Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၉

A+ A-

“ဘယ်အထိသွားရအုံးမှာလဲ”

“ရောက်တော့မှာပါငွေ့ရယ်”

“မင်းရောက်တော့မှာဆိုတာလွန်ခဲ့တဲ့တစ်နာရီကတည်းက”

“တကယ်ခဏလေး​ပါကွာနော်”

“ငါ့ကိုပြန်ပေးတော့ဆွဲလာတာမဟုတ်ဘူးမို့လား”

“ဆွဲချင်းဆွဲပြန်မပေးပဲဆွဲချင်တာ ပြန်ပေးချင်ရင်ဆွဲနေပါ့မလား”

“အရူး”

“ဟုတ်တယ်ကိုယ်ကရူးနေတာလေ ငွေ့ပြန်မချစ်ပေးလို့”

တိတ်တဆိတ်ဟိုဘက်လှည့်ကာမကြားချင်ယောင်ဆောင်သွားသူကိုကြည့်ပြီးပြုံးမိသည်။

လမ်းကြမ်းတွေကိုဖြတ်မောင်းတော့ ဖုန်လုံးတွေကဝေ့ကျန်ခဲ့သည်။လူသူအရောက်အပေါက်သိပ်မရှိတာမို့ခြုံနွယ်တွေကအထပ်ထပ်။

“အခုသွားမယ့်နေရာက ကိုCeanဆီကလက်ဆောင်တောင်းထားတာ”

“ဘာလုပ်ဖို့လဲ”

“ရောက်ရင်သိမှာပေါ့ဗျာ”

ပြန်ဖြေဖြစ်ရင်းကားကိုစက်သပ်လိုက်သည်။

“ရောက်ပြီဗျာ”

နားမလည်နိုင်သူကတောင်ကြည့်မြောက်ကြည့်နှင့် ဘေးဘီဝဲယာအကုန်လိုက်ကြည့်နေသည်။တောင်ကုန်းမြင့်လေးနှင့်အတူ ဘေးဘက်မှခြုံတောတွေသာ ပတ်လည်ဝိုင်းနေတာ။

“လာပါဗျာ ပြီးရင်အံ့ဩသွားစေရမယ်”

ပြောရင်းလက်ကိုဆွဲကာတောင်ကုန်းလေးပေါ်တက်သည်။တောင်ထိပ်လေးပေါ်ရောက်တော့သူဘေးချင်းယှဥ်ရပ်မိကာ ရှေ့မှလွင်ပြင်ကြီးကိုမေးငေါ့ပြမိသည်။

“သဘောကျလား”

အံ့ဩတကြီးဖြစ်သွားသူကပါးစပ်အဟောင်းသားနှင့် သူ့အမေးကိုကြားဟန်မတူ။

“မင်း…..မင်း…..ဒါတွေကဘယ်လို”

စကားတွေတောင်ရောက်မြောက်ရောက် ဖြောင့်အောင်တောင်မပြောနိုင်တော့သလို လိုရင်းဆီလည်းမရောက်။

ရှေ့မှလွင်ပြင်ကြီးမှာတော့ Poppyတွေကအဆုံးမဲ့ပွင့်လန်းနေသည်။ဆည်းဆာရောင်အောက်ပတ္တမြားရောင်တောက်နေတာက မြင်သူတိုင်းသဘောကျမိကြမှာ။အဆိပ်ရှိတာကိုဖယ်လိုက်ရင်ပေါ့။

“ကိုယ့်သကေ်တဖြစ်တဲ့ဒီမြေပြင်ပေါ်မှာငွေ့ကိုကိုယ်စားပြုတဲ့poppyတွေ ကိုယ့်လက်နဲ့ကိုယ်တိုင်စိုက်ပျိုးပေးမယ် ဒီလောက်ဆိုရင်ငွေ့ဘဝထဲကိုခြေတစ်လှမ်းပိုတိုးခွင့် ကိုယ့်ကိုပေးနိုင်မလား”

“မင်း”

မယုံကြည်နိုင်တဲ့အကြည့်တွေက တည်ကြည်နေကျသူ့မျက်နှာပေါ်မှာအထင်းသား။ပြီးမှဒေါသတွေနဲ့အော်ငေါက်မှုတွေထဲ ဂရုဏာလေးလည်းအနည်းငယ်ပါသေးသည်။

“မင်းကိုယ်မင်းဘာထင်နေတာလဲပထဝီ မင်းကတရားမှုရဲ့ဘက်တော်သား ရဲဝန်ထမ်းတစ်ယောက်ဆိုတာရောသတိရသေးရဲ့လား ငါ့အလုပ်တွေသိရက်နဲ့လျစ်လျူရှူထားတာတောင်လွန်နေပြီ အခုမင်းခြေမှုန်းရမဲ့အရာကို မင်းလက်နဲ့ကိုယ်တိုင်စိုက်ရအောင်မင်းရူးနေတာလား”

“ဘာကိုတရားမျှတမှုရဲ့ဘက်တော်သားလဲဗျာ ယူနီဖောင်းဝတ်ပြီးရာဇဝတ်မှုကျူးလွန်နေသူတွေများဒုနဲ့ဒေး ပြီးတော့ကိုယ်နှုတ်ထွက်လိုက်တာကြာပြီ ကိုယ်သဘောကျရတဲ့သူရဲ့အလုပ်ကိုသိလိုက်ရကတည်းက ကိုယ်အလုပ်ကထွက်လိုက်ပြီးသား အများပြောနေကျအလင်းဆိုတဲ့ငွေ့ရဲ့ဆန့်ကျင်ဘက်အရပ်မှာနေဖို့ထက် ငွေ့ဘေးမှာရပ်ပြီးအမှောင်ထဲကိုဘဲဆက်လျှောက်ချင်တာကိုယ့်ရဲ့ဆန္ဒ”

“မင်း…”

“ကိုယ်ကဒုစရိုက်မှုတွေနဲ့မကင်းခဲ့ဖူးဘူး ငွေ့
သိပြီးသားဖြစ်လောက်မှာပါ ကိုယ့်အဖေလက်ထက်ကတည်းကရှိခဲ့တဲ့မြေအောက်လောကခေါင်းဆောင်ဆိုတာ ကိုယ်ကလေးဘဝကတည်းကကျင်လည်ခဲ့တဲ့နေရာ ဆိုးသွမ်းချင်လို့မဟုတ်ခဲ့ဘဲ ချမ်းသာချင်လို့မဟုတ်ခဲ့ဘဲ ဒီအတိုင်းကိုယ့်အာဏာနဲ့မတရားသူတွေကိုဖိနှိပ်ချင်တာ”

“…………..”

“ဖေဖေကပြောဖူးတယ် ဥပဒေတွေထုတ်နေတဲ့တစ်ချို့လူတွေကတစ်ခြားသူကိုချုပ်နှောင်ချင်နေပြီး သူတို့ကတော့လုပ်ချင်ရာလုပ်နေတာတဲ့ ယူနီဖောင်းဝတ်ပြီးအကြမ်းဖက်နေတဲ့အဲ့ဒီလူတွေကိုဖိနှိပ်ဖို့က သူတို့ထက်အင်အားကြီးဖို့လိုတယ် အဲ့တော့အမှောင်ဖက်ခြမ်းမှာကိုယ်ကအင်အားကြီးရမယ်တဲ့ ဘာလို့လဲဆိုတော့ အလင်းဘက်ကသူတို့မျက်နှာတွေကွာမကျဖို့အတွက် အမှောင်ထဲကသူတို့ရဲ့အမြှီးတွေကိုလုံခြုံအောင်ကာကွယ်ရဖို့ဆို ကိုယ်တို့ကိုပဲအားကိုးရတော့မှာလေ”

“သူတို့ဘာသာအင်အားကြီးတာငယ်တာကိုယ်တို့နဲ့မဆိုင်ဘူးလေ”

“ဆိုင်တာပေါ့ တစ်ချို့ဥပဒေတွေကလေ ယူနီဖောင်းဝတ်ထားတဲ့သူတွေ ချမ်းသာကြွယ်ဝတဲ့သူတွေအတွက်အကျုံးမဝင်ဘူးငွေ့ရဲ့ သာမာန်ပြည်သူတွေမရှိဆင်းရဲသားတွေအပေါ်မှာပဲအကျုံးဝင်တာ အဲ့လိုလူတွေကိုအပြစ်ပေးချင်ရင်ကိုယ်ကအမှောင်ဘက်ခြမ်းမှာအင်အားကြီးနေမှရမှာ ဘာလို့လဲဆိုတော့သူတို့ကဥပဒေကိုကြိုးကိုင်ထားတဲ့ အလင်းဘက်ကလူယုတ်မာတွေဖြစ်နေလို့ပေါ့”

“ဆိုလိုတာက မင်းတို့တစ်မိသားစုလုံးလည်းမကောင်းဘူးပေါ့”

“အမှောင်ဘက်မှာအာဏာကြီးတယ်ဆိုတိုင်း မတရားမှုတွေနဲ့ယဥ်ပါးတယ်လို့မဆိုလိုဘူးငွေ့ အကန့်အသတ်မရှိတဲ့ပိုင်ဆိုင်မှုတွေအားလုံး သန့်ရှင်းတယ်လို့မဆိုလိုပေမယ့် သူတစ်ပါးမျက်ရည်ကျမှရတဲ့စည်းစိမ်တွေမဟုတ်ခဲ့တာတော့သေချာပါတယ် မရည်ရွယ်ဘဲဖြစ်ခဲ့တဲ့အမှားတွေရှိနိုင်ပေမယ့် အပြစ်မရှိသူတွေကိုမဖိနှိပ်ခဲ့တာတော့အမှန်တရားပါ”

“…………….”

“အမှားတွေလုပ်နေတာလို့တွေးလို့ ဖြောင့်ဖျပေးမယ်ဆိုရင်လည်းကိုယ်ရဲရဲကြီးပြင်ပေးပါ့မယ် ငွေ့လက်ညှိုးညွှန်တဲ့လမ်းပဲကိုယ်လျှောက်ချင်တာဆိုပေမယ့်လေ ငွေ့လက်လေးတွဲပြီးတော့ပဲငွေ့နဲ့အတူလျှောက်ချင်တာပါ ကျေးဇူးပြုပြီးတော့လက်မခံပေးနိုင်ရင်တောင် အသိမှတ်ပြုပေးရင်သိပ်ပျော်မိမှာ”

“မင်းကတကယ်ကိုရူးနေတာ”

“ဟုတ်တယ်ဗျ နေမြင့်လေအရူးရင့်လေဆိုတာသိပ်မှန်တာ ငွေ့ကိုစတွေ့ကတည်းကကိုယ်သိပ်ပိုင်ဆိုင်ချင်ခဲ့တာ ငွေ့အလုပ်အကိုင်ကိုမတော်တဆသိခဲ့ရတုန်းက ကိုယ်တန်းပြီးအလုပ်ထွက်ပစ်ခဲ့မိတာ ငွေ့ရဲ့ဆန်ကျင်ဘက်အရပ် ရန်သူတွေနဲ့တူတဲ့အရပ်မှာကိုယ်မနေချင်ခဲ့ဘူး မဆိုင်မှန်းသိတာတောင် ငွေ့ကကိုယ်ဘယ်သူဆိုတာမသိသေးခင်တောင် ကိုယ်တို့နှစ်ယောက်မရင်းနှီးသေးခင်ကတောင်မှ ကိုယ်ဟာအဲ့လောက်ထိရူးခဲ့တာပါ”

“မင်းကွာ….”

