Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၆

A+ A-

မီးရောင်စုံတဲ့ခြံဝန်းကြီးက ညကိုပိုပြီးအသက်ဝင်စေသည်။ဆူညံသံတွေကြား မြူးမြူးကြွကြွသံစဥ်တစ်ချို့က ပျော်ဝင်ယစ်မူးဖွယ်။ဝိုင်ခွက်ကိုယ်စီကိုင်ထားသူတွေထဲအရောင်အသွေးစုံအလှတွေကအသက်ရှူမှားလောက်စရာ။

ကားထဲမှလှမ်းကြည့်ရင်း ငယ်ငယ်ခေါင်းကိုက်ချင်လာသည်။ကိုကို့ရင်ခွင်ထဲခေါင်းအပ်လို့ ရက်ဘတ်ကိုမျက်နှာလေးနှင့်ပွတ်သပ်မိသည်။

“ငယ်ငယ်သဘောမကျရင်ပြန်ရအောင်လေ”

“မကောင်းဘူးလေကိုကိုရဲ့”

အထဲတောင်မဝင်ရသေးဘူး သူမပျော်ရင်ပြန်ဖို့တောင်ပြင်နေသူကြောင့် ရင်ထဲမှာတသိမ့်သိမ့်ကြည်နူးရသည်။နေရာတိုင်းမှာအရိပ်တကြည့်ကြည့်နှင့်ဂရုစိုက်ပေးနေတာမို့ သူကတောင်ပြန်ပြီးအားနာလာရသလိုပဲ။ဒါပေမယ့်ဖြစ်သင့်ပါတယ်လေ ကိုကိုကငယ်ငယ့်အိမ်ထောင်ဦးစီးပဲဟာ။

“ဘာလို့မကောင်းရမှာလဲ မိတ်ဆွေတွေဆိုပေမယ့်စီးပွားရေးအရပဲ အဲ့လောက်အရေးမပါဘူး လမင်းကြီးလိုငယ်ငယ်နဲ့ယှဥ်ရင် သူတို့ကပိုးစုန်းကြူးသာသာပါ”

“အဲ့ကိုကိုကစကားတအားတတ်တာပဲ”

လက်သီးစုပ်လေးနှင့် ရင်ဘတ်ကိုဖွဖွထုတော့ ရင်ဘတ်တွေလှုပ်ခတ်သည်အထိရယ်မောလာလေသည်။

“ဟိုရောက်ရင်ဝိုင်သောက်လို့မရဘူးနော်”

“ဟုတ်…ကိုကို့အရင်တစ်ခါငယ်ငယ်မူးတုန်းကဘယ်လိုပုံစံလဲဟင်”

သူ့မျက်နှာကိုမော့ကြည့်လာကာမေးလာပုံက စိတ်ဝင်တစား။

“ကိုကို့ကိုကျောပိုးခိုင်းပြီးအိပ်ပျော်သွားတာ”

“ငယ်ငယ်ကဘာလို့မမှတ်မိတာလဲ”

“မူးနေလို့ပေါ့”

“အာ့ဆို ကိုကိုနောက်နေ့မနက်စိတ်မကြည်တာငယ်ငယ့်ကြောင့်လား”

ဟုတ်သည် အရင်တစ်ခါမူးနေတုန်းကဘာတွေလုပ်ဖြစ်ခဲ့လည်း သူမမှတ်မိ။နောက်နေ့ကိုကိုမျက်နှာမကောင်းတာတော့သိသည်။အဲ့ဒီတုန်းကဇွတ်မေးတာတောင်ဖြေမလာတာမို့ သူဆက်မမေးဖြစ်ခဲ့။

“မဟုတ်ပါဘူးကွာ ကိုကိုပြောပြီးသားပဲဟာ အဲ့နေ့ညကသောက်တာများသွားလို့ခေါင်းကိုက်နေတာပါဆို ကလေးကဘာလို့မယုံတာလဲ”

“မယုံချင်လို့ပေါ့”

ရင်ခွင်ထဲခေါင်းပြန်တိုးကာ နှုတ်ခမ်းဆူရင်းပြောလာတာက အသည်းယားစရာ။တကယ့်ကလေးလေးပါကွာ။

“အဆိုးလေး”

နှာခေါင်းလုံးလုံးလေးကိုညှစ်လို့ အသည်းယားစွာအံကြိတ်ရင်းဆိုမိသည်။အလိုလိုက်ခံထားရလို့ဆိုးလာတာကို သူ့မှာပီတိတွေဖြစ်လို့။နောက်ထပ်အများကြီးဆိုးလာနိုင်အောင်လည်း ကမ်းကုန်အောင်အလိုလိုက်အုံးမည်။

Partyမှာလူတွေဆုံမှသူတို့ကားပေါ်ကဆင်းဖြစ်သည်။အနက်နှင့်အပြာ တွဲစပ်မှုကမဆန်းပြားပေမဲ့ သူတို့နှစ်ယောက်ဝတ်ထားတာမို့ ပိုလိုက်ဖက်နေသယောင်။ခါးဆီသိမ်းဖက်ထားတဲ့လက်တွေက ပိုင်ဆိုင်မှုလေးကိုဂုဏ်ယူနေဟန်အထင်းသား။

သီးသန့်ပြင်ဆင်ထားတဲ့ဝိုင်းမှာရှိနေတာက ညီနှစ်ယောက်နှင့်သူစိမ်းမဟုတ်သူတွေ။Horizonဘေးမှာစက်ရိပ်ကထိုင်နေပြီးဘေးမှာ တိမ်ငွေ့ ပြီးတော့Geo။သူတို့လာတာမြင်တော့ ကိုစက်ရိပ်ကထလာကာနေရာလဲထိုင်လေသည်။

အစ်ကိုဖြစ်သူဘေးမှာရှိနေတော့စကားပြောဖော်ရသွားသူက ခုနကသူမဟုတ်တော့သလို။တိမ်ငွေ့ကိုပါစကားဝိုင်းထဲဆွဲထည့်ကာသုံးယောက်သားအဖွဲ့ကျနေလေသည်။သူတို့ညီအစ်ကိုသုံးယောက်မှာသာ တစ်ယောက်မျက်နှာတစ်တစ်ယောက်ကြည့်ရင်း နားလည်မှုတွေနဲ့တိတ်ဆိတ်နေမိ၏။

“ကိုကို့”

“ဟွန်”

စကားပြောနေရင်း အအေးခွက်လေးဘေးချကာ လူနားတိုးတိုးလေးကပ်ခေါ်လာတာ။

“ရှူးပေါက်ချင်တယ်”

“ထ ကိုကိုလိုက်ပို့မယ်”

“ဟုတ်”

toiletလိုက်ပို့တာကိုအတွန့်မတက်တာက အကျင့်ပါနေလို့။တစ်ရေးနိုး toiletဝင်ရင်တောင်နိုးလာပြီးလိုက်ပို့နေကျမို့ လူသူရှူပ်တဲ့နေရာမှာလိုက်ပို့တာပုံမှန်လိုပင်။

“ကိုကြီး၊တိမ်ငွေ့ ငယ်ငယ်toiletသွားမလို့ လိုက်မလား”

“မလိုက်တော့ဘူး ကောင်းကောင်းသွားနော်”

“ကိုယ်လည်းမလိုက်တော့ဘူး”

“ဟုတ်”

လိုက်ပို့မယ့်သူကမတ်တပ်ရပ်စောင့်နေတာမို့ အလိုက်တသိသာငြင်းလိုက်ကြသည်။toiletကိုတန်းစီပြီးသွားရအောင် မူကြိုကျောင်းသားတွေမှမဟုတ်တာ။ထွက်သွားသူတွေကို သူတို့တိတ်တဆိတ်သာငေးကြည့်မိသည်။

“ကိုကို့မိတ်ဆွေတွေကကိုကို့ကိုလာလည်းမတွေ့ဘူး”

“လာမှန်းမသိသေးတာ ပြီးတော့ကိုကိုတို့နေရာကသီးသန့်ဝိုင်းမို့ ဘယ်သူမှမမြင်ရဘူးလေ”

“​ဪ”

ဟုတ်သည်။Partyကိုလာသည့်ရည်ရွယ်ချက်က ပြည်ပမှာအနေများတဲ့မိတ်ဆွေတွေ ​ကိုယ့်နိုင်ငံအပြီးပြန်လာတဲ့ကြိုဆိုပွဲကို ဝတ္တရားအရလာတက်ပေးရုံပဲ။ယခုလုပ်မည့်လုပ်ငန်းတစ်ချို့နှင့်လက်တွဲမည်ဖြစ်တာကြောင့်သာ အခွင့်ရေးနည်းနည်းပေးလိုက်တာ။

အမှန်ဆိုကျောက်စက်လာလည်းဖြစ်ပေမယ့်
အိမ်ကညီနှစ်ယောက်နှင့်အတူပါလာတဲ့လူတွေကြောင့် သူ့ပိုင်ဆိုင်မှုလေးအား ပျော်စေချင်စိတ်နှင့်။သူ့အနားမှာအချိန်ပြည့်နေရင်း သူ့ဂရုစိုက်မှုတွေကိုငြီးငွေ့သွားမှာလည်းစိုးပါသည်။

ထိုလူတွေကHorizonနှင့်ပြည်ပမှာသိခဲ့သလို Geoနှင့်လည်းတစ်ချို့ကိစ္စလေးတွေရှိခဲ့သည်မို့ အားလုံးရောက်လာဖြစ်တာ။အပေါ်ယံမျက်နှာဖုံးတွေအောက်ကအစစ်မှန်မျက်နှာတွေက ဒုစရိုက်နွံမှာခြေကျွံနေပြီးသား။တိမ်ငွေ့ကGeoနှင့်အတူပါလာတာဖြစ်ပြီး စက်ရိပ်နှင့်ထိုလူတွေကတော့ပြည်ပမှာရင်းနှီးသူတွေပါတဲ့။

toiletထဲဝင်တာကိုလိုက်ဝင်မိတာက သီးသန့်ခွဲထားခြင်းမရှိလို့။သူစိမ်းAlphaရှိနေမှာမျိုး သူလုံးဝမကြိုက်။

ကိစ္စတွေအားလုံးပြီးလို့အပြင်ပြန်ထွက်တော့ ပွဲရှင်နှစ်ယောက်နှင့်တည့်တိုးလေသည်။

“ကိုသမုဒ္ဒရာရောက်နေပြီလို့လာပြောလို့ထွက်လာတာ ဆေားရီးဗျာရောက်ရောက်ချင်းကျွန်တော်တို့ကလာနှုတ်ဆက်ရမှာကို ကိစ္စတစ်ချို့ကြောင့်နှောင့်နှေးမိကုန်ပြီ စိတ်ထဲမထားပေးရင်ကောင်းမယ်ဗျာ”

“ရပါတယ်”

“ဒီဘက်ကအမျိုးသားလေးလားဗျ ကြားရတဲ့သတင်း မြင်ရတဲ့ပုံတွေထက်ကိုသာလွန်နေရောပဲ ကံကောင်းလိုက်တာဗျာ”

“ဟုတ်တယ်ကျွန်တော်ကသိပ်ကံကောင်းတာ”

