Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃

A+ A-

ကောင်းကင်ကြီးက မိုးသားတွေတစ်လိပ်လိပ်။မကြာမီ မိုးကြီးကြီးရွာတော့မည်မှန်း သိသာစွာ။အခန်းကျယ်ကြီးအတွင်းမှာတော့
အဲကွန်းမဖွင့်ဘဲအေးစိမ့်စိမ့်။အပြင်ဘက် ရာသီဥတုနှင့်အပြိုင် ရာသီဥတုကမသာမယာ။

“ခွမ်း”

ပစ်ထုတ်လိုက်တဲ့စံပယ်အိုးလေးကနံရံနှင့်ထိလို့အစိတ်စိတ်အမွှာမွှာ။ဝန်ထမ်းအသစ်လေးကငိုချမတတ်တုန်ရီနေမိကာ ခေါင်းပင်မဖော်ရဲ။အတွင်းရေးမှုးကျောက်စက်နေရောင်တစ်ယောက်ခေါင်းသာခါမိကာ ထိုကောင်မလေးအားထွက်သွားဖို့အချက်ပြလိုက်သည်။Beta ဝန်ထမ်းလေးခင်မျာ လေးကလွှတ်တဲ့မြှားလို ပြေးထွက်သွားတာခလုတ်တွေပါတိုက်လို့။

“ကိုCean စိတ်လျှော့လိုက်ပါကျွန်တော်လိုသွားတာ အသစ်လေးမို့မပြောပြရသေးလို့”

ထိုအခါမှဒေါသထွက်နေသူကစိတ်လျှော့လိုက်သလိုနက်ခ်တိုင်အားဆွဲဖြေကာ သူ့ဘက်လှည့်လာသည်။ဓားသဏ္ဍာန်မျက်ခုံးတွေကိုကျုံ့ထားကာ ရှည်လျားကျဉ်းမြောင်း
ကာစူးရှနေသောအပြာရောင်မျက်ဝန်းတွေအားမှေးစင်းထားလေသည်။ပါးလျလျနှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားတာကြောင့် ထင်ရှားတဲ့မေးလိုင်းတွေကခပ်တင်းတင်း။

“နောက်ဆိုရင် ကုမ္မဏီစည်းကမ်းချက်ထဲကို တစ်ချက်ထပ်ထည့်ထား ကုမ္မဏီအတွင်းဘာပန်းမှမမြင်ချင်ဘူး အထူးသဖြင့်Jasmine
အဲ့ဒီအနံ့ပါတဲ့ဘာအသုံးဆောင်မှမရှိစေနဲ့”

“ဟုတ်ကဲ့ ကျွန်တော်အခုဘဲအားလုံးကိုကြေငြာလိုက်ပါ့မယ်”

ပိတ်သွားတဲ့တံခါးကိုကြည့်လို့ သူသက်ပြင်းချကာခုံမှာကျောမှီချလိုက်တယ်။သူပန်းတွေကိုမကြိုက်ဘူး။အထိခိုက်မခံလို့။နူးညံ့သိမ်မွေ့ပြီး တယုတယဖြစ်တာတွေကိုသူမကြိုက်ဘူး။ဒါကြောင့် Omegaတွေကိုသူမကြိုက်ဘူး။အရမ်းပျော့ညံ့လွန်းတယ်။

ပြီးတော့ အဲ့အနံjasmine။သူတစ်သက်လုံးမုန်းလာတဲ့ထိုပန်း။အရင်တစ်ပါတ် သူ့Shopping Mallကိုသွားစစ်ဆေးတုန်းကရခဲ့တဲ့အနံ့။သူနှင့် ကိုက်ညီမှုရာနှုန်းပြည့်ရှိတဲ့ ထိုဖယ်ရိုမုန်းတွေ။သိပ်မုန်းဖို့ကောင်းတာ။

ထိုဘာမဟုတ်တဲ့ကောင်လေးတစ်ယောက်ဆီမှာ သူနှင့်ကိုက်ညီတဲ့ဖယ်ရိုမုန်းတွေရှိနေတယ်တဲ့ စက်ဆုပ်ဖို့ကောင်းလိုက်တာတစ်စစီလုပ်ပစ်မတတ်ဘဲ။အဲ့ကောင်လေးသူနှင့်ဝေးဝေးနေတာကောင်းလိမ့်မည်။

သက်ပြင်းချရင်း ထိုင်ခုံမှထလိုက်သည်။အိမ်ပြန်တာကောင်းမည်။မနေ့ညကတည်းကမကြည်တဲ့ခေါင်းက အိမ်မက်ဆိုးတစ်ခုကြောင့်။ရေရေရာရာမမှတ်မိတဲ့အိမ်မက်က သူ့အားနှောင့်ယှက်နေကတည်းက သူစိတ်မကြည်တော့တာ။ဘာမဟုတ်တဲ့အိမ်မက်တစ်ခုက သူ့အားစိတ်အနှောင့်ယှက်ပေးနေတာကိုလည်းမုန်းသည်။

ကားမမောင်းချင်တာကြောင့် မြေအောက်သီးသန့်ပါကင်ထဲက ဆိုင်ကယ်အားထုတ်ကာ ဝတ်စုံလဲပြီးဦးထုပ်ဆောင်းလိုက်သည်။ထို့နောက် ဆိုင်ကယ်အားမိုင်ကုန်တင်ကာ ခရီးနှင်ရာကမြို့ပြင်သီးသန့်စံအိမ်ဆီ။နောက်က Bodyguardတွေမှာတော့ ကျွမ်းကျင်မှုကြောင့်မဟုတ်ပါကမျက်ခြေပြတ်ကျန်ခဲ့မှာမလွဲ။

သတင်းကြိုပို့ထား၍ ခြံတံခါးကအဆင်သင့်ဖွင့်ထားပြီးသား။ဆယ်မိနစ်ခန့်အပြင်းမောင်းမှ အိမ်ရှေ့ရောက်သည်ဆိုကတည်းက ခြံမည်မျှကျယ်ဝန်းမှန်းသိသာစေသည်။ဆိုင်ကယ်သော့အားကိုင်ကာအိမ်ထဲဝင်တော့ မိုးပေါက်တို့ကမြေပြင်နှင့်ရန်ငြှိုးရှိသလို အပြင်းအထန်တိုက်စစ်ဆင်လာလေသည်။

ရေအေးအေးလေးနှင့်ချိုးလိုက်တော့မှ စိတ်တွေကြည်လင်သွားရကာ ခါးမှာတစ်ဘက်တစ်ထည်အားပတ်ကာ ရေချိုးခန်းအပြင်သို့ထွက်ခဲ့လိုက်သည်။

ကျယ်ဝန်းတဲ့ပုခုံးသားတွေကတစ်ဆင့် သေချာပုံသွင်းထားတဲ့mermaidလိုင်းတွေဆီ ရေစက်တစ်ချို့စီးဆင်းလာပုံက တော်ရုံလူ မျက်စိမလွှဲချင်စရာ။အချိုးအဆစ်ညီတဲ့ လက်ချောင်းရှည်တွေက ခုံပေါ်ကစီးကရက်နှင့်မီးခြစ်အားကောက်ယူကာ မှန်အပြည့်ကာရံထားတဲ့နံရံဆီလျှောက်သွားလိုက်သည်။

