Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၀

A+ A-

ခဏကြာသည်အထိ ထွက်မလာသေးတဲ့ကလေးကြောင့် သူလိုက်ဝင်ဖို့ပြင်တော့ Phone callတစ်ခုဝင်လာလေသည်။သူ့ကိုယ်ပိုင်ဖုန်းနံပါတ်ကိုဆက်လာတာမို့ လုပ်ငန်းပါတနာတွေတော့မဖြစ်နိုင်။

“ဟဲလို”

“ကိုသမုဒ္ဒရာဟုတ်”

“ဟုတ်ပါတယ် ဘယ်သူလဲ”

“ပြောပြလည်းသိမှာမဟုတ်လို့မပြောပြတော့ပါဘူး”

လှောင်ရယ်သံပါနေတဲ့စကားလုံးတွေကသူ့မျက်ခုံးတွေကိုတွန့်ချိုးစေသည်။မသိရင်တစ်ခုခုဖြစ်လာတော့မလိုခံစားချက်ကြီး။

“ဘာကိစ္စနဲ့ဖုန်းဆက်လာတာလဲ တမင်သက်သက်အနှောင့်အယှက်ပေးလာတာဆို မင်းသတ္တိသိပ်ကောင်းနေတာပဲ”

“အိုးးးးငါကမကြောက်တတ်ဘူး ငါ့မှာဆုံးရှူံးစရာဘာမှမရှိတော့လို့ ဒါပေမယ့်ခင်ဗျားမှာတော့မတူဘူးလေ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့အသက်သွေးကြောလေးကကျုပ်ဆီမှာ”

အနိုင်ပိုင်းခံလိုက်ရတဲ့စကားလုံးတွေကို သူမယုံသေး။မယုံချင်တာဆိုပိုမှန်မည်။ကန့်သတ်ထားတာတွေဘာတွေမသိ Toilet ထဲကိုဝင်ရှာမိသည်။

“မင်းဘာစောက်စကားတွေပြောနေတာလဲ”

“သူ့ကိုတစ်ခါထဲနှုတ်ဆက်လိုက်တော့နော် ဘိုင့်ဘိုင် ဪဒါနဲ့ မုတ်သုံလေညှင်းကိုပါအဆစ်ဖမ်းခေါ်သွားတဲ့အကြောင်းလေးပြောခဲ့တယ်နော်”

“မင်းး ဟဲလို ဖုန်းမချနဲ့”

သူဒေါသတကြီး အခန်းတွေထဲဝင်ကြည့်တော့အရိပ်လေးတောင်မမြင်ရသူကြောင့်ပိုဒေါသထွက်ရသည်။

ထမင်းစားနေသူတွေဆီအမြန်ပြေးထွက်ကာသူ့လူတွေကိုအမိန့်ပေးတော့မှအားလုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။

“ကိုCean ဘာဖြစ်တာလဲ”

“လခြမ်းကိုပြန်ပေးဆွဲသွားတယ် မုတ်သုံလေညှင်းကောပဲ… တောက် ..ငါကွာ”

“ဘယ်လို”

“ဘယ်လိုဖြစ်ရတာလဲ”

“မသိဘူး ငါအခန်းရှေ့စောင့်နေရက်နဲ့ဘယ်အပေါက်ကနေဆွဲခေါ်သွားလည်းမသိဘူး ဒီတစ်ဆိုင်လုံးရဲ့CCTVတွေအကုန်စစ် လမ်းကြားတွေရောစစ် လူအင်အားထပ်ခေါ်”

“ကိုCean စိတ်အေးအေးထား Geoကိုလှမ်းခေါ်လိုက်မယ်”

စိုးရိမ်စိတ်တွေကြောင့်ဘာမှမတွေးနိုင်ဖြစ်နေတုန်း Horizonပြောမှသတိရမိသည်။

“Geo ဟုတ်တယ် လခြမ်းမှာခြေရာခံစက်ရှိတယ်”

သူပြောရင်းကားဆီပြန်ပြေးသည်။ကားပေါ်ရောက်မှသူ့ဖုန်းကိုဖွင့်ကာ locationကိုဖွင့်သည်။လခြမ်းကိုပေးခဲ့တဲ့ခြေကျင်းမှာ ခြေရာခံစက်ပါသလို နာရီမှာလည်း…

“One ဒီအတိုင်းလိုက်မောင်းသွား”

“ဟုတ်ကဲ့ Boss”

locationကိုသက်တော်စောင့်ဆီပေးရင်း သူအိတ်ကပ်ထဲကနားကြပ်ကို နားမှာတပ်လိုက်သည်။ပြီးတော့အ​ခု​လေးတင် ခေါ်ခဲ့တဲ့ဖုန်းကိုပြန်ခေါ်သည်။ဟိုဘက်ကမကိုင်သည့်အပြင်စက်ပါပိတ်ထားသည်။

တည်နေရာကိုကြည့်တော့ သူတို့နဲ့တော်တော်လှမ်းလှမ်းမှာ အစကတည်းကကြိုတင်ကြံစည်ထားသည့်ပုံ။တစ်ဖြည်းဖြည်းနှင့်မြို့စွန်ဘက် ဆောက်လက်စကွန်ဒိုတွေဘက်သွားနေတာမို့သူပိုစိတ်ပူလာရသည်။ဒီနေရာကအရင်ငယ်ငယ်နေခဲ့တဲ့ဘက်။

Geoဆီဖုန်းဆက်တော့ဖုန်းကမအား။Horizonနှင့်ပြောနေတာဖြစ်မည်။သူ့လက်တွေမသိမသာတုန်ယင်နေတာက အခြေနေတစ်ခုခုမှားယွင်းသွားမှာစိုးလို့။ကြောက်တတ်တဲ့ကလေးလေးငိုနေရှာမလားမသိ။နားကြပ်ကိုဖွဖွဖိရင်းတိတ်ဆိတ်နေမှုကိုသည်းခံနေရသည်။

တစ်နာရီခန့်ကြာတော့ ဟိုဘက်ကအချက်ပြမှုကတည်ငြိမ်သွားပြီ။နေရာကိုကြည့်လိုက်တော့မှသူအံကြိတ်မိသည်။သူ့ကိုသစ္စာဖောက်သွားသည့်ဟိုကောင်ပိုင်တဲ့နေရာ။ဒါဆိုအခုငယ်ငယ့်ကိုဖမ်းခေါ်သွားတဲ့သူက သူ့ရဲ့Omegaဆိုတာလေးနေမှာ။ဒီလိုမှန်းသိအဲ့ကတည်းကတစ်ခါတည်းသတ်ပစ်ခဲ့ပါတယ်။

ဖုန်းတစ်ခုဝင်လာတာမို့ကြည့်လိုက်တော့ Geo။

“အေး”

“ကျွန်တော်သူတို့ရောက်နေတဲ့နေရာနားမှာ ကိုCean ဒါပေမယ့်အထဲဝင်လို့အဆင်မပြေဘူး”

“ဘာလို့လဲ”

“ပြန်ပေးဆွဲပေးတဲ့Alphaလေးယောက်က လူတွေအထဲပို့ပြီးတာနဲ့ပြန်ထွက်လာတာ သူတို့ကိုဖမ်းမိထားတယ် သူတို့ပြောပုံအရအိမ်ပတ်ချာလည်မှာ ဗုံးတွေထောင်ထားတယ် အခန့်မသင့်ရင်အထဲကလူတွေအတွက်အန္တရာယ်ရှိတယ် ကျွန်တော့်အထင်သူကသူကိုယ်တိုင်ပါအသေခံဖို့အတွက်အားလုံးပြင်ထားတာထင်တယ် အဲ့တာကြောင့်ကျွန်တော်တို့သေချာဂရုစိုက်ရမယ်”

“ငယ်ငယ်ကသူတို့လက်ထဲမှာ ​သူကအရမ်းကြောက်တတ်တာ”

ဒေါသတွေထွက်နေသလို ကလေးကိုလည်းစိတ်ပူနေတာမို့ သူ့အသံကဒေါသသံတစ်ဝက် မချိတင်ကဲသံတစ်ဝက်။

“ကျွန်တော်သိတယ် သူတို့ပြောတာကတော့ နှစ်ယောက်လုံးကိုမေ့ဆေးပေးထားတာမို့သတိမေ့နေတုန်းပဲတဲ့ ဟိုတစ်ယောက်ကလည်းအလျှင်လို​နေတဲ့ပုံမပေါက်တာမို့ အချိန်နည်းနည်းလောက်တော့ရမယ်လို့ပြောတယ် အဲ့တာကြောင့်ပိုဂရုစိုက်ရမှာ”

“ဖမ်းမိထားတဲ့လူတွေကရော”

“ကျွန်တော့်လက်ထဲမှာ ကိုCeanရောက်တော့မှာလား”

locationကိုတစ်ချက်ပြန်ကြည့်တော့သိပ်မဝေးတော့။

“နောက်ထပ်၁၀မိနစ်လောက်ဆိုရောက်ပြီ”

ဖုန်းချပြီးသူအံကိုတင်းတင်းကြိတ်ထားမိသည်။သူပေါ့ဆလိုက်မိတာ။

ဟိုရောက်တော့ ငယ်ငယ်ဖမ်းခေါ်ခံထားရတဲ့နေရာနှင့်သိပ်မဝေးတဲ့ ဆောက်လက်စကွန်ဒိုတစ်ခုထဲမှာ။ဖမ်းခံထားရတဲ့ Alphaလေးယောက်ကလက်ပြန်ကြိုးတုပ်ခံထားရကာမြေပြင်ပေါ်တုံးလုံးပက်လက်။

သူအရှိန်နှင့်ပြေးသွားပြီးလှိမ့်ကန်ပစ်တော့ အရိုးကျိုးသံတွေသာထွက်လာကာ ပါးစပ်ပိတ်ထားတာမို့အော်သံထွက်မလာ။Alphaတစ်ယောက်ကိုဂုတ်ကဆွဲကာ ပါးစပ်မှတိပ်အားခွာပေးလိုက်သည်။

“ပြော ဘယ်သူကခိုင်းတာလဲ”

“အဟွတ် အဟွတ် ကျွန်တော်တို့လည်းမသိပါဘူး သာမာန်Omegaလေးတစ်ယောက်ပါ”

“ငါ့အပိုင်ကိုတောင်ထိရဲတဲ့အထိ မင်းတို့ကသတ္တိတော်တော်ရှိနေတာပဲ”

ဖယ်ရိုမုန်းတွေကရန်လိုနေသလို လူကိုယ်တိုင်ကလည်းဒေါသထွက်နေတဲ့ကျားရိုင်းတစ်ကောင်လိုမို့ လူမိုက်တွေအကုန် တုတ်တုတ်တောင်မလှုပ်ရဲ။

“တကယ်မသိခဲ့ပါဘူးဗျာ အဟွတ် ….သူကဒီအတိုင်းသူပြောတဲ့သူကိုမေ့ဆေးပေးပြီး ဒီနေရာဆီသယ်လာပေးရုံပဲလို့ပြောတာပါ …ကိုသမုဒ္ဒရာအပိုင်မှန်းတကယ်မသိခဲ့တာပါဗျာ”

“ပြော ….ဘယ်လိုခေါ်လာခဲ့တာလဲ”

“အဲ့ဒီဆိုင်ကသူပိုင်တာပါ ပြီးတော့သူအစီအစဥ်ဆွဲနေတာကလည်းကြာပြီ အဲ့တာကြောင့်အလွယ်တကူခေါ်ထုတ်လာနိုင်ခဲ့တာ အဟွတ်”

“အထဲကအခြေနေကရော”