ပြောရင်းငုံ့ကြည့်မိမှတစ်ခုခုမူမမှန်တာကိုသတိထားမိသည်။သူ့ခန္တာကိုယ်နောက်ကိုယ်တစ်ခြမ်းကွယ်နေပြီး ခေါင်းငုံ့ထားတာမို့သေချာမမြင်ရပေမယ့် သူ့ခါးကိုဆွဲထားတဲ့လက်တွေတင်းကြပ်နေတာပုံမှန်မှမဟုတ်တာ။

ငုံ့ထားတဲ့မျက်နှာလေးဖြူစုတ်နေတာ မီးရောင်တွေရဲ့ပယောဂမပါခဲ့။

“ငယ် နေမကောင်းဘူးလား ဘာဖြစ်လို့လဲကိုကို့ကိုပြော”

“ငယ်ငယ် အိမ်ပြန်ချင်တယ်”

တိုးတိုးလေးပြောလာသံကငိုသံလေးနှောနေသည်။ခါးမှအင်္ကျီစကိုတင်းနေအောင်ဆွဲထားတာမို့ သူ့မျက်မှောင်တွေကြုံ့ကုန်သည်။

“အဆင်ပြေရဲ့လား ကျွန်တော့အိမ်ပေါ်ကအခန်းထဲအရင်ဝင်နားလိုက်မလား ကျွန်တော့်ဆရာဝန်ခေါ်ပေးမယ်”

“ဟင့်အင်း ဘာမှမဖြစ်ဘူး ကိုကို့အိမ်ကိုပဲပြန် မှာလို့အိမ်ကိုခေါ်သွားပေးပါဆို”

ဟိုလူ့အပြောကိုအသည်းအသန်ငြင်းကာ သူ့ကိုသာအားကိုးတကြီးမော့ကြည့်နေတာ။

“အင်းပြန်ကြမယ်နော်”

ပွဲရှင်တွေကိုနှုတ်မဆက်နိုင်ဘဲ သူ့ရတနာလေးကိုရင်ခွင်ထဲဝှက်လို့ ခြေတံရှည်တွေကိုအသုံးချပစ်သည်။တွန့်ချိုးနေတဲ့သူ့မျက်ခုံးတွေကြောင့် မေးခွန်းတွေမေးချင်ပေမယ့်ပြန်မျိုချကုန်သူတွေချည်း။

ကားထဲရောက်သည်အထိ ရင်ခွင်ထဲကမျက်နှာလေးကမထွက်လာသေး။လက်ဖျားသေးသေးလေးတွေပါအေးစက်နေသည်အထိ သူ့ကလေးဟာသိပ်ကြောက်နေတဲ့ပုံ။

“ကိုကို့”

“အွန်း ကိုကိုရှိတယ်နော်”

“ငယ်ငယ်ကြောက်တယ်”

“ကိုကိုရှိတယ်လေ မကြောက်နဲ့နော်”

“ငယ်ငယ့်ကိုတစ်ခြားလူတွေဆီမပေးပစ်ပါနဲ့”

“ဘာတွေလျှောက်ပြောနေတာလဲကလေးရဲ့ ကလေးသွားချင်ရင်တောင်ကိုကိုကပေးမသွားဘူး လျှောက်မတွေးရဘူးနော်”

အသိစိတ်မကပ်သူလို မျက်ဝန်းတွေမတည်ငြိမ်နေသည့်အပြင် စကားလုံးတွေကတောင်ရောက်မြောက်ရောက်။

“နောက်ထပ်ဒီကိုမလာဘူး”

“အွန်း…မလာတော့ဘူးနော်”

“သူတို့ကိုလည်းထပ်မတွေ့ဘူး”

“ဟုတ်ပြီ ထပ်မတွေ့တော့ဘူး ကလေးသဘော”

“ဆေးရုံလည်းမသွားဘူး”

“သွားစရာမလိုဘူးလေကလေးရဲ့”

“ကိုကိုက ငယ်ငယ့်glandကိုခွဲထုတ်ခိုင်းမှာလား”

မျက်ရည်တွေကြားကစကားတွေဟာ သူ့ကိုအားကိုးတကြီးကြည့်ရင်းမေးလာတာ။ကိုကို့ကလေးကအဲ့လိုကြောက်နေဖို့မလိုဘူးလေ။

“မဟုတ်တာတွေကလေးရယ် နေမကောင်းရင်တောင်အပ််တစ်ချောင်းပေးမထိုးနိုင်တဲ့အထိ ကိုယ်ကငယ်ငယ့်ကိုအထိမခံနိုင်ဘူး”

“အိမ်ပြန်ရောက်ချင်ပြီ”

“အိပ်လိုက်နော် ကိုကို့ရင်ခွင်ထဲအိပ်လိုက် နိုးလာရင်အိမ်ရောက်နေပြီနော်”

စိုစွတ်နေတဲ့ရင်ဘတ်ကြောင့် နှလုံးသားကရေနှစ်ခံထားရသလို အသက်ရှူလို့တောင်မဝ။ဖယ်ရိုမုန်းတွေထွေးဖက်မှုကြောင့် စိတ်သက်သာရာရစွာအိပ်စက်သွားပေမယ့် ဆတ်ခနဲလန့်နိုးတတ်တာ အိမ်မက်ဆိုးတွေကြောင့်နေမှာ။

တင်းတင်းကြပ်ကြပ်မပွေ့ဖက်ရဲတာ အိမ်မက်ထဲမွန်းကြပ်နေမှာစိုးလို့။ဟိုတစ်ခါမူးတုန်းကပြောခဲ့ဖူးတဲ့စကားတွေ စိတ်ထဲမှာပဲ့တင်ထပ်လာသည်။စိတ်ကူးယဥ်မှုမဟုတ်ခဲ့ရင် အိမ်မက်ဆိုးတွေသက်သက်ဖြစ်နေဖို့သူဆုတောင်းခဲ့ဖူးတယ်။

ပင်ဝါးရုံငယ်ဆိုတာ သူ့အိမ်မက်တွေသက်သက်ဖြစ်နေဖို့။

အကြောင်းရင်းမရှိ​ကြောက်ပြနေတာလို့မဆိုရက်ဘူး။နှလုံးသားနှစ်ခုပေါင်းစပ်ပြီးတဲ့အခါ သူ့ခံစားချက်တွေအားလုံး ကိုယ်အလေးထားတတ်လာသည်။သူပျော်နေတာစိတ်ရင်းနဲ့လား သူငိုနေတာဟန်ဆောင်ခြင်းလားဆိုတာခွဲခြားတတ်လာသည်။

အရေးကြီးဆုံးက သူ့ပိုင်ဆိုင်မှုလေးဆိုတာ ခံစားချက်တွေအားလုံးမျက်ဝန်းမှာပေါ်နေတဲ့လူမျိုး။ဟန်ဆောင်ခြင်းဘာသာရပ်ကို ဇီးရိုးထွက်မယ့်လူမျိုး။လိမ်ညာခြင်းတွေနဲ့ ဘယ်တော့မှမအပ်စပ်ခဲ့ဖူးဘူး။

မူးနေတုန်းပြောထွက်ခဲ့တဲ့အမှန်တရားတွေကြောင့် သူ့အိပ်မပျော်ခြင်းတွေရက်ရှည်လာသည်။မရည်ရွယ်ဘဲပြောဖြစ်ခဲ့ခြင်းတွေဟာ ငယ်ငယ့်ရဲ့အနက်ရှိုင်းဆုံးဒဏ်ရာတွေပါတဲ့။ကိုယ်တိုင်ဆားသိပ်ပစ်ခဲ့ပြီး သူထွက်ပြေးဖို့တွန်းအားပေးခဲ့တာ။

ပေးခဲ့ဖူးတဲ့ဒဏ်ရာတွေကို မြတ်နိုးခြင်းတွေနဲ့မကုသနိုင်မှာ သူသိပ်ကြောက်သည်။ငယ်နာကြင်ခဲ့ရခြင်းတွေက သူပေးတဲ့ကြင်နာခြင်းတွေနဲ့မလုံလောက်မှာသူကြောက်သည်။ဒါကြောင့်လည်းမြတ်နိုးခြင်းတွေနဲ့ထွေးဖက်လို့အမြဲကြင်နာမိနေတာ။

အိပ်ခန်းထဲပွေ့သယ်လာသည်အထိမနိုးသေးသူကို အိပ်ယာထက်အသာဖွဖွချပေးလိုက်သည်။အဝတ်လဲရေပတ်တိုက်ပေးကာ စောင်ခြုံပေးပြီး သူရေချိုးပစ်လိုက်ပေမယ့် ကလေးကိုအနွေးဓာတ်ပေးနိုင်ဖို့ ရေချိုးချိန်ကိုလျှော့ချပစ်မိသည်။

အနားကိုဖွဖွကပ်ကာ တစ်ကိုယ်လုံးသိမ်းကြုံးဖက်ပြီး ဖယ်ရိုမုန်းတွေနဲ့သာ ချော့မြူပစ်မိတာ။နှဖူးထက်ဖွဖွနမ်းမိတော့ ပြန်မခွာချင်တော့။

မြတ်နိုးရတယ် ငယ်။ဘယ်ဘဝကရေစက်တွေမှန်းမသိပေမယ့် ရင်ထဲစူးနစ်နေမှုဟာ ကိုယ်တိုင်သာအသိဆုံး။စောင့်ဆိုင်းခဲ့ရခြင်းတွေသိပ်ကြာခဲ့သလိုမျိုး ထွေးဖက်လို့မဝနိုင်ဘူး။

ရှာဖွေခဲ့ရခြင်းတွေမှာအသားကျနေခဲ့သလိုမျိုး အရိပ်လေးမမြင်ရရင်တောင် တစ်သက်တာခွဲရတော့မလိုခံစားရသည်အထိ။

“ဖြစ်နိုင်ရင် ငယ့်ရဲ့အိမ်မက်ဆိုးတွေအားလုံးကိုယ်လွှဲပြောင်းယူပါရစေ အကောင်ထည်မရှိတဲ့အိမ်မက်တွေထဲမှာတောင် ငယ့်ဝမ်းနည်းခြင်းတွေမစွန်းထင်းစေချင်ဘူး”

တိုးဖွဖွစကားအဆုံး မျက်ဝန်းတွေမှိတ်ပစ်လိုက်သည်။မှိန်ပျပျညမီးရောင်အောက် တောက်ပလာတဲ့ခြေကျင်းဝတ်လေးတစ်ဖက်။ချစ်ခြင်းတရားတွေသာစစ်မှန်ရင် ဆုတောင်းတွေလည်းပြည့်နိုင်တယ်ထင်ပါရဲ့။

……………

ဖျတ်ခနဲလန့်နိုးလာခြင်းမှာ ထိတ်လန့်ခြင်းတွေကပ်ပါလာသည်။နိမ့်ချည်မြင့်ချည်ရင်အစုံက မောဟိုက်နေမှုရဲ့ပြယုဒ်။ချွေးစေးတွေထွက်နေမှုကြောင့် အင်္ကျီတစ်ထည်လုံးရွှဲရွှဲစိုနေသည်။

အသက်ရှူသံပြင်းပြင်းတွေ အခန်းထဲပဲ့တင်ထပ်နေသည်အထိ။အထိတ်တလန့်နံဘေးကိုစမ်းတော့ နွေးထွေးမှုလေးက အသက်ရှင်ဆေးလို။