ဘာဆက်ပြောရမှန်းမသိအောင်လမ်းပျောက်နေသူက ရှေ့ကစိုက်ခင်းကိုတစ်လှည့်သူ့ကိုတစ်လှည့်ကြည့်က ပြောစရာစကားတွေပျောက်နေဟန်။

“ကိုယ်ဒီပန်းတွေကိုစိုက်ခဲ့တယ်ဆိုတာကလည်းတစ်ခြားရည်ရွယ်ချက်ထက် ငွေ့ရဲ့ဖြစ်တည်မှုကိုကိုယ်ဘယ်လောက်မြတ်နိုးတယ်ဆိုတာပြချင်ရုံသက်သက်ပါ အဆိပ်ရှိတယ်လို့ပြောကြရင်တောင် ကိုယ့်လက်နဲ့စိုက်ပျိုးချင်ခဲ့သည်အထိပဲ အခုလည်းငွေ့သဘောကျစီမံနိုင်ပါတယ် အကျိုးစီးပွားအတွက်ဖြစ်ဖြစ် သဘောတကျငေးကြည့်ချင်တဲ့ပန်းတစ်ခင်းလိုပဲဖြစ်ဖြစ် အမှိုက်တစ်ခုလိုသဘောထားပြီးဖျက်စီးပစ်တာဖြစ်ဖြစ်”

“မင်းအစ်ကိုသိလား”

“ကိုCeanသိတယ် ကျွန်တော်ငွေ့ကိုသဘောကျတာကွယ်ဝှက်ထားစရာမှမဟုတ်ဘဲ”

“ဒီစိုက်ခင်းအကြောင်းကိုပြောတာ”

“ကိုယ်ပြောခဲ့ဖူးတယ်ထင်တယ် ကိုCeanကိုယ်တိုင်ပေးခဲ့တဲ့​မြေနေရာဆိုတာလေ ပြီးတော့မျိုးစေ့တွေအားလုံးကိုလည်းကိုCeanပဲရှာပေးခဲ့တာ သူ့သက်တော်စောင့်တွေငှားပေးရုံတင်မကဘူး စိုက်ပျိုးဖို့နည်းပညာရှင်တွေတောင်ခေါ်ပေးခဲ့သေးတယ်”

“မအံ့ဩတော့ပါဘူး တစ်မျိုးလုံးရူးနေတာ”

“ဟုတ်တယ် တစ်မျိုးလုံးကအချစ်နဲ့ပတ်သပ်လာရင်သိပ်ရူးကြတာ ဒါကြောင့်မို့ပြန်ချစ်ဖို့ကြိုးစားကြည့်ပေးပါဗျာ နောင်တမရမှာသေချာနေတာမို့”

“လိပ်ကလေး”

စကားဆက်မဆိုဖြစ်ကြပဲ မြင်ကွင်းတစ်ဆုံးလှပစွာပွင့်ဖူးနေတဲ့ပန်းခင်းကြီးဆီအကြည့်ပို့မိကြသည်။လှလိုက်တာများ တစ်သက်လုံးအကြည့်မလွှဲချင်စရာ……

………………….

“ဝေါ့….”

ဘေစင်ထဲမျက်နှာအပ်ကာ လေတွေသာအန်နေမိသည်။ပျို့တက်လာတဲ့ရင်ဘတ်ကြောင့်မျက်ရည်တွေပါဝေ့ခနဲ။

သက်သာသွားမှဘေစင်ကိုမှီကာ မျက်လုံးတွေမှိတ်ပြီးအမောဖြေမိသည်။ဒီလိုဖြစ်နေတာတစ်ပါတ်ရှိပြီ။မနက်စောစောလေ့ကျင့်ခန်းသွားလုပ်နေသူက ဒီအကြောင်းကိုမသိသေး။မဟုတ်လျှင် ကုတင်ပေါ်ကဆင်းရမှာမဟုတ်တော့။သူသိပ်အဖြစ်သည်းတာ။

အိပ်ယာပေါ်ပြန်လာပြီး ကိုယ်လုံးလေးကိုကွေးကာ ဝမ်းဗိုက်ထက်အသာပွတ်မိသည်။နှုတ်ခမ်းလေးတွေကွေးညွတ်သွားကာ ပါးချိုင့်လေးပါထင်းခနဲ။

*သူကိုယ်ဝန်ရှိနေပြီထင်သည် ကလေးသေးသေးလေးသူ့ဗိုက်ထဲမှာရှိနေလျှင်သိပ်ပျော်ဖို့ကောင်းမှာ*

ဒီအတွေးတွေကသူ့ကိုအမြဲပျော်ရွှင်ရအောင်လုပ်သည်။သူ့စိတ်ထင် ကိုကိုRutဝင်သွားတုန်းကရှိသွားတာဖြစ်မည်။ပြန်လာပြီးတစ်လကျော်နေပြီဆိုတော့ သူ့ကိုယ်ဝန်ကနှစ်လနီးပါးပေါ့။သိပ်မသေချာသေးတာမို့ကိုကို့ကိုအသိမပေးဖြစ်သေး။

အမှန်တကယ်သာဆိုရင်အခန်းထဲကနေထွက်ခွင့်မပေးတော့သည်အထိ သည်းကဲနေတော့မှာ။ဘာကြောင့်မှန်းမသိသူခံစားလို့ရနေသည်။ဝမ်းဗိုက်ထဲမှာအသက်ငွေ့လေး ရှိနေကြောင်းကိုပေါ့။သူ့အထင်တွေမှန်နေစေချင်သည်။

သူလိုချင်လွန်းလို့ ထင်ယောင်ထင်မှားဖြစ်နေမှာလည်းစိုးရသည်။မတော်တဆ ကလေးမဟုတ်ခဲ့ဘဲ နေမကောင်းရုံသက်သက် အစားမှားရုံသက်သက်ဆိုဘယ်လိုလုပ်မလဲ။တစ်ယောက်တည်းအတွေးတွေနဲ့အလုပ်ရှုပ်နေတုန်း ချွေးနံ့ရောနေသည့်ပင်လယ်ရနံ့ကနှာဖျားဆီတိုးဝှေ့သည်။

တိုးတိုးဖွဖွသာလှုပ်ရှားနေလို့ထင် ရနံ့သာမရလျှင်လူဝင်လာတာမသိလောက်အောင်အထိ တိတ်ဆိတ်လွန်းနေသည်။ရေချိုးခန်းထဲဝင်သွားသည်ကိုဖျတ်ခနဲတွေ့လိုက်တော့သူပြုံးမိပြန်သည်။လူကောင်အကြီးကြီးနဲ့ကို အသံမထွက်အောင်ညင်သာစွာလှုပ်ရှားနေတာက သူနိုးသွားမှာစိုးလို့ဖြစ်မည်။အဲ့လိုဂရုစိုက်တာပါဆို။

ခဏအကြာပြန်ထွက်လာပြီး လိုက်ကာတွေဆွဲဖွင့်နေလေသည်။Bathrobe တစ်ထည်တည်းသာဝတ်ထားသူက အရှိန်အဝါတွေတော့မမှေးမှိန်သွား။ထွက်ခါစနေလိုတောက်ပနေတော့တာ။

ကုတင်နားလျှောက်လာသူကြောင့်အိပ်ချင်ယောင်ဆောင်နေလိုက်တော့ နှဖူးထက်နွေးထွေးသွားမှုနှင့်အတူ ရေချိုးဆပ်ပြာရနံ့ပါသင်းခနဲရလိုက်သည်။

“ကလေးလေး ထရအောင်လေကွာ”

နားဖျားဆီတို့ဝှေ့လာတဲ့အသက်ရှူငွေ့နှင့်အတူ ပါးပြင်တွေအနှံ့ပါထိကပ်လာလေသည်။စိတ်ချမ်းသာနေတာကြောင့် မို့တက်နေတဲ့သူ့ပါးပြင်တွေအား ဖိကပ်နမ်းရတာကိုအမြဲသဘောတွေ့နေတော့တာပါပဲ။

“ငယ်ရေ ကိုကို့အသည်းနှလုံးလေးရေအိပ်ယာထချိန်ရောက်နေပြီလေကွာ”

“ထချင်ဘူးးးး”

“ပြွတ်စ် “

“ကိုကို့ သွားမတိုက်ရသေး ပြွတ်စ်”

“သွားတိုက်စရာမလိုဘူး အမြဲတမ်းမွှေးနေတာပဲ ပြွတ်စ် “

“ညစ်ပတ်တယ်လို့”

ပါးစပ်ကိုလက်နှစ်ဖက်နှင့်အုပ်ထားတာတောင် လက်ဖမိုးပေါ်ထိနမ်းလာသေးသည်။

“အဲ့တာဆိုထရအောင်လေနော် ကိုကိုမျက်နှာသစ်ပေးမယ်”

“ကိုကိုချီ”

“ဟပ်ချိုး”

“ကိုကို့ ဘာလုပ်တာတုန်း”

“ငယ်ပဲချီဆို”

“နှာချေခိုင်းတာမဟုတ်ဘူး ငယ်ငယ့်ကိုပွေ့ချီခိုင်းတာ”

“ဟားဟားဟား ဟုတ်ပါပြီကွာ လာ”

ခါးလေးမှဆွဲပွေ့တော့လည်ပင်းဆီသိုင်းဖက်ကာ ခါးကိုခြေထောက်တွေနှင့်ခွထားလေသည်။မျက်နှာသစ်သွားတိုက်ပေးကာ skincare ပေးပြီးသည်အထိအဲ့အတိုင်းလေးပဲနေကာလူပေါ်ကမဆင်း။ဒီကလေးအခုတစ်လောလူသိပ်ကပ်တာ။

“ကိုကိုအဝတ်စားလဲရမယ်လေငယ်”

“ကိုကိုကငယ့်ကိုပွေ့မထားချင်ဘူးပေါ့”

“မဟုတ်ပါဘူးကွာ”

“ကိုကိုကငြီးငွေ့နေပြီလား”

“ပေါက်ပေါက်ရှာရှာကွာ ချစ်လို့တောင်မဝတာကို မွ”

“ကိုကိုငယ့်ကိုအရင်လိုမချစ်တော့ဘူး အီးးးးးးး”

“ဟာ မဟုတ်ဘူးလေကလေးရဲ့ မငိုရဘူးနော် ကိုကိုကငယ့်ကိုဘယ်လိုလုပ်ပြီးမချစ်ဘဲနေမှာလဲကွာ ဖြစ်နိုင်ရင်အချိန်ပြည့်ရင်ခွင်ထဲထည့်ထားချင်နေတာ”

“မဟုတ်ဘူး အီးးးးးး သူများကိုအောက်ဆင်းခိုင်းနေတာမပွေ့ထားချင်လို့ပေါ့အီးးးးးး မပွေ့စေချင်တုန်းကကျတော့ဇွတ်ပွေ့နေပြီးတော့ အခုအကျင့်ပါသွားမှငြီးငွေ့နေတာ အီးးးးးးး”

“မငြီးငွေ့ပါဘူးငယ်ရယ်နော် ဟုတ်ပြီဟုတ်ပြီကလေးကိုအောက်မဆင်းခိုင်းဘူးနော် ကိုကိုတစ်နေကုန်ပွေ့ထားမှာ အလုပ်လည်းမသွားတော့ဘူးလေ”

“အဲ့ကိုကိုကရွဲ့နေတာ ငယ်ငယ့်ကြောင့်အလုပ်တွေပျက်တယ်ဆိုပြီးရွဲ့နေတာလို့ မပွေ့နဲ့အောက်ချပေး ဒီမှာလည်းမနေတော့ဘူး နောင်းညိုအိမ်ကိုပြန်မှာ အီးးးးးးး”

လူပေါ်ကဇွတ်ကော့ထိုးချနေတာမို့ ဂရုတစိုက်ပွေ့ထားရသည်။ခုတလောကလေးကစိတ်တွေတအားဆတ်နေတာ။အကြောင်းအရာသေးသေးလေးနဲ့တင်အတွေးများနေတတ်တာမို့ သူ့မှာစိတ်ရှည်လက်ရှည်ချော့ပေးနေရသလို စကားပြောဖို့တောင်အမှားမပါရဲ။

“ကိုကိုမရွဲ့ပါဘူးငယ်ရဲ့ ကိုကို့ကလေးလေးထက်ဘယ်အရာမှအရေးမကြီးဘူးလေနော်
ကလေးလေးဝမ်းနည်းနေတာလား ကိုကို့အပြစ်ပါနော် ကိုကိုနဲ့ခြံထဲမှာစတော်ဘယ်ရီတွေသွားခူးစားကြမယ်လေ မငိုနဲ့တော့လိမ္မာတယ်”

“တကယ်လား အင့်”

“တကယ်တကယ် မငိုနဲ့တော့နော် ကလေးမောနေမှာပေါ့”

“အင့်..အဟင့်”

ရှိုက်နေတာမို့သူ့မှာသနားရပြန်သည်။အမှန်တကယ်ကိုငိုပြီး မောသွားရှာတာ။ကလေးလေးတစ်ခြားတွေးစရာတွေများရှိနေသလားမသိ။စိတ်တွေတအားနုကာ ငိုနေရတာခဏခဏ။

“သွားကြမယ်နော်”

“ကိုကိုကဒီအတိုင်းသွားမှာလား”

ရင်ဘတ်ဟပြဲ Bath robeကိုကိုင်ကာမေးလာမို့..

