Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၁
A+ A-
“မုတ်သုံ”
သူအံ့ဩတကြီးဆိုလိုက်လျှင် ​ရှေ့မှအမျိုးသားက ဟန်လုပ်ရယ်လေသည်။
“ရော်ခက်ပါပြီ မုတ်သုံမဟုတ်မှန်းသိနေတာကို ဘာလို့အဲ့နံမည်ကိုခေါ်နေတာလဲ”
“ခင်ဗျားကဘယ်သူလဲ”
“အို့….ဝါးရုံငယ်လေးကငါ့ကိုမမှတ်မိဘူးလား စိတ်မကောင်းတော့ဘူးနော် ငါကအရမ်းတွေကြိုးစားပေးခဲ့တာကို”
ပြောရင်းကြမ်းပြင်ပေါ်တုတ်အားထောက်ချကာ လက်တစ်ဖက်နှင့်မျက်နှာအားပင့်မော့လာလေသည်။ပြီးမှမထီတရီပြုံးကာ ကျစ်သပ်ပြီးခေါင်းရမ်းလိုက်လေသည်။
“ငါဖန်တီးခဲ့တဲ့စာအုပ်ထဲရောက်လာပြီး ဖန်တီးခဲ့တဲ့ငါ့ကိုမသိတာ စော်ကားသလိုခံစားရတယ်”
“ဗေဒင်ဆရာ”
အံ့ဩစွာတိုးတိုးရွတ်တော့ခေါင်းရမ်းပြလာလေသည်။
“No..No..No အဲ့အဆင့်တွေနဲ့ငါ့ကိုလာမနှိုင်းစမ်းနဲ့ မတတ်သာလို့ဟန်ဆောင်ခဲ့ရုံပဲ ငါသာအလိုရှိရင်အားလုံးရဲ့ကံကြမ္မာကိုဖန်တီးယူလို့ရတယ်”
“ဘာလို့ငယ်ငယ်လဲ”
ပထမဦးစွာပေါ်လာတဲ့မေးခွန်းက ဘာလို့သူဖြစ်နေရတာလဲ။အေးချမ်းနေတဲ့သူ့ဘဝလေးကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင်ဘာအတွက်လုပ်ချင်ရတာလဲ။
“​မင်းမှဖြစ်မှာမို့လို့လေ တုံးအလွန်းတဲ့မင်းမှဖြစ်မှာမို့လို့ ဒါပေမယ့်ဟိုလူ့ကိုလျှော့တွက်မိသွားတာပဲ”
“ဘာလို့ခုလိုလုပ်ရတာလဲ”
တစစ်စစ်ဖြစ်နေတဲ့ဗိုက်ကိုစိုးရိမ်နေပေမယ့် မျက်နှာမှာမဖော်ပြရဲဘဲ မေးခွန်းတွေသာဆက်တိုက်မေးမိသည်။လူဆိုးတွေကအနာပေါ်ဆားဖြူးရတာကြိုက်တယ်လို့ငယ်ငယ်ကြားဖူးတယ်။
“မင်းကငါ့စကားနားထောင်လို့လား ငါပြောခဲ့ပြီးပြီလေ မင်းမှာချစ်ခွင့်မရှိဘူးလို့ မင်းကတော့သူ့အတွက်ကလေးပါမွေးပေးချင်သေးတယ်ပေါ့”
“လူတိုင်းမှာချစ်ခွင့်ရှိတယ် ငယ်ငယ်လည်းသူ့ကိုချစ်ခွင့်ရှိတယ်”
“အို့ ဘယ်လိုလုပ်မလဲ အဲ့အချစ်ကြောင့်အခုသေရတော့မယ် မင်းသေရတာသူ့ကိုချစ်မိလို့ မင်းချစ်မိတဲ့သူကြောင့်မင်းသေရတာ”
“လျှောက်ပြောနေတာ ခင်ဗျားကြီးမနာလိုလို့လျှောက်ပြောနေတာ အကယ်၍ငယ်ငယ်သေရမယ်ဆိုရင် ငယ်ငယ့်ကိုချစ်တဲ့ကိုကို့အချစ်တွေကိုခင်ဗျားမနာလိုလို့ ခင်ဗျားကြောင့်သေရတာ”
“တိတ်စမ်း အတင့်ရဲလို့ငါ့ကိုပြန်ခံပြောနေတာလား မင်းစကားတွေကိုဆင်ခြင်သင့်တယ် မဟုတ်ရင်ငါမင်းကိုသတ်တဲ့အခါ အရမ်းရက်စက်သွားလိမ့်မယ်”
လက်ထဲကတုတ်ကိုလွှင့်ပစ်ပြီး ဒေါသတကြီးပြောလာပုံကနတ်ဆိုးတစ်ကောင်ပမာ။တစ်စထက်တစ်စပိုနီလာတဲ့မျက်ဝန်းတွေကမကောင်းဆိုးဝါးတစ်ကောင်လိုကြောက်မက်ဖွယ်။
“ခင်ဗျားကြီးကဘာမို့လို့သူများခံစားချက်တွေကိုလိုက်ချုပ်ချယ်ချင်နေရတာလဲ”
“ငါကမင်းတို့ထက်မြင့်မြတ်တဲ့သူမို့လို့ပေါ့ ငါ့မှာမင်းတို့ခံစားချက်တွေကိုပြောင်းလဲပိုင်ခွင့်ရှိတယ် မင်းတို့နှစ်ယောက်ကဘယ်တော့မှချစ်ခွင့်မရှိဘူး”
“ရှိရှိမရှိရှိ ငယ်ငယ်ကတော့သူ့ကိုချစ်တယ်”
“သနားစရာဘဲ ဟိုတစ်ယောက်ကမကြားနိုင်တော့ဘူး မင်းမှာသူ့ကိုပြောပြဖို့အခွင့်အရေးမရှိတော့ဘူး”
“ငယ်ငယ့်ကိုထိရင် ကိုကိုကခင်ဗျားကြီးကိုလာသတ်မှာ”
“လျှို့ဝှက်ချက်တစ်ခုပြောပြရမလား”