“အိမ်အနီးတစ်ဝိုက်လုံး ချိန်ကိုက်ဗုံးတွေထောင်ထားတယ် အထဲမှာရောပဲ သူကသူကိုယ်တိုင်အသေခံဖို့ပါတွေးထားတာ အဟွတ်…. ပြီးတော့သူ့ကြည့်ရတာစိတ်သိပ်မှန်ပုံမရဘူး အစကတစ်​ယောက်တည်းပဲဖမ်းပေးခိုင်းတာ နောက်မှအစီအစဥ်ပြောင်းပြီးဆရာဝန်လေးကိုပါဖမ်းခိုင်းတာ”

“ကျစ်”

လူကိုစောင့်လွှတ်ချပြီး ဘေးကအုတ်ခဲကျိုးကိုပစ်ကန်ပစ်မိသည်။

“ဘယ်လိုဆက်လုပ်မလဲကိုCean”

“ဗုံးရှင်းလင်းဖို့အရင်လုပ် ဟိုဘက်ကသတိမထားမိဖို့လည်းလိုတာမလို့ ကျွမ်းကျင်တဲ့သူတွေကိုရွေးလိုက် ငါကိုယ်တိုင်လည်းသွားမယ်”

“ကိုCean မသွားပါနဲ့လား”

“ငါ့အိမ်သားတစ်ယောက်လုံးအဖမ်းခံထားရတာ ငါအေးဆေးထိုင်စောင့်မနေနိုင်ဘူးကွ”

ညီဖြစ်သူမို့ဒေါသမထွက်နိုင်ပေမယ့် စကားတွေကိုထိန်းမရနိုင်။

“ကျွန်တော်နားလည်ပါတယ် အရင်ဆုံးအနေနဲ့ကိုCeanစိတ်အေးအေးထား ကျွန်တော်တို့သေချာတိုင်ပင်ဖို့လိုတယ်”

“ကျစ်….. တောက်”

မချင့်မရဲ စုပ်သတ်ကာတောက်ပါခေါက်လိုက်မိသည်။သူအဲ့လောက်တောင်အသုံးမကျမှန်းသိရလို့ ဒေါသထွက်လို့မဆုံး။

“ကျွီ”

အနက်ရောင်ပြိုင်ကားကအရှိန်နှင့်မောင်းလာပြီး သူတို့နှင့်မလှမ်းမကမ်းမှာထိုးရပ်လာလေသည်။ကားပေါ်ကသွေးရူးသွေးတန်းပြေးဆင်းလာတဲ့သုံးယောက်က ပင်ထနောင်းညိုတို့။နောက်ကကားပေါ်မှဆင်းလာတာက ကျောက်စက်နေရောင်။

“ပြော လခြမ်းကခုဘယ်မှာလဲ ဘာလို့သွားမကယ်သေးတာလဲ”

ဒေါသတကြီးမေးလာတဲ့နောင်းညိုက မေးရိုးတွေထောင်နေသည်အထိဒေါသထွက်နေတာ။နောက်ကတိမ်ငွေ့ကစကားပြောမလာပေမဲ့အရှိန်အဝါကလန့်လောက်စရာ။ဆောင်းစက်ရိပ်ခိုကတော့ စိုးရိမ်တကြီးသာကြည့်နေလေသည်။

“ရှင်းပြလိုက် Geo”

သူတို့ကိုGeoရှင်းပြနေတုန်း Horizonဆီဖုန်းခေါ်သည်။

“ကိုCean အခြေနေ”

“ဝင်လို့မရသေးဘူး မင်းဘက်ကဆေးအဖွဲ့ကိုအသင့်ပြင်ထားပြီး ငါတို့ရှိတဲ့ဘက်ကိုလာခဲ့ ခြံထဲကအဆောက်အအုံကိုလည်းမင်းရဲ့ဆရာဝန်အဖွဲ့ကိုလွှတ်ထား လိုအပ်မယ်ထင်သမျှအကုန်ယူခဲ့ ပြီးတော့ငယ်ငယ့်သွေးစစ်ထားတဲ့အဖြေတွေရှိတယ်မလား လိုရမယ်ရ သွေးပါတစ်ခါတည်းပြင်ဆင်ထား ကားကိုလည်း ငါအရေးပေါ်သုံးတဲ့ကားကိုယူခဲ့”

“ဟုတ်ကဲ့ ကိုCean”

သူ့အသံကိုသဘောပေါက်သူက အခြေနေအသေးစိတ်ကိုမေးမလာ။သူဖုန်းချပြီးတော့Geoက နောက်ကအဖွဲ့ကိုရှင်းပြပြီးနေပြီ။

“မုတ်သုံလေညှင်းကဘာလို့ပါသွားရတာလဲ”

“မရည်ရွယ်ဘဲ ဖမ်းမိသွားတာဖြစ်မယ်”

“ခုဘယ်လိုလုပ်မလဲ”

“ဟိုဘက်ကအားလုံးပြင်ဆင်ထားပြီးသားမလို့ စိတ်အေးလက်အေးရှိနေမှာ ပြီးတော့Omegaတွေဖြစ်တဲ့အပြင်ဆေးလည်းပေးခံထားရတာမို့ သူမစိုးရိမ်လောက်ဘူး အဲ့တော့ငါတို့ကမသိမသာလှုပ်ရှားရမယ်”

“ငါတို့လိုက်လာတာသူသိပြီးလောက်ပြီမလား”

“သိပြီးသားပဲနေမှာ”

“ကျစ်”

“ok အစီစဥ်ဆွဲရအောင်”

အားလုံးခေါင်းတွေစုဝေးသွားပြီး အသံတွေတိတ်ဆိတ်ကုန်သည်။မုန်တိုင်းရှိ၍ထင် ကောင်းကင်ကြီးကမှိုင်းညှို့ညှို့။ရာသီဥတုနှင့်အပြိုင်အားလုံးမျက်နှာကမုန်တိုင်းရိပ်တွေနှင့်…..

……………

မူးဝေနေသည့်​ခေါင်းကြောင့်မျက်လုံးမဖွင့်နိုင်သေး။လက်တွေကိုလှုပ်ရှားလိုက်ချင်သော်လည်း တစ်ခုခုနှင့်ချည်နှောင်ခံထားရသည်ထင်။နာကျင်နေတဲ့ခါးကြောင့်လှုပ်ရှားလိုက်ချင်သော်လည်း စိတ်သွားတိုင်းကိုယ်မပါ။

ဖျတ်ခနဲသတိရမိတာက သူတစ်ယောက်တည်းမဟုတ်တော့ဘူးဆိုတဲ့အတွေး။သူ့မှာကိုကို့ရဲ့ရင်သွေးလေးရှိနေပြီ။မျက်လုံးတို့ကိုကြိုးစားဖွင့်တော့ မှုန်ပျပျအလင်းရောင်အောက် စီးကရက်သောက်နေသူကိုတွေ့သည်။

သူချက်ချင်းအသက်ရှူရပ်လိုက်မိတော့ ချောင်းဆိုးလာလေသည်။

“အဟွတ်အဟွတ်”

“အိုး နိုးလာပြီလား”

“အဟွတ် စီးကရက် စီးကရက်မသောက်ပါနဲ့လား အဟွတ်”

သူတောင်းပန်သလိုပြောတော့ အသက်မပါတဲ့မျက်ဝန်းထဲရယ်မြူးရိပ်တွေဖြင့် ခနဲ့လာလေသည်။

“စိတ်မကောင်းစရာဘဲ မင်းရဲ့အမိန့်တွေကိုနာခံမယ့်လူတွေထဲမှာ ငါမပါဘူးလခြမ်းငယ်ငယ်”

“တောင်းဆိုတာပါ အနူးအညွတ်တောင်းဆိုတာပါ အဟွတ် ကျေးဇူးပြုပြီးမသောက်လို့ရမလား”

“အိုး ဒူးထောက်ပြီးတောင်းဆိုကြည့်လေ စိတ်ပြောင်းသွားရင် မသောက်တော့ဘူး”

သူအားတင်းကာထလိုက်ပြီး ဒူးထောက်ဖို့ကြိုးစားမိသည်။သူကလေးလေးရဲ့မျက်နှာကိုမြင်ချင်သေးတယ်။ဒီအတိုင်းမသေချင်သေးဘူး။အခုချိန်အဆင်ပြေမှ ကိုကိုလာကယ်ရင်သူအသက်ရှင်မှာပေါ့။

သုံးကြိမ်မြောက်ပြိုလဲကျအပြီး ဒူးထောက်နိုင်သွားတော့ ကင်မရာမီးလက်လာသံကြားရသည်။

“ဟားဟားဟား သနားစရာကောင်းလိုက်တာ ဒီပုံကိုအဲ့လူသာမြင်ရင် ဘယ်လောက်ဒေါသထွက်နေမလဲလေ”

စကားအဆုံးစီးကရက်ကိုအောက်ချပြီး ဖိနပ်ထိပ်နှင့်နင်းခြေလိုက်လေသည်။ထို့နောက်တစ်လှမ်းချင်းလျှောက်လာတာကသူ့ရှေ့ဆီ။ခါးကိုင်းကာ သူ့မျက်နှာကိုဆွဲမော့လာပြီး စိတ္တဇဆန်ဆန်ပြုံးပြလာတာမို့ ကြက်သီးတွေဖြန်းခနဲ။

“အရမ်းကြောက်နေတာမလား မငိုသေးဘူးလား”

“ငယ်ငယ်ငိုရင် လွှတ်ပေးမှာလား”

“No သတ်ပစ်ဖို့ခေါ်လာတာလေ ဘာလို့လွှတ်ပေးရမှာလဲ”

“ငယ်ငယ့်မှာဘာအပြစ်ရှိလို့လဲ”

“သိပ်ရှိတာပေါ့ သမုဒ္ဒရာဆိုတဲ့လူရဲ့အချစ်ခံလေးဖြစ်နေတာကိုက အကြီးဆုံးအပြစ်ပဲလေ”

“ငယ်ငယ်မှအပြစ်မလုပ်ထားတာ”

“မင်းကသူ့အိမ်ထောင်ဖက်လေ အေးအတူပူအမျှမဟုတ်လား အဲ့တော့သူစိတ်ဆင်းရဲဖို့မင်းသေပေးရမယ်”

“အခုလိုလုပ်နေတာ တရားဥပဒေကိုမကြောက်ဘူးလား”

“ဖြန်း”

လည်ထွက်သွားတဲ့မျက်နှာနဲ့အတူ ကြမ်းပြင်ပေါ်မှောက်ရက်ကျသည်။ဝမ်းဗိုက်ကိုခုံးလိုက်တာမို့ ပခုံးတစ်ဖက်နှင့်အတူမျက်နှာပါဆောင့်ကျလေသည်။နာကျင်သွားမှုမှာမျက်ရည်ဝိုင်းခနဲ။သူဟာသိပ်ပျော့ညံ့တာပဲ။

“အ့”

ဦးခေါင်းထက်မှဆံပင်တို့ကိုဆွဲကာ ခေါင်းမော့ခံလိုက်ရတာမို့ မျက်ရည်တို့ကတသွင်သွင်စီးကျလာတာဆည်ကျိုးသလို။

“ဘာကိုတရားမျှတမှုဘာကိုဥပဒေလဲ အဲ့တာဆိုအဲ့လူကကြတော့ရောဘာလို့အရေးယူမခံရသေးတာလဲ ဘာလဲအာဏာရှိလို့လားစည်းစိမ်ရှိလို့လား အဲ့အရာတွေရှိရင်သတ်ချင်တဲ့လူရဲ့အသက်ကိုသတ်လို့ရပြီလား ပြောလေပြော”