အပြင်မှာမိုးတွေက သည်းကြီးမည်းကြီး။ခြံထဲကသစ်ပင်ကြီးတွေက ဝှေ့ကာရမ်းကာ လက်ပြနှုတ်ဆက်နေသည်လား မိုးရေတွေကြားအကူညီတောင်းနေသည်လား မသဲကွဲစွာ။စီးကရက်အားမီးညှိကာ တစ်ရှိုက်ဖွာလိုက်တော့ အငွေ့တွေကအခန်းထဲဝေ့ဝဲသည့် ကချေသည်လို။မှန်တံခါးအားဆွဲဖွင့်ကာဝရံတာဆီထွက်ခဲ့တော့ တစ်ခြံလုံးအား အထက်စီးမှမြင်နေရသည်။

သာမန်ရပ်ကွက်တစ်ခုစာနီးပါးကျယ်ဝန်းသောခြံထဲ သုံးထပ်တိုက်ကြီးကနန်းတော်လို။တစ်ယောက်တည်းနေသည့်သူ့အတွက်တော့ အနည်းငယ်ကျယ်ဝန်းပေသည်။တစ်ခါတစ်ရံတော့လည်း တိတ်ဆိတ်လွန်းသည်ပေါ့။

မိဘတွေဆုံးပါးသွားသည်မှာ ငါးနှစ်ကျော်ပြီ။ထိုအချိန်ကတည်းက အဖေ့လက်အောက်ကလုပ်ငန်းအားလုံး သူဦးစီးခဲ့တာ။အသက်ငယ်ငယ်နှင့် အားလုံးကိုထိန်းချုပ်ထားနိုင်စွမ်းရှိတဲ့Dominant Alphaတစ်ယောက်။နေရာတိုင်းမှာOCEANလုပ်ငန်းစုကသာ ဦးဆောင်နေတာမျိုး။

ဒုတိယညီငယ်ကသူ့ထက်ငါးနှစ်ငယ်ပြီး ဒီနိုင်ငံရဲ့အတော်ဆုံးဆရာဝန်တစ်ယောက်။Yမြို့ရဲ့အကြီးဆုံးကိုယ်ပိုင်ဆေးရုံကြီးအားအုပ်ချုပ်နေသည့်သူ။တည်ငြိမ်အေးဆေးသည်။တစ်ခါတစ်ရံတော့လည်း သွေးအေးလွန်းသည်။သူ၏အားသာချက်က လူတွေရဲ့စိတ်အားအကဲခတ်ရာမှာအတော်ဆုံးပင်။

အငယ်ဆုံးလေးက Hacker။ကလေးကတည်းက ကျောင်းစာထက်codeရေးရာမှာသာစိတ်ဝင်စားတဲ့သူ။ဒါကြောင့် ပညာရေးမှာမညံ့ရုံတမယ်ဖြစ်သော်ငြား Programပိုင်းမှာ သူ့အားယှဉ်နိုင်သည့်သူမရှိ။အသက် ၂၃နှစ်နှင့် နိုင်ငံ့အတော်ဆုံးHackerလေး။

သုံးယောက်လုံးက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်သည့် Dominant Alphaတွေ။ဒါကြောင့် မိဘတွေနှင့်နေထိုင်ခဲ့သည့်အိမ်ကြီးအပြင် ကိုယ်ပိုင်စံအိမ်တွေသီးခြားစီရှိနေခြင်း။တစ်ယောက်အိမ်သို့တစ်ယောက် တစ်ခါတစ်ရံအလည်လာတတ်သည့်အတွက်လည်း ကိုယ်ပိုင်အခန်းတွေထည့်သွင်းပေးထားသေးသည်။

သူ့ခြံထဲတွင် သက်တော်စောင့်တွေအတွက် အဆောင်တစ်ခုထည့်ထားပေးပြီး ရေကူးကန် ဂေါက်ကွင်း၊အပန်းဖြေဆောင် နှင့် ကိုယ်ပိုင်လေယာဉ်ကွင်းသေးတစ်ခုသာထည့်ထားရသေးသည်။အိမ်မှာသိပ်မနေဖြစ်သောသူ့အတွက် ထွေထွေထူးထူးသိပ်မလုပ်ဖြစ်၍။အခြားသူတွေလိုပန်းမကြိုက်တတ်သောသူက အပင်ကြီးတစ်ချို့သာစိုက်ထားဖြစ်သည်။ပန်းနှင့်တူတာမရှိစေရ။

ညီနှစ်ယောက်ကတော့ လူကုန်ထံတို့ပိုင်ဆိုင်သော အခြေအခံပစ္စည်းမှန်သမျှသူတို့ခြံထဲမှာရှိ၏။အတွေးတို့ခြေဆန့်ပြီးချိန် စီးကရက်လည်းကုန်သွားပြီ။ထို့ကြောင့် အခန်းထဲသို့သာပြန်လှည့်ဝင်လိုက်တော့သည်။အဝတ်စားလဲပြီးသည်နှင့်အောက်ထပ်ဆင်းကာ ညစာစားသည်။

ထမင်း၊ဟင်းကိုတော့ သက်တော်စောင့်ခေါင်းဆောင်ကိုယ်တိုင်သာချက်ပေးစေသည်။လူပိုတွေသူစိမ်းတွေကိုသူမကြိုက်။

စားသောက်ပြီးတော့ အလုပ်ခန်းဆီဦးတည်လိုက်သည်။မပြတ်သေးသောအလုပ်ကိစ္စတွေကြောင့် ညနက်သန်းခေါင်ထိအလုပ်လုပ်ရပေအုံးမည်။

……………

ဒီနေ့အပြင်ထွက်လည်မယ့်နေ့။ထို့ကြောင့် နည်းနည်းသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်သည်။မှန်ကြည့်စဉ်က ဝတ္ထုအပြင်ဘက်ကသူ့ရုပ်ရည်ကြောင့်သူနည်းနည်းအံသြခဲ့သေးသည်။သူဖတ်ခဲ့တုန်းက လခြမ်းငယ်ငယ်ရဲ့ရုပ်ရည်သွင်ပြင်က သူနှင့်နည်းနည်းမှမအပ်စပ်ခဲ့။

သူ့တို့နှစ်ယောက်တွင်တူညီမှုဟူ၍မရှိ။လခြမ်းကအသားဖြူပြီး သူကပန်းရောင်ဘက်သန်းသည်။လခြမ်းမျက်လုံးကအညိုရောင်ဖြစ်ပြီး သူ့မျက်ဝန်းတွေကအနက်ရောင်တောက်​​​တောက်။လခြမ်းတွင်ပါးချိုင့်မရှိ သူ့တွင်မူစကားပြောလျှင်ပင်ခွက်ဝင်သွားတတ်သည့်ပါးချိုင့်နက်နက်တွေနှင့်။သူအနည်းငယ်စိုးရိမ်မိသည်မှာ အခြားသူများသတိပြုမိမပြုမိပင်။

မိုးအုံ့နေတာကြောင့် လည်ထောင်အဖြူလေး
အပေါ် အနီရဲရဲဆွယ်တာလေးထပ်ဝတ်လိုက်သည်။အောက်ကစတိုင်ပန်အနက်နှင့် အဖြူရောင်ဖိနပ်လေးစီးမည်။ပိုက်ဆံကိုတော့ အိတ်ကပ်အတွင်းသို့သာ လိုရမယ်ရထည့်လိုက်သည်။ဟိုနှစ်ယောက်နှင့်ဆုံလျှင် လခြမ်းဘယ်တော့မှပိုက်ဆံထုတ်ခွင့်မရတာ ဟိုအရင်ကတည်းက။ဖုန်းလေးလက်ကကိုင်လို့ထိုင်စောင့်နေမိသည်။