ခါးကိုငုံ့ကိုင်းလာပြန်ကာ နားအနားကပ်လာတာမို့ ခန္ဓာကိုယ်ကတောင့်ခနဲ။သားကောင်ကိုကစားတော့မယ်သားရဲလိုမျိုး နှုတ်ခမ်းတစ်ချက်သပ်လေသည်။
“……………”
“သူကိုယ့်ကိုသတ်လိုက်တာနဲ့ မင်းလည်းဒီကမ္ဘာကြီးကနေထွက်သွားရမှာ ရုပ်ခန္ဓာပဲကျန်ခဲ့ပြီးတော့လေ”
“လျှောက်ပြောနေတာ”
သူချက်ချင်းတုံ့ပြန်လိုက်တော့ လှောင်ပြုံးတစ်ခုနှင့်ခါးမတ်ကာနောက်ဆုတ်သွားလေသည်။
“မယုံလည်းရပါတယ် ကိုယ်ကကိုယ့်လက်နဲ့မင်းကိုမသတ်ဘူး သူ့လက်နဲ့သူကိုယ်တိုင်သတ်မိပြီးတော့တစ်သက်လုံးခံစားသွားစေချင်တာ အဲ့တာငါဖန်တီးတဲ့ကံကြမ္မာကိုပြောင်းလဲပစ်တဲ့အတွက် သူ့အတွက်အပြစ်ဒဏ်ပဲ”
“မယုံဘူး”
“အစကတော့ ငါကဟိုအရူးကိုမျှားပြီး ယမင်းကိုသတ်ခိုင်းမလို့ မင်းအမြဲမက်နေတဲ့အိမ်မက်ဆိုးဝတ္ထုထဲကဇာတ်သိမ်းလိုလေ ဒါပေမယ့်ကွာ ဟိုလူနှစ်ယောက်ကမင်းရဲ့လူလက်ချက်နဲ့ဆုံးသွားပြီ ဒီအရူးကကျတော့လည်းသေသွားတဲ့သားရူးရူးနေတာ အို့ ငါသတ်လိုက်တာဆိုပိုမှန်မှာပေါ့ သူတို့လာရင်ငါမင်းကိုနှိပ်စက်နေတာကိုတွေ့မယ် ပြီးရင်ငါ့ကိုသတ် ငါသေရင်မင်းလည်းဒီကမ္ဘာကြီးကနေထွက်သွားရမှာဘဲ အဲ့တာဆိုသူ့လက်နဲ့မင်းကိုသတ်ပစ်လိုက်သလိုဘဲလေ မင်းမှာရုပ်ခန္တာပဲကျန်ခဲ့ပြီး စိတ်ဝိဥာဥ်ကအရင်နေရာကိုပြန်ရောက်သွားတော့မှာ”
“……………”
“သိပ်စိတ်မပူပါနဲ့ ဟိုပြန်ရောက်ရင်မင်းကဖြစ်ခဲ့တာတွေအကုန်မေ့သွားမှာ ပြီးရင်ငါတို့အစကပြန်ဆုံတွေ့ကြမယ် ဒီတစ်ခါတော့ပိုပြီးတိကျတဲ့ဇာတ်သိမ်းကိုပြောင်းရေးရမှာပေါ့ မဟုတ်ရင်ငါလိုချင်တဲ့အခြေနေမရောက်မချင်းငါမင်းကိုသတ်ပြီးအစကနေပြန်စနေရမှာ ကြာတော့ငြီးငွေ့တယ်လေ ငါအဲ့လောက်စိတ်မရှည်နိုင်ဘူး”
“မဟုတ်ဘူးညာနေတာ ခင်ဗျားအဲ့လောက်ထိမစွမ်းနိုင်ဘူး အဲ့လိုလုပ်နိုင်စွမ်းတွေခင်ဗျားမှာမရှိဘူး”
သူ့စကားဆုံးတော့ ဒေါသတကြီးစူးစိုက်ကြည့်လာတဲ့မျက်ဝန်းနီတွေနဲ့အတူ နှုတ်ခမ်းပါတင်းတင်းစေ့သွားလေသည်။
“အထင်သေးလိုက်တာ ငါအမုန်းဆုံးကဘာလဲသိလား ငါ့ရဲ့လုပ်နိုင်စွမ်းကိုအထင်သေးတာပဲ အဲ့တော့မင်းကိုအပြစ်ပေးရမှာပေါ့”
“ဘာလုပ်မလို့လဲ ရှေ့မတိုးလာနဲ့”
“မင်းသိပ်လိုချင်နေတဲ့ကလေးကိုငါကဖျက်ဆီးပစ်ရင်ရော”
“ဟင့်အင်းမလုပ်ပါနဲ့ အားးးးး”
ဝမ်းဗိုက်ပေါ်ဖိနင်းလာသည့်ခြေထောက်တစ်ဖက်နှင့်အတူ နာကျင်မှုကပြောပြတတ်အောင်ပင်။ခြေထောက်ကိုလက်နှစ်ဖက်နှင့်တွန်းဖယ်ပေမယ့်အားချင်းမမျှတာမို့သေးသေးလေးတောင်မရွေ့။ပေါင်ခြံကစေးကပ်ကပ်အရာတွေကသွေးတွေမှန်းမကြည့်ဘဲနှင့်သိနေသည်။ဖိနပ်နှင့်ဖိကြိတ်နေတာမို့ အူတွေပါကြေမွကုန်သလားမပြောတတ်။
ခေါင်းပြုတ်မတတ်ရမ်းမိနေပေမယ့် အသံထွက်ဖို့တောင်အားမရှိတော့။နှဖူးမှကျလာသည့်ချွေးတွေနှင့်အတူ အော်သံပင်မထွက်နိုင်။သူ့ကလေးလေး ကိုကိုနှင့်သူ့ရဲ့ကလေးလေး။မှုန်ဝါးလာတဲ့မြင်ကွင်းနှင့်အတူ အသိစိတ်တွေပါထွေပြားလာလေသည်။နာတယ် သိပ်နာတာပဲ။
*ကိုကို*
နှုတ်ခမ်းမှထွက်မကျလာတဲ့ခေါ်သံကလည်ပင်းထဲတင်ပျောက်ကွယ်ကုန်သည်။နောက်ဆုံးအချိန်လေးတောင်ကိုကို့ကိုမြင်သွားခွင့်မရှိဘူးတဲ့လား။ချစ်တယ်လို့တောင်ပြောခွင့်မရှိတော့ဘူးတဲ့လား။တကယ်ကိုပဲ ချစ်ခွင့်မရှိခဲ့တာလား…….
