတာလဲ”

“အာ ကိုယ်ပြောခဲ့တာသူငယ်ချင်းတွေလို့လေ….ပြောဖို့မေ့သွားတယ် ကိုယ်တို့ကိစ္စကိုအိမ်ကအစ်ကိုရောညီပါသိတယ်လေ”

“ဘာ”

“အံ့ဩစရာမှမဟုတ်တာ သူပိုင်တဲ့နေရာမှာရှိတဲ့ကိုယ်တို့အကြောင်း သူမသိတာကမှအံ့ဩစရာမဟုတ်ဘူးလား”

“မင်း …..မင်းလျှောက်ပြောနေတာ”

“ယုံတာမယုံတာသဘောပါဗျာ ကျွန်တော်ကပြောပြရုံတင် မယုံလို့ဒီမှာဆက်နေရင်ပိုတောင်ကောင်းသေးတယ်ကျွန်တော်လိုချင်တဲ့အခြေနေပဲလေ ကျွန်တော်တို့အကြောင်းတစ်ယောက်ပိုသိသွားလေ ကျွန်တော်တို့နီးစပ်ဖို့တစ်လှမ်းပိုနီးလာလေပဲဟာ ကျွန်တော်ကပိုတောင်ကြိုက်သေးတယ်”

“အခုချက်ချင်းငါ့ကိုသွားခွင့်ပေး”

“အို့….ခက်လိုက်တာဗျာ ကျွန်တော်ကစကားကိုနှစ်ခါပြန်ပြောရတာမကြိုက်ပေမယ့် ကိုခိုမို့လို့ချွင်းချက်အနေနဲ့ပြန်ပြောပြမယ် ရွေးချယ်မှုမလုပ်မချင်း ဘယ်မှသွားခွင့်မရှိဘူး”

“ကောင်းပြီသုံးလမင်းအနားမှာနေပေးမယ် ငါ့ကိုထပ်မထိပါနဲ့”

“Okဗျာ သဘောတူပြီးသွားပြီနော် ပြီးမှကို့ရို့ကားယားတွေလုပ်မယ်မစဥ်းစားနဲ့ ကိုယ်တို့အကြောင်း သက်သေနဲ့တကွတစ်နိုင်ငံလုံးရှေ့ချပြပစ်မှာ မယုံမရှိနဲ့”

“ယောကျ်ားကတိ ငါ့ကိုသွားခွင့်ပေးတော့”

“ဘယ်ကိုသွားမှာလဲ”

“မင်း ကလိမ်ကကျစ်မလုပ်နဲ့”

“ကျွန်တော်ပြောတာက ကျွန်တော်နဲ့အတူသွားမယ်လို့ ကျွန်တော့်အနားမှာပဲနေမယ်လို့ကတိပေးထားတယ်လေဗျာ”

“အဲ့တာဆိုအခုသွားမယ်”

“ဒါလေးကုန်အောင်စား ခဏလေးပဲဟာဘာမှမထူးဘူး ကျွန်တော့်လူတွေလည်းရှိတာမို့ သူတို့လာရင်အကြောင်းကြားမှာပါ”

စကားဆက်ပြောမလာဘဲ ပါးစပ်သာဟပေးလာတာကြောင့် ခိုးပြုံးမိကာဆန်ပြုတ်ကုန်အောင်ခွံ့ကျွေးရသည်။

မုဆိုးလက်ထဲကသားကောင်ဆိုတာ ဘယ်တုန်းကလွတ်ရိုးထုံးစံရှိလို့လဲလေ။သူတို့ကမျိုးနဲ့ရိုးနဲ့တုံးအတယ်ထင်တယ်။

…………………..

“ကိုကိုတော်တော့ အဲ့အစ်မစောင့်နေတာကြာနေပြီ”

“Okခဏလေးစောင့် ပြီးမှကိုယ်ထပ်လုပ်ပေးမယ်”

အခြေနေက Sofaပေါ်ထိုင်နေတဲ့ငယ်ငယ့်ခြေသည်းတွေကို ကြမ်းပြင်ပေါ်ထိုင်ရင်းညှပ်ပေးနေတာ။ကိုယ့်ဘာသာညှပ်မယ်ဆိုတော့စိတ်မချ ဆိုင်သွားညှပ်မယ်ဆိုတော့တခြားလူကိုပေးအထိမခံနိုင်ဘူးဆိုပြီးကိုယ်တိုင်ညှပ်ပေးနေတာ။

ငရဲကြီးမယ်လို့ပြောတော့လည်း သူ့စိတ်ဆန္ဒနဲ့လုပ်ပေးနေတာမလို့ ကိစ္စမရှိပါဘူးတဲ့လေ။

အခုလောလောဆယ်ရောက်နေတာက Horizonဆေးရုံမှာ။Horizonကခရီးမှာအသိတစ်ယောက်ဆီဝင်လည်နေလို့ဆိုပြီးပြန်မလာသေးတာနဲ့ ကိုကိုကအစားလာကြည့်ပေးရတာ။လက်မှတ်ထိုးစရာတွေက ကိုကိုနဲ့လည်းအဆင်ပြေတာမလို့ သူ့ကိုခေါ်ပြီးရောက်လာခြင်း။

ခြေသည်းညှပ်ပေးနေတာမို့ လက်မှတ်ထိုးစရာတွေလာပို့ပေးသည့်အစ်မက စားပွဲနားမှာရပ်စောင့်နေလေသည်။ဒါကို မပြီးသေးလို့ဆိုပြီးအဖက်မလုပ်သူက ကြမ်းပြင်ပေါ်ကမထ။

ကိုကိုအဲ့လိုလုပ်ပေးနေတာကိုတခြားသူတွေမတွေ့စေချင်ဘူး။ကိုကို့ကိုအထင်မသေးရဲကြ တာသိပေမယ့် နိမ့်ကျတယ်လို့တွေးနေကြမှာကိုကြောက်သည်။ဘယ်လောက်မြတ်နိုးတယ်ဆိုဆို အဲ့လောက်ထိလုပ်ပေးစရာမလိုဘူးလေ။သမုဒ္ဒရာဆိုတာသာမာန်လူတစ်ယောက်မှမဟုတ်ခဲ့တာ။

လက်မှတ်ထိုးစရာတွေနှင့်ဆွေးနွေးစရာတွေပုံနေတာမို့ ငယ်ငယ်ပျင်းနေမှာကြောက်သူက အပြင်ဘက်ပန်းခြံထဲလျှောက်ကြည့်ခိုင်းလေသည်။သက်တော်စောင့်တွေလည်းအများအပြားမို့ စိတ်ချလက်ချလွှတ်ခြင်းသာ။

ပန်းခြံထဲလျှောက်ပတ်ကြည့်ရင်း Omegaလေးတစ်ယောက်နှင့်စကားပြောနေသော မုတ်သုံလေညှင်းကိုတွေ့သည်။အပြစ်ရှိစိတ်ကလေးဖျတ်ကနဲပျောက်သွားတာ ကိုကို့ကိုစိတ်ဝင်စားခြင်းမရှိတဲ့ထိုအလှပဂေးကြောင့်။