“ဘာမှမဖြစ်ပါဘူးငယ်ရဲ့ ကိုယ့်ခြံထဲသက်တော်စောင့်တွေကလွဲ ဘယ်သူမှမရှိဘူး”

“ကိုကိုသန်မာကြောင်းသူတို့ကိုသိစေချင်လို့ အဝတ်မလဲတာမလား”

“သူတို့သိပြီးသားလေငယ်”

“အဲ့တာဆိုငယ်ငယ်က သူတို့ရဲ့နောက်မှသိတာပေါ့ ကိုကိုကသူတို့ကိုပိုချစ်တာပေါ့”

“အဲ့လိုမဟုတ်ဘူးလေငယ်ရယ် သူတို့ကကိုကို့တပည့်တွေလေချစ်စရာမှမလိုတာ ငယ်ကကျတော့ကိုယ့်အသည်းတစ်ခြမ်းလေးလေ”

“အသည်းတစ်ခြမ်းဆိုတော့ ကျန်တဲ့အခြမ်းကဘယ်မှာလဲ”

“ဟမ်”

“ကိုကိုအသစ်တွေ့နေတာမလား အီးးးးးး ဒါမှမဟုတ်ငယ်ငယ်ကမှဒုတိယလား”

“ပေါက်ကရတွေကလေးရယ် ကိုကို့မှာငယ်တစ်ယောက်တည်းပဲရှိတာပါ”

“အဲ့တာဆိုဘာလို့အသည်းတစ်ခြမ်းပဲပေးတာလဲ ကျန်တဲ့အခြမ်းကိုဘာလို့သိမ်းထားတာလဲ”

“ကိုကိုကတင်စားတာပါကွာ အသည်းနှလုံးကျောက်ကပ်အူကလီစာ အကုန်ငယ်ပိုင်တာ”

“အဲ့တာတွေကဘာလုပ်ရမှာလဲ ငယ်ငယ်ကချက်စားရမှာလား”

“ငယ်စားချင်ရင်ပေးမှာပေါ့”

“တွေ့လားတွေ့လားလူကိုရွဲ့နေတာ သိလိုက်ပါပြီနော် ကိုကိုကငယ့်ကိုမချစ်တော့ပါဘူး နောင်းညိုအိမ်မှာသွားပြန်နေတော့မယ် ပြန်လိုက်ပို့တော့”

“ငယ်ကကွာ”

“အဲ့မှာလေ စိတ်မရှည်သံကြီးနဲ့”

“ကိုကိုကငယ့်တစ်ယောက်တည်းအပေါ်ပဲစိတ်ရှည်တာ လူတိုင်းသိပါတယ်ကွာ”

“ဘာလဲတစ်ခြားလူအပေါ်ရှည်ချင်သေးလို့လား”

“ဟင့်အင်း ငယ်ငယ်ကလွဲဖွဲနဲ့ဆန်ကွဲ”

“အဲ့တာဆိုအဝတ်စားလဲတော့ ခြံထဲသွားမယ်”

“ကလေးလဲပေးမှာလား”

“ငယ်ငယ်မလဲတော့ဘယ်သူ့ကိုလဲခိုင်းချင်နေတာလဲ”

“ဘယ်သူ့မှမခိုင်းပါဘူးကွာ ကလေးမလုပ်ပေးရင် ကိုကိုကိုယ်တိုင်လုပ်မှာပေါ့”

“အဲ့တော့ပြောချင်တာက ငယ်ငယ့်ကိုမလိုဘူးပေါ့”

“ဟားဟားဟား ကလေးလေးကကွာချစ်စရာကောင်းအောင်ရစ်တတ်တယ် ကလေးလေးသဘောရှိအတိုင်းပါဗျာ ကိုကို့တစ်ကိုယ်လုံးကလေးအပိုင်”

“အဲ့တာဆိုကုတင်ပေါ်တင်ပေး”

“Okဗျာ”

ကုတင်ပေါ်တင်ပေးကာ ဝတ်မယ့်အဝတ်တွေသူ့ရှေ့ယူလာတော့မျက်စောင်းထိုးလာလေသည်။

“ကိုကိုညစ်ပတ် ဘောင်းဘီအရင်သွားလဲလေ ငယ်ငယ်ကအင်္ကျီပဲဝတ်ပေးနေကျဟာကို”

“ကိုကို့တစ်ကိုယ်လုံးငယ့်ကိုအပိုင်ပေးထားတာလေဗျာ ငယ်တာဝန်ယူပေးရမှာပေါ့”

“ကိုကို့”

“စတာ ကိုကိုကစတာ အခုသွားဝတ်လိုက်မယ်နော်”

ကုတင်ပေါ်ကကောက်စိန်လေးကိုအသည်းယားနေပေမယ့် ဘောင်းဘီအရင်သွားဝတ်ရသည်။ပြီးမှ ဝတ်ရမယ့်အင်္ကျီယူကာသူ့ရှေ့သွားရပ်တော့ မကျေမနပ်လေးမျက်စောင်းထိုးကြည့်လာသေးသည်။

ယခုတစ်လောအသားအရည်လေးကပိုနုနယ်လာသလိုခံစားရတာမို့ သူ့မှာမထိရက်မကိုင်ရက်။ဖယ်ရိုမုန်းနံ့လေးတွေကလည်းသိပ်မတည်ငြိမ်ချင်၍ သူ့မှာမျက်စိအောက်ကတောင်အပျောက်မခံရဲ။

တော်သေးသည် ကျောက်စက်နှင့်အတူ ပင်ထနောင်းညိုကပါသူ့အလုပ်တွေဝိုင်းလုပ်ပေးနေလို့။သူ့သူငယ်ချင်းကကိုယ့်အပေါ်ဆိုးကာ အလုပ်တွေလစ်ဟင်းနေရသည်မို့ သူကစေတနာပါပါလာကူပေးနေခြင်းသာ။

ကြယ်သီးတွေဂရုတစိုက်တပ်ပေးနေသူက သိပ်တော့စိတ်မရှည်ပုံ မျက်မှောင်လေးတွန့်ကွေးကာ နှုတ်ခမ်းလေးစုချွန်နေတာကြည့်။မျက်ခုံးတန်းလေးကိုလက်လေးနှင့်အသာဖြေပေးတော့ မော့ကြည့်လာလေသည်။

“မျက်မှောင်ကြီးကျုံ့နေလို့လေကလေးရဲ့ ဘာတွေအလိုမကျနေတာလဲကိုကို့ကိုပြော”

“အပြင်သွားလည်ချင်တယ်”

စိတ်အပြောင်းလဲကလည်းမြန်ပါ့။ခုနခြံထဲဆင်းမည် ခုအပြင်သွားချင်ပါသည်တဲ့။

“ဘယ်ကိုသွားချင်နေတာလဲပြောလိုက်ပို့မှာပေါ့”

“အွန်…..ကိုကို့ညီပိုင်တဲ့ဆေးရုံနားကစားသောက်ဆိုင်မှာ မုန့်သွားစားချင်တယ်”

“ဟုတ်ပြီဗျာ ဖြစ်စေရမယ် အဝတ်စားလဲအုံးမလား”

“လဲရမှာပေါ့ ကိုကိုကျတော့ပဲများနေပြီးတော့ ငယ်ငယ်ကPajamaကြီးနဲ့သွားရမှာလား ဘာလဲကိုကိုအသစ်ရှာချင်နေတာလား”

“မဟုတ်တာကလေးရာ တစ်လောကလုံးပေးမယ်ဆိုရင်တောင် ငယ်နဲ့မလဲနိုင်အောင်အထိကိုကိုကငယ့်ကိုမြတ်နိုးတာ”

“ဟွန့် အဝတ်လဲပေး ဒီနေ့အဖြူရောင်လေးဝတ်မှာ”

“ဟုတ်ပါပြီဗျာ ကလေးအလိုတော်ကျပါပဲ”

သူလေးသဘောကျအဝတ်ရွေးကာကိုယ်တိုင်ဝတ်ပေးရသည်။မနက်စာဆိုင်မှာစားမှာမလို့အိမ်ကတည်းကလှမ်းဖုန်းဆက်ထားရသည်။ဆိုင်ရောက်မှထိုင်စောင့်နေရရင်ကလေးလေးဗိုက်ဆာနေအုံးမည်။

စားသောက်ပြီးတော့ဆေးရုံဆီသွားချင်ပါသတဲ့။Horizonမရှိခင်သွားလည်နေကျမို့ဆရာဝန်လေးတွေနဲ့ခင်နေတာကြောင့်သူလေးသွားချင်နေတာ။ဟိုရောက်တော့သူကHorizonနှင့်တွေ့တုန်း သူငယ်ချင်းတွေဆီဆိုပြီးထွက်သွားလေသည်။

သက်တော်စောင့်တွေလည်းပါသလို Horizonပိုင်သည့်ဆေးရုံလည်းဖြစ်တာမို့ သိပ်မတင်းကြပ်မိ။သူလေးစိတ်ချမ်းသာစေဖို့ ပြောသမျှခေါင်းသာညိတ်မိသည်။

“မုတ်သုံ ငယ်ငယ်လာလည်တာ”

တံခါးလေးဟကာခေါင်းလျှိုဝင်လာပြီးပြောပုံက ကလေးတွေကစားနေသလို။

“ဟောဗျာ ဒီကောင်လေး တစ်ယောက်တည်းလား”

သူခေါင်းမော့ကြည့်ကာ အံ့ဩသလိုမေးလာမှအထဲဝင်လာကာ တံခါးlockချလေသည်။

“ကိုကိုပါတယ် ကိုဝိုင်းနဲ့စကားပြောနေခဲ့တာ ငယ်ငယ်ကသိချင်တာလေးရှိလို့ မုတ်သုံဆီရောက်လာတာ”

“ကဲထိုင် ဆိုဗျာဘာသိချင်တာလဲ”

အခန်းထဲသူတို့နှစ်ယောက်တည်းမို့လွတ်လွတ်လပ်လပ်သာ။မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ပြီး ပြောစရာစကားသာရှာရသည်။

“မုတ်သုံတစ်ယောက်တည်းလား”

“ဟုတ်ပဗျာ ကျန်တဲ့သူတွေက Roundလှည့်ကုန်ပြီ ကိုယ်ကဒီနေ့ကိစ္စလေးတွေရှိသေးလို့မလိုက်ဖြစ်ဘဲနေခဲ့တာ”

