Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၂

A+ A-

အိပ်ပျော်နေတုန်း လက်ဖမိုးကိုထိလာတဲ့နူးညံ့မှုလေးကြောင့်သူမျက်လုံးဖွင့်ကြည့်မိသည်။ဖြူဖြူဖွေးဖွေးလက်လေးက အပ်ပေါက်ရာလေးတွေနဲ့မို့ မကြည့်ရက်စရာ။အသိစိတ်အပြည့်အဝမရသေးခင်ထပ်မံလှုပ်ရှားလာတာမို့ သူဆတ်ခနဲမတ်တပ်ရပ်မိသည်။

“ငယ်… ငယ်သတိရလာပြီလား”

လက်လေးကိုဖွဖွဆုပ်ကိုင်ကာ ကိုယ်ကိုညွတ်လို့သူလေးမျက်နှာနားငုံ့မိုးမိသည်။ကျန်လက်တစ်ဖက်ကဦးခေါင်းလေးထက်ဖွဖွသပ်လို့ မျက်တောင်လေးတွေပွင့်ဟလာဖို့ သူစောင့်နေတာမျှော်လင့်တကြီး။

လိပ်ပြာတောင်ပံလေးလိုတဆတ်ဆတ်လှုပ်လာပြီး ခပ်ဖြည်းဖြည်းဖွင့်ဟမှုမှာအလင်းမစူးဖို့ သူ့မျက်နှာနှင့်ကာလိုက်မိသည်။မြတ်နိုးမိတဲ့မျက်ဝန်းနက်တွေကိုမြင်ရမှ ငိုချမိတော့တာသူ့ပုခုံးထက်။သူအဲ့မျက်ဝန်းလေးတွေကိုပြန်မတွေ့ရမှာသေလောက်အောင်ကြောက်နေမိတာ။

“ကို..”

မပီသတဲ့ တိုးဖျဖျအသံကသူ့ခေါင်းထက်ကထွက်လာတာမို့ အားတင်းကာသူခေါင်းမော့ရသည်။

“ကလေးလေး ဘယ်လိုနေသေးလဲဟင် အဆင်ပြေလား နာတဲ့နေရာရှိလား ဘယ်နေရာအဆင်မပြေလဲဟင် “

မေးခွန်းရှည်ကြီးနောက် အူကြောင်ကြောင်လေးသာကြည့်လာတာမို့ အရေးပေါ်ခလုတ်ကိုအသည်းအသန်နှိပ်မိသည်။

“ကိုကို”

“အင်း ကိုကို ငယ့်ရဲ့ကိုကိုလေ”

“ရေ”

“ရေဆာလို့လားခဏနော်”

ဆုပ်ကိုင်ထားတဲ့လက်ကိုဖြုတ်တော့ အသာလေးပြန်ဆုပ်ကိုင်လာတာက အားမရှိတာမို့မသိသာ။သူအလိုက်တသိပြန်ထွေးဆုပ်လိုက်သည်။လက်တစ်ဖက်နှင့်ရေခွက်ကိုယူပြီး သူသတိမေ့နေစဥ်ကလုပ်ပေးခဲ့တဲ့အတိုင်း ဂွမ်းလေးကိုရေစွတ်ကာနှုတ်ခမ်းထက်အသာတို့ပေးသည်။

“ကိုCean လခြမ်းသတိရလာပြီလား”

အရေးပေါ်ခလုတ်ကြောင့် ချက်ချင်းရောက်တာတဲ့အဖွဲ့က ငါးယောက်ထက်မနည်း။သူ့သူငယ်ချင်းတွေပါရောက်လာတာမို့ ကုတင်ပတ်လည်လူအပြည့်။

“လခြမ်း အဆင်ပြေလား”

Horizonအမေးကိုကလေးကခေါင်းသာအသာညိတ်ပြလေသည်။

“ခေါင်းကိုက်လား”

“ဟင့်အင်း”

“သူ့ကိုရောမှတ်မိလား”

သူ့ဆီလက်ညှိုးထိုးကာမေးလာတော့နှုတ်မှထွက်လာတာက

“ကိုကို”

“ဒီမှာရှိတဲ့လူတွေအကုန်လုံးကိုသိလား”

လူတိုင်းရဲ့မျက်နှာဆီလိုက်ကြည့်ရင်း ခေါင်းညိတ်ပြလေသည်။

“သိတယ်”

“ဗိုက်ထဲကရောဘယ်လိုနေသေးလဲ”

အခုမှသူသတိရသွားကာ ဝမ်းဗိုက်ဆီလက်တစ်ဖက်အုပ်ကာ သူ့ဆီလှည့်ကြည့်လာလေသည်။မျက်ဝန်းအိမ်ထဲပြည့်တက်လာတဲ့မျက်ရည်တွေကြောင့် သူ့မှာပြာပြာသလဲ။

“ကလေး ကိုကို..ကလေးလေး”

“ကလေးအဆင်ပြေတယ်နော် ငယ့်ဗိုက်ထဲကကလေးလေးအဆင်ပြေတယ်”

“တကယ်လား”

မယုံသလိုအမေး​ကြောင့် သနားသလိုရင်လဲနာမိသည်။ကျလုဆဲဆဲမျက်ရည်ကိုမျက်တောင်နှင့်ပုတ်ထုတ်လို့ အပြုံးနှင့်ပြန်ဖြေမိသည်။

“တကယ်ပေါ့ ကိုကိုမညာဘူး”

သူ့စကားအဆုံးမျက်ရည်တွေစီးကျလာတာမို့ အသာဖွဖွသုတ်ပေးရသည်။

“ဗိုက်ထဲကဘယ်လိုနေသေးလဲငယ် နာနေသေးလား”

“ဟင်အင်း မနာဘူး”

“ဘယ်နေရာကမသက်မသာဖြစ်နေသေးလဲ”

“အကုန်ကောင်းတယ် ..အင့်”

“မငိုရဘူးလေကလေးရဲ့ ငိုရင်ဗိုက်ထဲကကလေးလေးကရုပ်ဆိုးတတ်တယ်”

“အင့် ဆိုးဘူး”

ချက်ချင်းကို မျက်ရည်ကြားကငြင်းလာတဲ့ ကလေးဖခင်လောင်းလေး။သူလေးကသူ့ဗိုက်ထဲကကလေးတော့အရမ်းချစ်တာ။တော်ပါသေးရဲ့ ကလေးလေးပါအန္ဓာရာယ်ကင်းလို့ တကယ်တော်ပါသေးရဲ့။မဟုတ်ရင်သူ့ရဲ့ငယ်အတွက်မတွေးရဲစရာ

“ဟုတ်တယ်မဆိုးဘူး ငယ့်လိုချစ်စရာလေးဖြစ်လာမှာ”

“ကိုကိုနဲ့တူမှာ”

“ကိုကိုနဲ့တူရင် ရုပ်ဆိုးမှာပေါ့ငယ်ရဲ့”

“အချောဆုံး”

အတိုင်းထက်အလွန်ကြည်နူးမှုမှာ မျက်ရည်ပါထပ်ဝေ့လာသည်အထိ။ကြည်နူးမှုတွေဆိုတာ ကလေးလေးရှိနေပေးရင်ကို အလိုအလျောက်ပေါ်ပေါက်လာတာမျိုး။

အခုမှအားလုံးသက်ပြင်းချနိုင်ကြလေသည်။ဒီရက်တွေအတွင်း စံအိမ်မှာရှိတဲ့လူတိုင်းရဲ့ အငွေ့အသက်တွေမှုန်မှိုင်းနေတာ။သူလေးရှိရာအခန်းထဲချောင်းပေါက်မတတ်လာကြည့်သူတွေကြား သူကတော့အပြင်တောင်မထွက်ဖြစ်။

ရေချိုးချိန်ဆိုဘေးအခန်းမှာချိုးကာ စားချိန်ဆိုလျှင် ဘေးကစားပွဲမှာသာစားဖြစ်သည်။အစားအစာတွေအရသာမတွေ့ပေမယ့် သူလေးနိုးလာလျှင်ဂရုစိုက်ပေးဖို့ အားတွေရှိနေမှရမည်လေ။နှစ်ယောက်စာကိုယ်လုံးလေးကို နေရာတိုင်းကိုပွေ့ချီသွားနိုင်ဖို့ သူအများကြီးကြိုးစားရအုံးမည်။

“အိပ်ချင်တယ်”

“ဟုတ်တာပေါ့အနားယူခိုင်းလိုက်အုံး အခုမှသတိရတာဆိုပေမယ့်ဆေးတွေရဲ့အရှိန်ကြောင့်အိပ်ချင်နေအုံးမှာ အကုန်လုံးလည်းစိတ်ချလက်ချအနားယူကြ ခုရက်ပိုင်းကောင်းကောင်းမနားကြရသေးဘူးမလား ကျွန်တော့်ဆရာဝန်အဖွဲ့ကဘေးခန်းမှာအချိန်ပြည့်ရှိနေတာမလို့ တစ်ခုခုဆိုခေါ်လိုက်နော်”

“အဲ့တာဆိုလခြမ်းလေး ငါတို့စံအိမ်ထဲမှာရှိမယ်နော် တစ်ခုခုဆိုခေါ်လိုက်”

တိမ်ငွေ့ကနှဖူးလေးဖွဖွထိကာ​ပြောလာတော့ ကလေးကပြုံးရင်းခေါင်းညိတ်ပြလေသည်။

“ဟုတ်”

“အားလုံးအနားယူဖို့သေချာစီစဥ်ပေးလိုက်အုံး Geo”

“ဟုတ်ကဲ့ကိုCean”

သူ့စံအိမ်မှာမို့ အစစအရာရာသူဂရုစိုက်ပေးရမည်လေ။အားလုံးကငယ်ငယ့်အတွက်အရေးကြီးဆုံးလူတွေပဲဟာ။

“ကိုကို သွားနဲ့”

Toiletခဏဝင်ဖို့ခြေလှမ်းပြင်တော့ လက်ကိုမလွှတ်ပေးဘဲ တောင်းဆိုလာတာမို့သူပြုံးမိသွားသည်။

“အွန်း ကိုကိုဘယ်မှမသွားဘူး ငယ့်နားမှာဘဲနေမှာ”

“တူတူအိပ်မှာ”

“ငယ့်ကိုထိမိမှာစိုးလို့”

“ဟင့်အင်း တူတူအိပ်မှာ”

“ဟုတ်ပြီဗျာ”

ကိုယ်ပိုင်ကုတင်ကျယ်နှင့်မို့ နှစ်ယောက်စာကိုတော့အေးဆေးဆန့်လေသည်။သူလေးကိုမထိမိအောင် ကုတင်ပေါ်အသာလှဲတော့ လက်မောင်းကိုဇွတ်ဆွဲကာသူ့ကိုဖက်ခိုင်းလာသည်။

“ကိုကိုဖက်ထားပေး”

“ငယ့်ကိုဖိမိရင်နာမှာပေါ့ငယ်ရဲ့”

“မနာဘူး ကိုကိုမဖက်ရင်အိပ်လို့မရဘူး”

“ဟုတ်ပါပြီကလေးရာ”

သူ့ခေါင်းလေးအောက်လက်လျှိုသွင်းကာ ကျန်လက်တစ်ဖက်က ခါးဆီဖွဖွလေးသိုင်းဖက်ရသည်။ဖယ်ရိုမုန်းတွေပါထုတ်ပေးတော့ခဏအတွင်းအိပ်ပျော်သွားလေသည်။

ယခုမှစိတ်ကိုလွှတ်ချနိုင်တာမို့ သူလေးအငွေ့အသက်ကြား မျက်ဝန်းတွေမှေးစင်းလာရသည်။ရာသီဥတုလေးကသာသာယာယာ။ဖွင့်ထားတဲ့ပြတင်းတံခါးဆီမှ နေရောင်ခြည်လေးကဖြာကျနေလေရာ အခန်းတွင်းအငွေ့အသက်က နွေးထွေးစွာ………

………………..