တံခါးခေါက်သံကြောင့်သွားဖွင့်ပေးလိုက်တော့ ဟိုနှစ်ယောက်ရောက်လာတာ။တိမ်ငွေ့ကAlphaဖြစ်တာကြောင့်အရပ်မြင့်မြင့်ကိုမှ ဂုတ်ထောက်နေတဲ့အနက်ရောင်ဆံပင်တွေအား တစ်ဝက်ခန့်စည်းနှောင်ထားလေရာသူ့မျက်နှာနှင့်လိုက်ဖက်လွန်းသည်။မျက်ခုံးထင်းထင်းနှာတံပေါ်ပေါ်နှင့် ပယင်းရောင်မျက်ဝန်းတွေက သူ့မျက်နှာကိုတည်ကြည်သည့်ပုံပေါက်စေသည်။

နောင်းညိုကတော့ Betaဖြစ်၍ အရပ်သိပ်မရှည်။သို့သော် သူနှင့်စာလျှင်တော့ခေါင်းတစ်လုံးခန့်မြင့်သေးသည်သာ။ခရမ်းရောင်ဟိုက်လိုက်ဖောက်ထားတဲ့ဆံပင်တွေက မတိုမရှည်။သိပ်မထူတဲ့မျက်ခုံးတွေရယ် အနားကော့တက်သွားတဲ့အညိုရောင်မျက်ဝန်းတစ်စုံရယ်ကမြေခွေးလေးလို။နှာတံချွန်ချွန်လေးအောက်က နှုတ်ခမ်းပါးပါးတွေကplay boyမှန်းသိသာစေသည်။

နှစ်ယောက်လုံးက အပြင်ထွက်မှာမို့ဆင်တူဝတ်လာဟန်တူသည်။အနက်ရောင်ဟူဒီ စတိုင်ပန်နှင့်ဖိနပ်ပါ အနက်ရောင်ကိုယ်စီနှင့်။မသိလျှင် သူတို့နှစ်ယောက်ကသူ့ရဲ့သက်တော်စောင့်လိုလို။

“ကဲ သခင်လေး သွားဖို့အဆင်သင့်ဖြစ်ပြီလားခင်ဗျ”

နောင်းညိုက စနောက်လာမှအတွေးလွန်နေတာရပ်သည်။သူပြုံးပြလိုက်ရင်း

“ပြီးပြီ ပြီးပြီ သွားမယ်အဟီး”

“အံမယ် ထူးထူးဆန်းဆန်းတအားတွေတက်ကြွနေပါလား”

နောင်းညိုအပြောကို တိမ်ငွေ့ကပြုံးလျှက်နဲ့ထောက်ခံသည်။တံခါးအားသော့ခတ်ကာ အောက်ထပ်ဆင်းတော့ နောင်းညိုကားလေးကဆီးကြို၏။နောင်းညိုက ပြိုင်ကားcrazy ပင်။နောက်ဆုံးပေါ်ပြိုင်ကားအနီရောင်လေးက တိုက်အောက်မှာအခန့်သားလေး။

နောင်းညိုကမောင်းသူဘက်ဝင်သွားတော့ တိမ်ငွေ့က သူ့အတွက်နောက်ခန်းတံခါးအားဖွင့်ပေးသည်။ပြီးမှသူပါကားပေါ်တက်၏။

“ကဲ ဘယ်သွားချင်လဲပြော ဒီနေ့တစ်နေကုန် သခင်လေးသဘော”

ရှေ့ခုံကနေ နောက်လှည့်မေးလာသောနောင်းညိုနှင့် ဘေးမှစိုက်ကြည့်နေသောတိမ်ငွေ့ကြောင့် လူကတုန်ယင်ချင်လာသည်။သူငယ်ချင်းတွေရှိခဲ့ဖူးသော်ငြား Omega တွေချည်းသာ။ဖေဖေက Alphaတွေအားအနားကပ်မခံခိုင်းသလို သူကိုယ်တိုင်ကလည်းကြောက်ရွံသည်မို့ အပေါင်းသင်းမလုပ်မိ။ယခုအချိန်တွင်တော့ သူ့မှာသူငယ်ချင်းဟူ၍ဒီနှစ်ယောက်တည်း။

သို့သော် သူတို့ကိုသူယုံကြည်သည်။ဝတ္ထုထဲတွင် အများကြီးဖော်မပြထားသော်ငြား သူသေဆုံးပြီးချိန်တွင် ဒီနှစ်ယောက်လုံးသူ့အားလိုက်ရှာခဲ့ကြသည်။သို့သော် ဇာတ်လိုက်ကသာမန်လူတစ်ယောက်မဟုတ်ခဲ့။တစ်နိုင်ငံလုံးအား သူ့လက်ခုပ်ထဲကရေလိုသွန်လိုကသွန် မှောက်လိုကမှောက်လိုသလိုစွမ်းဆောင်နိုင်သောသူ။

လခြမ်းက ဝတ္ထုထဲကဇာတ်လိုက်နှစ်ယောက်နီးစပ်ဖို့အဖြည့်ခံလေးသာသာ။အဲ့တော့ သူ့သူငယ်ချင်းတွေကလည်းအမြောက်စာသာသာရယ်ပေါ့။ဇာတ်လိုက်အကြောင်းစစုံစမ်းသည်နှင့် ဟိုကလက်တစ်ချက်ဝှေ့ရမ်းလိုက်ရုံသာ။

နောင်းညိုအဖေကငွေအလွဲသုံးစားမှုနှင့် ထောင်ကျသလို နောင်းညိုကလည်းမူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုဖြင့်ထောင်ကျသည်။သို့သော် နောင်းညိုဆေးမသုံးခဲ့။လုပ်ကြံခံရခြင်းသာ။

တိမ်ငွေ့ကတော့ စိုက်ခင်းထိဝင်ရောက်စီးနင်းခြင်းခံရလေရာ အဖမ်းမခံဘဲအသက်ပေးသွားခြင်း။သူ့အားသတ်ပစ်သူမှာဇာတ်လိုက်၏ညီအငယ်ဆုံးလေး မဟာပထဝီ(ခ) Geo။

သူတို့နှစ်ယောက်သေခဲ့ရခြင်းမှာ သူ့အတွက်ကြောင့်။မည်သို့ပင် ဝတ္ထုဇာတ်ကြောင်းအရဆိုဆိုမတရားခံခဲ့ရခြင်းပင်။ဒါကြောင့် ထိုကိစ္စတွေရဲ့တရားခံဇာတ်လိုက်ဖြစ်သူအား ကြောက်လည်းကြောက်သလို မုန်းလည်းမုန်းပါသည်။

“လခြမ်း ဘာတွေစဥ်းစားနေတာတုန်း”

တိမ်ငွေ့က သူ့ပခုံးလေးအားခပ်ဖွဖွပုတ်လိုက်မှ သူသတိပြန်ဝင်လာလေသည်။

“အာ ငယ်ငယ် ဘယ်သွားရမလဲ စဥ်းစားနေတာ “

“အခုရော စဥ်းစားလို့ရပြီလား”

“အွန်း OCEAN Shopping Mall ကိုသွားမယ် အဲ့မှာစားချင်တာအစုံရှိတယ်”

“ကောင်းပါပြီဗျာ”

နောင်းညိုကပြောရင်းရှေ့ပြန်လှည့်သွားတော့ တိမ်ငွေ့ကသူ့အား ခါးပတ်ပတ်ပေးလာသည်။ထို့နောက်ခေါင်းအားဖွဖွပုတ်ကာ