စိမ့်ကျလာတဲ့မျက်ရည်နှင့်အတူ မျက်တောင်တွေပါဖိပိတ်ကျသွားသည်။တုန်ယင်နေတဲ့လက်ချောင်းလေးတွေငြိမ်သက်သွားတာမို့ နင်းထားတာကိုဖယ်လိုက်သည်။
အထက်စီးမှမြင်နေရတဲ့မျက်နှာကဖြူစုတ်ကာ ရထားတဲ့ဒဏ်ရာတွေကြောင့်မျက်နှာက ပွန်းပဲ့ဖူးယောင်လို့။ဘယ်နေရာကများလှနေလို့ တမ်းတမ်းစွဲဖြစ်နေရတာလဲ။
ဝတ်ထားတဲ့ဘောင်းဘီဖြူလေးက ဖုန်မှုန့်တွေညစ်ပေနေသလိုသွေးတွေလည်းရွှဲနေသေးသည်။အင်္ကျီတွေကပုံမကျပန်းမကျ။
“သေသွားပြီတဲ့လား အဟက် ပျော့ညံ့လိုက်တာနော် သိပ်ချစ်ရတဲ့သူကြီးကိုတောင်မစောင့်တော့ဘူးပေါ့ ဟားဟား ကောင်းပါတယ် အရမ်းမြင်ချင်နေတဲ့ကလေးလည်းရှိမှမရှိနိုင်တော့တာ သေသွားတော့ဝမ်းမနည်းရတော့ဘူးပေါ့ နောက်ဘဝကျရင်တော့သူ့လက်နဲ့ဆက်ဆက်သေပေးဖို့မမေ့ရ အ့”
စကားမဆုံးခင်ဂုတ်ပိုးထက်ဖိနှိပ်ခံရခြင်းနှင့်အတူ အရာအားလုံးအမှောင်ကျသွားခဲ့တာမို့တရားခံကိုသူမသိတော့။
“ငယ်ငယ် ငယ်ငယ် ကလေးလေးကိုကိုခေါ်နေတယ်လေ ငယ်ကိုကို့ကိုမျက်လုံးဖွင့်ကြည့်ပါအုံး ငယ်ငယ်”
လဲကျနေသူနားအပြေးသွားကာ သူအသားကုန်အော်ဟစ်မိသည်။နှာခေါင်းနားလေးဖွဖွထိကာအသက်ရှူမရှူအရင်စမ်းရသည်။တိုးဖျော့နေတဲ့ လေငွေ့နွေးနွေးလေးကြောင့်သာသူရူးမသွားတာ။
“ကိုCean ကားပေါ်အရင်တင်ရအောင် ကိုလတ်စောင့်နေပြီ”
ပွေ့ချီဖို့ပြင်ပေမယ့် ရဲရဲနီနေတဲ့သွေးတွေကြောင့်သူမထိရဲ။ရုတ်တရတ်ကျလာတဲ့မျက်ရည်တွေကိုပွတ်သုတ်လို့ တုန်ယင်နေတဲ့လက်တွေကိုထိန်းကာ အညင်သာဆုံးပွေ့ချီရသည်။
“သူတို့ကို အရင်ဖမ်းထားလိုက်”
လဲကျနေသူနှစ်ယောက်ကိုငဲ့မကြည့်ဘဲ သူ့လူတွေကိုအမိန့်ပေးသည်။
“ဟုတ်ကဲ့”
လမ်းတစ်လျှောက်ပြည့်နေတဲ့သူ့သက်တော်စောင့်တွေက လက်ထဲကလူကိုမြင်တော့မကြည့်ရက်ကြသလိုအကုန်မျက်နှာလွှဲကုန်သည်။မနက်ကလေးတင် ပြုံးပြုံးရွှင်ရွှင်နဲ့ကလေးက အခုတော့သူကိုယ်တိုင်ဆင်ပေးထားတဲ့အဖြူရောင်အဝတ်တွေမှာသွေးတွေရဲနေသလို မျက်နှာလေးကလည်းရစရာမရှိအောင်ညိုမည်းပွန်းပဲ့နေလေသည်။
ကားပေါ်တင်ပြီးတော့လိုအပ်တာမှန်သမျှ ဆရာဝန်အဖွဲ့ကဆက်လုပ်သွားသည်။သူ့သူငယ်ချင်းတွေကအခြေနေကိုမမြင်ရက်သလို အနှောင့်ယှက်လည်းဖြစ်မည်ဆိုးတာကြောင့် တစ်ခြားကားနှင့်လိုက်လာလိမ့်မည်။
“ငယ်ငယ် ကလေးလေး ကိုကိုခေါ်နေတာကြားလား”
နားနားလေးကပ်ကာ သူတဖွဖွပြောနေမိသည်။ဘေးကဆရာဝန်တွေကတော့အခြေနေကိုစစ်ဆေးကာ လုပ်သင့်တာတွေလုပ်နေကြတာမြန်မြန်သွက်သွက်။
“အခြေနေ”
“နှလုံးခုန်နေသေးပေမယ့်အရမ်းအားနည်းနေတယ် သွေးခုန်နှုန်းစမ်းမရဘူး”
Horizonအမေးကိုပြန်ဖြေလာတဲ့ဆရာဝန်က သူ့ကိုတစ်ချက်ကြည့်လာတာစိုးရိမ်တကြီး။သူဂရုမစိုက်ဘဲငယ့်ကိုသာတဖွဖွနှိုးနေမိသည်။သူ့အသံကြားရင်ငယ်ကထလာမှာ။
“အရေးပေါ်သွေးသွင်းဖို့ပြင်ထား”
“ငယ်ငယ်”
သူ့လက်ထဲကလက်ချောင်းလေးကသူ့လက်ညှိုးကိုပြန်လည်ဆုပ်ကိုင်လာတာမို့ သူ့အနားကပ်ကာဖွဖွခေါ်ကြည့်သည်။
“ကိုကို”
“အင်း ကိုကိုရောက်လာပြီသတိထားနော် မအိပ်သေးနဲ့အုံးနော် ငယ်ငယ်ကလိမ္မာပါတယ်”
သူမျက်ရည်တွေကိုထိန်းကာ အားတင်းပြောရသည်။စကားသံတွေတိုးဖျော့ကာ မျက်လုံးလည်းပွင့်မလာတဲ့ကလေးက တော်တော်ခံစားနေရမှာ။