မေးထူးခေါ်ပြောအဆင့်မှာတောင် ကိုကို့ကိုခပ်တန်းတန်းသာဆက်ဆံတတ်သူက သဘောမကျရုံမကကြည့်ပါမရသည့်ပုံ။မာနကြီးသူတွေမို့ ဟိုကမမေးလျှင်ဒီကမပြောဆိုသည့်အခြေနေ။ထို့ပြင်ထိုOmegaလေးက ဝတ္ထုထဲကလိုပင်နူးနူးညံ့ညံံ့Omegaလေးတွေကိုသဘောကျလေသည်။

ဝတ္ထုထဲတွင်Alphaကြီးကိုအမြဲသဝန်တိုအောင်စွမ်းဆောင်နိုင်သည်မှာ Omegaလေးတွေပင်ဖြစ်သည်။နူးနူးညံ့ညံ့လေးတွေသဘောကျသူက သူလိုကြမ်းကြမ်းတမ်းတမ်းကြီးကိုခင်ပွန်းတော်ထားရတာမို့ သူ့ကိုယ်သူယုံကြည်မှုနည်းနေတာ။ဝတ္ထုဆုံးသွား၍ ကလေးအဖေဖြစ်သည်အထိ သဝန်တိုတာမပြီးဆုံးသေး။

ယခုလက်ရှိစကားပြောနေသည့်ကောင်လေးကချစ်စရာလေးပင်။အသက်မဲ့နေတဲ့မျက်ဝန်းတွေသာဘေးဖယ်ထားရင် တောက်ပတဲ့အလှလေးဖြစ်နေမှာ။သူ့ဘက်ကိုတစ်ချက်လှည့်ကြည့်လာတဲ့ထိုမျက်ဝန်းတွေက အသက်မဲ့နေတာနှမြောဖို့ကောင်းသည်။

ထိုကောင်လေးထွက်သွားတော့မုတ်သုံကသူ့နားလျှောက်လာလေသည်။

“အလည်လာတာလားလခြမ်း”

“ဟုတ်”

“တစ်ခါတွေ့တိုင်း တစ်ဆင့်ပိုချောလာတာ အရမ်းတွေအချစ်ခံနေရမှန်းသိသာလိုက်တာနော်”

“အဲ့..အဲ့လိုမဟုတ်ဘူး”

ခေါင်းငုံ့ချမိကာ ပြန်ဖြေလာပုံကမလုံမလဲ။

“ဒါနဲ့စောနကတစ်ယောက်ကလူနာလားဟင်”

“ဟုတ်တယ်လခြမ်းရဲ့ သနားစရာလေးလေ သူ့ချစ်သူကဆုံးသွားတာသူ့မှာကလေးရှိနေမှန်းတောင်မသိရသေးဘူး အခုကလေးကိုတစ်ယောက်တည်းပျိုးထောင်နေရတာ မနေ့က ကလေးကအဖျားတွေတက်နေလို့ဆေးရုံတင်ထားရတာလေ ကိုယ်ဝန်နဲ့ကတည်းကကိုယ်ကြည့်ပေးနေကျလူနာမလို့ သူ့ကိုသံယောဇဥ်တွယ်မိနေတာ သူ့ခမျာစိတ်ကျရောဂါတောင်ခံစားနေရတာ”

“သနားဖို့ကောင်းလိုက်တာ”

ပြောလည်းပြောမျက်ရည်ကလည်းဝဲချင်လာသည်။

“ဟုတ်တယ်ဆိုပေမယ့် ငိုတော့မငိုပါနဲ့ဗျာ တော်ကြာပိုင်ရှင်ကြီးရောက်လာလို့ငိုနေတာတွေ့ရင် ကျွန်တော်မျိုးလည်ဖြတ်ခံနေရပါအုံးမယ်”

“ဟုတ်ဘဲနဲ့ ကိုကိုကအဲ့လိုမလုပ်ဘူး”

“ဟားဟား လခြမ်းရယ်သူ့လူကိုချစ်တတ်ရန်ကော မယုံမရှိနဲ့ဗျာ အလုပ်ပြုတ်မှာတော့ မေးစရာမလိုတွေးတာနဲ့ကိုသိတယ် သူကခင်ဗျားလေးကိုအဲ့လောက်ထိအဖြစ်သည်းပါတယ်နော်”

ခေါင်းငုံ့ကာရှက်ပြုံးလေးပြုံးနေသူက သူ့လူအကြောင်းတော့သူသိတဲ့ပုံ။သူခေါင်းခါပြီးသာရယ်ပစ်လိုက်သည်။အရမ်းလိုက်ဖက်ညီလိုက်တာ။မြင်တဲ့သူတွေပါကြည်နူးစေနိုင်တဲ့အထိ။

ကောင်းကင်ပြာပြာအောက် နေရောင်ဖျဖျဆမ်းတဲ့ညနေခင်းထဲ အရောင်စုံတဲ့ပန်းတွေကြား လိပ်ပြာလေးတွေခိုနားနေလေသည်။ရှူခင်းလေးကိုအသက်ဝင်စေတာက အပြုံးကိုယ်စီနဲ့အလှပိုင်ရှင်လေးတွေပေါ့။သဘာဝအလှတွေကြား သဘာဝဆန်တဲ့အပြုံးတွေဆေးခြယ်ထားခြင်းဟာ ကမ္ဘာမြေကြီးအတွက် လက်ဆောင်တစ်ခုပမာ…….

###################

ငြိမ်း🌞🌻

ထိုးကိုက္ေနတဲ့ေခါင္းေၾကာင့္ နိုးလာေပမယ့္မထမိေသး။နာက်င္မႈကေခါင္းမွစကာ ခႏၶာကိုယ္အႏွံ႕ပ်ံ့ႏွံ႕ေနသလိုဘဲ။ခါတိုင္းလည္းေသာက္ေနက်ေပမယ့္ ဒီလိုမနာက်င္ခဲ့ဖူးဘူး။

အဓိကက ေဖာ္မျပနိုင္တဲ့တစ္ေနရာရဲ႕နာက်င္မႈက ဆိုးဆိုး႐ြား႐ြားပဲ။နည္းနည္းလႈပ္တာႏွင့္နာက်င္လာတာမို႔ အသက္ေတာင္ရဲရဲမရႉနိုင္။လည္ေခ်ာင္းေတြေျခာက္ေနတာမို႔ ေရေသာက္ခ်င္ေနမိသည္။ႏႈတ္ခမ္းေတြကေတာ့ စိုစိုစြတ္စြတ္ရယ္။မသိရင္အခုမွေရေသာက္ထားသလိုမ်ိဳး။

မ်က္လုံးကိုအားယူဖြင့္ေတာ့ ေနေရာင္စူးစူးေၾကာင့္ခ်က္ခ်င္းမဖြင့္နိုင္။ဖြင့္လိုက္ပိတ္လိုက္ႏွင့္ အသားက်သြားမွ အျပည့္အဝဖြင့္လိုက္နိုင္သည္။

ေဘးနားဆီစမ္းၾကည့္ေပမယ့္ မ်က္မွန္ကရွာမေတြ႕။မ်က္မွန္သမားမို႔ မ်က္မွန္မပါရင္ အကန္းသာသာ။အနားမွာရွိေနတဲ့လူကိုေတာင္ေသခ်ာမခြဲျခားနိုင္သည္အထိ သူ႕မ်က္လုံးေတြဆိုး႐ြားပါသည္။အိပ္ယာေဘးခုံမွာတင္ထားတဲ့ေရခြက္ကိုမႈန္ဝါးဝါးျမင္ေတာ့ ထေသာက္ဖို႔ႀကိဳးစားမိသည္။