“ခါးပတ်ပတ်ဖို့အမြဲတမ်းမေ့တယ်”

“အဟီး”

သူမျက်နှာချိုသွေးကာရီပြလိုက်တော့ တိမ်ငွေ့ကပြုံးကာခေါင်းရမ်းသည်။

“ဒီနေ့အရမ်းကိုပျော်နေတာပဲ မမြင်ဖူးတဲ့ ပါးချိုင့်တွေတောင် မပျောက်တော့ဘူး”

“ဟုတ်ပါ့ နောက်ဆိုနေ့တိုင်းအပြင်လိုက်ပို့ပေးရမယ်”

ကားမောင်းနေသူကပါ အရွှန်းဝင်ဖောက်တော့သူမနေတတ်တော့။

“ဒါနဲ့လခြမ်း စံပယ်ပင်တွေဘာလို့မယူသေးတာလဲ”

“အဲ့ဒါက ငယ်ငယ်အိမ်ပြောင်းဖြစ်မလားလို့ ပြောင်းဖြစ်ရင်သယ်ရမှာရှူပ်နေမှာဆိုးလို့”

“အိမ်ပြောင်းမှာ ဘာလို့လဲ”

တိမ်ငွေ့မေးတော့ နောင်းညိုကပါနောက်ကြည့်မှန်ကကြည့်လာသည်။ဟုတ်သည် သူယခုနေနေသည့်တိုက်ခန်းကသူအထက်တန်းမပြီးခင်ကတည်းကနေလာတာ။မြို့အစွန်ဘက်မှာရှိပြီး တိတ်ဆိတ်တာကိုသဘောကျတဲ့သူ့အတွက်အလွန်အဆင်ပြေသည်။ယခုမနေလိုတော့တာက ဝတ္ထုထဲကလိုတစ်စုံတစ်ယောက်ကသူ့အားဖမ်းဆီးသွားပါလျှင်တောင်သိမည့်လူမရှိမှာဆိုး၍။

“သွားရလာရတာအခက်ခဲဖြစ်နေလို့ပါ အခုလိုပေါ့ တစ်ခုခုစားချင်တာတစ်နေရာရာသွားချင်တာတို့ဆိုအဆင်မပြေဘူးလေ ငါကကားမောင်းတတ်တာလည်းမဟုတ်တော့ ကားဝယ်ဖို့လည်းအဆင်မပြေဘူး အဲ့တာကြောင့် မြို့ထဲပြောင်းလာမလားလို့ မြို့ထဲ​ဆိုတော့ လမ်းလျှောက်သွားလည်းအဆင်ပြေတယ်လေ”

“အဲ့တာကောင်းတယ် ငါလည်းပြောချင်နေတာ လခြမ်းနေတဲ့နေရာကအရမ်းခေါင်လွန်းတယ်ငါစိတ်မချဘူး ပြီးတော့လခြမ်းက Omegaအလှလေးလေ”

စနောက်လာတဲ့နောင်းညိုကြောင့် ကားထဲရယ်သံတွေထွက်လာပြန်သည်။

“အဲ့တော့ဘယ်နေရာလည်းစဥ်းစားပြီးပြီလား
ငါကတော့နောင်းညိုပိုင်တဲ့ကွန်ဒိုထဲကကြည့်စေချင်တယ် အဲ့တာမှပိုစိတ်ချရမှာ”

“ဟုတ်တယ် အခုငါနေတဲ့ကွန်ဒိုကငါကိုယ်တိုင်ဒီဇိုင်းဆွဲထားတာ ပြီးရင်သွားကြည့်ရအောင် ကြိုက်တယ်ဆိုရင်တစ်ခါတည်းပြောင်းမယ်ငါလည်းအဖော်ရတာပေါ့”

“အွန်း အပြန်ဝင်ကြည့်ကြမယ်”

တိတ်ဆိတ်သွားပြန်တဲ့ကားလေးက လိုရာခရီးကိုရောက်ပြီ။နေ့လည်စာအရင်စားဖို့ ပင်လယ်စာတွေဘက်သွားပြီး အဝတ်စားဆိုင်တွေဘက်လျှောက်ကြည့်ဖြစ်သည်။ဘောစိသူငယ်ချင်းနှစ်ယောက်ကြောင့် အဝတ်စားတွေကိုနှစ်ခါမကြည့်ရဲ။လိုက်ဖက်မည်ထင်တာနှင့်ငွေချေပြီးပြီ။လေးနာရီလောက်ရောက်တော့ ပင်ပန်းချင်နေပြီ။ဟိုနှစ်ယောက်ကတက်ကြွတုန်း။

အမောပြေအအေးတစ်ဗူးစီမှာကာ သူကတော့စတော်ဘယ်ရီဗူးလေးသာယူဖြစ်သည်။စတော်ဘယ်ရီကိုအရောင်လေးအားချစ်သလို အရသာလေးလည်းကြိုက်သည်။

နောင်းညိုကအိမ်သာသွားတော့ တိမ်ငွေ့က ဖုန်းလာတာကြောင့်ဖုန်းပြောထွက်သွားသည်။သူကတော့ အအေးဗူးလေးလက်ကကိုင်ရင်း ခုန်ဆွခုန်ဆွဟိုလျှောက်ဒီလျှောက်လုပ်ရင်းအိမ်သာ​ရှေ့ကစောင့်သည်။

“အ”

ထိုစဥ် သူခုန်ကာနောက်အလှည့်ထောင့်ချိုးကထွက်လာသူနှင့် အမှတ်မထင်ဝင်တိုက်မိလေတော့သည်။သူ့အအေးတွေက ထိုလူ့အနက်ရောင်ဝတ်စုံပေါ် ဖိတ်ကုန်၏။သူအားနာကာတောင်းပန်ရန်ခေါင်းမော့လိုက်တော့ နေရာမှာတင်အေးခဲသွားလေသည်။

“မင်း​ေ-ာက်လုံးကကန်းနေတာလား”

################

ငြိမ်း🌻🌞

ေကာင္းကင္ႀကီးက မိုးသားေတြတစ္လိပ္လိပ္။မၾကာမီ မိုးႀကီးႀကီး႐ြာေတာ့မည္မွန္း သိသာစြာ။အခန္းက်ယ္ႀကီးအတြင္းမွာေတာ့
အဲကြန္း မဖြင့္ဘဲေအးစိမ့္စိမ့္။အျပင္ဘက္ ရာသီဥတု ႏွင့္ အၿပိဳင္ ရာသီဥတုက မသာမယာ။

“ခြမ္း”

ပစ္ထုတ္လိုက္တဲ့ စံပယ္အိုးေလးက နံရံႏွင့္ထိလို႔ အစိတ္စိတ္အမႊာမႊာ။ဝန္ထမ္းအသစ္ေလးက ငိုခ်မတတ္တုန္ရီေနမိကာ ေခါင္းပင္မေဖာ္ရဲ။အတြင္းေရးမႈး ေက်ာက္စက္ေနေရာင္ တစ္ေယာက္ ေခါင္းသာခါမိကာ ထိုေကာင္မေလးအား ထြက္သြားဖို႔အခ်က္ျပလိုက္သည္။Beta ဝန္ထမ္းေလးခင္မ်ာ ေလးကလႊတ္တဲ့ျမႇားလို ေျပးထြက္သြားတာ ခလုတ္ေတြပါတိုက္လို႔။

“ကိုCean စိတ္ေလွ်ာ့လိုက္ပါ ကြၽန္ေတာ္လိုသြားတာ အသစ္ေလးမို႔မေျပာျပရေသးလို႔”