“အလုပ်ရှုပ်နေတာလားဟင် ငယ်ငယ်ကြောင့်အနှောက်ယှက်များဖြစ်သွားလား”

“မဖြစ်ပါဘူးဗျာ လုပ်စရာကအခုလေးတင်ပြီးသွားတာ”

“တော်သေးတာပေါ့ ငယ်ငယ်ကနှောင့်ယှက်မိမှာစိုးလို့”

“လခြမ်းသာဆို နှောင့်ယှက်ပိုင်ခွင့်အပြည့်ရှိပါတယ်ဗျာ”

“ဟီးဟီး”

“ကဲ …လာရင်းကိစ္စလေးပြောပါအုံး ဘာသိချင်လို့လဲ”

“ဟိုလေ…အဲ့တာက”

ဆက်ပြောရခက်သလို စကားကိုခဏရပ်ကာပြီးမှအရဲစွန့်မိသည်။

“ငယ်ငယ့်မှာကိုယ်ဝန်ရှိနေလားသိချင်လို့”

“ဗုဒ္ဓေါ တကယ်ကြီးလား”

သူအံ့ဩတကြီးမို့အသံကျယ်သွားမိသည်။
ကာယကံရှင်လေးကတော့မျက်နှာလေးနီလို့။

“ရှူး တိုးတိုး မသေချာသေးဘူး ငယ်ငယ်ကသေချာအောင်လာစစ်တာ”

“အရမ်းမိုက်တာပဲဗျာ တကယ်သာဆိုလို့ကတော့Alphaကြီးက အိမ်တွင်းပုန်းတော့မှာမြင်ယောင်နေသေးတယ်”

“ကိုကို့ကိုပေးမသိသေးပါနဲ့နော် ငယ်ငယ်ကသေချာမှပြောပြချင်တာ”

“ဟုတ်ပြီ ကိုယ့်ကိုယုံလိုက် လာအခုစစ်ပေးမယ်”

ဆီးအရင်စစ်မည်ဆိုသောကြောင့် သူ့မှာကတုန်ကယင်တွေတောင်ဖြစ်သည်။တကယ်ရှိစေချင်သည့်စိတ်ဟာလည်းရင်ထဲမှာအလုံးအရင်း။ခဏစောင့်အပြီးသူမကြည့်ရဲတာမို့ မုတ်သုံကိုသာကြည့်ခိုင်းရသည်။

“ဝိုးးးး Congratulation ဗျာ”

ဂုဏ်ယူဟန်မျက်နှာထားနဲ့ ပြုံးပြလာတာမို့ သူ့မှာသိပ်မယုံရဲ။

“တကယ် တကယ်ကြီးလား”

“ဟုတ်ပါ့ဗျာ”

“အီးးးးးးးးး”

“ဟာမငိုပါနဲ့ဗျာ တော်ကြာပိုင်ရှင်ကြီးရောက်လာရင် ကိုယ်အလုပ်ပြုတ်လိမ့်မယ်ဗျ”

“ငယ်ငယ်ကပျော်လို့”

“သိပါတယ်ဗျာ ကဲမျက်ရည်တွေသုတ်လိုက်အုံး သတင်းကောင်းလေးသွားပါးရအောင်”

“ဟင့်အင်း ငယ်ငယ်ကsupriseတိုက်ချင်တာ အဲ့တာကြောင့်မုတ်သုံလည်းဘယ်သူ့ကိုမှမပြောနဲ့လေနော် ငယ်ငယ်အကူအညီတောင်းတာပါ”

“okဗျာ စိတ်သာချလိုက် ဒါပေမယ့်နေ့လည်စာကိုတော့လိုက်ကျွေးရမယ်နော်”

“ကျွေးမယ် ကျွေးမယ် ငယ်ငယ်ကတိပေးတယ်”

“ဟုတ်ပါပြီဗျာ ကဲအရမ်းတွေ့ချင်နေတဲ့သူကိုသွားတွေ့လိုက်ပါအုံး”

“ကျေးဇူးတင်ပါတယ် ငယ်ငယ်သွားပြီနော်”

“ok”

အလျှင်စလိုထွက်ခွာသွားတဲ့ကျောပြင်လေးကိုကြည့်ပြီး သူပြုံးမိသွားသည်။ကလေးကကလေးပြန်ထိန်းရတော့မှာကိုတွေးကြည့်မိတော့ သူသဘောတကျရယ်မိသွားရသည်။

“လခြမ်းကတော့ကွာ”

ပြေးထွက်လာခဲ့ပြီးမှသတိရကာအရှိန်လျှော့ရသည်။အခုသူကတစ်ယောက်တည်းမဟုတ်တော့ဘူးလေ ကိုယ်ပွားလေးလည်းရှိနေပြီ။

ကိုကို့ဆီရောက်တော့ပေါင်ပေါ်တန်းဝင်ခွေပစ်သည်။

“ကလေးလေး ဘာတွေပျော်စရာတွေ့လာတာလဲ”

“ညကျရင်ကိုကို့ကိုပြောပြမယ်”

“အခုပြောလို့မရဘူးပေါ့”

“ရဘူး”

“ဟုတ်ပါပြီဗျာ”

“ကိုကို့”

“ဗျာ”

“နေ့လည်စာကိုမနက်ကစားတဲ့ဆိုင်မှာစားကြမယ်နော်”

“သဘော”

“ဆေးရုံကလူတွေကိုရောခေါ်သွားမယ်နော် အများကြီးဆိုတော့ပိုစားလို့ကောင်းတယ်လေနော်”

“ငယ်ပျော်သလိုလုပ်ပိုင်ခွင့်ရှိတယ်”

“အဲ့တာဆိုသွားပြောခိုင်းလိုက်တော့လေ ထမင်းသွားစားကြရအောင် ပြီးရင်အိမ်ပြန်ချင်ပြီ”

“ကိုကိုသွားပြောခိုင်းလိုက်မယ်နော်”

“ဟုတ်”

သူလေးသဘောကျ အလုပ်နားချိန်နှင့်တိုးသည့်လူအားလုံးခေါ်ပြီး စားသောက်ဆိုင်သို့ချီတက်ဖြစ်သည်။သူ့ကလေးလေးကလေစိတ်အပြောင်းအလဲကလည်းမြန်သေးသည်။မနက်စောစောတုန်းကစိတ်တွေမကြည်သလောက် ခုကျတော့လည်းသဘောတကျရယ်နေတာများ မျက်လုံးလေးတွေတောင်ပြန်ပွင့်မလာတော့။

သူ့လက်မောင်းကိုဆွဲဖက်ထားတာကိုလည်းမဖြုတ်။ဘေးကလူတွေသတိထားမိလို့ စနောက်လာတာကိုတောင်သူလေးကပြန်ရယ်ပြနေသေးသည်။

“ကိုကို toiletခဏသွားမလို့”

“လာ လိုက်ပို့မယ်”

“ဟုတ်”

နှစ်ယောက်သားအိမ်သာဆီထွက်ခဲ့ကာ သူကအပြင်မှာစောင့်ကျန်ခဲ့လေသည်။

အထဲမှာရှိနေတာက မုတ်သုံနှင့်အရင်တစ်ခါတွေ့မိတဲ့ Omegaလေး။

“အယ် လခြမ်း”

“မုတ်သုံ ဒီတစ်ယောက်က”

“အရင်တစ်ခါလခြမ်းတွေ့ခဲ့တဲ့တစ်ယောက်လေကိုယ့်လူနာ သူကဒီဆိုင်ပိုင်ရှင်”

“ဟုတ်ကဲ့ ကျွန်တော်ကလခြမ်းငယ်ငယ်ပါ”

“ကိုသမုဒ္ဒရာရဲ့အချစ်ကလေးဆိုတာထင်တယ်”

မျက်ဝန်းတွေဖျော့တော့စွာ ပုံမှန်အတိုင်းဆိုလာသူကို ငယ်ငယ့်စိတ်ထဲတစ်မျိုးဖြစ်လာသည်။ဘာကြောင့်မှန်းမသိ တစ်ခုခုဖြစ်လာတော့မလိုမျိုး။

“အာ “

“အတော်ပဲ သူ့အတွက်ပေးစရာလေးရှိလို့”

“ကိုကို့အသိလား”

“ဆိုပါတော့”

“ဘာပေးမှာလဲဟင်”

“ဒါလေး”

ပြောရင်း နောက်မှပါးစပ်အားပုဝါနှင့်အုပ်ပစ်တာခံရလေသည်။သူကတော့မဲ့ပြုံးပြုံးကာကြည့်နေပြီး သူ့နောက်ကလူကိုအချက်ပြသည်။

မုတ်သုံနောက်မှာပါလူတစ်ယောက်ရောက်လာပြီး သူနှင့်အတူမေ့ဆေးပေးခံလိုက်ရသည်ကို မှုန်ဝါးဝါးမြင်လိုက်ရလေသည်။

သူအသိတွေပျောက်ကွယ်မသွားခင် ကိုကို့ကိုသာအကြိမ်ကြိမ်တမိသည်။ပြီးတော့သူ့ရင်သွေးလေး။သူတစ်ခုခုဖြစ်လို့မရဘူး ကိုကို့ကိုကလေးလေးရှိနေကြောင်းမပြောရသေးဘူး။

အမှောင်ကျသွားတဲ့သိစိတ်တွေနောက် သူ့မှာကိုကို့ကိုခေါ်ဖို့တောင်အားမရှိတော့။ချစ်တဲ့အကြောင်းတွေတောင်မပြောရသေးခင် မခွဲချင်သေးဘူးကိုကို………….

################

ငြိမ်း🌞🌻

“ဘယ္အထိသြားရအုံးမွာလဲ”

“ေရာက္ေတာ့မွာပါေငြ႕ရယ္”

“မင္းေရာက္ေတာ့မွာဆိုတာလြန္ခဲ့တဲ့တစ္နာရီကတည္းက”

“တကယ္ခဏေလးပါကြာေနာ္”

“ငါ့ကိုျပန္ေပးေတာ့ဆြဲလာတာမဟုတ္ဘူးမို႔လား”

“ဆြဲခ်င္းဆြဲျပန္မေပးပဲဆြဲခ်င္တာ ျပန္ေပးခ်င္ရင္ဆြဲေနပါ့မလား”

“အ႐ူး”

“ဟုတ္တယ္ကိုယ္က႐ူးေနတာေလ ေငြ႕ျပန္မခ်စ္ေပးလို႔”

တိတ္တဆိတ္ဟိုဘက္လွည့္ကာမၾကားခ်င္ေယာင္ေဆာင္သြားသူကိုၾကည့္ၿပီးၿပဳံးမိသည္။

လမ္းၾကမ္းေတြကိုျဖတ္ေမာင္းေတာ့ ဖုန္လုံးေတြကေဝ့က်န္ခဲ့သည္။လူသူအေရာက္အေပါက္သိပ္မရွိတာမို႔ၿခဳံႏြယ္ေတြကအထပ္ထပ္။

“အခုသြားမယ့္ေနရာက ကိုCeanဆီကလက္ေဆာင္ေတာင္းထားတာ”

“ဘာလုပ္ဖို႔လဲ”

“ေရာက္ရင္သိမွာေပါ့ဗ်ာ”

ျပန္ေျဖျဖစ္ရင္းကားကိုစက္သပ္လိုက္သည္။

“ေရာက္ၿပီဗ်ာ”

နားမလည္နိုင္သူကေတာင္ၾကည့္ေျမာက္ၾကည့္ႏွင့္ ေဘးဘီဝဲယာအကုန္လိုက္ၾကည့္ေနသည္။ေတာင္ကုန္းျမင့္ေလးႏွင့္အတူ ေဘးဘက္မွၿခဳံေတာေတြသာ ပတ္လည္ဝိုင္းေနတာ။