ညမီးရောင်နှင့်မြင်နေရတာက အိပ်မောကျနေတဲ့သူ့နှလုံးသားလေး။ပွေ့ဖက်ချင်ပေမယ့်ချွေးစက်တွေနှင့်မို့ရေအရင်ချိုးရသည်။အေးစက်နေတဲ့ရေတွေက သူ့ဝိဥာဥ်ထိတိုက်စားမတတ်။

ရေချိုးခြင်းကိုမြန်မြန်လက်စသတ်ကာ ဝရံတာဆီထွက်ခဲ့သည်။မငြိမ်သက်တဲ့နှလုံးခုန်သံကြောင့် ပိုင်ဆိုင်မှုလေးကိုမနိုးလာစေချင်။လက်ထဲပါလာတာက စီးကရက်ဗူးနှင့်မီးခြစ်နီလေး။

ဝရံတာမှန်တံခါးကိုတင်းတင်းဆွဲပိတ်ကာ မသောက်တာကြာတဲ့စီးကရက်ကိုမီးညှိလိုက်သည်။လမိုက်ညမှာလွင့်ပျံသွားတာ သူရှိုက်ဖွာလိုက်တဲ့စီးကရက်ငွေ့တွေ။အဝေးမရောက်ခင်လွင့်ပြယ်ကုန်တာက မတည်မြဲခြင်းသဘောတရား။

အမှောင်ထုထဲကြည့်နေပေမယ့် မြင်ယောင်မိတာအိမ်မက်ဆိုးကိုပါပဲ။ငယ်ပြောခဲ့ဖူးတဲ့ သူအကြောက်ဆုံးအိမ်မက်ဆိုး။စွဲလမ်းစိတ်ကြောင့်လို့ဆိုလို့မရတဲ့ထိုအိမ်မက်ဆိုးက သိနေလျက်နဲ့နိုးထမရခဲ့။

ထိုလူနှစ်ယောက်ကြားကကောင်လေးကိုဆွဲဖယ်ချင်ခဲ့ပေမယ့် ဝိုင်ခွက်ကိုင်ကာထိုင်ကြည့်နေတဲ့သူ့ကိုယ်သူဆွဲထိုးချင်နေပေမယ့် ခွဲစိတ်ဓားကိုင်ထားတဲ့ Horizonကိုတားဆီးချင်နေပေမယ့် လွှင့်ပစ်ခံလိုက်ရတဲ့အမှိုက်တစ်စကို​ပြေးကောက်လိုက်ချင်ပေမယ့် အရာအားလုံးမှာစိတ်ဆောင်ရာကိုကိုယ်မလိုက်နိုင်ခဲ့။

အိမ်မက်ဆိုတာသိနေလျှက်နဲ့ နိုးထမရခြင်းဟာ သူ့ဘဝမှာပထမဆုံးကူကယ်ရာမဲ့ခြင်း။မှုန်ဝါးနေတဲ့မျက်နှာတွေဆိုပေမယ့် ဘယ်သူတွေဆိုတာသူရှင်းရှင်းလင်းလင်းသိနေသည်။

ငယ်တောက်လျှောက်မက်လာတဲ့အိမ်မက်ဆိုတဲ့အသိနဲ့တင် သူဘာလုပ်ရမှန်းမသိတော့သည်အထိ။ထိုအိမ်မက်တွေမက်စေဖို့ဖန်တီးခဲ့သူကိုသတ်ပစ်ချင်သလို စကားလုံးတွေနဲ့လှုံ့ဆော်မိခဲ့တဲ့သူ့ကိုယ်သူလည်း သတ်ပစ်ချင်ပါသည်။

အတိတ်မှာသူဟာ သိပ်စက်ဆုပ်ဖို့ကောင်းခဲ့တာပဲ။စိတ်ဒဏ်ရာရှိတဲ့သူကို အမှိုက်တစ်စလို့ပြောထွက်ခဲ့သည်အထိ သိပ်မုန်းဖို့ကောင်းခဲ့တာ။ငယ်ထွက်ပြေးခဲ့သင့်တာပေါ့။သူ့အိမ်မက်ဆိုးကိုယ်နဲ့ဝေးတဲ့နေရာကို ထွက်ပြေးခဲ့တာမမှားခဲ့ဘူး။

ညနေကနှစ်ယောက်ကိုကြောက်လန့်ခြင်းအကြောင်းကိုလည်း သူရိပ်မိခဲ့သည်။အိပ်မက်ထဲကထိုလူနှစ်ယောက်။အိပ်မက်ထဲကသူကိုယ်တိုင်ပေးခဲ့တဲ့ ငရဲတစ်ခု။

အိမ်မက်ဖြစ်စေလက်တွေ့ဖြစ်စေ ငယ့်အိပ်မက်ဆိုးတွေမှန်သမျှ လောကကြီးမှာမတည်ရှိသင့်ဘူး။

မှန်တံခါးကမြင်နေရတဲ့လှုပ်ရှားလာတဲ့အရိပ်လေးကြောင့် စီးကရက်ကိုလက်စသတ်ကာ အထဲဝင်ရသည်။အခန်းထဲပြန်ရောက်တော့ လှုပ်လှုပ်ရှားရှားကိုယ်လုံးလေးက ပြန်လည်အိပ်မောကျနေပြီ။

စီးကရက်နံ့တစ်ချို့စွဲနေတာမို့ ရေပြန်ချိုးလိုက်ရသည်။သုံးခါမြောက်ရေချိုးခြင်းဆိုပေမယ့် ခွန်အားကြီးAlphaတစ်ယောက်မို့ ဖျားနာမှာမကြောက်မိ။

အိပ်ယာထက်အရောက် ကိုယ်လုံးလေးကိုထွေးဖက်ပစ်လိုက်သည်။စောင်နဲ့လုံးယူလိုက်တာမို့ စက္ကူပတ်ထားတဲ့မုန့်လုံးလေးလိုအထွေးလိုက်လေး ရင်ခွင်ထဲပါလာတာ။

လည်ပင်းကြားမျက်နှာအပ်ပစ်လိုက်တော့ စံပယ်ရနံ့သင်းသင်းကသူ့စိတ်ကိုနှစ်သိမ့်လာသည်။ဆုံရှုံးခြင်းပေါင်းမြောက်များစွာထဲ မင်းတစ်ယောက်ကိုပဲလက်လွှတ်ရမှာကြောက်ခဲ့ဖူးတာငယ်။

လူ့ဘဝကတိုတောင်းလွန်းတယ်ပြောကြပေမယ့်လေ အလွမ်းတွေနဲ့သာခရီးဆက်ကြည့် ဘယ်တော့မှမဆုံးနိုင်မယ့် သံသရာကြီးလိုပဲ…..

……………….

အိပ်မောကျနေတဲ့မျက်နှာလေးကို သဘောတကျတစ်စိမ့်စိမ့်ကြည့်ရင်း နံနက်ခင်းမှာ သူ့အပြုံးတွေပိုပီပြင်လာသည်။ထင်းရှူးရနံ့တွေသိပ်သည်းနေသေးတာမို့ ပြတင်းတံခါးကိုမဖွင့်မိ။သူ့အပိုင်ရနံ့တွေ လေပြေတွေထိတွေ့မှာတောင်မလိုလားပါဘူး။

အောက်ထပ်ကိုနံနက်စာဆင်းပြင်ရင်း Geoဆီဖုန်းဆက်ဖြစ်သည်။

“ပြော ကိုလတ်”

“ငါ့အစီစဥ်အောင်မြင်သွားပြီ”

“မပြောလည်းသိပါတယ် ကိုလတ်ရဲ့အကွက်တွေဘယ်တုန်းကကျရှူံးဖူးလို့လဲ”

“ငါပြောထားတာအဆင်ပြေတယ်မလား”

“ကျွန်တော်ကြည့်လုပ်လိုက်မယ် မစိုးရိမ်နဲ့”

“ကိုCean ဆီကရောဘာသတင်းထူးလဲ”

“ညနေမှတစ်ချက်သွားကြည့်မလားလို့ လခြမ်းအဆင်ပြေနေလို့ ကိုလတ်ကိုဖုန်းမဆက်တာနေမှာ မဟုတ်ရင်ကိုလတ်လူနားတောင်ကပ်ချိန်ရမှာမဟုတ်ဘူး”

“အွန်း အဲ့တာတော့ဟုတ်တယ် ရုတ်တရက်ကြီးပြန်သွားတာဆိုတော့ လခြမ်းတစ်ခုခုဖြစ်လို့ပဲနေမှာဆိုပြီးငါလည်းစောင့်ကြည့်နေသေးတယ် ဖုန်းဆက်မလာလို့ငါ့အစီအစဥ်ကိုအကောင်အထည်ဖော်လိုက်တာ”

“ဒါဆိုကျွန်တော်ဖုန်းချလိုက်တော့မယ် ဟိုကိစ္စအတွက်ကတော့ကျွန်တော့်ကိုယုံလိုက်”

“ဟုတ်ပြီ မင်းလည်းအဆင်ပြေပါစေကွာ”

ဖုန်းချပြီးချိန် ဆန်ပြုတ်ကြိုခြင်းကိုလက်စသတ်လိုက်သည်။ဒီနေ့အတွက်ကတော့ ဆန်ပြုတ်တစ်ခုပဲအဆင်ပြေမှာမလား။

မနေ့ညကအကြောင်းကိုပြန်တွေးမိတော့ သူစိတ်တွေကြွတက်ကုန်တာ လေထိုးထားတဲ့မိုးပျံပူဖောင်းလိုမျိုး ကောင်းကင်ဆီတလွင့်လွင့်မို့ မနည်းထိန်းချုပ်ထားရသည်။

partyကအပြန် Heatဝင်လာသူကထိန်းချုပ်ဆေးနှင့်တောင်မထိန်းနိုင်တော့။မဖြစ်မနေအခြေအနေတစ်ခုမှာ သူအမှတ်အသားပေးရင်း နှစ်ဦးသဘောတူသွေးသားဆန္ဒတွေကိုအလိုလိုက်ခဲ့မိကြသည်။

သူ့ဆန္ဒတွေကြား မတားဆီးနိုင်ဘဲကြည်ဖြူပေးခဲ့သူက မနက်လင်းခါနီးမှသာအိပ်ခွင့်ရခဲ့တာ။အတွေးတွေရပ်ပြီး မနက်စာသယ်ကာအပေါ်ထပ်ဆီတက်ခဲ့သည်။

အခန်းထဲရောက်တော့ ဟိုကရေချိုးပြီးအဝတ်စားလဲနေတာ။အမြဲတမ်းAlphaတစ်ယောက်လိုသာနေထိုင်ခဲ့သူမို့ Heatဝင်ချိန်ခွေခေါက်နေရမှာမျိုး သူသဘောမကျဘူးထင်သည်။

“အတော်ပဲမနက်စာစားရအောင်”

“မစားတော့ဘူး”

ရှက်နေသူက သူ့ကိုကျောပေးထားတာမို့ နားရွက်ထိပ်လေးတွေနှင့် ဂုတ်ပိုးလေးရဲနေတာကိုသာအသည်းယားဖွယ်မြင်နေရသည်။