ထိုအခါမွ ေဒါသထြက္ေနသူက စိတ္ေလွ်ာ့လိုက္သလို နက္ခ္တိုင္အား ဆြဲေျဖကာ သူ႕ဘက္လွည့္လာသည္။ဓားသ႑ာန္မ်က္ခုံးေတြကို က်ဳံ႕ထားကာ ရွည္လ်ားက်ဥ္းေျမာင္း
ကာစူးရွေနေသာ အျပာေရာင္မ်က္ဝန္းေတြအားေမွးစင္းထားေလသည္။ပါးလ်လ်ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ထားတာေၾကာင့္ ထင္ရွားတဲ့ေမးလိုင္းေတြက ခပ္တင္းတင္း။

“ေနာက္ဆိုရင္ ကုမၼဏီစည္းကမ္းခ်က္ထဲကို တစ္ခ်က္ထပ္ထည့္ထား ကုမၼဏီအတြင္း ဘာပန္းမွမျမင္ခ်င္ဘူး အထူးသျဖင့္ Jasmine
အဲ့ဒီအနံ႕ပါတဲ့ ဘာအသုံးေဆာင္မွ မရွိေစနဲ႕”

“ဟုတ္ကဲ့ ကြၽန္ေတာ္အခုဘဲ အားလုံးကိုေၾကျငာလိုက္ပါ့မယ္”

ပိတ္သြားတဲ့တံခါးကိုၾကည့္လို႔ သူသက္ျပင္းခ်ကာ ခုံမွာေက်ာမွီခ်လိဳက္တယ္။သူပန္းေတြကိုမႀကိဳက္ဘူး။အထိခိုက္မခံလို႔။ႏူးညံ့သိမ္ေမြ႕ၿပီး တယုတယျဖစ္တာေတြကိုသူမႀကိဳက္ဘူး။ဒါေၾကာင့္ Omega ေတြကိုသူမႀကိဳက္ဘူး။အရမ္းေပ်ာ့ညံ့လြန္းတယ္။

ၿပီးေတာ့ အဲ့အနံ jasmine ။သူတစ္သက္လုံးမုန္းလာတဲ့ထိုပန္း။ အရင္တစ္ပါတ္ သူ႕Shopping Mallကိုသြားစစ္ေဆးတုန္းကရခဲ့တဲ့အနံ႕။သူႏွင့္ ကိုက္ညီမႈရာႏႈန္းျပည့္ရွိတဲ့ ထိုဖယ္ရိုမုန္းေတြ။သိပ္မုန္းဖို႔ေကာင္းတာ။

ထိုဘာမဟုတ္တဲ့ ေကာင္ေလးတစ္ေယာက္ဆီမွာ သူႏွင့္ကိုက္ညီတဲ့ ဖယ္ရိုမုန္းေတြရွိေနတယ္တဲ့ စက္ဆုပ္ဖို႔ေကာင္းလိုက္တာ တစ္စစီ လုပ္ပစ္မတတ္ဘဲ။အဲ့ေကာင္ေလး သူႏွင့္ေဝးေဝးေနတာေကာင္းလိမ့္မည္။

သက္ျပင္းခ်ရင္း ထိုင္ခုံမွထလိုက္သည္။အိမ္ျပန္တာေကာင္းမည္။မေန႕ညကတည္းက မၾကည္တဲ့ေခါင္းက အိမ္မက္ဆိုးတစ္ခုေၾကာင့္။ေရေရရာရာမမွတ္မိတဲ့ အိမ္မက္ က သူ႕အားႏွောင့္ယွက္ေနကတည္းက သူစိတ္မၾကည္ေတာ့တာ။ဘာမဟုတ္တဲ့အိမ္မက္တစ္ခုက သူ႕အားစိတ္အႏွောင့္ယွက္ေပးေနတာကိုလည္းမုန္းသည္။

ကားမေမာင္းခ်င္တာေၾကာင့္ ေျမေအာက္သီးသန႔္ပါကင္ထဲက ဆိုင္ကယ္အားထုတ္ကာ ဝတ္စုံလဲၿပီး ဦးထုပ္ေဆာင္းလိုက္သည္။ထို႔ေနာက္ ဆိုင္ကယ္အားမိုင္ကုန္တင္ကာ ခရီးႏွင္ရာက ၿမိဳ႕ျပင္ သီးသန႔္စံအိမ္ဆီ။ေနာက္က Bodyguard ေတြမွာေတာ့ ကြၽမ္းက်င္မႈေၾကာင့္မဟုတ္ပါက မ်က္ေျခပ်က္က်န္ခဲ့မွာမလြဲ။

သတင္းႀကိဳပို႔ထား၍ ၿခံတံခါးကအဆင္သင့္ဖြင့္ထားၿပီးသား။ဆယ္မိနစ္ခန႔္အျပင္းေမာင္းမွ အိမ္ေရွ႕ေရာက္သည္ဆိုကတည္းက ၿခံမည္မွ်က်ယ္ဝန္းမွန္း သိသာေစသည္။ဆိုင္ကယ္ေသာ့အားကိုင္ကာ အိမ္ထဲဝင္ေတာ့ မိုးေပါက္တို႔က ေျမျပင္ႏွင့္ ရန္ျငႇိုးရွိသလို အျပင္းအထန္တိုက္စစ္ဆင္လာေလသည္။

ေရေအးေအးေလးႏွင့္ခ်ိဳးလိုက္ေတာ့မွ စိတ္ေတြၾကည္လင္သြားရကာ ခါးမွာတစ္ဘက္တစ္ထည္အားပတ္ကာ ေရခ်ိဳးခန္းအျပင္သို႔ထြက္ခဲ့လိုက္သည္။

က်ယ္ဝန္းတဲ့ပုခုံးသားေတြက တစ္ဆင့္ ေသခ်ာပုံသြင္းထားတဲ့ mermaid လိုင္းေတြဆီ ေရစက္တစ္ခ်ိဳ႕စီးဆင္းလာပုံက ေတာ္႐ုံလူ မ်က္စိမလႊဲခ်င္စရာ။အခ်ိဳးအဆစ္ညီတဲ့ လက္ေခ်ာင္းရွည္ေတြက ခုံေပၚကစီးကရက္ႏွင့္ မီးျခစ္အားေကာက္ယူကာ မွန္အျပည့္ကာရံထားတဲ့ နံရံဆီေလွ်ာက္သြားလိုက္သည္။

အျပင္မွာမိုးေတြက သည္းႀကီးမည္းႀကီး။ၿခံထဲက သစ္ပင္ႀကီးေတြက ေဝွ႕ကာရမ္းကာ လက္ျပႏႈတ္ဆက္ေနသည္လား မိုးေရေတြၾကား အကူညီေတာင္းေနသည္လား မသဲကြဲစြာ။စီးကရက္အားမီးညွိကာ တစ္ရွိုက္ဖြာလိုက္ေတာ့ အေငြ႕ေတြက အခန္းထဲေဝ့ဝဲသည့္ ကေခ်သည္လို။ မွန္တံခါးအားဆြဲဖြင့္ကာ ဝရံတာဆီထြက္ခဲ့ေတာ့ တစ္ၿခံလုံးအား အထက္စီးမွျမင္ေနရသည္။

သာမန္ရပ္ကြက္တစ္ခုစာနီးပါးက်ယ္ဝန္းေသာၿခံထဲ သုံးထပ္တိုက္ႀကီးကနန္းေတာ္လို။တစ္ေယာက္တည္းေနသည့္သူ႕အတြက္ေတာ့ အနည္းငယ္က်ယ္ဝန္းေပသည္။တစ္ခါတစ္ရံေတာ့လည္း တိတ္ဆိတ္လြန္းသည္ေပါ့။