တစ္ခ်က္လႈပ္လိုက္တိုင္း အသည္းခိုက္မတတ္နာက်င္သြားမႈကို လ်စ္လ်ဴရႉလို႔မရ ။ဘဝမွာတစ္ခါမွမႀကဳံဘူးတဲ့ အစိမ္းသက္သက္မဟုတ္တာမို႔ နည္းနည္းေတာ့ရိပ္မိလာသလိုဘဲ။နာက်င္မႈကိုအာ႐ုံမစိုက္နိုင္ေတာ့သည္အထိ သူထိတ္လန့္တၾကားထထိုင္မိသြားသည္။

မျဖစ္နိုင္ဘူးမလား။သူထင္ေနသလိုမဟုတ္ဘူးမလား။သူညကအရက္မူးၿပီး ေခ်ာ္လဲထားလို႔ နာေနတာမလား။အေတြးေတြေတာင္ေျမာက္ေျပးေနရင္းမွ ဂုတ္ပိုးထက္လက္ႏွင့္ထိလိုက္သည္။မရွိ။သူအၿမဲကပ္ထားခဲ့တဲ့ gland ဖုံးကပ္ခြာကိုမစမ္းမိ။

ၿပိဳလဲသြားတဲ့စိတ္အစုံဟာ လြန္ခဲ့တဲ့ႏွစ္ေတြကအတိုင္း။မ်က္ႏွာဖုံးေတြကြာမက်ေအာင္ထိန္းခဲ့ရတဲ့ ေန႕ရက္ေတြဟာ အဓိပ္ပါယ်မဲ့ကုန်ပြီ။

ဘယ္သူနဲ႕လဲ၊ဘယ္လိုျဖစ္ကုန္တာလဲ အခုသူကေရာဘယ္ကိုေရာက္ေနတာလဲ။လက္က်န္ဖယ္ရိုမုန္းတစ္ခ်ိဳ႕ကို ထိုအခ်ိန္မွသတိထားမိသည္။ျပင္းျပင္းရွရွ ဝိုင္ရနံ႕ေတြ။ႏူးညံ့မလိုနဲ႕ အဆုံးစြန္ထိယစ္မူးေစနိုင္တဲ့ရနံ႕။ရင္းႏွီးသလိုႏွင့္စိမ္းသက္ေနတဲ့ရနံ႕။

အသိစိတ္ေတြေဝဝါးကုန္ကာ အနာဂတ္ေတြပါေပ်ာက္ဆုံးကုန္သည္။ဘာေၾကာင့္အသက္ရွင္ေနရတာလဲဆိုတဲ့ေမးခြန္းကိုစဥ္းစားမိတာ Nႀကိမ္ေျမာက္။ေနေရာင္ျခည္ေတြကိုေက်ာခိုင္းကာ ေျမလႊာေအာက္မွာပဲၿငိမ္သက္ခ်င္ေတာ့တယ္။

ၾကားလိုက္ရတဲ့တံခါးဖြင့္သံကိုလည္း ဂ႐ုမစိုက္ခ်င္ေတာ့။ဝင္လာတဲ့ေျခသံကိုလည္း လ်စ္လ်ဴရႈပစ္မည္။တိုးဝင္လာတဲ့ဖယ္ရိုမုန္းေတြရဲ႕ပိုင္ရွင္ကိုလည္း မစူးစမ္းခ်င္ေတာ့ဘူး။

“နိုးလာၿပီလား ကိုခို”

ရင္းႏွီးၿပီးသားအသံဆိုေပမယ့္ ေခၚဆိုလာတဲ့နာမ္စားကမရွင္းမလင္း။ထိုသူနဲ႕ဆိုတဲ့အသိမွာ နည္းနည္းေတာ့အံ့ဩမိသား။သူလိုလူကကိုယ့္ကိုမေရွာင္နိုင္ခဲ့ဘူးတဲ့လား။ဒါမွမဟုတ္ ထင္းရႉးရနံ႕ေတြေၾကာင့္လား။

“ေရေလးအရင္ေသာက္လိုက္အုံး လည္ေခ်ာင္း ေတြေျခာက္ေနမွာ”

လူေရွ႕အထိယူေပးတဲ့ေရခြက္ကို ယူေသာက္ပစ္မိတယ္။အမွန္တရားတစ္ခုက သူတကယ္ကိုေရဆာေနတာ။ထိုအခ်ိန္မွသတိထားမိတာ ႏႈတ္ခမ္းေထာင့္ေတြစပ္ဖ်င္းဖ်င္း။

“ျဖစ္ခဲ့တာေတြက..”

“ေမ့ပစ္ေပးလို႔ရမလား”

သူစကားအစမွာ ကိုယ္ပိတ္ေျပာလိုက္မိသည္။တစ္ရွက္ကေနႏွစ္ရွက္မရခ်င္။

ေတာင္းဆိုမႈတစ္ခုပါ။ကိုယ့္အေျခေနကို သူသိၿပီးသားမလို႔။

“လူႀကီးလူေကာင္းဆန္ဆန္ေမ့ပစ္ေပးလို႔ရမလား ကိုယ့္အေျခေနကိုမင္းလည္းသိထားၿပီးသားပဲဟာ”

“ဘာအေျခအေနလဲ”

သိပ္မရွင္းလင္းေပမယ့္ လက္ပိုက္ကာစားပြဲကိုမွီလိုက္တာကိုေတာ့ ေရးေရးေလးျမင္ရသည္။မ်က္ႏွာကိုေသခ်ာမျမင္ရတာမို႔ ဘယ္လိုမ်က္ႏွာအမူအယာပုံစံနဲ႕ေျပာေနသလဲ သူမေဝခြဲတတ္။

“ကိုယ့္မ်က္မွန္ေလး အရင္ရွာေပးလို႔ရမလား”

“က်ိဳးသြားၿပီ “

“အာ”

ခဏတာတိတ္ဆိတ္မႈအၿပီး သူစကားျပန္စမိသည္။

“ကိုယ့္မွာ ဇနီးေရာသားပါရွိတယ္”

“အဲ့တာမင္းကေလးမွမဟုတ္တာ”

“မင္း”

ထိတ္လန့္သြားမႈမွာ ေျပာစရာေတြေပ်ာက္ကုန္သည္အထိ။ဘယ္ေလာက္ပဲအင္အားရွိတယ္ဆိုဆို ယခုေလာက္အထိက်…

“Omegaအခ်င္းခ်င္း သိပ္ခ်စ္ၿပီးေတာ့ကေလးပါေမြးပစ္ခဲ့တာေပါ့ ကိုယ္ေတာ့မယုံဘူးေနာ္”

“ငါအမွန္အတိုင္းေျပာ…”

“ကြၽန္ေတာ္သိရသေလာက္ကေတာ့ ကိုခို႔ဇနီးမွာ ငယ္ခ်စ္ဦးရွိၿပီး အဲ့တစ္ေယာက္ကလည္းသူ႕အိမ္ေထာင္နဲ႕သူမလား ႏွစ္ေယာက္လုံးကခ်စ္လွ်က္နဲ႕ေဝးခဲ့တာမို႔ အိမ္ေထာင္ရွိရက္နဲ႕ေတာင္ ေဖာက္ျပန္ေနခဲ့တာေလ”

“မင္း”