“မစားလို့မရဘူးပြီးရင်ဆေးသောက်ရမှာ”

“ဘာကိစ္စနဲ့သောက်ရမှာလဲ”

“မသိချင်ယောင်ဆောင်မနေနဲ့တော့ဗျာ ဆေးသောက်မှာလား ဆေးလိမ်းပေးရမလားရွေး”

“ဘာမှ…”

“ကိုဆောင်းစက်ရိပ်ခို ကျွန်တော့မှာညကဓာတ်ပုံတွေရှိတယ်နော်”

“ဘာ…မင်းဘာလုပ်မလို့လဲ”

နောက်လှည့်ကြည့်လာပြီး ဒေါသတကြီးမေးလာပုံက သခင်ကိုမာန်ဖီပြနေသည့်ကြောင်ဆိုးလေးလို ချစ်ဖို့ကောင်းနေလေသည်။

“အခုလိုအခြေနေတွေကြောင့်လေ စကားကိုနှစ်ခါပြန်ပြန်ပြောနေရတဲ့ကိုခို့ကြောင့်”

“ဖျက်ပစ်လိုက်”

“ရွေး”

“စားမယ်”

စားပွဲရှေ့ဝင်ထိုင်လာပြီးတစ်ပန်းကန်ယူသွားတာကြောင့် ကျန်တဲ့တစ်ပန်းကန်ကိုသူယူသောက်လိုက်တော့ ကြည့်လာတဲ့မျက်ဝန်းတွေက မဝေခွဲတတ်ဟန်။

“ဆန်ပြုတ်ပဲကြိုထားတာ ကျန်တာမလုပ်ထားလို့ မနက်စာဒါပဲစားတာ့မယ်”

ပြန်မပြောလာဘဲဆန်ပြုတ်ကိုသာအာရုံစိုက်စားကာ သူ့ကိုကြည့်မလာတော့။စားပြီးတော့လူရှေ့လက်ဖြန့်လာလေသည်။လက်ဖဝါးထဲ မေးတင်လိုက်တော့ ဆတ်ခနဲဆုတ်သွားတာ မီးခဲကိုင်မိသည့်အတိုင်း။

“ဘာလုပ်တာလဲ”

“ကိုခိုကရော ဘာလုပ်တာလဲ”

“ဆေးတောင်းတာလေ”

“ဪ ဒီလိုလား …မသိပါဘူး မေးစေ့များစမ်းချင်နေတာလားလို့”

“ဘာလို့စမ်းချင်ရမှာလဲ”

“မေးစေ့ချွန်တဲ့ယောကျ်ားတွေက…. ဟိုနေရာလည်း…အဟွန်း”

“မင်း ညစ်တီးညစ်ပတ်တွေမပြောနဲ့”

“ဟောဗျာ ဘာမှမပြောရသေးဘူး အတွေးပေါက်နေပြီလား ညစ်ပတ်နေတာပဲနော်”

“မင်း….ဆေးပေး”

“စိတ်ချပါ ပန်းကန်ဆေးတာကျွမ်းကျင်ပါတယ်”

“ပန်းကန်မဟုတ်ဘူး”

“ဟွန့်…ကိုခိုလူဆိုး ကိစ္စပြီးတိုင်းဆေးပေးပါတယ်နော် သိရက်သားနဲ့”

“မိုးကုတ်စက်ဝိုင်း”

“ရှည်တော့မောနေမယ် မောင်လို့ပဲခေါ်”

“ဘယ်သူကခေါ်ချင်နေလို့လဲ”

“ကိုခိုပဲခေါ်နေပြီးတော့”

“မင်းးးး..”

ဆက်မပြောလာဘဲစိတ်လျှော့ဟန် အသက်ပြင်းပြင်းရှူနေလေသည်။ချစ်ဖို့ကောင်းလိုက်တာနော်။

“ဆေးသောက်ဖို့ပေး”

“အော”

ဆက်မစရက်တော့တာမို့ အံဆွဲထဲကဆေးကိုသာထုတ်ပေးလိုက်သည်။ရေတစ်ခွက်ကောက်ယူကာသောက်လိုက်တာ ဇွက်ခနဲ။စိတ်ကလည်းမြန်ပါ့။

“ဪ ကိုခို့ကိုပြောဖို့မေ့နေတာ ညကကိစ္စပြီးသွားတော့လေ ကိုခိုကပင်ပန်းပြီးအိပ်ပျော်နေတာနဲ့ ရေပတ်တိုက်ပေးရင်းနဲ့ဆေးလိမ်းပေးထားပြီးသား”

“ဖူးးးးးးးအဟွတ် အဟွတ်”

“အယ် ရလား ဘာလို့ဂရုမစိုက်ရတာလဲ ရေတောင်သီးအောင်သောက်ရတယ်လို့”

ကပျာကယာထကာကျောပြင်လေးသပ်ပေးတော့ စကားမပြောနိုင်သေးသူက လက်သာကာပြလာလေသည်။ပြီးတော့မှသူ့ကိုစောင်းကြည့်လာကာ

“မင်းသက်သက်မဲ့ညစ်တာ”

“ဟောဗျာ တာဝန်ယူစိတ်အပြည့်ရှိတာပါ ကိုယ်ရှုပ်ထားတာကိုကိုယ်ပြန်ရှင်းပေးတာလေ”

“တော်ပြီမင်းနဲ့စကားမပြောတော့ဘူး”

ပြောရင်းခုံမှထရပ်ကာ အပြင်ထွက်ဖို့ပြင်လေသည်။ရေသီးထားတာရော ရှက်ဒေါသရောပေါင်းပြီး မျက်နှာတစ်ခုလုံးသာမက လည်ပင်းတွေထိ ရဲတွတ်နေတော့တာ။

“ဘယ်သွားမလို့လဲ”

“ခြံထဲဆင်းမလို့”

“လမ်းရောလျှောက်နိုင်ရဲ့လား တင်ပါးကမနာဘူးလား”

“ဘယ်နေရာကမှမနာဘူး ဒေါင်ဒေါင်မြည်ပဲ”

“စိတ်မဆိုးပါနဲ့ နောက်ဆိုပိုကြိုးစားပေးပါ့မယ်”

“ဘာတွေကြိုးစားချင်နေတာလဲ”

“ကျွန်တော့်ရဲ့အားထုတ်မှုက ကိုခို့ကိုစိတ်မကျေနပ်စေလို့ နောက်ဆိုပိုကြိုးစားပေးမယ်လို့”

“ဘယ်သူကမကျေနပ်နေလို့လဲ”

“အဲ့တာဆိုကျေနပ်တယ်ပေါ့ ကြယ်ဘယ်နှလုံးပေးမှာလဲ five star လား”

“မိုးကုတ်စက်ဝိုင်း”

“ဗျာ”

“မင်း…မင်း…နေခဲ့ငါ့နောက်လိုက်မလာနဲ့”

“ကိုခို..ကျွန်တော်”

“ဆက်မပြောနဲ့ မဟုတ်ရင်တစ်ခုခုလုပ်ပစ်မှာ”

“လုပ်လိုက်ပါလား ခံကြည့်ချင်လို့”

“မင်း”

“အာဘွားပေးတာဖြစ်ဖြစ် ညကလိုမြင်းစီးတာဖြစ်ဖြစ် နောက်ကျောကိုကုတ်ဆွဲတာဖြစ်ဖြစ်”

“တော်ပြီ…လိုက်လာရင် ငါလခြမ်းနဲ့သွားနေပစ်မယ်”

“ကိုCeanကလက်ခံမှာပါ လခြမ်းကိုတရားဝင်တောင်မိတ်ဆက်ပေးမလားဘဲ ကျွန်တော့်ရဲ့မိတ်ဖက်ဆိုပြီးတော့လေ”

“ဘယ်သူကလဲ”

“ကိုခိုပေါ့”

“စိတ်ကူးယဥ်နေလိုက်”

“ဟင့်အင်း လက်တွေ့အကောင်အထည်ဖော်ရတာကိုပဲကြိုက်တယ်”

“တော်ပြီ မင်းဆက်ပြီးစကား​ပြောနေရင် ငါဒီအိမ်မှာတကယ်မနေတော့ဘူး”

စသင့်တဲ့အတိုင်းအတာလွန်သွားမှာဆိုး၍ သူပြုံးရုံသာပြုံးပြီး လိုက်မသွားဖြစ်တော့။ခဏအ​ကြာပြတင်းပေါက်မှငုံ့မိုးကြည့်တော့ ခြံထဲလမ်းလျှောက်နေသူကို ရှင်းရှင်းလင်းလင်းမြင်နေရလေသည်။

ပြုံးနေတဲ့သူ့မျက်နှာက အကြံအစည်ပြည့် နေတဲ့မြေခွေးတစ်ကောင်လိုမျိုး။နဂိုပေါ့ပေါ့ပါးပါးအသွင်ပျောက်ကာ လေးနက်နေတဲ့အကြည့်တွေက သားကောင်ပေါ်မှာအပြည့်အဝ။မုဆိုးစက်ကွင်းထဲကသားကောင်လေးကတော့ ဘာကိုမှသတိမပြုမိဘဲ အရာရာဟာ ပုံမှန်လို့သာထင်နေလေရဲ့……

#################

ငြိမ်း🌞🌻

မီးေရာင္စုံတဲ့ၿခံဝန္းႀကီးက ညကိုပိုၿပီးအသက္ဝင္ေစသည္။ဆူညံသံေတြၾကား ျမဴးျမဴးႂကြႂကြသံစဥ္တစ္ခ်ိဳ႕က ေပ်ာ္ဝင္ယစ္မူးဖြယ္။ဝိုင္ခြက္ကိုယ္စီကိုင္ထားသူေတြထဲအေရာင္အေသြးစုံအလွေတြကအသက္ရႉမွားေလာက္စရာ။

ကားထဲမွလွမ္းၾကည့္ရင္း ငယ္ငယ္ေခါင္းကိုက္ခ်င္လာသည္။ကိုကို႔ရင္ခြင္ထဲေခါင္းအပ္လို႔ ရက္ဘတ္ကိုမ်က္ႏွာေလးႏွင့္ပြတ္သပ္မိသည္။

“ငယ္ငယ္သေဘာမက်ရင္ျပန္ရေအာင္ေလ”

“မေကာင္းဘူးေလကိုကိုရဲ႕”

အထဲေတာင္မဝင္ရေသးဘူး သူမေပ်ာ္ရင္ျပန္ဖို႔ေတာင္ျပင္ေနသူေၾကာင့္ ရင္ထဲမွာတသိမ့္သိမ့္ၾကည္ႏူးရသည္။ေနရာတိုင္းမွာအရိပ္တၾကည့္ၾကည့္ႏွင့္ဂ႐ုစိုက္ေပးေနတာမို႔ သူကေတာင္ျပန္ၿပီးအားနာလာရသလိုပဲ။ဒါေပမယ့္ျဖစ္သင့္ပါတယ္ေလ ကိုကိုကငယ္ငယ့္အိမ္ေထာင္ဦးစီးပဲဟာ။