မိဘေတြဆုံးပါးသြားသည္မွာ ငါးႏွစ္ေက်ာ္ၿပီ။ထိုအခ်ိန္ကတည္းက အေဖ့လက္ေအာက္ကလုပ္ငန္းအားလုံး သူဦးစီးခဲ့တာ။အသက္ငယ္ငယ္ႏွင့္ အားလုံးကို ထိန္းခ်ဳပ္ထားနိုင္စြမ္းရွိတဲ့ Dominant Alpha တစ္ေယာက္။ေနရာတိုင္းမွာOCEANလုပ္ငန္းစုကသာ ဦးေဆာင္ေနတာမ်ိဳး။

ဒုတိယညီငယ္က သူ႕ထက္ငါးႏွစ္ငယ္ၿပီး ဒီနိုင္ငံရဲ႕ အေတာ္ဆုံးဆရာဝန္တစ္ေယာက္။Yၿမိဳ႕ရဲ႕ အႀကီးဆုံးကိုယ္ပိုင္ေဆး႐ုံႀကီးအားအုပ္ခ်ဳပ္ေနသည့္သူ။တည္ၿငိမ္ေအးေဆးသည္။တစ္ခါတစ္ရံေတာ့လည္း ေသြးေအးလြန္းသည္။သူ၏အားသာခ်က္က လူေတြရဲ႕စိတ္အား အကဲခတ္ရာမွာအေတာ္ဆုံးပင္။

အငယ္ဆုံးေလးက Hacker ။ကေလးကတည္းက ေက်ာင္းစာထက္ codeေရးရာမွာသာ စိတ္ဝင္စားတဲ့သူ။ဒါေၾကာင့္ ပညာေရးမွာမညံ့႐ုံတမယ္ျဖစ္ေသာ္ျငား Programပိုင္းမွာ သူ႕အားယွဥ္နိုင္သည့္သူမရွိ။အသက္ ၂၃ႏွစ္ႏွင့္ နိုင္ငံ့အေတာ္ဆုံး Hackerေလး။

သုံးေယာက္လုံးက ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ေနနိုင္သည့္ Dominant Alpha ေတြ။ဒါေၾကာင့္ မိဘေတြႏွင့္ေနထိုင္ခဲ့သည့္အိမ္ႀကီးအျပင္ ကိုယ္ပိုင္စံအိမ္ေတြသီးျခားစီရွိေနျခင္း။တစ္ေယာက္အိမ္သို႔တစ္ေယာက္ တစ္ခါတစ္ရံအလည္လာတတ္သည့္အတြက္လည္း ကိုယ္ပိုင္အခန္းေတြထည့္သြင္းေပးထားေသးသည္။

သူ႕ၿခံထဲတြင္ သက္ေတာ္ေစာင့္ေတြအတြက္ အေဆာင္တစ္ခုထည့္ထားေပးၿပီး ေရကူးကန္ ေဂါက္ကြင္း ၊ အပန္းေျဖေဆာင္ ႏွင့္ ကိုယ္ပိုင္ေလယာဥ္ကြင္းေသးတစ္ခုသာ ထည့္ထားရေသးသည္။အိမ္မွာသိပ္မေနျဖစ္ေသာသူ႕အတြက္ ေထြေထြထူးထူးသိပ္မလုပ္ျဖစ္၍။အျခားသူေတြလို ပန္းမႀကိဳက္တတ္ေသာသူက အပင္ႀကီးတစ္ခ်ိဳ႕သာ စိုက္ထားျဖစ္သည္။ပန္းႏွင့္တူတာ မရွိေစရ။

ညီႏွစ္ေယာက္ကေတာ့ လူကုန္ထံတို႔ ပိုင္ဆိုင္ေသာ အေျခအခံပစၥည္းမွန္သမွ် သူတို႔ၿခံထဲမွာရွိ၏။အေတြးတို႔ေျခဆန႔္ၿပီးခ်ိန္ စီးကရက္လည္းကုန္သြားၿပီ။ထို႔ေၾကာင့္ အခန္းထဲသို႔သာ ျပန္လွည့္ဝင္လိုက္ေတာ့သည္။အဝတ္စားလဲပီးသည္ႏွင့္ ေအာက္ထပ္ဆင္းကာ ညစာစားသည္။

ထမင္း၊ဟင္းကိုေတာ့ သက္ေတာ္ေစာင့္ေခါင္းေဆာင္ကိုယ္တိုင္သာ ခ်က္ေပးေစသည္။လူပိုေတြ သူစိမ္းေတြကိုသူမႀကိဳက္။

စားေသာက္ၿပီးေတာ့ အလုပ္ခန္းဆီဦးတည္လိုက္သည္။မျပတ္ေသးေသာအလုပ္ကိစၥေတြေၾကာင့္ ညနက္သန္းေခါင္ထိ အလုပ္လုပ္ရေပအုံးမည္။

……………

ဒီေန႕အျပင္ထြက္လည္မယ့္ေန႕။ထို႔ေၾကာင့္ နည္းနည္းသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပင္ဆင္လိုက္သည္။မွန္ၾကည့္စဥ္က ဝတၳဳအျပင္ဘက္က သူ႕႐ုပ္ရည္ေၾကာင့္ သူနည္းနည္းအံၾသခဲ့ေသးသည္။သူဖတ္ခဲ့တုန္းက လျခမ္းငယ္ငယ္ရဲ႕ ႐ုပ္ရည္သြင္ျပင္က သူႏွင့္နည္းနည္းမွမအပ္စပ္ခဲ့။

သူ႕တို႔ႏွစ္ေယာက္တြင္တူညီမႈဟူ၍မရွိ။လျခမ္းကအသားျဖဴၿပီး သူကပန္းေရာင္ဘက္သန္းသည္။လျခမ္းမ်က္လုံးက အညိုေရာင္ျဖစ္ၿပီး သူ႕မ်က္ဝန္းေတြက အနက္ေရာင္ ေတာက္ေတာက္ ။လျခမ္းတြင္ပါးခ်ိဳင့္မရွိ သူ႕တြင္မူ စကားေျပာလွ်င္ပင္ခြက္ဝင္သြားတတ္သည့္ ပါးခ်ိဳင့္နက္နက္ေတြႏွင့္။သူအနည္းငယ္စိုးရိမ္မိသည္မွာ အျခားသူမ်ားသတိျပဳမိ မျပဳမိပင္။

မိုးအုံ႕ေနတာေၾကာင့္ လည္ေထာင္အျဖဴေလး
အေပၚ အနီရဲရဲဆြယ္တာေလးထပ္ဝတ္လိုက္သည္။ေအာက္က စတိုင္ပန္အနက္ႏွင့္ အျဖဴေရာင္ဖိနပ္ေလးစီးမည္။ပိုက္ဆံကိုေတာ့ အိတ္ကပ္အတြင္းသို႔သာ လိုရမယ္ရထည့္လိုက္သည္။ဟိုႏွစ္ေယာက္ႏွင့္ဆုံလွ်င္ လျခမ္းဘယ္ေတာ့မွ ပိုက္ဆံထုတ္ခြင့္မရတာ ဟိုအရင္ကတည္းက။ဖုန္းေလးလက္ကကိုင္လို႔ ထိုင္ေစာင့္ေနမိသည္။