“ဘာလဲ အံ့ဩသြားတာလား ရင္းႏွီးတဲ့လူတိုင္းလိုလိုသိေနတဲ့အရာကို ကြၽန္ေတာ့္ပါးစပ္ကေျပာမွအံ့ဩျပမေနပါနဲ႕ “

“စုံစမ္းထားတာလား”

အေဝးျပည္ပတစ္ေနရာကအေျခအေနကို ဒီအတိုင္းၾကားမိတာလို႔ေျပာရင္ အ႐ူးမွသာယုံမွာမလား။

“No,မေတာ္တဆသိလာတာ”

“ဘာရည္႐ြယ္ခ်က္နဲ႕ ဒီအေၾကာင္းေတြေျပာေနတာလဲမသိေပမယ့္ မေန႕ညကကိစၥကေတာ့ ႏွစ္ေယာက္လုံးအမွားမို႔ မသိခ်င္ေယာင္ေဆာင္ေနေပးပါ”

“မေန႕ည”

အေမးတစ္ခုကသူ႕ရင္ကိုထိတ္ခနဲ။ဘာေၾကာင့္ရယ္မသိ တစ္ခုခုလြဲေနသလိုခံစားခ်က္။

“ဟုတ္တယ္မေန႕ည”

“ကိုခို တစ္ခုခုအထင္မွားေနသလိုဘဲေနာ္ ဘာလဲစိတ္ထဲမွာ အရက္ေသာက္ျဖစ္ၾကတာမေန႕ညလို႔ထင္ေနတာေတာ့မဟုတ္ဘူးမလား”

“မင္းဘာကိုေျပာခ်င္တာလဲ”

“ေျပာျပလို႔ရတယ္ဆိုေပမယ့္ စိတ္ၿငိမ္ၿငိမ္ထားဖို႔ေတာ့လိုမယ္ထင္တယ္”

“ေျပာ”

“ကိုCeanတို႔ေတြျပန္ကုန္တာ တစ္ပါတ္ၾကာသြားၿပီ”

“ဘာႀကီး”

မထင္မွတ္ထားတဲ့စကားလုံးေတြက သူနားမလည္တဲ့ဘာသာစကားေတြလိုမ်ိဳး။

“အဲ့ေန႕ညကမူးၿပီး Heatဝင္ေနတာကိုမသိလိုက္တာျဖစ္မယ္ ခင္ဗ်ားHeatျဖစ္ေနတဲ့တစ္ေလွ်ာက္လုံးကြၽန္ေတာ္နဲ႕ျဖတ္သန္းခဲ့တာ”

“မျဖစ္နိုင္တာ”

သူ႕ကမၻာႀကီးဟန္ခ်က္ပ်က္သြားသလိုပင္။ဘယ္လိုလုပ္ သူHeatဝင္ၿပီး တစ္ျခားAlpha
တစ္ေယာက္နဲ႕တစ္ပါတ္လုံးရွိေနတာကိုမသိလိုက္ရတာလဲ။

“သက္ေသယူအုံးမလား”

“………….”

“တစ္ျခားေျပးရွာေနစရာေတာင္မလိုဘူး အခုထိခႏၱာကိုယ္ကအဆင္မေျပေသးဘူးမလား ၿပီးေတာ့ကြၽန္ေတာ့္ဖယ္ရိုမုန္းေတြကိုလည္း လက္ခံေနၿပီးသား”

“မင္းဘာလို႔ဒီလိုလုပ္ခဲ့တာလဲ မင္းကထိန္းခ်ဳပ္နိုင္စြမ္းျမင့္တဲ့ Dominant Alphaတစ္ေယာက္ေလ ဘာလို႔ဒီအေျခအေနထိ..”

“အိုးးးအဲ့ညကကိုခိုကအရမ္းမူးေနတာ ကြၽန္ေတာ့ေဘးကအခန္းကလည္းအလြတ္ဆိုေတာ့ ျပန္မေခၚသြားခိုင္းေတာ့တာေလ ေစတနာနဲ႕ပါ အခန္းထဲေရာက္မွ ကိုခိုကHeatဝင္လာတာကိုး”

“တစ္ျခားလူေတြဆီအကူအညီေတာင္းလို႔ရတယ္ေလ ထိန္းခ်ဳပ္ေဆးေတာင္းေပးတာပဲျဖစ္ျဖစ္”

“ဘယ္လို ေတာင္းရမွာလဲအကုန္လုံးကAlphaေတြခ်ည္းေလ ထိန္းခ်ဳပ္ေဆးသုံးတဲ့လူမရွိဘူး လျခမ္းကလည္းသူ႕ခင္ပြန္းကေပးသုံးမွာမွမဟုတ္တာ ၿပီးေတာ့ကိုယ့္ဘာသာကိုယ္လည္းေမ့မေနနဲ႕ Alphaတစ္ေယာက္ကဘာေဆးေတြသုံးခ်င္ေနတာလဲ ေဆးသြားေတာင္းလို႔တျခားသူေတြကေမးလာရင္ ခင္ဗ်ားဘယ္လိုေျဖမလဲ”

“ဒါေပမယ့္….”

“ေတာ္ၿပီ ျဖစ္ၿပီးခဲ့တာေတြခ်ီးေျခာက္ေရႏႉးမေနနဲ႕ အဲ့အရာေတြကအတိတ္ျဖစ္သြားၿပီ အခုပစၥဳပၸန္မွာေနၿပီး အနာဂတ္အေၾကာင္းေဆြးႏြေးမယ္”

“ဘာကိုေဆြးႏြေးရမွာလဲ မေတာ္တဆျဖစ္သြားတယ္ သိတဲ့လူလည္းရွိတာမဟုတ္ဘူး အဲ့ေတာ့မသိခ်င္ေယာင္ေဆာင္ၿပီးကိုယ့္လမ္းကိုဆက္ေလွ်ာက္မယ္ ကိုယ္တို႔ႏွစ္ေယာက္ၾကားဘာအနာဂတ္မွမရွိဘူး”

“ရမလားဗ် ကြၽန္ေတာ္ကတာဝန္မမဲ့တတ္ဘူး မေတာ္လို႔ကိုယ္ဝန္ရွိသြားရင္ဘယ္လိုလုပ္မလဲ”

“မျဖစ္နိုင္တာေတြမေျပာနဲ႕”

အဲ့စကားလုံးကသူ႕ရင္ဘတ္ခပ္နက္နက္ထဲကဆူးတစ္ေခ်ာင္း။

“ဘာလို႔မျဖစ္နိုင္ရမွာလဲ ကြၽန္ေတာ္ကေတာ့ကြၽန္ေတာ့္အစြမ္းအစကိုယုံတယ္ အဲ့ေတာ့ကြၽန္ေတာ္တာဝန္ယူမယ္”

“ငါကမလိုဘူးလို႔ေျပာေနတယ္ေလ”

“အဲ့ဒါဆိုကြၽန္ေတာ့္ကိုတာဝန္ယူ”

“ဘာ”

“ကြၽန္ေတာ့္ဘဝရဲ႕ပထမဆုံးအႀကိမ္မလို႔ တာဝန္ယူေပးပါ “

“နစ္နာသြားတာကငါေလ”

“အဲ့တာေၾကာင့္တာဝန္ယူေပးမယ္လို႔ေျပာတယ္ေလ လက္မွမခံတာ ကြၽန္ေတာ္ကေတာ့မရဘူး ကြၽန္ေတာ္နဲ႕ပထမဆုံးပတ္သပ္ခဲ့တဲ့သူကပဲကြၽန္ေတာ့္ကိုတာဝန္ယူေပးရမယ္”