“လာပါဗ်ာ ၿပီးရင္အံ့ဩသြားေစရမယ္”

ေျပာရင္းလက္ကိုဆြဲကာေတာင္ကုန္းေလးေပၚတက္သည္။ေတာင္ထိပ္ေလးေပၚေရာက္ေတာ့သူေဘးခ်င္းယွဥ္ရပ္မိကာ ေရွ႕မွလြင္ျပင္ႀကီးကိုေမးေငါ့ျပမိသည္။

“သေဘာက်လား”

အံ့ဩတႀကီးျဖစ္သြားသူကပါးစပ္အေဟာင္းသားႏွင့္ သူ႕အေမးကိုၾကားဟန္မတူ။

“မင္း…..မင္း…..ဒါေတြကဘယ္လို”

စကားေတြေတာင္ေရာက္ေျမာက္ေရာက္ ေျဖာင့္ေအာင္ေတာင္မေျပာနိုင္ေတာ့သလို လိုရင္းဆီလည္းမေရာက္။

ေရွ႕မွလြင္ျပင္ႀကီးမွာေတာ့ Poppyေတြကအဆုံးမဲ့ ပြင့္လန္းေနသည္။ဆည္းဆာေရာင္ေအာက္ပတၱျမားေရာင္ေတာက္ေနတာက ျမင္သူတိုင္းသေဘာက်မိၾကမွာ။အဆိပ္ရွိတာကိုဖယ္လိုက္ရင္ေပါ့။

“ကိုယ့္သေက္တျဖစ္တဲ့ဒီေျမျပင္ေပၚမွာေငြ႕ကိုကိုယ္စားျပဳတဲ့poppyေတြ ကိုယ့္လက္နဲ႕ကိုယ္တိုင္စိုက္ပ်ိဳးေပးမယ္ ဒီေလာက္ဆိုရင္ေငြ႕ဘဝထဲကိုေျခတစ္လွမ္းပိုတိုးခြင့္ ကိုယ့္ကိုေပးနိုင္မလား”

“မင္း”

မယုံၾကည္နိုင္တဲ့အၾကည့္ေတြက တည္ၾကည္ေနက်သဴ႕မ်က္ႏွာေပၚမွာ အထင္းသား။ၿပီးမွေဒါသေတြနဲ႕ေအာ္ေငါက္မႈေတြထဲ ဂ႐ုဏာေလးလည္းအနည္းငယ္ပါေသးသည္။

“မင္းကိုယ္မင္းဘာထင္ေနတာလဲပထဝီ မင္းကတရားမႈရဲ႕ဘက္ေတာ္သား ရဲဝန္ထမ္းတစ္ေယာက္ဆိုတာေရာသတိရေသးရဲ႕လား ငါ့အလုပ္ေတြသိရက္နဲ႕လ်စ္လ်ဴရႉထားတာေတာင္လြန္ေနၿပီ အခုမင္းေျခမႈန္းရမဲ့အရာကို မင္းလက္နဲ႕ကိုယ္တိုင္စိုက္ရေအာင္မင္း႐ူးေနတာလား”

“ဘာကိုတရားမွ်တမႈရဲ႕ဘက္ေတာ္သားလဲဗ်ာ ယူနီေဖာင္းဝတ္ၿပီးရာဇဝတ္မႈက်ဴးလြန္ေနသူေတြမ်ားဒုနဲ႕ေဒး ၿပီးေတာ့ကိုယ္ႏႈတ္ထြက္လိုက္တာၾကာၿပီ ကိုယ္သေဘာက်ရတဲ့သူရဲ႕အလုပ္ကိုသိလိုက္ရကတည္းက ကိုယ္အလုပ္ကထြက္လိုက္ၿပီးသား အမ်ားေျပာေနက်အလင္းဆိုတဲ့ေငြ႕ရဲ႕ဆန့္က်င္ဘက္အရပ္မွာေနဖို႔ထက္ ေငြ႕ေဘးမွာရပ္ၿပီးအေမွာင္ထဲကိုဘဲဆက္ေလွ်ာက္ခ်င္တာ ကိုယ့္ရဲ႕ဆႏၵ”

“မင္း…”

“ကိုယ္ကဒုစရိုက္မႈေတြနဲ႕မကင္းခဲ့ဖူးဘူး ေငြ႕
သိၿပီးသားျဖစ္ေလာက္မွာပါ ကိုယ့္အေဖလက္ထက္ကတည္းကရွိခဲ့တဲ့ေျမေအာက္ေလာကေခါင္းေဆာင္ဆိုတာ ကိုယ္ကေလးဘဝကတည္းကက်င္လည္ခဲ့တဲ့ေနရာ ဆိုးသြမ္းခ်င္လို႔မဟုတ္ခဲ့ဘဲ ခ်မ္းသာခ်င္လို႔မဟုတ္ခဲ့ဘဲ ဒီအတိုင္းကိုယ့္အာဏာနဲ႕မတရားသူေတြကိုဖိႏွိပ္ခ်င္တာ”

“…………..”

“ေဖေဖကေျပာဖူးတယ္ ဥပေဒေတြထုတ္ေနတဲ့တစ္ခ်ိဳ႕လူေတြကတစ္ျခားသူကိုခ်ဳပ္ႏွောင္ခ်င္ေနၿပီး သူတို႔ကေတာ့လုပ္ခ်င္ရာလုပ္ေနတာတဲ့ ယူနီေဖာင္းဝတ္ၿပီးအၾကမ္းဖက္ေနတဲ့အဲ့ဒီလူေတြကိုဖိႏွိပ္ဖို႔က သူတို႔ထက္အင္အားႀကီးဖို႔လိုတယ္ အဲ့ေတာ့အေမွာင္ဖက္ျခမ္းမွာကိုယ္ကအင္အားႀကီးရမယ္တဲ့ ဘာလို႔လဲဆိုေတာ့ အလင္းဘက္ကသူတို႔မ်က္ႏွာေတြကြာမက်ဖိဳ႕အတြက္ အေမွာင္ထဲကသူတို႔ရဲ႕အျမႇီးေတြကိုလုံၿခဳံေအာင္ကာကြယ္ရဖို႔ဆို ကိုယ္တို႔ကိုပဲအားကိုးရေတာ့မွာေလ”

“သူတို႔ဘာသာအင္အားႀကီးတာငယ္တာကိုယ္တို႔နဲ႕မဆိုင္ဘူးေလ”

“ဆိုင္တာေပါ့ တစ္ခ်ိဳ႕ဥပေဒေတြကေလ ယူနီေဖာင္းဝတ္ထားတဲ့သူေတြ ခ်မ္းသာႂကြယ္ဝတဲ့သူေတြအတြက္အက်ဳံးမဝင္ဘူးေငြ႕ရဲ႕ သာမာန္ျပည္သူေတြမရွိဆင္းရဲသားေတြအေပၚမွာပဲအက်ဳံးဝင္တာ အဲ့လိုလူေတြကိုအျပစ္ေပးခ်င္ရင္ကိုယ္ကအေမွာင္ဘက္ျခမ္းမွာအင္အားႀကီးေနမွရမွာ ဘာလို႔လဲဆိုေတာ့သူတို႔ကဥပေဒကိုႀကိဳးကိုင္ထားတဲ့ အလင္းဘက္ကလူယုတ္မာေတြျဖစ္ေနလို႔ေပါ့”

“ဆိုလိုတာက မင္းတို႔တစ္မိသားစုလုံးလည္းမေကာင္းဘူးေပါ့”

“အေမွာင္ဘက္မွာအာဏာႀကီးတယ္ဆိုတိုင္း မတရားမႈေတြနဲ႕ယဥ္ပါးတယ္လို႔မဆိုလိုဘူးေငြ႕ အကန့္အသတ္မရွိတဲ့ပိုင္ဆိုင္မႈေတြအားလုံး သန့္ရွင္းတယ္လို႔မဆိုလိုေပမယ့္ သူတစ္ပါးမ်က္ရည္က်မွရတဲ့စည္းစိမ္ေတြမဟုတ္ခဲ့တာေတာ့ေသခ်ာပါတယ္ မရည္႐ြယ္ဘဲျဖစ္ခဲ့တဲ့အမွားေတြရွိနိုင္ေပမယ့္ အျပစ္မရွိသူေတြကိုမဖိႏွိပ္ခဲ့တာေတာ့အမွန္တရားပါ”

“…………….”

“အမွားေတြလုပ္ေနတာလို႔ေတြးလို႔ ေျဖာင့္ဖ်ေပးမယ္ဆိုရင္လည္း ကိုယ္ရဲရဲႀကီးျပင္ေပးပါ့မယ္ ေငြ႕လက္ညွိုးၫႊန္တဲ့လမ္းပဲကိုယ္ေလွ်ာက္ခ်င္တာဆိုေပမယ့္ေလ ေငြ႕လက္ေလးတြဲၿပီးေတာ့ပဲေငြ႕နဲ႕အတူေလွ်ာက္ခ်င္တာပါ ေက်းဇူးျပဳၿပီးေတာ့လက္မခံေပးနိုင္ရင္ေတာင္ အသိမွတ္ျပဳေပးရင္သိပ္ေပ်ာ္မိမွာ”

“မင္းကတကယ္ကို႐ူးေနတာ”

“ဟုတ္တယ္ဗ် ေနျမင့္ေလအ႐ူးရင့္ေလဆိုတာသိပ္မွန္တာ ေငြ႕ကိုစေတြ႕ကတည္းကကိုယ္သိပ္ပိုင္ဆိုင္ခ်င္ခဲ့တာ ေငြ႕အလုပ္အကိုင္ကိုမေတာ္တဆသိခဲ့ရတုန္းက ကိုယ္တန္းၿပီးအလုပ္ထြက္ပစ္ခဲ့မိတာ ေငြ႕ရဲ႕ဆန္က်င္ဘက္အရပ္ ရန္သူေတြနဲ႕တူတဲ့အရပ္မွာကိုယ္မေနခ်င္ခဲ့ဘူး မဆိုင္မွန္းသိတာေတာင္ ေငြ႕ကကိုယ္ဘယ္သူဆိုတာမသိေသးခင္ေတာင္ ကိုယ္တို႔ႏွစ္ေယာက္မရင္းႏွီးေသးခင္ကေတာင္မွ ကိုယ္ဟာအဲ့ေလာက္ထိ႐ူးခဲ့တာပါ”

“မင္းကြာ….”