“ဘာလို႔မေကာင္းရမွာလဲ မိတ္ေဆြေတြဆိုေပမယ့္စီးပြားေရးအရပဲ အဲ့ေလာက္အေရးမပါဘူး လမင္းႀကီးလိုငယ္ငယ္နဲ႕ယွဥ္ရင္ သူတို႔ကပိုးစုန္းၾကဴးသာသာပါ”

“အဲ့ကိုကိုကစကားတအားတတ္တာပဲ”

လက္သီးစုပ္ေလးႏွင့္ ရင္ဘတ္ကိုဖြဖြထုေတာ့ ရင္ဘတ္ေတြလႈပ္ခတ္သည္အထိရယ္ေမာလာေလသည္။

“ဟိုေရာက္ရင္ဝိုင္ေသာက္လို႔မရဘူးေနာ္”

“ဟုတ္…ကိုကို႔အရင္တစ္ခါငယ္ငယ္မူးတုန္းကဘယ္လိုပုံစံလဲဟင္”

သူ႕မ်က္ႏွာကိုေမာ့ၾကည့္လာကာေမးလာပုံက စိတ္ဝင္တစား။

“ကိုကို႔ကိုေက်ာပိုးခိုင္းၿပီးအိပ္ေပ်ာ္သြားတာ”

“ငယ္ငယ္ကဘာလို႔မမွတ္မိတာလဲ”

“မူးေနလို႔ေပါ့”

“အာ့ဆို ကိုကိုေနာက္ေန႕မနက္စိတ္မၾကည္တာငယ္ငယ့္ေၾကာင့္လား”

ဟုတ္သည္ အရင္တစ္ခါမူးေနတုန္းကဘာေတြလုပ္ျဖစ္ခဲ့လည္း သူမမွတ္မိ။ေနာက္ေန႕ကိုကိုမ်က္ႏွာမေကာင္းတာေတာ့သိသည္။အဲ့ဒီတုန္းကဇြတ္ေမးတာေတာင္ေျဖမလာတာမို႔ သူဆက္မေမးျဖစ္ခဲ့။

“မဟုတ္ပါဘူးကြာ ကိုကိုေျပာၿပီးသားပဲဟာ အဲ့ေန႕ညကေသာက္တာမ်ားသြားလို႔ေခါင္းကိုက္ေနတာပါဆို ကေလးကဘာလို႔မယုံတာလဲ”

“မယုံခ်င္လို႔ေပါ့”

ရင္ခြင္ထဲေခါင္းျပန္တိုးကာ ႏႈတ္ခမ္းဆူရင္းေျပာလာတာက အသည္းယားစရာ။တကယ့္ကေလးေလးပါကြာ။

“အဆိုးေလး”

ႏွာေခါင္းလုံးလုံးေလးကိုညွစ္လို႔ အသည္းယားစြာအံႀကိတ္ရင္းဆိုမိသည္။အလိုလိုက္ခံထားရလို႔ဆိုးလာတာကို သူ႕မွာပီတိေတြျဖစ္လို႔။ေနာက္ထပ္အမ်ားႀကီးဆိုးလာနိုင္ေအာင္လည္း ကမ္းကုန္ေအာင္အလိုလိုက္အုံးမည္။

Partyမွာလူေတြဆုံမွသူတို႔ကားေပၚကဆင္းျဖစ္သည္။အနက္ႏွင့္အျပာ တြဲစပ္မႈကမဆန္းျပားေပမဲ့ သူတို႔ႏွစ္ေယာက္ဝတ္ထားတာမို႔ ပိုလိုက္ဖက္ေနသေယာင္။ခါးဆီသိမ္းဖက္ထားတဲ့လက္ေတြက ပိုင္ဆိုင္မႈေလးကိုဂုဏ္ယူေနဟန္အထင္းသား။

သီးသန့္ျပင္ဆင္ထားတဲ့ဝိုင္းမွာရွိေနတာက ညီႏွစ္ေယာက္ႏွင့္ သူစိမ္းမဟုတ္သူေတြ။Horizonေဘးမွာစက္ရိပ္ကထိုင္ေနၿပီးေဘးမွာ တိမ္ေငြ႕ ၿပီးေတာ့Geo။သူတို႔လာတာျမင္ေတာ့ ကိုစက္ရိပ္ကထလာကာေနရာလဲထိုင္ေလသည္။

အစ္ကိုျဖစ္သူေဘးမွာရွိေနေတာ့စကားေျပာေဖာ္ရသြားသူက ခုနကသူမဟုတ္ေတာ့သလို။တိမ္ေငြ႕ကိုပါစကားဝိုင္းထဲဆြဲထည့္ကာသုံးေယာက္သားအဖြဲ႕က်ေနေလသည္။သူတို႔ညီအစ္ကိုသုံးေယာက္မွာသာ တစ္ေယာက္မ်က္ႏွာတစ္တစ္ေယာက္ၾကည့္ရင္း နားလည္မႈေတြနဲ႕တိတ္ဆိတ္ေနမိ၏။

“ကိုကို႔”

“ဟြန္”

စကားေျပာေနရင္း အေအးခြက္ေလးေဘးခ်ကာ လူနားတိုးတိုးေလးကပ္ေခၚလာတာ။

“ရႉးေပါက္ခ်င္တယ္”

“ထ ကိုကိုလိုက္ပို႔မယ္”

“ဟုတ္”

toiletလိုက္ပို႔တာကိုအတြန့္မတက္တာက အက်င့္ပါေနလို႔။တစ္ေရးနိုး toilet ဝင္ရင္ေတာင္နိုးလာၿပီးလိုက္ပို႔ေနက်မိဳ႕ လူသူရႉပ္တဲ့ေနရာမွာလိုက္ပို႔တာပုံမွန္လိုပင္။

“ကိုႀကီး၊တိမ္ေငြ႕ ငယ္ငယ္toiletသြားမလို႔ လိုက္မလား”

“မလိုက္ေတာ့ဘူး ေကာင္းေကာင္းသြားေနာ္”

“ကိုယ္လည္းမလိုက္ေတာ့ဘူး”

“ဟုတ္”

လိုက္ပို႔မယ့္သူကမတ္တပ္ရပ္ေစာင့္ေနတာမို႔ အလိုက္တသိသာျငင္းလိုက္ၾကသည္။toiletကိုတန္းစီၿပီးသြားရေအာင္ မူႀကိဳေက်ာင္းသားေတြမွမဟုတ္တာ။ထြက္သြားသူေတြကို သူတို႔တိတ္တဆိတ္သာေငးၾကည့္မိသည္။

“ကိုကို႔မိတ္ေဆြေတြကကိုကို႔ကိုလာလည္းမေတြ႕ဘူး”

“လာမွန္းမသိေသးတာ ၿပီးေတာ့ကိုကိုတို႔ေနရာကသီးသန့္ဝိုင္းမို႔ ဘယ္သူမွမျမင္ရဘူးေလ”

“ဪ”

ဟုတ္သည္။Partyကိုလာသည့္ရည္႐ြယ္ခ်က္က ျပည္ပမွာအေနမ်ားတဲ့မိတ္ေဆြေတြ ကိုယ့္နိုင္ငံအၿပီးျပန္လာတဲ့ႀကိဳဆိုပြဲကို ဝတၱရားအရလာတက္ေပး႐ုံပဲ။ယခုလုပ္မည့္လုပ္ငန္းတစ္ခ်ိဳ႕ႏွင့္လက္တြဲမည္ျဖစ္တာေၾကာင့္သာ အခြင့္ေရးနည္းနည္းေပးလိုက္တာ။

အမွန္ဆိုေက်ာက္စက္လာလည္းျဖစ္ေပမယ့္
အိမ္ကညီႏွစ္ေယာက္ႏွင့္အတူပါလာတဲ့လူေတြေၾကာင့္ သူ႕ပိုင္ဆိုင္မႈေလးအား ေပ်ာ္ေစခ်င္စိတ္ႏွင့္။သူ႕အနားမွာအခ်ိန္ျပည့္ေနရင္း သူ႕ဂ႐ုစိုက္မႈေတြကိုၿငီးေငြ႕သြားမွာလည္းစိုးပါသည္။

ထိုလူေတြကHorizonႏွင့္ျပည္ပမွာသိခဲ့သလို Geoႏွင့္လည္းတစ္ခ်ိဳ႕ကိစၥေလးေတြရွိခဲ့သည္မို႔ အားလုံးေရာက္လာျဖစ္တာ။အေပၚယံမ်က္ႏွာဖုံးေတြေအာက္ကအစစ္မွန္မ်က္ႏွာေတြက ဒုစရိုက္ႏြံမွာေျခကြၽံေနၿပီးသား။တိမ္ေငြ႕ကGeoႏွင့္အတူပါလာတာျဖစ္ၿပီး စက္ရိပ္ႏွင့္ထိုလူေတြကေတာ့ျပည္ပမွာရင္းႏွီးသူေတြပါတဲ့။

toiletထဲဝင္တာကိုလိုက္ဝင္မိတာက သီးသန့္ခြဲထားျခင္းမရွိလို႔။သူစိမ္းAlphaရွိေနမွာမ်ိဳး သူလုံးဝမႀကိဳက္။

ကိစၥေတြအားလုံးၿပီးလို႔အျပင္ျပန္ထြက္ေတာ့ ပြဲရွင္ႏွစ္ေယာက္ႏွင့္တည့္တိုးေလသည္။

“ကိုသမုဒၵရာေရာက္ေနၿပီလို႔လာေျပာလို႔ထြက္လာတာ ေဆားရီးဗ်ာေရာက္ေရာက္ခ်င္းကြၽန္ေတာ္တို႔ကလာႏႈတ္ဆက္ရမွာကို ကိစၥတစ္ခ်ိဳ႕ေၾကာင့္ႏွောင့္ႏွေးမိကုန္ၿပီ စိတ္ထဲမထားေပးရင္ေကာင္းမယ္ဗ်ာ”

“ရပါတယ္”

“ဒီဘက္ကအမ်ိဳးသားေလးလားဗ် ၾကားရတဲ့သတင္း ျမင္ရတဲ့ပုံေတြထက္ကိုသာလြန္ေနေရာပဲ ကံေကာင္းလိုက္တာဗ်ာ”

“ဟုတ္တယ္ကြၽန္ေတာ္ကသိပ္ကံေကာင္းတာ”

ေျပာရင္းငုံ႕ၾကည့္မိမွတစ္ခုခုမူမမွန္တာကိုသတိထားမိသည္။သူ႕ခႏၱာကိုယ္ေနာက္ကိုယ္တစ္ျခမ္းကြယ္ေနၿပီး ေခါင္းငုံ႕ထားတာမို႔ေသခ်ာမျမင္ရေပမယ့္ သူ႕ခါးကိုဆြဲထားတဲ့လက္ေတြတင္းၾကပ္ေနတာပုံမွန္မွမဟုတ္တာ။

ငုံ႕ထားတဲ့မ်က္ႏွာေလးျဖဴစုတ္ေနတာ မီးေရာင္ေတြရဲ႕ပေယာဂမပါခဲ့။

“ငယ္ ေနမေကာင္းဘူးလား ဘာျဖစ္လို႔လဲကိုကို႔ကိုေျပာ”

“ငယ္ငယ္ အိမ္ျပန္ခ်င္တယ္”