“ငါ့ဘက္ကအေျခေနေတြကိုမင္းသိၿပီးသားမိုးကုတ္စက္ဝိုင္းရဲ႕ ငါကAlphaဆိုတာလည္းတစ္ေလာကလုံးလက္ခံထားၿပီးသား အခုအိမ္ေထာင္ရွိတဲ့Alphaတစ္ေယာက္က တစ္ျခားDominant Alphaတစ္ေယာက္ကိုလူသိရွင္ၾကားတာဝန္ယူရမယ္လို႔ေျပာေနတာလား”

“ဘာလဲ တစ္သက္လုံးAlphaေယာင္ေဆာင္ၿပီးေခါင္းေပၚမွာ ေဘာလုံးကြင္းႀကီးတင္ထားမယ္ေပါ့ ႐ူးေနတာလား ဘယ္သူေတြဘယ္လိုသိသိခင္ဗ်ားOmegaဆိုတာမေျပာင္းလဲသြားဘူးေလ အကယ္၍အခုအေျခေနထပ္ျဖစ္လာရင္ေရာ ကြၽန္ေတာ့္ေနရာမွာအခြင့္ေရးယူတတ္တဲ့သူဆိုရင္ဒီအေျခေနကိုအခြင့္ေကာင္းယူၿပီးခင္ဗ်ားဘဝကို႐ုပ္ေသး႐ုပ္လုပ္ပစ္မွာသေဘာေပါက္လား”

“…………….”

“တစ္သက္လုံးထိန္းခ်ဳပ္ေဆးေတြသုံးမယ္လို႔လာမေျပာနဲ႕ အဲ့ေဆးေတြရဲ႕ side effectေၾကာင့္ အခုခင္ဗ်ားဘယ္လိုျဖစ္ေနလဲခင္ဗ်ားအသိဆုံး Heatဝင္သြားတာေတာင္မသိရေအာင္ထိ အသိစိတ္ေပ်ာက္သြားတာေလ ေနာက္ထပ္ဘယ္အခ်ိန္ဘယ္ေနရာဘယ္သူေတြနဲ႕ဘာျဖစ္သြားနိုင္လဲစဥ္းစားမိရဲ႕လား”

“……………”

“အဲ့မိန္းမကိုဘယ္ကဘယ္လိုလက္ထပ္ျဖစ္ခဲ့လဲမသိေပမယ့္ ခင္ဗ်ားတို႔ၾကားမွာဘာမွမရွိတာကိုသိၿပီးသား သူမ်ားနဲ႕ရတဲ့ကေလးရဲ႕အေဖေခၚခံေနၿပီးလွည္းက်ိဳးထမ္းခ်င္မေနနဲ႕”

“အဲ့ေတာ့မင္းကဘာျဖစ္ခ်င္ေနတာလဲ”

“ခင္ဗ်ားရဲ႕တရားဝင္လင္ျဖစ္ခ်င္ေနတာ အဲ့မိန္းမကိုကြာရွင္းၿပီးကြၽန္ေတာ့ကိုလက္ထပ္”

“ငါ့ကိုလူေတာမတိုးရဲေအာင္လုပ္ခ်င္ေနတာလား”

“ဘာကိုလူေတာမတိုးရဲေအာင္လဲ ကြၽန္ေတာ္ေျပာတာရွင္းရွင္းေလး ခင္ဗ်ားကOmega ခင္ဗ်ားဘာအတြက္နဲ႕Alphaေယာင္ေဆာင္ေနလဲမသိေပမယ့္ အမွန္တရားကOmegaပဲေလ ၿပီးေတာ့ဟိုမိန္းမနဲ႕မပတ္သပ္ခဲ့ဖူးတာလည္းအမွန္တရား ခင္ဗ်ားကေလးမဟုတ္ခဲ့တာလည္းအမွန္တရား ကြၽန္ေတာ္နဲ႕အတူေနမိသြားတာလည္းအမွန္တရားဘဲ ဘယ္အရာေတြကမ်ားလူေတာမတိုးရဲစရာရွိေနလို႔လဲ”

“ငါ့ဘဝတစ္ေလွ်ာက္လုံးAlphaအေနနဲ႕ဘဲေနလာခဲ့တာေလ ကေလးအေဖAlphaတစ္ေယာက္အေနနဲ႕ေနလာခဲ့တာ အခုမွတစ္ျခားတစ္ေယာက္ေအာက္ေရာက္သြားၿပီး ကေလးေမြးေပးရမဲ့Omegaျဖစ္သြားရင္လူတိုင္းကလက္ညွိုးဝိုင္းထိုးလာမွာမင္းသိလား”

“Omegaျဖစ္သြားတာနိမ့္က်သြားတာမွမဟုတ္တာ က်ဳပ္ကခင္ဗ်ားကိုအဲ့လိုမျဖစ္ေအာင္က်ဳပ္ေခါင္းေပၚထိတင္ထားေပးမယ္ တကယ္လို႔လက္ညွိုးထိုးလာတဲ့လူေတြရွိရင္ အဲ့ထိုးလာတဲ့လက္ညွိုးတိုင္းကို က်ဳပ္ျဖတ္ေပးမယ္ဗ်ာ”

“ငါ့ဇနီးဘက္ကေရာၿငိမ္ေနမယ္လို႔ထင္ေနတာလား”

“အဲ့ဇနီးဆိုတာႀကီးထည့္မေျပာနဲ႕ သူကဘာအဆင့္မို႔လို႔ၿငိမ္မေနခ်င္ရတာလဲ အိမ္ေထာင္ရွိတဲ့ေယာက်္ားတစ္ေယာက္နဲ႕ေဖာက္ျပန္ကေလးေမြးထားၿပီးေတာ့မွ နစ္နာသူလုပ္ခ်င္ေနလို႔ရမယ္ထင္ေနတာလား”

သူ႕ဘက္ကေဒါသတႀကီးေအာ္လာတာက ကိုယ့္ဘက္ကနာလို႔ေျပာေနတာမို႔စိတ္ေတာ့မဆိုးမိ။ဒါေပမယ့္သူ႕ဘက္ကျငင္းမွကိုျဖစ္မည္။

“သူ႕ဘက္ကသိကၡာရွိေသးတယ္ေလ ငါတို႔ေပါင္းလာတာငါးႏွစ္ရွိေနၿပီ ျပႆနာေတြမရွာပါနဲ႕လားကြာ အရာရာေအးခ်မ္းေနတာပဲဟာ ဒီကိစၥကိုေမ့…”

“က်ဳပ္ေျပာတာကိုလက္ခံေပးရင္ ဒီကိစၥကိုေမ့ပစ္ဖို႔စဥ္းစားေပးမယ္”

“ဘာလဲ”

“က်ဳပ္အနားမွာသုံးလေနေပး”

“ဘာ”

ဘာေတြႀကံစည္ေနမွန္းမသိသူက ဒီသုံးလကေရာဘာအတြက္တဲ့လဲ။ေရွ႕တစ္လွမ္းတိုးဖို႔မ်ား ေနာက္တစ္လွမ္းႀကိဳဆုတ္ေနတာလားမသိ။

“က်ဳပ္ေျပာတာရွင္းရွင္းေလး ဒီသုံးလအတြင္းခင္ဗ်ားမွာကိုယ္ဝန္မရွိတာေသခ်ာရင္ ဒီကိစၥကိုျပည္ဖုံးကားခ်ေပးမယ္ အခုေစာင့္ၾကည့္ဖို႔အတြက္က်ဳပ္နားမွာသုံးလေန”

“မျဖစ္…”

“ႏွစ္ခုထဲကတစ္ခုေ႐ြး က်ဳပ္နားမွာသုံးလေနမလား ျဖစ္ခ်င္တာျဖစ္ဆိုၿပီး အားလုံးေရွ႕မွာအမွန္တရားကိုခ်ျပရမလား”

“………….”