အမှောင်ကျနေတဲ့အခန်းထဲ အသက်ရှုသံယဲ့ယဲ့သာ အသက်ဝင်နေလေသည်။အလင်းရောင်ဟူ၍ နေရောင်တစ်စက်တောင်မရှိသလို အနွေးဓာတ်လည်းကင်းမဲ့နေလေသည်။တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့သွေးညှီနံ့က သာမာန်လူတွေအဖို့ဆိုသွေးပျက်ဖွယ်ရာ။

ထိုင်ခုံထက်ကြိုးအထပ်ထပ်နှင့်တုပ်နှောင်ထားတာမို့ မလူးသာမလွန့်သာ။စိတ်သွားတိုင်းကိုယ်မပါခြင်းမှာ ဆေးတစ်မျိုးမျိုးထိုးခံထားရတာကြောင့်ဖြစ်မည်ထင်သည်။

“ကျွီ….”

အခန်းတံခါးဖွင့်သံနှင့်အတူ အလင်းရောင်တစ်ချို့က အခန်းဝမှာပေါ်လာလေသည်။သာမာန်အချိန်တွေမှာအမှောင်ထဲဝင်လာတဲ့အလင်းကြောင့်ပျော်နေသင့်တဲ့အခြေနေဆိုပေမယ့် ယခုအချိန်ကတော့ ငရဲတရားဖွင့်လိုက်သလို ခြောက်ခြားစရာကောင်းလွန်းနေသည်။

အခန်းဝမှာပေါ်လာတဲ့အရိပ်ရှည်ကြီးက နောက်ကအလင်းရောင်ကြောင့် ပိုရှည်လျားနေသလို။အလင်းရောင်ကိုကျောပေးထားတာမို့ လျှောက်လှမ်းလာတဲ့လှေကားထစ်တစ်လျှောက် မျက်နှာကိုမမြင်နိုင်သေး။

ကြမ်းပြင်ဆီခြေချပြီးသည်နှင့် အခန်းမီးကိုဖွင့်လိုက်တာကြောင့် မျက်လုံးထဲစူးကနဲ။မျက်ဝန်းတွေမှိတ်ကာ အလင်းနှင့်အသားကျဖို့ကြိုးစားမိသည်။ထိုင်ခုံမှာဝင်ထိုင်လိုက်သံကြားရအပြီး တတောက်တောက်အသံက ခုံကိုတစ်ခုခုနှင့်ခေါက်နေတာဖြစ်မည်။

အလင်းနှင့်အသားကျသွားချိန် ထိုင်ခုံထက်​ခြေချိတ်ထိုင်နေသူကိုတွေ့ရသည်။အေးစက်စက်အခန်းအပူချိန်က ထိုလူရဲ့အငွေ့အသက်ကြောင့် ရေခဲခန်းတစ်ခုပမာ။မျက်ခုံးတွေကျုံ့ထားတာမို့ အအေးဓာတ်တွေပိုသိပ်သည်းလာသလားမသိ။

အကြည့်တွေအားလုံးကို လက်ထဲမှမီးခြစ် လေးဆီသာပို့ထားတာမို့ သူ့မျက်ဝန်းထဲဘာတွေရှိနေမလဲဖတ်မရခဲ့။မရိတ်သင်တာကြာနေပြီထင်ရသည့် ပါးသိုင်းမွေးနှင့်မုတ်ဆိတ်မွေးတွေကတောင် သူ့ကိုပိုခန့်ညားစေသလားမပြောတတ်။

“ဘယ်လိုလဲ ခင်ဗျားအချစ်လေးသေသွားပြီလား “

ဘယ်ဘက်နှုတ်ခမ်းကိုချိတ်စောင်းလို့ ရိသဲ့သဲ့သရော်မိသည်။မော့မကြည့်လာပဲ မျက်ဝန်းတွေသာလှန်ကြည့်လာပြီး မျက်လွှာပြန်ချသွားလေသည်။

“မသေရင်တောင် အခြေနေတော့မကောင်းတဲ့ပုံပဲ ကလေးကတော့အဖတ်မတင်ဘူးမဟုတ်လား”

သူ့ရဲ့တရစပ်စကားတိုက်စစ်တွေကို ပြန်ဖြေလာပုံကမခိုးမခန့်။

“စိတ်မကောင်းစရာဘဲမုတ်သုံလေညှင်း ငါ့နှလုံးသားလေးက မင်းထင်ထားတာထက်အများကြီးပိုကံကောင်းနေတယ်”

“အဟက် ညာနေပြန်ပါပြီ”

“မဟုတ်ရင် ဒီအချိန်တစ်လောကလုံးပြာကျနေလောက်ပြီပေါ့ ငါ့ပိုင်ဆိုင်မှုတွေကတစ်လောကလုံးကိုပြာချပစ်ဖို့လုံလောက်ပြီးသား သူ့ကိုသာဆုံးရှုံးလိုက်ရရင် လောကကြီးတစ်ခုလုံးကရှိကိုရှိမနေသင့်တော့တာ”

“ကျစ်ကျစ်…ကပ်သီးလေးလွဲသွားတာလား ဒီလိုမှန်းသိရင် လည်ပင်းကိုပဲနင်းထည့်လိုက်ပါတယ်… ခင်ဗျားသိလားကျုပ်သူ့ဗိုက်ကိုတက်နင်းတုန်းက သူကအရမ်းသနားစရာကောင်းနေတာလေ အော်သံတောင်မထွက်နိုင်ဘူး”

မျက်ဝန်းတွေကလူသတ်ရိပ်တွေလွှမ်းနေပေမယ့် နေရာမှာဆက်ထိုင်နေသူက သူ့ကိုလက်တစ်ချောင်းနှင့်တောင်မထိ။

“မင်းကြားဖူးလားမသိဘူး ရှင်နေရက်နဲ့သေနေသလိုခံစားရတဲ့လူတွေရဲ့အကြောင်းလေ ဘယ်လိုလဲမင်းရောစမ်းနေကြည့်ချင်လား”

“ကြားရတာတော့မိုက်သားပဲ ဘာပဲဖြစ်ဖြစ်တန်ပါတယ်လေ သူအရမ်းတွေလိုချင်နေတဲ့ကလေးကို ကျုပ်လက်နဲ့ဖျက်ဆီးပစ်လိုက်နိုင်တာပဲဟာ ပြောရအုံးမယ်အဲ့နေ့ကဆေးရုံမှာသူကျုပ်ဆီရောက်လာတော့ အရမ်းတွေပျော်နေတာလေ သူ့ကလေးကိုသတ်ပစ်မယ့်သူရဲ့လက်ထဲ သူကိုယ်တိုင်ထည့်ပေးခဲ့တာ ဘယ်လောက်သနားစရာကောင်းလဲနော်”

“………………”

“ပြီးတော့သူသိသွားပြီနော် သူ့ကိုပြန်ပေးဆွဲတဲ့ကောင်လေးရဲ့ချစ်သူက ခင်ဗျားလက်ချက်ကြောင့်သေသွားရတာလို့လေ ပြီးတော့အဲ့ကောင်လေးကကိုယ်ဝန်ကြီးနဲ့ကျန်ခဲ့ရပြီး ကလေးတစ်ဖက်နဲ့ဒုက္ခရောက်ရတာလည်းခင်ဗျားကြောင့်လို့ပေါ့ ပြောကြည့် သူခင်ဗျားမျက်နှာကိုတောင်မမြင်ချင်လောက်ဘူးနော်”

“စိတ်ကူးယဥ်တော်လွန်းပေမယ့်စိတ်မကောင်းစရာပဲ အတိတ်တစ်ချို့မှာငါမှားယွင်းခဲ့တာတွေကို ပစ္စုပ္ပန်မှာအစလာဖော်နေလည်း ငယ့်အချစ်တွေကပြောင်းလဲမသွားနိုင်ဘူး ပြန်လည်ပြင်ဆင်ခွင့်မရှိတော့တဲ့အမှားတွေအတွက်နောင်တရရုံလောက်ပါပဲ ထပ်မမှားတော့ဖို့ပဲလိုတာ မင်းကိုယ်တိုင်ရေးဆွဲခဲ့ရတဲ့ကံကြမ္မာအတွက်စိတ်မကောင်းပါဘူး ငါကငါ့ကံကြမ္မာကိုငါကိုယ်တိုင်ဖန်တီးရတာကိုပဲကြိုက်တယ် သူများကလက်နဲ့ရေးရင်ငါကခြေနဲ့ဖျက်ပစ်မယ် ငါ့ကိုဘယ်သူမှမထိန်းချုပ်နိုင်စေရဘူး”

“အိုးးးးးကြားရတာကတော့စိတ်ဝင်စားစရာဘဲ ကြည့်ရတာဝါးရုံငယ်လေးအကြောင်းကြားပြီးပြီထင်တယ်”

ရေခဲတွေပြည့်နေတဲ့မျက်ဝန်းပြာတွေနဲ့စူးစိုက်ကြည့်လာတာကလွဲ အံ့ဩမှုတွေပြမလာတာမို့သူဟားတိုက်ရယ်ပစ်လိုက်သည်။

“ဟားဟားဟား…. အဲ့တော့ဘယ်လိုနေလဲ ကျုပ်ရေးတဲ့ဇာတ်ညွှန်းလေးအရမ်းကောင်းတယ်မို့လား ကျုပ်အထင်တော့ ခင်ဗျားကသူလျှောက်ပြောတယ်လို့ပဲတွေးနေတာမလား No..No..No အဲ့တာအမှန်တွေနော် ခင်ဗျားလက်နဲ့သူ့ကိုဖျက်ဆီးတယ်ဆိုတာလည်းအမှန်တရားဘဲ ခင်ဗျားညီလက်နဲ့သူသေရတယ်ဆိုတာလည်းအမှန်တရားဘဲ”

“ဒါပေမယ့်ဖြစ်မလာခဲ့ဘူးလေ”

အအေးဓာတ်တွေဝန်းရံတဲ့နှုတ်ခမ်းထောင့်တွေက ယောင်ယောင်လေးကွေးတက်ကာ သူ့ကိုသရော်လာလေသည်။

“ဟုတ်ပါတယ်ဖြစ်မလာခဲ့ဘူး ဒါပေမယ့် သူအဲ့အိမ်မက်ဆိုးကြီးထဲမှာတကယ့်အစစ်အမှန်လိုခံစားခဲ့ရတယ်လေ အရင်အချိန်တွေခင်ဗျားသူ့ကိုနာကျင်အောင်လုပ်တိုင်း၊စကားလုံးတွေနဲ့နာကျင်စေမိတိုင်း သူအဲ့အိမ်မက်ဆိုးကြီးထဲမှာ အစစ်အမှန်လိုနာကျင်နေရတာလေ”

“မင်းသောက်ပေါက်ကိုပိတ်လိုက်တော့”

ထွက်လာတဲ့စကားတွေက အံကြိတ်ရင်းသွားကြားထဲကထွက်လာသလိုမျိုး။

“No ပါ ခင်ဗျားမကြားချင်ရင် ကျုပ်ကိုသတ်လိုက်လေ”