“ကလေး”
“ဘာပြောချင်လို့လဲငယ်”
“ကလေးကိုရအောင်ကယ်ပေး”
တိတ်ဆိတ်ကုန်တဲ့စကားသံတွေကြား အကုန်အံ့အားသင့်ကုန်လေသည်။ပြီးနောက်အကြည့်တွေရောက်ကုန်တာက သွေးတွေရွှဲနေတဲ့အောက်ပိုင်းဆီ။
“ကိုကို ကလေးလေး”
“အွန်း ကိုကိုရအောင်ကယ်ပေးမှာ အဲ့တာကြောင့်မအိပ်ရဘူးနော်”
“နာတယ် ကိုကို”
နာကျင်မှုတွေအပြည့်နှင့် တိုးတိုးလေးညည်းလာတဲ့စကားကနားမခံသာစရာ။ယောကျ်ားတွေတန်မဲ့မျက်ရည်ဝဲရသည်အထိ စကားတစ်ခွန်းကအကျိုးသက်ရောက်ပါသည်။
“အွန်း ခဏလေးပဲ ပြီးရင်အဆင်ပြေသွားတော့မှာ”
“ငယ်ငယ်…သေမှာလားဟင်”
အားယူပြောနေပုံက အားမရစရာဆိုပေမယ့် သူအားတင်းပြီးနှစ်သိမ့်စကားဆိုရသည်။
“မဟုတ်တာကလေးရယ် ကိုကို့ငယ်က…. ကိုကို့ငယ်ကကိုကိုနဲ့အကြာကြီးနေရအုံးမှာ ငယ်ငယ်ပြောတော့ သားလေးသုံးယောက်မွေးပေးမှာဆို”
“နာတယ်…အရမ်းနာနေတယ်ကိုကို”
“ခဏလေးပါငယ်ရယ်နော် စကားမပြောနဲ့တော့ ကိုကိုပြောတာကိုပဲနားထောင် အိပ်မပျော်သွားနဲ့နော်”
“Oxygen ကျနေတယ် Oxygenတိုးလိုက် ကိုCean လခြမ်းကိုစကားပြောပေးနေ သတိမလစ်သွားစေနဲ့”
“ငယ်ငယ် ကိုကိုပြောနေတာကြားလား”
“……………”
“ကိုကို့ကိုမျက်လုံးဖွင့်ကြည့် ချစ်တယ်ဆိုမျက်လုံးဖွင့်ကြည့်”
လှုပ်လီလှုပ်လဲ့မျက်တောင်ဖျားတွေကအားယူဖွင့်ပေမဲ့ပွင့်မလာဟန်။Oxygen maskအောက်ကနှုတ်ခမ်းလေးတွေကလှုပ်နေပေမယ့် စကားသံထွက်မလာ။လှုပ်နေပုံအရ သူနာကျင်နေကြောင်းပဲတဖွဖွပြောနေတာ။
ယောကျ်ားရင့်မာကြီးတန်မဲ့ကျမိတဲ့မျက်ရည်တွေကိုမသုတ်ပစ်အား။ပျော့ဖတ်နေတဲ့ လက်လေးကိုဖွဖွညှစ်လို့နံမည်လေးသာ တိုးဖျဖျညည်းမိသည်။
“ငယ်ငယ် ကိုကိုခေါ်နေတာကြားလား”
“ONE မရောက်သေးဘူးလား”
Horizonကမနေနိုင်စွာလှမ်းမေးသည်။
“နောက်ထပ် ၁၀မိနစ်ပါပဲအစ်ကိုလေး”
ရှေ့မှာလမ်းရှင်းပေးတဲ့ကားတွေကြောင့်သာ သူတို့ခရီးတွင်နေတာ။ဆေးပစ္စည်းတွေပြည့်နေတဲ့ကားထဲ တကယ့်တကယ်တော့ဘာလုပ်လို့လုပ်ရမှန်းမသိအောင်လမ်းပျောက်ချင်စရာ။
“ကိုCean”
နံဘေးကတိုးတိုးခေါ်လာတဲ့ Horizon ကသူ့ပုခုံးကိုပုတ်ကာနှစ်သိမ့်လာလေသည်။
“နှလုံးခုန်နှုန်းတွေထိုးကျနေတယ် ဆေးတွေအသင့်ပြင်ထား”
“သွေးစစ်ချက်အဖြေကိုအမြန်ဆုံးရအောင်လုပ် သွင်းရမယ့်သွေးကိုရောCheck ပြီးပြီလား”
“အားလုံးအဆင်သင့်ပါ”
“ရောက်ပြီအစ်ကိုလေး”
မောင်းခဲ့သမျှအမြန်နှုန်းထဲ ဒီတစ်ကြိမ်ဟာအမြန်ဆုံးဖြစ်မည်။
“ကိုCean ဂရုစိုက်ပြီးပွေ့ သူသွေးတွေဆင်းနေတုန်းပဲ”
“ငယ်ငယ် ရောက်ပြီနော် ခဏလေးပဲအားတင်းထားပါအုံး”
“…………….”
“ငယ်ကိုကိုပြောတာကြားတယ်မလား ကိုယ်တို့ကလေးလေးအတွက်ခဏလေးတောင့်ခံပေးနော်”
“……………”
“ကိုကိုကငယ်မရှိလို့မဖြစ်တာသိတယ်မလားဟင် ငယ်တစ်ခုခုဖြစ်ရင်ကိုကိုရူးသွားမှာ”
ပွေ့ချီလာရာလမ်းတစ်လျှောက် အရူးမီးဝိုင်းဖြစ်နေတဲ့သူ့ကို အားလုံးကနားလည်သလိုကြည့်လာလေသည်။ကုတင်ပေါ်တင်ပေးပြီးသည်အထိသူအခန်းထဲကမထွက်။ဆုပ်ကိုင်ထားတဲ့လက်ကလေးကိုလက်လွှတ်လိုက်မိရင် တစ်သက်တာအတွက်နောက်ဆုံးအကြိမ်ဖြစ်သွားမှာသူကြောက်ပါသည်။
“ကိုCean အပြင်မှာခဏစောင့်ပေး”
“……………..”