“ေသခ်ာစဥ္းစားေစခ်င္တယ္ ခင္ဗ်ားေပ်ာက္ေနတာတစ္ပါတ္ရွိၿပီ အရင္တုန္းကလည္းေလွ်ာက္သြားေနက်မလို႔သူတို႔အတြက္အထူးအဆန္းမဟုတ္ေပမယ့္ ကြၽန္ေတာ္လည္းသူငယ္ခ်င္းေတြကိုအဆက္သြယ္မလုပ္ျဖစ္တာတစ္ပါတ္ အဲ့ေန႕ညကကြၽန္ေတာ္တို႔တစ္ခန္းတည္းေနတာလူတိုင္းသိတာမလို႔ အေျခေနေတြကဆက္စပ္ၾကည့္ရင္..”

စဥ္းစားၾကည့္မွထိတ္လန့္လာမိသည္။အဲ့လိုျဖစ္လို႔မရဘူး။

“ငါ့ကိုဖုန္းေပး”

“No,အရင္စဥ္းစား အခန္းေသာ့ကလည္းကြၽန္ေတာ့္ဆီမွာမလို႔ အေျဖမရမခ်င္းဒီကေနတစ္လွမ္းမွမေ႐ြ႕ရဘူး ဝန္ထမ္းေတြကိုႏႈတ္ပိတ္ထားေပမယ့္ ဘူးတစ္ရာမဟုတ္တဲ့ပါးစပ္တစ္ရာက ပိတ္ထားလို႔ေတာ့မရဘူးထင္တယ္”

လိုခ်င္တာကိုရေအာင္ယူဖို႔ ေခ်ာင္ပိတ္ဖမ္းတဲ့ေနရာမွာသိပ္ကိုေတာ္တာကေတာ့ သူ႕အစ္ကိုအတိုင္းပဲ။

“မင္းတို႔ညီအစ္ကိုေတြက တစ္ပုံစံတည္းပဲ”

“ဟုတ္တယ္ ကြၽန္ေတာ္ေျပာခဲ့သားပဲ အေဖတူသားေတြပါလို႔ ခင္ဗ်ားနဲ႕အတူျဖတ္သန္းၿပီးကတည္းက ထင္းရႉးေတာေတာင္အားလုံးကိုယ့္အပိုင္ျဖစ္ဖို႔စီစဥ္ၿပီးသြားၿပီ”

“မင္း”

“ေနာက္ဆိုေမာင္လို႔ေျပာင္းေခၚဖို႔သင္ေပးရအုံးမယ္ကိုခိုရဲ႕”

“ဘာကိစၥရွိလို႔ေခၚရမွာလဲ”

“ကိစၥေတြကရွိခ်င္ပါတယ္ လက္ခံေပးဖို႔ပဲလိုတာ”

“……….”

“သန့္ရွင္းေရးလုပ္ထားေပးေပမယ့္ မ်က္ႏွာျပန္သစ္ခ်င္ရင္ေျပာေနာ္ ေန႕လည္စာကရေနၿပီ အစာမာေတြအဆင္မေျပလို႔ဆန္ျပဳတ္ေလးက်ိဳခိုင္းထားတယ္”

“မစားခ်င္ဘူး”

“မစားလို႔ရေပမယ့္ေလ အားမရွိလို႔ရွိရင္ကြၽန္ေတာ့္လက္ကလြတ္နိုင္ပါ့မလားဟင္ ဥပမာကြၽန္ေတာ္ေဆးလိမ္းေပးရင္႐ုန္းတာမ်ိဳး ကြၽန္ေတာ္စိတ္မထိန္းနိုင္လို႔နမ္းရင္တြန္းဖယ္တာမ်ိဳး..”

“သြားယူလာခဲ့”

“အိုးးးအမွန္ေတာ့ယူလာၿပီးသားခြံ႕ေကြၽးဖို႔အေအးခံထားတာ”

“ငါ့ဘာသာစားနိုင္တယ္”

“စားလို႔ေတာ့ရေပမယ့္ေလ မ်က္မွန္မပါေတာ့အဆင္မေျပဘူးထင္တယ္ ဖိတ္က်တာကကိစၥမရွိေပမယ့္ ကြၽန္ေတာ္ကအသန့္ႀကိဳက္တတ္ေတာ့အဝတ္ေတြလဲေပးမိမွာ အဲ့တာဆိုရင္စိတ္မထိန္းနိုင္ဘဲ…”

အေၾကာင္းျပခ်က္ေတြေျပာျပလာၿပီး လိုခ်င္တဲ့အေျခအေနဆီအေရာက္ဆြဲေခၚေနတာမို႔ သူဘာမွမေျပာခ်င္ေတာ့။

“သေဘာပဲ “

“ခြံ႕ေကြၽးတာကိုလား လုပ္ခ်င္တာလုပ္တာကိုလား လုပ္ခ်င္တာလုပ္ခြင့္ျပဳတာဆိုရင္..”

“ခြံ႕ေကြၽး”

“အို႔စိတ္မေကာင္းလိုက္တာ အခြင့္ေရးဆုံးရႈံးသြားသလိုပဲ မေမးလိုက္သင့္ဘူး”

ေျပာရင္းခြံ႕ေကြၽးလာတဲ့ဆန္ျပဳတ္ကအရသာေတာ့မဆိုး

“အယ္ေပကုန္ၿပီ မေတာ္လို႔ေနာ္ ႁပြတ္စ္”

“မင္းဘာလုပ္တာလဲ”

႐ုတ္တရတ္ထိကပ္လာတဲ့ႏႈတ္ခမ္းေတြကသူ႕ႏႈတ္ခမ္းမွာ ခဏနားခိုသည္။

“ႏႈတ္ခမ္းမွာေပသြားတယ္ေလ သုတ္စရာTissueမရွိလို႔”

“မသုတ္ဘဲေနေလ”

“ကြၽန္ေတာ္ေျပာၿပီးၿပီပဲဗ်ာ ကြၽန္ေတာ္ကအသန့္ႀကိဳက္တယ္လို႔”

“ေတာ္ၿပီ”

“မကုန္ေသးဘူးေလ စိတ္မေကာက္ပါနဲ႕ဗ်ာ”

“ဘယ္သူကစိတ္ေကာက္ေနလို႔လဲ”

“စိတ္မေကာက္ရင္စားမွာေပါ့ စိတ္ေကာက္ေနလို႔မစားတာ”

“ခြံ႕”

“ဇြတ္ေတြဗ်ာ…”

“ဆက္ေျပာမယ္ဆိုလည္းထြက္သြားေတာ့”

“ဟုတ္ပါၿပီကိုကို..အယ္မွားလို႔ကိုခိုရာ”

“…………”