“အား နာတယ်”

ဆံပင်တွေကိုဆောင့်ဆောင့်ဆွဲပြီးမေးနေတာမို့ သူအသံထွက်ငိုမိတော့မည်။

“ဘာကိုနာတာလဲ အခုအဲ့လောက်လေးနာတာကိုတောင်သည်းမခံနိုင်ရင် ခဏနေဆိုဘယ်လိုလုပ်မလဲ ငါကမင်းကိုညှည်းပြီးသတ်မှာ”

“အဲ့လိုမလုပ်ပါနဲ့ အင့်”

“ငို ဟုတ်တယ်ငိုပစ်လိုက်စမ်း အဲ့လိုငိုနေတဲ့ပုံလေးတွေကိုသူ့ဆီပို့ပေးမှာဟားဟား အဲ့တာမှသူလည်းချစ်တဲ့သူကိုဆုံးရှုံးရတဲ့ခံစားချက်ကိုသိမှာဟားဟား”

သူ့ပုံစံကြည့်ရတာပုံမှန်အခြေနေနဲ့တူမနေတာမို့ အသံတိတ်ရှိုက်က သူ့ကိုမဆွမိစေဖို့ကြိုးစားနေရသည်။ထိုစဥ်နောက်မှ လှုပ်လှုပ်ရွရွခံစားမိတာမို့ကြည့်လိုက်တော့ မုတ်သုံလေညှင်း။

“လခြမ်း အဆင်ပြေလား”

“မုတ်သုံ”

“အင်း မကြောက်နဲ့နော်ငါရှိတယ် မင်းလက်ကိုလွှတ်လိုက်”

“အို့ နိုးလာပြီလားဆရာဝန်လေး”

“မင်း စိတ်ကိုငြိမ်ငြိမ်ထားစမ်း မင်းဘာတွေလျှောက်လုပ်နေတာလဲ”

တရွတ်တိုက်ရှေ့တိုးလာပြီး သူ့ရှေ့ကာပေးဖို့ကြိုးစားလိုက်မှ ခေါင်းမှလက်တွေလွှတ်ပစ်လေသည်။

“လက်စားချေမလို့လေ ကျွန်တော့်ချစ်သူကိုသတ်ပစ်ပြီးကျွန်တော့်ကိုတစ်ယောက်တည်းကျန်နေခဲ့အောင်လုပ်ပစ်ခဲ့တဲ့ သမုဒ္ဒရာဆိုတဲ့လူကိုလက်စားချေမလို့”

“မဆိုင်တဲ့သူတွေကိုဆွဲမထည့်နဲ့လေ သူကအဲ့တာတွေနဲ့ဘာမှမပတ်သက်ဘူး”

မုတ်သုံကအော်တော့ သူကပြန်အော်လာလေသည်။အလုံပိတ်အခန်းထဲ သူတို့အသံတွေသာဟိန်းခနဲ။

“သူတို့ကအိမ်ထောင်ဖက်တွေလေ ဘာလို့မပတ်သက်ရမှာလဲ “

“သူကအဲ့ကိစ္စကိုသိတောင်သိမနေဘူးလေ”

“သိနေခဲ့ရင်ရောတားမှာမလို့လား ဟိုလူလုပ်သမျှခေါင်းညိတ်ထောက်ခံနေမှာပဲလေ”

“လခြမ်းမှာအဲ့လိုစိတ်မရှိဘူး မင်းရဲ့ကလေးဆုံးသွားတာကိုငါတကယ်စိတ်မကောင်းပေမယ့် သူ့ကိုတော့ဒီလိုလုပ်လို့မရဘူးလေ”

လခြမ်းရင်ထဲထိတ်ကနဲဖြစ်သွားသည်။သူ့ကလေးနေမကောင်းဖြစ်ပြီးဆုံးသွားတာတဲ့လား။အဲ့တာဆို တကယ်လို့သူ့မှာကလေးရှိမှန်းသိရင် ကလဲ့စားချေဖို့သတ်ပစ်လိုက်မှာလား။

“အားးးးမပြောနဲ့ ငါ့သားလေးခုလိုဖြစ်ရတာသူတို့ကြောင့်”

“မဆိုင်တာတွေလျှောက်မတွေးစမ်းနဲ့ စိတ်အေးအေးထားစမ်း”

“မထားနိုင်ဘူး သူ့ကိုသတ်မှာ သူ့ကိုသတ်ပြီးဟိုလူ့ကိုနာကျင်မှုတွေပြန်ခံစားခိုင်းမှာ”

သူအသံတိတ်မျက်ရည်ကျနေတော့ မုတ်သုံကသူ့အနားတိုးလာလေသည်။

“မကြောက်နဲ့နော် သူ့ကလေးကအဖျားတွေတက်ပြီးဆုံးသွားတော့ သူ့စိတ်ကသိပ်မငြိမ်သေးဘူးဖြစ်နေတာ ကိုCeanကမင်းကိုလာကယ်နိုင်မှာပါ”

“ဟားဟားဟား ဘာတွေမျှော်လင့်နေတာလဲ ငါကနေရာအနှံ့မှာဗုံးတွေထောင်ထားပြီးသားသူတို့လာလည်းအားလုံးသေရမှာ မင်းတို့လည်းအသက်ရှင်မယ်မထင်နဲ့ငါနဲ့အတူလိုက်သေရမှာ”

“အဲ့လိုမလုပ်ပါနဲ့ မုတ်သုံကဒီကိစ္စနဲ့ဘာမှမဆိုင်ဘူးလေ ပြီးတော့ခင်ဗျားကိုအမြဲဂရုစိုက်ပေးလာတဲ့ကျေးဇူးရှင် ခင်ဗျားကျေးဇူးမကန်းပါနဲ့”

သူ့အတွက်နှင့်တစ်ခြားသူပါ ပြဿနာထဲပါလာရတော့ သူစိုးရိမ်သွားမိသည်။မုတ်သုံကိုအရင်လွှတ်ပေးအောင်လုပ်ပြီးမှ သူကကိုကိုလာတာကိုစောင့်နေလို့လည်းရတာပဲ။

“ကောင်းပြီလေ ငါကလည်းခေါ်ချင်လို့ခေါ်လာတာမဟုတ်ပါဘူး လုပ်စရာလေးရှိလို့လမ်းကြုံခေါ်လာတာ ပြီးရင်ပြန်လွှတ်ပေးမယ် ကံကောင်းတာကံဆိုးတာကတော့ ကိုယ်ရွေးတဲ့လမ်းအပေါ်မူတည်တယ်”

“ဘာလုပ်ခိုင်းမလို့လဲ”

စတ္တဇဆန်ဆန်ပြုံးပြလာတာမို့ သူနောက်သာဆုတ်လိုက်မိသည်။

“သူ့ရဲ့ glandကိုဖျက်ထုတ်ပေးဖို့”

“မလုပ်ပါနဲ့ အဲ့လိုမလုပ်ပါနဲ့ အီးးး”

ခေါင်းရမ်းပြကာနောက်ပြန်တရွတ်တိုက်ဆုတ်မိသည်။မျက်ရည်တွေကိုမထိန်းနိုင်တော့သလို ရှိုက်သံတွေကိုလည်းမသိမ်းနိုင်။သူအကြောက်ဆုံးအိမ်မက်ဆိုးကိုမမက်တာကြာနေပေမယ့် အခုလက်တွေ့ကြားလိုက်ရတော့ သူ့ကိုသွေးပျက်စေပါသည်။

“ဘာတွေပူပန်နေတာလဲ ဆရာဝန်တစ်ယောက်လုံးခေါ်လာပြီးလုပ်ခိုင်းပေးတဲ့ဟာကို ကျေးဇူးတင်ရမှာပေါ့”

“ဟင့်အင်း ဟင့်အင်း မဟုတ်ဘူးလို့”

“ငါမလုပ်ပေးနိုင်ဘူး”

မုတ်သုံရဲ့ယတိပြတ်အငြင်းမှာအားရပါးရရယ်မောလိုက်သူကြောင့် ပိုစိုးရိမ်လာပါသည်။အဲ့တစ်ယောက်ကရူးနေတာ တကယ်ကြီးရူးနေတာ။

“ဟားဟားဟား အရမ်းတွေကြောက်နေတာပဲရော် မပူပါနဲ့အကုန်လုံးကိုမှတ်တမ်းတင်ထားတယ် အိုက်ယား ဗီဒီယိုဖိုင်သာဟိုလူ့ဆီရောက်သွားရင်ဘယ်လောက်များအသည်းတွေကွဲလိုက်မလဲနော် စကားတစ်ခွန်းနှစ်ခွန်းနဲ့ခြိမ်းခြောက်ရုံနဲ့တင် သူ့လူကအသည်းအသန်ကြောက်နေပြီ အိုး တွေးကြည့်တာနဲ့ရင်တွေခုန်လာပြီ”

“မင်းမဟုတ်တာတွေလျှောက်လုပ်ချင်မနေနဲ့ အခုချိန်ဆိုသူ့လူကဒီတောင်ရောက်ချင်ရောက်နေလောက်ပြီ”

“အရမ်းတွေကြောက်နေပါပြီနော် ဟားဟားဟား လာလည်းဘာလုပ်ရမှာလဲ သူ့အပိုင်လေးကငါ့လက်ထဲမှာလေ ကဲကဲခုနကစ,နေတာဆိုတော့ အခုအတည်တကျလေးဆွေးနွေးကြရအောင်”

“မဟုတ်တာတွေစဥ်းစားနေမယ့်အစား ငါတို့နှစ်ယောက်လုံးကိုသတ်ပစ်လိုက်”

“ဘာတွေလောနေတာလဲ အခုမှဇာတ်လမ်းကစမှာကို”

ပြောပြောဆိုဆို ငယ်ငယ့်ကိုလက်မောင်းမှတရွတ်တိုက်ဆွဲကာ ဆိုဖာဟောင်းတစ်ခုထက်တင်ပစ်လေသည်။

“အား ဘာလုပ်တာလဲ လွှတ် မလုပ်ပါနဲ့ဆို”

“ဖြန်းး”

ထပ်မံကျရောက်လာတဲ့လက်ဖဝါးဟာလည်း အရင်ရိုက်ချအပေါ်မှာမို့ နာကျင်မှုကဒဏ်ရာဟောင်းကိုထပ်ပေါင်းလိုက်သလို။

“ပါးစပ်ကိုပိတ်ထား နားညည်းရတာကိုအမုန်းဆုံးပဲ”

“အင့်”

“ကျွတ်ကျွတ် မျက်နှာလေးကချက်ချင်းကိုယောင်လာတော့တာပဲ စိတ်မကောင်းလိုက်တာ ဟားဟား ဒီလောက်ချစ်ဖို့ကောင်းတာလေးကိုဟိုကအရမ်းတွေကြွေနေတာလဲအပြစ်မဟုတ်ပါဘူးလေ”

ပြောရင်း မျက်နှာကိုလက်ဖမိုးနှင့်ပွတ်ကြည့်နေတာမို့သူအသံမထွက်မိစေရန်ထိန်းထားရသည်။ဝမ်းဗိုက်ထဲကစူးကနဲအောင့်အောင့်လာတာမို့ သူသိပ်မလှုပ်ရဲတော့။

“အခုဘာလုပ်မလဲသိလား”

“………”

“မေးနေရင်ဖြေလေ”

ပါးနှစ်ဖက်ကိုအားနဲ့ညှစ်ပြီး မျက်လုံးပြူးကာ​မေးလာတာမို့ ခေါင်းသာရမ်းပြမိသည်။

“ကဲ မျက်ရည်တွေကဘာလို့ကျနေတာလဲ ဘာမှလည်းမလုပ်ရသေးဘဲနဲ့”