တံခါးေခါက္သံေၾကာင့္ သြားဖြင့္ေပးလိုက္ေတာ့ ဟိုႏွစ္ေယာက္ ေရာက္လာတာ။တိမ္ေငြ႕က Alpha ျဖစ္တာေၾကာင့္ အရပ္ျမင့္ျမင့္ကိုမွ ဂုတ္ေထာက္ေနတဲ့အနက္ေရာင္ဆံပင္ေတြအား တစ္ဝက္ခန႔္ စည္းႏွောင္ထားေလရာ သူ႕မ်က္ႏွာႏွင့္လိုက္ဖက္လြန္းသည္။မ်က္ခုံးထင္းထင္း ႏွာတံေပၚေပၚႏွင့္ ပယင္းေရာင္မ်က္ဝန္းေတြက သူ႕မ်က္ႏွာကို တည္ၾကည္သည့္ပုံေပါက္ေစသည္။

ေနာင္းညိုကေတာ့ Beta ျဖစ္၍ အရပ္သိပ္မရွည္။သို႔ေသာ္ သူႏွင့္စာလွ်င္ေတာ့ ေခါင္းတစ္လုံးခန႔္ျမင့္ေသးသည္သာ။ခရမ္းေရာင္ဟိုက္လိုက္ေဖာက္ထားတဲ့ဆံပင္ေတြက မတိုမရွည္။သိပ္မထူတဲ့မ်က္ခုံးေတြရယ္ အနားေကာ့တက္သြားတဲ့ အညိုေရာင္မ်က္ဝန္းတစ္စုံရယ္က ေျမေခြးေလးလို။ႏွာတံခြၽန္ခြၽန္ေလးေအာက္က ႏႈတ္ခမ္းပါးပါးေတြက play boyမွန္း သိသာေစသည္။

ႏွစ္ေယာက္လုံးက အျပင္ထြက္မွာမို႔ဆင္တူဝတ္လာဟန္တူသည္။အနက္ေရာင္ဟူဒီ စတိုင္ပန္ႏွင့္ဖိနပ္ပါ အနက္ေရာင္ကိုယ္စီႏွင့္။မသိလွ်င္ သူတို႔ႏွစ္ေယာက္က သူ႕ရဲ႕သက္ေတာ္ေစာင့္လိုလို။

“ကဲ သခင္ေလး သြားဖို႔အဆင္သင့္ျဖစ္ၿပီလားခင္ဗ်”

ေနာင္းညိုက စေနာက္လာမွ အေတြးလြန္ေနတာရပ္သည္။သူၿပဳံးျပလိုက္ရင္း

“ၿပီးၿပီ ၿပီးၿပီ သြားမယ္အဟီး”

“အံမယ္ ထူးထူးဆန္းဆန္း တအားေတြတက္ႂကြေနပါလား”

ေနာင္းညိုအေျပာကို တိမ္ေငြ႕က ၿပဳံးလွ်က္နဲ႕ေထာက္ခံသည္။တံခါးအားေသာ့ခတ္ကာ ေအာက္ထပ္ဆင္းေတာ့ ေနာင္းညိုကားေလးကဆီးႀကိဳ၏။ေနာင္းညိုက ၿပိဳင္ကား crazy ပင္။ေနာက္ဆုံးေပၚ ၿပိဳင္ကားအနီေရာင္ေလးက တိုက္ေအာက္မွာ အခန႔္သားေလး။

ေနာင္းညိုကေမာင္းသူဘက္ဝင္သြားေတာ့ တိမ္ေငြ႕က သူ႕အတြက္ေနာက္ခန္းတံခါးအားဖြင့္ေပးသည္။ၿပီးမွသူပါကားေပၚတက္၏။

“ကဲ ဘယ္သြားခ်င္လဲေျပာ ဒီေန႕တစ္ေနကုန္ သခင္ေလးသေဘာ”

ေရွ႕ခုံကေန ေနာက္လွည့္ေမးလာေသာ ေနာင္းညိုႏွင့္ ေဘးမွစိုက္ၾကည့္ေနေသာ တိမ္ေငြ႕ေၾကာင့္ လူကတုန္ယင္ခ်င္လာသည္။သူငယ္ခ်င္းေတြရွိခဲ့ဖူးေသာ္ျငား Omega ေတြခ်ည္းသာ။ေဖေဖက Alpha ေတြအားအနားကပ္မခံခိုင္းသလို သူကိုယ္တိုင္ကလည္း ေၾကာက္႐ြံသည္မို႔ အေပါင္းသင္းမလုပ္မိ။ယခုအခ်ိန္တြင္ေတာ့ သူ႕မွာ သူငယ္ခ်င္းဟူ၍ဒီႏွစ္ေယာက္တည္း။

သို႔ေသာ္ သူတို႔ကိုသူယုံၾကည္သည္။ဝတၳဳထဲတြင္ အမ်ားႀကီးေဖာ္မျပထားေသာ္ျငား သူေသဆုံးၿပီးခ်ိန္တြင္ ဒီႏွစ္ေယာက္လုံး သူ႕အားလိုက္ရွာခဲ့ၾကသည္။သို႔ေသာ္ ဇာတ္လိုက္က သာမန္လူတစ္ေယာက္မဟုတ္ခဲ့။တစ္နိုင္ငံလုံးအား သူ႕လက္ခုပ္ထဲကေရလို သြန္လိုကသြန္ ေမွာက္လိုကေမွာက္ လိုသလိုစြမ္းေဆာင္နိုင္ေသာသူ။

လျခမ္းက ဝတၳဳထဲကဇာတ္လိုက္ႏွစ္ေယာက္နီးစပ္ဖို႔ အျဖည့္ခံေလးသာသာ။အဲ့ေတာ့ သူ႕သူငယ္ခ်င္းေတြကလည္း အေျမာက္စာသာသာရယ္ေပါ့။ဇာတ္လိုက္အေၾကာင္းစစုံစမ္းသည္ႏွင့္ ဟိုကလက္တစ္ခ်က္ေဝွ႕ရမ္းလိုက္႐ုံသာ။

ေနာင္းညိုအေဖက ေငြအလြဲသုံးစားမႈႏွင့္ ေထာင္က်သလို ေနာင္းညိုကလည္း မူးယစ္ေဆးလက္ဝယ္ေတြ႕ရွိမႈျဖင့္ ေထာင္က်သည္။သို႔ေသာ္ ေနာင္းညိုေဆးမသုံးခဲ့။လုပ္ႀကံခံရျခင္းသာ။

တိမ္ေငြ႕ကေတာ့ စိုက္ခင္းထိ ဝင္ေရာက္စီးနင္းျခင္းခံရေလရာ အဖမ္းမခံဘဲ အသက္ေပးသြားျခင္း။သူ႕အားသတ္ပစ္သူမွာ ဇာတ္လိုက္၏ညီအငယ္ဆုံးေလး မဟာပထဝီ(ခ) Geo။

သူတို႔ႏွစ္ေယာက္ေသခဲ့ရျခင္းမွာ သူ႕အတြက္ေၾကာင့္။မည္သို႔ပင္ ဝတၳဳဇာတ္ေၾကာင္းအရဆိုဆို မတရားခံခဲ့ရျခင္းပင္။ဒါေၾကာင့္ ထိုကိစၥေတြရဲ႕တရားခံ ဇာတ္လိုက္ျဖစ္သူအား ေၾကာက္လည္းေၾကာက္သလို မုန္းလည္းမုန္းပါသည္။

“လျခမ္း ဘာေတြစဥ္းစားေနတာတုန္း”