“အဟက်”

ခေါင်းမော့လို့ရယ်လိုက်ပုံက နတ်ဆိုးအငွေ့အသက်တွေနှင့်။သူ့စိတ်ကိုဆွနိုင်ဖို့အစွမ်းကုန်ကြိုးစားကြည့်ရမည်။

“သူကတကယ်ကိုတုံးအတာနော် သူ့ကံကြမ္မာကိုကျုပ်လက်ထဲအလုံးစုံပုံပေးတဲ့အထိ အ,တာ”

“တုံးအတာနဲ့ဖြူစင်တာကိုမင်းမခွဲတတ်တာအံ့ဩစရာဘဲ ပြီးတော့ပြောရအုံးမယ်သူဘယ်လောက်ဖြူစင်ပါစေသူ့ကိုကာကွယ်ပေမယ့်ငါရှိတယ်လေ”

“မရူးစမ်းပါနဲ့သမုဒ္ဒရာရယ် သူဘယ်သူလဲဘယ်ကလာတာလဲဆိုတာသိနေရက်နဲ့ သူကအချိန်တန်ရင်မင်းနားကထွက်သွားမှာ မင်းသိပြီးသားမလား သူနေခဲ့တဲ့နေရာမှာသူ့မိဘတွေနဲ့ပျော်ရွှင်စရာမိသားစုလေးပိုင်ဆိုင်ထားတယ်ဆိုတာ သူကအချိန်တန်ရင်ထွက်ခွာသွားမယ့်သူ”

“ဘယ်တော့မှဖြစ်မလာစေရဘူး ငါမသေမချင်းသူငါ့ဘေးကနေဘယ်မှထွက်သွားခွင့်မရှိဘူး”

“ကျွတ်စ်..ကျွတ်စ်..ကျွတ်စ် သနားဖို့ကောင်းလိုက်တာ အမှန်တရားကခါးတယ်နော် ငါသိတဲ့အမှန်တရားတစ်ခုပြောပြမယ် တစ်​နေ့ကျရင် သူကခန္ဓာကိုယ်အခွံလွတ်ကြီးပဲချန်ခဲ့ပြီး စိတ်ဝိညာဥ်ကဟိုကိုပြန်ရောက်သွားမှာ သမုဒ္ဒရာဆိုတာမသိတော့သလို လခြမ်းငယ်ငယ်ဆိုတာလည်းရင်းနှီးမှာမဟုတ်တော့ဘူး”

“ငါကယုံရမှာလား”

“အမှန်တရားတွေပြောပြနေတာ အဲ့အချိန်ကျရင်ငါတို့နှစ်ယောက်အစကပြန်တွေ့မယ် ပိုကောင်းတဲ့ဇာတ်လမ်းတစ်ခုသူ့ကိုပေးမယ် သူကြည်ကြည်ဖြူဖြူပေးတဲ့ ၁၅၀၀ကိုယူပြီးရင်သူ့အိမ်မက်တွေကိုချယ်လှယ်မယ် မင်းကတော့သူ့ကိုသတ်ကိုသတ်ပစ်ရလိမ့်မယ် အခုလောကမှာလည်းသူကြည်ကြည်ဖြူဖြူပေးလာတဲ့၁၅၀၀ကိုရပြီးသွားပြီ အဲ့တော့သူ့ဘဝကိုချယ်လှယ်ခွင့်လက်မှတ်ငါရပြီးသွားပြီ သူထွက်ကိုထွက်သွားရလိမ့်မယ်”

“မင်းဒီထဲမှာအချိန်တွေအများကြီးကျန်သေးတာပဲဟာ ဒီထက်ကောင်းတဲ့ဇာတ်ညွှန်းတွေစဥ်းစားလို့ရတာပေါ့ အဲ့တာဆိုမနှောင့်ယှက်တော့ဘူး”

“မင်းကငါ့ကိုမသတ်ရက်နိုင်အောင်အထိသဘောထားကြီး​နေတယ်ပေါ့”

“Sorryပဲ ငါကလူတိုင်းကိုမထိဘူး…. ရွံလို့”

“မဟုတ်မှ ငါသေလို့မရတာကိုသိနေတာလား ငါသေတာနဲ့သူပါထွက်သွားရမယ်ဆိုတာလေ”

“…………….”

“အဟက်… တကယ်ကိုသိနေတာပဲ သိပ်မကြာတော့ပါဘူး ခုကတည်းကဝအောင်အလွမ်းသယ်ထား သူကငါနဲ့အတူထွက်သွားရတော့မှာ”

“ငါဆိုတဲ့သမုဒ္ဒရာက သူ့ကိုပိုင်ဆိုင်ခွင့်နဲ့ပတ်သပ်လာရင် ကံကြမ္မာကိုတောင်စိန်ခေါ်ရဲတယ် မင်းစောင့်ကြည့်နေလိုက်”

“ဟားဟားဟား အပြောကြီးလိုက်တာ အဲ့လိုလူတွေက မျက်ရည်ကျရဖို့ပိုသေချာတယ်နော်”

“မင်းအထင်လွဲနေတာလေးတစ်ခုပြောပြရအုံးမယ် ငါတို့နှစ်ယောက်ရဲ့ကလေး …..အခုထိရှိနေသေးတယ်”

“မဖြစ်နိုင်တာ”

သူမယုံနိုင်သလိုတီးတိုးရေရွတ်တော့ အောင်နိုင်သူတစ်ယောက်လိုလှောင်ပြုံးပြုံးကာ မတ်တပ်ထရပ်လေသည်။

“အဲ့တာကြောင့် သူငါ့ကိုဘယ်တာ့မှထားသွားမှာမဟုတ်ဘူး ငါ့ဘက်ကချည်ထားတဲ့ကြိုးက တစ်ချောင်းတည်းမဟုတ်ဘူး”

စကားအဆုံး ကျောခိုင်းပြီးလှေကားတွေပေါ်ကိုတက်ကာ အေးစက်စက်ကျောပြင်တစ်ခုသာချန်ရစ်လေသည်။တံခါးပိတ်သံကြားရပြီး အခန်းတစ်ခုလုံးအမှောင်ဖုံးလျှက်။

…………..

ရေချိုးအဝတ်စားလဲပြီးမှအထဲဝင်တော့ မြတ်နိုးရာလေးကအိပ်မောကျတုန်း။ကုတင်ထက်အသာတက်ကာ သူလေးဘေးဝင်လှဲမိသည်။သူ့ကိုယ်ငွေ့ကိုခံစားမိ၍ထင်သည် ပက်လက်လေးအိပ်နေရာမှဘေးစောင်းကာသူ့ဘက်တိုးလာတာမို့ ရင်ခွင်ထဲသိမ်းပွေ့ပစ်လိုက်သည်။

“ကိုကို”

“အင်း ကိုကိုရှိတယ်နော်”

သတိရလာပြီးတဲ့ငါးရက်အတွင်း အိပ်နေရင်းထယောင်တတ်တဲ့သူ့နာမ်စားလေး။ကိုယ့်ကိုအလုံးစုံအားကိုးတယ်ဆိုတဲ့စိတ်မှာ ပီတိတွေရင်ထဲအပြည့်။ကြင်နာခြင်းတွေသာမိုးရေတွေဆို သူလေးကမ္ဘာရေကြီးနေရောပေါ့။

နှစ်လကျော်သာသာဗိုက်လေးက အနည်းငယ်ပူသည်ဆိုရုံသာ။ထမင်းစားပြီးအနည်းငယ်ပြည့်လာသလိုမျိုးလေးဆိုပေမယ့် သူ့ကလေးငယ်ကတော့ သဘောတကျတဖွဖွပွတ်တတ်သည်။

ငြိမ်ငြိမ်လေးသာနေခိုင်းထားတာမို့ အရာအားလုံးသူ့ခြေသူ့လက်ချည်း။မိုးလင်းမှစကာ အိပ်ယာဝင်သည်အထိ အချိန်ပြည့်ဘေးနားရှိနေတာမို့သူ့ကိုပိုတွယ်ကပ်လာသလားမသိ။သူခြေလှမ်းချရာလိုက်ကြည့်နေတတ်တာ သတိထားမိသည်။

အလုပ်တွေကိုတော့ Geoနှင့်ကျောက်စက်ကိုသာလွှဲထားဖြစ်သည်။ပင်ထနောင်းညိုနှင့်စိုင်းတိမ်ငွေ့ကပါကူပေးနေသည်မို့ သူလှည့်ကြည့်နေစရာမလိုဘဲ အိမ်သားလေးဘေးကပ်နေယုံသာ။

သူတို့တွေမရှိရင်တောင် အလုပ်တွေကိုပစ်ထားရအောင်ထိငယ်ငယ့်ကိုပဲဂရုစိုက်မိမှာ။အတွေးတွေထဲနစ်နေတုန်း လည်ပင်းကိုပွတ်သပ်လာတဲ့ ခေါင်းမွှေးလုံးလေး။

“ကလေးလေးနိုးလာပြီလား”

“ဟုတ်”

“ထထိုင်ချင်လား ကျောတွေပူနေလောက်ပြီ”

“ထိုင်ချင်တယ် အိပ်ရတာခါးနာနေပြီ”

“ဟုတ်ပြီဗျာ”

သူထထိုင်ကာ ကုတင်ကိုကျောမှီပြီး ပေါင်ပေါ် ခေါင်းအုံးလေးတင်လိုက်သည်။ပြီးမှကလေးကိုသူ့ပေါင်ပေါ်မျက်နှာချင်းဆိုင်တင်ကာပွေ့ထားတော့ နှုတ်ခမ်းဆီနမ်းလာလေသည်။အတတ်ကလေး။

“ကိုကိုပင်ပန်းနေပြီလား”

“ကိုကိုကဘာအလုပ်မမှမရှိတာဘယ်လိုလုပ်ပြီးပင်ပန်းမှာလဲငယ်ရဲ့”

“ငယ်ငယ့်ကိုအချိန်ပြည့်ဂရုစိုက်နေရတာလေ”

“အဲ့တာကပင်ပန်းစရာမဟုတ်ဘူး အားဆေးလေး ဖြစ်နိုင်ရင်အမြဲတမ်းတစ်သက်လုံးဒီလိုလေးပဲဖြစ်ချင်နေတာ သားပိုက်ကောင်လေးလိုမျိုးလေ”

“လျှောက်ပြောပြန်ပြီ”

“တကယ်ပါဗျာ အမြဲရင်ခွင်ထဲထည့်ထားရတာတောင် မတင်းတိမ်နိုင်ပါဘူး”

“နောက်ဆိုငယ်ငယ်က နှစ်ယောက်စာလေးလာတော့မှာ”

“ကိုကိုနေ့တိုင်းလေ့ကျင့်ခန်းတွေလုပ်ထားတယ် ငယ့်နှစ်ကိုယ်စာလောက်ကတော့အေးဆေးပွေ့သွားနိုင်တယ်”

“ကိုကိုကတော်လိုက်တာ”

“ဒါပေါ့ ကိုကိုကဘယ်သူမို့လို့လဲ”

“ငယ်ငယ့်အိမ်ထောင်ဦးစီးမို့လို့ပေါ့”

လည်ပင်းကိုခိုတွဲကာ နှုတ်ခမ်းကိုတစ်ဖွဖွနမ်းရင်း ပလီပလာတီတီတာတွေချွဲနေတာ။နွားပြာကြီးအောက်သွားမရှိသလိုဖြီးနေတာကတော့သူပေါ့လေ။