လက်မခံဘူးလို့ပြောမလာဘဲ ဆုပ်ကိုင်ထားသည့်လက်ကိုသာပိုတင်းကြပ်ပစ်သည်။
“ကိုCean အဲ့လိုလုပ်နေတာက သူ့ကိုကုသဖို့အတွက်နှောင့်နှေးစေတယ်”
နှုတ်ခမ်းတစ်စုံဖြင့်ဖိကပ်မိတဲ့သူ့လက်ဖမိုးလေးကအေးစက်စက်ရယ်။ကိုယ့်မျက်ရည်တွေစွန်းကုန်တာတောင် ထမချော့တဲ့ကလေးကတော့ငြိမ်ငြိမ်သက်သက်။
မျက်ရည်တွေကိုအကြမ်းပတမ်းပွတ်သုတ်ကာအခန်းပြင်ထွက်ဖို့မနည်းအားယူရသည်။တံခါးပိတ်အပြီးကြမ်းပြင်ထက်ခွေကနဲကျတော့ ပင်ထနောင်းညိုကထိန်းပေးထားရလေသည်။
“စိတ်ထိန်းပါအုံး လခြမ်းဘာမှဖြစ်မှာမဟုတ်ပါဘူး”
နှစ်သိမ့်လာသူကလည်းမျက်လုံးတွေရဲနေတာပါပဲ။စကားအဆုံးထပ်ကျလာတဲ့မျက်ရည်တွေကိုသုတ်ဖို့ မျက်နှာတစ်ဖက်လှည့်သွားလေသည်။
“ငါအသုံးမကျတာ ငါစောက်သုံးမကျတာ”
ကြမ်းပြင်ဆီချိန်ရွယ်တဲ့လက်သီးက တစ်စုံတစ်ယောက်ဆွဲတာခံလိုက်ရလေသည်။သူဇွတ်ရုန်းပေမယ့်မလွှတ်ပေး။
“လခြမ်းအခြေနေကဘာမှန်းမသိရသေးဘူး စိတ်လိုက်မာန်ပါတွေလျှောက်မလုပ်ပါနဲ့”
ဆွဲထားတဲ့လက်ကိုလွှတ်ကာအံကြိတ်ပြီးသတိပေးလာတဲ့စိုင်းတိမ်ငွေ့ကို မော့ကြည့်ရင်းသူတောင်းဆိုမိသည်။
“ငါ့ကိုထိုးလိုက်ပါလား ကျေးဇူးပြုပြီးတော့ ငါ့ရင်ဘတ်ထဲကနာကျင်မှုတွေလျော့အောင် ငါ့ကိုထိုးလိုက်စမ်းပါ”
ရင်ဘတ်ကိုတဘုန်းဘုန်းထုရင်း ကြိတ်မနိုင်ခဲမရသူဆိုတော့Geoကပွေ့ဖက်ကာနှစ်သိမ့်လာလေသည်။
“ကိုCean စိတ်ထိန်းပါအုံး လခြမ်းအဆင်ပြေမှာပါ သူအဆင်ပြေသွားမှာပါ”
“သူတစ်ခုခုဆိုရင် ငါရူးမှာငါရူးပြီးအားလုံးကိုသတ်ပစ်မိမှာ”
တစ်ခါမှမမြင်ဖူးခဲ့တဲ့သူ့ပုံစံကြောင့် အားလုံးကမျက်နှာလွှဲသည်။မိုးပြိုရင်တောင်ဂရုမစိုက်ဘဲချေနေမယ့်သူက အခုတော့မျက်ရည်လည်ရွဲအရူးမီးဝိုင်း။
“ကိုCean”
အခန်းထဲကထွက်လာတဲ့Horizonက maskအုပ်ထားတာမို့မသိသာပေမယ့် မျက်ဝန်းတွေနီနေတာထင်ထင်ရှားရှား။
သူကုန်းရုန်းထကာရှေ့တိုးသွားမိသည်။အမေးစကားတွေမထွက်နိုင်သည်အထိ ရင်ထဲမှာစို့စို့နင့်နင့်။
“ငါ့ငယ်ငယ်ရော ငယ်ငယ်အဆင်ပြေရဲ့လား ငယ်ငယ်အဆင်ပြေရဲ့လားဟင်”
“အခြေနေကမတည်ငြိမ်သေးဘူး အခုကျွန်တော်ပြောစရာရှိတယ် ကိုCeanစိတ်အေးအေးထား”
“…………..”
လေးနက်နေတဲ့Horizonကြောင့် နံဘေးကလူတွေပါအသက်မရှူနိုင်သည်အထိ လေထုကတင်းကြပ်နေပါသည်။
“အခြေအနေကအရမ်းစိုးရိမ်ရတယ်”
“…………..”
“ကိုယ်ဝန်ကလအရမ်းနုနေသေးတဲ့အပြင် ဒဏ်ကလည်းပြင်းတာမို့ ကလေးကလုံးဝလက်လွှတ်ရဖို့သေချာသလောက်ပဲ”
“……………”
“ပြီးတော့.. လခြမ်းအခြေနေကလည်းကလေးရဲ့သက်ရောက်မှုကြောင့်၃၀%ပဲ…. ကိုCean “
“ကိုCean သတိထားပါအုံး”
ထိန်းထားတဲ့သူတွေပါလဲပြိုကျသည်အထိ သူဟာအတုံးအရုန်း။
“အဲ့လိုမဟုတ်ဘူး မဟုတ်ဘူးလို့ ငယ့်ကိုရအောင်ပြန်ခေါ်ပေးပါ ဒူးထောက်ဆိုထောက်ပါ့မယ် ကလေးကိုပြန်မရရင်တောင်အဆင်ပြေတယ် ဘယ်တော့မှမရရင်တောင်အဆင်ပြေတာမလို့ ငယ့်ကိုရအောင်ပြန်ခေါ်ပေးပါ”