“လခြမ်းကိုလွှတ်လိုက်စမ်း မင်းပေါက်ရတွေလျှောက်လုပ်ချင်မနေနဲ့”

ကြမ်းပြင်ထက်ကမုတ်သုံက ရှေ့တိုးလာရင်း ပါးစပ်ကလည်းတားနေလေသည်။သူ့အပေါ်ကလူကတော့ အရေးတောင်မလုပ်။

“ဘာလုပ်လို့လဲ ချစ်ဖို့ကောင်းလို့ချစ်ကြည့်မလို့စဥ်းစားမိရုံတင်”

“ဟင့်အင်း ဟင့်အင်း”

သူအတင်းရုန်းတော့လူပေါ်ဖိထားလေသည်။ဒူးကဗိုက်ပေါ်တည့်တည့်ရောက်လာတာမို့ အသက်တောင်မရှူနိုင်။

“ငြိမ်ငြိမ်နေစမ်း… ငါစိတ်ပြောင်းသွားပြီ မင်းကိုမသတ်တော့ဘူး မင်းနဲ့အတူအိပ်မယ် ဆရာဝန်လေးကတော့ပရိတ်သတ်လုပ်ပေးနော် ဟီးဟီး”

“မလုပ်ပါနဲ့”

“မင်းအရူးမထနဲ့ လွှတ်လိုက်စမ်း”

စကားနားမထောင်သူကသူ့ကိုအတင်းဖိနမ်းလာလေသည်။နှုတ်ခမ်းကိုထိမှာစိုး၍ဇွတ်ရုန်းတော့လည်ပင်းတွေဆီဆင်းသွားကာ လက်တွေကလည်းအဝတ်တွေအောက်နယ်ကျွံလာလေသည်။Omegaအချင်းချင်းဆိုပေမယ့်ဘာမဆိုဖြစ်လာနိုင်တဲ့အခြေအနေ။

ဟင့်အင်း ငယ်ငယ်မကြိုက်ဘူး။ကိုကိုမဟုတ်တဲ့တစ်ခြားတစ်ယောက်ကို ငယ်ငယ်မကြည်ဖြူဘူး။

“မလုပ်ပါနဲ့ ကလေး ကလေးနဲ့မလို့မလုပ်ပါနဲ့”

နောက်ဆုံးသူအမှန်တရားကိုထုတ်ပြောကာ အသနားခံလိုက်တော့ လှုပ်ရှားမှုတွေရပ်တန့်ပေးကာ သူ့ဝမ်းဗိုက်ဆီငုံ့ကြည့်လာလေသည်။

“ကလေး”

“အီးးးတောင်းပန်ပါတယ် ကလေးမျက်နှာလေးမြင်ဖူးချင်သေးတယ် အဲ့လိုမလုပ်ပါနဲ့ ကလေးလေးရဲ့အဖေဖြစ်ချင်သေးလို့ပါ ကိုယ်ချင်းစာပေးပါ ကလေးအဖေဖြစ်ဖူးချင်လို့”

“ကလေးရှိနေတာလား…. လိမ်နေတာမလား”

မယုံနိုင်သလိုပြောရင်း သူ့ဗိုက်ဆီငုံ့ကြည့်နေတာကိုမရွှေ့။

“မလိမ်ပါဘူး အတည်ပြောတာပါ ကျေးဇူးပြုပြီးကိုယ်ချင်းစာပါနော် ငယ်ငယ်လည်းကလေးလေးကိုပွေ့ဖူးချင်လို့ပါ ကလေးလေးရဲ့မျက်နှာကိုမြင်ဖူးချင်သေးလို့”

“ဟိုလူသိလား”

ကိုကို့ကိုရည်ရွယ်ပြီးမေးလာတာမို့ သူခေါင်းပြုတ်မတတ်ရမ်းပြမိသည်။

“ဟင့်အင်း မသိသေးပါဘူး ငယ်ငယ်ကညမှပြောပြမလို့ ကလေးရှိနေမှန်းခုနလေးမှသိခဲ့ရတာပါ”

“ငါ မယုံဘူး”

“သူ သူသိပါတယ် ခုနလေးတင်သူကိုယ်တိုင်စစ်ပေးလိုက်တာပါ”

“ဟုတ်လား”

မုတ်သုံဘက်ကိုအတည်ပြုသလို လှည့်မေးလိုက်သူကမျှော်လင့်ချက်အပြည့်မျက်ဝန်းတွေနှင့်။

“ဟုတ်တယ် အဲ့တာကြောင့်အရူးထမနေနဲ့”

“ကလေးလေး ကလေးလေးကဒီထဲမှာပေါ့ ဟီးဟီး”

သူ့ဗိုက်ပေါ်ကဒူးကိုဖယ်ကာ ခပ်ဖွဖွပွတ်သပ်လာတာက အသည်းယားဖို့ကောင်းပေမယ့် သူခေါင်းညိတ်ပြမိသည်။

“ဟုတ်ပါတယ် အဲ့တာကြောင့်လေမသတ်လို့ရမလားဟင် သူမရှိတဲ့နေရာကိုဖမ်းထားလည်းရပါတယ် သူ့ကိုသေပြီလို့ပြောလိုက်လည်းရပါတယ် ငယ်ငယ်သူ့ကိုပြန်မရှာပါဘူး ကလေးလေးကိုတော့ဘာမှမလုပ်ပါနဲ့နော် တကယ်တောင်းပန်ပါတယ်”

“ကောင်းပြီလေ သူနဲ့ဝေးတဲ့အရပ်မှာကလေးလေးကိုမွေး ပြီးရင်အဲ့ကလေးကိုငါ့ကလေးနေရာမှာအစားထိုး ဟီးဟီး ငါက ကလေးလေးရဲ့အဖေပြန်ဖြစ် ဟုတ်တယ်အဲ့တာကောင်းတယ်”

စိတ်ဂယောက်ဂယက်ဖြစ်နေသူက သူ့ဘာသာသူပြောကာ သဘောတွေကျနေတာမို့သူအရဲစွန့်ကြည့်ဖို့ကြိုးစားမိသည်။

“အဲ့ အဲ့တာဆိုလေကြိုးလေးဖြည်ပေးလေနော် နာနေပြီဗိုက်ထဲကလည်းအရမ်းအောင့်နေတယ်”

“ဟမ်.. ဗိုက်အောင့်နေတာလား ကလေးလေးနေမကောင်းတာလား ဖြည်ပေးမယ်နော်ငါ့ကလေးကိုဘာမှမဖြစ်စေနဲ့ဖြည်ပေးမယ်”

ပြောရင်းလက်မှကြိုးတွေကိုဖြည်ပေးလာတာမို့ သက်ပြင်းတစ်ချက်ခိုးချရသည်။ကလေးကိုအကြောင်းပြကာသူ့လက်မှထွက်နိုင်အောင်ကြိုးစားရမည်။

“ဒုတ်”

“အ့”

ကြိုးဖြည်ပေးနေရင်း ခွေကနဲလဲကျသွားသူကခေါင်းတစ်ခုလုံး သွေးတွေရဲလာလေသည်။

ဒုတ်တစ်ခေါင်းကိုင်ပြီးမတ်တပ်ရပ်နေတာက မုတ်သုံလေညှင်း။သူလန့်သွားကာ စိုးလည်းစိုးရိမ်မိသွားသည်။သူတို့ကိုဖမ်းလာတာက စိတ်ကျန်းမာရေးကြောင့်ဖြစ်နိုင်တာမို့ အသက်တော့မသေစေချင်ပေ။

“မုတ်သုံ သူအဆင်ပြေရဲ့လားဟင် အားအများကြီးသုံးလိုက်တာလား”

“သိပ်မသုံးလိုက်ပါဘူး အသက်ထွက်ရုံလောက်ပဲ”

“မုတ်သုံ”

သူအလန့်တကြားမော့ကြည့်ကာ လက်ကကြိုးကိုဇွတ်ဆွဲဖြည်ရင်း ရှေ့ကတစ်ယောက်ကိုလှုပ်နှိုးမိသည်။

“ဟေ့ အဆင်ပြေရဲ့လား ခေါ်နေတာကြားလား”

“ခေါ်မနေနဲ့ သေပြီ”

“ဘာ ဘာလို့အဲ့လောက်”

သွေးအေးအေးနဲ့ပြောလာတာမို့ သူနားကြားမှားသလားတောင်ထင်ရသည်။

“ဘုတ်”

“အ့”

ပုခုံးမှဆွဲကာကြမ်းပြင်ပေါ်တွန်းချလိုက်တာမို့ ဝမ်းဗိုက်အောင့်ကနဲနာလာပြန်သည်။သူမယုံနိုင်စွာမော့ကြည့်တော့ နှုတ်ခမ်းစွန်းတစ်ဖက်ကွေးကာ လှောင်ပြုံးပြုံးပြနေတဲ့မျက်နှာက ကြက်သီးထစရာ။

“သုံးစားမရလို့လေ ငါဆွပေးခဲ့သမျှအလကားဖြစ်အောင်လုပ်လို့ ငါကလက်ငှားပြီးသတ်မလို့ပြီးရင်ထိုင်ကြည့်ရမလားလို့ဟာ သူကလွှတ်တောင်ပေးချင်သေးတယ် တကယ်ကိုရူးနေတာပဲ အစကတည်းကအရူးတစ်ယောက်ကိုမယုံခဲ့ရမှာ”

“……………..”

“အံ့ဩနေတာလား လခြမ်းငယ်ငယ်”

ငုံ့ကြည့်ကာမေးလာသူက နတ်ဆိုးဆန်ဆန်မျက်နှာထားနှင့်။

“………….”

“အို့ မှားလို့ ပင်..ဝါး..ရုံ..ငယ်”

####################

ငြိမ်း🌞🌻

ခဏၾကာသည္အထိ ထြက္မလာေသးတဲ့ကေလးေၾကာင့္ သူလိုက္ဝင္ဖို႔ျပင္ေတာ့ Phone callတစ္ခုဝင္လာေလသည္။သူ႕ကိုယ္ပိုင္ဖုန္းနံပါတ္ကိုဆက္လာတာမို႔ လုပ္ငန္းပါတနာေတြေတာ့မျဖစ္နိုင္။

“ဟဲလို”

“ကိုသမုဒၵရာဟုတ္”

“ဟုတ္ပါတယ္ ဘယ္သူလဲ”

“ေျပာျပလည္းသိမွာမဟုတ္လို႔မေျပာျပေတာ့ပါဘူး”

ေလွာင္ရယ္သံပါေနတဲ့စကားလုံးေတြကသူ႕မ်က္ခုံးေတြကိုတြန့္ခ်ိဳးေစသည္။မသိရင္တစ္ခုခုျဖစ္လာေတာ့မလိုခံစားခ်က္ႀကီး။

“ဘာကိစၥနဲ႕ဖုန္းဆက္လာတာလဲ တမင္သက္သက္အႏွောင့္အယွက္ေပးလာတာဆို မင္းသတၱိသိပ္ေကာင္းေနတာပဲ”

“အိုးးးးငါကမေၾကာက္တတ္ဘူး ငါ့မွာဆုံးရႉံးစရာဘာမွမရွိေတာ့လို႔ ဒါေပမယ့္ခင္ဗ်ားမွာေတာ့မတူဘူးေလ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားရဲ႕အသက္ေသြးေၾကာေလးကက်ဳပ္ဆီမွာ”

အနိုင္ပိုင္းခံလိုက္ရတဲ့စကားလုံးေတြကို သူမယုံေသး။မယုံခ်င္တာဆိုပိုမွန္မည္။ကန့္သတ္တာေတြဘာေတြမသိ Toilet ထဲကိုဝင္ရွာမိသည္။