“ဗိုက်ဆာပြီလားငယ်”

နှဖူးထက်ကဆံနွယ်လေး လက်ညှိုးနှင့်ဖွဖွသပ်ပေးလို့ သူအမေးစကားဆိုတော့ ခေါင်းခါပြလာလေသည်။

“မနက်ကစားထားတာအများကြီးပဲ”

“ဗိုက်ထဲကရောနေလို့ကောင်းရဲ့လား”

“ကောင်းတယ် ကိုကို့သားလေးကလိမ္မာတယ်”

“သားလေးလို့ထင်တယ်ပေါ့”

“သားလေးပါဆို ကိုကိုကသားလေးလိုချင်တာမဟုတ်ဘူးလား”

“မဟုတ်ပါဘူးကွာ သားလေးဖြစ်ဖြစ်သမီးလေးဖြစ်ဖြစ် ငယ်ငယ်မွေးတာဆိုအကုန်ချစ်မှာ”

“ငယ်ငယ့်ကိုရော”

“ငယ်ငယ်က အချစ်ဆုံးလေး”

“ဟီးဟီး”

သဘောတကျသူ့ရင်ဘတ်တွေကိုငုံ့နမ်းလာတာမို့ ဦးခေါင်းလေးထက်ပြန်နမ်းလိုက်မိသည်။အရင်တုန်းကသိပ်မခွေတဲ့ဆံနွယ်လေးတွေက အခုမှပိုကွေးကုန်သလို ကောက်ကွေးကွေးလေးရယ်။အသည်းယားလာကာ ဆံနွယ်တွေကြားမျက်နှာအပ်ပစ်မိသည်။

“ကိုကို့ လုပ်နဲ့”

“အသည်းယားလို့လေကလေးရဲ့”

“ခေါင်းမလျှော်တာကြာနေပြီ ညစ်ပတ်တယ်”

“မွှေးနေတာပဲ”

ပြောရင်းထပ်နမ်းတော့ ခေါင်းကိုယိမ်းကာဇွတ်ရှောင်လာလေသည်။

“ကိုကို့ ညစ်ပတ်တယ်လို့”

“ဟုတ်ပါပြီ ကလေးလေးမကြိုက်ရင်မနမ်းတော့ဘူးနော် Horizonကိုမေးလိုက်အုံးမယ် ခေါင်းလျှော်လို့ရပြီလားလို့ ရရင်ကိုကိုဒီနေ့လျှော်ပေးမယ်နော်”

“ဟုတ်”

“စတော်ဘယ်ရီတွေစားမလား မနက်ကခြံထဲကGeo​ခူးလာပေးတာ အလုံးကြီးကြီးတွေ”

“စားချင်တယ်”

“ဟုတ်ပြီကိုကိုယူပေးမယ်”

“အောက်မဆင်းချင်ဘူး”

“ကိုကိုပွေ့သွားမှာပေါ့”

ပြောရင်းထိုအတိုင်းသာပွေ့ချီသွားတော့ လည်ပင်းကိုခိုတွဲထားလေသည်။

“ကိုကို”

“ဗျာ”

“ဒီလိုပွေ့ရင် ကလေးလေးကိုခိုက်မိမှာလား”

“ငယ်ငယ်ကြောက်လို့လား”

“ဟုတ်”

“ဟုတ်ပြီနော် မင်းသမီးလေးလိုပွေ့ပေးမယ်”

ပြောရင်းပုံစံပြောင်းပွေ့တော့နှုတ်ခမ်းလေးဆူကာမေးလာတာက..

“ငယ်ငယ်က မင်းသမီးမှမဟုတ်တာ ကိုကိုကမင်းသမီးလေးလိုချင်နေတာလား”

“မလိုချင်ပါဘူးကွာ ကိုကို့မင်းသားလေးတစ်ယောက်နဲ့တင်ပြည့်စုံနေပြီးသား နေရာလွတ်တွေမရှိတော့ဘူး”

“ရှိရင် လိုချင်လို့လား”

“ဘယ်တော့မှရှိမှာမဟုတ်ပါဘူးငယ်ရဲ့ ငယ့်ကိုချစ်တဲ့အချစ်တွေတောင်ကိုကို့ရင်ဘတ်ကြီးနဲ့မဆံ့တော့တာကို နေရာလွတ်ကဘယ်လိုလုပ်ရှိမှာလဲ”

“ငယ်ငယ်ဗိုက်ဖောင်းကြီးနဲ့ရုပ်ဆိုးသွားရင်ရော”

“ချစ်တဲ့လူတွေဆိုတာကိုယ့်မျက်လုံးထဲအလှဆုံးပဲ ဘယ်တော့မှရုပ်မဆိုးသွားဘူး ကိုကို့အချစ်ကလေးကို ကိုကိုကနှလုံးသားနဲ့ဘဲကြည့်တာလေငယ်ရဲ့ ပြီးတော့ကိုယ့်ငယ်ငယ်ကဗိုက်ဖောင်းလေးနဲ့ဆိုပိုချစ်ဖို့ကောင်းမှာ ဖြူဖြူလုံးလုံးပေါက်စီလုံးလေး”

“အဲ့ကိုကိုကလည်း ပေါက်စီကြီးဘာလုပ်ရမှာလဲမကြိုက်ပါဘူး”

“အဲ့တာဆိုဘာလေးနဲ့တူနေမှာပါလိမ့်”

“ကိုကို့အသည်းနှလုံးလေးနဲ့တူနေမှာပေါ့”

“ဟားဟားဟား ဟုတ်ပဗျာ ကိုကို့အသည်းနှလုံးလေးနဲ့တူနေမှာပေါ့”

ပြောရင်းပါးဖောင်းလေးကိုငုံ့နမ်းပစ်သည်။အနည်းငယ်ပိန်သွားသလို ခပ်ရေးရေးမြင်နေရသေးသည့် အညိုမည်းလေးကြောင့်သူ့စိတ်ထဲဘဝင်မကျ။ပြန်တွေးတိုင်းသတ်ပစ်ချင်ပေမယ့်ဒီအချိန်သူ့ကြောင့်သွေးမစွန်းစေချင်ဘူး။ငယ်နဲ့ကလေးအတွက်သူကောင်းမှုတွေပဲစုချင်ပါသည်။

ရေခဲသေတ္တာရှေ့ရောက်တော့ သူ့ကိုလက်တစ်ဖက်လွှတ်ကာ ဗူးလေးကိုထုတ်ယူပေးလိုက်သည်။

“ဝါးးးကိုကို တကယ်ကိုအလုံးကြီးကြီးတွေ”

“ဒါပေါ့ ငယ်စားဖို့အသီးတွေပဲဟာ မကြီးရင်အမြစ်ကနှုတ်ပစ်လိုက်ပြီး အသစ်ပြန်စိုက်ပစ်မယ်”

“ကိုကိုကတအားပိုတာပဲ”

ကုတင်ထက်ပြန်ရောက်တော့ ခုနကအတိုင်းလူပေါ်ပြန်ထိုင်ကာ အပီအပြင်ကိုစားတော့တာ။တစ်ခါတည်းရေစင်အောင်ဆေးထားတာမို့ မတားမိတော့။သူ့ကိုလည်းခွံ့ကျွေးလာတာမို့ လက်ထဲကမယူဘဲနှုတ်ခမ်းလေးထဲကအသီးကိုလုယူပစ်သည်။

“ကိုကို့ ဘာလုပ်တာလဲ”

“ငယ့်ပါးစပ်ထဲက ပိုကောင်းတယ်”

“ငယ်ငယ်ဝါးပြီးသားကြီးကို”

“အဲ့တော့ပိုကောင်းတာပေါ့ ကလေးလေးတွေလိုဝါးပြီးခွံ့လေ”

“ကိုကိုကကလေးမှမဟုတ်တာ”

“ငယ်ကအခုကတည်းကကိုယ့်ကိုမချစ်တော့ဘူးပေါ့”

“လျှောက်ပြောပြန်ပြီ”

“ငယ့်ဗိုက်ထဲကကလေးနဲ့ကိုကိုဆိုဘယ်သူ့ကိုပိုချစ်မှာလဲ”

“အတူတူပဲလေ”

“တူလို့မရဘူးလေငယ်ရဲ့”

“ရတယ်လို့ ကိုကို့ကိုချစ်လို့ကလေးလေးကထွက်လာမှာလေ အဲ့တော့အတူတူပဲပေါ့”

“အဲ့တာဆို ကလေးနဲ့ကိုကို အတူတူငိုရင်ဘယ်သူ့ကိုချော့မှာလဲ”

“ကလေးကိုပဲချော့ရမှာပေါ့ ကိုကိုကဘာလို့ငိုမှာလဲ”

“ငယ်ငယ် ပစ်ထားရင်ငိုမှာ”

“ငယ်ငယ်ကပစ်မထားဘူးလေ ကိုကိုသာအလုပ်တွေရှုပ်ပြီးငယ့်ကိုပစ်ထားမှာ”

“မဟုတ်တာ အခုတောင်အလုပ်တွေပစ်ထားပြီးငယ့်ကိုချစ်နေတာပဲဟာ အဲ့တော့ကလေးလေးထွက်လာရင်ငယ်လည်း ကိုကို့ကိုပဲပိုချစ်ရမယ်”

“ကိုကို့ကိုပိုချစ်ပေးမယ်”

“အဲ့တာဆိုကလေးလေးနဲ့အတူငိုရင် ကိုကို့ကိုဦးစားပေးရမှာနော်”

“ဟုတ်”

“ကိုကို့အချစ်လေးကအတော်ဆုံး”

အသီးစားနေသူရဲ့နှုတ်ခမ်းထက်ကိုအနမ်းတွေဆင်းသက်စေလိုက်တော့ အလိုက်သင့်လေးစီးမျောပေးလေသည်။

အခန်းထဲတိုးဝင်လာတဲ့လေပြည်တွေကတော့ ရှက်ရွံ့စွာပြေးထွက်ကုန်လေရဲ့…….

#################

ငြိမ်း🌞🌻

အိပ္ေပ်ာ္ေနတုန္း လက္ဖမိုးကိုထိလာတဲ့ႏူးညံ့မႈေလးေၾကာင့္သူမ်က္လုံးဖြင့္ၾကည့္မိသည္။ျဖဴျဖဴေဖြးေဖြးလက္ေလးက အပ္ေပါက္ရာေလးေတြနဲ႕မို႔ မၾကည့္ရက္စရာ။အသိစိတ္အျပည့္အဝမရေသးခင္ထပ္မံလႈပ္ရွားလာတာမို႔ သူဆတ္ခနဲမတ္တပ္ရပ္မိသည္။

“ငယ္… ငယ္သတိရလာၿပီလား”

လက္ေလးကိုဖြဖြဆုပ္ကိုင္ကာ ကိုယ္ကိုၫြတ္လို႔သူေလးမ်က္ႏွာနားငုံ႕မိုးမိသည္။က်န္လက္တစ္ဖက္ကဦးေခါင္းေလးထက္ဖြဖြသပ္လို႔ မ်က္ေတာင္ေလးေတြပြင့္ဟလာဖို႔ သူေစာင့္ေနတာ ေမွ်ာ္လင့္တႀကီး။

လိပ္ျပာေတာင္ပံေလးလိုတဆတ္ဆတ္လႈပ္လာၿပီး ခပ္ျဖည္းျဖည္းဖြင့္ဟမႈမွာအလင္းမစူးဖို႔ သူ႕မ်က္ႏွာႏွင့္ကာလိုက္မိသည္။ျမတ္နိုးမိတဲ့မ်က္ဝန္းနက္ေတြကိုျမင္ရမွ ငိုခ်မိေတာ့တာ သူ႕ပုခုံးထက္။သူအဲ့မ်က္ဝန္းေလးေတြကိုျပန္မေတြ႕ရမွာေသေလာက္ေအာင္ေၾကာက္ေနမိတာ။

“ကို..”