“ကိုCean သတိထားပါအုံး ကျွန်တော်တို့အဖွဲ့အစွမ်းကုန်ကြိုးစားပေးမှာမလို့ ကိုCeanစိတ်ထိန်းပါ ဖြစ်နိုင်ချေကိုရှင်းပြရုံလေးပါကိုCeanရဲ့ အဆိုးဆုံးအခြေနေကိုကြိုပြောပြထားရုံပါ အတတ်နိုင်ဆုံးကြိုးစားမှာမလို့ ကိုCeanအားလျှော့လိုက်လို့မရဘူးနော်”
“ငယ်တစ်ခုခုဖြစ်ရင် အကုန်လုံးကိုသတ်ပစ်မှာ ရှိသမျှလူတွေအကုန်လုံးကိုသတ်ပစ်မှာလို့…အားးးးးး”
“ကိုသမုဒ္ဒရာ စိတ်အေးအေးထားပါအုံး လခြမ်းကကျွန်တော်တို့ကိုအဲ့လောက်လွယ်လွယ်နဲ့ခွဲမသွားပါဘူး သူကအရမ်းသန်မာတာမလို့ကိုသမုဒ္ဒရာကယုံကြည်ပေးပါ”
“ကျွန်တော်သွားပြီ ကိုCeanစိတ်အေးအေးထား”
“ကျွန်တော်တို့ဂရုစိုက်လိုက်ပါ့မယ် ကျေးဇူးပြုပြီးလခြမ်းကိုကယ်တင်ဖို့အစွမ်းကုန်ကြိုးစားပေးပါ”
ရှေ့တိုးလို့ဆိုလာကာ အကူအညီတောင်းလာတဲ့တိမ်ငွေ့က မငိုမိအောင်တင်းထားတာမို့ မေးရိုးတွေကတင်းတင်းကြပ်ကြပ်။
“ကျွန်တော်အစွမ်းကုန်ကြိုးစားပါ့မယ်”
စေ့ပိတ်သွားတဲ့တံခါးနောက် သူပြေးဆွဲဖွင့်ဖိုကြိုးစားချင်ပေမယ့် စိတ်သွားတိုင်းကိုယ်မပါခဲ့။ငယ်မရှိတော့ရင်ဆိုတဲ့အတွေးတွေနဲ့တင် မွန်းကြပ်လာတာမို့ တတ်နိုင်သလောက်အတွေးထဲကဖျောက်ထားရသည်။
ကောင်းကင်တစ်ခွင်မှိုင်းညှို့လာတာ မုန်တိုင်းလက္ခဏာတွေ။ကိုယ့်အချစ်လေး မျက်ဝန်းမှိတ်တဲ့အခါ ကိုယ့်ကမ္ဘာမှာအလင်းရောင်တွေကွယ်ပျောက်ကုန်တယ်။ကိုယ့်ဘဝအလင်းရှိဖို့ မင်းရှိနေမှဖြစ်မှာကလေးရဲ့။မဟုတ်ရင်လမ်းပျောက်ပြီးအသက်ရှင်ဖို့မဖြစ်နိုင်တော့တာသေချာနေတာမို့။
အလင်းရောင်တွေပျောက်ကာ အမှောင်တွေတိုးတိုက်လာသည်အထိသူတို့ကြားငြိမ်သက်နေသည်။အခန်းထဲကဘယ်သူမှထွက်မလာသလို အပြင်မှာမိုးတွေကသည်းကြီးမည်းကြီး။ရင်ထဲကမုန်တုန်းတွေကို အပြင်မှာအသက်သွင်းလိုက်သလိုမျိုး။
စက္ကန့်တွေတစ်ရွေ့ရွေ့ပြောင်းကာ လက်တံတိုတွေတစ်ပတ်ပြီးတစ်ပတ်။ခန့်မှန်းမသိရတဲ့အခြေနေတွေကြား အချိန်တွေဟာအရေးမပါတော့သလိုမျိုး။စောင့်ဆိုင်းရခြင်းတွေရှည်ကြာတယ်ဆိုပေမယ့် ခုချိန်ကတော့မျက်တောင်တစ်ခတ်စာသာသာ။
ကော်ရစ်ဒါထက်ငြိမ်သက်နေတာ အသက်ရှူသံတောင်ရှိမနေသလိုမျိုး။အဓိပ္ပါယ်မဲ့စွာမိုးစက်တွေကိုငေးရင်း ရင်ထဲကအပူမီးဟာတဖြည်းဖြည်းအရှိန်ရလာသလားမပြောတတ်။အသည်းနှလုံးအူကလီစာတွေပါလောင်ကျွမ်းပြာကျကုန်ပြီထင်သည်။
ငယ်ငယ်တဖွဖွပြောနေတာ နာတယ်တဲ့။အရမ်းတွေနာကျင်နေလောက်မှာ။နာမှာကြောက်တဲ့ကလေးကိုသူမကာကွယ်ပေးနိုင်လို့ သူသိပ်လိုချင်ခဲ့တဲ့ကလေးကိုကိုယ်မကာကွယ်ပေးနိုင်ခဲ့လို့ စိတ်ကုန်ပြီးထွက်သွားခဲ့ရင်….
အတွေးတွေကိုရပ်ကာခေါင်းတွင်တွင်ခါပစ်သည်။အဲ့လိုမဖြစ်နိုင်ပါဘူး။ငယ်ကသူ့ကိုမထားခဲ့နိုင်ပါဘူး။မျက်ရည်တွေကိုလက်ဖဝါးနှစ်ဖက်နှင့်ပွတ်သုတ်ပစ်ရင်း သူစိတ်ငြိမ်အောင်အသက်ပြင်းပြင်းရှူရသည်။
“အစ်ကို”
အခန်းထဲကထွက်လာသူကို ပင်ထနောင်းညိုမှဆီးကြိုသည်။အဖြေကိုသိချင်နေပေမယ့် မလိုချင်တဲ့အဖြေလည်း ဖြစ်နေမှာဆိုးသည်။ဖြစ်နိုင်ရင်တော့ဒီအခြေနေကိုအချိန်တွေကြာရှည်စေချင်ပါသည်လေ။