ဘာဆက္ေျပာရမွန္းမသိေအာင္လမ္းေပ်ာက္ေနသူက ေရွ႕ကစိုက္ခင္းကိုတစ္လွည့္သူ႕ကိုတစ္လွည့္ၾကည့္က ေျပာစရာစကားေတြေပ်ာက္ေနဟန္။

“ကိုယ္ဒီပန္းေတြကိုစိုက္ခဲ့တယ္ဆိုတာကလည္းတစ္ျခားရည္႐ြယ္ခ်က္ထက္ ေငြ႕ရဲ႕ျဖစ္တည္မႈကိုကိုယ္ဘယ္ေလာက္ျမတ္နိုးတယ္ဆိုတာျပခ်င္႐ုံသက္သက္ပါ အဆိပ္ရွိတယ္လို႔ေျပာၾကရင္ေတာင္ ကိုယ့္လက္နဲ႕စိုက္ပ်ိဳးခ်င္ခဲ့သည္အထိပဲ အခုလည္းေငြ႕သေဘာက်စီမံနိုင္ပါတယ္ အက်ိဳးစီးပြားအတြက္ျဖစ္ျဖစ္ သေဘာတက်ေငးၾကည့္ခ်င္တဲ့ပန္းတစ္ခင္းလိုပဲျဖစ္ျဖစ္ အမွိုက္တစ္ခုလိုသေဘာထားၿပီးဖ်က္စီးပစ္တာျဖစ္ျဖစ္”

“မင္းအစ္ကိုသိလား”

“ကိုCeanသိတယ္ ကြၽန္ေတာ္ေငြ႕ကိုသေဘာက်တာကြယ္ဝွက္ထားစရာမွမဟုတ္ဘဲ”

“ဒီစိုက္ခင္းအေၾကာင္းကိုေျပာတာ”

“ကိုယ္ေျပာခဲ့ဖူးတယ္ထင္တယ္ ကိုCeanကိုယ္တိုင္ေပးခဲ့တဲ့ေျမေနရာဆိုတာေလ ၿပီးေတာ့မ်ိဳးေစ့ေတြအားလုံးကိုလည္းကိုCeanပဲရွာေပးခဲ့တာ သူ႕သက္ေတာ္ေစာင့္ေတြငွားေပး႐ုံတင္မကဘူး စိုက္ပ်ိဳးဖို႔နည္းပညာရွင္ေတြေတာင္ေခၚေပးခဲ့ေသးတယ္”

“မအံ့ဩေတာ့ပါဘူး တစ္မ်ိဳးလုံး႐ူးေနတာ”

“ဟုတ္တယ္ တစ္မ်ိဳးလုံးကအခ်စ္နဲ႕ပတ္သပ္လာရင္သိပ္႐ူးၾကတာ ဒါေၾကာင့္မို႔ျပန္ခ်စ္ဖို႔ႀကိဳးစားၾကည့္ေပးပါဗ်ာ ေနာင္တမရမွာေသခ်ာေနတာမို႔”

“လိပ္ကေလး”

စကားဆက္မဆိုျဖစ္ၾကပဲ ျမင္ကြင္းတစ္ဆုံးလွပစြာပြင့္ဖူးေနတဲ့ပန္းခင္းႀကီးဆီအၾကည့္ပို႔မိၾကသည္။လွလိုက္တာမ်ား တစ္သက္လုံးအၾကည့္မလႊဲခ်င္စရာ……

………………….

“ေဝါ့….”

ေဘစင္ထဲမ်က္ႏွာအပ္ကာ ေလေတြသာအန္ေနမိသည္။ပ်ိဳ႕တက္လာတဲ့ရင္ဘတ္ေၾကာင့္မ်က္ရည္ေတြပါေဝ့ခနဲ။

သက္သာသြားမွေဘစင္ကိုမွီကာ မ်က္လုံးေတြမွိတ္ၿပီးအေမာေျဖမိသည္။ဒီလိုျဖစ္ေနတာတစ္ပါတ္ရွိၿပီ။မနက္ေစာေစာေလ့က်င့္ခန္းသြားလုပ္ေနသူက ဒီအေၾကာင္းကိုမသိေသး။မဟုတ္လွ်င္ ကုတင္ေပၚကဆင္းရမွာမဟုတ္ေတာ့။သူသိပ္အျဖစ္သည္းတာ။

အိပ္ယာေပၚျပန္လာၿပီး ကိုယ္လုံးေလးကိုေကြးကာ ဝမ္းဗိုက္ထက္အသာပြတ္မိသည္။ႏႈတ္ခမ္းေလးေတြေကြးၫြတ္သြားကာ ပါးခ်ိဳင့္ေလးပါထင္းခနဲ။

*သူကိုယ္ဝန္ရွိေနၿပီထင္သည္ ကေလးေသးေသးေလးသူ႕ဗိုက္ထဲမွာရွိေနလွ်င္သိပ္ေပ်ာ္ဖို႔ေကာင္းမွာ*

ဒီအေတြးေတြကသူ႕ကိုအၿမဲေပ်ာ္႐ႊင္ရေအာင္လုပ္သည္။သူ႕စိတ္ထင္ ကိုကိုRutဝင္သြားတုန္းကရွိသြားတာျဖစ္မည္။ျပန္လာၿပီးတစ္လေက်ာ္ေနၿပီဆိုေတာ့ သူ႕ကိုယ္ဝန္ကႏွစ္လနီးပါးေပါ့။သိပ္မေသခ်ာေသးတာမို႔ကိုကို႔ကိုအသိမေပးျဖစ္ေသး။

အမွန္တကယ္သာဆိုရင္အခန္းထဲကေနထြက္ခြင့္မေပးေတာ့သည္အထိ သည္းကဲေနေတာ့မွာ။ဘာေၾကာင့္မွန္းမသိသူခံစားလို႔ရေနသည္။ဝမ္းဗိုက္ထဲမွာအသက္ေငြ႕ေလး ရွိေနေၾကာင္းကိုေပါ့။သူ႕အထင္ေတြမွန္ေနေစခ်င္သည္။

သူလိုခ်င္လြန္းလို႔ ထင္ေယာင္ထင္မွားျဖစ္ေနမွာလည္းစိုးရသည္။မေတာ္တဆ ကေလးမဟုတ္ခဲ့ဘဲ ေနမေကာင္း႐ုံသက္သက္ အစားမွား႐ုံသက္သက္ဆိုဘယ္လိုလုပ္မလဲ။တစ္ေယာက္တည္းအေတြးေတြနဲ႕အလုပ္ရႈပ္ေနတုန္း ေခြၽးနံ႕ေရာေနသည့္ပင္လယ္ရနံ႕ကႏွာဖ်ားဆီတိုးေဝွ႕သည္။

တိုးတိုးဖြဖြသာလႈပ္ရွားေနလို႔ထင္ ရနံ႕သာမရလွ်င္လူဝင္လာတာမသိေလာက္ေအာင္အထိ တိတ္ဆိတ္လြန္းေနသည္။ေရခ်ိဳးခန္းထဲဝင္သြားသည္ကိုဖ်တ္ခနဲေတြ႕လိုက္ေတာ့သူၿပဳံးမိျပန္သည္။လူေကာင္အႀကီးႀကီးနဲ႕ကို အသံမထြက္ေအာင္ညင္သာစြာလႈပ္ရွားေနတာက သူနိုးသြားမွာစိုးလို႔ျဖစ္မည္။အဲ့လိုဂ႐ုစိုက္တာပါဆို။

ခဏအၾကာျပန္ထြက္လာၿပီး လိုက္ကာေတြဆြဲဖြင့္ေနေလသည္။Bathrobe တစ္ထည္တည္းသာဝတ္ထားသူက အရွိန္အဝါေတြေတာ့မေမွးမွိန္သြား။ထြက္ခါစေနလိုေတာက္ပေနေတာ့တာ။

ကုတင္နားေလွ်ာက္လာသူေၾကာင့္အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္ေတာ့ ႏွဖူးထက္ႏြေးေထြးသြားမႈႏွင့္အတူ ေရခ်ိဳးဆပ္ျပာရနံ႕ပါသင္းခနဲရလိုက္သည္။

“ကေလးေလး ထရေအာင္ေလကြာ”

နားဖ်ားဆီတို႔ေဝွ႕လာတဲ့အသက္ရႉေငြ႕ႏွင့္အတူ ပါးျပင္ေတြအႏွံ႕ပါထိကပ္လာေလသည္။စိတ္ခ်မ္းသာေနတာေၾကာင့္ မို႔တက္ေနတဲ့သူ႕ပါးျပင္ေတြအား ဖိကပ္နမ္းရတာကိုအၿမဲသေဘာေတြ႕ေနေတာ့တာပါပဲ။

“ငယ္ေရ ကိုကို႔အသည္းႏွလုံးေလးေရအိပ္ယာထခ်ိန္ေရာက္ေနၿပီေလကြာ”

“ထခ်င္ဘူးးးး”

“ႁပြတ္စ္ “

“ကိုကို႔ သြားမတိုက္ရေသး ႁပြတ္စ္”

“သြားတိုက္စရာမလိုဘူး အၿမဲတမ္းေမႊးေနတာပဲ ႁပြတ္စ္ “

“ညစ္ပတ္တယ္လို႔”

ပါးစပ္ကိုလက္ႏွစ္ဖက္ႏွင့္အုပ္ထားတာေတာင္ လက္ဖမိုးေပၚထိနမ္းလာေသးသည္။

“အဲ့တာဆိုထရေအာင္ေလေနာ္ ကိုကိုမ်က္ႏွာသစ္ေပးမယ္”

“ကိုကိုခ်ီ”

“ဟပ္ခ်ိဳး”

“ကိုကို႔ ဘာလုပ္တာတုန္း”

“ငယ္ပဲခ်ီဆို”

“ႏွာေခ်ခိဳင္းတာမဟုတ္ဘူး ငယ္ငယ့္ကိုေပြ႕ခ်ီခိုင္းတာ”

“ဟားဟားဟား ဟုတ္ပါၿပီကြာ လာ”

ခါးေလးမွဆြဲေပြ႕ေတာ့လည္ပင္းဆီသိုင္းဖက္ကာ ခါးကိုေျခေထာက္ေတြႏွင့္ခြထားေလသည္။မ်က္ႏွာသစ္သြားတိုက္ေပးကာ skincare ေပးၿပီးသည္အထိအဲ့အတိုင္းေလးပဲေနကာလူေပၚကမဆင္း။ဒီကေလးအခုတစ္ေလာလူသိပ္ကပ္တာ။

“ကိုကိုအဝတ္စားလဲရမယ္ေလငယ္”

“ကိုကိုကငယ့္ကိုေပြ႕မထားခ်င္ဘူးေပါ့”

“မဟုတ္ပါဘူးကြာ”

“ကိုကိုကၿငီးေငြ႕ေနၿပီလား”

“ေပါက္ေပါက္ရွာရွာကြာ ခ်စ္လို႔ေတာင္မဝတာကို မြ”

“ကိုကိုငယ့္ကိုအရင္လိုမခ်စ္ေတာ့ဘူး အီးးးးးးး”

“ဟာ မဟုတ္ဘူးေလကေလးရဲ႕ မငိုရဘူးေနာ္ ကိုကိုကငယ့္ကိုဘယ္လိုလုပ္ၿပီးမခ်စ္ဘဲေနမွာလဲကြာ ျဖစ္နိုင္ရင္အခ်ိန္ျပည့္ရင္ခြင္ထဲထည့္ထားခ်င္ေနတာ”

“မဟုတ္ဘူး အီးးးးးး သူမ်ားကိုေအာက္ဆင္းခိုင္းေနတာမေပြ႕ထားခ်င္လို႔ေပါ့အီးးးးးး မေပြ႕ေစခ်င္တုန္းကက်ေတာ့ဇြတ္ေပြ႕ေနၿပီးေတာ့ အခုအက်င့္ပါသြားမွၿငီးေငြ႕ေနတာ အီးးးးးးး”

“မၿငီးေငြ႕ပါဘူးငယ္ရယ္ေနာ္ ဟုတ္ၿပီဟုတ္ၿပီကေလးကိုေအာက္မဆင္းခိုင္းဘူးေနာ္ ကိုကိုတစ္ေနကုန္ေပြ႕ထားမွာ အလုပ္လည္းမသြားေတာ့ဘူးေလ”

“အဲ့ကိုကိုက႐ြဲ႕ေနတာ ငယ္ငယ့္ေၾကာင့္အလုပ္ေတြပ်က္တယ္ဆိုၿပီး႐ြဲ႕ေနတာလို႔ မေပြ႕နဲ႕ေအာက္ခ်ေပး ဒီမွာလည္းမေနေတာ့ဘူး ေနာင္းညိုအိမ္ကိုျပန္မွာ အီးးးးးးး”

လူေပၚကဇြတ္ေကာ့ထိုးခ်ေနတာမို႔ ဂ႐ုတစိုက္ေပြ႕ထားရသည္။ခုတေလာကေလးကစိတ္ေတြတအားဆတ္ေနတာ။အေၾကာင္းအရာေသးေသးေလးနဲ႕တင္အေတြးမ်ားေနတတ္တာမို႔ သူ႕မွာစိတ္ရွည္လက္ရွည္ေခ်ာ့ေပးေနရသလို စကားေျပာဖို႔ေတာင္အမွားမပါရဲ။

“ကိုကိုမ႐ြဲ႕ပါဘူးငယ္ရဲ႕ ကိုကို႔ကေလးေလးထက္ဘယ္အရာမွအေရးမႀကီးဘူးေလေနာ္
ကေလးေလးဝမ္းနည္းေနတာလား ကိုကို႔အျပစ္ပါေနာ္ ကိုကိုနဲ႕ၿခံထဲမွာစေတာ္ဘယ္ရီေတြသြားခူးစားၾကမယ္ေလ မငိုနဲ႕ေတာ့လိမၼာတယ္”

“တကယ္လား အင့္”

“တကယ္တကယ္ မငိုနဲ႕ေတာ့ေနာ္ ကေလးေမာေနမွာေပါ့”

“အင့္..အဟင့္”

ရွိုက္ေနတာမို႔သူ႕မွာသနားရျပန္သည္။အမွန္တကယ္ကိုငိုၿပီး ေမာသြားရွာတာ။ကေလးေလးတစ္ျခားေတြးစရာေတြမ်ားရွိေနသလားမသိ။စိတ္ေတြတအားႏုကာ ငိုေနရတာခဏခဏ။

“သြားၾကမယ္ေနာ္”

“ကိုကိုကဒီအတိုင္းသြားမွာလား”

ရင္ဘတ္ဟၿပဲ Bath robe ကိုကိုင္ကာေမးလာမို႔..