မပီသတဲ့ တိုးဖ်ဖ်အသံကသူ႕ေခါင္းထက္ကထြက္လာတာမို႔ အားတင္းကာသူေခါင္းေမာ့ရသည္။

“ကေလးေလး ဘယ္လိုေနေသးလဲဟင္ အဆင္ေျပလား နာတဲ့ေနရာရွိလား”

ေမးခြန္းရွည္ႀကီးေနာက္ အူေၾကာင္ေၾကာင္ေလးသာၾကည့္လာတာမို႔ အေရးေပၚခလုတ္ကိုအသည္းအသန္ႏွိပ္မိသည္။

“ကိုကို”

“အင္း ကိုကို ငယ့္ရဲ႕ကိုကိုေလ”

“ေရ”

“ေရဆာလို႔လားခဏေနာ္”

ဆုပ္ကိုင္ထားတဲ့လက္ကိုျဖဳတ္ေတာ့ အသာေလးျပန္ဆုပ္ကိုင္လာတာက အားမရွိတာမို႔မသိသာ။သူအလိုက္တသိျပန္ေထြးဆုပ္လိုက္သည္။လက္တစ္ဖက္ႏွင့္ေရခြက္ကိုယူၿပီး သူသတိေမ့ေနစဥ္ကလုပ္ေပးခဲ့တဲ့အတိုင္း ဂြမ္းေလးကိုေရစြတ္ကာႏႈတ္ခမ္းထက္အသာတို႔ေပးသည္။

“ကိုCean လျခမ္းသတိရလာၿပီလား”

အေရးေပၚခလုတ္ေၾကာင့္ ခ်က္ခ်င္းေရာက္တာတဲ့အဖြဲ႕က ငါးေယာက္ထက္မနည္း။သူ႕သူငယ္ခ်င္းေတြပါေရာက္လာတာမို႔ ကုတင္ပတ္လည္လူအျပည့္။

“လျခမ္း အဆင္ေျပလား”

Horizonအေမးကိုကေလးကေခါင္းသာအသာညိတ္ျပေလသည္။

“ေခါင္းကိုက္လား”

“ဟင့္အင္း”

“သူ႕ကိုေရာမွတ္မိလား”

သူ႕ဆီလက္ညွိုးထိုးကာေမးလာေတာ့ႏႈတ္မွထြက္လာတာက

“ကိုကို”

“ဒီမွာရွိတဲ့လူေတြအကုန္လုံးကိုသိလား”

လူတိုင္းရဲ႕မ်က္ႏွာဆီလိုက္ၾကည့္ရင္း ေခါင္းညိတ္ျပေလသည္။

“သိတယ္”

“ဗိုက္ထဲကေရာဘယ္လိုေနေသးလဲ”

အခုမွသူသတိရသြားကာ ဝမ္းဗိုက္ဆီလက္တစ္ဖက္အုပ္ကာ သူ႕ဆီလွည့္ၾကည့္လာေလသည္။မ်က္ဝန္းအိမ္ထဲျပည့္တက္လာတဲ့မ်က္ရည္ေတြေၾကာင့္ သူ႕မွာျပာျပာသလဲ။

“ကေလး ကိုကို..ကေလးေလး”

“ကေလးအဆင္ေျပတယ္ေနာ္ ငယ့္ဗိုက္ထဲကကေလးေလးအဆင္ေျပတယ္”

“တကယ္လား”

မယုံသလိုအေမးေၾကာင့္ သနားသလိုရင္လဲနာမိသည္။က်လဳဆဲဆဲမ်က္ရည္ကိုမ်က္ေတာင္ႏွင့္ပုတ္ထုတ္လို႔ အၿပဳံးႏွင့္ျပန္ေျဖမိသည္။

“တကယ္ေပါ့ ကိုကိုမညာဘူး”

သူ႕စကားအဆုံးမ်က္ရည္ေတြစီးက်လာတာမို႔ အသာဖြဖြသုတ္ေပးရသည္။

“မငိုရဘူးေလကေလးရဲ႕ ငိုရင္ဗိုက္ထဲကကေလးေလးက႐ုပ္ဆိုးတတ္တယ္”

“အင့္ ဆိုးဘူး”

ခ်က္ခ်င္းကို မ်က္ရည္ၾကားကျငင္းလာတဲ့ ကေလးဖခင္ေလာင္းေလး။သူေလးကသူ႕ဗိုက္ထဲကကေလးေတာ့အရမ္းခ်စ္တတ္တာ။ေတာ္ေသးတယ္ ကေလးေလးပါအႏၶာရာယ္ကင္းလို႔ တကယ္ေတာ္ပါေသးရဲ႕။မဟုတ္ရင္သူ႕ရဲ႕ငယ္အတြက္မေတြးရဲစရာ

“ဟုတ္တယ္မဆိုးဘူး ငယ့္လိုခ်စ္စရာေလးျဖစ္လာမွာ”

“ကိုကိုနဲ႕တူမွာ”

“ကိုကိုနဲ႕တူရင္ ႐ုပ္ဆိုးမွာေပါ့”

“အေခ်ာဆုံး”

အတိုင္းထက္အလြန္ၾကည္ႏူးမႈမွာ မ်က္ရည္ပါထပ္ေဝ့လာသည္အထိ။ၾကည္ႏူးမႈေတြဆိုတာ ကေလးေလးရွိေနေပးရင္ကို အလိုအေလ်ာက္ေပၚေပါက္လာတာမ်ိဳး။

အခုမွအားလုံးသက္ျပင္းခ်နိဳင္ၾကေလသည္။ဒီရက္ေတြအတြင္း စံအိမ္မွာရွိတဲ့လူတိုင္းရဲ႕ အေငြ႕အသက္ေတြမႈန္မွိုင္းေနတာ။သူေလးရွိရာအခန္းထဲေခ်ာင္းေပါက္မတတ္လာၾကည့္သူေတြၾကား သူကေတာ့အျပင္ေတာင္မထြက္ျဖစ္။

ေရခ်ိဳးခ်ိန္ဆိုေဘးအခန္းမွာခ်ိဳးကာ စားခ်ိန္ဆိုလွ်င္ ေဘးကစားပြဲမွာသာစားျဖစ္သည္။အစားအစာေတြအရသာမေတြ႕ေပမယ့္ သူေလးနိုးလာလွ်င္ဂ႐ုစိုက္ေပးဖို႔ အားေတြရွိေနမွရမည္ေလ။ႏွစ္ေယာက္စာကိုယ္လုံးေလးကို ေနရာတိုင္းကိုေပြ႕ခ်ီသြားနိုင္ဖို႔ သူအမ်ားႀကီးႀကိဳးစားရအုံးမည္။

“အိပ္ခ်င္တယ္”

“ဟုတ္တာေပါ့အနားယူခိုင္းလိုက္အုံး အခုမွသတိရတာဆိုေပမယ့္ေဆးေတြရဲ႕အရွိန္ေၾကာင့္အိပ္ခ်င္ေနအုံးမွာ အကုန္လုံးလည္းစိတ္ခ်လက္ခ်အနားယူၾက ခုရက္ပိုင္းေကာင္းေကာင္းမနားၾကရေသးဘူးမလား ကြၽန္ေတာ့္ဆရာဝန္အဖြဲ႕ကေဘးခန္းမွာအခ်ိန္ျပည့္ရွိေနတာမလို႔ တစ္ခုခုဆိုေခၚလိုက္ေနာ္”

“အဲ့တာဆိုလျခမ္းေလး ငါတို႔စံအိမ္ထဲမွာရွိမယ္ေနာ္ တစ္ခုခုဆိုေခၚလိုက္”

တိမ္ေငြ႕ကႏွဖူးေလးဖြဖြထိကာေျပာလာေတာ့ ကေလးကၿပဳံးရင္းေခါင္းညိတ္ျပေလသည္။

“ဟုတ္”

“အားလုံးအနားယူဖို႔စီေသခ်ာစီစဥ္ေပးလိုက္အုံး Geo”

“ဟုတ္ကဲ့ကိုCean”

သူ႕စံအိမ္မွာမို႔ အစစအရာရာသူဂ႐ုစိုက္ေပးရမည္ေလ။အားလုံးကငယ္ငယ့္အတြက္အေရးႀကီးဆုံးလူေတြပဲဟာ။

“ကိုကို သြားနဲ႕”

Toiletခဏဝင္ဖို႔ေျခလွမ္းျပင္ေတာ့ လက္ကိုမလႊတ္ေပးဘဲ ေတာင္းဆိုလာတာမို႔သူၿပဳံးမိသြားသည္။

“အြန္း ကိုကိုဘယ္မွမသြားဘူး ငယ့္နားမွာဘဲေနမွာ”

“တူတူအိပ္မွာ”

“ငယ့္ကိုထိမိမွာစိုးလို႔”

“ဟင့္အင္း တူတူအိပ္မွာ”

“ဟုတ္ၿပီဗ်ာ”

ကိုယ္ပိုင္ကုတင္က်ယ္ႏွင့္မို႔ ႏွစ္ေယာက္စာကိုေတာ့ေအးေဆးဆန့္ေလသည္။သူေလးကိုမထိမိေအာင္ ကုတင္ေပၚအသာလွဲေတာ့ လက္ေမာင္းကိုဇြတ္ဆြဲကာသူ႕ကိုဖက္ခိုင္းလာသည္။

“ကိုကိုဖက္ထားေပး”

“ငယ့္ကိုဖိမိရင္နာမွာေပါ့ငယ္ရဲ႕”

“မနာဘူး ကိုကိုမဖက္ရင္အိပ္လို႔မရဘူး”

“ဟုတ္ပါၿပီကေလးရာ”

သူ႕ေခါင္းေလးေအာက္လက္လွ်ိုသြင္းကာ က်န္လက္တစ္ဖက္က ခါးဆီဖြဖြေလးသိုင္းဖက္ရသည္။ဖယ္ရိုမုန္းေတြပါထုတ္ေပးေတာ့ခဏအတြင္းအိပ္ေပ်ာ္သြားေလသည္။

ယခုမွစိတ္ကိုလႊတ္ခ်နိဳင္တာမို႔ သူေလးအေငြ႕အသက္ၾကား မ်က္ဝန္းေတြေမွးစင္းလာရသည္။ရာသီဥတုေလးကသာသာယာယာ။ဖြင့္ထားတဲ့ျပတင္းတံခါးဆီမွ ေနေရာင္ျခည္ေလးကျဖာက်ေနေလရာ အခန္းတြင္းအေငြ႕အသက္က ႏြေးေထြးစြာ………

………………..