“ငယ်ရော Horizon ငါ့ငယ်ငယ်ရော”
အတင်းထရပ်ကာ ပုခုံးနှစ်ဖက်ကိုလှုပ်လို့မေးလာသူကတည်ငြိမ်မှုတွေပျောက်ဆုံးနေတာသိသိသာသာ။မျက်ဝန်းတွေဂဏှာမငြိမ်သလို ရဲရဲနီတဲ့မျက်သားတွေက စိတ်ရူးဖောက်နေမှန်း မြင်သူတိုင်းသိသာစေသည်။
“အဆင်ပြေသွားပြီ ကိုCeanစိတ်အေးအေးထားနော်”
“တကယ်လား မလိမ်ဘူးမလား ငါလူသတ်မှာဆိုးလို့လိမ်နေတာလား”
စိုးရိမ်တကြီး ပုခုံးတွေကိုဆွဲလှုပ်ကာ အထပ်ထပ်အခါခါအတည်ပြုချင်နေပုံ
“တကယ်ပြောနေတာကိုCean အရမ်းကံကောင်းတယ် လခြမ်းရောကလေးကိုပါကယ်တင်နိုင်ခဲ့တယ် ဒါပေမယ့်စောင့်ကြည့်ရအုံးမယ် သူသတိရလာမှအခြေအနေကတည်ငြိမ်မှာ”
“ဟား…..ဟားဟား…. ဟားဟားဟား”
အားရပါးရအော်ရယ်လာသူက မျက်ရည်တွေစီးကျနေလေသည်။သူကိုယ်တိုင်လည်းမျက်ရည်ကျမိသည်။ယုံလည်းမယုံနိုင်သေးဘူး။လုံးဝလက်လွှတ်ထားတဲ့ကလေးကပါရှင်သန်နေပါတယ်တဲ့။
“တကယ်လား တကယ်ပြောတာလား”
Horizonကိုဆွဲလှုပ်ကာထပ်မေးလာတာက မယုံနိုင်သလိုမျိုး။သူအပြုံးနှင့်ခေါင်းညိတ်ပြမိသည် မျက်ရည်တွေကဝမ်းသာလို့ကျလာတာမို့သူမသုတ်ဖြစ်။
“ငယ်ဘာမှမဖြစ်ဘူးပေါ့နော် တကယ်ရောဟုတ်ရဲ့လားကွာ”
မယုံနိုင်သလို အတည်ပြုလာပြန်သည်။
“တကယ်ပြောတာပါ”
“အဲ့တာဆိုငါတွေ့ချင်တယ်လေ သူ့ကိုအရမ်းလွမ်းနေပြီ”
“ခဏလေးစောင့်အုံး ခဏနေတွေ့လို့ရပြီ”
“ခုဘာလို့မတွေ့ရတာလဲ တကယ်ရောဟုတ်လို့လား”
“စိတ်ချလက်ချယုံပါဗျာ အခုသူ့ကိုသေချာနေရာချနေလို့ပါ”
“သူတကယ်အဆင်ပြေပါတယ်နော်”
“တကယ် လောလောဆယ်တော့သုံးရက်လောက်သတိရ​သေးမှာမဟုတ်ဘူး သတိရတာနဲ့အားလုံးစိတ်ချလိုက်လို့ရပြီ ကိုယ်ဝန်ကလည်းလုံးဝအထိခိုက်မခံတော့တာမို့ နှစ်လလောက်လှုပ်လှုပ်ရှားရှားနေလို့မရဘူး အိပ်ယာထဲမှာပဲငြိမ်ငြိမ်လေးနေရမယ်”
“ရတယ် သူသာဘာမှမဖြစ်ရင်ရပြီ ငါသေချာဂရုစိုက်ပေးမှာ ဒီတစ်ခါတကယ်ဂရုစိုက်ပေးမှာပါ”
ရှိသမျှမျက်ရည်တွေအားလုံးကျဆင်းခွင့်ပေးလိုက်မိသည်။ဒီတစ်ခါပါပဲငယ်ရဲ့ ငယ့်ကြောင့်ကျတဲ့မျက်ရည်ဟာဒီတစ်ခါပါပဲ။နောက်ဆိုရင် ငယ်ပြုံးမှထပ်တူကျမယ့်အပြုံးတွေမို့ အမြဲပြုံးနေနိုင်အောင်ပဲကြိုးစားပေးတော့မှာ။
အားလုံးအခုမှစိတ်လွှတ်နိုင်တာမို့ မျက်ရည်တွေကြားအပြုံးတွေမပီမပြင်။ယောကျ်ားရင့်မာကြီးတွေတန်မဲ့မျက်ရည်တွေကျရတဲ့ညဟာ အချစ်ခံလေးကြောင့်အမှတ်တရ။
ဒီအမှတ်တရဆိုးကြီးကိုအမြဲရင်ထဲသိမ်းထားမှာ။နောင်ဘယ်တော့မှဒီလိုထပ်မဖြစ်စေဖို့၊နောက်ထပ်ဘယ်တော့မှမနာကျင်ရစေဖို့၊ငယ့်ကိုဒီထက်ပိုပြီးဂရုစိုက်နိုင်ဖို့။
“နောက်ထပ် ဆယ်မိနစ်လောက်နေရင်တွေ့လို့ရပြီ လောလောဆယ်အခန်းပြောင်းရမယ်”
“ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ်”
ရှိသမျှဆရာဝန်တိုင်းကိုဦးညွတ်ကာတစ်လေးတစ်နက်ပြောနေတာက ရင်ထဲကလာတဲ့စကားမှန်းလူတိုင်းနားလည်နေတာမို့ ပြုံးပြရုံကလွဲပြီးဘာမှမဆိုကြ။
“အခု မုတ်သုံကိုဘယ်လိုလုပ်မှာလဲ ဟိုတစ်ယောက်ကတော့..”