“စားေနတုန္းစဥ္းစားထားေလေနာ္ အခ်ိန္ေတြကတန္ဖိုးရွိတယ္ ညေနတိမ္ေငြ႕တို႔မလာဘူးလို႔ေျပာမရဘူး”

“ဘာလို႔လာမွာလဲ”

စားေနတဲ့အစာေတာင္မ်ိဳမက်ေအာင္ သူထိတ္လန့္သြားရသည္။

“အြန္…. လျခမ္းကကိုခို႔ကိုဖုန္းဆက္တာမကိုင္လို႔စိတ္ပူေနတယ္လို႔ၾကားတယ္ ဒီမွာရွိေနမလားမေသခ်ာလို႔ တိမ္ေငြ႕ကိုအကူညီေတာင္းၿပီးလာၾကည့္ခိုင္းမယ္ထင္တာပဲ”

“မင္းေျပာေတာ့အိမ္ကိုမဆက္သြယ္ဘူးဆို ဘယ္လိုသိတာလဲ”

“အာ ကိုယ္ေျပာခဲ့တာသူငယ္ခ်င္းေတြလို႔ေလ….ေျပာဖို႔ေမ့သြားတယ္ ကိုယ္တို႔ကိစၥကိုအိမ္ကအစ္ကိုေရာညီပါသိတယ္ေလ”

“ဘာ”

“အံ့ဩစရာမွမဟုတ္တာ သူပိုင္တဲ့ေနရာမွာရွိတဲ့ကိုယ္တို႔အေၾကာင္း သူမသိတာကမွအံ့ဩစရာမဟုတ္ဘူးလား”

“မင္း …..မင္းေလွ်ာက္ေျပာေနတာ”

“ယုံတာမယုံတာသေဘာပါဗ်ာ ကြၽန္ေတာ္ကေျပာျပ႐ုံတင္ မယုံလို႔ဒီမွာဆက္ေနရင္ပိုေတာင္ေကာင္းေသးတယ္ကြၽန္ေတာ္လိုခ်င္တဲ့အေျခေနပဲေလ ကြၽန္ေတာ္တို႔အေၾကာင္းတစ္ေယာက္ပိုသိသြားေလ ကြၽန္ေတာ္တို႔နီးစပ္ဖို႔တစ္လွမ္းပိုနီးလာေလပဲဟာ ကြၽန္ေတာ္ကပိုေတာင္ႀကိဳက္ေသးတယ္”

“အခုခ်က္ခ်င္းငါ့ကိုသြားခြင့္ေပး”

“အို႔….ခက္လိုက္တာဗ်ာ ကြၽန္ေတာ္ကစကားကိုႏွစ္ခါျပန္ေျပာရတာမႀကိဳက္ေပမယ့္ ကိုခိုမို႔လို႔ခြၽင္းခ်က္အေနနဲ႕ျပန္ေျပာျပမယ္ ေ႐ြးခ်ယ္မႈမလုပ္မခ်င္း ဘယ္မွသြားခြင့္မရွိဘူး”

“ေကာင္းၿပီသုံးလမင္းအနားမွာေနေပးမယ္ ငါ့ကိုထပ္မထိပါနဲ႕”

“Okဗ်ာ သေဘာတူၿပီးသြားၿပီေနာ္ ၿပီးမွကို႔ရို႔ကားယားေတြလုပ္မယ္မစဥ္းစားနဲ႕ ကိုယ္တို႔အေၾကာင္း သက္ေသနဲ႕တကြတစ္နိုင္ငံလုံးေရွ႕ခ်ျပပစ္မွာ မယုံမရွိနဲ႕”

“ေယာက်္ားကတိ ငါ့ကိုသြားခြင့္ေပးေတာ့”

“ဘယ္ကိုသြားမွာလဲ”

“မင္း ကလိမ္ကက်စ္မလုပ္နဲ႕”

“ကြၽန္ေတာ္ေျပာတာက ကြၽန္ေတာ္နဲ႕အတူသြားမယ္လို႔ ကြၽန္ေတာ့္အနားမွာပဲေနမယ္လို႔ကတိေပးထားတယ္ေလဗ်ာ”

“အဲ့တာဆိုအခုသြားမယ္”

“ဒါေလးကုန္ေအာင္စား ခဏေလးပဲဟာဘာမွမထူးဘူး ကြၽန္ေတာ့္လူေတြလည္းရွိတာမို႔ သူတို႔လာရင္အေၾကာင္းၾကားမွာပါ”

စကားဆက္ေျပာမလာဘဲ ပါးစပ္သာဟေပးလာတာေၾကာင့္ ခိုးၿပဳံးမိကာဆန္ျပဳတ္ကုန္ေအာင္ခြံ႕ေကြၽးရသည္။

မုဆိုးလက္ထဲကသားေကာင္ဆိုတာ ဘယ္တုန္းကလြတ္ရိုးထုံးစံရွိလို႔လဲေလ။သူတို႔ကမ်ိဳးနဲ႕ရိုးနဲ႕တုံးအတယ္ထင္တယ္။

…………………..

“ကိုကိုေတာ္ေတာ့ အဲ့အစ္မေစာင့္ေနတာၾကာေနၿပီ”

“Okခဏေလးေစာင့္ ၿပီးမွကိုယ္ထပ္လုပ္ေပးမယ္”

အေျခေနက Sofaေပၚထိုင္ေနတဲ့ငယ္ငယ့္ေျခသည္းေတြကို ၾကမ္းျပင္ေပၚထိုင္ရင္းညွပ္ေပးေနတာ။ကိုယ့္ဘာသာညွပ္မယ္ဆိုေတာ့စိတ္မခ် ဆိုင္သြားညွပ္မယ္ဆိုေတာ့ တျခားလူကိုေပးအထိမခံနိုင္ဘူးဆိုၿပီးကိုယ္တိုင္ညွပ္ေပးေနတာ။

ငရဲႀကီးမယ္လို႔ေျပာေတာ့လည္း သူ႕စိတ္ဆႏၵနဲ႕လုပ္ေပးေနတာမလို႔ ကိစၥမရွိပါဘူးတဲ့ေလ။

အခုေလာေလာဆယ္ေရာက္ေနတာက Horizon ေဆး႐ုံမွာ။Horizonကခရီးမွာအသိတစ္ေယာက္ဆီဝင္လည္ေနလို႔ဆိုၿပီးျပန္မလာေသးတာနဲ႕ ကိုကိုကအစားလာၾကည့္ေပးရတာ။လက္မွတ္ထိုးစရာေတြက ကိုကိုနဲ႕လည္းအဆင္ေျပတာမလို႔ သူ႕ကိုေခၚၿပီးေရာက္လာျခင္း။

ေျခသည္းညွပ္ေပးေနတာမို႔ လက္မွတ္ထိုးစရာေတြလာပို႔ေပးသည့္အစ္မက စားပြဲနားမွာရပ္ေစာင့္ေနေလသည္။ဒါကို မၿပီးေသးလို႔ဆိုၿပီးအဖက္မလုပ္သူက ၾကမ္းျပင္ေပၚကမထ။