အေမွာင္က်ေနတဲ့အခန္းထဲ အသက္ရႈသံယဲ့ယဲ့သာ အသက္ဝင္ေနေလသည္။အလင္းေရာင္ဟူ၍ ေနေရာင္တစ္စက္ေတာင္မရွိသလို အႏြေးဓာတ္လည္းကင္းမဲ့ေနေလသည္။တစ္ခ်က္တစ္ခ်က္ထြက္ေပၚလာတဲ့ေသြးညွီနံ႕က သာမာန္လူေတြအဖို႔ဆိုေသြးပ်က္ဖြယ္ရာ။

ထိုင္ခုံထက္ႀကိဳးအထပ္ထပ္ႏွင့္တုပ္ႏွောင္ထားတာမို႔ မလူးသာမလြန့္သာ။စိတ္သြားတိုင္းကိုယ္မပါျခင္းမွာ ေဆးတစ္မ်ိဳးမ်ိဳးထိုးခံထားရတာေၾကာင့္ျဖစ္မည္ထင္သည္။

“ကြၽီ”

အခန္းတံခါးဖြင့္သံႏွင့္အတူ အလင္းေရာင္တစ္ခ်ိဳ႕က အခန္းဝမွာေပၚလာေလသည္။သာမာန္အခ်ိန္ေတြမွာအေမွာင္ထဲဝင္လာတဲ့အလင္းေၾကာင့္ေပ်ာ္ေနသင့္တဲ့အေျခေနဆိုေပမယ့္ ယခုအခ်ိန္ကေတာ့ ငရဲတရားဖြင့္လိုက္သလို ေျခာက္ျခားစရာေကာင္းလြန္းေနသည္။

အခန္းဝမွာေပၚလာတဲ့အရိပ္ရွည္ႀကီးက ေနာက္ကအလင္းေရာင္ေၾကာင့္ ပိုရွည္လ်ားေနသလို။အလင္းေရာင္ကိုေက်ာေပးထားတာမို႔ ေလွ်ာက္လွမ္းလာတဲ့ေလွကားထစ္တစ္ေလွ်ာက္ မ်က္ႏွာကိုမျမင္နိုင္ေသး။

ၾကမ္းျပင္ဆီေျခခ်ၿပီးသည္ႏွင့္ အခန္းမီးကိုဖြင့္လိုက္တာေၾကာင့္ မ်က္လုံးထဲစူးကနဲ။မ်က္ဝန္းေတြမွိတ္ကာ အလင္းႏွင့္အသားက်ဖိဳ႕ႀကိဳးစားမိသည္။ထိုင္ခုံမွာဝင္ထိုင္လိုက္သံၾကားရအၿပီး တေတာက္ေတာက္အသံကသူ႕ဆီမွလာတာျဖစ္မည္။

အလင္းႏွင့္အသားက်သြားခ်ိန္ ထိုင္ခုံထက္ေျခခ်ိတ္ထိုင္ေနသူကိုေတြ႕ရသည္။ေအးစက္စက္အခန္းအပူခ်ိန္က ထိုလူရဲ႕အေငြ႕အသက္ေၾကာင့္ ေရခဲခန္းတစ္ခုပမာ။မ်က္ခုံးေတြက်ဳံ႕ထားတာမို႔ အေအးဓာတ္ေတြပိုသိပ္သည္းလာေစသလားမသိ။

အၾကည့္ေတြအားလုံးကို လက္ထဲမွမီးျခစ္ ေလးဆီသာပို႔ထားတာမို႔ သူ႕မ်က္ဝန္းထဲဘာေတြရွိေနမလဲဖတ္မရခဲ့။မရိတ္သင္တာၾကာေနၿပီထင္ရသည့္ ပါးသိုင္းေမြးႏွင့္မုတ္ဆိတ္ေမြးေတြကေတာင္ သူ႕ကိုပိုခန့္ညားေစသလားမေျပာတတ္။

“ဘယ္လိုလဲ ခင္ဗ်ားအခ်စ္ေလးေသသြားၿပီလား “

ဘယ္ဘက္ႏႈတ္ခမ္းကိုခ်ိတ္ေစာင္းလို႔ ရိသဲ့သဲ့သေရာ္မိသည္။ေမာ့မၾကည့္လာပဲ မ်က္ဝန္းေတြသာလွန္ၾကည့္လာၿပီး မ်က္လႊာျပန္ခ်သြားေလသည္။

“မေသရင္ေတာင္ အေျခေနေတာ့မေကာင္းတဲ့ပုံပဲ ကေလးကေတာ့အဖတ္မတင္ဘူးမဟုတ္လား”

သူ႕ရဲ႕တရစပ္စကားတိုက္စစ္ေတြကို ျပန္ေျဖလာပုံကမခိုးမခန့္။

“စိတ္မေကာင္းစရာဘဲမုတ္သုံေလညွင္း ငါ့ႏွလုံးသားေလးက မင္းထင္ထားတာထက္အမ်ားႀကီးပိုကံေကာင္းေနတယ္”

“ညာေနျပန္ပါၿပီ”

“မဟုတ္ရင္ ဒီအခ်ိန္တစ္ေလာကလုံးျပာက်ေနေလာက္ၿပီေပါ့ ငါ့ပိုင္ဆိုင္မႈေတြကတစ္ေလာကလုံးကိုျပာခ်ပစ္ဖို႔လုံေလာက္ၿပီးသား သူ႕ကိုသာဆုံးရႈံးလိုက္ရရင္ ေလာကႀကီးတစ္ခုလုံးကရွိကိုရွိမေနသင့္ေတာ့တာ”

“က်စ္က်စ္…ကပ္သီးေလးလြဲသြားတာလား ဒီလိုမွန္းသိရင္ လည္ပင္းကိုပဲနင္းထည့္လိုက္ပါတယ္ ခင္ဗ်ားသိလားက်ဳပ္သူ႕ဗိုက္ကိုတက္နင္းတုန္းက သူကအရမ္းသနားစရာေကာင္းေနတာေလ ေအာ္သံေတာင္မထြက္နိုင္ဘူး”

မ်က္ဝန္းေတြကလူသတ္ရိပ္ေတြလႊမ္းေနေပမယ့္ ေနရာမွာဆက္ထိုင္ေနသူက သူ႕ကိုလက္တစ္ေခ်ာင္းႏွင့္ေတာင္မထိ။

“မင္းၾကားဖူးလားမသိဘူး ရွင္ေနရက္နဲ႕ေသေနသလိုခံစားရတဲ့လူေတြရဲ႕အေၾကာင္းေလ ဘယ္လိုလဲမင္းေရာစမ္းေနၾကည့္ခ်င္လား”

“ၾကားရတာေတာ့မိုက္သားပဲ ဘာပဲျဖစ္ျဖစ္တန္ပါတယ္ေလ သူအရမ္းေတြလိုခ်င္ေနတဲ့ကေလးကို က်ဳပ္လက္နဲ႕ဖ်က္ဆီးပစ္လိုက္နိုင္တာပဲဟာ ေျပာရအုံးမယ္အဲ့ေန႕ကေဆး႐ုံမွာသူက်ဳပ္ဆီေရာက္လာေတာ့အရမ္းေတြေပ်ာ္ေနတာ သူ႕ကေလးကိုသတ္ပစ္မယ့္သူရဲ႕လက္ထဲကိုသူကိုယ္တိုင္ထည့္ေပးခဲ့တာ ဘယ္ေလာက္သနားစရာေကာင္းလဲေနာ္”

“………………”

“ၿပီးေတာ့သူသိသြားၿပီေနာ္ သူ႕ကိုျပန္ေပးဆြဲတဲ့ေကာင္ေလးရဲ႕ခ်စ္သူက ခင္ဗ်ားလက္ခ်က္ေၾကာင့္ေသသြားရတာလို႔ေလ ၿပီးေတာ့အဲ့ေကာင္ေလးကကိုယ္ဝန္ႀကီးနဲ႕က်န္ခဲ့ရၿပီး ကေလးတစ္ဖက္နဲ႕ဒုကၡေရာက္ရတာလည္းခင္ဗ်ားေၾကာင့္လို႔ေလ ေျပာၾကည့္ သူခင္ဗ်ားမ်က္ႏွာကိုေတာင္မျမင္ခ်င္ေလာက္ဘူးေနာ္”

“စိတ္ကူးယဥ္ေတာ္လြန္းေပမယ့္စိတ္မေကာင္းစရာပဲ အတိတ္တစ္ခ်ိဳ႕မွာငါမွားယြင္းခဲ့တာေတြကို ပစၥဳပၸန္မွာအစလာေဖာ္ေနလည္း ငယ့္အခ်စ္ေတြကေျပာင္းလဲမသြားနိုင္ဘူး ျပန္လည္ျပင္ဆင္ခြင့္မရွိေတာ့တဲ့အမွားေတြအတြက္ ေနာင္တရ႐ုံေလာက္ပါပဲ ထပ္မမွားေတာ့ဖို႔ပဲလိုတာ မင္းကိုယ္တိုင္ေရးဆြဲခဲ့ရတဲ့ကံၾကမၼာအတြက္စိတ္မေကာင္းပါဘူး ငါကငါ့ကံၾကမၼာကိုငါကိုယ္တိုင္ဖန္တီးရတာကိုပဲႀကိဳက္တယ္ သူမ်ားကလက္နဲ႕ေရးရင္ငါကေျခနဲ႕ဖ်က္ပစ္မယ္ ငါ့ကိုဘယ္သူမွမထိန္းခ်ဳပ္နိုင္ေစရဘူး”

“အိုးးးးးၾကားရတာကေတာ့စိတ္ဝင္စားစရာဘဲ ၾကည့္ရတာဝါး႐ုံငယ္ေလးအေၾကာင္းၾကားၿပီးၿပီထင္တယ္”

ေရခဲေတြျပည့္ေနတဲ့မ်က္ဝန္းျပာေတြနဲ႕စူးစိုက္ၾကည့္လာတာကလြဲ အံ့ဩမႈေတြျပမလာတာမို႔သူဟားတိုက္ရယ္ပစ္လိုက္သည္။

“ဟားဟားဟား…. အဲ့ေတာ့ဘယ္လိုေနလဲ က်ဳပ္ေရးတဲ့ဇာတ္ၫႊန္းေလး အရမ္းေကာင္းတယ္မို႔လား က်ဳပ္အထင္ေတာ့ ခင္ဗ်ားကသူေလွ်ာက္ေျပာတယ္လို႔ပဲေတြးေနတာမလား No..No..No အဲ့တာအမွန္ေတြေနာ္ ခင္ဗ်ားလက္နဲ႕သူ႕ကိုဖ်က္ဆီးတယ္ဆိုတာလည္းအမွန္တရားဘဲ ခင္ဗ်ားညီလက္နဲ႕သူေသရတယ္ဆိုတာလည္းအမွန္တရားဘဲ”

“ဒါေပမယ့္ျဖစ္မလာခဲ့ဘူးေလ”

အေအးဓာတ္ေတြဝန္းရံတဲ့ႏႈတ္ခမ္းေထာင့္ေတြက ေယာင္ေယာင္ေလးေကြးတက္ကာ သူ႕ကိုသေရာ္လာေလသည္။

“ဟုတ္ပါတယ္ျဖစ္မလာခဲ့ဘူး ဒါေပမယ့္ သူအဲ့အိမ္မက္ဆိုးႀကီးထဲမွာတကယ့္အစစ္အမွန္လိုခံစားခဲ့ရတယ္ေလ အရင္အခ်ိန္ေတြခင္ဗ်ားသူ႕ကိုနာက်င္ေအာင္လုပ္တိုင္း၊စကားလုံးေတြနဲ႕နာက်င္ေစမိတိုင္း သူအဲ့အိမ္မက္ဆိုးႀကီးထဲမွာ နာက်င္ေနရတာေလ”