“အဲ့ကိစ္စပြီးမှရှင်းမယ် သူတို့နံမည်တောင်မကြားချင်ဘူး ငယ်သတိရမလာသေးမချင်း သူတို့ကိစ္စကိုလာမပြောနဲ့”
Geoစကားကိုဒေါသတကြီးဟန့်တားလာလေရာ နားလည်စွာခေါင်းသာညိတ်ပြလေသည်။
“တွေ့လို့ရပြီ ကိုCean”
Horizonစကားအဆုံး ငယ်ရှိနေမယ့်အခန်းဆီအပြေးအလွှားသွားမိတော့သည်။ခုနအဖြစ်အပျက်ကမသိရင်နှစ်ရာချီနေသလိုပဲ။ကိုယ် ငယ့်ကိုသိပ်လွမ်းနေတာ။
တတီတီမြည်နေတဲ့စက်ကရိယာတွေကြား ပိုက်တွေသွယ်တန်းထားတဲ့ငယ်က သေးသေးကွေးကွေးလေး။ပြောင်းလဲဝတ်ဆင်ပေးထားတဲ့အဝတ်တွေက သူကြိုက်တဲ့လိမ္မော်ရောင်လေးမို့ မီးရောင်အောက်ပိုဖြူဖျော့နေသလို။
ဖိပိတ်ထားတဲ့နှုတ်ခမ်းတွေပန်းရောင်သန်းမနေတာမို့သူ့ရင်တွေသိပ်နာပါသည်။ပါးပြင်လေးယောင်နေတာမြင်တော့ သူ့မှာပေါက်ကွဲထွက်မတတ်။သူနမ်းမဝတဲ့ပါးပြင်လေး သူတောင်မထိရက်ခဲ့တဲ့ပါးပြင်လေးမှာ လက်ဝါးရာတွေပွန်းပဲ့ရာတွေက အထင်းသား။ရင်နာလွန်းလို့ အသက်ရှူဖို့တောင်ခက်တယ်ငယ်ရဲ့။
ရင်ခွင်ထဲသိမ်းပွေ့လိုက်ချင်ပေမယ့်လည်း သူ့မှာလက်ဖျားလေးနှင့်တောင်မထိရက်မကိုင်ရက်။လှုပ်ရှားမှုအနည်းငယ်နှင့်တောင်နာကျင်သွားမှာသိပ်ဆိုးပါသည်။ကုတင်ဘေးဒူးထောက်လို့ ဆေးပိုက်တစ်ချို့သွင်းထားတဲ့လက်ဖမိုးလေးကိုနှုတ်ခမ်းတွေနှင့်အသာထိတွေ့မိသည်။
“ကျေးဇူးတင်ပါတယ်ငယ် ကိုကို့ကိုမထားခဲ့လို့ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ်”
အခြေအနေကိုဝင်ကြည့်ပြီး အလိုက်တသိအပြင်ထွက်ပေးကြတာမို့ သူတစ်ယောက်တည်းသာကျန်ခဲ့တာ။
ပိန်သွယ်သွယ်လက်ချောင်းလေးတွေအား သူ့လက်ဖျားနှင့်အသာထိမိသည်။အခုချိန်မှာငယ့်ပုံစံလေးက လက်ဖျားနှင့်အသာထိမိရင်တောင်ပျောက်ကွယ်သွားနိုင်တဲ့ပုံရိပ်ယောင်လေးလိုမျိုးခံစားရစေသည်။
“ကိုကိုကတောင်းပန်တယ်နော် သေချာဂရုမစိုက်နိုင်ခဲ့လို့တောင်းပန်ပါတယ် နာကျင်မှုတွေကိုမကာကွယ်ပေးနိုင်လို့တောင်းပန်ပါတယ် မျက်ရည်တွေကျစေခဲ့လို့တောင်းပန်ပါတယ် နောက်ဆိုဘယ်တော့မှမနာကျင်စေရတော့ဘူးလို့ကတိပေးတာမို့ ကိုကို့ကိုမထားခဲ့ရဘူးနော်”
“…………….”
“ဒီတိုင်းလေးအိပ်နေအုံးနော် နာကျင်မှုတွေကုန်ဆုံးသွားတဲ့အထိအိပ်နေပေးပါအုံး ငယ်ငယ်အဆင်ပြေတဲ့အချိန်ကျမှနိုးလာခဲ့နော် ကိုကို့ကလေးကအရမ်းနာမှာကြောက်တတ်တာ ဒါ့ကြောင့်အိပ်နေတာကိုကိုသိတယ် အဲ့ဒါကြောင့်ကိုကိုကငယ့်အပြုံးတွေမြင်ရဖို့စောင့်နိုင်ပါတယ် ငယ်ကအဆင်ပြေတဲ့အချိန်မှနိုးလာခဲ့ ဒါပေမယ့်သေချာပေါက်နိုးလာရမယ်နော် ကိုကိုကစောင့်နေမှာမလို့”
တိုးဖွဖွအသံတွေသူလေးကြားနိုင်မလားမသိပေမယ့် သူဆက်တိုက်ပြောနေမိသည်။သူ့ကလေးကသူ့ကိုမထားခဲ့ဘူးဆိုတာသေချာတယ်။
##################
ငြိမ်း🌞🌻
“မုတ္သုံ”
“ခင်ဗျားကဘယ်သူလဲ”
“ဗေဒင်ဆရာ”
“ဘာလို့ငယ်ငယ်လဲ”
“……………”
“လျှောက်ပြောနေတာ”
“မယုံဘူး”
“အစကတော့ ငါကဟိုအရူးကိုမျှားပြီး မင်းကိုသတ်ခိုင်းမလို့ မင်းအမြဲမက်နေတဲ့အိမ်မက်ဆိုး ဝတ္ထုထဲကဇာတ်သိမ်းလိုလေ ဒါပေမယ့်ကွာဟိုလူနှစ်ယောက်က မင်းရဲ့လူလက်ချက်နဲ့ဆုံးသွားပြီ ဒီအရူးကကျတော့လည်း သေသွားတဲ့သားရူးရူးနေတာ အို့ ငါသတ်လိုက်တာဆိုပိုမှန်မှာပေါ့ သူတို့လာရင်ငါမင်းကိုနှိပ်စက်နေတာကိုတွေ့မယ် ပြီးရင်ငါ့ကိုသတ် ငါသေရင်မင်းလည်းဒီကမ္ဘာကြီးကနေထွက်သွားရမှာဘဲ အဲ့တာဆိုသူ့လက်နဲ့မင်းကိုသတ်ပစ်လိုက်သလိုဘဲလေ မင်းမှာရုပ်ခန္တာပဲကျန်ခဲ့ပြီး စိတ်ဝိဥာဉ်ကအရင်နေရာကိုပြန်ရောက်သွားတော့မှာ”
“……………”
*ကိုကို*
“ဟုတ်ကဲ့”
“အခြေနေ”
“ငယ်ငယ်”
“ကိုကို”
“ကလေး”
“ဘာပြောချင်လို့လဲငယ်”
“ကလေးကိုရအောင်ကယ်ပေး”
“ကိုကို ကလေးလေး”
“နာတယ် ကိုကို”
“ငယ်ငယ်…သေမှာလားဟင်”
“……………”
“ONE မရောက်သေးဘူးလား”
“ကိုCean”
“အားလုံးအဆင်သင့်ပါ”
“ရောက်ပြီအစ်ကိုလေး”
“…………….”
“……………”
“……………..”
“ကိုCean”
“…………..”
“…………..”
“……………”
“ကိုCean သတိထားပါအုံး”
“အစ်ကို”
“ဟား…..ဟားဟား…. ဟားဟားဟား”
“တကယ်ပြောတာပါ”
“တွေ့လို့ရပြီ ကိုCean”
“…………….”
##################
ငြိမ်း🌞🌻
Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၁, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၁, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၁ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၁ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၁ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၁ light novel, ,
Comment
Leave a Reply
Chapter 42