“ဘာမွမျဖစ္ပါဘူးငယ္ရဲ႕ ကိုယ့္ၿခံထဲသက္ေတာ္ေစာင့္ေတြကလြဲ ဘယ္သူမွမရွိဘူး”

“ကိုကိုသန္မာေၾကာင္းသူတို႔ကိုသိေစခ်င္လို႔ အဝတ္မလဲတာမလား”

“သူတို႔သိၿပီးသားေလငယ္”

“အဲ့တာဆိုငယ္ငယ္က သူတို႔ရဲ႕ေနာက္မွသိတာေပါ့ ကိုကိုကသူတို႔ကိုပိုခ်စ္တာေပါ့”

“အဲ့လိုမဟုတ္ဘူးေလငယ္ရယ္ သူတို႔ကကိုကို႔တပည့္ေတြေလခ်စ္စရာမွမလိုတာ ငယ္ကက်ေတာ့ကိုယ့္အသည္းတစ္ျခမ္းေလးေလ”

“အသည္းတစ္ျခမ္းဆိုေတာ့ က်န္တဲ့အျခမ္းကဘယ္မွာလဲ”

“ဟမ္”

“ကိုကိုအသစ္ေတြ႕ေနတာမလား အီးးးးးး ဒါမွမဟုတ္ငယ္ငယ္ကမွဒုတိယလား”

“ေပါက္ကရေတြကေလးရယ္ ကိုကို႔မွာငယ္တစ္ေယာက္တည္းပဲရွိတာပါ”

“အဲ့တာဆိုဘာလို႔အသည္းတစ္ျခမ္းပဲေပးတာလဲ က်န္တဲ့အျခမ္းကိုဘာလို႔သိမ္းထားတာလဲ”

“ကိုကိုကတင္စားတာပါကြာ အသည္းႏွလုံးေက်ာက္ကပ္ အူကလီစာ အကုန္ငယ္ပိုင္တာ”

“အဲ့တာေတြကဘာလုပ္ရမွာလဲ ငယ္ငယ္ကခ်က္စားရမွာလား “

“ငယ္စားခ်င္ရင္ေပးမွာေပါ့”

“ေတြ႕လားေတြ႕လားလူကို႐ြဲ႕ေနတာ သိလိုက္ပါၿပီေနာ္ ကိုကိုကငယ့္ကိုမခ်စ္ေတာ့ပါဘူး ေနာင္းညိုအိမ္မွာသြားျပန္ေနေတာ့မယ္ ျပန္လိုက္ပို႔ေတာ့”

“ငယ္ကကြာ”

“အဲ့မွာေလ စိတ္မရွည္သံႀကီးနဲ႕”

“ကိုကိုကငယ့္တစ္ေယာက္တည္းအေပၚပဲစိတ္ရွည္တာ လူတိုင္းသိပါတယ္ကြာ”

“ဘာလဲတစ္ျခားလူအေပၚရွည္ခ်င္ေသးလို႔လား”

“ဟင့္အင္း ငယ္ငယ္ကလြဲဖြဲနဲ႕ဆန္ကြဲ”

“အဲ့တာဆိုအဝတ္စားလဲေတာ့ ၿခံထဲသြားမယ္”

“ကေလးလဲေပးမွာလား”

“ငယ္ငယ္မလဲေတာ့ဘယ္သူ႕ကိုလဲခိုင္းခ်င္ေနတာလဲ”

“ဘယ္သူ႕မွမခိုင္းပါဘူးကြာ ကေလးမလုပ္ေပးရင္ ကိုကိုကိုယ္တိုင္လုပ္မွာေပါ့”

“အဲ့ေတာ့ေျပာခ်င္တာက ငယ္ငယ့္ကိုမလိုဘူးေပါ့”

“ဟားဟားဟား ကေလးေလးကကြာခ်စ္စရာေကာင္းေအာင္ရစ္တတ္တယ္ ကေလးေလးသေဘာရွိအတိုင္းပါဗ်ာ ကိုကို႔တစ္ကိုယ္လုံးကေလးအပိုင္”

“အဲ့တာဆိုကုတင္ေပၚတင္ေပး”

“Okဗ်ာ”

ကုတင္ေပၚတင္ေပးကာ ဝတ္မယ့္အဝတ္ေတြသူ႕ေရွ႕ယူလာေတာ့မ်က္ေစာင္းထိုးလာေလသည္။

“ကိုကိုညစ္ပတ္ ေဘာင္းဘီအရင္သြားလဲေလ ငယ္ငယ္ကအကၤ်ီပဲဝတ္ေပးေနက်ဟာကို”

“ကိုကို႔တစ္ကိုယ္လုံးငယ့္ကိုအပိုင္ေပးထားတာေလဗ်ာ ငယ္တာဝန္ယူေပးရမွာေပါ့”

“ကိုကို႔”

“စတာ ကိုကိုကစတာ အခုသြားဝတ္လိုက္မယ္ေနာ္”

ကုတင္ေပၚကေကာက္စိန္ေလးကိုအသည္းယားေနေပမယ့္ ေဘာင္းဘီအရင္သြားဝတ္ရသည္။ၿပီးမွ ဝတ္ရမယ့္အကၤ်ီယူကာသူ႕ေရွ႕သြားရပ္ေတာ့ မေက်မနပ္ေလးမ်က္ေစာင္းထိုးၾကည့္လာေသးသည္။

ယခုတစ္ေလာအသားအရည္ေလးကပိုႏုနယ္လာသလိုခံစားရတာမို႔ သူ႕မွာမထိရက္မကိုင္ရက္။ဖယ္ရိုမုန္းနံ႕ေလးေတြကလည္းသိပ္မတည္ၿငိမ္ခ်င္၍ သူ႕မွာမ်က္စိေအာက္ကေတာင္အေပ်ာက္မခံရဲ။

ေတာ္ေသးသည္ ေက်ာက္စက္ႏွင့္အတူ ပင္ထေနာင္းညိုကပါသူ႕အလုပ္ေတြဝိုင္းလုပ္ေပးေနလို႔။သူ႕သူငယ္ခ်င္းကကိုယ့္အေပၚဆိုးကာ အလုပ္ေတြလစ္ဟင္းေနရသည္မို႔ သူကေစတနာပါပါလာကူေပးေနျခင္းသာ။

ၾကယ္သီးေတြဂ႐ုတစိုက္တပ္ေပးေနသူက သိပ္ေတာ့စိတ္မရွည္ပုံ မ်က္ေမွာင္ေလးတြန့္ေကြးကာ ႏႈတ္ခမ္းေလးစုခြၽန္ေနတာၾကည့္။မ်က္ခုံးတန္းေလးကိုလက္ေလးႏွင့္အသာေျဖေပးေတာ့ ေမာ့ၾကည့္လာေလသည္။

“မ်က္ေမွာင္ႀကီးက်ဳံ႕ေနလို႔ေလကေလးရဲ႕ ဘာေတြအလိုမက်ေနတာလဲကိုကို႔ကိုေျပာ”

“အျပင္သြားလည္ခ်င္တယ္”

စိတ္အေျပာင္းလဲကလည္းျမန္ပါ့။ခုနၿခံထဲဆင္းမည္ ခုအျပင္သြားခ်င္ပါသည္တဲ့။

“ဘယ္ကိုသြားခ်င္ေနတာလဲေျပာလိုက္ပို႔မွာေပါ့”

“အြန္…..ကိုကို႔ညီပိုင္တဲ့ေဆး႐ုံနားကစားေသာက္ဆိုင္မွာ မုန့္သြားစားခ်င္တယ္”

“ဟုတ္ၿပီဗ်ာ ျဖစ္ေစရမယ္ အဝတ္စားလဲအုံးမလား”

“လဲရမွာေပါ့ ကိုကိုက်ေတာ့ပဲမ်ားေနၿပီးေတာ့ ငယ္ငယ္ကPajamaႀကီးနဲ႕သြားရမွာလား ဘာလဲကိုကိုအသစ္ရွာခ်င္ေနတာလား”

“မဟုတ္တာကေလးရာ တစ္ေလာကလုံးေပးမယ္ဆိုရင္ေတာင္ ငယ္နဲ႕မလဲနိုင္ေအာင္အထိကိုကိုကငယ့္ကိုျမတ္နိုးတာ”

“ဟြန့္ အဝတ္လဲေပး ဒီေန႕အျဖဴေရာင္ေလးဝတ္မွာ”

“ဟုတ္ပါၿပီဗ်ာ ကေလးအလိုေတာ္က်ပါပဲ”

သူေလးသေဘာက်အဝတ္ေ႐ြးကာကိုယ္တိုင္ဝတ္ေပးရသည္။မနက္စာဆိုင္မွာစားမွာမလို႔အိမ္ကတည္းကလွမ္းဖုန္းဆက္ထားရသည္။ဆိုင္ေရာက္မွထိုင္ေစာင့္ေနရရင္ကေလးေလးဗိုက္ဆာေနအုံးမည္။

စားေသာက္ၿပီးေတာ့ေဆး႐ုံဆီသြားခ်င္ပါသတဲ့။Horizonမရွိခင္သြားလည္ေနက်မိဳ႕ဆရာဝန္ေလးေတြနဲ႕ခင္ေနတာေၾကာင့္သူေလးသြားခ်င္ေနတာ။ဟိုေရာက္ေတာ့သူကHorizonႏွင့္ေတြ႕တုန္း သူငယ္ခ်င္းေတြဆီဆိုၿပီးထြက္သြားေလသည္။

သက္ေတာ္ေစာင့္ေတြလည္းပါသလို Horizonပိုင္သည့္ေဆး႐ုံလည္းျဖစ္တာမို႔ သိပ္မတင္းၾကပ္မိ။သူေလးစိတ္ခ်မ္းသာေစဖို႔ ေျပာသမွ်ေခါင္းသာညိတ္မိသည္။

“မုတ္သုံ ငယ္ငယ္လာလည္တာ”

တံခါးေလးဟကာေခါင္းလွ်ိုဝင္လာၿပီးေျပာပုံက ကေလးေတြကစားေနသလို။

“ေဟာဗ်ာ ဒီေကာင္ေလး တစ္ေယာက္တည္းလား”