ကိုကိုအဲ့လိုလုပ္ေပးေနတာကိုတျခားသူေတြမေတြ႕ေစခ်င္ဘူး။ကိုကို႔ကိုအထင္မေသးရဲၾက တာသိေပမယ့္ နိမ့္က်တယ္လို႔ေတြးေနၾကမွာကိုေၾကာက္သည္။ဘယ္ေလာက္ျမတ္နိုးတယ္ဆိုဆို အဲ့ေလာက္ထိလုပ္ေပးစရာမလိုဘူးေလ။သမုဒၵရာဆိုတာသာမာန္လူတစ္ေယာက္မွမဟုတ္ခဲ့တာ။

လက္မွတ္ထိုးစရာေတြႏွင့္ေဆြးႏြေးစရာေတြပုံေနတာမို႔ ငယ္ငယ္ပ်င္းေနမွာေၾကာက္သူက အျပင္ဘက္ပန္းၿခံထဲေလွ်ာက္ၾကည့္ခိုင္းေလသည္။သက္ေတာ္ေစာင့္ေတြလည္းအမ်ားအျပားမို႔ စိတ္ခ်လက္ခ်လႊတ္ျခင္းသာ။

ပန္းၿခံထဲေလွ်ာက္ပတ္ၾကည့္ရင္း Omegaေလးတစ္ေယာက္ႏွင့္စကားေျပာေနေသာ မုတ္သုံေလညွင္းကိုေတြ႕သည္။အျပစ္ရွိစိတ္ကေလးဖ်တ္ကနဲေပ်ာက္သြားတာ ကိုကို႔ကိုစိတ္ဝင္စားျခင္းမရွိတဲ့ထိုအလွပေဂးေၾကာင့္။

ေမးထူးေခၚေျပာအဆင့္မွာေတာင္ ကိုကို႔ကိုခပ္တန္းတန္းသာဆက္ဆံတတ္သူက သေဘာမက်႐ုံမကၾကည့္ပါမရသည့္ပုံ။မာနႀကီးသူေတြမို႔ ဟိုကမေမးလွ်င္ဒီကမေျပာဆိုသည့္အေျခေန။ထို႔ျပင္ထိုOmegaေလးက ဝတၳဳထဲကလိုပင္ ႏူးႏူးညံ့ညံံ့Omegaေလးေတြကိုသေဘာက်ေလသည္။

ဝတၳဳထဲတြင္Alphaႀကီးကိုအၿမဲသဝန္တိုေအာင္စြမ္းေဆာင္နိုင္သည္မွာ Omegaေလးေတြပင္ျဖစ္သည္။ႏူးႏူးညံ့ညံ့ေလးေတြသေဘာက်သဴက သူလိုၾကမ္းၾကမ္းတမ္းတမ္းႀကီးကိုခင္ပြန္းေတာ္ထားရတာမို႔ သူ႕ကိုယ္သူယုံၾကည္မႈနည္းေနတာ။ဝတၳဳဆုံးသြား၍ ကေလးအေဖျဖစ္သည္အထိ သဝန္တိုတာမၿပီးဆုံးေသး။

ယခုလက္ရွိစကားေျပာေနသည့္ေကာင္ေလးကခ်စ္စရာေလးပင္။အသက္မဲ့ေနတဲ့မ်က္ဝန္းေတြသာေဘးဖယ္ထားရင္ ေတာက္ပတဲ့အလွေလးျဖစ္ေနမွာ။သူ႕ဘက္ကိုတစ္ခ်က္လွည့္ၾကည့္လာတဲ့ထိုမ်က္ဝန္းေတြက အသက္မဲ့ေနတာႏွေျမာဖို႔ေကာင္းသည္။

ထိုေကာင္ေလးထြက္သြားေတာ့မုတ္သုံကသူ႕နားေလွ်ာက္လာေလသည္။

“အလည္လာတာလားလျခမ္း”

“ဟုတ္”

“တစ္ခါေတြ႕တိုင္း တစ္ဆင့္ပိုေခ်ာလာတာ အရမ္းေတြအခ်စ္ခံေနရမွန္းသိသာလိုက္တာေနာ္”

“အဲ့..အဲ့လိုမဟုတ္ဘူး”

ေခါင္းငုံ႕ခ်မိကာ ျပန္ေျဖလာပုံကမလုံမလဲ။

“ဒါနဲ႕ေစာနကတစ္ေယာက္ကလူနာလားဟင္”

“ဟုတ္တယ္လျခမ္းရဲ႕ သနားစရာေလးေလ သူ႕ခ်စ္သူကဆုံးသြားတာသူ႕မွာကေလးရွိေနမွန္းေတာင္မသိရေသးဘူး အခုကေလးကိုတစ္ေယာက္တည္းပ်ိဳးေထာင္ေနရတာ မေန႕က ကေလးကအဖ်ားေတြတက္ေနလို႔ေဆး႐ုံတင္ထားရတာေလ ကိုယ္ဝန္နဲ႕ကတည္းကကိုယ္ၾကည့္ေပးေနက်လဴနာမလို႔ သူ႕ကိုသံေယာဇဥ္တြယ္မိေနတာ သူ႕ခမ်ာစိတ္က်ေရာဂါေတာင္ခံစားေနရတာ”

“သနားဖို႔ေကာင္းလိုက္တာ”

ေျပာလည္းေျပာမ်က္ရည္ကလည္းဝဲခ်င္လာသည္။

“ဟုတ္တယ္ဆိုေပမယ့္ ငိုေတာ့မငိုပါနဲ႕ဗ်ာ ေတာ္ၾကာပိုင္ရွင္ႀကီးေရာက္လာလို႔ငိုေနတာေတြ႕ရင္ ကြၽန္ေတာ္မ်ိဳးလည္ျဖတ္ခံေနရပါအုံးမယ္”

“ဟုတ္ဘဲနဲ႕ ကိုကိုကအဲ့လိုမလုပ္ဘူး”

“ဟားဟား လျခမ္းရယ္သူ႕လူကိုခ်စ္တတ္ရန္ေကာ မယုံမရွိနဲ႕ဗ်ာ အလုပ္ျပဳတ္မွာေတာ့ ေမးစရာမလိုေတြးတာနဲ႕ကိုသိတယ္ သူကခင္ဗ်ားေလးကိုအဲ့ေလာက္ထိအျဖစ္သည္းပါတယ္ေနာ္”

ေခါင္းငုံ႕ကာရွက္ၿပဳံးေလးၿပဳံးေနသူက သူ႕လူအေၾကာင္းေတာ့သူသိတဲ့ပုံ။သူေခါင္းခါၿပီးသာရယ္ပစ္လိုက္သည္။အရမ္းလိုက္ဖက္ညီလိုက္တာ။ျမင္တဲ့သူေတြပါၾကည္ႏူးေစနိုင္တဲ့အထိ။

ေကာင္းကင္ျပာျပာေအာက္ ေနေရာင္ဖ်ဖ်ဆမ္းတဲ့ညေနခင္းထဲ အေရာင္စုံတဲ့ပန္းေတြၾကား လိပ္ျပာေလးေတြခိုနားေနေလသည္။ရႉခင္းေလးကိုအသက္ဝင္ေစတာက အၿပဳံးကိုယ္စီနဲ႕အလွပိုင္ရွင္ေလးေတြေပါ့။သဘာဝအလွေတြၾကား သဘာဝဆန္တဲ့အၿပဳံးေတြေဆးျခယ္ထားျခင္းဟာ ကမၻာေျမႀကီးအတြက္ လက္ေဆာင္တစ္ခုပမာ…….

###################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၅, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၅, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၅ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၅ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၅ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၅ light novel, ,

Comment

Leave a Reply

Chapter 36