“မင္းေသာက္ေပါက္ကိုပိတ္လိုက္ေတာ့”

“No ပါ ခင္ဗ်ားမၾကားခ်င္ရင္ က်ဳပ္ကိုသတ္လိုက္ေလ”

“အဟက္”

ေခါင္းေမာ့လို႔ရယ္လိုက္ပုံက နတ္ဆိုးအေငြ႕အသက္ေတြႏွင့္။သူ႕စိတ္ကိုဆြနိုင္ဖို႔အစြမ္းကုန္ႀကိဳးစားၾကည့္ရမည္။

“သူကတကယ္ကိုတုံးအတာေနာ္ သူ႕ကံၾကမၼာကိုက်ဳပ္လက္ထဲအလုံးစုံပုံေပးတဲ့အထိ အ,တာ”

“သူ႕မွာငါရွိတယ္ေလ”

“မ႐ူးစမ္းပါနဲ႕သမုဒၵရာရယ္ သူဘယ္သူလဲဘယ္ကလာတာလဲဆိုတာသိေနရက္နဲ႕ သူကအခ်ိန္တန္ရင္မင္းနားကထြက္သြားမွာ မင္းသိၿပီးသားမလား သူေနခဲ့တဲ့ေနရာမွာသူ႕မိဘေတြနဲ႕ေပ်ာ္႐ႊင္စရာမိသားစုေလးပိုင္ဆိုင္ထားတယ္ဆိုတာ”

“ဘယ္ေတာ့မွျဖစ္မလာေစရဘူး ငါမေသမခ်င္းသူငါ့ေဘးကေနဘယ္မွထြက္သြားခြင့္မရွိဘူး”

“ကြၽတ္စ္..ကြၽတ္စ္..ကြၽတ္စ္ သနားဖို႔ေကာင္းလိုက္တာ အမွန္တရားကခါးတယ္ေနာ္ ငါသိတဲ့အမွန္တရားတစ္ခုေျပာျပမယ္ တစ္ေန႕က်ရင္ သူကခႏၶာကိုယ္အခြံလြတ္ႀကီးပဲခ်န္ခဲ့ၿပီး စိတ္ဝိညာဥ္ကဟိုကိုျပန္ေရာက္သြားမွာ သမုဒၵရာဆိုတာမသိေတာ့သလို လျခမ္းငယ္ငယ္ဆိုတာလည္းရင္းႏွီးမွာမဟုတ္ေတာ့ဘူး”

“ငါကယုံရမွာလား”

“အမွန္တရားေတြေျပာျပေနတာ အဲ့အခ်ိန္က်ရင္ငါတို႔ႏွစ္ေယာက္အစကျပန္ေတြ႕မယ္ ပိုေကာင္းတဲ့ဇာတ္လမ္းတစ္ခုသူ႕ကိုေပးမယ္ သူၾကည္ၾကည္ျဖဴျဖဴေပးတဲ့ ၁၅၀၀ကိုယူၿပီးရင္သူ႕အိမ္မက္ေတြကိုခ်ယ္လွယ္မယ္ မင္းကေတာ့သူ႕ကိုသတ္ကိုသတ္ပစ္ရလိမ့္မယ္ အခုေလာကမွာလည္းသူၾကည္ၾကည္ျဖဴျဖဴေပးလာတဲ့၁၅၀၀ကိုရၿပီးသြားၿပီ အဲ့ေတာ့သူ႕ဘဝကိုခ်ယ္လွယ္ခြင့္လက္မွတ္ငါရၿပီးသြားၿပီ”

“ခင္ဗ်ားမွာအခ်ိန္ေတြအမ်ားႀကီးက်န္ေသးတာပဲဟာ ဇာတ္ၫႊန္းေတြစဥ္းစားလို႔ရတာေပါ့ အဲ့တာဆိုမႏွောင့္ယွက္ေတာ့ဘူး”

“မင္းကငါ့ကိုမသတ္ရက္နိုင္ေအာင္အထိသေဘာထားႀကီးေနတယ္ေပါ့”

“Sorry ပဲ ငါကလူတိုင္းကိုမထိဘူး…. ႐ြံလို႔”

“မဟုတ္မွ ငါေသလို႔မရတာကိုသိေနတာလား ငါေသတာနဲ႕သူပါထြက္သြားရမယ္ဆိုတာေလ”

“…………….”

“အဟက္… တကယ္ကိုသိေနတာပဲ သိပ္မၾကာေတာ့ပါဘူး ခုကတည္းကဝေအာင္အလြမ္းသယ္ထား”

“ငါဆိုတဲ့သမုဒၵရာက သူ႕ကိုပိုင္ဆိုင္ခြင့္နဲ႕ပတ္သပ္လာရင္ ကံၾကမၼာကိုေတာင္စိန္ေခၚရဲတယ္ မင္းေစာင့္ၾကည့္ေနလိုက္”

“ဟားဟားဟား အေျပာႀကီးလိုက္တာ အဲ့လိုလူေတြက မ်က္ရည္က်ရဖို႔ပိုေသခ်ာတယ္ေနာ္”

“မင္းအထင္လြဲေနတာေလးတစ္ခုေျပာျပရအုံးမယ္ ငါတို႔ႏွစ္ေယာက္ရဲ႕ကေလး …..အခုထိရွိေနေသးတယ္”

“မျဖစ္နိုင္တာ”

သူမယုံနိုင္သလိုတီးတိုးေရ႐ြတ္ေတာ့ ေအာင္နိုင္သူတစ္ေယာက္လိုေလွာင္ၿပဳံးၿပဳံးကာ မတ္တပ္ထရပ္ေလသည္။

“အဲ့တာေၾကာင့္ သူငါ့ကိုဘယ္တာ့မွထားသြားမွာမဟုတ္ဘူး ငါ့ဘက္ကခ်ည္ထားတဲ့ႀကိဳးက တစ္ေခ်ာင္းတည္းမဟုတ္ဘူး”

စကားအဆုံး ေလွကားေတြေပၚကိုတက္ကာ ေအးစက္စက္ေက်ာျပင္တစ္ခုသာခ်န္ရစ္ေလသည္။တံခါးပိတ္သံၾကားရၿပီး အခန္းတစ္ခုလုံးအေမွာင္ဖုံးလွ်က္။

…………..

ေရခ်ိဳးအဝတ္စားလဲၿပီးမွအထဲဝင္ေတာ့ ျမတ္နိုးရာေလးကအိပ္ေမာက်တဳန္း။ကုတင္ထက္အသာတက္ကာ သူေလးေဘးဝင္လွဲမိသည္။သူ႕ကိုယ္ေငြ႕ကိုခံစားမိ၍ထင္သည္ ပက္လက္ေလးအိပ္ေနရာမွေဘးေစာင္းကာသူ႕ဘက္တိုးလာတာမို႔ ရင္ခြင္ထဲသိမ္းေပြ႕ပစ္လိုက္သည္။

“ကိုကို”

“အင္း ကိုကိုရွိတယ္ေနာ္”

သတိရလာၿပီးတဲ့သုံးရက္အတြင္း အိပ္ေနရင္းထေယာင္တတ္တဲ့သူ႕နာမ္စားေလး။ကိုယ့္ကိုအလုံးစုံအားကိုးတယ္ဆိုတဲ့စိတ္မွာ ပီတိေတြရင္ထဲအျပည့္။ၾကင္နာျခင္းေတြသာမိုးေရေတြဆို သူေလးကမၻာေရႀကီးေနေရာေပါ့။

ႏွစ္လေက်ာ္သာသာဗိုက္ေလးက အနည္းငယ္ပူသည္ဆို႐ုံသာ။ထမင္းစားၿပီးအနည္းငယ္ျပည့္လာသလိုမ်ိဳးေလးဆိုေပမယ့္ သူ႕ကေလးငယ္ကေတာ့ သေဘာတက်တဖြဖြပြတ္တတ္သည္။

ၿငိမ္ၿငိမ္ေလးသာေနခိုင္းထားတာမို႔ အရာအားလုံးသူ႕ေျခသူ႕လက္ခ်ည္း။မိုးလင္းမွစကာ အိပ္ယာဝင္သည္အထိ အခ်ိန္ျပည့္ေဘးနားရွိေနတာမို႔သူ႕ကိုပိုတြယ္ကပ္လာသလားမသိ။သူေျခလွမ္းခ်ရာလိုက္ၾကည့္ေနတတ္တာ သတိထားမိသည္။

အလုပ္ေတြကိုေတာ့ Geoႏွင့္ေက်ာက္စက္ကိုသာလႊဲထားျဖစ္သည္။ပင္ထေနာင္းညိုႏွင့္စိုင္းတိမ္ေငြ႕ကပါကူေပးေနသည္မို႔ သူလွည့္ၾကည့္ေနစရာမလိုဘဲ အိမ္သားေလးေဘးကပ္ေနယုံသာ။

သူတို႔ေတြမရွိရင္ေတာင္ အလုပ္ေတြကိုပစ္ထားရေအာင္ထိ ငယ္ငယ့္ကိုပဲဂ႐ုစိုက္မိမွာ။အေတြးေတြထဲနစ္ေနတုန္း လည္ပင္းကိုပြတ္သပ္လာတဲ့ ေခါင္းေမႊးလုံးေလး။

“ကေလးေလးနိုးလာၿပီလား”

“ဟုတ္”

“ထထိုင္ခ်င္လား ေက်ာေတြပူေနေလာက္ၿပီ”

“ထိုင္ခ်င္တယ္ အိပ္ရတာခါးနာေနၿပီ”

“ဟုတ္ၿပီဗ်ာ”

သူထထိုင္ကာ ကုတင္ကိုေက်ာမွီၿပီး ေပါင္ေပၚ ေခါင္းအုံးေလးတင္လိုက္သည္။ၿပီးမွကေလးကိုသူ႕ေပါင္ေပၚမ်က္ႏွာခ်င္းဆိုင္တင္ကာေပြ႕ထားေတာ့ ႏႈတ္ခမ္းဆီနမ္းလာေလသည္။

“ကိုကိုပင္ပန္းေနၿပီလား”

“ကိုကိုကဘာအလုပ္မမွမရွိတာဘယ္လိုလုပ္ၿပီးပင္ပန္းမွာလဲငယ္ရဲ႕”

“ငယ္ငယ့္ကိုအခ်ိန္ျပည့္ဂ႐ုစိုက္ေနရတာေလ”

“အဲ့တာကပင္ပန္းစရာမဟုတ္ဘူး အားေဆးေလး ျဖစ္နိုင္ရင္အၿမဲတမ္းတစ္သက္လုံးဒီလိုေလးပဲျဖစ္ခ်င္ေနတာ သားပိုက္ေကာင္ေလးလိုမ်ိဳးေလ”

“ေလွ်ာက္ေျပာျပန္ၿပီ”

“တကယ္ပါဗ်ာ အၿမဲရင္ခြင္ထဲထည့္ထားရတာေတာင္ မတင္းတိမ္နိုင္ပါဘူး”

“ေနာက္ဆိုငယ္ငယ္က ႏွစ္ေယာက္စာေလးလာေတာ့မွာ”

“ကိုကိုေန႕တိုင္းေလ့က်င့္ခန္းေတြလုပ္ထားတယ္ ငယ့္ႏွစ္ကိုယ္စာေလာက္ကေတာ့ေအးေဆးေပြ႕သြားနိုင္တယ္”

“ကိုကိုကေတာ္လိုက္တာ”