တိမ္ေငြ႕က သူ႕ပခုံးေလးအား ခပ္ဖြဖြပုတ္လိုက္မွ သူသတိျပန္ဝင္လာေလသည္။

“အာ ငယ္ငယ္ ဘယ္သြားရမလဲ စဥ္းစားေနတာ “

“အခုေရာ စဥ္းစားလို႔ရၿပီလား”

“အြန္း OCEAN Shopping Mall ကိုသြားမယ္ အဲ့မွာစားခ်င္တာအစုံရွိတယ္”

“ေကာင္းပါၿပီဗ်ာ”

ေနာင္းညိုကေျပာရင္းေရွ႕ျပန္လွည့္သြားေတာ့ တိမ္ေငြ႕ကသူ႕အား ခါးပတ္ပတ္ေပးလာသည္။ထို႔ေနာက္ ေခါင္းအားဖြဖြပုတ္ကာ

“ခါးပတ္ပတ္ဖို႔အၿမဲတမ္းေမ့တယ္”

“အဟီး”

သူမ်က္ႏွာခ်ိဳေသြးကာ ရီျပလိုက္ေတာ့ တိမ္ေငြ႕ကၿပဳံးကာ ေခါင္းရမ္းသည္။

“ဒီေန႕အရမ္းကိုေပ်ာ္ေနတာပဲ မျမင္ဖူးတဲ့ ပါးခ်ိဳင့္ေတြေတာင္ မေပ်ာက္ေတာ့ဘူး”

“ဟုတ္ပါ့ ေနာက္ဆိုေန႕တိုင္း အျပင္လိုက္ပို႔ေပးရမယ္”

ကားေမာင္းေနသူကပါ အ႐ႊန္းဝင္ေဖာက္ေတာ့ သူမေနတတ္ေတာ့။

“ဒါနဲ႕လျခမ္း စံပယ္ပင္ေတြ ဘာလို႔မယူေသးတာလဲ”

“အဲ့ဒါက ငယ္ငယ္ အိမ္ေျပာင္းျဖစ္မလားလို႔ ေျပာင္းျဖစ္ရင္ သယ္ရမွာရႉပ္ေနမွာဆိုးလို႔”

“အိမ္ေျပာင္းမွာ ဘာလို႔လဲ”

တိမ္ေငြ႕ေမးေတာ့ ေနာင္းညိုကပါ ေနာက္ၾကည့္မွန္ကၾကည့္လာသည္။ဟုတ္သည္ သူယခုေနေနသည့္တိုက္ခန္းက သူအထက္တန္းမၿပီးခင္ကတည္းကေနလာတာ။ၿမိဳ႕အစြန္ဘက္မွာရွိၿပီး တိတ္ဆိတ္တာကိုသေဘာက်တဲ့သူ႕အတြက္ အလြန္အဆင္ေျပသည္။ယခုမေနလိုေတာ့တာက ဝတၳဳထဲကလို တစ္စုံတစ္ေယာက္ကသူ႕အား ဖမ္းဆီးသြားပါလွ်င္ေတာင္သိမည့္လူမရွိမွာဆိုး၍။

“သြားရလာရတာ အခက္ခဲျဖစ္ေနလို႔ပါ အခုလိုေပါ့ တစ္ခုခုစားခ်င္တာ တစ္ေနရာရာသြားခ်င္တာတို႔ဆို အဆင္မေျပဘူးေလ ငါကကားေမာင္းတတ္တာလည္းမဟုတ္ေတာ့ ကားဝယ္ဖို႔လည္းအဆင္မေျပဘူး အဲ့တာေၾကာင့္ ၿမိဳ႕ထဲေျပာင္းလာမလားလို႔ ၿမိဳ႕ထဲဆိုေတာ့ လမ္းေလွ်ာက္သြားလည္းအဆင္ေျပတယ္ေလ”

“အဲ့တာေကာင္းတယ္ ငါလည္းေျပာခ်င္ေနတာ လျခမ္းေနတဲ့ေနရာက အရမ္းေခါင္လြန္းတယ္ ငါစိတ္မခ်ဘဴး ၿပီးေတာ့လျခမ္းက Omega အလွေလးေလ”

စေနာက္လာတဲ့ေနာင္းညိုေၾကာင့္ ကားထဲရယ္သံေတြထြက္လာျပန္သည္။

“အဲ့ေတာ့ဘယ္ေနရာလည္းစဥ္းစားၿပီးၿပီလား
ငါကေတာ့ ေနာင္းညိုပိုင္တဲ့ကြန္ဒိုထဲကၾကည့္ေစခ်င္တယ္ အဲ့တာမွပိုစိတ္ခ်ရမွာ”

“ဟုတ္တယ္ အခုငါေနတဲ့ကြန္ဒိုက ငါကိုယ္တိုင္ ဒီဇိုင္းဆြဲထားတာ ၿပီးရင္သြားၾကည့္ရေအာင္ ႀကိဳက္တယ္ဆိုရင္တစ္ခါတည္းေျပာင္းမယ္ ငါလည္းအေဖာ္ရတာေပါ့”

“အြန္း အျပန္ဝင္ၾကည့္ၾကမယ္”

တိတ္ဆိတ္သြားျပန္တဲ့ကားေလးက လိုရာခရီးကိုေရာက္ၿပီ။ေန႕လည္စာအရင္စားဖို႔ ပင္လယ္စာေတြဘက္သြားၿပီး အဝတ္စားဆိုင္ေတြဘက္ေလွ်ာက္ၾကည့္ျဖစ္သည္။ေဘာစိသူငယ္ခ်င္းႏွစ္ေယာက္ေၾကာင့္ အဝတ္စားေတြကိုႏွစ္ခါမၾကည့္ရဲ။လိုက္ဖက္မည္ထင္တာႏွင့္ ေငြေခ်ၿပီးၿပီ။ေလးနာရီေလာက္ေရာက္ေတာ့ ပင္ပန္းခ်င္ေနၿပီ။ဟိုႏွစ္ေယာက္က တက္ႂကြတုန္း။

အေမာေျပ အေအးတစ္ဗူးစီမွာကာ သူကေတာ့စေတာ္ဘယ္ရီဗူးေလးသာယူျဖစ္သည္။စေတာ္ဘယ္ရီကို အေရာင္ေလးအားခ်စ္သလို အရသာေလးလည္းႀကိဳက္သည္။

ေနာင္းညိုကအိမ္သာသြားေတာ့ တိမ္ေငြ႕က ဖုန္းလာတာေၾကာင့္ ဖုန္းေျပာထြက္သြားသည္။သူကေတာ့ အေအးဗူးေလးလက္ကကိုင္ရင္း ခုန္ဆြခုန္ဆြ ဟိုေလွ်ာက္ဒီေလွ်ာက္လုပ္ရင္းအိမ္သာေရွ႕ကေစာင့္သည္။

“အ”

ထိုစဥ္ သူခုန္ကာေနာက္အလွည့္ ေထာင့္ခ်ိဳးကထြက္လာသူႏွင့္ အမွတ္မထင္ဝင္တိုက္မိေလေတာ့သည္။သူ႕အေအးေတြက ထိုလူ႕အနက္ေရာင္ဝတ္စုံေပၚ ဖိတ္ကုန္၏။သူအားနာကာ ေတာင္းပန္ရန္ေခါင္းေမာ့လိုက္ေတာ့ေနရာမွာတင္ ေအးခဲသြားေလသည္။

“မင္းေ-ာက္ လုံးကကန္းေနတာလား”

################

ၿငိမ္း🌻🌞

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃ light novel, ,

Comment

Leave a Reply

Chapter 4