“မင္းဘာေစာက္စကားေတြေျပာေနတာလဲ”

“သူ႕ကိုတစ္ခါထဲႏႈတ္ဆက္လိုက္ေတာ့ေနာ္ ဘိုင့္ဘိုင္ ဪဒါနဲ႕ မုတ္သုံေလညွင္းကိုပါအဆစ္ဖမ္းေခၚသြားတဲ့အေၾကာင္းေလးေျပာခဲ့တယ္ေနာ္”

“မင္းး ဟဲလို ဖုန္းမခ်နဲ႕”

သူေဒါသတႀကီး အခန္းေတြထဲဝင္ၾကည့္ေတာ့အရိပ္ေလးေတာင္မျမင္ရသူေၾကာင့္ပိုေဒါသထြက္ရသည္။

ထမင္းစားေနသူေတြဆီအျမန္ေျပးထြက္ကာသူ႕လူေတြကိုအမိန့္ေပးေတာ့မွအားလုံးလႈပ္လႈပ္ရွားရွားျဖစ္ကုန္သည္။

“ကိုCean ဘာျဖစ္တာလဲ”

“လျခမ္းကိုျပန္ေပးဆြဲသြားတယ္ မုတ္သုံေလညွင္းေကာပဲ… ေတာက္ ..ငါကြာ”

“ဘယ္လို”

“ဘယ္လိုျဖစ္ရတာလဲ”

“မသိဘူး ငါအခန္းေရွ႕ေစာင့္ေနရက္နဲ႕ဘယ္အေပါက္ကေနဆြဲေခၚသြားလည္းမသိဘူး ဒီတစ္ဆိုင္လုံးရဲ႕ cctvေတြအကုန္စစ္ လမ္းၾကားေတြေရာစစ္ လူအင္အားထပ္ေခၚ”

“ကိုCean စိတ္ေအးေအးထား Geoကိုလွမ္းေခၚလိုက္မယ္”

စိုးရိမ္စိတ္ေတြေၾကာင့္ဘာမွမေတြးနိုင္ျဖစ္ေနတုန္း Horizonေျပာမွသတိရမိသည္။

“Geo ဟုတ္တယ္ လျခမ္းမွာေျခရာခံစက္ရွိတယ္”

သူေျပာရင္းကားဆီျပန္ေျပးသည္။ကားေပၚေရာက္မွသူ႕ဖုန္းကိုဖြင့္ကာ locationကိုဖြင့္သည္။လျခမ္းကိုေပးခဲ့တဲ့ေျခက်င္းမွာ ေျခရာခံစက္ပါသလို နာရီမွာလည္း…

“One ဒီအတိုင္းလိုက္ေမာင္းသြား”

“ဟုတ္ကဲ့ Boss”

locationကိုသက္ေတာ္ေစာင့္ဆီေပးရင္း သူအိတ္ကပ္ထဲကနားၾကပ္ကို နားမွာတပ္လိုက္သည္။ၿပီးေတာ့အခုေလးတင္ ေခၚခဲ့တဲ့ဖုန္းကိုျပန္ေခၚသည္။ဟိုဘက္ကမကိုင္သည့္အျပင္စက္ပိတ္ထားသည္။

တည္ေနရာကိုၾကည့္ေတာ့ သူတို႔နဲ႕ေတာ္ေတာ္လွမ္းလွမ္းမွာ အစကတည္းကႀကိဳတင္ႀကံစည္ထားသည့္ပုံ။တစ္ျဖည္းျဖည္းႏွင့္ၿမိဳ႕စြန္ဘက္ ေဆာက္လက္စကြန္ဒိုေတြဘက္သြားေနတာမို႔သူပိုစိတ္ပူလာရသည္။ဒီေနရာကအရင္ငယ္ငယ္ေနခဲ့တဲ့ဘက္။

Geoဆီဖုန္းဆက္ေတာ့ဖုန္းကမအား။Horizonႏွင့္ေျပာေနတာျဖစ္မည္။သူ႕လက္ေတြမသိမသာတုန္ယင္ေနတာက အေျခေနတစ္ခုခုမွားယြင္းသြားမွာစိုးလို႔။ေၾကာက္တတ္တဲ့ကေလးေလးငိုေနရွာမလားမသိ။နားၾကပ္ကိုဖြဖြဖိရင္းတိတ္ဆိတ္ေနမႈကိုသည္းခံေနရသည္။

တစ္နာရီခန့္ၾကာေတာ့ ဟိုဘက္ကအခ်က္ျပမႈကတည္ၿငိမ္သြားၿပီ။ေနရာကိုၾကည့္လိုက္ေတာ့မွသူအံႀကိတ္မိသည္။သူ႕ကိုသစၥာေဖာက္သြားသည့္ဟိုေကာင္ပိုင္တဲ့ေနရာ။ဒါဆိုအခု ငယ္ငယ့္ကိုဖမ္းေခၚသြားတဲ့သူက သူ႕ရဲ႕Omegaဆိုတာေလးေနမွာ ။ဒီလိုမွန္းသိအဲ့ကတည္းကတစ္ခါတည္းသတ္ပစ္ခဲ့ပါတယ္။

ဖုန္းတစ္ခုဝင္လာတာမို႔ၾကည့္လိုက္ေတာ့ Geo။

“ေအး”

“ကြၽန္ေတာ္သူတို႔ေရာက္ေနတဲ့ေနရာနားမွာ ကို Cean ဒါေပမယ့္အထဲဝင္လို႔အဆင္မေျပဘူး”

“ဘာလို႔လဲ”

“ျပန္ေပးဆြဲေပးတဲ့Alphaေလးေယာက္က လူေတြအထဲပို႔ၿပီးတာနဲ႕ျပန္ထြက္လာတာ သူတို႔ကိုဖမ္းမိထားတယ္ သူတို႔ေျပာပုံအရအိမ္ပတ္ခ်ာလည္မွာ ဗုံးေတြေထာင္ထားတယ္ အခန့္မသင့္ရင္အထဲကလူေတြအတြက္အႏၱရာယ္ရွိတယ္ ကြၽန္ေတာ့္အထင္သူကသူကိုယ္တိုင္ပါအေသခံဖို႔အတြက္အားလုံးျပင္ထားတာထင္တယ္ အဲ့တာေၾကာင့္ကြၽန္ေတာ္တို႔ေသခ်ာဂ႐ုစိုက္ရမယ္”

“ငယ္ငယ္ကသူတို႔လက္ထဲမွာ သူကအရမ္းေၾကာက္တတ္တာ”

ေဒါသေတြထြက္ေနသလို ကေလးကိုလည္းစိတ္ပူေနတာမို႔ သူ႕အသံကေဒါသသံတစ္ဝက္ မခ်ိတင္ကဲသံတစ္ဝက္။

“ကြၽန္ေတာ္သိတယ္ သူတို႔ေျပာတာကေတာ့ ႏွစ္ေယာက္လုံးကိုေမ့ေဆးေပးထားတာမို႔သတိေမ့ေနတုန္းပဲတဲ့ ဟိုတစ္ေယာက္ကလည္းအလွ်င္လိုေနတဲ့ပုံမေပါက္တာမို႔ အခ်ိန္နည္းနည္းေလာက္ေတာ့ရမယ္လို႔ေျပာတယ္ အဲ့တာေၾကာင့္ပိုဂ႐ုစိုက္ရမွာ”

“ဖမ္းမိထားတဲ့လူေတြကေရာ”

“ကြၽန္ေတာ့္လက္ထဲမွာ ကိုCeanေရာက္ေတာ့မွာလား”

locationကိုတစ္ခ်က္ျပန္ၾကည့္ေတာ့သိပ္မေဝးေတာ့။

“ေနာက္ထပ္၁၀မိနစ္ေလာက္ဆိုေရာက္ၿပီ”

ဖုန္းခ်ၿပီးသူအံကိုတင္းတင္းႀကိတ္ထားမိသည္။သူေပါ့ဆလိုက္မိတာ။

ဟိုေရာက္ေတာ့ ငယ္ငယ္ဖမ္းေခၚခံထားရတဲ့ေနရာႏွင့္သိပ္မေဝးတဲ့ ေဆာက္လက္စကြန္ဒိုတစ္ခုထဲမွာ။ဖမ္းခံထားရတဲ့ Alphaေလးေယာက္ကလက္ျပန္ႀကိဳးတုပ္ခံထားရကာေျမျပင္ေပၚတုံးလုံးပက္လက္။

သူအရွိန္ႏွင့္ေျပးသြားၿပီးလွိမ့္ကန္ပစ္ေတာ့ အရိုးက်ိဳးသံေတြသာထြက္လာကာ ပါးစပ္ပိတ္ထားတာမို႔ေအာ္သံထြက္မလာ။Alphaတစ္ေယာက္ကိုဂုတ္ကဆြဲကာ ပါးစပ္မွတိပ္အားခြာေပးလိုက္သည္။

“ေျပာ ဘယ္သူကခိုင္းတာလဲ”

“အဟြတ္ အဟြတ္ ကြၽန္ေတာ္တို႔လည္းမသိပါဘူး သာမာန္Omegaေလးတစ္ေယာက္ပါ”

“ငါ့အပိုင္ကိုေတာင္ထိရဲတဲ့အထိ မင္းတို႔ကသတၱိေတာ္ေတာ္ရွိေနတာပဲ”

ဖယ္ရိုမုန္းေတြကရန္လိုေနသလို လူကိုယ္တိုင္ကလည္းေဒါသထြက္ေနတဲ့က်ားရိုင္းတစ္ေကာင္လိုမို႔ လူမိုက္ေတြအကုန္ တုတ္တုတ္ေတာင္မလႈပ္ရဲ။

“တကယ္မသိခဲ့ပါဘူးဗ်ာ အဟြတ္ ….သူကဒီအတိုင္းသူေျပာတဲ့သူကိုေမ့ေဆးေပးၿပီး ဒီေနရာဆီသယ္လာေပး႐ုံပဲလို႔ေျပာတာပါ …ကိုသမုဒၵရာအပိုင္မွန္းတကယ္မသိခဲ့တာပါဗ်ာ”

“ေျပာ ….ဘယ္လိုေခၚလာခဲ့တာလဲ”

“အဲ့ဒီဆိုင္ကသူပိုင္တာပါ ၿပီးေတာ့သူအစီအစဥ္ဆြဲေနတာကလည္းၾကာၿပီ အဲ့တာေၾကာင့္အလြယ္တကူေခၚထုတ္လာနိုင္ခဲ့တာ အဟြတ္”

“အထဲကအေျခေနကေရာ”

“အိမ္အနီးတစ္ဝိုက္လုံး ခ်ိန္ကိုက္ဗုံးေတြေထာင္ထားတယ္ အထဲမွာေရာပဲ သူကသူကိုယ္တိုင္အေသခံဖို႔ပါေတြးထားတာ အဟြတ္…. ၿပီးေတာ့သူ႕ၾကည့္ရတာစိတ္သိပ္မွန္ပုံမရဘူး အစကတစ္ေယာက္တည္းပဲဖမ္းေပးခိုင္းတာ ေနာက္မွအစီအစဥ္ေျပာင္းၿပီးဆရာဝန္ေလးကိုပါ ဖမ္းခိုင္းတာ”

“က်စ္”

လူကိုေစာင့္လႊတ္ခ်ၿပီး ေဘးကအုတ္ခဲက်ိဳးကိုပစ္ကန္ပစ္မိသည္။

“ဘယ္လိုဆက္လုပ္မလဲကိုCean”