“ဒါေပါ့ ကိုကိုကဘယ္သူမို႔လို႔လဲ”

“ငယ္ငယ့္အိမ္ေထာင္ဦးစီးမို႔လို႔ေပါ့”

လည္ပင္းကိုခိုတြဲကာ ႏႈတ္ခမ္းကိုတစ္ဖြဖြနမ္းရင္း ပလီပလာတီတီတာေတြခြၽဲေနတာ။ႏြားျပာႀကီးေအာက္သြားမရွိသလိုၿဖီးေနတာကေတာ့သူေပါ့ေလ။

“ဗိုက္ဆာၿပီလားငယ္”

ႏွဖူးထက္ကဆံႏြယ္ေလး လက္ညွိုးႏွင့္ဖြဖြသပ္ေပးလို႔ သူအေမးစကားဆိုေတာ့ ေခါင္းခါျပလာေလသည္။

“မနက္ကစားထားတာအမ်ားႀကီးပဲ”

“ဗိုက္ထဲကေရာေနလို႔ေကာင္းရဲ႕လား”

“ေကာင္းတယ္ ကိုကို႔သားေလးကလိမၼာတယ္”

“သားေလးလို႔ထင္တယ္ေပါ့”

“သားေလးပါဆို ကိုကိုကသားေလးလိုခ်င္တာမဟုတ္ဘူးလား”

“မဟုတ္ပါဘူးကြာ သားေလးျဖစ္ျဖစ္ သမီးေလးျဖစ္ျဖစ္ ငယ္ငယ္ေမြးတာဆိုအကုန္ခ်စ္မွာ”

“ငယ္ငယ့္ကိုေရာ”

“ငယ္ငယ္က အခ်စ္ဆုံးေလး”

“ဟီးဟီး”

သေဘာတက်သဴ႕ရင္ဘတ္ေတြကိုငုံ႕နမ္းလာတာမို႔ ဦးေခါင္းေလးထက္ျပန္နမ္းလိုက္မိသည္။အရင္တုန္းကသိပ္မေခြတဲ့ဆံႏြယ္ေလးေတြက အခုမွပိုေကြးကုန္သလို ေကာက္ေကြးေကြးေလးရယ္။အသည္းယားလာကာ ဆံႏြယ္ေတြၾကားမ်က္ႏွာအပ္ပစ္မိသည္။

“ကိုကို႔ လုပ္နဲ႕”

“အသည္းယားလို႔ေလကေလးရဲ႕”

“ေခါင္းမေလွ်ာ္တာၾကာေနၿပီ ညစ္ပတ္တယ္”

“ေမႊးေနတာပဲ”

ေျပာရင္းထပ္နမ္းေတာ့ ေခါင္းကိုယိမ္းကာဇြတ္ေရွာင္လာေလသည္။

“ကိုကို႔ ညစ္ပတ္တယ္လို႔”

“ဟုတ္ပါၿပီ ကေလးေလးမႀကိဳက္ရင္မနမ္းေတာ့ဘူးေနာ္ Horizonကိုေမးလိုက္အုံးမယ္ ေခါင္းေလွ်ာ္လို႔ရၿပီလားလို႔ ရရင္ကိုကိုဒီေန႕ေလွ်ာ္ေပးမယ္ေနာ္”

“ဟုတ္”

“စေတာ္ဘယ္ရီေတြစားမလား မနက္ကၿခံထဲကGeoခူးလာေပးတာ အလုံးႀကီးႀကီးေတြ”

“စားခ်င္တယ္”

“ဟုတ္ၿပီကိုကိုယူေပးမယ္”

“ေအာက္မဆင္းခ်င္ဘူး”

“ကိုကိုေပြ႕သြားမွာေပါ့”

ေျပာရင္းထိုအတိုင္းသာေပြ႕ခ်ီသြားေတာ့ လည္ပင္းကိုခိုတြဲထားေလသည္။

“ကိုကို”

“ဗ်ာ”

“ဒီလိုေပြ႕ရင္ ကေလးေလးကိုခိုက္မိမွာလား”

“ငယ္ငယ္ေၾကာက္လို႔လား”

“ဟုတ္”

“ဟုတ္ၿပီေနာ္ မင္းသမီးေလးလိုေပြ႕ေပးမယ္”

ေျပာရင္းပုံစံေျပာင္းေပြ႕ေတာ့ႏႈတ္ခမ္းေလးဆူကာေမးလာတာက.

“ငယ္ငယ္က မင္းသမီးမွမဟုတ္တာ ကိုကိုကမင္းသမီးေလးလိုခ်င္ေနတာလား”

“မလိုခ်င္ပါဘူးကြာ ကိုကို႔မင္းသားေလးတစ္ေယာက္နဲ႕တင္ျပည့္စုံေနၿပီးသား ေနရာလြတ္ေတြမရွိေတာ့ဘူး”

“ရွိရင္ လိုခ်င္လို႔လား”

“ဘယ္ေတာ့မွရွိမွာမဟုတ္ပါဘူးငယ္ရဲ႕ ငယ့္ကိုခ်စ္တဲ့အခ်စ္ေတြေတာင္ ကိုကို႔ရင္ဘတ္ႀကီးနဲ႕မဆံ့ေတာ့တာကို ေနရာလြတ္ကဘယ္လိုလုပ္ရွိမွာလဲ”

“ငယ္ငယ္ဗိုက္ေဖာင္းႀကီးနဲ႕႐ုပ္ဆိုးသြားရင္ေရာ”

“ခ်စ္တဲ့လူေတြဆိုတာ ကိုယ့္မ်က္လုံးထဲအလွဆုံးပဲ ဘယ္ေတာ့မွ႐ုပ္မဆိုးသြားဘူး ကိုကို႔အခ်စ္ကေလးကို ကိုကိုကႏွလုံးသားနဲ႕ဘဲၾကည့္တာေလငယ္ရဲ႕ ၿပီးေတာ့ကိုယ့္ငယ္ငယ္ကဗိုက္ေဖာင္းေလးနဲ႕ဆိုပိုခ်စ္ဖို႔ေကာင္းမွာ ျဖဴျဖဴလုံးလုံးေပါက္စီလုံးေလး”

“အဲ့ကိုကိုကလည္း ေပါက္စီႀကီးဘာလုပ္ရမွာလဲမႀကိဳက္ပါဘူး”

“အဲ့တာဆိုဘာေလးနဲ႕တူေနမွာပါလိမ့္”

“ကိုကို႔အသည့္ႏွလုံးေလးနဲ႕တူေနမွာေပါ့”

“ဟားဟားဟား ဟုတ္ပဗ်ာ ကိုကို႔အသည္းႏွလုံးေလးနဲ႕တူေနမွာေပါ့”

ေျပာရင္းပါးေဖာင္းေလးကိုငုံ႕နမ္းပစ္သည္။အနည္းငယ္ပိန္သြားသလို ခပ္ေရးေရးျမင္ေနရေသးသည့္ အညိုမည္းေလးေၾကာင့္သူ႕စိတ္ထဲဘဝင္မက်။ျပန္ေတြးတိုင္းသတ္ပစ္ခ်င္ေပမယ့္ဒီအခ်ိန္သူ႕ေၾကာင့္ေသြးမစြန္းေစခ်င္ဘူး။ငယ္နဲ႕ကေလးအတြက္သူေကာင္းမႈေတြပဲလုပ္ခ်င္ပါသည္။

ေရခဲေသတၱာေရွ႕ေရာက္ေတာ့ သူ႕ကိုလက္တစ္ဖက္လႊတ္ကာ ဗူးေလးကိုထုတ္ယူေပးလိုက္သည္။

“ဝါးးးကိုကို တကယ္ကိုအလုံးႀကီးႀကီးေတြ”

“ဒါေပါ့ ငယ္စားဖို႔အသီးေတြပဲဟာ မႀကီးရင္အျမစ္ကႏႈတ္ပစ္လိုက္ၿပီး အသစ္ျပန္စိုက္ပစ္မယ္”

“ကိုကိုကတအားပိုတာပဲ”

ကုတင္ထက္ျပန္ေရာက္ေတာ့ ခုနကအတိုင္းလူေပၚျပန္ထိုင္ကာ အပီအျပင္ကိုစားေတာ့တာ။တစ္ခါတည္းေရစင္ေအာင္ေဆးထားတာမို႔ မတားမိေတာ့။သူ႕ကိုလည္းခြံ႕ေကြၽးလာတာမို႔ လက္ထဲကမယူဘဲႏႈတ္ခမ္းေလးထဲကအသီးကိုလုယူပစ္သည္။

“ကိုကို႔ ဘာလုပ္တာလဲ”

“ငယ့္ပါးစပ္ထဲက ပိုေကာင္းတယ္”

“ငယ္ငယ္ဝါးၿပီးသားႀကီးကို”

“အဲ့ေတာ့ပိုေကာင္းတာေပါ့ ကေလးေလးေတြလိုဝါးၿပီးခြံ႕ေလ”

“ကိုကိုကကေလးမွမဟုတ္တာ”

“ငယ္ကအခုကတည္းကကိုယ့္ကိုမခ်စ္ေတာ့ဘူးေပါ့”

“ေလွ်ာက္ေျပာျပန္ၿပီ”

“ကေလးနဲ႕ကိုကိုဆိုဘယ္သူ႕ကိုပိုခ်စ္မွာလဲ”

“အတူတူပဲေလ”

“တူလို႔မရဘူးေလငယ္ရဲ႕”

“ရတယ္လို႔ ကိုကို႔ကိုခ်စ္လို႔ကေလးေလးကထြက္လာမွာေလ အဲ့ေတာ့အတူတူပဲေပါ့”

“အဲ့တာဆို ကေလးနဲ႕ကိုကို အတူတူငိုရင္ဘယ္သူ႕ကိုေခ်ာ့မွာလဲ”

“ကေလးကိုပဲေခ်ာ့ရမွာေပါ့ ကိုကိုကဘာလို႔ငိုမွာလဲ”

“ငယ္ငယ္ ပစ္ထားရင္ငိုမွာ”

“ငယ္ငယ္ကပစ္မထားဘူးေလ ကိုကိုသာအလုပ္ေတြရႈပ္ၿပီးငယ့္ကိုပစ္ထားမွာ”

“မဟုတ္တာ အခုေတာင္အလုပ္ေတြပစ္ထားၿပီးငယ့္ကိုခ်စ္ေနတာပဲဟာ အဲ့ေတာ့ကေလးေလးထြက္လာရင္လည္း ကိုကို႔ကိုပဲပိုခ်စ္ရမယ္”

“ကိုကို႔ကိုပိုခ်စ္ေပးမယ္”

“အဲ့တာဆိုကေလးေလးနဲ႕အတူငိုရင္ ကိုကို႔ကိုဦးစားေပးရမွာေနာ္”

“ဟုတ္”

“ကိုကို႔အခ်စ္ေလးကအေတာ္ဆုံး”

အသီးစားေနသူရဲ႕ႏႈတ္ခမ္းထက္ကိုအနမ္းေတြဆင္းသက္ေစလိုက္ေတာ့ အလိုက္သင့္ေလးစီးေမ်ာေပးေလသည္။

အခန္းထဲတိုးဝင္လာတဲ့ေလျပည္ေတြကေတာ့ ရွက္႐ြံ႕စြာေျပးထြက္ကုန္ေလရဲ႕…….

#################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၂, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၂, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၂ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၂ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၂ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၄၂ light novel, ,

Comment

Leave a Reply

Chapter 43