တိုးတိုးေလးေျပာလာသံကငိုသံေလးႏွောေနသည္။ခါးမွအကၤ်ီစကိုတင္းေနေအာင္ဆြဲထားတာမို႔ သူ႕မ်က္ေမွာင္ေတြႀကဳံ႕ကုန္သည္။

“အဆင္ေျပရဲ႕လား ကြၽန္ေတာ့အိမ္ေပၚကအခန္းထဲအရင္ဝင္နားလိုက္မလား ကြၽန္ေတာ့္ဆရာဝန္ေခၚေပးမယ္”

“ဟင့္အင္း ဘာမွမျဖစ္ဘူး ကိုကို႔အိမ္ကိုပဲျပန္ မွာလို႔ အိမ္ကိုေခၚသြားေပးပါဆို”

ဟိုလူ႕အေျပာကိုအသည္းအသန္ျငင္းကာ သူ႕ကိုသာအားကိုးတႀကီးေမာ့ၾကည့္ေနတာ။

“အင္းျပန္ၾကမယ္ေနာ္”

ပြဲရွင္ေတြကိုႏႈတ္မဆက္နိုင္ဘဲ သူ႕ရတနာေလးကိုရင္ခြင္ထဲဝွက္လို႔ ေျခတံရွည္ေတြကိုအသုံးခ်ပစ္သည္။တြန့္ခ်ိဳးေနတဲ့သူ႕မ်က္ခုံးေတြေၾကာင့္ ေမးခြန္းေတြေမးခ်င္ေပမယ့္ျပန္မ်ိဳခ်ကဳန္သူေတြခ်ည္း။

ကားထဲေရာက္သည္အထိ ရင္ခြင္ထဲကမ်က္ႏွာေလးကမထြက္လာေသး။လက္ဖ်ားေသးေသးေလးေတြပါေအးစက္ေနသည္အထိ သူ႕ကေလးဟာသိပ္ေၾကာက္ေနတဲ့ပုံ။

“ကိုကို႔”

“အြန္း ကိုကိုရွိတယ္ေနာ္”

“ငယ္ငယ္ေၾကာက္တယ္”

“ကိုကိုရွိတယ္ေလ မေၾကာက္နဲ႕ေနာ္”

“ငယ္ငယ့္ကိုတစ္ျခားလူေတြဆီမေပးပစ္ပါနဲ႕”

“ဘာေတြေလွ်ာက္ေျပာေနတာလဲကေလးရဲ႕ ကေလးသြားခ်င္ရင္ေတာင္ကိုကိုကေပးမသြားဘူး ေလွ်ာက္မေတြးရဘူးေနာ္”

အသိစိတ္မကပ္သူလို မ်က္ဝန္းေတြမတည္ၿငိမ္ေနသည့္အျပင္ စကားလုံးေတြကေတာင္ေရာက္ေျမာက္ေရာက္။

“ေနာက္ထပ္ဒီကိုမလာဘူး”

“အြန္း…မလာေတာ့ဘူးေနာ္”

“သူတို႔ကိုလည္းထပ္မေတြ႕ဘူး”

“ဟုတ္ၿပီ ထပ္မေတြ႕ေတာ့ဘူး ကေလးသေဘာ”

“ေဆး႐ုံလည္းမသြားဘူး”

“သြားစရာမလိုဘူးေလကေလးရဲ႕”

“ကိုကိုက ငယ္ငယ့္glandကိုခြဲထုတ္ခိုင္းမွာလား”

မ်က္ရည္ေတြၾကားကစကားေတြဟာ သူ႕ကိုအားကိုးတႀကီးၾကည့္ရင္းေမးလာတာ။ကိုကို႔ကေလးကအဲ့လိုေၾကာက္ေနဖို႔မလိုဘူးေလ။

“မဟုတ္တာေတြကေလးရယ္ ေနမေကာင္းရင္ေတာင္အပ္္တစ္ေခ်ာင္းေပးမထိုးနိုင္တဲ့အထိ ကိုယ္ကငယ္ငယ့္ကိုအထိမခံနိုင္ဘူး”

“အိမ္ျပန္ေရာက္ခ်င္ၿပီ”

“အိပ္လိုက္ေနာ္ ကိုကို႔ရင္ခြင္ထဲအိပ္လိုက္ နိုးလာရင္အိမ္ေရာက္ေနၿပီေနာ္”

စိုစြတ္ေနတဲ့ရင္ဘတ္ေၾကာင့္ ႏွလုံးသားကေရႏွစ္ခံထားရသလို အသက္ရႉလို႔ေတာင္မဝ။ဖယ္ရိုမုန္းေတြေထြးဖက္မႈေၾကာင့္ စိတ္သက္သာရာရစြာအိပ္စက္သြားေပမယ့္ ဆတ္ခနဲလန့္နိုးတတ္တာ အိမ္မက္ဆိုးေတြေၾကာင့္ေနမွာ။

တင္းတင္းၾကပ္ၾကပ္မေပြ႕ဖက္ရဲတာ အိမ္မက္ထဲမြန္းၾကပ္ေနမွာစိုးလို႔။ဟိုတစ္ခါမူးတုန္းကေျပာခဲ့ဖူးတဲ့စကားေတြ စိတ္ထဲမွာပဲ့တင္ထပ္လာသည္။စိတ္ကူးယဥ္မႈမဟုတ္ခဲ့ရင္ အိမ္မက္ဆိုးေတြသက္သက္ျဖစ္ေနဖို႔သူဆုေတာင္းခဲ့ဖူးတယ္။

ပင္ဝါး႐ုံငယ္ဆိုတာ သူ႕အိမ္မက္ေတြသက္သက္ျဖစ္ေနဖို႔။

အေၾကာင္းရင္းမရွိေၾကာက္ျပေနတာလို႔မဆိုရက္ဘူး။ႏွလုံးသားႏွစ္ခုေပါင္းစပ္ၿပီးတဲ့အခါ သူ႕ခံစားခ်က္ေတြအားလုံး ကိုယ္အေလးထားတတ္လာတယ္။သူေပ်ာ္ေနတာစိတ္ရင္းနဲ႕လား သူငိုေနတာဟန္ေဆာင္ျခင္းလားဆိုတာခြဲျခားတတ္လာတယ္။

အေရးႀကီးဆုံးက သူ႕ပိုင္ဆိုင္မႈေလးဆိုတာ ခံစားခ်က္ေတြအားလုံးမ်က္ဝန္းမွာေပၚေနတဲ့လူမ်ိဳး။ဟန္ေဆာင္ျခင္းဘာသာရပ္ကို ဇီးရိုးထြက္မယ့္လူမ်ိဳး။လိမ္ညာျခင္းေတြနဲ႕ ဘယ္ေတာ့မွမအပ္စပ္ခဲ့ဖူးဘူး။

မူးေနတုန္းေျပာထြက္ခဲ့တဲ့အမွန္တရားေတြေၾကာင့္ သူ႕အိပ္မေပ်ာ္ျခင္းေတြရက္ရွည္လာသည္။မရည္႐ြယ္ဘဲေျပာျဖစ္ခဲ့ျခင္းေတြဟာ ငယ္ငယ့္ရဲ႕အနက္ရွိုင္းဆုံးဒဏ္ရာေတြပါတဲ့။ကိုယ္တိုင္ဆားသိပ္ပစ္ခဲ့ၿပီး သူထြက္ေျပးဖို႔တြန္းအားေပးခဲ့တာ။

ေပးခဲ့ဖူးတဲ့ဒဏ္ရာေတြကို ျမတ္နိုးျခင္းေတြနဲ႕မကုသနိုင္မွာ သူသိပ္ေၾကာက္သည္။ငယ္နာၾကင္ခဲ့ရျခင္းေတြက သူေပးတဲ့ၾကင္နာျခင္းေတြနဲ႕မလုံေလာက္မွာသူေၾကာက္သည္။ဒါေၾကာင့္လည္းျမတ္နိုးျခင္းေတြနဲ႕ေထြးဖက္လို႔အၿမဲၾကင္နာမိေနတာ။

အိပ္ခန္းထဲေပြ႕သယ္လာသည္အထိမနိုးေသးသူကို အိပ္ယာထက္အသာဖြဖြခ်ေပးလိုက္သည္။အဝတ္လဲေရပတ္တိုက္ေပးကာ ေစာင္ၿခဳံေပးၿပီး သူေရခ်ိဳးပစ္လိုက္ေပမယ့္ ကေလးကိုအႏြေးဓာတ္ေပးနိုင္ဖို႔ ေရခ်ိဳးခ်ိန္ကိုေလွ်ာ့ခ်ပစ္မိတယ္။

အနားကိုဖြဖြကပ္ကာ တစ္ကိုယ္လုံးသိမ္းႀကဳံးဖက္ၿပီး ဖယ္ရိုမုန္းေတြနဲ႕သာ ေခ်ာ့ျမဴပစ္မိတာ။ႏွဖူးထက္ဖြဖြနမ္းမိေတာ့ ျပန္မခြာခ်င္ေတာ့။

ျမတ္နိုးရတယ္ ငယ္။ဘယ္ဘဝကေရစက္ေတြမွန္းမသိေပမယ့္ ရင္ထဲစူးနစ္ေနမႈဟာ ကိုယ္တိုင္သာအသိဆုံး။ေစာင့္ဆိုင္းခဲ့ရျခင္းေတြသိပ္ၾကာခဲ့သလိုမ်ိဳး ေထြးဖက္လို႔မဝနိုင္ဘူး။

ရွာေဖြခဲ့ရျခင္းေတြမွာအသားက်ေနခဲ့သလိုမ်ိဳး အရိပ္ေလးမျမင္ရရင္ေတာင္ တစ္သက္တာခြဲရေတာ့မလိုခံစားရသည္အထိ။

“ျဖစ္နိုင္ရင္ ငယ့္ရဲ႕အိမ္မက္ဆိုးေတြအားလုံးကိုယ္လႊဲေျပာင္းယူပါရေစ အေကာင္ထည္မရွိတဲ့အိမ္မက္ေတြထဲမွာေတာင္ ငယ့္ဝမ္းနည္းျခင္းေတြမစြန္းထင္းေစခ်င္ဘူး”

တိုးဖြဖြစကားအဆုံး မ်က္ဝန္းေတြမွိတ္ပစ္လိုက္သည္။မွိန္ပ်ပ်ညမီးေရာင္ေအာက္ ေတာက္ပလာတဲ့ေျခက်င္းဝတ္ေလးတစ္ဖက္။ခ်စ္ျခင္းတရားေတြသာစစ္မွန္ရင္ ဆုေတာင္းေတြလည္းျပည့္နိုင္တယ္ထင္ပါရဲ႕။

……………

ဖ်တ္ခနဲလန့္နိုးလာျခင္းမွာ ထိတ္လန့္ျခင္းေတြကပ္ပါလာသည္။နိမ့္ခ်ည္ျမင့္ခ်ည္ရင္အစုံက ေမာဟိုက္ေနမႈရဲ႕ျပယုဒ္။ေခြၽးေစးေတြထြက္ေနမႈေၾကာင့္ အကၤ်ီတစ္ထည္လုံး႐ႊဲ႐ႊဲစိုေနသည္။

အသက္ရႉသံျပင္းျပင္းေတြ အခန္းထဲပဲ့တင္ထပ္ေနသည္အထိ။အထိတ္တလန့္နံေဘးကိုစမ္းေတာ့ ႏြေးေထြးမႈေလးက အသက္ရွင္ေဆးလို။