“ဗုံးရွင္းလင္းဖို႔အရင္လုပ္ ဟိုဘက္ကသတိမထားမိဖို႔လည္းလိုတာမလို႔ ကြၽမ္းက်င္တဲ့သူေတြကိုေ႐ြးလိုက္ ငါကိုယ္တိုင္လည္းသြားမယ္”

“ကိုCean မသြားပါနဲ႕လား”

“ငါ့အိမ္သားတစ္ေယာက္လုံးအဖမ္းခံထားရတာ ငါေအးေဆးထိုင္ေစာင့္မေနနိုင္ဘူးကြ”

ညီျဖစ္သူမို႔ေဒါသမထြက္နိုင္ေပမယ့္ စကားေတြကိုထိန္းမရနိုင္။

“ကြၽန္ေတာ္နားလည္ပါတယ္ အရင္ဆုံးအေနနဲ႕ ကိုCeanစိတ္ေအးေအးထား ကြၽန္ေတာ္တို႔ေသခ်ာတိုင္ပင္ဖို႔လိုတယ္”

“က်စ္….. ေတာက္”

မခ်င့္မရဲ စုပ္သတ္ကာေတာက္ပါေခါက္လိုက္မိသည္။သူအဲ့ေလာက္ေတာင္အသုံးမက်မွန္းသိရလို႔ ေဒါသထြက္လို႔မဆုံး။

“ကြၽီ”

အနက္ေရာင္ၿပိဳင္ကားကအရွိန္ႏွင့္ေမာင္းလာၿပီး သူတို႔ႏွင့္မလွမ္းမကမ္းမွာထိုးရပ္လာေလသည္။ကားေပၚကေသြး႐ူးေသြးတန္းေျပးဆင္းလာတဲ့သုံးေယာက္က ပင္ထေနာင္းညိုတို႔။ေနာက္ကကားေပၚမွဆင္းလာတာက ေက်ာက္စက္ေနေရာင္။

“ေျပာ လျခမ္းကခုဘယ္မွာလဲ ဘာလို႔သြားမကယ္ေသးတာလဲ”

ေဒါသတႀကီးေမးလာတဲ့ေနာင္းညိုက ေမးရိုးေတြေထာင္ေနသည္အထိေဒါသထြက္ေနတာ။ေနာက္ကတိမ္ေငြ႕ကစကားေျပာမလာေပမဲ့အရွိန္အဝါကလန့္ေလာက္စရာ။ေဆာင္းစက္ရိပ္ခိုကေတာ့ စိုးရိမ္တႀကီးသာၾကည့္ေနေလသည္။

“ရွင္းျပလိုက္ Geo”

သူတို႔ကိုGeoရွင္းျပေနတုန္း Horizonဆီဖုန္းေခၚသည္။

“ကိုCean အေျခေန”

“ဝင္လို႔မရေသးဘူး မင္းဘက္ကေဆးအဖြဲ႕ကိုအသင့္ျပင္ထားၿပီး ငါတို႔ရွိတဲ့ဘက္ကိုလာခဲ့ ၿခံထဲကအေဆာက္အအုံကိုလည္းမင္းရဲ႕ဆရာဝန္အဖြဲ႕ကိုလႊတ္ထား လိုအပ္မယ္ထင္သမွ်အကုန္ယူခဲ့ ၿပီးေတာ့ငယ္ငယ့္ေသြးစစ္ထားတဲ့အေျဖေတြရွိတယ္မလား ေသြးပါတစ္ခါတည္းျပင္ဆင္ထား ကားကိုလည္း ငါအေရးေပၚသုံးတဲ့ကားကိုယူခဲ့”

“ဟုတ္ကဲ့ ကိုCean”

သူ႕အသံကိုသေဘာေပါက္သူက အေျခေနအေသးစိတ္ကိုေမးမလာ။သူဖုန္းခ်ၿပီးေတာ့ေနာက္ကအဖြဲ႕ကိုရွင္းျပၿပီးေနၿပီ။

“မုတ္သုံေလညွင္းကဘာလို႔ပါသြားရတာလဲ”

“မရည္႐ြယ္ဘဲ ဖမ္းမိသြားတာျဖစ္မယ္”

“ခုဘယ္လိုလုပ္မလဲ”

“ဟိုဘက္ကအားလုံးျပင္ဆင္ထားၿပီးသားမလို႔ စိတ္ေအးလက္ေအးရွိေနမွာ ၿပီးေတာ့Omegaေတြျဖစ္တဲ့အျပင္ေဆးလည္းေပးခံထားရတာမို႔ သူမစိုးရိမ္ေလာက္ဘူး အဲ့ေတာ့ငါတို႔ကမသိမသာလႈပ္ရွားရမယ္”

“ငါတို႔လိုက္လာတာသူသိၿပီးေလာက္ၿပီမလား”

“သိၿပီးသားပဲေနမွာ”

“က်စ္”

“ok အစီစဥ္ဆြဲရေအာင္”

အားလုံးေခါင္းေတြစုေဝးသြားၿပီး အသံေတြတိတ္ဆိတ္ကုန္သည္။မုန္တိုင္းရွိ၍ထင္ ေကာင္းကင္ႀကီးကမွိုင္းညွို႔ညွို႔။ရာသီဥတုႏွင့္အၿပိဳင္အားလုံးမ်က္ႏွာကမုန္တိုင္းရိပ္ေတြႏွင့္…..

……………

မူးေဝေနသည့္ေခါင္းေၾကာင့္မ်က္လုံးမဖြင့္နိုင္ေသး။လက္ေတြကိူလႈပ္ရွားလိုက္ခ်င္ေသာ္လည္း တစ္ခုခုႏွင့္ခ်ည္ႏွောင္ခံထားရသည္ထင္။နာက်င္ေနတဲ့ခါးေၾကာင့္လႈပ္ရွားလိုက္ခ်င္ေသာ္လည္း စိတ္သြားတိုင္းကိုယ္မပါ။

ဖ်တ္ခနဲသတိရမိတာက သူတစ္ေယာက္တည္းမဟုတ္ေတာ့ဘူးဆိုတဲ့အေတြး။သူ႕မွာကိုကို႔ရဲ႕ရင္ေသြးေလးရွိေနၿပီ။မ်က္လုံးတို႔ကိုႀကိဳးစားဖြင့္ေတာ့ မႈန္ပ်ပ်အလင္းေရာင္ေအာက္ စီးကရက္ေသာက္ေနသူကိုေတြ႕သည္။

သူခ်က္ခ်င္းအသက္ရႉရပ္လိုက္မိေတာ့ ေခ်ာင္းဆိုးလာေလသည္။

“အဟြတ္အဟြတ္”

“အိုး နိုးလာၿပီလား”

“အဟြတ္ စီးကရက္ စီးကရက္မေသာက္ပါနဲ႕လား အဟြတ္”

သူေတာင္းပန္သလိုေျပာေတာ့ အသက္မပါတဲ့မ်က္ဝန္းထဲရယ္ျမဴးရိပ္ေတြျဖင့္ ခနဲ႕လာေလသည္။

“စိတ္မေကာင္းစရာဘဲ မင္းရဲ႕အမိန့္ေတြကိုနာခံမယ့္လူေတြထဲမွာ ငါမပါဘူးလျခမ္းငယ္ငယ္”

“ေတာင္းဆိုတာပါ အႏူးအၫြတ္ေတာင္းဆိုတာပါ အဟြတ္ ေက်းဇူးျပဳၿပီးမေသာက္လို႔ရမလား”

“အိုး ဒူးေထာက္ၿပီးေတာင္းဆိုၾကည့္ေလ စိတ္ေျပာင္းသြားရင္ မေသာက္ေတာ့ဘူး”

သူအားတင္းကာထလိုက္ၿပီး ဒူးေထာက္ဖို႔ႀကိဳးစားမိသည္။သူကေလးေလးရဲ႕မ်က္ႏွာကိုျမင္ခ်င္ေသးတယ္။ဒီအတိုင္းမေသခ်င္ေသးဘူး။အခုခ်ိန္အဆင္ေျပမွ ကိုကိုလာကယ္ရင္သူအသက္ရွင္မွာေပါ့။

သုံးႀကိမ္ေျမာက္ၿပိဳလဲက်အၿပီး ဒူးေထာက္နိုင္သြားေတာ့ ကင္မရာမီးလက္လာသံၾကားရသည္။

“ဟားဟားဟား သနားစရာေကာင္းလိုက္တာ ဒီပုံကိုအဲ့လူသာျမင္ရင္ ဘယ္ေလာက္ေဒါသထြက္ေနမလဲေလ”

စကားအဆုံးစီးကရက္ကိုေအာက္ခ်ၿပီး ဖိနပ္ထိပ္ႏွင့္နင္းေျခလိုက္ေလသည္။ထို႔ေနာက္တစ္လွမ္းခ်င္းေလွ်ာက္လာတာကသူ႕ေရွ႕ဆီ။ခါးကိုင္းကာ သူ႕မ်က္ႏွာကိုဆြဲေမာ့လာၿပီး စိတၱဇဆန္ဆန္ၿပဳံးျပလာတာမို႔ ၾကက္သီးေတြျဖန္းခနဲ။

“အရမ္းေၾကာက္ေနတာမလား မငိုေသးဘူးလား”

“ငယ္ငယ္ငိုရင္ လႊတ္ေပးမွာလား”

“No သတ္ပစ္ဖို႔ေခၚလာတာေလ ဘာလို႔လႊတ္ေပးရမွာလဲ”

“ငယ္ငယ့္မွာဘာအျပစ္ရွိလို႔လဲ”

“သိပ္ရွိတာေပါ့ သမုဒၵရာဆိုတဲ့လူရဲ႕အခ်စ္ခံေလးျဖစ္ေနတာကိုက အႀကီးဆုံးအျပစ္ပဲေလ”

“ငယ္ငယ္မွအျပစ္မလုပ္ထားတာ”

“မင္းကသူ႕အိမ္ေထာင္ဖက္ေလ ေအးအတူပူအမွ်မဟုတ္လား အဲ့ေတာ့သူစိတ္ဆင္းရဲဖို႔မင္းေသေပးရမယ္”

“အခုလိုလုပ္ေနတာ တရားဥပေဒကိုမေၾကာက္ဘူးလား”

“ျဖန္း”

လည္ထြက္သြားတဲ့မ်က္ႏွာနဲ႕အတူ ၾကမ္းျပင္ေပၚေမွာက္ရက္က်သည္။ဝမ္းဗိုက္ကိုခုံးလိုက္တာမို႔ ပခုံးတစ္ဖက္ႏွင့္အတူမ်က္ႏွာပါေဆာင့္က်ေလသည္။နာက်င္သြားမႈမွာမ်က္ရည္ဝိုင္းခနဲ။သူဟာသိပ္ေပ်ာ့ညံ့တာပဲ။

“အ့”

ဦးေခါင္းထက္မွဆံပင္တို႔ကိုဆြဲကာ ေခါင္းေမာ့ခံလိုက္ရတာမို႔ မ်က္ရည္တို႔ကတသြင္သြင္စီးက်လာတာဆည္က်ိဳးသလို။

“ဘာကိုတရားမွ်တမႈဘာကိုဥပေဒလဲ အဲ့တာဆိုအဲ့လူကၾကေတာ့ေရာဘာလို႔အေရးယူမခံရေသးတာလဲ ဘာလဲအာဏာရွိလို႔လားစည္းစိမ္ရွိလို႔လား အဲ့အရာေတြရွိရင္သတ္ခ်င္တဲ့လူရဲ႕အသက္ကိုသတ္လို႔ရၿပီလား ေျပာေလေျပာ”