သူေခါင္းေမာ့ၾကည့္ကာ အံ့ဩသလိုေမးလာမွအထဲဝင္လာကာ တံခါးlockခ်ေလသည္။

“ကိုကိုပါတယ္ ကိုဝိုင္းနဲ႕စကားေျပာေနခဲ့တာ ငယ္ငယ္ကသိခ်င္တာေလးရွိလို႔ မုတ္သုံဆီေရာက္လာတာ”

“ကဲထိုင္ ဆိုဗ်ာဘာသိခ်င္တာလဲ”

အခန္းထဲသူတို႔ႏွစ္ေယာက္တည္းမို႔လြတ္လြတ္လပ္လပ္သာ။မ်က္ႏွာခ်င္းဆိုင္ခုံမွာဝင္ထိုင္လိုက္ၿပီး ေျပာစရာစကားသာရွာရသည္။

“မုတ္သုံတစ္ေယာက္တည္းလား”

“ဟုတ္ပဗ်ာ က်န္တဲ့သူေတြက Roundလွည့္ကုန္ၿပီ ကိုယ္ကဒီေန႕ကိစၥေလးေတြရွိေသးလို႔မလိုက္ျဖစ္ဘဲေနခဲ့တာ”

“အလုပ္ရႈပ္ေနတာလားဟင္ ငယ္ငယ္ေၾကာင့္အႏွောက္ယွက္မ်ားျဖစ္သြားလား”

“မျဖစ္ပါဘူးဗ်ာ လုပ္စရာက အခုေလးတင္ၿပီးသြားတာ”

“ေတာ္ေသးတာေပါ့ ငယ္ငယ္ကႏွောင့္ယွက္မိမွာစိုးလို႔”

“လျခမ္းသာဆို ႏွောင့္ယွက္ပိုင္ခြင့္အျပည့္ရွိပါတယ္ဗ်ာ”

“ဟီးဟီး”

“ကဲ …လာရင္းကိစၥေလးေျပာပါအုံး ဘာသိခ်င္လို႔လဲ”

“ဟိုေလ…အဲ့တာက”

ဆက္ေျပာရခက္သလို စကားကိုခဏရပ္ကာၿပီးမွအရဲစြန့္မိသည္။

“ငယ္ငယ့္မွာကိုယ္ဝန္ရွိေနလားသိခ်င္လို႔”

“ဗုေဒၶါ တကယ္ႀကီးလား”

သူအံ့ဩတႀကီးမို႔အသံက်ယ္သြားမိသည္။
ကာယကံရွင္ေလးကေတာ့မ်က္ႏွာေလးနီလို႔။

“ရႉး တိုးတိုး မေသခ်ာေသးဘူး ငယ္ငယ္ကေသခ်ာေအာင္လာစစ္တာ”

“အရမ္းမိုက္တာပဲဗ်ာ တကယ္သာဆိုလို႔ကေတာ့Alphaႀကီးက အိမ္တြင္းပုန္းေတာ့မွာျမင္ေယာင္ေနေသးတယ္”

“ကိုကို႔ကိုေပးမသိေသးပါနဲ႕ေနာ္ ငယ္ငယ္ကေသခ်ာမွေျပာျပခ်င္တာ”

“ဟုတ္ၿပီ ကိုယ့္ကိုယုံလိုက္ လာအခုစစ္ေပးမယ္”

ဆီးအရင္စစ္မည္ဆိုေသာေၾကာင့္ သူ႕မွာကတုန္ကယင္ေတြေတာင္ျဖစ္သည္။တကယ္ရွိေစခ်င္သည့္စိတ္ဟာလည္းရင္ထဲမွာအလုံးအရင္း။ခဏေစာင့္အၿပီးသူမၾကည့္ရဲတာမို႔ မုတ္သုံကိုသာၾကည့္ခိုင္းရသည္။

“ဝိုးးးး Congratulation ဗ်ာ”

ဂုဏ္ယူဟန္မ်က္ႏွာထားနဲ႕ ၿပဳံးျပလာတာမို႔ သူ႕မွာသိပ္မယုံရဲ။

“တကယ္ တကယ္ႀကီးလား”

“ဟုတ္ပါ့ဗ်ာ”

“အီးးးးးးးးး”

“ဟာမငိုပါနဲ႕ဗ်ာ ေတာ္ၾကာပိုင္ရွင္ႀကီးေရာက္လာရင္ ကိုယ္အလုပ္ျပဳတ္လိမ့္မယ္ဗ်”

“ငယ္ငယ္ကေပ်ာ္လို႔”

“သိပါတယ္ဗ်ာ ကဲမ်က္ရည္ေတြသုတ္လိုက္အုံး သတင္းေကာင္းေလးသြားပါးရေအာင္”

“ဟင့္အင္း ငယ္ငယ္ကsupriseတိုက္ခ်င္တာ အဲ့တာေၾကာင့္မုတ္သုံလည္းဘယ္သူ႕ကိုမွမေျပာနဲ႕ေလေနာ္ ငယ္ငယ္အကူအညီေတာင္းတာပါ”

“okဗ်ာ စိတ္သာခ်လိဳက္ ဒါေပမယ့္ ေန႕လည္စာကိုေတာ့လိုက္ေကြၽးရမယ္ေနာ္”

“ေကြၽးမယ္ ေကြၽးမယ္ ငယ္ငယ္ကတိေပးတယ္”

“ဟုတ္ပါၿပီဗ်ာ ကဲအရမ္းေတြ႕ခ်င္ေနတဲ့သူကိုသြားေတြ႕လိုက္ပါအုံး”

“ေက်းဇူးတင္ပါတယ္ ငယ္ငယ္သြားၿပီေနာ္”

“ok”

အလွ်င္စလိုထြက္ခြာသြားတဲ့ေက်ာျပင္ေလးကိုၾကည့္ၿပီး သူၿပဳံးမိသြားသည္။ကေလးကကေလးျပန္ထိန္းရေတာ့မွာကိုေတြးၾကည့္မိေတာ့ သူသေဘာတက်ရယ္မိသြားရသည္။

“လျခမ္းကေတာ့ကြာ”

ေျပးထြက္လာခဲ့ၿပီးမွသတိရကာအရွိန္ေလွ်ာ့ရသည္။အခုသူကတစ္ေယာက္တည္းမဟုတ္ေတာ့ဘူးေလ ကိုယ္ပြားေလးလည္းရွိေနၿပီ။

ကိုကို႔ဆီေရာက္ေတာ့ေပါင္ေပၚတန္းဝင္ေခြပစ္သည္။

“ကေလးေလး ဘာေတြေပ်ာ္စရာေတြ႕လာတာလဲ”

“ညက်ရင္ကိုကို႔ကိုေျပာျပမယ္”

“အခုေျပာလို႔မရဘူးေပါ့”

“ရဘူး”

“ဟုတ္ပါၿပီဗ်ာ”

“ကိုကို႔”

“ဗ်ာ”

“ေန႕လည္စာကိုမနက္ကစားတဲ့ဆိုင္မွာစားၾကမယ္ေနာ္”

“သေဘာ”

“ေဆး႐ုံကလူေတြကိုေရာေခၚသြားမယ္ေနာ္ အမ်ားႀကီးဆိုေတာ့ပိုစားလို႔ေကာင္းတယ္ေလေနာ္”

“ငယ္ေပ်ာ္သလိုလုပ္ပိုင္ခြင့္ရွိတယ္”

“အဲ့တာဆိုသြားေျပာခိုင္းလိုက္ေတာ့ေလ ထမင္းသြားစားၾကရေအာင္ ၿပီးရင္အိမ္ျပန္ခ်င္ၿပီ”

“ကိုကိုသြားေျပာခိုင္းလိုက္မယ္ေနာ္”

“ဟုတ္”

သူေလးသေဘာက် အလုပ္နားခ်ိန္ႏွင့္တိုးသည့္လူအားလုံးေခၚၿပီး စားေသာက္ဆိုင္သို႔ခ်ီတက္ျဖစ္သည္။သူ႕ကေလးေလးကေလစိတ္အေျပာင္းအလဲကလည္းျမန္ေသးသည္။မနက္ေစာေစာတုန္းကစိတ္ေတြမၾကည္သေလာက္ ခုက်ေတာ့လည္းသေဘာတက်ရယ္ေနတာမ်ား မ်က္လုံးေလးေတြေတာင္ျပန္ပြင့္မလာေတာ့။

သူ႕လက္ေမာင္းကိုဆြဲဖက္ထားတာကိုလည္းမျဖဳတ္။ေဘးကလူေတြသတိထားမိလို႔ စေနာက္လာတာကိုေတာင္သူေလးကျပန္ရယ္ျပေနေသးသည္။

“ကိုကို toilet ခဏသြားမလို႔”

“လာ လိုက္ပို႔မယ္”

“ဟုတ္”

ႏွစ္ေယာက္သားအိမ္သာဆီထြက္ခဲ့ကာ သူကအျပင္မွာေစာင့္က်န္ခဲ့ေလသည္။

အထဲမွာရွိေနတာက မုတ္သုံႏွင့္အရင္တစ္ခါေတြ႕မိတဲ့ Omegaေလး။

“အယ္ လျခမ္း”

“မုတ္သုံ ဒီတစ္ေယာက္က”

“အရင္တစ္ခါလျခမ္းေတြ႕ခဲ့တဲ့တစ္ေယာက္ေလ ကိုယ့္လူနာ သူကဒီဆိုင္ပိုင္ရွင္”

“ဟုတ္ကဲ့ ကြၽန္ေတာ္ကလျခမ္းငယ္ငယ္ပါ”

“ကိုသမုဒၵရာရဲ႕အခ်စ္ကေလးဆိုတာထင္တယ္”

မ်က္ဝန္းေတြေဖ်ာ့ေတာ့စြာ ပုံမွန္အတိုင္းဆိုလာသူကို ငယ္ငယ့္စိတ္ထဲတစ္မ်ိဳးျဖစ္လာသည္။ဘာေၾကာင့္မွန္းမသိ တစ္ခုခုျဖစ္လာေတာ့မလိုမ်ိဳး။

“အာ “

“အေတာ္ပဲ သူ႕အတြက္ေပးစရာေလးရွိလို႔”

“ကိုကို႔အသိလား”

“ဆိုပါေတာ့”

“ဘာေပးမွာလဲဟင္”

“ဒါေလး”

ေျပာရင္း ေနာက္မွပါးစပ္အားပုဝါႏွင့္အုပ္ပစ္တာခံရေလသည္။သူကေတာ့မဲ့ၿပဳံးၿပဳံးကာၾကည့္ေနၿပီး သူ႕ေနာက္ကလူကိုအခ်က္ျပသည္။

မုတ္သုံေနာက္မွာပါလူတစ္ေယာက္ေရာက္လာၿပီး သူႏွင့္အတူေမ့ေဆးေပးခံလိုက္ရသည္ကို မႈန္ဝါးဝါးျမင္လိုက္ရေလသည္။

သူအသိေတြေပ်ာက္ကြယ္မသြားခင္ ကိုကို႔ကိုသာအႀကိမ္ႀကိမ္တမိသည္။ၿပီးေတာ့သူ႕ရင္ေသြးေလး။သူတစ္ခုခုျဖစ္လို႔မရဘူး ကိုကို႔ကိုကေလးေလးရွိေနေၾကာင္းမေျပာရေသးဘူး။

အေမွာင္က်သြားတဲ့သိစိတ္ေတြေနာက္ သူ႕မွာကိုကို႔ကိုေခၚဖို႔ေတာင္အားမရွိေတာ့။ခ်စ္တဲ့အေၾကာင္းေတြေတာင္မေျပာရေသးခင္ မခြဲခ်င္ေသးဘူးကိုကို………….

################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၉, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၉, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၉ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၉ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၉ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၉ light novel, ,

Comment

Leave a Reply

Chapter 40