ညမီးေရာင္ႏွင့္ျမင္ေနရတာက အိပ္ေမာက်ေနတဲ့သူ႕ႏွလုံးသားေလး။ေပြ႕ဖက္ခ်င္ေပမယ့္ေခြၽးစက္ေတြႏွင့္မို႔ေရအရင္ခ်ိဳးရသည္။ေအးစက္ေနတဲ့ေရေတြက သူ႕ဝိဥာဥ္ထိတိုက္စားမတတ္။

ေရခ်ိဳးျခင္းကိုျမန္ျမန္လက္စသတ္ကာ ဝရံတာဆီထြက္ခဲ့သည္။မၿငိမ္သက္တဲ့ႏွလုံးခုန္သံေၾကာင့္ ပိုင္ဆိုင္မႈေလးကိုမနိုးလာေစခ်င္။လက္ထဲပါလာတာက စီးကရက္ဗူးႏွင့္မီးျခစ္နီေလး။

ဝရံတာမွန္တံခါးကိုတင္းတင္းဆြဲပိတ္ကာ မေသာက္တာၾကာတဲ့စီးကရက္ကိုမီးညွိလိုက္သည္။လမိုက္ညမွာလြင့္ပ်ံသြားတာ သူရွိုက္ဖြာလိုက္တဲ့စီးကရက္ေငြ႕ေတြ။အေဝးမေရာက္ခင္လြင့္ျပယ္ကုန္တာက မတည္ၿမဲျခင္းသေဘာတရား။

အေမွာင္ထုထဲၾကည့္ေနေပမယ့္ ျမင္ေယာင္မိတာအိမ္မက္ဆိုးကိုပါပဲ။ငယ္ေျပာခဲ့ဖူးတဲ့ သူအေၾကာက္ဆုံးအိမ္မက္ဆိုး။စြဲလမ္းစိတ္ေၾကာင့္လို႔ဆိုလို႔မရတဲ့ ထိုအိမ္မက္ဆိုးက သိေနလ်က္နဲ႕နိုးထမရခဲ့။

ထိုလူႏွစ္ေယာက္ၾကားကေကာင္ေလးကိုဆြဲဖယ္ခ်င္ခဲ့ေပမယ့္ ဝိုင္ခြက္ကိုင္ကာထိုင္ၾကည့္ေနတဲ့သူ႕ကိုယ္သူဆြဲထိုးခ်င္ေနေပမယ့္ ခြဲစိတ္ဓားကိုင္ထားတဲ့ Horizonကိုတားဆီးခ်င္ေနေပမယ့္ လႊင့္ပစ္ခံလိုက္ရတဲ့အမွိုက္တစ္စကိုေျပးေကာက္လိုက္ခ်င္ေပမယ့္ အရာအားလုံးမွာစိတ္ေဆာင္ရာကိုကိုယ္မလိုက္နိုင္ခဲ့။

အိမ္မက္ဆိုတာသိေနလွ်က္နဲ႕ နိုးထမရျခင္းဟာ သူ႕ဘဝမွာပထမဆုံးကူကယ္ရာမဲ့ျခင္း။မႈန္ဝါးေနတဲ့မ်က္ႏွာေတြဆိုေပမယ့္ ဘယ္သူေတြဆိုတာသူရွင္းရွင္းလင္းလင္းသိေနသည္။

ငယ္ေတာက္ေလွ်ာက္မက္လာတဲ့အိမ္မက္ဆိုတဲ့အသိနဲ႕တင္ သူဘာလုပ္ရမွန္းမသိေတာ့သည္အထိ။ထိုအိမ္မက္ေတြမက္ေစဖို႔ဖန္တီးခဲ့သူကိုသတ္ပစ္ခ်င္သလို စကားလုံးေတြနဲ႕လႈံ႕ေဆာ္မိခဲ့တဲ့သူ႕ကိုယ္သူလည္း သတ္ပစ္ခ်င္ပါသည္။

အတိတ္မွာသူဟာ သိပ္စက္ဆုပ္ဖို႔ေကာင္းခဲ့တာပဲ။စိတ္ဒဏ္ရာရွိတဲ့သူကို အမွိုက္တစ္စလို႔ေျပာထြက္ခဲ့သည္အထိ သိပ္မုန္းဖို႔ေကာင္းခဲ့တာ။ငယ္ထြက္ေျပးခဲ့သင့္တာေပါ့။သူ႕အိမ္မက္ဆိုးကိုယ္နဲ႕ေဝးတဲ့ေနရာကို ထြက္ေျပးခဲ့တာမမွားခဲ့ဘူး။

ညေနကႏွစ္ေယာက္ကိုေၾကာက္လန့္ျခင္းအေၾကာင္းကိုလည္း သူရိပ္မိခဲ့သည္။အိပ္မက္ထဲကထိုလူႏွစ္ေယာက္။အိပ္မက္ထဲကသူကိုယ္တိုင္ေပးခဲ့တဲ့ ငရဲတစ္ခု။

အိမ္မက္ျဖစ္ေစ လက္ေတြ႕ျဖစ္ေစ ငယ့္အိပ္မက္ဆိုးေတြမွန္သမွ် ေလာကႀကီးမွာမတည္ရွိသင့္ဘူး။

မွန္တံခါးကျမင္ေနရတဲ့လႈပ္ရွားလာတဲ့အရိပ္ေလးေၾကာင့္ စီးကရက္ကိုလက္စသတ္ကာ အထဲဝင္ရသည္။အခန္းထဲျပန္ေရာက္ေတာ့ လႈပ္လႈပ္ရွားရွားကိုယ္လုံးေလးက ျပန္လည္အိပ္ေမာက်ေနၿပီ။

စီးကရက္နံ႕တစ္ခ်ိဳ႕စြဲေနတာမို႔ ေရျပန္ခ်ိဳးလိုက္ရသည္။သုံးခါေျမာက္ေရခ်ိဳးျခင္းဆိုေပမယ့္ ခြန္အားႀကီးAlphaတစ္ေယာက္မို႔ ဖ်ားနာမွာမေၾကာက္မိ။

အိပ္ယာထက္အေရာက္ ကိုယ္လုံးေလးကိုေထြးဖက္ပစ္လိုက္သည္။ေစာင္နဲ႕လုံးယူလိုက္တာမို႔ စကၠဴပတ္ထားတဲ့မုန့္လုံးေလးလိုအေထြးလိုက္ေလး ရင္ခြင္ထဲပါလာတာ။

လည္ပင္းၾကားမ်က္ႏွာအပ္ပစ္လိုက္ေတာ့ စံပယ္ရနံ႕သင္းသင္းကသူ႕စိတ္ကိုႏွစ္သိမ့္လာသည္။ဆုံရႈံးျခင္းေပါင္းေျမာက္မ်ားစြာထဲ မင္းတစ္ေယာက္ကိုပဲလက္လႊတ္ရမွာေၾကာက္ခဲ့ဖူးတာငယ္။

လူ႕ဘဝကတိုေတာင္းလြန္းတယ္ေျပာၾကေပမယ့္ေလ အလြမ္းေတြနဲ႕သာခရီးဆက္ၾကည့္ ဘယ္ေတာ့မွမဆုံးနိုင္မယ့္ သံသရာႀကီးလိုပဲ…..

……………….

အိပ္ေမာက်ေနတဲ့မ်က္ႏွာေလးကို သေဘာတက်တစ္စိမ့္စိမ့္ၾကည့္ရင္း နံနက္ခင္းမွာ သူ႕အၿပဳံးေတြပိုပီျပင္လာသည္။ထင္းရႉးရနံ႕ေတြသိပ္သည္းေနေသးတာမို႔ ျပတင္းတံခါးကိုမဖြင့္မိ။သူ႕အပိုင္ရနံ႕ေတြ ေလေျပေတြထိေတြ႕မွာေတာင္မလိုလားပါဘူး။

ေအာက္ထပ္ကိုနံနက္စာဆင္းျပင္ရင္း Geoဆီဖုန္းဆက္ျဖစ္သည္။

“ေျပာ ကိုလတ္”

“ငါ့အစီစဥ္ေအာင္ျမင္သြားၿပီ”

“မေျပာလည္းသိပါတယ္ ကိုလတ္ရဲ႕အကြက္ေတြဘယ္တုန္းကက်ရႉံးဖူးလို႔လဲ”

“ငါေျပာထားတာအဆင္ေျပတယ္မလား”

“ကြၽန္ေတာ္ၾကည့္လုပ္လိုက္မယ္ မစိုးရိမ္နဲ႕”

“ကိုCean ဆီကေရာဘာသတင္းထူးလဲ”

“ညေနမွတစ္ခ်က္သြားၾကည့္မလားလို႔ လျခမ္းအဆင္ေျပေနလို႔ ကိုလတ္ကိုဖုန္းမဆက္တာေနမွာ မဟုတ္ရင္ကိုလတ္လူနားေတာင္ကပ္ခ်ိန္ရမွာမဟုတ္ဘူး”

“အြန္း အဲ့တာေတာ့ဟုတ္တယ္ ႐ုတ္တရက္ႀကီးျပန္သြားတာဆိုေတာ့ လျခမ္းတစ္ခုခုျဖစ္လို႔ပဲေနမွာဆိုၿပီးငါလည္းေစာင့္ၾကည့္ေနေသးတယ္ ဖုန္းဆက္မလာလို႔ ငါ့အစီအစဥ္ကိုအေကာင္အထည္ေဖာ္လိုက္တာ”

“ဒါဆိုကြၽန္ေတာ္ဖုန္းခ်လိဳက္ေတာ့မယ္ ဟိုကိစၥအတြက္ကေတာ့ကြၽန္ေတာ့္ကိုယုံလိုက္”

“ဟုတ္ၿပီ မင္းလည္းအဆင္ေျပပါေစကြာ”

ဖုန္းခ်ၿပီးခ်ိန္ ဆန္ျပဳတ္ႀကိဳျခင္းကိုလက္စသတ္လိုက္သည္။ဒီေန႕အတြက္ကေတာ့ ဆန္ျပဳတ္တစ္ခုပဲအဆင္ေျပမွာမလား။

မေန႕ညကအေၾကာင္းကိုျပန္ေတြးမိေတာ့ သူစိတ္ေတြႂကြတက္ကုန္တာ ေလထိုးထားတဲ့မိုးပ်ံပူေဖာင္းလိုမ်ိဳး ေကာင္းကင္ဆီတလြင့္လြင့္မို႔ မနည္းထိန္းခ်ဳပ္ထားရသည္။

partyကအျပန္ Heatဝင္လာသူကထိန္းခ်ဳပ္ေဆးႏွင့္ေတာင္မထိန္းနိုင္ေတာ့။မျဖစ္မေနအေျခအေနတစ္ခုမွာ သူအမွတ္အသားေပးရင္း ႏွစ္ဦးသေဘာတူေသြးသားဆႏၵေတြကိုအလိုလိုက္ခဲ့မိၾကသည္။