“အား နာတယ္”

ဆံပင္ေတြကိုေဆာင့္ေဆာင့္ဆြဲၿပီးေမးေနတာမို႔ သူအသံထြက္ငိုမိေတာ့မည္။

“ဘာကိုနာတာလဲ အခုအဲ့ေလာက္ေလးနာတာကိုေတာင္သည္းမခံနိုင္ရင္ ခဏေနဆိုဘယ္လိုလုပ္မလဲ ငါကမင္းကိုညွည္းၿပီးသတ္မွာ”

“အဲ့လိုမလုပ္ပါနဲ႕ အင့္”

“ငို ဟုတ္တယ္ငိုပစ္လိုက္စမ္း အဲ့လိုငိုေနတဲ့ပုံေလးေတြကိုသူ႕ဆီပို႔ေပးမွာဟားဟား အဲ့တာမွသူလည္းခ်စ္တဲ့သူကိုဆုံးရႈံးရတဲ့ခံစားခ်က္ကိုသိမွာဟားဟား”

သူ႕ပုံစံၾကည့္ရတာပုံမွန္အေျခေနနဲ႕တူမေနတာမို႔ အသံတိတ္ရွိုက္က သူ႕ကိုမဆြမိေစဖို႔ႀကိဳးစားေနရသည္။ထိုစဥ္ေနာက္မွ လႈပ္လႈပ္႐ြ႐ြခံစားမိတာမို႔ၾကည့္လိုက္ေတာ့ မုတ္သုံေလညွင္း။

“လျခမ္း အဆင္ေျပလား”

“မုတ္သုံ”

“အင္း မေၾကာက္နဲ႕ေနာ္ငါရွိတယ္ မင္းလက္ကိုလႊတ္လိုက္”

“အို႔ နိုးလာၿပီလားဆရာဝန္ေလး”

“မင္း စိတ္ကိုၿငိမ္ၿငိမ္ထားစမ္း မင္းဘာေတြေလွ်ာက္လုပ္ေနတာလဲ”

တ႐ြတ္တိုက္ေရွ႕တိုးလာၿပီး သူ႕ေရွ႕ကာေပးဖို႔ႀကိဳးစားလိုက္မွ ေခါင္းမွလက္ေတြလႊတ္ပစ္ေလသည္။

“လက္စားေခ်မလို႔ေလ ကြၽန္ေတာ့္ခ်စ္သူကိုသတ္ပစ္ၿပီးကြၽန္ေတာ့္ကိုတစ္ေယာက္တည္းက်န္ေနခဲ့ေအာင္လုပ္ပစ္ခဲ့တဲ့ သမုဒၵရာဆိုတဲ့လူကို လက္စားေခ်မလို႔”

“မဆိုင္တဲ့သူေတြကိုဆြဲမထည့္နဲ႕ေလ သူကအဲ့တာေတြနဲ႕ဘာမွမပတ္သပ္ဘူး”

မုတ္သုံကေအာ္ေတာ့ သူကျပန္ေအာ္လာေလသည္။အလုံပိတ္အခန္းထဲ သူတို႔အသံေတြသာဟိန္းခနဲ။

“သူတို႔ကအိမ္ေထာင္ဖက္ေတြေလ ဘာလို႔မပတ္သပ္ရမွာလဲ “

“သူကအဲ့ကိစၥကိုသိေတာင္သိမေနဘူးေလ”

“သိေနခဲ့ရင္ေရာတားမွာမလို႔လား ဟိုလူလုပ္သမွ်ေခါင္းညိတ္ေထာက္ခံေနမွာပဲေလ”

“လျခမ္းမွာအဲ့လိုစိတ္မရွိဘူး မင္းရဲ႕ကေလးဆုံးသြားတာကိုငါတကယ္စိတ္မေကာင္းေပမယ့္ သူ႕ကိုေတာ့ဒီလိုလုပ္လို႔မရဘူးေလ”

လျခမ္းရင္ထဲထိတ္ကနဲျဖစ္သြားသည္။သူ႕ကေလးေနမေကာင္းျဖစ္ၿပီးဆုံးသြားတာတဲ့လား။အဲ့တာဆို တကယ္လို႔သူ႕မွာကေလးရွိမွန္းသိရင္ ကလဲ့စားေခ်ဖိဳ႕သတ္ပစ္လိုက္မွာလား။

“အားးးးမေျပာနဲ႕ ငါ့သားေလးခုလိုျဖစ္ရတာသူတို႔ေၾကာင့္”

“မဆိုင္တာေတြေလွ်ာက္မေတြးစမ္းနဲ႕ စိတ္ေအးေအးထားစမ္း”

“မထားနိုင္ဘူး သူ႕ကိုသတ္မွာ သူ႕ကိုသတ္ၿပီးဟိုလူ႕ကိုနာက်င္မႈေတြျပန္ခံစားခိုင္းမွာ”

သူအသံတိတ္မ်က္ရည္က်ေနေတာ့ မုတ္သုံကသူ႕အနားတိုးလာေလသည္။

“မေၾကာက္နဲ႕ေနာ္ သူ႕ကေလးကအဖ်ားေတြတက္ၿပီးဆုံးသြားေတာ့ သူ႕စိတ္ကသိပ္မၿငိမ္ေသးဘူးျဖစ္ေနတာ ကိုCeanကမင္းကိုလာကယ္နိုင္မွာပါ”

“ဟားဟားဟား ဘာေတြေမွ်ာ္လင့္ေနတာလဲ ငါကေနရာအႏွံ႕မွာဗုံးေတြေထာင္ထားၿပီးသားသူတို႔လာလည္းအားလုံးေသရမွာ မင္းတို႔လည္းအသက္ရွင္မယ္မထင္နဲ႕ငါနဲ႕အတူလိုက္ေသရမွာ”

“အဲ့လိုမလုပ္ပါနဲ႕ မုတ္သုံကဒီကိစၥနဲ႕ဘာမွမဆိုင္ဘူးေလ ၿပီးေတာ့ခင္ဗ်ားကိုအၿမဲဂ႐ုစိုက္ေပးလာတဲ့ေက်းဇူးရွင္ ခင္ဗ်ားေက်းဇူးမကန္းပါနဲ႕”

သူ႕အတြက္ႏွင့္တစ္ျခားသူပါ ျပႆနာထဲပါလာရေတာ့ သူစိုးရိမ္သြားမိသည္။မုတ္သုံကိုအရင္လႊတ္ေပးေအာင္လုပ္ၿပီးမွ သူကကိုကိုလာတာကိုေစာင့္ေနလို႔လည္းရတာပဲ။

“ေကာင္းၿပီေလ ငါကလည္းေခၚခ်င္လို႔ေခၚလာတာမဟုတ္ပါဘူး လုပ္စရာေလးရွိလို႔လမ္းႀကဳံေခၚလာတာ ၿပီးရင္ျပန္လႊတ္ေပးမယ္ ကံေကာင္းတာကံဆိုးတာကေတာ့ ကိုယ္ေ႐ြးတဲ့လမ္းအေပၚမူတည္တယ္”

“ဘာလုပ္ခိုင္းမလို႔လဲ”

စတၱဇဆန္ဆန္ၿပဳံးျပလာတာမို႔ သူေနာက္သာဆုတ္လိုက္မိသည္။

“သူ႕ရဲ႕ glandကိုဖ်က္ထုတ္ေပးဖို႔”

“မလုပ္ပါနဲ႕ အဲ့လိုမလုပ္ပါနဲ႕ အီးးး”

ေခါင္းရမ္းျပကာေနာက္ျပန္တ႐ြတ္တိုက္ဆုတ္မိသည္။မ်က္ရည္ေတြကိုမထိန္းနိုင္ေတာ့သလို ရွိုက္သံေတြကိုလည္းမသိမ္းနိုင္။သူအေၾကာက္ဆုံးအိမ္မက္ဆိုးကိုမမက္တာၾကာေနေပမယ့္ အခုလက္ေတြ႕ၾကားလိုက္ရေတာ့ သူ႕ကိုေသြးပ်က္ေစပါသည္။

“ဘာေတြပူပန္ေနတာလဲ ဆရာဝန္တစ္ေယာက္လုံးေခၚလာၿပီးလုပ္ခိုင္းေပးတဲ့ဟာကို ေက်းဇူးတင္ရမွာေပါ့”

“ဟင့္အင္း ဟင့္အင္း မဟုတ္ဘူးလို႔”

“ငါမလုပ္ေပးနိုင္ဘူး”

မုတ္သုံရဲ႕ယတိျပတ္အျငင္းမွာအားရပါးရရယ္ေမာလိုက္သူေၾကာင့္ ပိုစိုးရိမ္လာပါသည္။အဲ့တစ္ေယာက္က႐ူးေနတာ တကယ္ႀကီး႐ူးေနတာ။

“ဟားဟားဟား အရမ္းေတြေၾကာက္ေနတာပဲေရာ္ မပူပါနဲ႕အကုန္လုံးကိုမွတ္တမ္းတင္ထားတယ္ အိုက္ယား ဗီဒီယိုဖိုင္သာဟိုလူ႕ဆီေရာက္သြားရင္ဘယ္ေလာက္မ်ားအသည္းေတြကြဲလိုက္မလဲေနာ္ စကားတစ္ခြန္းႏွစ္ခြန္းနဲ႕ၿခိမ္းေျခာက္႐ုံနဲ႕တင္ သူ႕လူကအသည္းအသန္ေၾကာက္ေနၿပီ အိုး ေတြးၾကည့္တာနဲ႕ရင္ေတြခုန္လာၿပီ”

“မင္းမဟုတ္တာေတြေလွ်ာက္လုပ္ခ်င္မေနနဲ႕ အခုခ်ိန္ဆိုသူ႕လူကဒီေတာင္ေရာက္ခ်င္ေရာက္ေနေလာက္ၿပီ”

“အရမ္းေတြေၾကာက္ေနပါၿပီေနာ္ ဟားဟားဟား လာလည္းဘာလုပ္ရမွာလဲ သူ႕အပိုင္ေလးကငါ့လက္ထဲမွာေလ ကဲကဲခုနကစ,ေနတာဆိုေတာ့ အခုအတည္တက်ေလးေဆြးႏြေးၾကရေအာင္”

“မဟုတ္တာေတြစဥ္းစားေနမယ့္အစား ငါတို႔ႏွစ္ေယာက္လုံးကိုသတ္ပစ္လိုက္”

“ဘာေတြေလာေနတာလဲ အခုမွဇာတ္လမ္းကစမွာကို”

ေျပာေျပာဆိုဆို ငယ္ငယ့္ကိုလက္ေမာင္းမွတ႐ြတ္တိုက္ဆြဲကာ ဆိုဖာေဟာင္းတစ္ခုထက္တင္ပစ္ေလသည္။

“အား ဘာလုပ္တာလဲ လႊတ္ မလုပ္ပါနဲ႕ဆို”

“ျဖန္းး”

ထပ္မံက်ေရာက္လာတဲ့လက္ဖဝါးဟာလည္း အရင္ရိုက္ခ်အေပၚမွာမို႔ နာက်င္မႈကဒဏ္ရာေဟာင္းကိုထပ္ေပါင္းလိုက္သလို။

“ပါးစပ္ကိုပိတ္ထား နားညည္းရတာကိုအမုန္းဆုံးပဲ”

“အင့္”

“ကြၽတ္ကြၽတ္ မ်က္ႏွာေလးကခ်က္ခ်င္းကိုေယာင္လာေတာ့တာပဲ စိတ္မေကာင္းလိုက္တာ ဟားဟား ဒီေလာက္ခ်စ္ဖို႔ေကာင္းတာေလးကိုဟိုကအရမ္းေတြေႂကြေနတာလဲအျပစ္မဟုတ္ပါဘူးေလ”