သူ႕ဆႏၵေတြၾကား မတားဆီးနိုင္ဘဲၾကည္ျဖဴေပးခဲ့သူက မနက္လင္းခါနီးမွသာအိပ္ခြင့္ရခဲ့တာ။အေတြးေတြရပ္ၿပီး မနက္စာသယ္ကာအေပၚထပ္ဆီတက္ခဲ့သည္။

အခန္းထဲေရာက္ေတာ့ ဟိုကေရခ်ိဳးၿပီးအဝတ္စားလဲေနတာ။အၿမဲတမ္းAlphaတစ္ေယာက္လိုသာေနထိုင္ခဲ့သူမို႔ Heatဝင္ခ်ိန္ေခြေခါက္ေနရမွာမ်ိဳး သူသေဘာမက်ဘဴးထင္သည္။

“အေတာ္ပဲမနက္စာစားရေအာင္”

“မစားေတာ့ဘူး”

ရွက္ေနသူက သူ႕ကိုေက်ာေပးထားတာမို႔ နား႐ြက္ထိပ္ေလးေတြႏွင့္ ဂုတ္ပိုးေလးရဲေနတာကိုသာအသည္းယားဖြယ္ျမင္ေနရသည္။

“မစားလို႔မရဘူးၿပီးရင္ေဆးေသာက္ရမွာ”

“ဘာကိစၥနဲ႕ေသာက္ရမွာလဲ”

“မသိခ်င္ေယာင္ေဆာင္မေနနဲ႕ေတာ့ဗ်ာ ေဆးေသာက္မွာလား ေဆးလိမ္းေပးရမလားေ႐ြး”

“ဘာမွ…”

“ကိုေဆာင္းစက္ရိပ္ခို ကြၽန္ေတာ့မွာညကဓာတ္ပုံေတြရွိတယ္ေနာ္”

“ဘာ…မင္းဘာလုပ္မလို႔လဲ”

ေနာက္လွည့္ၾကည့္လာၿပီး ေဒါသတႀကီးေမးလာပုံက သခင္ကိုမာန္ဖီျပေနသည့္ေၾကာင္ဆိုးေလးလို ခ်စ္ဖို႔ေကာင္းေနေလသည္။

“အခုလိုအေျခေနေတြေၾကာင့္ေလ စကားကိုႏွစ္ခါျပန္ျပန္ေျပာေနရတဲ့ကိုခို႔ေၾကာင့္”

“ဖ်က္ပစ္လိုက္”

“ေ႐ြး”

“စားမယ္”

စားပြဲေရွ႕ဝင္ထိုင္လာၿပီးတစ္ပန္းကန္ယူသြားတာေၾကာင့္ က်န္တဲ့တစ္ပန္းကန္ကိုသူယူေသာက္လိုက္ေတာ့ ၾကည့္လာတဲ့မ်က္ဝန္းေတြက မေဝခြဲတတ္ဟန္။

“ဆန္ျပဳတ္ပဲႀကိဳထားတာ က်န္တာမလုပ္ထားလို႔ မနက္စာဒါပဲစားတာ့မယ္”

ျပန္မေျပာလာဘဲဆန္ျပဳတ္ကိုသာအာ႐ုံစိုက္စားကာ သူ႕ကိုၾကည့္မလာေတာ့။စားၿပီးေတာ့လူေရွ႕လက္ျဖန့္လာေလသည္။လက္ဖဝါးထဲ ေမးတင္လိုက္ေတာ့ ဆတ္ခနဲဆုတ္သြားတာ မီးခဲကိုင္မိသည့္အတိုင္း။

“ဘာလုပ္တာလဲ”

“ကိုခိုကေရာ ဘာလုပ္တာလဲ”

“ေဆးေတာင္းတာေလ”

“ဪ ဒီလိုလား …မသိပါဘူး ေမးေစ့မ်ားစမ္းခ်င္ေနတာလားလို႔”

“ဘာလို႔စမ္းခ်င္ရမွာလဲ”

“ေမးေစ့ခြၽန္တဲ့ေယာက်္ားေတြက…. ဟိုေနရာလည္း…အဟြန္း”

“မင္း ညစ္တီးညစ္ပတ္ေတြမေျပာနဲ႕”

“ေဟာဗ်ာ ဘာမွမေျပာရေသးဘူး အေတြးေပါက္ေနၿပီလား ညစ္ညစ္ပတ္ေနတာပဲေနာ္”

“မင္း….ေဆးေပး”

“စိတ္ခ်ပါ ပန္းကန္ေဆးတာကြၽမ္းက်င္ပါတယ္”

“ပန္းကန္မဟုတ္ဘူး”

“ဟြန့္…ကိုခိုလူဆိုး ကိစၥၿပီးတိုင္းေဆးေပးပါတယ္ေနာ္ သိရက္သားနဲ႕”

“မိုးကုတ္စက္ဝိုင္း”

“ရွည္ေတာ့ေမာေနမယ္ ေမာင္လို႔ပဲေခၚ”

“ဘယ္သူကေခၚခ်င္ေနလို႔လဲ”

“ကိုခိုပဲေခၚေနၿပီးေတာ့”

“မင္းးးး..”

ဆက္မေျပာလာဘဲစိတ္ေလွ်ာ့ဟန္ အသက္ျပင္းျပင္းရႉေနေလသည္။ခ်စ္ဖို႔ေကာင္းလိုက္တာေနာ္။

“ေဆးေသာက္ဖို႔ေပး”

“ေအာ”

ဆက္မစရက္ေတာ့တာမို႔ အံဆြဲထဲကေဆးကိုသာထုတ္ေပးလိုက္သည္။ေရတစ္ခြက္ေကာက္ယူကာေသာက္လိုက္တာ ဇြက္ခနဲ။စိတ္ကလည္းျမန္ပါ့။

“ဪ ကိုခို႔ကိုေျပာဖို႔ေမ့ေနတာ ညကကိစၥၿပီးသြားေတာ့ေလ ကိုခိုကပင္ပန္းၿပီးအိပ္ေပ်ာ္ေနတာနဲ႕ ေရပတ္တိုက္ေပးရင္းနဲ႕ေဆးလိမ္းေပးထားၿပီးသား”

“ဖူးးးးးးးအဟြတ္ အဟြတ္”

“အယ္ ရလား ဘာလို႔ဂ႐ုမစိုက္ရတာလဲ ေရေတာင္သီးေအာင္ေသာက္ရတယ္လို႔”

ကပ်ာကယာထကာေက်ာျပင္ေလးသပ္ေပးေတာ့ စကားမေျပာနိုင္ေသးသူက လက္သာကာျပလာေလသည္။ၿပီးေတာ့မွသူ႕ကိုေစာင္းၾကည့္လာကာ

“မင္းသက္သက္မဲ့ညစ္တာ”

“ေဟာဗ်ာ တာဝန္ယူစိတ္အျပည့္ရွိတာပါ ကိုယ္ရႈပ္ထားတာကိုကိုယ္ျပန္ရွင္းေပးတာေလ”

“ေတာ္ၿပီမင္းနဲ႕စကားမေျပာေတာ့ဘူး”

ေျပာရင္းခုံမွထရပ္ကာ အျပင္ထြက္ဖို႔ျပင္ေလသည္။ေရသီးထားတာေရာ ရွက္ေဒါသေရာေပါင္းၿပီး မ်က္ႏွာတစ္ခုလုံးသာမက လည္ပင္းေတြထိ ရဲတြတ္ေနေတာ့တာ။

“ဘယ္သြားမလို႔လဲ”

“ၿခံထဲဆင္းမလို႔”

“လမ္းေရာေလွ်ာက္နိုင္ရဲ႕လား တင္ပါးကမနာဘူးလား”

“ဘယ္ေနရာကမွမနာဘူး ေဒါင္ေဒါင္ျမည္ပဲ”

“စိတ္မဆိုးပါနဲ႕ ေနာက္ဆိုပိုႀကိဳးစားေပးပါ့မယ္”

“ဘာေတြႀကိဳးစားခ်င္ေနတာလဲ”

“ကြၽန္ေတာ့္ရဲ႕အားထုတ္မႈက ကိုခို႔ကိုစိတ္မေက်နပ္ေစလို႔ ေနာက္ဆိုပိုႀကိဳးစားေပးမယ္လို႔”

“ဘယ္သူကမေက်နပ္ေနလို႔လဲ”

“အဲ့တာဆိုေက်နပ္တယ္ေပါ့ ၾကယ္ဘယ္ႏွလုံးေပးမွာလဲ five star လား”

“မိုးကုတ္စက္ဝိုင္း”

“ဗ်ာ”

“မင္း…မင္း…ေနခဲ့ငါ့ေနာက္လိုက္မလာနဲ႕”

“ကိုခို..ကြၽန္ေတာ္”

“ဆက္မေျပာနဲ႕ မဟုတ္ရင္တစ္ခုခုလုပ္ပစ္မွာ”

“လုပ္လိုက္ပါလား ခံၾကည့္ခ်င္လို႔”

“မင္း”

“အာဘြားေပးတာျဖစ္ျဖစ္ ညကလိုျမင္းစီးတာျဖစ္ျဖစ္ ေနာက္ေက်ာကိုကုတ္ဆြဲတာျဖစ္ျဖစ္”

“ေတာ္ၿပီ…လိုက္လာရင္ ငါလျခမ္းနဲ႕သြားေနပစ္မယ္”

“ကိုCeanကလက္ခံမွာပါ လျခမ္းကိုတရားဝင္ေတာင္မိတ္ဆက္ေပးမလားဘဲ ကြၽန္ေတာ့္ရဲ႕မိတ္ဖက္ဆိုၿပီးေတာ့ေလ”

“ဘယ္သူကလဲ”

“ကိုခိုေပါ့”

“စိတ္ကူးယဥ္ေနလိုက္”

“ဟင့္အင္း လက္ေတြ႕အေကာင္အထည္ေဖာ္ရတာကိုပဲႀကိဳက္တယ္”

“ေတာ္ၿပီ မင္းဆက္ၿပီးစကားေျပာေနရင္ ငါဒီအိမ္မွာတကယ္မေနေတာ့ဘူး”

စသင့္တဲ့အတိုင္းအတာလြန္သြားမွာဆိုး၍ သူၿပဳံး႐ုံသာၿပဳံးၿပီး လိုက္မသြားျဖစ္ေတာ့။ခဏအၾကာျပတင္းေပါက္မွငုံ႕မိုးၾကည့္ေတာ့ ၿခံထဲလမ္းေလွ်ာက္ေနသူကို ရွင္းရွင္းလင္းလင္းျမင္ေနရေလသည္။

ၿပဳံးေနတဲ့သူ႕မ်က္ႏွာက အႀကံအစည္ျပည့္ ေနတဲ့ေျမေခြးတစ္ေကာင္လိုမ်ိဳး။နဂိုေပါ့ေပါ့ပါးပါးအသြင္ေပ်ာက္ကာ ေလးနက္ေနတဲ့အၾကည့္ေတြက သားေကာင္ေပၚမွာအျပည့္အဝ။မုဆိုးစက္ကြင္းထဲကသားေကာင္ေလးကေတာ့ ဘာကိုမွသတိမျပဳမိဘဲ အရာရာဟာ ပုံမွန္လို႔သာထင္ေနေလရဲ႕……

#################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၆, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၆, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၆ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၆ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၆ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၆ light novel, ,

Comment

Leave a Reply

Chapter 37