ေျပာရင္း မ်က္ႏွာကိုလက္ဖမိုးႏွင့္ပြတ္ၾကည့္ေနတာမို႔သူအသံမထြက္မိေစရန္ထိန္းထားရသည္။ဝမ္းဗိုက္ထဲကစူးကနဲေအာင့္ေအာင့္လာတာမို႔ သူသိပ္မလႈပ္ရဲေတာ့။

“အခုဘာလုပ္မလဲသိလား”

“………”

“ေမးေနရင္ေျဖေလ”

ပါးႏွစ္ဖက္ကိုအားနဲ႕ညွစ္ၿပီး မ်က္လုံးျပဴးကာေမးလာတာမို႔ ေခါင္းသာရမ္းျပမိသည္။

“ကဲ မ်က္ရည္ေတြကဘာလို႔က်ေနတာလဲ ဘာမွလည္းမလုပ္ရေသးဘဲနဲ႕”

“လျခမ္းကိုလႊတ္လိုက္စမ္း မင္းေပါက္ရေတြေလွ်ာက္လုပ္ခ်င္မေနနဲ႕”

ၾကမ္းျပင္ထက္ကမုတ္သုံက ေရွ႕တိုးလာရင္း ပါးစပ္ကလည္းတားေနေလသည္။သူ႕အေပၚကလူကေတာ့ အေရးေတာင္မလုပ္။

“ဘာလုပ္လို႔လဲ ခ်စ္ဖို႔ေကာင္းလို႔ခ်စ္ၾကည့္မလို႔စဥ္းစားမိ႐ုံတင္”

“ဟင့္အင္း ဟင့္အင္း”

သူအတင္း႐ုန္းေတာ့လူေပၚဖိထားေလသည္။ဒူးကဗိုက္ေပၚတည့္တည့္ေရာက္လာတာမို႔ အသက္ေတာင္မရႉနိုင္။

“ၿငိမ္ၿငိမ္ေနစမ္း… ငါစိတ္ေျပာင္းသြားၿပီ မင္းကိုမသတ္ေတာ့ဘူး မင္းနဲ႕အတူအိပ္မယ္ ဆရာဝန္ေလးကေတာ့ပရိတ္သတ္လုပ္ေပးေနာ္ ဟီးဟီး”

“မလုပ္ပါနဲ႕”

“မင္းအ႐ူးမထနဲ႕ လႊတ္လိုက္စမ္း”

စကားနားမေထာင္သူကသူ႕ကိုအတင္းဖိနမ္းလာေလသည္။ႏႈတ္ခမ္းကိုထိမွာစိုး၍ဇြတ္႐ုန္းေတာ့လည္ပင္းေတြဆီဆင္းသြားကာ လက္ေတြကလည္းအဝတ္ေတြေအာက္နယ္ကြၽံလာေလသည္။Omegaအခ်င္းခ်င္းဆိုေပမယ့္ဘာမဆိုျဖစ္လာနိုင္တဲ့အေျခအေန။

ဟင့္အင္း ငယ္ငယ္မႀကိဳက္ဘူး။ကိုကိုမဟုတ္တဲ့တစ္ျခားတစ္ေယာက္ကို ငယ္ငယ္မၾကည္ျဖဴဘူး။

“မလုပ္ပါနဲ႕ ကေလး ကေလးနဲ႕မလို႔မလုပ္ပါနဲ႕”

ေနာက္ဆုံးသူအမွန္တရားကိုထုတ္ေျပာကာ အသနားခံလိုက္ေတာ့ လႈပ္ရွားမႈေတြရပ္တန့္ေပးကာ သူ႕ဝမ္းဗိုက္ဆီငုံ႕ၾကည့္လာေလသည္။

“ကေလး”

“အီးးးေတာင္းပန္ပါတယ္ ကေလးမ်က္ႏွာေလးျမင္ဖူးခ်င္ေသးတယ္ အဲ့လိုမလုပ္ပါနဲ႕ ကေလးေလးရဲ႕အေဖျဖစ္ခ်င္ေသးလို႔ပါ ကိုယ္ခ်င္းစာေပးပါ ကေလးအေဖျဖစ္ဖူးခ်င္လို႔”

“ကေလးရွိေနတာလား…. လိမ္ေနတာမလား”

မယုံနိုင္သလိုေျပာရင္း သူ႕ဗိုက္ဆီငုံ႕ၾကည့္လာေလသည္။

“မလိမ္ပါဘူး အတည္ေျပာတာပါ ေက်းဇူးျပဳၿပီးကိုယ္ခ်င္းစာပါေနာ္ ငယ္ငယ္လည္းကေလးေလးကိုေပြ႕ဖူးခ်င္လို႔ပါ ကေလးေလးရဲ႕မ်က္ႏွာကိုျမင္ဖူးခ်င္ေသးလို႔”

“ဟိုလူသိလား”

ကိုကို႔ကိုရည္႐ြယ္ၿပီးေမးလာတာမို႔ သူေခါင္းျပဳတ္မတတ္ရမ္းျပမိသည္။

“ဟင့္အင္း မသိေသးပါဘူး ငယ္ငယ္ကညမွေျပာျပမလို႔ ခုနေလးမွသိခဲ့ရတာပါ”

“ငါ မယုံဘူး”

“သူ သူသိပါတယ္ ခုနေလးတင္သူကိုယ္တိုင္စစ္ေပးလိုက္တာပါ “

“ဟုတ္လား”

မုတ္သုံဘက္ကိုအတည္ျပဳသလို လွည့္ေမးလိုက္သူက ေမွ်ာ္လင့္ခ်က္အျပည့္မ်က္ဝန္းေတြႏွင့္။

“ဟုတ္တယ္ အဲ့တာေၾကာင့္အ႐ူးထမေနနဲ႕”

“ကေလးေလး ကေလးေလးကဒီထဲမွာေပါ့ ဟီးဟီး”

သူ႕ဗိုက္ေပၚကဒူးကိုဖယ္ကာ ခပ္ဖြဖြပြတ္သပ္လာတာက အသည္းယားဖို႔ေကာင္းေပမယ့္ သူေခါင္းညိတ္ျပမိသည္။

“ဟုတ္ပါတယ္ အဲ့တာေၾကာင့္ေလ မသတ္လို႔ရမလားဟင္ သူမရွိတဲ့ေနရာကိုဖမ္းထားလည္းရပါတယ္ သူ႕ကိုေသၿပီလို႔ေျပာလိုက္လည္းရပါတယ္ ငယ္ငယ္သူ႕ကိုျပန္မရွာပါဘူး ကေလးေလးကိုေတာ့ဘာမွမလုပ္ပါနဲ႕ေနာ္ တကယ္ေတာင္းပန္ပါတယ္”

“ေကာင္းၿပီေလ သူနဲ႕ေဝးတဲ့အရပ္မွာ ကေလးေလးကိုေမြး ၿပီးရင္အဲ့ကေလးကိုငါ့ကေလးေနရာမွာအစားထိုး ဟီးဟီး ငါက ကေလးေလးရဲ႕အေဖျပန္ျဖစ္ ဟုတ္တယ္အဲ့တာေကာင္းတယ္”

စိတ္ဂေယာက္ဂယက္ျဖစ္ေနသူက သူ႕ဘာသာသူေျပာကာ သေဘာေတြက်ေနတာမို႔သူအရဲစြန့္ၾကည့္ဖို႔ႀကိဳးစားမိသည္။

“အဲ့ အဲ့တာဆိုေလႀကိဳးေလးျဖည္ေပးေလေနာ္ နာေနၿပီ ဗိုက္ထဲကလည္းအရမ္းေအာင့္ေနတယ္”

“ဟမ္.. ဗိုက္ေအာင့္ေနတာလား ကေလးေလးေနမေကာင္းတာလား ျဖည္ေပးမယ္ေနာ္ငါ့ကေလးကိုဘာမွမျဖစ္ေစနဲ႕ျဖည္ေပးမယ္”

ေျပာရင္းလက္မွႀကိဳးေတြကိုျဖည္ေပးလာတာမို႔ သက္ျပင္းတစ္ခ်က္ခိုးခ်ရသည္။ကေလးကိုအေၾကာင္းျပကာသူ႕လက္မွထြက္နိုင္ေအာင္ႀကိဳးစားရမည္။

“ဒုတ္”

“အ့”

ႀကိဳးျဖည္ေပးေနရင္း ေခြကနဲလဲက်သြားသူကေခါင္းတစ္ခုလုံး ေသြးေတြရဲလာေလသည္။

ဒုတ္တစ္ေခါင္းကိုင္ၿပီးမတ္တပ္ရပ္ေနတာက မုတ္သုံေလညွင္း။သူလန့္သြားကာ စိုးလည္းစိုးရိမ္မိသြားသည္။သူတို႔ကိုဖမ္းလာတာက စိတ္က်န္းမာေရးေၾကာင့္ျဖစ္နိုင္တာမို႔ အသက္ေတာ့မေသေစခ်င္ေပ။

“မုတ္သုံ သူအဆင္ေျပရဲ႕လားဟင္ အားအမ်ားႀကီးသုံးလိုက္တာလား”

“သိပ္မသုံးလိုက္ပါဘူး အသက္ထြက္႐ုံေလာက္ပဲ”

“မုတ္သုံ”

သူအလန့္တၾကားေမာ့ၾကည့္ကာ လက္ကႀကိဳးကိုဇြတ္ဆြဲျဖည္ရင္း ေရွ႕ကတစ္ေယာက္ကိုလႈပ္ႏွိုးမိသည္။

“ေဟ့ အဆင္ေျပရဲ႕လား ေခၚေနတာၾကားလား”

“ေခၚမေနနဲ႕ ေသၿပီ”

“ဘာ ဘာလို႔အဲ့ေလာက္”

ေသြးေအးေအးနဲ႕ေျပာလာတာမို႔ သူနားၾကားမွားသလားေတာင္ထင္ရသည္။

“ဘုတ္”

“အ့”

ပုခုံးမွဆြဲကာၾကမ္းျပင္ေပၚတြန္းခ်လိဳက္တာမို႔ ဝမ္းဗိုက္ေအာင့္ကနဲနာလာျပန္သည္။သူမယုံနိုင္စြာေမာ့ၾကည့္ေတာ့ ႏႈတ္ခမ္းစြန္းတစ္ဖက္ေကြးကာ ေလွာင္ၿပဳံးၿပဳံးျပေနတဲ့မ်က္ႏွာက ၾကက္သီးထစရာ။

“သုံးစားမရလို႔ေလ ငါဆြေပးခဲ့သမွ်အလကားျဖစ္ေအာင္လုပ္လို႔ ငါကလက္ငွားၿပီးသတ္မလို႔ၿပီးရင္ထိုင္ၾကည့္ရမလားလို႔ဟာ သူကလႊတ္ေတာင္ေပးခ်င္ေသးတယ္ တကယ္ကို႐ူးေနတာပဲ အစကတည္းကအ႐ူးတစ္ေယာက္ကိုမယုံခဲ့ရမွာ”

“……………..”

“အံ့ဩေနတာလား လျခမ္းငယ္ငယ္”

ငုံ႕ၾကည့္ကာေမးလာသူက နတ္ဆိုးဆန္ဆန္မ်က္ႏွာထားႏွင့္။

“………….”

“အို႔ မွားလို႔ ပင္..ဝါး..႐ုံ..ငယ္”

####################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၀, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၀, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၀ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၀ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၀ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၀ light novel, ,

Comment

Leave a Reply

Chapter 41